Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သန့်ရှင်းသောဝိညာဉ်တော်၏ညှိုးနွမ်းပျက်စီးသောလုပ်ဆောင်ချက်

THE WITHERING WORK OF GOD’S SPIRIT
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
မတ်လ ( ၁၂ ) ရက်နေ့ သခင်ဘုရားနေ့ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 12, 2017


လီဗရယ်ဓမ္မပညာသင်ကျောင်းတွင် ဟေရှာယအနာဂတ္တိကျမ်းနှစ်ကျမ်းရှိကြောင်း ကို သွန်သင်ပေးထားကြသည်။ သို့သော် သူတို့၏သင်ကြားပေးမှုသည် မှားယွင်းသောအရာသာ ဖြစ်ပါသည်။ ပထမ ၃၉ ခန်းက အပြစ်အကြောင်းကို မိန့်ဆိုပြီး လူတို့၏သုံ့ပန်းဖြစ်ခြင်းအ ကြောင်းကိုလည်း သွန်သင်ထားသည်။ သို့သော် အခန်းကြီး ၄၀ မှ အဆုံးထိတိုင်အောင် ပရောဖက်က ၎င်းတို့၏လွတ်မြောက်ခြင်းအကြောင်းကို မိန့်ဆိုထားသည်။ ဒုတိယထက်ဝတ် ခန့်က ခရစ်တော်၏ဒုက္ခဝေဒနာခံစားခြင်းအားဖြင့် ကယ်တင်ခြင်းရရှိကြောင်းကို သွန်သင်ထား ပါသည်။

“တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အ ရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက် ပင်ဖြစ်၏။ လူမျို၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ် ၏။ ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏နူတ်ကပတ် တရားမူကား၊ ကာလအစဉ်အမြဲတည်၏ဟု ဆိုသတည်း။” ( ဟေရှာယ ၄၀း ၆-၈ )

“မိန့်ဆိုသောအသံမည်သည်ကား” ဟု အစချီထားပါသည်။ ပရောဖက်ပြောသည့် တော၌ ဟစ်ကြော်ခြင်းဟူသည်မှာ အဘယ်နည်း။ ၎င်းမှာ “ထာဝရဘုရားမိန့်တော်မူသော စကားပင်ဖြစ်ပါသည်။ “ဟစ်ကြော်သည်” ဟူသော ဟေဗြဲစကားလုံးမှာ ဂါရာဖြစ်ပြီး အဓိပယ် မှာ “တွေ့ဆုံသောလူကို ခေါ်ထုတ်ခြင်း” ဟု ဆိုလိုသတည်း။ (ခိုင်မာသော #၇၁၂၁) ထိုစကားလုံးသည် ဟေရှာယ ၅၈း ၁ တွင် အသုံးပြုထားသော ဟေဗြဲစကားလုံးနှင့်အတူတူပင် ဖြစ်ပါသည်။

“အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွင့် ၍၊ ယာကုပ်အမျိုးသားဖြစ်သောငါ၏လူတို့အား၊ သူတို့ဒုစရိုက်အပြစ် ကို ဘော်ပြကြလော့။” ( ဟေရှာယ ၅၈း၁ ) )

၎င်းသည် ဗတ္တိဇံဆရာယောဟန် တရားဟောသည့်နည်းလမ်းဖြစ်ပါသည်။ ယောဟန်က ဟောရှာယ ၄၀း ၃ ကို ကိုးကားထားပါသည်။ သူက “တော၌ဟစ်ကြော်သောသူ၏အသံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ဘုရားသခင်၏လမ်းခရီးတော်ကို လွင် ပြင်၌ ဖြောင့်စေနေကြလော့” (ဟေရှာယ ၁း ၂၃၊ ၄၀း ၃) ယောဟန် ၁း ၂၃ တွင် “ဟစ်ကြော်သည်” ဟူ၍ ဘာသာပြန်ဆိုထားသော ဂရိစကားလုံးမှာ ဘိုအိုဖြစ်သည်။ “အော်ဟစ်ရန်” ဟူ၍ ဆိုလိုသည်။ ဟေဗြဲနှင့်ဂရိစကားလုံးများက “ကျယ်လောင်စွာအော်ဟစ် ရန်” ဟုဆိုလိုသတည်း။ (ဟေရှာယ ၅၈း ၁) ဆိုလိုသည်မှာ ဘုရားသခင်၏ကိုယ်စား စကား ပြောသောသူအနေဖြင့် တရားဟောသူသည် ကျယ်လောင်စွာ ဟောပြောရပါမည်။ ပျောက်ဆုံး သူများနှင့်ရှုပ်ထွေးသူများအား “ကျယ်လောင်စွာအော်ဟစ်” ပြောဆိုရပါမည်။ တရားဟောသူ သည် ဘုရားနှုတ်ကပတ်တော်ကြားနားသောသူများထံသို့ အော်ဟစ်ဟောပြောရပါမည်။ သို့ရာ တွင် ၎င်းသည် ယနေခေတ်တွင် လူသိများသောတရားဟောချက်ပုံစံတော်မဟုတ်ပါ။ တရား ဒေသနာဟောပြောခြင်းတွင် သမ္မာကျမ်းစာကို လိုက်နာရမည့်အခြေခံယုံကြည်ချက်များရှိသည် မှာ ဝမ်းနည်းစရာပင်ဖြစ်ပါသည်။ ခေတ်သစ်အမှုတော်လုပ်ငန်းတွင် “တိတ်တိတ်လေးသွား၊ သွန်သင်ခြင်းအမှုကိုပြု” စသဖြင့်သာလုပ်ဆောင်ပြီး ရှေးဟောင်းခေတ်ချမှတ်ထားသကဲ့သို့ဖြစ် သည်။ ခေတ်သစ်သာသနာလုပ်ငန်းသည် ဘုရားသခင်ကို နာခံမှုပြုကြသည်။ ဘုရားသခင်က ဟေရှာယအား မိန့်ဆိုသည်မှာ “ကျယ်လောင်စွာအော်ဟစ်ပါ၊ မနှမြောပါနှင့်” ဟူ၍ဖြစ်သည်။ ခေတ်သစ်တရားဟောသူတို့က ယေရှု၏ပုံဥပမာကဲ့သသို့ သာဓကကို မလိုက်လာကြပေ။ ယေရှုသည် “တဲတော်ထဲတွင် …အော်ဟစ်ခဲ့သည်။ (ယောဟန် ၇း ၂၈) ယောဟန် ၇း ၃၇ တွင် ဖော်ပြထားသကဲ့သို့ “မတ်တပ်ရပ်.. အော်ဟစ်နေကြသည်။” ပင်္တေကုတ္တိနေ့က အသံကဲ့သို့ ပေတရုလည်းမပြောပါ။ သူသည် “အသံကိုလွှတ်၍” ဘုရားသခင်ပေးထားသော နှုတ်ကပါတ် တော်ကို ဟောပြောသည်။ (တမန် ၂း ၁၄) ဒေါက်တာ John Gill က “သင့်အသံကိုမြှင့်တင်၍ လူတိုင်းကြားနိုင်ဖို့အော်ဟစ်ပါ။ စိတ်နှလုံးသားထဲတွင် သဘောကျနှစ်သက်အောင် အော်ဟစ် ပါ။ အမြင့်ဆုံးအဆင့်တွင် ဝိညာဉ်တော်ဖြင့် ပေးအပ်ပါ။ သူသည် လူတို့ကြောက်စရာဖို့မဟုတ် ပါ” ဟုဆိုပါသည်။ (ဓမ္မသစ်ကျမ်းရှင်းလင်းချက်၊ တမန်တော် ၂း ၁၄ မှတ်စု) ကျွန်ုပ်ထပ်၍ ပြောဆိုပါမည်။ ယနေ့တရားပလ္လင်တွင် ဘုရားသခင်ကို နာမခံသည့်အခြေခံသဘောတရားများ ရှိသည်။ တရားဟောသည့်ပုံစံနှင့်အပြုအမူတွင် ကြောက်မက်ဖွယ်ရာနာမခံမှုရှိသည်။ တမန် တော်ရှင်ပေါလုက ဤအရာကို နောက်ဆုံးသောကာလ၏ မှားယွင်းသောအယူအဆဟု သတ် မှတ်ထားပါသည်။ သူက “နှုတ်ကပါတ်တော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဘော်ပြလော့။ ဆုံးမခြင်းကို ပြုလော့။ အ လွန်ရှည်သောစိတ်နှင့်ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။ အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နာမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။” (ယားတတ် သောနား၊ NASV)” ( ၂ တိ ၄း ၂၊ ၃ ) ကျွန်ုပ်တို့အချိန်ကာလတွင် မပြောင်းလဲသော “သွန်သင် ပေးခြင်း” ရှိသော်လည်း “ဟောပြောခြင်း” ကို မေ့လျော့နေကြပါသည်။ ကျွန်ုပ်တို့ကြားသမျှ သည် သင်ကြားခြင်းသာဖြစ်ပြီး “သင်ကြားခြင်း” တွင် အရေးကြီးမှုနှင့်တောက်လောင်မှုမရှိ လျှင် အချည်းနှီးသက်သက်သာဖြစ်ပါသည်။ ၎င်းမှာ ယနေ့ကျမ်းစာကျောင်းတွေမှာ သင်ကြား လေ့ရှိသောအရာများဖြစ်ကြပါသည်။ ခြောက်သွေ့သောမြေမှုန့်ဖြစ်ပါသည်။ ကျမ်းပိုဒ်တစ်ခု ချင်းစီ သင်ကြားပေးခြင်းဖြစ်ပါသည်။ ဧဝံဂေလိတရားနှင့်အဘယ်သူမျှ ရှုပ်ထွေးမှုမရှိပါ။ “သွန် သင်ခြင်း” အားဖြင့် ဝိညာဉ်ရေးရာအိပ်ပျော်ခြင်းမှ အဘယ်သူမျှ နှောက်ယှက်ခြင်းမရှိပါ။ သင် သည် ဆိတ်များကို သိုးအဖြစ်ပြောင်းလဲလာရန် “သွန်သင်လို့မရပါ။ သူတို့သည် ၎င်းတို့၏အ ပြစ်နှင့်ပြည့်နှက်ခြင်းနှင့်နူးညံ့ခြင်းအပြင်ဘက်တွင်သာ ဟောပြောခွင့်ရှိသည်။ “တော၌ ဟစ် ကြော်သောသူ၏အသံကား။” (ဟေရှာယ ၄၀း ၆) ၎င်းမှာ စစ်မှန်သော ဧဝံဂေလိတရား၏ ပုံစံ ပင်ဖြစ်ပါသည်။ သေနေသောစိတ်နှလုံးကို အသက်ရှင်စေရန်မှာ ဘုရားသခင်က တရားဟော ပြောခြင်းကို အသုံးပြုမှသာလျှင် ဖြစ်သည်။ ပျောက်ဆုံးဝိညာဉ်ကို တရားဟောခြင်းကသာလျှင် ထိုသို့လုပ်ဆောင်နိုင်သည်။ Brian H. Edwards က “နိုးထသောတရားဒေသနာတွင် အခွင့် အာဏာရှိသည်။ တန်ခိုးလည်းရှိသည်။ ၎င်းက စိတ်နှလုံးနှင့်ဩတပစိတ်ကို တူကဲ့သို့ ထုခွင်း သော နှုတ်ကပတ်တော်ကို ဆောင်ယူလာသည်။ ၎င်းမှာ ယနေ့ကျွန်ုပ်၏တရားဒေသနာတွင် ပျောက်ဆုံးနေသောအရာများသာဖြစ်ပါသည်။ နိုးထမှုတွင်ဟောပြောသောသူတို့သည် မ ကြောက်ကြပေ။ အရေးတကြီးလုပ်ဆောင်ဟောပြောကြပါသည်။” (နိုးထမှု၊ ဘုရားသခင်နှင့် ပျော်ဝင်သောသူ၊ ဧဝံဂေလိပုံနှိပ်တိုက်၊ ၁၉၉၇၊ စာ-၁၀၃) ဒေါက်တာ Lloyd-Jones သည် နှစ် ဆယ်ရာစုအချိန်ကာလတွင် ပေါ်ထွန်းသော တရားဟောဆရာကြီးဖြစ်ပါသည်။ သူက “တရား ဟောခြင်းဟူသည်မှာ အဘယ်နည်း။” မီးထဲက စိတ္တဇပေတည်း။ မီးထဲက ဓမ္မပညာပေတည်း။ မီးမမွေးသောဓမ္မပညာသည် လိုအပ်ချက်ရှိသောဓမ္မပညာဖြစ်သည်။ တရားဟောခြင်းဟူသည် မှာ တောက်လောင်မှုထဲတွင်ရောက်ရှိနေသောလူတစ်ဦးအားဖြင့် ရောက်ရှိလာသော ဓမ္မပညာ ဖြစ်ပါသည်။ စိတ်ထဲလုပ်ဆောင်လိုသောစိတ်မရှိပါဘဲ ဤအမှုအရာများအကြောင်းကို ပြောဆို သောသူတစ်ဦးသည် တရားပလ္လင်တွင် မည်သည့်အရာပင်လုပ်ဆောင်နေစေကာမူ၊ ဝင်ရောက် ရန် အခွင့်မပေးထိုက်သောလူတစ်ဦးဖြစ်ကြောင်း” ပြောကြားခဲ့သည်။ (တရားဟောပြောခြင်း နှင့်တရားဟောပြောသူ၊ စာ- ၉၇ )

ထို့နောက် ဟေရှာယက “အဘယ်အရာကိုပြောရမည်နည်း” ဟု ဆိုခဲ့သည်။ (ဟေရှာ ၄၀း ၆) ကျမ်းစာကျောင်းဆရာပြောသည့်စကားကို လူတစ်ဦးက ကျွန်ုပ်အားပြောပြခဲ့သည်။ သူက ခြောက်လစာ တရားဒေသနာပြင်ဆင်မှုကို ကြိုတင်ပြင်ဆင်သင့်သည်ဟု ဆိုသည်။ ထိုသို့သောသူကို မသိကြားဖူးပါ။ ထိုသို့သောသူသည် စစ်မှန်သော၊ ဘုရားပေးသော တရား ဒေသနာကို ရရှိမည်ဟု မထင်မိပါ။ မဖြစ်နိုင်ပါ။ Spurgeon သည် အချိန်တိုင်းတွင် တရား ဟောဆရာကြီးပင်ဖြစ်ပါသည်။ ထိုသို့မလုပ်ဆောင်ပါ။ စစ်မှန်သောတရားဟောဆရာသည် သူ၏တရားဒေသနာအတွက် ဘုရားသခင်ကို မေးမြန်ထားပါသည်။ ဘုရားပေးမည့်အရာကို စောင့်မျှော်ရပါသည်။ ”အဘယ်အရာကိုပြောရမည်နည်း” ဘုရားသခင်က ကျွန်ုပ်အား ဟော ပြောစေသောအရာကိုသာ ကျွန်ုပ်ဟောပြောရပါမည်။ အချို့ ကျွန်ုပ်အား ဟစ်တလာကဲ့သို့ ဟောပြောစေလိုပါသည်။ ၎င်းသည် ကောင်းပါသည်။ ဟစ်တလာသည် အလိမ်ကို သာပြောဆို နေပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကိုသာ ဟောပြောရမည်။ စေတနာရှိသောတရားဒေ သနာကိုသာ လူတို့ကို လှုပ်ရှားစေနိုင်ပါသည်။ သမ္မာကျမ်းစာရှင်းပြချက်များက သူတို့ကို အိပ် ပျော်စေပါသည်။ ဒေါက်တာ Lloyd-Jones က “မျက်မှောက်ကာလဟောပြောခြင်းက လူကို မ ကယ်တင်ပါ” ဟု ဆိုပါသည်။ လူကိုလည်း မနှောက်ယှက်ပါ။ သူတို့ရှိနေရာအရပ်တွင် အဘယ် အရာကိုမျှမပြုဘဲ ထားရစ်ခဲ့ခြင်းသာဖြစ်ပါသည်။ ၎င်းသည် မှားယွင်းသောအရာပင်ဖြစ်သည်။ အနှောက်အယှက်ပေးရန်လိုအပ်ပါသည်။

“တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အ ရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက် ပင်ဖြစ်၏။ လူမျို၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ် ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏နူတ်ကပတ် တရားမူကား၊ ကာလ အစဉ်အမြဲတည်၏ဟု ဆိုသတည်း။” ( ဟေရှာယ ၄၀း ၆၊၈ )

၁။ ပထမအချက်၊ လူ့ဘဝတိုတောင်းသည်အကြောင်းကိုပြောရမည်။

“တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အ ရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက် ပင်ဖြစ်၏။ လူမျို၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ် ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏နူတ်ကပတ် တရားမူကား၊ ကာလ အစဉ်အမြဲတည်၏ဟု ဆိုသတည်း။” ( ဟေရှာယ ၄၀း ၆၊၈ )

ဘဝသည် ခဏလေးဖြင့် ကြွေလွင့်သွားခဲ့သည်။ အလျှင်အမြန္ ဖြစ်ပျက်သောအရာ ပင်ဖြစ်ပါသည်။ သင့်ရဲ့ပျိုရွယ်မှုသည်လည်း ခဏသာဖြင့် ကုန်ဆုံးခြင်းသဘောသာဖြစ်ပေ မည်။ ကျွန်ုပ်သည် မိမိရဲ့ကိုယ်အကြောင်းကို ရေးသားလျက်ရှိပါသည်။ ကျွန်ုပ်သာ ရောဘတ် က ထိုသို့လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ကျွန်ုပ်သည် နောက်ရက်သတ္တပတ်အနည်းငယ် အတွင်း အသက် ခုနှစ်ဆယ့်ခြောက်ဖြစ်လာမည်ဖြစ်သည်။လသားအရွယ် ငယ်ရွယ်ပျိုမြစ်နေ သေးသည့်သဘောကို တွေ့ရသည်။ ၎င်းသည် သင်နှင့်အတူ ရှိနေပေမည်။ နွေရာသီ ရောက် လို့လာပေမည်။ မြက်ပင်များပျက်စီးနေမည်။ ပန်းများညှိုးနွမ်းမည်။ သေကြေပျက်စီးမည်။ ဘ၀ ဟူသည်မှာ ယာယီခဏသာဖြစ်ပါသည်။ တိုတောင်းလှပါသည်။ တမန်တော်ရှင်ယာကုပ်က ၎င်းကို ဤသို့ဆိုသည်။

“ငွေရတတ်သောညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ဝါကြွား ဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည် မြက်ပွင့်ကဲ့သို့ ဖောက်ပြန်ခြင်းသဘောရှိ၏။ နေသည် ပူသောအရှိန်နှင့်ထွက် သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့် လည်းကြွေတတ်၏။ တင့်တယ်သောအသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအ မှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ်၏။” ( ရှင်ယာကုပ် ၁း ၁၀-၁၁ ) )

လူနည်းစုသာ ထိုအကြောင်းကို မြင်ကြသည်။ ထိုအကြောင်းအရာကို သတိမမူဘဲ လူများစွာတို့သည် ဤလောကတွင် လှုပ်ရှားသွားလာကြပါသည်။ သူတို့ထင်သည်ထက် ပိုစော ၍ ပျက်စီးသွားမည်ကို သတိမမူကြပေ။ C. T. Studd ( ၁၈၆၀-၁၉၃၁ ) က ဥပမာအနေဖြင့် ကြည့်သော် ချမ်းသာသူများထဲက တစ်ဦးဖြစ်ပါသည်။ သူသည် ကံမကောင်းမှုများစွာကို ကြုံ တွေ့ခဲ့ရသည်။ သူသည် ပတ်သွားပြီး တရုတ်ပြည်သို့လည်း သာသနာပြုအနေဖြင့် လုပ် ဆောင်ခဲ့ပါသည်။ နောက်ပိုင်းနှစ်များတွင် အန္တရယ်ကြုံတွေ့သည့် အာဖရိကပြည်ကိုလည်း သွားရောက်ခဲ့ပါသည်။ C. T. Studd ပြောသောစကားမှာ ဤသို့ဖြစ်သည်။

ဘဝတစ်ခုတည်းသာ၊
   လွယ်ကူစွာ ပျောက်ဆုံးသွားပေမည်။
ခရစ်တော်လုပ်ဆောင်ပေးသောအရာများသာ၊
   ထာဝရ ခိုင်ခိုင်မြဲမည်။

C. T. Studd အကြောင်းကို လူငယ်တိုင်းအား ဖတ်စေချင်သည်။ ကိုယ့်ရဲ့သူရဲကောင်းတစ်ဦး အဖြင့်လည်း ထားရှိနိုင်သည်။ သူ့ကဗျာလေးရဲ့အမှန်တရားကို သင်သာလျှင် မြင်တွေ့နိုင်ပါ သည်။

ဘဝတစ်ခုတည်းသာ၊
   လွယ်ကူစွာ ပျောက်ဆုံးသွားပေမည်။
ခရစ်တော်လုပ်ဆောင်ပေးသောအရာများသာ၊
   ထာဝရ ခိုင်ခိုင်မြဲမည်။

ယေရှုက ဤသို့မိန့်ဆိုခဲ့သည်။

“လူသည် ဤစကြာဝဠာကိုအကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” ( မာကု ၈း ၃၆-၃၇ )

“တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အ ရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက် ပင်ဖြစ်၏။ လူမျို၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ် ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏နူတ်ကပတ် တရားမူကား၊ ကာလ အစဉ်အမြဲတည်၏ဟု ဆိုသတည်း။” ( ဟေရှာယ ၄၀း ၆၊ ၈ ) )

ထို့ကြောင့် ကျွန်ုပ်သည် ဘဝရဲ့တိုတောင်းခြင်းအကြောင်းကို ဟောပြောရပါမည်။ သင့်ဘဝရဲ့ တိုတောင်းခြင်းအကြောင်းကိုလည်း စဉ်းစားရပေမည်။ သမ္မာကျမ်းစာက “ဆင်ခြင်နိုင်သည့် စိတ်နှလုံးရှိဖို့ရန် ကျွန်ုပ်၏နေ့ရက်ကာလကို သွန်သင်တော်မူပါ” ဟု မိန့်ဆိုခဲ့သည်။ ( ဆာလံ ၉၀း ၁၂ )

၂။ ဒုတိယအချက်၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်အကြောင်းကို ဟောပြောရမည်။

“ညှိုးနွမ်းသည်” ဟူသောစကားလုံးက ခြောက်သွေ့ခြင်း၊ လန်းဆန်းမှုမရှိခြင်းကို ဆိုလိုပေသည်။ ဟေရှာယ ၄၀း ၇ က ဤသို့ဆိုပါသည်။

“ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ အကယ်စင်စစ္ လူတို့ သည် မြက်ပင်ဖြစ်ကြ၏။” ( ဟေရှာယ ၄၀း ၇ )

Spurgeon က “လေကဲ့သို့သော ဘုရားသခင်၏ဝိညာဉ်သည် သင့်စိတ်ဝိညာဉ်နယ်မြေထဲသို့ ဖြတ်သန်းသွားခဲ့ပြီး သင့်အလှအပတွေကို ပန်းပွင့်ကဲ့သို့ဖြစ်စေသည်။ သင့်အပြစ်များကို လည်း မြင်တွေ့စေသည်။ သို့မှသာ သင်သည် ပျက်စီးလွယ်သောသူဖြစ်ကြောင်းကို သိမည်ဖြစ်သည်။ ဇာတိသဘောသည် ဘုရားသခင်ကို မကျေနပ်စေနိုင်ကြောင်းကိုသိရှိမည်။ သေခြင်း၏ဒဏ် သည် သင့်ရဲ့ဇာတိသဘောထဲတွင်ရှိနေကြောင်းကို ပြောပြမည်။ ဖျားနာသောသူသာလျှင် လူ နာကို အလိုရှိသည်။ နိူးထလာသောအပြစ်သား၊ ဘုရားသခင်က သူ့အား သနားကြောင်းကို သိလာသောအခါ ထိုအကြောင်းအရာကို သိရှိလာမည်ဖြစ်သည်။ သူ၏ဝိညာဉ်သည် ပြစ်ဒဏ် အောက်တွင် ရောက်ရှိနေသည်ဖြစ်သည်။ သင်သည် သင့်အား အပြစ်ထဲက ဆေးကြောပေး သော အသွေးတော်ကို လုံး၀ တန်ဖိုးထားခြင်းမရှိပါ” ဟုဆိုပါသည်။ (သန့်ရှင်းသောဝိညာဉ် တော်၏ ညှိုးနွမ်းသောလုပ်ဆောင်ချက်အကြောင်း” ၊ စာ- ၃၇၅-၃၇၆)

ထိုအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြစ်ပါသည်။ သင်၏မှား ယွင်းသောမျှော်လင့်ချက်များ ပျက်စီးသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက် သာလျှင်ဖြစ်ပါသည်။ ထိုအရာက သင့်စိတ်နှလုံး၏ညှိုးနွမ်းမှု၊ များအကြောင်းကို ပြသထားပါ သည်။ ထိုအရာက ခရစ်တော်၌ စစ်မှန်သောမျှော်လင့်ချက်အကြောင်းကို ထင်ဟပ်စေပါသည်။ ထိုခရစ်တော်သည် သင့်အပြစ်ထဲက ကယ်တင်ရန် သင့်ကိုယ်စားအသေခံပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်စိတ်နှလုံးကို “ညှိုးနွမ်းစေသောအခါ” သင်ပြောသည့် ကောင်းသောအမှုအရာတို့သည် အခိုးအငွေ့ကဲ့သို့သာဖြစ်သည်။ သင်လုပ်ဆောင်သည့် အ ဘယ်အရာမျှ ဘုရားသခင်လက်ခံနိုင်စရာမရှိပါ။ သင်လုပ်ဆောင်သမျှသောအရာက သင့်အား တရားစီရင်ခြင်းနှင့်ငရဲထဲက ကယ်တင်လိမ့်မည်မဟုတ်ပါ။

၎င်းမှာ ဘုရားသခင်က မှားယွင်းသောပြောင်းလဲခြင်းအကြောင်းကို သိစေခြင်းဖြစ်ပါ သည်။ သင်သည် ငြိမ်သက်ခြင်းမရရှိမှီ မှားယွင်းသောပြောင်းလဲခြင်းဖြစ်နိုင်ပါသည်။ ဘုရားသ ခင်က သင့်အား ထားရစ်ခဲ့သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ လုံးဝမဟုတ်ပါ။ ဘုရားသခင်က ဤမှားယွင်းသောအရာကို အသုံးပြုခဲ့ပါသည်။ ဤအရာအားဖြင့် သင့်အား အော်ဟစ်စေပါ သည်။“ကိုယ်ကာယသည် မြက်ပင်ကဲ့သို့ဖြစ်သည်။ ကောင်းသောအရာများသည်လည်း တော ၌ရှိသောပန်းပွင့်ကဲ့သို့ဖြစ်ပါသည်။” ဘုရားသခင်က မှားယွင်းသောလုပ်ဆောင်မျှော်လင့်ချက်၊ များကို ညှိုးနွမ်းစေသည်၊ ခြောက်သွေ့စေသည်။ သို့မဟုတ် မိမိကိုယ်ကို ကယ်တင်ရန် ပြောဆိုသည်။ John Newton က ဤသို့ဆိုပါသည်။

ကောင်းသောအချိန်အချို့ရှိသည်ဟုမျှော်လင့်မိသည်၊
   တောင်းဆိုချက်များကို အဖြေပေးခဲ့သည်။
မေတ္တာတန်ခိုးတော်အားဖြင့်သာလျှင်
   ကျွန်ုပ်အပြစ်ကိုဘေးဖယ်၊ ငြိမ်သက်ခြင်းပေးပြီ။
ထိုသို့အစား ခံစားချက်ကိုပေးသည်၊
   စိတ်နှလုံးထဲ၌ သိုထားသောအရာများ။
ငရဲ၏တန်ခိုးကြီးမားသောအရာများကို၊
   ကျွန်ုပ်စိတ်နှလုံးသားရဲ့အစိတ်အပိုင်းတိုင်းတွင်။

Ayako ကို မေးပါ။ Danny ကို မေးပါ။ John Cagan ကို မေးပါ။ ငါ့ကို မေးကြပါ။ ငြိမ်သက်ခြင်း ပေးဖို့ရန် ဘုရားသခင်အား အော်ဟစ်ကြပါစို့။ သူသည် ကျွန်ုပ်တို့အား Sheila Ngann ကဲ့သို့ ခံစားစေပါမည်။ သူမက “မိမိကိုယ်ကို စက်ဆုတ်ရွံရှာလှပါသည်” ဟုဆိုသည်။ ဒေါက်တာ Cagan နှင့် ကျွန်ုပ်တို့က “မပျော်ရွှင်မှု”ထက် ပိုမိုခံစားရသည်ဟု ပြောခဲ့သည်။ Sheila ကဲ့သို့ ပင် သူမသည် မိမိကိုယ်ကို “ရွံ့ရှာ” သည်။ သင်သည် “ရွံ့ရှာဖွယ်ကောင်းသည်” ဟု မိမိကိုယ် ကို မထင်သ၍ အမှန်တကယ်ပြောင်းလဲသောသူတို့စိတ်နှလုံးတွင်ဖြစ်ပေါ်လေ့ရှိသော အတွင်း ပိုင်းပျောက်ဆုံးနေမှု အမှန်တကယ် တွေ့မြင်ရမည်မဟုတ်ပါ။

“ညှိုးနွမ်းခြင်း” ဟူသောစကားလုံးသည် အလွန်ပင် အရေးကြီးလှပါသည်။ သင်အ သက်တာတွင်ဖြစ်ပျက်နေသောအရာကိုနားလည်ဖို့ရန် ၎င်းဆိုလိုသောအရာကို နားလည်ဖို့ လို အပ်ပါသည်။ “ညှိုးနွမ်းမှု” ဟူသောစကားလုံးအဓိပယ်မှာ “ရှက်ကြောက်ခြင်း” ၊ ခြောက်သွေ့ ခြင်း(ရေကဲ့သို့) ဖြစ်သည်။ ရှက်ကြောက်ခြင်း၊ ရှုပ်ထွေးခြင်း၊ နှင့်ညှိုးနွမ်းခြင်းပေတည်း။ (ခိုင်မာ သောစကားလုံး# ၃၀၀)

“ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ အကယ်စင်စစ္ လူတို့ သည် မြက်ပင်ဖြစ်ကြ၏။” ( ဟေရှာယ ၄၀း ၇ ) )

ထိုအရာမှာ သင့်စိတ်နှလုံးသားထဲတွင် အမှန်တကယ်ဖြစ်ပျက်နေသောအရာဖြစ်ပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏မိမိကိုယ်ကိုစိတ်ချမှုကို ညှိုးနွမ်းခြောက်သွေ့ စေပါသည်။ သင့်စိတ်နှလုံးသည် ခြောက်သွေ့နေသောပန်းလေးပမာမဖြစ်လျှင်၊ ဆိုးသွင်းသည့် သဘာဝအတိုင်းအတာအထိ မဟုတ်ခဲ့လျှင် မဖြစ်နိုင်ပါ။ Sheila သည် မပြောင်းလဲခင်တွင် တွေ့ကြုံသကဲ့သို့ပင် “ငါသည်လည်း မိမိကိုယ်ကို ရွံ့ရှာလျက်ရှိသည်။” စစ်မှန်သောပြောင်းလဲ ခြင်းတွင် တွေ့ရတတ်သောအခြေအနေပင်ဖြစ်ပါသည်။

“ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ အကယ်စင်စစ္ လူတို့ သည် မြက်ပင်ဖြစ်ကြ၏။” ( ဟေရှာယ ၄၀း ၇ ) )

သင်သည် မိမိကိုယ်ကို ရွံ့ရှာလာလျှင်၊ ယေရှုကို ကိုးစားရန် ပြောပြရပါမည်။ သင့်အားအသွေး တော်အားဖြင့် သန့်စင်ဆေးကြောမည်။ ဘုရားသခင်၏တရားစီရင်ခြင်းတရားမှလည်း ကယ် တင်တော်မူမည်။

ဧဝံဂေလိဆရာကြီး George Whitefield က “သင်သည် ယေရှု၌ ယုံကြည်ခြင်းမရှိ သည်အကြောင်းကို ဘုရားသခင်က အမြဲတမ်းထင်ရှားပြသပါသလော၊ သခင်ဘုရား ခရစ် တော်ကို ဆုတ်ကိုင်ဖို့ ကူညီမစပါဟု ဆုတောင်းဖူးပါသလား။ ခရစ်တော်ထံသို့လာရန် မိမိကိုယ် ကို မတတ်နိုင်ကြောင်းကို သိမှတ်ပါသလား။ ယုံကြည်ခြင်းအတွက် ခရစ်တော်ထံ အော်ဟစ်တောင်းလျှောက်စေပါသလား။ ထိုသို့မဟုတ်လျှင် သင့်စိတ်နှလုံးသားထဲတွင် ငြိမ် သက်ခြင်းရှိမည်မဟုတ်။ ခိုင်မာသောငြိမ်သက်ခြင်းသည် ယေရှုအားဖြင့် သက်ရောက်ပါစေ သော်။ သင်မသေဆုံးမှီ ထူးခြားသောအခွင့်အရေးများရရှိပါစေသော်” ဟုဆိုပါသည်။ ( “ကျေး ဇူးတော်နည်းလမ်း” ) သင်သည် စစ်မှန်သောပြောင်းလဲခြင်းမရှိမှီ အပြစ်နှင့်ရုန်းကန်ရပေလိမ့် မည်။ သင့်အပြစ်သည် သူ့အပေါ်တင်သောအခါ ဂေသရှေမာန်ဥယျာဉ်တွေင် ခရစ်တော်ခံစား ခဲ့သကဲ့သို့ သင်ခံစားပေလိမ့်မည်။ သူက “ကျွန်ုပ်စိတ်ဝိညာဉ်သည် ဝမ်းနည်းလျက်ရှိပါ၏။ အိုအဖ၊ ဤခွက်သည်ဖြစ်န်ိုင်လျှင် အကျွန်ုပ်ကို လွန်ပါစေသော်၊ သို့သော်လည်း အလိုတော်အ တိုင်းဖြစ်ပါစေ” ဟု သေခါနီးအချိန်တွင် ငိုကြွေးမြည်တမ်းသကဲ့သို့ဖြစ်ပေမည်။ (မဿဲ ၂၆း ၃၈၊ ၃၉)

သီချင်းနံပတ် ၁၀ “အပြစ်သား၊ လာပါ” သီချင်းကို သီဆိုကြပါစို့။

လာပါ၊ အပြစ်သား၊ ဆင်းရဲ့ချို့တဲ့၊ အားနည်း၊ ဒဏ်ရာ၊ ဖျားနာသူများစွာတို့သည်၊
   ယေရှုသင့်အား ကယ်တင်မူသည်၊ သူသည် သင့်အား အလိုရှိသည်၊ သံသယ မထားနဲ့ွ
သူတတ်နိုင်၊ သူတတ်နိုင်၊ သူအလိုရှိသည်၊ သံသယမထားပါနှင့်တော့။
   သူတတ်နိုင်၊ သူတတ်နိုင်၊ သူအလိုရှိသည်၊ သံသယမထားပါနှင့်တော့။

လာပါ၊ ဝန်လေးပင်ပန်း၊ ကျိုးပဲ့သောနှလုံးသားရှိသောသူ၊
   ကောင်းသည်အထိ စောင့်ဆိုင်းနေလျှင်၊ လုံးဝလာမည်မဟုတ်ပါ။
ဖြောင့်မတ်သူမဟုတ်၊ ဖြောင့်မတ်သူမဟုတ်၊ အပြစ်သား ယေရှုခေါ်နေသည်၊
   ဖြောင့်မတ်သူမဟုတ်၊ ဖြောင့်မတ်သူမဟုတ်၊ အပြစ်သား ယေရှုခေါ်နေသည်၊

ကယ်တင်ရှင်ကိုကြည့်ပါ၊ ယခုတက်ကြွသည်၊ အသွေးတော်အားဖြင့် ရွေးဝယ်၊
   မိမိကိုယ်ကိုသူ့အပေါ်တင်၊ ယုံကြည်ကိုးစားလက်ခံပါ။
ယေရှုမှတပါ၊ ယေရှုမှတပါ၊ အပြစ်သားကို ကောင်းစွာ ကူညီနိုင်သူမရှိပါ။
   ယေရှုမှတပါ၊ ယေရှုမှတပါ၊ အပြစ်သားကို ကောင်းစွာ ကူညီနိုင်သူမရှိပါ။
(“အပြစ်သား၊ လာပါ” ၊ Joseph Hart, ၁၇၁၂-၁၇၆၈၊ သင်းအုပ်က ပြုပြင်သည်။)

ယခုတွင် မျှော်လင့်ချက်ရှိသောပြောင်းလဲခြင်းမှထွက်လာသော စကားလုံးကို နား ထောင်ကြပါစို့။ လူတစ်ဦး၏ သက်သေခံချက်တွေ့ရပါသည်။

မိမိကိုယ်ကိုကယ်တင်ဖို့ နည်းလမ်းများလိုက်ရှာနေသည်။ ကျွန်ုပ် သည် ဝါကြွားမှုများဖြင့် ပြည့်လျှံနေသည်။ မိမိမာန်မာနတက် ကြောင်းကို ဝန်ခံရန်ပင် မာန်တက်နေပါသည်။ ဘုရားသခင်ကို တိုက်ခိုက်ပြီး ယေရှုမကိုးစားဘဲ အသက်ရှင်သည့်အချိန်ကို သတိ ပါ၏။ကျမ်းစာကို စတင်ဖတ်ရှုသည်။ ဆုတောင်းခြင်းကို နေ့တိုင်း လုပ်ဆောင်သည်။ အသင်းတော်လုပ်ငန်းများတွင် ပိုမိုပါဝင်လာပါ သည်။ သို့ရာတွင် အတွင်းပိုင်း ငြိမ်သက်ခြင်းမရရှိပါ။ အထဲတွင် ငြိမ်သက်ခြင်းမရှိသည်ကို သိသည်။ ကျွန်ုပ်ပျေက်ဆုံးနေဆဲဖြစ် ကြောင်းကို သိသည်။ ထိုအရာကို ရင်ဆိုင်တွေ့ကြုံရန် ပို၍ပင် ဝါ ကြွားလျက်နေသေးသည်။ အပြစ်သားဟူသောအတွေးအခေါ်ထဲ က မိမိကိုယ်ကို ပုန်းရှောင်လိုသည်။ မိမိကိုယ်ကို သွေဖည်စေ သောအရာများကို လုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်၏ယုံကြည်ချက် ကို စစ်ဆေးရန် ရှာဖွေနေသည်။ အပြစ်သဘာဝသာ၍လှပဟန် လုပ်ဆောင်ရန် ပြုမူသည်။ ဘုရားသခင်သည် ကောင်းကင်ကို ဖွင့် ၍ နိုးထမှုကို ဖြစ်စေသည်။ ကျွန်ုပ်၏မာနသည်လည်း ယေရှုက ကျွန်ုပ်အား ကယ်တင်ရန်လိုအပ်ကြောင်းကို ဝန်ခံရပေမည်။ ထိုအ ချက်တွင် ကျွန်ုပ်သည် အလွန်ပင် မောပန်းနွမ်းနယ်သည်။ ကျွန်ုပ် အဘယ်အရာလုပ်ဆောင်နေသည်ဖြစ်ပါစေ၊ အပြစ်တရားထဲက မိမိကိုယ်ကို မကယ်တင်နိုင်ပါ။ ယေရှုမကိုးစားသည့်အပြစ်မှ မ ကယ်တင်နိုင်ပါ။ မိမိကိုယ်ကို ဖြောင့်မတ်စေသည့်အခြေအနေထဲ မှ မကယ်တင်နိုင်ပါ။ ကျွန်ုပ်သည် အကူအညီမဲ့ဖြစ်နေသည်။ ကျွန်ုပ်သည် မိမိကိုယ်ကို ယေရှုကို ကိုးစားရန် ရုန်းကန်နေသည်။ သို့သော် ကျွန်ုပ်၏မာနက ခွင့်မပြုပါ။ မျှော်လင့်ချက်အကုန်လုံးကို ကျွန်ုပ်တွင် ပုံအပ်ထားသည်။ အပြစ်က အတွေးအခေါ်များကို လည်း တွန်းအားပေးထားသည်။ အသက်ရှင်ခြင်းမကောင်းမှုကို ခံစားလာရသည်။ ထိုအချိန်တွင် နမိတ်လက္ခဏာအနေဖြင့် ယေရှု သည် ငါ့ထံသို့လာ၍ ပထမအကြိမ် ငါ့ဘ၀၌ ယေရှုကို ကိုးစားခဲ့ပါ သည်။ ယေရှုထံသို့လာရန် ကြိုးစားအားထုတ်သော်လည်း မလုပ် ဆောင်နိုင်ပါ။ မိမိကိုယ်ကို မကယ်တင်နိုင်ဟု ထင်မှတ်မိနေချိန်မှာ ယေရှုသည် ကျွန်ုပ်အား ကယ်တင်ခြင်းကိုပေးသည်။ ယေရှုသည် ကျွန်ုပ်ထံသို့လာသောအချိန်တွင် သူ့ကို ကိုးစားရန် ရိုးစင်းလှပါ သည်။ ယေရှုသည် ကျွန်ုပ်အား လက်ခံပြီး အသွေးတော်အားဖြင့် ဆေးကြောပေးခဲ့သည်။ ကျွန်ုပ်၌ရှိသော ကောင်းသောအမှုအရာ တိုင်းသည် ယေရှုကျွန်ုပ်အား ကယ်တင်ခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်သည် ယေရှုအကြောင်းတွေးမိတိုင်း မျက်ရည်မဆည်နိုင်ပါ။ ဝမ်းမြောက်ခြင်းမျက်ရည်၊ ကျွန်ုပ်အတွက်လုပ်ဆောင်ပေးခဲ့သော ကျေးဇူးတော်ချီးမွမ်းခြင်းမျက်ရည်ပင်ဖြစ်ပါသည်။ ယေရှုက မေတ္တာအလုံးစုံကို ကျွန်ုပ်အားပေးထားသည်။ ကျွန်ုပ်သည် သူ့ အား အရမ်းမချစ်နိုင်ပါ။ သူ့အား ကျေးဇူးတော်အရမ်းမချီးမွမ်းနိုင် ပါ။ လုပ်ဆောင်နိုင်သောအရာမှာ အကောင်းဆုံးကို လုပ်ဆောင် ရန်၊ ကယ်တင်ရှင် ယေရှုအတွက် ဘဝတစ်ခုလုံးကိုပေးရန်ဖြစ် သည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကောင်းကင်ချိုးငှက်၊ သန့်ရှင်းဝိညာဉ်၊ ဆင်းသက်ပါ"၊ ( Isaac Watts, ၁၆၇၄-၁၇၄၈ ရေးစပ်၍
“အိုကျွန်ုပ်အား ဖွင့်ပြမူပါ” သံစဉ်ဖြစ်သည်။)


အခှပှေုကမွှး

သန့်ရှင်းသောဝိညာဉ်တော်၏ညှိုးနွမ်းပျက်စီးသော လုပ်ဆောင်ချက်အကျဉ်း

THE WITHERING WORK OF GOD’S SPIRIT

Dr. R. L. Hymers, Jr.

“တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အ ရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက် ပင်ဖြစ်၏။ လူမျို၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ် ၏။ ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ အကယ်စင်စစ် လူတို့ သည် မြက်ပင်ဖြစ်ကြ၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏နူတ်ကပတ် တရားမူကား၊ ကာလအစဉ်အမြဲတည်၏ဟု ဆိုသတည်း။” ( ဟေရှာယ ၄၀း ၆-၈ )

( ဟေရှာယ ၄၀း၅၊ ၅၈း၁၊ ၄၀း ၃၊ ယောဟန် ၁း ၂၃၊ ယောဟန် ၇း ၂၈၊ ၃၇၊ တမန်တော် ၂း ၁၄၊ ၂ တိ ၄း၂၊၃ )

၁။ ပထမအချက်၊ လူ့ဘဝတိုတောင်းသည်အကြောင်းကိုပြောရမည်။ ဟေရှာယ ၄၀း ၆၊ ယာကုပ် ၁း ၁၀-၁၁၊ မာကု ၈း ၃၆၊ ၃၇၊ ဆာလံ ၉၀း ၁၂။

၂။ ဒုတိယအချက်၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်အကြောင်းကို ဟောပြောရမည်။ ဟေရှာယ ၄၀း ၇၊ မ ဿဲ ၂၆း ၃၈၊ ၃၉။