Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဒေသန္တာရအသင်းတော်၏အရေးကြီးမှု

THE IMPORTANCE OF THE LOCAL CHURCH
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဩဂုတ်လ ( ၃၀ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 23, 2015

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မ ပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )


ကျွန်ုပ်သည် ဒေသန္တာရအသင်းတော်အကြောင်းကို အလွန်အကျွံပြောနေသည်ဟု ထင်မှတ်ကြပေမည်။ သို့သော် ထိုသို့မထင်ပါ။ ခေတ်ဟောင်းနှစ်ခြင်းပုံစံက ဒေသန္တာရအသင်း တော်နှင့်ပါတ်သက်ပြီးအလေးအနက်ထားခြင်းသည် ဤမျိုးဆက်များတွင်လိုအပ်သောအရာဖြစ် သည်ဟု ကျွန်ုပ်ထင်သည်။ ကျွန်ုပ်တို့ကို အကူအညီမပေးနိူင်သည့်အသင်းတော်ကြီးထွားမှုဆိုင် ရာရှုပ်ထွေးသောအယူအဆများစွာကို ကြားခဲ့ရသည်။ ကျွန်ုပ်တို့သည် ဒေသန္တာရအသင်းတော် နှင့်ဆိုင်သည့် ကနဦးနှစ်ခြင်းအသင်တော်၏သွန်သင်ချက်ဆီသို့ပြန်သွားရန်လိုအပ်ပါသည်။ ယနေ့ခေတ်ကာလတွင်ရှိသည့် ရှုပ်ထွေးပြီးမှားယွင်းသောအရာများ၌ ခိုင်မြဲနေခြင်းက အဘယ် အရာကိုမျှမပေးပါ။

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘု ရားသည် သင်းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

ဤကျမ်းပိုဒ် ပြောဆိုသောအရာကားအဘယ်နည်း။ ဤကျမ်းပိုဒ် မပြော သောအချက် ကို ဦးစွာပြောပါမည်။ အသင်းတော်များအကြောင်းကိုပြောဆိုနေခြင်းမဟုတ်။ အသင်းတော်ဟူ သော မက်ဒသစ်၊ ပရက်ပက်တီးရီးယာန်း၊ သို့မဟုတ် ကစ်သိုလစ်၊ စသဖြင့်ပြောနေခြင်းလည်း မဟုတ်။ ဤကျမ်းပိုဒ်ပေးထားသည့်အခါ ထိုသို့သောအသင်းတော်အဖွဲ့အစည်းများမရှိပါ။ ဒုတိ ယအချက်၊ ဘုရားကျောင်း အဆောက်အဦး အကြောင်းပြောနေခြင်းလည်းမဟုတ်။ ပထမရာစု တွင် အသင်းတော်ဘုရားကျောင်းများမရှိပါ။ ဓမ္မသစ်ကျမ်းကိုဖတ်ပါ။ တွေ့ရပါလိမ့်မည်။ ယနေ့ တွင် လူတို့က အသင်းတော်အကြောင်းပြောသည်တွင် အဆောက်အဦးကိုပြောလေ့ရှိကြသည်။ သူတို့က "ထိုဘုရားကျောင်းမလှဘူးလား" စသဖြင့်ဆိုကြသည်။ သူတို့သည် အဆောက်အဦး ကိုသာပြောနေကြသည်။ သို့သော် ဤကျမ်းပိုဒ်ကိုရေးသားသည့်အခါ အဘယ်ဘုရားကျေင်း အ ဆောက်အဦးမျှမရှိပါ။ အဆောက်အဦးကိုပြောနေခြင်းတော့မဖြစ်နိူင်ပါ။ ပထမရာစုတွင် ခရစ် ယာန်အစည်းအဝေးကိုလုပ်ဆောင်ရန် အိမ်တွင်တွေ့ခဲ့ကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အသုံးပြု သောကျမ်းပိုဒ်က ဘုရားကျောင်းကိုဆိုလိုတာ မဖြစ်နိူင်ဘူး။ တတိယအချက်၊ "စကြာဝဠာနှင့် ဆိုင်သောအသင်းတော်" လည်း ပြောနေမည်မဟုတ်။ ဤကျမ်းပိုဒ်၌ ထိုသို့သောအယူအဆမရှိ။ စစ်မှန်သောနေရာ၊ ဒေသန္တာရအသင်းတော်သို့လာရောက်စုရုံးကြသည့်လူများအကြောင်းကို အမှန်တကယ်ပြောနေခြင်းဖြစ်သည်။ "ယေရုရှလင်မြို့တွင်ရှိသောအသင်းတော်" အဖြစ်သာ သိရှိရပါသည်။ ( တမန် ၈း ၁ )

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘု ရားသည် သင်းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

လူတို့ကို အသင်းတော်ထဲသို့ဝင်းစေသည် သို့မဟုတ် ''အသင်းတော်တစ်ပါး'' သို့ပေါင်းသင်းစေ သည်ဟု မဆိုလိုပါ။ သို့မဟုတ် ''စကြာဝဠာနှင့်ဆိုင်သောအသင်းတော်'' သို့ပေါင်းစည်းစေခြင်း ပင်ဖြစ်သည်။ ထိုသို့လုံးဝမဟုတ်ပါ။ ကယ်တင်ခြင်းသို့ရောက်သောသူတို့အား သခင်ဘုရား သည် ယေရုရှလင်အသင်းတော်၌ သင်းဝင်းစေတော်မူသည်"ဟုသာ ဆိုလိုသည်။ ပြောသည် အတိုင်းသာဆိုလိုသည်။ ပြောသည်အတိုင်းသာဆိုလိုသည်။

"အသင်းတော်" ဟူသောစကားလုံးမှာ "အက်ဂလီဆီယား" ဟူသောဂရိစကားလုံးကို အင်္ဂလိပ်သို့ပြန်ဆိုခြင်းပင်ဖြစ်သည်။ "အက်"(အပြင်) ဟူသောရှေ့ဆောင်ပုဒ်နှင့်ကြိယာစကား လုံး ''ကလဲအို"(ခေါ်သည်) နှစ်ခုပေါင်းစပ်သည့် ပေါင်းစပ်စကားလုံးပင်ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ "ခေါ်ထုတ်ခံရသူများ" ဟူ၍ဖြစ်သည်။ (The Criswell Study Bible, ဧဖက် ၅း ၂၃ မှတ်စု)

Dr. W. A. Criswell က "အသင်းတော်" ဟူသည်မှာ အပြစ်နှင့်မယုံကြည်ခြင်းမှ ခရစ် တော်အားယုံကြည်လာသော၊ ထိုယုံကြည်ခြင်းကိုယုံကြည်သူအားပေးသောနှစ်ခြင်းအားဖြင့် သက်သေပြုသော၊ ထိုသို့ဖြင့်အတူတကွမိဿဟာရပြုကြသောလူစုဖြစ်သည်" ဟုဆိုသည်။ (၎င်း) ၎င်းသည် ကောင်းသောအနက်ဖွင့်ဆိုချက်ဖြစ်သည်။ အသင်းတော်ဟူသည်မှာ ကယ် တင်ခြင်းရရှိပြီးသောလူစုများဖြစ်ပြီး အဖွဲ့လိုက်မိဿဟာရကိုအတူတကွလုပ်ဆောင်ရန် စုဝေး ကြသောလုစုပင်ဖြစ်ကြသည်။ ယင်းမှာ တမန်တော် ၂း ၄၇ တွင် မိန့်ဆိုသောအကြောင်းတရား ပင်ဖြစ်ပါသည်။

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘု ရားသည် သင္းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

ထိုအရာမှာ "အဘယ့်ကြောင့်အထီးကျန်ဆန်နေရသနည်း" ဟု မကြခဏ ကျွန်ုပ်ပြော နေရသည့်အကြောင်းရင်းပင်ဖြစ်သည်။ အိမ်တည်းဟူသောအသင်းတော်သို့လာပါ။ အဘယ့် ကြောင့် ပျောက်ဆုံးနေပါသနည်း။ ယေရှုထံသို့ပြန်လာပြီး ကယ်တင်တော်မူခြင်းသို့ရောက် လော့။ အသင်းတော်သို့လာခြင်းကို ခရစ်တော်ထံသို့လာခြင်းနှင့် ကျွန်ုပ်ကရှုပ်ထွေးစေပါသ လား။ ထိုသို့မဟုတ်ပါ။ ဘုရားကျောင်းသို့လာခြင်းနှင့်ခရစ်တော်ထံသို့လာခြင်းသည် မတူညီ သည့် အရာနှစ်ခုဖြစ်ကြောင့် ထပ်၍ပြောဆိုပါမည်။ ခရစ်တော်ထံသို့မလာဘဲ ဘုရားကျောင်းသို့ လာလျှင် ငရဲသို့သာသွားရမည်။ ခရစ်တော်ကသာ သင့်ကိုကယ်တင်နိူင်သည်။ "ယေရှုခရစ်ကို ယုံကြည်လော့၊ ယုံလျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်" ဟု တမန်တော် ၁၆း ၃၁ ကို မကြာ ခဏကိုးကားလေ့ရှိသည်။ ကျွန်ုပ်တို့က ရှင်းလင်းစေပါသည်။ ကယ်တင်ခြင်းနှင့်အသင်းသားဖြစ် ခြင်းမှာ မတူညီသောအရာနှစ်ခုဖြစ်သည်။ အဘယ့်ကြောင့် အထီးကျန်ဆန်နေရသနည်း။ အိမ် သို့ပြန်လာပါ၊ အသင်းတော်သို့လာပါ။ အဘယ့်ကြောင့် ပျောက်ဆုံးသနည်း။ အိမ်ပြန်လာပါ၊ ခရစ် တော်ထံသို့ပြန်လာပါ။ ကယ်တင်ခြင်းနှင့်အသင်းသားဖြစ်ခြင်းသည် မတူညီသောအရာနှစ် ခုဖြစ်သည်ကို ထိုဆောင်ပုဒ်အားဖြင့် ရှင်းလင်းစွာသိမြင်နိူင်ပါသည်။

''ကယ်တင်ခြင်းသို့ရောက်သောသူတုိ႔ကိုလည်း နေ့စဉ်မပြတ် သခင်ဘု ရားသည် သင်ဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

ဤနေရာတွင် ဟောပြောဖို့ရန် အချက်သုံးချက်ကို ကျွန်ုပ်ရွေးထားပါသည်။

၁။ ပထမအချက်၊ ဘုရားကျောင်းသို့လာခြင်းက သင်၏အထီးကျန်ဆန်မှုကို ပျောက်ကင်းစေမည်။

ကျွန်ုပ်သည် အဘယ်သူအားပြောဆိုနေသည်ကို သင်နားလည်ရပါမည်။ သင့်အား ပြောဆိုနေခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း ဘာသာစကား ၃၂ ဖြင့် ကျွန်ုပ်တို့၏ဝက်ဆိုက်တွင် စကားလုံးတစ်လုံးခြင်းစီသည် အဓိပ္ပါယ်သက်ရောက်လျက်ရှိပါသည်။ မိမိကိုယ်ကို အထီးကျန် ဆန်လွန်းသည်ဟု မထင်မှတ်၊ မခံစားသောသူများပင်လျှင် ဤစာကိုဖတ်ရှုကြသည်ကို ကျွန်ုပ် လည်း များစွာ နားမလည်ပါ။ ယနေ့ခေတ်တွင် လူငယ်အများစုသည် အထီးကျန်ဆန်သည်ဟု ခံစားကြကြောင်း ကျွန်ုပ်သိသည်။

ကျွန်ုပ်တို့အသင်းတော်ကို ဧဝံဂေလိလုပ်ငန်းများစွာကို၊ အထူးသဖြင့် လောကကော လိပ်ကျောင်း၊ လူငယ်များစုဝေးရာနေရာများ၊ လော့ခ်အိန်ဂျယ်လ်တို့တွင် လုပ်ဆောင်လေ့ရှိကြ သည်။ ဤအသင်းတော်သည် ကောလိပ်နှင်အထက်တန်းကျောင်းသားများဖြင့် နံနက်ပိုင်း အစီ အစဉ်တွင် ပြည့်လျှံလျက်ရှိပါသည်။ ထိုအကျိုးအနေဖြင့် သင့်အားပြောဆိုနေခြင်းဖြစ်သည်။ ကျွန်ုပ်ငယ်ငယ်က ဘုရားကျောင်းသို့မသွားခင် ခံစားနေရသောအခြေအနေတွင် ဖြစ်ကြသည်။ သင်သည်လည်း အခြားလူငယ်များအတိုင်း ဖြစ်နေသည်။ မဖြစ်လျှင်တောင် အချို့သောအချိန် များကိုအသုံးပြုထားပါသည်။ ဘုရားသခင်က သင့်အား အထီးကျန်မဆန်စေလိုပါ။ ဧဒင်ဥယျာဉ် ၌ ဘုရားသခင်မိန့်တော်မူသည်မှာ "လူသည် တစ်ယောက်တည်းမနေကောင်း" ဆိုသည်။ (ကမ္ဘာဦး ၂း ၁၈၊ ၂၁- ၂၂) ဘုရားသခင်သည် လူယောက်ျားအား တစ်ဦးတည်းနေစေခြင်းငှါအ လိုတော်မရှိ။ သင့်ကိုလည်း တစ်ဦးတည်းအထီးကျန်နေစေခြင်းငှါအလိုတော်မရှိ။ သင်သည် အထီးကျန်နေစေခြင်းမရှိစေရန် ဤဓမ္မသစ်အသင်းတော်ကိုဖန်ဆင်းရခြင်းမှာ ထိုသို့သောအ ကြောင်းတရားကြောင့်ဖြစ်သည်။

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘု ရားသည် သင်းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က ကျွန်ုပ်တို့နှင့်အတူရှိနေခဲ့သည် တရုတ်အမျိုး သမီးငယ်လေးက ဤစာကို ရေးသားလာသည်။ သူရေးသားသော အရေးအသားသည် မပြည့် စုံငြားလည်း သူမက နှလုံးသားကနေစကားပြောတယ်ဆိုတာ သိရပါတယ်။

ဒေါက်တာ Hymers, သင်၏တရားဒေသနာက အလွန်ပင်အံ့ဩစ ရာကောင်းပါတယ်။ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းဖြင့် ကယ် တင်ခြင်းသို့ရောက်ရန် ကျွန်ုပ်ကိုသင်ကြားပေးပါသည်။ သမ္မာတ ရားကိုလည်း သိစေပါသည်။ သင်၏တရားဒေသနာကို ပို၍နား ထောင်ချင်ပါသည်။ ဤဘုရားကျောင်းသို့အမြဲလာချင်ပါသည်။ ကျွန်ုပ်တို့အသင်းတော်အတွက် မျက်ရည်နှင့်ဆုတောင်းပါသည်။ ကျွန်ုပ်တို့အသင်းတော်ထဲသို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်း သက်လာရန် ဆုတောင်းပါသည်။ သင်၏တရားဒေသနာ သာ၍ သာ၍ကောင်းမွန်လာရန်လည်း ဆုတောင်းပါသည်။ ဤအသင်း တော်သည် ကျွန်ုပ်၏တကယ့်ဒုတိယအိမ်ဖြစ်ပါသည်။ ဤသည်မှာ အမှန်တကယ် အဓိကအိမ်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ကျွန်ုပ်ရှာ ဖွေနေသောအိမ်လည်းဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်။

ထို့ကြောင့် "အဘယ့်ကြောင့် အထီူ ပန်နေရသနည်း။ " အိမ်တည်းဟူသော အသင်းတော်သို့ လာပါ။ ထိုမိန်းကလေးသည် ကျွန်ုပ်၏တရာဒေသနာကို နားထောင်ပြီး သူမသည် ဘုရား ကျောင်းသို့အမြဲ သည်။ တခါးသည် အမြဲဖွင့်လျက်ရှိသည်။

ထိုသို့ပြောတာမှားသလား။ အချို့က "ဤဟာတွေမျပြာပါနှင့်၊ " ဟုဆိုကြမည်။ သူတို့ သည် မှားယွင်းသောအပြုအမူအားဖြင့် ဘုရားကျော်င်သို့လာသည်။ ကောင်းပြီ၊ မှားယွင်းသော အကြောင်းတရားကြောင့် လာသည်ထက် မလာသည်ကို ပိုတောင်ကောင်းစေသည်။ သင်သည် ဆက်လက်ပြီးလာလျှင် ကယ်တင်တော်မူခြငးသို့ရောက်လိမ်မည်း သို့မှာ ကောင်းသောအ ကြောင်းတရားဖြင့်လာခြင်းဖြစ်ပါသည်။

အထီးကျန်လို့ ဘုရားကျောင်းလာခြင်းသည် မှန်းယွင်းသောအယူအဆဖြစ်သည်။ မိမိသည် မှားယွင်းသောအယူအဆဖြင့်လာခဲ့သည်။ ကျွန်ုပ်အသက်ဆယ့်သုံးနှစ်သားအရွယ် တွင် အိမ်နားက ဘုရားကျောင်းသို့သွားရန်ဖိတ်ခဲ့သည်။ ကျွန်ုပ်သည် တစ်ဦးတည်းအထီးကျန် သောကြောင့် ဘုရားကျောင်းသို့လာသည်။ ကျွန်ုပ်အထီးကျန်နေသောကြောင့် ဆက်၍လာ သည်။ နောက်ပိုင်းတွင် ကျွန်ုပ်ပြောင်းလဲလာသည်။ အဘယ်အရာမှားယွင်းပါသနည်း။ ထိုအ ချက်နှင့်မှားယွင်းမှုမရှိပါ။

ဤဘုရားကျောင်းသည် ဝမ်းမြောက်ရာနေရာဟု သတ်မှတ်ကြပါစို့။ လောကတွင် ဝမ်းမြောက်ဆုံးသောနေရာအဖြစ်သတ်မှတ်ကြပါစို့။ ဧဝံဂေလိတေးသီချင်းကိုသီဆိုကြပါစို့။ ခေတ်ဟောင်း ဓမ္မသီချင်းကိုသီဆိုကြပါစို့။ ခေတ်ဟောင်း ဧဝံဂေလိတရားကို ဟောပြောကြပါစို့။ "အာမင်" ဟု အော်ဟစ်ကြပါစို့။ ထိုင်ပြီး ညစာ စားကြပါစို့။ (နေ့လည်စာမဟုတ်၊ နေလည်စာ သည် သင်ယူလာသောအရာဖြစ်သည်။ ) အရင်ကလုပ်ဆောင်သကဲ့သို့ "ဘုရားကျောင်း၏ အောက်တွင် ညစာ စားကြပါစို့။ ခေတ်ဟောင်းစတိုင်ဖြင့် မိဿဟာရဖွဲ့ကြပါစို့။ '"အိမ်ပြန်ချိန် ညစာ" ကို သီဆိုကြပါစို့။ သင်တို့၏သီချင်းစာရွက်တွင် နောက်ဆုံးသီချင်း တတိယပိုဒ်ဖြစ် သည်။ သီဆိုကြပါစို့။

မြို့ကြီးတွင် လူတို့သည် ဂရုတစိုက်ရှိဟန်မရှိ၊
သူတို့သည် ပေးကမ်းခြင်းမရှိ၊ နှမြောစိတ်လည်းမရှိ။
ယေရှုထံသို့အမှန်လာပါ။ သတိပြုခြင်းကိုခံရမည်၊
စားပွဲ၌စားစရာနှင့်ဝေမျှရန် မိတ်ဆွေများစွာရှိ!
အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။

("အိမ်ပြန်ချိန်ညစာ"၊ Dr. R. L. Hymers, Jr., ရေးစပ်ပြီး
"ချိုးငှက်တောင်ပံ" သံစဉ်ဖြစ်သည်။ )

လူများစွာတို့သည် ဆယ့်ရှစ်နှင့်ဆယ့်ကိုးရာစုလောက်တွင် ခေတ်ဟောင်းဧဝံဂေလိ တရားဟောပွဲသို့လာကြသည်။ ဘုရားသခင်သည် သူ၏တန်ခိုးတော်ကိုစေလွှတ်တော်မူသော အခါ ထိုကလေးများသည် ညစာစားရန်လာကြသဖြင့် တရားဟောစင်ကတရားဟောဆရာ၏ တန်းဒေသနာကို အနားတွင်နေပြီး နာထောင်ပေးကြသည်။ လေထဲတွင် ၎င်းတို့၏ကျမ်းစာအုပ် ကိုလည်း ဝှေ့ရမ်းကြသည်။ ခရစ်တော်၏ဧဝံဂေလိတရားအကြောင်းကို ကြွေးကြော်ကြသည်။ ယနေ့တွင် ကျွန်ုပ်တို့သည် ထိုသို့သောသဘောတရားကို အလိုရှိကြသည်။

"မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိူင်အထက်ခေါ်သွင်းလော့။" (လုကာ ၁၄း ၂၃ )

ဘုရားကျောင်းသို့လာခြင်းက သင်၏အထီးကျန်ဆန်မှုကို ပျောက်ကင်းစေလိမ့်မည်အမှန်ပါ။ အဘယ့်ကြောင့် အထီးကျန်နေရပါသနည်း။ အသင်းတော်အိမ်သို့ပြန်လာပါ။ ထပ်ဆိုကို တဖန် သီဆိုကြပါစို့။

အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။

၂။ သို့သော်၊ ဒုတိယအချက်၊ ဘုရားကျောင်းသို့လာခြင်းသည် သင့်ကိုမကယ်တင်။

ဧဝံဂေလိဆရာကြီးတပါးက "ကားဂိုဒေါင်ထဲသို့သွားခြင်းက သင့်အား ကားတစ်စီးထဲသို့ ရောက်စေခြင်းထက် ဘုရားကျောင်းသို့သွားခြင်းသည် သင့်အား ခရစ်ယာန်တစ်ယောက်ဖြစ်စေ မည်မဟုတ်ပါ" ဟုပြောလေ့ရှိသည်။ ထိုအချက်တွင် သူ၏ပြောကြားချက်သည် မှန်ကန်ပါသည်။ သူက တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းသို့သွားရုံသက်သက်ဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်ဟု ထင်မှတ်ထားကြသည့် လူများကို ပြောနေခြင်းဖြစ်သည်။ သို့သော် ယနေ့အ ချိန်တွင် လော့ခ်အိန်လ်ဂျယ်၌ ထိုသို့သောလူများစွာမရှိကြတော့ပါ။ ကျွန်ုပ်တို့မြို့ရှိ အနည်း ငယ်သော "ခေတ်သစ်" လူများက ထိုသို့စဉ်းစားထင်မြင်ကြသည်။ သူတို့သည် ယနေ့ခေတ်၏ မှတ်းယွင်းသောအခြားကယ်တင်ခြင်းအကြောင်းနှင့်ဆိုင်သောမျှော်လင့်ခြင်းကိုလည်း ထား တတ်ကြသည်။

သို့သော် ယနေ့တွင် ဤအရပ်၌လည်း ပျောက်ဆုံးသောအသင်ေးတာ်ကလေးကဲ့သို့စဉ်း စားသောသူသည်လည်း ဤနံနက်တွင် ရှိနေနိူင်သည်။ သင်၏စိတ်နှလုံးသားထဲ၌ "ကျွန်ုပ်ဘုရား ကျောင်းသို့လာတယ်၊ ကောင်းတဲ့အလုပ်ပဲ" ဟုပြောချင်ပြောနိူင်သည်။ ထိုသို့မဟုတ်ပါ။ ထိုသို့ မစဉ်းစားပါနှင့်။ ကားဂိုဒေါင်ထဲသို့သွားခြင်းက သင့်အား ကားတစ်စီးထဲသို့ ရောက်စေခြင်းထက် ဘုရားကျောင်းသို့သွားခြင်းသည် သင့်အား ခရစ်ယာန်တစ်ယောက်ဖြစ်စေမည်မဟုတ်ပါ။ လူ တစ်ယောက်ယောက်က "ဘုရားကျောင်းသို့လာမှာ မဟုတ်" ပြောသည်ကို ကြားနိူင်သည်။ ယင်းသည် စာတန်ထံက လာသောအယူအဆဖြစ်သည်။ ဘုရားကျောင်းတွင်ရှိနေခြင်းက သင့် ကိုမကယ်တင်နိူင်ပါ။ သို့သော် ဘုရားကျောင်း၌ရှိနေခြင်းက ဧဝံဂေလိတရားဒေသနာကိုကြား နာစေပြီး သင်ပြောင်းလဲဖို့ အခြေအနေကောင်းလာသည်။ ဧဝံဂေလိတရားဒေသနာဟောကြား ခြင်းကို နားထောင်ရန် ဘုရားကျောင်းသို့လာခဲ့ပါ။

ခရစ်တော်က "ကယ်တင်တော်မူခြင်းသို့ရောက်ရမည်" ဟုဆိုသည်။ (ယော ၃း ၇) သင်သည် ကယ်တင်ခြင်းအားဖြင့် အသစ်သောမွေးဖွါးခြင်းကို မြည်းစားရမည်။

ကယ်တင်ခြင်းသည် ကျေးဇူးတော်သက်သက်အားဖြင့်သာဖြစ်သည်။ ဘုရားကျောင်း သို့လာခြင်းအပါအဝင် အဘယ်သို့သော လူတို့၏ကြိုးစားအားထုတ်မှုကမျှ သင့်ကိုမကယ်တင် နိူင်ပါ။ ကယ်တင်တော်မူခြင်းသို့ရောက်နိူင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားသခင် ၏သားတော်ခရစ်တော်ယေရှုတစ်ပါးတည်းအားဖြင့်ဖြစ်သည်။ ယေရှုက ဤသို့ဆိုသည်။

"ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါ သည် ချမ်းသာပေးမည်။" (မဿဲ ၁၁း ၂၈ )

ကယ်တင်ခြင်းသည် ခရစ်တော်ကိုယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ဖြစ်သည်။ သင် သည် ယေရှုခရစ်ထံသို့လာ၍ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားရမည်။ "အကြောင်းမှာ ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရသည်။ "(ရောမ ၁၀း ၁၀ ) ယေရှုထံသို့ လာခြင်းအားဖြင့် သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်ရ၏။ ဘုရားကျောင်းတက်ရုံသက် သက်က သင့်ကို ကယ်တင်တော်မမူ။

ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်က ဤသို့ဆိုသည်။

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘု ရားသည် သင်းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

သင်သည် "ကယ်တင်တော်မူခြင်းသို့ရောက်ခြင်းအားဖြင့် သင်းဝင်စေခြင်းကိုခံရလိမ့်မည်။" ယေရှုကို ကိုးစားခြင်းအားဖြင့်သာ ကယ်တင်တော်မူခြင်းသို့ရောက်မည်။

"သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။" (တမန် ၁၆း ၃၁ )

"အိမ်ပြန်ချိန်ညစာ" သီချင်း တတိယပိုဒ်နှင့်ထပ်ဆိုကို သီဆိုကြပါစို့။

မြို့ကြီးတွင် လူတို့သည် ဂရုတစိုက်ရှိဟန်မရှိ၊
သူတို့သည် ပေးကမ်းခြင်းမရှိ၊ နှမြောစိတ်လည်းမရှိ။
ယေရှုထံသို့အမှန်လာပါ။ သတိပြုခြင်းကိုခံရမည်၊
စားပွဲ၌စားစရာနှင့်ဝေမျှရန် မိတ်ဆွေများစွာရှိ!
အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။

၃။ တတိယအချက်၊ ဘုရားကျောင်းသို့ရောက်ခြင်းသည် သင့်အား ဧဝံဂေလိတရား ဟောကြားခြင်းအောက်သို့ရောက်စေမည်။

တမန်တော်ပေါလုက ဤသို့ဆိုသည်။

"သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ပဌနာပြုနိူင်မည်နည်း။ သိ တင်းမကြားလျှင် အဘယ်သို့ယုံကြည်နိူင်မည်နည်း။ ဟောပြော သောသူမရှိလျှင် အဘယ်သို့ကြားနိူင်မည်နည်း။"(ရောမ ၁၀း ၁၄)

ပတ္တိကုတ္တိနေ့တွင် လူတို့ကိုကယ်တင်ရန် ဘုရားသခင်က ပေတရု၏တရားဒေသနာကို အသုံး ပြုတော်မူခဲ့သည်။( တမန် ၂း ၃၇-၄၁ ) ထို့နောက် လူများစွာကို သင်းဝင်စေကြသည်။ (တမန် ၂း ၄၁၊ ၄၇ )

"အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည် ဝင် ကြ၏။" (တမန် ၂း ၄၁ )

သူတို့သည် ပေတရု၏တရားဟောချက်အားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်ကြပြီး သင်း ဝင်ကြသည်။

ဧဝံဂေလိတရားဟောပြောခြင်းကို ကျွန်ုပ်ယုံကြည်သည်။ ကျွန်ုပ်သည် ဧဝံဂေလိတရား ကို ဤဘုရားကျောင်း၌ တစ်ပတ်လျှင် နှစ်ကြိမ်ဟောပြောသည်။ ဧဝံဂေလိတရားသည် ယနေ့ ခေတ်အသင်းတော်အများစုတွင် ဖက်ရှင်ဆန်ဆန်မဟုတ်သည်ကို သိသည်။ "သို့သော် ဖက်ရှင်" ကျမကျကို ကျွန်ုပ်ဂရုမစိုက်ပါ၊ သင်တို့လူငယ်များပြောင်းလဲလာဖို့ ကျွန်ုပ်ဆုတောင်း ရမည်။ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့အစီအစဉ်များတွင် ခေတ်ဟောဧဝံဂေလိတရားဟောကြား ခြင်းဆီသို့ပြန်မသွားရင် နိူးထမှုတွေ့ရှိရမည်ဟု မထင်မိပါ။

ရှင်ပေါလုက ကောရိန္တုအသင်းတော်အား ဤသို့ဆိုသည်။

"ကျွန်ုပ်တို့သည် ခရစ်တော်၏အသေခံခြင်းအကြောင်းကိုဟောပြော သည်။" (၁ကော ၁း ၂၃ )

အခြားသူများက လူတို့ကိုဖျော်ဖြေမည့် ပုံပြင်ပြောဆိုနိူင်သည်။ အခြားသူများက သမ္မာ ကျမ်းစာကို ရှည်ရှည်ဝေးဝေးဟောပြောနိူင်ကြသည်။ အချို့က ဆယ့်ငါးမိနစ်စာ ''မှုတ်သွင်း သောတရားစကား" ကိုဟောပြောနိူင်သည်။ "သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်၏အသေခံ ခြင်းအကြောင်းကိုဟောပြောသည်။" ( ၁ကော ၁း ၂၃ ) ကျွန်ုပ်တို့သည် Baptist Tabernacle တွင်လည်း "ခရစ်တော်၏အသေခံ ခြင်းအကြောင်းကိုဟောပြောသည်" ( ၁ကော ၁း ၂၃ ) ဟု ဆိုသည်။"သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်၏အသေခံခြင်းအကြောင်းကိုဟောပြော သည်။" အခြားသူများက အဘယ်သို့သောအရာကို လုပ်ဆောင်နေသည်ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့တိုင်းတွင် ဧဝံဂေလိတရားအကြောင်းဆက်လက်ဟောကြားရမည်ဖြစ်သည်။

ထိုအရာက လူတို့ကို ပေါ့ပေါ့တန်တန်ဖြစ်စေသလား။ ကျွန်ုပ်တို့၏လူတို့ကို ပေါပေါတန် တန်မဖြစ်စေသည်မှာ အမှန်ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဤအသင်းတော်တွင် သိခဲ့ဖူးသည့် အကောင်းဆုံးခရစ်ယာန်အချို့ကိုပိုင်ဆိုင်ထားပါသည်။ အချို့တို့မှာ ကျွန်ုပ်၏ တနင်္ဂနွေနံနက် ပိုင်းနှင့်ညနေပိုင်း တရားဒေသနာအားဖြင့် ပြောင်းလဲလာကြသည်။ သူတို့ကို တနင်္ဂနွေနံနက်နှင့် ညနေဧဝံဂေလိတရားဒေသနာအားဖြင့် ကျွေးမွေးသည်။ သူတို့သည် တနင်္ဂနွေနံနက်နှင့်ညနေ ပိုင်း ကျွန်ုပ်၏ဧဝံဂေလိတရားဒေသနာအားဖြင့် အံ့ဘွယ်ကြီးထွားလာကြသည်။

ကျွန်ုပ်တို့၏သင်းထောက်ကြီး Mr. Griffith သည် ကျွန်ုပ်၏တရားဒေသနာအားဖြင့် ပြောင်းလဲလာသည်။ သူသည် ဘုရားသခင်၏လူဖြစ်သည်။ ကျွန်ုပ်တို့၏လက်ထောက်သင်းအုပ် ဆရာ Dr. Chan သည်လည်း ကျွန်ုပ်၏ဧဝံဂေလိတရားဒေသနာအားဖြင့်ပြောင်းလဲလာပြီး သူ သည်လည်း အံ့ဘွယ်ကြောက်မက်ဖွယ်ရာ ဘုရားသခင်၏လူပင်ဖြစ်သည်။ ကျွန်ုပ်တို့၏သင်း အုပ်အကူ ဒေါက်တာ Cagan သည် သူစကားပြောပြီးနောက်တွင် ဤနေရာသို့လာပြီး ကျွန်ုပ်၏ ဧဝံဂေလိတရားဒေသနာကိုနားထောင်ရန် တနင်္ဂနွေနေ့နံနက်တိုင်းနှင့်ညနေတိုင်းတွင် လာ သည်။ သူသည် သင်တွေ့ဖူးသမျှသောခရစ်ယာန်များတွင် အကောင်းဆုံးဖြစ်သည်။ ဒေါက်တာ Cagan နှင့် Mr. Prudhomme တို့ထက် ကျွန်ုပ်တို့အသင်းတော်၌ရှိကြကုန်သောခေါင်းဆောင် တိုင်းသည် ကျွန်ုပ်၏ဧဝံဂေလိတရားဒေသနာအားဖြင့် ပြောင်းလဲလာကြသည်။ သူတို့သည် ခရစ်ယာန်အသက်တာတစ်ခုလုံးတွင် တနင်္ဂနွေနံနက်နှင့်ညနေတိုင်းတွင် ဧဝံဂေလိတရားဒေသ နာမှတပါး အဘယ်အရာကိုမျှ နားမထောင်ကြပါ။ သူတို့သည် အံ့ဘွယ်ခရစ်ယာန်များဖြစ်ကြ သည်။ ရှေးကျသည့် ဧဝံဂေလိတရားဒေသနာအောက်တွင် ရင့်ကျင့်သောခရစ်ယာန်များဖြစ် လာကြသည်။

ဧဝံဂေလိတရားဟောကြားမှုမရှိခြင်းက သင့်အား ဧဝံဂေလိတရားဟောကြားခြင်းကို ပေါ့ပေါ့တန်တန်ဖြစ်စေခြင်းမရှိလျှင် သင့်အား ပေါ့ပေါ့တန်တန်ဖြစ်စေမည်မဟုတ်။ Dr. Martyn Lloyd-Jones က လန်ဒန်မြို့ရှိ ၎င်း၏ဘုရားကျောင်းတွင် တနင်္ဂနွေနေ့ညနေတိုင်း တရားဟော သည်။ တနင်္ဂနွေနံနက်ပိုင်းတွင်လည်း တရားဟောသည်။ သူသည် နှစ်ဆယ်ရာစု၏တရားဟော ဆရာကြီးတပါးအဖြစ် ထင်ရှားခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ မကြာသေးခင်က သူ၏ဧဝံဂေလိ တရားဒေသနာအကြောင်းကို တိတ်ခွေဖြင့်ကြားခဲ့ရသည်။ ကြောက်စရာအလွန်ပင်ကောင်းလှပါ သည်။ ဟာခနဲ ဟင်ခနဲ ရင်ဖိုလှိုက်မောရသည်။ ထိုသို့သောဧဝံဂေလိတရားဒေသနာသည် သင့်ကိုပြောင်းလဲစေရန် ဘုရားသခင်အသုံးပြုတော်မူသည်သာမက ရင့်ကျင့်သောခရစ်ယာန် တစ်ယောက်အဖြစ်လည်း သင့်ကို တည်ဆောက်ပေးလိမ့်မည်။

ဧဝံဂေလိတရားဟောကြားခြင်းသည် သင့်အား ကယ်တင်တော်မူလိမ့်မည်။ ကျမ်းစာ ခေတ်ကခရစ်ယာန်များအပေါ်လုပ်ဆောင်သကဲ့သို့ သင့်အားတည်ဆောက်လိမ့်မည်။ တစ်ခုက လွဲရင် တမန်တော်ဝတ္ထုထဲက တရားဒေသနာတိုင်းသည် ဧဝံဂေလိတရားနှင့်ဆိုင်သောဒေသနာ ပင်ဖြစ်ကြသည်။ တမန်တော်ရှင်ပေါလုက ဤသို့ဆိုသည်။

''ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူ သောသခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ် ဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။'' (၁ကော ၂း ၂ )

ဘုရားကျောင်းသို့အမှန်တကယ်လာပါ။ သို့သော် တရားဒေသနာဟောပြောခြင်းကို လည်းနားထောင်ပြီး ခရစ်တော်ထံသို့လာပါ။ သူ၏အသွေးတော်သည် သင်အား အပြစ်ထဲက ဆေးကြောတော်မူမည်။ သင်အပြစ်အတွက်ပေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူ ခဲ့သည်။ သင့်အား ထာဝရအသက်ကိုပေးရန် သေခြင်းမှထမြောက်တော်မူခဲ့သည်။ သူ့ထံပါးသို့ လာ၍ ယုံကြည်ကိုးစားပါ။ ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ပတေကုတ္တိနေ့တွင် လူတို့ပြုသကဲ့သို့ပြု၍ ကျွန်ုပ်တရားဟောသည်ကို နားထောင်ကြပါ။ ယေရှုခရစ်သည် သင့်အား ကယ်တင်တော်မူလိမ့်မည်။ ''ညစာစားရန် အိမ်သို့လာပါ'' ဟူသော သင်တို့ကိုင်သောသီချင်းစာ ရွက်ထဲရှိနောက်ဆုံးသီချင်းကို သီဆိုကြပါစို့။

စားပွဲပြန့်နှံ့လျက်ရှိ၊ အိမ်သို့ပြန်လာယေရှုထံပါး၊
ညနေစာစားဖို့အိမ်သို့လာ၊ မုန့်ကိုဖဲ့စားကြပါစို့။
ယေရှုတို့နှင့်အတူရှိ၍၊ စကားတော်မိန့်ပါစေ၊
ညနေစာစားဖို့အိမ်သို့လာ၊ မုန့်ကိုဖဲ့စားကြပါစို့။
အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။

မိဿဟာရချိုမြိန်ခြင်းနှင့်အတူ၊ သင့်မိတ်ဆွေများရှိလျက်နေ၊
စားပွဲနား၌ထိုင်လျက်၊ ကျွန်ုပ်တို့စိတ်နှလုံးဝမ်းမြောက်ရွှင်ပြ။
ယေရှုတို့နှင့်အတူရှိ၍၊ စကားတော်မိန့်ပါစေ၊
ညနေစာစားဖို့အိမ်သို့လာ၊ မုန့်ကိုဖဲ့စားကြပါစို့။
အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။

မြို့ကြီးတွင် လူတို့သည် ဂရုတစိုက်ရှိဟန်မရှိ၊
သူတို့သည် ပေးကမ်းခြင်းမရှိ၊ နှမြောစိတ်လည်းမရှိ။
ယေရှုထံသို့အမှန်လာပါ။ သတိပြုခြင်းကိုခံရမည်၊
စားပွဲ၌စားစရာနှင့်ဝေမျှရန် မိတ်ဆွေများစွာရှိ!
အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။

စားပွဲပြန့်နှံ့လျက်ရှိ၊ အိမ်သို့ပြန်လာယေရှုထံပါး၊
အိမ်ပြန်ချိန်ညစာဖြင့် သင့်ကို ကျွေးမွေးပေးမည်။
မိတ်ဆွေများစောင့်လျက်နေ၊ ပြောကြပါစို့၊
ညနေစာစားဖို့အိမ်သို့လာ၊ မုန့်ကိုဖဲ့စားကြပါစို့။
အသင်းတော်အိမ်သို့ပြန်လာကာ ချိုမြိန်သောမိဿဟာရဖြင့် စား သောက်ပါ၊
စားဖို့ထိုင်သောအခါ လှပသောပေါင်းစပ်မှုပင်ဖြစ်သည်။
    ("အိမ်ပြန်ချိန်ညစာ"၊ Dr. R. L. Hymers, Jr., ရေးစပ်ပြီး
      "ချိုးငှက်တောင်ပံ" သံစဉ်ဖြစ်သည်။ )

ဒေါက်တာ Chan ကျေးဇူးပြုပြီးဆုတောင်းဦးဆောင်ပါ။


ဤတရားေဒသနာသည္ဤတရားဒေသနာသည် သင့်ကို တို့ထိလျှင် Dr. Hymers ကို အီးမေးလ်ပို့ပြီးပြောပြပါ-- rlhymersjr@sbcglobal.net (ကိုနှိပ်ပါ။) သင်သည် မည်သည့်နိူင်ငံမှစာရေးသားပေးပို့သည်ကို ကျေးဇူးပြုပြီး ပြော ပြပါ။ Dr. Hymers ကို သင်၏ဘာသာစကားဖြင့် လည်း စာရေး သားပေးပို့နိူင် ပါသည်။ သို့သော် အင်္ဂလိပ်လိုရေးနိူင်လျှင် အင်္ဂလိပ်လို ရေးပါ။

(တရားဒသေနာနိဂုံး)


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ၂ပေတရု ၃း ၁-၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ချည်နှောင်သောနှောင်ကြိုး"၊ (John Fawcett ၁၇၄၀-၁၈၁၇) ရေးစပ်သည်။


အခှပှေုကမြွး

ဒေသန္တာရအသင်းတော်၏အရေးကြီးမှုအကျဉ်း

THE IMPORTANCE OF THE LOCAL CHURCH

Dr. R. L. Hymers, Jr.

''ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မ ပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။'' (တမန် ၂း ၄၇ )

( တမန် ၈း ၁၊ ဧဖက် ၅း ၂၃၊ တမန် ၁၆း ၃၁)

၁။ ပထမအချက်၊ ဘုရားကျောင်းသို့လာခြင်းက သင်၏အထီးကျန်ဆန်မု ကိုပျောက်ကင်းစေမည်။ ကမ္ဘာဦး ၂း ၁၈၊ လုကာ ၁၄း ၂၃။

၂။ ဒုတိယအချက်၊ ဘုရားကျောင်းသို့လာခြင်းသည် သင့်ကိုမကယ်တင်။ မဿဲ ၁၁း ၂၈၊ ရောမ ၁၀း ၁၀၊ တမန် ၁၆း ၃၁။

၃။ တတိယအချက်၊ ဘုရားကျောင်းသို့လာခြင်းသည် သင့်အား ဧဝံဂေလိ တရားဟောပြောခြင်းအောက်သို့ရောက်စေမည်။ ရောမ ၁၀း ၁၄၊ တမန် ၂း ၄၁၊ ၁ကော ၁း ၂၃၊ ၂း ၂။