Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အိုဘားမားလက်ထက်၌ ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်း

PRAYER AND FASTING IN THE AGE OF OBAMA
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဇူလိုင်လ ( ၁၂ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 12, 2015

"အိမ်သို့ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့်ကြောင့် မနှင်ထုတ်နိူင်ပါသနည်းဟု တိတ် ဆိတ်စွာမေးလျှောက်ကြသော်၊ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်ဟု မိန့်တော်မူ၏။ "( (မာကု ၉း ၂၈၊ ၂၉ )


ပုံဝတ္ထုက အလွန်ပင်ရိုးစင်းလှသည်။ ယေရှုသည် တောင်ပေါ်တွင်ရှိနေခဲ့သည်။ သူ သည် တောင်ပေါ်က ဆင်းလာသောအခါ တပည့်တော်များပတ်လည်တွင် လူအုပ်ကြီးရှိနေ သည်ကို မြင်တွေ့ခဲ့ရသည်။ ယေရှုက အဘယ်အရာဖြစ်နေသည်ကို မေးတော်မူခဲ့သည်။ လူအုပ်ထဲက လူတစ်ယောက်သည်ထွက်လာ၍ သူ၏သားသည် နတ်ဆိုးစွဲတော်မူကြောင်း ယေရှုကို ပြောတော်မူခဲ့သည်။ နတ်ဆိုးက ၎င်း၏သားကို အလွန်အမင်းတောက်လောင်စေ ကြောင်းဆိုခဲ့သည်။ သူက တပည့်တော်များအား နတ်ဆိုးကိုနင်ထုတ်ရန် တောင်းဆိုသော် လည်း သူတို့သည် မလုပ်ဆောင်နိူင်ကြကြောင်းဆိုခဲ့သည်။ ယေရှုက ထိုသူအား ၎င်း၏သားကို သူ့ထံပါးသို့ခေါ်သွင်းရန် မိန့်တော်မူခဲ့သည်။ ယေရှုက နတ်ဆိုးအား "သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိသည်" ဟုဆိုလေသည်။ နတ်ဆိုးသည် သူငယ်ကိုတောက် လောင်စေပြီး ထွက်သွားလေသည်။ ယေရှုသည် သူငယ်၏လက်ကိုကိုင်၍ချီကြွတော်မူသဖြင့် သူသည် ထလေသည်။ မိနစ်အနည်းငယ်ကြာသောအခါ ယေရှုသည် အိမ်ထဲသို့ဝင်လောသည်။ တပည့်တော်များသည် အထံတော်ပါးသို့ချဉ်းကပ်၍ "အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့် မနှင်ထုတ်နိူင်ပါသနည်း" ဟုမေးလျှောက်ကြသည်။ (မာကု ၉း ၂၈ )

ဒေါက်တာ Martyn Lloyd-Jones က "သူတို့သည် အစွမ်းကုန်ကြိုးစားအားထုတ်ကြ သော်လည်း မအောင်မြင်ကြပါ။ သူတို့သည် အခြားကိစ္စများစွာတွင် အောင်မြင်မှုကို ရရှိကြ သည်။ ဤနေရာတွင်မူ အတူတကွ ရှုံးနိမ့်ကြပါသည်။ အတန်ကြာသောအခါ ကျွန်ုပ်တို့၏ [သခင်ယေရှု] သည် စကားတစ်ခွန်းကို မိန့်မြွတ်တော်မူပြီး သူငယ်သည် ကျန်းမာခြင်းသို့ ရောက်သဖြင့် စိတ်သက်သာရာရကြသည်။ "အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့်ကြောင့် မနှင်ထုတ်နိူင်ပါသနည်း" ဟုမေးလျှောက်ကြသည်အခါ [ခရစ်တော်] က "ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိူင်" ဟု မိန့်တော်မူ ခဲ့သည်။ (Martyn Lloyd-Jones, M.D., နိူးထမှု၊ ကားတိုင်လမ်းစာအုပ်၊ ၁၉၉၄၊ စာ-၉၊ မာကု ၉း ၂၈၊ ၂၉ မှတ်ချက်)

နတ်ဆိုးများကိုတပည့်တော်များက မနှင်ထုတ်နိူင်ကြဟူသည့်အဖြစ်အပျက်မှာ အလွန် ပင်အရေးပါလှပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က ထိုအကြောင်းအရာကို ဓမ္မသစ်ကျမ်းဖြစ် သော မဿဲ၊ မာကု၊ တဖန် လုကာတို့တွင် သုံကြိမ်တိုင်တိုင်မှတ်တမ်းတင်ထားသည်မှာ အလွန် ပင်အရေးကြီးလှပါသည်။ ဒေါက်တာ Lloyd-Jones က ဤသည်မှာ မျက်မှောက်ကာလတွင် ကျွန်ုပ်တို့အတွက် အလွန်ပင်အရေးပါလှသည်ဟု ဆိုခဲ့သည်။ ထိုအချက်ကို ကျွန်ုပ်အနေဖြင့် အပြည့်အဝထောက်ခံထားသည်။ သို့ရာတွင် ဤပုံဝတ္ထု၏အဓိပ္ပါယ်ကို ကျွန်ုပ်တို့အသင်းတော် တွင် လက်တွေ့အသုံးမချမှီ ခေတ်သစ်ဘာသာပြန်ဆိုချက်အားလုံးတွင် "အစာရှောင်ခြင်း" တည်းဟူသောစကားလုံးကို ဖယ်ရှားသည့် သမ္မာကျမ်းစာဝေဖန်သူများကိုဖြေရှင်းလိုပါသည်။

ထို့ကြောင့် ကျွန်ုပ်သည်ကျမ်းစာထဲသို့မသွားခင် အပိုဒ်ငယ် ၂၉တွင်ရှိသည့် နောက်ဆုံး စကားနှစ်ခွန်း "နှင့် အစာရှောင်ခြင်း" အကြောင်းကို ကျွန်ုပ်ပြောပြလိုပါသည်။ Scofield မှတ်စု "u" က " အကောင်းဆုံး MSS [လက်ရေးစာမူ]နှစ်ခုက 'နှင့်အစာရှောင်ခြင်း'" ကို ချန်လှစ်ထား သည်။ ဤသည်က ကွန်ဆာဗေ့တစ် Scofield အဘိဓါန်စာအုပ်ကို ၁၉ရာစုနောက်ပိုင်းပျက်စီး သောကျမ်းစာဝေဖန်သူများက လွှမ်းမိုးထားပါသည်။ အစာရှောင်ခြင်းကိုချန်လှပ်ထားသည့် ရှေး လက်ရေးစာမူနှစ်စောင်သည် အဘယ့်ကြောင့် "အကောင်းဆုံးလက်ရေးစာမူများ" ဖြစ်ကြပါသ နည်း။ ဝေဖန်သူများအသုံးပြုလေ့ရှိသည့် အဓိကလက်ရေးစာမူမှာ သိနတောင်နှင့်ဆိုင်သည့် လက်ရေးစာမူပင်ဖြစ်သည်။ ဝေဖန်သူများ၏အယူအဆမှာ ရှေးအကျဆုံးသည် အကောင်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ထိုအယူအဆကို ကျွန်ုပ်တို့က မည်သို့လက်ခံနိူင်မည် နည်း။

ကျွန်ုပ်နှင့်ဇနီးဖြစ်သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သိနတောင်ခြေရင်းတွင် တည်ထားသော ကက်သရင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့က ဤရှေးဟောင်းဘုန်းကြီးကျောင်း၏အုတ်ကျိုးအုတ်ကြွတ်များ၏တံတားအောက်ခံတိုင်ရှိ စာမူ များကိုတွေ့ရှိကြရာနေရာကို တွေ့ခဲ့ကြသည်။ ဘုန်းကြီးကျောင်း၏တံခါးသည် လူ့ဦးခေါင်း၏ ကြီးမားသည့်တိုင်ကြီးတစ်ခုဖြစ်သည်။ ထိုအရာတွင် ရာစုနှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြသည့် ဘုန်းတော်ကြီးများ၏ ဦးခေါင်းခွံများရှိကြသည်။ အတွင်းပိုင်းမှာ အမှောင်ဆုံးနှင့် ကျွန်ုပ်တွေ့ရှိ ခဲ့ဖူးသမျှမြင့်မြတ်သောနေရာတွင် စာတန်နှင့်ဆိုင်သောခံစားချက်ရှိသည့်အသင်းတော်တစ်ခုပင် ဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော ငှက်ကုလားအုပ်များ၏ဥများကို နံရံတွင် ချိတ်ဆွဲထားကြ သည်။ အခန်းကို ခေတ်ဆန်သောဖယောင်းတိုင်များဖြင့် စီခြယ်သထားသည်။ ဤနေရာမှာ "ပျောက်ဆုံးသောသင်္ဘောစီးနင်းသူများ"တွင် သင်တွေ့မြင်နိူင်မည့်နေရာတစ်ခုကဲ့သို့ဖြစ်သည်။ ကျွန်ုပ်သည် ထိုကြောက်မက်ဖွယ်နေရာတွင် တစ်ညသာရှိနေနိူင်မည်မဟုတ်။ Tischendorf က ဧဝံဂေလိတရား၏ ရှေးကျသောစာမူများကို တွေ့ရှိခဲ့သည်မှာ ဤကဲ့သို့မှောင်မဲပြီး မည်းမှောင် သောနေရာပင်ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်ုပ်နှင့်ဇနီးဖြစ်သူက လန်ဒန်မြို့ရှိ ဗြိတိသျှအမျိုး သားပြတိုက်တွင် တကယ်မှန်ကန်သောစာမူကို တွေ့ရှိခဲ့ကြသည်။

ထိုဘုန်းကြီးကျောင်းတွင်ရှိနေသည့် ရှေးဘုန်းကြီးများသည် ဘုရားမဲ့ဝါဒီကလွှမ်းမိုးထား သည်ဟု ကျွန်ုပ်သိမြင်လာသည်။ ထိုကြောင့် ဘုရားမဲ့ဝါဒီများက အစာရှောင်ခြင်းကို အလေး ထားပြောဆိုလိုခြင်းမရှိကြပါ။ ထိုအရာမှာ မာကုခရစ်ဝင်ကျမ်းကိုလက်ရေးဖြင့်ကူးယူကြသည် တွင် ဘုရားမဲ့ဝါဒီများလွှမ်းမိုးထားသည့်ဘုန်းကြီးများက "အစာရှောင်ခြင်း" ဟူသောစကားလုံး ကို ချန်လှပ်ထားရခြင်း၏အကြောင်းတရားပင်ဖြစ်သည်။

ထို့အပြင် မာကုကိုယ်တိုင်က "အစာရှောင်ခြင်း" ဟူသောစကားလုံးကိုရေးသားရသည့် အခြားအကြောင်းတရားရှိသည်ဟု ထင်မိသည်။ အကယ်၍ "အစာရှောင်ခြင်း" ဟူသောစကား လုံးကို ချန်လှပ်ထားခဲ့လျှင် စာကြောင်းသည် အဓိပ္ပါယ်မဲ့သွားလိမ့်မည်။ NIV ကဲ့သို့သော ခေတ် သစ်ဘာသာပြန်ကျမ်းများတွင် "ဤသို့သောနတ်မျိုးသည် ဆုတောင်းခြင်းမှတပါးမထွက်နိူင်" ဟုသာ ထည့်သွင်းထားသည်။ ထိုအရာကို ဆင်ခြင်ကြည့်ပါ။ တပည့်တော်များက ဆုတောင်းခဲ့ ကြသည်ကို သတိရပါ။ သို့သော် ဆုတောင်းသော်လည်း၊ "ဤသို့သောနတ်သည်" ဆုတောင်း ခြင်းထက်သာ၍ကြီးသောအရာတစ်စုံတစ်ခုကို လိုအပ်ပေမည်။ အလွန်ပင်သိသာထင်ရှားသော အရာမဟုတ်ပေဘူးလား။ C. S. Lewis က ၎င်း၏စာစီစာကုံးတွင်ရေးသားထားသကဲ့သို့ သမ္မာကျမ်းစာကိုဝေဖန်သောသူများသည် အင်္ဂလိပ်စာပေကိုလေ့လာသင့်ပေသည်။ သူတို့သည် စာစီစာကုံးများအကြောင်းကိုကောင်းစွာလေ့လာထားလိုက်ရင် တစ်စုံတစ်ခုလိုအပ်နေအပ်နေ သည်ကို သတိပြုမိကြလိမ့်မည်။ "ဤသို့သောနတ်မျိုးကို ဆုတောင်းခြင်းအားဖြင့်သာ ထွက်နိူင် သည်။"အဓိပ္ပါယ်မရှိသောအရာပင်ဖြစ်သည်။ တကယ်တော့ သူတို့သည် အမှန်တကယ်ဆု တောင်းကြပါသည်။ "ဆုတောင်းခြင်း၊အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ် နတ်မျိုးသည် မထွက်နိူင်" ဟုပြောဆိုချက်မပါလျှင် စာကြောင်းသည် ပေါ့ပျက်ပျက်အဓိပ္ပါယ်မဲ့ ဖြစ်သွားလိမ့်မည်။

တတိယအကြောင်းတရားလည်း ရှိပါသေးသည်။ ခရစ်ယာန်သမိုင်းကြောင်းတစ် လျှောက်တွင် ခရစ်ယာန်များသည် စာတန်၏တွန်းလှန်အားက ဘုရားသခင်၏လုပ်ဆောင်ချက် ကိုဟန့်တားသည့်အချိန်တွင် အစာရှောင်ရန္၊ ဆုတောင်းရန်လိုအပ်သည်ဟု ယုံကြည်ခဲ့ကြ သည်။ အတိတ်ကနိူးထမှုအချိန်ကာလများ၏တရားဟောဆရာကြီးများသည် အစာရှောင်ဆု တောင်းရမည့်အချိန်ရှိသည်ကို သိမှတ်ခဲ့ကြသည်။ သို့သော် ယနေ့ကာလတွင်မူ "ဆုတောင်း ခြင်းနှင္႔အစာရှောင်ခြင္း" စကားလုံးကို ချန်လှပ်ထားခြင်းအားဖြင့် အစာရှောင်ခြင်းနှင့်ဝေးရာကို ထွက်ပြေးကြသည်။ ဂျွန်ဝယ်စလီသည် ပထမနိူးထမှုကြီးအတွင်းတွင် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် ထိုထက်များသောအကြိမ်အရေအတွက်ဖြင့် အစာရှောင်ခဲ့သည်ကို သိပါသလား။ ယောနသန်အက်ဝပ်စပ်က ၎င်း၏ "အမျက်တော်ထွက်သည့်ဘုရားသခင်လက်တော်ထဲက အပြစ်သားများ" ဟူသောတရားဒေသနာကိုမဟောမှီ သုံးရက်အစာရှောင်ဆုတောင်းခဲ့သည်ကို သိပါသလား။ ဤတရားဒေသနာက သူ၏အသင်းတော်တွင် မှတ်သားဖွယ်ကောင်းသည့်နိူးထမှု ကိုဆောင်ယူလာပြီး နယူးအင်္ဂလန်အနှံ့အပြားနှင့် ပင်ရင်းအင်္ဂလန်တို့ကိုလည်း နှံ့ပြားတော်မူခဲ့ သည်။ အက်ဝပ်စ်သည် အစာရှောင်ခြင်းမရှိဘဲ ဆုတောင်းခြင်းသက်သက်သာဆိုရင် ထိုသို့ သောနိူးထမှုမီးဖြစ်ပေါ်လာနိူင်မည်လော။ သူသည် အစာရှောင်ခြင်း၊ ဆုတောင်းခြင်းတို့ကို လုပ် ဆောင်သည့်အခါ ဘုရားသခင်သည် နိူးထမှုကြီးကို စေလွှတ္တော်မူသည်ဟူသောအချက်မှာ အမှန်အကန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အသင်းတော်များတွင် အစာရှောင်ဆုတောင်းခြင်းမရှိသည် မှာ ယနေ့ခေတ်ကာလတွင် နိူးထမှုမတွေ့ရှိနိူင်သည့်အကြောင်းတရားတစ်ခုပင်ဖြစ်သည်။ ယနေ့တွင် နိူးထမှုအနည်းငယ်မျှရှိလျှင် အစာရှောင်ဆုတောင်းခြင်းလည်း အနည်းငယ်ပါရှိပေ မည်။ ထိုအချက်မှာ မှန်ကန်သောအရာပင်ဖြစ်ပါသည်။

"အစာရှောင်ခြင်း" ဟူသောစကားလုံးကို ထိန်းသိမ်းနိူင်ရန် စတုတ္ထအကြောင်းပြချက် တစ်ခုရှိသည်။ လူသာက သမ္မာကျမ်းစာ၏ "တူညီချက်" အကြောင်းကိုပြောခဲ့သည်။ သူဆိုလို သည်မှာ ကျမ်းပိုဒ်ကိုအနက်ဖွင့်ဆိုသည့်အချိန်တွင် အဘယ်အရာဆိုလိုသည်ကိုသိမြင်နိူင်ရန် အခြားတူညီသောကျမ်းစာအုပ်ကိုလည်း ကြည့်ရှုသင့်သည်ဟူ၍ဖြစ်သည်။ အစာရှောင်ခြင်းနှင့် ပါတ်သက်ပြီး သမ္မာကျမ်းစာထဲ၌ လူသိအများဆုံးကျမ်းပိုဒ်ကား အဘယ်နည်း။ ထိုကျမ်းပိုဒ်မှာ ဟေရှာယ ၅၈း ၆ ဖြစ်သည်ကို ကျမ်းစာလေ့လာသူစာသင်သားများ အမှန်တကယ်သိထားသင့် ပါသည်။

"ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသောအချည် အနှောင်ကိုချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညဉ်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။" (ဟေရှာယ ၅၈း ၆ )

ယေရှုသည် ဟေရှာယကို ကောင်းကောင်းသိခဲ့သည်။ သူသည် ဟေရှာယ ၆၁း ၁- ၂ ကမိန့် တော်မူချက်ကို နာဇရက်မြို့ရှိတရားဇရပ်တွင် တရားဟောသည့်အချိန်တွင် ကိုးကားပြောဆိုခဲ့ပါ သည်။ ယေရှုသည် နောက်ဆုံးတွင် " ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့ သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်" (မာကု ၉း ၂၉ )ဟု ပြောဆိုသည့် အချိန်တွင် ဟေ ရှာယ ၅၈း ၆ ကို သွယ်ဝိုက်၍ပြောဆိုထားသည်မှာ သေချာပါသည်။

"ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသောအချည် အနှောင်ကိုချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညဉ်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။" (ဟေရှာယ ၅၈း ၆ )

ယေရှုသည် ဟေရှာယနှင့်အတူ တပည့်တော်များအား ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်း သည် "အချည်အနှောင်ကိုချွတ်စေ" နိူင်ပြီး စာတန်၏လေးသောဝန်ကိုလည်း ချထားနိူင်သည် ဟု မိန့်တော်မူခဲ့သည်။ ထိုအချက်မှာ သမ္မာကျမ်းစာ၏ "တူညီချက်" ပင်ဖြစ်ပါသည်။ ထိုအရာ မှာ သမ္မာကျမ်းစာသည်သာလျှင် ကျွန်ုပ်တို့၏အသုံးပြုထားသောကျမ်းပိုဒ်နှင့်ပါတ်သက်ပြီး အကောင်းဆုံး အနက်ဖွင့်ကျမ်းဖြစ်စေခြင်းဖြစ်သည်။ လူသာသည် ဤအချက်နှင့်ပါတ်သက် ပြီး ကျွန်ုပ်ကို သဘောတူထောက်ခံလိမ့်မည်ဟု ခံစားမိသည်။

"နှင့်အစာရှောင်ခြင်း" ကိုလက်ခံခြင်းအတွက် ပဥ္စမမြောက်အကြောင်းတရားတစ်ခုမှာ ထိုသို့သောကိစ္စရပ်များတွင် အစာရှောင်ဆုတောင်းခြင်းသည် အလွန်ပင်အရေးပါသည်ဟု အမြဲ တမ်းသွန်သင်ခဲ့ကြသည့်သူများမှရရှိသောအချက်မှလာပါသည်။ လေးစားအားကျဖွယ်ကောင်း သည် ဂျွန်ဝယ်စလီက ပြိုင်တူဖြစ်သောကျမ်းပိုဒ်ကို မဿဲ ၁၇း ၂၁ ကိုပြောဆိုထားသည်။ ၎င်းက "ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါးအဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မလွတ်တတ် ဟုဆိုလေသည်။ ဤနေရာတွင် အရှိန်ပြင်းသောပဌနာကိုထပ်၍ဆိုသောအခါ အစာရှောင်ဆုတောင်းခြင်း၏ထိရောက်မှုမှာ သက်သေတစ်ခုဖြစ်သည်။ အချို့သောနတ်ဆိုး များကို တမန်တော်များက ဒီအဖြစ်အပျက်မတိုင်မှီတွင် အစာရှောင်စရာမလိုဘဲ နှင်ထုတ်နိူင်ခဲ့ ၾ႕သည်။ သို့သော် ဤသို့သောနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းမှတပါး မထွက် နိူင်" ဟုဆိုထားသည်။ (ဂျွန်ဝယ်စလီ၊ M.A., ဓမ္မသစ်ကျမ်းနှင့်ပါတ်သက်၍ ဂျွန်ဝယ်စလီ၏ မှတ်စု၊ Baker Book House, ၁၉၈၃ဈ အတွဲ ၁၊ မဿဲ ၁၇း ၂၁ မှတ်စု )

ဂျွန်ဝယ်စလီ (၁၇၀၃-၁၇၉၁) က ဝယ်စလီယန်မက်သဒစ်ဝါဒကိုတည်ထောင်သောသူ ဖြစ်သောကြောင့် ၎င်း၏ရှည်ကြာသောအမှုတော်လုပ်ငန်းတွင် နတ်ဆိုး၏လက်မှလွတ်မြောက် ခြင်းအကြောင်းနှင့်ပါတ်သက်ပြီး ကြီးမားသည့်လုပ်ဆောင်မှုကိုသိရှိခဲ့ပါသည်။

ဒေါက်တာ Thomas Hale သည် ထိုင်းနိူင်ငံသို့ ဆေးပညာဆိုင်ရာ သာသနာပြုတစ် ယောက်အနေဖြင့် ရောက်ရှိခဲ့သည်။ သူ၏အမှုတော်လုပ်ဆောင်ရာတွင် နတ်ဆိုးနှင့်ဆိုင်သော အရာများနှင့်ကြိမ်ဖန်များစွာတွေ့ကြုံခဲ့သည်ဖြစ်၍ ၎င်း၏အဘိဓါန်စာအုပ်တွင် အစာရှောင်ခြင်း အကြောင်းကို ထောက်ခံထားသည်။ မာကု ၉း ၂၉ ကို မှတ်ချက်ပြုရာတွင် ဒေါက်တ Hale က "ကျွန်ုပ်တို့၏တောင်းလျှောက်မှုကို ဘုရားသခင်ထံမှလက်ခံရရှိရန် အချို့သောအခြေအနေများ တွင် အစာရှောင်ခြင်းသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ..ကျွန်ုပ်တို့သည် အလွန်ပင် အရေးကြီးနေကြောင်းကို အစာရှောင်ခြင်းအားဖြင့် ဘုရားသခင်အားပြသသောအခါ သူသည် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို ကြီးမားသည့်တန်ခိုး၊ ဥာဏ်ပညာ၊ နှင့်ဝိညာဉ်ကောင်းကြီးများကို ပေးခြင်းအားဖြင့် တုန့်ပြန်လိမ့်မည်" ဟုဆိုသည်။ သာသနာလုပ်ငန်းတွင် နတ်ဆိုး၏လုပ်ဆောင် မှုများကို မကြာခဏကြုံတွေ့ခဲ့ရသည်ဖြစ်၍ ဒေါက်တာ Hale က ကျွန်ုပ်တို့သည် ဆက်လက်၍ ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်တွင် "နှင့်အစာရှောင်" သင့်သည် ဟုဆိုထားပါသည်။ (Thomas Hale, M.D., အသုံးချဓမ္မသစ်အနက်ဖွင့်ကျမ်း၊ Kingsway Publications, ၁၉၉၇၊ စာ- ၂၆၅၊ မာကု ၉း ၂၉ မှတ်စု )

ယခု"နှင့်အစာရှောင်ခြင်း" ကိုဆက်လက်ထိန်းသိမ်းရန် ဆဌမနှင့်နောက်ဆုံးအကြောင်း တရားကို ပေးချင်ပါသည်။ ထိုအရာကိုချန်လှပ်ထားသည့်လက်ရေးစာမူနှစ်ခုသာရှိသည်။ သို့ သော် အရှိတိုင်းရေးသားသည့် စာမူတစ်ရာရှိပြီး ၎င်းအထဲတွင် ရှေးဟောင်းစာမူပင်ဖြစ်သည်။ ဝေဖန် သူများက ချန်လှပ်ထားသည့်နှစ်ခုဆီသို့သွားပြီး ချန်လှပ်မထားသည့် ရှေးမူရင်းစာမူရာ ပေါင်း များစွာအကြောင်းကို မေ့လျော့နေကြသ်။ ဘုရားသခင် ကျွန်ုပ်တို့ကို ကူမတော်မူပါ။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့်အတူ အစာရှောင်ခြင်းပါထည့်သွင်းခြင်းမရှိလျှင် နိူးထမှုရရှိ န်ိူင်မည်ဟု မထင်မိပါ။

ကျွန်ုပ်သည် ဤကျမ်းပိုဒ်နှင့်ပါတ်သက်ပြီး ခေတ်သစ်ဘာသာပြန်ဆိုမှုများကိုငြင်းပယ် ရသည့်အကြောင်းရင်းခြောက်ခုကို ကျွန်ုပ်ပေးထားပြီ။ ထိုအရာထဲက ကျွန်ုပ်လုံးဝတရားမဟော ပါ။ ထိုကျမ်းတွေကို အားမကိုးပါ။ မယုံကြည်ပါ။ ထို့ကြောင့် King James ကျမ်းစာထဲကသာ ကျွန်တော်တရားဟောလေ့ရှိသည်။ သို့သာလျှင် သင်တို့အား ထိုကျမ်းစာထဲကသာလျှင် ကျမ်း ပိုဒ်ကို ကျက်မှတ်စေလိုသည်။ နေ့တိုင်းကျမ်းစာလေ့လာခြင်းတွင်လည်း ထိုကျမ်းကိုသာအသုံး ပြုစေလိုသည်။ သင့်ကိုကောင်းကြီးပေးတော်မူလိမ့်မည်။ သင်ကိုးစားအသုံးပြုနိူင်ပါသည်။

"ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိူင်ဟု မိန့်တော်မူသည်။" (မာကု ၉း၂၉ )

ယခု ကျန်ရှိနေသေးသော ဤတရားဒေသနာတွင် မေးခွန်းနှစ်ခုကိုဖြေကြားပါမည်။


(၁) "ထိုနတ်မျိုး" ဟူသည်ကားအဘယ်နည်း။

(၂) "ထိုနတ်မျိုး" ကိုမည်သို့အနိူင်ယူမည်နည်း။


ကျွန်ုပ်သည် သင်တို့အား စာတန်နှင့်နတ်ဆိုးတည်ရှိသည်အကြောင်းကို သက်သေပြ ရင်း အချိန်ကုန်စေမည်မဟုတ်ပါ။ သင်သည် ဝိညာဉ်ရိတ်သိမ်းသူတစ်ယောက်ဖြစ်လျှင် တွေ့ကြုံခြင်းအားဖြင့် စာတန်၏တည်ရှိခြင်းအကြောင်းကို သိပေလိမ့်မည်။ ထို့ကြောင့် သူတို့၏ တည်ရှိခြင်းအကြောင်းနှင့်ပါတ်သက်ပြီး ကြိုးစားသွေးဆောင်ခြင်းမပြုဘဲ ရှေ့သို့တိုးလုပ်ဆောင် လိုသည်။

"ထိုနတ်မျိုး" က ကျွန်ုပ်တို့ကိုရပ်တန့်စေသည့်နတ်ဆိုးများကိုလည်းကောင်း၊ ပုံမှန်လုပ် ဆောင်နေကျနည်းစနစ်အားဖြင့်အနိူင်ရနိူင်သည့်သဘောမျိုးမရှိသည်ကိုလည်းကောင်း ရည် ညွှန်းပြောဆိုထားပါသည်။ သမ္မာကျမ်းစာက နတ်ဆိုးများသည် "မယုံကြည်သောသူတို့၏စိတ်နှ လုံးကိုမိုက်မဲစေသည်" ဟူ၍ သွန်သင်ထားပါသည်။ ( ၂ကော ၄း ၄ ) ထိုအရာမှာ ပြောင်းလဲ ခြင်းမတိုင်မှီလောကကြီးတွင်ရှိနေကြသည့်လူတိုင်းအတွက် မှန်ကန်သောအရာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် "ထို" နတ်မျိုးနှင့်အချိန်ကြာမြင့်စွာ တွေ့ဆုံခဲ့ပြီးပြီ။ "ထိုနတ်မျိုး"ကို ခရစ်တော် က ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို နားညောင်းတော်မူခြင်းအားဖြင့် အနိူင်ယူထားနိူင်သည်ကို မကြာခဏတွေ့မြင်ခဲ့ပြီးပြီ။

"ထို" နတ်မျိုးတို့သည် မယုံကြည်သူတို့၏စိတ်နှလုံးထဲက ဘုရားသခင်၏နှုတ်ကပါတ် တော်ကို ဆွဲနှုတ်ယူထားပါသည်။ "မာရ်နတ်သည်လာ၍ တရားစရားကို နှလုံးထဲမှနှုတ်ယူသော သူကိုဆိုလိုသည်။"( လုကာ ၈း ၁၂ ) "ထိုနတ်မျိုး"ကို ခရစ်တော် က ကျွန်ုပ်တို့၏ ဆုတောင်း ခြင်းကိုနားညောင်းတော်မူခြင်းအားဖြင့် အနိူင်ယူထားနိူင်သည်ကို မကြာခဏတွေ့မြင်ခဲ့ပြီးပြီ။

မာရ်နတ်သည် နတ်ဆိုးများကိုစေလွှတ်ပြီး အစကတည်းက ထိုအရာနှစ်ခုကိုလုပ် ဆောင်ရန်စေခဲ့သည်။ သူသည် ဧဒင်ဥယျာဉ်၌ အာဒံနှင့်ဧ၀၏စိတ်နှလုံးကို မှောင်မိုက်စေခဲ့ သည်။ သူသည် ထိုကနဦးအချိန်ကာလတွင် ၎င်းတို့၏စိတ်နှလုံးထဲက နှုတ်ကပါတ်တော်ကို နှုတ်ယူခဲ့သည်။

ထိုအရာများသည် ခေတ်သစ်အချိန်ကာလအထိ အမေရိကန်ပြည်ထောင်စုနှင့် အ နောက်တိုင်းကမ္ဘာတွင်ရှိသောလူများကိုကျေးကျွန်ပြုသည့် မာရ်နတ်၏အဓိကနည်းလမ်းနှစ်မျိုး အကြောင်းကို အနည်းနှင့်အများပြောရတော့မယ်။ မျက်မှောက်ကာလအချိန်အထိ လူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံကြသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါတ် တော်ဖြစ်သည်ဟု ယေဘုယျအားဖြင့် ယုံကြည်လက်ခံကြသည်။ သူတို့၏စိတ်နှလုံးသည် မှောင်မိုက်လျက်ရှိသည်။ နှုတ်ကပါတ်တော်ကို ၎င်းတို့၏စိတ်နှလုံးထဲက ဆွဲထုတ်လိုက်သည်။ သို့ရာတွင် သူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို ယုံကြည်ကြသေး သည်။ ကျွန်ုပ်တို့က သူတို့အား "မျက်မှောက်ခေတ်မတိုင်မှီက" ယောက်ျားနှင့်မိန်းမများဟု ပြောဆိုနိူင်ပါသည်။ သူတို့သည် မျက်မှောက်ခေတ်မတိုင်မှီကလူသားများဖြစ်ကြသောကြောင့် သူတို့သည် ဝေဖန်ရေးနှင့်ဆိုင်သည့်စိတ်နှလုံးတစ်ခုနှင့်အတူ ခရစ်ယာန်ဘာသာထဲသို့မလာခဲ့ ကြပေ။ သူတို့သည် ခရစ်တော်ကို ယုံကြည်ကိုးစားနိူင်ကြမည်မဟုတ်။ သို့သော် သူတို့က "ဘုရားသခင်မရှိ၊ ဘုရားသခင်သေပြီ" ဟူသောစကားမျိုးဖြင့်တော့ မဝေဖန်ကြပါ။ မျက်မှောက် ကာလမတိုင်မှီလူများနှင့်အတူ သင်လုပ်ဆောင်ရမည့်အရာမှာ ဧဝံဂေလိတရားကိုဟောပြောပြီး သူတို့အတွက် ဆုတောင်းပေးရန်ဖြစ်သည်။ ထိုအရာမှာ နှိုင်းစာလျှင် လွယ်ကူလှပါသည်။

ယခုတွင် ကျွန်ုပ်တို့သည် "ခေတ်သစ်" အချိန်ကာလထဲသို့ ဝင်ရောက်နေကြပြီဖြစ် သည်။ ဤအချိန်ကာလသည် နည်းပညာအရ ၁၇ရာစုအဆုံးပိုင်းတွင်အစပြုပြီး ဝေါတ်ုင်းယား နှင့်အတူ (၁၆၉၄ - ၁၇၇၈) ဆက်လက်ရပ်တည်နေသည့် ဥာဏ်အလင်းပေးခြင်းဟုခေါ်တွင် သည်ကို လိုက်၍ရှာသည်။ ထိုအချိန်ကာလတွင် လူတို့သည် ရုပ်ဝါဒသမားများဖြစ်လာကြပြီး ဘုရားသခင်ကိုနှင့်သမ္မာကျမ်းစာကို ဝေဖန်လာကြသည်။ သို့သော် ထိုဝေဖန်ရေးစိတ်သဘော များသည် ၁၉ရာစုအထိ လူအများရုန်းထွက်လာနိူင်ခြင်းမရှိခဲ့ကြပေ။ "ခေတ်သစ်စိတ်နှလုံး" "သိပ္ပံနည်းစနစ်" လို့ခေါ်သည့်အရာအားဖြင့် "သက်သေပြသည့်" အရာတိုင်းများရှိရမည်။ ရှိသ မျှဟာအရာတိုင်းဟာ ဝိညာဉ်ရေးရာဖြစ်သည်ဟုသာ ဝေဖန်ကြသည်။ ယောဟန် ၃း ၁၆ နှင့် ပါတ်သက်ပြီး သူ၏တရားဒေသနာတွင် နာမည်ကြီးဧဝံဂေလိဆရာဘီလီဂရေဟမ်က " သင် သည် ဘုရားသခင်ကို စစ်ဆေးမရနိူင်ပါ" ဟုဆိုပါသည်။ သူသည် "ခေတ်သစ်" လူသားများကို တရားဟောနေသည်။ သို့သော် "ခေတ်သစ်"ကာလသည် ဟစ်ပီမျိုးဆက်များဖြင့် သေကြေ ပျက်စီးနေသည်ကို ယေဘုယျအားဖြင့် သဘောတူသည်။

ယခုတွင် ကျွန်ုပ်တို့သည် "ခေတ်သစ်အလွန်"ကာလ၊ ခေတ်သစ်ဝါဒနောက်ပိုင်းအချိန် ဟု ဒဿနပညာရှင်များကခေါ်ဝေါ်သည့်အချိန်ကာလတွင် အသက်ရှင်နေကြသည်။ ခေတ်သစ် အလွန်လူငယ်တို့၏စိတ်နှလုံးသည် ကိုယ်ကျင့်တရားကင်းမဲ့လျက်ရှိကြပါသည်။ ကိုယ်ကျင့်တ ရားလည်း မရှိကြပါ။ ''နိူင်ငံရေးတွင်မှန်ကန်သည့်" အယူအဆအနည်းငယ်ရှိသော်လည်း စစ်မှန် သောကိုယ်ကျင့်တရားအခြေခံမရှိပါ။ "ထိုအရာသည် သင့်အတွက် မှန်ကန်သော်လည်း ကျွန်ုပ် အတွက်မဟုတ်ပါ။" မှန်ကန်သောအရာနှင့်မှားယွင်းသောအရာ၏ ကိုယ်ကျင့်တရားစံချိန်မရှိပါ။ "မှန်ကန်သည်ဟု ထင်လျှင် မှန်ကန်သည်" ဟူသောအရာမှာ ခေတ်သစ်အလွန်ခေတ်၏ဆောင် ပုဒ်သာဖြစ်သည်။ သူတို့က ခေတ်သစ်ဝါဒသမားတော်ပြောသကဲ့သို့ "ဘုရားမရှိ" ဟုပြောမည့် အစား "ဘုရားသခင်သည် သင့်အသက်တာတွင် အမှန်ဖြစ်ခဲ့လျှင် ရှာဖွေပါ၊ သို့သော် ငါကတော့ ငါ့ဘုရားနှင့်ငါရှိပါစေ" ဟုသာဆိုကြသည်။ တနည်းအားဖြင့်ပြောရလျှင် စံချိန်စံညွန်း ဟူသည်မှာ မရှိပါ ဟူ၍ဖြစ်သည်။ သင်လုပ်ဆောင်သမျှသည် ကောင်း၏။ ယင်းသည် သင့်အ တွက်သာဖြစ်သည်။

ထိုအရာမှာ "ထိုနတ်" ပင်ဖြစ်သည်။ ၎င်းကို ယနေ့လူငယ်များ စဉ်းစားနေသောအရာ ဖြစ်သည်။ သင်အတွက်ကောင်းသော်လည်း မရှင်းလင်းသော၊ ပြောင်းလဲနေသော၊ မသေချာ သောအတွေးများသာဖြစ်သည်။ ၎င်းမှာ ''ထိုနတ်" ပင်ဖြစ်သည်။ ထိုအရာမှာ ယနေ့ကျွန်ုပ်တို့ တိုက်ခိုက်နေသော နတ်ဆိုးများပင်ဖြစ်သည်။ ရှေးဟောင်းလူများပြောလေ့ရှိသောစကားကို ကြားဖူးပါသည်။ အိုဘားမားကတည်း အမှောင်ဖုံးလွှမ်းသည်ဟုဆိုကြသည်။ မှန်လည်းမှန်ပါ သည်။ အရာအားလုံးဟာ ပြောင်းလဲသွားသည်။ အဘယ်အရာမျှ မသေချာ သို့မဟုတ် မတည် မြဲပါ။ ၎င်းကို "အိုဘားမား" စိတ်ဝိညာဉ်ဟုလည်း ခေါ်နိူင်သည်။ အဟောင်းဟူသမျှကိုလွှင့်ပစ် ပြီး ထိုနေရာတွင် အဘယ်အရာကိုမျှအစားမထိုးသည်က နတ်ဆိုးပင်ဖြစ်သည်။ ထိုအရာက ကျွန်ုပ်တို့၏အသင်းတော်ကို ထိခိုက်စေပါသလား။ ထိခိုက်စေပါသည်။ တောင်ပိုင်းနှစ်ခြင်းအ သင်းတော်က လွန်ခဲ့သောနှစ်တွင် အသင်းတော်ပေါင်း ၂၀၀၀ ကိုဆုံးရှုံးထားသည်။ ကြားမ ကောင်းသည့်သတင်းပင်ဖြစ်သည်။ အဘယ်အရာနှင့်မျှ မတူတော့ပါ။ Dr. Lloyd-Jones က "ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘဝအသက်တာအတွက် ကြောက်မက်ဖွယ်တန်ခိုးတော်ကို တိုက် ခိုက်နေရသည်ကို နားလည်ရပါသည်။ ကျွန်ုပ်တို့သည် တန်ခိုးကြီးသည့်ရန်သူကိုတိုက်ခိုက်ရာ တွင် အထက်စီးမှနေ၍တိုက်ခိုက်နေခြင်းပင်ဖြစ်ပါသည်" ဟုဆိုသည်။ (တောင်ပေါ်ဒေသနာကို လေ့လာခြင်း၊ အပိုင်း ၂၊ စာ- ၁၄၈ )

"ထိုနတ်မျိုး" သည် တကယ်တော့ အလွန်ပင် ခွန်အားကြီးလှပါသည်။ ဆုတောင်းခြင်း တစ်ခုတည်းအားဖြင့် အနိူင်ယူစရာမလွယ်ကူလှပါ။ ကျွန်ုပ်တို့သည် "ဆုတောင်းခြင်းနှင့်အစာ ရှောင်ခြင်း" ကို ဒွန်တွဲစေရမည်။ သို့မဟုတ် ကျွန်ုပ်တို့ဧဝံဂေလိလုပ်ငန်းကြိုးစားအားထုတ်နေ သမျှသည် လဲပြိုသွားပေမည်။ ထို့ကြောင့် နောက်တစ်ပတ်စနေနေ့တွင် ဆုတောင်းခြင်းနှင့်အ စာရှောင်ခြင်းကို ယှဉ်တွဲလုပ်ဆောင်ရန် တောင်းဆိုပါရစေ။ ကျန်းမာရေးမကောင်းလျှင် အစာ မရှောင်ပါနှင့်။ ဆေးပညာပိုင်းဆိုင်ရာတွင် သံသယတစ်စုံတစ်ရာရှိခဲ့လျှင် ဆရာဝန်နှင့်စစ်ဆေး ပါ။ ကျွန်ုပ်တို့နှင့်အတူ အစာရှောင်ရလျှင် တစ်နာရီလျှင် တစ်ခါစီလောက် အနည်းဆုံးရေတစ် ခွင့်စီသောက်ပါ။ ကျွန်ုပ်တို့သည် စနေနေ့အစာရှောင်ခြင်းကို ညနေ ၅း ၃၀ တွင် အသင်းတော် ၌ ညစာစားပြီး အဆုံးသတ်ကြပါမည်။ "ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့ သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိူင်။" ဘုရားသခင်က ပျောက်သောသူတို့ကိုဆောင်ယူ လာပြီး ဤနေရာတွင်ရှိနေစေရန်နှင့် အသွေးတော်နှင့်ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိကြစေရန် ခရစ်တော်ထံပါးသို့နီးစေပါမည်အကြောင်း စနေနေ့တွင် အကြိမ်ပေါင်းများစွာဆု တောင်းပါ။ ကောင်းကင်ဘုံရှင်ဘုရားသခင် ထိုသို့ဖြစ်ပါစေသော်။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်………။

ဤတရားဒေသနာသည် သင့်ကို တို့ထိလျှင် Dr. Hymers ကို
အီးမေးလ်ပို့ပြီးပြောပြပါ-- rlhymersjr@sbcglobal.net
(ကိုနှိပ်ပါ။) သင်သည် မည်သည့်နိုင်ငံမှစာရေးသားပေးပို့သည်ကို
ကျေးဇူးပြုပြီး ပြော ပြပါ။ Dr. Hymers ကို
သင်၏ဘာသာစကားဖြင့် လည်း စာရေး သားပေးပို့နိုင် ပါသည်။
သို့သော် အင်္ဂလိပ်လိုရေးနိုင်လျှင် အင်္ဂလိပ်လို ရေးပါ။

(တရားဒသနောနိဂုံး)


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ မာကု ၉း ၁၄- ၂၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ထောင်ပေါင်းများစွာသောစကားဖြင့်ချီးမွမ်း"၊ (Charles Wesley ၁၇၀၇-၁၇၈၈ ၊ "ကျွန်ုပ်ထံဖွင့်ဟတော်မူသည်" သံစဉ်ဖြင့် ရေးစပ်သည်။)