Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ရွေးနှုတ်ခြင်း သို့မဟုတ် ပျက်စီးခြင်း

DELIVERANCE OR DAMNATION
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
မေလ ( ၃ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 3, 2015

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )


ဧကရာဇ်မင်းနီရိုးသည် ရောမနိူင်ငံတော်ကို မီးလျှံထဲက အေဒီ ၆၄ တွင် တည်ထောင် ခဲ့သည်။ နီရို ( ၅၄-၆၈ အေဒီ) သည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသောသူဖြစ်သည်။ သူ့မိသားစုတွင်လည်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ရောမအင်ပါယာမီးလောင် ပျက်စီးသောအခါ သံသယရှိလူများက ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သူသည် အပြစ်ဖို့ရမည့် လူကို လိုက်၍ ရှာနေလေသည်။ မီးရှို့သောသူများသည် ခရစ်ယာန်များဖြစ်ကြောင်း သူက အ ပြစ်တင်စွက်စွဲခဲ့လေသည်။ ဒုတိယရာစုအစောပိုင်းတွင် Tacitus ( ၅၆-၁၁၇ ) က "ခရစ်ယာန် ဖြစ်ကြောင်းကို ဝန်ခံသောသူများသည် ဖမ်းဆီးချုပ်ထားပြီး သူတို့သည် အသေခံသောအချိန် တွင်လည်း တိရိစ္ဆာန်သားရေဖြင့်လွှမ်းခြုံပေးကာ ခွေးများကလည်း စားကြသည်။ လက်ဝါး ကပ်တိုင်တွင် အသေခံခိုင်းကြသကဲ့သို့ မီးထဲသို့လည်း ပစ်ချကြပါသည်။ ထို့ကြောင့် အမှောင် ထုသည် ၄င်းတို့အပေါ်ကျရောက်ပြီး သူတို့သည် ညအခါက မီးတိုတ်ကို မီးရှို့သကဲ့သို့ လောင် ကျွမ်းကြပါသည်" ဟုဆိုပါသည်။ (Tacitus, Annals ၁၅း ၄၄၊ ဒုတိယရာစု အစောပိုင်း ) ထိုသို့ဖြစ်ပျက်ပြီး တစ်လကြာပြီးနောက် တမန်တော်ရှင်ပေတရုသည် ဤပေးစာဖြစ်သည် ၂ပေတရုကို ရေးသားခဲ့ပါသည်။ ထို့နောက် ထုံးတမ်းဓလေ့ပြောသည်မှာ ပေတရုသည် ၄င်း၏ တောင်းဆိုချက်အရာ ကားစင်ပေါ်တွင် စောက်ထိုးပြောင်းပြန် အသတ်ခံရသည်ဟု ဆိုပါသည်။ အကြောင်းမှာ သူသည် ယေရှုအသေခံသကဲ့သို့ အသေခံရန် မထိုက်တန်ဟုဆိုပါ သည်။

ကြမ်းတမ်းပြီး ရက်စက်သောညှင်းပန်းနှိပ်စက်ခြင်းတွင် ခရစ်ယာန်ရာပေါင်းများစွာ သေခံဆုံးခဲ့ကြသည်။ နီရီုးဘုရင်သည် ခရစ်ယာန်များကို တိုင်ထိပ်တွင် ချည်နှောင်ပြီး ဥယျာဉ် အလင်းရောင်ရရှိစေရန် မီးရှို့ခဲ့သည်။ ပေတရုအဖမ်းခံပြီး အသေမခံမှီ ၂ပေတရုကို သူရေး သားခဲ့ပါသည်။

၂ပေတရု တွင် တမန်တော်ရှင်ပေတရုသည် သမ္မာကျမ်းစာမှုတ်သွင်းခြင်းနှင့် ၄င်း၏ အခွင့်အာဏာအကြောင်းကို ပြောဆိုခဲ့သည်။ ( ၂ပေ ၁း ၁၉-၂၁ ) သူက "သင်တို့အထဲက မှားယွင်းသောသြဝါဒရှိမည်အကြောင်း" သတိပေးပြောဆိုခဲ့ပါသည်။ ( ၂ပေ ၂း ၁-၃ ) သူက "အပြစ်ရှိသောကောင်းကင်တမန်များကို" ဘုရားသခင်စီရင်တော်မူကြောင်းသတိပေးထားပါ သည်။ ( ၂း ၄ ) ဘုရားသခင်သည် "သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ပြာအဖြစ်သို့ ပြောင်းလဲစေကြောင်း" ပြောခဲ့သည်။ ( ၂း ၆ ) သို့ရာတွင် သူသည် "ဖြောင့်မတ်သောလောတ ကို အကောင်းသောလူများလက်မှ ကယ်နှုတ်တော်မူခဲ့သည်။ ( ၂း ၇ ) တမန်တော်က ကျွနု်ပ် တို့အသုံးပြုသောကျမ်းပိုဒ်ကို ရေးသားထားပါသည်။

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )

အသုံးပြုထားသော ကျမ်းပိုဒ်ကို ဟောကြားတော်မမူမှီ စာတန်က ၂ပေတရုကို အ ဘယ်မျှလောက်မုန်းတီးကြောင်းကို သိစေလိုသည်။ မာရ်နတ်သည် ဤစာအုပ်ငယ်လေးကို ဓမ္မသစ်ကျမ်းတွင်ရှိသည့် အခြားကျမ်းစားများထက်ပင် မုန်းတီးနေပါသည်။ သင်သည် ဟောလီဝုဒ်ကိုလည်း မသွားပါ။ လဒ်ဗွီကစ်တွင်လည်း မာရ်နတ်၏အလုပ်ကိုကြည့်ရှုရန်မသွား ခဲ့ပါ။ သင်လုပ်ဆောင်ရမည့်အရာမှာ ကယ်လီဖိုးနီးယားပြည့်နယ်၊ ဗာဆာဒင်နာရှီ Fuller Seminary သို့ အားမောင်းပါ။ အမေရိကန်ပြည်ထောင်စုရှိအဓိကကျောင်းအများစုသည် သမ္မာ ကျမ်းစာကို တိုက်ခိုက်နေကြသည်။ ထို့အပြင် သူတို့က အခြားဓမ္မသစ်ကျမ်းများထက် ၂ပေတ ရုကို ပို၍မုန်းတီးကြပေသည်။ ကျွနု်ပ်သည် ဆန်ဖရင်စ္စကိုတောင်ပိုင်းရှိ တောင်ပိုင်းနှစ်ခြင်း ကျမ်းစာကျောင်းတွင် သမ္မာကျမ်းစာသင်ယူလေ့လာနေသည့်အချိန်တွင် ထိုကျောင်းတွင် တာဝန်ထမ်းဆောင်သောဆရာက ၂ပေတရုကို "အတုပြုမှုတစ်ခု" ဟုခေါ်ပါသည်။ သမ္မာကျမ်းစာကိုငြင်းပယ်သော လီဗရယ်ဆရာများသည် ထိုကဲ့သို့ပင် နှစ်ပေါင်းများစွာ ပြော ဆိုနေကြပေသည်။ သို့ရာတွင် ဓမ္မသစ်ဂရိပညာရှင် Dr. A. T. Robertson က ၂ပေတရုကို ကာကွယထားခဲ့သည်။ သူက Aristides ( အေဒီ ၁၃၄ တွင်သေသည်)၊ Justin Martyr (အေဒီ ၁၆၅ တွင်သေသည်)၊ Irenaeus ( ၁၃၀-၂၀၂ )၊ Ignatius ( ၃၅-၁၀၇)၊ ရောမကလီမန့် ( အေဒီ ၉၉ သေသည်) ၊ Athanasius ( ၂၉၆-၃၇၃)၊ Augustine (၃၄၅-၄၃၀)၊ ပြုပြင်ပြောင်းလဲသူ မာတင်လူသာ ( ၁၄၈၃-၁၅၆၄) တို့ကလည်း ကိုးကားရည်ညွှန်း ကြကြောင်း ပြသခဲ့ပါသည်။ (A. T. Robertson, D.D., Litt.D., Word Pictures in the New Testament, အတွဲ ၆၊ Broadman ပုံနှိပ်တိုက်၊ ၁၉၉၃၊ ၁၃၉-၁၄၆၊ ၂ပေတရုနှင့်ပတ် သက်၍ Dr. Robertson ၏ ကာကွယ်ချက်)

Dr. Robertson က "စာစောင်တွင် ထိန့်လန့်စေမည့် အတွေးအခေါ်သစ်မရှိပါ။..ပြု ပြင်ခြင်းနှင့် အများလက်ခံနိူင်သောသွန်သင်ခြင်းသာရှိသည်" ဟုဆိုသည်။ ( ၄င်း၊ စာ-၁၄၀ ) Dr. J. Vernon McGee ဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် လူသိအများဆုံးနှင့်အ ကြိုက်နှစ်သက်ခံရဆုံးသူက "ပေတရုက ၂ပေတရုကို ရေးသားထားခြင်းမှာ ယနေ့တွင် ကောင်းစွာတည်ဆောက်ထားခြင်းပင်ဖြစ်သည်" ဟုဆိုပါသည်။ (J. Vernon McGee, Th.D., Thru the Bible, အတွဲ၊ သောမစ်နယ်လဆင်ပုံနှိပ်တိုက်၊ ၁၉၈၃၊ စာ- ၇၁၄)

Fuller Seminary ကဲ့သို့သော လီဗရယ်ကျောင်းများတွင် ချက်ချင်းပင်ဆုတ်ဖြဲကြပါ တော်သည်။ Dr. Henry M. Morris က "ဤတားမြစ်ချက်မှာ ၂ပေတရု၏ အသင်းတော်ရှိ မှား ယွင်းသောသွန်သင်ချက်ပြုသူများအပေါ် ပြင်းထန်သောစီရင်ခြင်းကြောင့်ဖြစ်သည်၊ ၂ပေတရု သည် ပုံပြင်များကို အကြံပေးထားခြင်း ( ၂ပေ ၁း ၁၆)၊ မှားယွင်းသူများ၊ ခရစ်တော်ကို ငြင်း ပယ်သည့်ဆရာများ( ၂ပေ ၂း ၁)၊ အကျိုးကိုရှာဖွေသောဆရာများ (ငွေကိုတပ်မက်သူ) (၂ပေ ၂း၃၊ ၁၅)၊ ကာမဂုဏ်တွင်ပျော်မွေ့သောဆရာ( ၂ပေ ၂း ၁၃၊ ၁၉)၊ အထူးသဖြင့် ဆင်ကဲ့ပြောင်းလဲခြင်းနှင့် တူညီမျှတရေးလမ်းစဉ်သမားများ ( ၂ပေ ၃း၃-၆)တို့ကို သတိပေး ထားသည်" ဟုဆိုထားပါသည်။ (Henry M. Morris, Ph.D., သမ္မာကျမ်းစာကိုကာကွယ် သည့်ကျမ်းစာလေ့လာချက်၊ World Publishing, ၁၉၉၅၊ စာ-၁၄၀၁)

စာတန်နှင့်၄င်း၏မှားယွင်းသောဆရာများသည် ၂ပေတရုကို တိုက်ခိုက်သည်မှာ အံ့ သြစရာမဟုတ်ပါ။ အခြားအကြောင်းတစ်ခုမှာ မာရ်နတ်သည် ၂ပေတရုကို မုန်းသည်။ အဘယ့်ကြောင့်ဆိုသော် ၂ပေတရု ၁း ၁၉-၂၁ တွင် ကြီးမားခိုင်မာသည့်ဖော်ပြချက်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် သမ္မာကျမ်း စာကိုမှုတ်သွင်းခြင်းနှင့် အမှားအယွင်းကင်းခြင်းပင်ဖြစ်သည်။ (အခြားတစ်ခုမှာ ၂တိမောသေ ၃း ၁၅-၁၇) ၂ပေတရုကို မာရ်နတ်ကမုန်းသည်မှာ မထူးဆန်း ပေ။

၂ပေတရုတွင် ခိုင်မာသောအစားအစာပါရှိသည်။ ၁၉၆၁ခုနှစ်စက်တင်ဘာလသို့ ပြန်သွားမည်ဆိုလျှင် ကျွနု်ပ်သည် ဘိုင်အိုလာကောလိပ် ( ယခုတက္ကသိုလ်) တွင် နာမည်စာ ရင်းသွင်းထားပါသည်။ မိုးရာသီအတွင်းတွင် ကောလိပ်ကျောင်းသည် မနက်တိုင်း အပတ်တိုင်း အစီအစဉ်လုပ်ဆောင်ကြသည်။ ထိုနှစ်က အဓိကဟောပြောသူမှာ Dr. Charles J. Woodbridge ဖြစ်သည်။ ထို Dr. Woodbridge သည် Fuller Seminary ကိုတည်ထောင် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် အရင်က နှစ်နှစ်လောက် ကျောင်းမှ နှုတ် ထွက်ခဲ့သည်။ အကြောင်းမှာ Fuller သည် လီဗရယ်ဝါဒဆီသို့ချီတက်နေသည်ကတကြောင်း၊ ကျမ်းစာ၏အခွင့်အာဏာကို ငြင်းဆန်ကြသည်က တစ်ကြောင်းကြောင့်ဖြစ်သည်။ ထိုကျောင်း ၏စီမံခန့်ခွဲရေးမှုက ၄င်းကို ငြင်းပယ်သည်။ သူတို့က Dr. Woodbridge သည် ဒုက္ခကိုဖန်တီး သူ၊ အခြားမကောင်းသောအရာများကိုပြုသူတစ်ဦးအနေဖြင့် မြင်ကြသည်။ သို့သော် သူတို့ တွင် အဘယ်သူမျှ နောက်ပြန်လှည့်ပြီး နယူးဧဝံဂေလိဆိုင်ရာကြားများတွင်မူ တောင်းပန်မှုကို မပြုကြပါ။ နှစ်ပေါင်း ၅၀ လောက်ကျော်လွန်သည်တွင် ဒေါက်တာ Woodbridge ကြိုတင် ဟောကြားခဲ့သည်များမှာ အမှန်ပင်ဖြစ်လာတော့သည်။ ယနေ့တွင် ထိုကျောင်းသည် Rob Bell ကဲ့သို့သော တရားဟောဆရာကို မွေးထုတ်ပေးသည်။ သူက လူတိုင်းကောင်းကင်ဘုံသို့ သွားရမည်ဟူသော စာအုပ်တစ်အုပ်ကို ရေးသားသည်။ မကြာသေးခင်က စာအုပ်တစ်အုပ် ထပ်၍ရေးသားပြန်ပြီး ထိုစာအုပ်တွင် ယုတ်မာညစ်ညမ်းသည် ကာမဆိုင်ရာလက်တွေ့သ ဘောတရားများကို အတည်ပြုထောက်ခံပေးထားသည်။ ဒေါက်တာ Woodbridge က ၁၉၅၀ နောက်ပိုင်းသို့ပြန်သွားသည်ကို တွေ့ရှိခဲ့သည်။ ဒေါက်တာ Charles J. Woodbridge ကိုပေး လို်က်ပါ။

Dr. Woodbridge သည် ဘိုင်အိုလာသို့လာပြီးဝတ်ပြုအစီအစဉ်တွင် ကျွနု်ပ်တို့အား တစ်ပတ်လောက် တရားလာဟောခဲ့သည်။ သူက ၂ပေတရုကိုတည့်တည့်ဟောသည်။ ထိုသို့ သောတရားဟောချက်ကို ကျွနု်ပ်ကြားရသည်မှာ ၄င်းသည် မထမဆုံးပင်ဖြစ်သည်။ ကျွနု်ပ် သည်ခေါင်းစဉ်ကို အတည်ထားသည့် တရားဟောချက်သာကြားဖူးပြီး အစာများများမရပါ။ ကျွနု်ပ်၏ကောင်းမြတ်ခြင်းပါတကား။ ဒေါက်တာ Woodbridge က ၂ပေတရုရှိ ကိုဟောကြား သောကြောင့် အပြည့်အဝအာရုံစိုက်ထားသည်။ အခန်း၁ရှိ ကျမ်းစာ၏မှားယွင်းခြင်း၊ အခန်း ၂ရှိ မှားယွင်းသောပရောဖက်များ၊ အပြစ်ရှိသောကောင်းကင်တမန်ကို စွန့်ပစ်၊ ရေလွှမ်းမိုးခြင်း၊ သောဒုံနှင့်ဂေါမောရတို့၏ပျက်စီးခြင်းအကြောင်းများကိုဟောပြောသည်။ သူ၏ဟောပြောချက် အားလုံးကို အားကြိုးမာန်တက်ဟောပြောသည်။ ထိုအပတ်၏ကြာသပတေးနေ့တွင် ကျွနု်ပ် ပြောင်းလဲသွားသည်။ ၄င်းမှာ ၁၉၆၁ စက်တင်ဘာလ ၂၈ ရက်ဖြစ်ပါသည်။ ယေရှုနာမကို ချီး မွမ်းပါသည်။ ကျွနု်ပ်လုပ်ဆောင်ရမည့်အရာများကို ထိုနေ့မှစ၍ ချထားတော်မူသည်။ ကျွနု်ပ်ပြောင်းလဲပြီး ပထမဆုံးနေ့တွင် ကျွနု်ပ်က သမ္မာကျမ်းစာအကြောင်း၊ ကယ်တင်ခြင်း အကြောင်း၊ အပြစ်အကြောင်းနှင့်ပတ်သက်ပြီး လီဗရယ်များကို တိုက် ခိုက်ဟောကြားရမည် ကိုသိသည်။ ထိုအရာကို သိခဲ့သည်။ ထိုအရာကို ဤနံနက်တွင်လည်းသိတော်မူသည်။ ယေရှု နာမကို ချီးမွမ်းပါသည်။

ရှင်ပေတရုက ကျမ်းစာသည် "ပရောဖက်ပြုချက်များထက်ပင်ပို၍သေချာနေသည်" ဟုဆုထားါသည်။ ( ၂ပေ ၁း ၁၉) ပေတရုက မှားယွင်းသောဆရာများသည် အသင်းတော် တွင်ပေါ်ထွက်လာပြီး အသင်းတော်ပျက်စီးစရာကိုဆောင်ယူလာကြောင်းတွေ့မြင်ရပါသည်။ ( ၂ပေ ၂း၁-၃) ပေတရုက ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းတွင် တလောကလုံးကို တရားစီ ရင်တော်မူပြီး နောဧနှင့်မိသားစု ကယ်တင်သည်ကိုသိ့ပါ။ " ( ၂ပေတရု ၂း ၁၅)ပေတရုက ဘုရားသခင်သည် ကောင်းကင်မှ မီးကိုစေလွှတ်တော်မူပြီး သောဒုံနှင့်ဂေါမောရကို လောင် ကြွမ်းစေတော်မူသည်ဟုဆိုသည်။ (၂ပေ ၂း ၇)ပေတရုက ကျွနု်ပ်တို့ကျမ်းပိုဒ်တွင်ရေးသား ထားပါသည်။

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )

ဟုတ်ကဲ့ပါဆရာ၊ ပေတရုက ၄င်း၏ယုံကြည်ချက်ကို ပြသသည် ။ သခင်ဘုရားသည် နောဧနှင့် မိသားစုအား မည်သို့ကယ်တင်မည်ကို သိသည်။ သခင်ဘုရားသည် ဖြောင့်မတ်သောသူများကို မည်သို့ ကယ်တင်ရမည်အကြောင်းသိသည်။ သူက ဖြောင့်မတ်သောလောတကို ကယ်တင်ပြီး မြို့သူမြို့သားတို့ အား မည်သို့ကယ်တင်မည်ကိုသိသည်။ အာမင်။

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )

ဘုရားသခင်သည် ယနေ့တွင်လည်း ထိုသို့သော တန်ခိိုးမျိုးရှိကြောင်းသိသည်။

၁။ ပထမအချက်၊ ဘုရားသခင်သည် ဘုရား၌မွေ့လျော်သူကိုကယ်တင်ရန် တန်ခိုရှိသည်။

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း သိတော်မူသည်။"

ဘုရားသခင်က အဘယ်အရာကို လုပ်ဆောင်ရမည်ကို သိသည်။ လုပ်လည်း လုပ် ဆောင်နိူင်ပါသည်။ ကျွနု်ပ်ငယ်စဉ်တောင်ကျေးဘဝတွင် George Beverly Shea ၏အသံကြီး ကို ကြားနာလိုပါသည်။

ကျွနု်ပ်ဝိညာဉ် ကိုယ်တော်ကိုချီးမွမ်းစေ
ကြီးမြတ်လှပေ၊ ကြီးမြတ်လှပေ
ကျွနု်ပ်ဝိညာဉ် ကိုယ်တော်ကိုချီးမွမ်းစေ
ကြီးမြတ်လှပေ၊ ကြီးမြတ်မူ၏။

ဘုရားသခင်သည် ကြီးမြတ်သော ဘုရားဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်နိုင်သည်။ လောကကြီးတွင် မာရ်နတ်ဆိုးကြီး တည်ရှိနေသည်မှာ အမှတ်ပင်ဖြစ်သည်။သို့သော် မကောင်းသောအရာတို့သည် ဘုရားသခင်၏ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ကြသည်။ ဘုရားသ ခင်က အဘယ့်ကြောင့်ခွင့်ပြုပါသနည်း။ ကျွနု်ပ်လည်း မသိပါ။ ထိုအရာမှာ ရိုးစင်းလွန်းလှပါ သည်။ ကျွနု်ပ်မသိပါ။ ဘုရားသခင်၏ နားလည်းမရနိူင်သော၊ မသိရှိနိူင်သောစိတ်နှလုံးပင်ဖြစ် သည်။ သူသည် မကောင်းသောအရာကို ခွင့်ပြုပေသည်။

"စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိူင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမှီနိူင်။" (ရောမ ၁၁း ၃၃ )

"ဘုရားသခင်သည် ဘုရားဝတ်မွေ့လျော်သောသူများကို မည်သို့ကယ်တင်မည်ကို သိသည်။" ရောမမြိုကရှိပထမဆုံးခရစ်ယာန်များသည် ကြီးမားပြီး ကြောက်မက်ဖွယ်ရာ စုံစမ်း သွေးဆောင်ခြင်းကို ခံခဲ့ကြသည်။ ကျွနု်ပ်ပြောခဲ့သကဲ့သို့ နီရိုးဘုရင်သည် သူတို့ကို အသက်ရှင်လျက် မီးရှို့သတ်သည်။ တိုင်ထိပ်တွင် ချည်နှောင်ထားသည်။ သူသည် မီးလောင် ကျွမ်းသောခရစ်ယာန်များအားဖြင့် ဥယျာဉ်တော်ကို အလင်းပေးသည်။

လူတစ်ဦးက "ထိုအရာမှာ ဆန့်ကျင်ဘက်သဘောတရားတွေဖြစ်သည်။ သူတို့ကို ကယ်တင်မည်မဟုတ်" ဟုဆိုသည်။ သင်သည် မှားယွင်းနေသည်။ သူတို့ကို "စုံစမ်းနှောက် ယှက်ခြင်းမှ" ကယ်တင်တော်မူခဲ့သည်။ သူကစုံစမ်းနှောက်ယှက်ခြင်းကို ဖြတ်သန်းနိူင်ရန် လိုအပ်သည့်ခွန်အားများနှင့် မီးတောက်များကို ဖြတ်သန်းနိူင်သည့် တန်ခိုးများကိုပေးတော်မူ သည်။ ဓမ္မသီချင်းဟောင်းက ဤသို့ဆိုပါသည်။

ဒုက္ခလမ်းထဲကျွနု်ပ်ဖြတ်လျှောက်၍သွားစဉ်ပင်၊
ကျွနု်ပ်ကျေးဇူးလုံလောက်စွာထောက်ပံ့
မီးတောက်လျှံများ သင့်အားမထိခိုက်စေရန် စီမံထား
မလောင်မကျွမ်းရ ရွှေများစစ်ကြောသကဲ့သို့ပင်။
("How Firm a Foundation" George Keith, ၁၆၃၈-၁၇၁၆၊
"ကေ" Rippon ရွေးချယ်သည့် ဓမ္မသီချင်း၊ ၁၇၈၇).

အသက်ရှင်လျက်သေသောသူကို ကျွနု်ပ်ကိုယ်တိုင်သိရှိထားရခြင်းမှာ အခွင့်ထူးတစ်ခု ပင်ဖြစ်ပါသည်။ သူ၏နာမည်မှာ Richard Wurmbrand ဖြစ်ပါသည်။ သူသည် ကျွနု်ပ်သိခဲ့ဖူးသ မျှ ခရစ်ယာန်များထဲတွင် အကြီးမားဆုံးသောသူဖြစ်သတည်း။ သူ့ကို ကောင်းကောင်းသိသည်။ သင်းအုပ် Wurmbrand သည် ဧဝံဂေလိတရားကိုဟောကြားခြင်းကြောင့် ကွန်မြူနစ်ထောင် တွင် ဆယ့်လေးနှစ် အချုပ်ခံခဲ့ရသည်။ ကွန်မြူနစ်ကင်းစောင့်တို့သည် အလယ်ခေတ်တွင် နှိပ် စက်လျက် ထားကြပါသည်။ သူ၏ကိုယ်ခန္ဓာတွင် အနာဆယ့်ရှစ်ခုရှိသည်။ ၄င်းသည် ခြင်္သေ့ များကိုက်ဖြတ်ခြင်းဖြစ်သည်။ သူဒုက္ခခံစားနေရသည့်အချိန်တွင် ဧဝံဂေလိတရားကို အခြား ထောင်သားများအား ဝေငှသက်သေခံသဖြင့် လူများစွာတို့ပြောင်းလဲလာကြသည်။ သူသည် နှစ်နှစ်ခန့် တစ်ဦးတည်း အချုပ်ခံရသည်။ သူသည် လူသားအသံကို လုံးဝမကြားရပေ။ သူသည် ၄င်း၏အစာတွင် ထည့်ထားသော မူယစ်ဆေးဖြင့် ရူးကြောင်ကြောင် ဖြစ်တော့မလို ခံစားခဲ့သည်။ နောက်ဆုံးတွင် သူသည် ၄င်း၏အနားတွင် နေရာချထားသည့် အခြားသူများ အား ဧဝံဂေလိတရားကို စတင်ဟောကြားတော့သည်။ သူသည် ကျမ်းပိုဒ်များကို သွန်သင်ပြီး ဆုတောင်းသည်။

နောက်ဆုံးတွင် သူ့အား "နံစော်နေသောအခန်း"-"သေမင်းအခန်း" ထဲသို့ ထည့်ထား ခြင်းခံရသည်။ ထိုနေရာတွင် ပစ်ထားပြီး သေလုမျှောပါးဖြစ်ခဲ့သည်။ "ညစ်ညူးနံစော်နေသော အခန်း" တွင် အသက်ရှင်သူဟူ၍ မရှိပါ။ သူ့ကို သေဖို့လွှတ်လိုက်ကြသည်။ သို့သော် သင်းအုပ်ဆရာ Wurmbrand သည် ဆက်၍ အသက်ရှင်မြဲဖြစ်သည်။ ထို"သေမင်းအခန်း"တွင် ယေရှုခရစ်အသေခံတော်မူပြီးနောက် အသေခံတော့မည့် အကျဉ်းသားတစ်ယောက်ဦးဆောင် ခံနေရပါသည်။ သူက "ဆဲလ်သည် မိမိကိုယ်ကို ဆက်ကပ်ပြီး အသစ်သောယုံကြည်ခြင်းနှင့် ဆိုင်သည့်ဝိညာဉ်ဖြင့် တောက်လောင်နေသကဲ့သို့ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် ကောင်းကင်တမန်များ အနားတွင် ရှိနေဟန်ရှိသည်" ဟုဆိုသည်။

ကျွနု်ပ်သည် ဖိစီးမှုများကို ခံစားပြီး သို့မဟုတ် ဝမ်းနည်းသောကရောက်သည်တွင် Richard Wurmbrand ၏စာအုပ်ဖြစ်သည့် Tortured For Christ ကို ကောက်ယူပြီး ဖတ်လေ့ရှိပါသည်။ ပြီးခဲ့သည့် အပတ်က ၄င်းကိုယ်တိုင်ရေးသည် အခြားစာအုပ် In God's Underground ကိုလည်း ဖတ်ခဲ့သည်။ (Living Sacrifice Book Company, ၂၀၀၄ ) ထိုစာအုပ်များမှာ ပြင်းထန်ရက်စက်လွန်းလှသည်။ ထိုစာအုပ်များက ခရစ်ယာန်များကြုံတွေ့ခဲ့ ရသောအကြောင်းအရာများကို အသေးစိတ်တင်ပြသည်။ သို့ရာတွင် အမြဲတစေခွန်အားပေး ပါသည်။ ကျွနု်ပ်သည် ကျွနု်ပ်တို့၏အသုံးပြုထားသောကျမ်းပိုဒ်နှင့်ပါတ်သက်ပြီး လက်တွေ့ကြုံ တွေ့ခဲ့ရသော Richard Wurmbrand ကို သိခွင့်ရခြင်းက ကျွနု်ပ်ကို ခွန်အားဖြစ်စေသည်။ ဤသည်မှာ ကျွနု်ပ်ကို ခွန်အားပေးသော ကျမ်းပိုဒ်ပင်ဖြစ်ပါသည်။ "ဘုရားသခင်သည ဘုရား ဝတ်၌မွေ့လျော်သောသူများကို စုံစမ်းနှောက်ယှက်ခြင်းထဲမှ ကယ်နှုတ်ခြင်းငှါ သိတော်မူ သည်။"( ၂ပေတရု ၂း ၉)

ခရစ်ယာန်ထောင်ပေါင်းများစွာတို့သည် မွတ်စလင်တို့အားဖြင့် ယခုအချိန်တွင် သတ် ဖြတ်ခြင်းကို ခံနေရကြသည်။ သေခြင်းမှ သူတို့လွတ်မြောက်ရန်လုပ်ဆောင်ရမည့်အရာမှာ ဤစကားကိုပြောရန်ပင်ဖြစ်သည်။ "အာလနှင့်၄င်း၏ပရောဖက် မိုဟာမက်မှတပါး အခြားဘု ရားမရှိပါ။" သို့သော် သူတို့သည် ထိုသို့ပြောဆိုပြီး မွတ်စလင်ဖြစ်လာမည့်အရေးကို ငြင်းပယ် ကြသည်။ သူတို့၏အသင်းတော်များကို မီးရှို့ဖျက်ဆီးကြသည်။ သူတို့နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးကြသည်။ သူတို့၏ခေါင်းကိုလည်း ဖြတ်ကြသည်။ အများစုကို အသက်ရှင်လျက် မီးရှို့ဖျက်ဆီးကြသည်။ သို့သော် သူတို့က ခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းကို အရှုံးပေး စွန့်ပစ်မထားကြပါ။ မွတ်စလင်ဒေသတွင် ထောင်ပေါင်းများစွာတို့သည် ခရစ်ယာန်ဖြစ်လာကြ ပြီး သူတို့အတွက် အန္တာရယ်ရှိနေစေကာမူ မကြောက်ကြပေ။ သူတို့အကြောင်းများကို www.persecution.com သို့သွား၍ ကြည့်ရှုနိူင်ပါသည်။ အနောက်တိုင်းအသင်းတော်ဝင်များ ကလုံးဝမသိသောအရာသည် အဘယ်အရာဖြစ်သည်ကို အတွေ့အကြုံအားဖြင့် သူတို့က သိရှိကြသည်။ " သခင်ဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက် ခြင်းထဲက ကယ်နှုတ်ခြင်းငှါ သိတော်မူသည်။"

နက်နဲသောမြစ်ရေစီးဆင်စေရန် ကျွနု်ပ်ခေါ်သောအခါ
   ဝမ်းနည်းခြင်းမျက်ရည်များသည် လွှမ်းမိုးတော်မမူ
သင့်အနားကျွနု်ပ်ရှိမည်၊ ဆင်းရဲခြင်းသည် ကောင်းကြီးဖြစ်စေမည်။
   သင်၏ဝမ်းနည်းခြင်းသောကများကို သန့်ရှင်းစေမည်။

လွန်ခဲ့သောသုံးပတ်က ဤအသင်းတော်၏နှစ်လေးဆယ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြသည်။ ချီးမွမ်းရယ်မောရမည့်အချိန်ကို ရရှိခံစားခဲ့ကြသည်။ ဗွီဒီယိုကြည့်ရှုသော လူများက ကျွနု်ပ်အား အလွန်ကြီးမားသည့် အသင်းတော်ပါပဲ ဟုပြောကြသည်။ သို့ရာတွင် သူတို့သည် အသင်းတော်ဖြစ်တည်မွေးဖွါးလာရန်ကြုံတွေ့ခဲ့ရသော အခက်အခဲများကို မသိကြပေ။ သူတို့သည် အသင်းတော်အတွက် ပေးဆပ်ကြသည့် "၃၉ "ကိုလည်း သိကြမည် မဟုတ်။ သူတို့သည် လူပေါင်း ၄၀၀ က ကျွနု်ပ်တို့ကို စွန့်ပစ်သောအခါ ဒုက္ခဝေဒနာပေါင်းစုံကို ခံစားခဲ့ကြသည်။ "၃၉" ဦးတို့သည် ဤအဆောက်အဦးကြီးအတွက် ဒေါ်လာ ၂သန်းခွဲကို ပေး ခဲ့ကြရပါသည်။ ယခုတွင် ဒုက္ခဆင်းရဲခြင်းသည် ကုန်လွန်သွားပါပြီ။ ဘုရားသခင်သည် ထိုအ ရာထဲမှ ကျော်ဖြတ်လွတ်မြောက်ခြင်းကို ပေးထားသည်။ သို့ရာတွင် အနာဂတ်တွင်လည်း အခြားခံရမည့် ဒုက္ခများရှိနိူင်ပါသည်။ အချို့တို့သည် သာ၍ပင်ဆိုးနိူင်သည်။ သို့သော် ကျွနု်ပ် တို့သည် ကြောက်ရွှံ့ခြင်းမရှိပါ။ အကြောင်းမှာ "သခင်ဘုရားသည် ဘုရားဝတ်၌မွေ့လျော် သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက ကယ်နှုတ်ခြင်းငှါ သိတော်မူသည်။" ( ၂ပေ ၂း ၉)

၂။ ဒုတိယအချက်၊ သခင်ဘုရားသည် မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း စီရင်တော်မူသည်။

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )

သူ၏အပိုလိုဂျစ်စတိတ်တွင် ကျရောက်လာမည့်စီရင်ခြင်းအကြောင်းကို Dr. Wilbur M. Smith က ဤသို့ဆိုသည်။

သမ္မာကျမ်းစာသည် ကျရောက်လာမည့်စီရင်ခြင်းအကြောင်း အဖြစ်အပျက်တစ် ခုကို တိတိကျကျဖော်ပြထားပါသည်။ ကျွနု်ပ်တို့သည် ဤကြောက်မက်ဖွယ်ရာ ဖြစ်သော်လည်း ဘုရားသခင်ပြသတော်မူသည် အကြောင်းကို ဟောကြားရန် ပျက်ကွက်သည့်အမှုတွင် အပြစ်ပြုကြသည်။ များစွာသောသူတို့သည် သမ္မာ ကျမ်းစာကို ကိုင်ဆောင်ပြီး ကျရောက်လာမည့်စီရင်ခြင်းအကြောင်းပြောဆိုရန် ကြောက်ရွံ့နေကြသည်။ကျွနု်ပ်တို့၏ သခင်ယေရှုခရစ်က "တရားစီရင်ရာနေ့" နှင့် "တရားစီရင်ရာနေ့နှင့်ဘုရားမဲ့သူများ၏ဖျက်ဆီးခံရခြင်း" ဟူသောစကားစု ကို ထပ်ခါထပ်ခါ အသုံးပြုထားသည်။ တမန်တော်ယောဟန်ကလည်း "တရားစီ ရင်ရာနေ့ရက်" နှင့် "သေသောသူတို့၏အပြစ်စီရင်ခြင်း" အကြောင်းကို ပြောဆို ပေသည်။" (Wilbur M. Smith, D.D., Therefore Stand, W. A. Wilde Co., ၁၉၄၅၊ စာ-၄၄၃ )

တမန်တော်ယောဟန်က နောက်ဆုံးတရားစီရင်ခြင်းအကြောင်းကို ပြောဆိုထားသည်။

"သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်ပေါ်ရှေ့မှာ ရပ်နေကြသည်ကို ငါ မြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတ ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့် အတိုင်း၊ စာစောင်တို့၌ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိူင်ငံ သည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း စီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့်မရဏာနိူင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။ အ သက်စာစောင်၌စာရင်းမဝင်သောသူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ ၏။" (ဗျာဒိတ် ၂ဝး ၁၂-၁၅)

"ထာဝရမီးအိုင်" ထဲမှလွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ နောင်တရပြီး သခင်ယေရှုခရစ်ကို ယုံကြည်ကိုးစားခြင်းပင်ဖြစ်သည်။ သူသည် သင့်အပြစ်ကြွေးအားလုံးကို ပေးဆပ်ရန်် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သည်။ သင်၏အပြစ်ရှိသမျှကိုဆေး ကြောရန် အသွေးတော်မြတ်ကိုဆေးကြောတော်မူသည်။ သူသည် သင့်အား ထာဝရအသက် ကိုပေးရန် အသွေးအသားအားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ သို့သော် သူ့ကိုယခုတွင် အသက်တာ၌ ယုံကြည်လက်ခံပါ။ သင်သေပြီးနောက်တွင် ကယ်တင်ခြင်း ရရှိရန်မှာ နောက်ကျပေလိမ့်မည်။

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )

ဘုရားဝတ်၌မွေ့လျော်သောသူတို့သည် နောင်တရပြီး သခင်ယေရှုခရစ်ကို ယုံကြည်ကိုးစား သောသူဖြစ်သည်။ ''မတရားသောသူ" တို့သည် သူ့ကို ယုံကြည်ကိုးစားရန် ငြင်းပယ်ကြ သည်။ သင်သည် ယခုတွင် အချိန်နောက်မကျခင် ယေရှုထံပါသို့ပြန်လာပါ။ အာမင်…။

(တရားဒေသနာနိဂုံး)
သင်သည် Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.realconversion.com သို့မဟုတ် www.rlhsermons.com. ဖြင့် အပတ်စဉ်တိုင်း ကြည့်ရှုနိူင်ပါသည်။ “တရားဒေသနာစာမူ” ကိုနှိပ်ပါ။

သင်သည် Dr. Hymers အား အီးမေးလ် rlhymersjr@sbcglobal.net ဖြင့်လည်း ဆက်သွယ်နိူင်ပါသည်။ သို့မဟုတ် စာအားဖြင့်လည်း ဆက်သွယ်နိူင်ပါသည်။
P.O. Box 15308, Los Angeles, CA 90015. ဖုန်း (၈၁၈)၃၅၂-၀၄၅၂

ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ၂ပေ ၂း ၁-၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ခမည်းတော်ကိုယုံကြည်ခြင်း” Frederick W. Faber, ၁၈၁၄-၁၈၆၃ ရေးစပ်သည်။ )


အခြေပြုကျမ်း

ရွေးနှုတ်ခြင်း (သို့) ပျက်စီးခြင်းအကျဉ်း

DELIVERANCE OR DAMNATION

Dr. R. L. Hymers, Jr.

"ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောက်ယှက်ခြင်းထဲက၊ ကယ်နှုတ်ခြင်းငှါ၄င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ကိုတော်သည် တတ်နိူင်တော်မူသည်။" ( ၂ပေ ၂း ၉ )

(၂ပေ ၁း ၁၉-၂၁၊ ၂း ၁-၃၊ ၄၊ ၆၊ ၇၊ ၁း ၁၆၊ ၂း၁၊ ၃၊ ၁၅၊ ၁၃၊ ၁၉၊ ၃း၃-၆
၂ပေ ၁း ၁၉၊ ၂း ၁-၃၊ ၅၊ ၆၊ ၇ )

၁။ ပထမအချက်၊ ဘုရားသခင်သည် ဘုရား၌မွေ့လျော်သူကိုကယ်တင်ရန် တန်းခိုရှိသည်။ ၂ပေ ၂း၉ခ၊ ရောမ ၁၁း ၃၃။

၂။ ဒုတိယအချက်၊ သခင်ဘုရားသည် မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း စီရင်တော်မူသည်။ ၂ပေ ၂း ၉ခ၊ ဗျာဒိတ် ၂ဝး ၁၂-၁၅။