Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သမ္မာကျမ်းစာပရောဖက်ပြုချက်တွင် အမေရိကန်မရှိသည့်အကြောင်းတရား

( တနင်္ဂနွေနေ့တွင်ဟောကြားသည့် “မှန်ကန်စွာအသက်ရှင်ခြင်း” တရားဒေသနာ)
WHY AMERICA IS NOT IN BIBLE PROPHECY
(A SERMON GIVEN ON “RIGHT TO LIFE” SUNDAY)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
ဇန်နာဝါရီလ ( ၁၈ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။ A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 18, 2015

“ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလတို့အမျိုး၌ ရောက် လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။ ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌များစွာသော အသေကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။” ( အာမုတ် ၈း ၂-၃ )


နောက်တဖန် သူတို့ကို သည်းမခံ။” Dr. C. F. Keil က “တစ်စုံတစ်ယောက်ကို အပြစ်အတွက်ပွေမယူဘဲ သို့မဟုတ် ပြစ်ဒဏ်မပေးဘဲထားခြင်းသည် နှမြောရာရောက်ပေ သည်” ဟုဆိုပါသည်။ (Keil နှင့် Delitzsch) သို့သော် Dr. John Gill က “သူတို့ပြောစရာစကား အဆုံးသို့ရောက်စေသည်” ဟု တရားစီရင်သော အဓိပ္ပါယ်ကို ဆောင်ယူလာပါသည်။ (John Gill) Dr. Charles John Ellicott က “ဆုတောင်းခြင်းသည် အရာမထင်တော့သည့် အချိန် ရောက်လာပေမည်၊ အသနားခံတောင်းလျှောက်ခြင်းဟူသမျှသည် နောက်ကျကျန်ရစ်လေပြီ။ သနားခြင်းကရုဏာတံခါးသည် ပိတ်ထားလျက်ရှိသည်။”(သမ္မာကျမ်းစာတစ်ခုလုံးနှင့်ပါတ်သက် ၍ Ellicott ၏ အနက်ဖွင့်ဆိုချက်) ထို့ပြင် Matthew Henry က ကျမ်းပိုဒ်၏ ဤသုံးပြုချက်ကို “ဘုရားသခင်အားအချိန်ကြာမြင်စွာပြစ်မှားခြင်းအပေါ် ဘုရားသခင်၏သည်းခံခြင်းသည် ကုန် ဆုံးပြီး နှမြောသောအမှုအရာသည်လည်း ကုန်ဆုံးပေသည်။ ကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကြိုးစားအားထုတ်ရုန်ကန်နေရသည်။ သက်သာခွင့်ရပြီးနောက်တွင် အပြစ်ဒဏ်သည် လာလိမ့် မည်” ဟုဆိုပါသည်။ (Matthew Henry’s Commentary)

အာမုတ်က ယေရောဗောင်မင်းသည် ဓါးအားဖြင့်အသတ်ခံရပြီး ဣသရေလလူတို့ သည်လည်း အာရှုရိတို့၏သိမ်းပိုက်ကျွန်ခံစေခြင်းကိုခံရမည်ဟုဆိုသည်။ အာမုတ်က ဘုရားသ ခင်က “နောက်တဖန် သူတို့ကို သည်းမခံ” ဟုဆိုသည်။ သူတို့သည် အဆုံးရောက်ကြပေ သည်။ နောင်တရရန်နောက်ကျသွားပြီ။ ဆုတောင်းရန်နောက်ကျသွားပြီ။ ကယ်တင်တော်မူ ခြင်းသို့ရောက်ရန်နောက်ကျသွားပါပြီ။ ဘုရားသခင်၏တရားစီရင်ခြင်းမှာ နောက်ဆုံးအဆင့် ဖြစ်သည်။

“ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလတို့အမျိုး၌ ရောက် လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။” (အာမုတ် ၈း ၂ )

ကျမ်းပိုဒ်တွင် အသုံးချမှုနှစ်မျိုးရှိသည်။ ပထမအချက်မှာ လူမျိုး၊ ဣသရေလလူမျိုးဖြစ် သည်။ ဘုရားသခင်က သူတို့အား ဤသို့ဆိုသည်။

နောက်တဖန် သူတို့ကို သည်းမခံ။”

ဒုတိယအချက်မှာ တစ်ဦးချင်းစီဖြစ်သည်။ အာမုတ်ကိုဆန့်ကျင်သည့် မှားယွင်းသော ယဇ်ပု ရောဟိတ်ဖြစ်သူ အာမဇိအား ဘုရားသခင်က “သင်သည် ညစ်ညူးသောပြည်၌ သေရလိမ့် မည်။ ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကိုခံရကြလိမ့်မည်” ဟုမိန့် တော်မူသည်။( အာမုတ် ၇း ၁၇ ) လူမျိုးအတွက် တရားစီရင်ခြင်းရှိသကဲ့သို့ တစ်ဦးချင်းစီအ တွက်လည်း တရားစီရင်ခြင်းရှိသည်။

နောက်တဖန် သူတို့ကို သည်းမခံ။”

၁။ ပထမအချက် - ကျမ်းပိုဒ်က အမေရိကန်နှင့် အနောက်တိုင်းကမ္ဘာအတွက် အသုံး ချသည်။

နောက်တဖန် သူတို့ကို သည်းမခံ။” ( အာမုတ် ၈း ၂ )

လူတစ်ဦးက “Dr. Hymers သေချာလား” ဟုမေးသည်။ ဟုတ်ကဲ့၊ သေချာပါတယ်။ ကျွန်ုပ်တို့ သည် ကျေးဇူးတော်နေ့ရက်ကို ပြစ်မှားကြပြီး၊ ဘုရားသခင်က ကျွန်ုပ်တို့ကို သည်းခံတော်မူမီမ ဟုတ်။ အမေရိကန်တွင် ထိုသို့ဖြစ်ပျက်သည်ဟု ယုံကြည်ပါသည်။

ကိုယ့်အားကိုယ်ကိုးနှစ်ခြင်းအသင်းတော်တစ်ခုကရေးသားသည့် ဘလောက်ကို ဖတ် ရှုနေသည်။ သူသည် ခန့်သောသူဖြစ်သည်။ သူသည် များစွာသောအရာများတွင် မှန်ကန်ပါ သည်။ တစ်ခါတစ်ရံ သူ၌ စိတ်ဝင်စားဖွယ်ကောင်းပြီး အကူအညီပေးသော အတွေးအခေါ်ရှိ သည်။ သို့သော် ပထမနိူးထမှုကြီးမတိုင်မှီ အမေရိကန်နှင့်အနောက်တိုင်းကို အင်္ဂလန်နိူင်ငံနှင့် နှိုင်းယှဉ်သောအခါ သူသည် လုံးဝမှားယွင်းပါသည်။ ကျွန်တော်ကြားသမျှတွင် သူသည် မှား ယွင်းသောမျှော်လင်ချက်ကိုပေးတော်မူသောကြောင့် ကျွန်တော်ပြန်လည်ဖြေကြားခဲ့သည်။ ၎င်း ကိုပြန်လည်ဖြေကြားသင့်ပါသည်။ မှားယွင်းသောမျှော်လင့်ချက်မှာ အင်္ဂလန်တွင်ရှိသောမှား ယွင်းသည့်အခြေအနေသည် ပထမနိူးထမှုတွင် ရပ်တန့်ပြောက်ကွယ်သွားခြင်းမရှိပါ။ (Wesley, Whitefield နိူးထမှု) ထို့ကြောင့် သူက အမေရိကန်၏အပြစ်နှင့် အနောက်ဘက်က ကျွန်ုပ်တို့ ၏လူမျိုးများနှင့်မဟာမိတ်များအပေါ် နိူးထမှုစေလွှတ်ခြင်းမှ ဘုရားသခင်အား ရပ်တန့်မသွား နိူင်ပါ။ နှစ်ခြင်းဘလောက်ဂါများက သူ၏စာရေးသားမှုကို “ အဆုံးတိုင်အောင် ဆုတောင်းပြီး အလုပ်လုပ်ကြပါစို့။ ဘုရားသခင်သည် နိူးထမှုကို ဆောင်ယူလာရန် အနူးအညွှတ်တောင်းပန် ကြပါစို့” ဟူသောစကားဖြင့် အဆုံးသတ်ထားသည်။

ဤသည်က မိုက်မဲသောပေါက်ကရစကားကဲ့သို့ ကျွန်ုပ်ကို ထင်ရပါသည်။ အရာအား လုံးကို ကျွန်ုပ်အမျိုးသမီးထံမှ ကြားသိရပါသည်။ သူသည် လေးလေးနက်နက်ဖြစ်သည်ဟု ကျွန်ုပ်မထင်ပါ။သူက ဆုတောင်းရန် ပြောဆိုသည်။ သူသည် ကနဦးမက်သဒစ်ကဲ့သို့ပင် တစ် ညလုံးဆုတောင်းခြင်းကို လိုလားပါသလား။ သူ၏အသင်းတော်က ထိုသို့လုပ်ဆောင်ပါသလား။ ထိုသို့လုပ်ဆောင်သည့် အခြားအသင်းတော်တပါးပါးကို သူသိပါသလား။ Whitefield နှင့် Wesley တို့၏လူများ ပြုလုပ်ကြသကဲ့သို့ အစာရှောင်ပြီး ဆုတောင်းကြပါသလား။ ၎င်း၏အ သင်းတော်က အစာရှောင်ခြင်းကို တောင်းဆိုပါသလား။ အစာရှောင်ခြင်းကို အဓိကထားသည့် အသင်းတော်ရှိရာ တစ်နေရာရာကို သိပါသလား။ သူသည် “ဆုံးဖြတ်ချက်ဝါဒ”များကို ဆန့်ကျင်ပြီး တရားပြီးတရားဟောပါသလား။ Whitefield နှင့် Wesley တို့က ၎င်းတို့၏အသင်း တော်များတွင် လုပ်ဆောင်ကြသကဲ့သို့သူတို့သည် မပြောင်းလဲကြဘဲ၊ ကိုယ့်အားကိုကိုးနှစ်ခြင်း အသင်းတော်များသည် ပြောင်းလဲခြင်းမရှိဘဲ ပျောက်ဆုံးကြပေသည်ဟု ရှင်းလင်းစွာပြောဆိုပါ သလား။ သူ့သင်းအုပ်က ထိုသို့လုပ်ဆောင်ပါသလား။ Wesley နှင့် Whitefield တို့လုပ် ဆောင်သကဲ့သို့ အသင်းတော်အားလုံးကို ပိတ်သိမ်းဖို့လိုလားသည့် သင်းအုပ်များရှိပါသလား။ ထိုအရာကို ကျော်ဖြတ်သွားသည့် သင်းအုပ်တစ်စုံတစ်ဦးကို သိပါသလား။ သူကိုယ်တိုင်ကော ဖြတ်ကျော်ပါရဲ့လား။ ထိုအရာမှာ ယနေ့ခေတ် စစ်မှန်သောနိူးထမှုတွင် ထိုသို့သောတရားဟော ပြောချက်အမျိုးအစားများကို ဟောပြောလေ့ရှိပါသလား။ Paul Washer အကြောင်း အကျွန်ုပ် အားမပြောပါနှင့်။ သူ၏ဟောကြားချက်သည် လိုအပ်သောအရာ၏ထက်ဝတ်မဟုတ်ပါ။

ထို့နောက် ကျွန်ုပ်တို့၏ ဘလောက်ကာ သူငယ်ချင်းများက “အဆုံးထိတိုင်အောင် ဆု တောင်းပြီး အလုပ်လုပ္ကြပါစို့” ဟုဆိုကြပါသည်။ သူ၏စိတ်နှလုံးထဲတွင် မည်သို့သော အလုပ် ရှိပါသနည်း။ Jerry Falwell ပြောဆိုသောအရာတစ်ခုမှာ မှန်ကန်မှုရှိပေသည်။ Jerry Falwell က “သားဖျက်ချခြင်းသည် အမေရိကန်လူမျိုးတို့၏တစ်နိူင်ငံလုံးဆိုင်ရာအပြစ်ဖြစ်သည်” ဟုဆို ထားပါသည်။ ထိုအရာနှင့်ပါတ်သက်ပြီး သူသည် မှန်ကန်သောအရာကို ဆိုထားပါသည်။ မစ္စတာ ပလောက်ကာက “ အဆုံးတိုင်အောင်လုပ်ဆောင်ပါ” သည် မမွေးသေးသောကလေး ကလေးများကို သတ်ဖြတ်ခြင်းပေတည်း။ ထိုသို့လုပ်ဆောင်ခြင်းကို အမှန်တကယ်လုပ်ဆောင် ပါသလား။ “အဆုံးထိလုပ်ဆောင်သော”နှစ်ခြင်းသင်းအုပ်ဆရာကို သင်သိပါသလား။ သားဖျက် ခြင်းကိုလုပ်ဆောင်သည့် ဆေးခန်းနှင့်နီးစပ်နေသော နှစ်ခြင်းအသင်းတော်များကို သင်သိပါ သလား။ ကျွန်ုပ်တို့၏ လော့အိန်ဂျယ်တွင်ရှိသော ဘုရားကျောင်းသည် သားဖျက်သည့် ဆေး ခန်းနှင့် ကပ်ရပ်နေသည်။ အမေရိကန်ပြည်ထောင်စုရှိ ထက်ဝက်သောနှစ်ခြင်းအသင်းတော်မျာ သည် သားဖျက်သည့်ဆေးခန်းနှစ်ခုနှင့်နီးစပ်နေသည်။ သားဖျက်ခြင်းသည် လွန်ခဲ့သောအချိန် ကအဆုံးသတ်ခဲ့ပါသည်။ ကျွန်ုပ်တို့အဖွဲ့နှင့်ပူးပေါင်းသည့် သင်းအုပ်ဆရာ Dr. Cagan နှင့် ကျွန်ုပ်သည် ရဲများက မြင်းကျောပေါ်တွင်ရှိပြီး ကျွန်ုပ်တို့ကိုတိုက်ခိုက်ကြရာတွင် တစ်ရာ မကသော ကစ်သလစ်များနှင့်ထိုင်နေကြသည်။ ကျွန်ုပ်တို့သည် သားဖျက်ခြင်းကို ကန့်ကွက်ကြသောအခါ သူတို့သည် လက်ထဲတွင် ပက်တန်ကိုကိုင် လျက်ကျွန်ုပ် တို့ပတ်လည်

တွင် ပြေးလွှားနေကြသည်။ Mr. Blogger နှစ်ခြင်းများကား အဘယ်မှာနည်း။ တစ်ဦးကိုမျှ မတွေ့ရပါ။ ကစ်သလစ်အသင်းတော်အချို့မ လူငယ်များအချို့ကိုသာတွေ့ရပါသည်။ နှစ်ခြင်း တရားဟောဆရာများကား အဘယ်မှာနည်း။ သူတို့ဂရုမစိုက်ၾကဘူးလား။ ကျွန်တော်မသိပါ ဘူး။ သူတို့သည် နိူးထမှုကြီးဖြစ်ပေါ်သည့်အချိန်တွင် Wesley မိန်းမများကဲ့သို့မဟုတ်ပါလား။

အမေရိကန်တို့သည် အပြစ်မဲ့သောကလေး တစ်သန်းလောက်ကို နှစ်စဉ်နှစ်တိုင်း သတ်ဖြတ်နေကြသည်။ ကျွန်ုပ်တို့သည် ၁၉၇၃ ခုနှစ်၊ ဇန်နာဝါရီလ Roe v. Wade မှစ၍ ၅၇သန်းသော ကလေးများကို ကျွန်ုပ်တို့သတ်ဖြတ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် လေအေးစက် ဖွင့်ထားသောဘုရားကျောင်းတွင် ထိုင်လျက်နေစဉ်တွင် ၅၇ သန်းသော ကလေးများကို သတ် ဖြတ်ခွင့်ပြုပေးလိုက်ပါသည်။ ၅၇ သန်းသော ကလေးများကို သတ်ဖြတ်နေကြစဉ် ကျွန်ုပ်တို့ သည် မည်သည့်နေရာတွင် ရောက်ရှိကြပါသနည်း။ ကျွန်တော်တို့က Joel Osteen ၏အပြုံး သည် လူများကို “ကယ်တင်ခြင်း”ဖြစ်စေနိူင်သည် ဟူသောအတွေးဖြင့် ကျွန်ုပ်တို့သည် အတော်ပင်မျက်စိကန်းသူများဖြစ်ကြပါသည်။ အကြောင်းမှာ ကျွန်တော်တို့သည် “အပြစ်သား ၏ဆုတောင်းခြင်း” တည်းဟူသောအရာကိုသာပေးကမ်းကြပါသည်။ ထိုအရာသည် ရယ်ရွှင် ဖွယ်ရာဖြစ်သည်။ အဘယ်သူမျှ ကယ်တင်တော်မူခြင်းသို့မရောက်နိူင်။ အဘယ်သူမျှ၊ အဘယ် သူမျှ၊ အဘယ်သူမျှ၊ အဘယ်သူမျှ၊ အဘယ်သူမျှ မရောက်နိူင်။ ထိုသို့သော တရားဟောချက် က ကျွန်တော်တို့ကိုလူမျိုး၊ နှင့် နိူင်ငံကို မပြောင်းလဲစေနိူင်ပါ။ သူတို့ကို ယခုပြောင်းလဲစေမည် မဟုတ်ပါ။ Dr. A. W. Tozer က “ယနေအမေရိကန်ပြည်ထောင်စုတွင် ကျွန်ုပ်တို့ သိရှိထားရသည့် ကျယ်ပြန့်နှံ့သော နိူးထမှု သည်နှစ်ပေါင်းတစ်ရာမခိုင်မြဲနိူင်မည့်အရာထဲမှ ကိုယ်ကျင့်တရားဆိုင်ရာ ကံဆိုးမိုးမှောင်ကျခြင်းပင်ဖြစ်ပါသည်” ဟုဆိုပါသည်။ (A. W. Tozer, D.D., Keys to the DeeperLife, Zondervan Publishing House, ၁၉၅၇၊ စာ-၁၂)

“ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလတို့အမျိုး၌ ရောက် လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။” (အာမုတ် ၈း ၂ )

ထို့နောက် ကျွန်တော်တို့၏လူမျိုးများသည် ၁၈ ရာစုက အင်္ဂလန်နှင့်လုံး၀ခြားနားသွား ပါသည်။ ဗြိတိန်နိူင်ငံတွင် ရှိသောလူများသည် ကျွန်ုပ်တို့ထက် အလေးအနက္ထားကြပါသည်။ တောင်သူလယ်သမားများပင်လျှင် ကျွန်ုပ်တို့ထက် စာပေလိုက်စားကြသည်။ စာမဖတ်တတ်သူ များသည်လည်း Whitefield နှင့် Wesley တို့၏တရားဟောချက်ကို နားထောင်ကြသည်။ နားလည်ကြပါသည်။ ကျွန်ုပ်တို့၏လူများသည် သူတို့ကဲ့သို့ဖြစ်ပါသလား။ သူတို့သည် နံနက် ပိုင်းတွင်လည်း တရားဟောခြင်းကို နားထောင်နိူင်ရန် နှင်းခဲများကြားတွင် နံနက် ၅း ၀၀ တွင် ရပ်နေကြသည်။ ကျွန်ုပ်တို့လူများ ထိုသို့လုပ်ဆောင်ကြပါသလား။မလုပ်ဆောင်ကြပါ။ ကျွန်ုပ်တို့ ၏လူများသည် ဒီဗွီဂိမ်း၊ မူးယဇ်ဆေးဝါး၊ တို့ဖြင့်သာ ယဇ်မူးနေကြပါသည်။ စာတန်၏လုပ်ငန်း များအားဖြင့်သာ သူတို့သည် မူယဇ်နေကြပါသည်။ အင်္ဂလန်ရှိ ဝယ်စလီ၏တရားဟောချက်ကို နားထောင်သောသူများနှင့် တခြားစီပင်ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏အစိုးရများကိုလည်း သူတို့ ၏အစိုးရများနှင့်နှိုင်းယှဉ်ကြည့်ပါ။ သူတို့၏နိူင်ငံကိုအုပ်ချုပ်သောသူများသည်လည်း ခရစ်ယာန် များမဟုတ်ကြသည့်တိုင် စိတ်ကောင်းရှိသူများဖြစ်ကြပါသည်။ ခရစ်ယာန်ကိုယ်ကျင့်တရား၏ အနည်းအများလွှမ်းမိုးခြင်းခံရသောသူများသာဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏နိူင်ငံကိုမူ မကောင်း သောသူများ ခရစ်ယာန်ကိုယ်ကျင့်တရားစိုးစဉ်းမျှမရှိသည့် သူများအုပ်ချုပ်သောနိူင်ငံဖြစ်ပါ သည်။ ဝယ်စလီ၏အင်္ဂလန်သည် လိင်တူကာမဆက်ဆံခြင်းကို တားမြစ်ထားကြသည်။ ထိုအ ရာကို ပြောနေစရာလိုပါသေးသလား။ သူတို့၏ဘာသာတရားကားအဘယ်နည်း။ သူတို့၏ဘာ သာတရားမှာ နတ်ကိုးကွယ်ခြင်းပင်ဖြစ်ပါသည်။ သင်းအုပ်အများစုမှာ မပြောင်းလဲသူများဖြစ် ကြပါသည်။ သို့သော “ဆုံးဖြတ်ချက်ဝါဒ” ကသူတို့ကို အပြည့်အဝလွှမ်းမိုးထားခြင်းမရှိပါပေ။ ကျွန်ုပ်တို့လူများ၏ ၇၅ %က ပြောင်းလဲကြသည်ဟု ထင်ကြပါသည်။ အပြစ်သားများ၏ဆု တောင်ခြင်းအနည်းငယ်အားဖြင့် သူတို့သည် ပြောင်းလဲခြင်းသို့ရောက်ကြလိမ့်မည်ဟု သူတို့ ထင်မှတ်ကြပါသည်။ အပြစ်သားများက သူတို့သည် ခရစ်ယာန်များမဟုတ်ကြကြောင်းကို သိခဲ့ကြပါသည်။ ကျွန်ုပ်တို့ကဲ့သို့ သူတို့သည် ပြောင်းလဲသည်ဟု ဟန်ဆောင်ခြင်းမပြုကြပါ။ သူတိုသည် ပြောင်းလဲခြင်းအကြောင်းကိုစဉ်းစားကြသောအခါ John Bunyan ကသူ၏စာအုပ် ထဲတွင် ရေးသားသောအရာများကို ပြန်လည် အမှတ်ရကြပါသည်။ “ကျေးဇူးတော်သည် အပြစ် အကြီးဆုံးသောသူကို ချည်နှောင်သည်၊။” ပြောင်းလဲခြင်းနှင့်ပါတ်သက်ပြီး သူတို့၏အယူအဆ မှာ သန့်ရှင်းသူတို့၏ယူဆချက် ဆုတောင့်နှင့် အတူတူပင်ဖြစ်ပါသည်။

ဆက်လက်၍၊ သူတို့သည် ကျမ်းစာအုပ်ကို ပိုင်ဆိုင်ထားကြပါသည်။ King James ကျမ်းစာအုပ်သည် သူတို့၏ တစ်ခုတည်းသောကျမ်းစာအုပ်ဖြစ်ပါသည်။ သူတို့သည် မတူညီ သောဘာသာပြန်ကျမ်းများဖြင့် ရှုပ်ထွေးနေသောသူများမဟုတ်ကြပါ။ သူတို့၏ကျောင်းနှင့် တက္ကသိုလ်များတွင် King James ကျမ်းစာအုပ်ကို တားမြစ်ထားခြင်းမရှိကြပါ။ သူတို့သည် မပြောင်းလဲသောသူများဖြစ်ကြသည့်တိုင် သမ္မကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါတ်တော် ဖြစ်ကြောင်းကို ယုံကြည်လက်ခံကြပါသည်။ ဘုရင်မင်းမြတ် George II (၁၇၂၇-၁၇၆၀ )ကိုယ် တိုင်ကလည်း သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါတ်တော်ဖြစ်ကြောင်းကို ဖော်ပြ ထားပါသည်။ ကျောင်းများတွင် ကျမ်းစာအုပ်ကို တားမြစ်ခြင်းမရှိကြပါ။ ကျမ်းစာအကြောင်းကို လူငယ်တိုင်းက သိရှိကြပါသည်။ ကျွန်ုပ်တို့၏နိူင်ငံကကဲ့သို့မဟုတ်၊ တက္ကသိုလ်များ၊ နေရာတိုင်း တွင် သမ္မာကျမ်းစာကို တားမြစ်ထားခြင်းမရှိပါ။ သမ္မာကျမ်းစာကို တားမြစ်ပိတ်ပင်မည့်အစား သူတို့သည် ဒုတိယမွေးခြင်းမခံသေးသောသူများဖြစ်ကြသော်လည်း အတည်ပြုၾကသည်။ ထောက်ခံကြသည်။ ဆက်လက်၍၊ အမိန့်စာတမ်းထုတ်ပြန်သည့် အစိုးရမရှိပါ။ လူတိုင်းအလုပ် လုပ်ကြပါသည်။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် သွန်သင်ထားသကဲ့သို့ အလုပ်နှင့် ဆိုင်သောကိုယ်ကျင့်တရားကို လိုက်လျှောက်ကြသည်။ ယခုတွင် ကြိုးစားလုပ်ဆောင်ခြင်ကို မကောင်းသောအမှုအရာကဲ့သို့ “သန့်ရှင်းသူတို့၏လုပ်ဆောင်မှုဆိုင်ရာကိုယ်ကျင့်တရား” ဟူ၍ခေါ်ဝေါ်လာကြသည်။ သူတို့အလုပ်မလုပ်လျှင် ငတ်မွတ်ကြမည်။ အားလပ်နေသောသူ များလုံးဝမရှိကြပါ။ သူတို့သည် ဆင်ခြင်အောက်မေ့ရန် အချိန်မရှိကြပါ။ ၎င်းမှာ သူတို့လူတို့၏ အနည်းငယ်သည်သာ နတ်ဆိုးစွဲရခြင်းအကြောင်းတရားပင်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ထောင်ပေါင်းများစွာသောလူတို့သည် ဝိညာဉ်ဆိုး၏လွှမ်းမိုးမှုအောက်တွင် ရှိနေကြပါသည်။

Mr. Blogger သည် ကျွန်ုပ်တို့၏လူများကို နိူးထမှုကြီးမဖြစ်မှီ Whitefield နှင့် ဝယ်စလီအင်္ဂလန်တွင်ရှိသောလူများနှင့် နှိုင်းယှဉ် ထားသည်မှာ မှားယွင်းသော အရာပင်ဖြစ်ပါ သည်။ နောဧခေတ်ကလူများနှင့်စာလျှင် အမေရိကန်ပြည်တွင်ရှိသောသူများသည် သမ္မာတရား နှင့်သာ၍ နီးကပ်ကြပေမည္။ ဤမျိုးဆက်နှင့်ပါတ်သက်ပြီး ခရစ်တော်မိန့်တော်မူချက်သည် မှန် ကန်မှုမရှိပေဘူးလား။ ခရစ်တော်က ဤသို့ဆိုပါသည်။

“သူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်း ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေ ကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။”( မဿဲ ၂၄း ၃၇-၃၉)

ခရစ်တော်က ကျွန်ုပ်တို့၏လူများကို ၁၈ရာစုက အင်္ဂလန်တွင်ရှိသောလူများနှင့် နှိုင်းယှဉ်မ ထားပါ။ ကျွန်ုပ်တို့ခေတ်တွင်ရှိသောလူများကို နောဧခေတ်တွင်ရှိသောလူများနှုင့် ခိုင်းနှိုင်း ထားပါသည်။

“မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော်ပူပင်လျက် ရှိ၏။” (ကမ္ဘာဦး ၆း ၅-၆ )

“ထိုအခါ ဘုရားသခင်သည်၊ နောဧအားမိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့ ၏အဆုံးသည် ငါမျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ်မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီး မည်။” ( ကမ္ဘာဦး ၆း ၁၃ )

ကျွန်ုပ်တို့၏ ဘလောက်ကာသူငယ်ချင်းက “ ဘုရားသခင်သည် ပျက်စီးနေသော အင်္ဂလန်ကို Whitefield နှင့် John Wesley တို့အားဖြင့် နိူးထမှုကြီးကိုဖြစ်ပေါ်စေခဲ့သကဲ့သို့ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏အချိန်ကာလတွင်လည်း ထိုသို့သောသဘောအတိုင်းပြု နိူင်သည်ဟု ကျွန်ုပ်မျှော်လင်မိသည်” ဟုဆိုပါသည်။ ဘုရားသခင်က နောက်တဖန် လုပ်ဆောင် နိူင်သည်ဟုဆိုရာတွင် မှန်ကန်သောအရာကို ဆိုလိုက်ပါသည်။ သို့သော် မေးခွန်းမေးစရာ ရှိပါ သည်။ မေးခွန်းမှာ ဘုရားသခင်သည် နိူးထမှုကို တဖန် စေလွှတ္နိုင်ခြင္းရှိမရွိမဟုတ်ပါ။ အဖြေ မှာ ထင်ရှားကျော်ကြားမှုများမဟုတ်ဟု ကျွန်ုပ်သိရှိရပါသည်။ “ထိုသို့လုံးဝမဟုတ်ပါ။” ကျွန်ုပ်တို့ အသုံးပြုထားသော ကျမ်းပိုဒ်ကဆိုသကဲ့သို့ဖြစ်သည်။

““ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလတို့အမျိုး၌ ရောက် လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။ ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌များစွာသော အသေကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။”( အာမုတ် ၈း ၂-၃ )

အမေရိကန်နှင့်အနောက်တိုင်းသားများအတွက် မျှော်လင့်ချက်လုံးဝမရှိကြဘူးလို့ ကျွန်တော် ထင်မိပါတယ်။ လွန်ခဲ့သောအပတ်က အိုင်အက်အိုင်အက်က အင်တနက်ပေါ်တင်လိုက်တဲ့စ ကားလုံးကိုနားထောင်ပါ။ ပဲရစ်တွင် လူ၁၇ဦးကို သတ်ဖြတ်ပြီး ဤမွတ်စလင်စစ်သွေးကြွများ အမေရိကန်ကို အီးလ်မေးလ်းပို့ကြတယ်။ ထိုအီးမေးလ်နှစ်စောင်က ဤသို့ဆိုထားသည်။

“သင့်အတွက် ငါတို့လာနေတယ်၊ နောက်ကြောင်းပြန်ကြည့်ပါ။”

“ရပ်တန့်မည်မဟုတ်၊ သင့်၊ သင့်မိန်းမ၊ ကလေးအကြောင်းကို လုံး၀ ဥဿုံ ငါတို့သိတယ်။”

သူတို့သည် ဝန်ခံစေလျက် အကြမ်းဖျက်ကြမည်လော။ ထိုအရာမှာ ‘အစ္စလာမ်’၏အဓိပ္ပါယ်ဖြစ် ပါသည်။ “ဝန်ခံခြင်း” ဟု အဓိပ္ပါယ်ရှိပါသည်။ သူတို့ကို ဝန်ခံရမည်လော။ အမေရိကန်နှင့် အနောက်တိုင်းကို သူတို့သိမ်းပိုဒ်မည်လော။ ဘုရားသခင်သာ အားလုံးကို သိမြင်သူပါ။ သို့သော် ကောင်းသောအရာတော့မဟုတ်ပါ။ ထိုအရာမှာ မှန်ကန်မှုရှိပါသည်။ ဘုရားသခင် က ဤသို့ဆိုပါသည်။

“နောက်တဖန် သူတို့ကို သည်းမခံ။” (အာမုတ် ၈း ၂ )

အမေရိကန် သို့မဟုတ် ဥရောပတွင် လူမျိုးနှင့်ဆိုင်သော နိူးထမှုမရှိပါ။ လုံးဝမဖြစ်ပေါ်ပါ။ ထာဝရ နောက်ကျနေပါသည်။ ၂၀ ရာစုထွက် မေရိကန်တရားဟောဆရာကြီး Dr. W. A. Criswell က “ကျွန်ုပ် တို့သည် ဆိုးသွင်းသောသူများဖြစ်ကြ၍၊ ကျွန်ုပ်တို့လူများသည်လည်း မနက်ဖြန်အတွက် ကြောက်လန့် စိုးရိမ်မှုများဖြင့် အသက်ရှင်နေကြသည်။ နည်းလမ်းပေါင်းများစွာတွင် အမေရိကန်သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး လောကဆန်ခြင်းတွင် ပို၍ တိုးတက်လာပေသည်။ နောက်ဆုံးသောနေ့ဟုသာ ကျွန်ုပ်တို့ခံ စားနေရသည်” ဟုဆိုပါသည်။ Dr. Criswell သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ကျော်တွင် ဒါးလပ်စ်ရှိ ပထမနှစ်ခြင်းအသင်းတော် သင်းအုပ်လည်းဖြစ်ပါသည်။ သူသည် ဘီလီဂရေဟမ်၏ သင်းအုပ်လည်း ဖြစ်ပါသည်။ (W. A. Criswell, Ph.D., Great Doctrines of the Bible – Bibliology, Zondervan Publishing House, ၁၉၈၂၊ စာ-၄၃ )

ကျွန်ုပ်တို့သည် နိူင်ငံအနေနှင့်ရော၊ လူမျိုးအနေနှင့်ပါ တရားစီရင်ခြင်းကို ခံနေကြရပါပြီ။ သို့သောကြောင့်သာ အမေရိကန်သည် ကျမ်းစာထဲတွင်ရှိသော ပရောဖက်ပြုချက်မဟုတ်ပါ။ ကျွန်ုပ်တို့ သည်ရှည်ကြာစွာ လူမျိုးကြီးမဖြစ်နိူင်တော့ပေ။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလသမ္မာကျမ်းစာပ ရောဖက်ပြုချက်တွင် ထောက်ခံမှုပြုရန်မဖြစ်နိူင်တော့ပေ။သို့သော် ကျမ်းချက်နှင့်ပါတ်သက်၍ ဒုတိယအ သုံးချမှုတစ်ခုရှိသေးသည်ဟု ကျွန်ုပ်ဆိုပါ၏။

၂။ ဒုတိယအချက်-- ကျမ်းပိုဒ်သည် သေပြစ်ကိုပြုသောသူတိုင်းအတွက်ဖြစ် သည်။

အချိန်မရောက်သေးလျှင်ပင် ဘုရားသခင်သည် သင့်အကြောင်းကိုပြောဆိုသည့် အချိန်တွင် အချိန်ရောက်လာလိမ့်မည်။

“နောက်တဖန် သူတို့ကို သည်းမခံ။” (အာမုတ် ၈း ၂ )

ဘုရားသခင်က သင့်အကြောင်းကို ပြောဆိုသောအချိန်တွင် သင်သည် ထာဝရချုပ်နှောင်ခြင်း ကိုခံရပေမည်။ သင်သည် နှစ်ပေါင်းများစွာ အသက်ရှင်နေပေလိမ့်မည်။ သို့သော် ဘုရားသခင် က “နောက်တဖန် သူတို့ကို သည်းမခံ” ဟုဆိုသောအချိန်တွင် ထာဝရဒုက္ခခံရာနေရာသို့ ရောက်ရှိသွားပေမည်။ မည်သည့်အချိန်တွင်ဖြစ်ပေါ်သနည်း။ သင်သည် ခွင့်မလွှတ်နိူင်သော အပြစ်ကိုပြုမိခဲ့လေပြီ။ တရားဟောဆရာကြီးများစွာက ခွင့်မလွှတ်နိူင်သည့်အပြစ်နှင့်ပါတ် သက်သောအပြစ်အကြောင်းကို ဟောပြောကြလေသည်။ Dr. Martyn Lloyd-Jones က “ဝိညာဉ်တော်ပြစ်မှားခြင်းအကြောင်း” ကိုဟောပြောလေသည်။ (The Sons of God, စာ-၂၃၀) Jonathan Edwards, Asahel Nettleton, Moody, Torrey, George W. Truett, နှင့် ခေတ်ဟောင်းတရားဟောဆရာများက “ခွင့်မလွှတ်နိူင်သည့်အပြစ်အကြောင်း” ကို ဟော ပြောကြပါသည်။ Dr. John R. Rice က အောက်ပါအတိုင်းဆိုထားသည်။

“ခွင့်မလွှတ်နိူင်သောအပြစ်” ရှိသည်။ အကြင်တစ်ဦးဦးသည် ပြုမိလျှင် လုံး၀ ခွင့်မလွှတ်နိူင်သောအပြစ်ရှိပါသည်။ ဤလောကတွင် ခွင့်မလွှတ်နိူင်သကဲ့သို့ လာမည့်ကမ္ဘာတွင်လည်း ခွင့်လွှတ်နိူင်မည်မဟုတ်ပါ။ ခွင့်မလွှတ်နိူင်သည့်အ ပြစ်ရှိသည်။ ခွင့်မလွှတ်နိူင်သောအပြစ်သည် လူတစ်ယောက်အသက်ရှင်စဉ် ကာလအတွင်းတွင် မကောင်းသောအမှုအရာထဲတွင် အသက်ရှင်ခြင်း၊ ဤလောကတွင်အသက်ရှင်သောအချိန်တွင် ဘုရားသခင်၏သနားခြင်းကရု ဏာပလ္လင်ကိုကျော်လွန်သွားခြင်းပင်ဖြစ်ပါသည်။ ခွင့်မလွှတ်နိူင်သောအပြစ်ကို ယခုအချိန်တွင် ပြစ်မှားနိူင်ပါသည်။ ဧဝံဂေလိတရားကိုကြားသောလူတစ်စုံ တစ်ဦးသည် အပြစ်အကြောင်းကို လေးလေးနက်နက်ကြားသိပြီး၊ သူ၏အပြစ် အဖြစ်အလင်းကို သိမြင်ခြင်း၊ ကယ်တင်ရှင်ကိုလိုအပ်ခြင်းတို့တွင် အပြစ်ပြုမိ လျှင် ထိုအမှုအရာသည် ခွင့်မလွှတ်နိူင်သောအပြစ်ဖြစ်သည်။ (Dr. John R. Rice., Crossing the Deadline, Sword of the Lord, ၁၉၅၃၊ စာ-၃-၄)

ဘုရားသခင်က လူမျိုးကိုသည်းမခံနိူင်လျှင်၊ သင့်ကို သည်းခံမည်မဟုတ်။ လူမျိုးက အပြစ်ပြုသည်မှန်လျှင် သင်လည်း အပြစ်ပြုလိမ့်မည်။ ၁ယော ၅း ၁၆က “သေပြစ်ရှိသည်” ဟုဆိုထားပါသည်။ ကာဣနက ထိုအပြစ်ကိုပြုခဲ့သည်။ ဘုရားသခင်က ထာဝရပြစ်ဒဏ်ကို ပေးခဲ့သည်။ နှစ်ပေါင်းများစွာ သူအသက်ရှင်သော်လည်း၊ ကယ်တင်ခြင်းမရနိူင်ပါ။ မောရှေ၏အ ချိန်ကာလတွင် ဖာရောဘုရင်သည် ထိုအပြစ်ကိုပြုသောကြောင့် ဘုရားသခင်က ဒဏ်ပေးထား သည်။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်သော်လည်း ကယ်တင်ခြင်းသို့မရောက်။ ယုဒက ထိုအပြစ်ကိုကျူးလွန်သဖြင့် ဘုရားသခင်ကအပြစ်ပေးသည်။ သူသည် နာရီအနည်းငယ်သာ အသက်ရှင်သည်။ သို့သော် ကယ်တင်ခြင်းရရှိရန် နောင်တရပါသည်။ သန့်ရှင်းသောဝိညာဉ် တော်ငြင်းဆန်ပြီး ခရစ်တော်ကိုလက်ခံကိုးစားခြင်းမရှိလျှင် ဘုရားသခင်အပြစ်စီရင်သောနေ့ ရက်သည် ရောက်ရှိလာပေလိမ့်မည်။ သခင်ဘုရားမိန့်တော်မူသည်ကား ဤသို့ဖြစ်သည်။

“နောက်တဖန် သူတို့ကို သည်းမခံ။” (အာမုတ် ၈း ၂ )

Dr. John R. Rice သီကုံးသည့် ဤသီချင်းစာသားများကို ဂရုတစိုက်နားထောင်ပါ။

သင်သည် ကယ်တင်ရှင်ကို ငြင်းပယ်လျက်ရှိသေးသည်၊
သူ့သတိပေးချက်များသည်းခံထား၊ တောင်းလျှောက်ချက်များ ကြင်နာ
တားမြစ်ထားသောအသီးကိုစားမိ၊ စာတန်စကားကို သင်နားထောင်
သင့်စိတ်နှလုံးခိုင်မာလို့ထား၊ အပြစ်က သင့်နှလုံးသားကို အမှောင်ကျစေ
တရားစီရင်ခြင်းကြုံတွေ့သောခါ ကြင်နာသနားခြင်းမရှိတော့ပါ
သင့်စိတ်ဝိညာဉ်ငိုကြွေးသည့်တိုင် တရစ်ဝဲလည်နေသည်
စိတ်ပျက်ခြင်းများအတိပါတကား၊ သေခြင်းကသင့်အားမျှော်လင့်မဲ့စဉ်ခါ
သင်သည်တရစ်ဝဲလည်နေသည် ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရ။
(“ကြာမြင့်စွာတရစ်ဝဲနေလျှင်၊ Dr. John R. Rice ၁၈၉၅-၁၉၈၀ )

အချိန်ရှိနေစဉ်ခါ သင့်အပြစ်မှနောင်တရပြန်လှည့်လာပြီး ခရစ်တော်ကို ယုံကြည်ကိုး စားရန် ဤနံနက်တောင်းဆိုပါသည်။ ယေရှုကိုယခုယုံကြည်ပါ။ ဣသရေလများကို အပြစ်ပေး သကဲ့သို့အပြစ်မပေးမှီ ပြန်လာပြီး ခရစ်တော်ကို ယုံကြည်ကိုးစားပါ။ အာမုတ်၏ခေတ်ကလတွင် ဘုရားသခင်က အာမဇိကို အပြစ်ပေးခဲ့သည်။ ကာဣန၊ ဖာရောဘုရင်၊ ယုဒ စသည်တို့ကို ပေး သကဲ့သို့ပေးခဲ့သည်။ သင့်ကိုလည်းပေးတော်မူမည္။ ခရစ်တော်ထံပါးသို့လာပါ။ အချိန်မနှောင် ခင်ခရစ်တော်ထံပါးသို့လာပြီး ယုံကြည်ကိုးစားပါ။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဥာဏ်ကိုအမှီ မပြုနှင့်။” ( သုတ္တံ ၃း ၅ )

ယေရှုကို ကိုးစားပါ။ သူ၏အသွေးသည် သင့်အပြစ်ကိုဖုံးအုပ်ပြီး ဆေးကြောပေးမည်။ လက်ဝါး ကပ်တိုင်ပေါ်တွင်သူ၏အသေခံခြင်းသည် သင့်အပြစ်ကို ရန်ငြိမ်းစေပြီး ထာဝရအမျက်တော်ထဲ မှလည်း သင့်ကို ကယ်တင်မူမည်။ သေခြင်းမှ သူ၏ရှင်ပြန်ထမြောက်ခြင်းသည် သင့်အား အသက်နှင့်မျှော်လင့်ချက်ကိုပေးတော်မူမည်။ ယေရှုကို ယခုကိုးစားပါ။ သင်၏အပြစ်ကို ထာဝရ ခွင့်လွှတ်တော်မူမည်။ Dr. Chan ကျေးဇူးပြုပြီးဆုတောင်းပေးပါ။ အာမင်…။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ အာမုတ် ၇း ၁၄-၈း၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။
(“ကြာမြင့်စွာတရစ်ဝဲနေလျှင်၊ Dr. John R. Rice ၁၈၉၅-၁၉၈၀ ရေးစပ်သည်)

အခွပွေုကမျြး

သမ္မာကျမ်းစာပရောဖက်ပြုချက်တွင် အမေရိကန်မရှိသည့်အကြောင်းတရားအကျဉ်း

( တနင်္ဂနွေနေ့တွင်ဟောကြားသည့် “မှန်ကန်စွာအသက်ရှင်ခြင်း” တရားဒေသနာ)
WHY AMERICA IS NOT IN BIBLE PROPHECY
(A SERMON GIVEN ON “RIGHT TO LIFE” SUNDAY)

Dr. R. L. Hymers, Jr.

“ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလတို့အမျိုး၌ ရောက် လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။ ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌များစွာသော အသေကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။”( အာမုတ် ၈း ၂-၃ )

(အာမုတ် ၇း ၁၇ )

၁။ ပထမအချက် - ကျမ်းပိုဒ်က အမေရိကန်နှင့် အနောက်တိုင်းကမ္ဘာအတွက်
အသုံးချသည်။ မဿဲ ၂၄း ၃၇-၃၉၊ ကမ္ဘာဦး ၆း ၅-၆၊ အာမုတ် ၈း ၂-၃

၂။ ဒုတိယအချက်-- ကျမ်းပိုဒ်သည် သေပြစ်ကိုပြုသောသူတိုင်းအတွက်ဖြစ်
သည်။ ၁ယော ၅း ၁၆၊ သုတ္တံ ၃း ၅