Print Sermon

ဤတရားဒေသနာစာရွက်နှင့်ဗွီဒီယိုဖိုင်သည် လတိုင်းလတိုင်းတွင် ကွန်ပြူတာပေါင်း ၁၁၆၀၀၀ ဖြင့် နိူင်ငံပေါင်း ၂၁၅ ကျော်သို့ www.sermonsfortheworld.com တွင် ရောက်သွားလေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြသည်။ ဤတရားဒေသနာစာရွက်ကို လတိုင်း၊ လတိုင်း ဘာသာစကား ၃၄ ခုဖြင့် ထောင်ပေါင်းများစွာသောလူတို့ကို ဝေငှပေးထားသည်။ မွတ်စလင်နှင့် ဟိန္ဒူလူမျိုးများ အပါအဝင် ကမ္ဘာတဝှမ်း၌ ဧဝံဂေလိတရားကို ကျဲဖြန့်နိူင်ရန်အတွက် ကြီးမားသည့်အလုပ်တွင် ကျွန်ုပ်တို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်နိူင်ရန် ဤနေရာတွင် ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိူင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




တစ်ယောက်တည်းနေခြင်းတည်းဟူသောသံကြိုးကိုချိုးဖျက်ခြင်း

BREAKING THE CHAINS OF LONELINESS
(Burmese)

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်၊ သခင်ဘုရား၏နေ့ရက်နံနက်ပိုင်းတွင် လောဒ့်အိမ်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင်ဟောကြားခဲ့သော Dr. R. L. Hymers, Jr. ၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, July 13, 2014

“တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။” ((ဒေသနာ ၄း ၇ )

လောဒ့်အိမ်ဂျယ်လ်ရှိ စိတ်ပညာရှင် Dr. Leonard Zunin ၏အဆိုအရ လူ၏အကြီးမားဆုံးသောပြဿ နာမှာ အထီးကျန်ဆန်မှုဖြစ်သည်။ စိတ်ပညာရှင် Erich Fromm က “လူ၏အနက်ရှိုင်းဆုံးလိုအပ်ချက်မှာ သူ၏သီးခြားနေခြင်းကိုအောင်မြင်ရန်၊ အထီးကျန်ဆန်မှုနှောင်ကြိုးကို ထားရစ်ခဲ့ရန်လိုအပ်ချက်ဖြစ်သည်။” သမ္မာကျမ်းစာက “ ယောက်ျားသည် တယောက်တည်းမနေကောင်း” (ကမ္ဘာဦး ၂း ၁၈ ) ဟုဖော်ပြထားသည်။ အင်္ဂလိပ်ကဗျာဆရာ John Milton က တစ်ယောက်တည်းနေထိုင်အထီးကျန်မှုသည် ဘုရာသခင်က မကောင်း သောအရာဟု ပထမဆုံးရည်ညွှန်းပြောဆိုသောအရာဖြစ်သည်ဟု သတိပေးပြောဆိုခဲ့သည်။

လောဒ့်အိမ်ဂျယ်လ်ကဲ့သို့အထီးကျန်ဆန်သောမြို့ကြီးသည် မည်သည့်နေရာတွင်မျှမရှိပါ။ Herbert Prochnow က “မြို့တော်တစ်ခုသည် လူများအတူတကွစိတ်ပျက်အထီးကျန်ရာကြီးမားသည့်အဖွဲ့အစည်းဖြစ် သည်”ဟုဆိုထားသည်။ အိန္ဒိယနိူင်ငံ၊ ကလကတ္တားရှိ တွင်နေထိုင်သောမိခင် Teresa က “အထီးကျန်ဆန်ခြင်းသည် ကြောက်မက်ဖွယ်ရာဆင်းရဲခြင်း၏အမှတ်လက္ခာအမျိုးအစားဖြစ်သည်” ဟုဆိုထား သည်။ ထိုသို့သောအဆိုပြုချက်သည်မှန်ကန်မှုရှိမည်ဆိုလျှင် အမေရိကန်လူမျိုးများသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးလူသားများဖြစ်ကြပေသည်။ လောဒ့်အိမ်ဂျယ်လ်ရှိများစွာသောလူတို့သည် အထီးကျန်ဆန်နေထိုင် ကြသည်။ သင်ကောမည်သို့နည်း။ သင့်ကိုမည်သူတစ်ဦးတစ်ယောက်မျှဂရုမစိုက်၊ နားလည်မှုမပေး၊ သို့မဟုတ် မသနားဟု ခံစာခဲ့ဘူးပါသလား။

စိတ်ပညာရှင်များဖြစ်ကြသည့် Dr. Zunin နှင့် Dr. Fromm တို့၏အဆိုပြုချက်သည် မှန်ကန်သည်ဟု ကျွန်ုပ်ယုံကြည်မိသည်။ တစ်ယောက်တည်းနေထိုင်အထီးကျန်ဆန်မှုသည် ယနေ့လူသားများတွေ့ကြုံနေကြ သည့် အထူသဖြင့် လောဒ့်အိမ်ဂျယ်လ်ရှိလူများနှင့် တစ်ကမ္ဘာလုံးရှိလူများ၏ အကြီးမားဆုံးသောဘ၀ပြဿနာ ပင်ဖြစ်သည်။ ယနေ့နံနက်တွင် သင်တို့အများစုသည် တစ်ယောက်တည်းနေထိုင်ခြင်း၏ချုပ်နှောင်မှုကိုခံစားနေ ကြသည်။ထို့ကြောင့်ကျွန်ုပ်သည်ယနေ့ဟောကြားမည့်တရားဒေသနာတွင် တစ်ယောက်တည်းအထီးကျန်နေ ထိုင်ခြင်းအကြောင်းကို ဟောကြားလိုပါသည်။

၁။ ပထမအချက်- ကျွန်ုပ်တို့ရိုးရာဓလေ့နှင့်လူမျိုး၏အထီးကျန်ဆန်မှုအကြောင်းကိုစဉ်းစားပါ။

ကျွန်ုပ်တို့သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာကျွန်ုပ်တို့၏တိုးတက်မှုတွင် လွန်ခဲ့သည်မျိုးဆက်ကမျိုးရိုး ထက် ယနေ့ခေတ်လူတို့သည်ပို၍အထီးကျန်ဆန်လွန်းကြသည်။ သိပ္ပံပညာလုပ်ငန်း နှစ်ငါးဆယ်ပြည့်မွေးနေ့ တွင် H. G. Wells က “ ကျွန်ုပ်သည် ငြိမ်သက်ခြင်းကိုရှာမတွေ့ဘဲ အထီးကျန်ဆန်နေသည်” ဟုဆိုထားသည်။ ထိုအသက်ကြီးပြီအထီးကျန်ဆန်သောလူကြီးသည် ဘာသာတရားမရှိသူဖြစ်ပြးီ ခရစ်ယာန်ဘာသာ၏ရန်သူ လည်းဖြစ်သည်။

နည်းပညာမူကား ကျွန်ုပ်တို့အထီးကျန်မှု၏နောက်ကွယ်တွင်သာရှိသည်။ ဥပမာအားဖြင့် ရုပ်မြင်သံကြား တစ်ခုကိုကြည့်ပါ။ Ann Landers က “လူတို့သည် တစ်ဦးကိုတစ်ဦးကြည့်နေခြင်းထက်တစ်စုံတစ်ခုကိုကြည့်နေကြကြောင်းကို ရုပ်မြင်သံကြားက သက်သေပြသည်”ဟုဆိုသည်။ လူတို့သည် ရုပ်မြင်သံကြားကို အချိန်တိုင်းအသုံးပြုထားပြီး အဆုံးပိုင်းတွင် ဗွီဒီယိုဂိမ်းများဖြင့်အချိန်ကုန်ကြသည်။ သူငယ်ချင်းများ သို့မဟုတ် မိသားစုတစ်ခုအနေဖြင့် အတူတကွထို၍စားသောက်ခြင်းများမရှိကြတော့ပေ။ မည်သို့စကားပြောရမည်ကိုလည်း မေ့မတတ်ဖြစ်ရသည်။ ကျွန်ုပ်တို့သည် ဗွီဒီယိုကြည်ခြင်းတွင် အလုပ်ရှုပ်နေကြသည်၊ သို့မဟုတ် အိုင်ပက်တွင် တစ်ယောက်နှင့်တစ်ယောက်စကားပြောနေကြသည်။

လူတို့သည် သူတို့နားထဲသို့နားကြပ်ကိုထည့်ထားကာ ဦးနှောက်ထဲသို့တေးဂီတကိုထည့်သွင်းကြသည်။ သူတို့သည် ကားထဲသို့မိမိကိုယ်ကိုလှောင်ပိတ်ကြသည်။ ကားတစ်စီးတွင် လူတစ်ဦးသာရှိကြသည်။ ထိုနောက် ကွန်ပျူတာကိုဖွင့်ကြသည်။

တီဗွီ၊ ကွန်ပျူတာများ၊ ကားများ၊ ကစ်ဆက်များအားလုံးသည် နည်းပညာများသာဖြစ်ကြပြီး ၎င်းတို့သည် ကျွန်ုပ်တို့အားစိတ်ရွှင်လန်းစေခြင်းမရှိပါ။ ကျွန်ုပ်တို့ကို ပို၍သာအထီးကျန်စေပါသည်။ Albert Einstein က “ကျွန်ုပ်တို့၏နည်းပညာများသည် ကျွန်ုပ်တို့၏လူသားဘဝကိုအောင်မြင်စေသည်မှာ အံ့ဘွယ်ထင်ရှားလျက်ရှိ သည်” ဟုဆိုထားသည်။ ဗွီဒီယိုဂိမ်းများသည် ယနေ့လူငယ်မြောက်များစွာတို့အတွက် ဆိုးရွားသောအထီးကျန်မှု ပုံစံကို ဖန်တီးပေးထားသည်။

သမ္မာကျမ်းစာဖော်ပြထားသည်မှာ “တစ်ယောက်တည်းသောသူလဲလျှင်မူကား၊ အကျိုးနည်းပြီ၊ ထူသော သူမရှိ” (ဒေသနာ ၄း ၁၀ )ဟူ၍ဖြစ်သည်။ ၎င်းသည် များစွာသောလူငယ်လူရွယ်များမူယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်ရခြင်း၏အဓိကအကြောင်းတရားဖြစ်ပေမည်။ သူတို့သည် အထီးကျန်နေကြသည်။ အခြားသူများသည် မိသားစုတွင်ရှာမတွေ့သည့်ပေါင်းစည်းမှုကိုတွေ့ရှိရာနေရာအဖွဲ့အစသည်းသိုဝင်ကြသည်။ အချို့တို့မှာ သူတို့၏ အထီးကျန်ဆန်မှုများကိုဖြေသိမ့်ရန် သောကြာနှင့် စနေညများတွင် အပြင်ထွက်၍ ပါတီပွဲကျင်းပကြသည်။ မည်သို့သို့ပင်ဖြစ်စေအကျိုးမရှိပေ။ အဖွဲ့အစည်းလည်းအတူတကွရှိမနေပေ။ ပါတီပွဲပြီး၍အိမ်ပြန်ရောက်လည် အထီးကျန်မြဲအထီကျန်ပြန်သည်။

တကိုယ်ကောင်းဆန်မှုများသည် ခိုင်မြဲသောပေါင်းသင်းဆက်ဆံခြင်းတည်ဆောက်မှုမှ လူတို့ကိုတား ဆီးပိတ်ပင်ထားသည်။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သော သူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိူင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာန နှင့်ယဇ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊….” (၂တိ ၃း၁-၄)

ထိုကျမ်းပိုဒ်သည် ကျွန်ုပ်တို့၏အထီးကျန်အချိန်ကာလနှင့်သက်ဆိုင်သောပရောဖက်ပြုချက်ကိုပေးထားခြင်းဖြစ် ပြီး များစွာသောသူများသည် အထီးကျန်ဆန်နေရသည့်အကြောင်းကိုလည်းရှင်းလင်းပေးထားသည်။

“မိမိကိုယ်ကိုချစ်သောသူများ”ဖြစ်ကြသည်။ မိမိကိုယ်ကိုသာချစ်သောမေတ္တာသာရှိခဲ့လျှင် အခြားသူများ ကိုနှင့်ရင်းနှီးကျွမ်းဝင်လို့ရမည်မဟုတ်ပေ။ “ဘုရားသခင်ကိုချစ်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက် သောသူများ” ဖြစ်သည်။ ရင်ဆိုင်လိုက်ပါ။ များစွာသောသူတို့သည် ဘုရားသခင်ကိုမချစ်မနှစ်သက်ပဲ မိမိကိုယ်ကိုသာတစ်ကိုယ်ကောင်းဆန်ဆန်ချစ်ကြသည်။ သင်သည် ထိုသို့သောသူဖြစ်သလော။ သင်သည် တစ် ကိုယ်ကောင်းဆန်သောသူဖြစ်သလော။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် အပြစ်၏လမ်းကြောင်းပင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကိုမချစ်ဘဲ မိမိကိုယ်ကိုသာချစ်ပေသည်။ မိမိကိုယ်ကိုချစ်သောအချစ်တွင် ဘုရားသခင် ကိုဆန့်ကျင်ပေသည်။ သင်သည် သင့်အတွေးနယ်ပယ်ထဲမှ ခရစ်တော်ကိုပထုတ်လိုက်ခြင်းပင်ဖြစ်သည်။ သို့သောကြောင့် အကျိုးဆက်တစ်ခုအနေဖြင့် အထီးကျန်ဆန်သောသဘောအားဖြင့် သင်သည် ကျိန်ခြင်းကိုခံရ သည်။ သင်သည် ဘုရားသခင်၏မေတ္တာကို မခံစားကြရပေ။ လောက၌ခိုင်မြဲခြင်းမရှိသောမိတ်ဆွေများမရှိဘဲ အသက်ရှင်ရလိမ့်မယ်။ သမ္မာကျမ်းစာက “ အပေါင်းအသင်းများသောသူသည် အကျိုးနည်းရှိတတ်၏”။ (သုတ္တံ ၁၈း ၂၄ ) သင်သည်ဖော်ရွေသောသူမဟုတ်ခဲ့လျှင် စစ်မှန်သောသူငယ်ချင်းရရှိမည်မဟုတ်ပေ။ ယင်းမှာ ကျွန်ုပ်တို့၏ခေတ်ကာလတွင်ပျောက်ဆုံးပြီး အထီးကျန်သူများနှင့် ဘုရားမဲ့သူများ၏ ဝမ်းနည်းဖွယ်အခြေအနေ ပင်ဖြစ်သည်။

ထိုအရာမှာ ဝက်ပြုကိုးကွယ်ခြင်းအချိန်ကာလတွင် အလုပ်လုပ်ဆောင်ခြင်းမပြုရန် သင်အလုပ်လုပ် သည့်အချိန်ကာလကိုစီစဉ်ရန်လိုအပ်သည့်အကြောင်းတရားဖြစ်သည်။ သင်သည် ဘုရားသခင်ကိုလိုအပ်ပေ သည်။ သင်သည် တနင်္ဂနွေနေ့တွင်အလုပ်လုပ်ပြီးငွေများစွာရသည်ထက် ဘုရားကျောင်းတက်၍မိတ်ဆွေ ကောင်းများစွာကိုရှာဖွေရမည်။

ခရစ်တော်နှင့်ဒေသန္တာရအသင်းတော်မှအပ သင်၏အထီးကျန်မှုကိုကုသပေးနိူင်သူမရှိပါ။ ခရစ်တော်ထံ လက်မြှောက်အရှုံးခံပြီး သူ၏အသွေးတော်အားဖြင့်သင်၏အပြစ်များကိုဆေးကြောရပါမည်။ ထို့နောက် သင်သည် ဤဒေသန္တရအသင်းတော်သို့လာပြီး ခိုင်မြဲသောမိတ်ဆွေများကိုရှာဖွေပါ။ အဘယ်ကြောင့်အထီးကျန် နေရပါသနည်း။ အသင်းတော်မှတဆင့် အိမ်သို့ပြန်လာပါ။

ကနဦးအသင်းတော်နှင့်ပါတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“ထိုသူတို့သည်လည်း ဗိမာန်တော်၌နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌မုန့်ကိုဖဲ့လျက်ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအဟာရကို သုံးဆောင်ကြ၏။ ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့် လန်းခြင်းအခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မ ပြတ်သခင်ဘုရားသည် သင်ဝင်စေတော်မူ၏။” ( တမန်တော် ၂း ၄၆- ၄၇ )

အသင်းတော်၌ရှိနေခြင်းသည် “ဝမ်းမြောက်သောနှလုံးဖြင့်ပြည့်၀ခြင်း” ရှိပြီး အထီးကျန်ခြင်းမှ ကွယ်ကာ ပေးသည်။ သူတို့သည် အသင်းတော်တွင်နေ့တိုင်းရှိနေရန်တံခါးဖွင့်ထားသည်။ သူတို့ကို ပုံဥပမာယူပါ။ နောက်တစ်ပတ်တနင်္ဂနွေတွင် ဘုရားကျောင်းသို့ပြန်လာခဲ့ပါ။ ကျွန်ုပ်တို့အသင်းတော်၏ပြည့်ဝစုံလင်သောမိဿ ဟာရသို့ပြန်လည်ပါဝင်ပါ။ ၎င်းသည် သင်၏အထီးကျန်ဆန်လွန်းမှုကိုကုသပေးမည်။ ခရစ်တော်သည် အထီးကျန်ချုပ်နှောင်နေမှုကိုချိုးဖျက်ပေမည်။ ဤအသင်းတော်သို့လာပြီး သင်၏နှလုံးသားကို ခရစ်တော်ထံပုံ အပ်ပါ။

၂။ ဒုတိယအချက်- သေခြင်းဆိုင်ရာအထီးကျန်မှုအကြောင်းကိုဆင်ခြင်ပါ။

သမ္မာကျမ်းစာက ယာကုပ်၏စကားကို ကျွန်ုပ်တို့အားသွန်သင်သည်။

“သင်တို့နှင့်အတူငါ့သားမသွားရ။ သူ၏အစ်ကိုသေပြီ။ သူသည် တစ်ယောက်တည်း ကျန်ရစ်၏။” (ကမ္ဘာဦး ၄၂း ၃၈ )

တစ်နေ့တွင် သင်၏ဆွေမျိုးများသေဆုံးပြီး သင်သည်ကျန်ရစ်ရပေမည်။

သေခြင်းသည် ကြောက်မက်ဖွယ်သောအရာဖြစ်ပြီး သင်အပါအဝင် လူတိုင်းကို ရိုက်ချိုးသည်။ ထို့ပြင် သေခြင်းသည် သင့်အား ချန်ထားခဲ့ပြီး အထီးကျန်စေလိမ့်မည်။ သင်သည် သင်ပြောဆိုသောနေရာသို့ တစ်နေ့တွင် အမှန်တကယ်ရောက်လာပေမည်။

“အကျွန်ပ်သည် အိမ်မိုးပေါ်မှာတကောင်တည်းနေရသောငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရ ပါ၏။” ( ဆာလံ ၁၀၂း ၇ )

ပြန်စရာနေရာမရှိဘဲ အိမ်ခေါင်မိုးပေါ်တွင်တကောင်တည်းအထီးကျန်နေသော ငှက်ကလေးတစ်ကောင်ကဲ့သို့ သင်ခံစားနိူင်ပေသည်။

ထောင်ထဲတွင်ချုပ်နှောင်ခံနေရသောပေတရုကို လွှတ်ပေးရန် ဘုရားသခင်သည် ကောင်းကင်တမန်တ ပါးကိုစေလွှတ်တော်မူခဲ့သည်။ ကောင်းကင်တမန်က “ အလျင်အမြန်ထလောဟုဆိုလျက်ထစေ၏။သံကြိုးသည် လည်း ပေတရုလက်မှကျွတ်လေ၏” (တမန်တော် ၁၂း ရ ) ဟုဆိုလေသည်။ ၎င်းမှာ ခရစ်တော်ထံပါးသို့ သင်ရောက်ရှိလာသောအချိန်တွင် ဖြစ်ပျက်လာမည့်အရာဖြစ်ပေသည်။ သေခြင်း၏ချုပ်နှောင်ရာသံကြိုးသည် ကျွတ်သဖြင့် သင်သည် လွတ်မြောက်ခြင်းကိုရရှိပေလိမ့်မည်။ ခရစ်တော်ကြွလာတော်မူပါ။

“ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှငါတို့ကိုရွေးနှုတ်ခြင်းငှါ၎င်း၊ကောင်း သောအကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထုက်တော်မူသောအမျိုးကို မိမိအဘို့စင် ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူပြီ။ဤတရားစကားကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသောအာဏာနှင့်တကွ ပြုလော့။အဘယ်သူမျှ သင်ကိုမထီမဲ့မြင်မပြုစေနှင့်။” ( ဟေဗြဲ ၂း ၁၄-၁၅ )

ချားလ်ဝယ်စလီက ဤသို့တေးသီချင်းရေးသားသည်။

သံကြိုးများကျွတ်ပြီ၊ ကျွန်ုပ်နှလုံးလွတ်မြောက်ပြီ
ထမြောက်ချီတက်။ နောက်တော်သို့လိုက်မည်၊
အံ့ဘွယ်မေတ္တာ အဘယ်မျှပင်
ကျွန်ုပ်သခင် ကျွန်ုပ်ကိုယ်စားသေခံ
(ချားလ်ဝယ်စလီ ၁၇၀၇-၁၇၈၈ ရေးသားသည် “ And Can It Be ?” )

သေခြင်းနှင့်ဆိုင်သောအထီးကျန်ဆန်မှုသံကြိုးသည် ခရစ်တော်ကို ယုံကြည်ကိုးစားသောအချိန်တွင် ကျွတ် ထွက်သွားပေမည်။

၃။ တတိယအချက်- ငရဲနှင့်ဆိုင်သောအထီးကျန်မှုအကြောင်းကိုဆင်ခြင်ပါ။

ခရစ်ယာန်မဟုတ်သော စည်းစိမ်ကြွယ်၀သောဘူငယ်အကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဖော် ပြထားသည်။ သူသည် သေသောအခါ ငရဲသို့သွားရသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပေသည်။

“မရဏာနိူင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ရင်ခွင်၌လာဇရုကို၎င်း အဝေးကမြင်လျှင်၊ အိုအဘ အာဗြဟံ၊ အကျွန်ုပ် ကိုကယ်မသနားတော်မူပါ။အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်လျှာကိုအေးစေခြင်းငှါသူ့ကိုအ ကျွန်ုပ်ရှိရာသို့ စေလွှတ်တောမူပါဟု ဟစ်ကြော်လေ၏။” (လုကာ ၁၆း ၂၃-၂၄ )

သူသည်ငရဲထဲတွင် သူ၏နှုတ်ခမ်းကိုအေးမြစေမည့်ရေတစ်စက်ကိုလိုလားတောင့်တရင်း ဖိနှိပ် ခံစားနေရသည်။ သို့ရာတွင် သူသည် ငရဲထဲ၌တစ်ယောက်တည်းအထီးကျန်နေသည်။ သူ့အားကူညီမည့်သူမရှိ တော့ပေ။ တစ်ဦးတစ်ယောက်က သူ့အတွက်ရေတစ်စက်ဆောင်ယူလာပေးရန် အော်ဟစ်တောင်းခံနေသည်။

ဤလူကြီး၏ညည်းညူသံက ငရဲ၏အထီးကျန်ဆန်မှုကိုပြသသည်။ သင်သည်လည်း ငရဲသို့ရောက်မည် ဆိုလျှင် အရင်က ဆွေမျိုးများ၏ခံစားရသောဝေဒနာကိုမိတ်ဆွေများကူညီနိူင်သကဲ့သို့ သင့်မိတ်ဆွေအပေါင်းအ ပေါင်းအသင်းများက သင့်ကိုကူညီနိူင်မည်မဟုတ်ပေ။ သူတို့သည် သင့်ထံမှ မှောင်မိုက်ပြီးမီးလောင်ရာငရဲသို့ ခွါသွားကြပေမည်။ အထီးကျန်မှုများဖြင့် ထာဝရဒုက္ခပေါင်းများစွာကိုခံရသည့် ထိုသူကဲ့သို့ သင်သည်လည်းအ ထီးကျန်နေပေမည်။

ယေရှုခရစ်တပါးတည်းသာ သင်ကိုချုပ်နှောင်သည့် ငရဲသံကြိူးကို ဖျက်ဆီးနိူင်သည်။ သင်အသက်ရှင် နေသည့် ယခုအချိန်တွင် သူလုပ်ဆောင်နိူင်သည်။ သင်သေသည်အထိစောင့်နေမည်ဆိုလျှင် ထာဝရနောက်ကျ သွားပေလိမ့်မည်။ ခရစ်တော်ထံပါးသို့ယခုတိုးဝင်ချဉ်းကပ်ပါ။ သို့ဆိုလျှင် သီချင်းဆိုရပေမည်။

ကိုယ်တော်၊ ခံရသောဒုက္ခဝေဒနာအားဖြင့်
သေမင်း၏နှောင်ကြိုးမှာ ကိုယ်တော့်ကျွန်လွတ်မြောက်
သို့သောကြောင့် ကျွန်ုပ်အသက်ရှင်ကာချီးမွမ်းသီချင်းဆို။ ဟာလေလုယ
( Francis Pott ၁၈၃၂-၁၉၀၉ ဘာသာပြန်သည့် “The Strife Is O”er” )

သေခြင်းသည် ၎င်း၏သားကောင်ကို မထိမ်းချုပ်နိူင် ယေရှုကယ်တင်ရှင်
သူသည်အရာအားလုံးကိုချိုးဖဲ့ထား၊ ယေရှုသခင်ဘုရား
(Robert Lowry ၁၈၂၆-၁၈၉၉ ရေးသားသည့် “ခရစ်တော်ထမြောက်ပြီ” )

ငရဲနှင့်ဆိုင်သောအထီးကျန်ခြင်းသံကြိုးသည် ခရစ်တော်ထံပါးသို့အမှန်တကယ်ရောက်ရှိလာလျှင်မူကား ထာဝရ ပျောက်ကွယ်ကျိုးပျက်သွားပေမည်။ ခရစ်တော်ထံပါးသို့ချဉ်းကပ်ပါ။ အပြစ်တရားမှရုန်းထွက်ပါ။ အသင်းတော်သို့ တက်ရောက်လာပါ။ ငရဲတွင်ကြုံတွေ့ရမည့်အထီးကျန်ခြင်းသံကြိုးသည် ဘုရားသခင်၏သားတော်သခင်ယေရှု ခရစ်အားဖြင့် ကျိုးပျက်သွားပေမည်။

၄။ စတုတ္ထအချက်- ခရစ်တော်၏အထီးကျန်ခြင်းအကြောင်းကို ဆင်ခြင်ကြည့်ပါ။

ခရစ်တော်သည် ဤလောကတွင်အမှုတော်လုပ်ဆောင်စဉ် အထီးကျန်ဆန်ခြင်းကိုမကြာခဏကြုံတွေ့ခဲ့ သည်။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“စည်းဝေးသောသူကို လွှတ်ပြီးမှဆုတောင်းပဌနာပြုအံ့သောငှါတော်ပေါ်၌ ဆိကွယ် ရာအရပ်တို့တက်ကြွသဖြင့် ၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်းရှိနေ တော်မူ၏။” (မဿဲ ၁၄း ၂၃ )

လူအများကြီးက ခရစ်တော်၏နောက်တော်သို့လိုက်ကြသည်။ သို့သော် သူသည် ဘရားသခင်တစ်ယောက် တည်းနေပြီး လူအုပ်ကြီးမှဝေးကွာရန် ထွက်သွားခဲ့သည်။ သူမကြာခဏပြောခဲ့သောစကားမှာ “ခမည်းတော် သည်စွန့်ပစ်တော်မမူ” (ယော ၈း ၂၉ )ဖြစ်သည်။ လောက၌ သာသနာလုပ်ဆောင်နေသည့်အချိန်တွင် ဘုရားသခင်သည် ခရစ်တော်နှင့်အမြဲတမ်းနီးကပ်လျက်ရှိသည်။ သို့သော သူတို့သည် ခရစ်တော်ကိုဆောင်ယူ ရိုက်နှက်ပြီး ဦးခေါင်းတွင်လည်းဆူခက်သရဖူကိုဆောင်းစေကြသည်။ ထိုအပြင် ဟားတိုက်ပြက်ရယ်ပြုကြသည်။ တောင်ပေါ်သို့ခေါ်ဆောင်ကာ လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်နှက်သတ်ကြသည်။ ခရစ်တော်သည် သေခါ နီးအချိန်ဖြစ်၍ ဘုရားသခင်းသည် ချစ်သောသားကို စွန့်ပစ်တော်မူခဲ့သည်။ ထို့ကြောင့် ခရစ်တော်သည် ဤသို့ အော်ဟစ်ခဲ့သည်။

“အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊အဘယ့်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း။” (မဿဲ ၂၇း ၄၆ )

ဤကြောက်မက်ဖွယ်ရာအချိန်တွင် ဘုရားသခင်၏သားတော် ယေရှုခရစ်သည် လက်ဝါး၌ စွန့်ပစ်ခြင်းကို ခံရသည်။ သူသည် တစ်ယောက်တည်းအထီးကျန်နေသည်။ ဘုရားသခင်သည်လည်း သားတော်ထံမှထွက်ခွါ သွားခဲ့သည်။ ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကို သူအပေါ်တွင်တင်တော်မူလျက် လက်ဝါးကပ်တိုင်ပေါ် တွင် အထီးကျန်ဆန်ဒုက္ခခံစားနေရသည်။ လူသာသည် အကြီးများဆုံးသောသီအိုလော်ဂျီပညာရှင်ဖြစ်သော် လည်း ဤအကြောင်းအရာကို ပြည့်ပြည့်၀ဝနားလည်သဘောပေါက်နိူင်ခြင်းမရှိပေကြောင်းဆိုခဲ့သည်။ သို့တည်း မဟုတ် လူ့ဥာဏ်ပညာအားဖြင့် ရှင်းပြမရနိူင်ကြောင်းဆိုထားသည်။ ဘုရားသခင်သည် အပြစ်ကို ရွံ့မုန်းသည်ဖြစ်၍ ခရစ်တော်သစ်တိုင်ပေါ်တွင် ကျွန်ုပ်အပြစ်ကို သယ် ဆောင်နေသောအချိန်တွင် ဘုရားသခင်သည် ခရစ်တော်ထံမှထွက်ခွါခဲ့သည်။ ( ၂ ပေ ၂း ၂၄ ) ထို့ကြောင့် ခရစ်တော်သည် လူသားဘဝကို ပျောက်ဆုံးပြီး အထီးကျန်သောအခြေအနေတွင် ချုပ်နှေင်ထားသောအပြစ်သံ ကြိုးကို ချိုးဖျက်နိူင်သူဖြစ်သည်။ ခရစ်တော်သာလျှင် သင့်အား အပြစ်ဒဏ်မှကယ်တင်နိူင်သူဖြစ်သည်။ အကြောင်းမှာ သူသည် သင်၏အပြစ်ကို လက်ဝါးကပ်တိုင်တွင်သယ်ဆောင်ခဲ့သည်။

မှောင်မိုက်သောဂေသရှေမာန်ဥယျာဉ်တွင် ဆုတောင်းသူယေရှုတပါးသာ
သူသည်ခါးသက်သောခွက်ကိုသောပြီး ကျွန်ုပ်အတွက်ဒုက္ခခံ
ထိုထိုအရာအားလုံးကို တစ်ယောက်တည်းသယ်ဆောင်
မိမိလူတို့အတွက် မိမိကိုယ်ကိုပေးဆပ်ခဲ့သည်၊
သူသည် တစ်ယောက်တည်း ဒုက္ခခံ၊ သွေးသွန်း၊ အသေခံခဲ့သည်။
(Ben H. Price-၁၉၁၄ ရေးသားသည့် “ တစ်ယောက်တည်း” )

ခရစ်တော်သည် အပြစ်တရားက လူ၏စိတ်ဝိညာဉ်ထဲသို့ဆောင်ယူလာသောအထီးကျန်မှုမှ သင့်ကို ကယ်တင်ရန် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သည်။ သင်၏အပြစ်ကြွေးကိုပေးဆပ်ရန် သင်၏ကိုယ်စား အသေခံတော်မူခဲ့သည်။ ခရစ်တော်သည် အပြစ်ကြိုးကိုဖြေလျော့ပေးသည်။ အကြောင်းမှာ သင့်ကိုယ်စားအ သေခံပေးခဲ့သည်။ သင်သည် ခရစ်တော်ထံပါးသို့စိတ်နှလုံးအပြည့်ဖြင့်ပြန်လှည်မည်ဆိုလျှင် အပြစ်တရားမှ သင့်ကိုလွတ်မြောက်စေလိမ့်မည်။

၅။ ပဥ္စမအချက်- တစ်ယောက်တည်းပြောင်းလဲခြင်းအကြောင်းကိုဆင်ခြင်ပါ။

သင်သည် ကျွန်ုပ်အားဖြင့် ခရစ်တော်ထံမပြောင်းလဲနိူင်ပါ။ ကျွန်ုပ်သည် “ခရီးသွား၏တိုးပွါးမှု” ကဲ့သို့ ခရစ်တော်ထံသို့ရောက်ရှိနိူင်ရန် မှန်ကန်သောလမ်းကိုပြသော အသုံးတော်ခံတည်းဟူသော တရားဟောဆရာ တစ်ဦးသာဖြစ်သည်။ သို့သော် မိမိကိုယ်တိုင် ခရစ်တော်ကိုရှာဖွေတွေ့ရှိရမည်။ သင်တစ်ဦးတည်း ခရစ်တော်ထံ သို့သွားရမည်။ ကျွန်ုပ်တို့သည် ယောသပ်၏ ကယ်တင်ခြင်းအတွေ့အကြုံတွင် တစ်ဦးတည်းပြောင်းလဲခြင်းအ ကြောင်းပြည့်စုံသော သာဓကကိုတွေ့ရှိရသည်။

“ယာကုပ်သည်တယောက်တည်းနေရစ်၍၊ လူတဦးသည်မိုးလင်းသည်တိုင်အောင် သူ နှင့်လုံးထွေးလေ၏။” (ကမ္ဘာဦး ၃၂း ၄၆ )

ထိုညတွင် ယာကုပ်နှင့်နပန်းလုံးသောသူမှာ လူဇာတိမခံယူသေးသည့် ခရစ်တော်ပင်ဖြစ်ပြီး ယာကုပ်တစ် ယောက်တည်းနေသည့်မှောင်မိုက်အချိန်တွင် ယာကုပ်ထံသို့ကြွလာခဲ့သည်။

ယာကုပ်သည် သင်တို့ကဲ့သို့ပင် ခရစ်တော်ကို ကိုယ်တိုင်ကိုကျမသိသေးပေ။ ထိုတစ်ယောက်တည်းနေ ထိုင်သည့်အချိန်တွင် ယာကုပ်သည် ခရစ်တော်နှင့် တစ်ညလုံးနပန်းလုံးခဲ့သည်။ သင်သည်လည်း ခရစ်တော်ထံ သို့ ရှိသမျှအတိုင်းသွားရမည်။ ငါသည် သင့်ကိုမပြောင်းလဲစေနိူင်ကြောင်းသင်သိပါတယ်။ စစ်မှန်သောခရစ်ယာန် ဖြစ်အောင်လည်းမလုပ်နိူင်ပါ။ ထိုအရာမှာ သင်နှင့်ခရစ်တော်ကြားတွင်သာရှိနေသည်။

“ယာကုပ်သည်တယောက်တည်းနေရစ်၍၊ လူတဦးသည်မိုးလင်းသည်တိုင်အောင် သူ နှင့်လုံးထွေးလေ၏။” (ကမ္ဘာဦး ၃၂း ၄၆ )

ခရစ်တော်သည် သင်၏အပြစ်ကြွေးကိုပေးဆပ်ရန်လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်။ သို့သော် ခရစ်တော်ကို “လက်ခံ” ရမည်။ ခရစ်တော်ထံဆက်ကပ်ရမည်။ ဝါကြွားပြီးပုန်ကန်သောသင့်နှလုံးသားကို အလိုမ လိုက်သင့်ပေ။ အကူအညီမဲ့အပြစ်သားတစ်ယောက်ကဲ့သို့ ခရစ်တော်၏ခြေတော်ရင်း၌ ပြပ်ဝပ်ရမည်။ သူ့ထံချဉ်း ကပ်ပြီး အကြွင်းမဲ့ယုံကြည်ကိုးစားရပါမည်။ သူသည် သင့်နှလုံးသားကိုပြောင်းလဲစေပေမည်။ အပြစ်နှောင်ကြိုး ကိုဖြေပေးလိမ့်မည်။ သူ၏အသွေးတော်ဖြင့် သင်၏အပြစ်ကိုဆေးကြောပေးလိမ့်မည်။

သင်သည် ခရစ်တော်ထံလက်မြှောက်ပြီးစစ်မှန်သောခရစ်ယာန်ဖြစ်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့နှင့်ဆွေး နွေးလိုသော် သင်ထိုင်သောခုံကိုထားခဲ့ပြီး အခန်း၏နောက်ဘက်သို့ ယခုလာပါ။ Dr. Cagan က ကျွန်ုပ်တို့ဆွေး နွေးနိူင်သောနေရာသို့ခေါ်ဆောင်သွားပေမည်။ ဤနံနက်တွင် တစ်ဦးတစ်ယောက်သည် ခရစ်တော်ကို ယုံကြည် လက်ခံလာစေရန်အတွက် Dr. Chan က ဆုတောင်းပေးပါ။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီသမ္မာကျမ်းစာဖတ်ခြင်းကို Mr. Abel Prudhomme က ဆောင်ရွက်သည်။ ဒေသနာ ၄း ၈- ၁၂
တရာဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က “ထောင်ပေါင်းများစွာသောကောင်းကင်တမန်များ” တေးသီချင်းဖြင့်ချီးမွမ်းသည်။ (တေးရေး- Ray Overholt -၁၉၅၉ )

အခွပွေုကမျြး

တစ်ယောက်တည်းနေခြင်းတည်းဟူသောသံကြိုးကိုချိုးဖျက်ခြင်းအကျဉ်းချုပ်

“တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။” (ဒေသနာ ၄း ၇ )

ကမ္ဘာဦးကျမ်း ၂း ၁၈

၁။ ပထမအချက်- ကျွန်ုပ်တို့ရိုးရာဓလေ့နှင့်လူမျိုး၏အထီးကျန်ဆန်မှုအကြောင်းကိုစဉ်းစားပါ။ ဒေသနာ ၄း ၁၀၊ ၂တိ ၃း၁-၄၊ သုတ္တံ ၁၈း ၂၄၊ တမန် ၂း ၄၆-၄၇

၂။ ဒုတိယအချက်- သေခြင်းဆိုင်ရာအထီးကျန်မှုအကြောင်းကိုဆင်ခြင်ပါ။ ကမ္ဘာဦး ၄၂း ၃၈၊ ဆာလံ ၁၀၂း ၇၊ တမန် ၁၂း ၇၊ ဟေဗြဲ ၂း ၁၄-၁၅ )

၃။ တတိယအချက်-ငရဲနှင့်ဆိုင်သောအထီးကျန်မှုအကြောင်းကိုဆင်ခြင်ပါ။ လုကာ၁၆း၂၃-၂၄

၄။ စတုတ္ထအချက်- ခရစ်တော်၏အထီးကျန်ခြင်းအကြောင်းကို ဆင်ခြင်ကြည့်ပါ။ မဿဲ ၁၄း ၂၃၊ ယောဟန် ၈း ၂၉၊ မဿဲ ၂၇း ၄၆၊ ၁ပေ ၂း ၂၄

၅။ ပဥ္စမအချက်- တစ်ယောက်တည်းပြောင်းလဲခြင်းအကြောင်းကိုဆင်ခြင်ပါ။ ကမ္ဘာဦး ၃၂း ၂၄