Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကောင်းကင်နှင့်ငရဲ

HEAVEN AND HELL
(Burmese)

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ( ၃ ) ရက်၊ ကြာသပတေးနေ့ညနေပိုင်းတွင် လောဒ့်အိမ်ဂျယ်လ်ရှိ
Baptist Tabernacle အသင်းတော်တွင်ဟောကြားခဲ့သော
Dr. R. L. Hymers, Jr. ၏တရားဒေသနာဖြစ်သည်။
A Sermon Preached at the Baptist Tabernacle of Los Angeles
Thursday Evening, July 3, 2014

“ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အဗြဟံ၊ဣဇာက်၊ ယာကုပ်တို့နှင့်တကွလျောင်းရကြလတံ့၊ နိူင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင် မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟုနောက်တော်သို့လိုက်သောသူတို့အားမိန့်တော် မူပြီးမှာ၊...” (မဿဲ ၈း ၁၁-၁၂ )

ဤကျမ်းပိုဒ်တွင်အပိုင်းနှစ်ပိုင်းပါဝင်ပေသည်။ပထမတစ်ပိုင်းမှာအံ့ဩဘွယ်ရာဖြစ်ပြီးဒုတိယအပိုင်းမှာ ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။သို့စေကာမူ၊ထိုအချက်နှစ်ခုသည်မှန်ကန်သည်ဖြစ်၍ ထိုနှစ်ခုအကြောင်းအရာ ကိုယနေ့ညတွင် ကျွန်ုပ်ဟောရပေမည်။

၁။ ပထမအချက်-ကောင်းကင်ဘုံနှင့်ဆိုင်သောကတိတော်

“လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အဗြဟံ၊ဣဇာက်၊ယာကုပ်တို့နှင့်တကွလျောင်းရကြလတံ့၊”(မဿဲ ၈း ၁၁ )

Mr. Olivacce က သောကြာနေ့က ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြသောအံ့ဩဘွယ်ရာဗွီဒီယိုကိုဖန်တီးထား သည်။ သူသည် ထပ်၍ထည့်သွင်းထားသည်ဖြစ်၍ ကျွန်ုပ်တို့ဝပ်ဆိုက်၏ရှေ့မျက်နှာတွင်သင်တို့ကြည့်ရှုနိုင်ပေ သည်။ အဆောက်အဦးနှင့်စပ်လျဉ်း၍ ပေါင်ထားလိုသောဆန္ဒဖြင့် ဗွီဒီယိုခွေကသူတို့ကို မည်သို့ကောင်းကြီးခံစား စေသည်ဟူသောအီးမေးလ်များကို ကမ္ဘာတစ်ဝှမ်းမှ ကျွန်ုပ်တို့ရရှိခဲ့သည်။ သူတို့သည် အသင်းတော်ဓါတ်ပုံများ ကိုကြည့်ရှုသောအခါ ကျွန်ုပ်တို့အသင်းတော်တွင် နွေးဆွေးစွာခံစားခဲ့ကြကြောင်း ဝမ်းမြောက်စွာဖြင့်မှတ်ချက် ပေးကြသည်။ သူတို့သည် များစွာသောသူမျိုးများအတူတကွရယ်မောသီဆိုနေကြသည်ကိုကြည်ရှုရန် ရင်လှိုက် သည်းဖိုဖြစ်နေကြသည်။ ကျွန်ုပ်တို့မည်သို့လုပ်ဆောင်ကြသည်ကိုသူတို့မသိရှိကြ ပါ။ ရိုသေလေးစာရန်လော၊ မဟုတ်ပါ။ ကျွန်ုပ်တို့၏အသင်းတော်သည် ဘုရားသခင်၏အံ့ဘွယ်ကျေးဇူးတော်ပင် ဖြစ်သည်။ ၎င်းသည် ခရစ်တော်အတွက် မမောမပန်းနိူင်လုပ်ဆောင်သောသင်၏လုပ်ဆောင်မှုအားဖြင့်ရောက်ရှိလာခြင်းဖြစ်သည်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

အသင်းတော်တစ်ခုထဲတွင် မတူညီသည့်လူမျိုးများစွာပါဝင်ပေသည်။ ယေရှုခရစ်ကကောင်းကင်ဘုံတွင် ထိုသို့ဖြစ်မည်အကြောင်းကိုမိန့်ဆိုထားခဲ့သည်။ “လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌.......လျောင်းရကြလတံ့။” ကျွန်ုပ်တို့အတွက် လုံးဝသူစိမ်းဆန်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကမ္ဘာ့အစွန်အဖျားတွင်ရှိသောသူအားလုံးသည် ကောင်းကင်နိူင်င်တော် ထဲတွင်ရှိနေကြသကဲ့သို့ ခရစ်တော်အားဖြင့်အတူတကွပေါင်းစည်းစေတော်မူသည်။

သို့ရာတွင် ခရစ်တော်မိန့်တော်မူထားသည့် “လူအများတို့သည်” ဟူသောစကားလုံးကိုသတိပြုကြပါစို့။ တစ်ခါတစ်ရံလူနည်းစုသာလာမည်ဟု ကျွန်ုပ်ထင်မိသည်။ ကျွန်ုပ်တို့သည် မှောင်မိုက်ပြီးစာတန်အစိုးတရပြု သောမြို့တွင် နေထိုင်ကြသည်။ တကိုယ်ကောင်းဆန်ပြီးရိုင်းစိုင်းသောတိုင်းနိူင်ငံတွင်နေထိုင်ကြသည်။ နှစ်တိုင်း နှစ်တိုင်းတစ်သန်းခွဲသောသူငယ်များသည် ညှင်းပန်းနှိပ်စက်မှုကိုခံနေကြရသည်။ သို့ရာတွင် အသင်းတော်သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ ဇူလိုင်လ ၄ ရက်နေ့တွင် ဘုရားမဲ့အမေရိကန်ပြည်အ ကြောင်းကောင်းသောစကားတစ်ခွန်းကိုမျှ ကျွန်ုပ်မပြောနိူင်ခဲ့ချေ။ ကျွန်ုပ်တို့ဖြစ်ပျက်သောအရာသည် ကျွန်ုပ်နှလုံးသားထဲတွင် ဒုက္ခပွါးစေသည်။ သို့သော် အမေရိကန်ပြည်သည် မကြာမမြင်မှီကွယ်ပျောက်သောအခါ မေ့ပျောက်သွားပေမည်။ ထို့နောက် သန်းပေါင်းများစွာသောဘုရားသခင်၏လူများနှင့် ဘုရားသခင်၏နိူင်ငံတော် တွင် အတူတကွပျော်ရွှင်ရကြလိမ့်မည်။ ထိုနိူင်ငံတော်သည် ကျွန်ုပ်တို့၏မိခင်နိူင်ငံပင်ဖြစ်သည်။ ထိုနိုင်ငံသည် ကျွန်ုပ်တို့၏စစ်မှန်သောတိုင်းပြည်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏လက်တော်အောက်တွင်ရှိသော ကျွန်ုပ် တို့၏နိူင်ငံပင်ဖြစ်သည်။

ထိုနိုင်ငံတွင် စိတ်နှလုံးပူဆွေးခြင်းမရှိ
      မျက်စိများတွင် မျက်ရည်များကင်းလျက်နေ
ကောင်းကင်အရပ်တွင် စိတ်ပျက်ခြင်းအလျဉ်းမရှိ
      အထက်အရပ်တွင် တကိုယ်ကောင်းဆန်မှုများမရှိ
သန့်ရှင်းသူအားလုံးကျေနပ်အားရပေမည်။
ချိုမြိန်သောပေါင်းစည်းခြင်းအားဖြင့်အသက်ရှင်နေရ
ကျွန်ုပ်စိတ်နှလုံးယခုထိုအရပ်တွင်ရှိနေ
ထိုအရာ၏ကောင်းကြီးများတစ်နေ့ကျွန်ုပ်ခံစား
ထိုတောက်ပသောမြို့၊ မြင့်မြတ်သောမြို့တော်တွင်
      အခန်း၊ ဝတ်လုံနှင့် သရဖူများ ကျွန်ုပ်အတွက်ရှိနေ
ယခုမျှော်လင့်စောင့်စားတောင်းတနေမိ
      ထိုသန့်ရှင်းသောမြို့ တစ်နေ့အမှန်ရောက်လာမည်။
(Arthur F. Ingler ၁၈၇၃-၁၉၃၅ ရေးသားသည့် “ကောင်းမြတ်သန့ရှင်းသောမြို့” )

ထိုအရပ်တွင်ရှိမည့်သူများသည် လူနည်းစုမဟုတ်ပါ။ ထိုကောင်းကင်ဘုံတွင် ဝင်စားမည့်သူများသည် “အသီးသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေမတွက်နိူင် သောလူများအပေါင်းတို့သည်”(ဗျာဒိတ် ၇း ၉ )ဟုဘုရားသခင်မိန့်တော်မူခဲ့သည်။

ထိုတောက်ပသောမြို့၊ မြင့်မြတ်သောမြို့တော်တွင်
     အခန်း၊ ဝတ်လုံနှင့် သရဖူများ ကျွန်ုပ်အတွက်ရှိနေ
ယခုမျှော်လင့်စောင့်စားတောင်းတနေမိ
      ထိုသန့်ရှင်းသောမြို့ တစ်နေ့အမှန်ရောက်လာမည်။

“လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အဗြဟံ၊ဣဇာက်၊ယာကုပ်တို့နှင့်တကွလျောင်းရကြလတံ့၊”

သူတို့သည် လာကြလိမ့်မည်၊ လာကြလိမ့်မည်။ ကောင်းကင်အရပ်၌သော်လည်းကောင်း၊ မြေကြီးအရပ်၌သော်လည်းကောင်း သူတို့၏လာခြင်းကို တားဆီးနိူင်သောသူမရှိ။ သူတို့လာဖို့ရန်ခက်ခဲမည်ဟု သင်ထင်မိပါသလား။ သူတို့၏လာခြင်းကို တားမြစ်ရန်မှာဖြစ်နိူင်စရာအကြောင်းမဟုတ်ကြောင်းကို ကျွန်ုပ်ပြောပြလိုသည်။ ကြီးမားသည့်ရေလှိုင်းလိုပါပဲ ဘုရားသခင်၏ကျေးဇူးတော်ရေလှိုင်းသည် သူရွေးကောက်ထားသောသူများကို ကောင်းကင်နိူင်ငံတော်ထဲသို့ မဆီးတားနိူင်သည့်ကျေးဇူးတော်အားဖြင့် သိမ်းဆည်းလိမ့်မည်။ သံသယများပျောက်ကွယ်သွားပေမည်။ ကြောက်ရွံ့ခြင်းများလည်းအဆုံးသတ်ပေမည်။ အပြစ်ဒုစရိုက်များသည်လည်းကွယ်ပျောက်လိမ့်မည်။ “သူတို့သည် အမှန်တကယ်လာကြလိမ့်မည်။ ဟာလေလု ယာ၊သူတို့လာကြမည်။

ခရစ်တော်ထံပါးသို့ ယခုလာပါ။ သင့်ကိုမစွန့်ပစ်ပါ။ သူသည် ထံတော်ပါးသို့ရောက်လာသောသူအတိုင်း ကိုကယ်တင်တော်မူမည်။

ကျွန်ုပ်သွားနိူင်သော်လည်းပျက်စီးဆုံးရှုံးနိူင်သည်၊
ကြိုးစားရန် ကျွန်ုပ်ဆုံးဖြတ်ချက်ထား
ခရစ်တော်ထံပါးမှဝေးရာသို့သွားရသော်
ထာဝရဆုံးရှုံးလိမ့်မည်။

ထိုမြို့တော်သို့သွားရောက်ရန်မပျက်ကွက်ပါနှင့်။ ကျွန်ုပ်တို့နှင့်အတူသီချင်းဆိုချင်းကိုမလွဲချော်ပါနှင့်။

ထိုတောက်ပသောမြို့၊ မြင့်မြတ်သောမြို့တော်တွင်
အခန်း၊ ဝတ်လုံနှင့် သရဖူများ ကျွန်ုပ်အတွက်ရှိနေ
ယခုမျှော်လင့်စောင့်စားတောင်းတနေမိ
ထိုသန့်ရှင်းသောမြို့ တစ်နေ့အမှန်ရောက်လာမည်။

၂။ ဒုတိယအချက်- ငရဲနှင့်ပါတ်သက်၍သတိပေးချက်

ကျမ်းပိုဒ်၏ဒုတိယထက်ဝက်ကို ဝမ်းနည်းစွာပင် ကျွန်ုပ်ဝေငှလိုပါသည်။ ကျွန်ုပ်ချန်ထားလုမတတ်ဖြစ်ရ ပေသည်။ သို့ရာတွင် ထိုအကြောင်းအရာကိုသင်တို့အားဟောကြားရန်မှာ ကျွန်ုပ်၏ဘုရားပေးသောတာဝန်ဖြစ် သည်။

“နိူင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင် မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟုနောက်တော်သို့လိုက်သောသူတို့အားမိန့်တော် မူပြီးမှာ၊...” (မဿဲ ၈း ၁၂ )

ကျွန်ုပ်တို့၏အိမ်ကိုနေ့တိုင်းတွန်းလှုပ်သတိပေးသူ ၎င်း၏ဦးထုပ်တွင် ကြက်တောင်မွှေးတစ်ခုရှိသည့် လူကြီးတစ်ယောက်ရှိသည်။ သူသည် နှစ်တိုင်းနှစ်တိုင်းတောင်အမေရိကတိုင်သို့ ခရီးရှည်သွားလေ့ရှိသည်။ သူသည် အနောက်ဘက်တွင် ရေကူကန်တစ်ခုရှိသည့် လှပသောအိမ်တစ်လုံးကိုပိုင်ဆိုင်ထားသည်။ Curtis Goldman ဟုအမည်ရှိသောတရားဟောဆရာတစ်ယောက်သည် ဤအဖိုးကြီးကျွန်ုပ်တို့အိမ်ကို လှုပ်ရမ်းသောအချိန်တွင် ကျွန်ုပ်တို့အိမ်၌နေထိုင်ခဲ့သည်။ တရားဟောဆရာ Goldman သည် သူ့ကို ကြည့်ရန် အပြင်သို့ထွက်ခွါလာသောအချိန်တွင် သူသည် သစ္ဆေလိုက်သကဲ့သို့ထွက်ပြေးခဲ့သည်။ Goldman က သူနောက် သို့လိုက်ပြီးမပြေးရန်အော်ပြောခဲ့သည်။ ငရဲသွားမယ် မပြေးနှင့်အဖိုးကြီးဟုအော်ပြောခဲ့သည်။ သို့ရာတွင် အဖိုးကြီးသည် သူ့ကိုကျော်တက်သွားခဲ့သည်။ညအချိန်ရောက်သောအခါ အဖိုးကြီးသည် အိပ်မပျော်နိူင်တော့ ပေ။ သူသည် ၎င်း၏ရေကူးဝတ်စုံကို ဝတ်ဆင်ကာ ရေကူးကန်ဆီသို့သွားခဲ့သည်။ သို့သော် သူသည် ခြေချော်ပြီးဦးခေါင်းကိုတိုက်မိကာမနက်ပိုင်းနှစ်ချက်တီးအချိန်ခန့်တွင်ရေကန်ထဲသို့လဲကျခဲ့သည်။နောက်တစ်နေ့ ရောက် သောအခါ အေးခဲပြီးပေါလောပေါ်နေသောသူ၏အလောင်းကိုလူတစ်ယောက်ကတွေ့မြင်ခဲ့သည်။ တရားဟောဆရာထံမှ သူနောက်ဆုံးကြားခဲ့သောစကားမှာ “အဖိုးကြီး၊ ရပ်ပါ ငရဲသွားလိမ့်မယ်၊ ရပ်ပါ၊ ငရဲသွားလိမ့်မည်” ဟူသောစကားပင်ဖြစ်သည်။ သူသည် ကောင်းသောလူကြီးဖြစ်သည်။ သူ့ကိုသဘောကျမိသည်။ သူသေသည့် ပုံစံကို Ileana ထံမှ ကြားသိရသောအခါ ဝမ်းနည်းမိသည်။ ဤအပိုဒ်ကိုမရေးမှီထိုအကြောင်းကို ကျွန်ုပ်ကြားခဲ့မိသည်။

သူကအသက်ကြီးပြီ၊ နင်ကငယ်ပါသေးတယ် ဟူသောအတွေးမျိုးဖြင့် ဤသည်ကိုမဖျက်ဆီးပါနှင့်။ ထိုသို့လုပ်ဆောင်နိုင်ပါသလား။ နေ့တိုင်းသတင်းစာနှစ်စောင်ပါ နာရေးကော်လမ်များကိုဖတ်လိုက်ရသည်။ ကာတွန်းဖတ်ရှုခြင်းကိုရပ်တန့်လိုက်သည်။ ၎င်းကို ကျွန်ုပ်တို့က “ရယ်ရွှင်စရာစာရွက်များ”ဟုခေါ်လေ့ရှိကြသည်။ သို့ရာတွင် ၎င်းသည် ဟာသမဟုတ်ကြတော့ပေ။ ကျွန်ုပ်နေထိုင်ခဲ့ဖူးသောအိမ်ကောင်းတွင်အထီးကျန် လျက်နေထိုင်ကြသည့်လူဟောင်းများ ဝမ်းနည်းပြီမျှော်လင့်ခြင်းမဲ့သကဲ့သို့ သူတို့သည် ဝမ်းနည်းပြီး မျှော်လင့်ခြင်းမဲ့နေကြသည်။ လူငယ်တို့ သင်တို့၏မိဘများကိုတစ်ဦးတစ်ယောက်တည်းမထားပါနှင့်။ ကြောင်မက်ဖွယ်ရာကောင်းပေသည်။တစ်ဦးတစ်ယောက်တည်းနေကြသောအခါ သင်တို့အိမ်သို့မိဘများကိုခေါ် ထားပါမည်ဟုဘုရားသခင်၏မျက်မှောက်တော်၌ ကျွန်ုပ်ကိုကတိပေးပါ။ ကတိပေးပါ။ “ကောင်းကင်နှင့် ငရဲ”ဟူ၍ ခေါင်းစဉ်တပ်ထားသောတရားဒေသနာ၏ ဤအချက်ကိုဖတ်ပါ။ ဖုန်းခေါ်ဆက်သွယ်ခြင်းတစ်ခုတည်းအားဖြင့် သင်၏အသက်အရွယ်အိုမင်းမစွမ်းသောမိဘများကိုသီးခြားမထားပါနှင့်။ ခင်ပွန်းသည်ဆုံးပါးသွားသောအခါ သင်၏မိခင် သို့မဟုတ် ဖခင်ကုသင်နှင့်အတူထားပါ။ ထိုအရာမှာခရစ်ယာန်လုပ်ဆောင်ရမည့်အရာဖြစ် သည်။ အနည်းဆုံးထိုသို့လုပ်ဆောင်ပါ။ အကြောင်းမှာသင်သည် တစ်ယောက်တည်းပျော်ပါးနေသောအချိန် တွင် သင်၏မိဘများကိုဘုရားသခင်၏နာမအားဖြင့် အသက်မဆုံးရှုံစေပါနှင့်။ ထိုသို့လုပ်ဆောင်လျှင် စိုက်သည့် အတိုင်းရိတ်ရလိမ့်မည်။ ထိုသို့လုပ်ဆောင်လျှင် သင်သည်လည်းချော်လဲပြီးရေကန်ထဲကျသေသောအဖိုးကြီးကဲ့ သို့ တစ်ယောက်တည်းသေပြီးတစ်ယောက်တည်းငရဲသွားရပေလိမ့်မည်။

“နိူင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင် မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟုနောက်တော်သို့လိုက်သောသူတို့အားမိန့်တော် မူပြီးမှာ၊...” (မဿဲ ၈း ၁၂ )

ခရစ်ယာန်မိခင်များကိုပိုင်ဆိုင်ထားသည့်သူများလည်းသင်တို့အထဲတွင်ရှိနေပေလိမ့်မည်။ သင်တို့တွင် အချို့သည် သင်တို့၏ချို့တဲ့သောမိခင်၏နှလုံးသားကိုခွဲသူများလည်းဖြစ်နိူင်သည်။ ကျွန်ုပ်သည် မိခင်ကိုအိမ်တွင် ခေါ်ထားပြီးဇနီးသည်ကလည်းကျွန်ုပ်အမေကိုချစ်ပြီးသူမ၏နောက်ဆုံးသက်တမ်းလေးနှစ်တွင်ဂရုစိုက်ပြုစုထားခဲ့ သည်။မိခင်၏နှလုံးသားကိုခွဲပြီးမဖြူသင့်သည့်အချိန်ခါတွင် ဆံကေသာဖြူစေသည့်အသင်းရှိကလေးများလည်း ရှိကြသည်။ ညအချိန်၌သင့်အမေ၏နှလုံးသားကိုထိခိုက်စေသောအရာကိုတစ်ခုပြီးတစ်ခုသင်ပြုမိပေမည်။ သူမသည် သင့်ကိုသိစေမည်မဟုတ်ပါ။ အကြောင်းမှာသင်သည် သူမ၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ် သည်။သူမအသက်တာကိုသင့်ဘဝထဲသွင်းလောင်းတော်မူသည်။ သူမအသက်တာထက် သင်၏အသက်တာ သာ၍ကောင်းမွန်ဖြောင့်ဖြူစေရန် မနက်မှစ၍ညနက်တိုင်အောင်လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် သူတောင်းဆို သောအရာတစ်ခုကိုသင်ငြင်းဆိုခဲ့သည်။ သင့်ကိုတောင်မပြောပြပါ။ အကြောင်းမှာသင့်၏ဘဝအသက်တာ က မောက်ကမ မဖြစ်စေလိုသည်အထိသင့်ကိုချစ်တော်မူသည်။ သင့်ထံ၌ တစ်ခုတည်းသော သူ၏မျှော်လင့်ချက်မှာ ခရစ်တော်ကိုယုံကြည်ကိုးစားပြီး နှစ်ခြင်းခံသည့်အချိန်ပင်ဖြစ်ပေသည်။ ချို့တဲ့သောသင့်မိခင်အားထိုအရာကို မပေးစွမ်းနိူင်ပေဘူးလား။ ခရစ်တော်ထံပါးချဉ်းကပ်ပြီး နှစ်ခြင်းခံတော်မူပြီးသူ၏ဂုဏ်ယူစရာမဟုတ်ခဲ့လျှင် သူ့မဘဝအသက်တာအရာမထင်ခဲ့သကဲ့သို့လည်းကောင်း၊ သူမဘဝအချည်းနှီး ဖြစ်ခဲ့သကဲ့သို့လည်းကောင်းခံ စားရပေမည်။

သင်၏မိခင်သည် ခရစ်ယာန်တစ်ယောက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင်အဖို့အ လို့ငှါ သင်၏နှလုံးသားနူးညံ့သိမ်မွေ့ပြီးငယ်ရွယ်စဉ်ခါ ကျေးဇူးပြု၍ခရစ်တော်ထံသို့တိုးဝင်ချဉ်းကပ်ပါ။ သင်သည် အဖိုးကြီးကဲ့သို့ပင် ခရစ်တော်ထံပါးမှ နောက်ဆုံးထွက်ပြေးသည့်တိုင်အောင် ခ၇စ်တော်မပါဘဲ မသွားပါနှင့်။ သို့မဟုတ်လျှင် သေပြီးငရဲသို့ရောက်ပေလိမ့်မည်။ လျှာကိုအေးမြစေသောရေတစ်စက်မျှမရရှိဘဲ ထာဝရပူပြင်း သောမီးငရဲရှိရာမှောင်မိုက်ထဲသို့ ပစ်ချခြင်းခံရမည်။

မိမိကလေးများအားအိပ်မက်အကြောင်းပြောပြနေသောအမျိုးသမီးအကြောင်းကို Spurgeon ကပြောပြ ခဲ့သည်။ သူမသည် ကျရောက်လာမည့် တရားစီရင်ခြင်းအကြောင်းကိုအိပ်မက်မက်သည်။ စာအုပ်ကြီးကိုဖွင့်ထား ပြီးဘုရားသခင်က “မယုံကြည်သောသူများကိုလက်ဝဲတွင်နေရာချပြီး ယုံကြည်သူများကိုလက်ယာဘက်တွင် ထားပါ” ဟုဆိုထားသည်။ ကောင်းကင်တမန်တပါးသည်လာ၍မိခင်အားမိန့်ဆိုသည်မှာ “ သူမသည်ခရစ်ယာန် တစ်ယောက်ဖြစ်၍လက်ယာဘက်သို့သွားရမည်၊ သို့ရာတွင် သူမကလေးများသည်ဆုံးရှုံးကြသည်၊ဆိတ်များဖြစ် ကြသည်၊ လက်ဝဲဘက်သို့သွားရမည်” ဟုဆိုသည်။ သူမအိပ်မက်မက်သည်မှာသူမ၏ကလေးများသည် ငိုကြွေးလျက် “အမေ၊ အမေ့ကိုကျွန်ုပ်တို့ထားခဲ့ရတော့မှာလား၊ ဟုဆိုကြသည် ဟူ၍ပင်။ ထို့နောက် သူမသည် ကလေးများပတ်လည်တွင်လက်ကိုဆန့်တန်းလျက် “ကလေးတို့၊ ဖြစ်နိူင်လျှင် ကလေးတို့ကိုအမေနှင့်အတူခေါ် ထားချင်သည်၊ သို့ရာတွင် မဖြစ်နိူင်ပါ၊ အကြောင်းမှာသင်တို့သည်အသက်ရှင်စဉ်အခါ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းမရှိသောကြောင့်ဖြစ်သည်၊ သင်တို့သည် ခရစ်တော်ကိုယုံကြည်ပြီးကယ်တင် ခြင်းရရှိရန် သင်တို့ကိုအမေတောင်းဆိုထားသော်လည်း သင်တို့နာမခံဘဲငြင်းပယ်ခဲ့ကြပေသည်၊ သို့ဖြစ်သော ကြောင့် အမေကသင်တို့နှင့်ထာဝရခွဲခွါကြရမည်ဖြစ်သည်” ဟုဆိုထားပါသည်။ ကောင်းကင်တမန်သည် သူမဆီ သို့ရောက်သည်နှင့်တပြိုင်နက် သူမမျက်ရည်များစဲကာ သဘာဝအခြေအနေကိုကျော်လွန်အောင်မြင်ကာဘုရား သခင်၏အလိုတော်ထဲသို့ဝင်စားလေသည်။ သူမသည် ကလေးများထံသို့လှည့်၍ “ငါသည်သင်တို့ကိုဘုရား ကျောင်းသို့ခေါ်သွားသည်၊ အိမ်တွင်လည်းသမ္မာကျမ်းစာကိုသွန်သင်ပေးသည်၊ ညသန်းခေါင်တွင် သင်တို့အ တွက်ဆုတောင်းပေးသည်၊ သို့ရာတွင်သင်တို့သည် ယေရှုခရစ်ကိုလက်မခံခဲ့ပေ၊ ယခုတွင် ကျွန်ုပ်ပြောဆိုလိုသောအရာမှာသင်တို့၏ထာဝရပျက်စီးခြင်းအတွက် အာမင်” ဟုဆိုလေသည်။ ထို့နောက် သူတို့ကိုသူမထံမှဆောင်သွားပြီးအပြင်ဘက် ထာဝရဒုက္ခခံစားရာမီးငရဲထဲသို့ပစ်ချခြင်းကိုခံကြလေသည်။

လူငယ်တို့၊ နောက်ဆုံးသောကာလရောက်ပြီးခရစ်တော်က “ကျိန်ခြင်းကိုခံထိုက်သောသူတို့ ထာဝရ ငိုကြွေးခြင်းဆီသို့ ငါ့ထံမှထွက်ခွါလော့” ဟုဆိုသောအသံကိုကြားသောအခါမည်သို့တွေးတောဆင်ခြင်မည်နည်း။ ထို့နောက် အခြားတစ်ဖက်တွင်လည်း “အာမင်”ဟူသောအသံကိုကြားရပေမည်။ ထိုအာမင်သံသည်အဘယ်အ အရပ်ကလာသည်ကိုမေးသောအခါ ထိုအသံသည် သင့်မိခင်၏အသံဖြစ်ကြောင်းကိုကြားရပေမည်။ သို့မဟုတ် လူငယ်တို့၊ အပြင်မှောင်မိုက်ရာငရဲသို့ပစ်ချခြင်းကိုခံရသောအခါ အာမင်ဟူသောအခြားအသံကိုကြားရပြီး ၎င်းမှာသင်၏ဖခင်၏အသံပင်ဖြစ်ပေမည်။

အရက်သမား၊ပြည်တန်ဆာ၊မကောင်းသောအမှုကိုပြုသူများစွာသည် ကောင်းကင်နိူင်ငံတော်ထဲသို့ဝင်ရ သောအခွင့်ကိုရသည်။ ဘဝတစ်သက်တာတွင် ဘုရားကျောင်းသို့လာပြီးခရစ်တော်ကိုငြင်းပယ်သည့် သင်ကဲ့သို့ သော“နိူင်ငံတော်သားတို့သည်” အပြင်အရပ်မှောင်မိုက်ရာငရဲထဲသို့ပစ်ချခြင်းကိုခံရကြလိမ့်မည်။ သင့်အတွင် မျှော်လင့်ချက်သည် ထာဝရ၊ ထာဝရ မရှိတော့ပေ။ သင်သည် ထာဝရကာလတိုင်ပျောက်ဆုံးသွားပြီ။ ဤကြောက်မက်ဖွယ်မှလွတ်မြောက်ရန်မှာလွယ်ကူပေသည်။ သင်လုပ်ဆောင်ရမည့်အရာမှာ ခရစ် တော်ကိုယုံကြည်လက်ခံရန်ဖြစ်သည်။ ထိုသို့ရိုးစင်လွယ်ကူစွာယုံကြည်လက်ခံပါ။ “ကိုယ်တော်မြတ်ကိုသာယုံ ကြည်ပါ၊ ယခုယုံကြည်ပါ၊ ယခုယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင်သည် ခရစ်တော်ကိုရိုးရိုးစင်းစင်းယုံကြည် လက်ခံသောအခါ လက်ဝါးကပ်တိုင်တွင် သွန်းလောင်းသောအသွေးတော်အားဖြင့် သန်းရှင်းစင်ကြယ်စေနိူင် သည်။ ခရစ်တော်၏ကားတိုင်တော်သို့လာ၍ အသွေးတော်၌ ဆေးကြောခြင်းကိုခံယူပါ။ ဤတရားဒေသနာသည် C. H. Spurgeon, “Prince of Preachers”က အသက်နှစ်ဆယ်အရွယ်တွင် ကွင်းပြင်တစ်ခု၌ လူအုပ်ကြီးအားဟောပြောခဲ့သောအရာအားဖြင့် တစ်ခုမှ လိုက်လျောညီထွေပြီးအတိုချုံးထားသည်။ ဤသီချင်း မှာမှန်ကန်ကြောင်းသင့်အားပထမဆုံးပြောပေလိမ့်မည်။

ကားတိုင်ရင်း၌ သင့်အတွက်အခန်းရှိသည်၊
      ကားတိုင်ရင်း၌ သင့်အတွက်အခန်းရှိသည်။
သန်းပေါင်းများစွာလာသော်လည်း၊ သူတို့အတွက်အခန်းရှိလျက်နေ
     ဟုတ်ပေသည်၊ ကားတိုင်ရင်း၌ သင့်အတွက်အခန်ရှိသည်။
( Ira F. Stanphill ၁၉၁၄-၁၉၉၃ ရေးသားသည့် “သင့်အတွက်ကားတိုင်၌အခန်းရှိ” )

ခရစ်တော်၏အသွေးတော်၌ယုံကြည်ခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းနှင့်ပါတ်သက်၍ ကျွန်ုပ်တို့နှင့် ဆွေးနွေးပြောဆိုလိုပါသလား။ ထိုသို့ဆိုလျှင် စုံစမ်းလေ့လာသည့်အခန်းထဲသို့ ယခုလာပါ။ အာမင်..။

(တရားဒသေနာနိဂုံး)



အခွပွေုကမျြး

ကောင်းကင်နှင့်ငရဲအကျဉ်းချုပ်

HEAVEN AND HELL

Dr. R. L. Hymers, Jr.

“ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အဗြဟံ၊ဣဇာက်၊ ယာကုပ်တို့နှင့်တကွလျောင်းရကြလတံ့၊ နိူင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင် မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟုနောက်တော်သို့လိုက်သောသူတို့အားမိန့်တော် မူပြီးမှာ၊...” (မဿဲ ၈း ၁၁-၁၂ )

၁။ ပထမအချက်- ကောင်းကင်ဘုံနှင့်ဆိုင်သောကတိတော၊် မဿဲ ၈း ၁၁၊ ဗျာ ၇း ၉

၂။ ဒုတိယအချက်- ငရဲနှင့်ပါတ်သက်၍သတိပေးထားချက်၊မဿဲ ၈း ၁၂