Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ရှုပ်ချခံရသော်လည်း နှစ်လိုဘွယ်ကောင်းသည်!

DESPISED BUT LOVELY!
(Burmese)

တရားဒေသနာကို Dr. R. L. Hymers, Jr. က ရေးသားပြီး
လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၈ခုနှစ်
မေလ ( ၁၃ ) ရက်၊ သခင်ဘုရား၏နေ့ နံနက်ပိုင်းတွင်
Rev. John Samuel Cagan က ဟောကြားသည်။
A sermon written by Dr. R. L. Hymers, Jr.
and preached by Rev. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord's Day Morning, May 13, 2018

“တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏။”
( ရှောလမုန် ၅း ၁၆)


ကျွန်တော်သည် ရှောလမုန်သီချင်းထဲက တရားဒေသနာ ဟောဖူးခြင်းမရှိပါ။ စပါဂျွန် ၏ပြည့်စုံသောအညွှန်းကိုကြည့်လိုက်လျှင် တရားဟောဆရာကြီးသည် လန်ဒန်၌ ၎င်းပြုလုပ် သောသာသနာလုပ်ငန်းအတွင်း၌ ရှောလမုန်သီချင်းထဲက တရားဒေသနာ ၆၃ ခုကို ဟော ပြောကြောင်းတွေ့ရသည်။ ထို့ကြောင့် ယနေ့တွင် ဤအခြေပြုကျမ်းဆီသို့ ရောက်လာခြင်းဖြစ် ပါသည်။

“တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏။”
“တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏။”
“တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏။”

ဒေါက်တာ McGee က “ဂျူးလူမျိုးများသည် ရှောလမုန်သီချင်းကို သမ္မာကျမ်းစာထဲက အသန့်ရှင်းဆုံးသောအရာဖြစ်သည်” ဟု ပြောဆိုကြသည်။ ထို့ကြောင့် ၎င်း၏မြင့်မြတ်သော ဝန်းခတ်ခြင်းကို အဘယ်သူအားမျှ ခွင့်မပြုပါ။ သင်သည် အမြင့်ဆုံးသော မြင့်မြတ်သည့်နေရာ တွင် သင်နေ နေခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ကြီးမားသောလုပ်ဆောင်မှုဖြစ်ပြီး သင်သည် လည်း သူ့ကို ချစ်မြတ်နိုးသည်။ ဤစာအုပ်သည် သင့်အတွက် အကျိုးထူးလိမ့်မည်။ ရှောလ မုန်သီချင်းသည် ကဗျာဆန်ပြီး လက်တွေ့ကျသည်။ ဘုရားသခင်သည် ခင်းကျင်းထားသော ပုံဝတ္ထုဖြစ်သော ကဗျာဆန်ဆန်တေးသီချင်းများတွင် မိမိလူတို့ကို စကားပြောနေပါသည်။ ကျွန်တော်တို့သည် ဤစာအုပ်ကိုချဉ်းကပ်မှုပြုရာတွင် ဝိညာဉ်ရှုးဖိနပ်များကို ဝတ်ဆင်ရပါ မည်။ ကျွန်တော်တို့သည် သန့်ရှင်းသောမြေပြင်၌ ရောက်နေကြခြင်းဖြစ်သည်။ ရှောလမုန်သီ ချင်းဟူသည်မှာ တယုတယကိုင်တွင်ရမည့် ကျိုးလွယ်ကျေလွယ်သောပန်းတစ်ပွင့်ကဲ့သို့ ဖြစ်ပါ သည်။ ဤစာအုပ်ထဲတွင် ကွဲပြားခြားနားပြီး အရေးကြီးသည့်အဓိပယ်လေးခုရှိသည်ကို တွေ့ရှိ ရပါသည်။ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, ၁၉၈၂၊ အတွဲ ၃၊ စာ- ၁၄၃ )

ပထမအချက်၊ ရှောလမုန်သီချင်းသည် လင်နှင့်မယားကြားမေတ္တာသင်္ကေတတစ်ခုပင် ဖြစ်ပါသည်။ ဒုတိယအချက်၊ ဂျူးလူမျိုးများအပေါ် ဘုရားသခင်၏မေတ္တာကို ဖော်ကျူးခြင်းလဲ ဖြစ်ပါသည်။ ရှေးဓမ္မဆရာများက ဤသို့သော အနက်ဖွင့်ဆိုမှုနှစ်မျိုးကို ပေးထားကြပါသည်။ သို့ရာတွင် ခရစ်ယာန်များအတွက် နောက်ထပ် လက်တွေ့အသုံးချစရာနှစ်မျိုးရှိပါသေးသည်။ တတိယအချက်၊ ခရစ်တော်နှင့်အသင်းတော်ကြား ထားရှိသောမေတ္တာဟုပင် သမုတ်နိုင်ပါ သည်။ စတုတ္ထအချက်၊ ခရစ်ယာန်တစ်ဦးချင်းစီအပေါ် ခရစ်တော်၏မေတ္တာနှင့် ခရစ်တော်နှင့် ဝိညာဉ်၏ပေါင်းစည်းခြင်းကိုလည်း ပုံဆောင်ထားပါသည်။ ရှောလမုန်သီချင်းသည် စကော့တ လန်နိုင်ငံသား တရားဟောဆရာ Robert Murray McCheyne ၏ အနှစ်သက်ဆုံးသောစာ အုပ်ဖြစ်သည်။ သူသည် အမှုတော်လုပ်ငန်းလုပ်ဆောင်စဉ်ကာလအတွင်း တန်ခိုးနှင့်ပြည့်သော နိုးထမှုကြီးကို မြင်တွေ့ခဲ့သည်။ McCheyne နှင့်ပတ်သက်ပြီး ရေးသားချက်တစ်ခုမှာ ဤသို့ဖြစ် ပါသည်။ “သူသည် နှဖူးပေါ်လက်ထောက်ပြီး ထာဝရအကြောင်းကို ဟောပြောခဲ့သည်။” သူ သည် သေဆုံးချိန်၌ အသက် ၂၉ နှစ်သာ ရှိသေးသည်။ ရှောလမုန်သီချင်းသည် သမ္မာကျမ်းစာ ထဲ၌ သူအနှစ်သက်ဆုံးသောကျမ်းလည်းဖြစ်ပါသည်။ Robert McCheyne သည် ရှောလမုန် သီချင်းထဲက တရားဟောသောအခါ စိတ်ခိုင်ပါတယ်ဆိုတဲ့သူတွေတောင်မှ ဒူးနှင့်မျက်ရည် သုတ်ကြရပါသည်။ ထို့အပြင် ရာပေါင်းများစွာသော အပြစ်သားများသည်လည်း ၎င်းတို့စိတ်နှ လုံးကို ခရစ်တော်ထံ ဦးညွှတ်ကြပါသည်။ နောက်ထပ် တစ်ယောက် စကော့နိုင်ငံသားတရား ဟောဆရာဖြစ်သူ Samuel Rutherford ( ၁၆၀၀- ၁၆၆၁ )၊ D. L. Moody ( ၁၈၃၇-၁၈၉၉ )၊ Harry Ironside ( ၁၈၇၆-၁၉၅၁ ) တို့ကလည်း ရှောလမုန်သီချင်းကို ကြိုက်နှစ်သက်ပါသေး သည်။ အထက်ပြောဆိုခဲ့သည်အတိုင်း စပါဂျွန်သည်လည်း ရှောလမုန်သီချင်းထဲက ၆၃ ပိုဒ်ကို ဟောပြောခဲ့ပါသည်။ Duncan Campbell သည် ရှောလမုန်သီချင်းကိုဟောပြောသည့်အခါ Lewis ရှိ Isle ကျွန်းတွင် နိုးထမှုဖြစ်ပျက်ခဲ့ပါသည်။

ယခု အခြေပြုကျမ်းဆီသို့ ပြန်သွားကြပါစို့။ သတို့သမီးက သူမ၏ခင်ပွန်းအား “တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏။” ထို့ကြောင့် စစ်မှန်သော ခရစ် ယာန်သန့်ရှင်းသူများက ယေရှုအကြောင်းကိုပြောရတွင် “တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ် တော်အပေါင်းနှင့်ပြည့်စုံ၏” ဟုဆိုကြသည်။ ကျွန်တော်သည် ဤကျမ်းပိုဒ်ကိုဟောပြောဖို့ စဉ်း စားမိချိန်တွင် စပါဂျွန်ကဲ့သို့ပင် “အရမ်းမြင့်မားနက်နဲသောကြောင့်၊ မမှီနိုင်ဘူး” ဟု ထင်ခဲ့ပါ သည်။ ဤကဲ့သို့ နက်နဲသောအခြေပြုကျမ်းများသည် ကျွန်ုပ်ကို ခေါင်းနပန်းကြီးစေပါသည်။ သို့ရာတွင် ဆိုလိုရင်းအလုံးစုံကို မပြောနိုင်ရင်တောင် အချို့ကိုတော့ ပြောနိုင်ပါလိမ့်မည်။ ဘ၀ အသက်တာ၌ လောကရဲ့အလှအပများကို ရင်သပ်ရှုမောနေမည့်အစား ခရစ်တော်ကို အနည်း အကျဉ်းမျှကြည့်လျှင် သာ၍ကောင်းသည်။ သူသာလျှင် “ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံသည်။” ယေရှုနှင့်ပတ်သက်ပြီး အမြင်နှစ်ခုကို ခဏလေးယှဉ်တွဲကြည့်ကြပါစို့။ ၎င်းမှာ လောကသဘောတရားနှင့်စစ်မှန်သောခရစ်ယာန်များပင်ဖြစ်ကြပါသည်။

၁။ ပထမအချက်၊ ယေရှုသည် ဂုဏ်အသရေနှင့်ပြည့်စုံကြောင်းကို ပျောက်ဆုံး သော ကမ္ဘာကြီးက သိထားခြင်းမရှိ။

ယနေ့၌ ကမ္ဘာကြီးက အဘယ်မျှလောက် တံခါးပိတ်ထားသည်ကို သတိပြုပါ။ သူ့နာ မည်ကိုတောင်း မကြားချင်ကြသည့် အဖြစ်မျိုးပင်တည်း။ အမေရိကန်လေးကောင်းလိုင်းက လည်း ယေရှုနာမ၌ ဆုတောင်းသည်ကို နောက်ထပ်ခွင့်မပြုတော့သည့်အကြောင်း ကြားဖူးမိ သည်။ အစိုးရလုပ်ငန်းများတွင် ဆုတောင်းရန် သင်းအုပ်အား ခွင့်တောင်းလျှင် ယေရှုနာမ၌ အ ဆုံးသတ်၍ ဆုမတောင်းရန်သာ တောင်းဆိုကြသည်။ ယေရှုနာမကို မနှစ်မြို့ကြသည်မှာ အ သစ်အဆန်းတော့မဟုတ်ပါ။ နှစ်တိုင်း ပို၍ပို၍ ပြင်းထန်လာခြင်းသာဖြစ်သည်။ ကနဦးအချိန် ကာလဆီသို့ပြန်လည် သမင်လည်ပြန်ကြည့်လျှင် ခရစ်ယာန်များသည် ဆုတောင်းခြင်းဖြင့် ခရီး သွားကြလျှင် “ယေရှုနာမ၌ဆုတောင်းပါ၏၊ အာမင်” ဟူသောစကားကို မပြောဆိုရန် တားမြစ် ပိတ်ပင်ထားပါသည်။ ထိုအထင်ကရပုဂ္ဂိုလ်များက ယေရှုနာမကိုဖယ်ရှားကြသောအခါ ကျွန်ုပ် တို့ အလေးမထားကြသည်ဟု ယူဆကြပါစို့။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကို “ယေရှုနာမ ဖြင့်” အဆုံးသတ်ထားသောကြောင့် ကျွန်ုပ်တို့က သတိပြုမိသည်။ ထိုလူများက ယေရှုကို အ ဘယ်မျှလောက်မုန်းတီးကြသည်ကို သတိရစေသည်။

ကယ်တင်ရှင်အပေါ် ၎င်းတို့၏အမုန်းအငြိုးသည် ဘုရားသခင်ကိုပြစ်မှားသော ရုပ်ရှင် ကို သူတို့ဖန်တီးသောအခါ ပို၍ထင်ရှားလာသည်။ ထိုရုပ်ရှင်မှာ “ခရစ်တော်အပေါ် နောက်ဆုံး သွေးဆောင်ဖြားယောင်းခံရမှု” ကို လိင်ပိုင်းဆိုင်ရာမထိမ်းချုပ်နိုင်သည့်သူအဖြစ် ကယ်တင်ရှင် ကို ပုံဆောင်ထားသည်။ ကျွန်တော်တို့၏သင်းအုပ်ဆရာ ဒေါက်တာ Hymers ဧည့်ခန်းတွင် မိမိ ထိုင်ခုံ၌ ထိုင်လျက် မကြာမီ ထိုရုပ်ရှင်ကားထွက်လာမည်အကြောင်းကို ဖတ်ရှုသောအခါ ထိုရုပ်ရှင်အကြောင်းကို တွေးနေသည်။ ထိုအခါ “ဤအရာအားဖြင့် လူငယ်များကို အဝေး ရောက်စေမည်လော” ဟု ဘုရားသခင်က သူ့အား မိန့်တော်မူသည်။ ဒေါက်တာ Hymers “အဖ၊ ကျွန်တော်က ဘာမှမလုပ်နိုင်ပါ” ဟု ပြောသည်။ ထို့နောက် ဘုရားသခင်က “သင်မ လုပ်လျှင် လုပ်မည့်သူမရှိ” ဟု မိန့်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သွားပြီး ယေရှုကို ခုခံကာ ကွယ်ပေးသည်။ သူတို့သည် ညနေပိုင်းသတင်းတိုင်းတွင်ပါဝင်သော ချာနယ်တိုင်း၌ ကျွန်ုပ်တို့ ၏ဖော်ပြချက်ကို ထားရှိသည်။ သူတို့သည် ထိုအကြောင်းကို နယူယောက်ထိုင်းနှင့် စထရက် ဂျာနယ်စာမျက်နှာအရှေ့တွင် ထားသည်။ နိုက်လိုင်း၊ ညတီဗွီမျက်နှာပြင်၊ ကြားညှပ်ခံရခြင်းတို့ တွင်ထားပြီး တီဗွီလမ်းညွှန်တွင် ၎င်းတို့ဖော်ပြချက်အကြောင်း ဓါတ်ပုံနှင့်အကြောင်းအရာများ ကိုတောင် ထည့်ထားသည်။ ၎င်းကို အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂရိ၊ ဩစတြေးယား၊ နှင့်အစ္စရေးတို့တ၊ွ၊င် နိုင်ငံတကာဖြင့် မှတ်တမ်းတင် ထားပါသည်။ ၎င်းကို ယေရုရှလင်ပို့ မျက် နှာစာတွင် ထားရှိကြောင်း မိတ်ဆွေတစ်ဦးက ဒေါက်တာ Hymers ပြောထားသည်။ “ခံတပ် အောက်ရှိဟောလီဝုဒ်” အမည်ရှိ စာအုပ်တစ်အုပ်ကို Thomas R. Lindlof ( ၂၀၀၈၊ The University Press of Kentucky) က ရေးသားသည်။ ရှေ့မျက်နှာဖုံးသည် ကျွန်ုပ်အဖေ ဒေါက်တာ Cagan ၏ ရောင်စုံဓါတ်ပုံဖြစ်ပါသည်။ သူနှင့်အတူ ထိုင်လျက်ရှိသူများမှာ ထိုသို့ ညစ်ညူးသော ဘုရားပြစ်မှားသည့်ရုပ်ရှင်ကို တိုက်ခိုက်ရန် လက်မှတ်ထိုးထားကြသည့် ၁၂၅ ဦးသော လူများပင်ဖြစ်ကြပါသည်။ ပေသုံးဆယ်ခန့်ရှည်သော အဓိက လက်မှတ်အကြောင်းကို Wasserman က ပြောဆိုသည်။ သူက “ယေရှုကို ပျက်ရယ်ပြုသည်။” Lew Wasserman သည် ထိုရုပ်ရှင်ကို ထုတ်လုပ်သူဖြစ်ပါသည်။ ဒေါက်တာ Hymers ကို ထိုစာအုပ်တွင် မတူညီ သောနေရာ ဆယ့်သုံးနေရာတွင် ကိုးကားထားပါသည်။ သူတို့သည် ယေရှုကို မုန်းတီးသည် သာမက ဒေါက်တာ Hymers နှင့်သူ့ဖခင်၊ အသင်းတော် တို့ကိုလည်း မုန်းတီးသည်။ ကယ် တင်ရှင်အား အကာအကွယ်ပေးသည်ကိုလည်း မုန်းတီးသည်။ စာအုပ်နာမည်ကို “ဟောလီဝုဒ် လုပ်ကြံဖန်တီးမှု” ဟုခေါ်သည်။ ထိုအကြောင်းကို စဉ်းစားကြည့်ပါ။ နှစ်ခြင်းအဖွဲ့ငယ် ၁၂၅ တို့ သည် “ဖန်တီးမှုအောက်တွင်” ဟောလီဝုဒ်ကို စွဲလမ်းကြသည်။ အလွန်ကြီးမား လူသိများသော ရုပ်ရှင်များသည် မြို့တွင်းနှစ်ခြင်းအဖွဲ့ငယ် တစ်ဆယ့်နှစ်ခုမှ “လုပ်ကြံမှု” များပင်ဖြစ်ကြပါ သည်။ သို့သော် ဟောလီဝုဒ်၊ ဘီဝါရီဟီး၊ နယူးယောက်နှင့်ဝါရှိန်တန်တို့က ယေရှုကို အဘယ် မျှလောက်မုန်းတီးကြသည်ကို သိမှတ်သည်။ Bill Maher မှ George Clooney, Anderson Cooper မှ Wolf Blitzer တိုင်အောင် ခရစ်တော်ကို မုန်းတီးကြသည်။ ပျက်ရယ်ပြုကြပြီး ဘုရားသခင်၏သားတော်ဟု လက်ခံရန် ငြင်းပယ်ကြပါသည်။ ထို့အပြင် ထိုအရာနှင့်အဆုံးမ သတ်သေးပဲ အသင်းတော်များကို ဆန့်ကျင်ပြီး ညှင်းပန်းနှိပ်စက်မှုများပါ ပြုကြပါသည်။ ထိုအ ဖြစ်အပျက်ကို သင့်ဘဝသက်တာတွင် တွေ့မြင်ရမည်ဟု ယုံကြည်မိသည်။

ယနေ့အသင်းတော်အမျာစုက ယေရှုကို ကျောခိုင်းနေကြသည်ကို တွေ့ရပါသည်။ သူ့ကို သူ့မိတ်ဆွေအိမ်၌ ကြိုဆိုလက်ခံခြင်းမရှိကြပါ။ ဒေါက်တာ Michael Horton က ခရစ်တော်မပါသော ခရစ်ယာန်ဘာသာ ဟူသောစာအုပ်တွင် ကောင်းကောင်း မှတ်တမ်းတင် ရေးသားထားပါသည်။ (Baker Books, ၂၀၀၈ ) “ဟာတွင်က ကျွန်တော်တို့သည် ခရစ်ယာန် ဘာသာထဲသို့မရောက်ခင်ကတည်းက မိမိတို့သွားရာလမ်းအဆင်းပြေသည်၊ ခရစ်တော်၏နာမ ကို ပြစ်တင်ရှုပ်ချသော်လည်း ခရစ်တော်၊ နှင့်ခရစ်တော်ကို ဗဟိုပြုသောဧဝံဂေလိတရားအ ကြောင်းကို တွန်းအားပေးကြောင်း တိုက်တွန်းသည်” ဟု အင်္ကျီပေါ်တွင် ရေးသားထားသည်။ သို့ရာတွင် ယေရှုကို ယနေ့ကာလတွင် မတော်မတရားပြုမူဆက်ဆံနေကြသည်ကို အံ့ဩစရာ ဟု မထင်ပါ။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ထာဝရဘုရား၏ကျွန်သည် အညွှန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သော မြေ၌ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ကြီးပွါး၏။ ပမာ ဏပြုစရာအဆင်း တင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ်သောမျက်နှာ လက္ခဏာနှင့်မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အ ယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတပါးမျက်နှာလွဲခြင်းကို ခံရသောသူ ကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေ ကြ။” ( ဟေရှာယ ၅၃း ၂- ၃ )

ထိုအခြေအနေသည် လူ့သဘာ၀၊ မပြောင်းလဲသောအခြေအနေ၌ ခရစ်တော်ကို မြင် သည့်အမြင်ဖြစ်သည်။ “သူ့ကို နှစ်ခြိုက်ရလောက်အောင် သူသည် ရုပ်အဆင်းရူပက မလှပါ။” သို့ဖြစ်၍ သူ့ကို “ပျက်ရယ်ပြုပြီး ငြင်းပယ်ကြသည်။” ဒေါက်တာ Hymers သည်လည်း ထို နည်းအတိုင်းပင်ဖြစ်ပါသည်။ သူငယ်ရွယ်စဉ်က နေ့တိုင်းလိုလိုပင် ကစ်သိုလစ်အသင်းတော်သို့ သွားခဲ့သည်။ ၁၉၄၀ ခုနှစ်ဝန်းကျင်များအထိ တံခါးကို ဖွင့်လျက်ထားရှိကြသည်။ သူသည် ဆက်လက်၍သွားသည်။ အကြောင်းမှာ ထိုအရပ်တွင်ရှိနေခြင်းက ဆိတ်ငြိမ်မှုရှိသည်။ အသင်း တော်တွင် ယေရှု၏ရုပ်တုပုံအပြည့်၊ လက်ဝါးကပ်တိုင်ကို ဦးခေါင်းမှခြေဖဝါးထိ သွေးများဖြင့် သယ်ဆောင်နေသည့်ရုပ်တုဖြင့် ဆင်ယင်ထားသည့် ဘဝအသက်တာမျိုးရှိသည်။ ယေရှုသည် ရန်သူများ၏အမုန်းအညိုးထက်ပိုသော အကြောင်းပြချက်မရှိဘဲ မာတုရအဖြစ်အသေခံသော သူအဖြစ် ဒေါက်တာ Hymers က ရှုမြင်သည်။ ယေရှုနှင့်ပတ်သက်ပြီး ထိုသို့သောအမြင်မျိုး သည် အသက်နှစ်ဆယ်အရွယ်၊ ၁၉၆၁ ခုနှစ်၊ စက်တာဘာလ ၂၈ ရက်နေ့ သူမပြောင်းလဲခင် နေ့ရက်အထိ သူ့စိတ်ထဲတွင် ကျိန်းအောင်းနေသည်။ ထိုအပြင် ဒေါက်တာ Hymers က ယေရှုသည် ကြောင်းပြချက်ရေရေရာရာမရှိဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းခံ ရသည်မှာ အပြင်းအထန် နားလည်မှုလွဲမှားခြင်းဖြစ်သည်ဟုသာ တွေးတောမိသည်။ သို့ရာ တွင် ဒေါက်တာ Hymers ပြောင်းလဲလာသောအခါ ယေရှုအား အသက်ရှင်သောသူ၊ သေခြင်း ကို အောင်မြင်သည့် ရှင်ပြန်ထမြောက်သောကယ်တင်ရှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်၏ လက်ယာတော်ဘက်၌ ထိုင်လျက်ရှိသောသူ၊ သူ့ကို အပြစ်မှရွေးနှုတ်ကယ်တင်ပြီး အသက် တာကိုပြောင်းလဲစေသူအဖြစ် စတင်ပြီး ရှုမြင်လာသည်။ ထိုနံနက်ခင်းအချိန်၌ ယေရှုကို မြင် လိုက်သောအခါ ယေရှုသည် ဂုဏ်အသရေနှင့်နှစ်လိုဘွယ်အဖြစ် ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ သည်။

၂။ ဒုတိယအချက်၊ စစ်မှန်သောခရစ်ယာန်များက သူသည် ချစ်ဘွယ်သော ဂုဏ် တော်အပေါင်းနှင့်ပြည့်စုံသည်ဟု ရှုမြင်ကြမည်။

သိသမျှသောနာမတွင် ယေရှုနာမချိုသာဆုံး၊
   နှစ်လိုဘွယ်နာမကဲ့သို့သော နာမမျိုးဖြစ်သည်။
သို့ဖြစ်သောကြောင့် ကျွန်ုပ်နှစ်သက်မြတ်နိုး၊
   အို၊ သိသမျှသောနာမတွင် အချိုသာဆုံးယေရှုနာမ။
(“သိသမျှသောနာမတွင် ချိုသာဆုံးယေရှုနာမ” Lela Long, ၁၉၂၄ )

ကျွန်တော်တို့၏သင်းအုပ်ဆရာ၏အသက်တာတွင် ဖြစ်ပျက်သကဲ့သို့ သင့်အသက် တာတွင်လည်း ရုတ်တရက်ဖြစ်လာနိုင်သည်။ သို့မဟုတ် သင်သည် သူ့ရှေ့တော်မှောက်တွင် လဲကျပြီး သင့်၏ကယ်တင်ရှင်နှင့်ဘုရားသခင်အဖြစ် မကိုးစားမီ သူသည် အလွန်ချစ်ဘွယ်နှင့် ပြည့်စုံသည်ကို ရှုမြင်ရနိုင်သည်။ ဒေါက်တာ Hymers သည် ယေရှုကို ယုံကြည်ကိုးစားသည် နှင့်တပြိုင်နက် ချာလ်းဝယ်စလီရေးစပ်သော သီချင်းကို သီဆိုသည်။

ချည်နှောင်ကြိုးများလွတ်မြောက်၊ စိတ်နှလုံးချမ်းသာ၊
   ထမြောက်ပြီး နောက်တော်သို့လိုက်။
အံ့ဘွယ်မေတ္တာ၊ ဘယ်သို့ဖြစ်နိုင်၊
   ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အတွက် အသေခံခဲ့။
( “ဖြစ်နိုင်လား” Charles Wesley, ၁၇၀၇-၁၇၈၈ )

တကယ်တော့ ယေရှုက ဒေါက်တာ Hymers ကို ကယ်တင်သည့် မနက်တွင် ထိုသီချင်းကို သီဆိုခဲ့ကြသည်။

နှစ်ရှည်လများ ချုပ်နှောင်ခံကျွန်ုပ်ဝိညာဉ်၊
   အပြစ်နှင့်သဘာဝအမှောင်ထဲ ချုပ်နှောင်ခံ။
ရောင်စဉ်သန်းများ သင့်မျက်လုံးထဲ ပျံ့နှံ့စေ၊
   အလင်းတော်ဖြင့် တောက်လောင်သော သောင်ပြင်တွင်နိုးထခဲ့။
ချည်နှောင်ကြိုးများလွတ်မြောက်၊ စိတ်နှလုံးချမ်းသာ၊
   ထမြောက်ပြီး နောက်တော်သို့လိုက်။
အံ့ဘွယ်မေတ္တာ၊ ဘယ်သို့ဖြစ်နိုင်၊
   ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အတွက် အသေခံခဲ့။

ကျွန်ုပ်တို့၏သင်းအုပ်ဆရာက McCheyne သို့မဟုတ် Spurgeon တို့နှင့်အတူ “တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏”ဟု ကြွေးကြော်ကြသည်နှင့်ချက်ချင်း ထိုဂျာမန် သီချင်းဟောင်းကို အမြင့်ဆုံးအသံဖြင့် သီဆိုခဲ့သည်။

တရားမျှတသောယေရှုဘုရား၊ သဘာဝကိုအုပ်စိုးရှင်၊
   လူသားဘုရား ကိုယ်တော်ရှင်။
ကိုယ်တော့်ကို ယုယမြတ်နိုး၊ ရိုသေလေးမြတ်ခြင်းရှိပါ၏၊
   ကိုယ်တော်သာ၊ ကျွန်ုပ်ဝိညာဉ်၏ဘုန်း၊ ဝမ်းမြောက်ခြင်းနှင့်သရဖူး။

လှပသောကယ်တင်ရှင်၊ လူမျိုးတိုင်းတို့၏ဘုရား၊
   ဘုရားသားတော်နှင့်လူသားအရှင်။
ဘုန်းတော်၊ ရိုးသေလေးမြတ်ခြင်း၊ ချီးမွမ်းကိုးကွယ်ခြင်းခံထိုက်၊
   ယခုနှင့်ထာဝရ ကိုယ်တော်၌ ရှိစေသတည်း။
( “အကောင်းမြတ်ဆုံးသောယေရှု,” ၁၇ ရာစု ဂျာမန်ဓမ္မသီချင်း၊
      Joseph A. Seiss ဘာသာပြန်ဆိုသည်၊ ၁၈၂၃-၁၉၀၄ )

“ချစ်ဘွယ်သောဂုဏ်အသရေနှင့်ပြည့်စုံသည်။”

ယေရှုပင်ဖြစ်ပါသည်။

“ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန် တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ် တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင် ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပ လ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာ ဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထို သခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလို့ငှါ၎င်း၊ ခပ်သိမ်းသော အရာ တို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်း သောအရာမဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ အသင်းတော်တည်းဟူ သော ကိုယ်၏ဦးခေါင်းဖြစ်တော်မူ၏။ အရာရာ၌ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။ အ ကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကိုသားတော်၌ ကျိန်းဝပ် စေခြင်းငှါ၎င်း၊ လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အား ဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ် စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာရဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။ အထက်က ဘုရား သခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကိုကျင့်သဖြင့် စိတ်နှလုံး ၌ ရန်သူဖြစ်သော သင်တို့ကို ကိုယ်ခန္ဒာတော်၌ အသေခံတော်မူ သောအားဖြင့်၊ ယခုမိဿဟာရဖွဲ့စေတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေ လိတရား၏မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင် ကြယ်လျက် အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။” ( ကောလော ၁း ၁၅- ၂၂ )

ဟာလေလုယာ! ယေရှုပင်ဖြစ်ပါသည်။ “သူသည် နှစ်လိုဘွယ်သောသူဖြစ်သည်။” ကျွန်ုပ်တို့ သည် သူ့အားပျက်တင်ရှုပ်ချငြင်းပယ်သည့်အရပ်မှ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခြေတော်ရာ သို့တိုးဝင်ချဉ်းကပ်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်တို့ကို ကယ်တင် ရန် လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့သည်။ ကျွန်ုပ်တို့အား အသက်ကိုပေးရန် သေခြင်းမှထ မြောက်တော်မူခဲ့သည်။ ဟာလေလုယာ။ “သူသည် နှစ်လိုဘွယ်သောသူ ဖြစ္သည်။” “ဟုတ်ကဲ့၊ သူသည် နှစ်လိုဘွယ်သောသူ ဖြစ္သည်။”

သိသမျှသောနာမတွင် ယေရှုနာမချိုသာဆုံး၊
   နှစ်လိုဘွယ်နာမကဲ့သို့သော နာမမျိုးဖြစ်သည်။
သို့ဖြစ်သောကြောင့် ကျွန်ုပ်နှစ်သက်မြတ်နိုး၊
   အို၊ သိသမျှသောနာမတွင် အချိုသာဆုံးယေရှုနာမ။

ယေရှု၏ “ခြေတော်ကိုပွေ့ဖက်နမ်းရှုံ့သော” ဆိုးသွင်းသည့် မိန်းမကြီးကဲ့သို့ ခရစ် တော်ထံသို့လာပါ။ ( လုကာ ၇း ၃၈ ) ထို့နောက် ယေရှုက “သင့်အပြစ်ကိုလွှတ်ပြီ” ( လုကာ ၇း ၄၈ )) ဟု မိန့်တော်မူခဲ့သည်။ “သားကို နမ်းပါ။” သမ္မာကျမ်းစာက ထိုသို့ပြုရန် မိန့်ဆိုခဲ့သည်။ “သားတော်ကိုနမ်းကြလော့…..သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ ၏။” (ဆာလံ ၂း ၁၂) သင်သည် ဘုရားသခင့်သားတော်ကို ယနေ့နံနက် နမ်းကြမည်လော။ ကိုးစားကြမည်လော။ “ဘုရားသခင်၏သားတော်ကို နမ်းကြမည်လော။” သင်က ဟုတ်ကဲ့ နမ်း ပါမည်ဟု ဆိုသည်။ ယုံကြည်ခြင်း၊ ကိုးစားခြင်းဖြင့် သူ့ကို နမ်းပါ။ သူသည် နှစ်လိုဘွယ်သော သူဖြစ်ပါသည်။ Spurgeon က ဤသို့ဆိုသည်။

     သင်သည် ယေရှုထံသို့လာဖို့ ကြောက်နေစရာမလို။ အ ကြောင်းမှာ သူသည် “တကိုယ်လုံး၌ ချစ်ဘွယ်သော ဂုဏ်တော် နှင့်ပြည့်စုံသည်။” သူသည် ကြောက်မက်ဘယ်ရာများနှင့်ပြည့်စုံ သည်ဟု မဆို။ သူ့အပေါ် သင်၏အမြင်မှားမှုသာဖြစ်ပေမည်။ သူ သည် ချစ်စရာ ကောင်းတော့ကောင်းပါတယ်ဟုလည်း မဆို။ တခါ တရံ အပြစ်သားများကို လက်ခံလိုတယ်ဟုလည်းမဆိုပါ။ “တ ကိုယ်လုံးသည် ချစ်ဘွယ်သောဂုဏ်တော်နှင့်ပြည့်စုံသည်” ဟုသာ ဆိုသည်။ ထို့ကြောင့် သူသည် ( အပြစ်သားများ ) ကို ကြိုဆိုရာ အမြဲတမ်း အဆင်သင့်ဖြစ်သည်။ သူ့နာမကို ဆင်ခြင်ပါ။ ယေရှု၊ ကယ်တင်ရှင်ပင်ဖြစ်သည်။ ချစ်လိုဘွယ်သောနာမ မဟုတ်ပေဘူး လား။ သူ့လုပ်ဆောင်ချက်များကိုလည်း ဆင်ခြင်ကြည့်ပါ။ သူ သည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာ သောသူဖြစ်သည်။ ယင်းမှာ ၎င်း၏လုပ်ဆောင်ချက်ဖြစ်သည်။ ချစ် နှစ်သက်လိုဘွယ် မဟုတ်ပေဘူးလား။ သူလုပ်ဆောင်သမျှတို့ကို ဆင်ခြင်ပါ။ သူသည် အသွေးတော်ဖြင့် ကျွန်ုပ်တို့ကို ရွေးဝယ်ခဲ့ သည်။ ၎င်းပင် ချစ်နှစ်လိုဘွယ် မဟုတ်ပေဘူးလား။ သူလုပ် ဆောင်နေသောအရာကို ဆင်ခြင်ပါ။ သူသည် ကျွန်ုပ်တို့အပြစ် သားများအတွက် ဘုရားသခင်၏ပလ္လင်ရှေ့တွင် ( ဆုတောင်းနေ လေသည်။ ) ယင်းသည်ပင် ချစ်နှစ်လိုဘွယ် မဟုတ်ပေဘူးလား။ ( ဘာပဲဖြစ်ဖြစ် သူ့ကို ငဲ့ကြည့်ပါ။ ) ယေရှုသည် သူ့အားလိုအပ် သောအပြစ်သားများကို ဆွဲဆောင်မှုရှိသည်။ လာပါ။ ယခုလာပါ။ သင့်အား ကြိုဆိုလျက်ရှိသည်။ သင့်ကို ဝေးလွင့်စေသောအရာမရှိ ပါ။ သင်အား လာရန် ( ခေါ်နေသော ) အရာများသာရှိသည်။ ခရစ် တော်အကြောင်းကိုဟောပြောသည့် ဤဥပုဒ်နေ့သည် သင့်အား ခရစ်တော်ထံသို့ ပို့ဆောင်သော နေ့ဖြစ်ပါစေ။ သူ့ကို ဘယ်တော့ မှ စွန့်မပစ်နှင့်။ သူ့အတွက် ထာဝရအသက်ရှင်သောသူဖြစ်ပါစေ။ အာမင်။ (C. H. Spurgeon, Altogether Lovely,” The Metropolitan Tabernacle Pulpit, Pilgrim Publications, ၁၉၇၇၊ အတွဲ ၁၇၊ စာ- ၄၀၇- ၄၀၈ )

“ဟုတ်ကဲ့၊ သူသည် ချစ်ဘွယ်သောဂုဏ်အသရေနှင့်ပြည့်စုံသည်။” ထို့အပြင် သူ့ထံသို့လာပြီး ကိုးစားရန် သင့်အားခေါ်သည်။ အချိန်တိုင်း အပြစ်မှကယ်တင်ခြင်းသို့ရောက်ရန် ခေါ်ဖိတ် လျက်ရှိသည်။ အကြောင်းမှာ သူသည် သင့်အား ချစ်ပေသည်။ သူသည် သင့်အား ချစ်ပေ သည်။ သူသည် သင့်ထံက ထွက်၍မပြေးပါ။ အကြောင်းမှာ သူသည် သင့်အား ချစ်သော ကြောင့်ပေတည်း။

ချုပ်နှောင်ခြင်း၊ ဝမ်းနည်းခြင်း၊ သံသရာထဲက
   ယေရှု ကျွန်ုပ်လာသည်၊ ကျွန်ုပ်လာသည်။
လွတ်မြောက်ခြင်း၊ ဝမ်းမြောက်ခြင်းအလဲထဲသို့၊
   ယေရှု၊ ကျွန်ုပ်လာသည်။
နာမကျန်းခြင်းထဲမှ ကိုယ်တော့်ကျန်းမာခြင်းဘုန်းထဲ
   ကျွန်ုပ်အလိုထဲမှ ကိုယ်တော့်ချမ်းသာဆီသို့၊
အပြစ်ထဲမှ ကိုယ်တော့်အထဲသို့
   ယခု ကျွန်ုပ်လာသည်။

ယခုတွင် ထိုသီချင်း၏အခြားအပိုဒ်ကိုလည်း နားထောင်ပါ။

ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတွင်းထဲက
   ယေရှု၊ ကျွန်ုပ်လာသည်၊ ကျွန်ုပ်လာသည်။
ဝမ်းမြောက်ခြင်း၊ ကိုယ်တော်ရဲ့အလင်းထဲသို့
   ယေရှု ကျွန်ုပ်လာသည်။

ပြောမပြတတ်အောင် ပျက်စီးခြင်းထဲက
   ငြိမ်သက်ခြင်းနှင့်လုံခြုံရာအရပ်ဆီသို့။
ဘုန်းအသရေကြွယ်သောမျက်နှာတော် ထာဝရရှုမြင်သောငှါ
   ယေရှု အထံတော်သို့ ကျွန်ုပ်လာသည်။
( “ယေရှု၊ ကျွန်ုပ်လာသည်” William T. Sleeper, ၁၈၁၉-၁၉၀၄ )

ယေရှုသည် သင့်ကိုချစ်သည်။ ယနေ့ မနက်တွင် ယေရှုထံသို့လာပါ။ ယုံကြည်ကိုးစား ပါ။ “ချစ်ဘွယ်သောဂုဏ်အသရေနှင့်ပြည့်စုံသည်” ကို တွေ့ရမည်။ သူ့အသွေးတော်သည် သင့်အပြစ်အလုံးစုံတို့ကို ဆေးကြောပေးမူမည်။ ယေရှုကိုးစားခြင်းအကြောင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့နှင့်ထိတ်တိုက်တွေ့စကားပြောလိုလျှင် နေ့လည်စာအတွက် အချို့သောသူများ အပေါ်ထပ်သို့တက်သွားစဉ် သင်သည် ပထမခုံတန်းနှစ်ခုဆီသို့လာပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Benjamin Kincaid Griffith က ဂုဏ်တော် ချီးမွမ်းသည်။
“အကောင်းမြတ်ဆုံးယေရှု၊”၊ ဂျာမန်ဘာသာစကားမှ Joseph A. Seiss, ၁၈၂၃-၁၉၀၄ ဘာသာပြန်သည်။ ).


အခှပှေုကမြွး

ရှုပ်ချခံရသော်လည်း နှစ်လိုဘွယ်ကောင်းသည်အကျဉ်း

DESPISED BUT LOVELY!

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. က ရေးသားပြီး
Rev. John Samuel Cagan က ဟောပြောသည်။

“တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံ၏။”
( ရှောလမုန် ၅း ၁၆ )

၁။ ပထမအချက်၊ ယေရှုသည် ဂုဏ်အသရေနှင့်ပြည့်စုံကြောင်းကို ပျောက် ဆုံးသော ကမ္ဘာကြီးက သိထားခြင်းမရှိ။ ဟေရှာယ ၅၃း ၂- ၃။

၂။ ဒုတိယအချက်၊ စစ်မှန်သောခရစ်ယာန်များက သူသည် ချစ်ဘွယ်သော ဂုဏ် တော်အပေါင်းနှင့်ပြည့်စုံသည်ဟု ရှုမြင်ကြမည်။ ကောလောသဲ ၁း ၁၅- ၂၂၊ လုကာ ၇း ၃၈၊ ၄၈၊ ဆာလံ ၂း ၁၂။