Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




“ဓမ္မပညာအလုံးစုံနှင့်သက်ဆိုင်သော” စပါဂျွန်၏အယူအဆများ

SPURGEON’S “SUBSTANCE OF ALL THEOLOGY”
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၈ခုနှစ်
မေလ ( ၆ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော R. L. Hymers, Jr. ၏ တရားဒေသနာတစ်ပုဒ်ဖြစ်သည်။
A sermon by Dr. R. L. Hymers, Jr.
preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, May 6, 2018


စပါဂျွန်သည် အသက် ၂၇ နှစ်သာ ရှိပါသေးသည်။ သို့သော် လန်ဒန်မြို့၌ အကျော် ကြားဆုံး တရားဟောဆရာဖြစ်နေလေပြီ။ တနင်္ဂနွေနံနက်တိုင်း လူပေါင်း ၃၀၀၀၀ ထံ တရား ဟောလေ့ရှိသည်။ ၁၈၆၁ ခုနှစ် ၊ ဇွန်လ ၂၅ ရက်၊ အင်္ဂါနေ့တွင် နာမည်ကျော် လူငယ်တရား ဟောဆရာလေးသည် ဝေးလနိုင်ငံ၊ ဆွမ်ဆီးမြို့သို့ အလည်အပတ်သွားခဲ့သည်။ ထိုနေ့တွင် မိုးရွာသွန်းသည်။ နေရာနှစ်ခုတွင် တရားဟောမည်အကြောင်း လူတို့ကို ပြောခဲ့ကြသည်။ ထိုနေ့ရက်တွင် မိုးရွာခြင်းလဲ ရပ်တန့်သွားခဲ့သည်။ ထိုညနေပိုင်းတွင် ထင်ပေါ်ကျော်ကြားလှ သော တရားဟောဆရာသည် အပြင်ဘက်တွင်စုရုံးလျက်နေကြသောလူများကို စကားပြောခဲ့ သည်။ ယနေ့ညတွင် အနည်းငယ်ပေါင်းထည့်ပြီး ကျွန်တော်ဟောပြောမည့်တရားဒေသနာမှာ စပါဂျွန်ဟောခဲ့သည့် တရားဒေသနာသာဖြစ်ပါသည်။ အခြေပြုကျမ်းအနေဖြင့် ယောဟန် ၆း ၃၇ ကို အတူတကွ ကြည့်ကြပါစို့။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့ လာ ကြလိမ့်မည်။ ငါ့ထံသို့လာသောသူတို့ကို ငါသည် အလျင်းမပယ်။” ( ယောဟန် ၆း ၃၇ )

တစ်ဦးဦးက ထောင်ပေါင်းများစွာသောတရားဒေသနာဟောနိုင်သည့် ကျမ်းပိုဒ်ရှိပါ သည်။ ဘဝတစ်လျှောက်လုံး အသုံးပြုမည့်ကျမ်းပိုဒ်တစ်ခုအနေဖြင့် အချက်နှစ်ချက်ကို ထုတ် နှုတ်ကြပါစို့။ ထိုအထဲ၌ ကြီးမားသည့်သမ္မာတရားလုံး၀ မပျက်ပြယ်နိုင်ပါ။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်” ဟ ပထမထက်ဝက်ဖြစ်သောကို ကောင်းမွန်စွာဟောပြောသော ကယ်လဗင်းအယူရှိသူများစွာ ရှိကြပါသည်။

တနည်းအားဖြင့် ဒုတိယထက်ဝက်ဖြစ်သည့် “ငါ့ထံသို့လာသောသူတို့ကို ငါသည် အလျင်းမပယ်” ဟူသောအချက်ကို ကောင်းစွာဟောပြောနိုင်သည့် အမေရိကန်တရားဟော ဆရာများစွာရှိကြပါသည်။ သို့ရာတွင် သူတို့သည် “ခမည်းတော်သည် ငါ့အားပေးသမျှသောသူ တို့သည် ငါ့ထံသို့လာကြလိမ့်မည်” ဟူသော ပထမထက်ဝက်အချက်ကို တွန်းတွန်းတိုက်တိုက် ဟောပြောနိုင်ကြခြင်းမရှိပါ။

နှစ်ဘက်စလုံးကို မမြင်နိုင်သည့် တရားဟောဆရာအဖွဲ့လည်း ရှိကြသေးသည်။ မျက်စိနှစ်လုံးစလုံးကို ဖွင့်ထားမည်ရင်တောင် သူတို့သည် အားလုံးကို မြင်နိုင်မည်မဟုတ်ပါ။

ယနေ့ညတွင် ကျမ်းပိုဒ်၏ထက်ဝတ်နှစ်ခုလုံးကို အတတ်နိုင်ဆုံးဟောပြောမည်။ ထိုအ ရာအားလုံးသည် ကျွန်ုပ်တို့အား ယေရှုကြားစေလိုသောအရာပင်ဖြစ်ပါသည်။

၁။ ပထမအချက်၊ ကယ်တင်ခြင်းတည်ထားသောအုတ်မြစ်

“ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါ့ထံ သို့လာကြလိမ့်မည်။”

ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့လုပ်ဆောင်သောအရာပေါ်တွင် တည်နေ သည်မဟုတ်။ ခမည်းတော်ဘုရားသခင်လုပ်ဆောင်သောအရာပေါ်တွင်သာ တည်နေပါသည်။ ခမည်းတော်သည် မိမိသားတော် သခင်ယေရှုခရစ်အား အချို့ အချို့သောသူတို့ကိုပေးထား သည်။ သားတော်က “ခမည်းတော်သည် ငါ့အား ပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြ လိမ့်မည်” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ ခရစ်တော်ထံသို့လာသမျှသောသူတိုင်းသည် ခမည်ေးတာ်က ခရစ်တော်အားပေးထားသောသူများဖြစ်သည်။ သူတို့လာရသည့်အကြောင်း ရင်းမှာ ခရစ်တော်ထံလာလိုသောစိတ်နှလုံးကို ဘုရားသခင်သည် သူတို့အား ပေးထားသော ကြောင့်ဖြစ်သည်။ လူတစ်ဦးကယ်တင်ခြင်းရပြီး အခြားတစ်ဦးပျောက်ဆုံးရခြင်းအကြောင်းကို ဘုရားသခင်၌သာတွေ့ရပါသည်။ ကယ်တင်ခြင်းရသူက တစ်စုံတစ်ခုလုပ်ဆောင်သောကြောင့် မဟုတ်ပါ။ သို့မဟုတ် ပျောက်ဆုံးသူက မလုပ်ဆောင်သောကြောင့်လည်း မဟုတ်ပါ။ ကယ် တင်ခြင်းရသူက ခံစားချက်ရှိသောကြောင့် မဟုတ်သလို ပျောက်ဆုံးသူကလည်း ခံစားချက် မရှိသောကြောင့်လည်းမဟုတ်ပါ။ သူနှင့်မသက်ဆိုင်ဘဲ ဘုရားသခင်၏စိုးစံခြင်းကြောင့်သာဖြစ် ပါသည်။ ဘုရားသခင်၏တန်ခိုးတော်ထွက်သည့်အချိန်၌ ကယ်တင်ခြင်းခံရသောသူသည် ခရစ် တော်ထံသို့လာလိုသောစိတ်နှလုံးရှိလာမည်။ သမ္မာကျမ်းစာက ဤအချက်ကို ရှင်းပြထားပါ သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံ ကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရား သခင်ဘွားသောသား ဖြစ်သတည်း။” ( ယောဟန် ၁း ၁၂၊ ၁၃ )

တဖန်၊ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“ထို့ကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်၊ ပြေး သောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူ သော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။” ( ရောမ ၉း၁၆ )

ကောင်းကင်ဘုံ၌ရှိသောသူတိုင်းသည် ဘုရားသခင်က သူတို့အား ခရစ်တော်ထံသို့ ခေါ်တော် မူသောကြောင့်ဖြစ်သည်။ ထို့အပြင် ကောင်းကင်သို့သွားရာလမ်းတွင်ရှိနေနှင့်သောသူများ သည်လည်း ဘုရားသခင်က “အခြားသူများနှင့်ကွဲပြားခြားနားစေသောကြောင့်” ထိုအရပ်သို့ ရောက်နေကြခြင်းဖြစ်ပါသည်။ ( ၁ ကော ၄း ၇ )

သဘာဝအားဖြင့်ဆိုလျှင် ယေရှုထံသို့လာရန် လူတိုင်းက ငြင်းပယ်ကြသည်။ “လူအ ပေါင်းတို့သည် အပြစ်ရှိကြသည်… ဘုရားသခင်ကို ရှာသောသူမရှိ။ လူအပေါင်းတို့သည် လမ်း လွဲကြပြီ။” (ရောမ ၃း ၉၊ ၁၁၊ ၁၂) လူများတို့သည် ယေရှုထံသို့ မလာကြခြင်းကြောင့် အ ကြောင်းပြချက်ပေးကြသည်။ “ခေါ်အပ်သောသူအပေါင်းတို့သည် တညီတညွတ်တည်း ပရိ ယာယ်ပြုကြ၏။” ( လုကာ ၁၄း ၁၈ ) အချို့တို့က သူတို့ မမြင္ နိုင်သောကြောင့် ယေရှုထံသို့မ လာနိုင်ဟု ပြောကြသည်။ အခြားသူများက ယေရှုကို မခံစားနိုင္ သောကြောင့် သူ့ထံသို့ မလာ ကြဟု ဆိုကြသည်။ သို့ရာတွင် အခြားသောသူများမှာမူ အခြားသူများပြောစကားကြားရသော စကားကို အတုခိုးလျက် ယေရှုထံသို့လာကြသည်။ သူတို့အားလုံးက ယေရှုထံသို့လာရန် ငြင်း ပယ်မှုကို အကြောင်းပြချက်ပေးကြသည်။ သို့ရာတွင် ဘုရားသခင်သည် ၎င်း၏စိုးစံခြင်းအလုံး စုံတွင် အချို့တို့ကို ကွဲပြားခြားနားစေပါသည်။ ဘုရားသခင်က အချို့သော အမျိုးသားနှင့်အမျိုး သမီးများအား ယေရှုထံသို့လာလိုသောစိတ်ထားရှိအောင် လုပ်ဆောင်သည်။ “ခမည်းတော် သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။” သူတို့သည် “တန်ခိုးတော်ပြ သောနေ့ရက်ကာလ၌ ကြည်ညိုသောစိတ်နှလုံးရှိကြလိမ့်မည်။” ( ဆာလံ ၁၁၀း ၃ ) ဘုရားသခင် သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ကြောင့် အချို့သောသူများကို ခရစ်တော်ထံ သို့ ဆွဲခေါ်သည်။ “ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏။” ( ၁ ယော ၄း ၁၉ ) ထိုအကြောင်းကြောင့် ကျွန်ုပ်မိတ်ဆွေကို ရွေး ကောက်ထားသည်။

ဤအချက်ကို အချိန်ကြာမြင့်စွာ မယုံကြည်ခဲ့ပါ။ သို့ရာတွင် ကျွန်တော်ပြောင်းလဲလာပုံ ကို အမြဲအံ့ဩနေရသည်။ Huntington Park မြို့ရှိ ပထမနှစ်ခြင်းအသင်းတော် တနင်္ဂနွေနေ့ ကျောင်းသို့ ခေါ်သွားခဲ့ကြသည်။ ကျွန်သိရသလောက်တော့ ထိုကြီးမားသည့်အတန်းထဲတွင် ဘုရားကျောင်းတွင်ရှိနေသေးသည့်သူမှာ ကျွန်တော်တစ်ဦးတည်းသာဖြစ်ပါသည်။ ကျွန်တော် သိရသလောက် ပြောင်းလဲလာသူလည်း ကျွန်တော်တစ်ဦးတည်းသာဖြစ်ပါသည်။ မည်သို့ဖြစ် နိုင်မည်နည်း။ ကျွန်တော်သည် ကြောက်စရာကောင်းသည့် နောက်ခံသမိုင်းထဲက လာခြင်းဖြစ် ပါသည်။ ဘုရားကျောင်းတက်လာသူအများစု၏ လှောင်ပြောင်ပျက်ရယ်ပြုခြင်းကို ခံရသည်။ ခွန်အားပေးစကား တစ်ခွန်းမျှ မကြားခဲ့ရပါ။ ကျွန်တော့်နှလုံးသားထဲ၌ သိရသည်မှာ ယေရှုမှ တပါး မျှော်လင့်စရာအကြောင်း မရှိပါ။ မည်သို့သိခဲ့သနည်း။ ကြောက်ရွံ့ခြင်းများကို ဆန့်ကျင် တိုက်ခိုက်လျက် ဟူသော ကျွန်တော်အကြောင်းစာအုပ်ကို ဖတ်ရှုပါ။ ကျွန်တော့်အတွက် မျှော် လင့်ခြင်းရောင်ခြည်တောင် မတန်းခဲ့ပါ။ သို့ရာတွင် နှစ်ပေါင်းခြောက်ဆယ်ကျော်လာသည့်အခါ ကျွန်တော် ကယ်တင်ခြင်းအကြောင်းကို ဟောလျက်နေပါသေးသည်။ ကျွန်တော်တို့အခန်းထဲ ၌ ခရစ်ယာန်ဖြစ်လာသူ တစ်ဦးတစ်ယောက်တောင် မမှတ်မိတော့ပါ။ ဧဝံဂေလိတရားဟော ပြောခြင်း၌ နှစ်ပေါင်းခြောက်ဆယ် အချိန်ကာလကို အသုံးပြုသူမရှိပါ။ မည်သို့ဖြစ်နိုင်ပါမည် နည်း။

ဒေါက်တာ Cagan ကို ကြည့်ပါ။ သူသည် အားကစားသမားတစ်ဦးအနေဖြင့် ကြီးပြင်း လာခဲ့သည်။ မည်သူမျှ အကူအညီမပေးကြပါ။ သူကို ပြုစုစောင့်ရှောက်သူလည်း မရှိပါ။ သို့ သော် သူသည် သိဖူးသမျှခရစ်ယာန်ထဲတွင် အကောင်းဆုံးထဲက တစ်ဦးပင်ဖြစ်ပါသည်။ မည် သို့ဖြစ်နိုင်သနည်း။

မစ္စ Salazar ကို ကြည့်ပါ။ ဘုရားကျောင်းလာတဲ့အတွက် အမျိုးသားက သူ့ကို ရိုက် ပုတ်သည်။ သူ့သားသမီးများသည် အသင်းတော်ကို စွန့်ခွါပြီး ဘုရားအတွက် အသုံးမရသော သူများဖြစ်ကြသည်။ သို့သော် သူမသည် ဘုရားကျောင်းသို့လာဖို့ တစ်ယောက်တည်း ပင်ပန်း စွာ လမ်းလျှောက်လာသည်။ သို့သော် သူသည် ဝမ်းမြောက်လျက်ရှိနေသည်။ သူသည် အ သင်းတော်ရှိလူငယ်များကို အကူအညီပေးဖို့ အသက်တာကို အသုံးပြုသည်။ မည်သို့ဖြစ်နိုင်ပါ သနည်း။

Aaron Yancy ကို ကြည့်ပါ။ သူ့မိသားစုတွင် ခရစ်ယာန်ကောင်းမရှိကြပါ။ သို့သော် သူသည် သိဖူးသမျှခရစ်ယာန်များထဲတွင် အကောင်းဆုံးထဲ၌ ပါဝင်သည်။ မည်သို့ဖြစ်နိုင်ပါသ နည်း။

မစ္စ Winnie Chan ကို ကြည့်ပါ။ သူသည် ယေရှုအတွက် နောက်ဘက်တွင် အမြဲတမ်း အလုပ်ကို ကြိုးစားလုပ်ဆောင်နေသည်။ အသင်းတော်၌ရှိသော အမျိုးသမီးများထက် ဧဝံဂေ လိလုပ်ငန်းဖြင့် နာမည်များစွာကို ဘုရားသခင်ထံ ခေါ်ဆောင်လာသည်။ သူမကို မည်သည့်အ ရာက ဆက်လက်လုပ်ဆောင်စေသနည်း။ မည်သို့ဖြစ်နိုင်ပါသနည်း။

John Samuel Cagan ကို ကြည့်လိုက်ပါ။ သူသည် အသင်းတော်ပြိုကွဲခြင်းကြီးကို ဖြတ်သန်းခဲ့သည်။ သူ့မိတ်ဆွေများအားလုံး ထွက်ပြေးခဲ့ကြသည်။ သို့သော် သူသည် တနင်္ဂ နွေနံနက်တိုင်း တရားဒေသနာဟောပြောခဲ့သည်။ John Cagan သည် တရားဟောဆရာဖြစ် ဖို့ သင်တန်းကျောင်းတွင် သင်တန်းတက်နေပါသည်။ မည်သို့ဖြစ်နိုင်ပါသနည်း။

မစ္စ Hymers ကိုလည်း ကြည့်ကြပါ။ သူသည် ဧဝံဂေလိတရားဒေသနာ ကျွန်တော် ဟောပြောသည်ကို ပထမဆုံးကြားသည့်အချိန်၌ အံ့အားသင့်ဖွယ် ပြောင်းလဲလာခဲ့သည်။ တကိုယ်ကောင်းစိတ်နှင့်အပြစ်ကြောင့် မိတ်ဆွေများက အသင်းတော်ကို စွန့်ပစ်ခဲ့ကြသည်။ သို့ သော် သူမသည် ဘုရားသခင်အသုံးပြုသော အမျိုးသမီးအဖြစ်နှင့် ဘုရားအတွက် ကြံကြံ့ခံခဲ့ပါ သည်။ မည်သို့ဖြစ်နိုင်သနည်း။ ဤလူများ၏ပြောင်းလဲလာပုံကို ရှင်းပြဖို့ အခြားနည်းလမ်း မသိ ပါ။ ခရစ်တော်နှင့်အသင်းတော်အပေါ် ၎င်းတို့၏သစ္စာရှိဖို့အကြောင်းကို မရှင်းပြတတ်တော့ပါ။ ရွေးချယ်ခြင်းဆိုသည်မှာတစ်ခုတည်းသောအဖြေသာဖြစ်သည်။ သူတို့က ဘိုးဘေး ယောဘ နှင့်အတူ ဤသို့ပြောနိုင်ကြပါသည်။

“ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသောလည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။” ( ယောဘ ၁၃း ၁၅ )

ကျွန်တော်သိခဲ့ဖူးသည့် သင်းအုပ်များထဲတွင် အကြီးမားဆုံးခရစ်ယာန်တစ်ဦးမှာ သင်း အုပ် Richard Wurmbrand ပင် ဖြစ်ပါသည်။ သူ့အကြောင်းကို ခရစ်တော်အတွက် ဒုက္ခခံ ခြင်း စာအုပ်တွင်ဖတ်ပါ။ ထိုစာအပ်ကိုဖတ်လျှင် ကျွန်တော်နှင့်သဘော ထားတိုက်ဆိုင်လိမ့် မည်။ သူသည် ဘုရားသခင်ရှေ့၌ Billy Graham, Pope John Paul II သို့မဟုတ် ၂၁ ရာစုက အခြား ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပါးထက် ကြီးမြတ်မည်ဟု ထင်သည်။ သူသည် ကွန် မြူနစ်တို့၏ထောင်သွင်းခြင်းကို ၁၄ နှစ်ကြာမျှ ဒုက္ခဝေဒနာခံစားခဲ့ရပြီး သေလုပ်မျှောပါးအထိ ရိုက်ပုတ်ခဲ့ကြသည်။ သူသည်လည်း ဘိုးဘေးယောဘနှင့်အတူ ဤသို့ပြောဆိုနိုင်ပါသည်။

“ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသောလည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။” ( ယောဘ ၁၃း ၁၅ )

ဤအရာများသည် သူ့အားရွေးကောက်ပြီး ခရစ်တော်ထံသို့ပို့ဆောင်သော ဘုရားသခင်၏ စိုးစံသောကျေးဇူးတော်သာမဟုတ်လျှင် မည်သို့ဖြစ်နိုင်မည်နည်း။ ခရစ်တော်၏စကားတော် သည် မှန်ကန်ခြင်းမရှိလျှင် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ ယေရှုကိုယ်တော်တိုင်က ဤသို့ဆိုပါသည်။

“သင်တို့သည် ငါ့ကို ရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ ကို ရွေးကောက်သည်။” ( ယောဟန် ၁၅း ၁၆ )

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။”

၂။ ဒုတိယအချက်၊ ယေရှုအားပေးသမျှသောသူတို့၏ ထာဝရကယ်တင်ခြင်း။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာ ကြလိမ့်မည်။”

ဤအရာမှာ ထာဝရအတွက် ခွဲခန့်မှတ်သားထားခြင်းဖြစ်ပါသည်။ ထိုသို့မှတ်သား ထားသည်ကို လူသော်လည်းကောင်း သို့မဟုတ် နတ်ဆိုးသော်လည်းကောင်း ပယ်ဖျက်နိုင် စွမ်းမရှိပါ။ “ကမ္ဘာမတည်မရှိမီကတည်းက အသေသတ်ခြင်းခံရသော သိုးသူငယ်၏အသက်စာ စောင်တွင် နာမည်ရေးသွင်းခြင်းခံရသောသူများကို” ယေရှုထံသို့မလာရန် အန္ဒီခရစ်ပင်လျှင် ရပ်တန့်နိုင်မည်မဟုတ်ပါ။ ( ဗျာဒိတ် ၁၃း ၈ ) နောက်ဆုံးတစ်ယောက်အထိ သန့်ရှင်းသော ဝိညာဉ်တော်က ခေါ်ဆောင်လာပေမည်။ ခရစ်တော်ထံသို့လာပြီး ခရစ်တော်၏မြတ်သွေးတော် ၌ လုံခြုံမှုကို ရရှိကြမည်။ အထွဋ်အမြတ်ဆုံးသောဘုန်းတော်ဖြင့် ကောင်းကင်သို့ ၎င်း၏သိုး များနှင့်အတူ သိမ်းဆည်းခြင်းခံရကြမည်။

နားထောင်ပါ။ “ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြ လိမ့်မည်။ ခမည်းတော်ပေးသမျှသောသူတို့တွင် အဘယ်တစ်ဦးတစ်ယောက်မျှ ပျက်စီးခြင်းသို့ မရောက်ရ။ တစ်ယောက်မျှ မပျက်စီးရပါ။ အခြေပြုကျမ်းက “အားလုံးနီးပါး” သို့မဟုတ် “တစ် ယောက်မျှ” ဟု ပြောပေမည်။ သို့ရာတွင် ချွမ်းချက်မရှိဘဲ “အားလုံး” ဟုသာဆိုပါသည်။ ခရစ် တော်၏သရဖူတွင် ကျောက်မျက်ရတနာတစ်ခုဆုံးရှုံးလျှင် ခရစ်တော်၏သရဖူသည် အသရေ ရှိနိုင်တော့မည်မဟုတ်ပါ။ ခရစ်တော်၏အသင်းတော်၌ ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးလျှင် ခရစ်တော် သည် ပြည့်စုံတော့မည်မဟုတ်ပါ။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။” “သူတို့မလာကြဟု ဆိုကြပါစို့။” အဲလို မတွေးတတ်ပါ။ အကြောင်းမှာ ခရစ်တော်က “လာကြ မည်” ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏တန်ခိုးတော်ပေါ်ထွန်းသောနေ့တွင် လာလိုသော စိတ်ရှိကြလိမ့်မည်။ လူသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသော်လည်း ဘုရားသခင်က ခရစ် တော်ထံသို့လာရန် သူ့ကို မမှီခိုးနိုင်ပါ။ လူကို အဘယ်သူဖန်ဆင်းသနည်း။ ဘုရားသခင်သာ ဖန်ဆင်းထားပါသည်။ ဘုရားသခင်ကို မည်သူဖန်ဆင်းသနည်း။ လူသားကို ဘုရားသခင်စိုးစံ သော ပလ္လင်သို့ နန်းတင်မည်လော။ ဤလမ်းကိုပိုင်ဆိုင်သော သခင်ကား မည်သူနည်း။ ဘုရား သခင်လော သို့မဟုတ် လူသားလော။ “လာကြလိမ့်မည်” ဟု မိန့်ဆိုသော ဘုရားသခင်၏အ လိုတော်က မည်သို့လာစေနိုင်သည်ကို သိသည်။

ရာပေါင်းများစွာသော မွတ်စလင်များသည် ခရစ်တော်ထံသို့လာကြသည်အကြောင်း ကျွန်တော်တို့ဖတ်ရှုနေရသည်။ ဧသော၏သားစဉ်မြေးဆက်များကို နတ်ဆိုးက မျက်စိကန်းစေ သည့်အချိန်ကာလကတည်းက မည်သည့်အချိန်ကာလထက်မဆို ပို၍များစွာသော မွတ်စလင် များသည် ယေရှုထံသို့လာနေကြသည်။ “ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ များစွာသောသူတို့ဟုဆိုရာတွင် ဘုရားသခင်သည် အီရန်၊ တရုတ် နှင့် ပင်လယ်ကျွန်းစုများ၊ စာတန်၏တံပိုးအချုပ်ခန်း၌ပင် ဘုရားသခင်အသုံးပြုနေသည်ဟု ဆို လိုသနည်း။ Finney ၏ မှားယွင်းသောအယူဝါဒကလည်း အနန္တတန်ခိုးရှင် ဘုရားသခင့်ကျေး ဇူးတော်၏စိုးစံခြင်းကို အံတုနိုင်စွမ်းမရှိပါ။ ၎င်းမှာ ဘုရားနှုတ်ကပတ်တော်၏သွန်သင်ချက်ပင် ဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ပင်ဖြစ်ပါသည်။ နိုးထမှုတွင် အချိန်တိုင်း ဘုရား သခင်အသုံးပြုသော ခံယူချက်ပင်ဖြစ်ပါသည်။ Hippies ၏ မူးယစ်ဆေးဝါးနှင့်လွတ်လပ်စွာ လိင်ပျော်ပါးမှုကလည်း စာတန်၏သားသမီး ထောင်ပေါင်းများစွာကို ဘုရားနိုင်ငံတော်ထဲ သွက် သွင်းထားသည်ကို အဟန့်အတား မလုပ်နိုင်ပါ။ ဘုရားသခင်သည် ထပ်မံ၍ လုပ်ဆောင်နိုင်ပါ သည်။ “ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။”

သူအတွက်မျှော်လင့်ချက်မရှိလောက်အောင် စိတ်နှလုံးခိုင်မာသည့် ဘုရားသခင်ရွေး ကောက်ထားသူရှိသည်ဟု ဆိုကြပါစို့။ မည်သို့ဖြစ်မည်နည်း။ ရွေးကောက်ရိုးမှန်လျှင် ထိုသူကို ကျေးဇူးတော်က ရစ်ပတ်ထားပေမည်။ မျက်ရည်များသည် ပါးပြင်တွင် စီးဆင်းလာမည်။ သူသည် ယေရှုထံသို့လာပြီး ကယ်တင်ခြင်းရရှိလိုမည်။ ကျွန်တော်သည် ရှစ်နှစ်ကြာမျှ ကုသိုလ်ကောင်းမှုဖြင့် ကယ်တင်ခြင်းဆုံးရှုံးခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်အလိုတော်ကို ပယ်ဖျက်ပြီး ယေရှုထံသို့ခေါ်ဆောင်နိုင်လျှင် အခြားသူများကိုလည်း လုပ်ဆောင်နိုင်ပါသည်။ မျှော်လင့်ချက်မရှိလောက်အောင် ဘုရားသခင်က မရွေးကောက်နိုင်။ ယေရှုထံသို့ မခေါ် ဆောင်နိုင်မည့်သူကို ဘုရားသခင်က မရွေးကောက်နိုင်ပါ။ ဘုရားသခင်က လက်ကိုဆန့်တန်း ပြီး “မီးလျှံထဲက”ပင် ကယ်တင်နိုင်သည်။ ( ဇာခရိ ၃း ၂ )

၃။ တတိယအချက်၊ အခြေပြုကျမ်း၏ဒုတိယပိုင်းကို နားထောင်ပါ။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့ လာ ကြလိမ့်မည်။ ငါ့ထံသို့လာသောသူတို့ကို ငါသည် အလျင်းမပယ်။” ( ယောဟန် ၆း ၃၇ )

ဤနေရာတွင် အမှားမရှိပါ။ မှားယွင်းသောသူသည် လာခွင့်မရှိပါ။ ပျောက်ဆုံးသော အပြစ်သားသည် ခရစ်တော်ထံသို့လာမည်ဆိုလျှင် မှန်ကန်သောသူဖြစ်မည်အမှန်ပါ။ တစ်စုံ တစ်ယောက်က “မှားယွင်းသည့်လမ်းသို့ လာမိသည်” ဟုပြောသည် ဆိုပါစို့။ သင်သည် ယေရှု ထံသို့ မမှန်ကန်သောလမ်းဖြင့် ရောက်လာ၍ မရပါ။ ယေရှုက “ခမည်းတော်သည် အခွင့်ပေး တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်” ( ယောဟန် ၆း ၄၄၊ ၆၅ ) ဟု မိန့်တော်မူခဲ့သည်။ ယေရှုထံသို့ လုံး၀ဥဿုံလာလျှင် လာနိုင်သောတန်ခိုးကို ခမည်းတော်က ပေးထားသည်။ ယေရှုထံသို့လာလျှင် သင့်အား နမော်နမဲ့ဖြင့် စွန့်ပစ်မထားပါ။ သူ့ထံသို့လာသောအပြစ်သား ကို စွန့်ပစ်ရန် ယေရှု၌ အကြောင်းပြချက်မရှိပါ။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်။

“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါ သည် ချမ်းသာပေးမည်။” ( မဿဲ ၁၁း ၂၈ )

ဤသည်မှာ ၎င်း၏ခေါ်ဖိတ်ခြင်းနှင့်ကတိတော်ပင်ဖြစ်ပါသည်။

စပါဂျွန်သည် အသက် ၂၇ နှစ်သာ ရှိသေးသည်။ လူငယ်တရားဟောဆရာလေးက ၎င်း၏တရားဒေသနာကို ဤစကားများဖြင့် အဆုံးသတ်ထားသည်။

ခရစ်တော်က လူတိုင်းလူတိုင်းအား မိန့်ဆိုထားသော စကားမှာ “အရှိအတိုင်း၊ ယေရှု ခရစ်ထံသို့လာပါ၊ လာပါ၊ လာပါမိတ်ဆွေ” ဟူ၍ဖြစ်သည်။ သင်ကလည်း “ပို၍ခံစားချက်ရှိဖို့လို အပ်သည်” ဟု ပြောသည်။ ယေရှုက “ထိုသို့မဟုတ်ပါ၊ အရှိအတိုင်းလာပါ” ဟု ဆိုသည်။ သင် ကလည်း “ငါအိမ်ပြန်ပြီး ဆုတောင်းပါရစေအုံး” ဟုဆိုသည်။ “ထိုသို့မဟုတ်ပါ။ အရှိအတိုင်း ယေရှုထံသို့လာပါ။” သင်သည် ယေရှုကို အမှန်တကယ် ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်း သို့ရောက်လိမ့်မည်။ သူကို သတ္တိရှိရှိ ယုံကြည်ကိုးစားရန် ကျွန်တော်ဆုတောင်းပေးပါသည်။ တစ်စုံတစ်ယောက်က “သင်သည် ညစ်ပေသောအပြစ်သားပါ” ဟုဆိုလျှင် “ဟုတ်ပါတယ်၊ မှန် ပါတယ်၊ ကျွန်ုပ်အပြစ်သားပါ။ သို့သော် ယေရှုကိုယ်တော်တိုင်က သူ့ထံလာရန် ခေါ်ဖိတ်ပါ သည်” ဟု ပြန်ပြောပါ။

ဆင်းရဲချို့တဲ့ အပြစ်သား၊ လာပါ၊
   အားနည်းနာကျင်၊ အလုံးစုံနှင့်အတူ။
သင့်အားကယ်တင်ရန် ယေရှုရှင်အဆင်သင့်
   တန်ခိုးတော်ဖြင့် သနားကြင်နာမှုများစွာဖြင့်။
သူတတ်စွမ်းနိုင်၊ အလိုတော်ရှိ၊ အလိုတော်ရှိသည်
   သံသယ မရှိပါလေနှင့်။
( “အပြစ်သားလာပါ” Joseph Hart, ၁၇၁၂-၁၇၆၈ )

အိုအပြစ်သား၊ ယေရှုကို ယုံကြည်ကိုးစားပါ။ ယေရှုကို ကိုးစား၍ ပျက်စီးလျှင် ကျွန်ုပ်လည်း သင်နှင့်အတူ ပျက်စီးခံမည်။ သို့သော် ထိုသို့လုံး၀ဖြစ်မည်မဟုတ်ပါ။ ယေရှုကို ကိုးစားသမျှ သောသူတိုင်း ပျက်စီးခြင်းသို့ ရောက်မည်မဟုတ်။ ယေရှုထံသို့လာပါ။ သင့်အား လုံး၀ စွန့်ပစ် ထားမည်မဟုတ်။ စိတ်ကူးမယဉ်ကြစမ်းပါနှင့်။ သူ့ကို ယုံကြည်ကိုးစားကြည့်ကြပါ။ သူသည် သင့်ကိုချစ်သောကြောင့် သင်တို့သည် ပျက်စီးစရာအကြောင်း လုံးဝမရှိပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မီ ကျမ်းစာဖတ်ကြားခြင်း။ ယောဟန် ၆း ၃၅- ၃၉။
တရားဒေသနာမတိုင်မှီ မစ္စတာ Benjamin Kincaid Griffith က ဂုဏ်တော် ချီးမွမ်းသည်။
“အပြစ်သားလာပါ”၊ (Joseph Hart ၁၇၁၂- ၁၇၆၈ ရေးစပ်သည်။)


အခှပှေုကမြွး

“ဓမ္မပညာအလုံးစုံနှင့်သက်ဆိုင်သော” စပါဂျွန်၏အယူအဆများအကျဉ်း

SPURGEON’S “SUBSTANCE OF ALL THEOLOGY”

Dr. R. L. Hymers, Jr. ဟောပြောသည်။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့ လာကြ လိမ့်မည်။ ငါ့ထံသို့လာသောသူတို့ကို ငါသည် အလျင်းမပယ်။” ( ယော ဟန် ၆း ၃၇ )

၁။ ပထမအချက်၊ ကယ်တင်ခြင်းတည်ထားသောအုတ်မြစ်။ ယောဟန် ၆း ၃၇က၊ ယောဟန် ၁း ၁၂၊ ၁၃၊ ရောမ ၉း ၁၆၊ ၁ ကော ၄း ၇၊ ရောမ ၃း ၉၊ ၁၁၊ ၁၂၊ လုကာ ၁၄း ၁၈၊ ဆာလံ ၁၁၀း ၃၊ ၁ ယောဟန် ၄း ၁၉၊ ယောဘ ၁၃း ၁၅၊ ယောဟန် ၁၅း ၁၆။

၂။ ဒုတိယအချက်၊ ယေရှုအားပေးသမျှသောသူတို့၏ ထာဝရကယ်တင်ခြင်း။ ယောဟန် ၆း ၃၇က၊ ဗျာဒိတ် ၁၃း ၈၊ ဇာခရိ ၃း ၂။

၃။ တတိယအချက်၊ အခြေပြုကျမ်း၏ဒုတိယပိုင်းကို နားထောင်ပါ။ ယောဟန် ၆း ၃၇ခ၊ မဿဲ ၁၁း ၂၈။