Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ်တော်၌သာ

IN CHRIST ALONE!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၈ခုနှစ်
ဧပြီလ ( ၂၂ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော R. L. Hymers, Jr. ၏ တရားဒေသနာတစ်ပုဒ်ဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 22, 2018

“လာကြ၊ ထာဝရဘုရားအထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်တော်မူမည်။ ဒဏ်ခတ်တော်လည်း အနာကိုစည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။” ( ဟောရှေ ၆း ၁၊ ၂ )


ဤကျမ်းပိုဒ်၏အဓိပယ်မှာ တကယ် ရှင်းရှင်းလင်းလင်းရှိလှသည်။ဤသည်မှာ ဣသ ရေလလူမျိုးများအပေါ် ဘုရားသခင်၏နောက်ဆုံးခေါ်ခြင်းပင်ဖြစ်ပါသည်။ များမကြာမှီတွင် သူတို့သည် ရှုရိနှင့်ဗာဗုလုန်သို့ သုံ့ပန်းအဖြစ် သိမ်းဆည်းခြင်းခံရတော့မည်ဖြစ်သည်။ သူတို့ သည် ရိုက်နှက်ဖျက်ဆီးခြင်းခံရသောအခါ “လာကြ၊ ငါတို့သခင်ဘုရားထံတော်သို့ပြန်သွားကြ ကုန်အံ့” ဟု ဆိုကြပေမည်။

ဟုတ်ကဲ့၊ ပရောဖက်ပြုချက်သည် ပြည့်စုံလာခဲ့ပါသည်။ သူတို့ကို ဗာဗုလုန်လူမျိုးများ က သိမ်းယူခဲ့ကြသည်။ ပရောဖက်ပြုချက်မှာ အနာဂတ်ကို ပြောနေခြင်းဖြစ်ပါသည်။ အနာဂတ် တွင် ဘုရားသခင်သည် သူတို့ကို ကျန်းမာစေလိမ့်မည်။ “သူတို့ကို ပြန်လည်နိုးထစေမည်။ ကျွန်ုပ်တို့သည် မျက်မှောက်တော်တွင် အသက်ရှင်ရမည်။” ထိုအနာဂတ်နေ့ရက်တွင် ဘုရား သခင်သည် ဣသရေလလူမျိုးများကို နေရင်းပြည်သို့ပြန်လည်ခေါ်ဆောင်လာပြီး ကယ်တင် တော်မူလိမ့်မည်။ ဘုရားသခင်သည် ထိုပရောဖက်ပြုချက်ကို ကျွန်ုပ်တို့၏အချိန်ကာလတွင် ပြည့်စုံစေရန် အစပြုနေပါသည်။ ဣသရေလသည် တိုင်းနိုင်ငံတစ်ခုအနေဖြင့် ၁၉၄၈ တွင် ကြေငြာခဲ့ပါသည်။ ထိုအချိန်ကတည်းက ဂျူးလူမျိုးများသည် ဣသရေလနိုင်ငံဖြစ်သည့် ဘုရား သခင်ပေးသောပြည်သို့ ပြန်လာခဲ့ကြသည်။ သူတို့သည် များမကြာမှီ ဘုရားမျက်မှောက်တော် တွင် အသက်ရှင်သန်ကြရမည်။ “ဣသရေလလူအပေါင်တို့သည် ကယ်တင်ခြင်းသို့ရောက်ကြ လိမ့်မည်။” ( ရောမ ၁၁း ၂၆ ) ၎င်းသည် ဤကျမ်းပိုဒ်များ၏အနက်ဖွင့်ခြင်းပင်ဖြစ်ပါသည်။

သို့ရာတွင် များစွာသောအကြောင်းအရာရှိသေးသည်။ တစ်ဦးဦးက “အနက်ဖွင့်ခြင်း တစ်ခုတည်းရှိသော်လည်း လက်တွေ့အသုံးချမှုများစွာရှိသည်” ဟု ဆိုခဲ့သည်။ ဤကျမ်းပိုဒ်ကို လက်တွေ့အသုံးချသည့်နည်းလမ်း နှစ်မျိုးကို တင်ပြထားပါသည်။

၁။ ပထမအချက်၊ ကျမ်းပိုဒ်ကို ခရစ်ယာန်များ၌ လက်တွေ့အသုံးချခြင်း

ဤကျမ်းပိုဒ်က ခရစ်ယာန်များကုိ လက်တွေ့အသုံးချခြင်းအားဖြင့် ပြောဆိုထားပါ သည်။ ခရစ်ယာန်အနည်းစုသည် အနက်ဖွင့်ခြင်းမရှိဘဲ သခင်ဘုရားနောက်သို့ လိုက်ကြသည်။ သူတို့သည် ၎င်းတို့၏ခရစ်ယာန်အသက်တာတွင် ခိုင်မြဲကြသည်။ သို့သော် ကျွန်ုပ်တို့ခရစ် ယာန်အများစုတို့သည် အချိန်တိုင်း ကြီးထွားမှုတွင် အေးတိအေးစက်ဖြစ်နေကြပါသည်။ သို့ဖြစ် ၍ ဘုရားသခင်က ဒုက္ခဆင်းရဲခြင်းကို ကျွန်ုပ်တို့ထံ စေလွှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့အား ရိုက်ချိုး ရန် ဆင်းရဲဒုက္ခနှင့်ပြဿနာများကို ခွင့်ပြုခဲ့ပါသည်။ သင့်၏ငြိမ်သက်သောစိတ်နှလုံးကို ဘုရား သခင်က ယူဆောင်သွားခဲ့သည်။ ဘုရားသခင်က သင့်အား စိတ်ဖိစီးမှုနှင့်လေးလံသော စိတ် တို့ကို ပေးထားပါသည်။ သင်သည် ယနေ့ညတွင် အသင်းတော်၌ ထိုင်နေခဲ့သည်။ ဘုရား သခင်က သင့်အား အဘယ့်ကြောင့် ခွင့်ပြုတော်မူခဲ့သနည်း။ သင်လုပ်ဆောင်ရမည့်အသစ် သောအရာ ရှိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ နောက်နှစ်တွင် အသင်းတော်သစ်တစ်ခု ကို အစပြုရာတွင် သွားပြီးအကူအညီပေးဖို့ ဘုရားသခင်က သင့်ကို ပြင်ဆင်နေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လူသားဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ကိုယ်ကို အပြောင်းအလဲ မလုပ် ဆောင်လိုကြပါ။ သို့ဖြစ်၍ ဘုရားသခင်က ကျွန်ုပ်တို့ကို မတူညီသောလုပ်ငန်းတာဝန်ကို ထမ်း ဆောင်လိုသည့် ဆန္ဒမရှိသ၍ ဘုရားသခင်က ရိုက်ခွဲပါသည်။ နိုင်ငံတော်မှာ ပို၍ အသုံးခံသော သူဖြစ်စေဖို့ရန် ကျွန်ုပ်တို့မှီခိုအားထားနေသမျှသော ရုပ်တုများကို ဖျက်ဆီးပစ်လိုက်သည်။ ဒေါက်တာ Tozer က “ဘုရားသခင်က သူ့ကို နက်နက်နဲနဲနာကျင်စေခြင်းမရှိသ၍ ကြီးကြီး မားမားကောင်းကြီးပေးမပေး သံသယဖြစ်သည်” ဟုဆိုသည်။ သင်သည် ပြောင်းလဲသောသူ မှန်လျှင် ဘုရားသခင်သည် သင့်ကို ဘယ်တော့မှ မဖျက်ဆီးပါ။ သို့ရာတွင် သူသည် သင့်ကို တုန်လှုပ်စေပါသည်။ သူသည် သင့်အား နိုးထမှုတွင် အသုံးပြုနိုင်ပါသည်။

“နှစ်ရက်လွန်သော၊ သူသည် ကျွန်ုပ်တို့ကို နိုးထစေ မည်။ တတိယ နေ့တွင် ထမြောက်စေမည်။ သူ၏မျက်မှောက်တွင် အသက်ရှင်ရ လိမ့်မည်။”

အသင်းတော်သစ်တစ်ခုကို အစပြုခြင်းက သင်တို့တွင် အချို့တို့ကို ခိုင်မာသော ခရစ်ယာန် များဖြစ်စေလိမ့်မည်။ ကလေးသူငယ်များက အရွယ်ရောက်လာသောအခါ ၎င်းတို့၏ခြေလက် တို့တွင် နာကျင်ကိုက်ခဲလာတတ်သည်။ ၎င်းကို “ကြီးထွားခြင်းအတွက်နာကျင်မှု” ဟု သမုတ် ကြပါသည်။ ထိုအရာတွင် မထိတ်လန့်ပါနှင့်။ နောက်နှစ်ရက်ကြာလာသောအခါ ပြန်လည်အ သက်ဝင်လာပြီး ယုံကြည်ခြင်းနှင့်အသက်တာ ပို၍ပို၍ ပေးလာမည်။ မည်သည့်အရာကို ဖျက် ဆီးသည်ဖြစ်ပါစေ၊ သားတော်အားဖြင့် ပြန်လည်အစားထိုးပေလိမ့်မည်။ John Newton က “အံ့ဘွယ်ကျေးဇူး” ဟု တင်စားခေါ်ဝေါ် ရေးသားခဲ့ပါသည်။

ကျွန်ုပ်ကြီးထွားရန် သခင်ဘုရားကိုတောင်းလျှောက်၊
ယုံကြည်ခြင်း၊ ချစ်ခြင်း၊ နှင့်ကျေးဇူးတော်တိုင်းတွင်၊
သူ၏ကယ်တင်ခြင်း သာ၍သိစေအံ့သောငှါ
မျက်နှာတော်ကို ရိုးသားစွာ ရှာဖွေသွားခဲ့။

ထိုသို့ဆုတောင်းရန် ကျွန်ုပ်အား သွန်သင်ပေးသူ၊
ကျွန်ုပ်ဆုတောင်းခြင်းကို နားညောင်းမည်ယုံကြည်။
သို့သော် ထိုသို့သောနည်းလမ်း၌ ဖြစ်ပျက်သမျှ
ကျွန်ုပ်အား အမြဲတမ်းစိတ်ပျက်စေသည့်အလား။

မြတ်နိုးစရာအချိန်နာရီကိုမျှော်လင့်၊
ကျွန်ုပ်၏တောင်းလျှောက်မှုနားညောင်းသည်နှင့်ချက်ချင်း၊
သူ့မေတ္တာ ခိုင်မာသောတန်ခိုးတော်သည်၊
ကျွန်ုပ်အပြစ်ကိုငြိမ်းစေ၊ ငြိမ်သက်ခြင်းပြည့်စေ

ထိုသို့မလုပ်ဆောင်၊ ကျွန်ုပ်အား ခံစားစေ၊
စိတ်နှလုံး၏လှို့ဝှက်မကောင်းမှု၊
ငရဲ၏အားမာန်ဒေါသဖြစ်စေ၊
နေရာတိုင်း၌ ကျွန်ုပ်ဝိညာဉ်တိုက်ခိုက်ခံရ

ထို့နောက် ဘုရားမိန့်တော်မူသည်ကို သူက ကျွန်ုပ်တို့အား ပြောပြသည်။

အတွင်းဒုက္ခဝေဒနာ ကျွန်ုပ်ခံစား၊
မိမိကိုယ်ကို၊ မာန်မာနမှ လွတ်မြောက်ခြင်းရ၊
လောကပျော်မွေ့ခြင်းအစီအစဉ်ကျိုးပျက်ခဲ့၊
ကျွန်ုပ်အထဲ၌ ကိုယ်တော်တွေ့ရှိခဲ့ပေသည်။
( “ကြီးထွားရန် သခင်ဘုရားအားတောင်းလျှောက်” John Newton, ၁၇၂၅-၁၈၀၇ )

၂။ ဒုတိယအချက်၊ ကျမ်းပိုဒ်ကို မပြောင်းလဲသေးသူများတွင် လက်တွေ့အသုံး ချသည်။

ယနေ့ညနေ၌ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ဒုတိယလက်တွေ့အသုံးချမှုကိုပေးရန်ဖြစ်ပါ သည်။ သင်သည် မပြောင်းလဲသေးသူဖြစ်နေလျှင် အဘယ်မျှပြောသည်ကို ပြသရန်ဖြစ်ပါ သည်။ ဘုရားသခင်သည် သင့်အား စကားပြောနေပါသည်။

“လာကြ၊ ထာဝရဘုရားအထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်တော်မူမည်။ ဒဏ်ခတ် တော်လည်း အနာကိုစည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူ သဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။” ( ဟော ရှေ ၆း ၁၊ ၂ )

ပြောင်းလဲခြင်းသည် နာကျင်ဖွယ်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် မပြောင်းလဲလိုသောကြောင့်ဖြစ်သည်။သင်သည် ပြောင်းလဲလိုသည်ဟု သင်က ပြော ကောင်း ပြောပေမည်။ သို့သော် မှန်ကန်သောအရာတော့မဟုတ်ပါ။ သမ္မာကျမ်းစာက “ဘုရားသခင်ကို ရှာသောသူမရှိ” ( ရောမ ၃း ၁၁ )) ဟု မိန့်တော်မူသည်။ သို့ဆိုလျှင် အချို့တို့သည် ခရစ်တော်ကို အဘယ့်ကြောင့် လိုက်ရှာနေကြသနည်း။ အဖြေမှာ ယောဟန် ၁၆း ၈ ၌ သန့်ရှင်းသောဝိညာဉ် တော်က “လောက၏အပြစ်ကို ထင်ရှားစေမည်” ဟု ဆိုပေသည်။ “ထင်ရှားစေမည်” ဟူသည် မှာ ဂရိစကားလုံး “အီလင်ခို” ဖြစ်ပြီး “သိမြင်စေသည်” “အမှားကိုပြောပြမည်”၊ “အပြစ်ပေး မည်”၊ “အပြစ်ကိုသိမြင်စေမည်” ဟု ဆိုလိုသတည်း။

ပျောက်ဆုံးသောအပြစ်သားဖြစ်သည်ဟု အပြောခံရသူ အဘယ်သူမျှ ပျော်ရွှင်မည်မ ဟုတ်ပါ။ သို့ရာတွင် ဧဝံဂေလိတရားဒေသနာဟောပြောခြင်းတွင် ထိုသို့ပြောဆိုရန်မှာလည်း အရေးကြီးသည့် အချက်တစ်ခုဖြစ်ပါသည်။ သင်သည် မပြောင်းလဲသေးသောသူဖြစ်သည်ဟု ပြောဆိုရသည့်အကြောင်းရင်းတစ်ခုမှာ သင်သည် အပြစ်ကို မခံစားသောကြောင့်ပင်ဖြစ်ပါ သည်။ ၎င်းမှာ များစွာသောဆုတောင်းခြင်းကိုပြုရသည့်အကြောင်းတရား၊ သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်ရန် ဘုရားသခင်အား တောင်းလျှောက်ရသည့်အကြောင်းတရားဖြစ်ပါ သည်။ သို့မှသာ ပျောက်ဆုံးသောလူများသည် ကျိုးပဲ့ခြင်း၊ အပြစ်ကိုနားလည်ခြင်း၊ ၎င်းတို့၏ တကိုယ်ကောင်းဆန်ခြင်းများကိုနားလည်ခြင်း၊ ဘုရားသခင်အား ဆန့်ကျင်သည့်အကြောင်းတ ရားများကို နားလည်ခြင်းများရှိလာပေမည်။ သင်သည် စိတ်နှလုံးထဲ၌ များစွာသောအပြစ်နှင့် ပုန်ကန်မှုများဖြင့် ဘုရားသခင်၏တရားစီရင်ခြင်းရှေ့တော်မှောက်တွင် မည်သို့ ရပ်နိုင်ပါမည် နည်း။ ဤသို့သော တရားဒေသနာကို မည်သို့နားထောင်နိုင်မည်နည်း။ အထက်ခန်းတွင် မိဿ ဟာရကို သူငယ်ချင်းများနှင့် ရီရီမောမောဖြင့် မည်သို့စားသောက်နိုင်ကြပါမည်နည်း။ နေ့တိုင်း တရားဒေသနာနှင့်တရားဒေသနာဗွီဒီယိုတစ်ခုမှမဖတ်၊ မကြည့်ပါဘဲ တစ်ပတ်လုံးကို မည်သို့ သွားမည်နည်း။ သင်သည် ဘုရားသခင်ကို ကြောက်ရမည်။ ပြစ်မှားသောအပြစ်နှင့်မှားယွင်း သောအတွေးအခေါ်၊ ခိုင်မာသောစိတ်နှလုံးတို့အပေါ် အမျက်ထွက်သော ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရပါမည်။ ၎င်းသည် အရေးကြီးသောအရာဖြစ်ပါသည်။ ထိုအရာထက် အလွန် အရေးကြီးလှသောအရာ ဤကမ္ဘာတွင် မရှိပါ။ ငရဲ၏ပူပြင်းတောက်လောင်သောအရာသည် သင့်ကို စောင့်ဆိုင်းနေပါသည်။ သင်သည် တရားဒေသနာပြီးလျှင် မိတ်ဆွေများနှင့်ရီမောပျော် ရွင်ကြမည်။ ထိုသို့လုပ်ဆောင်လျှင် သင့်အတွက် မျှော်လင့်ချက်ရှိမည်မဟုတ်ပါ။

John Cagan ၏ ပြောစကားကို နားထောင်ပါ။ “ကျွန်ုပ်မပြောင်းလဲခင်က ခြောက် သွေ့သောသူကဲ့သို့ခံစားရပါသည်။ အိပ်မပျော်နိုင်၊ မပြုံးနိုင်၊ ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ဖြစ် ပါသည်။ စိတ်ပျက်စရာအခြေအနေကို အဆုံးမသတ်နိုင်ပါ။ ကျွန်ုပ်ပင်ပန်းနွမ်းနယ်နေသည်။ ထိုအရာအတွက် အရမ်းပင်ပန်းနွမ်းနယ်နေသည်။ မိမိကိုယ်ကို စတင်မုန်းတီးလာသည်။ အပြစ် ကို မုန်းတီးလာသည်။ အပြစ်သည် အသောမတတ်နိုင်သည်သာမက ပို၍ပို၍ပင် ဆိုးလာပါ သည်။ လုံး၀ သည်းမခံနိုင်တော့ပါ။ ကျွန်ုပ်ကို ငရဲ၌ အပြစ်စီရင်ရန် ဘုရားသခင်သည် ဖြောင့် မတ်တော်မူကြောင်းကို သိသည်။ ထိုအရာအတွက် ရုန်းကန်နေရသောကြောင့် မောပန်းနွမ်း နယ်နေပါသည်။ လုပ်ဆောင်သမျှတို့၌ မောပန်းနေသည်။ ကျွန်ုပ်သည် ယေရှုကို မပိုင်ဆိုင်ရ သေးပါ။ ကယ်တင်ခြင်းရရှိဖို့ ကြိုးစားအားထုတ်နေပါသည်။ ယေရှုကို ကိုးစားရန် ကြိုးစားနေပါ သော်လည်း မဖြစ်နိုင်ပါ။ ခရစ်ယာန်ဖြစ်လာရန်ပင် မဆုံးဖြတ်နိုင်ပါ။ ထိုအချက်ကပင် ပို၍ မျှော် လင့်ချက်မဲ့စေပါသည်။

ထိုသို့မလုပ်ဆောင်၊ ကျွန်ုပ်အား ခံစားစေ၊
စိတ်နှလုံး၏လှို့ဝှက်မကောင်းမှု၊
ငရဲ၏အားမာန်ဒေါသဖြစ်စေ၊
နေရာတိုင်း၌ ကျွန်ုပ်ဝိညာဉ်တိုက်ခိုက်ခံရ

ကျွန်ုပ်အပြစ်က ကျွန်ုပ်ကို ငရဲသို့တွန်းပို့နေသည်ဟု ခံစားရသည်။ သို့ရာတွင် ကျွန်ုပ်၏ခေါင်း မာခြင်းကလည်း ကျွန်ုပ်မျက်ရည်ကို လွင့်စင်စေသည်။ အရာအားလုံးကို ဆုံးရှုံးစေသည်။”

ဂျွန်၌ ထိုသို့သောအရာ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ မှန်ကန်သောအရာကိုပြောဖို့ မသင်ယူပါဘဲလျက်။ အို ဘုရားသခင်၊ ထိုသို့မဟုတ်ပါ။ စကားလုံးများသည် သူ့ကို လုံးဝအ ကူအညီမပေးပါ။ “ခံစားချက်” မရှိပါဘဲ။ အိုး ဘုရားသခင်၊ မဟုတ်ပါ။ မည်သည့်ခံစားချက်က မျှ သူ့ကို အကူအညီမပေးနိုင်ပါ။

သခင်ဘုရားက “ချိုးဖဲ့ပြီး၊ ကျိုးပဲ့စေပြီ။” သူသည် ဂျွန်၏စိတ်နှလုံး ကို ကြေကွဲစေသည်။ ဂျွန်ကို နှိမ့်ချလိုက်ပါပြီ။

စစ်မှန်သောပြောင်းလဲခြင်းသည် နာကျင်စဖွယ်ဖြစ်သည်။ သင်သည် တန်ခိုးကြီးသောဘုရား သခင်နှင့် တိုက်ခိုက်နေရသည်။ သင့်သွားရသည့်လမ်းကို ထိုနေရာမှ လှည့်ဖြား၍မရပါ။ သင် သွားရမည့်လမ်းမှ မပြောဆိုနိုင်ပါ။ ထိုအရာထဲက သင်သွားရမည့်လမ်းကို မသင်ယူနိုင်ပါ။

အတွင်းဒုက္ခဝေဒနာ ကျွန်ုပ်ခံစား၊
မိမိကိုယ်ကို၊ မာန်မာနမှ လွတ်မြောက်ခြင်းရ၊
လောကပျော်မွေ့ခြင်းအစီအစဉ်ကျိုးပျက်ခဲ့၊
ကျွန်ုပ်အထဲ၌ ကိုယ်တော်တွေ့ရှိခဲ့ပေသည်။

“သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။” ( ဆာလံ ၂း ၁၂ )

Emi Zabalaga “ကျွန်ုပ်သည် ကျွန်ုပ်အပြစ်နှင့်ပတ်သက်ပြီး မိမိကိုယ်ကို သနားခြင်း၌ ချုပ်နှောင်ခြင်းကိုခံရသည်။ သင့်စိတ်နှလုံး၏မှောင်မိုက်ခြင်းနှင့်ရောဂါကာယားနိုင်ခြင်းကဲ့သို့ မြင်တွေ့ရန် တူညီစေရန် ကျွန်ုပ်က အပြည့်အဝ မဖော်ပြနိုင်ပါ။ ဘုရားသခင်မြင်ကြောင်း သိ သည်ကို ကျွန်ုပ်က ရှက်ကြောက်နေသည်။ ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်ုပ်သည် အဆိုး ရွားဆုံးသူတစ်ဦးဖြစ်ပါသည်။ အသင်းတော်၌ လုပ်ဆောင်သမျှတိုင်းသည်လည်း တကိုယ် ကောင်းဆန်ဆန်အပြစ်ကြောင့် အရင်းခံခဲ့သည်။ ကျွန်ုပ်သည် သန့်ရှင်းသောခရစ်ယာန်များ ကြားတွင် ညစ်ညူးသောသူတစ်ဦးကဲ့သို့ ခံစားနေရပါသည်။ သို့ရာတွင် ခရစ်တော်ကို အားကိုး ယုံကြည်သူမဖြစ်ရသေး။ ယေရှုသည် စကားလုံးမျှသာဖြစ်သည်။ ဝေးကွာသောသူဖြစ်သည်။ ကောင်းသည့် ခံစားချက်အတွက် လိုက်ရှာနေပါသည်။ ကျွန်ုပ်သည် ပြောင်းလဲသောသူဖြစ် ကြောင်း သက်သေပြရန် အတွေ့အကြုံ အမျိုးအစားဖြစ်ပါသည်။ ဒေါက်တာ Hymers က တန်ခိုးကြီးသောဘုရားသခင်ထံဆုတောင်းဖို့ရန်အတွက် ပျောက်ဆုံးသောသူများကို တိုက် တွန်းသည်။ ကျွန်ုပ်ထိုင်သောခုံတန်းထိုင်နေလျက် ကြောက်ရွံ့လျက် တုန်လှုပ်သည်။ ၎င်း သည် ကျွန်ုပ်မဟုတ်သည်ကိုသိသည်။ ဒေါက်တာ Hymers သည် ကျမ်းပိုဒ်ကို အခြေပြု၍ ပြောဆိုနေသည်။

“လာကြ၊ ထာဝရဘုရားအထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်တော်မူမည်။ ဒဏ်ခတ် တော်လည်း အနာကိုစည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူ သဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။” ( ဟော ရှေ ၆း ၁၊၂ )

Emi က “ကျွန်ုပ်အပြစ်သည် အောက်ခြေမဲ့ပင်လယ်လို လှမ်းမမှီနိုင်ပါ။ နောက်ထပ် မဆောင် နိုင်တော့ပါ။ ယေရှုကို ကျွန်ုပ်ပိုင်ဆိုင်ထားရမည်။ သူ့အသွေးတော်ကို သုတ်လိမ်းရမည်” ဟု ပြောပါသည်။

သခင်ဘုရားက “ချိုးဖဲ့ပြီး၊ ကျိုးပဲ့စေပြီ။” သူသည် Emi ၏စိတ်နှလုံး ကို ကြေကွဲစေသည်။ Emi ကို နှိမ့်ချလိုက်ပါပြီ။

စစ်မှန်သောပြောင်းလဲခြင်းသည် နာကျင်စရာဖြစ်ပါသည်။ သင်တို့သည် တန်ခိုးကြီးသော ဘုရားသခင်နှင့်တိုက်ခိုက်နေရပါသည်။ သင်သည် ထိုအရာထဲက သင့်သွားရာလမ်းကို မရှောင်ထွက်နိုင်ပါ။ ထိုအရာထဲက သင်သွားရမည့်လမ်းကို မပြောနိုင်ပါ။ သင်သွားရမည့်လမ်း ကို မလှောင်ပြောနိုင်ပါ။

ထိုအရာထဲက သင်သည် စိတ်ပျက်အားငယ်နေပါသလား။ အလန့်တကြားဖြစ်နေပါသ လား။ သင့်လည်ပင်းကို ဘာသာရေးဖြင့် ချည်နှောင်နေပါသလား။ အိုဘုရားသခင်၊ ပူလောင် သောအရပ်က သူတို့ကို ချမ်းသာပေးပါ။

“သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။” ( ဆာလံ ၂း ၁၂ )

သင်သည် သခင်ဘုရား၏ချိုးဖဲ့ခြင်းကို ခံရဖူးပါသလား။ သူ၏လက်တော်အားဖြင့် နာ ကျင်ခဲ့ဖူးပါသလား။ သင်၏ဝမ်းနည်းခြင်းနှင့်နာကျင်ခြင်းတို့သည် ဘုရားသခင်က သင့်ကိုမချစ် ပါဟူသောအရာ၏လက္ခဏာဟု ခံစားခဲ့ဖူးပါသလား။ မည်သူ့ကိုမျှ ဖွင့်မပြောနိုင်လောက် အောင် ဝေဒနာခံစားခဲ့ဖူးပါသလား။ အထီးကျန်လွန်းသည်၊ ဂေသရှေမာန်ဥယျာဉ်၌ ယေရှုကြုံ တွေ့ခဲ့ရသကဲ့သို့ ခရစ်တော်က သင့်အား စွန့်ပစ်သည်ဟုပင် ထင်ခဲ့ပါသလား။ သင့်စိတ်ထဲ၌ “ဘုရားသခင်သည် ကျွန်ုပ်အား အဘယ့်ကြောင့် စွန့်ပစ်သနည်း” ပြောဖူးပါသလား။ နတ်ဆိုး က “ဘာလို့ဆက်သွားနေတာလဲ၊ သင့်ကို အဘယ်သူမျှ ဂရုမစိုက်ပါ။ အဘယ်သူမျှ သင့်ကိုမ ချစ်ပါ” ဟု တိုးတိုးလေး ပြောနေပါသည်။ “နတ်ဆိုးကို နားမထောင်ဖို့” ကျွန်ုပ်တောင်းလျှောက် ပါသည်။

နားထောင်ဖို့ ကျွန်ုပ်က မှန်ကန်သောသူဖြစ်သည်။ ကျွန်ုပ်ဘဝထဲ၌ ဤသို့သောဒုက္ခပြ ဿနာသည် အနည်းဆုံး ခြောက်ကြိမ်လောက် ဖြတ်သန်းခဲ့ရဖူးပါသည်။ ကျွန်ုပ်မပြောင်းလဲခင် က ငါးကြိမ်လောက် ကြုံခဲ့ရဖူးသည်။

“လာကြ၊ ထာဝရဘုရားအထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်တော်မူမည်။ ဒဏ်ခတ် တော်လည်း အနာကိုစည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူ သဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။”
( ဟော ရှေ ၆း ၁၊၂ )

ကျွန်ုပ်သည် အချိန်တိုင်း အနှောက်အယှက်များကို ဖြတ်ကျော်နေရသည်။ ၎င်းတို့သည် ဘုရား သခင်အတွက် များစွာသောအရာကိုလုပ်ဆောင်ဖို့ ကျွန်ုပ်အား ပြင်ဆင်နေခြင်းပင်ဖြစ်ပါသည်။ အချိန်တိုင်း နာကျင်မှုက ကြီးမားလွန်းသည်။ ဘယ်တော့မှ မပျောက်နိုင်ဟုသာ ထင်ခဲ့သည်။ ထို့အပြင် ယေရှုက ကျွန်ုပ်အား ဤသို့ုဆိုသည်။

အတွင်းဒုက္ခဝေဒနာ ကျွန်ုပ်ခံစား၊
မိမိကိုယ်ကို၊ မာန်မာနမှ လွတ်မြောက်ခြင်းရ၊
လောကပျော်မွေ့ခြင်းအစီအစဉ်ကျိုးပျက်ခဲ့၊
ကျွန်ုပ်အထဲ၌ ကိုယ်တော်တွေ့ရှိခဲ့ပေသည်။

ပထမဆုံးအကြိမ်မှာ ပြောင်းလဲလာသောအချိန်ကဖြစ်သည်။ အစောဆုံးအချိန်မှာ ကင်ဆာ၏နှိပ်စက်ခြင်းကို ခံ၇သောအချိန်၌ဖြစ်သည်။ သင်က “သင်၌ ကင်ဆာရှိသည်” ဟု ဆိုသည်။ ဆေးဝါးပေါင်းစုံကို မှီဝဲဆည်းကပ်သည်။ မောရှေသည် တော၌ အထီးကျန်သကဲ့သို့ ဖြစ်နေသည်။ ညအချိန်တွင် မျက်ရည်ဖြင့် ထပ်ခါထပ်ခါ မျက်နှာသစ်ရသည်။ ကျွန်ုပ်မစွမ်း ဆောင်နိုင်တော့ဟု ထင်ခဲ့သည်။ ကျွန်ုပ်သည် ချိုးဖဲ့ခြင်းကို ခံရသည်။ သင်မည်သို့ ခံစားရမည် ကို သိသည်။ အချိန်တိုင်း အမှောင်ညထဲလျှောက်နေသော ဝိညာဉ်ကို ဖြတ်သန်းသွားနေရပါ သည်။ ဘုရားသခင်သည် ကျွန်ုပ်အား အသစ်သောအရာကို ဖန်ဆင်းပေးနေပါသည်။ ဤအ ချိန်တွင် အသင်းတော်သစ်ကို အစပြုရန် ကျွန်ုပ်အား ပြင်ဆင်သည့် အချိန်ဖြစ်ခဲ့ပါသည်။

ချစ်သောမိတ်ဆွေ၊ ဘုရားသခင်သည် သင့်ကို ပစ်၍မထားပါ။ သူသည် သင့်အား ချိုး ဖဲ့သည်မှာ မှန်သော်လည်း သင့်ကို ကျန်းမာစေမည်။ သင့်အား နာကျင်စေမည်ဖြစ်သော်လည်း သင့်အား ပြန်လည် မစမည်။ အကြံအစည်တော်တစ်ခုအနေဖြင့် သင့်အား ကျိုးပဲ့စေပါသည်။ ဘုရားသခင်တစ်ပါးတည်းသာ မျှော်လင့်ချက်ဖြစ်ကြောင်းကို သိစေလိုသောကြောင့် ဖြစ်ပါ သည်။ ငြိမ်သက်ခြင်းကို ခရစ်တော်၌သာ ရှိကြောင်းကို သိစေလိုပါသည်။ ဝမ်းမြောက်ခြင်း သည် ခရစ်တော်၌သာ ရှိကြောင်းကို သိစေလိုပါသည်။ သင့်အပြစ်အတွက်ပေးဆပ်ရန် လက် ဝါးကပ်၌ အသေခံကြောင်းကို သိစေလိုပါသည်။ သူသည် သင့်အား အသစ်သောအသက်တာ ကိုပေးရန် သေခြင်းမှထမြောက်စေတော်မူသည်ကို သိစေလိုသောကြောင့်ဖြစ်ပါသည်။

ခရစ်တော်၌သာ ကျွန်ုပ်မျှော်လင့်ချက်ရှိ၊ သူသည် ကျွန်ုပ်အလင်း၊ ခွန်အား၊ နှင့်သီချင်းဖြစ်
   အစာခေါင်းပါးခြင်းနှင့်မုန်တိုင်းကြား တိုက်တောင့်မြစ်၊ ခိုင်မာသောကျောက်၊ ရပ်တည်နိုင်၊
ကြောက်ရွံ့ခြင်းရှိစဉ်၊ ရုန်းကန်မှုတွေကြား ကြီးမားသောမေတ္တာ၊ နက်ရှိုင်းသောငြိမ်သက်ခြင်း၊
   ကျွန်ုပ်၏နှိမ့်သိမ့်ခြင်း၊ အလုံးစုံ၊ ခရစ်တော်၏မေတ္တာ၌ ကျွန်ုပ်ရပ်တည်။

ဇာတိသဘောကိုဆောင်ယူ၊ မျှော်လင့်မဲ့ကလေး ဘုရားသခင်၏ပြည့်၀ခြင်းခရစ်တော်၌သာ
   မေတ္တာနှင့်ဖြောင့်မတ်ခြင်းဆုကျေးဇူး၊ ကယ်တင်ရန်ကြွလာသူအားဖြင့် မထီမဲ့မြင်ပြုခဲ့။
ယေရှု ကားတိုင်ပေါ်သေသည့်တိုင်၊ ဘုရားအမျက်တော် ကြေအေးခဲ့၊
   အပြစ်ရှိသမျှ သူ့ပေါ်တင်ခဲ့၊ ခရစ်တော်၏သေခြင်းကြောင့် ကျွန်ုပ်ရှင်သန်ခဲ့။

မြေကြီးပေါ်တွင် သူ့ခန္ဒာကိုမြှုပ်နှံ၊ မှောင်မိုက်၏သတ်ဖြတ်မှုကြောင့် လောကအလင်းရှင်၊
   ရှင်ပြန်ထမြောက်ခဲ့ ဘုန်းရောင်ခြည်ဖြင့် သင်္ချိုင်းတွင်းမှ သူထမြောက်လေသည်။
အောင်မြင်ခြင်းဖြင့် ရပ်တည်ခဲ့သကဲ့သို့ အပြစ်၏ကျိန်ခြင်များလည်း ပျောက်ကွယ်သည်၊
   ကျွန်ုပ်သူ့ကိုပိုင်၊ သူအတွက်ကျွန်ုပ်ဖြစ်သည်၊ ခရစ်တော်၏မြတ်သွေးတော်ဆောင်ယူ။
( “ခရစ်တော်၌သာ” Keith Getty နှင့် Stuart Townend, ၂၀၀၁ )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Benjamin Kincaid Griffith က ဂုဏ်တော် ချီးမွမ်းသည်။
“ခရစ်တော်၌သာ”၊ (Keith Getty နှင့် Stuart Townend, ၂၀၀၁ ရေးစပ်သည်။ )


အခှပှေုကမြွး

ခရစ်တော်၌သာ

IN CHRIST ALONE!

Dr. R. L. Hymers, Jr.

“လာကြ၊ ထာဝရဘုရားအထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်တော်မူမည်။ ဒဏ်ခတ်တော်လည်း အနာကိုစည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။” ( ဟောရှေ ၆း ၁၊ ၂ )

( ရောမ ၁၁း ၂၆ )

၁။ ပထမအချက်၊ ကျမ်းပိုဒ်ကို ခရစ်ယာန်များ၌ လက်တွေ့အသုံးချခြင်း

၂။ ဒုတိယအချက်၊ ကျမ်းပိုဒ်ကို မပြောင်းလဲသေးသူများတွင် လက်တွေ့အသုံးချ သည်။ ရောမ ၃း ၁၁၊ ယောဟန် ၁၆း ၈၊ ဆာလံ ၂း ၁၂။