Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဟေရုဒ်နှင့်ယောဟန်

HEROD AND JOHN
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
နိုဝင်ဘာလ ( ၁၂ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 12, 2017

“သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ် ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကိုနား ထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ် သည်။” ( မာကု ၆း ၂၀ )


ဟေရုဒ်မင်းနှင့်ဗတ္တိဇံဆရာယောဟန်တို့သည် သမ္မကျမ်းစာနှင့်သမိုင်းထဲတွင် အကြီး မားဆုံးသောဇာတ်လမ်းပုံပြင်တစ်ပုဒ်ဖြစ်ပါသည်။ ဗတ္တိဇံဆရာယောဟန်သည် ရင်ဖိုစရာ ကောင်းသည့်လူငယ်ဧဝံဂေလိဆရာတစ်ဦးဖြစ်ပါသည်။ သူသည် ဟေရုဒ်မင်းကို ဆန့်ကျင်သူ ဖြစ်သည်။ သူသည် ယောဟန်ကို နာခံလိုသည်။ သူသည် ဘုရားသခင်၏ငြိမ်သက်ခြင်းကို အ လိုရှိသည်။ သို့ရာတွင် သူ၏အားနည်းချက်နှင့်မဆုံးဖြတ်နိုင်ခြင်းက သူ့ကို ပျက်စီးစေသည်။ ထို့အပြင် ဗတ္တဇံဆရာယောဟန်ကို သတ်ဖြတ်သည်အထိဖြစ်စေသည်။ နောက်ဆုံးတွင် ဟေရုဒ်သည် ယောဟန်၏ဦးခေါင်းကို ဖြတ်ရသည်အထိ ဖြစ်လာသည်။

ကျွန်တော်သည် ဟေရုဒ်မင်းအကြောင်းကို ဖတ်ရှုလေ့လာသောအခါ အရမ်းဝမ်းနည်း ကြေကွဲရသည်။ သို့သော် သူ့ကို အမျက်တောင်ထွက်ရသည်အထိဖြစ်သည်။ သူသည် ထိုသို့ ရူးမိုက်သူလည်းဖြစ်ပါသည်။ သူသည် ပြောင်းလဲခါနီးအခြေအနေသို့ရောက်သည်။ သို့ရာတွင် မပြောင်းလဲခဲ့ပါ။ သူသည် ကယ်တင်ခြင်းရဖို့နီးစပ်ခဲ့သည်။ သူသည် ငရဲသို့သွားခဲ့သည်။ ကျွန် တော်သည် ဟေရုဒ်အကြောင်းကို စဉ်းစားမိသောအခါ၊ မစ္စတာ Griffith ၏ တေးသီချင်းက ကျွန်တော်ရဲ့စိတ်ကို နှိုးဆော်ပါသည်။

ကျွန်ုပ်ယုံကြည်လက်ခံလုနီးတယ်၊
ကျွန်ုပ် ခရစ်တော်ကိုလက်ခံလုနီးတယ်၊
ကျွန်ုပ်အသုံးမကျပါ၊ ကျွန်ုပ်ကျဆုံးသည်၊
ခါးသီးစွာ ဝမ်းနည်းငိုကြွေးနေရ၊ ဆုံးရှုံးခါနီးသည်။
( “ဆွဲဆောင်ခါနီးသည်”၊ Philip P. Bliss, ၁၈၃၈-၁၈၇၆ )

ဆွဲဆောင်ခါနီး၊ ခါးသီးသောမျှားစာ ဝမ်းနည်းစရာကောင်း၊
ဆွဲဆောင်ခါနီး၊ ဆုံးရှုံးသွားသည်။

ဟေရုဒ်နှင့်ဗတ္တိဇံဆရာယောဟန်တို့၏စွန့်စားခန်း ခရစ်ယာန်တို့၏သမ္မာတရားများစွာကို ကျွန် တော်တို့အား ပြသထားပါသည်။

ပထမအချက်၊ ကယ်တင်ခြင်းသတင်းစကားက ကျွန်ုပ်တို့အား အမြဲဆုံးဖြတ်ချက်ကို ချမှတ်စေသည်။ “ဆုံးဖြတ်ချက်” ဟူသောစကားလုံးသည် “ဆုံးဖြတ်ချက်ဝါဒီ” များကဲ့ ဆိုးရွား ဟန်ရှိပါသည်။ သို့ရာတွင် “ဆုံးဖြတ်ချက်ဝါဒီ” သည် ဆုံးသွင်းမှုသာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် လူများစွာတို့သည် မှားယွင်းသည့်ဆုံးဖြတ်ချက်ကို ချမှတ်ကြသည်။ ဟေရုဒ်သည် မှန် ကန်သောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပါသည်။ သို့ရာတွင် သူသည် ခေါက်တုံ့ခေါက်ပြန်ဖြစ်နေ ပါသည်။ ဗတ္တိဇံဆရာယောဟန်ဟောပြောသောသမ္မာတရားကို စွဲမြဲစွာခံယူထားခြင်းလုံးဝမရှိ ထားပါ။ ယောဟန်၏တရားဟောချက်ထဲတွင် အထူးခြားဆုံးသောတရားဟောချက်မှာ ဆုံး ဖြတ်ချက်ချမှတ်ရန် သူ၏စိန်ခေါ်မှုပင်ဖြစ်ပါသည်။ သူသည် နောင်တတရားအကြောင်းကို ဟောပြောသဖြင့် သူ၏တရားဟောချက်ကိုကြားနာသူတို့အား ဆုံးဖြတ်ချက်ချရန် တောင်းဆို ထားပါသည်။ လူတို့က “ကျွန်ုပ်တို့ မည်သို့ပြုရမည်နည်း” (လုကာ ၃း ၁၀)ဟု အော်ဟစ်ရ သည်အထိ တန်ခိုးအပြည့်ဖြင့် ဟောပြောခဲ့ပါသည်။ ခရစ်တော်သည်လည်း ကြွလာသောအခါ ထိုသို့ပင်ဟောပြောခဲ့သည်။ လူတို့အား ရွေးချယ်စရာနည်းလမ်းနှစ်ခုကိုပေးထားသည်။ ၎င်းမှာ ကောင်းကင် သို့တည်းမဟုတ် ငရဲပင်ဖြစ်ပါသည်။ ပျက်စီးရာလမ်း သို့မဟုတ် အသက်ရှင်ရာ ကျဉ်းမြောင်းသောလမ်းတို့ဖြစ်ပါသည်။ သဲပေါ်ဆောက်သောအိမ် သို့မဟုတ် ကျောက်ပေါ် ဆောက်သောအိမ်တို့ဖြစ်သည်။ ဘုရား သို့မဟုတ် မော်မွန်းဖြစ်သည်။ လူတို့က ဘေးကပ်ထား ပြီး ခရစ်တော်ကိုရွေးချယ်ရန် သို့မဟုတ် ဆန့်ကျင်ရန်ဖြစ်သည်။ ခရစ်တော်၏ဟောပြောချက် က သူတို့က သူ့ကိုဆန့်ကျင်မလား သို့မဟုတ် သူကိုလက်ခံမလား ဆုံးဖြတ်ချက်ချရန် တောင်းဆိုခြင်းဖြစ်သည်။ ပင်္တေကုတ္တိနေ့က ပေတရုဟောသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ သူတို့က ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ချရန် ပေတရုကတောင်းဆိုခဲ့သည်။ ထို့ နောက် လူတို့က “ကျွန်ုပ်တို့သည် မည်သည့်အရာကိုလုပ်ဆောင်ရမည်နည်း” ( ဟု တုန့်ပြန်ကြ ပါသည်။( တမန် ၂း ၃၇ ) တမန်တော် နောက်ဆုံးအခန်းတွင် ရှင်ပေါလု၏ဟောပြောချက်က လူတို့ကို အဖွဲ့နှစ်ဖွဲ့ကွဲပြားစေသည်။ “အချို့တို့က ဟောပြောသောအရာကို လက်ခံယုံကြည် ကြသည်။ သို့သော် အချို့က လက်မခံကြပေ။” ( တမန် ၂၈း ၂၄ ) သူတို့သည် ဆုံးဖြတ်ချက်ကို ချရကြသည်။ ခရစ်ယာန်သမိုင်းတစ်လျှောက်၌ နိုးထမှုတိုင်းတွင် ဘုရားသခင်၏အလိုတော် ဆောင်ယုံကြည်သူများက ထိုနည်းအတိုင်းပင် ဟောပြောကြပါသည်။ သူတို့ကို ကြားသောသူ တို့သည် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြပါသည်။

ယနေ့တွင် မတူကွဲပြားခြားနားသည့် တရားဒေသနာကို နားထောင်ရမည်။ တောင်းဆို ချက်တွေမရှိပါ။ တရားဟောသူအချို့က လူတို့ကို အနာငြိမ်းဖို့ခေါ်ကြသည်။ အချို့တရားဟော ဆရာများက နူးညံ့ပြီးနှစ်သိမ့်သောပုံဝတ္ထုအကြောင်းကိုပြောပြသည်။ ထို့အပြင် အခြားတရား ဟောဆရာများက အသွေးတော်မပါဘဲ မြေမှုန်ကဲ့သို့ခြောက်သွေ့သောကျမ်းစာရှင်းလင်းချက် ကိုသာပေးကြသည်။ မီးသည် အဘယ်မှာ ရှိပါသနည်း။ စိန်ခေါ်မှုသည် အဘယ်မှာ ရှိပါသ နည်း။ လူငယ်လူရွယ်တို့သည် တို့ရဲ့အသင်းတော်မှ ထွက်ပြေးကြသည်မှာ အံ့ဩစရာမဟုတ် ပါ။ ယနေ့၌ တရားဒေသနာအများစုသည် နွေးဆွေးထိုက်တန်မှုသိပ်မရှိပါ။ အခြားအကြောင်း အရာတစ်ခုတွင် ဒုသမ္မတ John Nance Garner ( ၁၉၃၃-၁၉၄၁ ) ကို ကိုးကားသကဲ့သို့ပင် ဖြစ်သည်။ ဟေရုဒ်မင်းနှင့်ဗတ္တိဇံဆရာယောဟန်တို့အကြောင်းက ထိုသို့သောတရားဟောချက် က လုံးဝထိုက်တန်မှုမရှိကြောင်းကို ကျွန်ုပ်တို့အား ပြသသည်။ ခရစ်တော်က ဆုံးဖြတ်ချက် တစ်ခုဟု ခေါ်တွင်သည့်အရာ ကျန်ရစ်ခဲ့သည်။ စကားမစပ်၊ ဆုံးဖြတ်ချက် ချခဲ့ပြီလား။ ၎င်းက သင့်အသက်တာကို ထိရောက်မှုရှိစေသလား။ သင့်အသက်တာကို ပြောင်းလဲစေပါသလား။

ဟေရုဒ်မင်းက “ဝမ်းမြောက်စွာပင် သူ့အကြောင်းကို ကြားသိရသည်။” ဟေရုဒ်သည် တရားဟောဆရာနှင့်တူသည်။ သူက ကြားနာခြင်းကို နှစ်သက်သည်။ သို့သော် သူ့အသက် တာတွင် အကျိုးသက်ရောက်မှုတော့မရှိပါ။ ကျွန်တော်တရားဟောတာ အရမ်းကောင်းတယ် လို့ လူတွေပြောပြတာကို သိပ်မကြိုက်ပါ။ ထိုသို့ပြောဆိုသောအခါ မရွှင်မပြဖြစ်လေ့ရှိပါသည်။ တစ်စုံတစ်ဦးက ၎င်းကျူးလွန်သောအပြစ်ထဲက နောင်တရပြီး မိမိအသက်တာကို ခရစ်တော် ၏သနားခြင်းကရုဏာထဲသို့ရောက်ရှိသောသူကို မြင်သောအချိန်တွင်သာ ဝမ်းမြောက်မိသည်။ ကျွန်ုပ်အား ဝမ်းမြောက်စေသောအရာမှာ လူတစ်ဦးက စစ်မှန်သောပြောင်းလဲခြင်းတွင် တိကျ သေချာသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး ဘဝအသက်တာပြောင်းလဲခြင်းပင်ဖြစ်ပါသည်။ ၎င်းမှာ ကျွန်ုပ်၏တရားဒေသနာကို ဘုရားသခင်ကောင်းကြီးပေးခြင်းရှိမရှိကို ဆုံးဖြတ်ပေးထား ပါသည်။ သင်ပျော်ရွှင်စေသောအရာမဟုတ်ပါ။ သင့်ကိုစိတ်ပျက်စေခြင်းလည်းမဟုတ်ပါ။ သင် ကျွန်ုပ်ကိုကြိုက်ပြီး ကျွန်ုပ်၏တရားဒေသနာကို နှစ်သက်သဘောကျခြင်းရှိမရှိအကြောင်းလည်း မဟုတ်ပါ။ စစ်ဆေးခြင်းမှာ ဤအရာပင်ဖြစ်ပါသည်။ သင့်အား ဆုံးဖြတ်ချက်၊ သင့်စိတ်နှလုံးနှင့် ဖြစ်တည်ခြင်းတစ်ခုလုံးတွင် ခရစ်တော်ကို ကိုးစားရာ၌ တိကျသော လုပ်ဆောင်မှုတစ်ခုဖြစ်ပါ သည်။ တစ်ယောက်က “သူတို့သည် နောက်ထပ် အဘယ်အရာကို အလိုရှိကြပါသနည်း” ဟုဆိုပေမည်။ ခရစ်တော်က သင့်ဘဝတစ်ခုလုံးကို အလိုရှိသည်။ ထိုအရာများကို အလိုရှိပါ သည်။

သို့ရာတွင် ဟေရုဒ်ကဲ့သို့သောလူများအတွက် ဝမ်းနည်းစရာရှိပါသည်။ သူသည် ဆုံး ဖြတ်ချက်ချခါနီးဖြစ်ပါသည်။ သူသည် ခရစ်တော်ကိုယုံကြည်ကိုးစားပြီး စစ်မှန်သောခရစ်ယာန် တစ်ယောက် ဖြစ်ခါနီးဖြစ်သည်။ ဟေရုဒ်ကဲ့သို့သောသူများသည် စိတ်ပျက်စရာများပင်ဖြစ်ကြ ပါသည်။ သင်သည် ဘုရားကျောင်းသို့တက်လာသည်။ ကျွန်ုပ်တို့ တရားဟောသည်ကိုလည်း ကြားကြသည်။ စိတ်လှုပ်ရှားမှုတော့ဖြစ်ပါသည်။ သင်သည် ယေရှုကို ယုံကြည်ကိုးစားသင့် သည်ဟု ခံစားမိသည်။ သူ့ကို ယုံကြည်ကိုးစားလိုသည်ဟု သင်က ဆိုသည်။ သို့သော် လက် တွေ့လုပ်ဆောင်ခြင်းမရှိပါ။ ယေရှုကို ယုံကြည်ကိုးစားမည့်အစား သူ့ကို ယုံကြည်ကိုးစား သည်အကြောင်း သက်သေပြရန် ခံစားချက်ကိုသာ ရှာဖွေကြသည်။ ထိုသို့ မည်သို့မျှဖြစ်လာ မည်မဟုတ်ပါ။ လုံးဝလုံး၀ ဖြစ်လာမည်မဟုတ်ပါ။ အဘယ့်ကြောင့် ဖြစ်မလာသနည်း။ သူ့ကို ကိုးစားခြင်းမပြုီွ ယုံကြည်ကိုးစားသည်ု မည်သို့ “ခံစားချက်” ဖြစ်ပေါ်လာနိုင်သနည်း။ အဓိ ပါယ်မရှိသောအရာဖြစ်ပါသည်။ ယေရှုကို ယုံကြည်ကိုးစားနိုင်သည့် တစ်ခုတည်းသောနည်း လမ်းမှာ ခံစားချက်ထက် သူ့ကုိ ကိုးစားရန် ဖြစ်ပါသည်။ သင်သည် ခရစ်တော်ကို ယုံကြည် ကိုးစားခြင်းလမ်းထဲမှ ခြေတစ်လှမ်း ချော်ထွက်သွားပါသည်။ သို့သော် ဘယ်တော့မှ ပြန်မ လှည့်ပါ။ သင်သည် အတော်ထူးဆန်းတဲ့လူပါတကား။ သင်သည် တနင်္ဂနွေတစ်ခုပြီးတစ်ခု ဘုရားကျောင်းသို့လာသည်။ သို့သော် ယေရှုကို ယုံကြည်ကိုးစားရန် ငြင်းပယ်ထားပါသည်။ အစီအစဉ်အပြီးတွင် ကျွန်ုပ်တို့ကို လာရောက်ကြည့်ရှုပါသေးသည်။ သို့သော် ယေရှုကို ကိုးစား ရန် စိတ်ဝင်စားမှု အရိပ်ခြည်မျှမပြပေ။ “ယေရှုကို ကိုးစားပါသလား” ဟု သင့်အား မေးလိုက် သည်။ သင်က “မကိုးစားပါ” ဟုဆိုသည်။ “မကိုးစားပါ” ဟု အလွန်သေချာသောစကားဖြင့် သင်ပြောလိုက်သည်။ အဘယ့်ကြောင့် ထိုသို့သေချာပါသနည်း။ သင်သည် ခံစားချက် သို့မ ဟုတ် အခြားအရာကိုသာရှာဖွေနေသောကြောင့်ဖြစ်ပါသည်။ ၎င်းသည် အကြောင်းတရားတစ် ခုဖြစ်နိုင်ပါသည်။ သို့သော် သင်နှင့်စကားပြောရာတွင် ရိုးသားလိုပါသည်။ သင်၌ရှိသော ထို “ခံစားချက်” သည် နတ်ဆိုးတစ်ပါးပင်ဖြစ်ပါသည်။ နတ်ဆိုးအန္တရယ်သည် သင့်စိတ်နှလုံးသား ကို လွှမ်းမိုးထားပါသည်။ “သင်သည် ထိုသို့သောခံစားချက် ရှိကိုးရှိရမည္။” ကျွန်ုပ်မလိုလားပါ။ ထိုနတ်ဆိုးခံစားချက်မပါဘဲ မကျေနပ်နိုင်ပါ။” သင့်စကားတွင် နတ်ဆိုးစီးသွားလျှင် သင်သည် ချုပ်နှောင်ခြင်းကို ခံနေရပါသည်။ သူသည် သင့်အား ခံစားချက်ကိုပေးမည္။ သူသည် နှစ်သက် စွဲမက်ဖွယ်ရာ ဟန်ပန်ကို အသုံးပြုထားလေ့ရှိပါသည်။ သင် ကယ်တင်ခြင်းရရှိရန် အလွန်ပင် ခက်ခဲလှသည်။ ထိုသို့သော “ခံစားချက်” သည် သင့်ရည်းစား၊ ချစ်သူ၊ ကိုးကွယ်ရာရုပ်တု လည်း ဖြစ်လာနိုင်ပါသည်။ ထိုသို့ဖြစ်လာလျှင် သင်သည် ခိုင်မာသောအရာတွင် ရပ်တည်နေ ပါသည်။ ထို့နောက် ယေရှုကိုလည်း လုံး၀ အားကိုးယုံကြည်နိုင်မည်မဟုတ်ပါ။ သင့်ကိုကယ် တင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံသော ယေရှုကို လည်း မယုံကြည်နိုင်ပါ။ “ခံစား ချက်” နတ်ဆိုးသည် သင့်အား ဆွဲချမည်၊ ချုပ်နှောင်မည်။ ကျွန်ပြုမည်။ ငရဲအထိ သင့်ကို စေ စားပေမည်။ နတ်ဆိုးက သင့်ကို လှောင်ပြောင်ရီမောသည့် “ခံစားချက်” ကို ကျွန်ုပ်ကြားသိနိုင် ပါသည်။ “သင့်ကို ရပြီ၊ သင့်ကို ရပြီ။ သင်သည် ငရဲတိုင်အောင် ငါ၏ကျေးကျွန်ဖြစ်ပြီ” ဟုဆိုပါ မည်။ သင် မပြုံးလိုက်ပါနှင့်။ လူသန်းပေါင်းများစွာတို့က သူတို့သည် သန့်ရှင်းသောဝိညာဉ် တော်ပိုင်ဆိုင်ကြသည်ဟု ထင်မှတ်ကြသည်။ ၎င်းမှာ သူတို့သည် နတ်ဆိုးကို ပိုင်ဆိုင်နေကြ သောအချိန်၌ပင်ဖြစ်ပါသည်။ ဝိညာဉ်တော်နှင့်ပြည့်၀နေမည့်အစား၊ နတ်ဆိုးစွဲနေကြပါသည်။ သင်သည် ကယ်တင်ခြင်းသို့ရောက်ကြောင်း သက်သေပြရန် ခံစားချက်ကို လိုက်လံရှာဖွေနေ သော သင်တို့တစ်ဦးချင်းကို ကျွန်ုပ်သတိပေးလိုပါသည်။ သင်သည် လှိူ့ဝှက်ချက်နှင့်ကစားနေ ခြင်းသာဖြစ်ပါသည်။ မီးနှင့်ဆော့ကစားနေခြင်းသာဖြစ်ပါသည်။ နတ်ဆိုး “ခံစားချက်” ကိုလျှော့ ချပြီး သင့်အား ကယ်တင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီး အသွေးသွန်းလောင်း ထားသော သားတော်ယေရှုခရစ်အပေါ်တွင် မိမိကိုယ်ကို ပုံအပ်ထားလိုက်ပါ။

အစေခံကျွန်ဖြစ်ရခြင်းအကြောင်းရင်းကို တရားဟောဆရာများစွာက ဟောပြောကြ သည်။ လူတို့ကို ဆွဲဆောင်မှုပေးနိုင်သော တရားဟောဆရာများကိုလည်း တွေ့ဖူး၊ သိဖူးပါ သည်။ သူတို့လုပ်ဆောင်နေသောအရာသည် နတ်ဆိုးအလုပ်ဖြစ်နေသော်လည်း ကယ်တင် ခြင်းရမည်ဟုလည်း ကတိတွေပေးကြသည်။ ၎င်းတို့၏နောက်လိုက်များကို ခရစ်တော်ထံပါး ထက် မိမိထံ၌သာ ချည်နှောင်ကြသည်။ ထိုအစီအစဉ်ထဲတွင် ဗတ္တိဇံဆရာယောဟန်ကို ထားရှိ ရန် လုံးဝမဖြစ်နိုင်ပါ။

ဟေရုဒ်သည် ယောဟန်ကို အချုပ်ထဲပို့လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူဇနီး ဟေရောဒအပေါ် ယောဟန်က ပြည့်တန်ဆာမဟုဆိုသောကြောင့် သူ့ကို မုန်းသည်။ သမ္မာ ကျမ်းစာက “ယောဟန်သည် ဖြောင့်မတ်ပြီးသန့်ရှင်းသောကြောင့် ဟေရုဒ်သည် ယောဟန်ကို ကြောက်ရွံ့သည်” ဟုဆိုပါသည်။ သူသည် ယောဟန်ကို ဖြောင့်မတ်သောသူတစ်ဦးအဖြစ် မြင် တွေ့သည်။ ထို့ကြောင့် သူသည် ယောဟန်အား ထောင်ထဲ၌ ထပ်ခါထပ်ခါ သွား၍ တွေ့နေရ ပါသည်။ အခြေပြုကျမ်းက “သူ့ကို လေ့လာသည်” ဟုဆိုပါသည်။ ဆိုလိုသည်မှာ ဟေရုဒ် သည် “သူ့ကို လုံခြုံအောင်ထားသည်” ဟူ၍ဖြစ်သည်။ ဟေရုဒ်က ယောဟန်အကြောင်းနှင့် ပတ်သက်ပြီး သန့်ရှင်းပြီး တမူထူးခြားသည့်အရာရှိသည်ကို သိသည်။ သူက “(ယောဟန်) အ ကြောင်းကို ဝမ်းမြောက်စွာကြားသိရသည်။” သူသည် သန့်ရှင်းသူများကို ကိုးကွယ်သည့်လူ များစွာတို့ထဲက တစ်ဦးအပါအဝင်ဖြစ်နိုင်ပါသည်။ သူတို့က သန့်ရှင်းသူများသည် ဩဂတ် စတင်းကဲ့သို့ ဘုရားတရားကိုင်းရှိုင်းသူများအဖြစ်သိမှတ်ကြပါသည်။ သူတို့သည် သန့်ရှင်းသူ တို့၏စကားကို ဖတ်ရှုပြီး ဆင်ခြင်အောက်မေ့ကြသည်။ သို့သော် ယေရှု၏စကားကိုတော့ထိုသို့ မပြုကြပါ။ သူတို့သည် ဩဂတ်စတင်း၏စကားကို ထိုသို့ပြုကြသော်လည်း ယေရှုစကားကိုမူ အလေးမထားကြပါ။ ကာသိုလိတ်တို့က သန့်ရှင်းသူတို့အပေါ် ကြည်ညိုသကဲ့သို့ ဟေရုဒ်သည် ယောဟန်ကို ကြည်ညိုသည်ဟု ထင်မိသည်။ “သူသည် ယောဟန်အကြောင်းကို ဝမ်းမြောက် စွာ ကြားသိရသည်။” သို့သော် ၎င်းက သူ့ကို အထောက်အကူ မဖြစ်ပေ။

ဟေရုဒ်သည် ယောဟန်ထံ အလည်အပတ်သွားရန် ထောင်ကို ရောက်ရှိသွားလိမ့် မည်။ ၎င်းမှာ သူ့မယားအတွက် မနှစ်မြို့စရာဖြစ်သည်ကို သိသည်။ သူသည် ဆက်လက်သွား နေမြဲဖြစ်သည်။ သူသည် ပိုပိုရင်းနှီးလာသည်။ သူနှင့်ရင်းနှီးကျွမ်းဝင်လာပြီး မတွန်းလှန်နိုင်စရာ အခြေအနေတွင် ဖြစ်လာသည်။ သူသည် ယောဟန်ဟောပြောသည်ကို ကြားရသောအခါ၊ “သူသည် ဝမ်းမြောက်စွာ ခံယူပါသည်။” သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်စကားကို နားထောင်ရန် သွေးဆောင်သည်။ တူညီသောအကြောင်းတရားကြောင်း ဘုရားကျောင်းသို့ လာသောလူများစွာရှိကြပါသည်။ တရားဒေသနာက သူတို့ကို စီရင်သည့်တိုင်အောင် သူတို့ သည် ဘုရားကျောင်းတွင်ရှိနေခြင်းကို နှစ်သက်ကြသည်။ သို့သော် ယေရှုကိုမူ အပ်နှံခြင်းမရှိ ကြပေ။ ဟေရုဒ်သည် ပြောင်းလဲနိုင်သည့်အခြေအနေထဲတွင် ရှိနေသည်။ သို့သော် သူသည် ပြောင်းလဲခြင်းမရှိခဲ့ပါ။ ထို့အပြင် ဟေရုဒ်သည် နောက်ပိုင်းတွင် ဗတ္တိဇံဆရာယောဟန်၏ဦး ခေါင်းကို အဘယ့်ကြောင့် ဖြတ်တောက်ခဲ့သနည်း။ ဟေရုဒ်မင်းကို မည်သို့နားလည်သဘော ပေါက်နိုင်မည်နည်း။

ယောဟန်၏တရားဟောချက်ကြောင့် ဟေရုဒ်သည် ဘုရားသခင်၏မျက်မှောက်တော် နှင့်တန်ခိုးကို ခံစားခဲ့ရပါသည်။ သူက ယောဟန်သည် မှန်ကန်သောသူဖြစ်ကြောင်းကိုလည်း သိထားသည်။ သို့သော် သူသည် ခရစ်တော်၌ အသက်တာ ပုံအပ်ထားခြင်းမရှိပါ။ ယောဟန် ဟောပြောသောတရားစကားကိုလည်း နားလည်သဘောပေါက်ထားသည်။ သို့သော် သူသည် ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းမရှိပါ။ သူက သင်ယူလေ့လာခြင်း သင်ယူလေ့လာခြင်းကို သာလုပ်ဆောင်ပါသည်။ သို့သော် ယေရှုကို ယုံကြည်ကိုးစားရန် ဆုံးဖြတ်ချက်တော့ မချနိုင်ပါ။ သူ့အသက်တာ အပြောင်းအလဲဖြစ်မည်ကို မလိုလားပါ။ သူသည် မကောင်းဆိုးဝါးအမျိုးသမီး ဟေရောဒနှင့်လမ်းခွဲရမည်ဖြစ်သည်။ သူ့ဘဝအသက်တာတွင် ရှိသမျှသောအရာများကို အ ပြောင်းအလဲလုပ်ဆောင်ရမည်ဖြစ်သည်။ လူငယ်အများစုသည်လည်း ထိုနည်းအတိုင်းပင်ဖြစ် ပါသည်။ သူတို့မိဘများက ဘုရားကျောင်းကို လာစေလိုသည်။ သို့သော် ကျွန်ုပ်တို့ဟောပြော သောအရာကို အပြည့်အဝယုံကြည်လက်ခံထားကြသည်မဟုတ်ပါ။ သူတို့က ကျွန်ုပ်တို့သည် အလွန်ပင် တင်းကြပ်လွန်းသည်ဟု ထင်ကြပါသည်။ ၎င်းတို့သည် ဘုရားကျောင်းသို့လာကြ သော်လည်း သူတို့သည် နေက်ဆန်တင်းနေကြသည်။ သင်အသက်တာတွင် ထိုနည်းအတိုင်း ဖြစ်ပါသလား။ ကျွန်ုပ်တို့သည် အလွန်တင်းကြပ်လွန်းကြသည်ဟု သင့်မိဘများက ထင်ကြပါ သလား။ သူတို့က သင့်လား လာခွင့်ပေးထားသည်။ သို့သော် သင်တို့နှင့်စကားပြောဆိုဆွေး နွေးသည်များကိုတော့ ဝေဖန်ပြစ်တင်ကြသည်။ ဘုရားကျောင်းတွင် အချိန်များစွာ အသုံးမပြု ရန် ပြောကြသည်။ “သင်သည် ဤနေရာတွင် အကြိမ်များစွာ ရှိနေပါသလား” ဟု ပြောကြပါ သည်။ သင်သည် မိဘနှင့်အသင်းတော်ကြားတွင် ကမောက်ကမဖြစ်နေသည်။ ကျွန်ုပ်တို့က မှန်ကန်သည်ကို သင်သိထားသည်။ သို့သော် သင့်မိဘတွေကို ကျေနပ်စေလိုသည်။ မိဘများ ကိုဆန့်ကျင်ပြီး ကျွန်ုပ်တို့ နှင့်အတူ မားမားမတ်မတ်ရပ်တည်ရန် ကြောက်ရွံ့နေသည်။ သူတို့ က ယေရှုမိန့်တော်မူချက်ကို မေ့လျော့ကြသည်။ “ငါ့ထက် မိဘကိုချစ်သောသူသည် ငါနှင့်မ ထိုက်တန်ပေ။” ( မဿဲ ၁၀း ၃၇ )) ဟေရုဒ်သည် ခရစ်ယာန်တစ်ယောက်ဖြစ်လိုသော်လည်း သူ သည် ဟေရောဒကို ကျေနပ်စေလိုသည်။ သမ္မာကျမ်းစာက “စိတ်နှခွရှိသောသူသည် မတည် ကြည်သောသူဖြစ်သည်” (ယာကုပ် ၁း ၈) ဟု မိန့်တော်မူ၏။ ဒေါက်တာ Charles C. Ryrie က “စိတ်နှစ်ခွရှိသောသူသည် ကွဲပြားသောသစ္စာစောင့်သိခြင်းရှိသောသူ” ဟုဆိုသည်။ (Ryrie Study Bible) ၎င်းသည် ဟေရုဒ်အသက်တာတွင် မှားယွင်းခြင်းမရှိဘူးမဟုတ်လား။ သူသည် ခရစ်ယာန်တစ်ယောက်ဖြစ်လိုသော်လည်း သူသည် ဟေရောဒကိုသာ ကျေနပ်စေလိုသည်။ သူသည် စိတ်နှခွရှိသောသူဖြစ်ပါသည်။ ထို့ကြောင့် သူသည် စစ်မှန်သော ခရစ်ယာန်တစ် ယောက်မဖြစ်နိုင်ပါ။

ထိုသို့သောမိန်းကလေး မကြာသေးမီက တို့တွင်ရှိခဲ့သည်။ သူသည် ခရစ်ယာန်မ ဟုတ်သော မိဘများကို စိတ်ချမ်းသာစေလိုသည်။ သို့သော် သူမသည်လည်း ခရစ်ယာန်တစ် ယောက်ဖြစ်လိုသည်။ သူမသည် ယေရှုထံသို့လာရမည်ကို နောက်ဆုံးမဆုံးဖြတ်နိုင်ခင်အထိ စိတ်ထွေပြားနေသည်။ သူမက မိဘများကို ဆန့်ကျင်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချခဲ့သ ဖြင့် ခရစ်တော်ထံသို့ လာခဲ့သည်။ ထိုသို့လုပ်ဆောင်သည်နှင့်တပြိုင်နက် သူမသည် ပြောင်းလဲ လာသည်။ သူမက ယေရှုကို သူမဘဝရဲ့အရှင်သခင်အဖြစ် လက်ခံလာသည်။ ရှုပ်ထွေးမှုအား လုံးကွယ်ပျောက်သွားပြီး သူသည် ချစ်စရာကောင်းသော ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့ပါ သည်။ သို့သော် ဟေရုဒ်သည် ဗတ္တိဇံဆရာယောဟန်နှင့်ဟေရောဒတို့ကြားတွင် ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ခရစ်ယာန်တစ်ယောက် မဖြစ်လာခဲ့ပါ။ သူသည် သေသ ဖြင့် ငရဲသို့သာသွားပါသည်။ သမ္မာကျမ်းစာက “ယနေ့တွင် သင်အစေခံမည့်သူကို ရွေးချယ် ပါ။” (ယောရှု ၂၄း ၁၅ ) သင့်မိဘနှင့်ခရစ်တော်ကြားတွင် ရွေးချယ်မှုကိုပြုရမည်။ သင်၏ပျောက်ဆုံးသောမိတ်ဆွေများနှင့်ခရစ်တော်ကြားတွင် ရွေးချယ်မှုကိုပြုရမည်။ ကယ်တင် ခြင်းရရှိရန် ခရစ်တော်၏ရှင်းလင်းသောသက်သေခံချက်မှတပါး အခြားနည်းလမ်းမရှိပါ။ ဟေ ရုဒ်ကဲ့သို့ နောက်ပြန်လဲသောသူ မဖြစ်ပါစေနှင့်။ ခရစ်တော်နှင့်အသင်းတော်ကို ရွေးချယ်လိုက် ပါ။ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်ပါ။ “သင်အစေခံမည့်လူကို ယနေ့တွင် ရွေးချယ်ပါ။” စိတ်နှခွရှိသောသူသည် ၎င်းသွားရာလမ်းတွင် မခိုင်မာသောသူဖြစ်ပါသည်။” ( ယာကုပ် ၁း ၈ ) ယေရှုက “ငါ့ထက် မိဘကိုချစ်သောသူသည် ငါနှင့်မထိုက်တန်” ( မဿဲ ၁၀း ၃၇ ) ဟု မိန့်တော် မူသည်။

ဟေရုဒ်မင်းသည် ယောဟန် တရားဟောသည်ကို နားထောင်လိုသည်။ “ယောဟန်၏ ဟောပြောချက်ကို ကြားသောအခါ၊ များစွာသောအရာကို လုပ်ဆောင်သည်။” များစွာသောအ မှုကိုလုပ်ဆောင်သည်မှာ မှန်ပါသည်။ အားလုံးကို လုပ်ဆောင်ထားသော်လည်း အလွန်အရေး ပါသောအရာတစ်ခုရှိပါသည်။ သူသည် အပြစ်လုပ်သည်မှာ ဧကန်မလွဲပေ။ “များစွာသောအရာ ကိုလုပ်ဆောင်သည်မှာအမှန်ဖြစ်သည်။” သို့သော် ယောဟန်လုပ်ဆောင်စေလိုသောအရာတစ် ခုကိုမူကား လုံးဝလုပ်ဆောင်ထားခြင်းမရှိပါ။ သူသည် ယေရှုခရစ်ကို ယုံကြည်ကိုးစားခြင်းမရှိ ပါ။ သင်သည် ခရစ်ယာန်ဖြစ်လုနီးခြင်းသည် ထိုအကြောင်းတရားဖြစ်ပါသလား။ သို့ရာတွင် ဆုံးရှုံးနေဆဲဖြစ်သည်။ “များစွာသောအရာ” သည် လုံလောက်မှုမရှိပါ။ လူငယ်အမျိုးသမီးတစ် ဦးက “မည်သည့်အရာကို ပို၍လိုချင်ပါသနည်း” ဟုဆိုသည်။ သူမက “ဘုရားသခင်က မည် သည့်အရာကို ပိုမိုလိုအပ်ပါမည်နည်း” ဟု ပြောပေမည်။ ဒေါက်တာ Martyn Lloyd-Jones က ၎င်း၏တရားဒေသနာတွင် ဤအရာကို ဟောပြောသည်။ ဒေါက်တာ Lloyd-Jones က “သင့် အား နောက်ပြန်ဆွဲသောအရာကား အဘယ်အရာနည်း” ဟုဆိုပါသည်။ မိမိကိုယ်ကို စစ်ဆေး ပါ။ ဥာဏ်အမြော်အမြင်ရှိ၍ သွားခွင့်ပြုပါ။ “များစွာသောအရာသည်” လုံလောက်မှုမရှိပါ။ ဘု ရားသခင်သည် အပြစ်ကို လက်မြောက်အရှုံးပေးရုံသက်သက်မဟုတ်ဘဲ သင့်ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံခြင်းကို အလိုရှိသည်။ သင့်ဘဝတစ်ခုလုံးကို ခရစ်တော်အား ပေးပါ။ ( (ဒေါက် တာ Martyn Lloyd-Jones, M.D., “ဆုံမှတ်လွဲသွားခြင်း” )

ကျွန်ုပ်ပြောလိုသည့်အရာတစ်ခုသာရှိပါသည်။ အပိုဒ်ငယ် ၂၄ တွင်၊ ဟေရောဒက သူ့ သမီးအား ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်းထားရန် မှာကြားခဲ့သည်။ ဟေရုဒ်သည် အလွန်ပူပင်သောကရောက်ခဲ့သည်။ သို့သော် “သူနှင့်အတူထိုင်လျက်ရှိသောသူတို့အတွက် သူမတောင်းသည့်အရာကို ငြင်းပယ်မည်မဟုတ်ပါ။” ( မာကု ၆း ၂၆ ) သူ၏ကိုယ်ပိုင်ကျော်စော မှုနှင့်အခြားသူတို့၏အကောင်းမြင်တတ်ဖို့အတွက် လိုအပ်ပါသလား။ သူ့စိတ်နှလုံးသားထဲတွင် ဤသူတို့သည် မှားယွင်းလျက်နေကြကြောင်းကို သိသည်။ တနည်းအားဖြင့် သူက ယောဟန် လုပ်ဆောင်သမျှသည် မှန်ကန်ကြောင်းကို ဝန်ခံထားသည်။ သိထားသည်။ သို့သော် သူသည် အပြစ်သားတို့ကို ဦးစားပေးသဖြင့် ယောဟန်၏တရားဒေသနာကို ငြင်းပယ်ထားပါသည်။ သူ သည် ထာဝရအသက်ကို လက်လျှော့အရှုံးပေးပြီး ငရဲသို့ ကျေနပ်စွာ သွားခဲ့ပါသည်။ အဘယ့် ကြောင့်ဆိုသော် လူတို့က သူ့အပေါ်ထင်မြင်ယူဆမည့်အရာကို ကြောက်ရွံ့သောကြောင့်ဖြစ် ပါသည်။ အို၊ မိုက်လှစွတကား။ ကမ္ဘာကြီးတစ်ခုလုံး ရယ်မောပြီး သင့်အား ဟာသလုပ်နေမည်။ သင့်မိသားစုတစ်ခုလုံးက သင်သည် ဘာသာတရားကိုင်းရှိုင်းသည်ဟုဆိုသည်ကို သင်သဘော တူကောင်း တူနိုင်ပါသည်။ လူတိုင်းက သင့်အား အရူးဟုလည်း ခေါ်နိုင်ပါသည်။ သင်သည် ဘုရားသခင်ကို လက်ခံယုံကြည်သ၍ မည်သည့် ခြားနားမှုကိုဖြစ်စေသနည်း။ အကြောင်းမှာ သူတစ်ပါးတည်းသာ တရားစီရင်သောသူဖြစ်ပါသည်။

ဘုရားသခင်မိန့်တော်မူသောအရာကို လုပ်ဆောင်ပါ။ သားတော်ယေရှုကို ကိုးစားပါ။ ထို့အပြင် သင့်မိသားစု၊ နှင့်မိတ်ဆွေ၊ တစ်လောကလုံးကို သင်သည် လောကထဲက ပြန်လာ သည်ကို၎င်း၊ သင့်အသက်တာကို ယေရှုခရစ်အား လုံး၀ဥဿုံပေးထားပြီးဖြစ်ကြောင်းကို ပြသ ပါ။

ခရစ်တော်သည် မှန်ကန်လျက်ရှိသည်အကြောင်းကို သိရှိသည်နှင့်တပြိုင်နက် မိမိအ သက်တာကို ဆက်ကပ်အပ်နှံထားခြင်းမရှိသ၍ ငြိမ်သက်ခြင်းရရှိမည်မဟုတ်ပါ။ တော်တော် တုံးတဲ့ ဟေရုဒ်မင်း။ ယောဟန်ကို ခေါင်းဖြတ်သတ်ပြီးနောက် သူဘဝအသက်တာသည် အ လွန်ပင် ကြောက်မက်ဖွယ်ဖြစ်ခဲ့ရသည်။ ယောဟန်သည် သူ့အသက်တာကို စိုးရိမ်ကြောက်ရွံ့ မှုနှင့်နာကျင်နေရသည်။ ဟေရုဒ်မင်းသည် ယေရှုအကြောင်းကို ကြားသောအခါ ၎င်းမှာ သေ ခြင်းမှထမြောက်သည့် ယောဟန်ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ ယောဟန်သည် ညတွင် မြင် မက်သောအိပ်မက်ကို စိုးရွံ့သည်။ သူက ယောဟန်၏ဦးခေါင်းထည့်ထားသော ပန်းကန်ပြား သည် သူ့ထံသို့လာနေသည်ဟု မြင်မက်သည်။ သင်သည် မှန်ကန်သောအရာကို ငြင်းပယ် ထားသော်လည်း သင်သည် ၎င်းကို ဖြတ်ကျော်သွားရသည်မှ မဟုတ်ပါ။ ၎င်းက သင့်အား အမြဲတမ်း စိုးရိမ်ကြောက်ရွံ့နေစေပေမည်။ ငြိမ်သက်ခြင်းချမ်းသာကိုလည်း ပေးမည်မဟုတ်ပါ။ ဟေရုဒ်မင်းသည် ယောဟန်အကြောင်းနှင့်ပတ်သက်ပြီး ကြမ်းတမ်းသောအိပ်မက်ဆိုးကို မြင် မက်ခဲ့သည်။ “အိုး၊ ယောဟန်၊ သင့်ကို အဘယ့်ကြောင့် နားထောင်ရမည်နည်း။ အို၊ ယောဟန် ကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဘယ့်ကြောင့် စွန့်ပယ်ရမည်နည်း။ အို၊ ယောဟန်၊ ကျွန်ုပ်နှင့်ပတ် သက်ပြီး သူတို့စဉ်းစားခဲ့သမျှကို အဘယ့်ကြောင့် စိုးရွံ့ရမည်နည်း။ အို၊ ယောဟေန် အကျွန်ုပ် သည် အလွန်မိုက်မဲသောသူဖြစ်ပါတကား။”

ယောဟန်ကို ခေါင်းဖြတ်ပြီးနောက် ဟေရုဒ်အသက်တာကို သုံးသပ်ကြည့်ပါ။ ၎င်း သည် သင့်အသက်တာဖြစ်လိမ့်မည်။ လောကကြီးကို စွန့်ခွါပြီး ယေရှုခရစ်ကို ယုံကြည်ကိုးစား ကာ အသက်တာကိုပေးဖို့ ဆုံးဖြတ်ချက်ချထားခြင်းမရှိလျှင် ထိုထက်ပင် ကြောက်မက်ဖွယ် ကောင်းနိုင်ပါသည်။ သင့်အား ထိတ်လန့်စေဖို့ ကျွန်ုပ်စိုးရွံ့နေမည်မဟုတ်ပါ။ ကျွန်ုပ်က သင့် အား ခြောက်လန့်ဖို့ ကြိုစား အားထုတ်နေသည်။ ယေရှု၏အံ့ဘွယ်မေတ္တာသည် သင့်အား ဆွဲ ဆောင်နိုင်မှုမရှိလျှင် ခရစ်တော်မပါသောထာဝရကာလသည် ကြောက်မက်ဖွယ်ကောင်းသဖြင့် သင့်အား ခြောက်လှန့်ရန် အကောင်းဆုံး ကြိုးစားရပေမည်။ ထာဝရအပြစ်၊ ထာဝရလွဲခြော် ခြင်း၊ ပြောမဆုံးနိုင်သောနာကျင်ခြင်းဝေဒနာတို့ဖြစ်သည်။ အရာအားလုံးကိုစွန့်ခွါပြီး ခရစ်တော် ကို အကြွင်းမဲ့ပွေ့ဖက်ဖို့ ကြိုးစားအားထုတ်ခြင်းမရှိသူအားလုံးကို စောင့်စားနေသည့် အရာများ ပင်ဖြစ်ကြပါသည်။ ထိုအရာတို့သည် သင့်အား စောင့်မျှော်နေကြသည်ဖြစ်၍ ခရစ်တော်သည် သင့်အပြစ်ထဲက ကယ်ချွတ်နိုင်ပါစေ။ ယုံကြည်ခြင်းဖြင့် ခရစ်တော်ထံသို့လာပါ။ မည်သည့် အခြေအနေမျိုးတွင်မဆို ကိုးစားယုံကြည်ပါ။ ကယ်တင်တော်မူခြင်းသို့ ရောက်လိမ့်မည်။ အခြားသောနည်းလမ်းမရှိပါ။ အာမင်။ John Cagan ၊ ကျေးဇူးပြုပြီး ရှေ့သို့လာပေးပါ။ တစ်စုံ တစ်ဦးက မိမိအသက်တာကို ခရစ်တော်ထံသို့ ဆက်ကပ်အပ်နှံနိုင်ရန် ဆုတောင်းဦးဆောင် ပေးပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“ညှင်းပန်းနှိပ်စက်ခြင်းသို့ရောက်လုသည်။"၊( Philip P. Bliss ၁ဂ၃၈-၁၈၇၆ ရေးစပ် သည်။)