Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဗီဇအပြစ်နှင့်၎င်းအတွက်ကုထုံးဆိုင်ရာ လုသာ၏အမြင်

(ပရိုတဲ့တင်းပြုပြင်ပြောင်းလဲခြင်းနှစ် ၅၀၀ ပြည့်နှစ်ပတ်လည်တွင် ဟောကြားသော တရားဒေသနာဖြစ်သည်။)
LUTHER ON ORIGINAL SIN AND ITS CURE
(A SERMON PREACHED ON THE 500th ANNIVERSARY OF THE PROTESTANT REFORMATION)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
အောက်တိုဘာလ ) ၂၉) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 29, 2017

“လူအတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူမယားကိုပြစ် မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော် ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ဤဆိုးညစ်သောအရာများတို့သည် အတွင်း မှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။”)မာကု ၇း ၂၁-၂၃)


ဖာရိရှဲတို့သည် ယေရှုကို အပြစ်မြင်ကြသည်။ အကြောင်းမှာ တပည့်တော်များသည် မစားမသောက်မှီ ၎င်းတို့၏လက်မဆေးကြောကြသောကြောင့်ဖြစ်သည်။ တပည့်တော်များ သည် ပွဲလမ်းသဘင်တွင် ၎င်းတို့၏လက်များကို မဆေးကြောဘဲ စားသောက်ကြသည်ကို မြင် ကြသောအခါ သူတို့သည် ညစ်ညူးကြသည်ဟု ဆိုကြသည်။ သို့ရာတွင် ယေရှုက စားသောက် သောအရာက လူကို မညစ်ညူးစေနိုင်ကြောင်းဆိုပါသည်။ လူတို့သည် စိတ်နှလုံးမှထွက်လာ သောအရာအားဖြင့်သာ ညစ်ညူးကြသည်ဟု ဆိုပါသည်။ “စိတ်နှလုံးထဲကထွက်လာသော မ ကောင်းသည့်အရာအားဖြင့်သာ လူသည် ညစ်ညူး၏။” (မာကု ၇း ၂၃) “လူ့စိတ်နှလုံးသားထဲ က ထွက်သောအရာသည် လူကို ညစ်ညူးစေသည်။” (မာကု ၇း ၂၁)

အဆုံးတစ်ခုမှ နောက်တစ်ခုတိုင်အောင် သမ္မာကျမ်းစာက စိတ်နှလုံးသည် ဆိုးသွင်း သည်အကြောင်း သွန်သင်ထားပါသည်။ သမ္မာကျမ်းစာက “စိတ်နှလုံးသည် ဆိုးညစ်ခြင်း သက်သက်ရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်မည်နည်း” ဟု ဆိုထားပါသည်။ (ယေ ရမိ ၁၇း ၉) သမ္မာကျမ်းစာက “သူတို့စိတ်နှလုံးသည် မှန်ကန်ခြင်းမရှိ” ဟုဆိုထားသည်။ (ဆာ လံ ၇၈း ၃၇) “ဘုရားသခင်မရှိဟု မိုက်သောသူတို့သည် ဆိုတတ်ကြသည်” (ဆာလံ ၁၄း ၁) ဟု မိန့်တော်မူသည်။ ဒေါက်တာ Watts က သင့်စိတ်နှလုံးအကြောင်းနှင့်ပတ်သက်ပြီး ၎င်းသီ ကုံးရေးသားသောတေးသီချင်းတွင် ဤသို့ဆိုထားသည်။

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။” –

သင့်၏မကောင်းသောစိတ်နှလုံးသားထဲတွင် တွယ်ကပ်နေသည်။ သမ္မာကျမ်းစာက “မယုံ ကြည်နိုင်သောဆိုးသွင်းစိတ်နှလုံး” အကြောင်းကို မိန့်ဆိုသည်။

“အပြင်ပိုင်းလုပ်ဆောင်ချက် [ အပြစ်သား၏ဆုတောင်းခြင်းကဲ့သို့သော အပြင်ပိုင်းပွဲလန်းသဘင် များ ] က [ သင့် ] အား မစင်ကြယ်စေ နိုင်ပါ။ နူနာသည် အတွင်း၌သာ တွယ်ကပ်နေသည်။”-

မဟုတ်ပေဘူးလား။ မဟုတ်ပေဘူးလား။ ထိုသို့ဖြစ်သည်ကို သိပါသလား။ သင့်ဆုံးဖြတ်ချက်၊ သို့မဟုတ် ဆုတောင်းခြင်းက သင့်ကို မစင်ကြယ်စေနိုင်ပါ။ သင် သင်ယူလေ့လာသောအရာ သို့မဟုတ် ခံစားချက်က မစင်ကြယ်စေနိုင်ပါ။ ထိုအကြောင်းကို သင်သိပါသည်။ “ (အပြစ်) နူနာ သည် မယုံကြည်ခြင်းအတွက် သင့်၏ဆိုးသွင်းသောအတွင်းနှလုံးသားတွင် တည်ရှိသည်၊ ထိုအရာကို သင်မသိပေဘူးလား။

သင်သည် ရိုးသားပွင့်လင်းလျှင် ထိုအရာသည် မှန်ကန်မှုရှိသည်။ သင်သည် အပြစ် ကျူးလွန်ခြင်းမရှိမှီ ထိုအရာကို သိထားပါသည်။ ထိုအရာကို ကျူးလွန်သည်။ သင်လုပ်ဆောင် နေသောအရာကို သင်သိပါသည်။ မှားယွင်းကြောင်းသိလျှင် အဘယ့်ကြောင့် လုပ်ဆောင်သ နည်း။ သင်၏မပြောင်းလဲသေးသောအခြေအနေတွင် သင်သည် မှောင်မိုက်ကို ကြိုက်နှစ်သက် နေပါသည်။ သင်သည် အပြစ်ကို နှစ်ခြိုက်နေသည်။ သင်သည် အပြစ်ကျူးလွန်ခြင်းကို သဘောကျပါသည်။ ထိုအရသာကိုလည်း နားလည်ပါသည်။ မှားယွင်းကြောင်းသိသော်လည်း ကြိုက်နှစ်သက်ပါသည်။ သင့်စိတ်နှလုံးနှင့်ပတ်သက်ပြီး အမှန်တရားကို မုန်းတီးသည်။ ၎င်းက သင့်ကိုစီရင်သဖြင့် သမ္မာတရားကိုကြားနာဖို့ စိတ်ပျက်စရာများကို လုပ်ဆောင်စေမည်။ “နူနာ သည် အတွင်းတွင်း တည်နေပါသည်။” သင့်စိတ်နှလုံးကို လုံးထွေးပြီး လမ်းလွဲစေပါသည်။ သင်သည် ကောင်းသောအရာနှင့်မှန်ကန်သောအရာထက် အပြစ်ကို နှစ်ခြိုက်သည်။ နူနာ သည် မယုံကြည်ခြင်းစိတ်နှလုံးသားထဲတွင်သာ ကျိန်းစက်လျက်ရှိပါသည်။ ကျွန်ုပ်သည် သင်တို့ကဲ့သို့သော အပြစ်နှင့်ပြည့်နေသော စိတ်နှလုံးအကြောင်းစုံကိုသိရှိထားသူ ဆေးဆရာ ဝန် ဒေါက်တာ Martyn Lloyd-Jones ကို အဓိပါယ်ပေါ်လွင်အောင် ရှင်းပြပေးသည်။

မှန်ပါသည်။ ထိုအကြောင်းကို အရင်က သင်သိရှိထားပါသည်။ ကျွန်ုပ်သည် နေမန်၏ နူနာသန့်ရှင်းစေခြင်းအကြောင်း ကျွန်ုပ်၏တရားဒေသနာတွင်လည်း ရည်ညွှန်းထားပါသည်။ မိမိကိုယ်ကို ကယ်တင်ခြင်းရရှိလိုကြောင်းပြောဆိုသည့် လူငယ်လေးက ထိုတရားဒေသနာကို နားထောင်ပြီးနောက်တွင် အပြေးအလွှားလုပ်ဆောင်ခဲ့သည်။ သူသည် ကယ်တင်ခြင်းရရှိသည့် အကြောင်းနှင့်ဆက်စပ်ပြီး ဒေါက်တာ Cagan နှင့်လာရောက်ဆွေးနွေးခြင်းလည်း မပြုပါ။ ထိုသို့မလုပ်ဘဲ ထွက်သာပြေးသွားခဲ့သည်။ ဆရာဝန်က အမှန်တကယ် ပြောမပြောကို သိရန် ဒေါက်တာ Lloyd-Jones ၏ တရားဒေသနာကို ဖတ်ပါ။

ဟုတ်ပါတယ်။ ဒေါက်တာ Lloyd-Jones က ၎င်း၏တရားဒေသနာဖြစ်သည့် “လူ၏ အခြေခံကျသောဒုက္ခဝေဒနာ” တွင် ပြောဆိုထားပါသည်။ သူက “ကျွန်ုပ်တို့က ပြစ်မှားကျူး လွန်ထားပါသည်။ မှန်ယွင်းသောအရာကိုသိလျက်နှင့်ကျူးလွန် ထားခြင်း ဖြစ်သည်။ မှားယွင်း ကြောင်းသိလျှင် အဘယ့်ကြောင့် ကျူးလွန်ပါသနည်း။ရိုးရိုးတန်းတန်းဝန်ခံကြပါစို့။ ထိုအရာမျိုး မှာ သဘာဝပင်ဖြစ်ပါသည်။ သူတို့က အလင်းကို မုန်းတီးပြီး မှောင်မိုက်ကို ကြိုက်နှစ်သက်ကြ ပါသည်။ သူတို့သည် မှားယွင်းသောအရာကို မှန်ကန်သောအရာထက်ချစ်ကြသည်။ ကောင်း သောအရာထက် မကောင်းသောအမှုတွင် ပျော်မွေ့နေကြသည်။ ကျွန်ုပ်တို့သည် ကောင်း သောအရာနှင့်မှန်သောအရာကို ကြိုက်ကြသော်လည်း မလုပ်ဆောင်နိုင်ကြပါ။ အကြောင်းမှာ ကျွန်ုပ်တို့၏သဘာဝသည် ထိုအရာများကို မလုပ်ဆောင်လိုသည့် သဘာ၀ဖြစ်သည်။ မှားယွင်း သောအရာ၊ သင့်စိတ်နှလုံး၊ သင်၏မရှိမဖြစ်လိုအပ်သောကိုယ်ရေးကိုယ်တာနှင့်ဖြစ်ခြင်း၊ တို့ သည် သင့်သဘာ၀ဖြစ်ပါသည်။ ကျွန်ုပ်တို့အပြစ်သည် အပြုသဘောဆောင်သည်။ ဆန္ဒအ လျောက်ဖြစ်သည်” ဟုဆိုပါသည်။ ဤအရာများမှာ ၎င်းပြောဆိုသော အတိအကျစကားလုံး များပင်ဖြစ်ပါသည်။ ထိုအရာကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။(ဒေါက်တာ (Martyn Lloyd-Jones, Aberavon တွင်လုပ်ဆောင်သော တရားဒေသနာ၊ Banner of Truth, ၂၀၁၀၊ စာ- ၆၅-၇၇)

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။”

ဤနေရာတွင် ကယ်တင်ခြင်းခံရပြီးသောသူများသည် ဒေါက်တာ Lloyd-Jones ၏ ရေးသားချက် အပေါ် သဘောတူလက်ခံကြသည်။ သို့ရာတွင် မိမိကိုယ်ကိုကယ်တင်ခြင်းရလို သည်ဟု ဟန်ဆောင်ထားသောလူငယ်များက ဤဆွေးနွေးခန်းထဲက ထွက်ပြေးတိမ်းရှောင် ထားပါသည်။ ဒေါက်တာ Lloyd-Jones က မိမိ၏ဆိုးသွင်းသောစိတ်နှလုံးအကြောင်းအရာများ နှင့်ပတ်သက်ပြီး အမှန်တကယ် ပြောဆိုထားခြင်းရှိမရှိကို သိရှိရန် နောက်တစ်ပတ်တွင် ဆက် လက်ကြိုးစားအားထုတ်ကြပါစို့။ သူသည် အဘယ့်ကြောင့် ထိုသို့လုပ်ဆောင်သနည်း။ အ ကြောင်းမှာ သူကိုယ်တိုင်သည် မယုံကြည်နိုင်သော စိတ်နှလုံးရှိနေသောကြောင့်ဖြစ်သည်။ ထို အချက်သည် အဓိက အကြောင်းတရားဖြစ်ပါသည်။ လူငယ်တို့သည်-

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။”

ကျွန်ုပ်သား၊ သင်သည် ဤအခြေအနေထဲက ထွက်ပြေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Lloyd-Jones က သူ၏အပြစ်နှင့်ပြည့်လျက် ဆန့်ကျင်တတ်သောစိတ်နှလုံးအကြောင်းကိုပတ်သက် ပြီး သူပြောဆိုသောအရာကို ယုံကြည်လျက်ရှိသည်။ ဤနေ့ညနေ သင်တို့အား ပြောဆိုသည် မှာ သင်သည် ဒေါက်တာ Lloyd-Jones ပြောဆိုသည်အတိုင်း မိမိကိုယ်ကိုဘုရားသခင်၌ ဆက်ကပ်အပ်နှံခြင်းမရှိလျှင် ကယ်တင်ခြင်းရရှိမည်မဟုတ်ပါ။ အကြောင်းမှာ “လူအတွင်းထဲ ကလာသောအရာသည် လူကိုညစ်ညူးစေသည်၊ ဤမကောင်းသောအရာသည် အထဲကလာ သည်” ၊ သင်၏မယုံကြည်နိုင်သောစိတ်နှလုံးဖြစ်သည်(မာကု ၇း ၂၁၊ ၂၃) ဟုဆိုသည်မှာ ယေရှုကိုယ်တော်တိုင်ပင်ဖြစ်ပါသည်။ ယေရမိ ၁၇း ၉ အရ၊ သင့် “စိတ်နှလုံးသည် ဆိုးညစ် ခြင်းသက်သက်ဖြစ်ပါ သည်။”

သင်သည် ကိုယ့်မိဘကို အပြစ်မတင်နိုင်ပါ။ သူတို့သည် မည်သို့ပင် ဆိုးသွင်းနေပါစေ၊ သင့်မိဘလောက် မဆိုးသွငသ်း

သင်သည် ကိုယ့်မိဘကိုလည်း အပြစ်တင်မရပါ။ သူတို့သည် မည်မျှပင် ဆိုးသွင်းနေပါ စေ သင်မိဘဖြစ်သည်အတိုင်း မဆိုးသွင်းကြပါ။ သူတို့သည် မည်မျှပင်ဆိုးသွင်းနေပါစေ သူတို့ ကို အပြစ်မတင်သင့်ပါ။ မိမိကိုယ်ကိုသာ အပြစ်တင်ရမည်။ ဒေါက်တာထံမှ သင်၏မကောင်း သောစိတ်နှလုံးအကြောင်း ရှင်းပြသည်ကို ကြားသိရသည်။ သင့်အမှား၊ သင်ကိုယ်တိုင်ရဲ့အ မှား၊ သင်တစ်ဦးတည်းသာဖြစ်သည်၊ သင်၌ ထိုသို့သောမကောင်းသောအရာရှိသည်၊ သင်၏ မ ယုံကြည်သောစိတ်နှလုံးညစ်ညူးသောစိတ်နှလုံးကိုပိုင်ဆိုင်ထားသည်ဟု သင်ကိုယ်တိုင်ကြား သိခဲ့ရသည်။ သင်နှင့်သင်ကိုယ်တိုင်က ယေရှုခရစ်ကို ယုံကြည်ကိုးစားဖို့ ရွေးချယ်ခဲ့ကြသည်။ သင်လုပ်ဆောင်သောအပြစ်ရှိသောအရာကို သင်နှင့်သင်ကိုယ်တိုင်က ရွေးချယ်ခဲ့ကြသည်။ အဘယ်သူမျှ သင့်ကို ထိုသို့မလုပ်ဆောင္စေပါ။ သင်သည် မှောင်မိုက်ကိုချစ်သောကြောင့် ထို သို့သောအရာများကို လုပ်ဆောင်ခဲ့သည်။ သင်သည် အပြစ်တရားကို နှစ်ခြိုက်သည်။ သင် သည် အပြစ်ပြုသည်ကို ပျော်မွေ့သည်။ သင်သည် ထိုအရာကို မြည်းစမ်းလိုသည်။ မှားယွင်း သောအရာဖြစ်သည်ကို သင်သည် သိလျက်နှင့် ခုံမင်မိသည်။ စိတ်ဝိညာဉ်ပျက်စီးသောအပြစ် နူနာသည် သင်၏မယုံကြည်နိုင်သော အပြစ်ရှိသည့်စိတ်နှလုံးသားထဲတွင် တွယ်ကပ်လျက်ရှိပါ သည်။ သင့်စိတ်နှလုံးလုပ်ဆောင်သောအရာအကြောင်းကို ပြောဆိုခြင်းကြောင့် သင်သည် ကျွန်ုပ်အားမုန်းတီးရသည်မှာ ထိုအကြောင်းကြောင့်ဖြစ်သည် မဟုတ်ပါလား။

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။” –

သင်၏အပြစ်ရှိသောနှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိပါသည်။

သင်သည် သင့်ပတ်ဝန်းကျင်ကိုလည်း အပြစ်မတင်နိုင်ပါ။ ရေလွှမ်းမိုးခြင်းဖြစ်လာပြီး နောက် ရေလွှမ်းမိုးခြင်းမတိုင်မှီ ကမ္ဘာကြီးတွင်ရှိသော မကောင်းသည့်ပတ်ဝန်းကျင်သည် ပျောက်ကွယ်သွားခဲ့သည်။ ဘုရားသခင်က နောဧအား “ သူတို့ကို မြေကြီးနှင့်အတူ ဖျက်ဆီး မည်” ဟု မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆း ၁၃)) ရေလွှမ်းမိုးခြင်းမတိုင်မှီ ကမ္ဘာကြီး၏ဆိုးသွင်း လူများအားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။ သို့ရာတွင် ရေလွှမ်းမိုးခြင်းပြီးနောက်တွင် ဘု ရားသခင်က “လူ့စိတ်နှလုံသည် ငယ်သောအရွယ်မှစ၍ ဆိုးသွင်းလျက်ရှိကြောင်း” (ကမ္ဘာ ၈း ၂၁)) မိန့်ဆိုထားသည်။ မာတင်လုသာက “သင်္ဘောထဲတွင်ရှိသောသူတို့ထက် ရေလွှမ်းမိုးခြင်း မှ လွတ်မြောက်ရန် အဘယ်သူမျှ မထိုက်တန်ပါ။ သို့ရာတွင် ဘုရားသခင်က သူတို့အား မိန့် တော်မူသည်မှာ လူ့စိတ်နှလုံးသည် ဆိုးသွင်းလျက်ရှိသည်” ဟူ၍ဖြစ်သည်။ (ကမ္ဘာဦး ၈း ၂၁ နှင့်ပတ်သက်ပြီး လုသာ၏မှတ်ချက်စကား)) သင်သည် မကောင်းသောစိတ်နှလုံးကို မပိုင္ဆိုင် ပါ။ အဘယ့်ကြောင့်ဆိုသော တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာခဲ့ကြသည်။ သင်သည် အမိ ဝမ်းထဲက ရှိနေစဉ်ကတည်းက မကောင်းသောစိတ်နှလုံးကို ပိုင်ဆိုင်ထားသည်။ မာတင်လုသာ က အပြစ်နှလုံးသားသည် “တည်ရှိပြီး အသက်အရွယ်အားဖြင့် ငယ်ရွယ်သောသူများ၊ ကလေး သူငယ်များတို့အထဲတွင် အသက်ရှင်နေသည်။ ဆာလံ ၅၁း ၅ က ညွှန်ပြသည်အတိုင်း အမိ ဝမ်းထဲတွင် ရှိနေစဉ်ကတည်းက အပြစ်သဘာဝရှိသည်။ … [ အပြစ်ရှိသောနှလုံးသား ]] သည် သင်ယူလေံလာရန် ကြိုးစားအားထုတ်ခြင်းမရှိပါ။ ငြိမ်သက်နေသည်” ဟုဆိုထားသည်။ အချိန် တန်လာသောအခါ လက်စားချေခြင်းနှင့်အတူ ရှေ့သို့ချီတက်ရန် အဆင်သင့်ဖြစ်နေသည်။

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။”

မကောင်းသောစိတ်နှလုံးသည် ပထမဆုံးအပြစ်ကျူးလွန်သူ အာဒံထံမှ ရယူခြင်းဖြစ်ပါ သည်။ ကျွန်ုပ်တို့အားလုံးသည် မျိုးဆက်သစ်များဖြစ်ကြသည်။ လုသာက “လူ့စိတ်နှလုံး၏ စိတ်ကူးစိတ်သန်းသည် ငယ်စဉ်ကတည်းက ဆိုးသွင်းသည်။ ဆိုလိုသည်မှာ လူ၏အကြောင်း တရားကို ပြောခြင်းဖြစ်သည်။ [ သင့်စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုများသည် [ ဘုရားသခင်၏ ] ပညတ်တော်ကို အမြဲဆန့်ကျင်နေသည်၊ အပြစ်တရားအောက်တွင်ရှိနေသည်၊ [ ဘုရားသခင်] ၏ အမျက်တော်ကိုခံရသည်။ ဤတန်ခိုးမှ မိမိကိုယ်ကို မလွတ်မြောက်နိုင်ကြပါ” ဟုဆိုပါ သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

သင်တို့သည် “အမျက်တော်ကိုခံရသောသူဖြစ်ကြသည်။” (ဧဖက် ၃) ၂း

သင်တို့သည် “အပြစ်တရားအောက်တွင်ရှိသည်။” (ရောမ ၃း ၉)

သင်တို့သည် “အပြစ်၌သေလျက်ရှိကြသည်။” (ဧဖက် ၂း ၅)

အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော်၊

“တစ်ယောက်သောသူ(အာဒံ) အားဖြင့် အပြစ်တရားသည် ဤလောက သို့ဝင်၍၊” (ရောမ ၅း ၁၂)

ထိုအကြောင်းကြောင့်၊ “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ၊ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။” (ရောမ ၃း ၁၀၊ ၁၂)

“လူစိတ်နှလုံးအကြံအစည်သည် ငယ်စဉ်ကတည်းက ဆိုးညစ်လျက်ရှိ ၏။” (ကမ္ဘာဦး ၈း ၂၁)

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
(အပြစ်) နူနာသည် (သင့်) အတွင်း၌သာ စွဲမြဲနေဆဲ ။) ”

ကျွန်ုပ်တို့သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော် ယနေ့ အင်္ဂါနေ့က ဂျာမဏီနိုင်ငံ ဝက်ပ်တင်ဘတ်ရှိ ဘုရားကျောင်းတံခါးတွင် ခံယူချက်စာတမ်း ၉၅ ချက်ကို ကပ်ထားခြင်းတွင် အစပြုလျက် ကက်သလစ်အသင်းတော်၏ မှားယွင်းသော သွန်သင်ချက်ကို ဆန့်ကျင်တိုက် ခိုက်လာသော မာတင်လူသာ၏နှစ်ပတ်လည်နေ့ကို ကျင်းပကြသည်။ သင့်စိတ်နှလုံး၏ “ဗီဇအ ပြစ်” သည် ပရိုတဲ့စ်တင်းနှင့်နှစ်ခြင်းပြုပြင်ပြောင်းလဲခြင်း၏အနှစ်ချုပ်တွင်ရှိပါသည်။ သမ္မာ ကျမ်းစာက သင်တို့တွင် မကောင်းသောစိတ်နှလုံးရှိသည်ဖြစ်၍ သင့်စိတ်နှလုံးကို မပြောင်းလဲ စေနိုင်ပါ။

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။”

“စိတ်ကူးစိတ်သန်း” ဟူသောစကားလုံးသည် ဟေဗြဲဘာသာစကားမှလာပြီး သင့်စိတ်နှလုံး၊ မယုံကြည်သောသင့်စိတ်နှလုံးဟု ဆိုလိုသည်။

“အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံး အကြံအစည်ဆိုးကြ၏။” (ကမ္ဘာဦး ၈း ၂၁)

ယနေ့ညတွင် အသစ်ပြင်ဆင်ခြင်းမခံရသောသူတို့၊ ဤအသင်းတော်တွင်ရှိနေခြင်းသည် လူ တိုင်း၏စိတ်နှလုံး၌ ရှိသောဗီဇအပြစ်နှင့်ပတ်သက်ပြီး မှန်ကန်သောသင်ကြားပေးခြင်းပင်ဖြစ်ပါ သည်။ သင်တို့တွင် အယောက်စီတိုင်းပင်ဖြစ်ပါသည်။ လုသာက “သန့်ရှင်းသောဝိညာဉ်နှင့် ဘုရားသခင်၏ကျေးဇူးတော်မှတပါး ထိုလူသားကို ဆုပ်ကိုင်သောသူသည် အပြစ်မှတပါး အဘယ်အမှုကိုမျှမလုပ်ဆောင်နိုင်ပါ။ အဆုံးမရှိဘဲ အပြစ်ကိုပြုသည်။ အပြစ်ကို တစ်ခုပြီးတစ် ခုပြုကြသည်။ သူသည် ဘုရားသခင်၏ရန်သူပင်ဖြစ်ပါသည်။ သူသည် ဖြောင့်မတ်သောသူဟု မိမိကိုယ်ကိုဟန်ဆောင်နေသောအခါတွင် ၎င်း၏စိတ်နှလုံးသားထဲတွင် စိတ်ကူးစိတ်သန်းကို သာ နာခံမှုပြုသည်။”

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။”

မာတင်လူသာသည် မှန်ကန်ကြောင်း သိရှိရန် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး အသင်းတော်တွင် မမြင်တွေ့ခဲ့ကြရဘူးလား။ တစ်ယောက်ပြီးတစ်ယောက်လာပြီး ခရစ်တော် ကို ယုံကြည်ကိုးစားရန် ဟန်ဆောင်နေကြချိန်တွင် အသင်းတော်မှထွက်ပြေးတိမ်းရှောင်ပြီး အပြစ်ဘဝကို ထိုးနှက်မဟုတ်ပါလား။ လူများစွာတို့က ခရစ်ယာန်ဖြစ်သယောင် ဟန်ဆောင် ကြသည် မဟုတ်ပါလား။ ထို့နောက်တွင် ဘုရားသခင်၏ ရန်သူဖြစ်ကြလေသည်။ ၎င်းမှာ Olivas နှင့်၎င်း၏လူတို့ လုပ်ဆောင်ခဲ့သောအရာဖြစ်ပါသည်။ သူတို့သည် ကျွန်ုပ်တို့၏အသင်း တော်ကို ဖျက်ဆီးရန် ကြိုးစားအားထုတ်ကြသောအခါ လုသာသည် မှန်ကန်ကြောင်း မမြင် တွေ့ရပါ။

“အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံး အကြံအစည်ဆိုးကြ၏။” (ကမ္ဘာဦး ၈း ၂၁)

ကျွန်ုပ်တို့အသင်းတော်သည် Finney ထံမှထွက်ပြေးပြီး မာတင်လုသာ၊ ပြုပြင်ပြောင်းလဲသူ များ၊ ကနဦးနှစ်ခြင်းအသင်းဝင်များထံ ပြန်သွားရသည့်အကြောင်းရင်းဖြစ်လေသလား။ Finney ၏ ထင်ပေါ်ကျော်ကြားလှသောတရားဒေသနာမှာ “အပြစ်သားများသည် ၎င်းတို့၏စိတ်နှလုံး ကို ပြောင်းလဲစေရန် ချုပ်နှောင်ခံရပါသည်” ဟူသောအရာဖြစ်သည်။ ၎င်းကို မည်သို့လုပ် ဆောင်မည်နည်း။ မည်သို့ပြုမည်နည်း။ သင့်စိတ်နှလုံးကို မည်သို့အပြောင်းအလဲလုပ်မည် နည်း။ သင်တို့ မပြောင်းလဲစေနိုင်ပါ။ Finney သည် လုံး၀ မိစ္ဆာအယူဝါဒရှိသူဖြစ်ပါသည်။ Finney က လူစိတ်နှလုံး၏ဆိုးသွင်းမှုနှင့်ဗီဇအပြစ်အကြောင်းနှင့်ပတ်သက်ပြီး မာတင်လုသာ၊ နှင့်ပြုပြင်ပြောင်းလဲရေးသမားတို့၏ သွန်သင်ချက်ကို တိုက်ခိုက်သည်။

သင်သည် သင့်စိတ်နှလုံးကို မပြောင်းလဲစေနိုင်ပါ။ Finney သည် နတ်ဝင်သော မိစ္ဆာ တစ်ယောက်ဖြစ်သည်ဟုပင် ထင်မိသည်။ ဒါကို သင်က မယုံကြည်ပါ။ သင့်စိတ်နှလုံးကို ကြည့် ရှုဆင်ခြင်ကြည့်ပါ။ အပြစ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သောအရာမှတပါး မည်သည့်အရာကို မျှ တွေ့မြင်ရမည်မဟုတ်ပါ။

“အပြင်သဏ္ဍာန်သည် သင့်ကို မစင်ကြယ်စေနိုင်၊
နူနာသည် အတွင်း၌သာ စွဲမြဲနေဆဲ။”

သခင်ယေရှုခရစ်တစ်ပါးတည်းသာ သင့်စိတ်နှလုံးကိုဆေးကြောပြီး ပြောင်းလဲစေနိုင်ပါသည်။ ယေရှုသည် သင့်အပြစ်ကြွေးကိုဆပ်ရန် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူခဲ့သည်။ သင့်အ ပြစ်များကိုဆေးကြောရန် လက်ဝါးကပ်တိုင်ပေါ်၌ ယေရှုက အသွေးသွန်းလောင်းပေးခဲ့ပါသည်။ အသစ်သောစိတ်နှလုံးကိုပေးရန် ယေရှုသည် ယေရှုသည် သေခြင်းမှထမြောက်တော်မူခဲ့ သည်။ သင်သည် ယေရှုခရစ်ကို ယုံကြည်ကိုးစားသောအခါ “စိတ်နှလုံးသစ်ကိုပေးသည်။ သင့် စိတ်နှလုံးသားထဲတွင် သဘောသစ်ကိုလည်း ပေးထားပါသည်။” (ယေဇကျေလ ၃၆း ၂၆)

သခင်ယေရှုဘုရား၊ ကျွန်ုပ်တိုးလျှိုးတောင်းပန်ပါ၏၊
   ကျွန်ုပ်မျှော်လင့်ရှင်၊ မင်္ဂလာရှိသောဘုရား၊ ကားတိုင်တော်ရင်းမှာ။
ယုံကြည်ခြင်းဖြင့်ဆေးကြော၊ အသွေးတော်စီးဆင်သည်ကိုမြင်၊
   ယခုဆေးကြော၊ မိုးပွင့်ထက်ဖြူအောင် ဆေးမူသည်။
မိုးပွင့်ထက်ဖြူအောင်၊ ဟုတ်ပါသည်၊ မိုးပွင့်ထက်ဖြူအောင်၊
   ယခုဆေးကြောပြီ၊ မိုးပွင့်ထက်ဖြူအောင်ဆေးမူမည်။

သခင်ယေရှုဘုရား၊ ကျွန်ုပ်မျှော်လင့်ကိုယ်တော်သိမြင်သည်၊
   ယခုလာပါ အသစ်သောစိတ်နှလုံး အထဲ၌ဖန်ဆင်းမူပါ။
ကိုယ်တော့်ကို ရှာသောသူတို့အား၊ “မရပါ” ကိုယ်တော်မဆိုထားဘိ၊
   ယခုဆေးကြော၊ မိုးပွင့်ထက်ဖြူအောင် ဆေးမူသည်။
မိုးပွင့်ထက်ဖြူအောင်၊ ဟုတ်ပါသည်၊ မိုးပွင့်ထက်ဖြူအောင်၊
   ယခုဆေးကြောပြီ၊ မိုးပွင့်ထက်ဖြူအောင်ဆေးမူမည်။
(“မိုးပွင့်ထက်ဖြူအောင်”၊ James Nicholson, ၁၈၂၈-၁၈၇၆)

ကျွန်တော်သည် လူ့စိတ်နှလုံးသားထဲတွင်ရှိသော ဗီဇအပြစ်နှင့်သက်ဆိုင်သည့် လုသ ရင်၏နက်နဲသောဓမ္မပညာအကြောင်းကို ပြောနေခြင်းဖြစ်သည်။ ထိုအကြောင်းအရာအားလုံး ကို ကျွန်တော်တို့နားမလည်နိုင်သော်လည်း ယနေ့ညတွင် ယေရှုကို ယုံကြည်ကိုးစားရန် တိုက် တွန်းနိူးဆော်လိုပါသည်။ သူသည် သင့်အပြစ်ကို ခွှတ်လိမ့်မည်။ သင့်အပြစ်ကို ဆေးကြော တော်မူလိမ့်မည်။ အသစ်သောစိတ်နှလုံး၊ အသစ်သောသဘောကိုလည်း ပေးမူမည်။ “ယေရှု ခရစ်ကိုယုံကြည်လော့။ သို့ပြုလျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (တမန် ၁၆း ၃၁)


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“မိုးပွင့်ထက်ဖြူစေ"၊ (James Nicholson ၁ဂ၂၈-၁၈၇၆ ရေးစပ်သည်။)