Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လူတိုင်းဧဝံဂေလိလုပ်ငန်း လုပ်ကိုင်ခြင်း

EVERY PERSON EVANGELIZING!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ် စက်တာဘာလ ( ၁၇ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင် ဟောကြားသော Dr. R. L. Hymers, Jr.၏
တရားဒေသနာဖြစ်သည်။
A sermon by Dr. R. L. Hymers, Jr.
preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 17, 2017

“သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။”
( လုကာ ၁၇း ၁၄ )


ယေရှုသည် ရှမာရိပြည်နှင့်ဂါလိလဲပြည်အနှံလျှောက်သွားသောအခါ မြို့ငယ်လေးတစ် မြို့သို့ရောက်ရှိလာပါသည်။ ထိုရွာပြင်တွင် နူနာစွာသောလူဆယ်ယောက်ရှိပါသည်။ သူတို့ သည် “အဝေးကရပ်လျက်” နေကြသည်။ ( ၁၇း ၁၂ ) နူနာစွာသောသူများသည် ဓမ္မဟောင်း ပညတ်ချက်အရ ရောဂါစွဲကပ်ခြင်းမရှိသူများနှင့်ခပ်လှမ်းလှမ်းတွင် နေရန် တောင်းဆိုခံထားကြ ရသည်။

“နူနာစွဲသောသူသည် စုတ်သောအဝတ်ကို ဝတ်ရမည်။ ခေါင်းကို မဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ် ကြော်ရမည်။ ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည် ညစ်ညူး ၏။ မစင်ကြယ်သည်ဖြစ်၍ တယောက်တည်း နေရမည်။ သူ့နေရာ သည် တပ်ပြင်မှာရှိရမည်။” ( ဝတ်ပြု ၁၃း ၄၅-၄၆ )

ဤနူနာစွဲသူဆယ်ဦးက ခရစ်တော်သည် နိမိတ်လက္ခဏာများပြသလျက်ရှိကြောင်းကို ကြားခဲ့ကြသည်။ သို့ဖြစ်၍ ဝေးသောအရပ်မှနေကြ၍၊ “သခင်၊ ယေရှုဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု အော်ဟစ်ကြသည်။ ( လုကာ ၁၇း ၁၄ ) ယေရှုသည် နူနာစွဲသောသူများ ကို ချက်ချင်းကျန်းမာခြင်းမပေးဘဲ ယေရုရှလင်ဗိမာန်တော်တွင်ရှိကြသော ယဇ်ပုရောဟိတ် များထံသို့သွား၍ မိမိကိုယ်ကိုပြရန်သာ ပြောခဲ့သည်။ ယေရှုက ထိုသို့လုပ်ရခြင်းအကြောင်း နှစ်မျိုးရှိသည်။ ပထမတစ်ချက်မှာ ဝတ်ပြုရကျမ်း ၁၄း ၁-၂၀ အရ၊ နူနာစွဲသောလူတစ်ဦးသည် အမှန်တကယ် ကျန်းမာခြင်းရှိမရှိကို ယဇ်ပုရောဟိတ်သာလျှင် ဆုံးဖြတ်ချက် ချမှတ်ရမည်ဟူ သော ဓမ္မဟောင်းပညတ်ချက်ကိုပြည့်စုံစေရန်ဖြစ်သည်။ ဒုတိယအချက်မှာ “သူသည် ကျန်းမာ စေနိုင်သောတန်ခိုးကိုပိုင်ဆိုင်ထားကြောင်း ယဇ်ပုရောဟိတ်နှင့်အခြားယုဒလူမျိုးများရှေ့တွင် သက်သေတစ်ခုအဖြစ် ရှိနေခြင်းပင်ဖြစ်သည်။ (Thomas Hale, အသုံးချဓမ္မသစ်ကျမ်း၊ Chariot Victor Publishing, ၁၉၉၆၊ စာ- ၂၃၆ )

နူနာစွဲသူဆယ်ဦးတို့သည် ခရစ်တော်၏စကားကို နာခံကြသဖြင့် ယေရုရှလင်မြို့ရှိ ဗိမာန်တော်ဆီသို့ ခရီးနှင်ခဲ့ကြပါသည်။ ဤအရာက သူတို့တွင် ယုံကြည်ခြင်းအတိုင်းအတာ တစ်ခုထိရှိကြောင်းဖော်ပြထားသည်။ သို့မဟုတ်လျှင် ယေရှုပြောသောစကားကို နာခံကြမည် မဟုတ်ပါ။ သို့ရာတွင် မြင်တွေ့ခဲ့ရသည်အတိုင်း ၎င်းမှာ ကယ်တင်ခြင်းနှင့်ဆိုင်သောယုံကြည် ခြင်းမဟုတ်ပါ။ အပြင်းသဏ္ဍာန်အားဖြင့် ခရစ်တော်ကို နာခံခြင်းမျှသာဖြစ်သည်။

“မိန့်တော်မူသည်အတိုင်း သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။” ( လုကာ ၁၇း ၁၄ )

သူတို့သည် ဂါလိလဲပြည်မှစ၍ တောင်ဘက် ဗိမာန်တော်ရှိရာယေရုရှလင်ဘက်သို့ ခရီးနှင်လာ ကြသဖြင့် ၎င်းတို့ကိုယ်ခန္ဒာပေါ်ရှိ နူနာသည် ပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် သူတို့အထဲက တစ်ဦးသည် တကိုယ်လုံး၌ အနာမရှိတော့ဘဲ သန့်ရှင်းသွား သည်ကိုမြင်ရသောအခါ ယေရှုရှိတော်မူရာအရပ်သို့ ပြန်လည် ခရီးနှင်ခဲ့လေသည်။

“ပြန်လာ၍ ကြီးသောအသံနှင့်ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်း လေ၏။ ခြေတော်ရင်း၌ပြပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။” ( လုကာ ၁၇း ၁၅-၁၆ )

“သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကို ငြိမ်းစေပြီဟု (ယေရှု) မိန့်တော်မူ၏။” ( လုကာ ၁၇း ၁၉ )

ယခုတွင် ဤကျမ်းပိုဒ်၌ သင်ခန်းစာများစွာရှိသည်။ အားလုံးကို ပြောမည်မဟုတ်ပါ။ သုံးခုကိုတင်ပြသွားမည်ဖြစ်သည်။

၁။ ပထမအချက်၊ တစ်စိတ်တစ်ပိုင်းစင်ကြယ်ခြင်းသည် အပြင်သဘော၌ ခရစ်တော် ကို နာခံခြင်းအားဖြင့်လာသည်။

ဤလူဆယ်ယောက်သည် အပြင်ပိုင်းနူနာစွဲခြင်းမှလွတ်မြောက်ခဲ့ကြပါသည်။ သို့ရာ တွင် ယေရှုခရစ်က ချက်ချင်းထိတွေ့ခြင်းအားဖြင့် ပျောက်ကင်းကျန်းမာကြသည်မဟုတ်။ သူတို့သည် ယေရုရှလင်ရှိ ဗိမာန်တော်သို့သွားရာလမ်းတွင် အနာပျောက်ကင်းလျက်ရှိကြပါ သည်။ သို့ရာတွင် ၎င်းတို့၏ဝိညာဉ်များမှာ အနာငြိမ်းခြင်းမရှိကြပါ။ ယေရှုက ဤသို့မိန့်မူခဲ့ပါ သည်။

“သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့ဟု မိန့် တော်မူသည်အတိုင်း သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်း သို့ ရောက်ကြ၏။” ( လုကာ ၁၇း ၁၄ )

အပြင်ပိုင်းအားဖြင့်သာ ယေရှုကို နာခံမှုရှိသောသူများသည် လုံးဝနာခံမှုမရှိသောသူ များကို ဒုက္ခဘေးဖြစ်စေသော နာကျင်မှုဝေဒနာများစွာထဲက သန့်ရှင်းစင်ကြယ်စေပါသည်။ အ သင်းတော်သို့ရောက်လာသောသူများ၊ အပြင်ပန်းအားဖြင့် ခရစ်ယာန်စည်းမျဉ်းများကို စွာကိုင် ထားသူများက ၎င်းတို့၏အသက်တာများသည် ပို၍ပုံမှန်ဖြစ်သေည်ဟူ၍လည်းကောင်း၊ ကျောင်း၌ ၎င်းတို့၏စာလေ့လာခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းကိုလည်းကောင်း တွေ့ရှိကြပါသည်။ ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာခံစားချက်သည် ပိုမို၍ ထိန်းချုပ်မှုဖြစ်လာသည်။ ယေဘုယျအားဖြင့် သူတို့သည် ခေတ်သစ်လူ့အသိုင်းအဝန်းတွင် ရှုပ်ထွေးမှုများဖြင့် “ဟိုဟိုဒီ ဒီ” ဖြစ်နေသောသူများသည် အောင်မြင်မှုနှင့်တိုးပွါးမှုများရရှိကြသည်။ (ဧဖက် ၄း ၁၄ )

“မြေကြီးပေါ်တွင်ရှိသော” လူတို့သည် ဘုရားကျောင်းသို့လာခြင်းသည် သူတို့ဘ၀ အ သက်တာကို ထိခိုက်နာကျင်စေခြင်းဖြစ်သည်ဟု၍ ထင်မှတ်တတ်ကြပါသည်။ သူတို့သည် အလုပ် သို့မဟုတ် ကျောင်းများတွင် အချိန်များစွာကို အသုံးပြုကြသည်ဟု ထင်ကြသည်။ ခရစ်ယာန်မဟုတ်သူများ၏မိဘများကလည်း ထိုနည်းအတိုင်း တွေးထင်ကြသည်။ သူတို့က ဘုရားကျောင်းသို့လာခြင်းသည် ကလေးများအချိန်ဖြုန်းတီးခြင်းဟုသတ်မှတ်သဖြင့် ကျောင်း သို့မဟုတ် အလုပ်တွင် ကောင်းစွာ အချိန်အသုံးမပြုကြပါ။ တိကျမှန်ကန်သောဆန့်ကျင်ဘက် သည် မှန်ကန်လျက်ရှိကြောင်း ကျွန်ုပ်တို့က ထပ်ခါထပ်ခါ တွေ့ရှိကြပါသည်။ လူငယ်များက အသင်းတော်၏ဖော်ပြပါအစီအစဉ်ကိုတက်ရောက်လာကြသောအခါ ချွမ်းချက်မရှိဘဲ တွေ့ရှိ ရသည်မှာ သူတို့သည် ပို၍ကောင်းမွန်သောကျောင်းသား၊ အလုပ်သမားများဖြစ်ကြသည်ကို တွေ့ရှိကြပါသည်။ သူတို့က ၎င်းတို့၏ကျောင်းသူကျောင်းသားများက “အချိန်ရွေးနှုတ်ခြင်း” ကို ပုံမှန်ဖြစ်စေရန် သင်ယူလေ့လာကြသည်။ (ဧဖက် ၅း ၁၆၊ ကောလေသဲ ၄း ၅ ) အသင်း တော်ခေါင်းဆောင်များ၏တိုက်တွန်းခြင်းနှင့်အသင်းဝင်များ၏ပုံသက်သေကြောင့် အလုပ်၌ ၎င်း၊ သို့မဟုတ် ကျောင်း၌၎င်း စွဲလုံးလရှိစွာလုပ်ကိုင်ခြင်း၏ အရေးကြီးမှုကို သင်ယူလေ့လာရ ပါသည်။ “မိုက်မဲခြင်း” ထက် ကမ္ဘာပေါ်ရှိကလေးသူငယ်များလုပ်ဆောင်သကဲ့သို့ သူတို့အဖို့ အဆင်ပြေနိုင်သည့်အချိန်တွင် အလုပ်ကို ကြိုးစားလုပ်ကိုင်ရင်း၊ စာကို ကြိုးစားလေ့လာရင်း လုပ်ဆောင်ကြပါသည်။

ကျွန်ုပ်တို့သည် ယူအက်စ်အေရှိ အသင်းတော်တွင် အမြင့်ဆုံးသောကောလိပ်ကျောင်း သာနှင့်ဘွဲရကျောင်းသားအမြင့်ဆုံးရာခိုင်နှုန်းတွင် ကျွန်ုပ်တို့သည် တစ်ခုအပါအဝင်ဖြစ်မည်ဟု ယုံကြည်ထားသည်။ ၎င်းမှာ ယေရှုက အသင်းတော်မိဿဟာရနှင့်ဖော်ပြထားသောအစည်း အဝေးများသို့ မလာရောက်သောသူတို့ တွေ့ကြုံရင်ဆိုင်ရသော အပြင်ပြဿနာများစွာထဲမှ နာခံသောသူများကို ယေရှုက “ဆေးကြောတော်မူကြောင်း ယေရှုကို နာခံခြင်းရဲ့သက်သေအ ထောက်အထားပင်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာသောဆင်ခြင်လုပ်ဆောင်ခြင်းက ဤမှန်ကန် သောအချိန်ကာလကို သက်သေထူပါသည်။

၂။ ဒုတိယအချက်၊ ပြည့်၀သောကယ်တင်ခြင်းကို ခရစ်တော်ထံလာသောအချိန်၌ တွေ့ကြုံမည်ဖြစ်သည်။

ဤသူတို့ထဲက ကိုးဦးတို့သည် အပြင်ပိုင်းကျန်းမာခြင်းရကြသောအခါ၊ နူနာစွဲခြင်းမှ လွတ်မြောက်ကြသောအခါ ကျေနပ်အားရနေကြပါသည်။ သို့ရာတွင် တစ်ဦးမှာ အပြင်ပိုင်း နာခံမှုတစ်ခုတည်းဖြင့် ကျေနပ်ရောင့်ရဲခြင်းမရှိပါ။ သူ၏စိတ်နှလုံးသည် ဘုရားသခင်ကို ကျေး ဇူးတင်ခြင်းကို လိုလားသည်။ သူသည် ယေရှုနှင့်တွေ့ရာအရပ်သို့ ပြန်လည့်ခရီးနှင်ခဲ့သည်။ သူသည် ယေရှုခြေတော်ရင်းသို့ဒူးထောက်လျက် “သူ့ကိုကျေးဇူးတင်စကား” ပြောလေသည်။ (လုကာ ၁၇း ၁၆) တနည်းအားဖြင့် ဤသူသည် ခရစ်တော်ထံသို့ ပြန်လာသည်။ သူသည် ယေရှုထံသို့လာပြီး ကိုယ်ကာယကျန်းမာခြင်းသာမက၊ ကယ်တင်ရှင်၌ရှိသော ပြည့်ဝသည့် ကယ်တင်ခြင်းတို့ကို ခြေတော်ရင်း၌ တွေ့ရှိခဲ့ပါသည်။

သင်သည် အသင်းတော်ဘုရားကျောင်းသို့လာသောအခါ၊ ပုံမှန်တွေ့ဆုံးသည်အတိုင်း လာသောအခါ ၎င်းမှာ ကောင်းမွန်သောအရာဖြစ်ပါသည်။ သင့်အသက်တာနှင့်လုပ်ဆောင် ချက်ကို ထိုအရာက အကျိုးပြုလိမ့်မည်။ သို့ရာတွင် သင့်အား သာ၍ကောင်းသောအသက်တာ အဖြစ်သို့ ကူညီရုံသက်သက်ထက် စစ်မှန်သောခရစ်ယာန်တစ်ဦးအဖြစ်သို့ ပို့ဆောင်သည်။ ခရစ်ယာန်အသက်တာတွင် အောင်မြင်သောအသက်တာဖြင့် အသက်ရှင်သောသူတို့ကို ယေရှုက ဤသို့ဆိုပါသည်။

“ဒုတိယမွေးခြင်းခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်း( တုန် လှုပ်ခြင်း) မရှိစေနှင့်။” ( ယောဟန် ၃း ၇ )

၎င်းမှာ ယေရှုထံသို့လာသော နူနာစွဲသူတစ်ဦးအသက်တာတွင် ဖြစ်ပျက်သောအရာ ဖြစ်ပါသည်။ သူသည် ယေရှုကိုနာခံခြင်းကြောင့် ကိုယ်ကာယအနာပျောက်ကင်းပြီးနောက်တွင် ယေရှုထံသို့လာ၍ ခြေတော်ရင်းမှာ ဒူးထောက်ကာ၊ အတွင်းပိုင်းသည်လည်း ပြောင်းလဲလာပါ သည်။ ခရစ်တော်က ဤသို့မိန့်တော်မူပါသည်။

“သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။” ( လုကာ၁၇း၁၉ )

ကျွန်ုပ်သည် အသုံးချဓမ္မသစ်ကျမ်းကို သဘောကျသည်။ ကျွန်ုပ်က ကိုးကားတာ၊ အများစုသည် King James ကျမ်းစာထဲက ဖြစ်သော်လည်း ယေရှုထံသို့လာသောနူနာစွဲသူ တစ်ဦး၌ မည်သို့ဖြစ်ပျက်ခဲ့သည်ဟူသော အသေးစိတ်အကြောင်းအရာကို ရှင်းပြခဲ့ပါသည်။ ယေရှုက သူ့အား မိန့်တော်မူသည်မှာ “သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟူ ၍ဖြစ်သည်။ ထိုအနက်ဖွင့်ကျမ်းက “ယေရှုက သူ့ကိုခန္ဒာကျမ်းစာဖို့မိန့်ဆိုသည်သာမက၊ သူ၏ ဝိညာဉ်ရေးရာလည်း ကျမ်းမာဖို့ မိန့်တော်မူခြင်းဖြစ်သည်။ သူသည် ကယ်တင်ခြင်းကို လက်ခံရ ရှိပါသည်” ဟု မိန့်ဆိုခဲ့သည်။ ( ၎င်း၊ စာ-၃၄၁ )

သင်တို့တွင် အချို့တို့သည် ဘုရားကျောင်းသို့လာကြသည်။ ၎င်းက သင်တို့ကို အကူ အညီပေးမည်။ ကောင်းကြီးမင်္ဂလာဖြစ်စေသည်။ ထိုအကြောင်းအရာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ သို့ရာတွင် သင်တို့သည် နောက်တစ်ဆင့်တက်ပြီး ခမည်းတော်ထံ၌ ကယ်တင်ခြင်းကို ယေရှုထံသို့ ယုံကြည်ခြင်းဖြင့်လာခြင်း၊ သူ့ထံ၌ ချဉ်းကပ်ခြင်း၊ အပြည့်အဝ ယုံကြည်ကိုးစားခြင်းအားဖြင့် လာရန်ဖြစ်သည်။

နောက်ဆုံးတွင် ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရပြီး လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ရပါသည်။ ၎င်းမှာ မြေကြီးပေါ်တွင် ကောင်းမွန်သောအသက်ကို ပေးရန်ဖြစ်ပါသည်။ ဝေးပါစေသော်။ သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် သင့်အပြစ်အတွက် အသေခံပြီး အပြစ်ခွင့် လွှတ်ခြင်းကိုရရှိစေရန်၊ အသွေးတော်အားဖြင့် ဆေးကြောခြင်းကို ပြုရန်ဖြစ်ပါသည်။ သူသည် သေခြင်းမှထမြောက်ပြီး ယခုတွင် ခမည်းတော်ဘုရားသခင်၏လက်ယာဘက်တွင် ထိုင်နေ တော်မူလျက် သင့်အား ထာဝရအသက်ကိုပေးရန်ဖြစ်ပါသည်။ သင်သည် သာမန်ယုံကြည်ခြင်း ဖြင့် ဤလူလုပ်ဆောင်သကဲ့သို့ ယေရှုထံသို့လာလျှင် သင်ကိုယ်တိုင်လည်း ပြောင်းလဲလာမည်၊ ဒုတိယမွေးခြင်းခံရမည်။ ထာဝရကာလတိုင်အောင် ဖြစ်ပါသည်။ ပြောင်းလဲခြင်းအစစ်အမှန်ကို သင့်အား ပေးတော်မူမည်။ သို့ရာတွင် လူတိုင်းဧဝံဂေလိလုပ်ဆောင်ခြင်းသင်ခန်းစာနှင့်ပတ် သက်ပြီး ဤသမ္မာကျမ်းစာတွင် တတိယသင်ခန်းစာရှိပါသည်။

၃။ တတိယအချက်၊ ဧဝံဂေလိလုပ်ငန်းကို ချက်ချင်းအစပြုသင့်သည်။ မပြောင်း လဲခင်၌ပင် အစပြုသင့်ပါသည်။

ယေရှုက ဤသူဆယ်ဦးအား မသန့်ရှင်း ( မပြောင်းလဲခင် ) လူတို့အား မိန့်တော်မူခဲ့ပါ သည်။

“သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့ဟု မိန့် တော်မူသည်အတိုင်း သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။” ( လုကာ ၁၇း ၁၄ )

“သက်သေ၊ သက်သေခံချက်” အပြစ် ယေရှုသည် ယဇ်ပုရောဟိတ်၊ နှင့်အခြားဂျူးများထံသို့ သွားပြီး ယေရှုအကြောင်းကိုပြောပြရန် ယေရှုက စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။ ( အသုံးချဓမ္မသစ် ကျမ်း၊ ၎င်း၊ စာ-၂၃၆ ) သူတို့သည် သန့်ရှင်းခြင်းသို့မရောက်မှီ၊ တစ်ဦးမျှမပြောင်းလဲမှီ သက် သေတစ်ခုအနေဖြင့် စေလွှတ်ခြင်းခံကြရပါသည်။

ယခုတွင် ၎င်းသည် မှတ်သားဖွယ် မဟုတ်ပေဘူးလား။ ယနေ့တွင် ဧဝံဂေလိအများစု စဉ်းစားထားသည်မှာ သင်သည် ခိုင်မာသောခရစ်ယာန်ဖြစ်ရမည်။ ယုံကြည်ခြင်းကို ကောင်းစွာ တည်ဆောက်ရမည်။ သမ္မာကျမ်းစာဗဟုသုတရှိရမည်။ ၎င်းတို့သည် ဧဝံဂေလိတရားဒေသနာ ဟောကြားရန် မသွားခင်ရရှိရမည့်အရာဖြစ်သည်ဟု ဆိုကြသည်။ ၎င်းမှာ အဓိပါယ်မရှိလှဟု ကျွန်ုပ်ပြောထားပြီ။ ဤသည်မှာ လူတစ်ဦးအား ဖော်ပြထားသောအသင်းတော်အစည်းအဝေး သို့မရောက်မှီ ခိုင်မာသောခရစ်ယာန်တစ်ဦးဖြစ်ရမည်ဟူ ပြောဆိုခြင်းကဲ့သို့ပင်ဖြစ်နေပါသည်။ ထိုသို့စဉ်းစားတွေးခေါ်သည့် မိုက်မဲသောသူတွေလည်းရှိသည်ဟု သတိပြုမိပါသည်။ သို့ရာ တွင် ၎င်းသည် သမ္မာကျမ်းစာ၏ဖော်ပြချက် မဟုတ်ပေဘူးလား။ ယေရှုက တပည့်တော်ဆယ့် နှစ်ပါးကို ချက်ချင်းစေလွှတ်သည်မဟုတ်ပေဘူးလား။ အပ်ဆာဆွေစဉ်မျိုးဆက်အရ၊ တပည့် တော်တို့သည် ယေရှုနောက်သို့လိုက်ရန် ခေါ်ထားခြင်းခံရသည့်နှစ်မှာပင် ဧဝံဂေလိလုပ်ဆောင် ရန် စေလွှတ်ခြင်းခံကြရပါသည်။ သူတို့သည် နောက်တော်လိုက်ပြီး သင်ယူသည်မှာ နှစ်အနည်းငယ်မျှသာဖြစ်ပါသည်။

“တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူး သောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့်ပေးလျက်၊ နှစ်ယောက်စီ၊ နှစ် ယောက်စီစေလွှတ်တော်မူလျက်….၊ တပည့်တော်တို့သည် ထွက် သွား၍ နောင်တတရားကို ဟောကြ၏။” ( မာကု ၆း ၇၊ ၁၂ )

အနည်းဆုံး တပည့်တော်များထဲက တစ်ဦး ( ယုဒ ) သည် မပြောင်းလဲပေ။ သို့ရာတွင် စေလွှတ် ခြင်းကို ခံရသည်။ သူတို့ ပြောင်းလဲသည်၊ မပြောင်းလဲသည်၊ ယုံကြည်ခြင်းကြီးမားသည်၊ မ ကြီးမားသည် ကိုမကြည့်ဘဲ ဧဝံဂေလိလုပ်ငန်းအတွက် စေလွှတ်ခဲ့ပါသည်။ ခရစ်တော်၏ အမိန့်တော်လည်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ခရစ်တော်၏နည်းစနစ်များစွာကို သင်ယူလေ့လာနိုင်ပါသည်။ ဧဝံဂေ လိလုပ်ဆောင်ရန် ထွက်သွားခြင်းမှာ ခရစ်တော်၏မဟာစေခိုင်းချက်ဖြစ်ပြီး ထင်ပေါ်ကျော် ကြားလှသောအမိန့်တော်တစ်ခုလည်းဖြစ်ပါသည်။

“သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊” ( မဿဲ ၂၈း ၁၉ )

သူတို့သည် နာခံခြင်းမပြုမှီအချိန်တွင် သင်ကြားမှုကိုပြုရန် စောင့်ဆိုင်းရပါမည်လော။ နူနာစွဲသောလူဆယ်ဦးသည် ယဇ်ပုရောဟိတ်နှင့်အခြားဂျူးလူမျိုးများထံ သက်သေခံဖို့မသွားမှီ သင်တန်းတက်ရောက်ခြင်းမရှိကြပေ။ အဘယ့်ကြောင့်နည်း။ သူတို့သည် ကယ်တင်ခြင်းမရရှိ ကြပေဘူးလား။ သို့ရာတွင် ခရစ်တော်က သွားရန် မိန့်တော်မူသဖြင့် ချက်ချင်းပဲ ယဇ်ပုရော ဟိတ်တို့ထံသွားရန် ခရစ်တော်၏စကားကို နာခံခဲ့ကြသည်။ တပည့်တော်များသည် လှပ၍ မရင့်ကျင့်သေးသူများဖြစ်သည်။ လူတွေ့စွန့်ပယ်သော တံငါများလည်းဖြစ်ကြသည်။ သို့ရာ တွင် ယေရှုက သူတို့ကို ချက်ချင်းစေလွှတ်ခဲ့သည်။ နှစ်ယောက်ချင်းစီစေလွှတ်လျက် ဧဝံဂေလိ လုပ်ဆောင်စေပါသည်။

ယနေ့တွင် တူညီသောအရာကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်ပါသည်။ ယေရှုချမှတ်ထား နည်းလမ်းကို လိုက်နာဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် လူတို့အား ကျမ်းစာသင်ကြားခြင်းကို ပေးရန်လိုအပ်ပါသည်။ သို့ရာတွင် သူတို့သည် ကောင်းစွာသင်ကြားပို့ချခြင်းမတိုင်မှီ ဧဝံဂေလိ လုပ်ငန်းကို စတင်ရန် လိုအပ်ပါသည်။ သူတို့သည် သမ္မာကျမ်းစာဩဝါဒများကို ခံယူခြင်းမတိုင် မှီ ဧဝံဂေလိသွားရန် လိုအပ်ပါသည်။

သင်သည် အဆုံးမရှိဘဲ လူတို့ကို သင်ကြားပို့ချပေးနိုင်ပါသည်။ သို့ရာတွင် ဧဝံဂေလိ တရားကြားရန်အတွက် အဘယ်သူကိုမျှ အသင်းတော်ကို မပို့ဆောင်နိုင်ပါ။ သင်သည် သမ္မာ ကျမ်းစာရှင်ပြခြင်းအကြောင်းကို ပေးန်ိုငသည်။ သမ္မာကျမ်းစာကျမ်းပိုဒ်တစ်ခုပြီးတစ်ခု ရှင်းပြ နိုင်ပါသည်။ သင့်၏အသင်းတော်အစီအစဉ်တွင် ဧဝံဂေလိတရားဟောကြားခြင်းကို ကြားနာရန် ပျောက်ဆုံးသောဝိညာဉ်များကို ခေါ်လာတာရှိဖို့လိုအပ်ပါသည်။

လူသိသောအတွေးအခေါ်တစ်စုံတစ်ရာသည် မှန်ကန်သောအရာဖြစ်သည်။ သို့ရာ တွင် မည်သည့်အကြောင်းအရာဖြစ်သည်ကိုမူ သိဟန်မတူပါ။ သို့ပေသော်လည်း ယေရှုက ထိုအကြောင်းနှင့်ပတ်သက်ပြီး အဘယ်အရာလုပ်ဆောင်မည်ကို မိန့်တော်မူခဲ့သည်။ ဖြစ်နိုင် သမျှမြန်အောင် ဧဝံဂေလိလုပ်ငန်းအတွက် စေလွှတ်ခဲ့ပါသည်။ သင်တို့ကို သင်တန်းပို့ချပေး သည်။ မပို့ချပေးပါ။ ပြောင်းလဲကြပါသလား။ သို့မဟုတ် မပြောင်းလဲကြပါ။ အသင်းတော်တွင် ရှိသောသူတစ်ဦးချင်းစီတိုင်းသည် ဧဝံဂေလိလုပ်ငန်းတွင် ပါဝင်သင့်သည်ဟု ယုံကြည်ပါ သည်။ ၎င်းသည် ခရစ်တော်ကို ယုံကြည်ခြင်း၏ ပုံမှန်အစိတ်အပိုင်းဖြစ်သင့်ပါသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်မက အသင်းတော်တံခါးထဲသို့ဝင်လာသောသူတိုင်းအတွက် ဖြစ် သည်ဟု ယုံကြည်လက်ခံပါ၏။

သူတို့သည် များစွာသောအချက်ကို သိရှိရန် မလိုအပ်ပေ။ သူတို့ပြောစရာလိုအပ် သောအရာမှာ “အသင်းတော်တွင် အံ့ဩစရာများဖြစ်လာမည်။ သင်သည်လည်း ထိုအရပ်တွင် ရှိနေရန်ဖြစ်သည်” ဟူသောအချက်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ရိုးစင်းသောအရာပင်ဖြစ်ပါသည်။ သူတို့သည် ဖုန်းနံပါတ်သက်ရရှိကာ အသင်းတော်ခေါင်းဆောင်သည် ၎င်းတို့နောက်သို့ လိုက် သည်။ ဤအစီအစဉ်ကို အသုံးပြုခြင်းအားဖြင့် တနင်္ဂနွေနေ့တွင် အသင်းတော်အလည်အပတ် လာရောက်သူများစွာ ရှိကြပါသည်။ ကျွန်ုပ်သည် တနင်္ဂနွေအစီအစဉ်တိုင်းတွင် ဧဝံဂေလိတ ရားကို ဟောကြားသည်။ ဧဝံဂေလိတရားဟောကြားခြင်းသည် အစီအစဉ်တိုင်းတါင် မယုံ ကြည်သူများစွာကို လာခြင်းကြောင့် မဖြစ်မနေလိုအပ်ပါသည်။

ကျွန်ုပ်တို့သည် ယေရှုက ကမ္ဘာကြီးထဲ ဧဝံဂေလိလုပ်ဆောင်ရန် လူတို့ကို စေလွှတ် သည့် ရိုးစင်းသောလမ်းကြောင်းထဲသို့ ပြန်သွားရန် သဘောတူပါသည်။ နောက်ဆုံးတွင် အ ခြားသောလမ်းတို့သည် အမှန်တကယ် အလုပ်လုပ်ခြင်းမရှိပေဘူးမလား။ သို့ရာတွင် ယေရှု၏ နည်းဗျူဟာ အသုံးပြုသောအသင်းတော်များကို အစည်းအဝေးတိုင်းတွင် လူများစွာဖြင့် ပြည့် စေလိမ့်မည်။ ဒေါက်တာ John R. Rice က “ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့်သာ ဓမ္မသစအသင်းတော်၏ဝိညာဉ်ကယ်တင်ခြင်းအကြောင်းဖြစ်လာစရာရှိပါသည်” ဟုဆိုပါသည်။ (John R. Rice, D.D., ကျွန်ုပ်တို့အသင်းတော်များက အဘယ့်ကြောင့် ပျောက်ဆုံးဝိညာဉ် မရပါသနည်း။ Sword of the Lord Publishers, ၁၉၆၆၊ စာ-၁၄၉ ) ) ထိုအကြောင်းနှင့်ပတ် သက်လာလျှင် အပြည့်အဝထောက်ခံပါသည်။

နောက်ထပ်တစ်ခုမှာ သူတို့သည် ဧဝံဂေလိအတွက် စေလွှတ်ခံရသောအခါ ခရစ် တော်၌ ကြီးထွားလာကြသည်။ လူတို့သည် ဧဝံဂေလိလုပ်ဆောင်ခြင်းမရှိလျှင် နှစ်ပေါင်းများ စွာကြအောင် ရပ်တန့်နေနိုင်သည်။ သို့ရာတွင် သူတို့သည် အပတ်တ်ိုငး ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်လာသောအခါ အလျှင်အမြန်ကြီးထွားလာကြမည်မှာ ကျွန်ုပ်၏ ကိုယ်တွေ့ပင်ဖြစ် ပါသည်။ ခရစ်ယာန်တို့ကြီးထွားခြင်း၏အဓိကသော့ချက်သည် မဟာစေခိုင်းချက်ကို နာခံခြင်း တွင် ရှိနေပါသည်။

“မိန့်တော်မူသည်အတိုင်း သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။” ( လုကာ ၁၇း ၁၄ )

သင်သည် နေရာတိုင်းတွင်ရှိသောသူတို့ကို ဧဝံဂေလိလုပ်ဆောင်သည်ဖြစ်၍ သင့်အ သက်တာက ပြောင်းလဲစေလိမ့်မည်။ ထို့နောက်၊ သင်သည်လည်း ဒုတိယမွေးခြင်းခံရသူဖြစ်ရ မည်။ သင်တို့တစ်ဦးချင်းစီအတွက် အသစ်မွေးဖွါးခြင်းကို ဘုရားသခင်ပေးတော်မူမည်။ အ ကြောင်းမှာ သင်သည် ခရစ်တော်ထံသို့ ယုံကြည်ခြင်းအားဖြင့် ရောက်ရှိလာသောကြောင့် ဖြစ် ပါသည်။ သင်သည်လည်း ပျောက်ဆုံးသူများကို ဧဝံဂေလိလုပ်ဆောင်ရာတွင် ပိုမို၍ အောင် မြင်ပေလိမ့်မည်။ မိမိကိုယ်ကို ဧဝံဂေလိလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ရန် ဘုရားသခင် မစ ပါစေသော်။ ထိုအရာကို မြန်နိုင်သလောက်မြန်အောင် လုပ်ဆောင်ကြပါစို့။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ဒေါက်တာ Kreighton L. Chan က ကျမ်းစာဖတ်ကြားသည်။ လုကာ ၁၇း ၁၁-၁၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“အချိန်အနည်းငယ်"၊( ဒေါက်တာ John R. Rice, ၁၈၉၅-၁၉၈၀ ရေးစပ်သည်။ )


အခှပှေုကမွှး

လူတိုင်းဧဝံဂေလိလုပ်ငန်း လုပ်ကိုင်ခြင်းအကျဉ်း

EVERY PERSON EVANGELIZING!

Dr. R. L. Hymers, Jr

.

“သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။”
( လုကာ ၁၇း ၁၄ )

( လုကာ ၁၇း ၁၂၊ ဝတ်ပြု ၁၃း ၄၅-၄၆၊ လုကာ ၁၇း ၁၃၊ ၁၄၊ ၁၅-၁၆၊ ၁၉ )

၁။ ပထမအချက်၊ တစ်စိတ်တစ်ပိုင်းစင်ကြယ်ခြင်းသည် အပြင်သဘော၌ ခရစ်တော်ကို နာခံခြင်းအားဖြင့်လာသည်။ လုကာ ၁၇း ၁၄၊ ဧဖက် ၄း ၁၄၊ ၅း ၁၆၊ ကောလောသဲ ၄း ၅ ။

၂။ ဒုတိယအချက်၊ ပြည့်၀သောကယ်တင်ခြင်းကို ခရစ်တော်ထံလာသော အချိန်၌ တွေ့ကြုံမည်ဖြစ်သည်။ လုကာ ၁၇း ၁၆၊ ယောဟန် ၃း ၇၊ လု ကာ ၁၇း ၁၉။

၃။ တတိယအချက်၊ ဧဝံဂေလိလုပ်ငန်းကို ချက်ချင်းအစပြုသင့်သည်။ မ ပြောင်းလဲခင်၌ပင် အစပြုသင့်ပါသည်။ လုကာ ၁၇း ၁၄၊ မာကု ၆း ၇၊ ၁၂၊ မဿဲ ၂၈း ၁၉။