Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အသက်ရှင်ခြင်းအတွက် နိုးထမှု

REVIVAL FOR SURVIVAL
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဩဂုတ်လ ( ၃၁ ) ရက်၊ ကြာသပတေးနေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
a sermon by Dr. R. L. Hymers, Jr.
Preached at the Baptist Tabernacle of Los Angeles
Thursday Evening, August 31, 2017


သင်တို့သီချင်းစာရွက်တွင် နံပတ် ၁၉ တွင်ရှိသည့် “သမုဒ္ဒရာထက်မကကြီးမားလှ၊ မေတ္တာတော်” ကို အားလုံးမတ်တပ်ရပ်ပြီး သီဆိုကြပါစို့။

မေတ္တာသည် သမုဒ္ဒရာထက်ကြီးမားသည်၊ မြစ်ရေကဲ့သို့သော အကြင်နာတရား၊
   ဘဝရဲ့မင်းသား၊ ရွေးနှုတ်ရှင်၊ မြတ်သောအသွေးကို သွန်းလောင်းပေးခဲ့။
သူ့မေတ္တာသတိမရသူရှိပါ့မလား။ ချီးမွမ်းသီချင်းသီဆိုမှုကို ရပ်တန့်မလား၊
   လုံး၀မေ့မရနိုင်ပါ၊ ကောင်းကင်ဘုံထာဝရနေ့ရက်တိုင်အောင်ပင်။

အသေခံရာကားတိုင်ပေါ်၊ မြစ်ရေစီးဆင်းလာနက်နဲကျယ်ပြန့်မေတ္တာ၊
   ဘုရားကရုဏာတော်၏မြစ်ရေတံခါးပေါက်များ ကျေးဇူးကရုဏာတော်ဖြင့်စီဆင်းသွား။
ကျေးဇူးတော်နှင့်မေတ္တာ မြစ်ရေကဲ့သို့စီးလာ၊ အထက်မှသွန်းလောင်းထားရာ၊
   ကောင်းကင်ဘုံ၏ငြိမ်သက်ခြင်း၊ စုံလင်သောမျှတမှုက ပြစ်လောကကို မေတ္တာဖြင့်နမ်းခဲ့။

ကိုယ်တော့်မေတ္တာရရှိပါရစေ၊ ချစ်ရပါ၏သခင်၊ ဘဝတစ်လျှောက်လုံးမှာ၊
   ကိုယ်တော့်နိုင်ငံတော်သာရှာဖွေပါရစေ၊ ကိုယ်တော်ကိုသာချီးမွမ်းစရာ။
ကိုယ်တော်သာ ကျွန်ုပ်ဘုန်း၊ လောက၌ အခြားအရာမရှိပါ၊
   ကိုယ်တော်သာ ကျွန်ုပ်အားသန့်ရှင်းစေ၊ ကျွန်ုပ်အား လွတ်မြောက်စေသည်။

သမ္မာတရားအား၌ ကျွန်ုပ်အားလမ်းပြ၊ ဝိညာဉ်သော၊ နှုတ်တော်စကားအားဖြင့်၊
   ကျေးဇူးတော်ကြောင့်လိုအပ်ချက်တိုင်းပြည့်စုံ၊ ကိုယ်တော်ကို ကိုးစားသည် သခင်။
ကိုယ်တော့်ပြည့်စုံခြင်း သွန်းလောင်း၊ ကြီးမားသောမေတ္တာတန်ခိုးတော် ကျွန်ုပ်ပေါ်မှာ၊
   အနှိုင်းမဲ့တရား၊ ချုပ်နှောင်ခြင်းမဲ့လျက်၊ ကျွန်ုပ်စိတ်နှလုံး သာ၍နီးစေပါသည်။
( “သမုဒ္ဒရာကဲ့သို့ ကြီးမားမေတ္တာ”၊ William Rees, ၁၈၀၂-၁၈၈၃ )

ယနေ့ညတွင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိနေဖို့ အယောက်စီတိုင်း ဆုတောင်းကြရ အောင်။ (ဆုတောင်းကြပါသည်။) ယခုတွင် “စိုးရိမ်ပူပန်ခြင်းချုပ်ငြိမ်းသည်” သီချင်းနံပတ် ၂၂ ကို သီဆိုကြပါစို့။

အာလေလုယာ၊ အာလေလုယာ၊ အာလေလုယာ၊
ရိုက်နှက်ခြင်းပြီးဆုံ၊ တိုက်ပွဲလည်း ပြီးဆုံးသည်။
အောင်မြင်သောမေတ္တာပိုင်ဆိုင်ထားရပြီ၊
အောင်မြင်သောသီချင်းစတင်ချီးမွမ်း၊ အာလေလုယာ၊
အာလေလုယာ၊ အာလေလုယာ၊ အာလေလုယာ၊

သေခြင်းတန်ခိုးကုန်ဆုံး ဆိုးသွင်းသောအထဲ၌၊
ခရစ်တော်ကို လှံတံတော်ဖြင့် စိုက်ထိုးခံ။
သန့်ရှင်းသောဝမ်းမြောက်ခြင်းထွက်ပေါ် အာလေလုယာ၊
အာလေလုယာ၊ အာလေလုယာ၊ အာလေလုယာ၊

သုံးရက်သည် လျှင်မြန်စွာ ကုန်ဆုံး၊
သေခြင်းမှဘုန်းအသရေဖြင့် ထမြောက်လာ။
ဦးခေါင်းထက်မှာ ဘုန်းအသရေဖြင့်ထမြောက်၊ အာလေလုယာ၊
အာလေလုယာ၊ အာလေလုယာ၊ အာလေလုယာ၊

ငရဲသွားရာတံခါးကို ပိတ်ထားခဲ့၊
အမြင့်ဆုံးသောကောင်းကင်ဘုံမှ အဝင်ဝကိုဖန်တီး။
ချီးမွမ်းသီချင်း သူ့အောင်မြင်ခြင်းမိန့်ဆို၊ အာလေလုယာ၊
အာလေလုယာ၊ အာလေလုယာ၊ အာလေလုယာ၊

ကိုယ်တော်ခံရသော ဒဏ်ရာဒဏ်ချက်တော်များဖြင့်၊ သခင်၊
သေခြင်းမှထမြောက်ခြင်းက ကျွန်တော်အားလွတ်စေသည်။
သို့ဖြင့် ကိုယ်တော်အဖို့အသက်ရှင်သီချင်းဆို၊ အာလေလုယာ၊
အာလေလုယာ၊ အာလေလုယာ၊ အာလေလုယာ၊
   ( “စိုးရိမ်ပူပန်ခြင်းချုပ်ငြိမ်းပြီ”၊ Francis Pott, ၁၈၃၂-၁၉၀၉ ဘာသာပြန်သည်။ )

ယနေ့ညတွင် ယေရှုခရစ်၏ဘုန်းထင်ရှားစေရန် အယောက်တိုင်း ဆုတောင်းကြပါစို့။ ( ဆု တောင်းကြပါသည်။ ) ယခုတွင် သီချင်းနံပတ် ၂၃ယ “ဖြစ်နိုင်မည်လား” သီချင်းကို သီဆိုကြပါ စို့။

ကယ်တင်ရှင်၏အသွေးတော်တွင် စိတ်ဝင်စားမှုတစ်ခုရှိခြင်းည် ဖြစ်နိုင်ပါသလော၊
ကျွန်ုပ်အတွက်သေခံ၊ နာကျင်မှုကိုဖြစ်စေလား၊ ကျွန်ုပ်အဖို့အသေခံသူကိုလိုက်ခဲ့။
ကြီးမားမေတ္တာ၊ အဘယ်သို့ဖြစ်နိုင်၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အဖို့သေခံခဲ့ဖြစ်နိုင်လား၊
ကြီးမားမေတ္တာ၊ အဘယ်သို့ဖြစ်နိုင်၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အဖို့သေခံခဲ့ဖြစ်နိုင်လား။

ဤနက်နဲသောအရ၊ ခဏသာသေဆုံး၊ ထူးဆန်းအကြံအစည် အဘယ်သူဖော်ပြနိုင်၊
ကောင်းကင်တမန်အလားလှပသောအရ၊ ကိုယ်တော်မေတ္တာကြီးမားမဟာ။
ဤကရုဏာ၊ မြေကြီးချီးမြှောက်စေ၊ ကောင်းကင်တမန်များ ချီးမွမ်းမကုန်နိုင်၊
ကြီးမားမေတ္တာ၊ အဘယ်သို့ဖြစ်နိုင်၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အဖို့သေခံခဲ့ျ့ဖစ်နိုင်လား။

ခမည်းတော်ဘုန်းစည်းစိမ်စွန့်ခွါ၊ မဆုံးနိုင်သောကျေးဇူးတော်ကရုဏာတော်၊
မေတ္တာမှတပါး စွန့်လွှတ်လုံးစုံ၊ ကူညီမဲ့အာဒံမျိုးဆက်အတွက် ပေးဆပ်ခဲ့။
ဤကရုဏာ၊ ကျွန်ုပ်လွတ်မြောက်စေ၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အားရှာတွေ့၊
ကြီးမားမေတ္တာ၊ အဘယ်သို့ဖြစ်နိုင်၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အဖို့သေခံခဲ့။

အပြစ်နှင့်မှောင်မိုက်ထဲမှာ အချိန်ကြာမြင့်စွာ ကျွန်ုပ်ဝိညာဉ်ပိတ်လှောင်ချုပ်နှောင်ခံရ၊
မျက်နှာတော်ရောင်ခြည်လွှင့်တင်၊ နိုးထလာ၊ ကိုယ်တော်၏အလင်းတော်အားဖြင့်။
နှောင်ကြိုးများပျက်ကျ၊ စိတ်နှလုံးလွတ်မြောက်၊ ကျွန်ုပ်ထမြောက်၊ ကိုယ်တော့်ထံသို့ လာသည်၊
ကြီးမားမေတ္တာ၊ အဘယ်သို့ဖြစ်နိုင်၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အဖို့သေခံခဲ့။

ယခုတွင် အပြစ်စီရင်ခြင်းမရှိတော့ပြီ၊ ယေရှုနှင့်ရှိသမျှသည် ကျွန်ုပ်ပိုင်ဆိုင်ထား၊
ကိုယ်တော်၌ အသက်ရှင်၊ ဦးခေါင်းတော်ဖြစ်၊ ကိုယ်တော့်ဖြောင့်မတ်ခြင်းဖြင့်လွှမ်းခြုံ။
ပလ္လင်တော်သို့ရဲရင့်စွာတိုးဝင်၊ ကျွန်ုပ်ပိုင်သောယေရှုခရစ်အားဖြင့် သရဖူကို ဆုတ် ကိုင်လို့ထား၊
ကြီးမားမေတ္တာ၊ အဘယ်သို့ဖြစ်နိုင်၊ ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အဖို့သေခံခဲ့၊
   ( “ဖြစ်နိုင်ပါ့မလား” ၊ Charles Wesley, ၁၇၀၇-၁၇၈၈ )

အားလုံးထိုင်နိုင်ပါသည်။ ကျွန်ုပ်တို့၏သင်းထောက်လူကြီး မစ္စတာ Ben Griffith သည် ရှေ့သို့ လာပြီး ဂုဏ်တော်ချီးမွမ်းပါလိမ့်မည်။

ယနေ့ညတွင် သခင်ယေရှုခရစ်ကို ချီးမွမ်းပြီး ဘုန်းထင်ရှားစေရန် ဤနေရာတွင် ရှိနေ ကြခြင်းဖြစ်သည်။ သူတပါးတည်းသာလျှင် ချီးမွမ်းထိုက်ပါသည်။ ယခုတွင် သင်တို့၏ ကျမ်းစာ တွင် သုတ္တံကျမ်း အခန်းကြီး ၁၄၊ အပိုဒ်ငယ် ၁၄ ကို ကြည့်ကြပါစို့။ ၎င်းသည် Scofield Study Bible တွင် စာမျက်နှာ ၆၈၁ တွင် ရှိသည်။ အားလုံးမတ်တပ်ရပ်ပြီး အခြေပြုကျမ်းကို ဖတ်ရှုကြ ပါစို့။

“စိတ်နှလုံးဖောက်ပြန်သောသူသည်၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။” ( သုတ္တံ ၁၄း ၁၄ )

“ကျွန်ုပ်သည် မိမိအကြံအစည်ဖြင့်သာ အသက်ရှင်နေပါသလား။ ကျွန်ုပ်စိတ်နှလုံး ငြိမ်းအေးပါသလား။ ကျွန်ုပ်တစ်ဦးတည်းရှိနေချိန်တွင် ဆုတောင်းရန် ကြိုးစားအားထုတ်မည်။ သို့ရာတွင် ဘုရားသခင်၏အကြံအစည်ကို မသိရပါ” စသည်ဖြင့် မိမိကိုယ်ကို မေးမြန်းရပါ မည်။ ထိုသို့ မေးမြန်းပါသလား။ သင်သည် ဧဝံဂေလိသွားသောအခါ ပျောက်ဆုံးဝိညာဉ်ကို ရှာ ဖွေရန် သင့်အရိုးအသားထဲတွင် မီးလိုလောင်ကျွမ်းလာပေမည်။ သို့မဟုတ် တစ်ချိန်က ဧဝံဂေ လိတရားအတွက် စိတ်အားထက်သန်မှုရှိသလောက် အခုအချိန်တွင် စိတ်အားထက်သန်မှုမရှိ ပေဘူးလား။ သင်သည် လူတစ်ဦးက ဆုတောင်းသည်ကို ကြားရသောအခါ သင့်နှုတ်ခမ်းနှင့် စိတ်နှလုံးက “အာမင်” ဟု တောင်းလျှောက်မှုတိုင်းတွင် ထူးပါသလား။ သို့မဟုတ် သင်သည် စတင်ဆုတောင်းသည့်အချိန်ကလောက် မကောင်းတော့ဟု ထင်မိပါသလား။ သို့မဟုတ် “သူ တို့သည် မကြာမှီ လဲကျမည်ဟု ထင်မိပါသလား။ ခရစ်ယာန်အသစ်တစ်ဦး၏ အပြစ်ကို ရှာကြံ နေပါသလား။ သူတို့သည် သင်ပြောင်းလဲသည့်အချိန်ကလောက် မကောင်းကြဟု ထင်မိပါသ လား။ တရားဟောချက်က သင့်အပြစ်ကိုထင်ရှားစေသည်ဟုထင်သောအခါ “ငါဘယ်တော့မှ မဝန်ခံဘူး။ ငါ့ကို ဘယ်တော့မှဝန်ခံခိုင်းလို့ရမည်မဟုတ်” ဟု စိတ်ထင်မိပါသလား။ လူသစ် တစ်ဦးကို အာရုံစိုက်သောအခါ စိတ်ကျေနပ်မှုရှိပါသလား။ သို့မဟုတ် သူတို့သည် သင်ပြောင်း လဲခါစအချိန်က ကောင်းသလောက် မကောင်းကြဘူးဟု ထင်မိပါသလား။ သင်သည် ပြောင်း လဲခါစတွင် ခရစ်ယာန်ကောင်းတစ်ယောက်ဟု ထင်မိပါသလား။ သို့မဟုတ် သင့်စိတ်နှလုံး သည် အေးတိအေးစက်ရှိပြီး သုညဖြစ်နေပါသလား။

“စိတ်နှလုံးဖောက်ပြန်သောသူသည်၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။” ( သုတ္တံ ၁၄း ၁၄ )

သင်သည် ကယ်တင်ခြင်းရခါစတွင် သခင်ဘုရားအတွက် လုပ်ဆောင်ခဲ့ပါသလား။ သင်က “ယေရှုကို အစေခံရတာကို နှစ်သက်တယ်၊ ကျွန်ုပ်သူ့အတွက် အများကြီးမလုပ် ဆောင်ပါ” ဟု ပြန်ပြောလိမ့်မည်။ ၎င်းက အဘယ်အရာဆိုသည်ကို ယခုပြောနိုင်ပါသလား။ သို့ မဟုတ် သင်သည် နောက်ပြန်လဲသောခရစ်ယာန်တစ်ယောက်ဖြစ်ပါသလား။ ကျွန်ုပ်သည် လူ ငယ်များကို ပြောရုံသက်သက် လေကုန်ခံပြောနေခြင်းမဟုတ်ပါ။ ကျွန်ုပ်က “လူပေါင်း ၃၉” ယောက်ကို ပြောနေခြင်းဖြစ်သည်။ ကျွန်ုပ်သည် လူကြီးများကိုပြောသကဲ့သို့ လူငယ်များကို လည်း ပြောနေခြင်းဖြစ်သည်။ ပျောက်ဆုံးသော လူငယ်များကို ပြောနေခြင်းမဟုတ်ပါ။ ကယ် တင်ခြင်းရရှိသည်မှာ အလွန်ကြာရှည်နေပြီဖြစ်သောသူများကို ပြောနေခြင်းဖြစ်သည်။ သင် သည် အထက်က မေတ္တာကို ဆုံးရှုံးခဲ့ပါသလား။ သင်သည် ပြောလဲခါစအချိန်ကအတိုင်း ခရစ် တော်၏မေတ္တာကို အပြည်အဝခံစားသောသူဖြစ်ပါသလား။ ယေရှုက ဧဖက်မြို့တွင်ရှိသော ခရစ်ယာန်များအား ဤသို့မိန့်ဆိုသည်။

“သို့သော်လည်း၊ သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီ ဟု သင်၌ အပြစ်တင်စရာရှိ၏။ ထို့ကြောင့်၊ သင်သည် မရွေ့လျော့ မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေး ဦးစွာသောအကျင့်ကိုကျင့်လော့။” ( ဗျာဒိတ် ၂း ၄၊ ၅ )

ကျွန်ုပ်သည် တရားဟောဆရာဖြစ်သည်မှာ နှစ်ပေါင်း ၆၀ နီးပါးရှိပြီ။ ကျွန်ုပ်၏စိတ်နှ လုံးသည် ထိုဆယ်စုခြောက်ခုအတွင်း နောက်ပြန်လဲခဲ့သည်။ နောက်ပြန်လဲသည့်အခြေအနေ မှ မည်သို့ ပြန်ထခဲ့သနည်း။ ဤသို့သောနည်းလမ်းအားဖြင့် ဖြစ်သည်။ ပထမအချက်မှာ ကျွန်ုပ် စိတ်နှလုံးသည် မိမိအလိုလမ်းအတိုင်းသွားနေသည်ကို သတိပြုမိလာသည်။ ထိုအရာအတွက် အရမ်းဝမ်းနည်းလာသည်။ ထိုအရာများ အဘယ်မျှခက်ခဲသည်ကို စောတဒတက်လာသည်။ ဒုတိယအချက်အနေဖြင့် ကျွန်ုပ်၏ယေရှုကိုချစ်သော အထက်ကမေတ္တာ ပျောက်ဆုံးသည်ကို သတိပြုမိလာသည်။ တတိယအချက်အနေဖြင့် ကျွန်ုပ်အဘယ်မျှလောက်လဲပြိုသည်ကို သတိ ရလာသည်။ ကျွန်ုပ်နှင့်ယေရှုကြားတွင် ရှိနေသောအပြစ်ကို သိမြင်လာသည်။ ထို့နောက် ယေရှုသည် လက်ဝါးကပ်တိုင်တွင် ကျွန်ုပ်အပြစ်အတွက် အသေခံသည်ကို သတိပြုမိလာ သည်။ သူ့ကို အသစ်တဖန် နောင်တရပြီး ကိုးစားလာသည်။ ၎င်းမှာ ဒုတိယမွေးခြင်းအလား ဖြစ်ပါသည်။ “ကျွန်ုပ်ရူပါရုံကိုပြည့်စေပါ” သီချင်းကို သီဆိုကြပါစို့။

ရူပါရုံကို ပြည့်စေပါ၊ ဆုတောင်းပါ၏၊ ကယ်တင်ရှင်၊
   ယေရှုကိုသာ ယနေ့ဖူးတွေ့လိုပါ၏။
ချိုင့်ဝှမ်းထဲ ကျွန်ုပ်အားဦးဆောင်လမ်းပြသော်လည်း၊
   ညှိုးနွမ်းခြင်းကင်းဘုန်းရောင်ခြည် ကျွန်ုပ်အားဝန်းရံ
ရူပါရုံကိုပြည့်စေပါ၊ ကယ်တင်ရှင်ဘုရား၊
   ကိုယ်တော့်ဘုန်းရိပ် ကျွန်ုပ်ဝိညာဉ်ထဲထွန်းတောက်၊
ရူပါရုံကို ပြည့်စေပါ၊ ကျွန်ုပ်မြင်နိုင်ဖို့ရာ၊
   သန့်ရှင်းသောပုံရိပ် ကျွန်ုပ်၌ တန်ပြန်စေသတည်။
( “ရူပါရုံကိုပြည့်စေပါ” Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅ )

ကျွန်ုပ်ကိုယ်တိုင်မလုပ်ဆောင်သောအရာကို သင်တို့အား လုပ်ဆောင်စေမည်မဟုတ် ပါ။ John Cagan အား တရားဟောရန် အကြံပြုသည်။ နောက်ဆုံးတွင် သူက ဟောမည်ဟု ပြောလာသည်။ ထို့နောက် သူသည် ကျွန်ုပ်ထက် တရားဟောကျွမ်းကျင်သူဖြစ်ကြောင်းကို ကျွန်ုပ်သိမြင်သည်။ ကျွန်ုပ်သည် အသက်ကြီးသဖြင့် ခွန်အားနည်းလာသောလည်း သူသည် လူငယ်ခွန်အားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ကျွန်ု္ပ်သည် John ကို ပင် မနာလိုဖြစ်လာတော့ သည်။ ထိုအရာသည် ကျွန်ုပ်အားနှိပ်စက်သဖြင့် သူ့ကို ဝန်ခံရသည်အထိဖြစ်လာသည်။ ထို့ နောက် ထိုအကြောင်းကို သူ့ထံဝန်ချတောင်းပန်သည်။ ကျွန်ုပ်အဆင်ပြေပြီး ဝမ်းမြောက်ခြင်း ကို ပြန်လည်ရရှိပါသည်။ ကျွန်ုပ်လုပ်ဆောင်သောအရာကို ယနေ့ညတွင် သင်တို့အား မေးပါ ၏။ သင်တို့တွင် အဘယ်သူမျှတရားဟောစေလိုခြင်းမရှိသည့် ကျွန်ုပ်စိတ်နှလုံး၏ နောက်ပြန် လဲခြင်းအကြောင်းကို ယနေ့ညတွင် သင်တို့အား ပြောပြပါသည်။ ထို့နောက် ဘုရားသခင်သည် ကျွန်ုပ်တို့အသင်းတော်ထဲတွင် နိုးထမှုဖြင့် တို့ထိပြီး ကျွန်ုပ်သည် နောင်တဖြင့် ယေရှုထံသို့ ပြန် လာပြီး တဖန် အသွေးတော်ဖြင့် ဆေးကြောခြင်းကို ခံရပါသည်။ အသက် ၇၆နှစ်အရွယ်၊ နှစ် ပေါင်း ၆၀ ကျော်တရားဒေသနာဟောပြောသောသူသည် နောက်ထပ်နောင်တရရန်လိုအပ် သည်မှာ သင့်အတွက် ထူးဆန်းမှုဖြစ်နေပါသလား။ ထိုသို့မဟုတ်။ ထူးဆန်းသောအရာလည်း မဟုတ်ပါ။ သင့်စိတ်နှလုံးကို အသစ်ပြင်ဆင်ပြီး နိုးထမှုရှိရန် အလွန်ပင် လိုအပ်ပါသည်။ “နောင်တရလော့။ ရှေးဦးစွာသောအကျင့်ကို ကျင့်လော့။” ( ဗျာ ၂း ၅ ) အဖန်တလဲလဲ နောင် တရပါ။ ယေရှုထံသို့ပြန်လာပြီး အသွေးတော်အားဖြင့် အဖန်တလဲလဲ ဆေးကြောခြင်းကို ခံပါ။ ပြုပြင်ပြောင်းလဲရေးဆရာကြီး မာတင်လူသာက “ကျွန်ုပ်တို့အသက်တာတစ်ခုလုံးသည် စဉ် ဆက်မပြတ် သို့မဟုတ် ရပ်တန့်ခြင်းမရှိဘဲ နောင်တရှိနေရမည်” (ဟုဆိုထားပါသည်။ လူသာ သည် အမြဲတမ်းနောင်တရပြီး အသက်တာဆေးကြောခြင်းအတွက် ယေရှုထံသို့ အမြဲတမ်းပြန် လာပါသည်။ သင်နှင့်ကျွန်ုပ်လည်း ထိုသို့ပြုရမည်။

ယာကုပ် ၅း ၁၆ သည် နိုးထမှုတွင် အသုံးချသည့်ကျမ်းပိုဒ်ဟု ကျွန်ုပ်ထင်မှတ်ထားပါ သည်။ ၎င်းက “အချင်းချင်းတယောက်နှင့်တယောက် ကိုယ်အပြစ်ကိုဘော်ပြတောင်းပန်ကြ လော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းအဘို့ ဆုတောင်းကြလော့” ဟုဆိုထားသည်။ “အပြစ်” ဟူသောစကားလုံးကို သေချာလေ့လာပါ။ ဂရိစကားလုံးတွင် “ပါရာတိုမာ”ဖြစ်သည်။ ဒေါက်တာ Strong က စကားလုံး၏အဓိကဆိုလိုရင်းမှာ “အမှား၊ သို့မဟုတ် လွဲမှားခြင်း၊ နှင့် အခြားအပြစ်များ” ဟုဆိုထားသည်။ ကျွန်ုပ်တို့ဝန်ချတောင်းပန်ရမည့်အရာမှာ ကြီးသောအပြစ် သာမက “အမှား” သို့မဟုတ် “လွဲမှားမှုများ” ကို ပါ ဝန်ချတောင်းပန်ရပါမည်။ တစ်ဦးဦးအပေါ် အမျက်ထွက်ခြင်း၊ ခွင့်မလွှတ်နိုင်ခြင်း၊ မနာလိုဝန်တိုခြင်း၊ နှင့်မေတ္တာမထားခြင်း၊ နှင့် ကျွန်ုပ်တို့ နှင့်ဘုရားသခင်ကြားရောက်ရှိလာသောအခြားအမှားအယွင်းများကိုလည်း ဝန်ချတောင်းပန်ရ ပါမည်။

ကျွန်ုပ်တို့စိတ်နှလုံးအပြစ်များကို ဘုရားသခင်အား ဝန်ချတောင်းပန်ခြင်းအားဖြင့် ချမ်း သာကို ရပါမည်။ Kai Perng ၏မျက်နှာသည် မေတ္တာနှင့်ပတ်သက်မှုဖြင့် မှောင်ကြုတ်နေသည် ကို သတိပြုမိသည်။ ထိုမတိုင်မှီ သူသည် ခါးသီမှုတွေ၊ ဒေါသတွေပါ ရှိနေသည်။ အဘယ်သို့ ဖြစ်သည်ကို သူ့အား မေးမြန်းတော်မူခဲ့သည်။ သူက “ကျွန်ုပ်သည် မစ္စ Shirley Lee အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို ကျွန်ုပ်မြင်တွေ့ရသည်။ သူ၌ရှိသော ငြိမ် သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို ကျွန်ုပ်လည်း ရရှိလိုသည်။ သူ့ကို အမျက်ထွက်သည်ကို ဘု ရားသခင်အား ဝန်ချတောင်းပန်လိုက်တယ် ဆရာ။ ထို့နောက် ကျွန်ုပ်အမျက်ပြေပြီး အခြားသူ များအပေါ် မေတ္တာနှင့်ကျေးဇူးပြုခြင်းကို ပြုလာနိုင်သည်” ဟုဆိုသည်။ အံ့ဩစရာကောင်းလှပါ တကား။ ထိုသို့ သူပြောဆိုသောအရာကို ကြားရသောအခါ အလွန်ပင် ဝမ်းမြောက်မဆုံးပေ။ သူ့ကို ချစ်ကြောင်း ပြောပြလိုက်သည်။ ၎င်းမှာ ဝန်ခံခြင်းပင်ဖြစ်ပါသည်။ အခြားသူများအား ခွင့်လွှတ်ခြင်းနှင့် ဘုရားသခင်ထံမှာ ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်း ရရှိခြင်းပေတည်း။ ၎င်း မှာ နိုးထမှုအကြောင်းဖြစ်သည်။ သင်သည် ကိုယ်အပြစ်ကို ဘုရားသခင်အား ဝန်ချတောင်းပန် လျှင် အသစ်သောငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို ရရှိလာမည်။

သို့ရာတွင် ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်နှလုံးကို တို့ထိသောအခါ သင်သည် ညီအစ်ကိုမောင်နှမတွေအပေါ်ပြုသော အပြစ်ကို ဝန်ချတောင်းပန်ရပါမည်။ သင့်အပြစ်ကို ဝန်ချတောင်းပန်ရမည်။ ယာကုပ် ၅း ၁၆ ကို အရှိအတိုင်း “အချင်းချင်းတယောက်ကိုတ ယောက် အပြစ်ဝန်ချတောင်းပန်ခြင်းကို လက်တွေ့ကျင့်သုံးကြပါစို့။ အချင်းချင်းတယောက်ကို တယောက် ဆုတောင်းပေးခြင်းကို လက်တွေ့ကျင့်သုံးကြပါစို့” ဟုသာ ဘာသာပြန်နိုင်သည်။ ဆိုလိုသည်မှာ သင်ဝန်မခံမှီ နာမကျန်းဖြစ်ခြင်းက သင့်ကို ရိုက်သည်အထိ မစောင့်သင့်ပေဟု ဆိုလိုသည်။” (R. C. H. Lenski) တရုတ်နိုင်ငံတွင် အချင်းချင်းတယောက်ကိုတယောက် အ ပြစ်ဝန်ချတောင်းပန်ခြင်းကို လက်တွေ့လုပ်ကြသ်။ အချင်းချင်းဆုတောင်းပဌနာပြုပေးခြင်းကို လည်း လက်တွေ့လုပ်ဆောင်ကြသည်။ သို့သောကြောင့် တရုတ်ပြည်တွင် စဉ်ဆက်မပြတ် သောနိုးထမှုအမြဲဖြစ်လျက်ရှိပါသည်။

ကျွန်ုပ်က အခြားနှစ်နေရာတွင်လုပ်ဆောင်ပေးသည်အတိုင်း လာပြီးဆုတောင်းပေးရန် ညီအစ်ကိုတစ်ဦးအား ဖိတ်ကြားခဲ့သည်။ “တစ်ဦးဦးလာမည်ဟု ထင်ပါသလား” ဟုမေးသည်။ သူက ခဏလေးစဉ်းစားပြီးနောက် “အဘယ်သူမျှလာမည်မဟုတ်” ဟု ပြောခဲ့သည်။ အဘယ့် ကြောင့် မလာမည်အကြောင်းကို ကျွန်ုပ်က မေးသည်။ သူက အခြားလူတို့သည် အသင်းတော် ကို လာမည့်အကြောင်း နိုးထမှုလိုချင်သည်ဟု သင်ထင်ပါသလားဟု ဆိုသည်။ ၎င်းမှာ အဓိက အကြောင်းတရားမဟုတ္ပါ။ လူများစွာလာမည်ဆိုလျှင် မည်သည့်အရာကိုလုပ်ဆောင်လျှင် ပို ၍ကောင်းမည်ကို မိမိကိုယ်ကို မေးပါ။ သူတို့လာလျှင် မည်သို့အကူအညီပေးမည်နည်း။ မိတ် ဆွေဖွဲ့ခြင်း၊ ဝမ်းမြောက်ခြင်း၊ နက်နဲသောမိဿဟာရဖွဲ့ခြင်းကို ပြုရမည်လော။ ထိုအရာတို့ သည် သင်၌ ရှိပါသလား။ သင်လုပ်ဆောင်ပါသလား။ သို့မဟုတ် သင်သည် မေတ္တာမပါဘဲ ဘာသာရေးတာဝန်ပဲ ထမ်းဆောင်နေပါသလား။ သင်သည် အဘယ်သူကိုမျှ မေတ္တာဖြင့် စောင့်ရှောက်ခြင်းမရှိပေဘူးလား။ နက်နဲသောမိတ်ဖွဲ့ခြင်းမရှိပေဘူးလား။ ဝမ်းမြောက်ခြင်း မရှိ ပေဘူးလား။ နက်နဲသောမိဿဟာရဖွဲ့ခြင်းမရှိပေဘူးလား။ သင့်နှလုံးသားသည် လူသစ်တွေ ကို ချစ်သော နက်နဲသည့်မေတ္တာမရှိပေဘူးလား။ ရိုးသားပါ။ သင်သည် ယေရှုကို ချစ်သော မေတ္တာမရှိပေဘူးလား။ ကျွန်ုပ်တို့အထဲ၌ မရှိလျှင် အခြားသူများကို မည်သို့ပေးကမ်းနိုင်မည် နည်း။

သင့်အပြစ်ကိုဝန်ချတောင်းပန်ရန် တောင်းဆိုသောအခါ သင်က “ထိုသို့လုပ်ဆောင် ရန် ကျွန်ုပ်အား ဟန့်တားသည်” ဟုထင်နေသည်။ သင်သည် များစွာသောအလုပ်ကို လုပ် ဆောင်နေသည်။ သင်လိုအပ်နေတာ များစွာသောအလုပ်မဟုတ်ပါ။ များစွာသော မေတ္တာပင် ဖြစ်ပါသည်။ ခရစ်တော်ကို သာ၍ချစ်ဖို့ပင်ဖြစ်သည်။ သင်သည် ခရစ်တော်ကို သာ၍ချစ်မှသာ လျှင် တစ်ဦးကိုတစ်ဦး သာ၍ချစ်နိုင်မည်ဖြစ်သည်။

ရူပါရုံကိုပြည့်စေပါ၊ အလိုဆန္ဒတိုင်းမှာ
   ကိုယ်တော့်ဘုန်ရောင်ခြည်ထွန်းလင်း၊ စိတ်နှလုံးသားထဲ
ကိုယ်တော်၏စုံလင်ခြင်း သန့်ရှင်းမေတ္တာတော်ဖြင့်
   အထက်အရပ်က အလင်းဖြင့် ကျွန်ုပ်လမ်းကို လျှံထွက်စေပါ။
ရူပါရုံကိုပြည့်စေပါ၊ ကယ်တင်ရှင်ဘုရား၊
   ကိုယ်တော့်ဘုန်းရိပ် ကျွန်ုပ်ဝိညာဉ်ထဲထွန်းတောက်၊
ရူပါရုံကို ပြည့်စေပါ၊ ကျွန်ုပ်မြင်နိုင်ဖို့ရာ၊
   သန့်ရှင်းသောပုံရိပ် ကျွန်ုပ်၌ တန်ပြန်စေသတည်။

ကျွန်ုပ်သည် အခြားသောညတစ်ညတွင် ချို့တဲ့သော ရှံဆုံအကြောင်းကို စဉ်းစားနေ သည်။ ကျမ်းစာထဲက အခန်းကြီးလေးခုစလုံးသည် ရှံဆုံအကြောင်းကို ဖော်ပြထားသည်။ သူသည် ဟေဗြဲ ၁၁း ၃၂ တွင် ကယ်တင်ခြင်းရရှိသောလူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ သူသည် မည်သည့်အချိန်၌ ကယ်တင်ခြင်းရရှိခဲ့သနည်း။ ဘုရားသခင်အား အကူအညီပေးရန် နောက်ဆုံးအော်ဟစ်သည့်အချိန် မသေဆုံးမှီအချိန်လေးအထိ ကယ်တင်ခြင်းရမည်ဟု မထင် ပါ။ သို့ရာတွင် ယေရှုက သူ့အား သန့်ရှင်းသောသူဟု ခေါ်သည်။ “ဘုရားသခင်အဖို့ နာဇရိလူ ဖြစ်သည်။” ( တရားသူကြီး ၁၃း ၅ ) “ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ လှုပ်ရှား လျက်ရှိသည်။” ( တရားသူကြီး ၁၃း ၂၅ ) သို့ရာတွင် ရှံဆုံးသည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်ကို ချစ်ရန် ပျက်ကွက်ခဲ့သည်။ သူ၏တိုတောင်းသည့်အချိန်ကာလတွင် သူသည် သင်ကဲ့သို့ပင်ဖြစ်ပါသည်။ သူသည် မိမိအစွမ်းဖြင့် ခရစ်ယာန်အသက်တာကို လျှောက်လှမ်း သည်။ မိမိခွန်အားဖြင့် အသက်ရှင်သည်။ သို့ရာတွင် အသက်ရှင်နိုင်ခြင်းမရှိပါ။ သူသည် ထပ် ခါတလဲလဲကျဆုံးနေသည်။ သင်နှင့်ကျွန်ုပ်ကဲ့သို့ပင်ဖြစ်ပါသည်။ နောက်ဆုံးတွင် စာတန်၏တန် ခိုးသည် သူ့အားတွန်းထုတ်ပြီး သူ့မျက်လုံးကို ဖောက်ထုတ်လိုက်သည်။“ သူ့ကို အိမ်ထဲ၌ ချုပ်ထားသ်။” ( တရားသူကြီး ၁၆း ၂၁ )

ချစ်သောညီအစ်ကိုမောင်နှမတို့၊ သင်တို့တွင် အချို့သည် ရှံဆုံကဲ့သို့မဟုတ်ပေဘူး လား။ သင့်ကို ယေရှုက ခေါ်ထားပါသည်။ အတိတ်က ဘုရားသခင်၏ကြီးမားသောအရာကို လုပ်ဆောင်ရန် ဝိညာဉ်တော်လှုပ်ရှားစေသည်မဟုတ်လော။ သို့ရာတွင် သင်သည် နောက်ဆုံး တွင် တဖြည်းဖြည်း ခါးသီးပြီးဝမ်းနည်းလာသည်။ ယခုတွင် သင်သည် မပျော်ရွှင်တော့ပါ။ သင် သည် ခရစ်တော်၏အသင်းတော်ကိုလည်း မချစ်ပါ။ သင်သည် ဘုရားကျောင်းလာသော်လည်း မျက်ကန်းအလားလာခဲ့သည်။ သင်၏ဘာသာတရားသည် ပင်ပန်းနွမ်းနယ်သောအလုပ်ပင်ဖြစ် ပါသည်။ ဝမ်းမြောက်ခြင်းမရှိဘဲ ပင်ပန်းစွာ လုပ်ဆောင်ရသောအလုပ်ပင်ဖြစ်ပါသည်။ ကျွန်လို အလုပ်မျိုးဖြစ်သည်။ သင်သည် ဘုရားကျောင်းလာသော်လည်း ကျွန်ကဲ့သို့လာရသည်။ သင် သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ ဤနေရာတွင်ရှိနေခြင်းအပေါ် သင်သည် ပျော်ရွှင် မှုမရှိပါ။ သင်သည် ရှံဆုံကဲ့သို့ပင် “အိမ်၌ချုပ်ထားခြင်းခံရပါသည်။ သူနှင့်ပတ်သက်ပြီး အခြား သူများက မည်သို့ထင်မြင်ယူဆသည်ကို ကျွန်ုပ်မသိပါ။ သို့ရာတွင် ကျွန်ုပ်သည် “အိမ်၌ချုပ် ထားသည်အကြောင်းဖတ်ရသောအခါ” စိတ်မသာညည်းတွားရသည်။ သံကြိုးများဖြင့်ချုပ် နှောင်ခြင်းကို သူခံရသည်။ ထိုကဲ့သို့ နာရီပေါင်းမြောက်များစွာ ချုပ်နှောင်ခြင်းခံရပါသည်။

ထိုအရာသည် သင်၏ဘာသာတရားဖြစ်သည်ကို ကျွန်ုပ်သိသည်။ တခါတရံ ကျွန်ုပ် စိတ်နှလုံးသည် သင့်အဖို့ ငိုကြွေးမြည်တမ်းနေသည်။ သင်သည် ဝမ်းမြောက်ခြင်းမရှိ။ မေတ္တာ မရှိ။ မျှော်လင့်ခြင်းမရှိ။ အိမ်အချုပ်ထဲတွင်ရှိသော ကျွန်ကဲ့သို့သွားလာနေသည်။ ဟုတ်ပါသည်။ ဤအသင်းတော်တွင်ရှိသော သင်တို့တွင် အချို့တို့သည် အကျဉ်းအိမ်၊ သင်အမှုထမ်းနေသော အကျဉ်းအိမ်၊ ကျွန်လုပ်ငန်းနှင့်သက်ဆိုင်သောဧဝံဂေလိအကျဉ်းအိမ်ပင်ဖြစ်ပါသည်။ သင်သည် ထိုအရာကို အရမ်းမုန်းတီးသည်။ သို့ရာတွင် အဘယ်သို့လွတ်မြောက်နိုင်မည်သို မသိပါ။ သင် သည် ဝိညာဉ်ရေးရာနှောင်ကြိုးဖြင့် ရစ်ပတ်နေပါသည်။ မျှော်လင့်ခြင်းမရှိဘဲ ရပ်တည်နေပါ သည်။ တခါတရံထွက်ပြေးလွတ်မြောက်ခြင်းအကြောင်း စဉ်းစားနေပါသည်။ သင်တို့တွင် အချို့တို့က လုပ်ဆောင်နေသည်ကို သိသည်။ သို့ရာတွင် သင်သည် ထွက်မသွားပါ။ သင့်မိတ် ဆွေသည် ဤနေရာတွင် ရှိနေကြပါသည်။ သင့်ဆွေမျိုးများသည်လည်း ဤနေရာတွင် ရှိနေကြ ပါသည်။ အဆက်မပြတ်ချည်နှောင်မှုမှ မည်သို့လွတ်နိုင်မည်နည်း။ ထောင်ကဲ့သို့သော အိမ်ထဲ မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။ သင့်ကို ကျွန်ုပ်ကူညီချင်သည်။ ကျွန်ုပ်လုပ်ဆောင်မည့်အ ရာကို ဘုရားသခင်သိသည်။ လွတ်မြောက်နိုင်မည့်လမ်းတစ်ခုသာရှိသည်။ မည်သို့သိနိုင်မည် နည်း၊ တရားဟောဆရာရယ်။ အဘယ့်ကြောင့်ဆိုသော် သင်တို့ရှိနေသောနေရာတွင် ကျွန်ု္ပ် ရှိနေခဲ့ဖူးသည်။ အသင်းတော်တွင် ချည်နှောင်ခြင်း၊ မုန်းတီးခြင်း၊ အံကြိတ်ခြင်းများဖြစ်ပေါ် တတ်ပါသည်။ သို့ရာတွင် လွတ်မြောက်ခြင်းမတွေ့ရပေ။ တစ်ခုတည်းသောလွတ်မြောက်ရာ လမ်းမှာ ယေရှုပင်ဖြစ်သည်။ သင့်အပြစ်ကို ဝန်ချတောင်းပန်ပါ။ အဘယ့်ကြောင့်နည်း။ သင့်အ ပြစ်သည် သင့်အား ချည်နှောင်သောချည်နှောင်ကြိုးဖြစ်သည်။ ဖြည်လိုက်ပါ။ နောင်တရပြီး အသွေးတော်အားဖြင့် ဆေးကြောခြင်းခံပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှုသာလျှင် သင့်၏ ချည်နှောင်ကြိုးကို ဖြည်ပြီး လွတ်မြောက်စေနိုင်ပါသည်။

“အချင်းချင်းတယောက်နှင့်တယောက် ကိုယ်အပြစ်ကို ဘော်ပြ တောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းအဘို့ ဆုတောင်း ကြလော့။” ( ယာကုပ် ၅း ၁၆ )

သင့်၏ကြောက်ရွံ့ခြင်းကို ဝန်ချပါ၊ သံသယစိတ်၊ အပြစ်၊ အမျက်ဒေါသ၊ ခါးသီးမှု၊ တကိုယ် ကောင်းဆန်ခြင်းတို့ကို ဝန်ချတောင်းပန်ပါ။ “အချင်းချင်းတယောက်နှင့်တယောက် ကိုယ်အ ပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းအဘို့ ဆုတောင်း ကြလော့။” ( ယာကုပ် ၅း ၁၆ ) မစ္စ Lee သည် အပြစ်ဝန်ချတောင်းပန်ခြင်းကိုပြုသည်။ ယေရှု က သူမကို ချမ်းသာပေးသည်။ Kai Perng သည် ထိုသို့အပြစ်ဝန်ချတောင်းပန်သည်။ ယေရှု က သူ့အား ချမ်းသာပေးသည်။ ယခုတွင်လည်း မျှော်လင့်ခြင်းရောင်ခြည်သန်းနေသည်။ သင် က “ဖြစ်နိုင်ပါရဲ့လား” ဟု ထင်သည်။ ဖြစ်နိုင်ပါသည်။ မှန်ပါသည္။ ၎င်းတို့အပြစ်ကို ဝန်ချ တောင်းပန်ပြီး ယေရှုအားဖြင့်ချမ်းသာရကြမည်အကြောင်း ဆုတောင်းပေးကြပါ။ ( သူတို့ဆု တောင်းကြသည်။ )

“ခရစ်တော်က၊ ငိုကြွေးမြည်တမ်းသောသူသည် မင်္ဂလာရှိ၏” ( မဿဲ ၅း ၄ ) ဟုဆိုရာ တွင် ၎င်းတို့၏နောက်ပြန်လဲခြင်းကိုသိရှိခံစားပြီး ထိုအပေါ် ငိုကြွေးသူများကို ဆိုလိုသည်။ နိုး ထမှုကို မျှော်လင့်နေသူအဖို့ အပြစ်သည် ပြဿနာတစ်ခုဖြစ်သည်။ နိုးထမှုက လောကကြီးမ မြင်နိုင်သည့်အရာများတွင် သက်သောင့်သက်သာမရှိအောင် အမြဲလုပ်ဆောင်ပါသည်။ နိုးထမှု က အမှောင်ထဲတွင် အလင်းကို ပစ်ချခြင်းဖြစ်သည်။ နိုးထမှုကိုပြင်ဆင်ခြင်းအတွက် Evan Roberts က လူတို့သည် ပြင်ဆင်ထားခြင်းမရှိသ၍ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်မ လာပါဟု သတိပေးထားသည်။ အသင်းတော်ကို မကောင်းသောအရာထဲမှ လွတ်မြောက်စေရ မည်။ သူများမကောင်းပြောဆိုခြင်း၊ မနာလိုခြင်း၊ ဘက်လိုက်ခြင်း၊ နာလည်မှုလွဲခြင်းမှလွတ် မြောက်စေရမည်။ အပြစ်ကိုခွင့်မလွှတ်သ၍ ( ဆုမတောင်းပါနှင့်။ ) သင်က အပြစ်ခွင့်လွှတ်နိုင် မည်မဟုတ်ဟု ခံစားရလျှင် မြေမှုန့်ကိုလူးပါ။ အပြစ်လွှတ်ခြင်းဝိညာဉ်ကို တောင်းလျှောက်ပါ။ သင်ရရှိလိမ့်မည်။”” သန့်ရှင်းစင်ကြယ်သောခရစ်ယာန်များသည်သာ ဘုရားသခင်နှင့်နီးကပ်စွာ အသက်ရှင်နိုင်မည်။ (Brian H. Edwards, နိုးထမှု, Evangelical Press, ၂၀၀၄၊ စာ-၁၁၃ ) “လူတိုင်းက တစ်ဦးကိုတစ်ဦး ခွင့်လွှတ်ကြသည်။ တစ်ဦးချင်းစီတိုင်းသည် (အပြစ်ဝန်ချတောင်း ပန်ကြသည်ဖြစ်၍) ဘုရားသခင်နှင့်မျက်နှာခြင်းဆိုင် တွေ့နိုင်ကြသည်။ (၎င်းမှာ) မှတ်တမ်း တင်ထားသောနိုးထမှုတိုင်း၏ သဘောတရားပင်ဖြစ်ပါသည်။ နက်နဲမှု၊ သက်သောင့်သက်သာ မရှိမှု၊ နှိမ့်ချစွာအပြစ်ကိုသိမြင်ခြင်းမရှိဘဲ နိုးထမှုမရှိနိုင်ပါ။” (၎င်း၊ စာ-၁၁၆) “ယနေ့တွင် မသန့် ရှင်းသောအသင်းတော်ကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန် များက အပြစ်ကို အလေးမထားကြပေ။ သို့မဟုတ် မကြောက်ကြပေ။ နိုးထမှုကိုလိုလားသော သူတို့သည် မိမိတို့၏စိတ်နှလုံးကိုစစ်ဆေးခြင်းဖြင့်အစပြုပြီး သန့်ရှင်းသောဘုရားသခင်ရှေ့ တွင် အသက်ရှင်ကြပါစို့။ သင့်အပြစ်ကို ဝန်ချတောင်းပန်ခြင်းမရှိဘဲ ဖုံးအုပ်ထားလိုက်လျှင် (နိုးထမှုကို ကျွန်ုပ်တို့ရရှိမည်မဟုတ်) သန့်ရှင်းသောဘုရားက ခရစ်ယာန်တို့ပြုသည် အသေး ငယ်ဆုံးသောအပြစ်ကိုပင် သတိပြုသည်။ မိမိကိုယ်ကို သန့်ရှင်းသောဘုရားသခင်မျက်မှောက် တော်တွင်ရှိသည်ဟု ထင်သောသူတို့က ကိုယ်တိုင်လုပ်ဆောင်သောအပြစ်ကို အလေးထားကြ ပါသည်။ အပြစ်ကိုမြင်စေသည့် ဤလုပ်ဆောင်မှုသည် အပြစ်ခွင့်လွှတ်ခြင်းအသစ်သောတွေ့ ကြုံမှုတွင် လွတ်မြောက်ခြင်းနှင့်ဝမ်းမြောက်ခြင်းဆီသို့ ဦးဆောင်နိုင်သည်။ “စိတ်နှလုံးရိုက်နှက် ခြင်း” သို့လိုက်ခြင်းသည် ကယ်တင်ခြင်းနှင့်ဆိုင်သောဝမ်းမြောက်ခြင်းပွင့်ထွက်မှုကို ဖြစ်စေ သည်။” ( ၎င်း၊စာ-၁၂၀ )

ထိုအစည်းအဝေးတွင် လူငယ် ဆယ့်ခုနှစ်ယောက်ပြောင်းလဲသွားကြသည်။ ထိုအ စည်းအဝေးတွင် နိုးထမှု၏တို့ထိမှုကို ကျွန်ုပ်တို့ခံစားခဲ့ကြရသည်။ ထိုလူငယ်များသည် အနည်း ဆုံးနိုးထမှုတော့ရှိကြပါသည်။ သူတို့သည် နိုးထပြီး ကယ်တင်ခြင်းရမည်ဟု အဘယ်သူမျှ မ မျှော်လင့်ကြပါ။ သို့ရာတွင် သူတို့၏နာမည်ကို ကျွန်ုပ်ကြော်ငြာသောအခါ ကျွန်ုပ်တို့အသင်း တော်တွင် အဘယ်သူမျှ ဝမ်းမမြောက်ကြပါ။ သင်သည် အဘယ့်ကြောင့် ဝမ်းမမြောက်သ နည်း။ တရုတ်နိုင်ငံတွင်မူ သူတို့သည် မျက်ရည်ကျလျက် ဝမ်းမြောက်ကြလိမ့်မည်။ ဤနေရာ တွင် အဘယ့်ကြောင့် ဝမ်းမမြောက်နိုင်ကြသနည်း။

လူဆယ့်ခုနှစ်ယောက်ပြောင်းလဲသွားခဲ့သော်လည်း ဝမ်းမြောက်မျက်ရည်မရှိပါ။ ကျွန်ုပ် တို့အလယ်တွင် ဝမ်းမြောက်ခြင်းမရှိပါ။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ “စိတ်နှလုံး ဖောက်ပြန်သောသူသည် မိမိအကျင့်တို့နှင့်ဝလိမ့်မည်။” ( သုတ္တံ ၁၄း ၁၄ )

“ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုအမှီပြု၍ဝမ်းမြောက်ပါ မည်အကြောင်း၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည် မဟုတ်လော။” ( ဆာလံ ၈၅း ၆ )

ကျွန်ုပ်တို့သည် မျက်ရည်ဖြင့် အပြစ်များကို ဝန်ချတောင်းပန်ခြင်းမရှိသ၍ မျက်ရည်ဖြင့် ဝမ်းမ မြောက်နိုင်ပါ။ ၎င်းမှာ တရုတ်နိုင်ငံတွင် ဖြစ်ပျက်သောအရာဖြစ်ပါသည်။ ကျွန်ုပ်တို့အသင်း တော်တွင် အဘယ့်ကြောင့် မဖြစ်နိုင်ရမည်နည်း။ သင်သည် သင့်အပြစ်ကို အခြားသူများရှေ့ တွင် ဝန်ချတောင်းပန်ရန် ဝန်လေးနေသည်။ ကြောက်ရွံ့နေသည်။ သင့်အနာငြိမ်းစေရန် အခြားသူများအတွက် ဆုတောင်းရန် ဝန်လေးနေသည်။ အခြားသူများက ထင်မည်ဟူသော အရာကို ကြောက်နေခြင်းက သင့်အပြစ်ဝန်ချခြင်းကို ရပ်တန့်စေသည်။ ဟေရှာယက “သေရ သောသူကို သင်သည် ကြောက်ရမည်အကြောင်း အဘယ်သို့သောသဘောရှိသနည်း၊ ……. သင့်ကို ဖန်ဆင်းသောထာဝရဘုရားကို သင်သည်မေ့လျော့၍….၊” ဟုဆိုထားသည်။ ( ဟေရှာ ယ ၅၁း ၁၂၊ ၁၃ )

“အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍
အကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။
စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။
ဆိုးသောလမ်းသို့ အကျွန်ုပ်သည်၊
မလိုက်သည်ကို ကြည့်ရှု၍၊
ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”
   ( ဆာလံ ၁၃၉း ၂၃-၂၄ )

ရူပါရုံကိုပြည့်စေပါ၊ အပြစ်လွှမ်းခြုံကာ
   အတွင်းနှလုံးတွင် အလင်းရိပ်ကို တောက်ပစေ၊
ချိုသောမျက်နှာတော်ကိုသာ ဖူးတွေ့ပါရစေ၊
   မဆုံးနိုင်သောကျေးဇူးတော် ကျွန်ုပ်မြင်ပါရစေ။
ရူပါရုံကိုပြည့်စေပါ၊ ကယ်တင်ရှင်ဘုရား၊
   ကိုယ်တော့်ဘုန်းရိပ် ကျွန်ုပ်ဝိညာဉ်ထဲထွန်းတောက်၊
ရူပါရုံကို ပြည့်စေပါ၊ ကျွန်ုပ်မြင်နိုင်ဖို့ရာ၊
   သန့်ရှင်းသောပုံရိပ် ကျွန်ုပ်၌ တန်ပြန်စေသတည်။
( “ရူပါရုံကိုပြည့်စေပါ” Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅ )

သင်သည် ရှေ့တော်၌ ရောက်လာခြင်းမရှိပါ။ သင်ရောက်လာသင့်သည်ကို သိသည်။ သို့ရာတွင် သင်သည် ကြောက်ရွံ့နေသည်။ မစ္စတာ Chan က သူမသည် ဖုန်းကြောင့် ကြောက်မက်ဖွယ်ရာ နောက်ပြန်လဲနေသည်ဟု ဆိုခဲ့သည်။ သူမကို တနင်္ဂနွေနံနက်တွင် ကြည့်မိရာတွင် မစ္စတာ Chan က ကျွန်ုပ်အား မျက်စောင်းထိုးကြည့်မိသည်။ သူမလာချင်သည် ကို မြင်နေရသည်။ သူမလက်ကိုဆွဲပြီး “လာပါ” ဟု ပြောလိုက်သည်။ သူမ လာခဲ့သည်။ သူမ သည် ကြောက်ရွံ့တုန်လှုပ်နေသည်။ နောက်ဆုံးတွင် သူမသည် ဒေါက်တာ Chan ၏ မယား ဖြစ်နေသည်။ သူမ၏ အမှားကို ဝန်ခံလိုက်လျှင် လူများက မည်သို့ထင်ကြမည်နည်း။ အခြား သူများပြောမည့်အရာကို ထားလိုက်တော့။ အားလုံးမတ်တပ်ရပ်ပြီး သီချင်းဆိုစဉ်တွင် လာပြီး သင့်အပြစ်ကို ဒူးထောက်တောင်းပန်ပါ။ ဘုရားသခင်က သင့်အပြစ်ကိုမြင်စေသည်။ ထို့အပြင် ခရစ်တော်၏လက်ဝါးကပ်တိုင်တွင်သွန်းသောအသွေးတော်ဖြင့် သင့်ကို အသစ်ပြင်ဆင်ပါ သည်။

ရူပါရုံကိုပြည့်စေပါ၊ အပြစ်လွှမ်းခြုံကာ
   အတွင်းနှလုံးတွင် အလင်းရိပ်ကို တောက်ပစေ၊
ချိုသောမျက်နှာတော်ကိုသာ ဖူးတွေ့ပါရစေ၊
   မဆုံးနိုင်သောကျေးဇူးတော် ကျွန်ုပ်မြင်ပါရစေ။
ရူပါရုံကိုပြည့်စေပါ၊ ကယ်တင်ရှင်ဘုရား၊
   ကိုယ်တော့်ဘုန်းရိပ် ကျွန်ုပ်ဝိညာဉ်ထဲထွန်းတောက်၊
ရူပါရုံကို ပြည့်စေပါ၊ ကျွန်ုပ်မြင်နိုင်ဖို့ရာ၊
   သန့်ရှင်းသောပုံရိပ် ကျွန်ုပ်၌ တန်ပြန်စေသတည်။
( “ရူပါရုံကိုပြည့်စေပါ” Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅ )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“သာ၍ချစ်အံ့သောငှါ"၊ (Elizabeth P. Prentiss, ၁၈၁၈-၁၈၇၈ ရေးစပ်သည်။ )