Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နောဧသင်္ဘောပုံဆောင်ထားသော ဧဝံဂေလိတရား

THE GOSPEL PICTURED BY THE ARK OF NOAH
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဇွန်လ( ၁၈ )ရက်၊ သခင်ဘုရားနေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, June 18, 2017

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။မထီမဲ့ မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။” (ဟေ ရှာယ ၅၃း ၃))


သင်အမှန်တကယ် ပြောင်းလဲခြင်းမရှိလျှင် လုပ်ဆောင်လေ့ရှိသော အရာပင်ဖြစ်ပါ သည်။ သင်သည် မိမိမျက်နှာကို ခရစ်တော်ရှေ့၌ ဖုန်းအုပ်ထားသည်။ သင်သည် ခရစ်တော် ကို စော်ကားမော်ကားပြုမူသည်။ ခရစ်တော်ကို မခန့်ညားပေ။ ၎င်းမှာ ခရစ်တော်အကြောင်း နှင့်ပါတ်သက်ပြီး သင်၏သဘောထားအမြင်ပင်ဖြစ်ပါသည်။ ဒါက သင်မဟုတ်ကြောင်း ပြောဆို နိုင်ပါသည်။ သင်က ခရစ်တော်ကို ထိုသို့မထင်ပါဟုလည်း ပြောဆိုပေမည်။ သင်က ခရစ် တော်ကို ချစ်သည်ဟုလဲပြောဆိုနိုင်သည်။ သို့ရာတွင် မိမိကိုယ်ကို လှည့်စားနေခြင်းသာဖြစ်ပါ သည်။ ပရောဖက် ယေရမိက “စိတ်နှလုံးအကြံအစည်သည် ခပ်သိမ်းသောအရာထက် စဉ်းလဲ တတ်၏” (ယေရမိ ၁၇း ၉) ဟု ဆိုပါသည်။ ယေရှုကို ချစ်ပါသည်ဟုဆိုသောအခါ သင့်စိတ်နှ လုံးသည် အလွန်ပင် ဖြူစင်လှသည်ဟု သင်ထင်ကောင်း ထင်ပေလိမ့်မည်။ သို့ရာတွင် အမှား ကြီးမှားယွင်းနေပါသည်။ “အရာအားလုံးထက် လှည့်ဖြားခြင်း” သက်သက်သာဖြစ်ပါသည်။ သင့်စိတ်နှလုံးထက် လှည့်ဖြားတတ်သောအရာမရှိပါ။ လုံးဝပျက်စီးယိုယွင်းနေပါသည်။ မရိုးမ သားရှိနေပါသည်။ သင့်စိတ်နှလုံးသည် “ခပ်သိမ်းသောအရာတို့ထက်” စဉ်းလဲတတ်သည်။ သင့်စိတ်နှလုံးထက် စဉ်းလဲသောအရာမရှိပေ။

သင့်စိတ်နှလုံးသည် အခြားအရာများထက် စဉ်းလဲခြင်းမရှိတော့ဟုဆိုကာ မိမိကိုယ်ကို နှိမ့်သိမ့်ထားသည်။ သင့်အနေဖြင့်ကြည့်လျှင် မှန်ကန်မှုရှိသည်။ မှန်ကန်သောနည်းလမ်းတစ်ခု လည်းဖြစ်ပါသည်။ မှန်ကန်သည်ဟူသောအချက်ကို သင်တွေးမိလိမ့်မည်မဟုတ်ပါ။ အဘယ့် ကြောင့်ဆိုသော် လူတိုင်း၏စိတ်နှလုံးသည် ဗီဇအပြစ်ကြောင့် ပျက်စီးသောကြောင့်ဖြစ်သည်။ ကျွန်ုပ်သည်လည်း အခြားအကြောင်းတစ်ခုခုအတွက် ရာစုသုံးပုံတစ်ပုံခန့် လေ့လာခဲ့သည်။ သို့ ရာတွင် ဗီဇအပြစ်ဆီသို့သာ ပြန်လည်ရောက်ရှိနေသည်။ အာဒံသည် မိမိမျက်နှာကို ဧဒင်ဥ ယျာဉ်တွင် ခရစ်တော်ရှေ့မှောက်၌ ဖုန်းကွယ်ထားသကဲ့သို့ လူတိုင်း အဘယ့်ကြောင့် လုပ် ဆောင်ရသည်အကြောင်းကို ရှင်းပြဖို့ အခြားသောနည်းလမ်း ကျွန်ုပ်၌မရှိပေ။

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။မထီမဲ့ မြင်ပြုခြင်း ကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။” (ဟေ ရှာယ ၅၃း ၃))

သင်သည် ယေရှုခရစ်ကို တန်ဖိုးမထားပါ။ ယေရှုသည် အရေးကြီးသောသူအဖြစ် သင်မဆင် ခြင်မိပါ။

ဤကျမ်းပိုဒ်သည် မှားယွင်းမှုရှိသည်ဟူသော ထင်ယောင်ထင်မှားအတွေးကြားထဲမှာ သင်အသက်ရှိနေခြင်းဖြစ်သည်။ သင်သည် ယေရှုကို အမှန်တကယ် ချစ်ပါရဲ့လား။ လေးစား ခန့်ညားမှုကော အမှန်တကယ် ရှိပါရဲ့လား။ သို့ရာတွင် သင့်စိတ်နှလုံး၊ ဗီဇအပြစ်နှင့်ဒုစရိုက်အ ပြစ်က သင့်အားပြောဆိုသောအရာကိုလက်သင့်ခံယူပြီး သင့်စိတ်နှလုံး၏ မြှင့်တင်မှုများကို သံ သယဖြစ်သင့်ပါသည်။

ခရစ်တော်ချစ်ခြင်းအကြောင်းနှင့်ပါတ်သက်ပြီး အတွင်းပိုင်းတွေးတောမှုရှိပါရဲ့လား။ ထိုအကြောင်းကို ပြောဆိုနိုင်ပါသလား။ ထိုအကြောင်းနှင့်ပါတ်သက်ပြီး အမှန်တကယ် ပြောဆို နိုင်စွမ်းရှိမရှိကို နားထောင်ပြီး ပြောပါ။ “အရင်က မိုက်မဲပြီးအသက်မဲ့သော ဧဝံဂေလိတရား သည် ယေရှုခရစ်အကြောင်း ကြားသိရသောအခါ ရင်ဖိုစရာဖြစ်ပါရဲ့လား။ ထိုအကြောင်းကို ရိုး သားစွာ ပြောဆိုနိုင်ပါသလား။ ထိုသို့မဆိုနိုင်လျှင် Emi Zabalaga ကဲ့သို့ ယေရှုကို မခန့်ညားနိုင်ကြောင်း ဤသည်က သက်သေပြမည်။

သို့မဟုတ်၊ ဤသို့ပြောဆိုနိုင်ပါသလား။ “ယေရှုသည် ကျွန်ုပ်အတွက် အသေခံသည်။ ကျွန်ုပ်သည် သူ့ရန်သူဖြစ်နေစဉ်တွင် ကျွန်ုပ်သည် သူ၌ မချဉ်းကပ်နိုင်ပါ။ ထိုအရာက ကျွန်ုပ် ကို ကျိုးပဲ့စေသည်။ ခရစ်တော်သည် ကျွန်ုပ်အတွက် မိမိအသက်ကိုပေးသည်။ ထို့ကြောင့် ကျွန်ုပ်ရှိသမျှကို သူ့အား ပေးမည်။ ယေရှုသည် ကျွန်ုပ်၏ကယ်တင်ရှင်ဖြစ်သည်။ ကျွန်ုပ်ခိုလှုံ ရာ၊ ကယ်တင်ရှင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ယေရှုအဖို့ များစွာ လုပ်ဆောင်ထားခြင်းမရှိပါ။ ယေရှု၏အစေကိုခံခြင်းသည် ကျွန်ုပ်အလုပ်မဟုတ်ပေဘူးလား။ ထိုအရာများကို John Cagan ပြောဆိုသကဲ့သို့ ပြောဆိုနိုင်ပါသလား။ နောက်ကျပြီးလုပ်ဆောင်လျှင် သင်သည် ယေရှု၌ မိမိ ကိုယ်ကို ဖုန်းကွယ်နေကြောင်း သိသည်ဟု ယူဆရမည်မဟုတ်ပါလော။ သင်သည် ယေရှုကို မခန့်မညားပြုသည်ဟုလည်း ဆိုရမည်။

ယေရှုကို ချစ်မချစ် ဆန်းစစ်မည့်အခြားနည်းလမ်းတစ်ခုမှာ အပြစ်ကိုမြင်ခြင်းပင်ဖြစ်ပါ သည်။ ယေရှုငြင်းပယ်ခြင်းသည် အပြစ်ဖြစ်သည်ဟုမခံစားသ၍ သင်သည် ယေရှုကို ခန့်ညား လေးစားမှုပြုမည်မဟုတ်ပါ။ယေရှုက ထိုအကြောင်းကို ဤသို့ဆိုပါသည်။

“ဥပဇ္ဇျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အ ပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစ ရိုက်အပြစ်ကိုဘော်ပြမည်။” (ယောဟန် ၁၆း ၈-၉))

ယေရှုကိုငြင်းပယ်ခြင်းသည် အပြစ်ဖြစ်သည်ဟု မထင်မှတ်လျှင် သင်သည် “ယေရှုကိုအလေးမ ထားသည့် သဘောတရားပင်ဖြစ်ပါသည်။” ဒေါက်တာ W. G. T. Shedd က “မိမိအပြစ်ကိုမြင် သောသူမဖြစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သာမန်အားဖြင့် ပြုပြင်ပြောင်းလဲစေမည် မဟုတ်” ဟုဆိုထားသည်။ အပြစ်ပြုသည်ကိုမြင်ခြင်းက သခင်ဘုရားကယ်တင်မည့်လူကို ပြင် ဆင်ခြင်းဖြစ်သည်။

သင်သည် ခရစ်တော်ကို တန်ဖိုးထားကြောင်းကို မပြသ၍
   အကျိုးရှိမည်မဟုတ်ပါ။
      သေခြင်းကို ကြောက်ရွ့သည်။
          မိမိကိုယ်ကို အရှုံးပေးဆက်ကပ်ပါ။
            အပြစ်ကိုမြင်သည်။

လူတစ်ဦးက “ဒါက ကြီးမားသည့်ကြိုးစားအားထုတ်မှုဖြစ်သည်” လူတစ်ဦးက ဆိုပါသည်။ သို့ သော် သင်လိုအပ်သော ပြင်ဆင်မှုပင်ဖြစ်ပါသည်။

ယေရှုသည် ကျမ်းစာတစ်ခုလုံး၏ ကြီးမားသည့်အကြောင်းအရာပင်ဖြစ်ပါသည်။ ယေရှု သည် တပည့်တော်နှစ်ပါးနှင့်တွေ့ဆုံခိုက်တွင် စကားကို ချဲ့ထွင်ပြီးပြောခဲ့သည်။ လုကာ ၂၄း ၂၅- ၂၇ ကို ကြည့်ကြပါစို့။ Scofield Study Bible တွင် စာမျက်နှာ ၁၁၁၂ တွင် ရှိသည်။ အား လုံးမတ်တပ်ရပ်ပြီး ဖတ်ကြပါစို့။

“ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဥာဏ်မရှိ။ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤသို့ပင် အသေခံ၍၊ မိမိဘုန်းစည်းစိမ်ကို ဝင်စားမည်မဟုတ် လောဟု မိန့်တော်မူ၏။ ထိုအခါ မောရှေ၏ကျမ်းမှစ၍ ပရောဖက် တို့၏ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးသားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။” (လုကာ ၂၄း ၂၅-၂၇) )

ယေရှုသည် ဤအကြောင်းအရာကိုသွန်သင်ပေးရန် အချိန်နာရီပေါင်းများစွာကို အသုံး ပြုခဲ့သည်။ ဓမ္မဟောင်းကျမ်းမှာ အရမ်းရှည်လျားပြီး King James ဘာသာပြန်ဆိုချက်၏ ကျွန်ုပ်စာအုပ်တွင် စာမျက်နှာပေါင်း ၉၈၄ မျက်နှာရှိသည်။ ယေရှုသည် ကမ္ဘာဦး အခန်းကြီး ၆၊ ၇၊ ဂ သို့ရောက်သောအခါ နောဧ၏သင်္ဘောက သူ့အကြောင်း အဘယ်သို့ပြောပြသည်ဟူ သောအကြောင်းကို ဆိုထားပါသည်။ သူသည် နောဧ၊ ရေလွှမ်းမိုးခြင်း၊ သင်္ဘောအကြောင်းဆီ သို့ရောက်လာသောအခါ “သူနှင့်သက်ဆိုင်သောအရာများ” ကို သူတို့အား ရှင်းလင်းပြသပါ လိမ့်မည်။ (လုကာ ၂၄း ၂၇) ကမ္ဘာဦးကျမ်း၏ ဤအခန်းမျာသည် မှတ်ချက်ပေးစကားမပါဘဲ အခြားနေရာသို့ မရောက်နိုင်လောက်အောင် အရေးကြီးလှပါသည်။

တကယ်တော့ ကမ္ဘာဦးကျမ်း၏ အခန်းကြီး ခြောက်၊ ခုနှစ်၊ နှင့်ရှစ်တို့အားလုံးသည် ခရစ်တော်၏သာဓက၊ ပုံဆောင်ချက်များသာဖြစ်ပါသည်။ မောရှေ၏ရေးသားချက်၊ ကမ္ဘာဦး ကျမ်းကိုရေးသားသောလူသားတို့မှစတင်၍ “သူကိုယ်တိုင်နှင့်သက်ဆိုင်သောအရာအားလုံးနှင့် ပတ်သက်သောကျမ်းစာအားလုံး” ကို ရှင်းပြခဲ့သည်။ (လုကာ ၂၄း ၂၇) သင်္ဘောသည် သူနှင့် ပတ်သက်ပြီး အဘယ်သို့မိန့်ဆိုထားသည်ကို သံသယမရှိဘဲ မိန့်ဆိုထားခဲ့သည်။

ယေရှုသည် သမ္မာကျမ်းစာတစ်ခုလုံး၏ အချုပ်အချာဖြစ်သည်မှာ မှန်ကန်ပါသည်။ သင်္ဘောအကြောင်းကိုလေ့လာခြင်းအားဖြင့် သူ့အကြောင်းများစွာကို ကျွန်ုပ်တို့သင်ယူလေ့ လာနိုင်ပါသည်။ “သူကိုယ်တိုင်နှင့်ပါတ်သက်သည့် သမ္မာကျမ်းစာဖော်ပြချက်များကို ရှင်းပြခဲ့” သောကြောင့် ယေရှုသည် သံသယမရှိဘဲ တို့ထိသည်ကို ခရစ်ဝင်ကျမ်းများစွာက ညွှန်းဆိုထား ပါသည်။ (လုကာ ၂၄း ၂၇)

၁။ ပထမအချက်၊ သင်္ဘောသည် ခရစ်တော်အား ဆွဲဆောင်မှုမရှိသူအဖြစ် သရုပ် ဖော်ထားပါသည်။

ကျွန်တော်ပြောဆိုသည်အတိုင်း သင်္ဘောသည် လုံးဝလှပခြင်းမရှိ။ မိုက်မဲသော ဆရာက ဆန်းဒေးစကူးလ်ကျောင်းသူ၊သားတို့အား ပြသသော အရောင်အဆင်းဖြင့် တောက်ပ ခြင်းလည်းမရှိပါ။ လုံးဝမတောက်ပပါ။ သင်္ဘောသည် သစ်သားဖြင့်လုပ်သော သတ္တတစ်လုံးမျှ သာဖြစ်ပါသည်။ အတွင်းအပြင်တွင် အနက်ရောင်ဖြင့်သုတ်ထားသောအရာဖြစ်သည်။ ဘုရား သခင်က ဤသို့မိန့်ဆိုထားပါသည်။

“ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့တည်လုပ်လော့။ အထဲ၌ လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်း ရှုးစေးနှင့်သုတ်လော့။” (ကမ္ဘာဦး ၆း ၁၄)

သင်္ဘောသည် ပြားပြားလေးဖြင့် ရှိနေသောသေတ္တာတစ်လုံးသာဖြစ်ပါသည်။ ပေပေါင်း ၅၀၀ လောက် ရှည်လျားသည်။ အကျယ်တွင် ၉၀ပေလောက်ရှိပြီး အမြင့်အားဖြင့် ပေ ၆၀ လောက်ရှိ ပါသည်။ ရွှင့်လွှတ်ဖို့မဟုတ်ဘဲ၊ မျှောပါရုံသက်သက်အတွက်သာ ဖြစ်သည်။ အကြည့်ရဆိုးပါ သည်။ အတွင်းအပြင်တွင် နက်မှောင်သောအရာတစ်ခုလည်းဖြစ်ပါသည်။ လှပသောအရာလုံး ဝမရှိပါ။ ယေရှုခရစ်ကို ပုံဆောင်ထားသည်အချက်လည်းဖြစ်ပါသည်။ သမ္မာကျမ်းစာက ခရစ် တော်အကြောင်းကို မိန့်ဆိုထားသည်။

“ပမာဏပြုစရာအဆင်း တင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက် နှာလက္ခဏာနှင့်မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အ ယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကျဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူ ကဲ့သို့ဖြစ်၏။မထီမဲ့မြင်ပြုခြင်း ကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေ ကြ။” (ဟေရှာယ ၅၃း ၂-၃))

၎င်းမှာ လူများစွာက မြေကြီးပေါ်တွင်ရပ်လျက် အဝေးမှနေပြီး သင်္ဘောကိုမြင်သည့် အမြင်နှင့်တိကျသေချာပါရဲ့လား။ ၎င်းတွင် လှပခြင်း၊သို့မဟုတ် ခန်းနားထည်ဝါခြင်းလဲမရှိပါ။ အဘယ်သူမျှလိုလားခြင်းမရှိပါ။ လူတို့၏ငြင်းပယ် စော်ကားခြင်းခံရသည်။ ယေရှုသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ သူတို့သည် သင်္ဘောမှသူတို့မျက်နှာကို ဖုံးအုပ်ကြသည်။ ယေရှုကို အဘယ်သူမျှမကြည့်ကြ။ မျက်နှာလွှဲကြပါသည်။ သင်္ဘောသည် လစ်လျူရှုပြီး လေး စားကြည်ညိုခြင်းလည်းမရှိပေ။ ထို့ကြောင့် လူတို့သည် ဘင်္ဘောထဲသို့ဝင်ရန် ငြင်းဆိုကြသည်။ ထိုနည်းတူ လူတို့သည်လည်း နောက်ပိုင်းတွင် ယေရှုကို ငြင်းပယ်ကြသည်။

ဤကဲ့သို့ လှပခြင်းမရှိ၊ နက်မှောင်သောအရာသည် အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ သနည်း။ သူတို့က ဤသို့ဆိုပေသည်။ ယနေ့တွင် လူများစွာတို့သည် လူတို့ထံသို့လာရန် ငြင်း ပယ်ကြသည်။ ကယ်တင်ခြင်းခံယူရန်လည်း ငြင်းဆိုကြသည်။ သူတို့က “နေ့စဉ်အသက်တာ ကို အဘယ့်ကြောင့်အရှုံးပေးရမည်အကြောင်းနှင့်ပျော်ရွှင်မှုများကို ဆုံးရှုံးရမည်အကြောင်း၊ ဟောင်းနွမ်းပြီး ဘာမျှသုံးစားမရသောအရာထဲသို့ဝင်ရောက်ရန်မဖြစ်နိုင်” ဟုထင်ကြသည်။ မဿဲ အခန်းကြီးနှစ်ဆယ့်လေး၊ အငယ် သုံးဆယ့်ခုနှစ်က ဤသို့ဆိုထားပါသည်။

“လူသားသည် ကြွလာသောအခါ၊ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သောနေ့တိုင်အောင် လူများတို့သည် စား သောက်လျက် ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်း ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင် အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ ဖြစ်လိမ့်မည်။” (မဿဲ ၂၄း ၃၇-၃၉)

ဤအရာက သူတို့သည် ပွဲတော်ကြီးများတွင် စားခြင်းသောက်ခြင်းတွင် ရပ်တန့်လိုခြင်းမရှိ သည်ကို ပြသထားပါသည်။ လူတို့သည် ၎င်းတို့၏အချိန်ကာလတွင် စွဲလန်းသော စည်းမရှိ သော ထိမ်းမြားခြင်းကို ရပ်တန့်လိုခြင်းမရှိပါ။ အဘယ့်ကြောင့်နည်း။ ၎င်းတို့၏ပါတီများကိုသာ စိတ်ဝင်စားကြပြီး “ကလပ်အသင်းတွင် ကခုန်ခြင်းနှင့်စားသောက်ခြင်းနှင့်ငွေကြေးများ” တွင် ယစ်မူးနေကြသည်။ အနက်ရောင်သင်္ဘောထဲတွင် ဝင်ရောက်ကာ “သူတို့တွင် ငွေကြေး” မရှိ ဟု ထင်မြင်ယူဆခဲ့ကြသည်။

တကယ်တော့ သူတို့သည် မှားယွင်းလှပါသည်။ မြေကြီးပေါ်တွင် “ရယ်မောဖွယ်” တစ်ခုတည်းသောနေရာဖြစ်ပြီး ရေလွှမ်းမိုးခြင်းသည် ဖြစ်ပျက်လျက်ရှိသည်။ နောဧနှင့်၎င်း၏ မိသားစုသည် မြေကြီးပေါ်တွင်ရေလွှမ်းမိုးချိန်ကာလအတွင်း တိရိစ္ဆာန်များကိုကျွေးမွေးကာ ကြီ မားသည့်မိဿဟာရကိုပြုကြသည်။

သင်္ဘောသည် မြေကြီးပေါ်မှာ ကြောက်မက်ဖွယ်ရေလွှမ်းမိုးခြင်းကာလအတွင်း တစ်ခု တည်းသောအသင်းတော်ဖြစ်ခဲ့ပါသည်။ နောဧနှင့်၎င်း၏မိသားစုဝင်ခုနှစ်ဦးတို့သည် ထိုအချိန် ကာလတွင် တစ်ခုတည်းသောအသင်းတော်ဖြစ်ခဲ့ကြပြီး သူတို့သည် အံ့ဘွယ်မိဿဟာရတို့ ဖြင့် မိဿဟာရကိုချစ်မြတ်နိုးကာ သင်္ဘောထဲတွင် ဘုရားသခင်အလိုတော်ရှိသောပျော်ရွှင်မှု ကို ရရှိပိုင်ဆိုင်ထားကြလေသည်။

သို့ရာတွင် မပြောင်းလဲသောလူတို့က ယနေ့ကျွန်ုပ်တို့အသင်းတော်ကိုမြင်တွေ့နေရ သည့်ပုံစံမဟုတ်ပေဘူးလား။ ပျောက်ဆုံးသောမိဘများစွာက “ထိုလူငယ်များသည် ထိုအသင်း တော်ထဲတွင် အဘယ့်ကြောင့် တမ်းတမ်းစွဲနေလိုကြပါသနည်း၊ သူတို့ကို အဘယ်အရာက ဆွဲ ဆောင်နေပါသနည်း၊ သူတို့သည် သောက်စားခြင်းလည်းမရှိ၊ ဆေးဝါးလည်း မသုံးစွဲကြ၊ သို့မ ဟုတ် ထိုအသင်းတော်တွင် မကောင်းသည့်ပါတီပွဲလည်း မဆင်နွှဲကြပါ။ထိုအ သင်းတော်တွင် တရားဥပဒေနှင့်မညီညွှတ်တေသာလင်မှုရေးရာလည်းမရှိ။ သို့ရာတွင် သူတို့ သည် ထိုနေရာ တွင် အချိန်ပြည့်နေလိုကြသည့်သဘောကိုတွေ့ရသည်။ လူများစွာရှိရာနေရာက ရုပ်ဆိုးအ ကျဉ်းတန်ပြီး ဟောင်းနွမ်းသောအသင်းတော်အဆောက်အဦးကား အဘယ်အရာ ကို ဆိုလိုပါ သနည်း။ ထိုအရာက ကျွန်ုပ်သား သို့မဟုတ် သမီးအား ထိုနေရာတွင် အမြဲရှိစေလို ပါသည်” ဟုဆိုကြသည်။

ကောင်းပါပြီ။ သင်တို့သည် ဤပုံစံမျိုးဖြင့် မယုံကြည်သော သင့်မိသားစုနှင့် မိတ်ဆွေ များကို အဖြေပေးနိုင်ပါသလား။ “အသင်းတော်သည် ကျွန်ုပ်တို့၏သင်္ဘောဖြစ်ပါသည်။ လောင် ကျွမ်းနေရာကနေကျွန်ုပ်တို့ကို ကယ်တင်သည်။ အထီးကျန်သောကမ္ဘာထဲမှာ ကျွန်ုပ်တို့အ သက်ရှင်နေကြပါသည်။ ယခုတွင် ကျွန်ု္ပ်တို့သည် ဤဒေသန္တာရအသင်းတော်တွင်ရှိနေကြ သည်။ ပို၍သန့်ရှင်းလာသည်။ အခြားနေရာတွင်ထက် ရယ်ရွှင်စရာများရှိလာသည်။အဘယ့် ကြောင့်အထီးကျန်မှုတွေဖြစ်နေရပါသနည်း။ အသင်းတော်တည်းဟူသောအိမ်သို့လာပါ။ ဤအ ရုပ်ဆိုးသောနေရာ၊ သက်သောင့်သက်သာမရှိလှသောဟောင်းနွမ်းနည်းအဆောက်အဦးကြီး ထဲတွင် အေးစက်ပြီးအထီးကျန်သောလောကကြီးမှ လုံခြုံမှုကို ရရှိထားပါသည်။ အထဲသို့လာ ပြီးပျော်ရွှင်မှု၊ မိတ်ဆွေဖွဲ့ဖြင်း၊ လုံခြုံမှုတို့ကို အသင်းတော်တည်းဟူသော အသက်ရှင်သော ဘုရားသခင်၏အိမ်တော်တွင် မရှာဖွေဘူးလား။ ဤအသင်းတော်တည်းဟူသော ဤသင်္ဘော ရှိရာသို့ ပုံမှန်လာပါ။ ကျွန်ုပ်တို့တွေ့ရှိရသော ငြိမ်သက်ပျော်ရွှင်မှုအမှန်ကို တွေ့ရှိရလိမ့်မည်။”

သဘောၤသည် အရုပ်ဆိုးသည်မှာမှန်ကန်သည်။ ဟောင်းနွမ်းသယောင်ရုပ်လုံးရှိသည် မှာလည်း မှန်ကန်သည်။ သို့ရာတွင် ပျော်ရွှင်မှုရှိရာနေရာ၊ မိတ်သဟာရဖွဲ့ခြင်း၊ ချစ်ခြင်းတည် ရာ အိမ်လည်းဖြစ်ပါသည်။ အိမ်သို့လာပါ။ ကျွန်ုပ်တို့နှင့်အတူ ဒေသန္တာရအသင်းတော်တည်း ဟူသော သင်္ဘောဟောင်းကြီးထဲသို့လာပါ။ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ပျော်ရွှင်သော ဘဝအသက်တာကို ကျွန်ုပ်တို့နှင့်အတူ တွေ့ရှိရလိမ့်မည်။

၂။ ဒုတိယအချက်၊ သင်္ဘောသည် ခရစ်တော်၏အသွေးတော်ကိုပုံဆောင်သည်။

ကမ္ဘာဦးကျမ်း အခန်းကြီးခြောက်၊ အပိုဒ်ငယ် တစ်ဆယ့်လေးကို ကျေးဇူးပြုပြီး ဖတ်ရှု ကြပါစို့။ ဘုရားသခင်က နောဧအား ဤသို့မိန့်ဆိုခဲ့သည်။

“ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့တည်လုပ်လော့။ အထဲ၌ လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်း ရှုးစေးနှင့်သုတ်လော့။” (ကမ္ဘာဦး ၆း ၁၄)

ကွန်ဆာဗေ့တစ်ကော်မင်တာ H. C. Leupold က “အတွင်းနှင့်အပြင်တွင် စခန်းများနှင့်ပြည့် နှက်နေသည်” ဟု ပြန်ဆိုထားပါသည်။ (ကမ္ဘာဦးကျမ်းအနက်ဖွင့်ခြင်း၊ Baker, ၁၉၇၆၊ အတွဲ ၁၊ စာ- ၂၆၉)

ဒေါက်တာ Leupold က သင်္ဘောထဲကအခန်းနှင့်၎င်းကိုဖုံးထားသောအရာအကြောင်း ကို ပြောဆိုထားပါသည်။

“ဆဲလ်” စကားလုံးအတွက၈် (ကွယ်နိန်း) ကို “အသိုက်” အတွက် အသုံးပြုထားသည်။ ထိုသို့သောအခန်းမျိုးသည် အမျိုးမျိုးသော သားရဲအတွက် ကိုက်ညီသောလိုအပ်ချက်တစ်ခုအဖြစ်ဆိုလိုပါ သည်။ ၎င်းသည် သင်္ဘောဖြစ်သော်လဲ လွှင့်မျှောနေသော သေတ္တာကြီးသဖွယ်ဖြစ်နေသည်။ ၎င်းသည် ရွက်လွှတ်ဖို့အတွက် စိတ်ထားသောအရာတော့မဟုတ်ပါ။ မျှောလွှင့်ဖို့အတွက် ရည်ရွယ် ထားပါသည်။ အထဲတွင် အသေအချာပြင်ဆင်ထားသောအရာ သားရေဖြင့် ၇က်လုပ်ထားပါသည်။ (ကောပါ) (၎င်း၊ စာ- ၂၇၀)

ဒေါက်တာ Leupold က “ကိုဖာ” မှ ဆင်းသက်လာသော “ကာဖာ” အကြောင်းကို ရှင်းလင်း ဖော်ပြထားပါသည်။ (၎င်း)

“ကာဖာ” ဟူသည်မှာ ဟေဗြဲစကားလုံးဖြစ်ပြီး သမ္မာကျမ်းစာထဲတွင် “ရန်ငြိမ်းခြင်း” ဟု အနက်ဖွင့်ဆိုထားသည်။ “ကာဖာ” ဟူသော ကြိယာပုံစံကို ဓမ္မဟောင်းကျမ်းထဲတွင် အကြိမ် ခုနှစ်ဆယ်ထက်မနည်း “ရန်ငြိမ်းခြင်း” ဟု ဘာသာပြန်ဆိုထားသည်။

ဝတ်ပြုရာကျမ်း ၁၇း ၁၁ က ဤစကားလုံး၏အဓိပ္ပါယ်ကို ပေးထားသည်။

“အကြောင်းမူကား၊ ကိုယ်ခန္ဒာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အ သွေးဖြစ်သတည်း။” (ဝတ်ပြု ၁၇း ၁၁))

“ရန်ငြိမ်းခြင်း” ဟူသောစကားလုံးမှာ “ကာဖာ” ကို အနက်ပြန်ဆိုထားခြင်းဖြစ်ပြီး ဆိုလိုသည် မှာ “ဖုံးအုပ်သည်” ဟုဆိုလိုသတည်း။ ယေရှုခရစ်၏အသွေးတော်သည် ကျွန်ုပ်တို့အပြစ်များကို “ဖုံးအုပ်ထားသည်။” ထိုအကြောင်းကို ဓမ္မသစ်ကျမ်းတွင် မြင်သာရှင်းလင်းစွာ ဖော်ပြထားပါ သည်။

“အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သောသူ သည် မင်္ဂလာရှိကြ၏။” (ရောမ ၄း ၇)

သင်္ဘောသည် ရေးလွှမ်းမိုးခြင်းဒဏ်မှလွတ်မြောက်လာစေရန် ကောင်းစွာ ကာရံထား သည်။ သင်သည် ခရစ်တော်ထံသို့လာသောအခါ သင်သည် အသွေးတော်၏ဖုံးအုပ်ခြင်းကို ခံရမည်။ ဘုရားသခင်၏ပြစ်ဒဏ်သည် ထိုအရာအားဖြင့် အဘယ်သို့မျှ မထိခိုက်စေနိုင်။ ဘုရား သခင်သည် နောဧအား မိန့်ဆိုသည်မှာ “သင်္ဘောအထဲသို့လာပါ” ဟူ၍ဖြစ်သည်။ (ကမ္ဘာ ၇း၁) နောဧသည် သင်္ဘောထဲသို့ဝင်လာသောအခါ အခိုင်အမာလုပ်ဆောင်ထားသောနံရံများက ကာ ဆီးထားပါသည်။ ၎င်းမှာ ခရစ်တော်၏အသွေးတော်ကို ပုံဆောင်ထားပါသည်။ သင်သည် ခရစ် တော်ထံသို့လာသောအခါ သင်သည် ခရစ်တော်၏အသွေးတော်ဖုံးလွှမ်းခြင်းကို ခံရသည်။ သင့် အပြစ်များသည် “ဖုံးအုပ်ထားခြင်းကို” ခံရပြီ။ (ရောမ ၄း ၇)

“ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ ယော ၁း ၇))

ထို့ကြောင့်သာလျှင် ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့အပြစ်များကိုဆေးကြောပြီး ဖုံးအုပ်ထားပါ သည်။

“အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သောသူ သည် မင်္ဂလာရှိကြ၏။” (ရောမ ၄း ၇))

၃။ တတိယအချက်၊ သင်္ဘောသည် ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ထားသည်။

သင်္ဘောသည် ရှင်ပြန်ထမြောက်ခြင်းပုံဆောင်ချက်ဖြစ်သည်။ သင်္ဘောသည် အာရ ရတ်တောင်ပေါ်တွင် တင်ထားသည့်နေ့သည် ခရစ်တော်သေခြင်းမှထမြောက်တော်မူသော နေ့ ပင်ဖြစ်ပါသည်။

ယခုတွင် နောက်ထပ်အကြောင်းအရာတစ်ခုကို သိစေလိုပါသည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ရှစ်၊ အပိုဒ် တစ်ဆယ့်ရှစ်ကို နားထောင်ကြပါစို့။

“ထိုအခါ နောဧမှစ၍၊ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ ၏။” (ကမ္ဘာဦး ၈း ၁၈))

ဤကျမ်းပိုဒ်က သေခြင်းမှ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပုံဆောင် ထားခြင်းဖြစ်ပါသည်။

“ဥပုသ်နေ့လွန်၍ ခုနှစ်ရက်တွင် ပဌမနေ့ရက် မိုဃ်းလင်းအံ့ဆဲဆဲအ ချိန်၌၊ မာဂဒလမာရိနှင့်အခြားသောမာရိသည် သင်္ချိုင်းတော်ကို အ ကြည့်အရှုသွားကြ၏။ ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၍၊ တွင်း၀၌ပိတ်သောကျောက်ကို လှိမ့် လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။ သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ဖြူ၏။ လူ စောင့်တို့သည် ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သောယေရှုကို သင်တို့ ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။” (မဿဲ ၂၈း ၁- ၆))

နောဧသည် သင်္ဘောထဲက ပြန်ထွက်လာသည်အတိုင်း ခရစ်တော်သည် ရှင်ပြန်ထ မြောက်ရာနေ့တွင် သင်္ချိုင်းထဲမှ ပြန်ထွက်လာသည်။ ၎င်းက “နောဧထွက်လာသည်၊ သူ့သား၊ မိန်းမနှင့်ချွေးမများသည် သူနှင့်အတူရှိနေကြသည်” ဟုဆိုပါသည်။ ဤအရာက ခရစ်ယာန်တို့ သည် ချီဆောင်ခြင်းကိုခံလျက် ကောင်းကင်ပြင်တွင် ခရစ်တော်နှင့်တွေ့ဆုံမည်အကြောင်းကို ပုံဆောင်ထားပါသည်။ (၁ သက် ၄း ၁၆-၁၇) နောဧ သင်္ဘောထဲကထွက်လာခြင်းသည် ခရစ် တော် သင်္ချိုင်းထဲက ထွက်လာခြင်းနှင့်တူညီပါသည်။ သူ့မိသားစုသည် သူ့နောက်တွင် ထွက် လာကြခြင်းမှာ ခရစ်ယာန်တို့၏ချီဆောင်ခြင်းပင်ဖြစ်ပါသည်။

ဤအရာအားလုံးဟာ ပုံဆောင်ချက်နှင့်ဖြစ်လာမည့်အရိပ်များသာဖြစ်ကြပါသည်။ ထို့ ကြောင့် ဒေါက်တာ John Warwick Montgomery က ဤသို့ဆိုသည်။

နောဧလွတ်မြောက်ခြင်းလုပ်ဆောင်ချက်မှာ ရေနှင့်(သင်္ဘော)အား ဖြင့် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်သာဖြစ်ပါသည်။ ၎င်း ကို ဓမ္မသစ်အသင်းတော်များက ဘုရားသခင်က ပဋိညာဉ်တရား သစ်တစ်ခုအနေဖြင့် ဖြစ်ပေါ်လာမည့်ကယ်တင်ခြင်းအကြောင်း ပုံ ဆောင်ပေးထားချက်လည်းဖြစ်သည်ဟုဆိုကြသည်။ သင်္ဘော သည် အသင်းတော်ပုံဆောင်ချက်အဖြစ်သတ်မှတ်ထားသည်။ (ကျေးဇူးတော်ကိုရှာဖွေသောသူများသာလျှင် အပြစ်နှင့်ပြည့်နေ သောရေလွှမ်းမိုးခြင်းကာလတွင် အသက်ရှင်လွတ်မြောက်နိုင်ပါ သည်။ အသင်းတော်ဗိသုကာပညာသည် ဤစိတ်ကူးစိတ်သန်းဖြင့် တံဆိပ်ကပ်ထားသည်။ (ဥပမာ- “နေ့ (စ်) ဘုရားကျောင်း” ဟူ သည်မှာ လက်တင်စကား “နေဗီးစ်” “သေင်္ဘော”မှဆင်းသက်လာ သည်။) ကနဦးခရစ်ယာန်များတွင် သင်္ဘောကို ရုပ်အလောင်း ထားရှိရန်အဖြစ် အသုံးပြုခဲ့ကြသည်။ ၎င်းတွင် ရှိသောလူသည် သုံးရက်မြောက်သောနေ့တွင် ဘုရားသခင်ထမြောက်စေမည့်ယုံ ကြည်သူဖြစ်သည်။ ၎င်းမှာ နောဧအား သေခြင်းဖြစ်သော ရေလွှမ်း မိုးခြင်းမှ ကယ်နှုတ်သကဲ့သို့ဖြစ်သည်။ (John Warwick Montgomery, Ph.D., နောဧသင်္ဘောကို ရှာဖွေခြင်း၊ ၁၉၇၂၊ စာ- ၂၈၄))

၂ ရာစု၏ ပထမရာစုဝတ်တွင် Justin Martyr က ဤသို့ဆိုပါသည်။

ဖြောင့်မတ်ခြင်းရှိသောနောဧသည် အခြားလူများရေလွှမ်းမိုးခြင်းမှ လွှတ်မြောက်သောလူများဖြစ်သည့် မိန်းမ၊ သားသုံးယောက်နှင့် ချွေးမများတို့ကိုပေါင်းလိုက်လျှင် အရေအတွက်အားဖြင့် ရှစ်ဦးရှိပြီး ထိုနေ့ရက်တစ်ခုစီကို ပုံဆောင်ထားသည်။ သို့ရာတွင် ပထမအနေ ဖြင့် တန်ခိုးရှိနေခြင်းမှာ ခရစ်တော်သည် သေခြင်းမှထမြောက်ခြင်း ပင်ဖြစ်ပါသည်။ ယခုတွင် ခရစ်တော်တည်းဟူသော “ဖန်ဆင်း ထားသောအရာတို့တွင် သားဦးဖြစ်သောသူ” သည် ဦးခေါင်းဖြစ် လာသည်။ ရေ၊ ယုံကြည်ခြင်းအားဖြင့် အသစ်မွေးဖွါးသူတို့၏အ ထွဋ်အထိပ်ဖြစ်သည်။ သင်္ဘောသစ်သားက လက်ဝါးကပ်တိုင်၏ နက်နဲခြင်းကို ထင်ရှားစေသည်။ နောဧသည် သေင်္ဘောသစ်သား အားဖြင့် ရေထဲကနေလွှတ်မြောက်ခဲ့သကဲ့သို့ ပင်ဖြစ်ပါသည်။ (Justin Martyr, Dialogue with Trypho, cxxxvii, ၁-၂)

ကနဦးခရစ်ယာန်များ လေ့လာဆန်းစစ်သကဲ့သို့ ခရစ်ဝင်ကျမ်းတစ်ခုလုံးသည် နောဧ ၏သင်္ဘောကို ပုံဆောင်ထားသည်။ (၁) မျက်စိ သို့မဟုတ် စိတ်အလျဉ်တွင် လှပခြင်းမရှိဘဲ အကျဉ်းတန်လှသည်။ ထိုနည်းတူ ယေရှုသည် လူ့ထံတွင် လျှောက်ထားခြင်းကို မဟုတ်ပေ။ ဧဝံဂေလိတရားသည် မတရားသောသူအဖို့ မိုက်မဲသောအမှုဖြစ်သည်။ (၂) သင်္ဘော၏အတွင်း အပြင်သည် ဆိတ်သားရေပါးပါးလေးဖြင့်ဖုံးအုပ်ထားသည်။ ၎င်းက ပြောင်းလဲသူများကို အ သွေးတော်ဖြင့်ဖုံးအုပ်ထားသည်ဟုဆိုလိုသတည်း။ သို့မှသာ ဘုရားသခင်သည် ၎င်းတို့အပြစ် ကို မမြင်ပဲဖြစ်နေမည်။ (၃) သင်္ဘောသည် အာရရတ်တော်ပေါ်တွင် တောင်တင်ခဲ့သည်။ နောဧသည် ထိုတောင်ပေါ်တွင် အသက်ရှင်လျက် ဆင်းသက်ခဲ့သည်။ ၎င်းမှာ ခရစ်တော်သည် ထမြောက်ရနေ့နံနက်ပိုင်းတွင် သင်္ချိုင်းကုန်းမှထွက်လာခြင်း၊ သေခြင်းမှထမြောက်ခြင်းကို ဆိုလိုသတည်း။

နောက်ထပ်တစ်ခုရှိသေးသည်။ သင်္ဘောသည် တောင်ထိပ်ပေါ်တွင် တင်နေသည်။ ၎င်းက ခရစ်တော်သည် တတိယကောင်းကင်တွင်ရှိသော ဘုရားသခင်၏မြို့တော်၊ ဇိအုန် တောင်ပေါ်တွင် ဆင်းသက်မည်အကြောင်းကို ပုံဆောင်ထားပါသည်။ ခရစ်တော်သည် ယခုအ ခါတွင် ကောင်းကင်ဘုံ၌ ခမည်းတော်၏လက်ယာဘက်တွင် ထိုင်နေတော်မူသည်။ ခရစ်တော် ထံသို့လာပါ။ ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ခရစ်တော်ထံသို့လာပါ။ သင့်အပြစ် များကို အသွေးတော်အားဖြင့် ဖုံးအုပ်ပေးမည်။ ခရစ်တော်ထံသို့လာပါ။ ကောင်းကင်ဘုံသို့ သွားနိုင်လိမ့်မည်။ နောဧနှင့်၎င်း၏မိသားစုသည် ရေလွှမ်းမိုးခြင်းမှလွတ်မြောက်ကြသကဲ့သို့ သင်သည်လည်း ငရဲထဲက လွတ်မြောက်လိမ့်မည်။ နောဧသည် သင်္ဘောဆီသို့လာသကဲ့သို့ ခရစ်တော်ထံသို့လာပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Noah Song က ကျမ်းစာဖတ်ကြားသည်။ မဿဲ ၂၈း ၁- ၆။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
          “အသွေးတော်ဖြင့်ကယ်တင်"၊ (S. J. Henderson, ၁၉ ရာစုတွင် ရေးစပ်သည်။)


အခှပှေုကမွှး

နောဧသင်္ဘောပုံဆောင်ထားသော ဧဝံဂေလိတရားအကျဉ်း

THE GOSPEL PICTURED BY THE ARK OF NOAH

Dr. R. L. Hymers, Jr.

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။မထီမဲ့ မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။”
(ဟေ ရှာယ ၅၃း ၃))

(ယေရမိ ၁၇း ၉၊ ယောဟန် ၁၆း ၈၊ ၉၊ လုကာ ၂၄း ၂၄-၂၇)

၁။ ပထမအချက်၊ သင်္ဘောသည် ခရစ်တော်အား ဆွဲဆောင်မှုမရှိသူအဖြစ် သရုပ် ဖော်ထားပါသည်။ ကမ္ဘာဦး ၆း ၁၄၊ ဟေရှာယ ၅၃း ၂-၃၊ မဿဲ ၂၄း ၃၇-၃၉။

၂။ ဒုတိယအချက်၊ သင်္ဘောသည် ခရစ်တော်၏အသွေးတော်ကိုပုံဆောင် သည်။ ကမ္ဘာဦး ၆း ၁၄၊ ဝတ်ပြု ၁၇း ၁၁၊ ရောမ ၄း ၇၊ ကမ္ဘာဦး ၇း ၁၊ ၁ယော ၁း ၇။

၃။ တတိယအချက်၊ သင်္ဘောသည် ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင် ထားသည်။ ကမ္ဘာဦး ၈း ၁၈၊ မဿဲ ၂၈း ၁-၆၊ ၁ သက် ၄း ၁၆- ၁၇။