Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




တံခါးပိတ်ကို ပိတ်၍ထားသည်။

AND THE DOOR WAS SHUT
(Burmese)

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. က ရေးသားပြီး
မစ္စတာ John Samuel Cagan က လော့စ်အိန်ဂျယ်လ်ရှိ
Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသည်။
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 28, 2017

“တံခါးကိုပိတ်ထား၏။” ( မဿဲ ၂၅း ၁၀)


သင်တို့တွင် အများစုသည် သင်တို့အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိခဲ့ကြပါ။ သင်တို့သည် မစိုးရိမ်ကြ ပါ။ အကြောင်းမှာ သင်တို့သည် နိုးထမှုမရှိကြသေး၍ဖြစ်သည်။ သင်တို့သည် သင်တို့ဘဝကုန်ဆုံးသည်အတိုင်း အိပ်ပျော်လျက်နေကြသေးသည်။ တရားဒေသနာအားဖြင့်လည်း အိပ်ပျော်နေကြသေးသည်။ အကြံပေးတိုက် တွန်းခြင်းဖြင့်လည်း အိပ်ပျော်လျက်နေကြသည်။ ဘဝအသက်တာအားဖြင့်လည်း အိပ်ပျော်ကြသည်။ အမျက် ထွက်သောဘုရားသခင်လက်တော်ထဲရောက်သည်အထိ နိုးထမှုရှိကြမည်မဟုတ်ပါ။ သင်တို့သည်ထ၍ ဝိညာဉ် ရေးရာအကြောင်းကို သတိပြုမိကြရမည်။ သင်တို့သည် စိုးရိမ်ကြောက်ရွံ့နေကြရမည်။ သင်တို့သည် သင်တို့ စိတ်ဝိညာဉ်၏အမှန်တရားကို အဓိကထားတတ်ရမည်။ သင်တို့သည် အိပ်လျက်မနေဘဲ ကြောက်ရွံ့နေတတ်ရ မည်။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။” ( သုတ္တံ ၁း ၇ )

အသက်ရှင်သောသူနှင့်သေသောသူအဖို့ ခရစ်တော်ကြွလာခြင်းအကြောင်းကို ခရစ်ယာန်သမိုင်းတလျှောက်တွင် မိန့်ဆိုထားပါသည်။ ၎င်းကို နက်နဲသောအရာဟုလည်း ခေါ်ထားသည်။ သို့ရာတွင် ယခုအချိန်တွင် ထင်ရှားစေပါ သည်။ ထို့ကြောင့် သင်တို့သည် မကြောက်မရွံ့ဘဲနေကြသည်။

၁။ နက်နဲသောအရာ ( “မတ်စတဲလ်ရီယွင်” ) ကနဦးတွင် ဝှက်ထားလျက်ရှိပြီး ဓမ္မသစ်ကာလအချိန်ကျမှ ထင်ရှားစေခြင်းဖြစ်သည်။ ဓမ္မသစ်ကာလတွင် ထင်ရှားစေသည့် ဝှက်ထားလျက်ရှိခဲ့သောအရာ ၁၁ ခုရှိသည်။ ချီဆောင် ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

၂။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်၊ ပြောင်းလဲခြင်းသို့ရောက် မည်။ ( ၁ ကော ၁၅း ၅၁ ))

၃။ ထိုပြောင်းလဲခြင်းသည် မျက်စိတမှိတ်တွင် ဖြစ်ပျက်မည်။ ( ၁ကော ၁၅း ၅၂ ))

၄။ သေသောသူတို့သည် မပျက်စီးနိုင်သောအဖြစ်သို့ထမြောက်၍ အသက် ရှင်လျက်ရှိကြသောငါတို့သည်လည်း ပြောင်းလဲကြမည်။ ( ၁ ကော ၁၅း ၅၂ ))


“နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော် သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့်တူကြလတံ့ဟု ငါတို့သိကြ၏။အကြောင်းမူကား၊ ကိုယ်တော်ဖြစ်သည်အတိုင်းကို ငါတို့သည် မြင်ရကြ လတံ့။” ( ၁ယောဟန် ၃း ၂ ))

သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသ ခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အ သက်ရှင်၍ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ ဘုရားသခင်ထံတော် သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။” ( ၁ သက် ၄း ၁၆-၁၇ )

၁။ ခရစ်တော်သည် ကောင်းကင်မှဆင်းသက်တော်မူလိမ့်မည်။ ( ၁ သက် ၄း ၁၆ ))

၂။ သူသည် မြေကြီးပေါ်အထိရောက်လာမည်မဟုတ်၊ “မိုဃ်းတိမ်ပေါ်တွင် တွေ့ဆုံရလိမ့်မည်။” ( ၁ သက် ၄း ၁၇ ))

၃။ ခရစ်တော်သည် မိုဃ်းတိမ်ပေါ်ထိဆင်းကြွမည်ဖြစ်၍ ကြီးစွာသော “ကြွေး ကြော်ခြင်း”၊ နှင့်တပိုးမှုတ်ခြင်းသို့ဖြစ်ပေါ်မည်။ ( ၄း ၁၆ ))

၄။ သေလျက်ရှိသောခရစ်ယာန်များသည် ရှင်ပြန်ထမြောက်ပြီး ချီဆောင်ခြင်း ကို ခံရကြမည်။ ( ၄း ၁၇က))

၅။ ထို့နောက် အသက်ရှင်လျက်ရှိကြသော စစ်မှန်သောပြောင်းလဲခြင်းရှိသူ များသည် ယေရှုနှင့်အတူ မိုဃ်းတိမ်ပေါ်တွင်တွေ့ရန် ချီဆောင်ခြင်းကို ခံရ ကြလိမ့်မည်။ ( ၄း ၁၇ခ )


သမ္မာကျမ်းစာက ပညာရှိသောသတို့သမီးနှင့်မိုက်သောသတို့သမီးအကြောင်းကို သာဓကထား၍ မိန့်ဆိုထားပါ သည်။ ဤသာဓကတွင် အဓိပါယ်နှင့်ရည်ရွယ်ချက်အပြည့်ရှိသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“တံခါးပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ )

ယနေ့နံနက်ပိုင်းတွင် အချက်သုံးချက်ကို ဆင်ခြင်ကြည့်ပါ။


၁။ သင်သည် ပြောင်းလဲခြင်းမရှိသေးလျှင်၊ တံခါးပိတ်ထားခြင်းခံရပြီး ချီဆောင် ခြင်းတွင် ကျန်ရစ်ခဲ့လေမည်။

၂။ ချီဆောင်ခြင်းအတွက်နိမိတ်များရှိလျက်နေပြီး အချိန်မရွေးဖြစ်ပျက်နိုင်သည်။

၃။ သင်သည် ချီဆောင်ခြင်းနှင့်လွဲသွားလျှင် သေသောသူဖြစ်ပေခဲ့မည်ကို လိုချင် တောင့်တပေမည်။


၁။ ပထမအချက်၊ သင်သည် အမှန်တကယ်မပြောင်းလဲလျှင် တံခါးပိတ်ထားခြင်းခံရမည်။ ချီဆောင် ခြင်းတွင် ကျန်နေရစ်ခဲ့မည်။

သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“ထိုသူတို့သည် ဆီဝယ်သွားသည့်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အ သင့်ရှိသောသတို့သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ် ထား၏။” ( မဿဲ ၂၅း ၁၀ )

နောဧလက်ထက်တွင်ဖြစ်ပျက်ခဲ့သောအရာမှာ ဤအချက်အတွက် ကြီးမားသည့် သာဓကကြီးပင် ဖြစ်ပါသည်။

“နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ ထာဝရဘုရားသည်လည်း၊ နောဧ ကို အထဲမှာပိတ်ထားတော်မူ၏။” (ကမ္ဘာဦး ၇း ၁၆ ))

ထို့နောက် ဘုရားသခင်က ဤသို့ဆိုသည်။

“အကြောင်းမူကား၊ ယနေ့မှစ၍ ခုနှစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံးမြေကြီး ပေါ်မှာ မိုဃ်းရွာစေမည်။” (ကမ္ဘာဦး ၇း ၄ ))

ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းမစတင်မှ ခုနှစ်ရက်အလိုတွင် သင်္ဘောတံခါးကို ပိတ်ထားခဲ့သည်။ ၎င်းမှာ ဖလားတရားစီရင်ခြင်းမတိုင်မှီအချိန် ချီဆောင်ခြင်းတွင် ဘုရားသခင်က တံခါးပိတ်မည့်ပုံဆောင်ချက်ပင်ဖြစ်ပါ သည်။

“တံခါးပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ ))

သင်သည် အမှန်တကယ် မပြောင်းလဲလျှင် တံခါးပိတ်ခံရလိမ့်မည်။ ချီဆောင်ခြင်းတွင် ကျန်နေရစ်ပေမည်။ သို့ ဖြစ်၍ စိတ်ဝိညာဉ်အတွင် အခုအချိန်၌ အလေးထားရမည်။ တရားဒေသနာများကို တုန့်ပြန်ရမည်။ ယေရှုကို ယုံ ကြည်ကိုးစားရမည်။ ယေရှုက ဤသို့ဆိုသည်။

“ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသောသူ တို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမ သိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတိအလင်းငါပြော မည်။” ( မဿဲ ၇း ၂၃ ))

“သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။” ( ၂ ကော ၁၃း ၅ ))

သင်သည် အမှန်တကယ် ပြောင်းလဲခြင်းမရှိလျှင်၊ ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းမရှိလျှင်၊ ခံစားချက်၊ သို့မဟုတ် ဩဝါဒတို့တွင်သာ ကိုးစားယုံကြည်လျှင် သင်သည် ချီဆောင်ခြင်းအတွက် အဆင်သင့်ဖြစ်မည် မဟုတ်ပါ။ ကျန်ရစ်ခဲ့ပေလိမ့်မည်။

“တံခါးပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ )

၂။ ဒုတိယအချက်၊ နိတ်မိတ်များအဆင်သင့်ဖြစ်ကြောင်းသတိရပါ။ ယနေ့နံနက်တွင် တံခါးပိတ်ထားသင့် ပါသည်။

၁။ ဣသရေလနိုင်ငံပြန်လည်တည်ဆောက်ခြင်းမှာ ၁၉၄၈ ခုနှစ်တွင်ဖြစ်ပြီး ဂျူးလူမျိုးများသည် ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြသည်။ ( လုကာ ၂၁း ၂၄၊ မဿဲ ၂၄း ၃၂-၃၄၊ ယေဇကျေလ ၃၇း ၂၁၊ ၃၈း ၈ )

၂။ ခရစ်ယာန်များနှင့်ဂျူးလူမျိုးများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းသည် ကမ္ဘာတစ် ဝှမ်း များပြာလာခြင်း။ ( မဿဲ ၂၄း ၉-၁၀၊ ယေရမိ ၃၀း ၇၊ ဒံယေလ ၁၂း ၁ ))

၃။ ကမ္ဘာတစ်ဝှမ်း အစာခေါင်းပါးခြင်း၊ မတူညီမှုများ၊ အေအိုင်ဒီအက်စ်ကဲ့သို့သော ရောဂါများတိုးပွါးလာခြင်း၊ မြေငလျှင်လှုပ်ခြင်းတိုးပွါးလာခြင်း။ ( မဿဲ ၂၄း ၇ ))

၄။ ခရစ်ယာန်ဘာသာတရားတွင် မှားယွင်းသောအရာများပေါများလာခြင်း။ (၂ သက် ၂း ၃၊ မဿဲ ၂၄း ၁၁-၁၂ )

၅။ နောဧခေတ်တွင် ရေလွှမ်းမိုးခြင်းအားအောင်နိုင်သကဲ့သို့ အောင်နိုင်ခြင်းအ ဖြစ်သို့ ရောက်ရှိလာသော လူသားတို့အခြေအနေများ။ ( မဿဲ ၂၄း ၃၇-၄၀ )


သမ္မာကျမ်းစာက နောဧခေတ်ကာလနှင့်ခရစ်တော်ပြန်လာခါနီးအချိန်ကာလကို နှိုင်းယှဉ်းဖော်ပြထားပါသည်။

၁။ နောဧခေတ်ကာလတွင် သူတို့သည် ကယ်တင်ခြင်းနှင့်မသက်ဆိုင်ပါ။ သူတို့ သည် နိုးထမှုမရှိခြင်းသာဖြစ်သည်။ သူတို့သည် ကြောက်ရွံ့ခြင်းလည်းမရှိ၊ အပြစ် လည်းမကြောက်ကြသည့် သင်တို့ကဲ့သို့သောသူများသာဖြစ်ကြသည်။

၂။ နောဧလက်ထက်က နိတ်မိတ်များမှာ ဤသို့ဖြစ်ကြသည်။ သင်တို့သည် နောက်ကျကျန်ရစ်ရပေမည်။


သူမသည် ဆူညံသံကြား၍ နောက်လှည့်ကြည့်မိ- သူသွားပြီ၊
ကျွန်ုပ်တို့အားလုံး အသင့်ဖြစ်စေလိုသည်။
လူနှစ်ဦး တောင်ကုန်းပေါ်သို့ လမ်းလျှောက်သွားကြ၊
တဦးကျန်ခဲ့၊ တဦးပျောက်ကွယ်လို့သွားခဲ့။
အားလုံးအဆင်သင့်ဖြစ်ရန် အလိုရှိသည်၊
သင့်စိတ်နှလုံးပြောင်းလဲစေရန် အချိန်မရှိ။
သားတော်ကြွလာပြီ၊ သင်ကျန်ရစ်ခဲ့ပေမည်။
(“အားလုံးကို အဆင်သင့်ဖြစ်စေလို၏။” Larry Norman, ၁၉၄၇-၂၀၀၈ ))

“တံခါးပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ )

 

ချီဆောင်ခြင်းပိတ်သိမ်းဖို့ သင်စောင့်နေစရာမလိုအပ်ပါ။ ယနေ့နံနက်အတိုင်း ဘုရားသခင်က အဆုံးသတ် ပိတ် လိမ့်မည်။ ဘုရားသခင်က သင့်အပေါ်တွင် အမှုပြုပေမည်။ ဘုရားသခင်က ကယ်တင်ခြင်းတံခါးကို သင့်အပေါ် တွင် အဆုံးသတ်ပိတ်လိမ့်မည်။ သင်သည် မသိမမှတ်ဘဲ ခွင့်မလွှတ်နိုင်သောအပြစ်ကို ပြစ်မှားနိုင်သည်။ အမြဲ တမ်းကယ်တင်ခြင်းရနိုင်မည့်တံခါးကို ဆုံးရှုံးနိုင်သည်။ ဘုရားသခင်သည် သင့်အဖို့ တံခါးကိုပိတ်ထားလျှင် သင့် အတွက် မျှော်လင့်ချက်ရှိတော့မည်မဟုတ်။ တံခါးပိတ်ထားလိမ့်မည်။ ထာဝရဆုံးရှုံးသွားပေမည်။

၃။ တတိယအချက်၊ သင်သည် ချီဆောင်ခြင်းနှင့်လွဲသွားလျှင် သေလိုစိတ်ဖြစ်လိမ့်မည်။ တံခါးပိတ်ထား လျက်ရှိ၏။

သင်က ပုံဝတ္ထုလို့သာ ထင်မှတ်ကြပေမည်။ အကြမ်းသဘောလို့သာ စိတ်ထဲတွင် တွေးမိနေလိမ့်မည်။ သို့ရာတွင် သင်သည် ချီဆောင်ခြင်းနှင့်ဝေးသွားလျှင် သေလိုစိတ်ဖြစ်လိမ့်မည်။ သမ္မာကျမ်းစာက ထိုအကြောင်း ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိမ့်မည်။

“ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့။ အလွန်သေချင်သော်လည်း သေမင်းသည် သူတို့ထံမှထွက်ပြေးလိမ့်မည်။ ( ဗျာဒိတ် ၉း ၆ ))

ချီဆောင်ခြင်းနှင့်လွဲခြော်ပြီးနောက်တွင် မိမိကိုယ်ကို သတ်သေဖို့သာ ကြံရွယ်လာလိမ့်မည်။ သေလိုစိတ်ဖြစ်လိမ့် မည်။ အဘယ့်ကြောင့်နည်း။

၁။ ဗျာဒိတ် ၉း ၁-၂ အရ၊ အနက်ဆုံးသောတွင်းမှလွတ်မြောက်လာသော နတ်ဆိုး ကြောင့် သင်သည် ဒုက္ခဝေဒနာခံစားရလိမ့်မည်။ ဒေါက်တာ John R. Rice ရေးသားထားသည့် နတ်ဆိုးအကြောင်းဖော်ပြချက်ကို နားထောင်ပါ။

“၎င်းတို့၏နှဖူးတွင် ဘုရားသခင်၏တံဆိပ်ခတ်ခြင်းမခံရသော ယောက်ျားတို့ ကို ဒုက္ခပေးရန် ကျိုင်းကောင်များသည် နတ်ဆိုးများဖြစ်ကြသည်မှာ သံသယ ဖြစ်စရာမလိုပါ။ ဤကျိုင်းကောင်များ၏ ဒုက္ခဝေဒနာခံစားခြင်းကို ခံရကြပါ သည်။ ဤနတ်ဆိုးများသည် ငရဲထဲကဖြစ်ပြီး ထိုကာလတွင် လူတို့သည် သေ ခြင်းကို ရှာဖွေကြလိမ့်မည်။”

ဤနေရာတွင်ဖော်ပြထားသော ဒုက္ခဝေဒနာများသည် ဝိညာဉ်ရေးရာဒုက္ခဝေဒ နာပင်ဖြစ်ပါသည်။ ညည်းတွားမြည်တမ်းသောစိတ်နှင့်ခံရသော ဝေဒနာပင် ဖြစ်ပါသည်။ ဤကျိုင်းကောင်ပုံဆောင်ချက်သည် အလွန်ပင် ကောင်းမွန် သောအရာပင်ဖြစ်ပါသည်။ ကြောက်မက်ဖွယ်အိပ်မက်၊ လူတို့စိတ်ကြေကွဲစ ရာများကဲ့သို့ပင်ဖြစ်လေသတည်း။ စိတ်ဝိညာဉ်၏ဒုက္ခ( စိတ်) ဖြစ်သည်။ လူ တို့သည် ဆိုးသောဝိညာဉ်ဘက်သို့လှည့်ပြန်သွားသောအခါ စိတ်ဝိညာဉ်ပျက် စီးသည်ကို စိတ်ကူးမိနိုင်ပါသလား။” (John R. Rice, သူလာသည်ကိုကြည့် ပါ။ ဗျာဒိတ်အနက်ဖွင့်ကျမ်း၊ Sword of the Lord, ၁၉၇၇၊ စာ- ၁၆၉- ၁၇၁ )

သင်သည် စိတ်ပိုင်းဆိုင်ရာတွင် နတ်ဆိုးကြောင့် နေ ႔နှင့်ညပတ်လုံး ဒုက္ခဝေဒ နာခံစားရမည်။ အဘယ်သူမျှ ကူညီနိုင်မည်မဟုတ်။ မူးယစ်ဆေးဝါးလဲမရနိုင်။ ကျွန်ုပ်တို့သည် ဘေးဒဏ်ကြီးကာလတွင်ရှိနေသဖြင့် ထိုအရာမရရှိနိုင်ပါ။ သန်းပေါင်းများစွာသောလူတို့ကို နတ်ဆိုးများက ရူးသွက်စေလိမ့်မည်။ သင့် ကိုလည်း လိုရာဆွဲသုံးလိမ့်မည်။ သင်သည် အရမ်းသေချင်စောဖြစ်လိမ့်မည်။ မိမိကိုယ်ကိုသတ်သေသည့်အဖြစ်မျိုးကိုလည်း စဉ်းစားမိပေမည်။ သင့်ကို ကူ ညီမည့်သူ ရှိမည်မဟုတ်။ သင်စောင့်နေရင်း ကြာသွားလိမ့်မည်။ သင်သည် ကျန်ရစ်ခဲ့ပြီးသားဖြစ်သည်။

“တံခါးကိုပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ ))

၂။ ထိုနေ့ရက်တွင် ခရစ်ယာန်တစ်ယောက်ဖြစ်ရန် ကြိုးစားအားထုတ်နေလျှင် သင်သည် အသေသတ်ခြင်းကို ခံရလိမ့်မည်။ သမ္မာကျမ်းစာက “သားရဲ၏ ရုပ် တုကို မကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍၊ ယေရှု၏ သက်သေခံတော်မူချက်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့” ဟုဆိုထားပါသည်။” ( ဗျာဒိတ် ၂၀း ၄ ))


သင်သည် ဘေးဒဏ်ကြီးကာလတွင် ရှိနေကြောင်း သတိရပါ။ သူတို့သည် သင့်အထဲတွင် လျှပ်စစ်ကဒ်လေး ထည့်ထားလိုကြမည်။ သို့မဟုတ် ထိုအရာနှင့်တူညီသောအရာကို သင့်လက် သို့မဟုတ် နှဖူးအရေခွံထဲတွင် ထည့်ထားလိုကြမည်။ ၎င်းသည် အန္တီခရစ်ကို ကိုးကွယ်သူဖြစ်ကြောင်း အထောက်အထားပင်ဖြစ်ပါသည်။ သင်က “ကျွန်ုပ်ခန္ဒာထဲတွင် ထိုအရာကို ထည့်မထားလိုပါ” ဟု ဆိုပေလိမ့်မည်။ သို့ရာတွင် ထိုအရာမပါဘဲ အ ဘယ်အရာမျှ သင်ဝယ်ယူစားသောက်နိုင်မည်မဟုတ်ကြောင်းကို သတိရပါ။ သင်သည် တစ်ခုခုကို ဝယ်ယူနိုင်ရန် သင့်လက်ကို ဆကင်ဖတ်ရမည်။ သင်သည် ရုန်းကန်ရနိုင်သည်။ သို့မဟုတ် စတိုးဆိုင်တွင် အစားအသောက် များကို ဝယ်မရနိုင်ပါ။ တစ်ဦးဦးက လှည့်ပြန်ခိုင်းလိမ့်မည်။ သင်သည် ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းကြောင့် ခေါင်းဖြတ်ခံရမည်။ သင်သည် တစ်နည်းနည်းဖြင့် အရာတိုင်းကို ဆုံးရှုံးရပေလိမ့်မည်။ အကြောင်းမှာ သင်သည် ကျန်ရစ်ခဲ့သောကြောင့်ပေတည်း။

“တံခါးပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ )

၃။ သင်တို့သည် ဖလားတရားစီရင်ခြင်းကို ကြုံတွေ့ရပေမည်။ လူတစ်ဦးက “ကျွန်ုပ်သည် ကျွန်ုပ်လက်အရေးပြားအောက်တွင် ကဒ်လေထားခွင့်ပြုမည်ဟု ဆိုလိမ့်မည်။ အဆင်ပြေနိုင်ပါတယ်။ သူတို့သည် ကျွန်ုပ်၏ဦးခေါင်းကို မဖြတ် နိုင်ကြပါ” ဟုဆိုနိုင်သည်။ သို့ရာတွင် သင့်ခေါင်းဖြတ်ခံရခြင်းမှလွတ်မြောက် လာလျှင်လဲ ဖလားတရားစီရင်ခြင်းကိုတော့ သင်ခံစားရဦးမည်။

(၁) ကြောက်မက်ဖွယ်ရာအနာသည် သင့်ကိုယ်ခန္ဒာတွင် ပေါ်လာပြီး နေ့နှင့်ည၌ နာကျင်မှုကိုဖြစ်ပေါ်စေလိမ့်မည်။ (ဗျာဒိတ် ၁၅း ၆ ))

(၂) ပင်လယ်ရေနှင့်စိမ့်စမ်းရေအားလုံးသည် အဆိပ်သင့်ရေများဖြစ်ကြလိမ့်မည်။ ရေအားလုံးသည် အဆိပ်သင့်လိမ့်မည်။ သောက်စရာရေရှိလိမ့်မည်မဟုတ်ပါ။ ( ဗျာဒိတ် ၁၆း ၃-၄ ))

(၃) မီးအပူဟတ်ခြင်းခံရလိမ့်မည်။ မိုးကြိုးသွားသည် ကျလာပြီး သင့်အား ထိမှန် လိမ့်မည်။ သင့်ကိုယ်ခန္ဒာသည်လည်း လောင်ကျွမ်းလိမ့်မည်။ ကုစရာဆေး လည်းရှိမည်မဟုတ်ပါ။ လောင်ကျွမ်းသော သင့်ခန္ဒာပေါ်တွင် အနာပေါက် လျက် ပြေးလွှားနေရပါမည်။ ( ဗျာဒိတ် ၁၆-၈-၉ ))

(၄) လျှပ်စစ်မီးအလုံးစုံတို့သည်လည်း ပျောက်ကွယ်သွားပေမည်။ အမှောင်ထဲ တွင်နေပြီး အံသွားခဲကြိတ် နာကျင်မှုကို ခံစားနေရပါလိမ့်မည်။ ( ဗျာဒိတ် ၁၆း ၁၀-၁၁ )

(၅) မြေပြင်ပေါ်ရှိစစ်တပ်အလုံးအရင်းသည် ရွှေ့ပြောင်းသွားလာကြလိမ့်မည်။ ထို အဖြစ်အပျက်က သင့်အား စိတ်မချမ်းမသာဖြစ်စေမည်။ ရှုပ်ထွေးစေမည်။ စစ် ပွဲများ တိုက်ခိုက်နေကြခြင်းကြောင့်ဖြစ်သည်။ သင်တို့တွင် ယောက်ျားနှင့်မိန်း မအများတို့သည် သင့်ဆန္ဒကိုကျောခိုင်းပြီး စစ်ပွဲထဲသို့ ဝင်ရောက်ရပေမည်။ ( ဗျာဒိတ် ၁၆း ၁၂-၁၆ )

(၆) မြေငလျှင်လှုပ်ခြင်း၊ ဖြစ်ပျက်နေကျ ငလျှင်ထက် ကြီးမားသည့်ငလျှင်လှုပ်ခြင်း ဖြစ်လိမ့်မည်။ မိုးကြိုးသွားများသည် မိုးသီးကဲ့သို့ မြေကြီးပေါ်တွင် ကျလာလိမ့် မည်။ သင်သည် အဘယ်အရပ်တွင် ပုန်းခိုနေရမည်နည်း။ အဆောက်အဦး ကောင်းများသည်လည်း ငလျှင်ကြောင့် ပျက်စီးရမည်။ အဘယ်အရပ်တွင် ပုန်းလျှိုနေရမည်နည်း။ ( ဗျာဒိတ် ၁၆း ၁၇- ၂၁ ))

ဤအမှုအရာအားလုံးသည် သင့်စကားပြောဆိုခြင်းမရှိသောကြောင့်ဖြစ်ပျက်နေရသည်။ ယေရှုသည် သင့်အပြစ် ကြွေးဆပ်ရန် လက်ဝါးကပ်တိုင်တွင်အသေခံသွားခဲ့သည်ကို သင်သိထားသည်။ သူသည် သေခြင်းမှထမြောက် ပြီး ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွကာ ဘုန်းကြီးသောဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်နေ သည်ကိုလည်း သင်သိထားသည်။ သင်အပြစ်ကိုခွင့်လွှတ်ပြီး အသွေးတော်ဖြင့်ဆေးကြောရန် ဘုရားသားတော် လိုအပ်ကြောင်းကိုလည်း သင်သိထားသည်။ သင်သည် ဤအရာအားလုံးကို သိရှိထားသည်။ သို့ရာတွင် သင် သည် မိုက်မဲသောသူဖြစ်ရန်မဟုတ်ပါ။ သင်သည် အကြောင်းပြချက်ဖြင့်လုပ်ဆောင်ရန်လည်း မဟုတ်ပါ။ သင်ကို ချန်ရစ်ထားခဲ့သည်။

“တံခါးကို ပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ )

ဒေါက်တာ Hymers, ကျေးဇူးပြု၍ ရှေ့သို့လာပြီး ဤအစီအစဉ်ကို ရုတ်သိမ်းဖို့ဆုတောင်းပေးပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Noah Song က ကျမ်းစာဖတ်ကြားသည်။ မဿဲ ၂၅း ၁-၁၀
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
      “အားလုံးကို အဆင်သင့်ဖြစ်စေလိုသည်"၊ (Larry Norman, ၁၉၄၇-၂၀၀၈ ရေးစပ်သည်။)


အခှပှေုကမွှး

တခါးကို ပိတ်၍ထားသည် အကျဉ်းချုပ်

AND THE DOOR WAS SHUT

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. ကရေးသားပြီး
မစ္စတာ John Samuel Cagan က ဟောကြားပါသည်။
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan

“တံခါးပိတ်ထား၏။” ( မဿဲ ၂၅း ၁၀ )

၁။  ပထမအချက်၊ သင်သည် အမှန်တကယ်မပြောင်းလဲလျှင် တံခါးပိတ်ထားခြင်းခံရ မည်။ ချီဆောင် ခြင်းတွင် ကျန်နေရစ်ခဲ့မည်။ မဿဲ ၂၅း ၁၀-၁၃၊ မဿဲ ၇း ၂၁-၂၃၊ ၂ ကော ၁၃း ၅။

၂။  ဒုတိယအချက်၊ နိတ်မိတ်များအဆင်သင့်ဖြစ်ကြောင်းသတိရပါ။ ယနေ့နံနက်တွင် တံခါးပိတ်ထားသင့်ပါသည်။ မဿဲ ၂၄း ၃၇-၄၁။

၃။  တတိယအချက်၊ သင်သည် ချီဆောင်ခြင်းနှင့်လွဲသွားလျှင် သေလိုစိတ်ဖြစ်လိမ့်မည်။ တံခါးပိတ်ထား လျက်ရှိ၏။ ဗျာဒိတ် ၉း ၆၊ ၉း ၁-၁၂၊ ၂၀း ၄၊ ၁၆း ၁-၂၁။