Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ရွေးနှုတ်ခြင်းသည် မကျေနပ်သူများအတွက်သာဖြစ်သည်။

DELIVERANCE IS ONLY FOR THE DISSATISFIED
(Burmese)

တရားဒေသနာတစ်ခုကို ဒေါက်တာ R. L. Hymers, Jr. က ရေးသားပြီး
လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
မေလ ( ၁၄ ) ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင်
မစ္စတာ John Samuel Cagan က ဟောကြားသည်။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့် မတ်သောသူတို့ကိုနောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏။” ( လုကာ ၅း ၃၁-၃၂ )


ယေရှုသည် ထွက်သွားသဖြင့် လေဝိအမည်ရှိသော အခွန်ခံတစ်ဦးကို တွေ့ခဲ့သည်။ ၎င်းမှာ ရှင်မဿဲ၏ အခြားနာမည်လည်းဖြစ်ပါသည်။ ယေရှုက မဿဲအား ငါ့နောက်သို့လိုက် လော့ဟု မိန့်တော်မူခဲ့သည်။

“ထိုသူသည်လည်း ရှိသမျှတို့ကိုစွန့်ပစ်လျက်ထ၍ နောက်တော်သို့ လိုက်လေ၏။” ( လုကာ ၅း ၂၈ )

မဿဲသည် အခွန်ခံ၊ ရောမနိုင်ငံအတွက် အခွန်အခကိုကောက်ခံသူတစ်ဦးဖြစ်သည်။ ဥပဒေပြ ဌာန်းထားချက်ထက် ပိုမို၍ ယုဒလူမျိုးများထံ အခွန်ကောက်ခံခွင့်ကို ရောမအစိုးရက ခွင့်ပြု ထားခြင်းကြောင့် ယုဒလူမျိုးတို့သည် အခွန်ခံများကို အမုန်းအငြိုးရှိကြသည်။ သူတို့ကောက်ခံ ရရှိသောအခွံထဲက အချို့တို့ကိုသာ ရောမအစိုးရထံ ပေးအပ်သည်။ အချို့ကိုမူ မိမိတို့အတွက် သိမ်းဆည်းထားကြသည်။ သို့ဖြစ်၍ အချို့သောအခွန်ခံတို့မှာ ကြွယ်ဝချမ်းသာကြသဖြင့် ယုဒ လူမျိုးတို့က မုန်းတီးကြသည်။ သူတို့ကို ယုဒလူမျိုးများက အပြစ်ကြီးသူများအဖြစ် မှတ်ယူခဲ့ကြ သည်။

မဿဲသည် ယေရှုနောက်တော်သို့လိုက်သောအခါ “သူသည် အရာအားလုံး” ဖြစ် သော ဝင်ငွေကောင်းသည့် အခွန်ကောက်ခံခြင်းအလုပ်ကိုစွန့်လွှတ်ပြီး “နောက်တော်သို့လိုက် ခဲ့သည်။”

ထို့နောက် မဿဲသည် သူ့အိမ်၌ ပွဲတော်ကို ကျင်းပခဲ့သည်။ အခြားအခွန်ခံများစွာနှင့် အတန်းအစားအမျိုးမျိုးထဲက အပြစ်သားတို့သည် ထိုပွဲတော်သို့ လာခဲ့ကြသည်။ သူတို့သည် အဆိုးရွားဆုံးသောလူမျိုးများဖြစ်ကြသည်။ ကဗျာဆရာ ဇင်နိုင်(Zeno) က “အခွန်ခံအားလုံးတို့ သည် ဒမြများသာဖြစ်ကြသည်” ဟု ဆိုသတည်း။ ဖာရိရှဲတို့သည် “အပြစ်သားများ” ဟု သူတို့ သမုတ်ထားသော အခွန်ခံများ သို့မဟုတ် ၎င်းတို့၏သူငယ်ချင်းများနှင့်ဘာမျှမသက်ဆိုင်ကြပါ။

ထိုပွဲတော်တွင် အခွန်ခံများနှင့်အပြစ်သားများ သိုက်မြိုက်စည်ကားလျက် အိမ်အပြည့် ရှိကြသောအခါ ဖာရိရှဲတို့သည် ညည်းတွားလျက်ရှိကြသည်။ သူတို့က တပည့်တော်တို့အား ဤသို့ဆိုကြသည်။

“သင်တို့သည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ့် ကြောင့် စားသောက်ကြသနည်း။” ( လုကာ ၅း ၃၀ ) )

ယေရှုသည်ထွက်သွား၍ ဖာရိရှဲတို့အား ပြန်လည်တုန့်ပြန် အဖြေပေးခဲ့သည်။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလို မရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူ တို့ကိုနောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏။” ( လုကာ ၅း ၃၁-၃၂ )

 

ယေရှုက အပြစ်သားများအား ဧည့်ခံပွဲသို့ ခေါ်ဖိတ်ရသည့်အကြောင်းရင်းကို ဖာရိရှဲတို့ အား ရှင်းပြခဲ့သည်။ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာ လျှင် အလိုရှိကြသည်။ ဇက္ဒုကဲသို့သည် ၎င်းတို့၏ရှုထောင့်အရ အပြစ်အနာအဆာကင်းသော သူများဟု မိမိကိုယ်ကို ထင်မှတ်ကြသည်။ ဖာရိရှဲနှင့်ဇက္ဒုကဲသို့သည် ပညတ်တရားကို စောင့် ရှောက်ကြသည်ဖြစ်၍ မိမိကိုယ်ကို နာမကျန်းသောသူ၊ အပြစ်နှင့်ပြည့်နှက်သောသူဖြစ်ကြ သည်ဟု မထင်မှတ်ကြပါ။ ဖာရိရှဲတို့မှာ ထိုခေတ်ထိုကာလတွင် အများလက်ခံကြသော ယုဒ လူမျိုးများဖြစ်ကြပါသည်။ ဇက္ဒုကဲများမှာ သမ္မာကျမ်းစာကို ကူးယူပြီး သွန်သင်သောသူများဖြစ် ကြပါသည်။ သူတို့က ဆေးဆရာကြီး ယေရှုလိုအပ်သည်ဟု မထင်မှတ်ကြပါ။ သူတို့က ဤသို့ ထင်မှတ်ကြသည်။

“ကိုယ်ကုသိုလ်ကိုအမှီပြု၍သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသည်ကား၊” ( လုကာ ၁၈း ၉ ) )

ယေရှုပေးထားသောအဖြေမှာ သူတို့၏ဝါကြွားမှုကို ပြစ်တင်ရန်နှင့် မိမိကိုယ်ကို ကျေနပ်နေကြ သော ဖာရိရှဲတို့အား ဆုံးမရန်ဖြစ်သည်။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလို မရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူ တို့ကိုနောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏။” ( လုကာ ၅း ၃၁-၃၂ )

သင်သည် မိမိကိုယ်ကို ကောင်းလွန်သည်ဟု ထင်မှတ်နေလျှင် ယေရှုကို လိုအပ်သည် ဟု ထင်မည်မဟုတ်ပါ။ သင်သည် မိမိကိုယ်ကို အပြစ်တရား၌ သေလျက်နေကြသည်ဟု ထင် မှတ်နေကြလျှင် ယေရှုသည် သင့်အဖို့ အလွန်ပင် အရေးပါလိမ့်မည်။ သင့်ဝိညာဉ်အနာကို ငြိမ်း စေပြီး အပြစ်နှင့်၎င်း၏အကျိုးဆက်မှ ကယ်တင်ရန် ယေရှုကို ဖွေရှာလိမ့်မည်။ အပြစ်သဘော တရား၊ မျှော်လင့်ချက်သဘောတရား၊ မလုံလောက်ခြင်းသဘောတရားတို့သည် အရေးကြီး သောအရာများဖြစ်သည်။ သို့မဟုတ် သင်သည် ခရစ်တော်လိုအပ်သည်ကို ခံစားရရှိလိမ့်မည် မဟုတ်ပါ။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလို မရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။” ( လုကာ ၅း ၃၁ )

၁။ ပထမအချက်၊ မိမိတို့၏ဘဝနည်းလမ်းဖြင့်ကျေနပ်နေသောသူများသည် ယေရှုကို မလိုလားကြပေ။

သင်သည် ခရစ်ဝင်ကျမ်းများကိုဖတ်ရှုရသဖြင့် ယေရှုသည် အပြစ်သားများနှင့်စား သောက်လေ့ရှိကြသည်ကို သတိပြုမိလိမ့်မည်။ အပြစ်သားများသည် ၎င်းတို့ပြုမိသောအပြစ် ကြောင့် ကျေနပ်အားရမှုမရှိကြပါ။ အပြစ်သားများက ၎င်းတို့အသက်တာကဲ့သို့သောအရာ သည် ခြောက်ချားဖွယ်ရာမှားယွင်းနေကြောင်း ခံစားခဲ့ကြရပါသည်။ ဤအရာထဲက တစ်ခုခုကို သင်ယူလေ့လာရပေမည်။ ဤပျောက်ဆုံးနေသောလူတို့ကို ယေရှုထံဆွဲဆောင်သည်။ အ ကြောင်းမှာ သူသည် သူတို့နှင့်အလွန်ရင်းနှီးကျွမ်းဝင်သည်။ အများစုမှာ ကယ်တင်ခြင်းသို့ ရောက်ကြသည်။

သူတို့သည် ခရစ်တော်ထံသို့ ပြန်လာသည့်တိုင်အောင် ၎င်းတို့ဘဝအသက်တာတွင် ကျေနပ်မှုမရှိကြပါ။ လုကာ အခန်းကြီး ငါးတွင် တွေ့ရသကဲ့သို့ မဿဲသည် အခွန်ခံပင်ဖြစ်ပါ သည်။ လုကာ ဆယ့်ကိုးတွင် တွေ့ရသကဲ့သို့ ဇက္ခဲသည်လည်း အခွန်ခံပင်ဖြစ်ပါသည်။ ထို့ နောက် ယေရှုသည် ၎င်းတို့အား ဤသို့ဆိုပါသည်။

“ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျှင်၊ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျှင်အမြန် ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့်ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံ လေ၏။ ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသော သူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကိုခံတော်မူပါသည်တကားဟု ကဲ့ ရဲ့အပြစ်တင်ကြ၏။ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက် သောသူ၏ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာ သက် ရောက်လေ၏။လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ် တင်အံ့သောငှါကြွလာသတည်းဟု ဇက္ခဲအား မိန့်တော်မူ၏။” (လုကာ ၁၉း ၅-၁၀ ) )

မာန်မာနတက် ဝါကြွားသော ဇက္ဒုကဲနှင့်ဖာရိရှဲတို့သည် ခရစ်တော်ကို မလိုလားကြ ပေ။ သူတို့သည် ၎င်းတို့၏ဘဝအသက်တာဖြင့် ကျေနပ်နေကြသည်။ သို့ရာတွင် အခွန်ခံနှင့် အပြစ်သားများသည် ယေရှုထံသို့လာ၍ ကယ်တင်ခြင်းသို့ ရောက်ကြသည်။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလို မရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။” ( လုကာ ၅း ၃၁ )

မိမိတို့ဘဝအသက်တာဖြင့် ကျေနပ်အားရနေသူများသည် ယေရှုကို မလိုလားကြပေ။ သို့ရာ တွင် ဘဝတွင် နာမကျန်းဖြစ်သူများသည် သူ့ထံသို့လာ၍ ကယ်တင်တော်မူခြင်းသို့ ရောက်ကြ သည်။

သင်ကော အဘယ်သို့နည်း။ ဤသည်မှာ သင်တို့တွင် အများအတွက် မှန်ကန်သော အရာဖြစ်သည်ကို ကျွန်ုပ်သိသည်။ သင့်ဘဝအသက်တာဖြင့် ကျေနပ်အားရနေလျှင် ယေရှုလို အပ်သည်ကို သိနားလည်မည်မဟုတ်ပါ။ သင်သည် ကယ်တင်ခြင်းသို့ ရောက်မည်မဟုတ်။ သင့်ဘဝအသက်တာရှိသည်အတိုင်း ပျော်ရွှင်နေမည်ဆိုလျှင် ယေရှုသည်လာ၍ သင့်ကို ပြောင်းလဲစေရန် သင်လိုလားမည်မဟုတ်ပါ။

“ကျန်းမာသောသူတို့သည် ဆေးသမားကို အလို မရှိကြ။ နာသော သူတို့သာလျှင် အလိုရှိကြ၏။” ( မဿဲ ၉း ၁၂ )

၂။ ဒုတိယအချက်၊ မိမိတို့၏ဘုရားမဲ့အသက်တာဖြင့် ကျေနပ်နေသူများသည် ခရစ် တော်ကို မလိုလားကြပေ။

ကျွန်ုပ်တို့နေထိုင်သောမြို့ကို ထွက်ကြည့်ပါ။ ထိုမြို့တွင်နေထိုင်ကြသော လူတို့ကို အကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ အများစုတို့သည် ဘုရားသခင်အကြောင်းကို အလေးအ နက်ထားစဉ်းစားကြပါသလား။ သူတို့မစဉ်းစားကြကြောင်းကို သင်သိရှိလာပေမည်။ သမ္မာ ကျမ်းစာက ဤသို့ဆိုပါသည်။

“ဘုရားသခင်ကိုရှာသောသူမရှိ။ တယောက်မျှမရှိ။” ( ရောမ ၃း ၁၁ )

သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြင့် သင့်ထံသို့ ဘုရားသခင်၏ကျေးဇူးတော် ရောက်မလာခဲ့လျှင် ခရစ်တော်၌ ဘုရားသခင်ကို ရှာတွေ့နိုင်မည်မဟုတ်ပါ။ ဘုရားမဲ့အခြေအ နေတွင် ဘုရားသခင်မပါဘဲ အသက်ရှင်ခြင်းနှင့်သေခြင်းကို ကျေနပ်နေပေလိမ့်မည်။

သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သင့်စိတ်နှလုံးသားထဲတွင် စတင်၍ အ လုပ်လုပ်လာပြီဆိုလျှင် သင့်ဘဝအသက်တာကို အရှိအတိုင်း ကျေနပ်အားရလာမည်မဟုတ် ပေ။ အရာအားလုံးသည် မတူညီကွဲပြားခြားနားမှုရှိသည်ဟုသာ မြင်တွေ့ရကြပေမည်။ သင် သည် လူအများကြီးထဲတွင်ရှိနေပြီး “ဤသူတို့သည် မည်သူတို့အတွက် အသက်ရှင်နေကြပါ သနည်း” ဟု စတင်ဆင်ခြင်ကြည့်ပါ။ သူတို့သည် ဘုရားသခင်အကြောင်း အဘယ်သို့ ပတ် သက်မှုမရှိကြသနည်း။ သင့်ဘဝအသက်တာအကြောင်းကို စတင်စဉ်းစားဆင်ခြင်ပြီး သင်၏ သေခြင်းအကြောင်းလည်း စဉ်းစားပေမည်။

သင်၏ကိုယ်ပိုင်ဘာသာတရားသည် အပြင်ပန်းသဏ္ဍာန်သာရှိသည်။ အကူအညီပေး နိုင်မည့်အရာမဟုတ်ပါ။ အခြားသူများက မည်သည့်အကြောင်းပြချက်ပဲလုပ်ဆောင်နေကြပါစေ ထိုအကြောင်းပြချက်သည် သင့်အတွက် ပြီးပြည့်စုံသောအရာမဟုတ်ပါ။ အိပ်ခြင်း၊ စားခြင်းနှင့် လေ့လာခြင်းနှင့်ကစားခြင်းထက် သာလွန်သောဘဝအသက်တာများစွာရှိကြောင်းကို သင်ခံ စားလာပေလိမ့်မည်။

ဘုရားသခင်၏ကျေးဇူးတော်သည် သင့်အသက်တာတွင် စတင်အလုပ်လုပ်ဆောင် လာသောအခါ သင်၏ဘုရားတရားမဲ့ဖြစ်နေခြင်းကို ခံစားသိမြင်လာပေလိမ့်မည်။ သင်သည် ဤသို့စတင်ခံစားလာပေလိမ့်မည်။

“ဘုရားသခင်၏အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။” ( ဧဖက် ၄း ၁၈ )

ဘုရားသခင်သည် သင့်အသက်တာတွင် သာ၍ သူစိမ်းဆန်လွန်းသည်ဟု ခံစားလာပေလိမ့် မည်။ သင်သည်လည်း သူမရှိဘဲ ကြောက်မက်ဖွယ် အခြေအနေထဲတွင် ရှိနေပေလိမ့်မည်။

“မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြသည်။” ( ဧဖက် ၂း ၁၂ )

သင်သည် အရှိအတိုင်း ဘဝအသက်တာတွင် အလွန်ကျေနပ်အားရမှုရှိပါသလားဟု မေးမြန်းလိုပါသည်။ သင်သည် ကျေနပ်အားရမှုရှိလျှင် သင်သည် ခရစ်တော်ထံသို့လာမည်အ ကြောင်း မြော်လင့်ချက်အနည်းငယ်ရှိလာမည်။ သင်သည် အရှိအတိုင်း ခရစ်တော်ထံသို့လာ ပါ။ ဘုရားသခင်ကို မိမိနည်းလမ်းဖြင့် သိရှိခြင်းမရှိဘဲ အသက်ရှင်ခြင်းနှင့်သေခြင်းကို ရောင့်ရဲ တင်းတိမ်မှုဆက်လက်ရှိနေပါသလား။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလို မရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။” ( လုကာ ၅း ၃၁ )

ဘုရားမဲ့အသက်တာဖြင့် ကျေနပ်အားရမှုရှိနေလျှင် သင်သည် ခရစ်တော်ကို လိုလားကြမည် မ ဟုတ်ပါ။

ဘာသာတရားပေါ်တွင် အလွန်အကျွံစိတ်ဝင်စားမှုအားနည်းသည့် အရိပ်လက္ခဏာ ဖြစ်ကြောင်း ဆင်ခြင်သတိပြုရန် အထူးသဖြင့် လူငယ်များကြားတွင် ယိမ်းယိုင်မှုရှိသည်။ စစ် မှန်သောခရစ်ယာန်မဟုတ်သောသူတို့က ဘုရားသခင်အကြောင်းစိတ်မဝင်စားသောလူတို့ သည် အနည်းငယ် သူစိမ်းဆန်ကြသည်။ ပုံမှန်အနေအထားတွင် ရှိမနေကြကြောင်း ဆင်ခြင် သည့်ဘက်သို့ ယိမ်းယိုင်သွားသည်။

ဤအရာကို ပုံမှန်ပြောဆိုချက်မဟုတ်ပါ။ လူတို့က “ထိုလူသည် ပြုစားတတ်သောသူ ဖြစ်သည်” ဟု ယေဘုယျအားဖြင့် မပြောဆိုတတ်ကြပါ။ သူထွက်သွား၍ ကိုယ်တိုင် ဆော့က စားတတ်သည်။ ၎င်းကို ဥပဒေသတစ်ခုအဖြစ်လည်း မပြောကြပါ။ သို့ရာတွင် ထိုအကြောင်းကို မစဉ်းစားတတ်ကြပေ။ သင်၏ခရစ်ယာန်မဟုတ်သောသူငယ်ချင်းများကလည်း ထိုအကြောင်း ကို စဉ်းစားဆင်ခြင်လာကြမည်။ “ဘာသာတရားကို အရမ်းမစွဲလမ်းကြနှင့်၊ တယူသန်စိတ်မ ထားနှင့်” ဟူသောအရာများကို ပြောဆိုကြလိမ့်မည်။ ထိုသဘောတရားသည် ဖြစ်လေ့ဖြစ်ထရှိ သောအခြေအနေဟူသည်မှာ လူသားသည် အပြစ်ရှိနေသောအခြေအနေတွင် ရှိနေသော ကြောင့်ဖြစ်ပါသည်။

“အဘယ့်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ (ဘုရားသခင်၏တရားတော် အလိုသို့မလိုက်တတ်။) ထိုမျှမက မလိုက်နိုင်။ ( ရောမ ၈း ၇ ) )

၎င်းတို့၏ကယ်တင်ခြင်းမရရှိသောအခြေအနေတွင် လူသားအားလုံးသည် အောက်ပါအတိုင်း ဖြစ်ကြပါသည်။

“ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။” ( ဧဖက် ၂း ၃ ) )

ထိုအကြောင်းကြောင့် ကယ်တင်ခြင်းမရရှိသေးသောမိတ်ဆွေများနှင့်ဆွေမျိုးများသည် ဘုရား သခင်အကြောင်းကို အလေးအနက်ထား မလုပ်ဆောင်ရန် သင့်အား လုပ်ဆောင်နိုင်သမျှနည်း လမ်းဖြင့် ဆွဲဆောင်ကြပေလိမ့်မည်။ သင့်အား အခြားသောအသင်းတော်များသို့ ဆွဲခေါ်ရန် ကြိုးစားအားထုတ်ကြမည်။ သို့မဟုတ် “၎င်းတို့” အသင်းတော်သို့ ခေါ်ဆောင်မည်။ ဤအသင်း တော်သို့ပြန်လာရန် ဆီးတားသောအရာဖြင့် လုပ်ဆောင်ဆောင်ကြပေလိမ့်မည်။ အဘယ့် ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် “၎င်းတို့၏” အသင်းတော် အေးတိအေး စက်ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုအရပ်တွင် ဘုရားသခင် မရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့၏စစ်မှန်သောစိတ်သဘောထားသည် သင့်အား ဘုရားသခင်နှင့်မဆက်သွယ်နိုင်ရန် ထိန်းချုပ်ဖို့ပင်ဖြစ်ပါသည်။

“အဘယ့်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ( ရောမ ၈း ၇ ) )

ပြုပြင်ပြောင်းလဲခြင်းမရှိသေးသည့် ဤအခြေအနေတွင် လူသားသည် ဘုရားသခင်ကို ပုန်ကန် လျက်ရှိပါသည်။ ဘုရားသခင်သည် သင့်အား စတင်ခေါ်သည့်အချိန်တွင် သင်၏ပျောက်ဆုံး သောမိတ်ဆွေများနှင့်ဆွေမျိုးများသည် သင့်အား ဘုရားသခင်နှင့်မနီးကပ်စေရန် ဆွဲဆောင် ကြပေလိမ့်မည်။ မိဘများနှင့်ပျောက်ဆုံးသောမိတ်ဆွေများသည်လည်း သင့်အပေါ်တွင် ထို နည်းအတိုင်း ပြုကြပါလိမ့်မည်။

ယေရှုက ဤသို့ဆိုသည်။

“ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသ ခင်သားတော်၏စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက် ရှင်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။” ( ယောဟန် ၅း ၂၅ ) )

သင်သည် ဧဖက် ၂း ၁၊ ၅ အရ ဝိညာဉ်ပိုင်းဆိုင်ရာ သေလျက်ရှိသောသူများဖြစ်သော်လည်း ဘုရားသခင်၏သားတော်သည် သင့်အား စတင်ခေါ်လျက်ရှိပါသည်။ သင်၏သေလျက်ရှိသော အခြေအနေတွင် “ဘုရားသားတော်၏အသံကို နားညောင်းပါ။” ထိုသို့ဖြစ်ပျက်လာသောအခါ သင်သည် ယေရှုတည်းဟူသော ဘုရားသခင်၏သားတော်မပါဘဲ သင့်အသက်တာတွင် ကျေ နပ်မှု သိပ်ရှိတော့မည်မဟုတ်တော့ပါ။ သင်သည် သာ၍များစွာသောအရာကို လိုချင်လာပေ မည်။ ထို့နောက် သင်သည် ခရစ်တော်ကို ရှာဖွေလာပေမည်။ သင်သည် အားနည်းပြီး သေလျက်ရှိသောအခြေအနေထဲတွင် ရှိနေသမျှကာလပတ်လုံး ခရစ်တော်မပါဘဲ အသက်ရှင် ခြင်းနှင့်သေခြင်းတွင် ကျေနပ်နေပေလိမ့်မည်။ သင့်အထဲတွင် တစ်ခုခုမှားယွင်းနေကြောင်း၊ သင့်စိတ်နှလုံးသည် ဘုရားမဲ့နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ပြသလာသောအခါ၌ သာ သင့်ကိုယ်သင် အပြစ်ရှိကြောင်း သိမြင်လာကြသည့်အချိန်တွင်သာ ယေရှုကို စိတ်ဝင်စား လာမည်ဖြစ်သည်။

“ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသော သူတို့သာလျှင် အလိုရှိကြ၏။” ( လုကာ ၅း ၃၁ )

၃။ တတိယအချက်၊ မိမိတို့၏မကောင်းသောစိတ်နှလုံးဖြင့် အားရကျေနပ်နေသောသူ များသည် ယေရှုကို မလိုလားကြပေ။

ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဦးစွာ စကားပြောသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်း၏အပြစ်ကိုမြင်စေသည့်လုပ်ဆောင်ချက်ကို စတင်လုပ်ဆောင်သောအ ခါ ကျွန်ုပ်တို့အား အပြစ်ရှိကြောင်း ခံစားလာစေသည်။

ပြောင်းလဲခြင်းဖြစ်လာသောအခါ လူတို့သည် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုရှိကြောင်းကို သမ္မာကျမ်းစာက အဘယ်မျှလောက်သွန်သင်ကြောင်း ဆင်ခြင်သတိပြုပါ။ ယေရှု၏ခြေတော် ကို နမ်းရှုတ်ထားသောအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာတွင် လှုပ်ရှားမှုရှိသည်။

“ထိုစားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတ ယောက်သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကို ယူခဲ့၍၊ နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ် သို့ မျက်ရည်ကြလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကို လည်းနမ်း၍ ဆီမွှေးနှင့်လိမ့်လျက်နေလေ၏။” ( လုကာ ၇း ၃၇- ၃၈ )

များမကြာမှီ အချိန်တွင် ယေရှုထံသို့လာပြီး ကယ်တင်ခြင်းသို့ ရောက်ပါသည်။

ပင်္တေကုတ္တိနေ့တွင် ပေတရု၏တရားဒေသနာအသံကို ကြားသောသူတို့သည်

“စိတ်နှလုံးပူပန်ခြင်းရှိ၍၊” (တမန်တော် ၂း ၃၇ ) )

ဤအချက်၏ မူလရှိရင်းစွဲအဓိပါယ်မှာ သူတို့သည် “စိတ်နှလုံးကို ဖောက်ထုတ်ကြသည်” ဟုဆိုလိုသတည်း။ ထိုအကြောင်းကို စိတ်နှလုံးကို ဆိုလိုသည်။ ဖိလိပိတွင် ထောင်မှူးအ ကြောင်း တွေ့ရသည်။

“တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။” ( တမန် ၁၆း ၂၉ ) )

တမန်တော်ရှင်ပေါလုက ဤသို့ဆိုသည်။

“ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ ကို အဘယ်သူ ကယ်လွှတ်မည်နည်း။” ( ရောမ ၇း ၂၄ ) )

သမ္မာကျမ်းစာထဲက ဤကိစ္စရပ်များက ဘုရားသခင်သည် မကောင်းသည့်စိတ်နှလုံး ဖြင့် ပျော်မွေ့ခြင်းရှိမလာစေရန် လူတစ်ဦး၏ခံစားချက်ကို လှုပ်ရှားစေလေ့ရှိသည်ကို ပြသထား ပါသည်။ စစ်မှန်သောပြောဆိုမှုအားလုံးတွင် လုပ်ဆောင်လေ့ရှိသောအခေါ်အဝေါ်တွင် တူညီ သောပြောဆိုမှုများရှိသည်။ လူတို့သည် အတွင်းပိုင်းတွင် မိမိကိုယ်ကို မရောင့်ရဲမတင်းတိမ်နိုင် ဖြစ်ကြပါသည်။ သူတို့သည် ၎င်းတို့၏စိတ်နှလုံးကိုသာကြည့်ရှုကြပြီး အပြစ်ကိုသာမြင်ကြရ သည်။ မိမိတို့အထဲ၌ မြင်တွေ့ရသောအရာကို သူတို့သည် သဘောမကျဖြစ်ကြသည်။ သူတို့ ၏ ကိုယ်ပိုင်စိတ်နှလုံးကို အလိုမကျဖြစ်ကြသည်။ သူတို့ဖြစ်ခြင်းအပေါ် မပျော်မရွှင်ဖြစ်ကြ သည်။

အခွန်ခံနှင့်အပြစ်သားများသည် ယေရှုထံသို့လာကြသောအခါ ၎င်းတို့နောက်ကွယ်က လူသားဖြစ်ခြင်းသဘောတရားများရှိနေသည်။ ဖာရှိရှဲနှင့်ဇက္ဒုခဲများသည် ၎င်းတို့နှင့်ခပ်ဝေးဝေး တွင် နေလေ့ရှိကြသည်။

“ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသော သူတို့သာလျှင် အလိုရှိကြ၏။” ( လုကာ ၅း ၃၁ )

ယနေ့နံနက်၌ သင့်အဖို့ မေးခွန်းတစ်ခုမှာ သင်သည် ကျေနပ်အားရမှုမရှိပေဘူးလား။ သင်ဘဝအသက်တာအားဖြင့် ပျော်ရွှင်မှုမရနိုင်ဘူးလား။ ဘုရားမဲ့အသက်ရှိနေရခြင်းဖြင့် နာမ ကျန်းဖြစ်နေပါသလား။ မိမိစိတ်နှလုံးဖြင့် ဝမ်းမမြောက်နိုင်ဘူးလား။ အပြစ်ကို သိမြင်လာသည် ဟု ခံစားမိပါသလား။ ဤအရာများနှင့်ပတ်သက်ပြီး သင့်စိတ်နှလုံးထဲတွင် မပျော်ရွင်မှုနှင့်အ ပြစ်တွေ့မြင်ခြင်းများဖြစ်လာလျှင် သင်သည် ဆေးဆရာကြီးယေရှုထံသို့ အမြန်လှမ်းခဲ့ဖို့ရန်ဖြစ် ပါသည်။ နောက်ဆုံးတွင် သင့်အပြစ်မှရွေးနှုတ်ကယ်တင်ပိုင်သောသူသည် ယေရှုတပါးတည်း သာဖြစ်ပါသည်။ သင့်အပြစ်အတွက်ပေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသက်စွန့်သောသူ ဖြစ်ပါသည်။ သင့်အား အသက်ကိုပေးရန် ကိုယ်ခန္ဒာအားဖြင့် ထမြောက်သောသူလည်းဖြစ်ပါ သည်။ ကောင်းကင်ဘုံ၌ဘုရားသခင်၏လက်ယာဘက်တွင် ထိုင်နေပြီး သင်တို့အတို့အဖို့ ဆု တောင်းပေးသောတစ်ဦးတည်းသောသူဖြစ်ပါသည်။ သင်သည် ခရစ်တော်ထံသို့လာရန် အ ဆင်သင့်ဖြစ်ပါရဲ့လား။ သင့်အပြစ်များကို အသွေးတော်အားဖြင့် ဆေးကြောခြင်းခံရန် အဆင် သင့်ဖြစ်ပါရဲ့လား။

“ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသော သူတို့သာလျှင် အလိုရှိကြ၏။” ( လုကာ ၅း ၃၁ )

ခရစ်တော်၌ ရရှိသောကယ်တင်ခြင်းအကြောင်းနှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့နှင့်တိုင်ပင် ဆွေးနွေးလိုလျှင် အချို့သောသူများ အထက်ခန်းသို့သွားနေကြစဉ်တွင် ပထမနှစ်တန်းဆီသို့ လာခဲ့ကြပါသည်။ ဒေါက်တာ Hymers, ကျေးဇူးပြုပြီး ရှေ့သို့လာ၍ အစီအစဉ်ကို အဆုံးသတ် ဆုတောင်းပေးပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Noah Song က ကျမ်းစာဖတ်ကြားသည်။ လုကာ ၅း ၂၇-၃၅
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
      “ကျွန်ုပ်ကို အံ့ဩစေသည်။"၊ (A. H. Ackley, ၁၈၈၇-၁၉၆၀ ရေးစပ်သည်။)


အခှပှေုကမွှး

ရွေးနှုတ်ခြင်းသည် ဘ၀ကျေနပ်မှုမရှိသောသူများအတွက်သာဖြစ်သည် အကျဉ်းချုပ်

DELIVERANCE IS ONLY FOR THE DISSATISFIED

Dr. R. L. Hymers, Jr. ရေးသားသောတရားဒေသနာဖြစ်ပြီး
မစ္စတာ John Samuel Cagan မှ ဟောကြားခဲ့သည်။

“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့် မတ်သောသူတို့ကိုနောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏။” ( လုကာ ၅း ၃၁-၃၂ )

( လုကာ ၅း ၂၈၊ ၃၀၊ ၁၈း ၉ ) )

၁။   ပထမအချက်၊ မိမိတို့၏ဘဝနည်းလမ်းဖြင့်ကျေနပ်နေသောသူများ သည် ယေရှုကို မလိုလားကြပေ။ လုကာ ၁၉း ၅-၁၀၊ မဿဲ ၉း ၁၂။

၂။  ဒုတိယအချက်၊ မိမိတို့၏ဘုရားမဲ့အသက်တာဖြင့် ကျေနပ်နေသူများ သည် ခရစ်တော်ကို မလိုလားကြပေ။ ရောမ ၃း ၁၁၊ ဧဖက် ၄း ၁၈၊ ၂း ၁၂၊ ရောမ ၈း ၇၊ ဧဖက် ၂း ၃၊ ယောဟန် ၅း ၂၅။

၃။ တတိယအချက်၊ မိမိတို့၏မကောင်းသောစိတ်နှလုံးဖြင့် အားရကျေ နပ်နေသောသူများသည် ယေရှုကို မလိုလားကြပေ။ လုကာ ၇း ၃၇- ၃၈၊ တမန် ၂း ၃၇၊ ၁၆း ၂၉၊ ရောမ ၇း ၂၄။