Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ချီဆောင်ခြင်း

(ပရောဖက်ပြုချက်နှင့်ပတ်သက်၍ တရားဒေသနာ #၃)
THE RAPTURE
(SERMON #3 ON BIBLE PROPHECY)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
မေလ ( ၇ ) ရက်နေ့ တနင်္ဂနွေနေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr. ၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, May 7, 2017

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင် ၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘု ရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြလိမ့်မည်။” (၁ သက်သာ ၄း ၁၆- ၁၇ ) )


အထက်ပါကျမ်းပိုဒ်မှာ သမ္မာကျမ်းစာထဲ၌ တွေ့ရသည့် အံ့ဘွယ်ကတိတော်ပင်ဖြစ်ပါ သည်။ ယေရှုသည် တဖန် ကြွလာမူမည်။ ခရစ်ယာန်တိုင်းသည် “ယေရှုတဖန်ကြွလာမူမည်” ဟူသောစကားကိုကြားသိရသောအခါ ဝမ်းမြောက်ခြင်းနှင့်ပြည့်နှက်ကြသင့်ပါသည်။ ဤကျမ်း ပိုဒ်ကို သင်တို့ကျမ်းစာထဲတွင် ဖွင့်၍ လှန်ကြည့်လိုက်ပါ။

ယေရှုသည် နာရီပေါင်းများစွာ လက်ဝါးကပ်တိုင်မှာ ရိုက်သတ်ခြင်းခံရသည်။ နောက် ဆုံးတွင် “ငါ့ဝိညာဉ်ကို ကိုယ်တော့်လက်တော်သို့အပ်ပါ၏” (လုကာ ၂၃း ၄၆ ) ဟု ကျယ်သော အသံနှင့်ဟစ်ကြော်လေသည်။ ထို့နောက် အသက်ချုပ်လေသည်။ သူတို့က သင်္ချိုင်းတွင်း၌ သင်္ဂြိုလ်ခဲ့ကြသည်။ ဆီနှင့်လိမ်းခဲ့ကြသည်။ ထိုတွင်းကို စောင့်ပေးရန် ရောမစစ်သားများကို တောင်းဆိုခဲ့ကြသည်။

သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်တော်မူခဲ့သည်။ သို့သော် တပည့် တော်များထံသို့ ထင်ရှားလာသောအခါ၊

“တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟုစိတ်ထင်နှင့်ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။” ( (လုကာ ၂၄း ၃၇) )

ထို့နောက် ယေရှုသည် သူတို့အား မိန့်တော်မူသည်မှာ ဤသို့ဖြစ်သည်။

“ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ် ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင် သည်အတိုင်း၊ အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤ ကဲ့သို့မပြည့်စုံဟု မိန့်တော်မူလျက်၊” ( လုကာ ၂၄း ၃၉ ) )

သူတို့ကို ယေရုရှလင်မြို့အပြင်ဘက် သံလွင်တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ကမ္ဘာတစ်ဝှမ်း ဧဝံဂေလိလုပ်ဆောင်ကြရန် မိန့်တော်မူခဲ့သည်။

“တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၍၊ မိုဃ်းတိမ်သည် ကိုယ် တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။ ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့စေ့စေ့ကြည့်မျှော်လျက်နေကြ စဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင် လျက် တမန်တော်တို့အနားမှပေါ်လာ၍၊ အိုဂါလိလဲလူတို့၊ အဘယ့်ကြောင့် ကောင်းကင်သို့ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော် မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။” ( တမန် ၁း ၉-၁၁ ) )

“ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရသော” “ထိုသခင်ပင်လျှင်” ပြန်လည်ကြွလာမည်။ သူ သည် အထက်သို့တက်သွားခဲ့သည်။ သူတဖန် ပြန်လာမည်။ သူသည် ပြန်လာလိမ့်မည်။

သူတဖန်ပြန်လာမည်၊ တဖန်ပြန်လာမည်၊
ထိုယေရှုပင်၊ လူတို့ငြင်းပယ်သောယေရှု။
သူတဖန်ပြန်လာမည်၊ တဖန်ပြန်လာမည်၊
ဘုန်းတန်ခိုးအာနုဘော်တော်ဖြင့် တဖန်ပြန်လာမည်။
   (“သူ တဖန်ပြန်လာမည်” ၊ Mabel Johnston Camp, ၁၈၇၁-၁၉၃၇) )

အပိုင်းနှစ်ခု၊ အဆင့်နှစ်ခုဖြင့် ရောက်ရှိလာမည်အကြောင်း သမ္မာကျမ်းစာက သွန်သင် ထားပါသည်။ သူပြန်လာခြင်း၏ဒုတိယအပိုင်းမှာ မြေကြီးပေါ်တွင် နှစ်တစ်ထောင်နိုင်ငံတော် တည်ထောင်ဖို့ရန် သံလွင်တောင်ပေါ်သို့ဆင်းသက်သောအခါတွင် ဖြစ်ပျက်မည်။ သို့ရာတွင် ကျွန်ုပ်တို့အခြေပြုကျမ်းက သခင်ပြန်လာခြင်း၏ပထမအပိုင်းကို မိန့်ဆိုသည်။ ကျွန်ုပ်တို့အခြေ ပြုကျမ်းထဲက ၁ သက် ၄း ၁၆-၁၇ က်ို ကြည့်ကြပါစို့။ ဤအဖြစ်အပျက်နှင့်စပ်လျဉ်း၍ မှတ်သား စရာအချက်သုံးချက်ရှိပါသည်။

၁။ ပထမအချက်၊ သခင်ဘုရားသည် အာကာသမိုးကောင်းကင်အထိ ဆင်းကြွလာ မည်။

၁ သက် ၄း ၁၆ ကို မှတ်သားကြပါစို့။

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊” (၁ သက်သာ ၄း ၁၆ )

“ကောင်းကင်မှ” ဆင်းကြွလာမည့်သူမှာ ခရစ်တော် “ကိုယ်တော်တိုင်” ပင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်မဟုတ်ပါ။ တကယ်တော့ ဝိညာဉ်တော် လုံးဝမဟုတ်ပါ။ “ကောင်း ကင်သို့” ချီဆောင်ခံရသော “ယေရှုကိုယ်တိုင်” ပင်ဖြစ်ပါသည်။ (တမန် ၁း ၁၁ ) ဤ “ယေရှု” ကိုယ်တိုင်သည် ကောင်းကင်မှပြန်လည်ဆင်းသက်လာမည်။

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊” (၁ သက်သာ ၄း ၁၆ )

ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်က ဤသို့မိန့်ဆိုပါသည်။

“ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ် ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင် သည်အတိုင်း၊ အရိုးအသားနှင့်ပြည့်စုံ၏။” ( လုကာ ၂၄း ၃၉ ) )

သူတဖန်ပြန်လာမည်၊ တဖန်ပြန်လာမည်၊
ထိုယေရှုပင်၊ လူတို့ငြင်းပယ်သောယေရှု။
သူတဖန်ပြန်လာမည်၊ တဖန်ပြန်လာမည်၊
ဘုန်းတန်ခိုးအာနုဘော်တော်ဖြင့် တဖန်ပြန်လာမည်။
   (“သူ တဖန်ပြန်လာမည်” ၊ Mabel Johnston Camp, ၁၈၇၁-၁၉၃၇)

ယောဟန် ၁၄း ၃ တွင် ယေရှုက ဤသို့မိန့်ဆိုထားပါသည်။

“ငါသည် တဖန်ပြန်လာမည်။” ( ယောဟန် ၁၄း ၃ ) )

ကျွန်ုပ်တို့အခြေပြုကျမ်းထဲတွင် ယေရှုသည် မြေကြီးပေါ်အထိ ကြွလာခြင်းမရှိသည်ကို သတိပြုစေလိုပါသည်။ မြေကြီးပေါ်သို့လာခြင်းသည် သီးခြားအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ နောက်တွင် ဖြစ်ပျက်လာမည့်အရာလည်းဖြစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့အခြေပြုကျမ်းတွင် မြေကြီးပေါ်သို့ ရောက်မလာသည်ကို မှတ်သားစေလိုသည်။ အပိုဒ်ငယ် ၁၇ ကို လေ့လာကြည့် ပါစို့။ အားလုံးမတ်တပ်ရပ်ပြီး ဖတ်ရှုကြပါစို့။

“ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြလိမ့်မည်။” ( ၁ သက်သာ ၄း ၁၇ ) )

အားလုံးထိုင်နိုင်ပါပြီ။

ခရစ်တော်သည် “ချီဆောင်ခြင်း” တွင် အာကာသကောင်းကင်အထိ ကြွလာလိမ့်မည်။ မြေကြီးပေါ်သို့ နောက်ပိုင်းတွင်သာ ကြွလာပါမည်။ မတူညီသောအဖြစ်အပျက်နှစ်ခုဖြစ်သည် အကြောင်းကို သမ္မာကျမ်းစာဖတ်ရှုခြင်းဖြင့် ရှင်းလင်းစွာတွေ့ရပါသည်။ သခင်ယေရှုသည် ကောင်းကင်မှဆင်းသက်လာသော်လည်း အာကာသ “လေဟာပြင်”တွင် ရပ်တန့်သွားခဲ့သည်။ “ချီဆောင်ခြင်း” ဟူသောစကားလုံး၏အဓိပါယ်မှာ ပြောင်းလဲခြင်းဟု ဆိုလိုသတည်း။ ဝမ်း မြောက်သောစိတ်နှင့်ချီဆောင်ခြင်းပင်ဖြစ်ပါသည်။အာကာသတွင် လေမရှိပါ။ ထို့ကြောင့် မြေ ကြီးအထက် အာကာသတွင် ကြွလာပြီးနောက် ရပ်တန့်မည်အကြောင်းကို ဖော်ပြထားပါသည်။

“ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြလိမ့်မည်။” ( ၁ သက်သာ ၄း ၁၇ ) )

၂။ ဒုတိယအချက်၊ ခရစ်တော်၌ သေသောသူတို့သည် ထမြောက်ကြလိမ့်မည်။

အခြေပြုကျမ်း အပိုဒ်ငယ် ၁၆ တွင် ဤသို့ဖော်ပြထားပါသည်။

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်” ( ၁ သက် ၄း ၁၆ )

အားလုံးထိုင်နိုင်ပါပြီ။ “ခရစ်တော်၌ သေသောသူတို့သည် အရင်ထမြောက်ကြလိမ့်မည်။” ဒေါက်တာ J. Vernon McGee က ဤသို့ဆိုထားပါသည်။

သူသည် “ကျယ်လောင်သောအသံဖြင့်” ကောင်းကင်မှဆင်းကြွ လာမည်။ ၎င်းသည် အမိန့်သံဖြစ်ပါသည်။ လာဇရု၏ သင်္ချိုင်းတွင်း ၌ရပ်နေ၍ “လာဇရု၊ထွက်လာလော့” ဟု ဆိုသောအသံနှင့် အတူ တူပင်ဖြစ်ပါသည်။ (J. Vernon McGee, Th.D,.Thru the Bible, Thomas Nelson Publishers, ၁၉၈၃၊ အတွဲ ၅၊ စာ- ၃၉၈))

ယေရှုသည် လာဇရု၏သင်္ချိုင်းသို့ ကြွလာပြီး ဤသို့မိန့်ဆိုခဲ့သည်။

“ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည် မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။” ( ယောဟန် ၁၁း ၃၉ ) )

သို့ရာတွင် သူတို့သည် ယေရှု၏စကားကို နာခံမှုပြုခဲ့ကြသည်။ သူတို့သည် သင်္ချိုင်းဝရှိကျောက် တုံးကို ဖယ်ရှားပစ်ကြသည်။ ထို့နောက် ယေရှုက ဤသို့ဆိုခဲ့သည်။

“လာဇရုထွက်၍လာလော့ဟု ကြီးသောအသံနှင့်ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ထွက်လာ၏။” ( ယောဟန် ၁၁း ၄၃-၄၄ ) )

ထိုအချင်းအရာမှာ ချီဆောင်ခြင်းကာလတွင် ယေရှုခရစ်အမှန်တကယ် လုပ်ဆောင် မည့်အရာဖြစ်သည်။ သူသည် ကျယ်သောအသံနှင့်ဟစ်ကြော်၍ ကောင်းကင်တမန်မင်းအသံ ပြု၍ တံပိုးခရာမှုတ်လျက် ကြွလာမည်။ (McGee, ၎င်း )) ခရစ်တော်သည် လာဇရို ထမြောက်စဉ်ကကဲ့သို့ ကျယ်လောင်သောအသံ နှင့်ကြွလာသောအခါ “ခရစ်တော်၌သေ သောသူတို့သည် ဦးစွာထမြောက်လာကြလိမ့်မည်။” စစ်မှန်သောခရစ်ယာန်တို့၏ကိုယ်ခန္ဒာ သည် သင်္ချိုင်းမှထွက်၍ ခရစ်တော်နှင့်တွေ့ရန် ထမြောက်ကြလိမ့်မည်။

John Cagan သည် ငယ်ရွယ်သောအချိန်၌ ကယ်တင်ခြင်းမရရှိသေးကြောင်းကို သိ သည်။ သို့သော် မိဘများသည် စစ်မှန်သော ခရစ်ယာန်များဖြစ်ကြသည်။ ချီဆောင်ခြင်းအ ကြောင်းကို ကျွန်ုပ်ဟောပြောစဉ်တွင် ထိုညတွင် သူ့ကို စိုးရိမ်စိတ်ဝင်စေခဲ့သည်။ သူသည် အိပ်ယာထဲကထ၍ မိဘအိပ်ယာသို့သွားပြီး သူတို့ချီဆောင်ခြင်းတွင် ပါဝင်ပြီး သူတစ်ယောက် တည်းအား အိမ်ထဲတွင် ထားရစ်ခဲ့ခြင်းဟုတ်မဟုတ် သွား၍ ကြည့်ရှုခဲ့သည်ဟု ဆိုပါသည်။ ၎င်းသည် ကောင်းသောကြောက်ရွံ့ခြင်းပင်ဖြစ်ပါသည်။ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့် ကောင်း သောကြောက်ရွံ့ခြင်းပင်ဖြစ်ပါသည်။ ယေရှုကို ယခုကိုးစားပါ။ ထိုကြောက်ရွံ့ခြင်းသည် အမှန် ပင် ကွယ်ပျောက်သွားလိမ့်မည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အ သေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေ သောသူတို့၊ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ် တော်၏နှင်းသည် မြက်ပင်တို့ကိုပေါက်စေသော နှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရလိမ့်မည်။” ( ဟေရှာယ ၂၆း ၁၉ ) _

ယောဘဝတ္ထုသည် ဓမ္မဟောင်းကျမ်းထဲတွင် ရှေးအကျဆုံးစာအုပ်ဖြစ်ပါသည်။ မော ရှေက ကမ္ဘာဦးကျမ်းကို မရေးသားမှီ ရေးသားခြင်းဖြစ်ပါသည်။ ယောဘသည် ချီဆောင်ခြင်း အကြောင်း ရေးသားထားသည်။

“ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည် ကိုယ်ခန္ဒာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍၎င်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာ မက၊ ငါသည် ကိုယ်မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ ကျောက်ကပ်သည် ပျက်လျက်ရှိ၏။” ( ယာကုပ် ၁၉း ၂၆- ၂၇ )

ရှင်ပေါလုက ချီဆောင်ခြင်းအကြောင်းကို ကြိုတင်ဟောကြားခဲ့သည်။

“နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတ မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထိုတံ ပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုတ်နိုင် အဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်း သို့ ရောက်ရကြမည်။” ( ၁ ကော ၁၅း ၅၂ ) )

ကျွန်ုပ်တို့အခြေပြုကျမ်းက ဤသို့ဆိုပါသည်။

“ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြ လိမ့်မည်။” ( (၁ သက် ၄း ၁၆) )

အချိန်ကြာမြင့်စွာသေဆုံးသွားသောခန္ဒာများ၊ ယောဘအမှုကိစ္စတွင် နှစ်ပေါင်း ၃၅၂၀ ကျော်က သေဆုံးသွားသော ယုံကြည်သူတို့၏ခန္ဒာများ မည်သို့ထမြောက်ကြသည်ကို သင်အံ့ ဩတွေဝေသွားပေမည်။ မည်သို့ဖြစ်ပျက်နိုင်မည်နည်း။ တမန်တော်ရှင်ပေါလုက ၎င်းကို “နက် နဲသောအရာ” ဟု ၁ကော ၁၅း ၅၁ ၊ မူရင်းဂရိစကားလုံးတွင် “မူစတီလီရွင်” ဟုခေါ်ဆိုသည်။ ကျွန်ုပ်တို့လူသားဥာဏ်အားဖြင့် အပြည့်အဝနားမလည်နိုင်သောအရာဟု ဆိုလိုသတည်း။ တနည်းဆိုရသော ၎င်းသည် အံ့ဩဘွယ်ရာတစ်ခုဖြစ်ပါသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပါရဲ့လား။ ကောင်းပြီ။ ဘုရားသခင်သည် အံ့ဩစရာနိမိတ်များကို အမှန်တကယ် လုပ် ဆောင်ကြောင်း သမ္မာကျမ်းစာအဆုံးသတ်တစ်ခုမှအခြားတစ်ခုဆီသို့ ပြောဆိုထားပါသည်။ ဤသည်မှာ ဘုရားသခင်၏အကြီးမားဆုံးသောနိမိတ်လက္ခဏာတစ်ခုပင်ဖြစ်ပါသည်။

“ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြ လိမ့်မည်။” ( ၁ သက် ၄း ၁၆ )

သင်သည် ကျိုးကြောင်းဆက်စပ်၍ နားလည်နိုင်မည်မဟုတ်သော်လည်း မှန်ကန်မှုရှိပါသည်။

“ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြ လိမ့်မည်။” ( ၁ သက် ၄း ၁၆ )

၃။ တတိယအချက်၊ အသက်ရှင်သောခရစ်ယာန်များကို သူနှင့်အတူချီဆောင် မည်။

အပိုဒ်ငယ် ၁၇ ကို ကြည့်ကြပါစို့။

“ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြလိမ့်မည်။” ( ၁ သက်သာ ၄း ၁၇ ) )

ထိုအချိန်ကာလ၌ မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိကြသော စစ်မှန်သောခရစ်ယာန်များ သည် “လဟာပြင်တွင် ခရစ်တော်နှင့်အတူတွေ့ဆုံရန်” သေသောခရစ်ယာန်များနှင့်အတူ “ချီ ဆောင်ခြင်း” ကို ခံရကြလိမ့်မည်။ ပထမတွင် သေသောခရစ်ယာန်များသည် “ချီဆောင်ခြင်း” ကို ခံရမည်ဖြစ်ပြီး ဒုတိယအနေဖြင့် သခင်ဘုရားနှင့်လဟာပြင်တွင်တွေ့ဆုံရန် အသက်ရှင် လျက်ရှိသော ခရစ်ယာန်များကို ချီဆောင်လိမ့်မည်။ ထိုအမှုအရာအလုံးစုံတို့သည် ဖြစ်ပျက် လာကြမည်အကြောင်း သမ္မာကျမ်းစာက မိန့်ဆိုထားပါသည်။

“မျက်စိတမှိတ်၊ လျှပ်တပြက်တွင်” ( ၁ ကော ၁၅း ၅၂ ) )

ထိုအမှုအရာအားလုံးသည် မျက်စိတမှိတ်တွင် ဖြစ်ပျက်လာမည်။ သေလျက်ရှိသောခရစ်ယာန် များနှင့်အသက်ရှင်သောခရစ်ယာန်များသည် “အတူတကွ ချီဆောင်ခြင်းကိုခံရကြမည်ဖြစ်ပြီး လဟာပြင်တွင် သခင်ဘုရားနှင့်တွေ့ဆုံမည်။” သမ္မာကျမ်းစာထဲတွင်တွေ့ရသည့် အံ့ဩစရာ ကတိတော်ပင်ဖြစ်ပါသည်။ ခရစ်ယာန်များအတွက် အံ့ဘွယ် မျှော်လင့်ချက်ပါတကား။

အိုး၊ ဝမ်းမြောက်စရာ၊ အို နှစ်သက်ဘွယ်ရာ၊ မသေဘဲသွားသင့်ပါသလား၊
   ဖျားခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်း၊ မျက်ရည်ကျခြင်းမရှိတော့ပါ။
ကျွန်ုပ်သခင်ဘုန်းတော်နှင့်အတူ မိုးတိမ်အားဖြင့်ချီဆောင်လိမ့်မည်၊
   ယေရှုသည် “မိမိလူတို့ကို” သိမ်းယူသောအခါ။
    (“ခရစ်တော်ပြန်လာမည်၊” H. L. Turner, ၁၈၇၈ )

ဒေါက်တာ McGee က “ချီဆောင်သည်” ဟူသောစကားလုံးကို မူရင်းဂရိစကားလုံး “ဟာပဇို”မှ ဘာသာပြန်ထားသည်။ “ဆုတ်ကိုင်သည်၊ ဆွဲထုတ်သည်၊ မြင့်ရာသို့ခေါ်ဆောင် သည်၊ သို့မဟုတ် ချီဆောင်သည်” ဟု ဆိုလိုသတည်း။ (၎င်း၊ စာ- ၃၉၉) ထို့နောက် ဒေါက်တာ J. Vernon McGee ကလည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။

ဘုန်းအသရေ၊အံ့ဩဘွယ်ရာပြည့်စုံသောနှိမ့်သိမ့်ခြင်းပါတကား။ သေသောခန္ဒာ(ခရစ်ယာန်များ) သည် ထမြောက်လာကြမည်။ အ သက်ရှင်လျက်ရှိသောသူတို့သည်လည်း လဟာပြင်တွင် သခင်ဘု ရားနှင့်တွေ့ဆုံရန်ချီဆောင်ခြင်းကို ခံရကြမည်။ သို့ဖြစ်၍ သခင်ဘု ရားနှင့်အတူ ထာဝရစိုးစံရလိမ့်မည်။ တကယ်တော့ မြေကြီးပေါ် တွင် အတူတကွပြန်လာပြီး နှစ်တစ်ထောင်နိုင်ငံတော်တွင် အတူ တကွစိုးစံကြလိမ့်မည်။ ( ၎င်း )

ခရစ်တော်သည် မိမိလူတို့အား ကောင်းကင်ဘုံသို့ သိမ်းယူရန် ခရစ်တော်ပြန်လာသောအခါ စစ်မှန်သောခရစ်ယာန်တိုင်းသည် အံ့ဩဘွယ်ရာအနာဂတ်ကို စောင့်မျှော်နေကြပါသည်။

ထိုသို့ဖြစ်ပျက်လာမည့်အချိန်အတွက် အဆင်သင့်ဖြစ်ပါရဲ့လား။ ပြင်ဆင်ပြီးပြီလား။ ယခုကယ်တင်ခြင်းသို့ရောက်ပြီးသောသူများသာလျှင် လဟာပြင်၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ချီဆောင်ခြင်းတွင် ပါဝင်မည်။ အမှန်တကယ် ကယ်တင်ခြင်းသို့ရောက်ပြီလော။ သင့်အပြစ်အ တွက်ပေးဆပ်ရန် ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်။ သူသည် သေခြင်းမှ ထမြောက်ကာ သင့်အားဆေးကြောရန်၊ သင့်အပြစ်အလုံးစုံကို စင်ကြယ်စေရန် မိမိအပြစ်များ ကို ကောင်းကင်ဘုံသို့ယူဆောင်သွားခဲ့သည်။ သို့ရာတွင် ခရစ်တော်ကို အပ်နှံရမည်။ သူ့ကို သာ ယုံကြည်ကိုးစားရမည်။ ရိုးစင်းသောယုံကြည်ခြင်းဖြင့် ခရစ်တော်ကို ကိုးစားလျှင် သင့်အ ပြစ်အလုံးစုံကို အသွေးတော်အားဖြင့် ဆေးကြောလိမ့်မည်။ သို့ဖြင့် သင်သည် ကယ်တင် တော်မူခြင်းသို့ ရောက်လိမ့်မည်။ အဆင်သင့်ပြင်ဆင်ထားပါ။

“ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်း ကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြ လိမ့်မည်။” ( (၁ သက်သာ ၄း ၁၇ ) )

ထို့နောက် ကျွန်ုပ်တို့နှင့်အတူ ချီးမွမ်းသီချင်းဆိုနိုင်ပါသည်။

အိုး၊ ဝမ်းမြောက်စရာ၊ အို နှစ်သက်ဘွယ်ရာ၊ မသေဘဲသွားသင့်ပါသလား၊
   ဖျားခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်း၊ မျက်ရည်ကျခြင်းမရှိတော့ပါ။
ကျွန်ုပ်သခင်ဘုန်းတော်နှင့်အတူ မိုးတိမ်အားဖြင့်ချီဆောင်လိမ့်မည်၊
   ယေရှုသည် “မိမိလူတို့ကို” သိမ်းယူသောအခါ။
အိုသခင်ယေရှု၊ အဘယ်မျှကာလပတ်လုံး၊ အဘယ်မျှကာလပတ်လုံး၊
ဝမ်းမြောက်သီချင်းသီဆိုကျူးဧကြမည်နည်း။
ခရစ်တော်ပြန်လာမည်၊ ဟာလေလုယာ၊
ဟာလေလုယာ၊ အာမင်။ ဟာလေလုယာ၊ အာမင်။
   ( “ခရစ်တော်ပြန်လာမည်၊” H. L. Turner, ၁၈၇၈ )

နောက်တပတ်တွင် ဧဝံဂေလိတရားနားထောင်ရန်အတွက် ဤအသင်းတော်သို့ပြန် လာရန် ကြိုးစားပါ။ ယေရှုသင့်ကို အရမ်းချစ်တယ်။ သူ့ကို အားကိုးယုံကြည်ပါ။ ကားတိုင်တွင် သွန်းလောင်းသောအသွေးတော်ဖြင့် သင့်အပြစ်ရှိသမျှကို အမြဲဆေးကြောပေးလိမ့်မည်။ အာ မင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Noah Song က ကျမ်းစာဖတ်ကြားသည်။ ၁ကော ၁၅း ၅၁-၅၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“ယေရှုတဖန်ပြန်လာမည်"၊ (John W. Peterson, ၁၉၂၁-၂၀၀၆ ရေးစပ်သည်။)


အခှပှေုကမွှး

ချီဆောင်ခြင်း အကျဉ်းချုပ်

( (ပရောဖက်ပြုချက်နှင့်ပတ်သက်၍ တရားဒေသနာ #၃) )
THE RAPTURE
(SERMON #3 ON BIBLE PROPHECY)

Dr. R. L. Hymers, Jr.

“သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင် ၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘု ရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မ ပြတ်နေရကြလိမ့်မည်။” ( ၁ သက်သာ ၄း ၁၆- ၁၇ ))

( လုကာ ၂၄း ၃၇၊ ၃၉၊ တမန် ၁း ၉-၁၁ )

၁။ ပထမအချက်၊ သခင်ဘုရားသည် အာကာသမိုးကောင်းကင်အထိ ဆင်းကြွလာမည်။ ၁ သက် ၄း ၁၆က၊ တမန်တော် ၁း ၁၁၊ လုကာ ၂၄း ၃၉၊ ယောဟန် ၁၄း ၃၊ ဗျာဒိတ် ၁၉း ၁၁-၁၆၊ မဿဲ ၂၄း ၂၇-၃၁၊ ဇာခရိ ၁၄း ၄-၅၊ ၁သက်သာ ၄း ၁၇။

၂။ ဒုတိယအချက်၊ ခရစ်တော်၌ သေသောသူတို့သည် ထမြောက်ကြလိမ့် မည်။ ၁ သက် ၄း ၁၆ခ၊ ယောဟန် ၁၁း ၃၉၊ ၄၃-၄၄၊ ဟေရှာယ ၂၆း ၁၉၊ ယာကုပ် ၁၉း ၂၆-၂၇၊ ၁ ကော ၁၅း ၅၂၊ ၅၁။

၃။ တတိယအချက်၊ အသက်ရှင်သောခရစ်ယာန်များကို သူနှင့်အတူချီ ဆောင်မည်။ ၁ သက် ၄း ၁၇၊ ၁ ကော ၁၅း ၅၂။