Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကြာပွတ်နှင့်ရိုက်ခြင်း၊ အရှက်တကွဲဖြစ်ခြင်းနှင့်တံတွေးထွေးခြင်း

THE SCOURGING, SHAME AND SPITTING
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
မတ်လ ( ၂၆ ) ရက်နေ့ တနင်္ဂနွေနေ့ ညနေပိုင်းတွင်
ဟောကြားသောDr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 26, 2017

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ် သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( (ဟေရှာယ ၅၀း ၆ ) )


အဲသယောပိအမတ်အား “ပရောဖက်သည် အဘယ်သူကိုရည်မှတ်၍ ဤသို့ဆိုပါသ နည်း။ ကိုယ်ကိုတည်းဆိုလိုသလော” ( တမန် ၈း ၃၄ ) ဟု မေးနိုင်ပါသည်။ အခန်းကြီး ၅၃ တွင်မူ ဟေရှာယသည် ဤနေရာတွင် သခင်ယေရှုခရစ်အကြောင်းပြောထားသည်ကို အဘယ် သူမျှ ငြင်းနိုင်စရာအကြောင်းမရှိပါ။ ယေရုရှလင်မြို့သို့သွားနေခိုက် တပည့်တော်သို့အား စ ကားပြောဆိုချိန်တွင် ယေရှုရည်ညွှန်းထားသည့် ပရောဖက်ပြုချက်တစ်ခုဖြစ်သည်မှာ အသေ အချာပင်ဖြစ်ပါသည်။ မိန့်တော်မူချက်မှာ ဤသို့ပင်ဖြစ်ပါသည်။

“ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက် များရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။ တပါးအမျိုး သားတို့လက်သို့အပ်နှံခြင်းပြက်ယယ်ပြုခြင်းညှဉ်းဆဲခြင်းတံ ထွေးနှင့်ထွေးခြင်းကို ခံရလိမ့်မည်။ သူတို့သည် လူသားကို ရိုက် ပုတ်သတ်ကြလိမ့်မည္။ သုံးရက်မြောက်သောနေ့၌ ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏။” ( လုကာ ၁၈း ၃၁- ၃၃ ) )

ဂါလိလဲလူတို့က သူ့အား ပြက်ရယ်ပြုကြကြောင်း၊ စော်ကားမော်ကားပြုခဲ့ကြကြောင်း၊ ကြာ ပွတ်ဖြင့်ရိုက်နှက်ခဲ့ကြကြောင်းနှင့် အသေသတ်ခဲ့ကြကြောင်း မိန့်တော်မူခဲ့သည်။ ထိုအမှုအရာ အားလုံးကို “ပရောဖက်ပြုခဲ့ကြောင်း” လည်း ဆိုခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏အခြေပြုကျမ်း မှာ ယေရှုရည်ညွှန်းထားသည့် ကျမ်းပိုဒ်ထဲက တစ်ခုအပါအဝင်ဖြစ်ပါသည်။

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ်သောသူ တို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေး ခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ ) )

ထိုပရောဖက်ပြုချက် အမှန်တကယ် လက်တွေ့ပြည့်စုံလာသည်ကို လေ့လာကြည့်ပါ။ ရောမဧကရာဇ်ကိုအစိုးရသောပိန္တပိလတ်မင်းသည် သူ့အား ကြာပွတ်ဖြင့်ရိုက်ခဲ့သည်။ ရောမ စစ်သားများသည်လည်း သူ့အား ဤသို့ဆက်ဆံခဲ့ကြသည်။

“ဆူးပင်နှင့်ရက်သောဦးရစ်ကို တင်ပြီးလျှင်၊ ယုဒရှင်ဘုရင်၊ ကိုယ် တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြော ကြ၏။ ခေါင်းတော်ကို ကျူလုံးနှင့်ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာဒူးထောက်၍ ပြပ်ဝပ်ခြင်းကိုလည်းပြုကြ၏။” ( မာကု ၁၅း ၁၇-၁၉) )

ထိုပရောဖက်ပြုချက်များကို ပြည့်စုံစေသောသူမှာ ကျွန်ုပ်တို့၏ရွေးနှုတ်ရှင် နာဇရက်မြို့သား ယေရှုပင်ဖြစ်သည်ကို ကျွန်ုပ်သိရှိခဲ့ရသည်။

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ်သောသူ တို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေး ခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ ) )

Joseph Hart ဖော်ပြထားချက်ကို လေ့လာကြပါစို့။

ယေရှုသည် အဘယ်မျှဒုက္ခခံရသည်ကိုကြည့်ပါ၊
   ကြောက်မက်ဖွယ်အရပ်တွင် စော်ကားခြင်းကို ခံနေရ။
ကြီးမားသောလက်တော်ကို အပြစ်သားများ ချုပ်နှောင်ခဲ့၊
   ဖန်ဆင်းရှင်၏မျက်နှာတော်ကို တံတွေးထွေးခဲ့ကြ။

နားထင်ကိုယ်ခန္ဒာတစ်ခုလုံး ဆူခက်များဖြင့်၊
   ခန္ဒာအနှံ သွေးစက်များစီးဆင်းခဲ့ရသည်။
နောက်ကျောလည်း လေးလံသောကြာပွတ်ရိုက်ချက်များ၊
   သူ့စိတ်နှလုံးကို ဖြိုလှဲခဲ့ရ။
(“ခံရသောဝေဒနာ” Joseph Hart, ၁၇၁၂-၁၇၆၈ ၊ သင်းအုပ်က ပြန်၍ပြင်ဆင်ပေး သည်။ )

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ်သောသူ တို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေး ခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ ) )

ယနေ့ညနေတွင် ဒုက္ခဝေဒနာခံစားနေရသော ကယ်တင်ရှင်အား သင်တို့ထံသို့ အ ရောက်ခေါ်ဆောင်ခဲ့ပါသည်။ ပိလတ်မင်းအားလည်း “ထိုသူကိုကြည့်ရှုလော့” ဟု ဆိုပါသည်။ သူခံရသောဝေဒနာကို သမင်လည်ပြန်ကြည့်လှည့်ပါ။ အဘယ်သူဖြစ်သည်ကိုလည်းကောင်း၊ အဘယ်သို့သောသာဓကကို ထားခဲ့သည်ကိုလည်းကောင်း၊ ထာဝရမီးငရဲထဲက ပျက်စီးနေ သောလူသားများကို ကယ်တင်ဖို့ရန် အဘယ်အရာလုပ်ဆောင်ခဲ့သည်ဟူသောအချက်ကို လည်းကောင်း ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။

၁။ ပထမအချက်၊ သူ့အား လူ့ဇာတိခံယူသောဘုရားအဖြစ်ရှုမြင်ပါ။

လူသားတို့နှင့်အတူ လှုပ်ရှားသွားလာရန် ဘုရားသခင်သည် လူ့ဇာတိခံယူကြွဆင်းခဲ့ရ သည်။ ဟေရှာယ ၅၀း ၂ တွင် မိန့်တော်မူသည်မှာ “ကျွန်ုပ်ကြွဆင်းလာသည်” ဟူ၍ဖြစ်သည်။ ဘုရားသခင်၏သားတော်သည် ကောင်းကင်ဘုံမှကြွဆင်းလာ၍ ကျွန်ုပ်တို့နှင့်အတူ ရှိနေခဲ့ရ သည်။

“နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။…နှုတ်က ပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့် ၎င်း၊ သစ္စတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူ သည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသောသားတော်၏ဘုန်းကဲ့ သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။” ( ယောဟန် ၁း ၁၊ ၁၄ ) )

“ဘုရားသခင်သည် ကိုယ်ခန္ဒာ၌ပေါ်ထွန်းတော်မူပြီ။” ( ၁ တိ ၃း ၁၆ )

ကနဦးခရစ်ယာန်များသည် ယေရှုအား “ဘုရားတကာတို့၏ဘုရား၊ အလင်း၏အလင်းရှင်၊ စစ်မှန်သောဘုရား၊ ဖန်ဆင်းခံရသောသူမဟုတ်သောဘုရား” ဟု ခေါ်တွင်ခွင့်ကို ရရှိခဲ့ကြ သည်။

ထိုအကြောင်းကို ဆင်ခြင်ကြည့်ပါ။ လူ့စိတ်ထဲတွင် ဝင်ရောက်ခဲ့သမျှသော ဓမ္မအယူ ဝါဒထဲတွင် မှတ်သားဖွယ်ရာအကောင်းဆုံးသောအရာဖြစ်ကြောင်း တွေ့မြင်ရပေလိမ့်မည်။ Spurgeon က ဤသို့ဆိုပါသည်။

ကောင်းစွာ သက်သေပြခြင်းမဟုတ်ပေဘူးလား။ အရာအားလုံးကို ပြည့်စုံစေသူ၊ အရာအားလုံးဖြစ်ခဲ့သူ၊ ဖြစ်စေသူ၊ ဖြစ်လာစေမည့်သူ ဘုန်းကြီးသောသူ၊ အရာအားလုံးကိုသိသူ၊ နေရာတိုင်းတွင်ရှိနေသူ မပြည့်စုံသောအိုးမြေကိုအဝတ်ကို ထင်ရှားစေသောဘုရားသခင် သည် လုံးဝမယုံနိုင်စရာကောင်းသောဘုရားပေတည်း။ သူသည် အရာအားလုံးကို ဖန်ဆင်းထားသည်။ သို့ရာတွင် မိမိကိုယ်ကို၌ ဖန်ဆင်းထားသောအရာထဲသို့ လူ့ဇာတိကိုခံယူရန် သတ်မှတ်ခဲ့ပါ သည်။ ကျွန်ုပ်တို့သခင်၏လူသားဘဝသည် လူ့ပုံရိပ်ကို လုံးဝမ ထင်ဟပ်စေပါ။ “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ကျွန်ုပ် တို့နှင့်အတူရှိသည်။” “ကျွန်ုပ်အား စွဲကိုင်တော်မူပါ။” “ဝိညာဉ် တော်သည် သင်တို့မြင်ရသည့် ကိုယ်ကာယ အသွေးအသားမ ဟုတ်ပါ။” (C. H. Spurgeon, “ဘုရားတရားကိုင်းရှိုင်းခြင်းတွင် ကြီးမားသည့်နက်နဲခြင်း”၊ The Metropolitan Tabernacle Pulpit, Pilgrim Publications, ၁၉၇၉၊ အတွဲ ၂၈၊ စာ- ၆၉၈)

ယေရှုသည် လူ့ဇာတိအားဖြင့် ဘုရားပင်ဖြစ်ပါသည်။ လူ့ဇာတိခံယူသောဘုရားလည်းဖြစ်ပါ သည်။ သုံးပါးတစ်ဆူတွင် ဒုတိယပုဂ္ဂိုလ်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူတော်မူခဲ့ပါ သည်။

ထိုအကြောင်းအရာက ကျွန်ုပ်တို့၏အခြေပြုကျမ်းသည် လူ့ဥာဏ်အားဖြင့် စဉ်းစား တွေးခေါ်လို့မရနိုင်သည့်အရာဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်သည် လူ့ဇာတိခံ ယူမွေးဖွါးခြင်း၌ မိမိကိုယ်သိက္ခာကို သိမ်ငယ်စေခဲ့သည်။ ဘုရားသခင်၏လူ့ဇာတိခံယူခြင်းက လူ့ဥာဏ်မမှီနိုင်သောအရာပင်ဖြစ်ပါသည်။

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ်သောသူ တို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေး ခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ ) )

စကြာဝဠာကြီးတစ်ခုလုံးနှင့်ထိုစကြာဝဠာထဲတွင်ရှိသောအရာတို့ကိုဖန်ဆင်းသော ဖန် ဆင်းရှင်သည် အပြစ်ရှိသောသူတို့အား ၎င်း၏ကျောကိုရိုက်ပုတ်ညှင်းဆဲခွင့်ကို ပြုထားခဲ့ပါ သည်။ ကျွန်ုပ်၏ဘုရားသခင်သည် အပြစ်သားများ၏ မျက်နှာပေါ် တံထွေးထွေးခြင်းကို ခွင့်ပြု ပေးထားခဲ့ပါသည်။ သူတို့သည် ဘုရားသခင်၏မျက်နှာကို ထံတွေးထွေးခဲ့ကြပါသည်။

ယေရှုသည် အဘယ်မျှဒုက္ခခံရသည်ကိုကြည့်ပါ၊
   ကြောက်မက်ဖွယ်အရပ်တွင် စော်ကားခြင်းကို ခံနေရ။
ကြီးမားသောလက်တော်ကို အပြစ်သားများ ချုပ်နှောင်ခဲ့၊
   ဖန်ဆင်းရှင်၏မျက်နှာတော်ကို တံတွေးထွေးခဲ့ကြ။
(“ခံရသောဝေဒနာ” Joseph Hart)

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့၏ပုံသက်သေအဖြစ်ရှုမြင်ပါ။

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ်သောသူ တို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေး ခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ )

ဘုရားသခင်၏အစေခံအနေဖြင့် ယေရှုသည် မိမိ၏ကျောကို ကြာပွတ်နှင့်ရိုက်ရန်၊ ဆံပင်ကို ဆွဲဆုတ်ရန်၊ မျက်နှာကို တံထွေးနှင့်ထွေးရန် အခွင့်ပေးတော်မူခဲ့သည်။ ကောရ တွင် ဖြစ်သကဲ့သို့ သူတို့ကို မြေမျိုစေနိုင်သည်။ သို့မဟုတ် ဧလိယကဲ့သို့ မီးလောင်ကျွမ်းစေနိုင်ပါ သည်။ သို့သော် သူသည် “အသေသတ်ခြင်းငှါ ဆောင်သွားသောသိုးသူငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍ ၊ သိုးသည် အမွှေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကို မဖွင့်ဘဲ” နေ၏။ တမန်တော်ရှင်ပေတရုက အောက်ပါအတိုင်းဆိုသည်။

“အကြောင်းမူကား၊ ထိုသို့အလို့ငှါ သင်တို့ကို ခေါ်တော်မူပြီ။ ခရစ် တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကို လိုက်လျှောက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။ ထိုသခင် သည် ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကို ရှာမတွေ့။ ကဲ့ ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံသောအခါ ခြိမ်း ခြောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကို ကိုယ် အပ်နှံတော်မူ၏။” ( ၁ပေတရု ၂း ၂၁-၂၃ ) )

ကျွန်ုပ်တို့သည် ဘဝအသက်တာနှင့်ပိုင်ဆိုင်ထားသောငွေကြေးများကို ဘုရားသခင် အားပေးအပ်ရန် ဆန္ဒရှိကောင်းရှိနိုင်ပေသည်။ သို့ရာတွင် အလွဲသုံးစားလုပ်ဆောင်သောအချိန် နှင့် အတင်းအဖျင်းစကားများကို ကြားသိရသောအချိန်တွင် နောက်ပြန်ဆုတ်သွားတတ်ကြပါ သည်။ သို့ရာတွင် ယေရှုသည် ရှုတ်ချဝေဖန်ခံရန်ဆန္ဒရှိပြီး မိမိကိုယ်ကို ပြန်လည်ကာကွယ်ခြင်း မပြုဘဲ အဆိုးသွင်းဆုံးသောအပြစ်သားများ၏ ကလိမ်ကကျစ်လူ၏သမုတ်ခြင်းကိုလည်း ခံရ သည်။ မိတ်ဆွေနှင့်ဆွေးမျိုးများက မှားယွင်းသောအယူရှိသူများဟု ကျွန်ုပ်တို့အား သမုတ်ကြ ပြီး ခရစ်ယာန်ဖြစ်ခြင်းကြောင်း မကောင်းကြောင်းကို ပြောကြသောအခါ မည်သို့ပြန်လည်ခြေပ ခဲ့ကြသနည်း။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းမခံမှီညတွင် မှားယွင်း သောသက်သေများက စွဲချက်တင်ကြသောအခါ အဘယ်အရာကိုမျှမပြောဘဲ “တိတ်ဆိတ် စွာ နေသည်” ကို သတိရသင့်ပါသည်။ ( မဿဲ ၂၆း ၆၃) ပိလတ်မင်းသည် သူ့အား “သင့်တဘက် တွင် အဘယ်မျှလောက်လူရှိသည်ကို သိပါရဲ့လား” ဟု စစ်ဆေးမေးမြန်းခဲ့သည်။ ယေရှုက “စကားတခွန်းကိုမျှမြွတ်ဆိုတော်မမူပေ။ သို့ဖြစ်၍ အစိုးရမင်းတို့သည်လည်း အံ့ဩတွေဝေခဲ့ ကြရပါသည်” ဟု မိန့်တော်မူခဲ့သည်။ ( မဿဲ ၂၇း ၁၃-၁၄)

“ခရစ်တော်၏နောက်ဆုံးသွေးဆောင်ဖြားယောင်းမှု” ဟူသော ဘုရားနာမကိုစော်ကား သည့် ရုပ်ရှင်ဇာတ်ကားကို ဆန့်ကျင်ပြောဆိုချိန်အတွင်းတွင် ယေရှုကို ကျွန်ုပ်အကာအကွယ် ပေးသောအခါ ကြီးမားသည့်အခက်အခဲများနှင့်အတူ ဤသင်ခန်းစာကို သင်ယူလေ့လာခဲ့ရပါ သည်။ မှားယွင်းသောသက်သေခံများသည် ကျွန်ုပ်အား အပြစ်တင်ရန် ထွက်ပေါ်လာခဲ့ကြပါ သည်။ သူတို့သည် လုံးဝမှားယွင်းသူများဖြစ်ကြပါသည်။ ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယုဒလူမျိုးများ၊ ယုဒလူမျိုးများ၏အခြေအနေကို ချစ်သည်။ အမြဲတမ်းချစ်လေ့ရှိပါသည်။ သို့ရာ တွင် ယေရှုကိုခုခံဖို့အတွက် ဘဝအသက်တာရှိမိတ်ဆွေသူငယ်ချင်းများက ကျောခိုင်းထွက် သွားလည်း တိတ်ဆိတ်နေလျက် အလွဲသုံးစားပြုမှုများကို သည်းခံရန် သင်ယူလေ့လာခဲ့ရ သည်။ မိမိကိုယ်ပိုင်ခုခံကာကွယ်မှုဖြင့် နှစ်ပေါင်းနှစ်ဆယ်လောက်ရှိခဲ့သည်။ မှားယွင်းသော စွက်စွဲသူများက အသင်းတော်အပေါ် စွက်စွဲမှုများကို အကာအကွယ်လုပ်ဆောင်ရန် ဖော်ပြ ချက်တစ်ခုကို မကြသေးမှီက ထုတ်ပြန်ခဲ့သည်။ ယေရှုက ဤသို့ဆိုထားသည်။

“ဖယ်ရှားနင်ထုတ်၍ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကိုပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြ လော့။ ရွှင်မြူးသောစိတ်နှလုံးနှင့်ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။” ( လုကာ ၆း ၂၂- ၂၃ ) )

ကယ်တင်ရှင်မိန့်တော်မူသော ထိုစကားများသည် ဒုက္ခခံစားရသောအချိန်တွင် ကြီး မားသောနှိမ့်မှုကို ပေးပါသည်။ ယေရှုနာမအဖို့အလို့ငှါ ဤလောကကြီးသည် ကျွန်ုပ်တို့အား စွက်စွဲပြစ်တင်နေရသောအချိန်တွင် မိမိကိုယ်ကို ကာကွယ်သင့်သည်ဟု ကျွန်ုပ်မထင်ပါ။ “နောက်ဆုံးသွေးဆောင်ဖြားယောင်းခြင်း” အတွင်းတွင် လူသားသည်မျက်နှာပေါ်တွင် တံထွေး ထွေးခြင်းကို ခံခဲ့ရပါသည်။ မျက်နှာပေါ်တွင် တံထွေးများစီးကျလျက် ကင်မရာသစ်ရိုက်ကူး သည့်ရှေ့တွင် ကျွန်ုပ်ရပ်နေခဲ့ပါသည်။ ပြန်လည်တုန့်ပြန်ခြင်းမပြုရန် ယေရှုထံက သင်ယူလေ့ လာခဲ့ပါသည်။ အကြောင်းမူကား “အရှက်နှင့်တံထွေးထွေးခြင်းထဲက မျက်နှာလွှဲတော်မမူ” သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ဤလူအပေါ် သနားကြင်နာမှုကို ပြသရန် အကောင်း ဆုံးကြိုးစားအားထုတ်ခဲ့ပါသည်။ သုံးစားမရသောသူပါတကား။ နောက်ပိုင်းတွင် သူသည် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ သူ့နှင့်သူ့မိသားစုအတွက် ကျွန်ုပ်၏ခံစားချက်နှင့်ကျသောမျက် ရည်ကို ဘုရားသခင်သိတော်မူခဲ့သည်။

ကျွန်ုပ်တို့၏အခြေပြုကျမ်းစာနှင့်ပတ်သက်ပြီး တရားဒေသနာတွင် Spurgeon က “သင်တို့သည် လူတို့၏ငြင်းပယ်ခြင်း၊ ပြစ်တင်စော်ကားခြင်းကို ခံခဲ့ရကြသော်လည်း သာ၍၊ သာ၍ နည်းသောသူများဖြစ်လာကြရပါမည်။ အကြောင်းမူကား ၎င်းမှာ ထာဝရဘုန်းအသရေ အဖို့ ပြင်ဆင်ထားသောလမ်းဖြစ်ပါသည်” ဟု ဆိုထားပါသည်။ (“ရှက်ကြောက်ခြင်းနှင့်တံတွေး ထွေးခြင်း”၊ The Metropolitan Tabernacle Pulpit, Pilgrim Publications, ၁၉၇၂၊ အတွဲ ၂၅၊ စာ- ၄၃၁)

လူတို့က အကျွန်ုပ်တို့ကို စော်ကားပြစ်တင်ရပြီး မကောင်းသောနေ့ရက်ကာလတွင် နောက်လိုက် ဖြစ်ခြင်းအတွက် အပြစ်တင်ပြောဆိုကြသောအခါ ယေရှုကို ပုံသက်သေအဖြစ် ထား၍ အသက်ရှင်ကြရန်ဖြစ်သည်။ Spurgeon က ဤသို့ဆိုထားပါသည်။

သင်သည် ထိခိုက်နာကျင်မှုများစွာနှင့်ပြည့်၀နေပါသလား။ ထိုအ ရာအားလုံးကို ခရစ်တော်သိနေတယ်။ အကြောင်းမှာ “ရိုက်နှက် သောသူတို့အား ကျောကိုပေးတော်မူခဲ့သည်။” သင်သည် ဝေဒနာ ခံစားနေရပါသလား။ “အရှက်နှင့်တံတွေးတွေးခြင်းမှ မျက်နှာကို လွှဲတော်မမူပါ။” သင်သည် ရယ်ဖွယ်ကောင်းနေပါသလား။ သင်၏ ဘုရားယုံကြည်ကိုင်းရှိုင်းခြင်းက ကရုဏာမဲ့ရယ်ဖွယ်ဖြစ်နေပါသ လား။ ယေရှုသည် သင့်အား သနားကြင်နာတတ်ပါသည်။ အ ကြောင်းမှာ သူမပါဘဲ မသန့်ရှင်းသောအမှုကို အဘယ်သို့လုပ် ဆောင်ကြသည်ကို သင်သိရှိပါလိမ့်မည်။ သင့်စိတ်နှလုံးကို နာကျင်စေသောအရာတိုင်းတွင် သင့်သခင်သည် သူ့လုပ်ဆောင်ရ မည်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးပါပြီ။.... (Spurgeon, ၎င်း)

ယေရှုအဘယ်မျှလောက်ခံစားလျက်ရပ်နေသည်ကိုကြည့်ပါ၊
   ကြောက်မက်ဖွယ်နေရာတွင် အပြစ်စွဲချက်ခံနေရရှာ။
ကြီးမားသောလက်ဖြင့် အပြစ်သားများကို သူလေချည်နှောင်ထား၊
   ဖန်ဆင်းရှင်မျက်နှာပေါ်တွင် တံတွေးများ စီးကျနေခဲ့။

၃။ တတိယအချက်၊ အပြစ်သားများအတွက် ကိုယ်စားခံအဖြစ် သူ့ကို ရှုမြင်ပါ။

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ်သောသူ တို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့်တံထွေးထွေးခြင်း မှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ ) )

ယေရှုသည် မိမိအပြစ်ကြောင့် ဤသို့သောဝေဒနာမျိုးကို လုံးဝမခံစားခဲ့ရဖူးပါ။ အ ကြောင်းမှာ သူသည် အပြစ်ကင်းစင်သောသူဖြစ်သည်။

“ထိုသူသည် ငါတို့ကျူးလွန်ခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုး ခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။” ( ဟေရှာယ ၅၃း ၅ )

ဟေရှာယ ၅၃ တွင်ဖော်ပြထားသည့်ကျမ်းပိုဒ်က သူ၏နာကျင်ကြေကွဲမှုမျိုးကို ဖော်ပြထားပါ သည်။ သူ၏သေခြင်း၊ အကြောင်းလည်းဖော်ပြထားပါသည်။ ၎င်းမှာ အပြစ်သားများကို ကယ် တင်ရန်ပင်ဖြစ်ပါသည်။ ယေရှုသည် မိမိအပေါ်တွင် အပြစ်ကို တင်တော်မူခဲ့သည်။ သမ္မာကျမ်း စာက ဘုရားသခင်သည် “ငါတို့သည် ဖြောင့်မတ်ခြင်းကို ရမည်အကြောင့် အပြစ်မရှိသောသူ ကို ငါတို့အတွက် ကြောင့် အပြစ်ရှိစေသည်” ဟု ဆိုထားသည်။ (၂ ကော ၅း ၂၁) ယေရှုသည် ဒုက္ခဝေဒနာများစွာကို ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့အပြစ်များ၏ဒဏ်ကိုခံစားရရန် ကျွန်ုပ်တို့ အပြစ်ဝေဒနာကိုခံစားခဲ့ရသည်။ ၎င်းမှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းရမည်အကြောင်းဖြစ်သည်။ အပြစ်သည် အဆိုးဆုံးဖြစ်နိုင်သည့်အရာဖြစ်ပါသည်။ အပြစ်သည် ဒဏ်ခံရမည်ဖြစ်သည်။ ခွဲ ခြားရန်ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် အသေခံစေရန်ဖြစ်သည်။ ယေရှုသည် မိမိအပေါ်တွင် ငါတို့အပြစ်များကိုတင်၍ ကြာပွတ်နှင့်ရိုက်ခြင်းကို ခံရသည်။ တံတွေးထွေးခြင်းကိုလည်း ခံရ သည်။ အရှက်တကွဲအကျိုးနည်းလည်းခံရပါသည်။ အပြစ်နှင့်ပတ်သက်ပြီး ဘုရားသခင်၏အ ယူအဆကို သိလိုလျှင် သားတော်ကိုကြည့်ပါ။ လက်ဝါးကပ်တိုင်၌ သံမှုရိုက်ခံရမှုကိုကြည့်ပါ။ ပါးပြင်၊ မျက်နှာပေါ်တွင် စစ်သားများက ရိုက်ထားသည်ကို ကြည့်ပါ။ သင်နှင့်ကျွန်ုပ်အဖို့ အပြစ် အခပေးဆပ်နေရခြင်းပင်ဖြစ်ပါသည်။ သင်နှင့်ကျွန်ုပ်သည် အပြစ်အတွက် ကားတိုင်ပေါ်တွင် ကျိန်လုံးနှင့်ရိုက်ခံရလျှင် အံ့ဩစရာရှိမည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့အပြစ်ကို ခံသောသူ မှာ သားတော်ဘုရားပင်ဖြစ်ပါသည်။ ယေရှုသည် ကျွန်ုပ်တို့နေရာကို အစားထိုးပြီး “ထာဝရဘု ရားသည် သူ့ကိုနှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသောယဇ် ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်” (ဟေရှာယ ၅၃း ၁၀ )ဟု မိန့်တော်မူခဲ့ သည်။ မှတ်ယူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များကို ယေရှုအပေါ်တွင်သာတင်ထားခံရသော် လည်း လက်ဝါးကပ်တိုင်တွင် ပေးဆပ်ခြင်းမပြုမှီအချိန်တွင် သူ့အား နက်နဲစွာ ထိခိုက်နာကျင် စေမှုကို ဖြစ်စေပါသည်။

ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုက်က “ရိုက်သောသူတို့အား ငါ့ကျောကိုပေး၏” ဟူ၍ ဆိုထားသည်။ ယေရှုသည် ရိုက်ပုတ်သောသူ၊ မျက်နှာကို တံတွေး ထွေးသောသူ၊ ညှင်း ဆင်းသောသူတို့အား မိမိကိုယ်ကို ဆန္ဒအလျောက်ပေး အပ်ခဲ့သည်။ သူသည် လက်ဝါးကပ် တိုင်တွင် အသေခံရန် မိမိကိုယ်ကို ပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့အပြစ်ကြောင့် အဘယ်သူမျှ ထိ ခိုက်နာကျင်စေခြင်းမပြုနိုင်ပါ။ အလိုဆန္ဒရှိသည်အလျောက် အသေခံခဲ့ခြင်းဖြစ်ပါသည်။ ဘုရား သခင်၏သားတော်သည် ကျွန်ု္ပ်တို့အတွက် အပြစ်ဒဏ်ကို ကိုယ်စားခံရန်အတွင် ကျိန်ခြင်းကို ခံခဲ့သည်။ သို့မှသာ ဘုရားသခင်၏အပြစ်လွှတ်ခြင်းနှင့်မျက်မှောက်တော်၌ ဖြောင့်မတ်သောသူ အဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

သင်သည် ဤအကြောင်းအရာကိုကြားပြီး မအံ့ဩဘဲ နေနိုင်ပါသလား။ ဘုရားသခင် ၏သားတော်ရိုက်နှိက်ခြင်းခံရသည်ကိုလည်းကောင်း၊ တံတွေးဖြင့်ထွေးခြင်းသည်ကိုလည်း ကောင်းသတိရပြီး အံ့ဩခြင်း၊ ကြောက်လန့်ခြင်း၊ နှင့်ချီးမွမ်းခြင်းများ မရှိပေဘူးလား။ ကောင်း ကင်ကို တိမ်ဖြင့်ဖုန်းအုပ်သောသူသည် ရှက်ကြောက်ခြင်းနှင့်တံတွေးထွေးခြင်းများမှာ မိမိမျက် နှာကို မဖုံးအုပ်နိုင်ပါ။ တောင်များ၏ကျောကို ဖန်ဆင်းပေးသောသူ၊ နောက်ကျောကို ကြာပတ် နှင့်ရိုက်ထားခြင်းမှ မကာကွယ်ပေးနိုင်ပါ။ အတူတကွဆုတ်ကိုင်သော ခါးပန်းကိုဖြင့် စကြာဝဠာ ကို ချုပ်နှောင်ထားသောသူသည် မိမိကိုယ်တိုင်ဖန်ဆင်းထားသောလူတို့အားဖြင့် ကြိုးကို ဖြေ လျှော့ခဲ့ပါသည်။ ကောင်းကင်ဘုံတွင်ရှိသောကောင်းကင်တမန်တို့သည် ချီးမွမ်းခြင်းအသံကို ပေးကြသောအခါ သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုဖြင့် ရိုက်ထားခြင်းခံရသည်မှာ ဖြစ် နိုင်ဖွယ်ရာရှိဟန်တူပါသလား။ သံမှုစွဲသောလက်များ၊ ခြေဖဝါးများသည် အဘယ့်ကြောင့် ထာဝရကာလ ဒဏ်ရာများစွဲထင်နေမည်နည်းဟူသည်ကို တွေးမိသည်။ အကြောင်းမှာ သူ့အား ကောင်းကင်ဘုံတွင် မြင်တွေ့ခွင့်ရကြသောအခါ ကျွန်ု္ပ်တို့အဖို့ သူလုပ်ဆောင်ပေးခဲ့ သောအရာကို အောက်မေ့နှလုံးသွင်း၍ နေနေရန်ဖြစ်သည်။ သန့်ရှင်းသောမျက်နှာပေါ်တွင် တံတွေးများ စီးကျလာသောအချိန်တွင် အပြစ်သားဆွဲနှုတ်ထားသော မုတ်ဆိတ်မွှေးကို သတိ မရဘဲ ဘုန်းတောင်ရောင်ခြည်ထွန်းပြောင်သော မျက်နှာတော်ကို အဘယ်သို့ရှုမြင်နိုင်မည် နည်း။

ယေရှုအဘယ်မျှလောက်ခံစားလျက်ရပ်နေသည်ကိုကြည့်ပါ၊
   ကြောက်မက်ဖွယ်နေရာတွင် အပြစ်စွဲချက်ခံနေရရှာ။
ကြီးမားသောလက်ဖြင့် အပြစ်သားများကို သူလေချည်နှောင်ထား၊
   ဖန်ဆင်းရှင်မျက်နှာပေါ်တွင် တံတွေးများ စီးကျနေခဲ့။

သူ့မျက်နှာတော်။ ကောင်းကင်တမန်များကို အဘယ့်ကြောင့် တံတွေးမထွေးကြသ နည်း။ သူ့မျက်နှာမှတပါး အခြားနေရာတွင် တံတွေးထွေးရန် ရေရာမရှိတော့ဘူးလား။ သူ့ မျက်နှာ၊ဘုရားသခင် မစမူပါ။ သူ့မျက်နှာ။ ယေရှု၏ သန့်ရှင်းသောမျက်နှာပေါ်တွင် တံတွေး ထွေးကြပါသည်။ စပါဂျွန်က “လူကို လုံးဝမဖန်ဆင်းဘူးလို့ သို့မဟုတ် ထိုသို့သော မကောင်းမှု တွေထဲတွင် အသက်ရှင်နေမည့်အစား ဘာမျှမဟုတ်သည့်အခြေအနေတွင် လှည်းကျင်းခဲ့လျှင် ပိုသဘောကျလိမ့်မည်” ဟုဆိုသည်။ (၎င်း) ဘုရားသခင် မစမူပါ။ သူတို့သည် ကယ်တင်ရှင်၏ မျက်နှာပေါ်တွင် တံတွေးထွေးကြသည်။

သင်သည် ပျောက်ဆုံးနေသောသူဖြစ်လျှင် သူ့အား ယခုအားကိုးယုံကြည်ရန် တောင် လျှောက်ပါ၏။ သင်သည် ထိုသို့ကိုးစားလျှင် သင့်အပြစ်များ အဆုံးသတ်သွားပေမည်။ အ ကြောင်းမှာ သင့်အပြစ်များကို သူလေသယ်ဆောင်ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် ရှက်ခြင်းများ လည်း ယူဆောင်သွားခဲ့သည်။ သင့်အပြစ် ဖယ်ရှားခံရပြီ။ အကြောင်းမှာ ယေရှုသည် ၎င်းတို့ ကို သယ်ဆောင်ပြီး နောက်ကျော၊ ပါးပြင်၊ မျက်နှာတွင် ဒဏ်ရာများနှင့် လက်တော်နှင့်ခြေ တော်တို့တွင် ဝေဒနာကို ရရှိခဲ့သည်။ ယုံကြည်ကိုးစားပါ။ အပြစ်အလုံးစုံကို ဖယ်ရှားပေးမူမည်။ သင်သည် ကယ်တင်ခြင်း၊ ဖြောင့်မတ်ခြင်းကို သူ့မေတ္တာဖြင့် ထာဝရကာလတိုင် ခံစားရပေ မည်။ သီချင်းနံပါ ခြောက် ဒေါက်တာ John R. Rice ရေးသားသော “သက်စမ်းရေ” ကို အားလုံးမတ်တပ်ရပ်ပြီး သီဆိုကြပါစို့။

တိုင်းတာမရနိုင်သော ချစ်မေတ္တာအကြောင်း ပြောရန်ရှိသည်။
   အပြစ်သားများ အပြစ်မှ လွတ်ငြိမ်းစေသောအရာ၊
ယေရှုဝေဒနာခံရသည်ဖြစ်၍၊ လွတ်မြောက်ခြင်းအမှန်ရှိပါသည်။
   ကာရနီသစ်တိုင်မှာ ရန်ငြိမ်းခြင်းအမှု ပြီးစီးခဲ့ပြီ၊
သနားခြင်းကရုဏာရေစမ်းစီးဆင်းခဲ့ပြီလေ။
   လူတို့၏ကယ်တင်ရှင်အထံတော်ပါးမှလေ၊
ကျွန်ုပ်တို့အားရွေးနှုတ်ရန် မြတ်သောအသွေးစီးဆင်းခဲ့လေသည်။
အပြစ်သားတိုင်းအတွက် ကျေးဇူးတော်နှင့်အပြစ်လွှတ်ခြင်းတရားတွေ။
(“မေတ္တာသက်စမ်းရေ” ဒေါက်တာ John R. Rice, ၁၈၉၅-၁၉၈၀ )ရေးစပ်သည်။

ယေရှုခရစ်ကို ယနေ့ည ယုံကြည်ကိုးစားရန် ဆုတောင်းပဌနာပြုပါ၏။ သင့်အပြစ်မှ အသွေးတော်အားဖြင့် ဆေးကြောပေးလိမ့်မည်။ ယခုကိုးစားပါ၊ အချိန်တိုင်း ကယ်တင်ခြင်းရရှိ လိမ့်မည်။ ထာဝရကာလတိုင်အောင် ရရှိပေမည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ဒေါက်တာ Kreighton L. Chan က ကျမ်းစာဖတ်ကြားသည်။လုကာ ၁၈း ၃၁-၃၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“ကာရနီသို့ပို့ဆောင်ပါ"၊ (Jennie Evelyn Hussey , ၁၈၇၄-၁၉၅၈ ရေးစပ်သည်။


အခှပှေုကမွှး

ကြာပွတ်နှင့်ရိုက်ခြင်း၊ အရှက်တကွဲဖြစ်ခြင်းနှင့်တံတွေးထွေးခြင်းအကျဉ်းချုပ်

THE SCOURGING, SHAME AND SPITTING

Dr. R. L. Hymers, Jr.

“ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နားပန်းဆံကို နှုတ် သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” ( ဟေရှာယ ၅၀း ၆ )

( တမန် ၈း ၃၄၊ လုကာ ၁၈း ၃၁-၃၃၊ မာကု ၁၅း ၁၇-၁၉ )

၁။    ပထမအချက်၊ သူ့အား လူ့ဇာတိခံယူသောဘုရားအဖြစ်ရှုမြင်ပါ။ ဟေရှာယ ၅၀း ၂၊ ယောဟန် ၁း ၁၊ ၁၄၊ ၁ တိ ၃း ၁၆။

၂။   ဒုတိယအချက်၊ ကျွန်ုပ်တို့၏ပုံသက်သေအဖြစ်ရှုမြင်ပါ။ ဟေရှာ ၅၃း ၇၊ ၁ပေ ၂း ၂၁-၂၃၊ မဿဲ ၂၆း ၆၃၊ ၂၇း ၁၃-၁၄၊ လုကာ ၆း၂၂-၂၃။

၃။  တတိယအချက်၊ အပြစ်သားများအတွက် ကိုယ်စားခံအဖြစ် သူ့ကို ရှုမြင်ပါ။ ဟေရှာယ ၅၃း ၅၊ ၂ ကော ၅း ၂၁၊ ဟေရှာယ ၅၃း ၁၀။