Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သင်တို့သည် ဤလောက၏ဆား၊
ဤလောက၏အလင်းဖြစ်ကြ၏။

YOU ARE THE SALT OF THE EARTH
AND THE LIGHT OF THE WORLD!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဖေဖော်ဝါရီလ ( ၂၆ ) ရက်နေ့ သခင်ဘုရားနေ့ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, February 26, 2017

“သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား အငန်ကင်း ပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသိုးမျှမဝင်။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မ ကွယ်နိုင်။ ဆီမီးထွန်း၍ တောင်ဖလားအောက၌ ဖုံးထားလေ့မရှိပါ။ အိမ် သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်း သောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။” ( မဿဲ ၅း ၁၃-၁၆ ) )


“သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား အငန်ကင်း ပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသိုးမျှမဝင်။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မ ကွယ်နိုင်။ ဆီမီးထွန်း၍ တောင်ဖလားအောက၌ ဖုံးထားလေ့မရှိပါ။ အိမ် သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်း သောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။” ( မဿဲ ၅း ၁၃-၁၆ ) )

ယေရှုသည် ဂါလိလဲပင်လယ်ကမ်းနားတွင် လျှောက်သွားခဲ့သည်။ သူသည် ပေတရု နှင့်၎င်း၏ညီအိန္ဒြေကို တွေ့ခဲ့သည်။ သူတို့သည် တငါသည်များဖြစ်ကြ၍ ပိုက်ကွန်ကို ပစ်နေခဲ့ ကြသည်။ “ငါ့နောက်သို့လိုက်လော့၊ လူကိုမျှားသောတံငါဖြစ်စေမည်” ဟု သူတို့အား မိန့်တော် မူခဲ့သည်။ သူတို့သည် ချက်ချင်းပင် သူတို့ပိုက်ကွန်ကို ထားရစ်ခဲ့ပြီး နောက်တော်သို့လိုက်ခဲ့ကြ ပါသည်။ အတန်ကြာလျှောက်သွားပြီးနောက်တွင် ယာကုပ်နှင့်ယောဟန်ညီအစ်ကို နှစ် ယောက်ကို တွေ့ခဲ့ကြသည်။ သူတို့သည် ငါးဖမ်းရန် ပိုက်ကွန်ကို ပြင်ဆင်နေကြသည်။ သူတို့ အား နောက်တော်သို့လိုက်ရန် ခေါ်ဖိတ်သောအခါ သူတို့သည် သင်္ဘောကိုထားရစ်ခဲ့ပြီး ပိုက် ကွန်ကို ထားရစ်ခဲ့ပါသည်။ သူတို့မြင်တွေ့ခဲ့သည့် ယေရှု၏လုပ်ဆောင်ချက်များသည် အလွန် စိတ်လှုပ်ရှားစရာပင်ဖြစ်ရမည်။ ယေရှုသည် သူတို့အလယ်တွင် နာမကျန်းမှုပေါင်းမျိုးစုံကို တရားဟောပြီး ကျန်းမာစေသည်။ လူအုပ်ကြီးက သူ့နောက်သို့လိုက်ခဲ့ကြသည်။ လူအုပ်ကြီး သည် သူ့နောက်သို့လိုက်နေသည်ကို မြင်သောအခါ သူသည် တောင်ပေါ်သို့တက်ခဲ့သည်။ သူထိုင်ချလိုက်သောအခါ တပည့်တော်များသည် အနားသို့ချဉ်းကပ်ကြသည်။ ထို့နောက် ယေရှုက တပည့်တော်များကို စတင်၍ သွန်သင်ခဲ့သည်။ မင်္ဂလာတရားတော်အကြောင်းကို ပေးခဲ့သည်။ ယေရှုက တပည့်တော်များအား စတင်သွန်သင်ခဲ့သည်။ မင်္ဂလာတရားတော်အ ကြောင်းကို သွန်သင်ခဲ့ပါသည်။ သူတို့က စစ်မှန်သောခရစ်ယာန်တစ်ယောက်၏ အတွင်းပိုင်း အရည်အသွေးကို ဖော်ပြပြီး အနာဂတ်တွင်ရရှိမည့်ကောင်းကြီးမင်္ဂလာအကြောင်းကို သွန်သင် ခဲ့ပါသည်။ ထို့နောက် တပည့်တော်များအား ဤလောက၏ဆား၊ ဤလောက၏အလင်းဖြစ် ကြောင်းမိန့်ဆိုခဲ့သည်။ ယေရှုက တပည့်တော်များအား မိန့်ဆိုထားသောစကားမှာ စစ်မှန် သောခရစ်ယာန်တိုင်းအတွက် မှန်ကန်လျက်ရှိသေးသောအကြောင်းအရာပင်ဖြစ်ပါသည်။

“သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား အငန် ကင်း ပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန် မည် နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသိုးမျှ မဝင်။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ် ၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်ဖလား အောက်၌ ဖုံးထားလေ့မရှိပါ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်း တူ၊ သူတပါးတို့သည် သင်တို့၏ ကောင်း သောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြ လော့။” ( မဿဲ ၅း ၁၃-၁၆ ) )

၁။ ပထမအချက်၊ သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။

ယေရှုက “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏” ဟု မိန့်ဆိုခဲ့သည်။ ထိုကာ လတွင် ဆားကို အဓိကအသုံးပြုရာတွင် ထိန်းသမ်းမှုတစ်ခုအဖြစ် အသုံးပြုလေ့ရှိခဲ့ကြသည်။ ဆားကို အသားပေါ်တွင် ထားသောအခါ ရေခဲသေတ္တာမလိုဘဲ လပေါင်းများစွာ ထိန်းသိမ်း ထားနိုင်သည်။ ဆားသည် ပျက်စီးခြင်းမှ ၎င်းကို ထိန်းသိမ်းထားပါသည်။ အာဒံသည် ပြစ်မှား သောအခါ သေခြင်းကိုဖြစ်စေပြီး ၎င်းက ကမ္ဘာကြီးကို ပျက်စီးယိုယွင်းစေပါသည်။ လူသားတို့ သည် ပထမဆုံးအပြစ်သားဖြစ်သော အာဒံထံက သေခြင်းကို အမွေခံကြရပါသည်။ ခရစ်တော် မှတပါး ထိုသေခြင်းကို မဆီးတားနိုင်ပါ။ သူသည် တပည့်တော်များအား သူတို့သည် ဆားဖြစ် ကြောင်း ပျက်စီးခြင်းနှင့်သေခြင်းတရားထဲက လူတို့အား ထိန်းသိမ်းရန် ဆားဖြစ်ကြောင်း မိန့် တော်မူခဲ့သည်။ တမန်တော် ယာကုပ် “ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှပြန်စေသော သူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏” ဟု ဆိုခဲ့ သည်။ (ယာကုပ် ၅း ၂၀)

သင်လုပ်ဆောင်သော ဧဝံဂေလိလုပ်ငန်းနှင့်ဆုတောင်းခြင်းသည် တန်ဖိုးမရှိလိုဖြစ် ကောင်းဖြစ်နိုင်လေသည်။ သို့ရာတွင် ၎င်းမှာ သင့်အား နတ်ဆိုးပြောဆိုသောအရာဖြစ်ပါသည်။ ဧဝံဂေလိလုပ်ငန်းကိုလုပ်ဆောင်လျက် အပြစ်သားတို့အား ခရစ်တော်ထံသို့ပို့ဆောင်သောသူ သည် မြေကြီးပေါ်တွင် အရေးအပါဆုံးသောသူဖြစ်ပါသည်။ သင်တို့သည် ဤလောက၏ဆား ဖြစ်ကြသည်။ သင်သည် မြေကြီးပေါ်တွင် အရေးအပါဆုံးသောအလုပ်ကို လုပ်ဆောင်နေခြင်း လည်းဖြစ်ပါသည်။ သင်သည် အရေးအပါဆုံးသောသူဖြစ်သည်ဟု မစဉ်းစားမိလျှင် လူငယ် လေးတစ်ဦး၏ပြောစကားဖြစ်သည့် “ကျွန်ုပ်သည် အလွန်အမင်းမုန်းတီးစိတ်တွေနှင့်ဘုရား ကျောင်းသို့လာခဲ့သည်။ ၎င်းမှာ မှားယွင်းမှုတစ်ခုဖြစ်ပါသည်။ မိတ်ဆွေများ၊ သူငယ်ချင်းမိသား စုများစွာက ကျွန်ုပ်အား ချန်ရစ်ထားခဲ့ကြပါသည်။ ပတ်ဝန်းကျင်ကမ္ဘာကြီးက ကျွန်ုပ်အား ရီမော နေသည်ဟု ထင်မိသည်။ အသက်ရှင်ဖို့ အကြောင်းပြချက် လုံးဝမရှိတော့ပါ။ တစ်ခုခုကိုလုပ် ဆောင်ဖို့ အကြောင်းပြချက်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သောမှားယွင်းပျက်စီးမှုမျိုး လုံးဝမရှိပါ။ တခါတရံ မမွေးခဲ့ရင်ကောင်းသားဟုပင် ထင်မိသည်။ မိမိကိုယ်ကို သတ်သေချင် လောက်အောင်ပင် ဖြစ်ခဲ့မိသည်။ ကျွန်ုပ်သည် စိတ်ရှုပ်ထွေးလျက် ဘုရားကိုပင် မယုံနိုင်ပေ” ဟု ဆိုခဲ့ပါသည်။

အသင်းတော်တွင်ရှိသော လူတစ်ဦးက ဧဝံဂေလိတရားကို ကြားသိရန် ထိုသူငယ်ကို ခေါ်လာခဲ့သည်။ သူ့ကိုရဖို့ သင်မသွားလျှင် သူသည် ခရစ်တော်ကို ဘယ်တော့မှ သိလာမည် မဟုတ်ပါ။ သင်တို့တွင် အဘယ်သူက ခေါ်ဆောင်လာကြောင်း ကျွန်ုပ်မမှတ်မိပါ။ အသေးစိတ် ကို ကျွန်ုပ်မသိပါ။ သင်တို့တွင် တစ်ဦးဦးက ခေါ်ဆောင်လာခြင်းပင်ဖြစ်ပါသည်။ သင်တို့တွင် အခြားသူများသည် ကျွန်ုပ်တို့အသင်းတော်အိမ်တွင် ခံစားစေသည်။ ထိုလူငယ်၏ဘဝအသက် တာကို ကယ်တင်ဖို့ သင်တို့အား ဘုရားသခင်အသုံးတော်ပြုနိုင်ပါသည်။ သူ့စိတ်ဝိညာဉ်ကို ငရဲမှကယ်တင်ရန် ပျက်စီးခြင်း၊ မျှော်လင့်မဲ့ခြင်းမှကယ်တင်ရန် ဘုရားသခင်က သင့်ကို အသုံး ပြုခဲ့ပါသည်။ ထို့ကြောင့် ယေရှုက “ သင်တို့သည် ဤလောက၏ဆားဖြစ်ကြသည်” ဟု မိန့် တော်မူခဲ့သည်။ သင်တို့မရှိလျှင် သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်မည်မဟုတ်ပါ။

သို့ရာတွင် ယနေ့တွင် အသင်းတော်များသည် သူ့ကို အကူအညီမပေးနိုင်ကြတော့ပါ။ ကျွန်ုပ်တို့အသင်းတော်များသည် မှားယွင်းသောအခြေအနေထဲတွင် ကြောက်မက်ဘွယ်ရာအ ခြေအနေထဲ ရှိနေပါသည်။ ဒေါက်တာ Carl F. H. Henry (၁၉၁၃-၂၀၀၃) သည် လူသိများ သော ဓမ္မပညာရှင်များဖြစ်ကြပါသည်။ သူရေးသားခဲ့သော နောက်ဆုံးစာအုပ်ထဲက တစ်အုပ် မှာ ယဉ်ကျေးမှု၏နေဝင်ဆည်းဆာ၊ နယူမှားယွင်းဝါဒတို့၏အကြမ်းဖျည်းသဘော ဟူသောစာ အုပ်ပင်ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့အသင်းတော်အများစုသည် မှားယွင်းသောအရာများရှိပါ သည်ဟု ဆိုသည်။ သူက ဆက်လက်၍ “ခရစ်ယာန်အဖွဲ့အစည်းအပေါ်တွင် အမှန်အတိုင်းမြင် စေခြင်းသည် မြည်ဟိန်းခြင်းဖြစ်သည်။ ၎င်းကို အသင်းတော်တက်ရောက်သူများတွင် တွေ့မြင် ရပါသည်။ ရိုင်းစိုင်းသူများသည် ပျက်စီးယိုယွင်းနေသောယဉ်ကျေးမှုတစ်ခုမြေမှုန့်အဖို့ ရုန်းကန် လှုပ်ရှားနေသည်။ မစွမ်းဆောင်နိုင်သောအသင်းတော်၏အရိပ်တွင် ပျက်စီးယိုယွင်းသည်” (စာ-၁၇) တွင် ဆိုပါသည်။ သူဆိုသောအရာသည် လက်ခံဖွယ်ရာရှိသည်။ အခြားအသင်း တော်များတွင်တော့ မသိပါ။ ကျွန်ုပ်တို့၏ လော့အိန်ဂျယ်တွင် လူငယ်များကို ဧဝံဂေလိတရား လုပ်ဆောင်လျက်ရှိကြပါသည်။ တောင်းပိုင်းနှစ်ခြင်းအသင်းတော်သည် ယခုတွင် ၎င်း၏အ သင်းသား လေးပုံတစ်ပုံလောက်ကို ဆုံးရှုံးခဲ့ပါသည်။ အခြားမည်သည့်အသင်းတော်များလည်း ပိုမိုကောင်းမွန်သည်ဟု မဆိုသာပေ။ ပထမတွင် သူတို့သည် ဆုတောင်းခြင်းအစီအစဉ်ကို ပိတ် ကြသည်။ တနင်္ဂနွေနေ့ ညနေပိုင်းအစီအစဉ်ကို လည်း ပိတ်ကြသည်။ တနင်္ဂနွေနံနက်ပိုင်း လည်း တဖြေးဖြေးယုတ်လျှော့လာသည်။ ယေရှုက “ဆားသည် အငံပျောက်လျှင် ငံသောအရ သာကို အဘယ်သို့ပြန်ရနိုင်မည်နည်း။ အဘယ်အရာအတွက်မျှ အသုံးမဝင်ပါ။ လွှတ်ပစ်လျှင် လူတို့၏ကျော်နင်းခြင်းမှတပါး အကျိုးမရှိ” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၅း ၁၃၊ KJV, NASV) ဒေါက်တာ Henry ပြောသကဲ့သို့ အသင်းတော်များသည် မစွမ်းဆောင်နိုင်ကြတော့ပါ။ လူငယ် များကိုလည်း မပြောင်းလဲစေနိုင်တော့ပါ။ အမှန်တရားဟူသည်မှာ အဘယ်နည်း။ ဆားသည် မိမိ၏ငံသောအရသာကို ဆုံးရှုံးသည်။ တစ်ပိုဒ်ချင်းသမ္မာကျမ်းစာသင်ကြားပေးခြင်းက သေနေ သောအသင်းတော်များကို မကုသနိုင်ပါ။ ညင်သာသောသင်ကြားမှုကလည်း အသက်ကို ပြန် လည်တည်ဆောက်ခြင်းရှိနိုင်မည်မဟုတ်ပါ။ ခိုင်မာသောဧဝံဂေလိတရားဟောကြားခြင်းကသာ လျှင် လုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဆားကဲ့သို့ငံသောအရသာရှိသည့်တရားဟော ချက်ကို အလိုအပ်သည်။ အပြစ်၊ငရဲ တို့အကြောင်း ဟောပြောသည့် တရားဒေသနာလိုအပ် သည်။ ယေရှုခရစ်၏အသွေးတော်အကြောင်းသွန်သင်သည့် သွန်သင်ချက်လိုအပ်သည်။ ဝိညာဉ်ရိတ်သိမ်းခြင်းအကြောင်း သင်ကြားပေးသည့် သွန်သင်ချက်လည်း လိုအပ်ပါသည်။ ဝိညာဉ်ရိတ်သိမ်းခြင်းကသာလျှင် အသင်းတော်၌ “ဆား” ကဲ့သို့ငန်သောအသက်တာကို ဖြစ် စေမည်။ ခိုင်မာသည့် ဆုတောင်းခြင်းကသာလျှင် အသင်းတော်တွင် “ဆား” ကဲ့သို့ထိန်းသိမ်း နိုင်ပါသည်။ ဒေါက်တာ John R. Rice က “အားလုံး၏ကြိုးစားအားထုတ်မှုကသာလျှင် ဓမ္မသစ်ဝိညာဉ်ရိတ်သိမ်းခြင်း” ကိုဖြစ်စေသည်ဟုဆိုရာတွင် အလွန်ပင် မှန်ကန်မှုရှိပါသည်။ (ကျွန်ုပ်တို့အသင်းတော်က ဝိညာဉ်မရိတ်သိမ်းသည့်အကြောင်းရင်းများ၊ -စာ- ၁၄၉)

ကျွန်ုပ်တို့အသင်းတော်ကို မသေစေလိုလျှင်၊ ကျွန်ု့တို့သည် ဆက်လက်လုပ်ဆောင်ပြီး ဆုတောင်းရမည်။ ပျောက်ဆုံးသောလူငယ်များ ဧဝံဂေလိတရားဝေငှလက် ပြန်လည်ခေါ် ဆောင်ရန် ဖြစ်နိုင်သည့် နည်းလမ်းတိုင်းကို အသုံးပြုရပါသည်။ ယေရှုက “မြို့ပြင်၊ လမ်းမ၊ ခြံ နားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့” (လုကာ ၁၄း ၂၃) ဟု မိန့်ဆိုသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရိတ်သိမ်းခြင်းကို အသင်းတော်တွင် ပထမဦးစားပေး လုပ်ငန်းအဖြစ် လုပ်ဆောင်ရမည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့အသင်းတော်သည် ၎င်း၏အ သက်တာကို ထိန်းသိမ်းသည့် “ဆား” ကို ဆုံးရှုံးသွားကြလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုသို့လုပ် ဆောင်ရန် ပျက်ကွက်ခဲ့လျှင် အသင်းတော်သည် “ဘာမျှ အသုံးဝင်လာမည်မဟုတ်။ စွန့်ပစ် ခြင်းသာ ခံလာရမည်ဖြစ်သည်။ လူတို့၏ကျော်နင်းခြင်းသာလျှင် ခံရကြမည်ဖြစ်သည်။ (မဿဲ ၅း ၁၃) မိမိအသင်းတော်ကို မသေခိုင်းပါနှင့်။ သွား၍ ယေရှုခရစ်အကြောင်းကြားပြီးကယ်တင် ခြင်းအကြောင်းကြားသိရမည်အကြောင်း အပြစ်သားများကို ခေါ်ယူပါ။

၂။ ဒုတိယအချက်၊ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။

ယေရှုက “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ ထောင်ထိပ်တွင် တည် သောမြို့ကို မဖုံးအုပ်နိုင်” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၅း ၁၄) ဒေါက်တာ Lloyd-Jones က “ဖော်ပြချက်၏တွန်းအားမှာ သင်တို့၊ သင်တို့သာလျှင် လောက၏အလင်းဖြစ်ကြသည်။ “သင်” ဟူသည်မှာ အလေးအနက်ထားခြင်းဖြစ်လျက် အကြံပေးစကားသားလျှင်ဖြစ်သည်။ လက်တွေ့ အသုံးချထားသောအရာရှိသည်။ ၎င်းပထမအချက်မှာ လောကသည် မှောင်မိုက်အတိဖြစ် သည်” ဟုဆိုသည်။ (တောင်ပေါ်ဒေသနာ၊ စာ-၁၃၉) မြေကြီးသည် ယနေ့ညတွင် စိတ်ပျက် ဖွယ်ရာအတိဖြင့် ဖုံးအုပ်ထားသောနေရာဖြစ်ပါသည်။ ယေရှုက စစ်မှန်သောခရစ်ယာန်များသာ မှောင်မိုက်ထဲက မည်သို့လွတ်မြောက်နိုင်ကြောင်းကို အခြားသူများအား ပြသနိုင်သည်။ ဤမြေ ကြီးပေါ်တွင် အလင်းလုံးဝမရှိတော့ပါ။ တစ်ခုတည်းသောအလင်းသည် စစ်မှန်သောခရစ်ယာန် များနှင့်ငါတို့ကဲ့သို့သော အသင်းတော်များထံကလာသည်။ ယေရှုသည် တပည့်တော်စုလေးကို ကြည့်ရှုခဲ့သည်။ သူတို့အား မိန့်တော်မှုခဲ့သည်မှာ “သင်နှင့်သင်တစ်ပါးတည်းသာလျှင် ဤ လောက၏အလင်းဖြစ်၏” ဟု ဆိုခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ သာဓကများရှိပါ သည်။

သင်တို့ခေါ်လာသောလူငယ်လေးတစ်ယောက်က “အသက်ရှင်ဖို့အကြောင်းတရားမရှိ သကဲ့သို့ဖြစ်သည်။ တခါတရံ မမွေးခဲ့ဖို့တောင်မျှော်လင့်မိသည်။ တခါတရံ ကိုယ့်ကိုယ်ကိုသတ် သေဖို့တော် စိတ်ကူးမိသေးသည်။ ဒေါက်တာ Hymers က ကျွန်ု္ပ်အား ဘုရားသခင် ကျွန်ုပ်ကို ချစ်မချစ်မေးခဲ့သည်။ ကျွန်ုပ်က “ချစ်ပါသည်” ဟု အလျှင်အမြန်ဖြေခဲ့ပါသည်။ သို့ရာတွင် Hymers က နောက်တစ်ခါမေးခဲ့သည်။ ကျွန်ုပ်က ရုတ်တရက်ပါဘဲ “မချစ်ပါ” ဟုပြန်ဖြေကာ မျက်ရည်များစီးကျလာခဲ့ပါသည်။ ထို့နောက် ဒေါက်တာ Hymers က ယေရှုကို တကယ်ယုံ ကြည်လက်ခံခြင်းရှိမရှိ မေးခဲ့သည်။ ကျွန်ုပ်မဖြေနိုင်တော့ပါ။ ကျွန်ုပ်ပြုသောဒုစရိုက်တွေကို အရှုံးပေးဖို့ ကျွန်ုပ်ကြောက်ရွံ့နေခဲ့သည်။ နောက်အပတ်များတွင် မိမိအပြစ်များကို အလေးအ နက်ထားစဉ်းစားလာသည်။ မိမိကိုယ်ကို အိမ်သာခန်းထဲတွင်သော့ခတ်ပြီး ငိုကြွေးခဲ့ပါသည်။ ထိုစဉ် ပြုမိသောအပြစ်များအကြောင်းကို စဉ်းစားလာမိပါသည်။ ကျွန်ုပ်သည် ကျောင်းတွင်ရှိ နေစဉ် သို့မဟုတ် အလုပ်တွင်ရှိနေစဉ် လုပ်ဆောင်သောအပြစ်သည် ကျွန်ုပ်အား မထားခဲ့ပါ။ တနင်္ဂနွေနေ့ရောက်လာသောအခါ အားလုံးကို စွန့်လွှတ်ထားသည်။ အားလုံးကို ခရစ်တော်အ ဖို့ စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေသည်။ ကျွန်ုပ်သည် ဒေါက်တာ Hymers နှင့်တွေ့ပြီး ယေရှုကို ကိုးစားခဲ့ပါသည်။ ယေရှုကို ယုံကြည်ခြင်းတစ်ခုတည်းဖြင့် ကိုးစားခဲ့ပါသည်။ ထိုနေ့တွင် ဖော်မ ပြန်ိုင်လောက်အောင် ကျွန်ုပ်ဝမ်းမြောက်သည်။ ညလည်း အိပ်စက်နိုင်ခဲ့သည်။ လက်ဝါးကပ် တိုင်တွင် အသေခံသောကယ်တင်ရှင်သည် ကျွန်ုပ်၏ပုန်ကန်မှုများရှိခဲ့သော်လည်း သနားခြင်း ကရုဏာကို ကျွန်ုပ်အား ပြသသည်။ ဒါက လုံး၀မေ့မရသောအဖြစ်အပျက်ပင်ဖြစ်ပါသတည်း” ဟုဆိုခဲ့သည်။

ယခုတွင် သန့်ရှင်းသောတရုတ်မိန်းကလေး၏စကားကို နားထောင်ကြပါစို့။ သူက “ကျွန်ုပ်အသင်းတော်သို့ပြီး ကျွန်ုပ်စိတ်နှလုံးလေးလံနေသည်။ ဘုရားသခင်က မိမိသည် အပြစ် သားဖြစ်ကြောင်းခံစားရန် နိုးဆော်ထာပါသည်။ ကျွန်ုပ်ပတ်ဝန်းကျင်တွင်ရှိသောသူတို့သည် မျက်နှာရွှင်ပြလျက်ရှိကြသော်လည်း ကျွန်ုပ်အပြစ်များကို မချုပ်တည်းနိုင်ပါ။ ကျွန်ုပ်စိတ်နှလုံး ဆိုးညစ်ကြောင်းကိုလည်းကောင်း၊ ငြင်းဆန်သောသဘောရှိကြောင်းကိုလည်းကောင်း၊ ဘုရား သခင်အားဆန့်ကျင်ကြောင်းကိုလည်းကောင်း မငြင်းဆန်နိုင်တော့ပါ။ ကျွန်ုပ်စိတ်နှလုံးသည် မိမိကိုယ်ကို ကောင်းသည်၊ အဆင်ပြေသည်ဟူသောအချက်တွေးနေခြင်းကို လုံးဝမလှည့်ဖြား နိုင်တော့ပါ။ ကျွန်ုပ်အဆင်မပြေပါ၊ အထဲတွင် ကောင်းသောအရာလည်းမရှိပါ။ တရားဒေသနာ ကို နားထောင်သောအခါ တရားဟောသူက ကျွန်ုပ်အား တိုက်ရိုက်ပြောသကဲ့သို့ ခံစားလာရ သည်။ သူသည် ကျွန်ုပ်သေခြင်းအကြောင်းကို ပြောဆိုနေတော့ ကြီးမားသည့် ခက်ခဲမှုကို ခံ စားလာရသည်။

တရားဒေသနာကို နားထောင်နေသည်ဖြစ်၍ တရားဟောဆရာသည် ကျွန်ုပ်အား တိုက်ရိုက်ပြောနေသကဲ့သို့ခံစားသည်။ ကျွန်ုပ်သေခြင်းအကြောင်းကို ဆိုသကဲ့သို့ပင် မလွယ် ကူသောဆေးကြောခြင်းအဖြစ် ခံစားမိပါသည်။ ငရဲသို့ တန်းတန်းမတ်မတ်သွားမည်ဟုသာ ခံ စားမိပါသည်။ ငရဲသို့သွားရန် ငါသည် ထိုက်တန်လှပါသည်။ ကျွန်ုပ်အပြစ်သားပါ။ မိမိအပြစ်ကို လူတို့မမြင်နိုင်အောင် ထိန်ဝှက်နိုင်သော်လည်း ဘုရားသခင်မျက်မှောက်တော်မှ မဝှက်ထားနိုင် ပါ။ ဘုရားသခင်က အလုံးစုံကို မြင်နိုင်ခဲ့သည်။ မျှော်လင့်ချက်မဲ့သကဲ့သို့ ကျွန်ုပ်ခံစားမိပါသည်။ ထို့နောက် တရားဒေသနာက အဆုံးသတ်ခါနီးမို့ ဧဝံဂေလိတရားကို ပထမဆုံးအကြိမ် ကြားခဲ့ ရပါသည်။ ခရစ်တော်သည် ကျွန်ုပ်ကိုယ်စား လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်။ ကျွန်ုပ်အ ပြစ်ကြွေးကို ပေးဆပ်ရန်ဖြစ်ပါသည်။ သူ့မေတ္တာသည် ကျွန်ုပ်အတွက်ဖြစ်သည်။ အပြစ်သား ပြုမိသောအပြစ်သည် အလွန်ဆိုးသွန်းပြီး ၎င်းက ကျွန်ုပ်ကိုယ်စား ယေရှုကို ကားတိုင်ပေါ် အ သေခံစေပါသည်။ သူ့အသွေးတော်ကို အပြစ်သားများအဖို့ သွန်းလောင်းခဲ့ပါသည်။ သူ့အ သွေးတော်သည် ကျွန်ုပ်အဖို့ ဆေးကြောသည်။ ကျွန်ုပ်သည် ယေရှုကို အလွန်လိုအပ်ပါသည်။ ကျွန်ုပ်အထဲတွင် ကောင်းမြတ်ခြင်းကို တောင့်တသည်ထက် ယေရှုကို မျှော်ကြည့်ရန် လိုအပ် သည်။ ထိုခဏချင်းတွင် ယေရှုသည် ကျွန်ုပ်အား ကယ်တင်ခဲ့သည်။ ကျွန်ုပ်အပြစ်ရှိသမျှကို လည်း သူ့အသွေးတော်ဖြင့် ဆွေးကြောခဲ့ပါသည်။ ယေရှုကို ယုံကြည်ကိုးစားသဖြင့် ကယ်တင် ခြင်းသို့ရောက်ရှိသည်။ ကျွန်ုပ်ကောင်းမြတ်ခြင်းက ကျွန်ုပ်အား မကယ်တင်နိုင်ပါ။ သို့ရာတွင် ခရစ်တော်သည် ကျွန်ုပ်အား ကယ်တင်ပေးသည်။ အပြစ်တရားတွင် ကျွန်ုပ်အား ချုပ်နှောင် ထားသော ကြိုးကို ခရစ်တော်က ချိုးဖျက်ပေးသည်။ ခရစ်တော်က အသွေးတော်ဖြင့် ရစ်ပတ် ပေးသည်။ ဖြောင့်မတ်ခြင်းဝတ်လုံကို လွှမ်းခြုံပေးသည်။ ကျွန်ုပ်၏ယုံကြည်ခြင်းနှင့်စိတ်ချမှု သည် ခရစ်တော်၌သာရှိပါသည်။ ကျွန်ုပ်သည် အပြစ်သားဖြစ်သော်လည်း ယေရှုက ကယ်တင် ပေးခဲ့သည်”ဟုဆိုသည်။

နောက်ထပ်လူငယ်တစ်ဦးရှိသေးသည်။ သူမသည် လောကအနေဖြင့်ကြည့်မည်ဆို လျှင် “ကောင်းသော” မိန်းကလေးတစ်ဦးဖြစ်ပါသည်။ သူမသည် ဘဝတစ်လျှောက်လုံး ဘုရား ကျောင်းသို့လာသောလည်း ပျောက်ဆုံးသောသူဖြစ်ဆဲဖြစ်သည်။ သို့ရာတွင် သူမစိတ်နှလုံးထဲ တွင် ဘုရားသခင်ကို စိတ်တိုနေသည်။ သူမစကားကို နားထောင်ပါ။ “ဝတ်ပြုအစီအစဉ်ရှိသည် နှင့်အမျက်ထွက်လာလေဖြစ်သည်။ လူတိုင်းက လက်ဆွဲနှုတ်ဆက်ကြသောအခါ မပြုံးမရွှင်နိုင် ဖြစ်ခဲ့ရသည်။ အပြစ်ကြောင့် ဆုံးရှုံးမှုတွေ ကြီးထွားလာသည်။ ဘုရားသခင်ကမှန်ကန်တယ်၊ သင်က မှားယွင်းသည် အကြောင်း John Cagan ဟောပြောသည့်အချိန်တွင် အချက်အလက် တိုင်းက ကျွန်ုပ်အပြစ်များကိုသာ တိုက်ရိုက်ပြောနေသည်။ John ဟောပြောသကဲ့သို့ ဘုရား သခင်သည် ကျွန်ုပ်အား စကားပြောနေသည်ကို သိလိုက်ရသည်။ John တရားဒေသနာပြီးဆုံး သောအခါ ကျွန်ုပ်သည် အလွန်စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။ ထို့နောက်တွင် ဒေါက်တာ Hymers သည် တရားပလ္လင်ပေါ်သို့တက်လာပြီး ပြစ်မှားသောပြည့်တန်ဆာမအား ယေရှုအ ပြစ်လွှတ်တော်မူသည်အကြောင်းပြောခဲ့သည်။ ထိုအကြောင်းကို အရင်ကကြားဖူးခဲ့သည်။ သို့ရာတွင် ထိုနံနက်အချိန်ကကဲ့သို့ ကျွန်ုပ်အား မတို့ထိပါ။ သခင်ဘုရား၏မေတ္တာသည် ကျွန်ုပ် အား လွင့်စင်စေခဲ့သည်။ ယေရှုထံသို့ ကြီးမားသည့်စိတ်ခေါ်မှုဖြင့်လာရန် ခေါ်ဖိတ်သည်။ ဒေါက်တာ Hymers က သူနှင့်စကားပြောရန် ခေါ်ဖိတ်သည်။ ကျွန်ုပ်စိတ်နှလုံးသည် ကြောက် ရွံ့မှုများဖြင့် ပြည့်လျှံနေသည်။ ဒေါက်တာ Hymers က မိမိကိုယ်ကို ညွှန်ပြပြီး သူ့ကို ယုံကြည်မှုရှိမရှိ မေးသည်။ ပြီးတော့ ကျွန်ုပ်က “ယုံကြည်ပါသည်” ဟု ဆိုခဲ့သည်။ ထို့နောက် ၎င်းသည် ယေရှုကို ကိုးစားခြင်းနှင့်အတူတူပင်ဖြစ်သည်ဟု ဆိုပါသည်။ ယေရှုကို ယုံကြည်ရန် ပြောသောအခါ ကျွန်ုပ်က ထိုအရာကို အလွန်ပင် မုန်းတီးသည်။ လောကဟူသောအဓိပယ်မှာ အဘယ်နည်း။ ကျွန်ုပ်တွေးမိလိမ့်မည်။ ကျွန်ုပ်က ဘာကို လုပ်ဆောင်ရန်ဖြစ်သနည်း။ ဒေါက် တာ Hymers က ရှင်းပြခဲ့သည်။ ၎င်းမှာ ယေရှုကို ယုံကြည်ကိုးစားခြင်းနှင့်အတူတူပင်ဖြစ်ပါ သည်။ အဓိပယ်လည်းရှိစေပါသည်။ ထိုအချိန်ခဏအချိန်တွင် ကျွန်ုပ်သိသည်မှာ ယေရှုသည် ကျွန်ုပ်အား ချစ်သည်ဟူသောအချက်ပေတည်း။ ကျွန်ုပ်ဒူးထောက်ပြီး ကျွန်ုပ်သိသမျှသောအ ကြောင်းအရာမှာ ယေရှုသည် ကျွန်ု္ပ်ကို ချစ်သည်။ သူသည် ကျွန်ုပ်အပြစ်ကို လွှတ်သည်။ သူကို့ ကျွန်ုပ်မကြိုက်နှစ်သက်သောကြောင့်ဖြစ်သည်။ ဒေါက်တာ Hymers သည် သူ့လက်ကို ခေါင်းပေါ်တင်လျက် မျက်ရည်ဖြင့် ကျွန်ုပ်ကို ဆုတောင်းပေးသည်။ ယေရှုသည် သူ့အား အား ကိုးယုံကြည်စေလိုသည်ဟု ကျွန်ုပ်ကို ပြောပြသည်။ မုန်ညင်းစေ့လောက်သောယုံကြည်ခြင်း သည်လည်း လုံလောက်မှုရှိပါသည်။ ၎င်းမှာ ယေရှုတောင်းဆိုသောအရာပင်ဖြစ်ပါသည်။ ထို့ နောက် ခဏကြာမြင့်သောအချိန်တွင် ကျွန်ုပ်သည် ယေရှုကို ယုံကြည်ကိုးစားခဲ့သည်။ သူသည် ကျွန်ုပ်အား ကယ်တင်မည်ဖြစ်သောကြောင့် ကိုးစားခြင်းမဟုတ်ပါ။ ယေရှုကိုယ်တိုင် ကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်သင်းအုပ် ဒေါက်တာ Hymers နှင့်နှိုင်းယှဉ်လျှင် အဘယ်မျှလောက်ယေရှုကိုချစ်ကြောင်း ထင်ရှားလိမ့်မည်။ ယေရှုကို ယုံကြည်လက်ခံရန် နည်းလမ်းကို ငရဲထဲတွင် ကျွန်ုပ်ရှာဖွေခြင်းမတိုင်မှီ အတွေ့အကြုံက လိုက်လာသည်။ ခံစား ချက်မရှိပါဘဲ ယေရှုကိုသာ ကိုးစားရန် နောက်တွန့်နေသည်။ ကျွန်ုပ်ဆုံးရှုံးပြီးနောက် မိမိကိုယ် ကိုသနားပြီး ငိုကြွေးနေသည်။ မှားယွင်းသည့် ပြောင်းလဲခြင်းရှိလာသည့်အတွက်ကြောင့် ကြောက်စိတ်ဖြစ်မိသည်။ ကျွန်ုပ်သည် အပြစ်မြင်တတ်သည့်အန္တရယ်ထဲက လွတ်သွားသည်။ ကောင်းမွန်စွာတွေးခေါ်ပြီးနောက်တွင် လောကသည် ကျွန်ုပ်အား အဘယ်အရာကိုမျှမပေး ကြောင်းကို သတိပြုမိလာသည်။ မေတ္တာလည်းမရှိ။ ရည်ရွယ်ချက်လည်းမရှိ။ မျှော်လင့်ချက် လည်းမရှိပေ။ ယေရှုကို ယခုကိုးစားတတ်လာပြီး သူသည် ကျွန်ုပ်၏တစ်ခုတည်းသောမျှော် လင့်ချက်ဖြစ်သည်။ ယေရှုအလိုရှိသမျှမှာ ကျွန်ုပ်အား သူ့ကို အားကိုးစေလိုကြောင်း စိတ်နှ လုံးသားထဲတွင် မှုတ်သွင်းထားပေးသည်။ သူ့ကိုသာ အားကိုးစေလိုသည်။ သူ့တစ်ဦးတည်း ကိုသာလျှင် အားကိုးစေလိုသည်။ အားလုံးကို သူလုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်၏သက်သေခံ ချက်မှာ ရိုးစင်းလှသည်။ ယေရှုကို ကိုးစားသဖြင့် သူသည် ကျွန်ုပ်အား ကယ်တင်သည်” ဟူ၍ ဖြစ်သည်။

ထိုပျောက်ဆုံးသောသူများကို ခရစ်တော်ထံသို့ပို့ဆောင်ရန်မှာ လူများစွာလိုအပ်သည်။ ဖုန်နာတစ်ယောက်က သူတို့ကို ခေါ်သည်။ ဒေါက်တာ Chan က သူတို့ကို သယ်ဆောင်ရန် ကားတစ်စီးစီရင်ထားသည်။ အသင်းတော်အပြင်ဘက်တွင်ရှိသောသူများနှင့်စပ်လျဉ်း၍ Aaron Yancy ပြောသောစကားမှာ မြေကြီးအပြင်ဘက်တွင်ရှိနေလျှင် လောကကြီးက ဘာမျှမရှိခြင်း၊ ဆိတ်ငြိမ်ခြင်းကိုသာပေးသည်ဟုဆိုထားသည်။ ဒေါက်တာ Cagan ရိုက်ပြီး သူတို့ဖတ်ရှုသော တရားဒေသနာစာမူရှိပြီး မစ္စတာ Olivacce ပြင်ဆင်ထားသည့် သူတို့ကြည့်ရှုသော ကျွန်ုပ်တို့၏ တရားဒေသနာဗွီဒီယိုလည်းရှိပါသည်။ John Cagan ၏ အကြံပေးချက်လည်းရှိပါသည်။ သူတို့ အား သင်ပေးသော မိတ်ဖွဲ့ခြင်းလည်းရှိပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်၏တရားဒေသနာ လည်းရှိပါသည်။ John Cagan ၏တရားဒေသနာ၊ Noah Song ၏ တရားဒေသနာများလည်း ရှိပါသည်။ တခါတရံ ရက်သတ္တပတ်များစွာကြာမြင့်တတ်သည့် အတွင်းပိုင်းရုန်းကန်မှုတစ်ခု နောက်တွင် ကျွန်ုပ်ကိုယ်တိုင်က “ယေရှုကို အားကိုးယုံကြည်လိုပါသလား” ဟု မေးသည်။ ထို့ နောက် သူတို့သည် ယေရှုကို ယုံကြည်လက်ခံကြပါသည်။ ၎င်းသည် အလွန်ပင် ရိုးစင်းလှပါ သည်။ ရိုးစင်းလှသော သဘောတရားပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့အသင်းတော်တွင်ရှိသော လူ များစွာတို့ကို ဘုရားသခင်က ယေရှုထံသို့ အခြားသူများကို ဦးဆောင်ရန် အသုံးပြုခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် အမှောင်ထဲမှနေသော သူတို့က ယေရှုကို မြင်တွေ့နိုင်ကြဖို့ရန် အကူ အညီပေးမည့် “အလင်း” များဖြစ်ကြပါသည်။ ဒေါက်တာ Lloyd-Jones က ဆိုသကဲ့သို့ပင် “သင်တို့၊ သင်တို့သာလျှင် ဤလောက၏အလင်းဖြစ်ကြသည်” ဟူ၍ဖြစ်သည်။ ခေတ်ဟောင်း တေးသီချင်းကလည်း ဤသို့ဆိုပါသည်။

တကမ္ဘာလုံးသည် မှောင်မိုက်ထဲမှာ ပျောက်ဆုံးလျက်နေသည်၊
   လောက၏အလင်းသည် ယေရှုပင်ဖြစ်ပါသည်။
နေ့ခင်းချိန်လင်းသော အလင်းကဲ့သို့ ဘုန်းတော်သည် ထွန်းလင်းလျက်ရှိ၊
   လောက၏အလင်းသည် ယေရှုပင်ဖြစ်ပါသည်။
အလင်းသို့လာပါ၊ သင့်အဖို့ လင်းလက်လျက်ရှိသည်၊
   ချိူမြိန်သောအလင်း တို့အပေါ်သက်ရောက်သည်။
တချန်က မျက်စိကန်းခဲ့သည်၊ အခုမြင်ခွင့်ရပြီ၊
   လောက၏အလင်းသည် ယေရှုပင်ဖြစ်ပါသည်။
(“လောက၏အလင်းသည် ယေရှုပင်ဖြစ်ပါသည်”၊ Philip P. Bliss, ၁၈၃၈-၁၈၇၆)

ချစ်သောဓမ္မမိတ်ဆွေများခဗျာၤး၊ သင်နှင့်ကျွန်ု္ပတို့သည် အပြစ်မှောင်မိုက်နှင့်ပြည့်နေ သော ကမ္ဘာကြီးကို အလင်းပေးဖို့ ကြီးမားသည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိခဲ့ကြသည်။ ခရစ် တော်သည် ကျွန်ု္ပ်တို့အား အလင်းပေးထားသည်။ ကျွန်ုပ်တို့၏နိုးထမှုတေးသီချင်းက ထိုအ ကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည်။

ကျွန်ုပ်ရူပါရုံကို ပြည့်စေပါ၊ ကယ်တင်ရှင်ဘုရား၊
   ကိုယ်တော့်ဘုန်းအတွက် ဝိညာဉ်တော်အလင်းဆောင်သည်ထိ။
   ရူပါရုံကို ထင်ရှားစေပါ၊ အားလုံးမြင်န်ိုင်စွမ်းဖို့ရာ၊
ကိုယ်တော့်ပုံရိပ်ထင်ရှားစေလိုသောငှါ။
   (“ရူပါရုံကို ပြည့်စေပါ၊” Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅)

ချစ်သောဓမ္မမိတ်ဆွေညီအစ်ကို မောင်နှမတို့၊ ခရစ်ယာန်များအနေဖြင့် အံ့ဩဘွယ်ရာလုပ် ဆောင်ရမည့်အရာအများကြီးရှိပါသည်။ သင်တို့သည် ဤလောက၏အလင်းဖြစ်သည်။ ကျွန်ုပ် တို့သာလျှင် ဤလောက၏အလင်းလည်းဖြစ်သည်။ ခရစ်တော်၏အလင်းကို မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသောမြေကြီးထဲသို့ တန်ပြန်သက်ရောက်စေကြပါစို့။ ပျောက်ဆုံး ဝိညာဉ်များ ရိတ်သိမ်းဖို့ လုံးဝမရပ်တန့်စေပါနှင့်။ ဝိညာဉ်ရိတ်သိမ်းခြင်းတွင်လည်း ရပ်တန့်မ သွားပါ၏။ ယေရှုသည် သင်နှင့်အတူရှိနေပါသည်။ ခက်ခဲကြမ်းတမ်းသည့်အရာများအားဖြင့် သင့်အား ခေါ်ဆောင်လာခဲ့ပါသည်။

ယခုတွင် သင်သည် ပျောက်ဆုံးနေသေးသဖြင့် ယေရှုသင့်ကို ကယ်တင်သည့်အ ကြောင်းပြောပြရန်မှာ ကျွန်ုပ်အတွက် ကြီးမားသည့်အခွင့်အရေးပင်ဖြစ်ပါသည်။ သင်လုပ် ဆောင်စရာ အဘယ်အမှုမျှမလိုအပ်ပါ။ သင့်ကိုယ်စား လက်ဝါးကပ်တိုင်မှာအသေခံသော ယေရှုခရစ်ကိုယ်သာ ယုံကြည်ကိုးစားပါ။ သွန်းလောင်းသောအသွေးတော်သည် သင့်အပြစ်အ လုံးစုံတို့ကို ဆေးကြောတော်မူလိမ့်မည်။ ထိုအရာအားလုံးကို တင်ပြသည့် ဓမ္မသီချင်းရှိပါ၏။

ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊
   ယခုယုံကြည်ပါ။
သင်၏အပြစ်မှကယ်ချွတ်မည်၊
   ယခုကယ်ချွတ်မည်။
(“ကိုယ်တော်မြတ်ကိုသာယုံကြည်” John H. Stockton, ၁၈၁၃-၁၈၇၇)


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"သွေးတော်ဖြင့်ကယ်တင်"၊ ( S. J. Henderson , ၁၉ ရာစု) ရေးစပ်သည်။ )


အခှပှေုကမွှး

သင်တို့သည် ဤလောက၏ဆား၊
ဤလောက၏အလင်းဖြစ်ကြ၏ အကျဉ်းချုပ်

YOU ARE THE SALT OF THE EARTH
AND THE LIGHT OF THE WORLD!

Dr. R. L. Hymers, Jr.

“သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား အငန်ကင်း ပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသိုးမျှမဝင်။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မ ကွယ်နိုင်။ ဆီမီးထွန်း၍ တောင်ဖလားအောက၌ ဖုံးထားလေ့မရှိပါ။ အိမ် သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်း သောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။” (မဿဲ ၅း ၁၃-၁၆ ) )

၁။    ပထမအချက်၊ သင်သည် ဤလောက၏ဆားဖြစ်၏။ ယာကုပ် ၅း ၂၀၊ မဿဲ ၅း ၁၃၊ လုကာ ၁၄း ၂၃။

၂။   ဒုတိယအချက်၊ သင်သည် ဤလောက၏အလင်းဖြစ်၏။ မဿဲ ၅း ၁၂ ။