Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကယ်တင်ခြင်း သို့မဟုတ် ပျက်စီးခြင်းလော- အဘယ်အရာနည်း။

SALVATION OR DAMNATION – WHICH?
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဖေဖော်ဝါရီလ ( ၁၉ ) ရက်နေ့ နံနက်ပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 19, 2017


ဟောရှေက တောင်ပိုင်းဂျူးနိုင်ငံတွင် သူ့ဘဝတစ်လျှောက်လုံးနီးပါး တရားဟောခဲ့ပါ သည်။ ဟောရှေကို “စိတ်နှလုံးကြေကွဲသောပရောဖက်” ဟုပင် သမုတ်ကြပါသည်။ သူဟော ပြောသောသတင်းစကားမှာ သစ္စာမရှိသောမိန်းမအပေါ်ထားသော မေတ္တာပေါ်တွင် အခြေခံ ထားပြီး ၎င်းမှာ သစ္စာမရှိသောဂျူးလူမျိုးတို့အပေါ် ဘုရားသခင်၏မေတ္တာကို ဖော်ကျူးလျက်ရှိ ပါသည်။ ဧဖရိန်သည် ဂျူးလူမျိုးတို့တွင် လူမျိုးကြီးတစ်ပါးဖြစ်သည်။ ဧဖရိန်ဟုဆိုရာတွင် ဂျူး အားလုံးလည်း ပါဝင်ပါသည်။ သူတို့သည် မျှော်လင့်ထားသည့် နိုးထမှုထက်ကျော်လွန်ပြီး ရုပ် တုကိုးကွယ်ခြင်းက လွှမ်းမိုးထားပါသည်။ ကျွန်ုပ်တို့အသုံးပြုသော ကျမ်းပိုဒ်တွင် ဘုရားသခင် က ဟောရှေအား သူတို့ထံ နောက်ထပ် တရားမဟောတော့ရပ် ပြောဆိုထားပါသည်။

“ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကို တပ်တိုင်းရှိစေ လော့။” ( ဟောရှေ ၄း ၁၇ )

လွန်ခဲ့သောနှစ်က ကျွန်ုပ်တို့သည် “နိုးထမှု” ကို တို့ထိရပါသည်။ ဘုရားသခင်သည် အစည်းအဝေးတချို့တွင် ဆင်းသက်ခဲ့ပြီး လူဆယ်ယောက်မျှသည် ပြောင်းလဲလာကြပါသည်။ သို့ရာတွင် ဆယ့်သုံးဦးမှာ မှားယွင်းသောပြောင်းလဲခြင်းပင်ဖြစ်သည်။ သူတို့သည် ပျောက်ဆုံး လျက်ရှိနေကြပြီး ငရဲသွားနေကြဦးမည်သာဖြစ်သည်။

ဤအစည်းအဝေးများတွင် ဘုရားသခင်က ကျွန်ုပ်တို့အား သွန်သင်လိုသောအရာမှာ ဘုရားသခင်ကြွဆင်းလာသောအခါ စာတန်သည်လည်း ရောပါလာကြောင်းတွေ့ရသည်။ ဘုရားသခင်နှင့်နတ်ဆိုးတို့သည် အစစ် အမှန် များဖြစ်ကြသည်ကို အတွေ့အကြုံအားဖြင့် သင်ယူရရှိပါသည်။ အနည်းဆုံး ပြောင်းလဲလာသောသူများသည် ထိုသင်ခန်းစာကို သင်ယူခဲ့ ကြပြီးဖြစ်ပေမည်။

ကျွန်ုပ်တို့သည် နိုးထမှုတွင် ဘုရားသခင်၏မျက်မှောက်တော်ကို မခံစားခဲ့ကြသည်မှာ နှစ်ပေါင်း လေးဆယ်မျှကာလရှိနေပြီဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး မကြာခဏ တ ရားဟောလေ့ရှိပါသည်။ သို့ရာတွင် အသင်းတော်တွင် အများစုက ဆန့်ကျင်တိုက်ခိုက်လာကြ သောအခါ ၎င်းသည် ဂျူးလူမျိုးများက ဟောရှေကို ဆန့်ကျင်တိုက်ခိုက်လာသည့်အချိန်က ကဲ့ သို့ပင်ဖြစ်ပါသည်။ အသင်းတော်နှစ်ခုကွဲလွင့်သွားသည်အထိ ဖြစ်ခဲ့ရသည်။ နတ်ဆိုးသည် သူ တို့အား နိုးထမှုလုံးဝရှိမည်မဟုတ် ဟု မိန့်ဆိုခဲ့သည်။ သူတို့က သမ္မာကျမ်းစာထက် နတ်ဆိုး စကားကို ယုံကြည်လက်ခံခဲ့ကြပါသည်။ သူတို့အများစုက အသင်းတော်ကို ထားရစ်ခဲ့ကြပါ သည်။ ဒေါက်တာ Cagan က သူတို့တွင် အဘယ်သူမျှ ကယ်တင်ခြင်းမရောက်ဟု ယုံကြည် လက်ခံခဲ့သည်။ ထို့ကြောင့် နိုးထမှုအကြောင်းကို ဟောပြောသောအခါ သူတို့သည် ဆုတောင် မတောင်းနိုင်ကြပေ။ သူတို့လုပ်ဆောင်နိုင်သည်မှာ ဆန့်ကျင်တိုက်ခိုက်ရန်ဖြစ်သည်။

“ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကို တပ်တိုင်းရှိစေ လော့။” ( ဟောရှေ ၄း ၁၇ )

ယခုတွင် စစ်မှန်သောခရစ်ယာန်များဖြင့်တည်ဆောက်ထားသည်အတွက်ကြောင့် ဘုရားသခင်အား ချီးမွမ်းပါသည်။ မနှစ်က နိုးထမှုကိုသာမတွေ့ရှိခဲ့ပါရင် နိုးထမှုက အခြားအ သင်းတော်ပြိုကွဲမှုတစ်ခုပင် ဖြစ်နိုင်ပါသည်။ များစွာသောလူတို့က အသင်းတော်ကို ထားရစ်ခဲ့ ကြပေမည်။ ၁၉၈၀- ၁၉၈၁ ခုနှစ်လောက်က အသင်းတော်ပျိုကွဲထားသကဲ့သို့ များစွာသောလူ တို့က အသင်းတော်ကို ထားရစ်ခဲ့ပြန်မည်ဖြစ်ပါသည်။ သူတို့သည် အသင်းတော်ကို Olivas အသင်းတော်သည် ၁၉၉၀ တွင် ပြိုကွဲသကဲ့သို့ အသင်းတော်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲ သွားပြန်ဦးမည်ဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သောနှစ်က လူခြောက်ဦးသာ ထွက်ခွါသွားသည်။ သူတို့သည် ထွက်သွားပြီးနောက် လုံး၀ ပြန်မလာခဲ့ကြပေ။ နှစ်ပေါင်းလေးဆယ်တွင် တစ်ဦး တစ်ယောက်မျှ ပြန်မလာခဲ့ကြပေ။ သူတို့သည် ကျွန်ုပ်တို့၏တရားဒေသနာကို ၎င်းတို့၏ ကွန်ပျုတာတွင် ကြည့်နေကြမည်။ သို့ရာတွင် ပြန်လာပြီး ကယ်တင်ခြင်းရရှိကြရန်မှာ လုံးဝမ ဟုတ်ပါ။ လုံး၀ မဟုတ်ပါ။ နှစ်ပေါင်းလေးဆယ်အတွင်း အဘယ်တစ်ဦးမျှ ပြန်မလာပေ။ မှတ် သားဘွယ်ရာပင်ဖြစ်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အစီအစဉ်တိုင်းတွင် ခရစ်တော် အားဖြင့် ကယ်တင်ခြင်းအကြောင်းကို သာဟောပြောကြပါသည်။ သူတို့တွင် အဘယ့်ကြောင့် တစ်ဦးတစ်ယောက်မျှ ပြန်လာပြီး ခရစ်တော်ကို မကိုးစားကြပါသနည်း။ ““ဧဖရိမ်သည် ရုပ်တု တို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကို တပ်တိုင်းရှိစေ လော့။” ထို့ကြောင့် သာလျှင်ဖြစ်သည်။

သူတို့က ကျွန်ုပ်ကိုဆိုလိုသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။ သူတို့က အပြစ်ကို ဟောသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။ သူတို့က ဟောရှေကို မုန်းခဲ့ကြသကဲ့သို့ ကျွန်ုပ်ကို လည်းမေးကြသည်။ ဒေါက်တာ Cagan နှင့်ကျွန်ုပ်သည် မိန်းကလေးတစ်ဦး၏ “သက်သေခံ” ချက်ကို နားထောင်နေကြသည်။ သူမကိုပြောသည့်အချိန်တွင် သူမသည် မှားယွင်းသော သက်သေခံချက်ကို ပြုသည်။ သူမက “သင်သည် ဖွင့်ထားသောတံခါးကဲ့သို့ နည်းလမ်းဖြစ် သည်” ဟု ဆိုသည်။ “ဖွင့်ထားသောတံခါး” ဟုပြောသည့်အချိန်တွင် ကျွန်ုပ်တို့အသင်းတော် တွင် ကလေးမရှိပါ။ ချက်ချင်းသိထားသည်မှာ သူမရှေ့တွင် မိဘများက ကျွန်ုပ်တို့မကောင်း ကြောင်းကို ပြောထားခဲ့ကြောင်း သိခဲ့ရပါသည်။ နှစ်လလောက်ကြာသောအခါ သူမအဖေက ကျွန်ုပ်လူငယ်များရှေ့တွင် ခြင်္သေ့ဟောက်သကဲ့သို့ ဆူပူကျိန်းမောင်းခြင်းကို ပြုသည်။ ရဲတွေကိုခေါ်မည်ဟု ကျွန်ုပ်ဆိုသောအချိန်တွင် သူသည် အဆောက်အဦးကို အဆောက်အဦး ကိုသာ ချန်ရစ်ထားခဲ့ပါသည်။ ဤလူကြီးသည် ဤအဆောက်အဦးအတွက်ပေးချေပေးသည့် “၃၉ ဦးအဝင်” ဖြစ်ပါသည်။ သူသည် ခရစ်ယာန်တစ်ဦးအဖြစ်ဟန်ဆောင်ပြီး နှစ်ပေါင်းမြောက် များစွာ ပုန်ကန်လျက်နေခဲ့သည်။ သို့ရာတွင် နတ်ဆိုးသည် သူ့ကလေးတစ်ဦးအထဲသို့ ဝင် ရောက်စီးနင်းသောအခါ ကျွန်ုပ်အမှားတစ်ခုကဲ့သို့ ကျွန်ုပ်ဘက်သို့လှည့်လာကြပါသည်။ ကျွန်ုပ် မိန်းမက လွန်ခဲ့သောရက်အနည်းငယ်က တွေ့ခဲ့သည်။ Spurgeon က “သူတို့သည် နှိမ့်ချမှုမ ရှိဘဲလာကြသည်။ နှိမ့်ချမှုမရှိဘဲ နေကြသည်။ နှိမ့်ချမှုမရှိဘဲ ထွက်သွားကြသည်” ဟု ဆိုခဲ့ပါ သည်။ သင်သည် နှစ်ပေါင်းများစွာကြာအောင် ပြောင်းလဲဟန်ဆောင်နိုင်ပါသည်။ သင်သည် မှားယွင်းသောပြောင်းလဲခြင်းသာရှိလျှင် အနှေးနှင့်အမြန်ပင်လျှင် နတ်ဆိုးဝင်ရောက်လာပေ မည်။ ထို့ကြောင့်သာလျှင် ဘုရားသခင်က ဤသို့ဆိုသည်။

“ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကို တပ်တိုင်းရှိစေ လော့။” ( ဟောရှေ ၄း ၁၇ )

သင်သည် အပြစ်ထဲတွင် နစ်မွန်းနေပြီး ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းမရှိသည်ကို ဘုရားသခင် မြင်တော်မူခဲ့သည်။ သို့ဖြစ်၍ သင့်အား တပ်တိုင်းရှိစေသည်။ “စိတ်ဆုတ်ရွံရှာဖွယ် သောစိတ်နှလုံး” ကိုပေးသည်။ (ရောမ ၁း ၂၈) ဘုရားသခင်က အရှုံးပေးသောအခါ သင်သည် ဘယ်တော့မှ ကယ်တင်ခြင်းသို့ရောက်မည်မဟုတ်ပါ။ သင်သည် အသက်သာရှင်ရမည်၊ ကယ် တင်ခြင်းသို့ရောက်မည်မဟုတ်ပါ။

ထာဝရပျောက်ဆုံးသည်။ ထာဝရ၊ ထာဝရပျောက်ဆုံးသည်။ ထာဝရကာလ ပျောက်ဆုံးပါသည်။

ပရောဖက် ဟောရှေက “သူတို့သည် သွား၍ သခင်ကို ရှာကြလိမ့်မည်။ သို့သော် တွေ့ရကြ မည်မဟုတ်။ ဘုရားသခင်သည် သူတို့နှင့်ကွာစေသည်” (ဟောရှေ ၅း ၆ ) ဟု မိန့်တော်မူ၏။

သူတို့သည် ထိုအရာကို တဖန်လုပ်ဆောင်ဖို့ မနစ်က ကြိုးစားအားထုတ်ခဲ့ကြပါသည်။ ကောင်းသောအချက်အနေဖြင့် လူခြောက်ဦးက အသင်းတော်ကို စွန့်ခွါခဲ့ကြပါသည်။ လူငယ် တစ်ဦးက ကျွန်ုပ်ရုံးခန်းထဲသို့လာပြီး လက်ညိုးထိုးကာ “ဤအသင်းတော်နှင့် ဘာအမှားများ လုပ်ဆောင်နေပါသလဲ၊ ဒေါက်တာ Hymers” ပြောဆိုခဲ့သည်။ ထိုအကြောင်းကိုကား သူမသိ။ သို့သော် ထိုစကားလုံးများက ကျွန်ုပ်အပြစ်ကို ဝန်ခံစေသည်။ ရန်ပြုလျက် ထိုစကားလုံးများကို သူက ပြောသည်။ သို့သော် ဘုရားသခင်က ထိုစကားလုံးကို အသုံးပြုလျက် မိမိကိုယ်ကို စစ် ကြောစေသည်။ ကျွန်ုပ်အား အကူအညီပေးသည်။ ထို့နောက် လူငယ်လေးယောက်သည် ကျွန်ုပ်နှင့်အတူ ဆုတောင်းဖို့ ကျွန်ုပ်ထံသို့လာကြသည်။ Aaron, Jack, John နှင့် Noah တို့သည် အပတ်တိုင်း ကျွန်ုပ်နှင့်အတူ ဆုတောင်းကြသည်။ ကျွန်ုပ်မိတ်ဆွေများဖြစ်လာကြပါ သည်။ ဟောရှေ၊ ကျွန်ုပ် ကဲ့သို့ ရှေးရိုးစွဲတရားဟောဆရာများအတွက် အဘယ်မျှလောက် အထီးကျန်ဆန်ရသည်ကို အဘယ်သူမျှမသိကြပါ။ ကျွန်ုပ်ကျဆုံးပြီဟု ထင်လာရသောအခါ ထိုလူငယ်လေးဦးသည် ငါ့ထံသို့လာပြီး ဆုတောင်းကြသည်။ ယခုတွင် သူတို့အားလုံးသည် ကျွန်ုပ်၏မိတ်ဆွေများပင်ဖြစ်လာကြပါသည်။ ဘုရားသခင်သည် သူတို့အား ကျွန်ုပ်ထံသို့ ပို့ ဆောင်လာခဲ့ပါသည်။ သူတို့၏ဆုတောင်းခြင်း၊ မိတ်ဆွေဖွဲ့ခြင်းအားဖြင့် ကျွန်ုပ်အား ကယ်တင် ခဲ့ကြပါသည်။

လွန်ခဲ့သောနှစ်က John Cagan ပြောဆိုခဲ့သည်မှာ “တစ်နှစ်တာငရဲခန်း” ဖြစ်သည်။ သူပြောဆိုပုံက မှန်ကန်လှသည်။ နတ်ဆိုးသည် ခြင်္သေ့ကဲ့သို့ ဟောက်သည်။ အသင်းတော်ကို လှုပ်ကိုင်သည်။ ကျွန်ုပ်မိန်းမ နေမကောင်းဖြစ်သည်။ ကျွန်ုပ်မအိပ်စက်နိုင်ပါ။ အသင်းတော်က ငလျှင်လှုပ်သကဲ့သို့ ကမောက်ကမ လှုပ်ရမ်းသည်။ ထို့နောက် ဘုရားသခင်သည် ကောင်းကင် ဘုံမှ ဆင်းသက်လာသည် ကျွန်ုပ်တို့က ဆုတောင်းနေကြသည်။

“ကိုယ်တော်သည် မိုဃ်းကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော် မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။” ( ဟေရှာယ ၆၄း ၁ )

ဘုရားသခင်သည် ကျွန်ုပ်တို့ထံ ဆင်းကြွလာသည်။ ပထမနိုးထမှုတွင် လွန်ခဲ့သောနှစ်ပေါင်း ၄၂ နှစ်တွင် ထိုအရာကို ပိုင်ဆိုင်ခဲ့ကြသည်။

ကိုယ်တော်ကို ချီးမွမ်းမည်၊ ကိုယ်တော်ကို ချီးမွမ်းမည်၊
   အပြစ်သားအတွက် အသေခံပသော သိုးသူငယ်ကို ချီးမွမ်းမည်။
လူမျိုးအပေါင်းတို့ ဘုန်းတော်ကို ထင်ရှားစေကြ၊
   အပြစ်များကို အသွေးတော်သာလျှင် ဆေးကြောနိုင်။

အားလုံးမတ်တပ်ရပ်ပြီး ချီးမွမ်းသီချင်းဆိုကြပါစို့။

ကိုယ်တော်ကို ချီးမွမ်းမည်၊ ကိုယ်တော်ကို ချီးမွမ်းမည်၊
   အပြစ်သားအတွက် အသေခံပသော သိုးသူငယ်ကို ချီးမွမ်းမည်။
လူမျိုးအပေါင်းတို့ ဘုန်းတော်ကို ထင်ရှားစေကြ၊
   အပြစ်များကို အသွေးတော်သာလျှင် ဆေးကြောနိုင်။
(“ကိုယ်တော်ကို ချီးမွမ်းမည်” Margaret J. Harris, ၁၈၆၅- ၁၉၁၉)

ဤတရားဒေသနာအကြောင်းရေးသားနေစဉ်တွင် ဖရော်ရင်တာတွင်ရှိသည့် လူတစ်ဦး က John Cagan ၏ တရားဒေသနာဖြစ်သည့် ”နိုးထမှုနှင့်ခရစ်တော်၏အသွေးတော်” အပေါ် အလွန်အမင်း ဝမ်းမြောက်ကြောင်း ပြောဆိုလာသည်။ သူက ဆက်လက်၍ “ကျေးဇူးတင်ပါ တယ်ဆရာ၊ ကျေးဇူးပါ၊ အလွန်တန်ဖိုးရှိသော လူငယ်လေးပါ။ သူ၏တရားဒေသနာသည် ကျွန်ုပ်အတွက် အလွန်ပင် အဖိုးထိုက်လှသည်” ဟု ဆိုခဲ့ပါသည်။ ယနေ့နံနက်တွင် Noah Song သည် တရုတ်ပြည်နှင့်အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက် တရားဒေသနာဟောကြားခြင်းမှ ပြန်လည် ရောက်ရှိလာသည်။ ခရစ်တော်၏စစ်၍မကုန်နိုင်သော ကြွယ်၀ခြင်းအကြောင်း ဟော ပြောသည့် လူငယ်နှစ်ဦးရှိနေခြင်းက ကျွန်ုပ်တို့အတွက် အလွန်ပင် တန်ဖိုးကြီးလှသည်။

ယခုတွင် ဒီမနက်တွင် ယေရှုခရစ်၏ဧဝံဂေလိတရားအကြောင်းကို တဖန် ပေးဦးမည် ဖြစ်သည်။ ယေရှုအကြောင်း၊ သင့်အပြစ်ကို ဆေးကြောရန် လက်ဝါးကပ်တိုင်တွင် သွန်း လောင်းသော ခရစ်တော်၏အသွေးတော်အကြောင်းကို တဖန် ဟောပြောရဦးမည်။ ဒေါက်တာ Martyn Lloyd-Jones က “အသွေးတော်ဓမ္မပညာနှင့်ပတ်သက်ပြီး ကျွမ်းကျင်သည်ဟု မိမိ ကိုယ်ကို ထင်မိသည့် ခရစ်ယာန်များစွာရှိကြသည်။ ၎င်းကို သူတို့သည် လွဲချော်ခဲ့ကြပါသည်။ ထို့ကြောင့်သာလျှင် အသင်းတော်သည် ယနေ့ဖြစ်သည်အတိုင်းဖြစ်ပါသည်။ သို့သော် နိုးထမှု ဖြစ်သောအခါတွင် လက်ဝါးကပ်တိုင်ကို ဘုန်းထွန်းတောက်စေသည်။ အသွေးတော်ကို ဝင့် ကြွားစေသည်။ အသွေးအသား၊ စိတ်နှလုံး ခရစ်ယာန်ဧဝံဂေလိတရား၊ အသွေးတော်အားဖြင့် ရန်ငြိမ်းစေရန် ဘုရားသခင်စေလွှတ်ထားသောအရာများကို လုပ်ဆောင်သည်။ (ရောမ ၃း ၂၅) အသွေးတော်အားဖြင့် လွတ်ခြင်းခံရသောသူများ၊ အပြစ်လွှတ်ခြင်းခံရသောသူများ ပင်ဖြစ် သည်။ (ဧဖက် ၁း ၇ ) (သင်တို့ကြားတွင် မျှော်လင့်ခြင်းမရှိသည်ကို သိသည်။) ယေရှုက ကယ်တင်သည်။ သူသည် ကားစင်ပေါ် တင်သတ်ခြင်းခံရသည်။ ( ၁ကော ၂း ၂) ယောက်ျား၊ နှင့်မိန်းမတို့သည် ကားတိုင်တော် အသွေးတော်ကို ငြင်းပယ် ( စွန့်ပယ် ) ခဲ့ကြပါသည်။ ” (နိုး ထမှု၊ Crossway Books, ၁၉၉၄၊ စာ- ၄၈၊ ၄၉ )

သိုးသူငယ် သွေးတော်၌
သင်သည် ဆေးကြောခြင်းခံရပြီးလာ။
ဝတ်လုံဖြူစင် မိုးပွင့်ကဲ့သို့ဖြစ်သလား။
သိုးငယ်သွေးတွင်ဆေးခြင်းခံပြီလား။
(“အသွေးတော်တွင် ဆေးကြောခြင်းခံပြီလား” Elisha A. Hoffman, ၁၈၃၉- ၁၉၂၉)

ဟုတ်ပါတယ်။ ယေရှု၏အသွေးတော်သည် ဘုရားသခင်၏အမျက်တော်ကို ပြေစေ သည်။ ခရစ်တော်၏အသွေးတော်သည် ဘုရားသခင်နှင့်ငြိမ်သက်ခြင်းကို ပေးသည်။ ခရစ်တော်၏အသွေးတော်သည် “အသွေးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသောသူ အားဖြင့်” အောင်မြင်သောတန်ခိုးကို ပေးသည်။ (ကောလော ၁း ၁၄)

ယခုတွင် အသင်းတော်တွင်ရှိသော လူနှစ်ဦး၏စကားသံကို နားညောင်းပါ။ အသွေး တော်တွင် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသောသူများဖြစ်ကြပါသည်။

ဟင်ပင်နစ်မိန်းမတစ်ယောက်သည် အခြားသောနှစ်ခြင်းအသင်းတော်တစ်ပါးသို့ သွား ခဲ့သည်။ သူတို့က ချက်ချင်းပဲ သူမ နှစ်ခြင်းခံလိုခြင်းရှိမရှိ မေးခဲ့ကြသည်။ သူမက “ဟုတ်ကဲ့” ဟုသာပြန်ဖြေသည်။ သူတို့က သူမအား ယေရှုအကြောင်း၊ အသွေးတော်အားဖြင့် သူမ၏ အ ပြစ်ငြိမ်းစေခြင်းအကြောင်းကိုလည်း မပြောပြခဲ့ကြပါ။ သူတို့က သူမသည် ကယ်တင်ခြင်းမရ သေးသော်လည်း နှစ်ခြင်းပေးကြသည်။ သူမက “ငါ့အသက်တာဟာ ပုံမှန်လိုပဲ ကိုယ့်အတွက် ပဲ့အသက်ရှင်နေတာပါ” ဟုဆိုခဲ့သည်။ နောက်ပိုင်းတွင် သူမသမီးက ဘုရားကျောင်းသို့ ခေါ် လာခဲ့သည်။ သူမက သူမသည် “အစီအစဉ်အားလုံးတွင် ပါဝင်ဖို့တောင်းဆိုမည်ဟုထင်မှတ်ခဲ့ သည်၊ ထိုအရာက ကျွန်ုပ်အတွက် အချိန်များစွာပေးရမည်ကို သိသောကြောင့် ထိုသို့အလိုမရှိ ပါ။ ဘုရားသခင်သည် အချိန်များစွာ သုံးမည်ဖြစ်သည်ဟု တွေးကာ တကိုယ်ကောင်းဆန်နေမိ သည်။ သို့ရာတွင် ဘုရားသခင်သည် ငါသေသောအခါ ခရစ်တော်ကိုငြင်းပယ်လျှင် ငရဲသွားရ မည်အကြောင်းကို စိတ်နှလုံးသားထဲတွင် စတင်စကားပြောပါသည်။ ထိုအရာက ကျွန်ုပ်အား စိုးရိမ်လျက် ကြောက်ရွံ့စေသည်” ဟု ဆိုပါသည်။ (ဒေါက်တာ A. W. Tozer က “ဘုရားသ ခင်၏ကြောက်ရွံ့ခြင်းကို သိသောသူမှတပါး အဘယ်သူမျှ ဘုရားသခင်၏ကျေးဇူးတော်ကို မသိနိုင်ပါ” ဟု ဆိုပါသည်။ ) သူသည် အပြစ်ကိုမြင်လာသဖြင့် စုံစမ်းသည့်အခန်းသို့ သွားခဲ့ပါ သည်။ ဒေါက်တာ Cagan က ယေရှုရှိရာအရပ်ကို မေးခဲ့သည်။ သူမသည် စိတ်နှလုံးတွင်ရှိ သည်ဟု ဖြေလိုက်သည်။ ဒေါက်တာ Cagan က သူမအား ယေရှုသည် ကောင်းကင်ဘုံ ဘုရား သခင်၏လက်ယာဘက်တွင်ရှိကြောင်း ပြောပြခဲ့ပါသည်။ သူမက “ခရစ်တော်ထံသို့လာသည် မှာ ညစ်ပေသည့်အပြစ်များကို ဆေးကြောရန်ဖြစ်သည်။ သွန်းလောင်းသောအသွေးတော် သည် ကျွန်ုပ်အဖို့ဖြစ်သည်။ ယနေ့တွင် ကျွန်ုပ်ဝမ်းမြောက်သည်။ ယေရှုသည် ကျွန်ုပ်ကယ်တင် ခြင်းရဖို့ရန် လက်ဝါးကပ်တိုင်တွင် အသွေးသွန်းလောင်းခဲ့ပါသည်။ ယေရှုသည် အသွေးတော် အားဖြင့် အပြစ်များအတွက် ပေးဆပ်ခဲ့ပြီးပြီ။ ယနေ့တွင် ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်ဖို့ ကျွန်ုပ်ဝမ်းမြောက်သည်။ လူငယ်များသည်လည်း သင်းအုပ်ဟောပြောထားချက်များကို ကြား သိနိုင်ဖို့ ဘုရားကျောင်းခေါ်လာရန် ပျော်ရွှင်လျက်ရှိပါသည်။ အသွေးတော်အကြောင်းနှင့်ပါတ် သက်ပြီး (ဒေါက်တာ Hymers ) က လူငယ်များအား ပြောပြသည်ကို ကြားသောအခါ ကျွန်ုပ် ဝမ်းမြောက်သည်။ ဝိညာဉ်များကို ထိန်းကျောင်းပြီး ယေရှုအတွက် စကားပြောပေးသည့် သင်းအုပ်ဆရာ (တစ်ယောက်) ကျွန်ုပ်ပိုင်ဆိုင်ထားသည်။ ယေရှုသည် အသွေးတော်မြတ်ကို ကားတိုင်ပေါ်တွင် သွန်းလောင်းထားသည်။ သို့ဖြင့် ကျွန်ုပ်ကယ်တင်ခြင်းသို့ရောက်သည်။ ကျွန်ုပ်၏စုံလင်လှသော ယေရှုပင်ဖြစ်သည်။”

တရုတ်တက္ကသိုလ်ကျောင်းသားတစ်ဦးက “ငါသည် ဘုရားကျောင်းထဲသို့ လျှောက် သွားသည်၊ စိတ်နှလုံးသည် လေးလံနေဆဲဖြစ်သည်။ ကျွန်ုပ်အပြစ်သားဖြစ်ကြောင်း ဘုရားသ ခင်က သိမြင်စေသည်။ ကျွန်ုပ်အနားတွင်ရှိသောလူတိုင်းသည် ပြုံးရွှင်နေကြသည်။ ကျွန်ုပ်အ ဆင်ပြေသည်ဟု မိမိကိုယ်ကို မညာချင်ပါ။ ကောင်းသည်ဟုလည်း မညာချင်တော့ပါ။ ကျွန်ုပ် အဆင်မပြေပါဘူး။ ကျွန်ုပ်အထဲတွင် ကောင်းကွက် တစ်ခုမျှမရှိပါ။ ထိုင်ပြီး (ဒေါက်တာ Hymers တရားဟောသည့် )တရားဒေသနာကို နားထောင်နေပါသော်လည်း သင်းအုပ်သည် ကျွန်ုပ်အား တိုက်ရိုက်ပြောနေသကဲ့သို့ ခံစားလာရသည်။ လူတွေမမြင်မသိအောင် အပြစ်ကို ဖုန်းအုပ်နိုင်သော်လည်း ဘုရားသခင်မျက်မှောက်တော်တွင်မူ ဝှက်မထားနိုင်တော့ပါ။ ကျွန်ုပ် သည် ဘုရားသခင်ထံက ပုန်းရှောင်ရန် ကြိုးစားနေသည့်အာဒံကဲ့သို့ပင် ဖြစ်နေလေသည်။

ထို့နောက် တရားဒေသနာသည် အဆုံးပိုင်းရောက်ခါနီးသည်ဖြစ်၍၊ ခရစ်တော်၏ ဧဝံ ဂေလိတရားအကြောင်းကို ပထမဆုံးအကြိမ် ကြားသိရသောအချိန်တွင် သူသည် ကျွန်ုပ်တို့ ဘုရားကျောင်းကိုလာပြီး တိတ်တိတ်လေးနေသည်။ အရင်မှာတော့ စကားနားထောင်သည် တော့မဟုတ်ပါ။ ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် ကျွန်ုပ်အပြစ်ကျွေးဆပ်ရန် ကျွန်ုပ်နေ ရာတွင် အသေခံပါသည်။ သူ့သွန်းသောအသွေးတော်သည် အပြစ်သားများအတွက် သွန်း လောင်းထားပါသည်။ သူ့အသွေးတော်သည် ကျွန်ုပ်အတွက်ဖြစ်သည်။ ကျွန်ုပ်သည် ခရစ် တော်ကို အမှန်တကယ်လိုအပ်ပါသည်။ ကျွန်ုပ်အသက်တာတွင် ကောင်းသောအမှုအရာများ ကို ရှာဖွေနေမည့်အစား၊ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်မျက်စိတော်သည် ကျွန်ုပ် ထံမှ လွဲစေတော်မူသည်။ ခရစ်တော်ကို ပထမဆုံးမျှော်ကြည့်သောအခါ ထိုအချိန်ခဏလေး တွင် သူသည် ကျွန်ုပ်အား ကယ်တင်မူသည်။ ခရစ်တော်သည် ကျွန်ုပ်ထံမှ ထ ြက်မသွားပါ။ အချိန်ကြာမြင့်စွာ သူ့၌ ကျွန်ုပ်အစေခံခဲ့ပါသည်။ သို့သော် သူသည် ကျွန်ုပ်အား လက်ခံတော်မူ သည်။ အသွေးတော်ဖြင့် အပြစ်ကို ဆေးကြောပေးပါသည်။ အသွေးတော်သည် ကျွန်ုပ်အား လွှမ်းခြုံပြီး အပြစ်များကို ဆေးကြောပေးပါသည်။ ခရစ်တော်က အသွေးဖြင့် လွှမ်းခြုံပေးသည်။ ဖြောင့်မတ်ခြင်းဝတ်လုံကို ပေးသည်။ အသွေးတော်က ကျွန်ုပ်နှလုံးသားကို ဆေးကြောပြီး အ သစ်ဖြစ်စေသည်။ ကျွန်ုပ်ယုံကြည်ခြင်းနှင့်စိတ်ချမှုသည် ခရစ်တော်၌သာရှိပါသည်။ John Newton က “အံ့ဘွယ်မေတ္တာ၊ ချိုသာလှသော၊ ကျွန်ုပ်အားကယ်တင်သည်၊ တချိန်က ပျောက်ဆုံးသည်၊ ယခုတွေ့ရပြီး၊ တချိန်က မျက်စိကန်းလျက်၊ ယခုမြင်ရပြီ၊ ယခင်က အပြစ် သား ယေရှုကယ်တင်ပြီ၊ သူကျွန်ုပ်အားလက်ခံသည်၊ အသွေးတောအားဖြင့်ပင်” သီချင်းသီဆို သောအကြောင်းရင်းကို သဘောပေါက်လာပါသည်။

ယေရှု၏လက်ဝါးကပ်တိုင်အကြောင်း။ ယေရှုအသွေးတော်အကြောင်း ကျွန်ုပ်၏ဟော ပြောချက်အပေါ် လူတို့သည် ညည်းတွားနေကြပါသလား။ မဟုတ်ပါ။ ယေရှုခရစ်ယုံကြည်ကိုး စားသည်အကြောင်း သေချာမှုမရှိသေးဘဲ Lidia Estrada ကို နှစ်ခြင်းခံစေသည့် California, Arleta က တရားဟောဆရာတစ်ပါးကဲ့သို့ပင် မဟုတ်ခဲ့ပါလျှင်။ အဘယ်သို့ သေချာစေရမည် ကို သူမသိပေဘူးလား။ သံသယဖြစ်စရာပင်။ မြေကြီးပေါ်တွင် ထိုကဲ့သို့သော မှားယွင်းသည့် ပရောဖက်များနှင့်မဆုံတွေ့စေရန် ဝေးဝေးရှောင်ထားပါ။

ကျွန်ုပ်မူကား၊ ဤနှုတ်ခမ်းသည် သင်္ချိုင်းတွင် လျောင်းနေသည့်တိုင်အောင် ယေရှုခရစ် တော်၏အသွေးတော်အကြောင်းကို ကျွန်ုပ်ပြောမည်။ ကယ်တင်နိုင်သောတန်ခိုးအကြောင်းနှင့် ပါတ်သက်ပြီး ချိုသာသောသီချင်းကို သီဆိုကျူးဧမည်။ အသွေးနှင့်တွင်းပြည့်သည်။ ကယ်တင် ရှင်၏အသွေးတော်၊ ထိုတွင်းသို့အပြစ်သားရောက်သွာ၊ အပြစ်ဟူသမျှကင်းစင်စေသည်။

အပြစ်ဟူသမျှကို ဖြေလွှတ်ပါ၊ အပြစ်ဟူသမျှကို ဖြေလွှတ်ပါ၊
အပြစ်သားများ၊ အောက်အရပ်မြေပြင်ထိတိုင်၊ အပြစ်ရှိသမျှကို ဖြေလွှတ်ပါ။
(“စမ်းရေရှိသည်” William Cowper, ၁၇၃၁-၁၈၀၀ ) ရေးစပ်သည်။ )

“ထိုသားတော်၏အသွေးတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ ၏။” ( ကောလော ၁း ၁၄ )

ကယ်တင်ခြင်းအကြောင်းနှင့်ပါတ်သက်ပြီး ကျွန်ုပ်တို့နှင့်အတူ ဆွေးနွေးလိုလျှင် ရှေ့သို့လာပါ။ သို့ဖြင့် ကျွန်ုပ်တို့ဆွေးနွေးနိုင်ပါသည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Aaron Yancy က ဆုတောင်းသည်။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကားတိုင်တွင် အသေခံသောသူ၏အသွေးတော်ဖြင့်ကယ်တင်"၊ ( S. J. Henderson, ၁၉ ရာစု ) ရေးစပ်သည်။ )