Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဧဝံဂေလိဆရာများက အသင်းတော်များသို့ လူမပို့ဆောင်နိုင်သည့်အကြောင်းရင်း
(တိုက်ပွဲခေါ်သံအပိုင်းလေး)

WHY EVANGELISTS DON’T ADD PEOPLE
TO OUR CHURCHES
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဖေဖော်ဝါရီလ ( ၁၁ ) ရက်နေ့ စနေညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr. ၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, February 11, 2017

“သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။” (ယောဟန် ၅း ၄၀ )


လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်ုပ်တို့အသင်းတော်သည် ဧဝံဂေလိလုပ်ငန်းအ တွက် အခြားအသင်းတော်တစ်ပါးနှင့်ပူးပေါင်းခဲ့သည်။ အခြားသင်းအုပ်၏အသင်းတော်ကို တံ တိုင်းများဖြင့် ထုတ်ပိုးခဲ့ကြသည်။ သူသည် အထင်ကရ ဧဝံဂေလိဆရာတစ်ပါးကို ခေါ်ဖိတ်ခဲ့ပါ သည်။ ထိုဧဝံဂေလိဆရာက တရားဟောသည်။ ခေါ်ဖိတ်သည့်အချိန်တွင် လူအုပ်ကြီးသည် ရှေ့သို့လာခဲ့ကြသည်။ သို့ရာတွင် မည်သူမျှ ကယ်တင်ခြင်းသို့မရောက်ခဲ့ပါ။ အခြားသင်းအုပ် ဆရာတစ်ပါးပြောစကားမှာ အောက်ပါအတိုင်းပင်ဖြစ်ပါသည်။

ကျွန်ု္ပ်တို့အသင်းတော်သည် ဧဝံဂေလိအစီအစဉ်အဆုံးတွင် မေး မြန်းစုံစမ်းခန်းကို ပြည့်စေရန် ကြိုးစားအားထုတ်ကြပါသည်။ ခရူး ဆိတ်၏ထိုနောက်ဆုံးညတွင် ကျွန်ုပ်တို့သည် လူမြောက်များစွာတို့ တွင် ထိုကဲ့သို့ လွှမ်းမိုးမှုကို တွေ့ရသည်။ ရာပေါင်းများစွာသော လူတို့သည် မေးမြန်းစုံစမ်းခန်းတွင် ကလေးများနှင့် အမျိုးသမီးများ အတွက် အခန်းကို လုပ်ဆောင်ရန် အပြင်တွင် ရပ်လျက်နေကြ သည်။ ထိုနေရာတွင် သူတို့အတွက် အမှန်တကယ် နေရာမရှိ တော့ပါ။ လူတိုင်းသည် ဧဝံဂေလိတရားဒေသနာကို ကြားသိခဲ့ရ သည်မှာ ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပြီး ကယ်တင်ခြင်းရယူရန် ခေါ်ဖိတ်မှုကို ၅၄ယောက်က တုန့်ပြန်မှုပေးကြပါသည်။ ကျွန်ုပ် သည် ဘုရားသခင်၏ဓါးကို ကြီးမားသည့်သတင်းပေးမှုလုပ်ဆောင် သောအခါ Curtis Hutson ( သခင်ဘုရား၏ဓါးစာစောင် အယ်ဒီ တာ ) ထံက ခွန်အားများကို ရရှိခဲ့သည်။ “သူတို့သည် မျှော်လင့် ချက်ဖြင့်ပြောင်းလဲလာသူများအဖြစ် အဘယ့်သို့ ဖော်ပြရဲပါသ နည်း။” သူက “အခြားအရာထက် ခရစ်တော်၌ လူသစ်ဟု ခေါ်ရန် သူတို့အပိုင်းတွင် ယုံကြည်ခြင်းလိုအပ်ကြောင်း ပြသထားသည်” ဟု ရေးသားထားသည်။ ကျွန်ုပ်သည် ၎င်း၏မှတ်ချက်ကြောင့် စူးရှ ခဲ့ရသည်။ မရေတွက်နိုင်လောက်သော ရက်သတ္တပတ်များလာ သောအခါ စာရေးခြင်း၊ ဖုန်းခေါ်ခြင်း၊ လည်ပတ်ခြင်း၊ တို့လုပ် ဆောင်ပြီး နောက်ဆုံးညတွင် အဘယ်သူမျှ ခေါ်ဖိတ်ခြင်းကို မတုန့်ပြန်ခဲ့ကြပါ။ အသင်းတော်ရောက်သည့်နေရာတိုင်းတွင် အ ပြစ်သားဆုတောင်းခြင်းကိုသာ ရွက်ဆိုကြပါသည်။ (သူတို့မ ပြောင်းလဲကြသေးကြောင်း) သိနားလည်လာရသည်။ ပရော်ဖက် ရှင်နယ်ယုံကြည်ခြင်းရယူခြင်းနှင့် ဝိညာဉ်ရိတ်သိမ်းခြင်း သို့မဟုတ် ဖော်ဖိတ်ခြင်းနှင့် အသင်းတော်တွင် လူတစ်ဦးဦးကို ပေါင်းထည့် ခြင်းအတွင်း ဆွေးနွေးခန်းရှေ့တို့ကြား ကွာခြားမှုကမ္ဘာတစ်ခုရှိပါ သည်။

CURTIS HUTSON ကဲ့သို့သော ဧဝံဂေလိဆရာများသည် ပျောက်ပျက်သွားခဲ့ကြ သည်။ အမြော်အမြင်ရှိသောသင်းအုပ်များက သူတို့ကို နောက်ကြာမြင့်စွာ အသုံးပြုကြခြင်း မရှိ တော့ပါ။ သူတို့က ဧဝံဂေလိဆရာများသည် ၎င်းတို့အသင်းတော်များသို့ အမှန်တကယ် ပြောင်းလဲသောသူများကို ထပ်မံပေါင်းထည့်ခြင်းမရှိကြဟု မှတ်ယူကြပါသည်။ သို့ဖြစ်သော ကြောင့် သူတို့အား ဆက်လက်အသုံးပြုကခြင်းမရှိခြင်းပေတည်း။

သင်းအုပ်များက အမှန်ကို ဆုံးဖြတ်ကြခြင်းဖြစ်ပါသည်။ ထို့ညတွင် ရှေ့သို့လာပြီး အ ပြစ်သား၏ဆုတောင်းခြင်းကို ဆုတောင်းသောသူ အဘယ်သူမျှ ကယ်တင်ခြင်းသို့ရောက်ကြ သည်မဟုတ်။ သူတို့သည် အမှန်တကယ် ပြောင်းလဲခဲ့ကြမည်ဆိုလျှင် သူတို့အသင်းတော်သို့ ပြန်၍ ထိုအရပ်တွင် ရှိနေကြပေမည်။ သူတို့သည် ၎င်းတို့ပြုသောအပြစ်ထဲက ပြောင်းလဲခဲ့ကြ သည်မဟုတ်။ သူတို့သည် ခရစ်တော်ထံသို့ ပြောင်းလဲခဲ့ကြသည်လည်းမဟုတ်ပါ။ သူတို့သည် လုံးဝကို မပြောင်းလဲကြပေ။ သင်းအုပ်တစ်ယောက်ဆိုသကဲ့သို့ “ပရော်ဖက်ရှင်နယ်ယုံကြည် ခြင်းနှင့် အသင်းတော်သို့ တစ်ဦးဦးကို ပေါင်းထည့်ခြင်းကြားက ကမ္ဘာကြီးသည် ကွဲပြားခြားနား မှုရှိသည်။” အလွန်ထင်ရှားကျော်ကြားသောထိုဧဝံဂေလိဆရာသည် ထိုညတွင် အဘယ်သူကို မျှ ကယ်တင်ခြင်းသို့ မရောက်စေနိုင်ပါ။ သူအသုံးပြုထားသောနည်းစနစ်မှာ ဆိုးရွားလှသည်။

Curtis Hutson, သခင်ဘုရား၏ဓါးမဂ္ဂဇင်းအယ်ဒီတာက သင်းအုပ်တို့အား “သူတို့ သည် မျှော်လင့်ချက်အပြည့်ဖြင့်ရှိနေသည့်ပြောင်းလဲသူများအပြစ် အဘယ့်ကြောင့် ဖော်ပြရဲသ နည်း” ဟု ပြစ်တင်ရှုတ်ချခဲ့ပါသည်။ သူတို့အားလုံးကို “ခရစ်တော်၌ လူသစ်” ဟု မှတ်ယူသင့် ပါသည်။ တကယ်တော့ သူတို့တွင် အဘယ်သူမှ် ခရစ်တော်၌ လူသစ်မဖြစ်ကြပါ။ Hutson ၏ နည်းစနစ်က နည်းလမ်းမကျပေ။

အမေရိကန်ပြည်ထောင်စုတွင် ထိုသို့သော တရားဟောဆရာများစွာရှိကြပါသည်။ ကမ္ဘာပေါ်တွင်လည်း အလားတူပင်ဖြစ်ပေမည်။ သူတို့သည် “ဆုံးဖြတ်ချက်ဝါဒီသမားများ” ပင် ဖြစ်ကြပါသည်။ ဒေါက်တာ Cagan နှင့် ကျွန်ုပ်တို့ကိုယ်တိုင်ရေးသားထားသည့် (Today’s Apostasy ယနေ့မှားယွင်း သောအရာများ (သင့်ရဲ့ကွန်ပျူတာတွင်ဖတ်နိုင်ရန် ဤနေရာတွင် နှိပ်ပါ)) စာအုပ်ထဲတွင် ဆုံး ဖြတ်ချက်ဝါဒီ၏အဓိပါယ်ကို ဖွင့်ဆိုထားပါသည်။

ဆုံးဖြတ်ချက်ဝါဒီဟူသည်မှာ လူတစ်ဦးသည် ရှေ့သို့လာခြင်း၊ လက်ကိုမြှောက်ခြင်း၊ ဆုတောင်းခြင်း၊ ဩဝါဒကို ယုံကြည်ခြင်း၊ ဘုရားဖြစ်ခြင်းကို ဝန်ခံခြင်း၊ သို့မဟုတ် အခြားထာဝရနှင့်ဆိုင် သော လူသားလုပ်ဆောင်ချက်ကို လုပ်ဆောင်ခြင်းဖြင့် ကယ်တင် ခြင်းသို့ ရောက်ရှိခြင်းပေတည်း။

လူတို့သည် ရှေ့သို့တိုးဝှေ့လာကြသည်။ သူတို့က ဩဝါဒကို လက်ခံယုံကြည်ခဲ့ကြသည်။ သူ တို့က အပြစ်သားတို့ဆုတောင်းခြင်းကိုသာ ဆုတောင်းကြသည်။ သို့ရာတွင် သူတို့သည် ခရစ် တော်ထံသို့မလာကြပေ။ ယေရှုက “သင်တို့သည် အသက်ကိုရမည်အကြောင်း ငါ့ထံသို့လာကြ သည်မဟုတ်” (ယောဟန် ၅း ၄၀) ဟု မိန့်ဆိုခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ခရစ်တော်ကို မသိကြပေ။ ပြောင်းလဲခြင်းလဲမရှိကြပေ။ သူတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြပေ။ ထို့ကြောင့် သူတို့သည် ဘုရားကျောင်းသို့ ပုံမှန် လာရောက်ခြင်းမရှိကြပေ။ သူတို့က ဆုံးဖြတ်ချက်များကို ချခဲ့ကြသည်။ သို့သော် စစ်မှန်သော ခရစ်ယာန်များတော့ မဖြစ် ကြပေ။ သူတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြပေ။

ထိုဧဝံဂေလိဆရာသည် (သူကဲ့သို့ များစွာသောသူများဖြစ်ကြသည်။) ဆုံးဖြတ်ချက်ဝါ ဒီသမားသက်သက်မဟုတ်။ သူသည် ဆင်တယ်မင်နီယမ်ပင်ဖြစ်ပါသည်။ ထိုဧဝံဂေလိဆရာက ၎င်း၏ “ဘာသာရေးပုဂ္ဂိုလ်ကို အနိုင်ယူခြင်း” ဆောင်းပါးတွင် “ဝိညာဉ်များရိတ်သိမ်းသည်” ကို နားထောင်ကြည့်ပါ။ ဤသည်မှာ သူက “မိန်းမတစ်ဦးအား ခရစ်တော်ထံဦးဆောင်သည့်” နည်း လမ်းဖြစ်သည်။

သူမသည် အပြစ်သားတစ်ယောက်ဖြစ်သည်သာမကဘဲ၊ အပြစ်ရဲ့ အကျိုးအခသည် ကျွန်ုပ်တို့၏ကျိုးစားအားထုတ်မှုအားဖြင့် ဖယ်ရှား ၍ မရနိုင်ကြောင်း သူမကိုယ်တိုင်အမှန်တကယ် နားလည်လာစေ ရန် ကျွန်ုပ်ကိုယ်တိုင် အကောင်းဆုံးလုပ်ဆောင်ခြင်းဖြင့် ရောမသို့ သွားရာလမ်းတွင် သူမကို ဦးဆောင်လမ်းပြခဲ့သည်။ ယေရှုက ထို အပြစ်အခကို အကုန်အစင်ပေးထားကြောင်း၊ ထိုသို့ သူ၏လုပ် ဆောင်ခြင်းမရှိဘဲ ကယ်တင်ခြင်းသို့ ရောက်ရာလမ်းမရှိကြောင်း သူမ မြင်လာရန် အကူအညီပေးထားသည်။

ထို့နောက် သူသည် သူမအား ဆုတောင်းခြင်းကိုလုပ်ဆောင်စေပြီး သူမသည် “ဘုန်းကြီးလျက် ကယ်တင်တော်မူခြင်းသို့ရောက်သည်” ဟု ဆိုသည်။ အဘယ်အရာလိုအပ်သည်ကို သိပါသ လား။ ထိုမိန်းမသည် အပြစ်ကို မသိပါ။ ထိုအကြောင်း ဖော်ပြထားခြင်းလည်း မရှိပါ။ သူ့အပြစ် ကို ဆေးကြောသည့် ခရစ်တော်၏အသွေးတော်အကြောင်းလည်း ဖော်ပြထားခြင်းမရှိပါ။ ထိုအ ရာအားလုံးသည် သူ့စိတ်ထဲတွင် ရှိနေပါသည်။ သူသည် ထိုမိန်းမအား တစ်ခုခုကို နားလည္ ရန် အကူအညီပေးသည်။ ထို့နောက် ယေရှုအသေခံကြောင်း မြင်စေရန်ဖြစ်သည်။ သူမသည် အရာအားလုံးကို နားလည္ပြီး မြင္လာသောအခါ ဆုတောင်းလာသည်။ ၎င်းသည် ကောင်း သောအရာဖြစ်ပါသည်။

ထိုဧဝံဂေလိဆရာ၏ဟောပြောချက်နှင့် “ဝိညာဉ်ရိတ်သိမ်းခြင်း” သည် စိတ်ထဲက ယုံ ကြည်ခြင်းက သင့်အားကယ်တင်မည်ဟုဆိုသော ဆန်တာမင်နီဇမ် အတွက် အကောင်းဆုံး သော သာဓကပင်ဖြစ်ပါသည်။ Dr. Martyn Lloyd-Jones က ဆန်တာမင်နီဇမ် အကြောင်းနှင့် ပတ်သက်ပြီး “သူတို့သင်ကြားသည့်အရာကို ကျွန်ုပ်လက်ခံပြီး ထိုသို့ပြောရန်ပြင်ဆင်လျှင် သင့် အားကယ်တင်မည်” အကြောင်းကို ပြောဆိုခဲ့သည်။ (Romans, Exposition of Chapter 10, Saving Faith, Banner of Truth, Chapter 14 ) ထိုဧဝံဂေလိဆရာသည် လူတစ်ဦးသည် “စိတ်နှလုံးသားထဲတွင် စာကြောင်းများကို (ပြင်ဆင်) ပြီး သူသည် ကယ်တင်ခြင်းအတွက် ယေရှုခရစ်ကို ယုံကြည်ကိုးစားကြောင်း ခမည်းတော်ကိုပြောသည် ၊ ထိုအချက်မှတပါး အခြား မည်သည့်အရာမျှမလိုတော့ပါ” ဟု ယုံကြည်သည်ဟုဆိုသော မှားယွင်းသောဆရာဖြစ်သည့် R. B. Thieme တွင်ရှိသော အယူအဆနှင့်အတူတူပင် ဖြစ်ပါသည်။ (Wikipedia) သင်သည် ခရစ်တော်ကို ယုံကြည်ကိုးစားကြောင်း စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ပြောပြပါဟု Thieme က ဆိုပါသည်။ ထိုအရာပင်ဖြစ်ပါသည်။ လူတစ်ယောက်က ဤစာမူကို ဖတ်ရှုခြင်း၊ သို့မဟုတ် ဗွီဒီယိုကို ကြည့်ရှုခြင်းပြုသောအခါ “Thieme သည် မှားယွင်းသောဆရာတစ် ယောက်ပင်ဖြစ်ပါသည်” ဟု ဆိုပေလိမ့်မည်။ သို့ရာတွင် ဧဝံဂေလိဆရာလုပ်ဆောင်သောအရာ နှင့်ကွဲပြားခြားနားသည့် Thieme ၏ လုပ်ဆောင်သောအရာကား အဘယ်သို့နည်း။ သို့မဟုတ် ဆုံးဖြတ်ဝါဒီသမားလုပ်ဆောင်သောအရာကား အဘယ်သို့နည်း။ ခြားနားမှုမရှိဟု ဆိုချင်ပါ သည်။ ဆုံးဖြတ်ချက်ဝါဒပင်ဖြစ်ပါသည်။ ဆန်တယ်မင်နီဇမ်ပင်ဖြစ်ပါသည်။

အနည်းငယ်သာဖြစ်သည်။ တရားစီရင်သောနေ့ရက်တွင် ထိုသို့သောတရားဒေသနာ ဖြင့် လူအနည်းငယ်၊ အနည်းငယ်သာ ကယ်တင်ခြင်းသို့ရောက်ကြသည်ကို ထင်ရှားစေလိမ့် မည်။ ထိုသို့သော ဧဝံဂေလိအားဖြင့် လူအနည်းငယ်၊ အနည်းငယ်၊ အနည်းငယ်၊ အနည်းငယ် သာ ပြောင်းလဲပြီး ကယ်တင်ခြင်းသို့ ရောက်ကြမည်။ ၎င်းသည် ကျွန်ုပ်တို့အသင်းတော်ကို ဖျက်ဆီးသည်။ ဝေးဝေးရှောင်ထားပါ။ မှားယွင်းသောဆရာတစ်ထောင်ရှိခြင်းထက် စစ်မှန် သောပြောင်းလဲခြင်းရှိသူ တစ်ယောက်ရှိခြင်းက သာ၍ ကောင်းပါသည်။

ထိုသို့သော ဧဝံဂေလိတရားတွင် အပြစ်ကိုသိမြင်ခြင်းမရှိ၊ စိတ်ခံစားချက်သာလျှင်ဖြစ် သည်။ ခရစ်တော်ကိုယ်တိုင်နှင့်တွေ့ခြင်းမရှိပါ။ ယေရှုခရစ်ကိုယ်တိုင်ကို ကိုးစားခြင်းလည်းမရှိ ဘဲ ခရစ်တော်လုပ်ဆောင်ထားသောအရာများကို စိတ်ဖြင့် သဘောတူညီရုံမျှသာဖြစ်သည်။ အ ဘယ့်ကြောင့်ဆိုသော လူတို့သည် အပြစ်ကို မြင်ကြသည်မဟုတ်။ သူတို့သည် ခရစ်တော်ထံ သို့လည်း မလာကြပေ။ သူတို့သည် ကယ်တင်ခြင်းသို့လည်း မရောက်ကြပါ။ သူတို့သည် ထာဝရအသက်ကိုလည်း မရကြပါ။ ကျွန်ုပ်တို့အသုံးပြုထားသော အခြေပြုကျမ်းပိုဒ်က ဤသို့ ဆိုပါသည်။

“သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိ ကြ။” ( ယောဟန် ၅း ၄၀ )

ယခုတွင် ထိုဧဝံဂေလိဆရာထံက ထွက်လာပြီး သင့်အား တိုက်ရိုက်စကား ပြောရ မည်။ သင်၌ သူထက်သာလွန်သောအချက်ရှိလား။ သင်၏ကယ်တင်ခြင်းဟုဆိုသောအရာ သည် သူပြောသည်ထက် သာလွန်ခြင်းရှိပါသလား။ မရှိပါ။ လုံးဝမရှိပါ။

အမှားမလုပ်မိပါစေနှင့်။ သင်သည် ကယ်တင်ခြင်းသို့ရောက်ရန် လိုအပ်ပါသည်။ ဘု ရားသခင်သည် သင့်အား ရှုမြင်သောအခါ သူသည် အဘယ်အရာကို မြင်ရမည်နည်း။ သင် သည် အပြစ်နှင့်ဖုံးလွှမ်းထားသည်ကိုသာ မြင်ရမည်။ သမ္မာကျမ်းစာက “ဘုရားသခင်၏မျက်စိ တော်သည် နေရာတိုင်းတွင်ရှိပြီး ကောင်းမကောင်းကို ကြည့်ရှုသည်” (သုတ္တံ ၁၅း ၃) ဟု မိန့် ဆိုထားသည်။ ဘုရားသခင်က သင်ပြစ်မှားသောအပြစ်ဟူသမျှကို ၎င်း၏မှတ်တမ်းစာအုပ်ထဲ တွင် ထည့်သွင်းထားသည်။ နောက်ဆုံးသောတရားစီရင်ရာနေ့တွင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ရပ်လျက် ”ထိုစာစောင်တွင်ရေးသားထားသည်အတိုင်း တရားစီရင်ခြင်း ကို ခံရမည်။” (ဗျာဒိတ် ၂၀း ၁၂ ) သင်၏လှို့ဝှက်ပြစ်မှားသောအပြစ်များပင်လျှင် ထင်ရှားပေ လိမ့်မည်။ သမ္မာကျမ်းစာက “ဘုရားသခင်သည် လှို့ဝှက်ထားသည့်အရာတိုင်းနှင့်အတူ လုပ် ဆောင်သမျှသောအရာကို တရားစီရင်တော်မူမည်” ( ဒေသနာ ၁၂း ၁၄ ) ထို့နောက်တွင် “သင်သည် မီးအိုင်ထဲသို့ ပစ်ချခြင်းခံရမည်။” (ဗျာဒိတ် ၂၀း ၁၅ )

သင်သည် ဘုရားသခင်က သင့်အား မတူကွဲပြားစွာ တွေ့မြင်ရန်လိုအပ်သည်။ ဘုရား သခင်က သင့်အား ကြည့်ရှုသောအခါ အပြစ်ကို မမြင်မိရန် လိုအပ်ပါသည်။ ဘုရားသခင်က သင့်၌ ခရစ်တော်၏အသွေးတွေ့မြင်ရန် လိုအပ်ပါသည်။ သင်သည် ယေရှုကို အလိုရှိပါသည်။ အကြောင်းမှာ “ဘုရားသခင်တစ်ဆူတည်းရှိသည်။ လူနှင့်ဘုရားစပ်ကြားတွင် ယေရှုခရစ် တည်းဟူသော အမခံတစ်ဦးတည်းရှိသည်။” (၁ တိ ၂း ၅ ) သင်သည် ယေရှုအား သင်နှင့်ဘုရားသခင်ကြားတွင် အပြစ်အတွက် ဆုတောင်းပေးမည့် သင်၏အာမခံအနေဖြင့် လိုအပ်သည်။

သင်သည် အဘယ်သို့ကယ်တင်ခြင်းရောက်မည်အကြောင်း သင်ယူနေကြခြင်းဖြစ် သည်။ သင်တို့သည် ဆန်တင်မင်နီဇမ် ဆုံးဖြတ်ချက်ဝါဒီသမားများသာဖြစ်ကြပါသည်။ လူတစ် ဦးက ဒေါက်တာ Cagan အား “ယေရှုကို ကိုးစားဖို့ကြိုးစားတယ်။ ခံစားချက်ကို မရှုမမှတ်ဘဲ သူ့ကို ကိုးစားရန် ကြိုးစားအားထုတ်တယ်” ဟု ပြောခဲ့ဖူးသည်။ သူသည် “ကောင်းသောအရာ ကို လုပ်ဆောင်ဖို့” သင်ယူလေ့လာနေသည်။ သင်သည် “မှန်ကန်မှုကို ဆုံရသောအခါ” သူသည် အသိအမှတ်ပြုခြင်းကို ခံရပြီး သူဖြစ်သည်အတိုင်း ဆက်သွားရမည်။ ထိုကောင်လေး သည် အပြစ်ကို သိမြင်ခြင်းမရှိ၊ သူသည် စာရင်းထဲတွင် ထည့်သွင်းထားခြင်းခံရသောလည်း မ ပြောင်းလဲသေးပါ။ ပြည့်ဝစုံလင်ခြင်းအနေဖြင့် ယေရှုကို ကိုးစားလက်ခံနိုင်ရန် ကြိုးစားအား ထုတ်ခြင်းပင်ဖြစ်သည်။

ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံသောအခါ ယေရှုနားတွင် အသေခံ သော သူခိုးတစ်ယောက်ရှိသည်။ သူက “ယေရှုကို ကိုးစားသည့်နည်းလမ်း” မသိခဲ့ပါ။ ကိုးစား ရုံသက်သက်သာဖြစ်သည်။ သူသည် မိမိအပြစ်များကိုသိမြင်လျက် ယေရှုကို လိုအပ်ခဲ့သည်။ ထို့နောက် ယေရှုကို ကိုးစားခဲ့သည်။

တစ်နေ့တွင် ယေရှုသည် အိမ်တစ်အိမ်တွင် စားသောက်လျက်နေစဉ် အမျိုးသမီးတစ် ဦးသည် လာ၍ စားပွဲအောက်တွင် ဝပ်၍ ယေရှု၏ခြေကို နမ်းရှုတ်ခဲ့သည်။ သူမက ယေရှုကို ယုံ ကြည်ကိုးစားရန် “အဘယ်သို့လုပ်ဆောင်မည်” ကို မသိပါ။ သူမသည် သူ့ထံသို့ လာရုံသက် သက်သာဖြစ်ပါသည်။ ခရစ်တော်က “သင့်အပြစ်ကိုလွှတ်ပြီ” ဟု မိန့်ဆိုခဲ့သည်။ (လုကာ ၇း ၄၈)

ယေရှုကို ကိုးစားခြင်းမှာ သူသည် သင့်အတွက် လက်ဝါးကပ်တိုင်တွင် အသေခံသည် ကို ယုံကြည်ခြင်း၊ သို့မဟုတ် တူညီသောအရာဖြစ်သည့် သင့်အဖို့ အသေခံသည်ကို “သိခြင်း” ဖြစ်သည်ဟု သင်တို့တွင် အချို့တို့က ထင်ကြသည်။ သင့်စိတ်နှလုံးထဲတွင် ခရစ်တော်ကို ကိုး စားသည်ဟု ဆိုကြသည်။ သင့်နှုတ်နှင့်ဝန်ခံကြသည်။ ခရစ်တော်က အခြေပြုကျမ်းပိုဒ်တွင် ဤသို့မိန့်ဆိုသည်။

“သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိ ကြ။” ( ယောဟန် ၅း ၄၀ )

သင်သည် ယေရှုကိုယ်တော်တိုင်ကို အားကိုးယုံကြည်ထားခြင်းမရှိပေ။ သူ့ထံသို့ လာ ခြင်းလည်း မပြုပေ။ သင့်စိတ်နှလုံးသားထဲတွင် သဘောတူညီမှုရခြင်းမျှသာဖြစ်သည်။ ၎င်းကို နှုတ်ဖြင့်ပြောသည်။ ထိုအရာက သင့်ကို ကယ်တင်မည်မဟုတ်ပါ။ ကယ်တင်ခြင်းအကြောင်း ကို နားလည်သဘောပေါက်အောင် သင်ယူပြီး ထိုအကြောင်းနှင့်ပတ်သက်သည့်မေးခွန်းများ ကို ဖြေဆိုနိုင်လျှင် ကယ်တင်ခြင်းသို့ ရောက်မည်ဟု သင်တို့တွင် အချို့တို့သည် ထင်မြင် လျက်ရှိကြသေးသည်။ ကျောင်းသားတစ်ဦးကဲ့သို့ မေးခွန်းများကို သင်ယူဖြေဆိုခြင်းက သင့်ကိုကယ်တင်မည်မဟုတ်ပါ။ ခရစ်တော်က “သင်တို့သည် အသက်ကိုရမည်အကြောင်း ငါ့ ထံသို့မလာကြ” ဟု မိန့်ဆိုထားခဲ့သည်။

ပြဿနာတစ်ခုမှာ သင်သည် အပြစ်အတွက် အမှန်တကယ် ပြောင်းလဲလာခြင်းမရှိမှု ပင်ဖြစ်ပါသည်။ သင်သည် စကားနှစ်ခွန်းကိုပြောသော်လည်း သင်သည် အပြစ်ကို အမှန်တ ကယ်သိမြင်သည်မဟုတ်။ သင်သည် အပြစ်သဘာဝထဲက အမှန်တကယ် ရုန်းထွက်နိုင်ခြင်းမ ရှိပေ။ အထဲတွင် တကိုယ်ကောင်းဆန်နေသေးသည်။ အတွင်းပိုင်းတွင် ဘုရားသခင်ကို အလို မရှိသေးပေ။ သင်သည် မိမိကိုယ်ကို သာနှစ်သက်သည်။ သင်လာသည့် အပြစ်သဘာဝကို အလွန်တရာပင် ခုံမင်လျက်ရှိသေးသည်။ သင်သည် မိမိကိုယ်ကို စက်ဆုတ်ရွံရှာစေသည်။ သင်သည် မိမိကိုယ်ကို မနှစ်မမြုပ်ဖြစ်နေရပါသည်။ ထို့နောက် သင်သည် သင့်ကိုချစ်ပြီး မိမိအ သွေးကို သင့်အတွက်ပေးသောခရစ်တော်အကြောင်း ကြားသိရသည်ကို ဝမ်းမြောက်ရွှင်လန်း ပေလိမ့်မည်။

သင်တို့သည် ခရစ်တော်၏အသွေးတော်ကို လုံး၀ ယုံကြည်စိတ်ချမှုမရှိပေ။ သင်တို့ သည် အသွေးတော်ကို စိတ်ပိုင်းဆိုင်ရာတွင်လည်းကောင်း၊သို့မဟုတ် ထိုအကြောင်းကို စကား လုံးပြောခြင်းဖြင့်လည်းကောင်း ဆင်ခြင်န်ိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တရားဒေသနာ တွင် အသွေးတော်အကြောင်းကို ကြားခဲ့သည်။ သို့သော် ထိုအရာသည် သင်လုပ်ဆောင္နိုင် သောအရာဖြစ်ပါသည်။ သင်သည် အပြစ်ဆေးကြောခြင်းကို ခံရစေရန် အပြစ်သားတစ် ယောက်ကဲ့သို့လည်းကောင်း၊ အကူအညီမဲ့သောအပြစ်သားကဲ့သို့လည်းကောင်း ခရစ်တော် ကိုယ်တိုင်ထံသို့ ရောက်ရှိလာခြင်းမဟုတ်ပေ။ သင်သည် ဤနည်းလမ်း သို့မဟုတ် ထိုနည်း လမ်းဖြင့် မိမိကိုယ်ကို ကယ်တင်ရန် ကြိုးစားအားထုတ်နေပါသည်။ ခရစ်တော်၏အသွေးတော် သည် သင်၏ကယ်တင်ခြင်းမဟုတ်ပါ။ စကားတစ်ခွန်းသည်လည်း သင့်ကယ်တင်ခြင်းမဟုတ် ပါ။ သင့်စိတ်နှလုံးသားထဲတွင် သီချင်းဟောင်းလေးတစ်ပုဒ်ကို သဘောတူပါသလား။

ငါမြော်လင့်ခြင်းအမြစ်တည်ရာ၊
   ခရစ်တော်၏အသွေးမြတ်သာ။
ငါ၏ကျင့်ဝတ်မှီဘွယ်မရှိ၊
   နာမတော်ကုသိုလ်အောင်သတည်း။
ကျောက်မြတ်ခရစ်တော် ငါခိုလှုံ၊
   အခြားတည်ရာရှိ ရှိသဲနှုန်း။
အခြားတည်ရာရှိ ရှိသဲနှုန်း။
   (“မြဲတည်ကျောက်” Edward Mote, ၁၇၉၇-၁၈၇၄).

သင်သည် ဆိုးသွင်းသောအပြစ်သားတစ်ယောက်ဖြစ်ပါသလား။ သို့သော် ယေရှုသင့်ကို ချစ်ပါ သည်။ ထို့ကြောင့်သာလျှင် သင့်အတွက် အသေခံပေးခဲ့သည်။ သူသည် သင့်ထံသို့လာသော အခါ သင့်အပြစ်ကို ခွင့်လွှတ်မူမည်။ အသွေးတော်ဖြင့် သင့်အပြစ်ကို ဆေးကြောပေးမည်။ သင်သည် ယေရှုကို ယုံကြည်ကိုးစားလျှင် သင့်အပြစ်ထဲက သင့်ကို ရွေးနှုတ်ကယ်တင်မည်။ သူနှင့်အတူ စကားပြောလိုလျှင် ယေရှုကို ကိုးစားခြင်းအကြောင်းနှင့်ပါတ်သက်ပြီး ကျွန်ုပ်တို့နှင့် အတူ ဆုတောင်းပဌနာပြုပါ။ ယခုလာပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကျွန်ုပ်ထံသို့လာ"၊ ( Charles P. Jones ၁၈၆၅-၁၉၄၉ ) ရေးစပ်သည်။ )