Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




မိမိကိုယ်ကို ယခု စစ်ဆေးပါ။

EXAMINE YOURSELVES NOW!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဖေဖော်ဝါရီလ ( ၅ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 5, 2017

“သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ် ကို ကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံ နိုင်သောသူမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ် မသိကြသလော။” ( ( ၂ ကော ၁၃း ၅ ) )


ကောရိန္တုမြို့တွင်ရှိကြကုန်သော လူစုတစ်စုသည် တမန်တော်ပေါလုကို တိုက်ခိုက် သည့်အချိန်တွင် ပါဝင်ပတ်သက်ခဲ့သည်။ သူတို့မှာ အစောပိုင်းက ရှင်ပေါလုပြောဆိုခဲ့သည့် မပြောင်းလဲသေးသည့် လူစုများသာဖြစ်ကြပါသည်။ သူတို့က ပေါလုသည် အားနည်းပြီး စစ်မှန် သော တမန်တော်လည်း မဟုတ်ပါဟု ဆိုကြသည်။ သူတို့သည် ကျွန်ုပ်တို့အသင်းတော်တွင် ရှိ ကြသောလူများ၊ အသင်းတော်ကွဲပြားသွားအောင် ကျွန်ုပ်အားတိုက်ခိုက်သော လူများနှင့်အတူ တူပင်ဖြစ်ကြပါသည်။ လောခ်အိန်ဂျယ်မြို့ထဲတွင် ဤကဲ့သို့သော ကြီးမားသည့်အသင်းတော် ကို ပိုင်ဆိုထားရန် ကျွန်ုပ်တို့သည် မာရ်နတ်ကို တိုက်ခိုက်ခဲ့ရပါသည်။ ဤသို့သောဆိုးသွင်း သောသူများက ရှင်ပေါလုသည် စစ်မှန်သော တမန်တော်မဟုတ်ပါဟု ဆိုခဲ့ကြပါသည်။ ထို့ ကြောင့် ရှင်ပေါလုက သူတို့အား “သူတို့သည္ ယုံကြည်ခြင်းတွင် တည်လျက်ရှိကြသည်၊ မရှိ ကြသည်အကြောင်း မိမိကိုယ်ကုိ စစ်ဆေး” ကြရန် တိုက်တွန်းထားပါသည်။ ဤကျမ်းပိုဒ်ကို “သင်တို့သည် ယုံကြည်ခြင်းတရားတွင်ရှိမရှိကို သိမြင်ရန် စမ်းစစ်ကြပါ” ဟူ၍ ဘာသာပြန်ဆို နိုင်ပါသည်။ ရှင်ပေါလုက သူတို့သည် မိမိတို့စိတ်နှလုံးနှင့်အသက်ရှင်ပုံကိုကြည့်ပြီး သူတို့သည် အမှန်တကယ် ပြောင်းလဲခြင်းရှိမရှိကို သိမြင်ကြရန်” မိန့်ဆိုခဲ့သည်။ “ယုံကြည်ခြင်း၌ တည်နေ သည်“ ဟူသည်မှာ စစ်မှန်သော ခရစ်ယာန်ဖြစ်ခြင်းကို ဆိုလိုသည်။ အသင်းတော်ကို စွန့်ပစ် သောသူတို့သည် ကျွန်ုပ်အား တိုက်ခိုက်ခဲ့ကြသကဲ့သို့ ဤသူတို့သည် ပေါလုကို တိုက်ခိုက်ခဲ့ ကြပါသည်။ ယခုတွင် ထိုသူအများတို့သည် ဘုရားကျောင်း လုံး၀ မသွားကြတော့ပါ။ အချို့တို့ မှာ အားနည်းသည့် နယူဧဝံဂေလိအသင်းတော်များသို့ ပြောင်းရွှေ့သွားခဲ့ကြပါသည်။ သူတို့ တွင် တစ်စုံတစ်ယောက်သည် စစ်မှန်သော ခရစ်ယာန်သာဖြစ်မည်ဆိုလျှင်ဟု ကိုယ်တိုင်စဉ်း စားခဲ့မိပါသည်။

“သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကို ကိုယ် စစ်ကြော(စစ်ဆေး)ကြလော့။”

တမန်တော်ရှင်ပေါလုက သင့်အား မိမိကိုယ်ကို စစ်ဆေးရန် တိုက်တွန်းထားပါသည်။ သင်သည် ခရစ်တော်၌ကယ်တင်သောယုံကြည်ခြင်းရှိသည်မရှိသည်ကို သိမြင်ရန် မိမိကိုယ်ကို စစ်ဆေးသင့်ကြောင်း ပြောဆိုခဲ့ပါသည်။ ယခုအချိန်တွင် မိမိကိုယ်ကို စစ်ဆေးခြင်းမရှိလျှင် ဘုရားသခင်သည် သင့်အား နောက်ဆုံးသောတရားစီရင်ရာနေ့တွင် စစ်ဆေးတော်မူလိမ့်မည်။ ဘုရားသခင်က သင်ပြုသမျှသော အပြစ်ကို သိမြင်သည်။ သင့်စိတ်နှလုံးကျူးလွန်သောအပြစ် နှင့် သင်ပြုမိသောအပြစ်ဟူသမျှကို မှတ်တမ်းတင်ထားပါသည်။ သူသည် သင့်အပြစ်ကို သူ့စာ အုပ်ထဲက ဖတ်ရှုရလိမ့်မည်။ သင်သေဆုံးသောအခါ သင့်စိတ်ဝိညာဉ်သည် ဘုရားသခင်မျက် မှောက်တော်တွင်ရပ်လျက် တရားစီရင်ခြင်းကို ခံရလိမ့်မည်။ သင့်အပြစ်ကို ယခုအချိန်တွင် စစ် ဆေးရပေလိမ့်မည်။ သို့မဟုတ်လျှင် ဘုရားသခင်သည် သင့်အား စစ်ကြောပြီး တရားစီရင် မည်။ ထို့နောက် “ထာဝရမီးငရဲသို့ပစ်ချတော်မူလိမ့်မည်။” (ဗျာဒိတ် ၂၀း ၁၅) သင့်အတွေးအ ခေါ်ဟူသမျှကို စစ်ကြောရမည်။ ပြောဆိုသောစကားလုံး၊ အပြင်ပိုင်းအပြစ်များကို စစ်ဆေးရ မည်။ သင်အသက်မသေဆုံးမှီ ထိုအရာများကို ဆင်ခြင်ရပေမည်။ အကြောင်းမူကား၊ သင် သည် သေဆုံးသောအခါ ငရဲမီးမှလွတ်မြောက်ဖို့ရန်မှာ အလွန်ပင် နောက်ကျပေလိမ့်မည်။ “သင်သည် ယုံကြည်ခြင်းတရားတွင် တည်လျက်နေသည် မနေသည်ကို မိမိကိုယ်ကို စစ်ဆေး ပါ။” သင်သေဆုံးပြီးနောက်တွင်မူ အလွန်ပင် နောက်ကျနေပေလိမ့်မည်။ သင်သည် သေဆုံး ပြီးနောက်တွင်မူ အလွန်ပင် နောက်ကျပေလိမ့်မည်။ သင်သည် နောင်တရပြီး ယေရှုခရစ်ကို ယခု ယုံကြည်လက်ခံခြင်းမရှိလျှင် “မီးငရဲထဲတွင် ဒုက္ခဝေဒနာကို ထာဝရကာလတိုင် အောင် ကန့်နှင့်မီးလောင်ရာ နေရာတွင် နေ့နှင့်ညအစဉ် ခံစားရပေလိမ့်မည်။” (ဗျာဒိတ် ၁၄း ၁၀၊ ၁၁) ထိုအကြောင်းကြောင့် မိမိကိုယ်ကို ယခုအချိန္တွင် စစ်ကြောရန် လိုအပ်ပါသည်။ အကြောင်း မှာ သင်သည် သေပြီးနောက် ကယ်တင်ခြင်းရရန် ဟူသည်မှာ မဖြစ်န်ိုင်သော အကြောင်းတ ရားပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ရှေးဟောင်းနည်းလမ်း နောက်ကို လိုက်နေကြသည်ဟူသောခံစား ချက်သည် မပါဘဲ ကျွန်ုပ်တို့အသင်းတော်ထဲသို့ မဝင်ရောက်နိုင်ပါ။ ထိုအထဲသို့လျှောက်သွား သောအခါ ပထမဆုံးတွေ့ရသည့်အရာမှာ ဆေးရောင်ခြယ်သမှုပင်ဖြစ်ပါသည်။ Jonathan Edwards, John Bunyan, George Whitefield, John Wesley, Martin Luther, Spurgeon, James Hudson Taylor, Dr. John Sung စသဖြင့် အားလုံးတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက တရားဟောဆရာများသာဖြစ်ကြသည်။ နောက်ထပ်တွေ့ရ မည့်အချက်တစ်ခုမှာ အသင်းတော်တွင်ရှိသောသူတိုင်းသည် နက်တိုင်ဖြင့်ရှိနေကြသည်။ ၎င်း မှာ တောင်းဆိုချက်တစ်ခုပင်ဖြစ်ပါသည်။ သူတို့လက်ထဲတွင် ထိုအရာများပါရှိထားခြင်းမရှိလျှင် ထိုအရာများကို အကြွေးထားလိုက်သည်။ သူတို့သည် ၎င်းကို ငြင်းပယ်ကြလျှင် သူတို့ဝင် ရောက်ကြမည်မဟုတ်ပါ။ ၎င်းသည် လမ်းဟောင်းတစ်ခုဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပါ။ မိန်း ကလေးများသည် ထယ်ဝါခန့်ညားစွာ ဝတ်ဆင်ရပေမည်။ ၎င်းသည် ရှေးဟောင်းပုံစံဖြစ်ပါ သည်။ မှန်ကန်သော နည်းလမ်းလည်းဖြစ်ပါသည်။ ဒေါက်တာ Tozer က “ရှေးဟောင်းပုံစံ သည် စစ်မှန်သောပုံစံဖြစ်ပါသည်” ဟု ဆိုထားပါသည်။ သင်သည် စုံစမ်းရာနေရာအခန်းသို့ ဝင်ရောက်လာသောအခါ စန္ဒာယားနှင့်အော်ဂင်တို့ကို ရှေးဟောင်းဆန်ဆန်တီးခတ်ကြသည်ကို တွေ့ရပေမည်။ အသင်းတော်တွင် ဂီတာ သို့မဟုတ် ဒရမ်ကို တွေ့ရမည်မဟုတ်၊ သို့မဟုတ် အစီအစဉ်တွင် ကြားလည်းကြားရမည်မဟုတ်ပါ။ ဓမ္မသီချင်းသီဆိုရာတွင်လည်း ရှေးဟောင်းပုံ နှင့်သာ သီဆိုခဲ့ကြပါသည်။ ခေတ်သစ်တေးဂီတပုံစံလည်းမရှိပါ။ “တိကျသောတေးဂီတ” မှာ တပင်တိုင်သီဆိုမှုဖြစ်ပြီး ၎င်းကို အသက်ခြောက်ဆယ်အရွယ်လူကြီး စီနီယာသင်းထောက် သာဖြစ်ပါသည်။ ၎င်းသည် တရားဒေသနာမဟောခင် ခေတ်ဟောင်းပုံစံနှင့်သီဆိုခြင်းပင်ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် ခေတ်ဟောင်း King James ကျမ်းစာကိုသာ ဟောလေ့ရှိကြပါသည်

လူတစ်ယောက်က “သင်သည် လူဟောင်းများနှင့်ပြည့်နေသောအသင်းတော်တစ်ခု ရှိ ရမည်” ဟုဆိုနိုင်သည်။ ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့လူအများစုမှာ အသက်သုံးဆယ်အရွယ်များ သာဖြစ်ကြပါသည်။ သူတို့ထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ ကောလိပ် သို့မဟုတ် အဆင့်မြင့် ပညာကျောင်းသားအရွယ်များသာဖြစ်ကြပါသည်။ အနည်းငယ်တို့သာလျှင် အသင်းတော်တွင် ကြီးထွားလာကြသည်။ အများစုတို့မှာ ကောလိပ်နှင့်အဆင့်မြင့်ပညာသင်ကျောင်းအနီးရှိ ဧဝံ ဂေလိအမျိုးမျိုးတို့ဖြင့် ရောက်ရှိလာကြသည်။

လုပ်ဆောင်သမျှတိုင်းတွင်၊ ခေတ်သစ်အသင်းတော်များ၏စိန်ခေါ် မှုကို ရင်ဆိုင်နေရသည်။ ကွဲကွဲပြားပြားတွေးခေါ်ခြင်းကို ယုံ ကြည်သည်။
ထိုအသင်းတော်များကိုစိန်ခေါ်ထားခြင်းသည် သူတို့လုပ်ဆောင် ခြင်းထက် ခရစ်ယာန်တွေကို ပိုမိုကောင်းစေခြင်းအားဖြင့်ဖြစ် သည်။
ကျွန်ုပ်တို့သည် လုပ်ဆောင်သည်ထက် သာ၍ကောင်းသော ခရစ်ယာန်ကို လုပ်ဆောင်ကြသည်။
   (Start With Why, ဘယ့်ကြောင့်မှစတင်လုပ်ဆောင်ပါ။ Simon Sinek, စာ- ၄၁)

လအနည်းငယ်လောက် ဒီမှာလာပြီး စစ်မှန်သော ပြောင်းလဲခြင်းကို ရင်ဆိုင်တွေ့ကြုံပါ။ သင်သည် “ခေတ်သစ်” အသင်းတော်များထုတ်လုပ်ဆောင်အသင်းတော်များထက် သာ၍ ကောင်းမွန်သော ခရစ်ယာန်ဖြစ်လာပေမည်။ လူတိုင်းသိသော အကောင်းဆုံး ခရစ်ယာန်တစ် ယောက်ဖြစ်လာပေမည်။

လမ်းဟောင်းထဲသို့လိုက်သောအသင်းတော်များသည် ယနေ့ကာလတွင် အလွန်နည်း ပါးလာသည်။ သူတို့သည် ခရစ်တော်နှင့်တမန်တော်များသင်ကြားပေးသော လမ်းဟောင်းကို လိုက်လျှောက်လိုခြင်းမရှိကြပေ။ သူတို့သည် ကနဦး ပြုပြင်ပြောင်းလဲသူများ၊ သန့်ရှင်းသူများ၊ ၁၈ ရာစုနှင့် ၁၉ ရာစု ဧဝံဂေလိဆရာများ တရားဒေသနာဟောကြားသကဲ့သို့ ဟောကြားလေ့ မရှိကြပါ။ သူတို့သည် လမ်းသစ်ကို ဖောက်၍ သွားကြသည်။ Charles Finney ၏မှားယွင်း သောလမ်းဖြင့် အစပြုကြပါသည်။ နယူဧဝံဂေလိအသင်းတော်များ၊ ခါရက်စ်မက်တစ်များ၊ အင် ဒိုမီရမ်ကျမ်းစာကျောင်းသားများနှင့်နယူကယ်လ်ဗင်းရှိသူများ(ကယ်လယ်လ်ဗင်းဝါဒကိုပြော သော်လည်း Jonathan Edwards, George Whitefield, Spurgeon နှင့် ဒေါက်တာ Lloyd-Jones တို့ပြုလုပ်သကဲ့သို့ ကြားနာသူတို့၏စိတ်နှလုံးကိုမရှာကြသူများဖြစ်ကြသည်။) အပါအ ဝင် ဆုံးဖြတ်ချက်ဝါဒီများကို ကျွန်ုပ်တို့၏အချိန်ကာလတွင် ဖြစ်ပေါ်စေကြပါသည်။ Finney လုပ်ဆောင်၍ရသောအသီးအပွင့်အကြောင်းကိုပြောရင်း အချိန်မကုန်စေလိုပါ။ သူတို့အားလုံး ကို ကျွန်ုပ်တို့က နယူဧဝံဂေလိအဖွဲ့များဟုသာ သတ်မှတ်နိုင်ပါသည်။ သူတို့က သူတို့ကို သူတို့ “နယူး-ဧဝံဂေလိအဖွဲ့များ) ဟု သတ်မှတ်ကြပါသည်။ သူတို့ပြောဆိုထားချက်သည် မှန် ကန်မှုရှိပါသည်။ အကြောင်းမှာ သူတို့သွန်သင်သမျှသည် အသစ်အဆန်းများပင်ဖြစ်ပါသည်။ ထိုအသင်းတော်တွင်ရှိသောသူတိုင်းသည် ပျောက်ဆုံးသူများဖြစ်သည်ကိုမူ မယုံကြည်ပါ။ သို့ ရာတွင် ကယ်တင်ခြင်းရရှိသောသူများသည် ကျွန်ုပ်တို့အချိန်ကာလတွင် ကျန်ကြွင်းသောသူ များသာဖြစ်ကြပါသည်။ သင်သည် “ရှေးဧဝံဂေလိပုံစံ” ကို ဖတ်ရှုလေ့လာလိုလျှင် Iain H. Murray ရေးသားသည့် “ရှေးဧဝံဂေလိပုံစံ” စာအုပ်ကို ဝယ်ယူဖတ်ရှုပါ။ သင်၏စာအုပ်ထားရာ နေရာတွင် ထားရှိနိုင်သည်။ သို့မဟုတ် Amazon.com တွင်လည်း ဝယ်ယူနိုင်ပါသည်။ ကျော ဖုံးတွင် ဒေါက်တာ A. W. Tozer ၏ ကိုးကားချက်ကို ထည့်သွင်းပေးထားသည်။ ၎င်းမှာ ရှေး ဟောင်းလမ်းသည် မှန်ကန်သောနည်းလမ်းဖြစ်သည်။ လမ်းသစ်မရှိတော့ပါ” ဟူ၍ဖြစ်ပါသည်။ စစ်မှန်သောခရစ်ယာန်တစ်ယောက်ဖြစ်လာဖို့အတွက် လမ်းသစ်လုံးဝမရှိပါ။ ပရောဖက် ယေရမိက အောက်ပါအတိုင်း မိန့်ဆိုထားသည်။

“ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အ ဘယ်မှာရှိသနည်းဟုမေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြု လျှင် စိတ်နှလုံးသက်သာကြလိမ့်မည်။” ( (ယေရမိ ၆း ၁၆ ) )

ယခုတွင် ကယ်တင်ခြင်းသို့ပို့ဆောင်ပေးသော လမ်းဟောင်းနှင့်ထာဝရပြစ်ဒဏ်သို့ပို့ဆောင်ပေး သော လမ်းသစ်တို့ကို ကျွန်ုပ်နှိုင်းယှဉ်ပြသလိမ့်မည်။

၁။ ပထမအချက်၊ ရှေးဟောင်းနည်းလမ်းသည် ဘုရားသခင်နှင့်၎င်း၏ဘုန်းတော် ဖြင့်အစပြုပြီး လမ်းသစ်သည် လူ၊ ၎င်း၏လိုအပ်ချက်နှင့်ခံစားချက်များတို့ဖြင့် အစပြုထားပါသည်။

အိုး၊ သူတို့သည် “နည်းလမ်းသစ်” တွင် ဘုရားသခင်ကို ဖော်ပြကြပါသည်။ သို့ရာတွင် သူသည် သမ္မာကျမ်းစာဖော်ပြထားသည့် ဘုရားမျိုးတော့မဟုတ်ပါ။ သူသည် သမ္မာကျမ်းစာ ဖော်ပြထားသည့် အရာခပ်သိမ်းကို စိုးစံသောဘုရားလည်းမဟုတ်ပါ။ ကယ်တင်မည့်သူများကို ရွေးချယ်သော၊ ၎င်းတို့အပြစ်များကို ပစ်ထားသော ဘုရားမျိုးမဟုတ်ပါ။ “နည်းလမ်း” သစ်ဖြင့် ကိုးကွယ်သောဘုရားမှာ တမန်တော်ရှင်ပေါလု ဖော်ပြထားသည့် သမ္မာကျမ်းစာထဲတွင် ဖော်ပြ ထားသော ဘုရားမျိုးလည်းမဟုတ်ပါ။

“ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင် မာစေလိုသောသူကိုလည်း ခိုင်မာစေတော်မူ၏။” ( (ရောမ ၉း ၁၈ )

နည်းလမ်းသစ်က သူကယ်တင်မည့်သူများကိုရွေးချယ်သော၊ လူတိုင်းကို ငရဲသို့ ထားရစ်ခဲ့သည်ဟူသောအချက်ကို လုံးဝသွန်သင်ထားခြင်းမရှိပါ။ ဘုရားသခင်အကြောင်း တ ရားဟောသူပြောသည်ကို နောက်ဆုံးကြားရသည့်အချိန်ကား အဘယ်အချိန်ဖြစ်သနည်း။ သင် သည် သမ္မာကျမ်းစာထဲတွင်ရှိသော စစ်မှန်သည့်ဘုရားအကြောင်းကို ကောင်းမွန်စွာ ကြားဖူး ခြင်းရှိမည်မဟုတ်ပါ။ သမ္မာကျမ်းစာက ထိုဘုရားကို “တန်ခိုးကြီးသောဘုရား၊ ကြောက်မက် ဖွယ်ဘုရား” ဟု ဆိုပါသည်။ (တရားဟော ၇း ၂၁ ) သမ္မာကျမ်းစာက “ကြီးမားပြီး ကြောက် မက်ဖွယ်ကောင်းသောဘုရား” (နေဟမိ ၁း ၅ ) ဟုဆိုပါသည်။ တဖန် ဘုရားသခင်အား “ကြီး မားသော၊ တန်ခိုးရှိသော၊ ကြောက်မက်ဖွယ်ကောင်းသောဘုရား” ဟုလည်း သမုတ်ထားပါ သည်။ (နေဟမိ ၉း ၃၂ )ကျွန်ုပ်တို့အား သတိပေးထားသည်မှာ “အသက်ရှင်သောဘုရားသ ခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသောအမှုဖြစ်သည်” ဟု ဆိုပါသည်။(ဟေဗြဲ ၁၀း ၃၁ ) “အကြောင်းမှာ ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသည် လောင် သောဘုရားဖြစ်ပါသည်။” (ဟေဗြဲ ၁၂း ၂၉ )

ထိုသို့သောဘုရားအကြောင်းကိုပြောသည့် သင်းအုပ် သို့မဟုတ် ယဇ်ပုရောဟိတ် တစ်ပါးပါးကို တွေ့ဖူးပါသလား။ ၎င်းကို သမ္မာကျမ်းစာက “အသက်ရှင်သောဘုရား” ဟု ခေါ် တွင်ထားပါသည်။ (ဟေဗြဲ ၁၀း ၃၁) ဘုရားသခင်သည် ကယ်တင်ရန် အနည်းငယ်ကိုသာရွေး ချယ်ပြီး ကျန်ရစ်သူများကို ငရဲသွားရန် မြေကြီးပေါ်တွင် ထားရစ်ခဲ့သည်ဟု ဆိုသော တရား ဟောသူကော ကြားဖူးပါသလား။ ခရစ်တော်က “ခေါ်တော်မူသောသူအများရှိသော်လည်း ရွေး ကောက်သောသူနည်း၏” (မဿဲ ၂၂း ၁၄ ) ဟု မိန့်တော်မူခဲ့သည်။ သို့မဟုတ် လူတိုင်းကို ကယ်တင်မည့် အရေးမပါသောဘုရားငယ်လေးအကြောင်း သူတို့ပြောသည်ကိုကော ကြားဖူး ပါသလား။ သင်နှင့်သင့်လိုအပ်ချက်များကို အစေခံလုပ်ဆောင်ပေးသောဘုရားဖြစ်သည်။ “အ သက်ရှင်သောဘုရား” ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဘုရားမျိုးမဟုတ်ပါ။ သင်က “သင်၏ကြောက်မက်ဖွယ်ကောင်းသည့် ဘုရားမျိုးအကြောင်းကို မကြားလိုပါ” ဟု ဆိုသည်။ ဤအသင်းတော်သို့ ပြန်လာမည်မဟုတ်ပါ။ ကောင်းပါပြီး။ ပြန်လာခြင်းမပြုပါနှင့်။ “မိမိဘုရား ကိုသာ ဆက်လက်ယုံကြည်လက်ခံပါ။ သို့ရာတွင် သင်၏ကိုယ်ပိုင်ဘုရားသည် စစ်မှန်သော ဘုရားမဟုတ်ပါ။ သင်သည်လည်း ကယ်တင်တော်မူခြင်းသို့ ရောက်မည်မဟုတ်ပါ။ သမ္မာကျမ်း စာထဲတွင် ဖော်ပြထားသော “အသက်ရှင်သည့်ဘုရား” ကို ယုံကြည်လက်ခံခြင်းမရှိသ၍ စစ် မှန်သော ဘုရား မဖြစ်နိုင်ပါ။

၂။ ဒုတိယအချက်၊ ရှေးဟောင်းနည်းလမ်းက သင့်အပြစ်အကြောင်းကို စဉ်းစားမိ စေပြီး ၎င်းမှာ စစ်မှန်သောဘုရားသခင်က ငရဲတွင်ပြစ်ဒဏ်ပေးထားသည်။ လမ်းသစ်မူကား သင့်လိုအပ်ချက်နှင့်ခံစားချက်များကိုသာ စဉ်းစားမိစေသည်။

သင်သည် အင်မတန်မှ အပြစ်ကြီးသူဖြစ်ကြောင်း ပြောဆိုသည့် သင်းအုပ်ဆရာ သို့မ ဟုတ် ယဇ်ပုရောဟိတ် ကြားဖူးပါသလား။ သူတို့စိတ်နှလုံးသည် အလွန်ပင် ညစ်ညူးသော ကြောင့်ဖြစ်ပါသည်။ သူတို့စိတ်နှလုံးသသည် “ကောက်ကျစ်စဉ်းလဲသောသဘောရှိသည်။” (ယေရမိ ၁၇း ၉ ) သင်သည် အမှန်တကယ် ပြောင်းလဲလာခြင်းမရှိလျှင် “ထာဝရငရဲသို့သွား ရမည်ဖြစ်သည်။” (မဿဲ ၂၅း ၄၆) သို့မဟုတ် သင်ကြားဖူးသောသင်းအုပ်သည် Fuller ကျမ်း စာကျောင်းက လူတိုင်းကောင်းကင်သွားရမည်ဟုဆိုသော တရားဟောဆရာ Rob Bell, နှင့် Hitler တို့ကဲ့သို့သောသူကို ကြားဖူးပါသလား။ သူတို့သည် ထိုအတိုင်းပင် ဆိုကြပါသည်။ (Love Wins) Fuller ဓမ္မပညာသင်ကျောင်းတွင် ကောင်းသည့်ကျောင်းသား တစ်ယောက်ယောက်ရှိပါလျှင် ၎င်း၏ ဒီဂရီကို ပြန်လည် ရုတ်သိမ်းပေးကြသည်။ ငွေကိုလည်း ပြန်အမ်းကြပါသည်။

သင်က “သင်၏ချိုသာသောစကား၊ ပျော့ပြောင်းသောတရားဟောဆရာဖြင့် လိုအပ် ချက်ကို ဖြည့်ဆည်းလိုပါသည်။ ကျွန်ုပ်အပြစ်ကိုဖော်ပြသည့်တရားဒေသနာကိုဟောသည့် ဤ ခေတ်ဟောင်းပုံစံ အသင်းတော်သို့ နောက်ထပ်လာမည်မဟုတ်ပါ။ ငါ့ကို အမြဲ ငရဲသွားမည့်အ ကြောင်းကိုသာဆိုပါသည်” ဟုဆိုပေမည်။ ကောင်းပါပြီ။ လုပ်ပါ။ ကျွန်ုပ်တို့အား ထားခဲ့နိုင်ပါ သည်။ Joel Osteen ၏ ချိုသာသော “အပြစ်သားဆုတောင်းချက်” စာအုပ်ကို သွား၍ ယုံ ကြည်လက်ခံပါ။ နောက်တွင် တီဗွီပေါ်တွင် သူက “ထိုဆုတောင်းချက်ကိုလက်ခံလျှင် ကယ် တင်ခြင်းရမည်ဟု ယုံကြည်ပါသည်” ဟု ဆိုခဲ့ပြန်သည်။ သူ့ကို ယုံကြည်လက်ခံပါ။ ကျွန်ုပ်က တော့ ထိုသို့သော တရားဟောဆရာများကို မှားယွင်းသူများဟု ဆိုပါသည်။ သူတို့ကိုယ်တိုင် ငရဲသွားမည့် လှည့်ဖြားသောတရားဟောဆရာများဟုပင် သမုတ်လိုက်ချင်သည်။ သူတို့သည် မူရင်းစာကို လစ်လျူရှုပြီး ဗွီဒီယိုတွင် လျှောက်ပြောနေသည်ဟု ကျွန်ုပ်ပြောရဲသည်။

၃။ တတိယအချက်၊ ရှေးဟောင်းနည်းလမ်းက သင့်အပြစ်၊ အထူးသဖြင့် သင်၏ လှို့ဝှက်အပြစ်များနှင့်သင့်စိတ်နှလုံးထဲတွင် ပြစ်မှားသောအပြစ်များကို စဉ်းစား စေပြီး လမ်းသစ်က သင့်အကြောင်းနှင့်ပါတ်သက်၍ ကောင်းသည်ဟု ခံစားစေ သည်။

Jonathan Edwards (၁၇၀၃- ၁၇၅၈) နေထိုင်ခဲ့သောသူက “လူသည် မိမိကိုယ်ကို ချစ်တတ်သောသဘာဝရှိပါ” သည်။ (“လူသည် ဆိုးသွင်းပြီ နာကျင်စေတတ်သော ဖန်တင်းသော အရာများကို ထိုခိုက်စေပါသည်။) ဘုရားကို မချစ်ဘဲ မိမိကိုယ်ကို ချစ်ခြင်းပင် ဖြစ်ပါသည်။ တစ်ဦးဦးကို ချစ်ခြင်းမဟုတ်။ မိမိကိုယ်ကို ချစ်ခြင်းဖြစ်သည်။ အကြောင်းမူကား သင်သည် Jonathan Edwards ပြောဆိုသကဲ့သို့ သူသည် “ဆိုးသွင်းပြီး ထိခိုက်နာကျင်စေ သောသတ္တဝါပင်ဖြစ်ပါသည်။” ထိုအရာကို အဘယ့်ကြောင့်နှစ်သက်ရသနည်း။ အကြောင်းမှာ သင်သည် လူသားမျိုးနွယ်တစ်ခုလုံး၏အဘဖြစ်သော အာဒံထံမှရရှိသော အပြစ်သဘာ၀ (မူလအပြစ်) ကို အမွေခံရသောကြောင့်ဖြစ်ပါသည်။ ဒါ့ကြောင့် သင်သည် မိမိကိုယ်ကို ချစ်နေ ရခြင်းဖြစ်သည်။ “ထိုသို့မဟုတ်ပါ။” လူတစ်ဦးက “ကျွန်ုပ်သည် ယောက်ျားကို အရမ်းချစ် သည်” ဟုဆိုပေမည်။ အမှန်တကယ်ချစ္ရဲ့လား။ သူ့ကို အဘယ့်ကြောင့် ဆန့်ကျင်နေရတာ လဲ။ နေ့ညမပြတ် အဘယ့်ကြောင့် စောဒက တတ်နေရသလဲ။ မှန်ကန်သောအရာတစ်ခုမှာ သင်သည် မိမိကိုယ်ကို ပိုချစ်၍ဖြစ်သည်။

ထိုအကြောင်းနှင့်ပါတ်သက်ပြီး အမှား မလုပ်မိပါစေနှင့်။ သင်သည် ဘုရားသခင်ကို မ ချစ်ပါ။ သင့်မိတ်ဆွေများကို တွေ့ဖို့သက်သက်သာ ဘုရားကျောင်းသို့လာခြင်းဖြစ်ပါသည်။ သင့်သူငယ်ချင်းတစ်ယောက်က အသင်းတော်ကို ထားရစ်ခဲ့တယ်ဆိုရင် သင်လည်း ထားရစ် ခဲ့မှာပါပဲ။ သင်သည် အဘယ်မျှလောက် မှားယွင်းသောသူဖြစ်ကြောင်းကို ၎င်းက သက်သေပြ နေပါသည်။ ခရစ်တော်ကို ချစ်ကြောင်း၊ ကိုးစားယုံကြည်ကြောင်း အဘယ်မျှလောက်ပင် ဆိုနေစေကာမူ ထိုအရာကသာ သက်သေပြနေပါသည်။ သင်သည် မိမိကိုယ်ကို လှည့်စားနေ ခြင်းမျိုးသာဖြစ်ပါသည်။ သင်သည် မှားယွင်းသော ခရစ်ယာန်တစ်ယောက်သာ နှစ်ပေါင်းများ စွာ ဖြစ်လာခြင်းဖြစ်သည်။ သင်သည် မိမိကိုယ်ကို ခရစ်ယာန်တစ်ယောက်အဖြစ်တော့သတ် မှတ်ပါရဲ့။ ဟန်ဆောင်အပြုံးနှင့်ရင်းနှီးသောအကြည့်ကိုသာ ပိုင်ဆိုင်ထားသည်။ သို့သော် သင် သည် စစ်မှန်သော ခရစ်ယာန်မှမဟုတ်ပါဘဲ။ သင်သည် အသွင်ပြောင်း ခရစ်ယာန်သာလျှင် ဖြစ်ပါသည်။ လူအများတို့က Halloween တွင် အသွင်ပြောင်းသည့်လူများအဖြစ်သာ ဆက်ရှိ နေကြသည်။ ထိုသို့မဟုတ်ရပါ။ မှန်ကန်သောအရာမှာ သင်သည် ခရစ်တော်ကို မချစ်ခြင်းပင် ဖြစ်ပါသည်။ သင်သည် မိမိကိုယ်ကိုသာချစ်သည်။ မိမိကိုယ်ကိုသာချစ်သည်။ မိမိသာချစ်ပါ သည်။ မိမိသာချစ်သည်။ သမ္မာကျမ်းစာမိန့်ဆိုသည်မှာ “နောက်ဆုံးသောနေ့တွင်.. လူသားတို့ သည် မိမိကိုသာချစ်လာကြမည်” (၂ တိ ၃း ၁၊ ၂ ) ဟု မိန့်တော်မူပါသည်။ ထို့ကြောင့် သင် သည် သမ္မာကျမ်းစာကို ဖတ်ရှုရမည့်အချိန် အလုံအလောက် မရှိခြင်းဖြစ်ပါသည်။ ဆုတောင်း မည့်အချိန်မရှိ။ ဧဝံဂေလိသွားဖို့အချိန်မရှိဖြစ်ရသည်။ သို့ရာတွင် ဗွီဒီယိုဂိမ်း၊ တီဗွီကြည့်ရှုခြင်း၊ မကောင်းသည့်အစီအစဉ်များကြည့်ရှုရန်မူ အချိန်များစွာကို ရရှိထားပါသည်။ စနေည၊ တနင်္ဂ နွေညများတွင် ဘုရားကျောင်းလာဖို့ အချိန်တောင် မပေးနိုင်ပေ။ သို့ရာတွင် ရုပ်ရှင်ကြည့်ဖို့ တော့ အချိန်များစွာပေးနိုင်သည်။ ထိုသို့ အဘယ့်ကြောင့်ဖြစ်နေရသနည်း။ အကြောင်းမှာ မိမိ ကိုယ်ကိုသာချစ်သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်ကို ချစ်ခြင်းမဟုတ်ပါ။ ယေရှုကို ချစ် ခြင်းမဟုတ်ပါ။ မိမိကိုယ်ကိုသာချစ်ခြင်းပါ။ ထိုအချက်ကို ဝန်ခံပါ။ ယခုဝန်ခံလျက်ထားပါ။ သို့မ ဟုတ် သင်သည် ဘယ်တော့မှနောင်တရမှာမဟုတ်သလို ခရစ်တော်ကိုယုံကြည်ကိုးစားခြင်း အားဖြင့် စစ်မှန်သော ခရစ်ယာန်တစ်ယောက်လည်း ဖြစ်လာမည်မဟုတ်ပါ။

“အသစ်သော” နည်းလမ်းမှာ ကျွန်ုပ်တို့ယုံကြည်လက်ခံသော လမ်းဟောင်းကို ဆန့် ကျင်သောသဘောပင်ဖြစ်ပါသည်။ “အသစ်သော” လမ်းက အသင်းတော်ရှေ့တွင် ခေါက်တုန့် ခေါက်ပြန်သွားစေပြီး အပြစ်သား၏ဆုတောင်းချက်ကို အလျှင်အမြန်ဆိုစေသည်။ သူတို့က ဗတ္တိဇံကိုပေးသည့်အခါတွင် ချစ်ခြင်းထွက်ပြေးသွားပါသည်။ ဤအကြောင်းကို ပြောသဖြင့် နှစ်ခြင်းအသင်းတော်အများစုကတော့ ကျွန်ုပ်ကို မုန်းနေမှာ အမှန်ပါဘဲ။ သို့ရာတွင် အမှန်တ ရားကိုတော့ပြောရပါမည်။ သူတို့မြန်နိုင်သလောက်မြန်အောင် သင့်အား နှစ်ခြင်းပေးကြ သည်။ ထို့နောက်တွင် သင်သည် “ဆုံးဖြတ်ချက်ဝါဒီ” သမားဖြစ်လာခဲ့သည်။ ဘာလို့ ချစ်ခြင်းနှစ်ခြင်း ပေးခဲ့ကြပါသလဲ။ အစည်းအဝေးတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ သူတို့သည် ယေရှုကို ချစ်ကြသောကြောင့် ထိုသို့မလုပ်ကြပါ။ ကျမ်းစာကို ယုံကြည်ကြသောကြောင့် မလုပ် ကြပါ။ သူတို့သည် မိမိကိုယ်ကို ချစ်ကြသောကြောင့် ထိုသို့လုပ်ရခြင်းဖြစ်သည်။ သူတို့သည် သင့်အား လုံးဝအလေးထားမည်မဟုတ်။ သူတို့က အရေအတွက် မည်မျှနှစ်ခြင်းပေးသည်ဟူ သောအချက်ကိုသာ တင်ပြကြသည်။ သိလျက်နှင့်ထိုသို့လုပ်ဆောင်သောသင်းအုပ်သည် မိမိ ကိုယ်တိုင် ကယ်တင်ခြင်းမရသောသူများသာဖြစ်မည်ဟု ယုံကြည်မိသည်။ ကျွန်ုပ်က ထိုသို့ ပြောသည်အကြောင်းကို ပြောလိုက်ပါ။ စာမူနှင့်ဗွီဒီယိုကိုလည်း ချန်ထားခဲ့လိုက်ပါ။

သင်က “ထိုအရာကို မကြိုက်ဟုဆိုပေမည်။ ဘုရားသခင်ကို ချစ်ခြင်းမရှိဟု ဆိုခြင်းကို လည်း မကြိုက်ပါ။ မိမိကိုယ်ကိုချစ်သည် ပြောခြင်းကိုလည်း မကြိုက်။ ဘုရားကျောင်းသို့ နောက်တဖန် လာဖို့မဖြစ်နိုင်ပါ” ဟု ဆိုနိုင်ပါသည်။ ကောင်းပါပြီ။ ပြန်မလာပါနှင့်။ သို့ရာတွင် ဤခေတ်ဟောင်းတရားဟောဆရာကြီးက အမှန်တရားကို သင့်အား ပြောပါမည်။ အမှန်တရား တစ်ခုလုံးကို ပြောပါမည်။ သင့်အကြောင်းနှင့်ပါတ်သက်ပြီး အမှန်တရားမှတပါး အခြားအရာ ကို ပြောမည်မဟုတ်ပါ။ သင်သည် အဘယ်အရာကိုပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင် သည်ဖြစ်စေ ကိစ္စမရှိ၊ ရပ်တန်မည်မဟုတ်ပါ။ လူငယ်အချို့က “ဤနေရာသို့ သူငယ်ချင်းကို ခေါ်မလာနိုင်ပါ။ အကြောင်းမှာ သင်သည် တရားဟောကြမ်းလွန်းသည်” ဟုဆိုကြပေမည်။ ထို သို့မဟုတ်ပါ။ ချစ်သောသူတို့ ၎င်းသည် အဓိကအကြောင်းတရားတော့မဟုတ်ပါ။ ထိုအရာကို သင်သိပါသည်။ သင့်မိတ်ဆွေကို ဤနေရာတွင် ခေါ်မလာပါ။ အကြောင်းမှာ ၎င်းတို့၏စိတ်ဝိ ညာဉ်ကို သင်တို့မှမသိတာ။ သူတို့စိတ်ဝိညာဉ်အတွက် အလေးမထားတာ။ သင်သည် မိမိကို သာချစ်သောကြောင့်ဖြစ်သည်။ ထိုသို့မကောင်းသည့်ဖော်ပြချက်ကို ဖုန်းအုပ်ထားပါ။ ကျွန်ုပ် ပြောဆိုသောအရာကို ဆင်ခြင်ပါ။ ဤသည်က သင်သည် ပျောက်ဆုံးသောလူငယ်များကို ခေါ် ဆောင်လာရန် လိုအပ်သည်ကို အသေးစိတ္ဖော်ပြထားပါသည်။ အဘယ့်ကြောင့်နည်း။ သင်တို့ကယ်တင်ခြင်းသို့ရောက်ရန် ကျွန်ုပ်သိသော တစ်ခုတည်းသောနေရာသာလျှင်ဖြစ်ပါ သည်။ ထိုအကြောင်းကြောင့် ပင်ဖြစ်ပါသည်။ မိမိကိုယ်ကိုချစ်သကဲ့သို့ သူတို့ကိုချစ်လျှင် သူတို့ အား “ငါနှင့်အတူ ဘုရားကျောင်းလိုက်ပါ။ ဒါခက်ခဲသောအချက်ဖြစ်ပါသည်။ ရှေးဟောင်း ကျေင်းသာလျှင်ဖြစ်ပါသည်။ L.A. မြို့ထဲတွင်ရှိသည့် အကောင်းဆုံး ဘုရားကျောင်းသာလျှင် ဖြစ်ပါသည်။ သင်နှင့်ကျွန်ုပ်ကဲ့သို့ လူငယ်များပြည့်နေပါသည်။” သင်သည် စစ်မှန်သော ခရစ် ယာန်ဖြစ်လျှင် ထိုအကြောင်းအရာများကို အမှန်တကယ် ပြောမည်ဖြစ်သည်။ သို့ရာတွင် သင် သည် ထိုသို့မပြုပါ။ သင်သည် အတုအလိမ်သာဖြစ်ပါသည်။ မိမိကိုယ်ကိုသာချစ်သောသူသာ လျှင်ဖြစ်ပါသည်။ အခြားပျောက်သောကလေးများနှင့်အတူတူပင်ဖြစ်ပါသည်။

ဗုဒ္ဒဟူးညက မပြောင်းလဲသေးသောကလေးမတစ်ယောက်က သူသည် ကျွန်ုပ်ကို နား မထောင်လိုကြောင်းဆိုပါသည်။ အကြောင်းမှာ ကျွန်ုပ်က အော်ဟစ်လွန်းသောကြောင့်ဖြစ် သည်။ သူမကို “သင်သည် ဤနေရာတွင် နှစ်အတန်ကြာနေခဲ့ရပြီ။ သင်သည် ပျောက်နေဆဲပါ ဘဲ။ ပုန်ကန်နေဆဲပါပဲ။ သင်အား သာ၍ ကျယ်လောင်စွာ ပြောဆိုသင့်သည်ဟုထင်ပါသည်” ဟု ပြောလိုက်သည်။ ဟုတ်ပါတယ်။ ကျယ်လောင်စွာ ပြောသင့်သည်။ ကျယ်လောင်စွာ၊ ကျယ် လောင်စွာ ပြောသင့်သည်။ မော်တော်လမ်းပေါ်တွင်သွားနေသော မျက်မမြင်တစ်ယောက်ကို မြင်သောအခါ သင်သည် အော်မည်မဟုတ်ပါ။ “ထိုမော်တော်လမ်းမှထွက်ပါ၊ သို့မဟုတ်လျှင် သေမည်”ဟုဆိုပေမည်။ ထို့ကြောင့်သာလျှင် အော်နေရခြင်းဖြစ်ပါသည်။ အကြောင်းမှာ သင့် ဝိညာဉ်ကို ချစ်သောကြောင့်ဖြစ်သည်။ မအော်သောတရားဟောသူသည် သင့်အား လုံးဝမချစ် ပါ။ သင့်ငွေကြေးကိုသာချစ်သည်။ ရလိုသည်။ ဘုရားသခင်အားလည်းကောင်း၊ မိမိသည် အပြစ်သားဖြစ်လျက် တကိုယ်ကောင်းဆန်သူဖြစ်ကြောင်းကို မဝန်ခံသ၍ စစ်မှန်သောပြောင်း လဲခြင်းကို တွေ့ကြုံရမည်မဟုတ်ပါ။ သင်၏လှို့ဝှက်အပြစ်များကို သိရမည်။ စိတ်နှလုံး၏အ ပြစ်များကိုလည်း ဝန်ခံရပါမည်။ ဒါဝိဒ်မင်းက “ကျွန်ုပ်အပြစ်သည် ရှေ့တော်မှာထင်ရှားလျက်ရှိ သည်” (ဆာလံ ၅၁း ၃ ) တွင်ဆိုသကဲ့သို့ ပြောလိုက်ပါ။ ၎င်းသည် ပြောင်းလဲခြင်းအကြောင်း လမ်းဟောင်းပင်ဖြစ်ပါသည်။ သင်သည် အပြစ်ကို သိမြင်ရမည်။ သို့မဟုတ်လျှင် သင့်အပြစ်အ တွက် ၊ အပြစ်အလုံးစုံကို ဆေးကြောရန် ကားတိုင်တွင်သွန်းသောအသွေး တော်ကိုလည်း ကောင်း အသေခံရန် လက်ဝါးကပ်တိုင်တွင် ယေရှုအသေခံရန် လိုအပ်သည်ကို ဘယ်တော့မှ မြင်မည်မဟုတ်ပါ။

၄။ စတုတ္ထမြောက်၊ ရှေးဟောင်းနည်းလမ်းသည် သင့်ကိုသင်စစ်ကြောစေပြီး လမ်း သစ်က သင်သည် အသင်းတော်ကိုစွန့်ခွါပြီး အပြစ်ကိုပြုသည့်အသက်တာထဲ သို့ ပြန်လည်ရောက်ရှိသည်အထိ အသင်းတော်ဝန်းကျင်တွင် ပြေးဆော့စေရုံမျှ သာဖြစ်သည်။

ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုဒ်က “မိမိသည် ယုံကြည်ခြင်း၌ အမှန်တကယ်ရှိ နေသည်မနေသည်ကို စစ်ကြောခြင်းပြုလော့” ( ၂ကော ၁၃း ၅ ) တွင် ဖော်ပြထားပါသည်။ ၎င်းမှာ ရှေးဟောင်းနည်းလမ်းပင်ဖြစ်ပါသည်။ သင်သည် အမှန်တကယ်ပြောင်းလဲခြင်းရှိမရှိ မိမိကိုယ်ကို စစ်ကြောရပေမည်။ Jonathan Edwards က “သင်သည် အပြစ်ကို သိမြင်သည် ဟု ဟန်ဟောင်ခြင်းရှိသည်သာမက အပြစ်အတွက် အမှန်တကယ် နောင်တရခြင်းရှိမရှိကိုပါ သိမြင်ရမည်။ ထိုအပြစ်သည် သင့်အဖို့ ဝန်ထုတ်ဝန်ပိုးဖြစ်နေရပါမည်။ သင့်စိတ်နှလုံးအတွက် အဓိပါယ်ရှိသောအရာလည်းဖြစ်ရပါမည်” ဟုဆိုပါသည်။

ထိုအချက်သည် ကျွန်ုပ်ခံစားရမည့်အရာ၊ သို့မဟုတ်လျှင် သင်၏ပြောင်းလဲခြင်းသည် မှားယွင်းသောပြောင်းလဲခြင်းဖြစ်ပေမည်။ သင်တို့တွင်အချို့တို့က အခြားသူများ၏ပြောင်းလဲ ခြင်းအကြောင်းကို ကြားဖူး သို့မဟုတ် ဖတ်ဖူးကြလိမ့်မည်။ ပြောင်းလဲခြင်းသက်သေခံခြင်း သည် အကြောင်းသင်ကြားဖူး သို့မဟုတ် ဖတ်ဖူးသောအရာကို သင်က အလွတ်ကျက်မှတ် ထားသည်။ သူတို့က Sheila Ngann ၏ သက်သေခံချက်၊ သို့မဟုတ် John ၏ တန်ခိုးရှိသော သက်သေခံချက်တို့ကို အလွတ်ကျက်မှတ်ပြီး ဖတ်ရှုသည့် သက်သေခံချက်များစွာကို ကျွန်ုပ် ပြောဆိုနိုင်ပါသည်။ သင်သည် အနည်းငယ်သောအပြစ်သိမြင်ခြင်းသာရှိပြီး အခြားအရာများ မှာ ကူးယူပြောဆိုခြင်းသာဖြစ်ပါသည်။ သင့်အသက်တာတွင် စစ်မှန်သောပြောင်းလဲခြင်းမရှိပါ။ စစ်မှန်သောပြောင်းလဲသူတစ်ဦး၏ သက်သေခံချက်ထဲက ကူးယူခြင်းသာဖြစ်ပါသည်။ ကျွန်ုပ် သည် John Cagan ၏ သက်သေခံချက်အများစုကို ဖတ်ရှုမည်။ ထိုအရာကိုဖတ်ရှုသောအခါ မိမိကိုယ်ကို စစ်ကြောပါ။ John Cagan ၏ သက်သေခံချက်ကို ဖတ်ရှုသောအခါ “ကျွန်ုပ်၌ ထိုအရာဖြစ်ပျက်ခဲ့ပါရဲ့လား။ သို့မဟုတ် ထိုအရာကို ကူးယူပြောဆိုခဲ့သည်လား” ဟူသောအ ချက်ကို ဆန်းစစ်ပါ။ စကားလုံးတိုင်းကို အလေးထားနားထောင်ပြီး ထိုအရာသည် အသက်တာ တွင် အမှန်တကယ္ ဖြစ်ပျက်ခြင်းရှိမရှိကို မိမိကိုယ်ကိုမေးမြန်းပါ။ ထိုသို့မဟုတ်လျှင် သင်၏ ပြောင်းလဲခြင်းသည် မှားယွင်းသောပြောင်းလဲမှုဖြစ်ပါသည်။ သင်သည် အခြားသူများလုပ် ဆောင်ခဲ့သကဲ့သို့ အနှေးနှင့်အမြန် အသင်းတော်ကို စွန့်ခွါသွားရပေလိမ့်မည်။ သင်သည် စစ် မှန်သောပြောင်းလဲမှုကို ရရှိရမည်။ သို့မဟုတ်လျှင် မကောင်းသောအရာ သင့်အသက်တာတွင် ရောက်ရှိလာသောအခါ အသင်းတော်ကို စွန့်ခွါသွားပေလိမ့်မည်။

ကျွန်ုပ်၏သက်သေခံချက်
၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၁
John Samuel Cagan

ကျွန်ုပ်ပြောင်းလဲခဲ့ချိန်ကို မှတ်မိသေးသည်။ ခရစ်တော်လုပ်ဆောင်ခဲ့သောခြားနားမှုကို နှိုင်းယှဉ် လျှင် စကားလုံးများနှင့်တူညီသည်။ ကျွန်ုပ်မပြောင်းလဲခင်အချိန်တုန်းက ကျွန်ုပ်သည် အမုန်းအငြိုးတွေ နှင့်ပြည့်နေတတ်ပါသည်။ မာနကလေးလဲအပြစ်ထဲတွင် ပါလာသည်။ ဘုရားကို မုန်းသောသူတွေနှင့်ဘဲ ပေါင်းသည်။ ဘုရားသခင်က ကျွန်ုပ်အထဲတွင် အလုပ်လုပ်ပါသည်။ ကျွန်ုပ်မပြောင်းလဲမှီရက်သတ္တပတ် များတွင် သေသကဲ့သို့ ခံစားနေရသည်။ မအိပ်ရပါ။ မပြုံးနိုင်ပါ။ ငြိမ်သက်ခြင်းကိုလည်း ရှာမတွေ့နိုင်ပါ။ ကျွန်ုပ်ုတို့အသင်းတော်တွင် ဧဝံဂေလိအစီအစဉ်ရှိခဲ့သည်။ ကျွန်ုပ်၏သင်းအုပ်နှင့်အဖေကို မရိုမသေပြု လျက် ကြိမ်းမောင်းမိပါသည်။ (မပြောင်းလဲသေးသော John ၏အခြေအနေသည် ကျွန်ုပ်သည် သင့်အား ပြောနေသော ထိုမိန်းကလေးကဲ့သို့ တရားဟောခြင်းအတွက် ရူးမိုက်နေသကဲ့သို့ဖြစ်ပါသည်။)

သန့်ရှင်းသောဝိညာဉ်တော်သည် ထိုအချိန်က ကျွန်ုပ်ပြုမိသောအပြစ်များကို သိမြင်စေခဲ့ပါ သည်။ သို့ရာတွင် ဘုရားသခင်နှင့်ပြောင်းလဲခြင်းအကြောင်းစဉ်းစားသမျှတို့ကို ကျွန်ုပ်ငြင်းပယ်ခဲ့ပါသည်။ ထိုအကြောင်းကို စဉ်းစားရန် ငြင်းပယ်ခဲ့ပါသည်။ သို့ရာတွင် စိတ်ထဲက အတုံးကြီးသည် ကျသွားသည်မ ရှိပေ။ (သင့်အပြစ်၏နှိပ်စက်ခြင်းမရှိလျှင် ကယ်တင်ခြင်းသို့ရောက်ရှိဖို့ရန် မလွယ်ကူပါ။)

ဒေါကာ်တာ Hymers တရားဟောနေစဉ်အတွင်းတွင် ကျွန်ုပ်၏မာနကလေးက ငြင်းပယ်ရန် ကြိုးစားနေပါသည်။ နားမထောင်လိုပါ။ သို့ရာတွင် သူဟောနေစဉ်တွင် ကျွန်ုပ်အပြစ်ကို စိတ်နှလုံးသား ထဲတွင် တမြေ့မြေ့ခံစားလာခဲ့ပါသည်။ ကျွန်ုပ်သည် တရားဒေသနာပြီးရန် စက္ကန့်တွေကိုသာရေတွက် နေသည်။ သို့ရာတွင် သင်းအုပ်က ဆက်လက်ဟောနေဆဲဖြစ်ပါသည်။ ကျွန်ုပ်အပြစ်သည် ပိုပိုဆိုးလာပါ တော့သည်။ ကျွန်ုပ်ပြောင်းလဲရမည်။ ခေါ်ဖိတ်သော်လည်း ကျွန်ုပ်က ငြင်းပယ်ထားသည်။ နောက်ထပ်မ ခံနိုင်တော့ပါ။ ကျွန်ုပ်သည် အဆိုးဆုံးအပြစ်သားဖြစ်ကြောင်းကို သိလာပါသည်။ ထို့ကြောင့်သည် ဘုရားသခင်သည် ကျွန်ုပ်အား အပြစ်ကြောင့် ငရဲပို့ဆောင်သည့်တိုင်အောင် ဖြောင့်မတ်လျက်ရှိပါသည်။ (၎င်းမှာ သင်လိုအပ်သောတွေးခေါ်မှုဖြစ်ပါသည်။ Jonathan Edwards က သင်သည် ထိုသို့ခံစားခဲ့ရ မည်။ သို့မဟုတ် ကယ်တင်ခြင်းသို့ရောက်မည်မဟုတ်ပါ။) ကျွန်ုပ်ရုန်းကန်နေရသည်။ ဖြစ်သမျှအရာ တိုင်းအတွက် မောပန်းနေသည်။ သင်းအုပ်က ကျွန်ုပ်ကိုဆွေးနွေးသည်။ ခရစ်တော်ထံသို့လာရန် ခေါ် ဖိတ်သည်။ သို့ရာတွင် ငြင်းပယ်ခဲ့သည်။ အပြစ်များသည် ကျွန်ုပ်တွင်ထင်ရှားသော်လည်း ယေရှုကို ကိုး စားလိုစိတ်မရှိခဲ့ပါ။ ကျွန်ုပ်သည် ပြောင်းလဲရန် ကြိုးစားအားထုတ်နေပါသည်။ ယေရှုကို ယုံကြည်ကိုးစား ရန် ကြိုးစားနေပါသည်။ သို့ရာတွင် မဖြစ်နိုင်ပါ။ ခရစ်တော်ထံသို့မလာနိုင်ပါ။ ခရစ်ယာန်တစ်ယောက်ဖြစ် လာရန် မဖြစ်နိုင်ပါ။ မျှော်လင့်ချက်မဲ့နေစေပါသည်။ အပြစ်က ကျွန်ုပ်အား ငရဲသို့တွန်းပို့နေပါသည်။ ကျွန်ုပ်၏ခေါင်းမာခြင်းက မျက်ရည်များကျလာစေပါသည်။ ဒုက္ခများနှင့်ရင်ဆိုင်နေရပါသည်။ (ရှေးတရား ဟောဆရာများက ထိုအရာကို “သတင်းကောင်း ဝိုက်စ်” ဟုခေါ်လေ့ရှိကြသည်။) ကျွန်ုပ်အပြစ်က ငရဲသို့ တွန်းပို့နေပါသည်။ သို့ရာတွင် ကျွန်ုပ်၏ခေါင်းမာခြင်းက မျက်ရည်ကျစေပါသည်။ (မငိုပါနှင့်ကလေးရယ်၊ မငိုပါနှင့်။ သို့ရာတွင် ဘုရားသခင်က သူ့အား တွန်းချပြီး သူငိုသည့်တိုင်အောင် သတင်းကောင်းဝိုက်စ် တွင် ညစ်ထားသည်။

နှစ်ပေါင်းများစွာက ဟောကြားခဲ့သောတရားဒေသနာစကားလုံးတွေဟာ ကျွန်ုပ်စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ ၎င်းမှာ “ခရစ်တော်ကိုသီးပွင့်စေပါ၊ ခရစ်တော်ကို သီးပွင့်စေပါ” ဖြစ်သည်။ သူထံသို့ချဉ်းကပ်သောအခါ ယုံကြည်ခြင်းအားဖြင့် ယေရှုထံသို့ ရောက်လာခြင်းဖြစ်ပါသည်။ ထိုအချိန် တွင် မိမိကိုယ်ကို သေသကဲ့သို့ ခံစားနေရပါသည်။ ခရစ်တော်က ကျွန်ုပ်အား အသက်ကိုလည်း ပေးပါ သည်။ စိတ်နှလုံးထဲတွင် လှုပ်ရှားမှု သို့မဟုတ် ဆန္ဒ လုံးဝမရှိပါ။ သို့ရာတွင် စိတ်နှလုံးသားထဲတွင် ခရစ် တော်တွင် ခိုနားရုံသက်သက်သာဖြစ်ပါသည်။ သူသည် ကျွန်ုပ်အား ကယ်တင်တော်မူသည်။ သူသည် အသွေးတော်အားဖြင့် ကျွန်ုပ်အပြစ်ကို ဆေးကြောပေးသည်။ ထိုအချိန်တမဟုတ်ချင်းတွင် ခရစ်တော် အားတွန်းလှန်ခြင်းကို ပယ်ရှားသည်။ ကျွန်ုပ်လုပ်ဆောင်နိုင်သည်မှာ ခရစ်တော်ကို ကိုးစားရန်သာဖြစ် သည်မှာ ရှင်းလင်းသိသာလှပါသည်။ ကျွန်ုပ်အား ရပ်တည်နေသောအချိန်တွင် တိကျသည့်ဥပမာကို သတိရမိပါသည်။ ၎င်းမှာ ခရစ်တော်သာလျှင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ခရစ်တော်၌သီးပွင့်ရပါမည်။ ထို အချိန်တွင် ကိုယ်ကာယချုပ်နှောင်ခြင်း၊ မရှိပါ။ ခံစားချက်မလိုအပ်ပါ။ ခရစ်တော်ကို ပိုင်ဆိုင်ရပြီးသားဖြစ် ပါသည်။ သို့ရာတွင် ခရစ်တော်ကို ကိုးစားခြင်းသည် အပြစ်များကို စိတ်ဝိညာဉ်ထဲက ဆွဲထုတ်ထားသကဲ့ သို့ဖြစ်ပါသည်။ အပြစ်မှလှည့်ပြန်သောအခါ ယေရှုကိုသာ ရှုမြင်ရပါသည်။ ယေရှုသည် ကျွန်ုပ်အား ကယ်တင်ခဲ့ပါသည်။

ယောဟန်၏သက်သေခံချက်ကို ကြားနာပြီးနောက်တွင် ၎င်းသည် သင့်အသက်တာ တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသလား။ ထိုသို့ဖြစ်မလာသေးဘူးဆိုလျှင် သင်သည် အမှန်တ ကယ် ပြောင်းလဲဖို့ လိုအပ်လာပေလိမ့်မည်။ သင်သည် စစ်မှန်သောအပြောင်းအလဲလိုအပ် သည်။ သူများကို အတုခိုးတဲ့ပြောင်းလဲမှုမဟုတ်ပါ။ စစ်မှန်သောအပြောင်းအလဲရှိဖို့ အဘယ် အရာကို လုပ်ဆောင်ရမည်နည်း။ ပထမအချက်အနေဖြင့်၊ သင့်စိတ်နှလုံးသည် အဘယ်သို့ သောအပြစ်နှင့်ပြည့်နေသည်ကို စဉ်းစားပါ။ နောင်တရပြီး ယေရှုကို မကိုးစားနိုင်လောက်သည် အထိ အပြစ်များလွန်းသည်ကို သတိပြုပါ။ ထို့ကြောင့် နှုတ်ကပါတ်တော်ကို သင်ယူလေ့လာဖို့ လိုအပ်ပါသည်။ ကျွန်ုပ်ပြောဆိုထားသောအရာများ မှန်ကန်မှုမရှိပေဘူးလား။ သင်သည် စိတ်နှ လုံးနှင့်ဘဝအသက်တာတို့၏အပြစ်ထဲမှ အမှန်တကယ် ရုန်းထွက်ဖို့ ကြိုးစားအားထုတ်ရပါ မည်။ သင်သည် ခရစ်တော်ထံသို့လာပြီး လက်ဝါးကပ်တိုင်တွင် သွန်းလောင်းသောအသွေး တော်အားဖြင့် ဆေးကြောခြင်းခံရန်လိုအပ်သည်။ ယဇ်ပလ္လင်ဆီသို့လာပါ။ အခြားသူများက အထက်ခန်းတွင် နေ့လည်စာပြင်ဆင်နေစဉ် သင်တို့နှင့်တိုင်ပင်ဆိုတောင်းခြင်းကို ပြုမည်။ ယခု ဤနေရာသို့လာပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ဆာလံ ၅၁ း ၁- ၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"လမ်းဟောင်းဖြင့်သာ"၊ (Civilla D. Martin ၁၈၆၆-၁၉၄၈) ရေးစပ်သည်။


အခှပှေုကမွှး

မိမိကိုယ်ကို ယခုစစ်ဆေးပါအကျဉ်းချုပ်

EXAMINE YOURSELVES NOW!

Dr. R. L. Hymers, Jr.

“သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ် ကို ကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံ နိုင်သောသူမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ် မသိကြသလော။” (၂ ကော ၁၃း ၅)

( (ဗျာဒိတ် ၂၀း ၁၅၊ ၁၄း ၁၀၊ ၁၁၊ ယေရမိ ၆း ၁၆ ) )

၁။ ပထမအချက်၊ ရှေးဟောင်းနည်းလမ်းသည် ဘုရားသခင်နှင့်၎င်း၏ဘုန်း တော်ဖြင့်အစပြုပြီး လမ်းသစ်သည် လူ၊ ၎င်း၏လိုအပ်ချက်နှင့်ခံစားချက် များတို့ဖြင့် အစပြုထားပါသည်။ ရောမ ၉း ၁၈၊ တရားဟော ၇း ၂၁၊ နေဟမိ ၁း ၅၊ ၉း ၃၂၊ ဟေဗြဲ ၁၀း ၃၁၊ ၁၂း ၂၉၊ မဿဲ ၂၂း ၁၄။

၂။ ဒုတိယအချက်၊ ရှေးဟောင်းနည်းလမ်းက သင့်အပြစ်အကြောင်းကို စဉ်း စားမိစေပြီး ၎င်းမှာ စစ်မှန်သောဘုရားသခင်က ငရဲတွင်ပြစ်ဒဏ်ပေးထား သည်။ လမ်းသစ်မူကား သင့်လိုအပ်ချက်နှင့်ခံစားချက်များကိုသာ စဉ်းစား မိစေသည်။ ယေရမိ ၁၇း ၉၊ မဿဲ ၂၅း ၄၆။

၃။ တတိယအချက်၊ ရှေးဟောင်းနည်းလမ်းက သင့်အပြစ်၊ အထူးသဖြင့် သင်၏ လှို့ဝှက်အပြစ်များနှင့်သင့်စိတ်နှလုံးထဲတွင် ပြစ်မှားသောအပြစ် များကို စဉ်းစားစေပြီး လမ်းသစ်က သင့်အကြောင်းနှင့်ပါတ်သက်၍ ကောင်းသည်ဟု ခံစားစေသည်။ ၂ တိ ၃း ၁၊ ၂၊ ဆာလံ ၅၁း ၃။

၄။ စတုတ္ထမြောက်၊ ရှေးဟောင်းနည်းလမ်းသည် သင့်ကိုသင်စစ်ကြောစေပြီး လမ်းသစ်က သင်သည် အသင်းတော်ကိုစွန့်ခွါပြီး အပြစ်ကိုပြုသည့်အ သက်တာထဲသို့ ပြန်လည်ရောက်ရှိသည်အထိ အသင်းတော်ဝန်းကျင်တွင် ပြေးဆော့စေရုံမျှ သာဖြစ်သည်။ ၂ ကော ၁၃း ၅ ။