Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ်ယာန်အသက်ရှင်ခြင်းအတွက် တိုက်ပွဲဝင်ခြင်း

ဒေါက်တာ DR. R. L. HYMERS, JR. အကြောင်းမိတ်ဆက်
THE FIGHT FOR LIVING CHRISTIANITY!
(Burmese)

မစ္စတာ John Samuel Cagan


အခက်အခဲများကြုံတွေ့သောအချိန်တွင် မိမိထက်ကြီးမြတ်သောအရာကို ယုံကြည် လက်ခံသောသူတို့သည် သမိုင်းကို ဖန်တီးခဲ့ကြပါသည်။ သမိုင်းဟူသည်မှာ ရာခိုင်နှုန်းရှိသော လူတို့က ဖန်တီးထားခြင်းမဟုတ်ပါ။ မည်ကာမတ္တအဆင့်၏လုံခြုံမှုနှင့်ခိုင်မြဲမှုကို လိုလားသော သူအချို့ရှိကြသည်။ ၎င်းတို့သည် ကျဆုံးမည်ကိုကြောက်၍ ဘယ်တော့မှ မကြိုးစားလိုတော့ သည့် သူများသာဖြစ်ကြပါသည်။ ကြီးမားသည့်အရာကို ဘယ်တော့မှ မရရှိသောသူများရှိကြ သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သည်းခံခြင်း၏အဖိုးအခကို မပေးလိုကြပေ။ ဘာ မှ အပြောင်းအလဲမလုပ်ဆောင်လိုသောသူများလည်းရှိကြပါသည်။ မြေကြီးကို အကျိုးမပြုလို သောသူများလည်းရှိပါသည်။ အသက်မရှင်ခဲ့ဖူးသောသူကဲ့သို့ သေသောသူများလည်းရှိကြပါ သည်။ ထိုသို့သောသူများနှင့်ပြည့်ဝလျက်ရှိသောအခါ ဘုရားသခင်သည် ဒေါက်တာ Hymers ကို ပေါ်ထွန်းစေခဲ့ပါသည်။

အမှုတော်ထဲသို့သွားရန် ဆုံးဖြတ်ထားသောလူအများစုတို့သည် နည်းလမ်ပေါင်းစုံကို ထောက်ပံ့ပေးကြသည်။ သို့ရာတွင် ဒေါက်တာ Hymers သည် နေ့အချိန်တွင် အလုပ်လုပ်ပြီး ညအချိန်တွင် ကျောင်းတက်သည့် ကောလိပ်ကျောင်းသားဘဝအားဖြင့် မိမိလမ်းကို အဖိုးအခ ပေးထားပါသည်။ မိသားစုနှင့်မိတ်ဆွေများအားဖြင့် အမှုတော်လုပ်ငန်းတွင် စိတ်ဓါတ်ကျဆုံး သောအခါတွင် ဘုရားသခင်၏အမှုတော်ဆောင်အဖြစ် ထားရှိသော ပန်းတိုင်အိပ်မက်ကို ချ ထားခဲ့ပါသည်။ မည်သို့သောအကြောင်းအရာလည်းရှိနေပါစေ ထိုပန်းတိုင်ထဲက ထွက်မသွား ပါ။ မာနတ်၏တိုက်ခိုက်မှုနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုရှိသော်လည်း ဘုရားသခင်၏နှုတ်က ပတ်တော်ကိုဟောပြောသောသူအဖြစ် ရပ်တည်လာရန် ကြံ့ကြံ့ ခံ ၇ပ်တည်ခဲ့ပါသည်။ ဒေါက် တာ Hymers သည် ဘုရားသခင်၏နှုတ်ကပါတ်တော်ဟောပြောဖို့ရန်အတွက် ထားရှိသော ရည်ရွယ်ချက်အတွက် မည်သို့သောဒုက္ခများကျရောက်လာပါစေ သည်းခံသည်။ အကြောင်း မှာ သူသည် ဘဝမီးလျှံကို ခံနိုင်ရည်ရှိခဲ့သည်။ ဒေါက်တာ Hymers သည် သမ္မာတရားအ တွက် အမြဲရပ်တည်လျက်ရှိပါသည်။

ဒေါက်တာ Hymers က ဘုရားသခင်၏နှုတ်ကပါတ်တော်အတွက် ကြံ့ကြံ့ခံရပ်တည် သည့်အတွက် ထိုအရာအဖို့ တိုက်ခိုက်နိုင်သည်။ သူသည် သက်သောင့်သက်တာရှိသော လိမ် လည်လှည့်ဖြားမှုကို လက်ခံလိုစိတ်မရှိသောသူဖြစ်သည်။ ၎င်းသည် သူ့ဘဝတစ်လျှောက်လုံး အတွက်ဖြစ်ပါသည်။ သူသည် ဘယ်တော့မှ နောက်ပြန်မလှည့်ပါ။ သမ္မာကျမ်းစာကို ငြင်းပယ် သော သူအဖြစ်လည်း ဘယ်တော့မှရှိမည်မဟုတ်ပါ။ သူဘွဲယူဖို့ စာရင်းပေးသွင်းသောအခါ တွင် ဒေါက်တာ Hymers သည် သမ္မာကျမ်းစာနှင့်ပါတ်သက်ပြီး လီဗရယ်တို့၏တိုက်ခိုက်မှုကို ဆန့်ကျင်ခဲ့သည်။ သူသည် အခန်းကို ပိတ်ထားသည်။ ကျောင်းသတင်းစာအတွက် ဆောင်း ပါးကိုရေးသားသည်။ အခန်းအတွင်း ဆုတောင်းခြင်းတွင် အကူအညီပေးသည်။ သမ္မာတရား ကို ဆန့်ကျင်ပြီးသိမ်းသွင်းလိုသောလိမ်လည်မှုကို သူ့ရဲ့အဆိုပြုချက်များဖြင့် တိုက်ခိုက်သည်။ သမ္မာကျမ်းစာ ဆန့်ကျင်သွန်သင်မှုကိုရပ်တန်းက ရပ်ဖို့ရန် ကျောင်းအုပ်ကြီးက ရုံးကတဆင့် ဆင့်ခေါ်သောအခါ ဒေါက်တာ Hymers က ကြောက်ရွံ့ခြင်းမရှိ။ သင်တန်းကျောင်းတွင် လီဗ ရယ်ဝါဒကိုဆန့်ကျင်သည့်စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။ သူသည် သမ္မာကျမ်းစာအ တွက် အမြဲဆန့်ကျင်တိုက်ခိုက်လေ့ရှိပါသည်။

အချို့က ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ အချို့က စောတက တက်ကြသည်။ အခြား သူများမှာ လက်မြှောက်အရှုံးပေးကြသည်။ သို့သော် ဒေါက်တာ Hymers သည် အမှန်တ ကယ် လုပ်ဆောင်သောသူဖြစ်ပါသည်။ သမ္မာတရားသိရှိခြင်းမှာ သူ၏ခိုင်မာမှုဖြစ်ပြီး သေခြင်း တရားသည် အမှန်တကယ် ရောက်ရှိလာမည်ဖြစ်စေကာမူ မာရ်နတ်၏တိုက်ခိုက်မှုကို ရင်ဆိုင် ဖို့ရန် နှုတ်ကပါတ်တော်ဓါးကို စွဲမြဲယုံကြည်ထားပါသည်။ ဒေါက်တာ Hymers ချည်နှောင်ကြိုး ၏တန်ဖိုးတစ်ခုဝယ်ယူခြင်းလောက် ဘဝကို ခုံမင်သောသူမဟုတ်ပါ။ သူသည် အခြားသူများ က ငွေကြေးဖြင့် ငြိမ်သက်ခြင်းကို ဝယ်ယူကြသောအခါ တိုက်ခိုက်နေသောသူသာလျှင်ဖြစ်ပါ သည်။

Hollywood သည် ယေရှုကို မျက်နှာပေါ်တွင် တံထွေးတွေးသောအခါ ဒေါက်တာ Hymers က ကယ်တင်ရှင်၏မျက်နှာကို သုတ်ပေးခဲ့သည်။ ထိုအကြောင်းကြောင့် သူသည် တိုက်ခိုက်ခြင်းကို ခံခဲ့ပါသည်။ သူ့ကိုဆန့်ကျင်ပြီး သတင်းစာကို ရေးသားသောအခါ သူသည် ခရစ်တော်ဘက်က ရပ်တည်ခဲ့သည်။ ထို့ကြောင့် မိတ်ဆွေများကို ဆုံးရှုံးခဲ့ရသည်။ သို့ရာတွင် မှန်ကန်သောအရာကိုလုပ်ဆောင်ဖို့ သူ၏တာဝန်မှာ ဒေါက်တာ Hymers ကို လုပ်ဆောင်၊ ကာကွယ်၊ တိုက်ခိုက်စေပါသည်။

လူ့အသိုင်းအဝန်းအလုံးစုံသည် “မိန်းမတို့၏သားဖျက်ချခြင်း” ကို သဘောတူလက်ခံ ကြဟန်တူပါသည်။ ဒေါက်တာ Hymers တိုက်ပွဲမဝင်ရဘဲကလေးသတ်ခြင်းကို ဆန့်ကျင်ထား ပါသည်။ ဖျမ်းမျှလူတို့သည် ချစ်ခြင်းမေတ္တာဖြင့်အကောင်းဆုံးဖြစ်အောင် သနားပြီးလှူဒါန်းကြ သော်လည်းဒေါက်တာ Hymers သည် ဖျမ်းမျှရှာသောသူမဟုတ်ပါ။ သူနှင့်သူ့ဖခင်သည် သား ဖျက်ချသည့် ဆေးခန်းရှေ့တွင် ထိုင်နေကြသည်။ ကလပ်နှင့်အမှတ်အသားနှင့်မြင်းနောက် ကျောတွင်ရှိသော ရဲသားကဆက်ဆံသောအခါ အခြားသူများသည် စွန့်ပစ်ထွက်ပြေးခဲ့ကြ သော်လည်း ဒေါက်တာ Hymers သည် သူ့ယုံကြည်ချက်ကို ခိုင်ခိုင်ထားလျက် တည်ရှိလျက် နေသည်။ သူသည် သူသိသောအရာထဲတွင် မတုန်မလှုပ်ပါဘဲရှိနေသည်မှာ ကလေး၏အ သက်နှင့်မိန်းမ၏အခွင့်အရေးတို့ကြားတွင်ဖြစ်သည်။ သူသည် သားဖျက်ချသည့်ဆေးခန်းကို ပိတ်သိမ်းရန် မိမိအသင်းတော်က ဦးဆောင်လျက် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပါသည်။ သူသည် သားဖျက်ချခြင်းကို ဆန့်ကျင်လျက် တိုက်ခိုက်နေပါသည်။

ကျွန်ုပ်တို့အသင်းတော်အတွက် တိုက်ပွဲရှိပါသည်။ ကျွန်ုပ်တို့အသင်းတော်၏ ကနဦး ခေါင်းဆောင်များသည် အသင်းတော်ကို ထားရစ်ခဲ့ကြပါသည်။ သူ၏နိုးထမှုတွင် အသင်းတော် ဦးရေပေါင်း ၄၀၀ က အသင်းတော်ကို ထားရစ်ခဲ့ကြပါသည်။ အသင်းတော်သည် အဆောက် အဦးကိုလည်း ဆုံးရှုံးခါနီးဖြစ်သည်။ အသင်းတော်သည် ဒေဝါလီခံခါနီးအခြေအနေနှင့်ကြုံတွေ့ ခဲ့ရပါသည်။ နာမည်ကြီးသည့် တရားဟောဆရာက ဒေါက်တာ Hymers ကို လွှတ်ခဲ့သည်။ ကြီးမားသည့် ဆင်ခြေဖုံးအသင်းတော်တွင် သင်းအုပ်တစ်ယောက်ဖြစ်လာခဲ့ပါသည်။ သူသည် ဒေါက်တာ Hymers အား ကြိုးခုန်ရန်ဖြစ်လာသောအခွင့်ရေးတစ်ခုကို ပေးထားပါသည်။ သူက “ဒါဟာ မင်းအတွက် နောက်ဆုံးအခွင့်အရေးပါဘဲ” ဟုဆိုပါသည်။ သင်းအုပ်အများစုသည် အသင်းတော်ကို စွန့်ခွါခဲ့ကြသည်။ အသင်းသားများသည် အသင်းတော်ငွေကြေးဒေဝါလီ ကြောင့်စွန့်ခွါခဲ့ကြပါသည်။ သို့သော် ဒေါက်တာ Hymers က တည်တည်ငြိမ်ငြိမ်ပဲနေမြဲနေခဲ့ပါ သည်။ ဒေါက်တာ Hymers ဒေသန္တာအသင်းတော်အတွက်တိုက်ခိုက်လိုစိတ်ရှိသည်။ အချိန် နှင့်ငွေကြေးကိုပေး၍ သစ္စာရှိသောလူများနှင့်ဝိညာဉ်ခွန်အားရှိသူများကြောင့် လော့အိန်ဂျယ် မြို့လယ်ရှိအသင်းတော်အဖြစ် တည်ရှိလျက်ရှိသည်။ Winston Churchill သည် အနောက် ပိုင်းပြည်တွင်းစစ်တွင် ဟစ်တလာနှင့်ရင်ဆိုင်တိုက်ခိုက်သကဲ့သို့ ခွန်အားနှင့်မဖြစ်နိုင်သည့် စိန် ခေါ်များကို ရင်ခိုင်နေထိုင်ခဲ့ပါသည်။

ဒေါက်တာ Hymers သည် ဒေသန္တာရအသင်းတော်၏အရေးကြီးမှုကို နားလည်သ ဘောပေါက်ထားပါသည်။ ဒေါက်တာ Hymers က အသင်းတော်၏အောင်မြင်မှုသည် ၎င်း၏ အသက်တာရှင်သန်ခြင်းဖြစ်သည်ဟု မကြာခဏဆိုလေ့ရှိသည်။ သူသည် နက်နဲသောမေတ္တာ ကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အသင်းတော်အတွက်သာမကဘဲ မြေကြီးပေါ်တွင်ရှိသော အ သင်းတော်တိုင်းအတွက်လည်း မေတ္တာအပြည့်ရှိပါသည်။ အသင်းတော်၏တန်ခိုးမှာ ၎င်း၏ သည်းခံခြင်းပင်ဖြစ်ပါသည်။ သူ၏ထင်ရှားသောအရာကို အသင်းတော်၏အသက်တာနှင့်ဆက် နွယ်ထားလျက်ရှိပါသည်။ သူသည် ခရစ်တော်နှင့်အသင်းတော်အတွက် စိတ်တစ်ခုတည်းသာ ရှိ၍ ၎င်းမှာ ထွန်းတောက်သောအားကစားသမားများ၊ နိုင်ငံရေးသမားများ၊ အောင်နိုင်သူများ ပင်ဖြစ်ပါသည်။ သူက အသင်းတော်သည် ခရစ်တော်၏သတို့သမီးဖြစ်ကြောင်းကိုသိသဖြင့် သူ သည် ဆုတောင်းသည်၊ တိုက်ခိုက်သည်၊ အသင်းတော်၏ကောင်းသောအမှုအရာအတွက် ဆု တောင်းလျက်ရှိပါသည်။

အချို့သောသူများက သဘောမတွေ့ဘဲ သံသယဖြစ်ကြသော်လည်း ဘုရားသခင် တွင် စစ်မှန်စွာတည်နေကြသော ပရိုတဲ့တင်း ခေါင်းဆောင်အများစုက သူ့ကို လေးစားကြည် ညိုကြပါသည်။ သူတို့အထဲတွင် နိုင်ငံအတွင်း ဧဝံဂေလိနှင့်“သမ္မာကျမ်းစာဆိုင်ရာဧဝံဂေလိ” ဟူသော စာစောင်ကို နှစ်ပေါင်းများစွာ အယ်ဒီတာလုပ်ဆောင်လာသော ဒေါက်တာ Robert L. Sumner လည်း ပါဝင်ပါသည်။ ၂ဝရာစု၏ ခရစ်ယာန်စိတ်ကူများ၏ ဝန်းရံခြင်းကိုခံရပြီး နောက်တွင် ဒေါက်တာ Sumner က ဘုရားသခင်၏စစ်မှန်သောအရာအကြောင်းကို သိရှိခဲ့ပါ သည်။ ဒေါက်တာ Sumner က ဒေါက်တာ Hymers နှင့်စပ်လျဉ်း၍ ဤသို့ရေးသားထားပါ သည်။

“ဒေါက်တာ Hymers သည် ”ဧဝံဂေလိဟောပြောခြင်း၊ သမ္မာကျမ်း စာသွန်သင်သည့်အသင်းတော်တည်ဆောက်ခြင်းတို့ကို လော့ အိန်ဂျယ်မြို့ထဲတွင်လုပ်ဆောင်ရန် စိတ်ကူးထားခဲ့ပါသည်။ အခြား အရာများကျန်ရှိခြင်းမရှိလျှင်၊ ဆင်ခြေဖုံးဒေသများတွင် ထွက်ပြေး ပြီး အခြားဧဝံဂေလိအမှုတော်လုပ်ငန်းများနှင့်ဆက်နွယ်မှုမရှိရန် ထောက်ခံပြောဆိုပါသည်။ သူနားလည်သဘောပေါက်သည့်အ လျောက် ထိုသမ္မာတရားပေါ်တွင်ရပ်တည်ရန် ဆန္ဒရှိခြင်းမှာ သူအ လိုရှိသောအရာဖြစ်ပါသည်။ ထိုအတိုင်း အသက်ရှင်ရန်လည်းဖြစ် ပါသည်။ Robert Leslie Hymers သည် ထိုကဲ့သို့သော ခရစ်တော်၏အစေခံဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၏ အ ဆိုးသွင်းဆုံးသောမြို့၏ အချက်အချာတွင် ဒေသန္တာရအသင်း တော်လုပ်ဆောင်ထားခြင်းတွင် သူသည် နိုင်ငံတကာနှင့်သက် ဆိုင်သော အမှုတော်ကို လုပ်ဆောင်လျက်ရှိပါသည်။ သူ၏အမှု တော်လုပ်ငန်းကို စပိန်နှင့်တရုတ်ဘာသာစကားအားဖြင့် ဘာသာ ပြန်ပြီး “တင်ဆက်ခြင်း” ပင်ဖြစ်ပါသည်။”

ဆယ်စုနှစ်ပေါင်းများစွာ ဧဝံဂေလိဆရာဖြစ်ပြီးနောက်တွင် ဒေါက်တာ Sumner က ဒေါက်တာ Hymers ၏အသက်တာနှင့်အမှုတော်ကို ပုံဖော်သော ခွန်အား၏ ပုံသဏ္ဍာန်ကို သဘောပေါက် နားလည်လာပါသည်။

ဒေါက်တာ Hymers သည် ရူပါရုံထားရှိသောသူဖြစ်ပါသည်။ အခြားသူများက ရှုံးနိမ့် မည်ဟုထင်ပြီး ခက်ခဲသည့်အချိန်တွင်လည်း ဘုရားသခင်သည် ကြီးသောအမှုကို ပြုတော်မူခဲ့ သည်။ သူသည် တရားဒေသနာစာမူများနှင့်အခြားတရားဒေသနာများကို ကမ္ဘာတစ်ဝှမ်းရှိ သင်းအုပ်များ၊ သာသနာပြုများအား ဖြန့်ဝေပေးသည့် ဝပ်ဆိုက်ပ်တစ်ခုကို ကြိုတင်မြင်တွေ့ခဲ့ ပါသည်။ ထိုသို့သောအရာကို အရင်က လုပ်ဆောင်ရန် စိတ်ကူးမရှိခဲ့သလို ကြားဖူးခြင်းလည်း မရှိခဲ့ပေ။ သို့ရာတွင် ကမ္ဘာတစ်ဝှမ်းရှိ မတူညီသောတိုင်းနိုင်ငံတို့တွင် မတူကွဲပြားရန် ကြိုးစား အားထုတ်မှုတွင် သူသည် သူ၏တရားဒေသနာပြင်ဆင်မှုကို ပြောင်းလဲပြီး ကြီးမားသော တာ ဝန်ကို လုပ်ဆောင်ခဲ့ပါသည်။

ဒေါက်တာ Hymers သည် ၎င်း၏ အဓိက သာသနာလုပ်ငန်းတွင် အကျဉ်းချုပ်ဖြင့် တ ရားဒေသနာကို ဟောကြားလျက်ရှိပါသည်။ သို့ရာတွင် သူ့တရားဒေသနာကို သမ္မာကျမ်းစာ နှင့်တရားဒေသနာစာမူများမရရှိနိုင်သည့်နေရာတွင် ရရှိစေလိုသည်။ ထို့ကြောင့် သူသည် တရားဒေသနာကို တစ်လုံးချင်းစရေးပြီး စာမူကို ဟောပြောသည်။ တရားဒေသနာဟောပြော သူအများစုက ၎င်းတို့၏တရားဒေသနာပြင်ဆင်မှုကို အမှုတော်ထဲတွင်ရှိကြသောအခါ ပြောင်း လဲခြင်းမရှိကြတော့ချေ။ သို့သော် ဒေါက်တာ Hymers က ရူပါရုံရှိသောသူဖြစ်ပါသည်။ နှစ် ပေါင်းများစွာ ကြာလာသောအခါ ဒေါက်တာ Hymers ၏တရားဒေသနာကိုဖတ်ရှုကြသည့် နိုင် ငံများစွာ တိုးပွါးလာပြီး ၂၀၁၆ ခုနှစ်အတွင်း၌ ဝပ်ဆိုက်ပ်ကို ဝင်ရောက်ကြည့်ရှုသူများလည်း ပိုမိုတိုးပွါးလာခဲ့သည်။

နောက်ခံသမိုင်းအကြောင်းအရာတိုင်းမှ လူတို့နှင့်ပတ်သက်သော အမှုတော်ဆောင် သင်းအုပ်များဖြစ်သည့်အတိုင်း ဒေါက်တာ Hymers သည် တိကျသေချာသောအလုပ်တစ်ခု ကို အခြားဘာသာသို့ တရားဒေသနာများ ဘာသာပြန်ဆိုထားခြင်းကို စတင်လုပ်ဆောင်ခဲ့ပါ သည်။ ပထမတွင် တရားဒေသနာစာမူကို ဘာသာစကားအနည်းငယ်ဖြင့်သာ ပြန်ဆိုသည်။ သို့ရာတွင် ဒေါက်တာ Hymers သည် ၎င်း၏ရူပါရုံကိုတိုးချဲ့ကာ ဘာသာစကားအဆီးအတား ကို အမှုမထားဘဲ ကမ္ဘာတစ်ဝှမ်းသို့ တိုးချဲ့ရန် ရည်ရွယ်လုပ်ဆောင်ထားပါသည်။

ယခုအချိန်တွင် ဒေါက်တာ Hymers ၏တရားဒေသနာကို ဘာသာစကားပေါင်း ၃၅ မျိုးဖြင့်ဘာသာပြန်ဆိုထားပြီးသားဖြစ်ပါသည်။ ၎င်းတရားဒေသနာသည် ကောင်းကြီးမင်္ဂလာ တစ်ခုဖြစ်ပြီး သာသနာပြုများ၊ နှင့်သင်းအုပ်များကို အကူအညီပေးလျက်ရှိပါသည်။ ၎င်းတို့၏ ဝိညာဉ်ရေးရာလိုအပ်ချက်များအတွက် အသုံးပြုလျက်ရှိကြပါသည်။ အချို့တို့မှာ တရားဒေသ နာကို ဖတ်ခြင်းအားဖြင့် ပြောင်းလဲလာခဲ့ကြပါသည်။ ဘာသာစကား ၃၅ မျိုးဖြင့် ဘာသာပြန် ဆိုလာပြီးနောက်တွင် ၎င်းသည် ကမ္ဘာကြီးတစ်ခုလုံးကို ခရစ်ယာန်ကမ္ဘာအဖြစ် တန်ခိုးအပြည့် ဖြင့် အကျိုးပြုစေရန် ဘုရားသခင်က အသုံးပြုထားခဲ့ပါသည်။

မည်သို့သောတိုက်ခိုက်မှုပင်ဖြစ်နေစေကာမူ၊ ဒေါက်တာ Hymers က ဘုရားသခင်၏ လူအဖြစ် ရပ်တည်ရန် လှုပ်ရှားရုန်းကန်ခဲ့ရပါသည်။ သူသည် ခရစ်တော်၏ဧဝံဂေလိတရားကို ဟောပြောသက်သေခံပါသည်။ အခြားသူများ မေ့လျော့နေသည့်အချိန်တွင်ပင် ဟောပြော သည်။ သူသည် ရှေးဟောင်းပုံစံမျုးိဖြင့် ဟောပြောပါသည်။ အခြားသူများစွန့်ပစ်သော ပုံစံမျိုး ဖြင့် ဟောပြောပါသည်။ သူက ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေး ဇူးတော်နှင့်တန်ခိုးအားဖြင့် စစ်မှန်သောပြောင်းလဲခြင်းဖြစ်လာသည်ဟု ယုံကြည်လက်ခံခဲ့ပြီး အဘယ်သူကိုမျှ ငရဲ၏ဘေးဒုက္ခအကြောင်းကို နားထောင်စေခွင့်မပြုခဲ့ပါ။

ဆုတောင်းပဌနာပြုခြင်းအမှုသည် နည်းစနစ်ကျလာသောအခါ ဒေါက်တာ Hymers က အဖြေရသောဆုတောင်းခြင်းတွင် ဘုရားသခင်၏တန်ခိုးတော်ရှိကြောင်းကို လက်ခံလာ သည်။ အခြားသောသူများက အခြားအသင်းတော်၏အသင်းဝင်များကို ခိုးယူခြင်းအားဖြင့် ကြီး မားသည့်ပေးလှူခြင်းကိုမျှော်လင့်လျက် လမ်းလံဖမ်းဆီးနေခဲ့ကြသည့်အချိန်တွင် ဒေါက်တာ Hymers က မြေကြီးပေါ်တွင်ရှိသော လူငယ်များကို ဧဝံဂေလိလုပ်ဆောင်ခြင်းကို ယုံကြည် လက်ခံထားပါသည်။ အစီအစဉ်တစ်ခုပြီးတစ်ခု အသင်းတော်များက ပိတ်နေကြသောအချိန် တွင် ဒေါက်တာ Hymers က အသင်းတော်၏အရေးကြီးမှုနှင့်တွန်းအားကို နားလည်ယုံကြည် ထားပါသည်။ အခြားသူများက ရှုံးဆုံးသောအသက်တာနှင့်တန်ခိုးကို ပျောက်ဆုံးကတည်းက အချိန်ကြာမြင့်စွာ ခန္ဒာအလေးမထားဘဲ ကျွေးမွေးရန် ဂရုမစိုက်မှုကို ပြုကြသောအခါ ဒေါက်တာ Hymers က ခရစ်ယာန်ဘာသာတရား၏အသက်ရှင်မှုတွင် ယုံကြည်လက်ခံပြီး ၎င်း အတွက် တိုက်ခိုက်နေလျက်ရှိပါသည်။

သိပ်မကြာတော့သည့်အချိန်တွင် ဒေါက်တာ Hymers သည် တရားလာဟောတော့ မည်ဖြစ်ပါသည်။ သို့ရာတွင် Mr. Griffith ႕ လာပြီး ဒေါက်တာ Hymers ၏ ကြိုက်နှစ်သက် သော သီချင်းကို သီဆိုပေးမည်။ ထိုသီချင်းမှာ “ခရစ်ယာန်များချီတက်” သီချင်းဖြစ်သည်။

တနင်္ဂနွေညတိုက်ပွဲ

( စစ်ပွဲခေါ်သံအပိုင်းတစ ္)
THE BATTLE FOR SUNDAY NIGHT
(NUMBER ONE IN A SERIES OF BATTLE CRIES)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌
၂၀၁၇ ခုနှစ် ဇန်နာဝါရီလ(၁၅) ရက်နေ့ နံနက်ပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 15, 2017

“ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ ရေး၍ပေးလိုက်ခြင်းငှါ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်က အပ်ပေးခဲ့ပြီးသောယုံကြည်ခြင်းတရား ဘက်မှာ သင်တို့သည် ကြိုးစား၍ တိုက်လှန်ခြင်းငှါ၊ နှိုးဆော်သွေး ဆောင်၍ ရေးလိုက်ရသော အကြောင်းရှိ၏။” (ယုဒ ၃ ) )

ယနေ့နံနက်တွင် စစ်ပွဲအော်သံ အပိုင်းတစ်ခုကို စတင်ပါတော့မည်။ ၎င်းတို့အထဲတွင် ကျွန်ုပ်တို့သည် “ယုံကြည်ခြင်းအတွက် စိတ်နှလုံးပါလျက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။” ကျွန်ုပ် တို့သည် အသင်းတော်များတွင် လက်တွေ့ကျင့်သုံးလျက်ရှိကြသော မှားယွင်းသည့် အယူဝါဒ များကို ပြောဆိုကြပေမည်။

၁၉၆၃ ခုနှစ်၊ သမ္မတ ဂျွန်အက်ဖ်ကနေဒီက Churchill ကို အမေရိကန်ပြည်ထောင်စု ၏ ပထမဆုံးအကျိုးဆောင်နိုင်ငံသားအဖြစ် သတ်မှတ်ခဲ့သည်။ သမ္မတက “သူသည် အင်္ဂလိပ် ဘာသာစကားကို ရွှေ့ပြောင်းပြီး စစ်ပွဲထဲပို့ဆောင်ပေးသည့်” စစ်ပွဲရဲ့ သူရဲကောင်းဟု သတ် မှတ်ထားပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ Churchill ပြောခဲ့သည့် လူသိများသော မိန့်ခွန်း တစ်ခုမှာ “ကြီးမားသည့်အဖြစ်အပျက်များက ကမ္ဘာကိုလှုပ်ကိုင်ကြသည်။ လူ့စိတ်နှလုံးကို လှုံ့ ဆော်ထားပါသည်။ သူတို့၏စိတ်နှလုံးနှင့်အိမ်မှဆွဲခေါ်ပြီး နှိမ့်သိမ့်ခြင်း၊ စည်းစိမ်များသည် ချက် ချင်းဆိုသလိုပါပဲ ကြောက်မက်ဖွယ်ရာနှင့်တားဆီးမရနိုင်သည့်အခြေအနေထဲသို့ တွန်းဆောက် မှုတွင် ပျော်ရွှင်မှုကို စွန့်လွှတ်စေသည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်မဟုတ်ကြောင်း သင်ယူလေ့ လာရသည်။ အချိန်ကာလနှင့်အမျှ အချို့သောအရာများသည် ရွှေ့လျားနေကြပါသည်” ဟုဆို သည်။

ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း စစ်ပွဲများစွာထဲတွင် ရှိနေခဲ့ကြသည်။ ကျွန်ုပ်တို့မျှဝေ ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ကျောင်းတွင်သင်ကြားခံယူသည့် ကျောင်းသူ၊ သားတရားဟော ဆရာများအား မှားယွင်းစွာ သင်ကြားပေးသော အမေရိကန်ပြည်ရှိတောင်ပိုင်းနှစ်ခြင်းအသင်း တော်တိုင်းကို စာပေးပို့ခဲ့ကြသည်။ ကျွန်ုပ်ရဲ့ဇနီးသည်က Pittsburgh ပြည်နယ်၊ Pennsylvania တွင်ရှိသော တောင်ပိုင်းနှစ်ခြင်းအဖွဲ့ချုပ်ဆီသို့ ဤစာ ကိုကမ်းပေးသည့်အချိန်တွင် ခြောက်လကိုယ်ဝန်ရှိနေပြီဖြစ်သည်။ သူသည် ပိန်လှီးပြီး ကိုယ်ဝန်အရင့်အမာဖြင့် ဖြစ်နေသော် လည်း အသက်ကြီးသောလူကြီးသည် စာကို ချေ၍ သူမ၏မျက်နှာကို တံထွေးဖြင့်ထွေးသည်။ အခန်းထဲသို့ပြန်ရောက်သောအခါ မျက်နှာငယ်ငယ်လေးနှင့်ဇနီးသည်က ကျွန်ုပ်မဖြေနိုင်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။ သူမက “ရောဘတ်ရေ၊ ဤလူတို့သည် အဘယ်သို့ စစ်မှန် သော ခရစ်ယာန်ဖြစ်နိုင်ခဲ့ကြပါသနည်း” ဟုဆိုလိုက်သည်။ အချို့တို့သည် တောင်ပိုင်းနှစ်ခြင်း များဆိုတာထက် ငရဲပြည်တွင်ရှိသော နတ်ဆိုးများနှင့်ပို၍ပင်တူကြသည်ဟု ဆိုပါသည်။ သူတို့ သည် သူတို့သည် သူမကို အလွန်အမင်း အမျက်ထွက်ခဲ့ကြသည်။ အကြောင်းမှာ ယေရှု၏ ကိုယ်ခန္တာသည် ထမြောက်ခြင်းမရှိဘဲ၊ မြေခွေးများက ချီးသွားကြသည်၊ မောရှေ့ကဲ့သို့သော သူ တစ်ဦးမျှမရှိ၊ ပေါလု၏စာများသည် အတုများဖြစ်ကြသည်၊ တမန်တော်ကိုယ်တိုင်ရေးသား ခြင်းမဟုတ်ဟု ကျမ်းစာကျောင်းတွင်သင်ကြားပေးသော စာချဆရာများကို ရည်ညွှန်းရေးသား ထားသော စာကို ပေးခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ထိုစာပေအတွက် ဆက်လက်ဆု တောင်းပဌနာပြုကြပါသည်။ တစ်နှစ်ပြီးတစ်နှစ်ဝေခဲ့ကြသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် အနိုင်ရရှိကြသဖြင့် အမေရိကန်ပြည်၊ တောင်ပိုင်းနှစ်ခြင်းကျောင်းတွင်ရှိကြသော နတ်ဆိုးစွဲ သော သူများသည် အလုပ်ပြုကုန်ကြပါသည်။ ဘုရားသခင်၏ကူညီမစခြင်းနှင့်အတူ တိုက်ပွဲကို အောင်မြင်ခဲ့ကြသည်။

အခြားသောအဖွဲ့များသည် သားဖျက်ချခြင်းအားဖြင့် ကလေးသေစေမှုနှုန်းကို ရပ် တန့်စေရန် ငွေကောက်ခံနေသောအချိန်တွင် (မိမိတို့အိပ်ထဲတွင် ထည့်နေကြသည်။) ကျွန်ုပ် တို့အသင်းတော်က လူတွေကိုစေလွှတ်ပြနိး မေနောက်ဆုံးတွင် သွေးတိုက်သည့်ဆေးခန်းကို ပိတ်ခဲ့ကြရသည်။ တခုသောအချိန်တွင် ဒေါက်တာ Cagan နှင့်ကျွန်ုပ်သည် ဆေးခန်းတစ်ခု ရှေ့စင်္ကြန်ပေါ်တွင်ထိုင်နေကြစဉ်တွင် ရဲသားများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ရစ်သီရစ် သီလုပ်နေပြီး ကျွန်ုပ်တို့အား လက်ထိပ်ခတ်ပြီး အချုပ်ထဲသို့ပို့ခဲ့ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ သည် တုန်လှုပ်ခြင်းမရှိကြသည်ကို မြင်ကြသောအခါ သူတို့စီးသောမြင်းကိုပြန်လှည့်ကြပြီး ထွက်သွားခဲ့ကြပါသည်။ တဖန် ဘုရားသခင်၏ကူညီမစခြင်းအားဖြင့် ထိုတိုက်ပွဲကို အောင်မြင် ခဲ့ကြပါသည်။

တက္ကသိုလ်၏အထက်အရာရှိ Lew Wasserman က ညစ်ညမ်းသောရုပ်ရှင်ဖြစ်သော ယေရှုသည် မာဂဒလမာရိနှင့်လိင်ပိုင်းဆိုင်ရာဆက်ဆံမှုရှိသည်ဟူသောရုပ်ရှင်တစ်ကားကို ထုတ်ဝေလိုက်သောအခါ ကျွန်ုပ်တို့သည် ကန့်ကွက်ဆန္ဒပြဖို့ Beverly Hills တွင်ရှိသော Wasserman ၏ အိမ်ရှေ့သို့ အရောက်သွားခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ကန့်ကွက်မှုသည် အင်္ဂလန်၊ စပိန်၊ ဂျူးနိူင်ငံ၊ ပြင်သစ်စသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာများတွင် သတင်း ကောင်းစဉ်ဖြင့်ထွက်ပေါ်လာသည်။ ဂရိပြည်တွင်လည်း ရုပ်ရှင်ကိုဆန့်ကျင်သည့် ရုန်းရင်းဆန် ခတ်မှုတစ်ခုတောင်ပေါ်ပေါက်ခဲ့သေးသည်။ အမျိုးမျိုးသော ကျွန်ုပ်တို့၏ကန့်ကွက်ဆန္ဒပြမှုများ သည် ညတိုင်းညတိုင်း နှစ်ပတ်ကျော် နိုင်ငံပိုင်တီဗွီအစဉ်အစဉ်တွင် ပါဝင်ခဲ့ပါသည်။ စကြာဝဠာ နှင့်သက်ဆိုင်သော ရုပ်ပုံသည် ခရစ်တော်ကို ထိခိုက်စေသည့်ရုပ်ရှင် နောက်တဖန် ထုတ်ဝေ မှုမရှိစေရန် ကျွန်ုပ်တို့၏ကြောက်မက်ဖွယ်ရာ ဖော်ပြချက်တစ်ခုဖြစ်လာပါတော့သည်။ တဖန် ဘုရားသခင်၏မစခြင်းအားဖြင့် အနိုင်ရရှိခဲ့ကြပြန်သည်။

Peter S. Ruckman က King James ကျမ်းစာသည် ၎င်းတို့အား စတင်ဘာသာပြန် ဆိုထားသော ဂရိနှင့်ဟေဗြဲဘာသာမှစ၍ အမှားအယွင်းမရှိဟု စတင်၍ သင်ကြားပေးသော အခါ ရာပေါင်းများစွာသော အသင်းတော်များက Ruckman ၏မှားယွင်းမှုကြောင့် ကွဲလွင့်သွား ခဲ့ကြပါသည်။ ကျွန်ုပ်က “Ruckmanism ရှင်းပြချက်” ဟု စာအုပ်တစ်အုပ်ရေးသားခဲ့သည်။ ၎င်းသည် အသင်းတော်များကြားတွင် တွင်တွင်ကျယ်ကျယ်ပျံ့နှံ့သွားခဲ့ပါသည်။ ၎င်းသည် ယနေ့ကာလတွင် မလှုပ်ရှားနိုင်သောအကြောင်းအရာဖြစ်နေသည်။ ၎င်းကို ငါတို့၏ဝပ်ဆိုက်ပ် www.sermonsfortheworld.com တွင် ဖတ်ရှုနိုင်ပါသည်။ ထို့အပြင် Ruckmanism ၏ နတ် ဆိုးဝါဒကို ဆန့်ကျင်တိုက်ခိုက်မှုတွင် ဘုရားသခင်၏အကူအညီဖြင့် ကျွန်ုပ်တို့အနိုင်ရရှိကြပါ သည်။

Richard Olivas သည် ကျွန်ုပ်တို့အား ထားရစ်ခဲ့ပြီး သူနှင့်အတူ လူပေါင်း ၄၀၀ ကို ခေါ်ဆောင်သွားခဲ့သည်။ ကျွန်ုပ်တို့သည် အသင်းတော်အဆောက်အဦး ကယ်တင်နိုင်သည် အ ထိ ဆယ်ဖို့နှင့်အလှူငွေများကို လစဉ်လတိုင်း ဒေါ်လာ ၁၆၀၀၀ ပေးနေကြရသည်။ သို့ဖြင့် အသင်းတော်ပျက်စီးရန် Olivas ၏ အစီအစဉ်သည် အဆုံးသတ်ခဲ့ရပါသည်။ သို့ရာတွင် ဘုရား သခင်၏အကူအညီဖြင့် ထိုစစ်ပွဲကိုလည်း အနိုင်ရရှိခဲ့ကြပါသည်။

ကျွန်ုပ်တို့သည် ယနေ့တွင် ပို၍ပင် ဒုက္ခများသည့်အခြေအနေတွင် အသက်ရှင်နေကြ ပါသည်။ ကျွန်ုပ်တို့အသင်းတော်များကို မာယာပရိယာယ်များသော စစ်ပွဲက ပြိုပျက်စေကြ သည်။ ၎င်းကို တိုက်ခိုက်ရန် ခရစ်တော်၏စစ်သားအနေဖြင့် ကျွန်ုပ်၌ တာဝန်အပြည့်ရှိပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏အသင်းတော်များကို ဖျက်ဆီးနေပါသည်။ ၎င်းက လောဒိကိအယူဝါဒ ဆိုးပင်ဖြစ်ပါသည်။ တနင်္ဂနွေနေ့ ညနေတိုင်းကို ပိတ်ရသည့် အကြောင်းတရားလည်းဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် ဤမှားယွင်းသောအရာများကို ဆန့်ကျင်တိုက်ခိုက်ရပါမည်။ ( ယုဒ ၃ ) ကျွန်ုပ်တို့သည် တတ်နိုင်သမျှအတိုင်း ထိုအရာများကို တိုက်ခိုက်ရပါမည်။

မဿဲ ၂၅း ၅ တွင် ယေရှုက ကျွန်ုပ်တို့အသင်းတော်၏ စုံလင်ခြင်းအကြောင်း ဖော်ပြ ချက်ကို တွေ့ရှိရပါသည်။ သန်းပေါင်းများစွာသော ဧဝံဂေလိအသင်းတော်များနှင့်ဖန်တမင် တဲယ်အသင်းတော်များသည် ငိုက်မြည်းအိပ်ပျော်နေကြသည်။ ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းသည် သာ၍ နီးလာသော်လည်း အသင်းတော်များသည် အိပ်ပျော်လျက်နေကြ ဆဲပင်ဖြစ်ပါသည်။ ယခုအချိန်တွင် အသင်းတော်တစ်ခုပြီးတစ်ခုသည် ညနေပိုင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ကြပါသည်။ ၎င်းသည် နောက်ဆုံးသောကာလ၏နိမိတ်တစ်ခုဖြစ်မည်ဟု ယုံကြည် မိသည်။ အိပ်နေသောအသင်းတော်များသည် ၎င်းတို့၏အသင်းတော်များကို ပိတ်ကြသည်။ ခေတ်ကာလအဆုံးပိုင်းသို့ ရောက်လုနီးသောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့သိထားသည်အ တိုင်း လောကကြီးသည် အဆုံးသတ်ရောက်လုနီးပါပြီ။ ယေရှုက ဤသို့မိန့်ဆိုပါသည်။

“မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ သတို့သမီးအပေါင်း တို့သည် ငိုက်၍ အိပ်ပျော်ကြ၏။” ( မဿဲ ၂၅း ၅ ) )

ပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အား ဆန့်ကျင်နေဟန်ရှိသော်လည်း ကျွန်ုပ်တို့သည် ဆက် လက်၍ တိုက်ခိုက်နေကြရပါမည်။ အချို့တို့သည် နားထောင်သဖြင့် ကယ်တင်ခြင်းသို့ ရောက် ကြမည်။

တနင်္ဂနွေနေ့ညအစီအစဉ်ပိတ်သိမ်းရခြင်းမှာ နှစ်ခြင်းအသိုင်းအဝန်းတွင်လည်း နောက် ဆုံးတွင်ဖြစ်လာပြီး အစရှည်သောအရာတိုင်း၏အခြားအရာများလည်းဖြစ်ပါသည်။ တောင်ပိုင်း နှစ်ခြင်းအသင်းတော်နှင့်ကိုယ့်အားကိုယ်ကိုးနှစ်ခြင်းအသင်းတော်များသည် ရှေ့သို့တိုးလာပြီး ဘီဘီအက်ဖ်အိုင်အသင်းတော်များနှင့် Bob Jones ဖန်တမင်တဲယ်အသင်းတော်များတို့သည် လည်း တနင်္ဂနွေနေ့အစီအစဉ်အပြီးတွင် တံခါးကို ပိတ်သိမ်းခဲ့ကြရပါသည်။ အမေရိကန်တွင် တစ်ခုပြီးတစ်ခု အဆုံးသတ်ခဲ့ကြရပါသည်။ တနင်္ဂနွေညနေပိုင်းအစီအစဉ်သည် အတိတ်က ဖြစ်သောအရာများကို ပြန်ဖြစ်လာခြင်းဖြစ်ပါသည်။

၎င်းက အသင်းတော်များ၏နာဖျားနေခြင်းကို ပြသနေပါသည်။ ယင်းသည် ကောင်းမွန် သော နိမိတ်တော့မဟုတ်ပါ။ နာတာရှည်ဖြစ်သောကြောင့် နာဖျားခြင်းကို ဆရာဝန်များ က ကောင်းမွန်စွာ နာမည်တပ်ခြင်းမရှိသ၍ ဖော်ပြကုသ၍ မရနိုင်ပါ။ ဆရာဝန်တစ်ဦးကဲ့သို့ ဤတရားဒေသနာတွင် လူနာကို စစ်ဆေးပြီး( တနင်္ဂနွေညနေအစီအစဉ်တိုင်းတွင် ပိတ်သိမ်းရ သောအသင်းတော်များ) အကြောင်းအရာကို ဆွေးနွေးပါသည်။ ပြီးနောက် ကောင်းမွန်သော ဆေးဖြင့် ကုသပေးသည်။ ဤအသင်းတော်များ၏ နာမကျန်းဖြစ်ခြင်းကို နည်းလမ်းလေးခုဖြင့် ဆွေးနွေးနိုင်ပါသည်။

၁။ ပထမအချက်၊ အသင်းတော်များတွင် တနင်္ဂနွေနေ့ညအစီအစဉ်ပိတ်ရခြင်းမှာ သိပ်မကြာသေးခင်မှာ ပရိုတဲ့စတင်းအသင်းတော်များတွင်သာ အများဆုံးဖြစ် ပွါးလေ့ရှိပါသည်။

မက်သဒစ်အသင်းတော်သည် ၎င်းတို့၏ တနင်္ဂနွေညဝတ်ပြုခြင်းအစီအစဉ်ကို ၁၉၁၀ ဝန်းကျင်တွင် စတင်ခဲ့ကြသည်။ ဖရက်စ်ပက်တီးရီးယားက ၁၉၂၅ တွင် စတင်၍ ပိတ်ခဲ့ကြ သည်။ အမေရိကန်နှစ်ခြင်းအသင်းတော်(မြောက်ပိုင်းနှစ်ခြင်းအသင်းတော်အဖြစ်ကနဦးတွင် သိခဲ့ကြသည်။) သည် ၎င်းတို့၏ တနင်္ဂနွေည ဝတ်ပြုခြင်းအစီအစဉ်ကို ၁၉၈၅ တွင် စတင်ခဲ့ပါ သည်။ မက်သဒစ်များ၊ ပရက်ဘက်တီးရီးယာန်းများနှင့်အမေရိကန်နှစ်ခြင်းအသင်းတော်များ သည် ၎င်းတို့အသင်းတော်များကြားတွင် “တိုးပွါးသည့်” တရားဟောသူများကြားတွင် စတင်ခဲ့ ကြသောအခါ ဖန်တမင်တဲယ်နှစ်ခြင်းအသင်းတော်ကဲ့သို့ သမ္မာကျမ်းစာယုံကြည်သော အ သင်းတော်များဖြစ်ကြပါသည်။

ယနေ့တွင် မက်သဒစ်၊ ပရက်စ်ဘက်တီးရီးယာန်းနှင့်အမေရိကန်နှစ်ခြင်းအသင်းတော် များကို ကြည့်ပါ။ ၎င်းတို့၏အသင်းဝင်စာရင်းတွင် တစ်နှစ်ပြီးတစ်နှစ် နည်းပါးသွားခဲ့သည်။ ထို အသင်းတော်သုံးပါးတို့သည် ၁၉၀၀ ခုနှစ်မှစတင်၍ ထောင်ပေါင်းများစွာသော သင်းဝင်များကို ဆုံးရှုံးခဲ့ကြပါသည်။ ၎င်းတို့၏ထောင်ပေါင်းများစွာသောအသင်းတော်တို့သည် လုံးဝကို ပိတ်ခဲ့ ကြရပါသည်။ တနင်္ဂနွေညအစီအစဉ်အဆုံးက သူတို့အား အကူအညီမပေးပါ။ ၎င်းသည် ပျက်စီးခြင်းသို့ရောက်ရန် လမ်းစပင်ဖြစ်ပါသည်။

သို့စေကာမူ၊ ယနေ့ခေတ်တွင် များစွာသော ကိုယ်အားကိုယ်ကိုးနှစ်ခြင်းအသင်းတော် များက မက်သဒစ်၊ ပရက်စ်ဘက်တီးရီးယာန်းနှင့်အမေရိကန်နှစ်ခြင်းအသင်းတော်များကို ဖျက် ဆီးသော လမ်းစဉ်တချို့တလေနောက်သို့လိုက်ကြသောအခါ အချို့သော သစ်လွင်ပြီးတိုးပွါး သည့်အတွေးအခေါ်များ၏ “ဓါးသွားထက်” တွင် ရှိနေကြသည်ဟု ထင်မြင်ယူဆခဲ့ကြပါသည်။ ကိုယ့်အားကိုယ်ကိုးနှစ်ခြင်းအသင်းတော်တစ်ခုတွင် အလုပ်လုပ်နေသော တရားဒေသနာ ဟောပြောသောသူတစ်ဦးမှာ Jim Baize ဖြစ်ပြီး ၎င်းသည် San Diego, California တွင်နေ ထိုင်သူဖြစ်သည်။ ၎င်းက “ကျွန်ုပ်သည် အရင်းအမြစ်ခြေလှမ်းကို လှမ်းသွားခဲ့ပြီ။ တနင်္ဂနွေည အစီအစဉ်လည်း ဖျက်သိမ်းလိုက်ပြီ” ဟု ဆိုပါသည်။ သူက ၎င်းသည် သူ၏အသင်းတော်ကို အကူအညီပေးမည်ဟု ထင်မိသည်။ သို့ရာတွင် သူ့အသင်းသားများကိုသာ အနှောက်အယှက် ပေးပါသည်။ ထိုသို့သော တရားဟောဆရာကို ကျွန်ုပ်ခေါ်ထားသည်။ ခရစ်တော်ကို ဒုက္ခ ရောက်စေသော သစ္စာဖောက်ပင်ဖြစ်ပါသည်။ ဤလူများလုပ်ဆောင်နေသောအရာမှာ “အဓိကနေရာတွင်လုပ်ဆောင်နေသောအရာနှင့်ထပ်တူကြသည်။”တောင်ပိုင်းနှစ်ခြင်းအသင်း တော်သည် ယခုအချိန်တွင် အသင်းသား ၂၀၀၀၀၀ ခန့် တစ်နှစ်လျှင် ဆုံးရှုံးခဲ့ကြသည်။ အ ကြောင်းရင်းတစ်ခုကတော့ ၎င်းတို့၏အသင်းသားများစွာတို့သည် တနင်္ဂနွေညတိုင်း ပိတ်ခဲ့ကြ ရပါသည်။

Winston Churchill က “သမိုင်းကိုလေ့လာပါ၊ သမိုင်းကိုလေ့လာပါ” ဟု တခါက ဆိုခဲ့ဖူးသည်။ သူက “နောက်သို့ရောက်နိုင်သလောက်ရောက်အောင်ကြည့်လေလေ၊ အရှေ့ ဘက်သို့ မြင်နိုင်သလောက်မြင်နိုင်သည့်သဘောကိုတွေ့ရသည်” ဟု ဆိုခဲ့ပါသည်။ ပရိုတဲ့ တင်းနှင့်နှစ်ခြင်းအသင်းတော်များသည် အတိတ်က တနင်္ဂနွေနေ့အစီအစဉ်ကို လက်လွှတ်ရ ကြသောအချိန်တွင် အဘယ်အရာဖြစ်ပေါ်ခဲ့သည်ကို သိရှိရန်မှာ အလွန်ပင် အရေးပါလာရ သည့် အကြောင်းတရားဖြစ်လာပါသည်။ သူတို့၏ပျက်စီးခြင်း၊သေခြင်းကိုယူဆောင်လာရန် ၎င်းကအကူအညီကို အဘယ်သို့ပေးသည်ကိုတွေ့မြင်ရန်မှာ အရေးကြီးသောအချက်ပင်ဖြစ်ပါ သည်။

ယနေ့တွင် ထုံးတမ်းစဉ်လာသဘောတွေ့သောအသင်းတော်များသည် အတိတ်ကာ လတွင်ဖြစ်ပျက်ခဲ့သော သေးငယ်သည့်ကြွမ်းကျန်သောအရာများမျှသာဖြစ်ပါသည်။ ပထမအ ချက်မှာ သူတို့၏ဆုတောင်းခြင်းအစီအစဉ်ကို အဆုံးသတ်ခဲ့ကြသည်။ တနင်္ဂနွေညနေပိုင်းအစီ အစဉ်ကို ရပ်ဆိုင်းကြသည်။ ယခုတွင် သန့်ရှင်းသောဝိညာဉ်ကိုလည်း တားမြစ်ကြပါသည်။ ၎င်းမှာ နှစ်ခြင်းအသင်းတော်များနှင့်ယနေ့ခေတ်တွင် ထိုလမ်းစဉ်အတိုင်းလိုက်လျှောက်ခဲ့ကြ သော အခြားသူများကြားတွင် မရှောင်လွှဲနိုင်သောအရာလည်းဖြစ်ကြပါသည်။

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့အသင်းတော်များတွင် တနင်္ဂနွေညအစီအစဉ် ပိတ်ရ ခြင်းမှာ “ဆုံးဖြတ်ချက်ဝါဒီ” ၏ အကျိုးသက်ရောက်မှုထဲက တစ်ခုကြောင့်ဖြစ် သည်။

ကျွန်ုပ်တို့၏စာအုပ်ထဲတွင် ညွှန်းဆိုထားသည့်သကဲ့သို့ “ယနေ့မှားယွင်းသောအရာ များ”၊ Charles G. Finney ရေးသားသောစာအုပ်တွင်လည်း ၁၉ ရာစုအလယ်တွင် ပရိုတဲ့စ တင်းနှင့်နှစ်ခြင်းအသင်းတော်များကြားတွင် “ဆုံးဖြတ်ချက်ဝါဒ” သည်လည်း အထိုက်အ လျောက် ထင်ပေါ်ကျော်ကြားခဲ့သည်။ Finney ၏ “ဆုံးဖြတ်ချက်ဝါဒ” သည် လူ့စိတ်ထဲတွင် လူသည် “ခရစ်တော်အတွက် အပြင်ပိုင်းဆုံးဖြတ်ချက်”ကို ပြုလုပ်ခြင်းအားဖြင့် ကယ်တင်ခြင်း သို့ရောက်ရှိသည်ဟူသော အယူအဆနှင့်အတူ ဘုရားသခင်၏လုပ်ဆောင်ချက်တစ်ခုအဖြစ် သမ္မာကျမ်းဆိုင်ရာပြောင်းလဲခြင်းတွင် အစားထိုးပါသည်။ ဆုတောင်းရုံသက်သက် သို့မဟုတ် ကိုယ်ကာယတုန့်ပြန်မှုသည် ရင်းမြစ်ဆိုင်ရာသမ္မာကျမ်းစာအရပြောင်းလဲခြင်းအယူအဆကို အ စားထိုးပါသည်။ ထိုအကျိုးမှာ ပရိုတဲ့တင်းနှင့်နှစ်ခြင်းအသင်းတော်များသည် သန်းပေါင်းများ စွာသောအသင်းသားများကို လွယ်လင့်တကူ ဆုံးရှုံးလာခဲ့ကြပါသည်။ မပြောင်းလဲသော လူများသည် ဘုရားကျောင်းသို့ တနင်္ဂနွေနေ့တွင် နှစ်ကြိမ် မသွားလိုကြပါ။ သို့ဖြစ်၍ တနင်္ဂနွေ နေ့ညနေအစီအစဉ်သည် Finney ၏ နည်းလမ်းများကို မွေးမြူခဲ့သည့်အချိန်မှစ၍ ရာစုနှစ်အ နည်းငယ်အတွင်း အသင်းတော်တွင် ပျောက်ကွယ်လာခဲ့ပါသည်။ ပြောင်းလဲခြင်းမရှိသေး သောလူများသည် တနင်္ဂနွေနေ့ ညနေတွင် လာကြမည်မဟုတ်ပါ။ ၎င်းနှင့်ထပ်တူထပ်မျှဖြစ် သောအရာများသည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ကွန်ဆာဗေးစ်တစ်အသင်းတော်များ အတွင်းတွင်လည်း ထပ်လောင်း၍ ဖြစ်ပျက်လျက်နေသည်။

လူငယ်တစ်ယောက်အနေဖြင့် တက်ရောက်ပါဝင်ခဲ့သော မည်သည့်နှစ်ခြင်းအသင်း တော်မျှ တနင်္ဂနွေညအစီအစဉ်တွင် ပါဝင်လာခြင်းမရှိခဲ့ကြပေ။ သူတို့သည် အနည်းငယ်သော ဆက်ကပ်မှုသာရှိသည်ဟု သိရသည်။ သို့မဟုတ် အမှန်တကယ် ပြောင်းလဲသူမဟုတ်ကြောင်း သိရပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် နှာတစ်ဖျားသာလျက်ရှိကြသည်။ ကျွန်ုပ်လူငယ်ဘ၀ က တနင်္ဂနွေညနေအစီအစဉ်လုပ်ဆောင်သောအချက်သည် အကောင်းဆုံးသောအချက်ပင် ဖြစ်ပါသည်။ သီချင်းသီဆိုခြင်းသည်လည်း ကောင်းမွန်လှပါသည်။ တရားဒေသနာသည်လည်း ကောင်းမွန်လျက်ရှိပါသည်။ အကြောင်းမှာ ပျောက်ဆုံးသောအသင်းသားများသည် ထိုနေရာ တွင် ရှိမနေကြခြင်းကြောင့်ပင်ဖြစ်ပါသည်။ ၎င်းမှာ ကျွန်ုပ်စဉ်းစားမိသောအရာပင်ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ခြောက်ဆယ်က ပြန်လည် သတိရအောက်မေ့ခြင်းပင်ဖြစ်ပါသည်။

ယနေ့ ကျွန်ုပ်တို့အသင်းတော်တွင် လူတိုင်းသည် တနင်္ဂနွေညနေတွင် လာခဲ့ကြပါ သည်။ သူတို့သည် ထိုကဲ့သို့ သွန်သင်ခြင်းကို ခံကြရသောကြောင့်ဖြစ်ပါသည်။ သို့ရာတွင် လူတိုင်းသည် အသင်းသားမဖြစ်မှီ၊ စစ်မှန်သော အပြောင်းအလဲမလုပ်ဆောင်မှီတွင် တစ်ဦး ချင်းစီတိုင်းကို သေချာစွာ သွန်သင်ခြင်း၏အကျိုးကျေးဇူးပင်ဖြစ်ပါသည်။ အခြားပျောက်ဆုံး သောသူကို အလျှင်အမြန် ဗတ္တိဇံပေးခြင်းထက် စစ်မှန်သော ပြောင်းလဲခြင်းဖြစ်လာရန်မှာ အ မှန်ပင် အရေးကြီးသောအရာဖြစ်သည်။

“ဆုံးဖြတ်ချက်ဝါဒီ” သည် ပျောက်ဆုံးသောအသင်းသားများနှင့်ပြည့်နေသည်။ ယခု တွင် အဖိုးအခကို ပေးနေကြရပါသည်။ သူတို့သည် တနင်္ဂနွေညနေပိုင်းတွင် ဘုရားကျောင်းသို့ မလာချင်ကြပေ။ အကြောင်းမှာ သူတို့သည် ပြောင်းလဲခြင်းမရှိကြသေးပေ။ တောင်းပိုင်းနှစ် ခြင်းအသင်းတော်က လွန်ခဲ့သောနှစ်နှစ်က အသင်းသား ငါးသောင်းလောက် ဆုံးရှုံးခဲ့ရသည့် အဓိက အကြောင်းတရားတစ်ခုဖြစ်ပါသည်။

၃။ တတိယအချက်၊ တနင်္ဂနွေညဝတ်ပြုပိတ်ခြင်းက ကြိုတင်ပြင်ဆင်မှုမရှိသည့် အကျိုးသက်ရောက်မှုများစွာကို ဖြစ်စေသည်။

ကျွန်ုပ်တင်ပြထားသောအရာထက် များစွာကျော်လွန်သည့် မကောင်းသည့်အရာများရှိ န်ိုင်သည်ဟု ယူဆရပါသည်။ သို့ရာတွင် စိတ်ထဲတွင် ပေါ်လာသောအရာ အနည်းငယ်မျှသာ ရှိ ပါသည်။

၁။ တနင်္ဂနွေညဝတ်ပြုအစီအစဉ်ကို ပိတ်သိမ်းသောအသင်းတော်အများစုသည် လမ်းမှားသို့ဦးဆောင်မည့်အသင်းတော်များသို့ မိမိတို့လူများသွားရောက်စေ ရန် လမ်းဖွင့်ပေးခြင်းပင်ဖြစ်ပါသည်။ မိမိ၏တနင်္ဂနွေညနေအစီအစဉ်ကို မ ကြာသေးခင်ကမှ ပိတ်သိမ်းခဲ့သော တရားဟောဆရာတစ်ပါးက “အခြားအ သင်းတော်သို့သွားရန် လွတ်လပ်မှုရှိသည်” ဟုဆိုလေသည်။ သူက တနင်္ဂနွေ ညနေတွင် အခြားအသင်းတော်တွင် အခြားတရားဒေသနာများကို နား ထောင်ရန် သွားနိုင်သဖြင့် အံ့ဩဘွယ်ကောင်းသောအချိန်ကာလဖြစ်သည် ဟုပင် ထင်မြင်ယူဆခဲ့သည်။ သို့ရာတွင် ကျွန်ုပ်စဉ်းစားမိသည်မှာ “ဤလူများ သည် အဘယ်သို့ဖြစ်ကြမည်နည်း။ အချို့တို့တွင် တူညီသော စိတ်သဘော ထားများရှိကြပါသလား။ ထိုလူများတွင် ထိုသို့ဖြစ်လာမည်လော။ ထိုလူများ တွင် အဘယ်သို့ဖြစ်လာမည်နည်း။ အကောင်းဆုံးသောလူများမှာ တနင်္ဂနွေ ညနေတွင် ဘုရားကျောင်းသို့သွားလိုကြသည်ကို သတိရပါ။ သို့ရာတွင် သူတို့ သည် အဘယ်အရပ်သို့ သွားကြပါမည်နည်း။ သူတို့သည် ကာရေစမက်တစ် အသင်းတော်သို့ သွားကြမည်လော့။ သူတို့ကို နယူဧဝံဂေလိသမ္မာကျမ်းစာ သွန်သင်သူများက “မာယာများသော” သတင်းစကားဖြင့် လမ်းမှားသို့ပို့ ဆောင်ကြပြီး ၎င်းအသင်းတော်သည် ထောင့်တစ်နေရာတို့တွင် ရှိနေသည်။ အချို့တို့က သွားလိုခဲ့ကြသည်။ ကျွန်ုပ်တို့သည်တနင်္ဂနွေညနေအစီအစဉ်ကို ပိတ်သိမ်းမည်ဆိုလျှင် အကောင်းဆုံးသောလူများကို ဆုံးရှုံးရပေလိမ့်မည်။

၂။ တနင်္ဂနွေညအစီအစဉ်ကို ပိတ်သော အသင်းတော်များသည် ရက်သ တ္တပတ်၏အကြီးမားဆုံးသော ဧဝံဂေလိအစီအစဉ်တစ်ခုကို ဆုံးရှုံး လိုက်ရသလိုဖြစ်ပါသည်။ သင်းအုပ်တစ်ပါးက အသင်းတော်အ ကြောင်းနှင့်ပါတ်သက်ပြီး သူသည် တနင်္ဂနွေညအစီအစဉ်ကို ဖျက် သိမ်းလိုက်ရသည်အကြောင်း ဆိုခဲ့သည်။ ထိုအစီအစဉ်အစား မနက် ပိုင်းအစီအစဉ်အပြီးတွင် လူတို့အား အသားညှပ်ပေါင်မုန့်ကိုပေးပြီး အခြားအစီအစဉ်အတွက် လူတို့အား ကြားနာခန်းသို့ ခေါ်သွားခဲ့ကြ ပါသည်။ လူတို့သည် ထိုနည်းအတိုင်းပင် ၂း၀၀ ရီအချိန်လောက် တွင် အိမ်သို့ပြန်ခဲ့ကြပါသည်။ တရားဟောဆရာက သူတို့သည် “ကျမ်းစာလောက် များစွာသောအကျိုးကို ရရှိခဲ့ကြသည်” ဟုဆိုပါ သည်။ သို့ရာတွင် “သူတို့အား ကျမ်းစာများစွာကို ကမ်းခြင်း” သည် တနင်္ဂနွေည၏ အစီအစဉ်ဖြစ်ပါသလား။ ထိုသို့လုံးဝမဟုတ်ပါ။ နှစ် ပေါင်းများစွာတွင် ဧဝံဂေလိအစီအစဉ်များလုပ်ဆောင်သည့်နေရာအ ဖြစ်သာရှိနေခဲ့ပါသည်။ ၎င်းမှာ အတိတ်ကာလတွင် နှစ်ခြင်းအသင်း တော်များ၏ အဓိကခိုင်မာသော အချက်တစ်ချက်ဖြစ်ပါသည်ဟု ယုံ ကြည်မိပါသည်။ ဆုံးရှုံးသောဆွေမျိုးများ၊ မိတ်ဆွေများ၊ ဧဝံဂေလိတ ရားကို တနင်္ဂနွေညတွင် ကြားနာရန် ခေါ်ဆောင်လာဖို့ လူတို့ကို ခွန် အားပေးတိုက်တွန်းလျက်ရှိကြပါသည်။ ညနေပိုင်းအစီအစဉ်အားလုံး အတွက် ပျောက်ဆုံးသူများအား ညနေပိုင်းအစီအစဉ်တွင် အသင်း တော်၏ လူကောင်းများကို ပေးထားပါသည်။ သင်သည် လူတို့အား မနက်ပိုင်းအစီအစဉ်အတွက် ထမင်းကျွေးမွေနိုင်သည်။ ပြီးနောက် သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်လုပ်ဆောင်နိုင်ပါသည်။ သို့ရာ တွင် ၎င်းက တနင်္ဂနွေညတွင် ကျွန်ုပ်တို့နှစ်ခြင်းအသင်းတော်များကို တည်ဆောက်ရာတွင် အကူအညီပေးသည့် ဧဝံဂေလိလုပ်ငန်းကို ဖျက်ဆီးလိုက်ပါသည်။ ကျွန်ုပ်မိတ်ဆွေ၏သင်းအုပ်တစ်ယောက်က သူ့အသင်းတော်တွင်ရှိသည့် အသန်မာဆုံးလူတစ်ယောက်သည် သူ ပျောက်ဆုံးသည့်အချိန်တွင် တနင်္ဂနွေနေ့ညဝတ်ပြုအစီအစဉ်“မလုပ် ဆောင်ခြင်း”၏ အကျိုးသက်ရောက်မှုဖြစ်ကြောင်းဆိုသည်။ သူ့ကို သဘောတွေ့သောလူများစွာတို့သည် တနင်္ဂနွေညဝတ်ပြုအစီအစဉ် ကို ပိတ်ခြင်းအားဖြင့် ကြီးမားသည့် ဤဧဝံဂေလိအခွင့်ထူးများကို လွဲ ချော်မှုရှိလျှင် ဆုံးရှုံးသွားနိုင်မည်နည်း။

၃။ တနင်္ဂနွေညတွင် ဝတ်ပြုခြင်းအစီအစဉ်ကို ပိတ်ထားသောအသင်း တော်များသည် လူငယ်များအား လက်လှမ်းမှီပြီး တပည့်တော်ဖြစ် စေသည့် ကြီးကျယ်ခန်းနားသောအခွင့်အရေးကို လက်လွှတ်ဆုံးရှုံး ခဲ့ရပါသည်။ လူငယ်များသည် ညအချိန်တွင် အပြင်သို့သွားလိုကြပါ သည်။ တနင်္ဂနွေည ဝတ်ပြုခြင်းကို ပိတ်ထားခြင်းသည် လူအိုများကို သနားခြင်းသာဖြစ်ပြီး ၎င်းတို့သည် အိမ်တွင်သာနေလိုကြသည်၊ တီဗွီကိုသာကြည့်လိုကြသည်၊ အိပ်ယာကို စောစောဝင်လိုကြသည့် လူများအတွက်သာဖြစ်သည်ကို သတိပြုပါ။ လက်ထပ်ပြီးသောသူ၊ လူအိုများက တနင်္ဂနွေညအစီအစဉ်ရှိသည်ကို မလိုလားကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ သို့ရာတွင် လူငယ်များသည် မိမိကိုယ်ကို အဘယ်အရာလုပ်ဆောင်ရမည်ကို မသိဖြစ်နေကြသည်။ ဒေသန္တာရ အသင်းတော်သည် ဆယ်ကျော်သက်နှင့်လူငယ်များအတွက် “ဒုတိ ယအိမ်” ဖြစ်သင့်ကြောင်း ကျွန်ုပ်ယုံကြည်မိသည်။ ကျွန်ုပ်တို့အသင်း တော်၏အနာဂတ္မှာ သူတို့လက်ထဲတွင်ရှိကြောင်း ယုံကြည်သည်။ အခြားသူများမှာ အိမ်သို့ စောစောစီးစီးပြန်လိုတာဖြစ်န်ိုင်သည်။ သို့ ရာတွင် အသင်းတော်၏အနာဂတ်မှာ ငယ်ရွယ်သောသူများ၏ လက် ထဲတွင်သာရှိပါသည်။ တနင်္ဂနွေညအစီအစဉ်ကို လူငယ်တို့၏စိတ်နှ လုံးသားထဲတွင် တည်ဆောက်သင့်သည်ဟုလည်း ယုံကြည်ထားပါ သည်။ သူတို့၏ယုံကြည်မှုကို တည်ဆောက်မယ်၊ ခရစ်တော်ထံသို့ ပို့ဆောင်မယ်၊ ဒေသန္တာရအသင်းတော်အစီအစဉ်အတွက် သူတို့ကို သင်ကြားပေးရမည်။ တနင်္ဂနွေညတွင် လူငယ်များအတွက် သီးသန့် အစီအစဉ်ရှိလျှင် ပို၍ပင် ကောင်းပါသည်။ တနည်းအားဖြင့် တနင်္ဂ နွေညအစီအစဉ်ကို ပိတ်ထားလျှင်၊ အသင်းတော်သည် အညိုရောင် ဆံကေသာနှင့်လက်တဆုတ်လူများသာရှိလာမည်။ တနင်္ဂနွေနံနက် အစီအစဉ်သည်လည်း နာရီတစ်ချက်မျှသာရှိလာမည်။ လက်ချည်း ပက်လက်ပေါ့ကွယ်။ ၎င်းမှာ တနင်္ဂနွေညအစီအစဉ်ကို လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ကျော်ကတည်းက ပိတ်ခဲ့သော မက်သဒစ်အသင်းတော်ကဲ့သို့ဖြစ်လာလေမည်။ ညနေ ပိုင်းအစီအစဉ်ကို ပိတ်သိမ်းခဲ့သော အသင်းတော်များသည် လူငယ် များအား တနင်္ဂနွေည ဝတ်ပြုခြင်းတွင် တရားဟောခြင်းမရှိလျှင် ယခု မှစ၍ နှစ်အနည်းငယ်အတွင်းတွင် အသင်းတော်သည် အရာရာကို လက်လွှတ်ရသည့်အခြေအနေမျိုးတွင် ဖြစ်လာပေမည်ဟု ယုံကြည် မိသည်။

၄။ စတုတ္ထအချက်၊ တနင်္ဂနွေညဝတ်ပြုအစီအစဉ်ပိတ်ခြင်းက စစ်မှန်သော နိုးထမှု မှ ကျွန်ုပ်တို့ကို ရပ်တန့်စေပါသည်။

ကျွန်ုပ်သည် ဤနေရာတွင် ကိုင်ထိနိုင်သည်။ သို့သော် နောက်ထပ်ညတွင်ရောက်ရှိ လာမည့်အရာကိုသိရှိနိုင်ဖို့ရန် နိူးထမှုသမိုးအကြောင်းကို လုံလုံလောက်လောက် ဖတ်ရှုရပါ သည်။ နိုးထမှုဟူသည်မှာ တနင်္ဂနွေညတွင် ဘုရားသခင်က အမြဲစေလွှတ်လေ့ရှိပါသည်။

ဒေါက်တာ A. W. Tozer က “ညသန်းခေါ်ကျော်တွင် မွေးဖွါးခြင်း” ဟူသော သတင်း စကားကို ရေးသားခဲ့ပါသည်။ သူက အောက်ပါအတိုင်းဆိုခဲ့ပါသည်။

နိုးထမှုသည် ညသန်းခေါင်းအချိန်တွင် မွေးဖွါးလာသည်ဟူသော အယူအဆတွင် ဆင်ခြင်စဉ်းစားစရာ အမှန်တရားတွေရှိပါသည်။ နိူးထမှုအတွက် လုံးဝမကောင်းသောသူများသာ ရောက်ရှိလာကြ ပါသည်။ ညသန်းခေါင်းကျော်အချိန်တွင် (နိုးထမှု) တွေ့ကြုံခြင်း သည် ဝိညာဉ်များအပေါ် သက်ရောက်သည်ဟူသောအချက်မှာ ပို၍ပင်ဖြစ်နိုင်သောအချက်ပင်ဖြစ်ပါသည်။ ( A. W. Tozer, ညသန်းခေါ်တွင် မွေးဖွါးခြင်း၊ A. W. Tozer ၏ အကောင်းဆုံး လက်ရာ၊ Warren W. Wiersbe က ပြန်လည်ပြုစုပေးသည်။ Baker, ၁၉၇၈၊ စာ- ၃၇-၃၉) )

ကျွန်ုပ်ပြောနေသော တနင်္ဂနွေညအစီအစဉ်သည် သန်းခေါင်ယံအထိဖြစ်သင့်သည်ဟု ကျွန်ုပ်မ ဆိုလိုသည်ကို သတိပြုပါ။

သို့ရာတွင် လူပေါင်းနှစ်ထောင်ပြောင်းလဲခြင်းအဖြစ် နှစ်ခြင်းအသင်းတော်နှစ်ခု၏ လှပ သောနိုးထမှု မြင်တွေ့ရခဲသည့်သက်သေကို ကျွန်ုပ်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ ထိုနှစ်ခုစ လုံးတွင် ညနေပိုင်းအစီအစဉ်ရှိသည်။ ဤအသင်းတော်နှစ်ခု၌ တစ်ခုသည် ဘုရားသခင်စေ လွှတ်သည့် နိုးထမှုသုံးနှစ်တွင် ထောင်ပေါင်းများစွာသောလူတို့သည် အသင်းတော်ထဲသို့ ရောက်လာခဲ့ကြသည်။ အစီအစဉ်သည် ညနက်သည်အထိဖြစ်လာသည်။ အခြားအသင်းတော် က သုံးလအတွင်း လူပေါင်း ငါးထောင်နည်းပါး ဝင်ရောက်လာသည်။ ဘုရားသခင်စေလွှတ် သောအသင်းတော်၏ဒုတိယအချက်ကို တနင်္ဂနွေနေ့ညနေအစီအစဉ်တွင် အစပြုပါသည်။ ပထမအသင်းတော်တွင် တနင်္ဂနွေညအစီအစဉ်ရှိသည်သာမက ညဝတ်ပြုအစီအစဉ်လည်းရှိ ပါသည်။ ပထမအသင်းတော်တွင် တနင်္ဂနွေညဝတ်ပြုခြင်းအစီအစဉ်လည်းရှိသလို ညနက်ဝတ် ပြုအစီအစဉ်လည်းရှိပါသည်။၎င်းက ကောင်းကင်ဘုံမှစေလွှတ်သော နိုးထမှုအမှန်ကို ရရှိခဲ့ကြ ပါသည်။

ဤနှစ်ခြင်းအသင်းတော်နှစ်ခုသည် ထိုသို့သောနိုးထမှုကောင်းကြီးမင်္ဂလာကို သူတို့ သည် တနင်္ဂနွေညနေအစီအစဉ်အား ဖျက်သိမ်းလိုက်လျှင် တွေ့မြင်ကြမည်လော။ တွေ့မြင် ကြမည်မဟုတ်ပါ။ ဒေါက်တာ Tozer ပြောဆိုသကဲ့သို့ နိုးထမှုသည် “အရမ်းဆိုးသွင်းသောသူ တို့ထံ” တွင်သာ ရောက်လာတတ်သည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့သည် နိုးထမှုကို အဆိုးဘက် တွင် အလိုရှိသည်ဆိုလျှင် ဘုရားသခင်က နိုးထမှုကို အမြဲစေလွှတ်နိုင်သောနေရာတွင် အစီအ စဉ်ကို လုံး- ဖျက်သိမ်းခြင်းမပြုရပါ။

ဘုရားသခင်သည် မှတ်သားဖွယ်ကောင်းသောနိုးထမှုကို ကျွန်ုပ်တို့အသင်းတော်၌ မနှစ်ကစေလွှတ်ခဲ့ပါသည်။ ညအနည်းငယ်အတွင်းတွင် လူငယ် ၂၉ ဦးပြောင်းလဲခဲ့ကြသည်။ သူတို့သည် အသင်းတော်တွင် နေထိုင်ခဲ့ကြသည်။ အကြောင်းမှာ သူတို့သည် အမှန်တကယ် ပြောင်းလဲလာသူများဖြစ်ကြပါသည်။ ထိုအစည်းအစဉ်အားလုံးနီးပါးကို ညနေပိုင်းတွင် ကျင်းပ ခဲ့ကြပါသည်။

မပြောင်းလဲသေးဘဲ ယနေ့ နံနက်တွင် ဤနေရာတွင်ရှိနေကြသော သင်တို့အား အကျဉ်းချုံး၍ စကားပြောလိုပါသည်။ သင်တို့သည် ကယ်တင်ခြင်းသို့ရောက်ရန် စိတ်လှုပ်ရှားမှု ရှိနေပါသလား။ သင်တို့အပြစ်များကို မြင်ကြပါသလား။ သင့်အပြစ်နှင့်ငရဲမှ ကယ်တင်ရန် သင် သည် ယေရှုကို အလိုရှိပါသလား။ စိတ်နှလုံးအကျွမ်းမဲ့ဖြင့် ယနေ့ညတွင် ယေရှုထံပြန်လာရန် အနူးအညွှတ်တောင်းဆိုအပ်ပါသည်။ John Cagan သည် “ပျောက်ဆုံးသူတို့အတွက် တိုက်ပွဲ” အကြောင်းကို ဟောပြောမည်။ ၎င်းသည် သင်တို့အား စိန်ခေါ်မှုကိုပေးသော တရားဒေသနာ ပင်ဖြစ်ပါသည်။ သင်သည် ယေရှုအားတွေ့ခြင်းအားဖြင့် အပြစ်မှ အသွေးတော်ဖြင့် ရွေးနှုတ် ကယ်တင်ခြင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ယေရှုထံသို့ပြန်လာပြီး John ၏ အစွမ်းနှင့်ပြည့်နှက် သော တရားဒေသနာအကြောင်းကို နားထောင်ပါ။

ကယ်တင်ခြင်းမရရှိဘဲနှင့် ယခု အဘယ်သို့ အိမ်ပြန်န်ိုင်မည်နည်း။ အပြစ်ထဲကလှည့် ပြန်၍ ယေရှုထံသို့ပြန်လာပါ။ ယေရှုသည် သင့်အား အပြစ်မှ အခုချက်ချင်း ကယ်တင်မူမည်။ သူ့ကို ယုံကြည်ကိုးစားလိုက်ပါ။

အားလုံးမတ်တပ်ရပ်ပြီး သီချင်းနံပါတ် ၇ ကို သီဆိုကြပါစို့။ “အသွေးတော်မှတပါး” ဖြစ်ပါသည်။ ကျွန်ုပ်တို့သီချင်းသီဆိုနေစဉ်တွင် အရှေ့သို့လာပြီးဒူးထောက်စေလိုပါသည်။ ဒေါက်တာ Cagan, John Cagan နှင့် ကျွန်ုပ်သည် သင်တို့နှင့်တိုင်ပင်ဆွေးနွေးပြီး ဆုတောင်း ရန် သင်တို့နှင့်အတူ ရှိနေကြမည်ဖြစ်သည်။ ယေရှုသည် သင်တို့နှင့်အတူ နီးစေရန် ဖြစ်သည်။ ယေရှုသာလျှင် သင့်အား အပြစ်မှကယ်ချွတ်မည်။ ကားတိုင်တွင်သွန်းလောင်းသော အသွေး တော်အားဖြင့်ဖြစ်ပါသည်။ သီချင်းဆိုနေစဉ် ရှေ့သို့လာပါ။ အားလုံးမတ်တပ်ရပ်ပြီး သီချင်းစာ ရွက်ထဲက နံပါတ် ၇ ကို သီဆိုကြပါစို့။ “အသွေးတော်မှတပါး” သီချင်းဖြစ်သည်။ ၎င်းသည် သီချင်းနံပါတ် ၇ တွင် ရှိပါသည်။

အဘယ်အရာသည်ကျွန်ု္ပ်ပြစ်ဆေးကြောမည်နည်း၊ ယေရှု၏အသွေးတော်မှတပါး၊
   အဘယ်အရာက ကျန်းမာစေမည်နည်း၊ ယေရှုအသွေးတော်မှတပါး။
ကျွန်ုပ်အား မိုးပွင့်ကဲ့သို့ဖြူစင်စေသော စီးဆင်းအသွေးတော်မြတ်၊
   ယေရှုအသွေးတော်မှတပါး အဘယ်အရာကိုမျှ ကျွန်ုပ်မသိရပါ။

ကျွန်ုပ်၏အပြစ်လွှတ်ခြင်းကိုတွေ့ရ၊ ယေရှု၏အသွေးတော်မြတ်ဖြင့်သာ၊
   ကျွန်ုပ်အားဆေးကြောသန့်စင်စေရာ၊ ယေရှု၏အသွေးတော်မြတ်သာလျှင်။
ကျွန်ုပ်အား မိုးပွင့်ကဲ့သို့ဖြူစင်စေသော စီးဆင်းအသွေးတော်မြတ်၊
   ယေရှုအသွေးတော်မှတပါး အဘယ်အရာကိုမျှ ကျွန်ုပ်မသိရပါ။

အပြစ်ကိုငြိမ်းအေးစေသောအရာမရှိ၊ ယေရှု၏အသွေးတော်မြတ်မှတပါး၊
   ကျွန်ုပ်ကုသိုလ်လုံးဝမရှိ၊ ယေရှုအသွေးတော်မြတ်ဖြင့်သာ။
ကျွန်ုပ်အား မိုးပွင့်ကဲ့သို့ဖြူစင်စေသော စီးဆင်းအသွေးတော်မြတ်၊
   ယေရှုအသွေးတော်မှတပါး အဘယ်အရာကိုမျှ ကျွန်ုပ်မသိရပါ။
(“ယေရှု၏အသွေးတော်မြတ်မှတပါး” ၊ Robert Lowry, ၁၈၂၆-၁၈၉၉)


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။ ရှင်ယုဒ ၁- ၄
“ခရစ်ယာန်စစ်သည်တို့ချီ၊ ” ( Sabine Baring-Gould, ၁၈၃၄- ၁၉၂၄) )


အခှပှေုကမွှး

တနင်္ဂနွေညတိုက်ပွဲအကျဉ်းချုပ်

( စစ်ပွဲခေါ်သံအပိုင်းတစ ္)
THE BATTLE FOR SUNDAY NIGHT
(NUMBER ONE IN A SERIES OF BATTLE CRIES)

Dr. R. L. Hymers, Jr.

“ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ ရေး၍ပေးလိုက်ခြင်းငှါ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်က အပ်ပေးခဲ့ပြီးသောယုံကြည်ခြင်းတရား ဘက်မှာ သင်တို့သည် ကြိုးစား၍ တိုက်လှန်ခြင်းငှါ၊ နှိုးဆော်သွေး ဆောင်၍ ရေးလိုက်ရသော အကြောင်းရှိ၏။” (ယုဒ ၃ ) )

( မဿဲ ၂၅း ၅ ) )

၁။ ပထမအချက်၊ အသင်းတော်များတွင် တနင်္ဂနွေနေ့ညအစီအစဉ်ပိတ်ရခြင်းမှာ သိပ်မကြာသေးခင်မှာ ပရိုတဲ့စတင်းအသင်းတော်များတွင်သာ အများဆုံးဖြစ် ပွါးလေ့ရှိပါသည်။

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့အသင်းတော်များတွင် တနင်္ဂနွေညအစီအစဉ် ပိတ်ရ ခြင်းမှာ “ဆုံးဖြတ်ချက်ဝါဒီ” ၏ အကျိုးသက်ရောက်မှုထဲက တစ်ခုကြောင့်ဖြစ် သည်။

၃။ တတိယအချက်၊ တနင်္ဂနွေညဝတ်ပြုပိတ်ခြင်းက ကြိုတင်ပြင်ဆင်မှုမရှိသည့် အကျိုးသက်ရောက်မှုများစွာကို ဖြစ်စေသည်။

၄။ စတုတ္ထအချက်၊ တနင်္ဂနွေညဝတ်ပြုအစီအစဉ်ပိတ်ခြင်းက စစ်မှန်သော နိုးထမှု မှ ကျွန်ုပ်တို့ကို ရပ်တန့်စေပါသည်။