Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အာဒံ၏ခါးစည်းသည် သင့်အား မလုံစေနိုင်ပါ။

(ကမ္ဘဦးကျမ်း တရားဒေသနာ #၉၁ )
ADAM’S APRON CANNOT HIDE YOU!
(SERMON #91 ON THE BOOK OF GENESIS)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဒီဇင်ဘာလ (၁၁ ) ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, December 11, 2016

“ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုး ပွါးစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင် လျှင်၊ အသီးကိုယူ၍ စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည် လည်း စား၏။ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အ ဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သဘောၤတ ဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို လုပ်ကြ၏။ နေဧသောအ ချိန်၌၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင်သည် ကြွတော်မူသောအ သံကို လူလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။” ( ကမ္ဘာဦး ၃း ၆-၈ ) )


ကျွန်ုပ်ငယ်ရွယ်သည့်အချိန်ကာလတွင် ဆင့်ကဲ့ဖြစ်စဉ်အကြောင်းကို သင်ယူလေ့လာ ခဲ့ရသည်။ မြေကြီးပေါ်ရှိ အသက်ရှင်သမျှသောအရာသည် ပထမအသက်ပုံစံဖြစ်သည်။ ထိုအ ကြောင်းကို ကျွန်ုပ်ယုံကြည်သည်။ ယခုတွင် သမ္မာကျမ်းစာဖော်ပြချက်ကို ယုံကြည်လက်ခံပါ သည်။

“ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အ ချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သဘောၤတ ဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို လုပ်ကြ၏။” ( ကမ္ဘာဦး ၂း ၇ ) )

လူသည် နိမ့်သောဘဝထဲက ဘဝတစ်ခုထဲ ပြောင်းလဲဖြစ်ပေါ်လာပါသလားဟူသော ယုံကြည် ခြင်းစိတ်သည် ကျွန်ုပ်အား ပြောင်းလဲစေသောအရာဖြစ်ပါသည်။ ကျွန်ုပ်စိတ်နှလုံးသည် အ ကြောင်းအရာကို လေ့လာသင်ယူခြင်းကြောင့် ပြောင်းလဲလာခြင်းမဟုတ်ပါ။ ဆင့်ကဲဖြစ်စဉ်သ ဘောသည် မှားယွင်းသောအရာဖြစ်ကြောင်းကို သင်ကြားပေးသည့် စာအုပ်များစွာရှိပါသည်။ သို့ရာတွင် ထိုအကြောင်းကို ကျွန်ုပ်မဖတ်ရှုရပါ။ ထိုစာအုပ်များသည် နောက်ပိုင်းတွင် အသုံး ဝင်သောအရာများဖြစ်လာကြပါသည်။ သို့သော် ဆင့်ကဲ့ဖြစ်စဉ်ကို ပြောင်းလဲလာစေနိုင်သော အရာများသည် ကျွန်ုပ်စိတ်အပြောင်းအလဲများတွင် မပါဝင်ကြပါ။ လုံးဝမပါဝင်ကြပါ။ ကျွန်ုပ် ပြောင်းလဲလာသောအချိန်တွင် ဆင့်ကဲဖြစ်စဉ်ကို လုံး၀ ဆန့်ကျင်ငြင်းဆိုလာသည်။ ဒါတွေဟာ ဘုရားသခင်၏လုပ်ဆောင်ချက်များသာဖြစ်ပါသည်။ ကျွန်ုပ်စိတ်နှလုံးကို အမှန်တကယ်ပြောင်း လဲစေသောသူသည် ဘုရားသခင်သာလျှင်ဖြစ်ပါသည်။ မှားယွင်းသောသီအိုရီကနေ ကျွန်ုပ် အား ပြောင်းလဲစေသောသူသည်လည်း ဘုရားသခင်သာလျှင် ဖြစ်ပါသည်။ ဓမ္မသစ်ဂရိ “ပြောင်းလဲခြင်း”ဟု ဘာသာပြန်ဆိုထားသည်မှာ “ပတ်ဝန်ကျင်လှည့်ပတ်ကြည့်ခြင်း သို့မဟုတ် ပြောင်းပြန်လှန်သည်” ဟု ဆိုလိုသတည်း။ စစ်မှန်သောပြောင်းလဲခြင်းတွင် ကျွန်ုပ်၏စိတ်နှလုံး သည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီ ပြောင်းပြန်လှန်လိုက်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်စိတ်နှလုံးကို ပြောင်းလဲစေပြီး ဒါဝင်၏ဆင့်ကဲဖြစ်စဉ်ပြောင်းလဲခြင်းမှ ဖန်ဆင်းခြင်းအ ကြောင်းတရားဆီသို့ ကျွန်ုပ်စိတ်နှလုံးကို ပြောင်းလဲစေသည်။ ဆင့်ကဲဖြစ်စဉ်သည် ကျွန်ုပ်အဖို့ အရေးပါသည်းကို သင်တွေ့ရပေမည်။ သို့သော် ခဏသာအချိန်ကာလတွင် ယေရှုကို ယုံကြည်လက်ခံခြင်းအားဖြင့် ပြောင်းလဲလာပါသည်။ ထိုခဏတာအချိန်ပြောင်းလဲခြင်းတွင် ဘု ရားသခင်သည် ကျွန်ုပ်စိတ်နှလုံးကို ပြောင်းလဲစေပြီး အတွေးအခေါ်များကိုလည်း ပြောင်းပြန် ဖြစ်စေပါသည်။ ဆင့်ကဲဖြစ်စဉ်သဘောသည် မှားယွင်းသောအရာဖြစ်သည်ဟု စိတ်နှလုံးသား ထဲတွင် သိလိုက်သည်နှင့်တပြိုင်နက် အတွေးအခေါ်များကို ဘုရားသခင်က ပြောင်းပြန်ဖြစ်စေ ပါသည်။ ထိုဆင့်ကဲဖြစ်စဉ်သည် စာတန်လုပ်ဆောင်သောအရာဖြစ်ပါသည်။ ဘုရားသခင်သည် လူကို မြေမှုန့်ထဲက ဖန်ဆင်းတော်မူခဲ့သည်ကို ခဏတာအတွင်း သိလိုက်ရပါသည်။ ဒေါက်တာ Henry M. Morris က “လူ့ခန္ဒာကို မြေကြီးတန်ဆာ၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နှင့်အခြားအရာများမပါဘဲဖန်ဆင်းထားသည်” ဟုဆိုပါသည်။ (The Defender’s Study Bible, ကမ္ဘာဦး ၂း ၇ မှတ်စု) မြေကြီးပေါ်တွင်ရှိသောအစိတ်အပိုင်းသည် လူ့အတွင်းတွင်ရှိ သောအရာနှင့်အတူတူပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ပြောင်းလဲလာသောအခါ ကျွန်ုပ်သိလိုက်ရသောအရာမှာ ပထမလူ၏ခန္ဒာကို မြေကြီးဖြင့် ဖန်ဆင်းထားသည်ဟူသောအ ချက်ပင်ဖြစ်ပါသည်။ လူသည် နိမ့်သောဘဝမှ ဆင့်ကဲဖြစ်စဉ်ဖြင့် ဖြစ်လာခဲ့သည်ဟူသော သိပံ အယူအဆကို ငြင်းပယ်လိုက်ပါသည်။

ပထမလူ အာဒံကို အပြစ်မဲ့စွာ ဘုရားသခင် ဖန်ဆင်းတော်မူခဲ့ပါသည်။ သူ့အား အ လွန်လှပသော ဧဒင်ဥယျာဉ်တွင် နေရာချထားခဲ့ပါသည်။ ဥယျာဉ်အတွင်းတွင်ရှိသော အပင် တိုင်းသည် အရသာရှိသောအသီးများစွာကို သီးပွင့်စေသည်။ အာဒံလုပ်ဆောင်ရမည့်အရာများ မှာ အားလုံးကိုပြုစုပြီး ဆွတ်ခူးရန်ပင်ဖြစ်ပါသည်။ တိရစ္ဘာအပေါင်းနှင့်ငှက်အပေါင်းတို့သည် သီ နှံစားသုံးသောအကောင်များသာဖြစ်ကြပါသည်။ အာဒံတွင် ရန်သူဟူ၍မရှိပါ။ ထို့နောက် ဘုရားသခင်သည် သူ့အဖို့ မိန်းမလှလှလေးတစ်ယောက်ကို ဖန်ဆင်းပေးထားသည်။ သူတို့ သည် စုံလင်သော ထိုဥယျာဉ်ပတ်ဝန်းကျင်အတွင်း နေထိုင်ခဲ့ကြပါသည်။ ဘုရားသခင်သည် ညနေတိုင်း နေဧသောအချိန်တွင် အလည်လာပြီး သူတို့နှင့်ဆက်သွယ်သည်။ သူတို့နှင့်ဘုရား သခင်ကြားအဆက်ကိုပြတ်စေမည့်အပြစ် သူတို့တွင် မရှိပါ။

သို့ရာတွင် စာတန်သည် ထိုအရပ်တွင် ရှိနေသည်။ သူသည် ဘုရားသခင်ကို ဆန့် ကျင်သော ဘုရားသခင်၏ကောင်းကင်တမန်မင်းဖြစ်ပါသည်။ ထို့အပြင် ဘုရားသခင်သည် သူ့ အား ကောင်းကင်မှ မြေကြီးပေါ်သို့ပစ်ချခဲ့သည်။ သူသည် အာဒံနှင့်ဧဝကို မတိုက်ခိုက်နိုင်ခဲ့ပါ။ ဘုရားသခင်သည် သူတို့အား စာတန်၏ဒုက္ခပေးခြင်းမှ အကာအကွယ်ပေးထားပါသည်။ စာတန်လုပ်ဆောင်နိုင်သမျှသည် သူတို့ကို သွေးဆောင်ဖြားယောင်းရန်ဖြစ်သည်။ သူတို့ကို လှည့်ဖြားနိုင်သည့်နည်းလမ်းတစ်ခုရှိပါသည်။ ၎င်းမှာ ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကိုစားရန် သွေးဆောင်ခြင်းပင်ဖြစ်ပါသည်။ သူတို့သည် ထိုအပင်၏အသီးကို စားသော နေ့တွင် အမှန်တကယ် သေမည်အကြောင်း ဘုရားသခင် မိန့်တော်မူခဲ့လေသည်။

စာတန်သည် မြွေ၏ကိုယ်ကို အပိုင်းစိုးလိုက်သည်။ ထို့အပြင် စာတန်က ဤဖန်ဆင်း ထားသောသတ္တဝါ၏နှုတ်ကို အသုံးပြုလျက် စကားပြောခဲ့သည်။ နောက်ပိုင်းတွင် မြည်းတစ် ကောင်သည် မှားယွင်းသောပရောဖက် ဗာလမ်အား စကားပြောခဲ့သည်။

အာဒံနှင့်ဧဝတို့သည် ထိုအံ့ဘွယ်ဥယျာဉ်တော်ထဲတွင် ထာဝရကာလတိုင်အောင် အ သက်ရှင်နေနိုင်ကြပါသည်။ သူတို့သည် အသက်အိုမင်းခြင်းမရှိပါဘဲ ထာဝရအသက်ရှင်နိုင်ကြ ပါသည်။ သူတို့သည် ရောဂါစွဲကပ်ခြင်းမရှိပါဘဲ၊ စိတ်နှလုံးနာကျင်ခြင်းမရှိဘဲ၊ ဝမ်းနည်းခြင်း၊ သို့မဟုတ် နာကျင်မှုဝေဒနာမရှိပါဘဲ ထာဝရအသက်ရှင်နေနိုင်ကြပါသည်။ သူတို့သည် မသေ ဘဲ အသက်ရှင်သည်လည်း ဖြစ်နိုင်ပါသည်။

သူတို့နာခံရမည့်အရာမှာ အလွန်ရိုးစင်းလှသော ပညတ်တစ်ချက်ပင်ဖြစ်ပါသည်။ အ လွန်ပင်လွယ်ကူသော ပညတ်ချက်၊ သူတို့နားခံရန် ဘုရားသခင်ပေးထားသည့် တစ်ခုတည်း သော ပညတ်တရားပင်ဖြစ်ပါသည်။

“ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အ ချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သဘောၤတ ဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကို လုပ်ကြ၏။” ( ကမ္ဘာဦး ၂း ၇ ) )

ထိုအရာမှာ ဘုရားသခင်က သူတို့အား ပေးထားသော တစ်ခုတည်းသော ပညတ်တော်ပင်ဖြစ် ပါသည်။

ထိုဥယျာဉ်ထဲတွင် နောက်ထပ်တစ်ဦး ကျန်ရှိနေသေးသည်။ စာတန်သည် ထိုအရပ် တွင်ရှိနေသည်။ စာတန်က သူတို့အား သွေးဆောင်နိုင်သည့် တစ်ခုတည်းသောလမ်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ချိုးဖောက်နိုင်သည့် တစ်ခုတည်းသော ပညတ်ရှိပါသည်။ ထို့ ကြောင့် စာတန်သည် တားမြစ်ထားသောအပင်၏အသီးကိုစားရန် သူတို့အား သွေးဆောင်ဖြား ယောင်းခဲ့ပါသည်။ သူသည် ဘုရားသခင့်စကားမှားယွင်းကြောင်းပြောလျက် ဧဝကို သွေး ဆောင်ခဲ့ပါသည်။ သူမသည် သူ့စကားကိုနားထောင်သဖြင့် တားမြစ်ထားသောအပင်၏အသီး ကို စားခဲ့သည်။

“ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွါးစေလိုသောငှါ၊နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကိုယူ၍ စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည် လည်းစား၏။ ထိုသူနှစ်ယောက်တို့သည် မျက်စိ ပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သဘောၤတ ဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါး စည်းကို လုပ်ကြ၏။” (ကမ္ဘာဦး ၃း ၆၊ ၇ ) )

သူတို့သည် တားမြစ်ထားသောအပင်၏အသီးကို စားသည်နှင့်ချက်ချင်း အပြစ်သားများဖြစ် လာကြပါသည်။ သူတို့သည် ဖြောင့်မတ်သောသူများအဖြစ် အချိန်ကြာမြင့်စွာ မနေနိုင်ကြ တော့ပေ။ သူတို့သည် သဘာဝအားဖြင့် အပြစ်သားများဖြစ်ကြပါသည်။ သူတို့၏သဘောသ ဘာဝသည် အပြောင်းလဲလာပါသည်။ ဩတ္တပကြည်လင်ခြင်းမှ အပြစ်ရှိခြင်းဆီသို့ ပြောင်းလဲ လာပါသည်။ ယခုတွင် သူတို့၌ အပြစ်သဘာဝရှိလာပြီး ဖြစ်သည်။ ယခုတွင် သူတို့သည် အပြစ်သားများဖြစ်ကြောင်း သိရှိလာကြပါသည်။ သူတို့သည် ၎င်းတို့၏အရှက်ကို သဘောၤသ ဖန်းရွက်ဖြင့် ဖုံးအုပ်ရန် ကြိုးစား အားထုတ်ခဲ့ကြပါသည်။ ထိုထက်မက သူတို့သည် ဥယျာဉ်ထဲ ရှိအပြင်များကြားတွင် ဘုရားသခင်အထံတော်က ပုန်းရှောင်ရန် ကြိုးစား အားထုတ်ခဲ့ကြပါ သည်။

နတ်ဆိုးသည် ၎င်း၏နတ်ဆိုးအစီအစဉ်ကို အောင်မြင်စေခဲ့ပါသည်။ သူတို့သည် အ ပြစ်သားများဖြစ်လာကြပြီ။ သူတို့သည် တားမြစ်ထားသောအပင်၏အသီးကို စားသည်နှင့်တ ပြိုင်တည်း သူတို့သည် “ဒုစရိုက်အပြစ်၌ သေလျက်” ရှိကြပါသည်။ ယခုတွင် သူတို့သည် “အ ပြစ်ထဲ၌သေသောသူများ” ဖြစ်ကြပါသည်။ (ဧဖက် ၂း ၁၊ ၅ ) သူတို့သည် ဝိညာဉ်ပိုင်း၌ သေ ကြသည်သာမက၊ ဘုရားသခင်ကိုလည်း ၎င်းတို့၏ရန်သူအဖြစ်သာလျှင် မြင်ကြတော့သည်။ “သူတို့၏ ကိုယ်ကာယစိတ်ကြောင့် ဘုရားသခင်၏ရန်သူများဖြစ်ကြရသည်။” (ရောမ ၈း ၇) ယခုတွင် သူတို့၏ ပျက်စီးပြီး ဇာတိဆန်သောစိတ်ကြောင့် ဘုရားသခင်၏ရန်သူများ ဖြစ်ကြပါ သည်။

ထိုထက်သာ၍ ဆိုးသွင်းယုတ်ညံ့သည်မှာ အာဒံ၏ ယိုယွင်းပျက်စီးသော သဘာ၀နှင့် ဝိညာဉ်ရေးရာသေဆုံးခြင်းသည် ၎င်း၏မျိုးဆက်တိုင်း မြေကြီးပေါ်တွင် အသက်ရှင်နေသူများ တိုင်း ခံစား အမွှေရရှိကြခြင်းဖြစ်ပါသည်။ အကြောင်းမှာ “အာဒံ၏နာမခံခြင်းကြောင်း၊ သူတို့ သည် အပြစ်သားများဖြစ်လာကြပါသည်။” (ရောမ ၅း ၁၉၊ KJV, ESV) “ထို့ကြောင့် တယောက် သောသူ (အာဒံ) ၏ပြစ်မှားခြင်းကြောင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းသို့ ရောက်ရကြ သည်။ ” (ရောမ ၅း ၁၈ ) အာဒံ၏မူလအပြစ်သည် သင့်နှလုံးသားထဲသို့ စီးဝင်လာပါသည်။ သင့်စိတ်နှလုံးသားသည် ပျက်စီးရာသို့ရောက်၍ သင့်စိတ်နှလုံးသည် အပြစ်နှင့်ပြည့်နှက်နေပါ သည်။ ၎င်းသည် သင်ပြုသောအပြစ်များစွာတို့၏ အရင်းအမြစ်ပင်ဖြစ်လာလေတော့သည်။ အ ပြစ်သဘာဝသည် အာဒံထံမှ လက်ဆင့်ကမ်းရရှိသော အမွေလည်းဖြစ်ပါသည်။ “ကျွန်ုပ်တို့ သည် ဒုစရိုက်အပြစ်ကိုပြုကြသောကြောင့် အပြစ်သားများဖြစ်ကြသည်မဟုတ်။ အပြစ်သား များဖြစ်ကြသောကြောင့် အပြစ်ပြုကြခြင်းဖြစ်ပါသည်။ အပြစ်သဘာ၀နှင့်မွေးဖွါးလာကြခြင်း ကြောင့် အပြစ်သားဖြစ်လာကြခြင်းပင်ဖြစ်ပါသည်။ (The Reformation Study Bible, စာမျက်နှာ ၇၈၁ က မှတ်စုပင်ဖြစ်ပါသည်။) “လူသည် အပြစ်တရားတွင် နစ်မွန်းနေသည်ဖြစ် ၍ မိမိ၏ကြိုးစားအားထုတ်မှုဖြင့် ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ (Westminster Confession, IX, ၃ )

ထို့ကြောင့် သင်သည် အာဒံထံက ဆင်းသက်လာသည့် သားများဖြစ်ကြပါသည်။ သူ၏ အပြစ်သဘာဝကို လူသားအားလုံးက အမွေခံ(ကူးစက်လာသည်။) ကြရသည်။ သင် သည် အပြစ်၏ကျေးကျွန်ပင်ဖြစ်ရပါသည်။ သင်သည် အဘယ်အရာကိုမျှ မလုပ်ဆောင်နိုင်ပါ။ သို့မဟုတ် ကယ်တင်ခြင်းရရန် အဘယ်အရာကိုမျှ မပြောဆိုနိုင်ပါ။သင်သည် သဘာဝအားဖြင့် အပြစ်သားဖြစ်ပါသည်။ သင်တို့သည် သဘာဝအားဖြင့် အပြစ်သားများဖြစ်ကြပါသည်။ သမ္မာ ကျမ်းစာကို ဖတ်ရှုလေ့လာခြင်းသည် သင့်အား ကယ်တင်ခြင်းသို့ပို့ဆောင်ပေးမည်မဟုတ်ပါ။ တနင်္ဂနွေနေ့တွင် ဘုရားကျောင်း၌ ရောက်ရှိနေခြင်းကလည်း သင့်အား ကယ်တင်လိမ့်မည် မ ဟုတ်ပါ။ ဘဝတစ်ခုလုံးတွင် ဘုရားကျောင်း လုံးဝမပျက်ဖူးသည့် လူတစ်ဦးကို ကျွန်ုပ်သိသည်။ သူသည် တစ်ကြိမ်တစ်ခါမျှတောင် ဘုရားကျောင်းပျက်ဖူးသည်မဟုတ်။ သို့ရာတွင် ထိုသူသည် လည်း ပျောက်ဆုံးသောသူသာဖြစ်ပါသည်။ သူသည် “ဒုစရိုက်အပြစ်”တွင် သေလျက်ရှိပါ သည်။ (ဧဖက် ၂း ၅ )

သင်သည် ကယ်တင်ခြင်းနှင့်ဆိုင်သည့်တရားဒေသနာကို အခေါက်တရာမက ကြားဖူး ပေမည်။ သို့သော် ထိုအရာကလည်း သင့်ကို ကူညီမည်မဟုတ်ပါ။ အဘယ့်ကြောင့်နည်း။ သင် သည် “အပြစ်တရားတွင်သေလျက်ရှိသောသူ” ဖြစ်သောကြောင့်ပေတည်း။(ဧဖက် ၂း ၁ )

သင်က “ငါတော့ အဲလိုမဟုတ်ဘူး” ဟု ဇွတ်ငြင်းနေနိုင်သည်။ သို့ရာတွင် သင်သည် မှားယွင်းသောသူဖြစ်ပါသည်။ ၎င်းသည် သင်ကိုယ်တိုင်ပင္ဖြစ်ပါသည်။ သင်သည် အာဒံပြုသ ကဲ့သို့ အပြစ်ကို ဖုံးအုပ်ဖို့သာ ကြိုးစားအားထုတ်ပါသည်။ သင်သည် ကောင်းမှုကုသိုလ်အား ဖြင့် သင့်အပြစ်ကို ဖုံးအုပ်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ငါသည်လည်း ထိုကဲ့သို့ပင် လေးငါးနှစ်ထက်မက လုပ်ဆောင်ခဲ့ဖူးပါသည်။

ငါသည် အသက်ဆယ့်ငါးနှစ်အရွယ်တွင် အဖွါး၏အလောင်းအား အခေါင်းတစ်ခုထဲ တွင် တွေ့ခဲ့ရပါသည်။ ထိုအရာက အတွင်းထဲတွင် တုန်လှုပ်မိစေသည်။ အဖွါးအား သင်္ဂြိုလ် ရန်သွားကြသောအခါ ပြေးသွားပြီး Glendale ရှိ သစ်ပင်ကြိုကြားတွင် အောင်းနေသည်။ ချွေး စက်များတဖြိုက်ဖြိုက်ကျလျက် အမောဆို့သည်အထိ ပြေားလွှားခဲ့ရသည်။ ဘုရားသခင်သည် ယာကုပ်အားထင်ရှားတော်မူခဲ့သည်အတိုင်း ကျွန်ုပ်အား ထင်ရှားတော်မူခဲ့ပါသည်။ ထို့နောက် ယာကုပ်က “သခင်ဘုရားသည် ဤနေရာတွင် အမှန်တကယ်ရှိပါသည်။ ငါမသိခဲ့ရပါ” (ကမ္ဘာ ဦး ၂၈း ၁၆) ဟုဆိုပါသည်။ သို့ရာတွင် ယာကုပ်သည် ကယ်တင်ခြင်းမရခဲ့ပါ။ ငါလည်းမရခဲ့ပါ။ သို့သော် ထိုအချိန်မှစ၍ ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်ပြီး ကျွန်ုပ်သည် အပြစ်သား ဖြစ်ကြောင်းကို သိနားလည်လာပါသည်။ နောက်ငါးနှစ်ကြာလာသောအခါ ကျွန်ုပ်သည် အပြစ် ၏ထိုးနှက်ခြင်းကို ခံလာရပါသည်။ ထိုဒုက္ခကို ခံနိုင်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းဟူသမျှ ကို ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။ နေ့တိုင်းဆုတောင်းပဌနာပြုခဲ့သည်။ သမ္မာကျမ်းစာကိုလည်း နေ့တိုင်း ဖတ်ရှုရပါသည်။ တနင်္ဂနွေနံနက်တိုင်းနှင့်ညနေတိုင်း ဝတ်ပြုဆုတောင်းခြင်းသို့သွား သည်။ ဗုဒဟူးညနေတိုင်းတွင် ဘုရားကျောင်းသို့ဆုတောင်းသွားခဲ့သည်။ ခေါ်ဖိတ်ခြင်းခံရ သည့်အချိန်တိုင်း ရှေ့သို့ထွက်လာခဲ့ပါသည်။ ကျွန်ုပ်သည် တနင်္ဂနွေနေ့ညတိုင်းတွင် ဘုရားသ ခင်ထံ၌ အသက်တာကို ဆက်ကပ်အပ်နှံခဲ့သည်။ ပြန်လည်၍ ဆက်ကပ်အပ်နှံခဲ့ပါသည်။ “အ ပြစ်သား၏ဆုတောင်းပဌနာကိုလည်း” ထပ်ခါထပ်ခါ တောင်းခဲ့ရပါသည်။ အသက်ဆယ့်ခုနှစ် နှစ်ရောက်လာသောအခါ ကျွန်ုပ်အသက်တာအား ဧဝံဂေလိတရားဟောကြားရန် ဆက်ကပ် အပ်နှံခဲ့ပါသည်။ နောက်ပိုင်းတွင် အသက်တာအား သာသနာပြုသူအဖြစ် ဆက်ကပ်လာခဲ့ သည်။ သို့ရာတွင် ထိုအရာတစ်ခုကမျှ ကျွန်ုပ်အသက်တာတွင် ကောင်းသည်မရှိ။ ကောင်းဖို့ ကြိုးစားအားထုတ်လေလေ၊ အပြစ်ရှိလာသည်ဟု ထင်ရလေလေဖြစ်သည်။ ကျွန်ုပ်သည် အ ပြစ်သားဖြစ်ရခြင်းကြောင့် စိတ်ပျက်အားငယ်နေရသည်။ ကျွန်ုပ်လုပ်ဆောင်သော ကောင်းမှု ကုသိုလ်မှန်သမျှသည် အာဒံက ဘုရားသခင့်မျက်မှောက်တော်တွင် မိမိအပြစ်ကိုဖုံးအုပ်ရန် လုပ်ဆောင်သော လုပ်ဆောင်ချက်နှင့်သာတူပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ဘုရားမျက် မှောက်တော်ထဲတွင် အဝတ်အချည်းစီးရှိသောသူသာလျှင်ဖြစ်သည်ကို သိရသည်။ ကျွန်ုပ် သည် ကယ်တင်ခြင်းရရှိသည်ဟု ပြောခဲ့သည်။ ကယ်တင်ခြင်းရသည်ဟုဆိုတိုင်း ၎င်းသည် မုသာစကားသာဖြစ်ကြောင်းကို သိသည်။ ဘုရားသခင်သည် ကျွန်ုပ်ကြောင့် ဝမ်းမြောက်နေ မည်တော့မဟုတ်ပါ။ ဒါကိုလည်း သိသည်။ ကျွန်ုပ်သည် အပြစ်ကိုသိလျက် နှစ်ပေါင်းငါးနှစ် လောက် နေခဲ့ရသည်။ ၎င်းသည် ငါးနှစ်သာစိတ်ဒုက္ခ၊ ကြောက်ရွံ့မှုနှင့်အပြစ်တရားပင်ဖြစ်ပါ သည်။

ထိုအရာကို သင့်အသက်တာတွင် အသုံးချပါရစေ။ သင်သည် ဤဘုရားကျောင်းတွင် ကယ်တင်ခြင်းရရှိပြီးဖြစ်သည်ဟုထင်ကာ ကာလပေါင်းများစွာ နေခဲ့ရပြီ။ သို့သော် စိတ်နှလုံး သားထဲတွင် တူးဖော်စဉ်းစားကြည့်သော် ၎င်းသည် မုသာစကားသာဖြစ်ပါသည်။ ဘုရားသခင် က နိုးထမှုကိုစေလွှတ်သောအချိန်တွင် ၎င်းသည် မုသာစကားသာလျှင် ဖြစ်ပါသည်။ အခြား သောသူများသည် ၎င်းတို့၏အပြစ်များကို ဝန်ချဖော်ပြပြီး ခရစ်တော်၌ ငြိမ်သက်ခြင်းကို ရှာဖွေ တွေ့ရှိကြပါသည်။ သို့ရာတွင် သင်ကမူ မိမိကိုယ်ကို ကောင်းသည်ဟုသာ ဆိုနေဆဲဖြစ်ပါ သည်။ ဩောအပြစ်သားရယ် သင့်ရဲသဖန်းရွက်က သင့်အားဘုရားသခင်ထံက မကွယ်စေနိုင် ပါကလား။ သင်သည် ပျောက်ဆုံးသောသူဖြစ်သည်ကို ဝန်ခံခြင်းမရှိသ၍ ကာလပတ်လုံး ဘု ရားသခင်နှင့်ငြိမ်သက်ခြင်းလုံး၀ ရရှိနိုင်မည်မဟုတ်ပါ။ သင်သည် ပျောက်သောသူဖြစ်ကြောင်း ကို ဝန်မခံသ၍ သင်သည် ကယ်တင်ခြင်းသို့ ရောက်မည်မဟုတ်ပါ။

ယနေ့နံနက်ပိုင်းတွင် John Cagan က “ဘုရားသခင်သည် မှန်ကန်ပြီး သင်သည် မှား ယွင်းနေပါသည်” ဟူသော တရားဒေသနာကို ဟောကြားသည်။ John Cagan က “ငါသည် မအိပ်ရဘဲ ဘုရားသခင်နှင့်နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်။ ဘုရားသခင်နှင့်ကျွန်ုပ်အပြစ် များကို စိတ်နှလုံးသားထဲမှ ဆွဲထုတ်ရန် ကျွန်ုပ်တွင်ရှိသော တန်ခိုးဖြင့် အရာအားလုံးကို လုပ် ဆောင်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် မှန်ကန်ပြီး ကျွန်ုပ်မှားယွင်းနေ သည်ကို နားလည်ပါသည်။ သို့သော် ၎င်းကို ကျွန်ုပ်ဝန်မခံလိုပါ။ ကြုံတွေ့ရသည်အရာက အ လွန်ပင် နာကျင်စဖွယ်ဖြစ်ပါသည်” ဟု ဆိုပါသည်။

John Cagan သည် ဘုရားသခင်ထံက မိမိကိုယ်ကို ဝှက်ထားရန် ကြိုးစားအားထုတ် နေသော အာဒံ၏သားဖြစ်သည်။ သူက “ကျွန်ုပ်မှားယွင်းကြောင်းစစ်မှန်သည့်တရားသည် ကျွန်ုပ်စိတ်နှလုံးတံခါးတွင် ချည်နှောင်ထားသည်။ ထိုအရာကို ငြင်းဆန်ဖို့ကြိုးစားလေလေ၊ သိ သာထင်ရှားလာလေလေဖြစ်သည်” ဟုဆိုပါသည်။ ယနေ့ညတွင်လည်း သင်သည် ထိုသ ဘောအတိုင်း ခံစားနေရပါသလား။ John Cagan နှင့်ကျွန်ုပ်ခံစားသကဲ့သို့သောအရာတစ်ခုခု ကို ခံစားနေရလျှင် ဘုရားသခင်သည် သင့်အား အမှန်တကယ် ခေါ်ကြောင်းကို ထင်ရှားနေပါ သည်။ သင်သည် ဘုရားသခင်စေလွှတ်တော်မူသော နာကျင်မှု၊ ဝေဒနာများကို ရပ်တန့်စေရာ တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး သက်သောင့်သက်တာမရှိသည်အတိုင်း ခံစားမှုမရှိလျှင် ပြီး မြောက်နိုင်သည့်ခေါ်ခြင်းမျိုးမဟုတ်ပါ။ ဘုရားသခင်က သင့်ထံသို့စေလွှတ်သည့် ဝေဒနာနှင့် နာကျင်မှုကို သင့်အားကျိုးပဲ့ကြေမွစေရန်ပေးထားခြင်းဖြစ်ပြီး ခရစ်တော်အား ကိုးစားယုံကြည် စေလာရန်ဖြစ်သည်။

နာမည်ကျော်နော်ဝေလူမျိုး ဧဝံဂေလိဆရာ O. Hallesby က ဤသို့ဆိုပါသည်။

“အပြစ်သည် သူ့အဖို့သည်းခံနိုင်စရာမရှိတော့ဘဲ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်းကို လိုလားတောင့်တပြီး အပြစ်၊ စိုးရိမ် ကြောက်ကြမှုသာမက၊ နားခိုရာမဲဘဝထဲမှ ကယ်တင်ခြင်းရရှိလို သောအချိန်တွင် အပြစ်သားသည်ကယ်တင်တော်မူခြင်းသို့ရောက် ရှိသည်။” (O. Hallesby, နိုးထမှုပေးစာများ၊ Dr. E. Porter, Linde Publications, က ပြန်လည်ထုတ်ဝေသည်။ ၁၉၉၂၊ စာ- ၁၉၂ )

ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် သင့်အား ခံစားချက်ကောင်းကောင်းပေးဖို့ အသေခံသည်မဟုတ်။ သင့်အား ပျော်ရွှင်စေဖို့ အသေခံသည်လည်းမဟုတ်။ ကယ်တင်ခြင်း စိတ်ချမှုပေးဖို့ အသေခံသည်လည်းမဟုတ်။ ထိုအရာသည် အမှန်တကယ်ကယ်တင်ခြင်းရရှိပြီး နောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ပေါ်ထွက်လာသည်။ သို့သော် ပြောင်းလဲ ခြင်းသည် ဖြစ်ပေါ်ခဲပါသည်။ အချို့တို့က ပြောင်းလဲလာသည့်အချိန်တွင် အဘယ်စိတ်ချမှုခံ စားချက်မျိုးတောင် မရှိကြပါ။ သူတို့သည် ခရစ်တော်ကို ကိုးစားကြသည်။ ၎င်းတို့၏အပြစ်များ သည် ချေပစ်ခြင်းခံရသည်။ သို့သော် လူများစွာတို့အတွက်မူ ရက်ပေါင်းများစွာ၊ လပေါင်းများ စွာ သို့မဟုတ် နှစ်များစွာပင် ကယ်တင်ခြင်းစိတ်ချမှု မရှိခဲ့ကြပေ။ ခရစ်တော်က ကယ်တင်ပြီး နောက်ပိုင်း ခြောက်လတိုင်အောင် ကျွန်ပ်ပင်လျှင် မိမိကိုယ်ကို သတိမပြုမိပါ။ ကယ်တင်ခြင်း စိတ်ချမှုကို ရှာဖွေနေကြသောသူတို့သည် ဘယ်သောအခါမျှ ကယ်တင်ခြင်းရရှိကြမည်မဟုတ် ပါ။ ကယ်တင်ခြင်းစိတ်ချမှုခံစားချက်ကို ရှာဖွေနေသည့် အဘယ်ပုဂ္ဂိုလ်တစ်ဦးဦးကိုမျှ မြင်ဖူး တွေ့ဖူးခြင်းမရှိသေးပါ။

ခရစ်တော်အသေခံရသည့်အကြောင်းရင်းတစ်ခုသာရှိပြီး တစ်ခုတည်းသော ထိုအ ကြောင်းတရားမှာ သင့်အား အပြစ်တရားထဲက ကယ်တင်ပြီး အာဒံ၏သားအဖြစ်မှ ဘုရားသား အဖြစ်သို့ သင့်စိတ်နှလုံးကို ပြောင်းလဲစေရန်ပင်ဖြစ်ပါသည်။ မိမိကိုယ်ကိုချစ်ခြင်းမှ ဘုရား သခင်ကိုချစ်ခြင်းအဖြစ်သို့ ပြောင်းလဲစေခြင်းပင်ဖြစ်ပါသည်။

သင်တို့တွင် အများတို့သည် ရှေ့သို့လာခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော သင်တို့ သည် ပိုမိုကောင်းမွန်လိုကြသောကြောင့်ဖြစ်သည်။ သင်၏စိတ်လှုပ်ရှားမှုနှင့်ကြောက်ရွံ့မှုများ ကို ဖယ်ရှားပေးစေလိုသည်။ သို့သော် ကယ်တင်ခြင်းလုံး၀ မရရှိကြပါ။ ရှေ့သို့အကြိမ်ပေါင်း များစွာလာသော်လည်း ကယ်တင်ခြင်းလုံးဝမရရှိသည့်လူများကို ကျွန်ုပ်မိမြင်ဖူးသည်။ အဘယ့် ကြောင့်ဆိုသော် သူတို့လိုချင်သောအရာမှာ စိုးရိမ်ကြောက်ရွံမှုမှ လွတ်မြောက်ခြင်းပင်ဖြစ်ပါ သည်။ သူတို့လိုချင်သောအရာမှာ စိတ်ခံစားမှုပင်ဖြစ်ပါသည်။ John Cagan နှင့် ကျွန်ုပ်ကိုယ် တိုင်ကဲ့သို့ပင် အဆုံးမရှိသည့်အပြစ်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် အရှိအတိုင်း မိမိကိုယ်ကို ရပ်တည်နိုင်တော့မည်မဟုတ်ပါ။ သို့မှသာ သင်သည် ခရစ်တော်ထံ သို့လာပြီး အပြစ်မှလွတ်မြောက်န်ိုင်မည်။ ကျွန်ုပ်တို့သည် စိတ်ပညာရှင်များမဟုတ်ကြပါ။ တရားဟောဆရာများသာဖြစ်ကြပါသည်။ သင်၏စိတ်ပညာဆိုင်ရာပြဿနာများကို မဖြေရှင်း ပေးနိုင်ကြပါ။ အပြစ်နှင့်ပြည့်နှက်သောစိတ်နှလုံးနှင့်ပါတ်သက်ဖို့ရန်သာ ကြိုးစားအားထုတ်ကြ ပါသည်။ သို့မှသာ သင်၏လက်ရှိအခြေအနေအတိုင်း နောက်ထပ် အသက်ရှင်နေနိုင်မည်မ ဟုတ်ပါ။ ထိုသို့ဖြစ်မလာမချင်း ကယ်တင်တော်မူခြင်းသို့ ရောက်မည်မဟုတ်ပါ။

ထိုအကြောင်းနှင့်ပါတ်သက်ပြီး ကျွန်ုပ်၏သာဓက ရှိပါသည်။ လူတစ်ဦးသည် ကျွန်ုပ်တို့ ၏အသင်းတော်သို့ နှစ်ပေါင်းများစွာ လာပါသည်။ သူသည် လူကောင်းတစ်ယောက်ဖြစ်ဟန်တူ ပါသည်။ သူသည် အစီအစဉ်တိုင်းတွင် လာသည်။ သို့သော် သူနှင့်ကျွန်တော် အငြင်းအခုံဖြစ် ရသည်အကြောင်းမှာ သူက “ကယ်တင်ခြင်းရရှိသည်” ဟု ထပ်ခါထပ်ခါ ပြောဆိုသော ကြောင့် ဖြစ်သည်။ သူအား ထပ်ခါထပ်ခါ ပြောဆိုရသည်မှာ “သင်သည် ကယ်တင်ခြင်းမရရှိနိုင်သေးပါ” ဟူ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ထိုသူ၏သမိုင်းနောက်ခံကို အသေးစိတ် သိရှိထားရသောကြောင့်ဖြစ်ပါသည်။ သူက ကျွန်ုပ်အား အပြစ်တင်သည်မှာ “သူသည် ကယ် တင်ခြင်းသို့ရောက်ပြီ” ဟူသောအချက်ပင်ဖြစ်ပါသည်။ တစ်ခုသောည ဆုတောင်းခြင်းအစီအ စဉ်တွင် သူက “ဒေါက်တာ Hymers, ငါ ကယ်တင်ခြင်းရပြီ” ဟု အော်ဟစ်သည်။ ငါ့စိတ်က နှစ်ခြမ်းကွဲနေသည်။ အကြောင်းမှာ သူကို လုံးဝမဆုံးရှုံးလိုပါ။ သို့သော် ဘုရားသခင်က ကျွန်ုပ် အားမိန့်တော်မူသည်မှာ “သူ့ကို ဘယ်နည်းနှင့်မျှလက်မခံနှင့်၊ ငရဲပဲ ပို့လိုက်ပါ” ဟူ၍ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လိုက်သည်။ သူ့အား ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။ သူ့အား နောက်တဖန် ဘယ်တော့မှ မတွေ့ရဘူးဟု ထင်မိသည်။ သို့သော် ရက်အနည်းငယ်ကြာလာ သောအခါ တရားဒေသနာထဲတွင် John Cagan ၏ တရားဒေသနာတစ်ခုလုံးကို ဖတ်ရှုခဲ့ရပါ သည်။ သို့သော် အချို့သောအကြောင်းတရးများအတွက် ခေါ်ဖိတ်ခြင်းမရှိတော့ပါ။ အဘယ့် ကြောင့် လုပ်ဆောင်ထားခြင်းမရှိသည်ကို ကျွန်ုပ်မေ့နေလိုက်သည်။ ထိုနောက်ပိုင်းတွင် ထိုသူ သည် ကျွန်ုပ်အား တွေ့လိုက်ရသည်။ သူက “သင်သည် ငါ့ကို နောက်တစ်ခါခေါ်ဖိတ်လျှင်၊ နောင်တရလိမ့်မည်” ဟုဆိုလိုက်သည်။ ငါကလည်း “ယနေ့ညပေးမည်” ဟု ဆိုလိုက်သည်။ သူသည် ထိုညနေပိုင်းတစ်ခုလုံးတွင် စိတ်ပျက်ဝမ်းနည်းနေသည်။ သူ့အပြစ်သည် “သူ့အဖို့ မဆုံးနိုင်သဖြင့် ဘုရားသခင်နှင့်ပြီးပြည့်စုံသောသင့်မြတ်ခြင်းကို လိုလားသည်။ ၎င်းအပြစ်မှ ကယ်တင်ခြင်းရရှိလိုသည်။ ဒေါက်တာ Hallesby က ပြောဆိုခဲ့သကဲ့သို့ဖြစ်သည်။

ထိုညတွင် ခေါ်ဖိတ်သည့်အချိန်၌ မျက်စိမျက်ခွက်နှင့်ရှေ့သို့ရောက်လာခဲ့ပါသည်။ နောက်မိနစ်အနည်းငယ်ကြာသောသအခါ သူသည် အပြစ်ရှိသောဘဝထဲက ယေရှုအားဖြင့် ကယ်တင်တော်မူခြင်းကို ရရှိခဲ့ပါသည်။ သူသည် နှစ်ပေါင်းများစွာတွင် သဖန်းရွက်ဖြင့် မိမိကိုယ်ကို အကွယ်အကာပေးထားခဲ့ပါသည်။ သို့သော် ထိုညတွင် သူသည် ယေရှုထံသို့လာ သဖြင့် ကယ်တင်ရှင်၏အသွေးအားဖြင့် ဆေးကြောခြင်းကို ခံရပါသည်။

ထိုသူနှင့် John Cagan နှင့်ကျွန်တော်တို့ကဲ့သို့ ခံစားဖူးခဲ့ပါသလား။ အပြစ်သည် သင့် အဖို့ သည်းမခံနိုင်လောက်အောင်ဖြစ်နေပါသလား။ သင့်စိတ်နှလုံးက အပြစ်ကို မသယ်ပိုးနိုင် တော့ဘူးလား။ သင့်စိတ်နှလုံးပြစ်မှားသောအပြစ်ကြောင့် ခံစားနေရပါသလား။ John Cagan, ကျွန်တော်နှင့် မစ္စတာ Nickell တို့ကဲ့သို့ခံစားခဲ့ဖူးပါသလား။ သင်သည် “ခံစားချက်” ကိုသာ ရှေ့တန်းထားနေလျှင်၊ သင့်အပြစ်ဝန်လေးသည်ကို သိကြမည်မဟုတ်ပါ။ အမှီအခို၊ နားနေ ခိုက်မရှိသည်ကိုသာ ခံစားကြရမည်ဖြစ်ပါသည်။ အကြောင်းမှာ ယေရှုသည် အနားမရှိသည့်အ ခြေအနေမှ သင့်အား ကယ်တင်သည်မဟုတ်။ သို့မဟုတ် အခြားမကောင်းသည့်အရာထဲက ကယ်တင်ရန် အသေခံသည်မဟုတ်။ သူသည် လက်ဝါးကပ်တိုင်တွင်သေပြီး သင်၏အပြစ်ရှိ သောစိတ်နှလုံး၊ အာဒံထံကရရှိသောအမွေခံစိတ်နှလုံးမှ ခရစ်ယာန်တို့နှလုံးသားကို ရရှိပိုင်ဆိုင် စေပါသည်။ တကိုယ်ကောင်းဆန်သောအပြစ်သားမှ စစ်မှန်သော ခရစ်ယာန်အဖြစ်သို့ အတွင်း နှလုံးသားကို ပြောင်းလဲစေရန် လက်ဝါးကပ်တိုင်းတွင် အသေခံခြင်းဖြစ်ပါသည်။ အာဒံ၏နှလုံး သားရှိသောသူများသည် ပြောင်းလဲခြင်းအားဖြင့် အပြောင်းအလဲလုပ်လာပေမည်။ ပြောင်းလဲ ခြင်းဟူသည်မှာ “အကူးအပြောင်း” ပင်ဖြစ်ပါသည်။ ဘုရားသခင်သာလျှင် လုပ်ဆောင်နိုင်ပါ သည်။ သင်သည် အပြစ်မထမ်းနိုင်တော့ကြောင့် ရှာဖွေ့တွေ့ရှိလာသောအခါ ဘုရားသခင် သာလျှင် လုပ်ဆောင်နိုင်ပါသည်။

ယနေ့ နံနက်တွင် John Cagan က “ကျွန်ုပ်သည် အချိန်ကြာမြင့်စွာပဲ ကျွန်ုပ်ရရှိသော ကယ်တင်ခြင်းကို သက်သေခံရန် ရှာဖွေခဲ့သည်” ဟုဆိုသော မိန်းမတစ်ဦးအကြောင်းကို ပြော ဆိုခဲ့ပါသည်။ ဒေါက်တာ Hymers နှင့် ဒေါက်တာ Cagan တို့က ခံစားချက်ကို မရှိဘဲနေရန် ထပ်ခါ တလဲလဲ ပြောဆိုကြသော်လည်း သူမသည် ၎င်းကို အဓိက ဦးစားပေးထားသည်။ ဤ မိန်းမသည် ခံစားချက်ကို တောင်းဆိုလျက် မိမိအပြစ်ကို ဖုံးကွယ်ထားပါသည်။ John Cagan က “သင်သည် ခံစားချက်ကို ဦးစားပေးသည်။ သင်ခံစားရသောအရာကိုသာ ယုံကြည်လက်ခံ သည်။ သင်သည် ခရစ်တော်ကို မခံစားသောကြောင့် သူ့ကို မယုံနိုင်ဖြစ်သည်။ သင်သည် အ သိစိတ် သို့မဟုတ် ခံစားချက်ကို ငရဲထဲလောင်ကျွမ်းသည်အထိ ဆက်နေဦးမည်။ သို့မဟုတ် သင်သည် မှားယွင်းကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မှန်ကန်တော်မူကြောင်းကို လည်းကောင်း ဝန်ခံပြီး ခံစားချက်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ယေရှုကို ကိုးစားယုံကြည်ရ ပါမည်” ဟု ဆိုခဲ့သည်။

ချစ်သောဓမ္မမိတ်ဆွေများ၊ ကျွန်တော်သည် အချိန်ကြာကြာ တရားဟောလိုသော် လည်း ကျွန်တော်ရတဲ့အချိန်က ကုန်သွားပါပြီ။ သင့်အထဲတွင်ရှိသော အာဒံ၏သဘောသဘာ ဝသည် သင့်အား ဘုရားသခင်နှင့်အချိန်ကြာမြင့်စွာ ငြိမ်သက်ခြင်းနှင့်အသက်ရှင်ခြင်းမှ သင့် အား ထိန်းချုပ်ထားပါသည်။ ဘုရားသခင်ထံက ပုန်းရှောင်နေခြင်းကိုရပ်တန့်ပြီး ယခုလုပ် ဆောင်ပါ။ သင့်ရဲ့မှားယွင်းသောအယူအဆများကို ရပ်တန်းက ရပ်ခြင်းမရှိပါက ဘုရားသခင် နှင့်ငြိမ်သက်ခြင်း လုံးဝရရှိမည်မဟုတ်ပါ။ သင့်အပြစ် ပုန်းလျှိုးခြင်းမရှိပါက ငြိမ်သက်ခြင်းမရှိနိုင် ပါ။ အချိန်မနှောင်းခင် နောင်တရပါ။ သင့်အပြစ်ဖုံးကွယ်ထားခြင်းကို ရပ်တန်းကရပ်ပြီး ယေရှု ခရစ်ထံသို့ တိုက်ရိုက်လာပါ။ အသွေးတော်အားဖြင့် သင့်အပြစ်ကို ဆေးကြောပေးတော်မူမည်။ ဘုရားသခင်ထံက ငြိမ်သက်ခြင်းကို အမှန်ပေးတော်မူမည်။ သူသည် သင့်အပြစ်အတွက် ကြောင့် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသည်။ ယေရှုထံသို့ အပြစ်အလုံးစုံတို့ကို ဝန်ချ တောင်းပန်လျက် ယခုအထံတော်သို့လာပါ။ အချိန်မနှောင်းသေးခင် ယေရှုကို ယုံကြည်ကိုးစား ပါ။ ဒေါက်တာ Cagan, John Cagan နှင့် ကျွန်ုပ်တို့သည် တရားပလ္လင်ရှေ့တွင် ရှိနေကြပါ သည်။ အခြားသူများသည် ညနေစာအတူစားလျက်ရှိနေစဉ် လာပါ။ ခရစ်တော်၊ အသွေးတော် အကြောင်းဆွေးနွေးပြီး အိမ်မပြန်ခင် အပြစ်ဆေးကြောခြင်းကို ရယူလိုက်ပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Noah Song က ဆောင်ရွက်ပါသည်။ ကမ္ဘာဦး ၃း ၆- ၁၀
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကိုယ်တော်ကျွန်ုပ်အား စစ်ကြောပါ"၊ (ဆာလံ ၁၃၉း ၂၃- ၂၄ )