Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သူတို့အထဲက ထွက်လာပါ

COME OUT FROM AMONG THEM!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ် နိူဝင်ဘာလ(၁၃) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 13, 2016

“ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့ သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြု လျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ် မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားမိန့်တော်မူ၏။” (၂ ကော ၆း ၁၇- ၁၈ ) )


“သူတို့အထဲက ထွက်လာပါ။” ဆိုလိုသည်မှာ အပြစ်တရားထဲ၌ အသက်ရှင်နေသော သူများအထဲက ထွက်ခွါလာရန်ဖြစ်ပါသည်။ ၎င်းမှာ “သီးခြားခွဲထွက်နေခြင်း” က “သူတို့အထဲ က ထွက်လာပါ” ဟုသော အဓိပါယ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ သီးခြားခွဲထွက်နေခြင်း ဟူသည်မှာ သမ္မာကျမ်းစာထဲ၌ အရေးပါသောသွန်သင်ချက်တစ်ခုပင်ဖြစ်သည်။ သီးခြားခွဲ ထွက်နေထိုင်ခြင်းမရှိပါဘဲ ခရစ်ယာန်တစ်ဦးတစ်ယောက်ဖြစ်မလာနိူင်သောကြောင့် အရေးပါ အရာရောက်သည့်အရာတစ်ခုဖြစ်ပါသည်။ သီးခြားခွဲထွက်နေထိုင်ခြင်းမရှိဘဲ အောင်မြင်သော အသက်တာကို ရရှိဖို့ သိပ်မလွယ်ကူသောကြောင့် အရေးကြီးလှပါသည်။ သီးခြားခွဲထွက်နေ ထိုင်ခြင်းမရှိပါဘဲ အောင်မြင်နိူင်သောအသက်တာကိုလည်း ရရှိနိူင်ခြင်းမရှိပေ။ သီးခြားခွဲထွက် နေထိုင်ခြင်းဟူသည်မှာ မယုံကြည်သောသူများနှင့် မိတ်ဆွေမဖွဲ့ဘဲ သီးခြားနေခြင်းမဟုတ်ပါ။ လောကကြီးကို မချစ်ခြင်းလည်း မဟုတ်ပါ။ သမ္မာကျမ်းစာက “အကြင်သူသည် လောကကို ချစ်၏။ ထိုသူ၌ ဘုရားသခင်၏မေတ္တာမတည်” ( ၁ယော ၂း ၁၅ ) ဟု ဆိုထားပါသည်။ ဆက် လက်၍ “ဤလောကနှင့်မိတ်ဆွေဖွဲ့သောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏” ( ယာကုပ် ၄း ၄) ဟုလည်း ဆိုထားပြန်သည်။ လူအချို့တို့က ယေရှုသည် ငါ့အတွက်ဖြစ်သည်၊ ငါ့ကို ဖြောင့် မတ်စေသည်ဟု “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ့တပည့်ဖြစ်သည်ကို သိကြလိမ့်မည်” ကျမ်းပိုဒ်ကို ကိုးကားလျက်ရှိ ကြသည်။(ယောဟန် ၁၃း ၃၅ ) သို့ရာတွင် အဘယ်သူကို ရည်ညွှန်းပြောဆိုထားပါသနည်း။ မယုံကြည်သူများကို မဟုတ်ပါ။ တစ်ဦးကိုတစ်ဦးချစ်ကြသော တပည့်တော်များကို ရည်ညွှန်း ပြောဆိုနေခြင်းသာဖြစ်ပါသည်။ ရှက်စပီးယားက “နတ်ဆိုးပင်လျှင် မိမိရည်ရွယ်ချက်အတိုင်း ကျမ်းစာကို ကိုးကား အသုံးပြုနိူင်သည်” ဟု ဆိုထားပါသည်။ ထိုအကြောင်းကို သမ္မာကျမ်းစာ ကအတိအလင်းဖော်ပြထားပါသည်။

“ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။” ( ၂ ကော ၆း ၁၇ ) )

ပျောက်ဆုံးသူများထဲက ထွက်လာပြီး သီးခြားနေဖို့ အဘယ့်ကြောင်း အလွန်အရေးကြီးနေရပါ သနည်း။

၁။ ပထမအချက်၊ သီးခြားနေခြင်းသည် အရေးကြီးသည်။ အကြောင်းမှာ သမ္မာကျမ်းစားတစ်ခုလုံးတွင် ထိုအကြောင်းကို သွန်သင်ထားပါသည်။

လောတ၏မိန်းမသည် သောဒုံမြို့တွင်ရှိသော အပြစ်ရှိသည့်မိတ်ဆွေသူငယ်ချင်းများ နှင့် မခွဲနိူင်မခွါရက်ဖြစ်သောအားဖြင့် မိမိစိတ်ဝိညာဉ်ကို ဆုံးရှုံးစေပါသည်။ ဘုရားသခင်က လောတအား ထိုမြို့ကိုဖျက်ဆီးမည်အကြောင်း မိန့်တော်မူခဲ့သည်။ မြေကြီးပေါ်တွင် အပြစ်နှင့် ပြည့်နေသောသူများနှင့်လောကဆန်သောသူများရှိနေကြသောကြောင့် ၎င်းကို ဘုရားသခင် က ဖျက်ဆီးတော်မူမည်ဖြစ်သည်။ ဘုရားသခင်က လောတအား “ဤအရပ်မှထွက်လော့၊ ဘု ရားသခင်သည် မြို့ကို ဖျက်ဆီးတော်မူမည်” ( ကမ္ဘာဦး ၁၉း ၁၄ ) ဟု မိန့်တော်မူသည်။ လောတက ၎င်း၏မိန်းမအား သောဒုံမြို့ကို စွန်ခွါသွားသင့်ကြောင့် ပြောဆိုခဲ့ပါသည်။ သူမ သည် ခင်ပွန်းနောက်ကို စတင်၍ လိုက်လျှောက်သွားသည်။ သို့ရာတွင် အပြစ်ထဲတွင် နစ်မွန်း နေသော မိတ်ဆွေသူငယ်ချင်းများကို စွန့်မပစ်နိူင်ခဲ့ပါသည်။ ခင်ပွန်နှင့်အတူ ထားရစ်ခဲ့ပါသည်။ သို့သော် “သူ၏ဇနီးသည် နောက်သို့ပြန်လှည့်သဖြင့် ဆားတိုင်ဖြစ်သွားခဲ့လေသည်။” ( ကမ္ဘာဦး ၁၉း ၂၆ ) ဒေါက်တာ Charles C. Ryrie က “သူမ၏နှလုံးသားသည် သောဒုံမြို့တွင် ရှိနေ သေးသည်။ အပြစ်နှင့်ပြည့်နေသောမိတ်ဆွေများနှင့်သီးခြားနေရာ မလိုလားခဲ့ပါ။ သူမသည် ပြန်လှည့်သဖြင့် ဆုံးရှုံးသောသူငယ်ချင်းများကို ပြန်လှည့်ကြည့်ခဲ့ရပါသည်။ သူမ၏အပြစ်နှင့် ပြည့်နေသောသူများထံပြန်လည့်ရန် နောက်ပြန်ကြည့်သောအခါ သူမသည် “ဆားတိုင်” ဖြစ် သွားခဲ့ပါသည်။ ဘုရားသခင်စေလွှတ်တော်မူခဲ့သော မီးနှင့်ကန့်သည် သူမကို လွှမ်းမိုးထားပါ သည်။ သူမသည် ပြင်းထန်စွာသောကန့်ဖြင့် လွှမ်းမိုးထားခြင်းကို ခံရပါသည်။ သူမခန္ဒာအပေါ် ဘုရားသခင်စေလွှတ်တော်မူသော ကန့်ဖြစ်ပါသည်။ သူမကို အရည်ကျိုထားသောတိုင်ဖြင့် ဖုံး အုပ်ထားပါသည်။ သူမသည် သောဒုံမြိုတွင်ရှိကြသော မိတ်ဆွေများနှင့်မခွဲနိူင်မခွါရက်ဖြစ် သောကြောင့် အသက်ရှင်လျက် မီးလောင်ခြင်းခံရပါသည်။ သူမသည် စိတ်ဝိညာဉ်ကိုဆုံးရှုံး သဖြင့် ငရဲသို့သွားခဲ့လေသည်။ ထို့နောက် ယေရှုက ဤသို့ဆိုသည်။

“လောတ၏မယားကို သတိရအောက်မေ့လော့။” ( လုကာ ၁၇း ၃၂ ) )

သင်သည် အသင်းတော်ကို စွန့်ခွါ၍ အပြစ်နှင့်ပြည့်နှက်သောမိတ်ဆွေများထံသို့ နောက်ပြန်လှည့်သောအခါ ထိုသို့သောအဖြစ်အပျက်ကို အသက်တာတွင် ကြုံတွေ့လာရမည် ဖြစ်ပါသည်။ သင်သည် ဘုရားသခင်၏တရားစီရင်သောမီးဖြင့် ဖျက်ဆီးခြင်းခံရပါမည်။

“လောတ၏မယားကို ”သတိရအောက်မေ့လော့။

John Bunyan, ကျွန်တော်တို့၏နှစ်ခြင်းဖခင်ကြီးက ထိုနည်းလမ်းနှင့်ဆင်တူသောအ ကြောင်းသာဓကကို ပေးထားဖူးပါသည်။ လူတစ်ဦးသည် ဖျက်ဆီးခြင်းခံရသောမြို့ကို စွန့်ပစ် ထားခဲ့သည်။ သူသည် ခရစ်တော်၏နောက်တော်သို့ပြေးသည်ဖြစ်၍ ပြန်လှည့်မကြည့်ပါ။ မ ပြောင်းလဲသေးသော သူ့မိတ်ဆွေနှစ်ဦးသည် ၎င်း၏နောက်သို့ လိုက်၍ပြေးကြသည်။ သူတို့ က ဖျက်ဆီးခြင်းခံရသောမြို့သို့ပြန်သွားရန် ပြောဆိုခဲ့ကြသည်။ သို့ရာတွင် သူသည် နားမ ထောင်ဘဲ သွားမြဲသွားနေဆဲပင်ဖြစ်ပါသည်။ သူ၏ပျောက်ဆုံးသောမိတ်ဆွေအား ပြန်လှည့် လာရန် ပြောဆိုခဲ့ကြသည်။ သို့ရာတွင် သူသည် ပြန်၍ လှည့်မလာပါ။ သူသည် ဆုံးရှုံးသော မိတ်ဆွေများနှင့်သီးခြားနေ၍ ကယ်တင်တော်မူခြင်းသို့ ရောက်လေသည်။ ( John Bunyan ၏ ခရီးသွားမှတ်တမ်း မှဖြစ်သည်။)

သင်သည် ဘုရားကျောင်းသို့စတင်ရောက်ရှိလာပြီး ကယ်တင်တော်မူခြင်းသို့ ရောက် လိုလျှင် ထိုနည်းအတိုင်း ဖြစ်လာမည်ဖြစ်သည်။ ကယ်တင်ခြင်းမရသေးသောသင့်မိတ်ဆွေများ နှင့်သူငယ်ချင်းများသည် သင့်အား ပြန်လည်နောက်လှည့်ရန် လုပ်ဆောင်မြဲ လုပ်ဆောင်ကြပေ လိမ့်မည်။ အပြစ်နှင့်ပြည့်နှက်သောအသက်တာတစ်ခုဆီသို့ ခေါ်ဆောင်သွားကြပေလိမ့်မည်။ Bunyan ၏ မိတ်ဆွေကြီးတစ်ယောက်က “သင့်ရဲ့ မြေကြီးပေါ်က မိတ်ဆွေအားလုံးကို စွန့်ပစ် တော့မှာလား” ဟုမေးခဲ့သည်။ “ဟုတ်ကဲ့ပါ” “သူတို့အားလုံးကို စွန့်လွှတ်လိုက်မယ်။ ဒါက ကျွန်တော်ကယ်တင်ခြင်းရှာတွေ့နိူင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်” ဟု Bunyan ၏လူက ပြန်ဖြေလိုက်တယ်။ လောတ၏မယားအဖို့လည်း ထိုနည်းအတိုင်းပင်ဖြစ်ခဲ့ပါသည်။ အ သက်ရှင်လျက် ဘုရားသခင်၏အမျက်တော်မီးလောင်ခံနေရကြသည့် အပြစ်နှင့်ပြည့်နေသော သူမ၏မိတ်ဆွေများဆီ ပြန်၍လှည့်ကြည့်မိသည်။ Bunyan ၏ အချိန်ကာလတုန်းကလည်း ထို နည်းအတိုင်းပင်ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့်အချိန် ကာလပင်ဖြစ်ပါသည်။ အပြစ်နှင့်ပြည့်နေသောအခြေအနေမှ သီးခြားနေခြင်းသည် ကယ်တင် ခြင်းသို့ရောက်ရန် ကောင်းသောနည်းလမ်းပင်ဖြစ်ပါသည်။ သင်သည် ဘုရားကျောင်းတက် သည်ကို ရပ်တန့်ရန် ကြိုးစားအားထုတ်သောအခါတွင် အပြစ်ထဲနစ်မွန်းနေသော မိတ်ဆွေများ ကို ထားရစ်ခဲ့ပါ။ သူတို့အားလုံးကို စွန့်ပစ်ထားပြီး ယေရှုထံသို့လာပါ။ ၎င်းမှာ စစ်မှန်သော ခရစ် ယာန်ဖြစ်လာရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။

“ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ထို သူတို့အထဲမှထွက်၍၊ အသီးအခြားနေကြလော့။ မစင်ကြယ်သော အရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရ ဘုရားမိန့်တော်မူ၏။” (၂ ကော ၆း ၁၇- ၁၈ ) )

သူတို့အထဲက ထွက်ကြလော့။ သီးခြားနေခြင်းကို တောင်းဆိုထားပါသည်။ သင်သည် အပြစ်ရှိ သော မိတ်ဆွေများကို ယေရှု၏ကယ်တင်ခြင်းနှင့်အပြစ်က လွတ်မြောက်စေခြင်းကို လိုလား လျှင် စွန့်ပစ်ထားရမည်။ သင်သည် အပြစ်ထဲကနေ ယေရှုအားဖြင့် အမှန်တကယ် ကယ်တင် ခြင်းသို့ရောက်လိုလျှင် အပြစ်ထဲတွင်ရှိနေကြသော ဆွေးမျိုးမိတ်ဆွေများကို ထားရစ်ခဲ့ရပါ မည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“မယုံကြည်သောသူတို့နှင့်တွဲဖက်၍ဆန့်ကျင်ဘက်ဖြစ်သော တန် ဘိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိူင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်အ ဘယ်သို့ဆက်ဆံနိူင်မည်နည်း။” ( ၂ကော ၆း ၁၄ ) )

ဒေါက်တာ John R. Rice က ဤသို့ အသိအမှတ်ပြုထားပါသည်။

သမ္မာကျမ်းစာထဲက အရိုးရှင်းဆုံးအယူအဆမှာ ခရစ်ယာန်တို့၏ သီးခြားနေခြင်းပင်ဖြစ်ပါသည်။ ဘုရားသခင်က နေ့စဉ်နှင့်အမျှ၊ ထပ်ခါတလဲလဲ၊ ထာဝရအစဉ် ယုဒလူမျိုးတို့အား ဖိအားဖြင့် လုပ် ဆောင်သော သွန်သင်ချက်တစ်ခုဖြစ်သည်။ ဟေဗြဲလယ်သမား များသည် သူ့အဖွဲ့ကို ပင့်မသောအခါ သူ့စိတ်နှလုံးသားထဲတွင် ရောယှက်သောအဖွဲ့နှင့်ပျိုးမကြဲတော့ဘူးဟု ဆိုလေသည်။ ကျွန် တော်သည် နွားတစ်ရှဉ်း သို့မဟုတ် မြည်းတစ်ရှဉ်းနှင့်ပဲ ထွန်တော့ မယ်။ သူတို့ကို မရောတော့ပါဘူး။ ဘုရားသခင်၏လူများမဟုတ်သူ တို့နှင့်တွဲဖက်မနေကြရန် ကျွန်တော်အား သတိရစေခြင်သော ကြောင့် မရောယှက်တော့ပါ။ (Dr. John R. Rice, The Unequal Yoke, Sword of the Lord, ၁၉၄၆၊ စာ- ၄-၅ )

မယုံကြည်သူများနှင့်မိတ်သဟာရဖွဲ့ခြင်းမှ သီးခြားရှိနေခြင်းအကြောင်းကို သမ္မာကျမ်းစာ၏အ ဆုံးတစ်ခုမှာ အခြားတစ်ခုတွင် သွန်သင်ထားပါသည်။

“မယုံကြည်သောသူတို့နှင့်တွဲဖက်၍ဆန့်ကျင်ဘက်ဖြစ်သော တန် ဘိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိူင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်အ ဘယ်သို့ဆက်ဆံနိူင်မည်နည်း။” ( ( ၂ကော ၆း ၁၄ ) )

၂။ ဒုတိယအချက်၊ သီးခြားနေခြင်းက လောကနှင့်မိဿဟာရဖွဲ့ခြင်းမှကွာစေပြီး ဒေသန္တာရအသင်းတော်နှင့်မိဿဟာရဖွဲ့စေသည်။

ယောဟန် ၁၅း ၁၉ တွင် ယေရှုမိန့်တော်မူသောစကားကို နားထောင်ကြည့်ပါ။

“သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိ တို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ် သောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။” (ယောဟန် ၁၅း ၁၉ ) )

“မြေကြီးထဲက သင်တို့အား ငါရွေးနှုတ်ပြီး” ဟူသောစကားကို အမြဲဆင်ခြင်သတိရပါ။ ထိုစ ကားကို ကျယ်လောင်စွာ ရွက်ဆိုပါ။ “မြေကြီးထဲကသင့်ကို ငါရွေးနှုတ်ပြီ။”

ယောဟန် ၁၇း ၆ တွင် ယေရှုက ဤသို့ဆိုသည်။

ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ် တော်သည် ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။”

“လောက” ဟု ဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် ဤကျမ်းပိုဒ်နှစ်ခုစလုံး တွင် ပျောက်ဆုံးသောလူသားကို ရည်ညွှန်းထားခြင်းဖြစ်ပါသည်။ ယေရှုက ဤသို့ဆိုသည်။

“လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်။” ( ယော ဟန် ၁၅း ၁၉ ) )

သီးခြားနေခြင်းကို ဆိုလိုသတည်း။ ကျွန်ုပ်တို့အား “လောကမှသီးခြားနေရန်” ရွေးကောက်ခဲ့ပါ သည်။

ဓမ္မသစ်ကျမ်းတွင် “အသင်းတော်” ဟူ၍ ဘာသာပြန်ဆိုထားသည့် ဂရိစကားလုံးမှာ “အက်ဂလီရှီးယား” သည်။ “ခေါ်ထုတ်ခြင်းခံရသူများ” ဟု ဆိုလိုသတည်း။ “အက်ခ်” ထဲက ဖြစ်ပြီး “ကာလီရော်” ခေါ်ခြင်းဟုဆိုပေသည်။ ထို့ကြောင့် “အသင်းတော်” ဟူသောစကားလုံး မှာ “ခေါ်ထုတ်ခြင်းခံရသောသူများ” ဟု ဆိုလိုသတည်း။ (မဿဲ ၁၆း ၁၈ Scofield မှတ်စု)

တမန်တော် ၂း ၄၇ ကို နားထောင်ကြည့်ပါ။ ယေရုရှလင်အသင်းတော်တွင် ဖြစ်ပျက်ခဲ့ သောအရာဖော်ပြချက်ကို ကြည့်ကြပါစို့။ ဤသို့ဆိုပါသည်။

“ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင် ဘုရားသည် သင်းဝင်စေတော်မူ၏။” ( တမန် ၂း ၄၇ ) )

ယေရှုက ဤသို့ဆိုသည်။

“လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်။” ( ယော ဟန် ၁၅း ၁၉ ) )

ခေတ်သစ်ဘာသာပြန်ကျမ်းက ရှင်းလင်းစွာ ဖော်ပြထားပါသည်။

“သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။ ( ခေါ်ထုတ်ခြင်းခံရသူ များ ) (တမန် ၂း ၄၇ ) )

ထို့ကြောင့် ကျွန်ုပ်တို့သည် အသင်းတော်မှ ခေါ်ထုတ်ခြင်းခံရပြီး အသင်းတော်ထဲသို့ သွက် သွင်းခြင်းပင်ဖြစ်ပါသည်။

“ထို့ကြောင့်၊ ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ ….” ( ၂ ကော ၆း ၁၇ )

သမ္မာကျမ်းစာနှင့်ကိုက်ညီသောသီးခြားနေခြင်းသည် သင့်အား မြေကြီးနှင့်မိဿဟာရဖွဲ့ခြင်း နှင့်ကွာစေမည်။ သီးခြားနေခြင်းက ဒေသန္တာရအသင်းတော်နှင့်မိဿဟာရဖွဲ့စေပါသည်။ သင် သည် လောကကို ကျောခိုင်းပြီး အသင်းတော်၌ မိတ်ဆွေသစ်များနှင့် ချမ်းမြေ့စေလိမ့်မည်။

၃။ တတိယအချက်၊ သီးခြားနေခြင်းသည် နှလုံးသား၏အဆုံးအဖြတ်ဖြစ်သည်။

ယာကုပ် ၄း ၄ ကို ကြည့်ကြပါစို့။ ၎င်းသည် Scofield Study Bible တွင် စာမျက်နှာ ၁၃၀၉ တွင် တွေ့ရှိရပါသည်။ အားလုံးမတ်တပ်ရပ်ပြီး ကျယ်လောင်စွာ ဖတ်ရှုပေးပါ။

“မတရားသောမေထုန်၌ မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိ ဿဟာရသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့်မိဿဟာရဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” ( ယာကုပ် ၄း ၄ )

ရှင်းလင်းတိကျသော ဖော်ပြချက်ဖြစ်ပါသည်။ “ဤလောကနှင့်မိဿဟာရဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” အားလုံး ထိုင်နိူင်ပါပြီ။

ယေရှုသည် ပျောက်သောသူတို့အပေါ် သနားညာတာတတ်ပါသည်။ သူသည် အခွန် ခံနှင့်အပြစ်သားများနှင့်အတူ စားသောက်ခဲ့ပါသည်။ သို့ရာတွင် သူနှင့်အရင်းနှီးဆုံးသော မိတ် ဆွေများမှာ တပည့်တော်များသာဖြစ်ပါသည်။ မာရိနှင့်မာသ၊ လာဇရုတို့လည်း ပါဝင်သည်။ သူ ၏မိတ်ဆွေများမှာ စစ်မှန်သော ခရစ်ယာန်များဖြစ်ကြသည်။ သူသည် သင့်အား နောက်တော် သို့လိုက်ရန် ခေါ်ဖိတ်ထားပါသည်။ သင်နှင့်ရင်းနှီးသောသူငယ်ချင်းများသည် စစ်မှန်သော ခရစ်ယာန်များဖြစ်လာစေရန် သေချာလုပ်ဆောင်ပါ။ စစ်မှန်သော ခရစ်ယာန်များမဟုတ်လျှင် လက်လျှော့လိုက်ပါ။ ထိုအချက်မှာ သမ္မာကျမ်းစာ၏သွန်သင်ချက်ပင်ဖြစ်ပါသည်။

“ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ် သော အရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားမိန့်တော်မူ၏။ (၂ ကော ၆း ၁၇- ၁၈ ) )

Albert Barnes က သမ္မာကျမ်းစာရှိ ထိုစကားလုံးများကို အခြေပြုပြီး ဤအမှတ်အ သားများကို ပေးထားပါသည်။ သူက အောက်ပါအတိုင်း ဆိုထားပါသည်။

     သူတို့သည် မြေကြီးနှင့်မိဿဟာရမဖွဲ့ဘဲ သီးခြားနေလိုကြ (ခရစ်ယာန်ဖြစ်လိုကြသည်) ပါသည်။ (ခရစ်ယာန်ဘာသာ) သည် ထိုသို့သီးခြားနေခြင်းမရှိသောအရပ်တွင် မတည်မရှိနိူင်ရာ။ (မယုံ ကြည်သော) အပေါင်းအပါကို စွန့်လွှတ်ပြီး ဘုရားသခင်၏လူများ နှင့်အတူတကွ ပေါင်းစည်း မိဿဟာရဖွဲ့လိုစိတ်မရှိသောသူများ သည် (စစ်မှန်သော ခရစ်ယာန်များ မဖြစ်နိူင်ကြပေ။) ဘုရားသခင် ၏မိတ်ဆွေနှင့်အပြစ်၏သားဖြစ်သောသူများကြားတွင် စည်းခြား ထားလျက်ရှိသည်။ အိမ်နီးနားချင်းနှင့်နိုင်ငံသားအဖြစ် အတူတကွ ပူးပေါင်းရန် ငြင်းဆန်ခြင်းမရှိသော်လည်း ကျွန်ုပ်တို့ရွေးချယ်သော မိတ်ဆွေ အချစ်ရဆုံးမိတ်ဆွေများမှာ ဘုရားသခင်၏လူများ ဖြစ်ရ ပေမည်။ အကြောင်းမှာ ဘုရားသခင်၏မိတ်ဆွေများသည် ကျွန်ုပ် တို့၏မိတ်ဆွေများဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ပျော်ရွှင်မှုသည် သူ တို့နှင့်အတူ မျှဝေသင့်ပါသည်။ ထို့အပြင် လောက ကလည်း ကျွန်ုပ်တို့သည် အသွေးအသားနှင့်ဆိုင်သောမိတ်ဆွေ၊ ရည်ရွယ် ချက်၊ အပြစ်နှင့်ဆိုင်သော မိတ်ဆွေထက် (ခရစ်တော်) ၏မိတ် ဆွေပို၍ ဖြစ်လိုကြကြောင်းကို သိမြင်ကြလိမ့်မည်။ (Albert Barnes, Notes on the New Testament, II Corinthians, Baker Book House, ၁၉၈၅၊ စာ- ၁၆၂ )

သူတို့လိုချင်သောအရာကို ကျွန်ုပ်တို့မလိုလားကြောင်းကို လောကကြီးက သိရှိရပေမည်။

Barnes က ကျွန်ုပ်တို့အား “လောကထဲက မိမိကိုယ်ကို သီးခြားဖြစ်စေသင့်ပြီး ဘုရား သခင်၏လူများအလယ်တွင် မိတ်ဆွေကောင်းနှင့် ပျော်ရွှင်မှုကို ရှာဖွေသင့်သည်” ဟု ဆိုထား ပါသည်။ ( ၎င်း )

John Bunyan က ကယ်တင်ခြင်းကိုရှာဖွေသောသူတို့အား နောက်ပြန်ခေါ်ရန် ကြိုး စားအားထုတ်သောသူတို့အား ဤအကြောင်းအရာကို ဤသို့ဆိုပါသည်။

“သင်သည် ပျက်စီးရာမြို့တွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ထိုအရပ်တွင် သေသောသူအများတို့သည် မီးနှင့်ကန့်လောင်သော နေရာသင်္ချိုင်းထက် နိမ့်သောနေရာတွင် နစ်မြှုပ်သွားပေလိမ့်မည်။ နားလည်ထားပါ။ ခရစ်တော်ထံသို့ ကျွန်ုပ်နှင့်အတူ လာပါ။” “အဘယ်သို့နည်း။” (နောက်တော်သို့လိုက်သောသူတို့အား) ထိန့် လန့်စေပါ။ “သင့်မိတ်ဆွေများကို ချန်ရစ်ထားပြီး နှိမ့်သိ်မ့်လိုက်ပါ။” “ထိုသို့အမှန်လုပ်ဆောင်ပါ” ဟု (ခရစ်တော်ကို ရှာသောသူက) ဆို ပါသည်။ “အကြောင်းမှာ သင် (လက်လျှော့) လိုက်သောသူတို့ အားလုံးသည် ရှာနေသောအရာများနှင့်နှိုင်းယှဉ်လျှင် အရာမထင် ပါ။ ထိုက်တန် သူများလည်း မဟုတ်ပါ။ ကျွန်ုပ်ရှာဖွေနေသည်မှာ အပြစ်တရားမဟုတ်၊ ခရစ်တော်ပင်ဖြစ်ပါသည်။” (John Bunyan, Pilgrim’s Progress in Today’s English, Moody Press, ၁၉၆၄၊ စာ- ၁၃- ၁၄ )

သင်သည် လောကထဲမှ ခရစ်တော်ထံ ခေါ်ခြင်းခံရသောသူဖြစ်ပါသည်။ မိတ်ဆွေဖြစ် ခြင်းကို ရပ်တန့်ရန် ငြင်းဆန်ပြီး မြေကြီးပေါ်တွင် စိတ်ပျော်ရာလိုက်ရှာသောသူသည် ခရစ် တော်ထံသို့ လာမည်မဟုတ်ပါ။ သင်သည် တပြိုင်တည်း လားရာနှစ်ခုကို ရှာမရနိူင်ပါ။ “စိတ်နှ ခွရှိသောသူသည် ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်သည်။” (ယာကုပ် ၁း ၈ ) “စိတ် နှခွရှိသောသူသည် ခရစ်တော်ထံသို့ အမှန်တကယ် ရောက်ရှိလာမည်မဟုတ်ပါ။

“ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ် သော အရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားမိန့်တော်မူ၏။” (၂ ကော ၆း ၁၇- ၁၈ ) )

ခရစ်တော်က သင့်အား လောကကို ကိုးစားခြင်းကိုရပ်တန့်ပြီး သူ့အား အားကိုစေချင် နေပါပြီ။ ခေတ်ဟောင်း သံပုံသီချင်းက ဤသို့ဆိုပါသည်။

“သင့်စိတ်နှလုံးကိုပေးပါ၊” လူတို့၏ကယ်တင်ရှင် မိန့်မူသည်၊
   သနားသောစိတ်ဖြင့် အဖန်ဖန် အခါခါ ခေါ်လျက်နေ။
ကျွန်ုပ်အား ကျေးဇူးတော်အားဖြင့် ပတ်စည်းမူသည်၊
   သင့်အတွက် အသေခံသည်မဟုတ်လော၊ သင့်စိတ်နှလုံးကိုပေး။
“သင့်စိတ်နှလုံးကိုပေး၊ သင့်စိတ်နှလုံးကိုပေးပါ၊”
   တီးတိုးပြောသံကြားလား၊ အဘယ်အရပ်တွင်ရှိနေသနည်း။
မှောင်မိုက်ကမ္ဘာထဲက သင့်အား ရွေးနှုတ်တော်မူလိမ့်မည်၊
   နူးညံ့စွာပြောနေသည်၊ “သင့်စိတ်နှလုံး ကျွန်ုပ်အားပေးပါ။”
(“သင့်စိတ်နှလုံးကိုပေးပါ”၊ Eliza E. Hewitt, ၁၈၅၁- ၁၉၂၀ ) )

John Cagan သည် ဆယ်ကျော်သက်အရွယ်ရှိစဉ်အခါက ဆိုးသွင်းသည် အသင်း တော်က ကလေးများကို ချိတ်ဆွဲထားခဲ့သည်။ ကလေးများက ဘုရားကျောင်းသို့လာကြသည်။ သို့သော် ကျွန်ုပ်ဟောပြောချက်ကို ပျက်ရယ်ပြုခဲ့ကြသည်။ ရွံ့ရှာဖွယ်စကားလုံးများဖြင့် ပျက် ယယ်ပြုခဲ့ကြသည်။ သူတို့က လိင်ပိုင်းဆိုင်ရာနှင့်မူးယစ်ဆေးဝါးအကြောင်းကိုသာပြောကြပါ သည်။ သို့ရာတွင် John Cagan က သူတို့သည် မှားယွင်းကြကြောင်းကို စတင်တွေ့ရှိသည်။ သူ့စိတ်နှလုံးသည် အပြစ်ကို သိမြင်လာသည်။ သူ့အပြစ်သည် သူ့အား ငရဲသို့ တွန်းပို့နေ ကြောင်းကို ခံစားလာခဲ့သည်။ နောက်ဆုံးတွင် John သည် ထိုဆိုးသွင်းသောလူငယ်လေးများ အထဲက ထွက်လာခဲ့သည်။ သူတို့ကို ထားရစ်ခဲ့ပြီး သူ့စိတ်နှလုံးကို ခရစ်တော်အား ပေးလိုက် သည်။ သူသည် အသင်းတော်တွင်ရှိကြသော လူငယ်လေးများနှင့် မိတ်ဆွေဖွဲ့သည်။ မကြာမှီ သူသည် ပြောင်းလဲလာခဲ့သည်။ ကျွန်ုပ်၏တရားဒေသနာကို ပျက်ရယ်ပြုသောသူများသည် ကျွန်ုပ်တို့အသင်းတော်ထဲက အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ကြသည်။ သို့ရာတွင် John Cagan သည် ခရစ်တော်ကို ယုံကြည်ကိုးစားသဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်လာ သည်။ သူသည် ကယ်တင်ခြင်းရရှိရုံသာမက သူသည် ကျမ်းစာကျောင်းသို့ရောက်ရှိပြီး ယခု တွင် သင်းအုပ်တစ်ယောက်အနေဖြင့် ရပ်တည်လာပါသည်။ John က တရားဒေသနာဟော ကြားသောအချိန်တွင် သူ့စိတ်နှလုံးသည် အပြစ်ကိုရွံ့မုန်းပြီး ယေရှုကိုချစ်သောစိတ်အပြည့်ရှိ သည်ကို ခံစားနိူင်ကြပါသည်။ ဆိုးသွင်းသောအသင်းတော်ရှိ ကလေးများကို ထားရစ်ခဲ့ပြီး သူ့ အသက်တာတစ်ခုလုံးကို ခရစ်တော်အား ပေးလိုက်ပါသည်။ ယခုတွင် John Cagan သည် ကျွန်ုပ်၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည်ဟု ပြောဖို့ကျေနပ်မိပါသည်။ John နှင့် Julie Sivilay တို့သည် ကျွန်ုပ်တို့မိသားစုနှင့် ညစာအတူစားပြီး ကျွန်ုပ်ကလေးများ၏မွေးနေ့ကို လွန်ခဲ့သော သောကြာညက ကျင်းပခဲ့ကြပါသည်။ ဆိုးသွင်းကလေးများချန်ထားရစ်ခဲ့သောအချိန်တွင် ဘုရားသခင်သည် John အား မိတ်ဆွေသစ်များကို ပေးထားပါသည်။ Aaron Yancy, Jack Ngann, Noah Song နှင့် ဤတရားဟောသူကြီးတို့အား မိတ်ဆွေသစ်များအဖြစ် ပေးထားပါ သည်။ ကျွန်ုပ်တို့သည် John အား မိတ်ဆွေဟု ခေါ်ရသည်ကို နှစ်ထောင်းကြသည်။ အဘယ့် ကြောင့်ဆိုသော် သူသည် ခရစ်တော်၏မိတ်ဆွေတစ်ဦးဖြစ်လာသည်။ ထို့အပြစ် မကောင်း သော “အသင်းတော်ကလေးများ” ၏ မိတ်ဆွေမဟုတ်တော့ပေ။ သူသည် ခရစ်တော်ထံသို့ ရောက်လာသည်။ သူသည် ကျွန်ုပ်တို့ထံသို့လည်း ရောက်လာပါသည်။ သူသည် တစ်နေ့တွင် အသင်းတော်၏ သင်းအုပ်ဆရာဖြစ်လာမည်ဖြစ်သောကြောင့် ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြပါ သည်။ ဆိုးသွင်းသောအသင်းတော်ကလေးများသည် ငရဲထဲတွင် ထာဝရဒုက္ခဝေဒနာခံစားနေ ရသောအချိန်တွင် သူသည် ဤနေရာတွင် တရားဒေသနာကို ဝေငှနေမည်ဖြစ်ပါသည်။

သင်သည် အပြစ်နှင့်ပြည့်နှက်နေသော သင့်မိတ်ဆွေများထံမှ အဝေးသို့ ထွက်ခွါသွား မည်လော။ ဘုရားသခင်၏သားတော်ယေရှုကို ယုံကြည်ကိုးစားမည်လော။ သူ့ထံသို့သွားပြီး အသွေးတော်အားဖြင့် သင့်အပြစ်အလုံးစုံတို့ကို ဆေးကြောခြင်းခံမည်လော။ John Cagan နှင့် ၎င်း၏ဖခင်၊ ကျွန်တော်ကိုယ်တိုင်တို့သည် တရားပလ္လင်ရှေ့တွင် သင့်အကြောင်းကို ဆွေးနွေး လိုကြပါသည်။ “ကျွန်ုပ်စိတ်နှလုံးကို ပေးပါ” ဟူသောတေးသီချင်းကို မစ္စတာ Griffith က သီဆိုနေစဉ်မှာ ရှေ့သို့လာပါ။ သူသီချင်းသီဆိုနေစဉ် လာခဲ့ပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Mr. Noah Song က ဆောင်ရွက်ပါသည်။ ၂ကော ၆း ၁၄- ၁၈
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကိုယ်တော့်စိတ်နှလုံးကိုပေးပါ၊"၊ (Eliza E. Hewitt, ၁၈၅၁-၁၉၂၀) ရေးစပ်သည်။ )


အခှပှေုကမြွး

သူတို့အထဲကထွက်လာပါ အကျဉ်းချုပ်

COME OUT FROM AMONG THEM!

Dr. R. L. Hymers, Jr.

“ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့ သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြု လျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ် မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားမိန့်တော်မူ၏။” ( (၂ ကော ၆း ၁၇- ၁၈ ) )

( ၁ယော ၂း ၁၅၊ ယာကုပ် ၄း ၄၊ ယော ၁၃း ၃၅ )

၁။ ပထမအချက်၊ သီးခြားနေခြင်းသည် အရေးကြီးသည်။ အကြောင်းမှာ သမ္မာကျမ်းစားတစ်ခုလုံးတွင် ထိုအကြောင်းကို သွန်သင်ထားပါသည်။ ကမ္ဘာ ၁၉း ၁၄၊ ၂၆၊ လုကာ ၁၇း ၃၂၊ ၂ ကော ၆း ၁၄။

၂။ ဒုတိယအချက်၊သီးခြားနေခြင်းက လောကနှင့်မိဿဟာရဖွဲ့ခြင်းမှ ကွာ စေပြီး ဒေသန္တာရအသင်းတော်နှင့်မိဿဟာရဖွဲ့စေသည်။ ယော ၁၅း ၁၉၊ ယောဟန် ၁၇း ၆၊ တမန် ၂း ၄၇။

၃။ တတိယအချက်၊ သီးခြားနေခြင်းသည် နှလုံးသား၏အဆုံးအဖြတ်ဖြစ် သည်။ ယာကုပ် ၄း ၄ ၊ ၁း ၈။