Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လူငယ်ဧဝံဂေလိတစ်ဦး၏ ပြောင်းလဲခြင်းတွင် အသုံးပြုထားသော တရားဒေသနာငါးပုဒ်

FIVE SERMONS USED IN THE CONVERSION
OF A YOUNG EVANGELIST
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ( ၉ ) ရက်နေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 9, 2016

“ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိူင်မည်နည်း။” ( (ရောမ ၁၀း ၁၄ ) )


၂၀၀၉ ခုနှစ် ဇွန်လ အတွင်း ကျွန်ုပ်ဟောခဲ့ဖူးသမျှသော တရားဒေသနာထဲတွင် အ ရေးအပါဆုံးသော တရားဒေသနာများကို စုစည်းလိုက်သည်။ ယနေ့နံနက်တွင် သင်တို့အ ပေါင်းကြားရသည့် တရားဒေသနာ ဟောကြားသောလူငယ်လေး၏ပြောင်းလဲခြင်းတွင် ဤတ ရားဒေသနာငါးခုကို ဘုရားသခင် အသုံးပြုတော်မူခဲ့သည်။ ဤသည်တို့မှာ John Samuel Cagan က သူမပြောင်းလဲမှီကြားခဲ့ရသော တရားဒေသနာငါးစောင်လည်းဖြစ်ပါသည်။ John သည် နာမည်ကြီးတရားဟောဆရာကြီးဖြစ်လာမည်ကို သိသောကြောင့် သူ၏ပြောင်းလဲခြင်း တွင် အသုံးတော်ခံခဲ့သောတရားဒေသနာငါးခုတို့သည် ကျွန်ုပ်ဟောခဲ့ဖူးသမျှသောတရားဒေ သနာတွင်တို့ အလွန်ပင် အရေးပါသော တရားဒေသနာများလည်းဖြစ်နိူင်ပါသည်။ ပြောင်းလဲ ဖို့အတွက်တရားဒေသနာဟောကြားခြင်းသည် ယနေ့ခေတ်တွင် အလွန်ပင် ခက်ခဲလွန်းလှ သည်။ သို့သော် တရားဟောခြင်းဟူသည်မှာ အပြစ်သားကိုပြောင်းလဲစေသည့်နည်းလမ်းအ နေဖြင့် ဘုရားသခင်က အဓိက အသုံးပြုထားသောအရာပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက “ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိူင်မည်နည်း” (ရောမ ၁၀း ၁၄) ဟု မိန့်တော်မူခဲ့ သည်။ အောက်တွင်ဖော်ပြထားသောတရားဒေသနာငါးပုဒ်မှာ မပြောင်းလဲခင်က John Cagan ကြားခဲ့သော တရားဒေသနာများဖြစ်ကြပါသည်။ ဤတရားဒေသနာ၏အဆုံးတွင် သက်သေခံ ချက်ကို ဖတ်ရှုရလိမ့်မည်။ သို့သော် ရှေးဦးစွာ မပြောင်းလဲမှီ John ကြားခဲ့ရသောတရားဒေသ နာငါးပုဒ်၏အကျဉ်းချုပ်ကိုဖော်ပြထားပါသည်။ ဤနေ့ညနေတွင် ကျွန်ုပ်ပေးလိုသောအချက်မှာ ထိုတရားဒေသနာငါးပုဒ်၏ခေါင်းစဉ်များပင်ဖြစ်ကြပါသည်။

၁။ ပထမအချက်၊ “ကယ်တင်ခြင်းနှင့်မဝေးသောသူတို့အား ခွန်အားပေးခြင်း” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ တနင်္ဂနွေနေ့တွင် ဟောကြားသည်။)

ထိုတရားဒေသနာ၏ခေါင်းစဉ်မှာ “သင်သည် ဘုရားသခင်၏နိူင်ငံတော်နှင့်မဝေး” (မာ ကု ၁၂း ၃၄) ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤလူ၏စိတ်နှလုံးတွင် အလုပ်လုပ် နေသည်။ ဘုရားသခင်ကိုဆန့်ကျင်သော လူ၏ဆန့်ကျင်ခြင်းအမှုနှင့်ခရစ်တော်အားငြင်းပယ် ခြင်းကို သန့်ရှင်းသောဝိညာဉ် တော်ကသာလျှင် ရိုက်ချိုးပစ်နိူင်သည်။ မပြောင်းလဲသောသူ သည် ဘုရားသခင်ကို ဆန့်ကျင်သဖြင့် ခရစ်တော်၏ရန်သူဖြစ်ပါသည်။ ကျွန်ုပ်အား “ယေရှု သည် လက်ဝါးကပ်တိုင်တွင် အဘယ့်ကြောင့် အသေခံခဲ့ရသနည်း” ဟု မေးသောသူအား ဤသို့ပြောလိုက်သည်။ ဤကောင်းလေးက “ကျွန်ုပ်တို့၏အပြစ်ဒဏ်ကိုပေးဆပ်ရန် ခရစ်တော် သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်” ဟု ပြောသည်ကို ကြားလိုက်သည်နှင့်တူသည်။ ထိုကဲ့သို့ နှစ်ပေါင်းများစွာ ပြောလာသည်ကို ကြားသိရပေမည်။ သို့သော် ၎င်း၏အမှောင်လွှမ်း သောစိတ်နှလုံးသားက လုံးဝလက်မခံခဲ့ပေ။ “ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်ဒဏ်အတွက် ပေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်” ဟူသောစကားလုံးကို အလေးအနက် ထားစဉ်းစားဆင်ခြင်ရပေမည်။ ခရစ်တော်ထံသို့လာရန် ဆီးတားသောအရာကား အဘယ် နည်း။ အခြားသူများပြောမည့်အရာကို ကြောက်ရွံ့နေပါသလား။ သူတို့ပြောစကားကို မေ့လိုက် ပါ။ သင်သည် ငရဲသွားလျှင် သူတို့ပြောစကားသည် အချည်းနှီးဖြစ်ပေမည်။ အပြစ်ထဲကလှည့် ပြန်ပြီး ခရစ်တော်ထံသို့လာပါ။ ငရဲမှလွတ်မြောက်ရန် အခြားလမ်းမရှိပေ။

၂။ ဒုတိယအချက်၊ “ခေတ်သစ်ကယ်လ်ဗင်းဝါဒနှင့်စစ်မှန်သောပြောင်းလဲခြင်း” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ တနင်္ဂနွေနေ့ ညနေတွင် ဟောကြားသည်။)

တရားဒေသနာ၏နောက်ထပ်ကျမ်းပိုဒ်မှာ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အ သစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာ တို့သည် အသစ်ဖြစ်ကြပြီ” (၂ ကော ၅း ၁၇ ) ဖြစ်သည်။ ကျွန်ုပ်ဟောပြောလိုသည်မှာ ကယ်လ်ဗင်းဝါဒမဟုတ်ပါ။ ထိုယုံကြည်ခြင်းက သင့်အား ကယ်တင်မည်မဟုတ်ဟုသာဆိုချင် သည်။ စစ်မှန်သောယုံကြည်ခြင်းတောင်မှ သင့်အား ကယ်တင်မည်မဟုတ်ပါ။ စစ်မှန်သော ဩ ဝါဒတွင်တည်နေခြင်းသည်လည်း ကယ်တင်တော်မမူဟု ဆိုလိုသတည်း။ သင်သည် ကိုယ်ပြု သောအပြစ်ဒုစရိုက်ကို သိမှတ်ရပါမည်။ အပြစ်ဒုစရိုက်ကို ဝန်ခံရပါမည်။ သင်သည် ခရစ်တော် ထံသို့ ကိုယ်တိုင်လာရမည် သို့မဟုတ်လျှင် ငရဲသို့သွားရပေလိမ့်မည်။ သင်သည် အပြစ်ရောဂါ စွဲကပ်သောအချိန်တွင်သာ ခရစ်တော်သည် သင့်အား ကယ်တင်ရန်လိုအပ်သည်ကိုတွေ့မြင်ရ ပါမည်။ သင်၏ဆိုးသွင်းသောစိတ်နှလုံးကို အပြောင်းအလဲလုပ်ဆောင်လိုသောစိတ်နှလုံးမရှိ လျှင်၊ ပြောင်းလဲလာမည်မဟုတ်ပါ။ အပြစ်နှင့်ပြည့်နေသောနှလုံးသားအတွက် ရှက်မိခြင်းအ လျဉ်းမရှိပေဘူးလား။ သင့်အား ဒုက္ခမရောက်စေလိုပါ။ ပြောင်းလဲရန်မျှော်လင့်မထားလျှင် ရှိပါ စေလေ။ သင်သည် အပြစ်နှင့်ပြည့်နေသောနှလုံးသားရှိလျှင် ထိုအရာကို ခရစ်တော်၏အသွေး တော်အားဖြင့်ဆေးကြောရန် အလွန်ပင် အရေးကြီးလှပါသည်။ Spurgeon က “ထာဝရအ သက်က စစ်မှန်သောအပြောင်းအလဲကိုဖြစ်စေသည်” ဟု ဆိုပါသည်။ စစ်မှန်သောအပြောင်း အလဲသည် ပျောက်ဆုံးသောအပြစ်သားက မိမိအပြစ်ကိုသိမြင်ပြီး ထိုအပြစ်ကို ရွံမုန်းသောအ ချိန်တွင်ဖြစ်သည်။

ထို Spurgeon ၏ တရားဒေသနာစာပိုဒ်ကို ကိုးကားထားပါသည်။ ထိုဒေသနာမှာ “ပြောင်းလဲခြင်းသည် အမှန်တကယ် လိုအပ်ပါသလား” ဖြစ်သည်။ Spurgeon က ဤသို့ဆိုပါ သည်။

စစ်မှန်သောပြောင်းလဲခြင်းတွင် မရှိမဖြစ်သဘောတူလက်ခံရမည့် အချက်လေးချက်ရှိပါသည်။ အပြစ်ကိုဝန်ခံခြင်း၊ ယေရှုခရစ်၏အ ပြစ်ခွင့်လွှတ်ခြင်းကို မျှော်ကြည်ခြင်း၊ စိတ်နှလုံးအမှန်တကယ် ပြောင်းလဲခြင်း၊ ထိုသို့သောအရာများက ဘဝတစ်ခုလုံးကို အကျိုး သက်ရောက်စေပါသည်။ဤမရှိမဖြစ်လိုအပ်သောအချက်များမ တွေ့ရှိရသောနေရာတွင် စစ်မှန်သော ပြောင်းလဲခြင်းဟူသည်မှာ လည်း လုံးဝမရှိပေ။ (C. H. Spurgeon, “စစ်မှန်သောပြောင်းလဲ ခြင်း အမှန်တကယ်လိုအပ်မှုရှိပါသလား”၊ Metropolitan Tabernacle Pulpit, Pilgrim Publications, ၁၉၇၁၊ အတွဲ ၂၀၊ စာ- ၃၉၈ )

၃။ တတိယအချက်၊ “ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာ” (၂၀၀၉ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ နံနက် ဟောပြောခြင်းဖြစ်သည်။)

အခြေပြုကျမ်းချက်မှာ “အစာရှောင်ဆုတောင်းခြင်းမှတပါး ဤသို့သောနတ်မျိုးသည် မထွက်နိူင်ပါ။” (မာကု ၉း ၂၉ ) ဖြစ်သည်။ “နှင့်အစာရှောင်ဆုတောင်းခြင်း” ဟူသောစကားလုံး ကို နိူးစတတ်ကူးယူသောသူများက ကူးယူထားသည့်မူးရင်းစားနှစ်စောင်က ဤစကားလုံးနှစ် လုံးကို ချန်လှစ်ထားကြသောကြောင့် ဖယ်ရှားကြခြင်းဖြစ်ပါသည်။ထို့အချက်က ယနေ့ခေတ် အသင်းတော်များအသုံးပြုနေသောကျမ်းစာကို အားနည်းစေပါသည်။ သို့သော် ရှေးဟောင်း ကျမ်းစာတွင်မူ “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်း” နှစ်လုံးစလုံး ပါဝင်ပါသည်။ တရုတ်ကျမ်း စာအုပ်တွင် ထိုနှစ်လုံးစလုံးပါဝင်ပါသည်။ ၎င်းမှာ သူတို့သည် နိူးထမှုကို အမြဲတမ်းတွေ့နေရ သည့် အကြောင်းတရားတစ်ခုဖြစ်ပါသည်။ သို့ရာတွင် အနောက်နိူင်ငံများတွင် ခေတ်သစ်ဘာ သာပြန်ကျမ်းများက ထိုစကားလုံးတို့ကို ချန်လှစ်ထားကြသည်ဖြစ်၍ နိူးထမှုကို တွေ့ရန် အ လွန်ပင် ခဲယဉ်းလှပါသည်။ ကျွန်ုပ်တို့သည် အသင်းတော်တွင်ရှိသောလူငယ်များ ပြောင်းလဲ လာကြစေရန် ဆုတောင်းခြင်း၊နှင့်အစာရှောင်ခြင်းများကို များစွာ လုပ်ဆောင်ရပါမည်။ ကျွန်ုပ် တို့သည် သူတို့အပြစ်ကိုသိစေရန်၊ နောင်တရရန်၊ နှင့် ကယ်တင်ရှင်နှင့်တွေ့ပြီး စစ်မှန်သော ပြောင်းလဲခြင်းကို ရရှိနိူင်ကြရန် အစာရှောင်ဆုတောင်းပေးရမည်။ အသွေးတော်အားဖြင့် ဆေး ကြောခြင်းကို ခံကြရပါမည်။ တရားဒေသနာကို “မိုးပွင့်ထက်ဖြူ၍” ဟူသော တေးသီချင်းဖြင့် အဆုံးသတ်ကြပါသည်။ ထိုတေးသီချင်းက “သခင်ယေရှုဘုရား၊ သည်းခံခွင့်လွှတ်မူပါ၊ ယခု လာ၍၊ စိတ်နှလုံးသစ်ကိုပေးမူပါ” ဟု ဆိုပါသည်။ သို့သော် အသင်းတော်တွင်ရှိသော ခရစ် ယာန်များသည် အစာရှောင်လျက်ဆုတောင်းကြပါသည်။ John Cagan က အစာရှောင်ဆု တောင်းခြင်းအစီအစဉ်ကို ပြန်လည်စေလွှတ်စတင်ခဲ့ပါသည်။ သူကယ်တင်ခြင်းရရှိဖို့ရန် မိဘ များက သူ့အတွက် အစာရှောင်ဆုတောင်းပေးကြသော်လည်း ထိုအရာက ဒေါသမီးပွါးစေပါ၏။

၄။ စတုတ္ထအချက်၊ “ဩတ္တပစိတ်နှင့်ပြောင်းလဲခြင်း” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေညနေပိုင်းတွင် ဟောကြားသည်။)

နောက်ထပ် အခြေပြုကျမ်းပိုဒ်မှာ “ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေ ခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိ တို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကိုထင်ရှားစွာပြကြ၏”(ရောမ ၂း ၁၅ ) ဖြစ် သည်။ ကိုယ်ကိုကိုယ်သိသောစိတ်သည် မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာစီရင်ဖို့ တန်ခိုးဖြင့်တည် ဆောက်ထားပါသည်။ မိမိတို့လုပ်ဆောင်ချက်၊ အကြံအစည်၊ နှင့်အစီအစဉ်များကို လုပ် ဆောင်သောအရာမှားယွင်းသဖြင့် ဒုက္ခခံရန်ထိုက်တန်ကြောင်း ပြောဆိုခြင်းဖြင့် သက်သေပြ သည်၊ သို့မဟုတ် စိတ်ပျက်စေသည်။ အာဒံသည် အပြစ်ကိုပြုသောကြောင့် ၎င်း၏ဩတ္တပစိတ် ကို ပျက်စီးစေသည်။ သို့ဖြစ်သောကြောင့် အပြစ်အတွက် ဆင်ခြေအမျိုးမျိုးကို ပေးထားသည်။ ဤဩတ္တပစိတ်သည် လူသားမျိုးနွယ်ဆီသို့စီးဆင်သည်ဟူသော သက်သေပြချက်သည် ၎င်း တို့၏ပထမသားငယ် ကာဣနသည် ၎င်း၏ညီ အာဗေလအား သတ်ဖြတ်ပြီး အပြစ်ကိုသိမြင် ခြင်းနှင့်အပြစ်အတွက် ဆင်ခြေပေးသည်ဟူသော အချက်ပင်ဖြစ်ပါသည်။ လူတစ်ဦးသည် အ ပြစ်ပြုလေလေ၊ ဩတ္တပစိတ်မကြည်လင်လေလေဖြစ်သည်။ လူတို့သည် “ဩတ္တပစိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မိသာစကားကို ပြောတတ်သည်” ( ၁ တိ ၄း ၂ ) ဆိုလျက် အပြစ် ကို ပို၍ ပို၍ ပြစ်မှားခြင်းအားဖြင့် ၎င်းတို့၏ဩတ္တပစိတ်ကို ခြောက်သွေ့စေကြသည်။ ကျွန်ုပ်တို့ အသင်းတော်တွင်ရှိသော လူငယ်များအား သူတို့သည် ၎င်းတို့၏မိခင်များအား မုသာပြောခြင်း၊ ကောင်းတွင် ခိုးခြင်းဝှက်ခြင်း၊ ပစ္စည်းများခိုးဝှက်ခြင်းဖြင့် ၎င်းတို့၏ဩတ္တပစိတ်ကို ခြောက်သွေ့ စေကြပြီး ဩတ္တပစိတ်ကို ထပ်ခါထပ်ခါခြောက်သွေ့စေခြင်းဖြင့် အပြစ်ကို ကြီးစေကြသည်။ ထို အကြောင်းအရာကိုမူ အသင်းတော်တွင် ဖော်ပြပြောဆိုလိုခြင်းမရှိပါ။ သူတို့ကို သင်တို့သိကြပါ တယ်။ အပြစ်ရှိသည်ဟု ခံစားရခြင်းမှာ လွယ်ကူသောအရာတော့မဟုတ်ပါ။ အကြောင်းမှာ သင်တို့သည် ထပ်ခါထပ်ခါ အပြစ်ကိုပြုနေကြသည်။ ထပ်ခါထပ်ခါ အပြစ်ကိုပြုခြင်းအားဖြင့် ဘုရားသခင်အား ပြက်ယယ်ပြုနေကြပါသည်။ သင့်ကိုအကူအညီပေးရန် အဘယ်အရာကို လုပ်ဆောင်ရမည်နည်း။ သိမှတ်ထားသည်ထက် ဩတ္တပစိတ်လောင်ကျွမ်းနေသည်မှာ သင် သာလျှင်ဖြစ်ပါသည်။ ငါသည် သင့်ကို သနားမိသည်။ သင်သည် ပျက်စီးနေသောသတ္တဝါဖြစ် သည်။ အနာဂတ်မရှိ။ မျှော်လင့်ချက်လည်း မရှိပါ။ သနားမိပါသည်။ သင်သည် ပျက်စီးနေပြီး သားဖြစ်သောကြောင့် ကျွန်ုပ်လည်း အကူအညီမပေးနိူင်ပါ။ ယေရှုက “မယုံကြည်သောသူမူ ကား အပြစ်စီရင်ခြင်းကိုခံရ၏” (ယောဟန် ၃း ၁၈ ) ဟု ဖော်ပြထားပါသည်။ သင်သည် ထိုအ ရပ်တွင် ယခုရှိနေသည်အတိုင်း ငရဲသွားရမည်ဖြစ်သည်။ ကျွန်ုပ်ပြောနိူင်သည်လည်းမရှိ။ လုပ် ဆောင်နိူင်သောအရာလည်း မရှိပါ။ ဘုရားသခင်ကသာလျှင် သင့်အပြစ်ကို ဖော်ပြနိူင်ပါသည်။ သူသည် သင့်အား အရင်က အပြစ်ကိုမြင်စေလျှင်၊ သင့်အား တဖန် အပြစ်ကိုမြင်စေမည်ဟု အာမခံချက် မပေးပါ။ အရင်က အပြစ်ကိုဖော်ပြခြင်းခံရသောသူသည် နောက်တဖန် ဘုရား သခင်၏ဝိညာဉ်တော်က အလုပ်လုပ်လျက်မရှိပါ။ မိုက်မဲသောအမှုအရာအလုံးစုံတို့ကိုလုပ် ဆောင်ပြီးနောက်တွင် သင်သည် အပြစ်ကိုဖော်ပြခြင်းနှင့်မထိုက်တန်တော့ပါ။ အပြစ်ဖော်ပြ ခြင်းကို ဆုံးရှုံးလျှင် ဘုရားသခင်က နောက်တဖန် လုံး၀ပြန်ပေးမည်မဟုတ်ပါ။ သူတောင်းစား ကဲ့သို့ ဘုရားသခင်ထံသို့လာပါ။ နှိမ့်ချလျက်လာပါ။ ဘုရားသခင်သည် အဘယ်အရာကိုမျှ အ ကြွေးမထားသည်ကို သိလျက် လာပါ။ သင်သည် နှစ်ပေါင်းများစွာ သင့်စိတ်နှလုံး၌ သူ့မျက် နှာကို ထွေးလိုက်ပြီ။ ထိုအကြောင်းကို ဆင်ခြင်ကြည့်ပါ။ သင့်အပြုအမူအားဖြင့် ခရစ်တော်၏ မျက်နှာကို ထံတွေးဖြင့် ထွေးလိုက်ပြီ။ ခရစ်တော်သည် သင့်အား အဘယ်အကြွေးမျှမတင်ပါ။ အမျက်တော်၊ ပြစ်ဒဏ်နှင့် ငရဲမီးသာလျှင် အကြွေးတင်ပါသည်။ သင်က “ဘုရားသခင်က ငရဲ မီးမှတပါး ငါ့အား အဘယ်အကြွေးမျှမတင်စေသည်မှာ မှန်ပါသည်။ ငါသည် အဘယ်အရာနှင့် မျှ မထိုက်တန်ပါ” ဟု ထင်ကောင်းထင်နိူင်သည်။ ထို့နောက် သင်သည် ထိုသို့ဆင်ခြင်ကြည့် လျှင် သင်သည် ယေရှုထံသို့လာ၍ ခြေထောက်ကိုအနမ်းပေးလိုက်သော မိန်းမကြီးကဲ့သို့ ယေရှုထံသို့လာရန် တိုက်တွန်းလိုက်ပါသည်။ သင်သည် John Bunyan, Whitefield တို့လုပ် ဆောင်ခဲ့သကဲ့သို့ စိတ်ပျက်အားငယ်သောပိုးကောင်းအတိုင်း ငိုကြွေးမြည်တမ်းလျက် ခရစ် တော်ထံသို့လာပါ။ သူသည် သင့်အား သနားကောင်း သနားပေလိမ့်မည်။ ကျွန်ုပ်က “ဖြစ် ကောင်းဖြစ်နိူင်သည်” ဟုသာ ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် သင်ပြောင်းလဲရမည့်အ ချိန်သည် ကုန်လွန်ခဲ့ပြီ။ သင်သည် ကျေးဇူးတော်နေ့ရက်ကာလတွင် အပြစ်ကျူးလွန်သည် လည်းဖြစ်နိူင်ပါသည်။ လာ၍ ခရစ်တော်ထံငိုကြွေးလိုက်ပါ။ သူအမှန်တကယ် လုပ်ဆောင်ပေး မည်ဟု အာမခံချက်မရှိသော်လည်း သင့်အမှုကိစ္စတွင် အခြားသောအခွင့်အရေးကို ပေး ကောင်း ပေးနိူင်ပါသေးသည်။ တရားပလ္လင်ရှေ့တွင် အရောက် လှမ်းလာပါ။ ဒူးထောက်ပြီး သနားခြင်းကရုဏာအတွက် ငိုကြွေးပါ။ ခရစ်တော်က သင့်အား နားညောင်းပြီး အသွေးတော် အားဖြင့် သင့်အပြစ်ဆေးကြောရန် အခြားအခွင့်ထူးများကို ပေးကောင်းပေးနိူင်ပါသည်။ သူ၏ အသွေးတော်ကသာလျှင် “သေသောသူအဖြစ်မှ အသက်ရှင် သောဘုရားသခင်အား အစေခံ သောသအဖြစ်သို့ သင်၏ကိုယ်ကိုသိသောစိတ်ကို ဆေးကြော ပေးမူမည်။” (ဟေ ဗြဲ ၉း ၁၄)

၅။ ပဥ္စမအချက်၊ “အရိုးခြောက်များရှိသောချိုင်းဝှမ်း” (John Cagan ပြောင်းလဲသည့် နံနက် ၂၀၀၉ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ဟော ကြားခဲ့သည်။) Fifth, “The Valley of Dry Bones” (I preached this the morning John Cagan was converted, June 21, 2009).

အခြေပြုကျမ်းပိုဒ်မှာ “ဤခြောက်သွေ့သောအရိုးတို့အား အရှင်ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည် သင်တို့အထဲက အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရကြ မည်” (ယေဇကျေလ ၃၇း ၅ ) ဖြစ်သည်။ John သည် ဤတရားဒေသနာအားဖြင့် ပြောင်းလဲ မည်ဟု မထင်မိပါ။ သူသည် ၎င်းကို အမှန်တကယ် နားထောင်နေမည်ဟုလည်း မထင်မိပါ။ သူပြောင်းလဲသည့်အချိန်တွင် ဘုရားသခင်အသုံးပြုထားသည့် ပထမလေးခုတွင် တစ်ခုဖြစ် သည်။ John ၏သက်သေခံချက် ကို ဖတ်ရှုသောအချိန်တွင် ၎င်းတွင် သင်တို့တွေ့ရှိကြ လိမ့်မည်။ သူသည် ကျွန်ုပ်ကို မခန့်မ လေးလုပ်ပါသည်။ တကယ်တော့ သူသည် ကျွန်ုပ်ကို မုန်းနေပါသည်။ ဤတရားဒေသနာကို ဟောပြောသည့်အချိန်တွင်လည်း သူက “နားမထောင် ဘဲ ငြင်းပယ်ရန် ကြိုးစားအားထုတ်နေပါသည်။ တရားဒေသနာပြီးဖို့ အချိန်ကိုသာ တွက်ချက် နေရသည်။ သို့သော် သင်းအုပ်က ဆက်လက်ပြီးဟောနေတယ်” ဟုဆိုထားသည်။ ထိုအ ကြောင်းကြောင့်သာလျှင် သူသည် ထိုနေ့နံနက်က ကျွန်ုပ်ဟောသောတရားဒေသနာတွင် ထည့်သွင်းပြောဆိုထားသောအကြောင်းအရာကို ဖော်ပြထားခြင်းမပြုလုပ်ပါ။ တစ်ခုမျှ ဖော်ပြမ ထားပါ။ John က “ခေါ်ဖိတ်ခြင်းကိုပြုသည့် အချိန်တွင်လည်း ငြင်းပယ်ခဲ့ပါသည်” ဟုဆိုပါ သည်။ သူက “သင်းအုပ်က ငါ့ကို စည်းရုံးတယ်၊ ခရစ်တော်ထံလာဖို့လည်းပြောတယ်၊ ဒါပေမယ့် ငါမလာချင်ဘူး” ဟု ပြောလိုက်သည်။

ထိုအရာသည် အလွန်ပင် အရေးကြီးလှပါသည်။ အကြောင်းမှာ ၎င်းမှာ ယခုတွင် သင် တို့တွင် အချို့တို့က ခံစားနေရသောအရာဖြစ်ပါသည်။ သင်တို့သည် ကျွန်ုပ်အား မထီလေးစား လုပ်နေကြပါသည်။ သင်တို့သည် ကျွန်ု္ပ်အား မနှစ်သက်ကြပေ။ ကျွန်ုပ်စကားကို နားမထောင် လိုကြပေ။

ထိုနေ့နံနက်တွင် John ၏အသက်တာတွင်လည်း ဖြစ်ပျက်သောအရာရှိခဲ့ပါသည်။ ကျွန်ုပ်သည် ဖုန်းစာအုပ်ထဲတွင် စာအချို့ကို ဖတ်ရှုနိူင်ပါသည်။ သူသည် အမှန်တကယ် ပြောင်းလဲနိူင်ခဲ့ပါသည်။ ကျွန်ုပ် ဘာများပြောသလဲ။ သင်တို့၏အရင်ကတရားဒေသနာလေးခု က ကျွန်ုပ်စိတ်နှလုံးနှင့် ကိုယ်ကိုသိသောစိတ်ကို ဖောက်ထွင်းလိုက်ပါသည်။ ဘုရားသခင် ကိုယ်တိုင်သည် ထိုတရားဒေသနာများနှင့်အခြားတရားဒေသနာသုံးပုဒ်က သူ့အပြစ်အ ကြောင်းကို စဉ်းစားဆင်ခြင်လာစေသည်။ သူ၏ရုန်းကန်မှုသည် ကျွန်ုပ်အား ဆန့်ကျင်ခြင်းမ ဟုတ်သည်ကို သူသိပါသည်။ သူသည် ဘုရားသခင်နှင့်ရုန်းကန်နေရသည်ကိုလည်း သူကိုယ် တိုင်သိခဲ့သည်။ ယခုတွင် သူ၏သက်သေခံချက်ကိုနားထောင်လျှင် John ၏ ပြောင်းလဲခြင်း တွင် ကျွန်ု္ပ်သည်လည်း အနည်းငယ်သောအမှုကိုသာလုပ်ဆောင်ကြောင်းကို သင်တို့သည် မြင်ကြရလိမ့်မည်။ ပထမတရားဒေသနာလေးပုဒ်သည် သူ့အပြစ်ကိုသိမြင်စေရန်မှာ ဘုရား သခင်၏လုပ်ဆောင်ချက်ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် အသက်ဆယ့်ငါးနှစ်အရွက် ကောင်လေးတစ်ယောက် မိမိအပြစ်ကိုသိမြင်လာရန် အလုပ်လုပ်ဆောင်နေသူမှာ ဘုရားသ ခင်သာလျှင် ဖြစ်ပါသည်။ သူ့အား “ခရစ်တော်ထံသို့ မောင်းနှင့်သူ” သည်လည်း ဘုရားသခင် သာလျှင်ဖြစ်ပါသည်။ ကျွန်ုပ်လုံးဝမဟုတ်ပါ။ “ဟောပြောသောသူမရှိလျှင် အဘယ်သူကြားနိူင် မည်နည်း” ဟူသည်မှာ မှန်ကန်ပါသည်။ သို့သော် အပြစ်သားပြောင်းလဲလာစေရန် ဟောပြော သူ၏တရားဒေသနာကိုအသုံးပြုသူမှာ ဘုရားသခင်သာလျှင် ဖြစ်ပါသည်။ ပရောဖက် ယောန ဟောပြောသကဲ့သို့ “ကယ်တင်ခြင်းသည် ဘုရားသခင်၏အမှုဖြစ်သည်။” (ယောန ၂း ၉ ) ကျွန်ုပ်သည် John Samuel Cagan ၏ ပြောင်းလဲခြင်းအကြောင်းသက်သေခံချက်အပြည့်အစုံ ကို ဖတ်ရှုခဲ့ကြသည်ဖြစ်၍ ထိုအကြောင်းကို ယခုတွင် ဆင်ခြင်နှလုံးသွင်းပါ။

ကျွန်ုပ်၏သက်သေခံချက်
၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့
John Samuel Cagan

     ကျွန်ုပ်ပြောင်းလဲသည့်အချိန်ကို မှတ်မိနေသေးသည်။ ခရစ်တော်က အဘယ်မျှ လောက် ကွာခြားစေသည်ဟူသောအရာမှာ အံ့ဩစရာပင်ဖြစ်ပါသည်။ ကျွန်ုပ်မ ပြောင်းလဲခင်လေးတွင် ကျွန်ုပ်သည် အလွန်ပင်အမျက်ထွက်တတ်သည်။ အမုန်းအ ငြိုးထားတတ်သည်။ အပြစ်ထဲတွင် မာန်မာနကို သယ်ဆောင်နေရသည်။ လူတို့အား နာကျင်စေသည်။ ဘုရားသခင်အား မုန်းသောသူတို့နှင့်ပူးပေါင်းသည်။ အပြစ်ဟူ သည်မှာ ကျွန်ုပ်အတွက် ပူဆွေးဝမ်းနည်းစရာ “အမှား” မဟုတ်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို ထိုလမ်းတွင် ရည်ရွယ်ချက်ရှိရှိ ထားလိုက်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်လုံးဝမစဉ်းစားမိသော နည်းလမ်းအားဖြင့် အလုပ်လုပ်ဆောင်တော်မူခဲ့ပါ သည်။ မပြောင်းလဲမှီ ရက်သတ္တပတ်များစွာတွင် သေလုမျှောပါးအထိ ခံစားနေရ သည်။ မအိပ် စက်နိူင်ပါ။ မပြုံးနိူင်ပါ။ ငြိမ်သက်ခြင်းလည်း ရှာမတွေ့နိူင်ပါ။ ကျွန်ုပ် တို့အသင်းတော်တွင် ဧဝံဂေလိအစီအစဉ်ရှိပြီး ကျွန်ုပ်၏ သင်းအုပ်နှင့်ဖခင်အား လေး စားမှုမရှိသကဲ့သို့ သူတို့ကို ပြစ် တင်ရှုတ်ချသည်ကို သတိရမိသေးသည်။
     ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အပြစ်များကို သိမြင် လာစေသည်။ ကျွန်ုပ်ဘဝတစ်ခုလုံးတွင် ဘုရားသခင်နှင့်ပြောင်းလဲခြင်းနှင့်ပါတ်သက် ပြီး တွေးတောခဲ့သမျှတို့ကို ငြင်းပယ်ထားပါသည်။ ထိုအကြောင်းအရာကို ဆင်ခြင် ရန် ငြင်းဆိုခဲ့ပါသည်။ သို့သော် နာကျင်စွာ ခံစားနေရမှုကို မရပ်တန့်နိူင်ပါ။ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန်ပင် ပင်ပန်းနွမ်းနယ် နေသည်။ လုံး၀မောပန်းနွမ်းနယ်နေသည်။ မိမိကိုယ်ကို မုန်းတီးလာသည်။ အပြစ်ကို မုန်းတီးလာသည်။ အဘယ်သို့ခံစားစေသည်ကို သိသည်။
     ဒေါက်တာ Hymers တရားဒေသနာဟောကြားစဉ်တွင် ကျွန်ုပ်၏မာန်မာနသည် ၎င်းကို ငြင်းပယ်ရန်၊ နားမထောင်ရန် ကြိုးစားသည်။ သို့သော် သူဟောပြောသော အရာသည် စိတ်ဝိညာဉ်ထဲတွင် ကျွန်ု္ပ်ခံစားနေရသော အပြစ်နှင့်ပါတ်သက်သည် အကြောင်းကို ဟောပြော သည်။ တရားဒေသနာပြီးဖို့ စက္ကန့်ကိုသာရေးတွက် နေရ သည်။ သို့သော် တရားဟောဆရာက ဆက်လက်ဟောပြောနေသည်။ ကျွန်ုပ်အပြစ် သည် အဆုံးမသတ်နိူင်ဘဲ ပို၍ ပို၍ ဆိုးသွင်းလာ ခဲ့သည်။ ကျွန်ုပ်မဆီးတား နိုင်တော့ပါ။ ကျွန်ုပ်ပြောင်းလဲရန်ဖြစ်လာသည်။ ခေါ်ဖိတ်ချက်ကို လုပ် ဆောင်ထား သော်လည်း ကျွန်ုပ်တွန်းလှန်ထားပါသည်။ သို့ရာတွင် အချိန်မရပါ။ ကျွန်ုပ်သည် အဆိုးဆုံးသောအပြစ်သားဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်အား အပြစ်စီရင်ဖို့ အလွန်တရာမှ ဖြောင့်မတ်သောသူဖြစ်ကြောင်း သိရှိခဲ့ပါသည်။ ကျွန်ုပ်သည် ပင်ပင် ပန်းပန်း ရုန်းကန်နေရပါသည်။ လုပ်ဆောင်သမျှတွင် မောပန်းခြင်းသာ အဖတ် တင်သည်။ သင်းအုပ်က ကျွန်ုပ်အား အကြံတွေပေးသည်။ ခရစ်တော်ထံသို့ လာရန်လည်းပြောခဲ့သေးသည်။ သို့သော် ကျွန်ုပ်မသွား လိုပါ။ ကျွန်ုပ်အပြစ်အလုံးစုံ ထင်ထင်ရှားရှားရှိလာသောလည်း ယေရှုကို လက်ခံခြင်းမရှိသေး ပါ။ ကျွန်ုပ်သည် ကယ်တင်ခြင်းသို့မဟုတ်ဘဲ ငရဲသွားရမယ်ဆိုရင် ဤအချိန်ကာလများသည် ကျွန်ုပ်အ တွက် ဆိုးဆုံးသောနေ့ရက်ကာလတွေ ဖြစ်န်ိူင်ပါသည်။ ကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ရန် “ကြိုးစားအားထုတ်” ပါသည်။ ခရစ်တော်ကို ကိုးစားရန်လည်း “ကြိုးစားအားထုတ်” ပါသည်။ သို့ရာတွင် မဖြစ်နိူင်ပါ။ ခရစ်တော်ထံသို့သွားရန် မိမိကိုယ်ကို ဆန္ဒလုံးဝမရှိခဲ့ပါ။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ယောက်ဖြစ်လာရန် ကြိုး စားအားထုတ်ခြင်းမရှိပါ။ မျှော်လင့်ချက်မဲ့ သောအခြေအနေတွင်သာ ရှိနေပါသည်။ ကျွန်ုပ်အပြစ်များက ငရဲတွင် အပြစ်ပေးသည်ဟုသာ ခံစားနေရပါသည်။ သို့သော် ကျွန်ုပ်၏ခေါင်းမာခြင်းက ကျွန်ုပ်မျက်ရည်များကို အဝေးသို့လွင့်စင် စေပါသည်။ ဤတိုက်ခိုက်မှုတွင် ကျွန်ုပ်သည် မိမိကိုယ်ကို မာန်တက်နေလေသည်။
     ရုတ်တရက်ပင် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဟောပြောခဲ့သော တရား ဒေသ နာ “ခရစ်တော်ထံဆက်ကပ်ပါ၊ ခရစ်တော်ထံဆက်ကပ်ပါ” သည် ကျွန်ုပ်စိတ်ထဲသို့ ဝင်ရောက်လာပါသည်။ ယေရှုထံလက်မြှောက်အရှုံးပေးပြီး သွားရမည်ဟူသော အ တွေး အခေါ်သည် ကျွန်ုပ် အား အလွန် ညှင်းပန်းနေသလိုမျိုးဖြစ်သည်။ ယေရှုသည် ကျွန်ု္ပ်အား အသက်ကိုပေးသည်။ စစ်မှန်သောယေရှုသည် ကျွန်ုပ်က ရန်သူ အဖြစ်ရှိ နေစဉ်အခါက ကျွန်ုပ်အတွက် လက်ဝါးကပ် တိုင်တွင် အသေခံတော်မူခဲ့သည်။ ငါသည် သူ၌ အပ်နှံခြင်းမရှိခဲ့ပါ။ ထိုအချက်က ကျွန်ုပ်အား ကျိုးပဲ့စေသည်။ အားလုံး ကို သူ့အလိုအလျောက်ဖြစ်လာရန် ခွင့်ပေးလိုက်ရသည်။ မိမိကိုယ်ကို ရေရှည် ထိန်းထားနိူင်ခြင်းမရှိပါ။ ယေရှုကို အမှန်တကယ် လက်ခံရပါမည်။ထိုအချိန်တွင် ယေရှုထံဆက်ကပ်ပြီး ယုံကြည်ခြင်းဖြင့် လာခဲ့သည်။ ထိုအချိန်တွင် မိမိကိုယ်ကို သေစေသည့် အချိန်ကာလကဲ့သို့ဖြစ်လာပါသည်။ ခရစ်တော်သည် မိမိအသက်ကို ကျွန်ုပ်အားပေးထားသည်။ အပြုအမူ သို့မဟုတ် လုပ်ဆောင်ချက်သည် ကျွန်ုပ်စိတ် ထဲတွင် မရှိသော်လည်း စိတ်နှလုံးသား ထဲတွင် ရှိနေပါသည်။ ရိုးစင်းစွာ ခရစ်တော်၌ နားနေပါသည်။ သူသည် ကျွန်ုပ်အား ကယ်တင် ပေးထားသည်။ အသွေးတော် အားဖြင့် အပြစ်ကိုဆေးကြောပေးပါသည်။ ထိုအချိန်တွင် ခရစ်တော်အား တွန်းလှန် ခြင်းကို ကျွန်ုပ်ရပ်တန့်သွားပါသည်။ ကျွန်ုပ်လုပ်ဆောင်သောအရာသည် ခရစ်တော် ကို ကိုးစားရန် ဟူသည်မှာ ထင်ရှားနေပါသည်။ ကျွန်ု္ပ်အား ရပ်တန့်စေသည်မှာ ခရစ် တော်သာဖြစ်ကြောင်း တိကျသေချာသော ဥပမာကို သတိရနိူင်ပါသည်။ ယေရှုထံ အပ်နှံ ရမည်။ ထိုအချိန်တွင် ကိုယ်ကာယခံစားချက် သို့မဟုတ် ချုပ်နှောင်သော အလင်းမရှိ။ ခံစားချက်မလိုအပ်ပါ။ ခရစ်တော်ကို ပိုင်ဆိုင်ရထားပြီဖြစ်သည်။ သို့သော် ခရစ်တော်ကိုအားကိုးခြင်းတွင် ကျွန်ုပ်အပြစ်သည် စိတ်ဝိညာဉ်ကို အောက်သို့ဆွဲချ သကဲ့သို့ဖြစ်သည်။ အပြစ်ထဲက ရုန်းထွက်ပြီး ယေရှုကိုသာမျှော်ကြည့်ပါသည်။ ယေရှုသည် ကျွန်ုပ်အား ကယ်တင်ခြင်းကိုပေးထား သည်။
     ကောင်းသောအသင်းတော်တွင် အသက်ရှင်လာပြီး ဘုရားသခင်အား ဆန့်ကျင် ထွက်သွားသော အငယ်ဆုံးနှင့်ထိုက်တန်သောအပြစ်သားကို အပြစ်ခွင့်လွှတ်ရန် အ ဘယ်မျှလောက် သောချစ်မေတ္တာကို ပိုင်ဆိုင်ထားပါသနည်း။ စကားလုံးများသည် ကျွန်ု္ပ်ပြောင်းလဲခြင်းဆုံးဖြတ် ချက်တိုတိုတုတ်တုတ်အတွင် ကျလာဟန်ရှိပါသည်။ ခရစ်တော်သည် ကျွန်ုပ်အား အသက်ကို ပေးပါသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်သည် သူ့ထံသို့ ပြန်လည်ဆက်ကပ်ရပါသည်။ ယေရှုသည် သူ့ပလ္လင်ကို ကား တိုင်တွင် ဆက်ကပ်ခဲ့ပြီး ကျွန်ုပ်၏ကယ်တင်ခြင်းအတွက် ပျက်ရယ်ပြုခြင်းကို ခံခဲ့ ရသည်။ သူ့မေတ္တာနှင့်ကရုဏာတော်ကို အဘယ်သို့ ဖော်ပြန်ိူင်မည်နည်း။ ယေရှုက ကျွန်ုပ်၏အမျက်ဒေါသနှင့် မုန်းတီးခြင်းများကို အဝေးသို့လွင့်စင်စေပြီး ၎င်းအစား ချစ်ခြင်းမေတ္တာကို ပေးထားသည်။ အသစ်သောအရာထက် များသောအရာကို ပေး သည်။ အသစ်သောအသက်တာကိုလည်း ပေးသည်။ ယေရှုသည် ကျွန်ုပ်အပြစ်ရှိ သမျှကိုဆေးကြောသည်မှာ ယေရှုသာလျှင်ဖြစ်ပါသည်။ ၎င်းနှင့်ပတ်သက်ပြီး သက် သေပြရန်မှာ အဘယ်သို့ဖြစ် သည်ကို အံ့ဩမိပါသည်။ သို့သော် “ယုံကြည်ခြင်းသည် မမြင်သေးသောအရာကို မျက်မှောက် ပြုခြင်းဖြစ်သည်” ကို သတိရစေပါသည်။ ကျွန်ုပ်၏ယုံကြည်ခြင်းသည် ခရစ်တော်တွင်ရှိနေ သည်ကို သိလျက် အလေးအနက် ထားစဉ်းစားလာသောအခါ ငြိမ်သက်ခြင်းရှိလာကြောင်းကို သိရှိရပါသည်။ ယေရှု သည် ကျွန်ုပ်၏အဖြေဖြစ်ပါသည်။
     ဘုရားသခင်၏ကျေးဇူးတော်ကို ပေးသည်အတွက် အရမ်းကျေးဇူးတင်ပါသည်။ အခွင့်အ ရေးများစွာကို ကျွန်ုပ်အား ပေးပါသည်။ သူ့သားအဖြစ်သို့ ကျွန်ုပ်အား ပို့ဆောင်စေပါသည်။ အကြောင်းမှာ ယေရှုထံသို့ မိမိကိုယ်တိုင် မလာစဖူးပါ။ စကားသာလျှင်ရှိသော်ငြားလည်း ကျွန်ုပ်၏ ယုံကြည်ခြင်းသည် ယေရှုပေါ်တွင် တည် နေသည်။ အကြောင်းမှာ သူသည် ကျွန်ုပ်အား ပြောင်း လဲစေပါသည်။ သူသည် ထိုနေရာတွင် အမြဲရှိသည်။ ကျွန်ုပ်၏ကယ်တင်ရှင်၊ ငြိမ်းချမ်းရာ နှင့် ကယ်တင် ရှင်ဖြစ်ပါသည်။ သူ့အား ချစ်သောမေတ္တာသည် သူ့၏မေတ္တာနှင့်နှိုင်းယှဉ်လျှင် အ လွန်ပင်သေးငယ်လှပါသည်။ သူ့အတွက် ကြာရှည်စွာ သို့မဟုတ် ရိုးသားစွာ အသက် မရှင်နိူင် ပါ။ ခရစ်တော်အတွက် အများကြီးလည်း မလုပ်နိူင်ပါ။ ခရစ်တော်အား အစေ ခံခြင်းသည် ကျွန်ုပ်လုပ်ဆောင်ရမည့်အလုပ်ဖြစ်သည်။ သူသည် အသက်နှင့်ငြိမ် သက်ခြင်းကိုပေးသည်။ ယေရှုသည် ကျွန်ုပ်၏ရည်မှန်းချက်နှင့်ဦးတည်ချက်ဖြစ်ပါ သည်။ မိမိကိုယ်ကို အားမကိုးပါ။ သို့သော် မျှော်လင့်ခြင်းကို သူတပါးတည်း၌သာ ထားရှိပါသည်။ အကြောင်းမှာ သူသည် ကျွန်ုပ်အား ကျဆုံးစေမည်မဟုတ်ပါ။ ခရစ် တော်သည် ကျွန်ုပ်ထံသို့လာသည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်သည် သူ့အား စွန့်ပစ်မထားလိုပါ။

သင်သည် John Cagan ကဲ့သို့ အပြစ်သားဖြစ်ပါသည်။ သူပြောင်းလဲလာသောအချိန် တုန်းက တရားဒေသနာအဆုံးပိုင်းတွင် John အားပြောဆိုခဲ့သောအရာကိုသာ သင့်အား ပြော ဆိုနိူင်ပါသည်။ “သင်သည် အပြစ်သားဖြစ်ပါသည်။ ဟုတ်ပါတယ်၊ သင်က အပြစ်သားပါ။ ယေရှုမှတပါး အဘယ်သူမျှ သင့်ကို မကယ်တင်နိူင်ပါ။ ထို့ကြောင့် သင့်အပြစ်ကိုပေးဆပ်ရန် သူသည် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သည်။ သင့်အပြစ်အလုံးစုံတို့ကိုလည်း အသွေးတော်အားဖြင့် ဆေးကြောတော်မူခဲ့သည်။ ကျွန်ုပ်တို့သီချင်းသီဆိုလျှင် ထိုင်ခုံမှထ၍ ရှေ့သို့လာပါ။ ကျွန်ုပ်ပျောက်နေပါသည်။ ဪယေရှုဘုရား၊ ကာရနီတွင် သွန်းလောင်းသော အသွေးတော်အားဖြင့် အပြစ်အလုံးစုံတို့ကို ဆေးကြောပေးတော်မူပါ။ “တိုင်တော်နားနေရာချ ထား” ပထမအပိုဒ်ကိုသီဆိုစဉ် ရှေ့သို့လာပါ။” ၎င်းသည် John Cagan ပြောင်းလဲသည့်အချိန် တွင် ကျွန်ုပ်တို့သီဆိုသော ဖိတ်ခေါ်ချက်ပင်ဖြစ်ပါသည်။ သင်တို့အများက ထိုအရာကို သိကြပါ ၏။ သီဆိုကျူးဧကြပါ။ သူတို့က သီဆိုနေကြစဉ်တွင် တရားပလ္လင်ဆီသို့လာပြီး ယေရှုကို ယုံ ကြည်ကိုးစားပါ။

ယေရှု၊ တိုင်တော်နားနေရာချထား၊ သက်စမ်းရေစီးရာ၊
   အားလုံးအတွက်အခမဲ့၊ အနာရောဂါငြိမ်းစေရာစမ်း ကာရနီတောင်ကုန်းမှာစီး
တိုင်တော်တွင်၊ တိုင်တော်တွင်၊ ငါဝါကြွားရာဖြစ်စေ၊
ငါ၏စိတ်ဝိညာဉ်ပျော်ရွှင် ဝင်သည်တိုင်အောင်ဖြစ်စေ။
(“တိုင်တော်နားနေရာချထား” Fanny J. Crosby, ၁၈၂၀- ၁၉၁၅ )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Aaron Yancy က ဆောင်ရွက်ပါသည်။ ရောမ ၁၀း ၉- ၁၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"တိုင်တော်နားနေရာချထား"၊ (Fanny J. Crosby, ၁၈၂၀-၁၉၁၅) ရေးစပ်သည်။


အခှပှေုကမြွး

လူငယ်ဧဝံဂေလိတစ်ဦး၏ ပြောင်းလဲခြင်းတွင် အသုံးပြုထားသော တရားဒေသနာငါးပုဒ်အကျဉ်းချုပ်

FIVE SERMONS USED IN THE CONVERSION
OF A YOUNG EVANGELIST

Dr. R. L. Hymers, Jr.

“ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိူင်မည်နည်း။” (ရောမ ၁၀း ၁၄ )

၁။ ပထမအချက်၊“ကယ်တင်ခြင်းနှင့်မဝေးသောသူတို့အား ခွန်အားပေးခြင်း” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၇ ရက်၊ တနင်္ဂနွေနေ့ နံနက်တွင် ဟောကြားခြင်း ဖြစ်သည်။ ) မာကု ၁၂း ၃၄

၂။ ဒုတိယအချက်၊“ခေတ်သစ်ကယ်လ်ဗင်းဝါဒနှင့်စစ်မှန်သောပြောင်းလဲခြင်း ( ၂၀၀၉ ခုနှစ်၊ ဇွန်လ ၇ ရက် တနင်္ဂနွေ ညနေပိုင်းတွင် ဟောကြား ခြင်းဖြစ်သည်။) ၂ကော ၅း ၁၇

၃။ တတိယအချက်၊ “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်သာ” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဟော ကြားခြင်းဖြစ်သည်။ ) မာကု ၉း ၂၉

၄။ စတုတ္ထအချက်၊ “ဩတ္တပစိတ်နှင့်ပြောင်းလဲခြင်း” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင်ဟောကြားခြင်းဖြစ်သည်။) ရောမ ၂း ၁၅၊ ၁ တိ ၄း ၂၊ ယောဟန် ၃း ၁၈၊ဟေဗြဲ ၉း ၁၄။

၅။ ပဥ္စမအချက်၊ “အရိုးခြောက်များရှိသောချိုင့်ဝှမ်း” (၂၀၀၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၌ ဤတရားဒေသနာကိုဟောကြားသည့်အချိန်တွင် John Cagan သည် ပြောင်းလဲခဲ့သည်။) ယေဇကျေလ ၃၇း ၅၊ ယောန ၂း ၉။