Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အမေရိကန်နှင့်အနောက်တိုင်းတွင်ရှိသော အသင်းတော်များက
နိူးထမှုကို မတွေ့ကြုံရသည့် အကြောင်းရင်းနှစ်ခု

THE TWO REASONS WHY THE CHURCHES IN AMERICA
AND THE WEST DON’T EXPERIENCE REVIVAL
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
စက်တင်ဘာလ ( ၂၅ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာ ဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 25, 2016


ယနေ့ညနေတွင် အမေရိကန်ပြည်ထောင်စုနှင့်အနောက်တိုင်းတို့တွင်ရှိသော အသင်းတော် များ၌ နိူးကြားမှုမရှိသည့်အကြောင်းတရားကို အဓိကအချက်နှစ်ချက်ဖြင့် ဟောကြားသွားမည်ဖြစ် သည်။ “နိူးထမှု” ဟုဆိုရာတွင် ၁၈ ရာစုနှင့် ၁၉ ရာစု၏ပထမနှစ်ဝက်ရာစုတွင် ဖတ်ရှုရသော လှပ သည့်နိူးထမှုကြီးကို ဆိုလိုခြင်းဖြစ်သည်။ ၂၀ ရာစုနှင့် ကျွန်ုပ်တို့နေထိုင်သော ၂၁ ရာစုပထမအပိုင်း တွင် နယူဧဝံဂေလိများနှင့်ပတေကုတ္တိအသင်းတော်များက “နိူးထမှု” ဟုခေါ်ဆိုသောအရာကို ရည် ညွှန်းထားခြင်းမဟုတ်ပါ။

သင်တို့ကိုင်ဆောင်သောကျမ်းစာအုပ်တွင် ၂ တိမောသေ ၃း ၁ (Scofield Study Bible တွင် စာမျက်နှာ ၁၂၈၀ ဖြစ်သည်။ ) ထိုအခန်း၏ ပထမအပိုဒ် ၇ ခုအား အကျွန်ုပ်နှင့်အ တူ ဖတ်ရှုစေလိုပါသည်။

“နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ် သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက် သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုပ်ချသောသူ၊ မိဘစကားကို နားမ ထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိူင် သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက် တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယဇ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက် သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ဒုစရိုက်အပြစ် ဝန်ကို ထမ်းရွက်၍အထူးထူးအပြားပြားသော လောဘကိလေသာသွေး ဆောင်ရာသို့လိုက်၍၊ အစဉ်သင့်သော်လည်း သမ္မာတရားကို လေ့ကျင့်ခြင်း သို့အလျင်းမရောက်နိူင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွား သောသူတို့သည် ထိုသူတို့အဝင်ဖြစ်ကြ၏။” (၂ တိမောသေ ၃း ၁- ၇ ) )

အပိုဒ် ၁၃ ကို ဖတ်ရှုပါ။

“ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်း လှည့်ဖြား၍ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွါးကြလိမ့်မည်။” ( (၂ တိ ၃း ၁၃ ) )

ဤကျမ်းပိုဒ်များက “နောက်ဆုံးသောကာလ” အသင်းတော်များတွင် အမှန်တကယ် ရှိနေကြသည့် မှား ယွင်းမှုများအကြောင်းပင်ဖြစ်ပါသည်။( ၃း ၁ ) အပိုဒ် ၂ မှ ၄ က ကျွန်ုပ်တို့အချိန်ကာလတွင် “ခရစ်ယာန်” များဟုခေါ်သော မှားယွင်းသည့် အခြေအနေများကို ဖော်ပြထားခြင်းပင်ဖြစ်ပါသည်။ အပိုဒ် ၅ က ဤမှားယွင်းသော “ခရစ်ယာန်များ” သည် အဘယ့်ကြောင့် ဆိုးသွင်းပြီး ပုန်ကန်ခဲ့ကြသည် အကြောင်းတရားကို ပေးထားပါသည်။

“ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။” (၂ တိ ၃း ၅ ) )

ထိုကျမ်းပိုဒ်ကို ကျွန်ုပ်ရှင်းပြခြင်းမပြုမှီတွင် ဒေါက်တာ J. Vernon McGee က ဤကျမ်းပိုဒ်နှင့် ပတ်သက်ပြီးပြောဆိုသောအရာအချို့ကို ပေးချင်ပါသည်။ အပိုဒ် ၁ ၏ “နောက်ဆုံးသောနေ့ရက်” နှင့် ပါတ်သက်ပြီး McGee က “နောက်ဆုံးသောနေ့ရက်ကာလသည် အသင်းတော်၏နောက်ဆုံးသောနေ့ ရက်ကာလကိုဖော်ပြရန် နည်းပညာစကားလုံးများကို အသုံးပြုထားခြင်းဖြစ်ပါသည်” ဟု ဆိုသည်။ အပိုဒ်ငယ် ၁ မှ ၄ အထိဆိုလျှင် ဒေါက်တာ McGee က “ကျွန်ုပ်တို့တွင် ပေးထားသော မတူညီသည့် ဖော်ပြချက် ဆယ့်ကိုးခုရှိသည်။ ၎င်းသည် အရုပ်ဆိုးသွင်းသော အဖွဲ့ဖြစ်သည်။ သူတို့သည် နောက်ဆုံး သောနေ့ရက်တွင် အသင်းတော်၌ ဖြစ်ပျက်နေသောအရာများနှင့်သက်ဆိုင်သည် အကောင်းဆုံးသော သမ္မာကျမ်းစာပုံများကို တင်ပြထားပါသည်။” (J. Vernon McGee, Th.D., Thru the Bible, ၂ တိ အခန်းကြီး ၃ မှတ်စု) ထို့နောက် ဒေါက်တာ McGee က အပိုဒ်ငယ် ၅ “ဘုရားဝတ်၌မွေ့လျော်ယောင် ရှိသော်လည်း ဘုရားသခင်၏တန်ခိုးကို ငြင်းပယ်ခဲ့ပါသည်” ဟုဆိုသည်။ ဒေါက်တာ McGee က “ဘုရား၌မွေ့လျော်သယောင်ရှိသော်လည်း တန်ခိုးတော်ကို ငြင်းပယ်ခဲ့သည်။ သူတို့ဥည် ဘာသာတရာ ကိုင်းရှိုင်းဟန်ရှိသော်လည်း စစ်မှန်သောအရာမရှိပါ” ဟုဆိုထားပါသည်။ (၎င်း) “ခရစ်ယာန်များ” ဟု အခေါ်ခံရသော ဤသူတို့သည် “ဘုရားတရားပုံစံဖွဲ့စည်းကြသည်။” ဆိုလိုသည်မှာ အပြင်ပန်းပုံစံတွင် ခရစ်ယာန်များဖြစ်ကြသော်လည်း အထဲတွင် တန်ခိုးတော်ကို ငြင်းပယ်ကြပါသည်။ ဆိုလိုသည်မှာ သူတို့သည် ဘုရားသခင်နှင့်ယေရှုခရစ်၏တန်ခိုးတော်အားဖြင့် အမှန်တကယ် ပြောင်းလဲသူများမဟုတ် ကြပါ။ အပိုဒ် ၇ သည် ယနေ့ ဧဝံဂေလိလုပ်ငန်းတွင် အဓိကကျသောအရာဖြစ်သည်မှာ မှန်ကန်ကြောင် ရှင်းလင်းပြသထားပါသည်။ သူတို့သည် “အမြဲသင်ယူနေသောသူများဖြစ်ကြသော်လည်း သမ္မာတရား ကို သိသောအခြေအနေထဲသို့ လုံး၀ရောက်ရှိမလာကြပါ။ ယနေ့ညတွင်လည်း ထိုသို့သောလူများအချို့ ရှိကြပါသည်။

သူတို့သည် သမ္မာကျမ်းစာကို ရာစုတစ်ခုလောက် လေ့လာကြသော်လည်း မပြောင်းလဲလာကြ ပါ။ ဒေါက်တာ Charles C. Ryrie က “သူတို့သည် ကယ်တင်ခြင်းကိုဖြစ်စေသည့် ခရစ်တော်သိခြင်းမရှိ ကြပါ” ဟုဆိုပါသည်။ (Ryrie Study Bible, အပိုဒ် ၇ မှတ်စု ) ဧဝံဂေလိနှင့်ဆိုင်သောသန်းပေါင်းများစွာ တို့သည် ယနေ့တွင် ထိုအခြေအနေတွင် ရှိနေကြပါသည်။ သူတို့သည် မပြောင်းလဲကြပါ။ ဇာတိလူများ သာဖြစ်ကြပေသည်။ ၁ ကော ၂း ၁၄ က သူတို့နှင့်ပါတ်သက်ပြီး “ဇာတိ (မပြောင်းလဲသောသူ) လူများ သည် ဘုရားသခင်အရာကို လက်မခံနိူင်ကြပါ၊ သူတို့ကို မသိနိူင်ပါ။ အကြောင်းမှာ သူတို့သည် ဝိညာဉ် ရေးရာနှင့်သာ ပတ်သက်နေကြပါသည်” ဟုဆိုပါသည်။ အမေရိကန်နှင့်အနောက်တိုင်းတို့တွင် နှစ် ပေါင်း ၁၄၀ ကျော်ကြာမျှ အဓိကနိူးထမှုကြီးမဖြစ်သည့် အကြောင်းတရားနှစ်ခုကို ငါတင်ပြသွားပါမည်။

၁။ ပထမအချက်၊ နှစ်ပေါင်း ၁၄၀ ကျော် ကြီးမားသည့် နိူးထမှုမဖြစ်တော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပျောက်ဆုံးသောသူများကိုသာ ဗတ္တိဇံပေးသော ကြောင့်ဖြစ်သည်။

သန်းပေါင်းများစွာသော ဧဝံဂေလိဆရာများသည် မပြောင်းလဲကြပါ။ အကြောင်းမှာ သူတို့ သည် “ဆုံးဖြတ်ချက်ဝါဒီ” တို့၏လှည့်ဖြားခြင်းကို ခံကြပြီး အသင်းတော်သို့ Charles G. Finney က ဆောင်ယူလာခြင်းဖြစ်သည်။ သူ၏သွန်သင်ခြင်းသည် အသင်းတော်ထဲသို့ စိမ့်ဝင်သွားသည်ဖြစ်၍ လူသန်းပေါင်းများစွာတို့က သူတို့သည် ကယ်တင်ခြင်းရရှိကြသည်ဟု ထင်နေကြသည်။ အကြောင်းမှာ သူတို့သည် “ဆုံးဖြတ်ချက် ချကြသည်။” “အပြစ်သားဆုတောင်းချက်” ကို တောင်းကြသည်။ သို့မဟုတ် ကျမ်းစာထဲက ကျမ်းပိုဒ်တစ်ပိုဒ်ကို ယုံကြည်လက်ခံကြသည်။

သို့သော် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ကြောင့် မပြောင်းလဲကြပါ။ ဘုရားဝိညာဉ်တော်၏ပထမဆုံးလုပ်ဆောင်ချက်မှာ အပြစ်သားများကို အပြစ်သိမြင်စေရန်ဖြစ်ပါသည်။ ယောဟန် ၁၆း ၈၊ ၉ က “ဥပဇ္စျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်း ကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ငါ့ကို မယုံကြသော ကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်” ဟု မိန့်တော်မူသည်။ ပျောက်ဆုံးသောသူတစ်ဦးသည် အပြစ် ကို နက်နက်ရှိုင်းရှိုင်း သိနားလည်ခြင်းမရှိလျှင် ခရစ်တော်ကိုလိုအပ်သည်ဟူသော ၎င်း၏အမှန်လိုအပ် ချက်ကို သိမည်မဟုတ်ပါ။ လက်ဝါးကပ်တိုင်၌ သူ၏အသေခံခြင်းကိုလည်း သိမည်မဟုတ်ပါ။ ယေရှုခ ရစ်၌ အပြစ်ဆေးကြောခြင်းလိုအပ်ချက်ကိုလည်း သိမည်မဟုတ်ပါ။ ကယ်တင်ခြင်းသို့ရောက်လိုပါသည် ဟု ပြောဆိုကြသည့် လူများစွာကို တွေ့ဖူးပါသည်။ သို့သော် အပြစ်ကိုသိမြင်ခြင်းမရှိကြသည်ဖြစ်၍ သူတို့သည် ခရစ်တော်ကို လုံး၀ ကိုးစားကြခြင်းမရှိကြပါ။

သန့်ရှင်းသောဝိညာဉ်တော်၏ဒုတိယလုပ်ဆောင်ချက်မှာ ခရစ်တော်ကို ချီးမြှောက်ရန်ဖြစ်ပါ သည်။ ယေရှုက “ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်” ဟု မိန့်တော်မူသည်။ (ယောဟန် ၁၆း ၁၄ ) သို့မဟုတ် လျှင် ယေရှုက ယောဟန် ၁၅း ၂၆ တွင် ဖော်ပြသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် “ငါ့အ ကြောင်းကို သက်သေခံမည်” ဟူ၍ဖြစ်သည်။ အပြစ်ကိုသိမြင်လာသောအခါ သန့်ရှင်းသောဝိညာဉ် တော်က ယေရှုသာလျှင် အပြစ်ကိုလွှတ်နိူင်ကြောင်း အပြစ်သားအား ပြသလာမည်။ ပြောင်းလဲခြင်းအ တွက် နောက်ဆုံးလုပ်ငန်းမှာ ဘုရားသခင်သည် အပြစ်သားအား ခရစ်တော်ထံသို့ ပို့ဆောင်ခြင်းပင်ဖြစ် ပါသည်။ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ် သူမျှ ငါ့ထံသို့မရောက်နိူင်” (ယောဟန် ၆း ၄၄ ) ဟု ဆိုပါသည်။ “ခရစ်တော်ထံသို့ အဘယ်သို့လာရ မည်နည်း” ဟု ဆိုသောသူသည် ရှေးဦးစွာ အပြစ်ကို နားလည်သဘောပေါက်ရမည်။ ထို့နောက် ခရစ်တော်ကို အပြစ်မှကယ်တင်မည့်မျှော်လင့်ချက်အဖြစ် ရှုမြင်ရမည်။ သို့မှသာ ခရစ်တော်ထံသို့ သွေး ဆောင်ခြင်းကို ခံမည်။ ကယ်တင်ခြင်းအကြောင်းနှင့်ယှဉ်သောလုပ်ဆောင်ချက်တစ်ခုလုံးသည် ဘုရား သခင်၏တန်ခိုးတော်တွင် တည်ရှိသည်။ တပည့်တော်များက ယေရှုအား “အဘယ်သူသည် ကယ်တင် ခြင်းသို့ရောက်နိူင်သနည်း” ဟုမေးကြသောအခါ ယေရှုက “လူမတတ်န်ိူင်သောအရာကို ဘုရားသခင် တတ်နိူင်တော်မူသည်” ဟု မိန့်တော်မူခဲ့သည်။ (မာကု ၁၀း ၂၆၊ ၂၇ )

မြင့်မြတ်သောပရိုတင့်တင်းတို့၏ပြောင်းလဲခြင်းတွင် ပထမဆုံးဖြစ်ပျက်သောအရာမှာ အပြစ် သားအား စိတ်ပျက်ဝမ်းနည်းခြင်းသို့ရောက်ရှိစေသည့် အပြစ်ကိုသိမြင်ခြင်းဖြင့် အစပြုထားပါသည်။ ထို့ နောက် အပြစ်သားသည် ခရစ်တော်ကို မိမိ၏တစ်ပါးတည်းသောမျှော်လင့်ချက်အဖြစ် မြင်လာပြီး ခရစ် တော်ထံသို့ရောက်ရှိလာသည်။ ဘုရားသခင်သည် သူ့အား သွေးဆောင်သကဲ့သို့ ရောက်လာခြင်းဖြစ် ပါသည်။ ဤအခြေအနေကို ခေတ်သစ် “ဆုံးဖြတ်ချက်ဝါဒီ” များက ငြင်းပယ်ကြပါသည်။ ယနေ့တွင် လို အပ်သောအရာများမှာ ဆုတောင်းလိုက်ဆိုရန် သို့မဟုတ် ဘုရားကျောင်းသို့သွားရန် စသည်တို့သာဖြစ် ပါသည်။ လူသားတစ်ဦး၏စိတ်ဝိညာဉ်အတွင်း၌ ဘုရားသခင်၏လုပ်ဆောင်ချက်ကို လုံး၀ ငြင်းဆိုခဲ့ကြ သည်။ ၎င်းမှာ နိူးထမှုမရှိခြင်း၏ ပထမအကြောင်းတရားပင်ဖြစ်ပါသည်။

John Cagan သည် သာသနာထဲသို့ ဝင်ရောက်ရန် တာစူနေသော အသင်းတော်ထဲက လူငယ်လေးတစ်ဦးဖြစ်ပါသည်။ သူသည် အသက် ၁၅ နှစ်အရွယ်တွင် ပြောင်းလဲလာခဲ့သည်။ အကြောင်းတရားနှစ်ခုဖြင့် သူ၏သက်သေခံချက်တစ်ခုလုံးကို ပေးထားခြင်းဖြစ်သည်။ ပထမအချက်မှာ Finney သည် ဆုံးဖြတ်ချက်သဘောမျှသာထဲသို့ မပြောင်းလဲမှီ ဖြစ်ပျက်သောအရာကဲ့သို့သော စုံလင်သော “ခေတ်ဟောင်းကျောင်း” ပြောင်းလဲခြင်းတစ်ခုဖြစ်သောကြောင့် ထိုအတိုင်း ယနေ့တွင် ကျွန်ုပ်တို့လိုအပ်ပါသည်။ ထို့အပြင် ဒုတိယအချက်မှာ နှစ်နှစ်ကျော်ကာလမျှ ခရစ်တော်ကို ငြင်းပယ် သော ကောလိပ်ကျောင်းသားသည် ကျွန်ုပ်တရားဟောသည်ကိုကြား၍ စာကိုဖတ်သဖြင့် လွန်ခဲ့သော စနေနေ့က ပြောင်းလဲလာခဲ့သည်။ အမှန်တကယ် ပြောင်းလဲလာသော သက်သေခံချက်အနည်းငယ်အ ကြောင်းကို ကျွန်ုပ်ကြားရသည်။ ဤနေရာတွင် John Cagan ၏ ကယ်တင်ခြင်း သက်သေခံချက်ပင် ဖြစ်ပါသည်။

ကျွန်ုပ်ပြောင်းလဲသည့်အချိန်ကို မှတ်မိနေသေးသည်။ ခရစ်တော်က အဘယ်မျှလောက် ကွာခြားစေသည်ဟူသောအရာမှာ အံ့ဩစရာပင်ဖြစ်ပါသည်။ ကျွန်ုပ်မပြောင်းလဲခင်လေးတွင် ကျွန်ုပ်သည် အလွန်ပင်အမျက်ထွက်တတ်သည်။ အမုန်းအငြိုးထားတတ်သည်။ အပြစ်ထဲတွင် မာန်မာနကို သယ်ဆောင်နေရသည်။ လူတို့အား နာကျင်စေသည်။ ဘုရားသခင်အား မုန်း သောသူတို့နှင့်ပူးပေါင်းသည်။ အပြစ်ဟူသည်မှာ ကျွန်ုပ်အတွက် ပူဆွေးဝမ်းနည်းစရာ “အမှား” မဟုတ်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို ထိုလမ်းတွင် ရည်ရွယ်ချက်ရှိရှိ ထားလိုက်ပါသည်။ ဘုရား သခင်သည် ကျွန်ုပ်လုံးဝမစဉ်းစားမိသော နည်းလမ်းအားဖြင့် အလုပ်လုပ်ဆောင်တော်မူခဲ့ပါ သည်။ မပြောင်းလဲမှီ ရက်သတ္တပတ်များစွာတွင် သေလုမျှောပါးအထိ ခံစားနေရသည်။ မအိပ် စက်နိူင်ပါ။ မပြုံးနိူင်ပါ။ ငြိမ်သက်ခြင်းလည်း ရှာမတွေ့နိူင်ပါ။ ကျွန်ုပ်တို့အသင်းတော်တွင် ဧဝံဂေလိအစီအစဉ်ရှိပြီး ကျွန်ုပ်၏ သင်းအုပ်နှင့်ဖခင်အား လေးစားမှုမရှိသကဲ့သို့ သူတို့ကို ပြစ် တင်ရှုတ်ချသည်ကို သတိရမိသေးသည်။
ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အပြစ်များကို သိမြင်လာစေသည်။ ကျွန်ုပ်ဘဝတစ်ခုလုံးတွင် ဘုရားသခင်နှင့်ပြောင်းလဲခြင်းနှင့်ပါတ်သက်ပြီး တွေးတောခဲ့သမျှတို့ ကို ငြင်းပယ်ထားပါသည်။ ထိုအကြောင်းအရာကို ဆင်ခြင်ရန် ငြင်းဆိုခဲ့ပါသည်။ သို့သော် နာ ကျင်စွာ ခံစားနေရမှုကို မရပ်တန့်နိူင်ပါ။ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ လုံး၀မောပန်းနွမ်းနယ်နေသည်။ မိမိကိုယ်ကို မုန်းတီးလာသည်။ အပြစ်ကိုမုန်းတီးလာသည်။ အဘယ်သို့ခံစားစေသည်ကို သိသည်။
ဒေါက်တာ Hymers တရားဒေသနာဟောကြားစဉ်တွင် ကျွန်ုပ်၏မာန်မာနသည် ၎င်းကို ငြင်းပယ်ရန်၊ နားမထောင်ရန် ကြိုးစားသည်။ သို့သော် သူဟောပြောသောအရာသည် စိတ် ဝိညာဉ်ထဲတွင် ကျွန်ု္ပ်ခံစားနေရသော အပြစ်နှင့်ပါတ်သက်သည်အကြောင်းကို ဟောပြော သည်။ တရားဒေသနာပြီးဖို့ စက္ကန့်ကိုသာရေးတွက် နေရသည်။ သို့သော် တရားဟောဆရာက ဆက်လက်ဟောပြောနေသည်။ ကျွန်ုပ်အပြစ်သည် အဆုံးမသတ်နိူင်ဘဲ ပို၍ ပို၍ ဆိုးသွင်းလာ ခဲ့သည်။ ကျွန်ုပ်မဆီးတားနိုင်တော့ပါ။ ကျွန်ုပ်ပြောင်းလဲရန်ဖြစ်လာသည်။ ခေါ်ဖိတ်ချက်ကို လုပ် ဆောင်ထားသော်လည်း ကျွန်ုပ်တွန်းလှန်ထားပါသည်။ သို့ရာတွင် အချိန်မရပါ။ ကျွန်ုပ်သည် အဆိုးဆုံးသောအပြစ်သားဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်အား အပြစ်စီရင်ဖို့ အလွန်တရာမှ ဖြောင့်မတ်သောသူဖြစ်ကြောင်း သိရှိခဲ့ပါသည်။ ကျွန်ုပ်သည် ပင်ပင်ပန်းပန်း ရုန်းကန်နေရပါ သည်။ လုပ်ဆောင်သမျှတွင် မောပန်းခြင်းသာ အဖတ်တင်သည်။ သင်းအုပ်က ကျွန်ုပ်အား အကြံတွေပေးသည်။ ခရစ်တော်ထံသို့ လာရန်လည်းပြောခဲ့သေးသည်။ သို့သော် ကျွန်ုပ်မသွား လိုပါ။ ကျွန်ုပ်အပြစ်အလုံးစုံ ထင်ထင်ရှားရှားရှိလာသောလည်း ယေရှုကို လက်ခံခြင်းမရှိသေး ပါ။ ကျွန်ုပ်သည် ကယ်တင်ခြင်းသို့မဟုတ်ဘ ဲ ငရဲသွားရမယ်ဆိုရင် ဤအချိန်ကာလများသည် ကျွန်ုပ်အတွက် ဆိုးဆုံးသောနေ့ရက်ကာလတွေ ဖြစ်န်ိူင်ပါသည်။ ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ရန် “ကြိုးစားအားထုတ်” ပါသည်။ ခရစ်တော်ကို ကိုးစားရန်လည်း “ကြိုးစားအားထုတ်” ပါသည်။ သို့ရာတွင် မဖြစ်နိူင်ပါ။ ခရစ်တော်ထံသို့သွားရန် မိမိကိုယ်ကို ဆန္ဒလုံးဝမရှိခဲ့ပါ။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ယောက်ဖြစ်လာရန် ကြိုးစားအားထုတ်ခြင်းမရှိပါ။ မျှော်လင့်ချက်မဲ့ သောအခြေအနေတွင်သာ ရှိနေပါသည်။ ကျွန်ုပ်အပြစ်များက ငရဲတွင် အပြစ်ပေးသည်ဟုသာ ခံစားနေရပါသည်။ သို့သော် ကျွန်ုပ်၏ခေါင်းမာခြင်းက ကျွန်ုပ်မျက်ရည်များကို အဝေးသို့လွင့်စင် စေပါသည်။ ဤတိုက်ခိုက်မှုတွင် ကျွန်ုပ်သည် မိမိကိုယ်ကို မာန်တက်နေလေသည်။
ရုတ်တရက်ပင် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဟောပြောခဲ့သော တရားဒေသနာ “ခရစ်တော်ထံဆက်ကပ်ပါ၊ ခရစ်တော်ထံဆက်ကပ်ပါ” သည် ကျွန်ုပ်စိတ်ထဲသို့ ဝင်ရောက်လာ ပါသည်။ ယေရှုထံလက်မြှောက်အရှုံးပေးပြီးသွားရမည်ဟူသောအတွေးအခေါ်သည် ကျွန်ုပ် အား အလွန် ညှင်းပန်းနေသလိုမျိုးဖြစ်သည်။ ယေရှုသည် ကျွန်ု္ပ်အား အသက်ကိုပေးသည်။ စစ်မှန်သောယေရှုသည် ကျွန်ုပ်က ရန်သူအဖြစ်ရှိနေစဉ်အခါက ကျွန်ုပ်အတွက် လက်ဝါးကပ် တိုင်တွင် အသေခံတော်မူခဲ့သည်။ ငါသည် သူ၌ အပ်နှံခြင်းမရှိခဲ့ပါ။ ထိုအချက်က ကျွန်ုပ်အား ကျိုးပဲ့စေသည်။ အားလုံးကို သူ့အလိုအလျောက်ဖြစ်လာရန် ခွင့်ပေးလိုက်ရသည်။ မိမိကိုယ် ကို ရေရှည်ထိန်းထားနိူင်ခြင်းမရှိပါ။ ယေရှုကို အမှန်တကယ် လက်ခံရပါမည်။ထိုအချိန်တွင် ယေရှုထံဆက်ကပ်ပြီး ယုံကြည်ခြင်းဖြင့် လာခဲ့သည်။ ထိုအချိန်တွင် မိမိကိုယ်ကို သေစေသည့် အချိန်ကာလကဲ့သို့ဖြစ်လာပါသည်။ ခရစ်တော်သည် မိမိအသက်ကို ကျွန်ုပ်အားပေးထားသည်။ အပြုအမူ သို့မဟုတ် လုပ်ဆောင်ချက်သည် ကျွန်ုပ်စိတ်ထဲတွင် မရှိသော်လည်း စိတ်နှလုံးသား ထဲတွင် ရှိနေပါသည်။ ရိုးစင်းစွာ ခရစ်တော်၌ နားနေပါသည်။ သူသည် ကျွန်ုပ်အား ကယ်တင် ပေးထားသည်။ အသွေးတော်အားဖြင့် အပြစ်ကိုဆေးကြောပေးပါသည်။ ထိုအချိန်တွင် ခရစ် တော်အား တွန်းလှန်ခြင်းကို ကျွန်ုပ်ရပ်တန့်သွားပါသည်။ ကျွန်ုပ်လုပ်ဆောင်သောအရာသည် ခရစ်တော်ကို ကိုးစားရန် ဟူသည်မှာ ထင်ရှားနေပါသည်။ ကျွန်ု္ပ်အား ရပ်တန့်စေသည်မှာ ခရစ်တော်သာဖြစ်ကြောင်း တိကျသေချာသော ဥပမာကို သတိရနိူင်ပါသည်။ ယေရှုထံအပ်နှံ ရမည်။ ထိုအချိန်တွင် ကိုယ်ကာယခံစားချက် သို့မဟုတ် ချုပ်နှောင်သောအလင်းမရှိ။ ခံစား ချက်မလိုအပ်ပါ။ ခရစ်တော်ကို ပိုင်ဆိုင်ရထားပြီဖြစ်သည်။ သို့သော် ခရစ်တော်ကိုအားကိုးခြင်း တွင် ကျွန်ုပ်အပြစ်သည် စိတ်ဝိညာဉ်ကို အောက်သို့ဆွဲချသကဲ့သို့ဖြစ်သည်။ အပြစ်ထဲက ရုန်း ထွက်ပြီး ယေရှုကိုသာမျှော်ကြည့်ပါသည်။ ယေရှုသည် ကျွန်ုပ်အား ကယ်တင်ခြင်းကိုပေးထား သည်။
ကောင်းသောအသင်းတော်တွင် အသက်ရှင်လာပြီး ဘုရားသခင်အား ဆန့်ကျင်ထွက် သွားသော အငယ်ဆုံးနှင့်ထိုက်တန်သောအပြစ်သားကို အပြစ်ခွင့်လွှတ်ရန် အဘယ်မျှလောက် သောချစ်မေတ္တာကို ပိုင်ဆိုင်ထားပါသနည်း။ စကားလုံးများသည် ကျွန်ု္ပ်ပြောင်းလဲခြင်းဆုံးဖြတ် ချက်တိုတိုတုတ်တုတ်အတွင် ကျလာဟန်ရှိပါသည်။ ခရစ်တော်သည် ကျွန်ုပ်အား အသက်ကို ပေးပါသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်သည် သူ့ထံသို့ ပြန်လည်ဆက်ကပ်ရပါသည်။ ယေရှုသည် သူ့ပလ္လင်ကို ကားတိုင်တွင် ဆက်ကပ်ခဲ့ပြီး ကျွန်ုပ်၏ကယ်တင်ခြင်းအတွက် ပျက် ရယ်ပြုခြင်းကို ခံခဲ့ရသည်။ သူ့မေတ္တာနှင့်ကရုဏာတော်ကို အဘယ်သို့ ဖော်ပြန်ိူင်မည်နည်း။ ယေရှုက ကျွန်ုပ်၏အမျက်ဒေါသနှင့် မုန်းတီးခြင်းများကို အဝေးသို့လွင့်စင်စေပြီး ၎င်းအစား ချစ်ခြင်းမေတ္တာကို ပေးထားသည်။ အသစ်သောအရာထက် များသောအရာကိုပေးသည်။ အ သစ်သောအသက်တာကိုလည်း ပေးသည်။ ယေရှုသည် ကျွန်ုပ်အပြစ်ရှိသမျှကိုဆေးကြော သည်မှာ ယေရှုသာလျှင်ဖြစ်ပါသည်။ ၎င်းနှင့်ပတ်သက်ပြီး သက်သေပြရန်မှာ အဘယ်သို့ဖြစ် သည်ကို အံ့ဩမိပါသည်။ သို့သော် “ယုံကြည်ခြင်းသည် မမြင်သေးသောအရာကို မျက်မှောက် ပြုခြင်းဖြစ်သည်” ကို သတိရစေပါသည်။ ကျွန်ုပ်၏ယုံကြည်ခြင်းသည် ခရစ်တော်တွင်ရှိနေ သည်ကို သိလျက် အလေးအနက်ထားစဉ်းစားလာသောအခါ ငြိမ်သက်ခြင်းရှိလာကြောင်းကို သိရှိရပါသည်။ ယေရှုသည် ကျွန်ုပ်၏အဖြေဖြစ်ပါသည်။
ဘုရားသခင်၏ကျေးဇူးတော်ကို ပေးသည်အတွက် အရမ်းကျေးဇူးတင်ပါသည်။ အခွင့်အ ရေးများစွာကို ကျွန်ုပ်အား ပေးပါသည်။ သူ့သားအဖြစ်သို့ ကျွန်ုပ်အား ပို့ဆောင်စေပါသည်။ အ ကြောင်းမှာ ယေရှုထံသို့ မိမိကိုယ်တိုင် မလာစဖူးပါ။ စကားသာလျှင်ရှိသော်ငြားလည်း ကျွန်ုပ်၏ ယုံကြည်ခြင်းသည် ယေရှုပေါ်တွင် တည်နေသည်။ အကြောင်းမှာ သူသည် ကျွန်ုပ်အား ပြောင်း လဲစေပါသည်။ သူသည် ထိုနေရာတွင် အမြဲရှိသည်။ ကျွန်ုပ်၏ကယ်တင်ရှင်၊ ငြိမ်းချမ်းရာ နှင့် ကယ်တင်ရှင်ဖြစ်ပါသည်။ သူ့အား ချစ်သောမေတ္တာသည် သူ့၏မေတ္တာနှင့်နှိုင်းယှဉ်လျှင် အ လွန်ပင်သေးငယ်လှပါသည်။ သူ့အတွက် ကြာရှည်စွာ သို့မဟုတ် ရိုးသားစွာ အသက်မရှင်နိူင် ပါ။ ခရစ်တော်အတွက် အများကြီးလည်း မလုပ်နိူင်ပါ။ ခရစ်တော်အား အစေခံခြင်းသည် ကျွန်ုပ်လုပ်ဆောင်ရမည့်အလုပ်ဖြစ်သည်။ သူသည် အသက်နှင့်ငြိမ်သက်ခြင်းကိုပေးသည်။ ယေရှုသည် ကျွန်ုပ်၏ရည်မှန်းချက်နှင့်ဦးတည်ချက်ဖြစ်ပါသည်။ မိမိကိုယ်ကို အားမကိုးပါ။ သို့သော် မျှော်လင့်ခြင်းကို သူတပါးတည်း၌သာ ထားရှိပါသည်။ အကြောင်းမှာ သူသည် ကျွန်ုပ် အား ကျဆုံးစေမည်မဟုတ်ပါ။ ခရစ်တော်သည် ကျွန်ုပ်ထံသို့လာသည်။ ထို့ကြောင့်သာလျှင် ကျွန်ုပ်သည် သူ့အား စွန့်ပစ်မထားလိုပါ။

ထိုစကားလုံးများမှာ အသက် ၁၅ နှစ်အရွယ်၌ John Samuel Cagan ပြောင်းလဲခြင်းအ ကြောင်းပင်ဖြစ်ပါသည်။ ယခုတွင် သူသည် သာသနာထဲသို့သွားရန် တာစူနေသည်။ John Cagan တွင်ဖြစ်ပျက်သောအရာများသည် စစ်မှန်သော ပြောင်းလဲခြင်းတွင် ဖြစ်ပျက်သောအရာများပင်ဖြစ်ပါ သည်။ John ၏အသက်တာတွင်လုပ်ဆောင်သောအရာကို ဘုရားသခင်သည် သင့်အသက်တာတွင် လည်း လုပ်ဆောင်မည်ဖြစ်သ်ည။

ယနေ့ခေတ်တွင် တရားဟောဆရာအများစုတို့သည် ချက်ချင်းဆုတောင်းပေးပြီး နှစ်ခြင်းပေး ကြသည်။ ထို့နောက် ကျွန်ု္ပ်တို့အသင်းတော်ရှိ ပျောက်ဆုံးသောသူများစွာထဲတွင် တစ်ဦးအဖြစ် ထည့် သွင်းခဲ့ကြပါသည်။ ယနေ့အချိန်၌ နိူးထမှုမရှိရသည့် ပထမဆုံးအကြောင်းတရားမှာ တရားဟောဆရာ များက ဘုရားသခင်အား အပြစ်သားတို့၏နှလုံးသားထဲတွင် အလုပ် လုပ်ခွင့် မပေးကြပါ။ သူတို့သည် ဘုရားသခင်၏လုပ်ငန်းထဲမှ အပြစ်သားများကို ဖယ်ရှားကြပြီး ပျောက်ဆုံးနေလျက် နှစ်ခြင်းပေးကြ သည်။ ၎င်းမှာ နိူးထမှုမရှိခြင်း၏ ပထမအကြောင်းတရားပင်ဖြစ်ပါသည်။ နေက်ဆုံးတွင် လူတိုင်းက စစ် မှန်သောပြောင်းလဲခြင်းမရှိဘဲ ကယ်တင်ခြင်းရသည်ဟုဆိုကာ နှစ်ခြင်းခံကြသည်။ ကျွန်ုပ်ကိုယ်တိုင် သည်လည်း ထိုသို့သောအပြစ်မျိုးကို ကျူးလွန်ခဲ့ဖူးသည်ကို ဝန်ခံပါ၏။ ဘုရားသခင် ကျွန်ုပ်အား ခွင့် လွှတ်တော်မူပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ထံနိူးထမှုကို နှစ်ပေါင်း ၁၄၀ ကျော်ကြာမျှ အဘယ့် ကြောင့် ဟန့်တားတော်မူသနည်း။ အဘယ့်ကြောင့်နည်း။ ကောင်းပါပြီ။ နောက်ထပ်အကြောင်းတရား တစ်ခုရှိပါသည်။

၂။ ဒုတိယအချက်၊ နှစ်ပေါင်း ၁၄၀ ကျော် ကြီးမားသည့် နိူးထမှု မဖြစ်တော့ပါ။ အ ကြောင်းမှာ ကျွန်ုပ်တို့သည် ၎င်းတို့အပြစ်အတွက် ခရစ်ယာန်ဝန်ခံခြင်းနှင့် ခရစ်တော်၏အသွေးတော်အား ဖြင့် ဆေးကြောခြင်းထက် သန့်ရှင်းသောဝိညာဉ်တော်ကိုသာ အလေးအနက်ထားကြခြင်း ကြောင့် ဖြစ်သည်။

ဤသည်မှာ ကျွန်ုပ်သိနှင့်ထားသောအရာပင်ဖြစ်ပါသည်။ သို့သော် မကြာသေးခင်ကမှ ကျွန်ုပ် အတွက် ပိုမိုရှင်းလင်းသွားပါသည်။ ကျွန်ုပ်သည် နိူးထမှုသုံးခုကို မျက်စိနှင့်မြင်ခဲ့ရသည်။ ပထမတစ်ခု မှာ အလွန်တန်ခိုးနှင့်ပြည့်စုံသည်။ ၎င်းသည် ဝိညာဉ်တော် “ဗတ္တိဇံ” ၊ အခြားသောဘာသာစကားပြော ခြင်း၊ အနာငြိမ်းခြင်း၊ သို့မဟုတ် နိမိတ်လက္ခဏာတို့အပေါ်တွင် တည်နေခြင်းမဟုတ်ပါ။ ခရစ်ယာန်တို့ ၏အပြစ်ဝန်ချတောင်းပန်ခြင်း၊ နှင့် ခရစ်တော်၏အသွေးတော်အားဖြင့် အသစ်သောစင်ကြယ်စေခြင်းတို့ ပေါ်တွင်သာ မူတည်ပါသည်။

ယနေ့ ကျွန်ုပ်တို့အသင်းတော်များတွင် အမှန်တကယ်ပြောင်းလဲလာသောသူများသည် အပြစ် ကို ဆက်လက်လုပ်ဆောင်နေကြသေးသည်။ စိတ်နှလုံးသားထဲကအပြစ်၊ ဇာတိအပြစ် စသဖြင့်တို့ ဖြစ် ကြသည်။ ကျွန်ုပ်မြင်တွေ့ခဲ့သည့် ပထမနိူးထမှုတွင် အသင်းတော်တစ်ခုလုံးနီးပါးသည် ၎င်းတို့၏အပြစ် များကို ပလ္လင်သို့သွားပြီး ဘုရားသခင်ထံ ဝန်ချတောင်းပန်ကြသည်။ ယေရှုခရစ်၏အသွေးတော်အား ဖြင့် ဘုရားသခင်က ငြိမ်သက်ခြင်းကို မပေးမချင်း ငိုကြွေးမြည်တမ်းခဲ့ကြသည်။ တမန်တော် ယောဟန် က ဤသို့ဆိုပါသည်။

“ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ( (၁ ယောဟန် ၁း ၉ ) )

ဘုရားသခင်သည် ခရစ်ယာန်တို့၏အပြစ်များကို အဘယ်သို့ ဆေးကြောတော်မူခဲ့သနည်း။ “သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြောတော်မူ၏။” ( ၁ ယောဟန် ၁း ၇ )

ပထမအချက်အနေဖြင့် အတွင်းအပြင်ရှိရှိသမျှသော အပြစ်များကို ဝန်ချတောင်းပန်ရပါမည်။ ဒုတိယအချက်အနေဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ယေရှုခရစ်၏အသွေးတော်သည် ဆေးကြောတော်မူ သည်။ အလွန်ပင် ရိုးစင်းလှသည် မဟုတ်ပေဘူးပါ။ သို့ရာတွင် အဘယ်မျှလောက်သောအသင်းတော် သည် ထိုအရာကို ယနေ့တွင် အလေးအနက်ထား လုပ်ဆောင်ကြပါသနည်း။ ထိုသို့လုပ်ဆောင်သော အသင်းတော် တစ်ခုမျှ ကျွန်ုပ်မသိရပါ။ ၎င်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း နိူးထမှုမရှိသည့် ဒုတိယအ ကြောင်းတရားပင်ဖြစ်ပါသည်။

စစ်မှန်သော နိူးထမှုအကြောင်းကို အသေးစိတ်လေ့လာသင်ယူသော Brian Edwards မှတ်ချက်စကားကို နားထောင်ကြပါစို့။

နိူးထမှုသည် ….. ကြောက်မက်ဖွယ်ရာ အပြစ်ကိုသိမြင်ခြင်းဖြင့် အစပြုပါ သည်။ ဤသို့အပြစ်ကိုသိမြင်ခြင်းသည် နိူးထမှုအကြောင်းကိုဖတ်ရှုသောသူ တို့အား ဒုက္ခပေးသည့်ပုံစံဖြင့် အမြဲတမ်းဖွဲ့စည်းတည်ထားလျက်ရှိပါသည်။ တခါတရံ တွေ့ကြုံရသည့် အတွေ့အကြုံသည် ကြိတ်ချေနေသည်။ လူတို့ သည် ထိန်းမရသိမ်းမရ ငိုကြသည်။ ပို၍ပင် ဆိုးသွင်းလာကြသည်။ သို့သော် မျက်ရည်ကျလျက် အပြစ်ကိုသိမြင်ခြင်းနှင့်ဝမ်းနည်းခြင်းမရှိဘဲ စစ်မှန်သော နိူးထမှုရှိသည်ဟူ၍ မရှိ။ (Edwards, နိူးထမှု၊ ဧဝံဂေလိပုံနှိပ်လုပ်ငန်း၊ ၂၀၀၄၊ စာ- ၁၁၅ )

အပြစ်ကို နက်နက်ရှိုင်းရှိုင်းသိမြင်ခြင်း၊ အပြစ်ကြောင့် မသက်မသာရှိခြင်း၊ နှိမ့်ချခြင်းမပါဘဲ နိူးထမှုဆိုသည်မှာ မဖြစ်နိူင်ပါ။ (Edwards, ၎င်း၊ စာ- ၁၁၆)

ကျွန်ုပ်မြင်တွေ့ခဲ့သော ပထမနိူးထမှုသည် ငိုကြွေးမြည်တမ်းပြီး ၎င်းတို့အပြစ်များကို ဝန်ချတောင်းပန် သော ခရစ်ယာန်လူနည်းစုဖြင့် စတင်ခဲ့ပါသည်။ သိပ်မကြာခင်မှာဘဲ အသင်းတော်တစ်ခုလုံးသည် နာ ရီးပေါင်းမြောက်မြားစွာ ငိုကြွေးခြင်း၊ ၎င်းတို့၏အပြစ်ကိုဝန်ချတောင်းပန်ခြင်း၊ အခြားသောအရာများနှင့် ပြည့်နှက်နေကြပါသည်။ ထိုအရာအားလုံးပင်ဖြစ်ပါသည်။ အခြားသောဘာသာစကားပြောကြားခြင်းမျိုး မရှိ။ သန့်ရှင်းသောဝိညာဉ်တော်ပြည့်၀ခြင်းလည်းမရှိ။ အနာရောဂါငြိမ်းခြင်းလည်းမရှိ။ ဝိညာဉ်တော်လဲ ကျခြင်းလည်းမရှိပါ။ အပြစ်ဝန်ခံခြင်း၊ ငိုကြွေးခြင်း၊ ဆုတောင်းခြင်းနှင့် နူးညံ့သိမ်မွေ့စွာ သီချင်း သီဆို ခြင်းသာဖြစ်ပါသည်။ ၎င်းသည် နာရီလေးချက်မျှ ကြာမြင့်သွားသည်။

ထို့နောက် ၎င်းသည် တစ်ရက် သို့မဟုတ် နှစ်ရက်တွင် ရပ်တန့်သွားပါသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ထပ်မံဆင်းသက်လာသည်။ ထပ်ခါ ထပ်ခါ ဆင်းသက်ပြီး သုံးနှစ် ကျော်ကာလမျှ ထိုသို့ဖြစ်ပါသည်။ နိူးထမှုသည် အဆုံးသတ်လာသောအခါ လူပေါင်း ၃၀၀၀ ဦးတို့သည် အသင်းတော်တွင် ပူးပေါင်းလာကြသည်။ ၎င်းအသင်းတော်သည် လူပေါင်း ၁၅၀ ထက်နည်းသောဦး ရေဖြင့်သာ အစပြုထားသည်။ သူတို့သည် အစီအစဉ် လေးခုရှိသည်။ တနင်္ဂနွေနံနက်၊ တနင်္ဂနွေညနေ ပိုင်းတွင် အစီအစဉ် နှစ်ခုရှိကြသည်။

အသင်းတော်တွင် လူများလာစေရန်အတွက် နိူးထမှုဖြစ်လာရန် ဆုတောင်းသည်ဟူသောအ ချက်မှာ ကျွန်ုပ်သိပ်မယုံကြည်ပါ။ စစ်မှန်သော စိတ်သဘောမှာ သန့်ရှင်းသောအသင်းတော်ရှိလာရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်သော အသင်းတော်ကို ပိုင်ဆိုင်ထားရမည်။

ကျွန်ုပ်တို့သည် ကြီးမားသည့် ခရူးဆိတ်ကို ကျင်းပကြသည်။ ကျွန်ုပ်တို့တွင် ခရစ်ယာန် ရုပ်မြင် သံကြားအစီအစဉ်လည်း ရှိကြသည်။ ကျွန်ုပ်တို့တွင် အနာငြိမ်းခြင်းအစီအစဉ်လည်း ရှိကြ၊လုပ်ဆောင် ကြပါသည်။ အသင်းတော်များစွာတို့သည် အခြားသောဘာသာစကားများနှင့်အခြားသောအရာများကို လည်း တွေ့ကြုံခဲ့ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့တွင် မြင့်မြတ်သောအရာ၊ နှစ်ပေါင်း ၁၄၀ ကျော်က အမေရိကန်ပြည်တွင်ရှိသော သမိုင်းဝင်နိူးထမှု မရှိတော့ပါ။ ကျွန်ုပ်တို့ကို ဤအခြားအရာများက ဘက် ပေါင်းစုံမှ တိုက်ခိုက်နေသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အား ကျွန်ုပ်တို့ခရစ်ယာန်အ ပြစ်များကို ထင်ရှားစေရန် ခွင့်မပြုခဲ့ကြပါ။ ကျွန်ုပ်တို့သည် မြင့်မြတ်ပြီး အဖိုးထိုက်တန်လှသော အသွေး တော်ဖြင့် ဆေးကြောခြင်းကို ပြုရန် ယေရှုထံပါး အော်ဟစ်တောင်းလျှောက်ခြင်းမရှိကြပါ။

ကျွန်ုပ်တို့သည် အသင်းတော်တွင်နိူးထမှုကို “တို့ထိ” ကြပါသည်။ ၄ ညတာ အစည်းအဝေး တွင် လူ ၁၁ ဦးပြောင်းလဲလာသည်။ အဘယ်သူသည် ဝမ်းမြောက်သနည်းဟု ဒေါက်တာ Cagan က နှစ်ကြိမ်တိတိစစ်ဆေးသည်။ ထို လူ ၁၁ ဦးက သူတို့သည် အမှန်တကယ်ပြောင်းလဲကြကြောင်း ဝန်ခံ ကြပါသည်။ ညတိုင်းညတိုင်းတွင် အပြစ်ကိုဝန်ချတောင်းပန်ပြီး မျက်ရည်စက်ဖြင့် ဆုတောင်းကြသော ခရစ်ယာန် ၈ ဦးအကြောင်း ကျွန်ုပ်သိထားပါသည်။ ကျွန်ုပ်တို့အသင်းတော် စတင်သည့်အချိန်မှစ၍ ၄၁ နှစ်အတွင်း ထိုသို့သော အစည်းအဝေးများ မရှိခဲ့ဖူးပါ။

သို့သော် ကျွန်ုပ်ပြစ်မှားပါပြီ။ ဒေါက်တာ Cagan က “အပြစ်” ဟု မခေါ်ရန် ပြောဆိုထားသည်။ သို့သော် ကျွန်ုပ်သည် အပြစ်ကို ပြုသည်ဟု ထင်မိသည်။ ကျွန်ုပ်သည် ကြွားချင်လာသည်။ နိူးထမှုရှိ သောကြောင့် ကြွားချင်လာသည်။ နိူးထမှုသည် အမှန်တကယ် စတင်လာသည်။ သို့သော် အပြစ်ကို သိ မြင်ခြင်းနှင့် ယေရှုအသွေးတော်အကြောင်း ဟောပြောခြင်းကို ရပ်တန့်လာပါသည်။ ကျွန်ုပ်သည် အစည်းအဝေးကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းသွားပါသည်။ အလေးထားမှုသည် ယေရှုမှသန့်ရှင်း သောဝိညာဉ်ထံသို့ရောက်ရှိသွားပါသည်။ ယေရှုက သန့်ရှင်းသောဝိညာဉ်တော်အကြောင်းနှင့်ပါတ် သက်ပြီး “သူသည် ငါ့အကြောင်းကို သက်သေခံမည်” (ယောဟန် ၁၅း ၂၆ ) ဟု မိန့်တော်မူသည်ကို သတိရသင့်ပါသည်။ ကျွန်ုပ်သည် လူတစ်ဦးလာပြီး သန့်ရှင်းသောဝိညာဉ်တော်အကြောင်း တရားဟော ခွင့်ပြုမည်မဟုတ်ပါ။ ၎င်းတို့သည် ကျွန်ုပ်၏အမှားများသာဖြစ်ကြပါသည်။ ဝါကြွားသည့်အပြစ်၊ ယူဆ ချက်အပြစ်တို့ဖြစ်ပါသည်။ သင်တို့ရှေ့မှောက်တွင် ယနေ့ ငါဝန်ခံပါ၏။ ကျွန်ုပ်၏ဝါကြွားသည့်အပြစ်နှင့် ယူဆသည့်အပြစ်ပင်ဖြစ်ပါသည်။ ယေရှုနှင့်အပြစ်ဝန်ခံခြင်းကို ငြင်းပယ်ခြင်းအတွက် ဘုရားသခင်သည် အကျွန်ုပ်အား ခွင့်လွှတ်ရန် လူတိုင်းအား တောင်းဆိုပါ၏။ (သူတို့က ဆုတောင်းပေးကြပါသည်။) ကျွန်ုပ်မြင်တွေ့ခဲ့သော ပထမနိူးထမှုတွင် လုပ်ဆောင်သကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့ထံ ပြန် လည်ရောက်လာရန် ကျေးဇူးပြု၍ ဆုတောင်းကြပါစို့။ ဘုရားသခင်၏မျက်မှောက်တော်သည် ကျွန်ုပ်တို့ ထံသို့ ရောက်ရှိလာရန် ဆုတောင်းကြရအောင်။ မျက်ရည်နှင့် ဆုတောင်းကြပါ။ တရုတ်ပြည်တွင် ပြုလုပ်သကဲ့သို့မျက်ရည်ကျလျက် ဆုတောင်းကြပါ။ (သူတို့ဆုတောင်းကြပါသည်။) အာလုံးမတ်တပ် ရပ်ပြီး “ဟာလေလုယာ၊ ကယ်တင်သောအရှင်” သီချင်းကို သီဆိုကြပါစို့။ ယခုတွင် “သန့်ရှင်းသော ဝိညာဉ်တော်ဘုရား” ကို ချီးမွမ်းကြပါစို့။ “ကျွန်ုပ်အားစစ်ကြောမူပါ ဘုရား” ကို သီဆိုကြပါစို့။ “ကျွန်ုပ်ရူ ပါရုံများကိုပြည့်စေပါ” သီချင်း ပထမနှင့်နောက်ဆုံးအပိုဒ်ကို သီဆိုကြပါစို့။ မစ္စ Nguyen ကျေးဇူးပြုပြီး ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိနေဖို့ ဆုတောင်းပေးပါ။ ဤနေရာတွင် ပျောက်ဆုံးသောသူများ နှင့်နောက်ပြန်လဲသူများစွာ ရှိကြပါသည်။ ဘုရားသခင် တဖန် ဆင်းသက်ဖို့ ဆုတောင်းကြပါ။

နိူးထမှုသည် သင့်ထံ တဖန်လာဖို့ ဆုတောင်းလိုသောသူများရှိလျှင် ဘုရားသခင် တဖန်ဆင်း သက်လာဖို့ ဘုရားသခင်ထံ မတ်တပ်ရပ်ပြီး ဆုတောင်းပါ။ တရုတ်ပြည်တွင် လုပ်ဆောင်သကဲ့သို့ လုပ် ဆောင်ကြပါ။ အပြစ်ကိုဝန်ခံလိုသောသူများသည် ယဇ်ပလ္လင်ထံသို့ လာကြပါ။ အသွေးတော်အားဖြင့် ဆေးကြောခြင်းခံလိုသောသူများသည် ဤနေရာသို့လာပြီး မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကြပါ။ ယေရှု၏ကယ်တင်ခြင်းကိုရရှိလိုသောသူများသည်လည်း လာကြပါ။ ကျွန်ုပ်တို့အသင်းတော်သို့ ပျောက်ဆုံးသောသူတစ်ဦးအနေဖြင့် နှစ်ပေါင်း ၂၅ နှစ်သာကာလတက်ရောက်ခဲ့သော တောင်ပိုင်း နှစ်ခြင်းအသင်းလူကြီး မစ္စတာ Virgel Nickell သည် စစ်မှန်သော ပြောင်းလဲခြင်းတွင် ယေရှုခရစ်ထံသို့ လာ၍ ယုံကြည်ကိုးစားပါသည်။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Aaron Yancy က ဦးဆောင်သည်။ ၂ တိ ၃း ၁- ၅
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ဝေးလှသော ကိုယ်တော်အား"၊ (W. B. Stevens, ၁၈၆၂-၁၉၄၀) ရေးစပ်သည်။ Barney E. Warren,
၁၈၆၇-၁၉၅၁ က ပြန်လည်ဖန်တီးသည်။


အခှပှေုကမြွး

အမေရိကန်နှင့်အနောက်တိုင်းတွင်ရှိသော အသင်းတော်များက
နိူးထမှုကို မတွေ့ကြုံရသည့် အကြောင်းရင်းနှစ်ခုအကျဉ်း

THE TWO REASONS WHY THE CHURCHES
IN AMERICA AND THE WEST DON’T EXPERIENCE REVIVAL

Dr. R. L. Hymers, Jr.

“နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ် သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက် သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုပ်ချသောသူ၊ မိဘစကားကို နားမ ထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိူင် သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက် တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယဇ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက် သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ဒုစရိုက်အပြစ် ဝန်ကို ထမ်းရွက်၍အထူးထူးအပြားပြားသော လောဘကိလေသာသွေး ဆောင် ရာသို့လိုက်၍၊ အစဉ်သင့်သော်လည်း သမ္မာတရားကို လေ့ကျင့်ခြင်း သို့အ လျင်းမရောက်နိူင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွား သောသူ တို့သည် ထိုသူတို့အဝင်ဖြစ်ကြ၏။” ( (၂ တိမောသေ ၃း ၁- ၇ ) )

( (၂ တိမောသေ ၃း ၁၃၊ ၅၊ ၁ကော ၂း ၁၄ ) )

၁။ ပထမအချက်၊ နှစ်ပေါင်း ၁၄၀ ကျော် ကြီးမားသည့် နိူးထမှုမဖြစ်တော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပျောက်ဆုံးသောသူများကိုသာ ဗတ္တိဇံပေးသော ကြောင့်ဖြစ်သည်။ ယောဟန် ၁၆း ၈၊ ၉၊ ၁၄၊ ၁၅း ၂၆၊ ၆း ၄၄၊ မာကု ၁၀း ၂၆၊ ၂၇ ။

၂။ ဒုတိယအချက်၊ နှစ်ပေါင်း ၁၄၀ ကျော် ကြီးမားသည့် နိူးထမှု မဖြစ်တော့ပါ။ အ ကြောင်းမှာ ကျွန်ုပ်တို့သည် ၎င်းတို့အပြစ်အတွက် ခရစ်ယာန်ဝန်ခံခြင်းနှင့် ခရစ် တော်၏အသွေးတော်အားဖြင့်ဆေးကြောခြင်းထက် သန့်ရှင်းသောဝိညာဉ်တော် ကိုသာ အလေးအနက်ထားကြခြင်းကြောင့် ဖြစ်သည်။ ၁ ယော ၁း ၉၊ ၇၊ ယောဟန် ၁၅း ၂၆ ။