Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆုတောင်းခြင်းတွင်ရှိသောအစီအစဉ်နှင့်လျှောက်လှဲချက် - အပိုင်း ၂

ORDER AND ARGUMENT IN PRAYER – PART II
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
စက်တင်ဘာလ ( ၃ ) ရက်နေ့ စနေနေ့ညနေပိုင်းတွင်
ဟောကြားသော Mr. John Samuel Cagan
၏ တရားဒေသနာ ဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, September 3, 2016

“ဘုရားသခင်ကိုတွေ့နိူင်သည့်အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ ရောက်မှငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအ ကျိုးအကြောင်းကို လျှောက်ထားရမည်။” ( (ယောဘ ၂၃း ၃- ၄ ) )


ကျွန်ုပ်တို့သည် အစီစဉ်ကျပြီးလျှောက်လှဲသည့်ဆုတောင်းချက် ရရှိနိူင်မည့်နည်းလမ်းကို ဆွေး နွေးရှာဖွေခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ပုံဝတ္ထုများနှင့်ကျမ်းပိုဒ်များသည် သင့်စိတ်နှလုံး ထဲတွင် ရှိနေဖို့ အလွန်ပင် အရေးပါလှပါသည်။ အချို့ဆင်တူခြင်းဖြင့် လျှောက်လှဲခြင်းသည် ခိုင်မာသောအချက်တစ်ခုကို ဖန်တီးဖို့ အလွန်ပင် တန်ခိုးပါသော နည်းလမ်းဖြစ်ပါသည်။ အချို့ တူညီသည့်နည်းလမ်းတစ်ခုမှာ တည်ဆောက်ပုံတူညီမှုအားဖြင့် နှစ်ခုကြားက နှိုင်းယှဉ်ခြင်းတစ် ခုပင်ဖြစ်ပါသည်။ သင်သည် ကြီးမားသောအရာ၊ အံ့ဘွယ်ကောင်းသောအရာအတွက် ဆု တောင်းသောအခါ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် ကြီးမားပြီး အံ့ဩဘွယ် ကောင်းသောအရာကို အမြဲတမ်း ကိုးကားထားပါ။ အာရုံစူးစိုက်မှုအနည်းငယ်သာရှိသောအရာ အတွက် ဆုတောင်းလျှင် ဘုရားသခင်သည် အဘယ်မျှလောက် တိကျသောချာသောဘုရား ဖြစ်ကြောင်း အကျဉ်းဖော်ပြချက်များကို ကိုးကားထားပါ။ ဤအရာအားလုံးတို့သည် အဓိပါယ်ရှိ သောအရာများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ဘုရားသခင်သည် ဆုတောင်းခြင်းကို နား ညောင်းသောဘုရားဖြစ်ပါသည်။ ဘုရားသခင်က အစီအစဉ်ကျသော၊ ကျိုးကြောင်းခိုင်လုံသော၊ အငြင်းအခုံရှိသောဆုတောင်းချက်များကို နားညောင်းသည့် အကြောင်း သမ္မာကျမ်းစာထဲတွင် သာဓကများစွာကို တွေ့ရှိရပါသည်။ ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီသောဆုကိုတောင်း ဆိုသည့်လူများအကြောင်းကို သမ္မာကျမ်းစာထဲတွင် သာဓကများစွာ တွေ့ရှိရပါသည်။

၁။ ပထမအချက်၊အစီအစဉ်ကျသောဆုတောင်းခြင်းအပေါ် ဘုရားသခင်၏တုန့်ပြန်မှု

မောရှေသည် သဲကန္တာရတွင် ဣသရေလလူမျိုးများအတွက် ဆုတောင်းခဲ့သည်။ သူတို့ သည် ဘုရားသခင်ထံက ထွက်သွားပြီး ရွှေနွားရုပ်တုလေးကိုသာ ကိုးကွယ်ခဲ့ကြသည်။ ဘုရား သခင်က သူတို့ကို ဖျက်ဆီးလိုသည်။ မောရှေက ဤလူများအတွက် ဆုတောင်းပေးခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုး အားကြီးသောလက်နှင့်အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ် တော်၏လူတို့ကို၊ အဘယ့်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသ နည်း။ အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့် သူတို့ကို တောတောင်များ၌သတ်၍၊ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်းအလို့ငှါသာ၊ နှုတ်ဆောင်လေသည်ဟု အ ဘယ့်ကြောင့်ဆိုဘွယ် အကြောင်းရှိပါမည်နည်း။ ပြင်းစွာသောအ မျက်တော်ကိုပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရတော်မူပါ။” ( ထွက် ၃၂း ၁၁- ၁၂ )

မောရှေက ဘုရားသခင်အား “သခင်၊ ကိုယ်တော်အကြောင်း လူတို့သည် အဘယ်သို့ပြောကြပါ မည်နည်း။ ဤသူတို့ကိုဖျက်ဆီးတော်မူလျှင် လူတို့သည် ကိုယ်တော်၏ကြီးမြတ်သောနာမကို အဘယ်သို့ထင်ကြမည်နည်း” ဟု ပြောဆိုသည်။ မောရှေက ဘုရားသခင်အား ၎င်း၏ကတိ တော်ကို သတိပေးထားပါသည်။

“ကိုယ်တော်က၊ သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုး အနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြလိမ့် မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာတ်၊ ဣသရေလတို့ ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့ တော်၌ တောင်းပန်လေ၏။” ( ထွက် ၃၂း ၁၃ )

မောရှေသည် သူသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကတိတည်သောဘုရားဖြစ် ကြောင်းကို သတိပေးထားပါသည်။ သူသည် မျိုးဆက်များကို တိုးပွါးစေပြီး ခါနန်ပြည်ကိုလည်း ပေးသောဘုရားဖြစ်ကြောင်းကိုလည်း သတိပေးထားပါသည်။ “ကိုယ်တော်သည် သူတို့ကို ဖျက်ဆီးတော်မူလျှင် ကတိတော်သည် တည်လိမ့်မည်မဟုတ်။” ဘုရားသခင်က မောရှေ၏ဆု တောင်းချက်ကို နားညောင်းတော်မူသည်။ သမ္မာကျမ်းစာက “ထာဝရဘုရားသည် မိမိလူတို့ အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။” (ထွက် ၃၂း ၁၄ ) ဘုရားသခင်သည် မိမိ စိတ်နှလုံးကို ပြောင်းလဲစေသည်။ သူ၏လူတို့ကို ဖျက်ဆီးတော်မမူတော့ပါ။ ဘုရားသခင်သည် မောရှေ၏ဆုတောင်းသံကို နားညောင်းခဲ့သည်။

လျှောက်ထားခြင်းအမှုကိုပြုသောအခါ ဘုရားလူတို့၏ဝမ်းနည်းခြင်းကိုလည်း ရည်ညွှန်း ပြောဆိုထားရပါမည်။ ကျွန်ုပ်တို့အားလုံးသည် လူသားများဖြစ်ကြသည်။ ကြောက်မက်ဖွယ်ရာ များဖြစ်ပေါ်လာသောအခါ ထိုအရာများကို နာကျင်ခြင်းနှင့်ဒုက္ခဝေဒနာခံစားခြင်းတို့အားဖြင့် တွေ့ကြုံရပါသည်။ လာဇရုသေသောအခါ ယေရှုပင်လျှင် မျက်ရည်ကျတော်မူခဲ့သည်။ ချစ်ရ သောသူသည် သင့်ထံသို့လာသောအခါ သူတို့ခံစားနေရသောဝေဒနာကို ရေတွက်ပါ။ ၎င်းကို အကူအညီပေးဖို့ အသုံးပြုလိုက်ပါ။ ၎င်းသည် ညှင်းပန်းနှိပ်စက်ခြင်းအတွက် တန်ခိုးပါသော နည်းလမ်းများပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ချစ်ဖူးသည်ထက် ဘုရားသခင် သည် ကျွန်ုပ်တို့အား ချစ်တော်မူသည်။ သင့်စိတ်နှလုံး၏ငိုကြွေးခြင်းကို ဆောင်ယူလာပါ။ သင့် မိတ်ဆွေသူငယ်ခြင်း၏ဝမ်းနည်းခြင်း၊ သင့်လျှောက်ထားမှုတွင်ရှိသော ဘုရားလူတို့၏ဝမ်းနည်း ခြင်းကိုလည်း ဆောင်ယူလာပါ။

ယေရုရှလင်ဖျက်ဆီးခြင်းခံရပြီးနောက်တွင် ယေရမိက “ထိုထာဝရဘုရား၊ အကျွန်ုပ်တို့ ၌ ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသောကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင် ခြင်တော်မူပါ” (မြည်တမ်း ၅း ၁ ) ဟု ဆုတောင်းခဲ့သည်။ ယေရုရှလင်မြို့ဖျက်ဆီးခံရပြီးနောက် ဆာလံဆရာက ဤသို့ဆိုထားပါသည်။

“အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီး လျှင်၊ သန့်ရှင်းသောဗိမာန်တော်ကိုညစ်ညူးစေ၍၊ ယေရုရှလင်မြို့ ကို ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ကျွန်အသေကောင်တို့ကို မိုဃ်း ကောင်းကင်ငှက်တို့အား၎င်း၊ ကိုယ်တော်၏သန့်ရှင်းသူတို့ အသား ကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ။ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌သွန်ကြ၍၊ သင်္ဂြိုလ်သောသူ လည်းမရှိပါ။ အကျွန်ုပ်တို့သည် အိမ်နီးချင်းများကဲ့ရဲ့ရာ၊ ပတ်ဝန်း ကျင်၌နေသောသူများပြက်ယယ်ပြု၍ အရှက်ခွဲရာဖြစ်ကြပါ၏။” ( ဆာလံ ၇၉း ၁- ၄ ) )

ဆာလံဆရာက မိမိလူမျိုးများဖြစ်ကြသော ဂျုးလူမျိုးတို့၏ဒုက္ခဆင်းရဲခံရခြင်းအကြောင်းကို ဘုရားသခင်အား ပြောပြခြင်းဖြစ်သည်။ ထို့နောက် မိမိ၏နာမတော်၊ ကျော်ကြားမှုတို့ကို အကာ အကွယ်ပေးဖို့ ဘုရားသခင်ထံ ဆုတောင်းတော်မူခဲ့သည်။ သူက ဘုရားသခင်အား “ကယ်တင် တော်မူသောဘုရား၊ နာမတော်၏ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော် အတွက်ကြောင့် အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ” (ဆာလံ ၇၉း ၉ ) ဟု ဆိုထားသည်။ ထို့နောက် သူက “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တပါး အမျိုးသားတို့သည် အဘယ့်ကြောင့် ဆိုရကြပါမည်နည်း” ဟု ဆက်လက်ဆုတောင်းခဲ့သည်။ (ဆာလံ ၇၉း ၁၀ ) မိမိဂုဏ်နာမတော်ကို ပျောက်ဆုံးသောလူများအလယ်တွင် အကာအကွယ် ပေးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

ဆုတောင်းဖို့ မတပ်မရပ်ခင်လေးတွင် ကျွန်ုပ်တို့၏လက်ရှိအခြေအနေတွင် လက်တွေ့အသုံးချ နိူင်သည့် သမ္မာကျမ်းစာထဲက ဘုရားသခင်လုပ်ဆောင်ခဲ့သောအရာများကို ကြိုးစားဆင်ခြင်မိ သည်။ သမ္မာကျမ်းစာထဲကအကြောင်းအရာများကို ရည်ညွှန်းပြောဆိုခြင်းသည် ဘုရားသခင် ရှေ့တော်၌ သက်သေကို မိတ်ဆက်ပေးခြင်းပင်ဖြစ်ပါသည်။ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုသောအခါခါ အာရုံစူးစိုက်မှုရှိရန် အလွန်ပင် အရေးပါလှပါသည်။ ကျမ်းပိုဒ်စကားလုံးများ ကို လုံးဝမမှတ်မိနိူင်သည့်တိုင်အောင် သမ္မာကျမ်းစာထဲက သင်ရရှိသောအကြောင်းအရာများ ကို မှတ်မိလိမ့်မည်။ ထို့အပြင် ထိုအကြောင်းအရာကို ဆုတောင်းသည့်အခါခါ အသုံးချနိူင်ပါ သည်။ ထိုအရာက တီထွင်ဖန်တီးမှု နှင့်ဆင်ခြင်စရာများကို ပြုနိူင်ပါသည်။ သို့သော် ထိုအရာ မှာ အထူးသဖြင့် ဘုရားသခင်ထံတောင်းလျှောက်သောအခါ လိုအပ်သည့် မကြာခဏတောင်း ဆိုထားသောအရာပင်ဖြစ်ပါသည်။ ဘုရားသခင်သည် ယခုကကဲ့သို့ပင် ယနေ့လည်း တူညီ သောဘုရားပင်ဖြစ်ပါသည်။ ဒါဝိဒ်က “အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဖူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်” (ဆာ ၂၇း ၉) ဟု လျှောက်ထားခဲ့သည်။

မောရှေက “ကိုယ်တော်သည် မဟာတန်ခိုးတော်အားကြီးသောလက်နှင့်အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သည်” (ထွက် ၃၂း ၁၁ ) ဟု ဆုတောင်းခဲ့သည်။ သူက “အိုဘုရားသခင်၊ ကိုယ် တော်သည် အကျွန်ုပ်တို့အား အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူခဲ့သည်။ အကျွန်ုပ်တို့သည် သဲ ကန္တာရတွင် စွန့်ပစ်သဖြင့် သေလျက်ရှိနေကြရန် နှုတ်ဆောင်ခဲ့ခြင်းမဟုတ်” ဟုပြောဆိုနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အခြားသူများအဖို့ အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ သမ္မာကျမ်းစာအချိန်ကာလ၊ သမိုင်း၊ သင့်အသင်းတော်၊ သင့်အတွက် အဘယ်အရာကိုလုပ် ဆောင်ခဲ့သနည်း။ ဘုရားသခင်က အတိတ်တွင်လုပ်ဆောင်ခဲ့သောအရာကို အယူခံဝင်စေ သည့် အရာဖြစ်သော ဤလျှောက်ထားချက်များကို ဆင်ခြင်နှလုံးသွင်းကြည့်ပါ။

အိုဘုရားသခင်၊ ၁၈ ရာစုတွင် ဂျွန်ဝယ်စလီနှင့်ဂျွန်ဝှက်ဖီးလ်တို့ထံသို့ နိူးထမှုကြီးကို စေလွှတ်ခဲ့ပါသည်။
Lewis ကျွန်းနှင့်တရုတ်ပြည်တို့တွင် ကိုယ်တော်၏ဝိညာဉ်အား စေလွှတ်တော်မူခဲ့ပါ သည်။ ယနေ့တွင်လည်း ကိုယ်တော်၏ဝိညာဉ်တော်ကို စေလွှတ်န်ိူင်ပါသည်။
ကိုယ်တော်သည် ကျွန်ုပ်၏ဝိညာဉ်ကိုကယ်နှုတ်တော်မူသည်။ အခြားသူများ၏ဝိညာဉ် ကိုလည်း ကယ်နှုတ်တော်မူသည်။ ဤသူ၏ဝိညာဉ်ကိုလည်း ကယ်နှုတ်တော်မူ ပါ။
ကြောက်မက်ဖွယ်ကွဲပြားခြင်းမှ ကျွန်ုပ်တို့အသင်းတော်ကို ကယ်နှုတ်တော်မူခဲ့ပြီ။ ထိုအရာအားဖြင့် အဘယ်သူမျှမသေမပျက်စီးရန် ဆောင်ယူခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့အသင်းတော်အား အသက်ရှင်စေတော်မူပါ။
ထိုကဲ့သို့သော (သာဓကများ)ကို ကျွန်ုပ်တို့အတွက် ကြီးမားသောအရာလုပ်ဆောင်ခဲ့ သည်။ ကျွန်ုပ်တို့ဆုတောင်းသံကိုလည်း နားညောင်းတော်မူခဲ့သည်။ အခြားသူ များ၏ဆုတောင်းသံကိုလည်း နားညောင်းခဲ့ပါသည်။ (သင်၏ဆုတောင်းချက်ကို အမည်တပ်ပါ။ သို့မဟုတ် အခြားသူတို့၏နာမည်) ထို့ကြောင့် ဤဆုတောင်းချက် ကိုလည်း နားညောင်းတော်မူပါ။

ဒုက္ခဝေဒနာခံစားခြင်းများ၊ သေခြင်း၊ အသွေးတော်၊ ယေရှုခရစ်၏ကြားဝင်ဆုတောင်း ပေးခြင်းအကြောင်းကို အမြဲတမ်းပြောပါ။ ယေရှုက သူ၏နာမတော်မြတ်ဖြင့် ဆုတောင်းရန် အ လိုရှိပါသည်။ ယေရှုခရစ်သည် အကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်။ သူသည် ခမည်းတော် ထံသို့သွားရန် တစ်ဆူတည်းသောဘုရားဖြစ်သည်။ ယေရှုက “ငါမှတပါး အဘယ်သူမျှ ခမည်း တော်ထံသို့ မရောက်ရ” (ယောဟန် ၁၄း ၆ ) ဟု ဆိုထားပါသည်။ ယေရှုက တပည့်တော်များ အား “ငါ၏နာမကို အမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင် တောင်းသည့်အတိုင်း ငါပြုမည်” (ယောဟန် ၁၄း ၁၄ )ဟု မိန့်တော်မူသည်။ သင်သည် မိမိ၏ဖြောင့်မတ်ခြင်းကို မပိုင်ပါ။ မိမိ၌ အပြစ်သားသာ ဖြစ်ပါသည်။ အခြားအရာ ဘာမျှမရှိပါ။ သင်သည် ခရစ်တော်ကို ယုံကြည်ကိုး စားလျှင် သင့်အပြစ်ကို ဘုရားသခင်က ခွင့်လွှတ်တော်မူသည်။ ခရစ်တော်၏အသွေးတော်အား ဖြင့် ဆေးကြောပေးပါသည်။ သင်သည် ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားကိုလည်း ရရှိစေပါ သည်။ ထို့ကြောင့် ယေရှုခရစ်၏နာမကိုအမှီပြု၍ ဘုရားသခင်ထံ ဆုတောင်းနိုင်ပါသည်။ သို့ဆို လျှင် သင်သည် အပြစ်သားတစ်ယောက်မဟုတ်သကဲ့သို့ ဘုရားသခင် နားညောင်းတော်မူ မည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရော ဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏သားတော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့်၊ ငါတို့ သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့။ ထို့ကြောင့်၊ ငါတို့သည် သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ရဲရင့်သောစိတ်နှင့်ကျေး ဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” ( ဟေဗြဲ ၄း ၁၄၊ ၁၆) )

သမ္မာကျမ်းစာက “ထို့ကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဒာတော်တည်းဟူသော ကုလား ကာအားဖြင့် ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာငှါန ထဲသို့၊ အသွေးတော်ကိုအမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၊ ” (ဟေဗြဲ ၁၀း ၁၉ ) ဟု မိန့်တော်မူသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဘုရားရှေ့တော်၌ မတ်တပ်ရပ်လို့မရ နိူင်ပါ။ ယေရှုခရစ်နှင့်၎င်း၏အသွေးတော်အားဖြင့်သာ ဘုရားသခင်၏မျက်မှောက်တော်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိပါသည်။

ခရစ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့အဖို့ ဆုတောင်းပေးနေသည်။ သမ္မာကျမ်းစာက “ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိူင်တော်မူ၏” (ဟေဗြဲ ၇း ၂၅ ) ဟု မိန့်မူထားပါသည်။

ဘုရားသခင်သည် အင်ဂျင်စက် သို့မဟုတ် တွန်းအားတစ်ခုမဟုတ်ဘဲ ပုဂ္ဂိုလ်ဖြစ်သည် ကို သတိရပါ။ ဘုရားသခင်သည် ဆုတောင်းခြင်းကို အဖြေပေးသည်။ သို့ရာတွင် သင်သည် သည်းခံရမည်။ ဆက်လက်ဆုတောင်းရမည်။ တခါတရံ နှစ်ပေါင်းများစွာလည်း စောင့်ရမည်။ ဒေါက်တာ Hymers သည် သူ့မိခင် မပြောင်းလဲခင်တွင် နှစ်ပေါင်းများစွာ ဆုတာင်းပေးခဲ့ သည်။ တရုတ်ပြည်သို့သာသနာပြုသွားခဲ့သော Marie Monson သည် နိူးထမှုကြီးဖြစ်လာဖို့အ တွက် နှစ်ပေါင်းနှစ်ဆယ်ကျော်ဆုတောင်းခဲ့သည်။ တခါတရံ လူတို့က နိူးထမှုမဖြစ်ခင် နှစ်ပေါင် သုံးလေးဆယ်တောင်း ဆုတောင်းခဲ့ကြရပါသည်။

အဘယ်သို့ဆုတောင်းရမည်အကြောင်း တပည့်တော်များအား သင်ကြားပေးသောအ ခါ ယေရှုက ကံမကောင်းသောမိတ်ဆွေပုံဥပမာကို ယေရှုက ပေးထားသည်။ သူက “အဆွေခင် ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲတောင်း၍နေသောကြောင့် ထ၍ လိုချင်သမျှကို ပေးလိမ့်မည်” ဟု (လုကာ ၁၁း ၈ ) မိန့်တော်မူသည်။ သင်သည် ဆု တောင်းခြင်းအဖြေမရမချင်း အားမလျော့ဘဲ ဆက်လက်ဆုတောင်းရပါမည်။

ယေရှုက “တောင်းကြလော့၊ တောင်းလျှင်ရမည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်။ ခေါက်ကြလော့၊ ခေါက်လျှင် တံခါးကိုဖွင့်မည်” (မဿဲ ၇း ၇ ) ဟုမိန့်တော်မူသည်။ ဂရိစကား လုံးက “စဉ်ဆက်မပြတ်တောင်းလျှောက်ခြင်း”၊ “စဉ်ဆက်မပြတ်ရှာဖွေခြင်း”၊ “စဉ်ဆက်မပြတ် တံခါးကို ခေါက်ခြင်း” ဟု ဆိုလိုပါသည်။ အဖြေမရခင် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ် ပါသည်။ ခရစ်တော်က “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲနေတော် မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော” ဟု မိန့်တော်မူသည်။ (လုကာ ၁၈း ၇ ) တခါတရံ အဖြေမရခင် အဘယ့်ကြောင့် အချိန်ကြာမြင့်နေရသနည်း။ အကြောင်းမှာ ဘုရားသ ခင်သည် တွန်းအားမဟုတ် ပုဂ္ဂိုလ်ဖြစ်သောကြောင့်ပေတည်း။ ဘုရားသခင် အင်ဂျင်စက် သို့မ ဟုတ် တွန်းအားတစ်ခုသာဖြစ်ခဲ့လျှင် သင်သည် တစ်ခါသာဆုတောင်းပြီး အဖြေရမည်ဖြစ် သည်။ သို့ရာတွင် ဘုရားသခင်သည် ပုဂ္ဂိုလ်ဖြစ်နေပါသည်။ တခါတရံ အဖြေမပေးခင် ဘုရား သခင်သည် အချိန်ကြာမြင့်စွာ စောင့်နေရပါသည်။

ဘုရားသခင်သည် တွန်းအားမဟုတ်ဘဲ ပုဂ္ဂိုလ်ဖြစ်သောကြောင့် တခါတရံတွင် အဖြေ သည် “မရပါ” ဟူ၍ ထွက်လာပါသည်။ ဆုတောင်းခြင်းသည် မှော်အတတ်မဟုတ်ပါ။ ကြိုးဆွဲကစေလို့ရသော ဘုရားလည်းမဟုတ်ပါ။ ဆုတောင်းခြင်းက ဘုရားသခင်က လုပ်ဆောင် စေသည်မဟုတ်။ ဆုတောင်းခြင်းက ဘုရားသခင်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် တောင်း ဆိုခြင်းသာဖြစ်ပါသည်။ ဘုရားသခင်သည် တွန်းအားမဟုတ်ပါ။ ပုဂ္ဂိုလ်သာဖြစ်ပါသည်။ အ ဘယ့်ကြောင့်ဆိုသော် သူသည် မေတ္တာရှိသောဘုရား၊ ဂရုစိုက်သောဘုရားပင်ဖြစ်ပါသည်။ သူ သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို အဖြေပေးပါသည်။ တွန်းအားကဲ့သို့ အလိုအလျောက်ဖြစ် လာခြင်းတော့မဟုတ်ပါ။ တစ်စုံတစ်ဦးက အခြားတစ်စုံတစ်ဦးကို တုန့်ပြန်သကဲ့သို့ပင်ဖြစ်ပါ သည်။

သင်သည် ဆုတောင်းသမျှကိုတော့ ရရှိမည်မဟုတ်ပါ။ ဘုရားသခင်သည် ပုဂ္ဂိုလ်ဖြစ်ပါ သည်။ သူက“မရဘူး” ဟုလည်း ပြောဆိုနိူင်ပါသည်။ လူငယ်ကောင်မလေးဖြစ်သော Amy Carmichael က မျက်လုံးအရောင်ကိုပြောင်းပေးရန် ဘုရားသခင်အား ဆုတောင်းသကဲ့သို့ဖြစ် ပါသည်။ ထိုသို့မဖြစ်ပါ။ ဘုရားသခင်က “မရဘူး” ဟူသည်မှာလည်း “ရပါတယ်” ဟူသောအ ဖြေကဲ့သို့ဖြစ်သည်ဟု မိန့်တော်မမူမှီတိုင်အောင် အံ့ဩတွေဝေနေခဲ့ပါသည်။

၂။ ဒုတိယအချက်၊ အစီအစဉ်ကျသောဆုတောင်းခြင်းက ဘုရားကတိတော်များကို ဆုပ်ကိုင်ထားသည်။

ဘုရားသခင်သည် စစ်မှန်သော ဘုရားဖြစ်သည်။ သစ္စာရှိသော ဘုရားလည်းဖြစ်သည်။ ပေးတော်မူသောကတိတော်များကိုလည်း စောင့်ထိန်းသည်။ သမ္မာကျမ်းစာသည် မှန်သော နှုတ်ကပါတ်တော်ဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်မိန့်တော်မူသမျှကို ဆုတောင်း ခြင်းတွင် ဆုပ်ကိုင်အသုံးပြုနိူင်ပါသည်။ ယေရှုက “ကိုယ်တော်၏နှုတ်ကပါတ်တော်သည် သမ္မာ တရားဖြစ်ပါ၏” (ယောဟန် ၁၇း ၁၇ ) ဟု မိန့်တော်မူသည်။ သူက “ကျမ်းစကားကို မပယ်ရ” (ယောဟန် ၁၀း ၃၅ ) ဟု လည်း မိန့်တော်မူခဲ့သည်။

ဤနည်းလမ်းဖြင့် ဘုရားနှုတ်ကပါတ်တော်ကို ဆုပ်ကိုင်ထားပါ။

“ကိုယ်တော် မိန့်တော်မူခဲ့သည်။” ( ကမ္ဘာဦး ၃၂း ၁၂ ) )

“ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ” (၂ ရာဇဝင် ၇း ၂၅ ) )

ဒေါက်တာ Hymers ၏ နှစ်သက်သော ဆာလံမှာ ၂၇ ဖြစ်ပါသည်။ သူသည် အသက် နှစ်နှစ်အရွယ်တွင် သူ့ဖခင်က သူ့ကို စွန့်ပစ်ထားခဲ့သည်။ သူသည် အသက်ဆယ့်နှစ်နှစ်အ ရွယ်တွင် သူ့အမေနှင့်အတူ မနေနိူင်တော့ပါ။ ထို့ကြောင့် သူ့အား အလေးမထား လစ်လျူရှု ထားသောဆွေမျိုးများနှင့်နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရသည်။ သူသည် ဆာလံ ၂၇း ၁၀ အားဖြင့် ခွန်အားယူ၍ နှစ်သိမ့်ခြင်းကို ရရှိသည်။ “ကိုယ့်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော် လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။”

ယေရှုက “သားသည် မုန့်ကိုတောင်းလျှင်၊ မိမိသားအား ကျောက်ကိုပေးမည်သူ၊ ငါးကို တောင်းလျှင် မြွေကိုပေးမည်သူ တစုံတယောက်မျှ သင်တို့တွင် ရှိသလော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ၊ ကောင်းသော အရာကိုသာ၍ပေးတော်မူမည်မဟုတ်လော” (မဿဲ ၇း ၉- ၁၁ ) ဟု မိန့်တော်မူသည်။ ကျွန်ုပ် ၏ဖခင်ဖြစ်သူ ဒေါက်တာ Cagan သည် ဤကျမ်းပိုဒ်များကို အကြိမ်ပေါင်းများစွာ စွဲကိုင်ထားခဲ့ ပါသည်။ သူက “ဘုရားသခင်၊ အကယ်၍သားသည် ငါးကိုတောင်းလျှင် သူ့အား မြွေကိုပေး မည်မဟုတ်။ မုန့်ကိုတောင်းလျှင် ကျောက်ကိုပေးမည်မဟုတ်။ ထို့ကြောင့် ဘုရားသခင် ကိုယ် တော်သည် အကျွန်ုပ်အား ထိုနည်းအတိုင်း လုပ်ဆောင်ပေးမည်မဟုတ်ပါ။ ဘုရားသခင်၊ ကျွန်ုပ် လိုအပ်သောအရာမှန်သမျှကိုပေးရန် ဆုတောင်းပါ၏” ဟု ဆုတောင်းပါသည်။ ထိုကြောင့် ဘုရားသခင်က အဖြေပေးတော်မူခဲ့သည်။

ကျွန်ုပ်၏အဖေသည် ကောင်းသောအရာ၊ သူလိုအပ်ခဲ့သောအရာများကို တောင်း လျှောက်သောအခါ ဘုရားသခင်၏နှုတ်ကပါတ်တော်ကို ဆုပ်ကိုင်ခဲ့သည်။ သင်လည်း လိုအပ် သောအရာများကို ဆုတောင်းသောအခါ ဘုရားသခင်၏နှုတ်ကပါတ်တော်ကို ဆုပ်ကိုင်ဆု တောင်းနိူင်ပါသည်။ သူ၏အကူအညီ၊ နှင့်မျက်မှောက်တော်၊ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်ကို တောင်းလျှောက်သောအခါတွင်လည်း ဘုရားသခင်၏နှုတ်ကပါတ်တော်ကို စွဲ ကိုင်၍ ဆုတောင်းရပါမည်။ ခရစ်တော်က “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည်မဟုတ် လော” (လုကာ ၁၁း ၁၃ ) ဟု မိန့်တော်မူသည်။

ခရစ်တော်က သူ့အားဖြင့်၊ သူ့နာမဖြင့်တောင်းသမျှသောဆုကို ပေးမည်ဟု ကတိပေး ထားပါသည်။ ယေရှုက “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်” ဟု မိန့်တော်မူသည်။ (ယောဟန် ၁၄း ၁၄ ) သင်သည် ဆု တောင်းသောအခါ ထိုကတိတော်ကို စွဲကိုင်ထားပါ။

ယေရှုက အထူးသဖြင့် အဖွဲ့လိုက်စုတောင်းခြင်း၊ အသင်းတော်ဆုတောင်းခြင်းအစီအ စဉ် သို့မဟုတ် ဆုတောင်းဖို့တွေ့ဆုံကြသော အစုငယ်တို့၏ဆုတောင်းခြင်းကို နားညောင်းမည် အကြောင်း ကတိပေးထားပါသည်။ ခရစ်တော်က “မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့ သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော် မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့” (မဿဲ ၁၈း ၁၉ ) ဟု မိန့်တော်မူခဲ့သည်။ တမန် ယေရှုက “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်” (မဿဲ ၁၈း ၂၀ ) ဟု မိန့်တော်မူသည်။ သင်သည် ဆုတောင်းသောအခါ ထိုကတိတော်ကို ဆွဲကိုင်ထားပါ။

ဘုရားသခင်က ကျွန်ုပ်တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကတိပေးထားပါ သည်။ သမ္မာကျမ်းစာက “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌စံပယ်တော်မူသော စည်း စိမ်ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်” (ဖိလိ ၄း ၁၉ ) ဟု မိန့်တော်မူပါသည်။ ဤအရာက သင်သည် ငွေကိုတောင်းသောအခါ ဘုရား သခင်က ချမ်းသာစေလိမ့်မည်ဟု မဆိုလိုပါ။ ဘုရားသခင်က သင်၏လိုအပ်ချက်အားလုံးကို ထောက်ပံ့လိမ့်မည်ဟု ဆိုလိုသတည်း။ သူသည် အမှန်တကယ်ပေးလိမ့်မည်။ သူသည် သင်ဆု တောင်းသောအခါ ဘုရားသခင်၏နှုတ်ကပါတ်တော်ကို စွဲကိုင်လိုက်ပါ။

ဘုရားသခင်က သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်ရန် ခွန်အားပေးမည်အ ကြောင်း ကတိတော်ပေးထားပါသည်။ သမ္မာကျမ်းစာက “ထာဝရဘုရားကို မြော်လင့်သောသူ တို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့် မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ” (ဟေရှာယ ၄၀း ၃၁ ) ဟု မိန့် တော်မူသည်။ သင်သည် ဆုတောင်းသောအခါ ထိုကတိတော်ကို ဆုပ်ကိုင်လိုက်ပါ။

သင်သည် ဒုက္ခရောက်ချိန်၌ ခေါ်သောအခါ နားညောင်းတော်မူမည်အကြောင်း ဘုရား သခင်ကတိပေးထားတော်မူသည်။ ဘုရားသခင်က “အမှုရောက်သည်ကာလ၌ ငါ့ကို ပဌနာပြု လော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွမ်းလိမ့်မည်” (ဆာလံ ၅၀း ၁၅ ) ဟု မိန့်တော်မူသည်။ ထိုကတိတော်ကို ဆုပ်ကိုင်ထားပါ။ နှုတ်တော်ထွက်စကားတွင်မိန့်တော်မူ သောစကားများကို ဘုရားသခင်အား ပြောပြပါ။ ထို့နောက် သူ့ကိုခေါ်ပါ။ “ဘုရားသခင်၊ ကျွန်ုပ် အမှုရောက်ပါ၏။ ကူညီမစမူပါ” ဟု ဆိုတောင်းပါ။

သင်လုံး၀တွေ့မြင်ဖူးခြင်းမရှိသည့် နိူးထမှုကဲ့သို့သောအရာများအတွက် ဆုတောင်း သောအခါတွင်လည်း ဘုရားသခင်နားညောင်းတော်မူမည်အကြောင်း ကတိပေးထားပါသည်။ ဘုရားသခင်က “ငါ့ကိုခေါ်လော့၊ ငါထူးမည်။ သင်မသိနိူင်အောင် နက်နဲသောအရာတို့ကိုလည်း ငါပြညွှန်မည်” ( ယေရမိ ၃၃း ၃ ) ဟု မိန့်တော်မူခဲ့သည်။ နိူးထမှုအတွက်ဆုတောင်းသောအခါ ထိုကတိတော်ကို ခိုင်ခိုင်ဆုပ်ကိုင်ထားပါ။

မဖြစ်နိူင်ဟု ထင်စရာရှိသောအရာများကို ဆုတောင်းရန် မကြောက်ရွံ့ပါနှင့်။ ခရစ် တော်က “လူမတတ်နိူင်သောအရာကို ဘုရားသခင် တတ်နိူင်တော်မူ၏” (မာကု ၁၀း ၂၇) ဟု မိန့်မူခဲ့သည်။ ယေရမိက ဘုရားသခင်အား “ကိုယ်တော်အဖို့ ခက်ခဲသောအရာဟူသည်မရှိ” (ယေရမိ ၃၂း ၁၇ ) ဟုဆိုထားသည်။

ဖြစ်လာစရာယုံကြည်မှုမရှိသောအရာအတွက် ဆုတောင်းရမည်။ သို့မဟုတ် ဖြစ်လာ နိူင်မည်ဟု ယုံကြည်မထားသောအရာအတွက် ဆုတောင်းရမည်။ လူတစ်ယောက်က နတ်ဆိုး ကြောင့် သူ့သားခံစားရသည့်အကြောင်းကို ခရစ်တော်အား ပြောပြသည်။ ခရစ်တော်က “ယုံ ကြည်နိူင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိူင်သည်” (မာကု ၉း ၂၃ ) ဟု မိန့်တော်မူ၏။ ထိုသူကလည်း “အကျွန်ုပ်ယုံကြည်ပါ၏သခင်၊ မယုံကြည်သည်ကို မစတော်မူပါ” ( မာကု ၉း ၂၄ ) ဟု ဆိုလေသည်။ အမှန်တကယ်ဖြစ်လာမည်ဟု ဖခင်ဖြစ်သူက ယုံကြည်နိူင်ခြင်းမရှိသော်လည်း ခရစ်တော်သည် ထိုသူငယ်အား နတ်ဆိုး၏ညှင်းပန်းနှိပ်စက်မှု ကနေ ကယ်နှုတ်ခဲ့သည်။ သင်၏ယုံကြည်ခြင်းသည် အားနည်းချက်ရှိသော်လည်း၊ အဖြေရမည် ဟု သင်မယုံကြည်နိူင်သော်လည်း ဘုရားသခင်က သင်အမြဲဆုတောင်းနိူင်ရန် ခွန်အားပေးပါ သည်။

ဒေါက်တာ Hymers က “မယုံကြည်ခြင်းနှင့်နိူးထမှု- ရှုထောင့်သစ်တစ်ခု” ဟူသော တရားဒေသနာကို ဟောကြားခဲ့သည်။ သင်သည် လုံး၀တွေ့မြင်ဖူးခြင်းမရှိသော်လည်း နိူးထမှု နိမိတ်လက္ခဏာကဲ့သို့သော အရာကို ဆုတောင်းနိူင်သည်အကြောင်း ပြသခဲ့သည်။ ဘုရား သခင်က သမ္မာကျမ်းစာထဲတွင် ပြောဆိုသောအရာမှာ “ရေငတ်သောသူအပေါ်မှာ ရေကိုငါ သွန်းလောင်း၍၊ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏အမျိုးအပေါ်မှာ ငါ့ဝိညာဉ် ကို၎င်း၊ သင်၏အနွယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို၎င်း ငါသွန်းလောင်းမည်” (ဟေရှာယ ၄၄း ၃ ) ဟု မိန့်တော်မူသည်။ Lewis ကျွန်းတွင်နေထိုင်သောသူတစ်ဦးသည် ထိုကတိတော်ကို ဆုတောင်းခြင်းတွင် ဆုပ်ကိုင်ထားသည်။ ထို့အပြင် ဘုရားသခင်သည် ထိုအရပ်တွင် ကြီးမား သည့် နိူးထမှုကိုဖြစ်စေသည်။

သမ္မာကျမ်းစာထဲတွင် ကတိတော်ပေါင်းများစွာရှိပါသည်။ ဘုရားသခင်သည် သူ၏နှုတ် တော်ထွက်စကားကို အလေးအနက်ထားပါသည်။ ဆုတောင်းခြင်း၌ သူ၏နှုတ်တော်ထွက်စ ကားကို ဆုပ်ကိုင်ထားပါ။ ကတိတော်ကို ဆုပ်ကိုင်ထားပါ။ ဘုရားသခင်သည် အစီစဉ်တကျ တောင်းလျှောက်သောဆုတောင်းခြင်းကို နားညောင်းတော်မူသည်။ အာင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

အခှပှေုကမြွး

ဆုတောင်းခြင်းတွင်ရှိသောအစီအစဉ်နှင့် လျှောက်လှဲချက်အကျဉ်း- အပိုင်း ၂

ORDER AND ARGUMENT IN PRAYER – PART II

Mr. John Samuel Cagan

“ဘုရားသခင်ကိုတွေ့နိူင်သည့်အရပ်ကို ငါသိပါစေသော။ ပလ္လင် တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ ရောက်မှငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအ ကျိုးအကြောင်းကို လျှောက်ထားရမည်။” ( ယောဘ ၂၃း ၃- ၄ )

၁။      ပထမအချက်၊ အစီအစဉ်ကျသောဆုတောင်းခြင်းအပေါ် ဘုရားင်၏ တုန့်ပြန်မှု၊ ထွက် ၃၂း ၁၁- ၁၂၊ ၁၃၊ ၁၄၊ ယေရမိမြည်တမ်း ၅း၁၊ ဆာလံ ၇၉း ၁- ၄၊ ၉၊ ၁၀၊ ဆာလံ၂၇း ၉၊ ယောဟန် ၁၄း ၆၊ ၁၄၊ဟေဗြဲ ၄း ၁၄၊ ၁၆၊ ၁၀း ၁၉၊ ၇း ၂၅၊ လုကာ ၁၁း ၈၊ မဿဲ ၇း ၇၊ လုကာ ၁၈း ၇။

၂။      ဒုတိယအချက်၊ အစီအစဉ်ကျသောဆုတောင်းခြင်းက ဘုရားကတိ တော်များကို ဆုပ်ကိုင်ထားသည်။ ယောဟန် ၁၇း ၁၇၊ ၁၀း ၃၅၊ ကမ္ဘာ ၃၂း ၁၂၊ ၂ ရာဇဝင် ၇း ၂၅၊ ဆာလံ ၂၇း ၁၀၊ မဿဲ ၇း ၉- ၁၁၊ လုကာ ၁၁း ၁၃၊ ယောဟန် ၁၄း ၁၄၊ မဿဲ ၁၈း ၁၉၊ ၂၀၊ ဖိလိ ၄း ၁၉၊ ဟေရှာယ ၄၀း ၃၁၊ ဆာလံ ၅၀း ၁၅၊ ယေရမိ ၃၃း ၃၊ မာကု ၁၀း ၂၇၊ ယေရမိ ၃၂း ၁၇၊ မာကု ၉း ၂၃၊ ၂၄၊ ဟေရှာယ ၄၄း ၃ ။