Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အပြစ်တွင်းထဲက ပြန်လည်ဆွဲထုတ်ခြင်း

BRING THEM IN FROM THE FIELDS OF SIN!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဩဂုတ်လ ( ၇ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon given at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 7, 2016

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” (လုကာ ၁၄း ၂၃ ) )


ကျွန်ုပ်သည် နှစ်ပေါင်းများစွာပင် ပျောက်ဆုံးဝိညာဉ်များ မည်သို့ရိတ်သိမ်းမည်ကို မသိ နားမလည်ပေ။ ပျောက်ဆုံးဝိညာဉ်များကိုရိတ်သိမ်းပြီး အသင်းတော်ထဲသို့ အဘယ်သို့သွက် သွင်းမည်ကို မသိခဲ့ပေ။ ကျွန်ုပ်သည် ဖြစ်နိူင်မည့်နည်းလမ်း အားလုံးနီးပါးဖြင့် ကြိုးစားလုပ် ဆောင်ခဲ့ပါသည်။ ဝေစာများကို ဝေငှရန်လည်း ကြိုးစားခဲ့သည်။ လမ်းမပေါ်တွင် တရားဟော ရန်လည်း ကြိုးစားအားထုတ်ခဲ့သည်။ သို့သော် ထိုအရာတွေက ပျောက်ဆုံးသောလူများကို အသင်းတော်ထဲသို့ ပို့ဆောင်နိူင်ခြင်းမရှိပါ။ ကျွန်ုပ်သည် လမ်းမပေါ်တွင် သက်သေခံရန်လည်း ကြိုးစားအားထုတ်ထားသည်။ သို့သော် အကျိုးမရှိပါ။ သူတို့က ကယ်တင်ခြင်းအတွက်ဆု တောင်းခြင်းဖြင့်ဟုဆိုကြပြန်ပါသည်။ သို့သော် ၎င်းသည်လည်း အကျိုးမရှိပြန်ပါ။ သူတို့အဖို့ ဆုတောင်းပဌနာပြုပြီးနောက် “နောက်ကလိုက်၍ ကြီးထွားစေသော်လည်း” အကျိုးမရှိပါ။ ကျွန်ုပ်အလွန်ပင် ပင်ပန်းနွမ်းနယ်လှသည်။

သို့ရာတွင် ကျွန်ုပ်သည် အရှုံးမပေးပါ။ ပျောက်ဆုံးသောသူများ ပြောင်းလဲလာပြီး အ သင်းတော်ထဲသို့ရောက်ရှိနိူင်သည့်နည်းလမ်းအချို့ရှိနိူင်ပါသည်။ ၎င်းမှာ ကျွန်ုပ်တို့အခြေပြု ကျမ်းတွင် ဖတ်ရှုရသောအရာဖြစ်ပါသည်။ ကျွန်ုပ်အရင်က ဖတ်ရှုဖူးပါသည်။ သို့သော် ကျွန်ုပ် ကို ရုတ်တရက် ကျော်တတ်သွားဟန်ရှိပါသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏နည်းလမ်းများသည် စတင်မွေးဖွါးလာသည်။ ယေရှုခရစ်၏စကားများသည် ကျွန်ုပ်တို့ဝိညာဉ်ရိတ်သိမ်းခြင်းတွင် လမ်းညွှန်ဖြစ်လာသည်။

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” ( လုကာ ၁၄း ၂၃ ) )

လူများထံသို့သွားပြီး “အပြစ်သားတို့ဆုတောင်းချက်” ကို ဆုတောင်းနေမည့်အစား၊ သူတို့သည်ဘုရားကျောင်းသို့လာရန် ကြိုးစားအားထုတ်နေ့မည့်အစား နည်းလမ်းသစ်ကို လုပ် ဆောင်ရန် လိုအပ်ပါသည်။ သူတို့သည် ကယ်တင်ခြင်းသို့မရောက်မှီ အသင်းတော်သို့လာကြ ၇န်လိုအပ်ပါသည်။ သို့မှသာ အဆင်ပြေမည်ဖြစ်သည်။ ယခုတွင် ယေရှုမိန့်ဆိုသောအရာကို ကျွန်ုပ်တို့လုပ်ဆောင်နေကြသည်။ သူတို့သည် ကျွန်ုပ်၏တရားဒေသနာအားဖြင့် ရင်ဆိုင်တွေ့ ခြင်းမတိုင်မှီတွင် ”ဘုရားကျောင်းသို့လာကြရန်” သွေးဆောင်ရမည်ဖြစ်သည်။

လူများစွာတို့သည် ဘုရားကျောင်းသို့မလာကြပါ။ တချို့တလေတော့လာကြပါသည်။ အချို့တို့သည် ကျွန်ုပ်၏တရားဟောချက်ကို ကြား၍ ယုံကြည်လက်ခံကြသည်။ သူတို့သည် ဘုရားကျောင်းသို့လာရန် အတင်းအကျပ်လုပ်ထားသောသူများဖြစ်ကြပါသည်။ အသင်းတော် ၌မိတ်ဆွေဖွဲ့ထားရသူဖြစ်ကြပါသည်။ သူတို့သည် ဧဝံဂေလိတရားနှင့်ရင်ဆိုင်တွေ့ခြင်းမတိုင် မှီတွင် ဘုရားကျောင်းပုံမှန်တက်သူများဖြစ်ကြပါသည်။

ကျွန်ုပ်ပြောဆိုပြီးသကဲ့သို့ အသင်းတော်ဘုရားကျောင်းသို့လာရန် လူတိုင်းလူတိုင်းကို ခေါ်ဖိတ်ထားသည်မဟုတ်။ ယေရှုပေးသောသာဓက က များစွာသောလူတို့သည် လာကြလိမ့် မည်မဟုတ္ဟု ဆိုထားသည်။ အပိုဒ်ငယ် ၁၈ က မလာဖို့ရန် “သူတို့အားလုံးက ဆင်ခြင်တစ်ခု ကိုသာပေးကြမည်” ဟု ဆိုထားသည်။ လူများစွာတို့သည် လုံးဝလာကြမည်မဟုတ္။ သူတို့ ကို ဘုရားကျောင်းလာကြစေရန် “အတင်း”ခေါ်ထားရခြင်းဖြစ်သည်။ သို့သော် လူအနည်းငယ်သာ လာကြပါသည်။ သူတို့သည် ဘုရားကျောင်းသို့လာရန် အမှန်တကယ် ခေါ်ထားရပါသည်။ အ ဘယ်အရပ်သို့လာရပါမည်နည်း။ အသင်းတော်ဘုရားကျောင်းသို့ လာရန်ဖြစ်ပါသည်။ ပုံဥပမာ တွင် မည်သည့်အရပ်သို့ “လာကြရန်” ဖြစ်သနည်း။ သို့သော် လူအနည်းငယ်သာလျှင် ဘုရား ကျောင်းသို့လာကြပါသည်။ သူတို့သည် ပြင်းလှသောဧဝံဂေလိတရားကို ကြားရကြမည်ဖြစ် သည်။ သူတို့သည် အပိုဒ်ငယ် ၁၆ အရ ကျွန်ုပ်တို့နှင့်အတူ “ထမင်း”လည်းစားရကြမည်ဖြစ် သည်။ သူတို့သည် ကျွန်ုပ်တို့နှင့်အတူ အသင်းတော်ရှိအသင်းသားတစ်ဦးက မွေးနေ့ပွဲကျင်းပ သည်ဖြစ်၍ အတူတကွ စားသောက်ရကြပေလိမ့်မည်။ သူတို့သည် ပါတီပွဲတွင် ကျွန်ုပ်တို့နှင့် အတူ အချိန်ကောင်းကို ရရှိကြပေလိမ့်မည်။ နောက်တနင်္ဂနွေနေ့တွင် သူတို့ကို ပြန်၍ ခေါ်ဖိတ် ရကြမည်။

မလာသောသူများစွာတို့သည် ပြန်လာကြပေလိမ့်မည်။ သို့သော် အချို့သာ ပြန်လာ ကြမည်။ ထို့နောက် ကျွန်ုပ်တို့သည် သူတို့အား အစီအစဉ်တိုင်းတွင် ထပ်ခါ ထပ်ခါ ဧဝံဂေလိ တရားဟောကြပါသည်။ သူတို့သည် အချိန်ကာလတစ်ခုကျော်လွန်လာသောအခါ ဧဝံဂေလိတ ရားကို စတင်၍ နားလည်နာကြပါမည်။ အချိန်ကာလကြာညောင်းလာသောအခါ အချို့တို့က အပြစ်ကိုသိမြင်လာကြမည်။ အချို့တို့က ယေရှုကိုယုံကြည်ကိုးစားပြီး ကယ်တင်တော်မူခြင်း သို့ ရောက်ကြမည်။ ယနေ့တွင် ဤနေရာ၌ရှိနေသောသင်တို့သည် ထိုသို့သောနည်းလမ်းဖြင့် အသင်းတော်သို့ရောက်လာကြပါသလား။ သင်သည် ပြောင်းလဲခြင်းမရှိသေးသော်လည်း သင် တို့တွင် မည်မျှသည် ထိုနည်းလမ်းဖြင့်လာကြမည်နည်း။ မတ်တပ်ရပ်ပေးပါ။ (သူတို့မတ်တပ် ရပ်ကြသည်။) သင်တို့မြင်ရကြသည်။ ကျွန်ုပ်တို့အသင်းတော်တွင်ရှိကြသောလူများစွာတို့သည် ထိုနည်းဖြင့်လာကြပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို နာခံကြသည်ဖြစ်၍ သင်တို့သည် ဘုရားကျောင်းသို့လာခဲ့ကြပါသည်။ ခရစ်တော်က ဤသို့ဆိုပါသည်။

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” ( လုကာ ၁၄း ၂၃ ) )

“သူတို့ကိုခေါ်ဆောင်လာပါ”၊ သီချင်းပိုဒ်ကို ကျွန်ုပ်နှင့်အတူ သီဆိုကြပါစို့။

ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။
(“ပြန်ခေါ်ဆောင်ပါ” ၊ Alexcenah Thomas, ၁၉ ရာစု)

ကျွန်ုပ်တို့သည် ခရစ်တော်၏ဧဝံဂေလိနည်းဗျူဟာကိုလိုက်နာကြသည်ဖြစ်၍၊ အခြား အရာကိုလည်း လွယ်ကူချော့မွေ့စွာ သင်ယူကြရသည်။ ခေါ်ဆောင်လာမည့်သူများနှင့်ပါတ် သက်ပြီး ရွေးချယ်ဖို့ သင်ယူကြပါသည်။ ပထမဦးစွာ ကျွန်ု္ပ်တို့သည် လူတိုင်းကို ခေါ်ဆောင် လာသည်။ သို့သော် ကျွန်ုပ်တို့၏အသင်းတော်သည် မြို့အတွင်းတွင်ရှိကြပါသည်။ ကျွန်ုပ်တို့ သည် လော့အိန်ဂျယ်မြို့လယ်တွင်တည်ရှိကြသည်။ ယနေ့ ဤနေရာတွင်ရှိနေကြသောသူတို့ ၏စိတ်ထဲတွင် အမြင်မကြည်လင်မှုများရှိနိူင်ပါသည်။ အချို့တို့က ဆေးသမား၊ ဘိန်းသမားဖြစ် ကြပေမည်။ ကျွန်ုပ်တို့သည် ထိုမျှလောက်အထိ မကူညီနိူင်ပါ။ အချို့တို့က အသက်ကြီးနေကြ သဖြင့် ၎င်းတို့သွားရမည့်လမ်းကို ချထားလျက်ရှိကြသည်။ သူတို့ကိုလည်း မကူညီနိူင်ပါ။ ယေရှု၏နေ့ရက်ကာလတွင် ယေရှုက “သူတို့ကို သယ်ဆောင်လာရန် အမိန့်တော်ရှိခဲ့ပါသည်။” (အပိုဒ် ၂၁ ) ယေရှု၏နေ့ရက်တွင်ရှိသောသူတို့သည် ယနေ့ခေတ်ကာလက လူများထက်ပို၍ လေးနက်မှုကို ထားကြပါသည်။ ထိုနည်းတူစွာပင် သူတို့ကို ဘုရားကျောင်းသို့ ခေါ်ဆောင်လာ နိူင်ပါသည်။ သူတို့သည် ဆိုးသောအရာကို မလုပ်ကြပါသည်။ သို့သော် ယနေ့လူတို့က အရိုင်း မိုက်ရိုင်းလွန်းကြသည်။ အသင်းတော်သို့ လူတို့ကိုခေါ်ဆောင်လာရန် စည်းမျဉ်းစည်းကမ်းများ ကိုလည်း အလေးမထားကြပါ။ သို့ဖြစ်၍ ယေရှုကိုယ်တိုင်ရွေးချယ်ရန် ပြောကြသည်။ ယေရှုက တပည့်တော်များအား ဤသို့ဆိုသည်။

“သင်တို့သည် တပါးအမျိုးသားရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာ ထဲသို့မဝင်ကြနှင့်။ ဂျူးလူမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အရင်သွားကြလော့။” ( မဿဲ ၁၀း ၅၊ ၆ ) )

နောက်ပိုင်းတွင် လူတို့အား ပို၍တောင် ရွေးချယ်ရန်မိန့်မူသည်။ ယေရှုက ထိုသို့သောသူများ ကို ဧဝံဂေလိမလုပ်ရန်၊ တမြို့လုံးကိုတောင် မလုပ်ရန် ပြောထားသည်။ ဤသို့မိန့်မူသည်။

“အကြင်သူသည် သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကို နားမ ထောင်ဘဲနေ၏။ ထိုသူနေသောအိမ်မှ၎င်း၊ မြို့မှ၎င်း ထွက်သွား စဉ်၊ သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါလိုက်ကြလော့။ ငါအမှန်ဆို သည်ကား၊ တရားဆုံးဖြတ်သောနေ့၌၊ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ၍ ခံရလတံ့။” ( (မဿဲ ၁၀း ၁၄၊၁၅ ) )

ခရစ်တော်က ရွေးချယ်မှုပြုသည်။ ကျွန်ုပ်တို့လည်း ရွေးချယ်ရမည်။ လူတစ်ဦးက “သင်သည် လူတိုင်းကို ရဖို့ကြိုးစားလျှင် တစ်ဦးမျှရမည်မဟုတ်” ဟုဆိုပါသည်။ အသက်၁၆ မှ ၂၄ နှစ်အတွင်း ကောလိပ်ကျောင်းသားလူငယ်များသည် ကျွန်ုပ်တို့၏နည်းဗျူဟာနှင့်ဧဝံဂေလိ လုပ်ရန် ကောင်းသောသူများဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိကြသည်။

ကျွန်ုပ်တို့အသင်းတော်အများစုသည် ကျွန်ုပ်တို့အရွယ်စုဖြင့် တည်ဆောက်ထားပါ သည်။ ကောလိပ်ကျောင်းသူကျောင်းသားများဖြစ်ကြသော တရုတ်လူငယ်များသည် အခြား သူများထက် ပို၍ ရိတ်သိမ်းခံရကြောင်းကို တွေ့ရှိရပါသည်။ သို့သော် လူငယ်အနည်းစုကိုသာ ရရှိပါသည်။ ကျွန်ုပ်တို့အသင်းတော်တွင် လူမျိုးနွယ်စု ၂၀ လောက်ရှိခဲ့သည်။ သို့သော် ကျွန်ုပ် တို့အသင်းတော်၏စည်းရုံးမှုသည် ကောလိပ်ကျောင်းသူကျောင်းသားများနှင့် ဖွဲ့စည်းထားပါ သည်။ သူတို့သည် ကောလိပ်ကျောင်းသားများသက်သက်မဟုတ်။ သို့သော် မူးယဇ်ဆေးဝါး ဖြတ်သောကျောင်းသူကျောင်းသားများသာဖြစ်ပါသည်။ သူတို့က “ကျွန်ုပ်တို့ဦးတည်ထားသော အဖွဲ့” ကို လုပ်ဆောင်ကြပါသည်။ သူတို့အား ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်သည်။ နောက်ဆုံး နှစ်အနည်းငယ်တွင် ဤလူငယ် ၅၀ ကို အသင်းတော်တွင် လက်ခံရရှိသည်။

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” ( (လုကာ ၁၄း ၂၃ ) )

သီချင်းစာပိုဒ်ကို ထပ်၍သီဆိုကြပါစို့။

ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

ဧဝံဂေလိအဖွဲ့များက ယနေ့တွင် လူတို့ကို ရရှိဖို့ရန်မှာ အလွန်ပင်ခက်ခဲသည်ဟု ဆိုကြ သည်။ နှစ်တိုင်းနှစ်တိုင်း ပိုမိုခက်ခဲလာသည်ဟုလည်း ဆိုကြပါသည်။ ကျွန်ုပ်တို့သည် နောက် ဆုံးသောနေ့ရက်ကာလတွင် အသက်ရှင်နေကြသည်ဟုလည်း ဆိုကြသည်။ထိုအချက်က လောကကြီးထဲက ပျောက်ဆုံးသူများကို ပြန်လည်ရရှိရန် ပိုမိုခက်ခဲစေသည်။ အခြားသူများက ကောလိပ်ကျောင်းဝန်း သို့မဟုတ် အီးမေးလ်တွင်တွေ့ဆုံရန် သူစိမ်းတစ်ဦးအား အဘယ်သူမျှ ဖုန်းနံပါတ်ကိုပေးမည်မဟုတ်။သို့သော် ၎င်းတို့၏အယူအဆသည် ထိုအချက်ပေါ်တွင် အခြေခံ သည်မဟုတ်။ ကျွန်ုပ်တို့ဆိုသကဲ့သို့ သူတို့သည် မြည်းစမ်းခြင်းမရှိကြပါ။ လူငယ်အများစုတို့ သည် ၎င်းတို့၏မိတ်ဆွေများအား နာမည်နှင့်ဖုန်းနံပါတ်များကို ပေးလေ့ရှိသည်ကို အတွေ့အ ကြုံအားဖြင့် ကျွန်ုပ်တို့သိရှိရပါသည်။ သူတို့သည် အပတ်တိုင်းလုပ်ဆောင်ကြပါသည်။ ထိုအ ရာကို လွန်ခဲ့သောနှစ်ပေါင်းနှစ်နှစ်ဆယ်တွင် ထိုအရာကို လုပ်ဆောင်ကြမည်ဟု ကျွန်ုပ်မထင် ပါ။ ၎င်းမှာ တရားဟောသူများက ရရှိသည့်အလုပ်မဖြစ်သောအတွေးအခေါ်များပင်ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် ချက်လိုင်း၊ ဖေးစ်ဘုတ်၊ နှင့်ကျန်သောနည်းလမ်းများဖြင့် ခေတ်သစ် တစ်ခုအတွင်းသို့ရောက်ရှိလာကြသည်ကို သူတို့သည် သတိမမူမိကြပေ။ ယနေ့တွင် “မီလီနီ ယမ်” တို့သည် ၎င်းတို့၏ဖုန်းနံပါတ်များကို ရင်းနှီးသောသူစိမ်းတို့အား ပေးကြမည်လူငယ်များ ဖြစ်ကြပါသည်။ ထောင်ပေါင်းများစွာသောသူတို့သည် ကျွန်ုပ်တို့၏အသင်းတော်များဖြင့် ထိုအ ရာကို လုပ်ဆောင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကောလိပ်လူငယ်များကို အဓိကဦးတည်ကြရ ပါမည်။ အကြောင်းမှာ အသက်ကြီးသူတို့မှာ ၎င်းတို့၏ဖုန်းနံပါတ်ကို ပေးကြမည်မဟုတ်ပါ။ ဘာမှ အကျိုးမရှိဟု တရားဟောသူများက ထင်ကြပေမည်။ ဧဝံဂေလိလုပ်ငန်းတိုင်းသည် လည်း အလွန်ပင် ခက်ခဲနေသောကြောင့်ပင်ဖြစ်ပါသည်။ သို့သော် သူတို့၏ပြောဆိုချက်များ သည် အလွန်ပင် မှားယွင်းနေပါသည်။ ယေရှုက ဤသို့ဆိုပါသည်။

“စပါးရိတ်ခြင်းအလို့ငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။” ( (ယောဟန် ၄း ၃၅ ) )

ကောလိပ်၊ လမ်းမတို့သည် လူငယ်များနှင့်ပြည့်နှက်နေပါသည်။ သို့သော် သူတို့နောက်သို့ သွားရောက်ရန် အမှန်တကယ် လိုအပ်ပါသည်။ သူတို့ထံသို့ စိတ်အားထက်သန်လျက်၊ ဆုံးဖြတ်ချက်ဖြင့် သွားရန်လိုအပ်သည်။ မြို့သည် သူတို့နှင့်ပြည့်လျှံနေသည်။ လယ်ပြင်သည် အမြဲတမ်းကြီးမားလျက်ရှိသည်။ ကောလိပ်ကောင်းသားသစ်များသည် လပတ်တိုင်းရောက်လာ ကြသည်ဖြစ်၍ ကြီးထွားလာကြလျက်ရှိကြပါသည်။ ယေရှုက ဤသို့ဆိုပါသည်။

“ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့ သည်နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ် စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်း ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” ( မဿဲ ၉း ၃၇၊ ၃၈ ) )

ထပ်၍ သီဆိုကြပါစို့။

ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

ဤသည်မှာ လွယ်ကူသော အလုပ်တော့မဟုတ်ပါ။ ကျွန်ုပ်တို့၏လူများသည် ဧဝံဂေလိ သွားပြီး အနည်းငယ်သောနာမည်နှင့်ဖုန်းနံပါတ်များကိုသာ ယူဆောင်လာသောအခါ အနည်း ငယ် စိတ်ပျက်စိပါသည်။ တချို့က လုံး၀တောင် ယူမလာကြပါ။ ထိုအရာက ကျွန်ုပ်အား အိပ် ပျက်ညဖြစ်စေပါသည်။ စစ်မှန်သောတရားမှာ ရိတ်စရာစပါးသည် များစွာရှိပါသည်။ ယေရှုက “အလုပ်လုပ်သူကိုစေလွှတ်ဖို့ အလုပ်ရှင်ကိုဆုတောင်းဖို့ရန်” မိန့်တော်မူခဲ့သည်။ အချို့တို့သည် ဧဝံဂေလိခရီးသွားကြသည်။ သို့သော် နာမည်ယူမလာနိူင်ကြပါ။ သူတို့သည် နာမည်ရဖို့ အလုပ်လုပ်ဆောင်ထားခြင်းမရှိသောကြောင့် နာမည်များစွာ ယူမလာပါ။ ပျောက်ဆုံးသူများမှာ များစွာပင်ဖြစ်ပါသည်။ သို့သော် သင်သည် နာမည်များစွာရရှိဖို့ရန် အလုပ်လုပ်ထားခြင်းမရှိပါ။ “အလုပ်လုပ်သူ” ဟူသောစကားလုံးကို “လုပ်ဆောင်သူ” ဟု ဘာသာပြန်ဆိုနိူင်ပါသည်။

သင်သည် ဧဝံဂေလိခရီးသွားသောအခါ တကယ် လုပ်ဆောင္ရပါမည်။ အလုပ်ကြိုး စား အားထုတ်ရမည်။ သို့မဟုတ်လျှင် နာမည်ရမည်မဟုတ်ပါ။ သင်သည် ပျောက်ဆုံးဝိညာဉ် များ၏နာမည်နှင့်ဖုန်းနံပါတ်များကို ရရှိဖို့ရန် ပျောက်ဆုံးဝိညာဉ်ရှာဖွေခြင်းတွင် ကြိုးစားအား ထုတ်ရပါမည်။ နောက်တပတ်တွင် အမှန်တကယ်လုပ်ဆောင္ရန်အတွက် ဆုတောင်းပါသည်။ မပျင်းပါနှင့်။ မတ်တပ်ရပ်ရုံသက်သက်မရပ်ပါနှင့်။ သွားဖို့အချိန်မစောင့်ပါနှင့်။ သူတို့နာမည်ကို ရရှိဖို့ရန် ကြိုးစား အားထုတ်ပါ။

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” ( လုကာ ၁၄း ၂၃ ) )

ဆက်လက်သီဆိုကြပါစို့။

ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

လွန်ခဲ့သောတနင်္ဂနွေနေ့တွင် နောဧချီးမွမ်းသီချင်းအကြောင်း တရားဟောပါသည်။ ဒါက သူရဲ့ ဒုတိယ တရားဒေသနာပင်ဖြစ်ပါသည်။ အလွန်တန်ခိုးပါသောတရားဒေသနာဖြစ် သည်။ နောဧက ဤသို့သီဆိုထားပါသည်။

ယနေ့လူငယ်အများစု ကြုံတွေ့နေကြသောပြဿနာမှာ အထီး ကျန်ဆန်မှုဖြစ်ပါသည်။ ယင်းသည် မှန်ကန်သည်ဟု ကျွန်ုပ်ထင်ပါ သည်။ သင်သည် ပရိသတ်ထဲတွင်ရှိနိူင်သည်။ သို့သော် လူတွေ ရဲ့အကြောင်း အသေးစိတ်ကိုတော့သိမည်မဟုတ်။ သင်က ချိန် ချက်ပေမယ့် ကြာနိူင်မယ်မထင်ဘူး။ သင်တို့သည် ချစ်ကြလိမ့် မည်။ ခဏလေးပါ။ အတူတကွလမ်းလျှောက်ကြမယ်။ သင့်ကို ဘယ်သူမျှမသိဘူး။ ဂရုလည်းစိုက်မှာ မဟုတ်ဘူး။ ဖေ့စ်ဘုတ် သို့မဟုတ် ချက်လိုင်းကိုသွားမယ်။ သို့သော် နင်ဆက်သွယ်ထား သောသူများကလည်း ဂရုစိုက်ကြမည်မဟုတ်ပါ။ သူတို့သည် ဆိုက်ဘာသူငယ်ချင်းများသာဖြစ်ကြသည်။ သူငယ်ချင်းအရင်း တွေ့မဟုတ်ဘူး။ အဖြေကဘာလဲ။ အဖြေမှာ တဲတော်နှစ်ခြင်းအ သင်းတော် “သစ်”တွင်ရှိပါသည်။ (နောဧသီချင်း၊ “ဘုရားသခင် သည် အထီးကျန်ဆန်မှုကိုမုန်းသည်။”)

နောဧသည် မှန်ကန်လျက်ရှိသည်။ ယနေ့တွင် ကလေးများသည်အထီးကျန်လျက်ရှိကြပါ သည်။ တချို့တလေများမဟုတ်ကြပါ။ အားလုံးက အထီးကျန်ဆန်မှုကို ကြုံတွေ့ခဲ့ကြသည်။ သူတို့ထံသို့ သွားပါ။ သူတို့အား ပြုံးပြီး “ဟဲလိုး” ဟုဆိုလိုက်ပါ။ မကြောက်ပါနှင့်။ John Cagan က ကျွန်ုပ်အား “ကျွန်ုပ်တို့အသင်းတော်၏ပါတီတွင် ခေါ်ဖိတ်ခြင်းအာဖြင့် ကျွန်ုပ်တို့လုပ်ဆောင် သင့်တာကို လုပ်ဆောင်ကြပါသည်” ဟုဆိုပါသည်။ သူပြောတာမှန်သည်။ ကောင်းသည့်အရာ ကို ကျွန်ုပ်တို့လုပ်ဆောင်ကြပါသည်။ သူတို့လိုချင်သောအရာကို ကျွန်ုပ်တို့လုပ်ဆောင်ကြပါ သည်။ သူတို့၏အထီးကျန်ဆန်မှုကို ကုသရန် လိုအပ်ပါသည်။ သူတို့သည် ကောင်းသောဘ၀ အသက်တာကို လိုအပ်ကြပါသည်။ သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်၌ ငြိမ်သက် ခြင်းကို ရရှိရန် လိုအပ်ကြပါသည်။ သူတို့အား စီးပွါးရေးသမားလိုစကားပြောကြသည်။ သူတို့ ထံက တစ်ခုခုကိုရရှိရန် ကြိုးစားနေသောသူကဲ့သို့ စကားပြောနေပါသည်။ ထိုသို့မဟုတ်ရပါ။ သင်သည် စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်မဟုတ်ပါ။ သင်သည် သူတို့ထံက တစ်ခုခုယူရန် မဟုတ်။ ဧဝံဂေလိလုပ်ဆောင်ရန်သာဖြစ်ပါသည်။ သင်မလိုအပ်သည်ကို သူတို့လက်သို့ ရောင် ရန်လည်းမဟုတ်ပါ။ တစ်ခုခုကို ပေးရန်သာဖြစ်ပါသည်။ သူတို့အမှန်တကယ်လိုအပ်သောအ ရာကို ပေးရန္ဖြစ်ပါသည်။ သင်သည် သူတို့အား အသင်းတော်ပါတီသို့ဆောင်ယူရန်သာဖြစ်ပါ သည်။ ကောင်းသောမိတ်ဆွေတွေကို ရရှိရန်သာဖြစ်ပါသည်။ သူတို့အား အသင်းတော်အိမ်သို့ ပြန်လည်ခေါ်ဆောင်ရန်ဖြစ်ပါသည်။ သို့မှသာ သူတို့သည် ယေရှုခရစ်အကြောင်းကို ကြားရကြ ပါမည်။ ပြီးမှ ကယ်တင်ခြင်းဆုကျေးဇူးနှင့်ထာဝရမေတ္တာကို ရရှိကြမည်ဖြစ်သည်။

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” ( လုကာ ၁၄း ၂၃ ) )

ဆက်လက်သီဆိုကြပါစို့။

ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

သင်သည် ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်နေသောအချိန်တွင် မကြောက်ရွံ့ပါနှင့်။ ကျွန်ုပ်တို့ပေးသည့်အရာကို သူတို့က လိုအပ်ကြသည်။ သူတို့သည် အမှန်တကယ်လိုအပ်ကြ ပါသည်။ သူတို့အတွက် လုပ်ဆောင်ကြရသည်။ သင်သည် သူတို့ကို ကူညီဖို့ရန် ရှိနေခြင်းဖြစ် သည်။ သူတို့လိုအပ်သောအရာကို ပေးရန်ဖြစ်သည်။ သူတို့နာမည်ကို ရရှိရန်ဖြစ်သည်။ သို့မှ သာ သူတို့ကို အသင်းတော်ထဲသို့ ခေါ်ဆောင်လာနိူင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့မသိ သော ဘုရားသခင်၏မေတ္တာ၊ ခမည်းတော်၏အံ့ဩမေတ္တာ၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏အံ့ဘွယ်မေတ္တာတည်းဟူသော ချစ်ခြင်းမေတ္တာနှင့်ရင်းနှီးမှုကို ပေးနိူင်မည်ဖြစ်သည်။ တဲတော်နှစ်ခြင်းအသင်းတော်၏ ရင်းနှီးမှု၊ နွေးဆွေးမှု၊ မိဿဟာရဖွဲ့ခြင်း၊ ဝမ်းမြောက်ခြင်းကို ပေးနိူင်မည်ဖြစ်သည်။

လယ်ပြင်သည် မှည့်လျက်ရှိပါသည်။ နောက်တစ်ပတ်တွင်သွားပြီး သူတို့နာမည်၊ ဖုန်နံ ပါတ်များကို ဧဝံဂေလိလုပ်ငန်းတွင် ယူဆောင်လာပါ။ ဗုဒ္ဒဟူးညတွင် ကျွန်ုပ်တို့နှင့်ဧဝံဂေလိ လိုက်လာပါ။ ကြာသပတေးညတွင်လည်း ဧဝံဂေလိသွားကြပါစို့။ စနေညလည်း သွားကြပါစို့။ တနင်္ဂနွေညနေလည်း သွားကြပါစို့။ သူတို့နာမည်ကို ယူဆောင်လာကြပါစို့။ တစ်ယောက်၊ နှစ် ယောက်မဟုတ်ဘဲ အများယူလာကြပါစို့။ ကောင်းသောနာမည်များကို ယူဆောင်လာကြပါစို့။ သင်တို့လုပ်ဆောင်နိူင်ပါသည်။ မကြောက်ကြပါနှင့်။ ဤလူငယ်များအမှန်တကယ်လိုအပ်သော အရာကို သင်တို့ပေးနိူင်ကြပါသည်။ သွားပြီး လုပ်ဆောင်ကြပါ။ သွားပြီးလုပ်ဆောင်ကြပါ။ သွား ပြီးလုပ်ဆောင်ကြပါ။

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိူင် အထက်ခေါ်သွင်းလော့။” ( (လုကာ ၁၄း ၂၃ ) )

အားလုံးမတ်တပ်ရပ်ပြီး သီချင်းနံပါတ် ၈ ကို သီဆိုကြပါစို့။ “ဆောင်ယူလာပါ” သီချင်းဖြစ်ပါ သည်။ သင်တို့သီချင်းစာရွက်ထဲက နံပါတ် ၈ ဖြစ်ပါသည်။ သီဆိုကြပါစို့။ နောက်တစ်ပတ်တွင် ဆက်လက်လုပ်ဆောင္ကြပါစို့။

သိုးထိန်းအသံကျွန်ုပ်ကြားရသည်၊
   မှောင်မိုက်ညကန္တာထဲ ချစ်သောခေါ်သံ။
လမ်းမှားသောသိုးသူငယ်များအား ခေါ်နေ၊
   သိုးခြုံထဲက အဝေးရောက်နေသူများ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

သိုးထိန်းရဲ့သိုးများကို မည်သူသွား၍ ဖေးကူမည်၊
   ပျောက်သောသိုးများကို တွေ့ရှိရန်ကူညီ။
ပျောက်သောသိုးအား သိုးခြံသို့မည်သူခေါ်လာမည်၊
   သူတို့လုံခြုံမှုရှိရာအရပ်သို့။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

သဲကန္တာလွင်ပြင်မှ သူတို့ငိုသံကိုကြားရ၊
   မြင်မားသောတောရိုင်းတောင်ထိပ်များကြား။
သခင်သည် သူတို့အား ခေါ်လျက်နေသည်၊
   “သွား၍သိုးများအား ရှိရာအရပ်၌ ခေါ်ဆောင်ပါ”။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။
(“ခေါ်ဆောင်ပါ” Alexcenah Thomas,၁၉ ရာစု ရေးစပ်သည်။ )

နာမည်များစွာကိုယူဆောင်လာရန် ဤတရားဒေသနာသည် သင့်အား နှိုးဆော်ပါသ လား။ လိုအပ်ချက်ကို ယနေ့ညတွင် သင်တွေ့မြင်ပါသလား။ သင်က “ဟုတ်ကဲ့ပါ၊ ဒေါက်တာ Hymers, နောက်ပတ်တွင် များစွာလုပ်ဆောင်ပါမည်” ဟု ပြောဆိုမည်လော။ ဒါက သင့်ရဲ့ စိတ်ဆန္ဒဖြစ်လျှင် သင့်ခုံကိုထားရစ်ခဲ့ပြီး ရှေ့ကိုထွက်လာပါ။ ပလက်ဖောင်းပေါ်သို့လာပါ။ ဒူး ထောက်ပါ။ သင်လာနေစဉ် Emi က “ဆောင်ယူပါ” ကို တီးခတ်ပေးမည်။ (လာကြသည်။)

John Samuel Cagan နောက်တစ်ပတ်တွင် များစွာသောသူတို့ကို ခေါ်ဆောင်လာ န်ိူင်ဖို့ သူတို့အယောက်တိုင်းအား ဘုရားသခင်ထံ ဆုတောင်းပေးပါ။ (John Cagan ဆုတောင်း သည်။) ယခုတွင် နောဧသီချင်းသီဆိုကြပါစို။ (သူဆိုတောင်းသည်။) Emi က ထပ်ဆိုကိုတီး ခတ်သဖြင့် သင့်နေရာပြန်သွားရင်း သီဆိုကြပါ။

ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   အပြစ်ထဲက သူတို့အား ပြန်၍ခေါ်လာပါ။
ပြန်ခေါ်လာပါ၊ ပြန်ခေါ်လာပါ၊
   ကန္တာထဲရောက်နေသူ ယေရှုထံပါးသို့ ပြန်ခေါ်လာပါ။

အားလုံးထိုင်နိူင်ပါပြီ။ ယေရှုခရစ်၏အဓိကလုပ်ဆောင်ချက်မှာ ပျောက်ဆုံးဝိညာဉ်များ ကို ကယ်တင်ရန်ဖြစ်သည်။ ယေရှုက “ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်ရန် ကြွလာ သည်” ဟုဆိုသည်။ (လုကာ ၁၉း ၁၀ )

သင်သည် ကယ်တင်ခြင်းမရသေးလျှင်၊ ယေရှုသည် သင့်အား ကယ်တင်သည်အ ကြောင်း ပြောပြလိုပါသည်။ သင့်အပြစ်ထဲက ရုန်းထွက်ပြီး ယေရှုနှင့် “မျက်နှာချင်းဆိုင်တွေ့ ရန်”လာပါ။ ယေရှုသည် ဒုက္ခခံပြီး ကားတိုင်တွင် အသေခံသည်။ သင့်နေရာတွင် သင့်အပြစ် ကျွေးပေးဆပ်ရန် အသေခံသည်။ သင့်အပြစ်အလုံးစုံကိုဆေးကြောရန် လက်ဝါးကပ်တိုင်တွင် သူအသွေးသွန်းလောင်းခဲ့သည်။ ယေရှုကို ကိုးစားယုံကြည်လိုလျှင်၊ ဒေါက်တာ Cagan နှင့် ယနေ့ညတွေ့ဆုံပါ။ သို့မဟုတ် သူ့ရုံးသို့ ဖုန်းဆက်ပါ။ သူနှင့်အဆင်ပြေသည့်အချိန်တွေ့ရန် ချိန်းဆိုပါ။ သို့ဖြင့် ကယ်တင်ခြင်းနှင့်ပါတ်သက်ပြီး သူသည် သင့်အား အကြံပေးနိူင်ပါသည်။ အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ လုကာ ၁၄း ၁၆- ၂၃။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
          "ဆောင်ယူပါ"၊ (Alexcenah Thomas ၊ ၁၉ ရာစု) ရေးစပ်သည်။ )