Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ်တော်ခံရသောဒဏ်ချက်များ

THE WOUNDS OF CHRIST
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဇွန်လ ( ၂၆ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 26, 2016

“လက်တော်ခြေတော်တို့ကိုတပည့်တော်တို့အားပြလေ၏။” ( (လုကာ ၂၄း ၄၀ ) )


ခရစ်တော်ခံရသောဒုက္ခဝေဒနာအကြောင်းကို ကျွန်ုပ်ဟောပြောပါမည်။ သူသည် ကား တိုင်ပေါ်တွင် သံရိုက်ခြင်းကို ခံရသည်။ သူသည် သေခြင်းမှထမြောက်တော်မူပြီးနောက်တွင် ခြေတော်လက်တော်တွင် ဒဏ်ရာများ ရှိလျက်နေသေးသည်။ ထိုဒဏ်ရာများကို သေခြင်းမှထ မြောက်တော်မူပြီးနောက်တွင် တပည့်တော်တို့အား ပြသတော်မူခဲ့သည်။ သင့်အပြစ်ကြွေးကို ပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံတော်မူသည်။ အပြစ်မှကယ်လွှတ်နိူင်သည့်နည်းလမ်း တစ်ခုမှာ ယေရှုထံသို့လာပြီး ကိုးစားယုံကြည်ရန်ဖြစ်သည်။

သင်သည် အပြစ်ရှိသည်ဟု မခံစားသ၍ ယေရှုကို ကိုးစားမည်မဟုတ်။ လူကောင်းဖြစ် ခြင်းဖြင့်သာ မိမိကိုယ်ကို ကယ်တင်မည်ဖြစ်သည်။ သင်သည် အပြစ်သားဖြစ်သည်ဟု လက်ခံ ချင်မည်မဟုတ်။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် သင့်အား အ ပြစ်မှကယ်ချွတ်န်ိူင်သောသူဖြစ်သည်ကို လက်ခံမည်မဟုတ်။ သင်သည် Kai Perng လုပ် ဆောင်သကဲ့သို့အပြစ်သားဖြစ်ကြောင်း ဝန်ခံလိုမည်မဟုတ်ပါ။ Kai က “ငါသည် အပြစ်သား ဖြစ်ကြောင်းကိုသိသည်။ ကောင်းသောကလေးဖြစ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် မည်မျှပင်ကြိုး စားအားထုတ်စေကာမူ မိမိကိုယ်ကို မပြောင်းလဲစေနိူင်ပါ။ ငါသည် ဘုရားကိုပြစ်မှားသော လဲကျသောအပြစ်သားဖြစ် သည်ကို သိလာသည်။ ငါသည် မျှော်လင့်ခြင်းမဲ့ကြောင်း သိလာ သည်” ဟုဆိုသည်။ လွန်ခဲ့သောတနင်္ဂနွေတရားဒေသနာကို ထပ်ခါထပ်ခါ ဖတ်နေမိသည်။ မိမိ ကိုယ်ကို မပြောင်းလဲစေနိူင်ပါ။ ငါသည် အပြစ်သားဖြစ်ကြောင်း သတိပြုလာမိသည်။ ငါသည် မျှော်လင့်ချက်မဲ့သူအဖြစ် ခံစားလာမိသည်။ အတန်ကြာသော ပြောင်းလဲခြင်းရှိမရှိ တရုတ်မိန်း ကလေးတစ်ယောက်ကို မေးလိုက်သည်။ သူမက “ပြောင်းလဲပြီးပါပြီ” ဟုဆိုသည်။ မည်သို့ ပြောင်းလဲခဲ့သနည်းဟု သူမကို မေးလိုက်သည်။ သူက မိမိကိုယ်ကိုပြောင်းလဲစေပြီး လူကောင် ဖြစ်လာသည်ဟု ဆိုလိုက်သည်။ ယခုတွင် မိဘများကို နာခံမှုရှိသည်ဟုလည်းဆိုသည်။ သူမ သည် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခဲ့သည်။ သူမပြောစကားကို သိပ်မယုံကြည်ချင်ပါ။ သူမက မိမိကိုယ်ကိုပြောင်းလဲစေသည်။ သူမက မိမိကိုယ်ကို ကောင်းအောင်လုပ်ဆောင်ပါ သည်။ မယုံကြည်နိူင်စရာပါပဲ။

သူမသည် ကျွန်ုပ်တို့အသင်းတော်တွင် အတန်ကြာ နေထိုင်ခဲ့သည်။ ကျွန်ုပ်၏ဟော ပြောချက်များကိုလည်း အကြိမ်ကြိမ်ကြားခဲ့ရပါသည်။ မိမိကိုယ်ကိုကောင်းအောင်ပြုပြင်ပြီး လူ ကောင်းဖြစ်လျှင်ပင် မိမိကိုယ်ကို မကယ်တင်နိူင်ဟု ဆိုခဲ့ပြီးပါပြီ။ ထပ်ခါထပ်ခါပြောသည်ကို လည်း ကြားခဲ့ပြီးပါပြီ။ သင်သည် သင့်အပြစ်အတွက် လက်ဝါးကပ်တိုင်တွင် အသေခံသော ယေရှုခရစ်အားဖြင့်သာ ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟု ဆိုခဲ့ပြီးပါပြီ။ သို့ရာတွင် ထိုတ ရားဟောချက်သည့် သူ့မအတွက် အရာမဝင်ပါ။ သူသည် မိမိကိုယ်ကိုပြောင်းလဲစေပြီး ကယ် တင်သည်ဟုသာ ထင်မှတ်နေသေးသည်။ ယေရှုအကြောင်းတောင် ပြောမသွားပါ။ အပြစ်ကို ဖြေသောအသွေးအကြောင်းတောင် ပြောမသွားပါ။ တစ်ကြိမ်တောင်မပြောမိပါ။ သူက ယေရှု နာမကို တကြိမ်တောင် ထည့်မပြောမိပါ။

ငါ ဒီမနက်ပြောလိုက်ပြီးနော်။ သင်သည် မျှော်လင့်ချက်မဲ့သောအပြစ်သားဖြစ်ကြောင်း ကို မသိသရွေ့တော့ ကယ်တင်တော်မူခြင်းသို့ မရောက်နိူင်ဟု ငါပြောပြီးပြီ။ သင်သည် မျှော် လင့်ချက်ကုန်ဆုံးနေသောအပြစ်သားဖြစ်သည်ဟု မခံစားသ၍ ကယ်တင်တော်မူခြင်းသို့ မ ရောက်နိူင်ပါ။ ယေရှုလိုအပ်သည်ဟုပင် ထင်မှတ်မည်မဟုတ်။ လက်ဝါးကပ်တိုင်တွင် အသေခံ သည့် ယေရှုကိုပင် လိုအပ်မည်မဟုတ်ပါ။ ဒီမနက်ငါဟောပြောသောဒေသနာသည်လည်း သင့် အတွက်အကြိုးရှိမည်မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကို အပြစ်သားဖြစ်ပြီး မျှော်လင့် ချက်မဲ့သူတစ်ယောက်အဖြစ်မခံစားစေလျှင် အဓိပါယ်ရှိလာမည်မဟုတ်ပါ။ အပြစ်သား၊ မျှော် လင့်ချက်မဲ့သူအဖြစ်ခံစားလာမှသာလျှင် ယေရှုက ခြေတော်နှင့်လက်တော်တွင်ပြသသော ဒဏ်ချက်များပြသရသည့်အကြောင်းရင်းကို နားလည်သဘောပေါက်လာမည်ဖြစ်သည်။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
(လု ကာ ၂၄း ၄၀ ) )

ခြေတော်၊ လက်တော်တွင်ရှိသောဒဏ်ရာများကို အဘယ့်ကြောင့် ပြသသနည်း။ အဘယ်အကြောင်းကြောင့်နည်း။ အဘယ့်သဘောဖြင့်ပြသနည်း။ အကြောင်းပြချက်သုံးခုကို ဖော်ပြပါမည်။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
(လု ကာ ၂၄း ၄၀ ) )

၁။ ပထမအချက်။ ယေရှုက သူခံရသောဒဏ်ရာကို ပြသခဲ့သည်။ သို့မှသာ သူသည် လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခံရသော ထိုပုဂ္ဂိုလ်ဖြစ်သည်ကို ကျွန်ုပ်တို့သိရကြမည်။

မှားယွင်းသောအယူရှိသောသူများက ယေရှုသည် လက်ဝါးကပ်တိုင်တွင် အမှန်တ ကယ်သေသည်မဟုတ်ဟု ဆိုကြသည်။မွတ်စလင်တို့၏ဂိုရမ်ကျမ်းက ယေရှုသည် ကားတိုင် ပေါ်တွင် သေခြင်းမရှိဟုဆိုကြသည်။ ဘုရားသခင်သည် မိမိသားတော်ကို ထိုသို့သောသေခြင်း မျိုးဖြင့် သေစေမည်ဟု မယုံကြည်သောသူများစွာ ယနေ့တွင် ရှိနေကြပါသည်။ ယေရှုက သူ၏ သေခြင်းနှင့်ပါတ်သက်ပြီး မယုံကြည်မှုများရှိမည်ကို သိခဲ့သည်။ ထိုအရာမှာ ပထမအကြောင်း ပြချက်ပင်ဖြစ်ပါသည်။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
(လု ကာ ၂၄း ၄၀ ) )

ယေရှုက လူတိုင်းလူတိုင်းအား သူသည် အမှန်တကယ်ဒုက္ခဝေဒနာကိုခံစားလျက် ကားတိုင်တွင် အသေခံတော်မူခဲ့ကြောင်း သိစေလိုသည်။ ထို့ကြောင့် တပည့်တော်များအား ခံ ရသောဒဏ်ရာချက်များကို ပြသပြီး ထိစေတော်မူသည်။ မျက်မြင်သက်သေဖြစ်တော်မူသော တမန်တော်ယောဟန်က “သူကြားသမျှ၊ မြင်သမျှ၊ မျှော်လင့်ကိုင်ဆောင်ခဲ့သမျှအကြောင်းကို” မှတ်တမ်းတင်ပြောတော်မူသည်။ (၁ ယောဟန် ၁း ၁ ) ဒေါက်တာ Watts က ဤသို့ဆိုသည်။

ကြည့်လော့ လက်ခြေ၊ နံဘေး၊ ခေါင်းတော်၊
ဒုက္ခမေတ္တာရောလျက်ယိုစီး။
ဤသို့တခါတွေ့ဖူးသလော၊
ဆူးဦးရစ်တော်မတုနိူင်ပြီ။
(“အံ့ဩဖွယ်လက်ဝါးကားတိုင်တော်ကြည့်”၊ Isaac Watts, D. D., ၁၆၇၄- ၁၇၄၈ )

တိုင်တော်တွင်၊ တိုင်တော်တွင်
ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ်ငြိမ်သက်ခြင်း
ဝင်သည်တိုင်အောင်ဖြစ်စေ။
(“တိုင်တော်နားမှာကျူး” ၊ Fanny J. Crosby, ၁၈၂၀- ၁၉၁၅ )

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
( (လု ကာ ၂၄း ၄၀ ) )

၂။ ဒုတိယအချက်။ ယေရှုက သူခံရသောဒဏ်ချက်များကို တပည့်တော်တို့ အားပြသသည်။ သို့မှသာ သူသည် ကျွန်ုပ်တို့ကိုယ်စား ဒုက္ခဝေဒနာခံ စားခဲ့ရသည်ကို ကျွန်ုပ်တို့သိနားလည်မည်။

ဗတ္တိဇံဆရာယောဟန်က ဤသို့ဆိုသည်။

“ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏ သိုးသူ ငယ်ကို ကြည့်ကြလော့။” ( (ယောဟန် ၁း ၂၉ ) )

ယေရှုသည် ကျွန်ုပ်တို့အပြစ်ကို အဘယ်သို့ဆောင်ယူသွားသည်ကို တိတိကျကျဖော်ပြထား ခြင်းမျိုးမရှိပါ။ ယေရှုက အပြစ်ဆောင်သွားသည်ဟူသောအချက်ကို သူသည် သေခြင်းမှထ မြောက်တော်မူသည်အထိ ကျွန်ုပ်တို့နားမလည်နိူင်ပါ။

“….ငါတို့အပြစ်များကို ကိုယ်တော်သည် သစ်တိုင်ပေါ်မှာ ခံတော်မူ ပြီ။”
(( ၁ ပေ ၂း ၂၄ ) )

ဤသည်မှာ ခြေတော်၊ လက်တော်ပေါ်တွင်ရှိသော ဒဏ်ချက်များကို တွေ့မြင်ပြီးမှဖြစ်ပါသည်။

“ခရစ်တော်သည် ကိုယ်ခန္ဒာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်သည်ဖြစ်၍ ငါတို့ ကို ဘုရားသခင်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူ သောသူသည်၊ မဖြောင့်မတ်သောသူတို့အတွက်၊ ဒုစရိုက်အပြစ် များကြောင့် တခါခံတော်မူ၏။” ( ၁ပေ ၃း ၁၈ ) )

ဒုတိယအကြောင်းပြချက်ဖြစ်ပါသည်။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
( လု ကာ ၂၄း ၄၀ ) )

သူသည် ဒုက္ခခံပြီး အပြစ်ကြွေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူသည်ကို ကျွန်ုပ် တို့အား အမှန်တကယ်သိစေလိုသည်။ သို့မှသာ ကျွန်ုပ်တို့သည် အပြစ်နှင့်ငရဲမှ ကယ်တင် တော်မူခြင်းသို့ရောက်နိူင်မည်ဖြစ်သည်။ လက်တော်၊ ခြေတော်တွင်ရှိသော ဒဏ်ရာဒဏ်ချက် တော်များကို ကျွန်ုပ်တို့အား မြင်တွေ့စေလိုပါသည်။ သို့မှသာ လက်ဝါးကပ်တိုင်၌ သူ့အပေါ် ကျရောက်သော ဘုရားသခင်၏အမျက်တော်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သိနိူင်မည်ဖြစ်သည်။

“….ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘု ရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏။”
( ရောမ ၃း ၂၄- ၂၅ ) )

ထိုအကြောင်းကြောင့်ဖြစ်သည်။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
( (လု ကာ ၂၄း ၄၀ ) )

ဒေါက်တာ Watts ၏ သီချင်းကို သီဆိုကြပါစို့။

ကြည့်လော့ လက်ခြေ၊ နံဘေး၊ ခေါင်းတော်၊
   ဒုက္ခမေတ္တာရောလျက်ယိုစီး။
ဤသို့တခါတွေ့ဖူးသလော၊
   ဆူးဦးရစ်တော်မတုနိူင်ပြီ။

“တိုင်တော်တွင်” သီချင်သီဆိုကြပါစို့။

တိုင်တော်တွင်၊ တိုင်တော်တွင်
   ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ်ငြိမ်သက်ခြင်း
ဝင်သည်တိုင်အောင်ဖြစ်စေ။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
(လု ကာ ၂၄း ၄၀ )

၃။ တတိယအချက်။ ယေရှုသည် သူ၏ဒဏ်ရာချက်များကို ပြသတော်မူ သည်။ သို့မှသာ ခေတ်ကာလအဆက်ဆက်တွင် သူသည် ကယ်တင် ရှင်ဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့သိရှိရပါမည်။

ခရစ်တော်သည် မိမိဒဏ်ရာချက်များနှင့်အသွေးတော်ကို ကျွန်ုပ်တို့အတွက် ထာဝရ ကယ်တင်ခြင်းကိုပေးနိူင်ရန် ကောင်းကင်ဘုံထဲသို့ ဆောင်ယူသွားခဲ့သည်။

“ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာငှါနတို့၏ပုံဖြစ်သော၊ လူတို့ လက်ဖြင့်လုပ်သော သန့်ရှင်းရာငှါနထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြ ခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူ၏။” ( (ဟေဗြဲ ၉း ၂၄ ) )

ကောင်းကင်ဘုံတွင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်နေတော်မူသည်။ ယေရှု၏ ဒဏ်ရာချက်များသည်ဘုရားသခင်နှင့် ကောင်းကင်တမန်များအား အမြဲတမ်း သတိရစေသော အရာဖြစ်ပါသည်။

“ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။” ( ၁ယော ၂း ၂ ) )

ယနေ့ကမ္ဘာကြီးတွင်ရှိကြသောလူသားများသည် ယေရှုကို ငြင်းပယ်ကြပါသည်။ သူတို့ ၏ ကောင်းမှုကုသိုလ်နှင့် ဘာသာရေးယုံကြည်ချက်များဖြင့် မိမိကိုယ်ကို ကယ်တင်လိုသောသူ တို့က ပိုများသည်။ ထို့ကြောင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်ပေးတော်မူသောအ ထောက်အပံ့ဖြစ်တော်မူသောယေရှုကို ငြင်းပယ်ကြသည်။ ယေရှုသည် ဘုရားသခင်ထံသို့သွား ရာတစ်ခုတည်းသောလမ်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည့် ကျွန်ုပ်တို့အပြစ်ကြွေး ဆပ်ရန် ဒုက္ခဝေဒနာခံစားပြီး အသေခံသောသူဖြစ်သည်။ အဘယ်ဘာသာရေးခေါင်းဆောင်မျှ ထုသို့မလုပ်ဆောင်။ ကွန်ဖြူးရှပ်လည်း ထိုသို့မလုပ်ဆောင်နိူင်။ ဗုဒ္ဒလည်းမလုပ်ဆောင်နိူင်။ မိုဟာမက်လည်းမလုပ်ဆောင်နိူင်။ ယောသပ်စမက်လည်းမလုပ်ဆောင်နိူင်။ ကျန်သောသူ အ ဘယ်သူမျှမလုပ်ဆောင်နိူင်ပါ။ ယေရှုခရစ်သည်သာလျှင် လုပ်ဆောင်နိူင်ပါသည်။

“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာထိုး ခြင်းနှက်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ် စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။”
( ဟေ ရှာယ ၅၃း ၅ ) )

ယေရှုသာလျှင် ဤသို့ပြောနိူင်သည်။

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ဖို့ရန် ဤလော ကသို့ကြွလာသည်။” ( ၁တိ ၁း ၁၅ ) )

ယေရှုသာလျှင် ဤသို့ပြောနိူင်သည်။

“ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ် မျှလောက်ချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏။” ( (ရောမ ၅း ၈ ) )

ထိုအကြောင်းကြောင့် ဖြစ်သည်။

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
( (လု ကာ ၂၄း ၄၀ ) )

ဒေါက်တာ Watts ၏ သီချင်းကို သီဆိုကြပါစို့။

ကြည့်လော့ လက်ခြေ၊ နံဘေး၊ ခေါင်းတော်၊
   ဒုက္ခမေတ္တာရောလျက်ယိုစီး။
ဤသို့တခါတွေ့ဖူးသလော၊
   ဆူးဦးရစ်တော်မတုနိူင်ပြီ။

“တိုင်တော်တွင်” သီချင်းကို သီဆိုကြပါစို့။

တိုင်တော်တွင်၊ တိုင်တော်တွင်
   ငါဝါကြွားရာဖြစ်စေ
ငါ၏ဝိညာဉ်ငြိမ်သက်ခြင်း
   ဝင်သည်တိုင်အောင်ဖြစ်စေ။

ယေရှုဒုတိယအကြိမ်ကြွလာသောအခါ သူခံရသော ဒဏ်ချက်များကို ခြေတော်၊ လက် တော်တွင် တင်ကျန်ရစ်နေမည်ဖြစ်သည်။ ခရစ်တော်က ပရောဖက်ဇာခရိအားဖြင့် ဤသို့မိန့် တော်မူသည်။

“သူတို့သည် မိမိတို့ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။တ ယောက်တည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။” ( (ဇာခရိ ၁၂း ၁၀ ) )

အသက်ရှင်နေခိုက်တွင် ခရစ်တော်ထံသို့ပြန်လှည့်လိုစိတ်မရှိသောသူတို့သည် ထာ၀ ရငရဲထဲတွင် ဒုက္ခဝေဒနာခံစားနေရကြပေလိမ့်မည်။ Spurgeon ကြီးက “နံဘေးတွင်ထိုးသော လက်သည် သင့်တဖက်တွင် သင့်သေဖြစ်မည်၊ သင်သည် ငြင်းပယ်လျှင် ဆိုးသွင်းသောအ လုပ်ဖြင့် ခရစ်တော်၏ရန်သူအနေဖြင့် ထာဝရငရဲထဲသို့ဝင်စားလိမ့်မည်” ဟုဆိုသည်။ (C. H. Spurgeon, ယေရှုခံရသောဒဏ်ချက်များ”၊ The New Park Street Pulpit, Pilgrim Publications, အတွဲ ၅၊ စာ- ၂၃၇ )

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
( လု ကာ ၂၄း ၄၀ ) )

တဖန် Spurgeon က ဤသို့ဆိုပါသည်။

ချို့တဲ့သောအပြစ်သား….ယေရှုထံသို့လာရန် ကြောက်ရွံ့နေပါသ လား။ သူ့လက်တော်ကိုကြည့်ပါ။ လက်တော်ကိုကြည့်ပါ။ သင့် အားမဆွဲဆောင်ပေဘူးလား။ သူ့နံဘေးကိုကြည့်ပါ။ သူ့နှလုံးသား ကို ထိတွေ့မည့်လမ်းကြောင်းပင်ဖြစ်သည်။ သူ့နဘေးသည် ဖွင့် ထားလျက်ရှိသည်။ သူ့နံဘေးသည် သင့်အဖို့ ဖွင့်ထားလျက်ရှိ သည်။ အိုအပြစ်သား၊ သူ့ခံရသောဒဏ်ချက်တွေဖြင့် ယုံကြည်ရန် သင့်အား အကူအညီပေးလိမ့်မည်။ ကျရှုံးလိမ့်မည်မဟုတ်။ ခရစ် တော်ခံရသောဒဏ်ချက်များသည် သူ့အားယုံကြည်ကိုးစားသော သူတို့၏အနာကို ငြိမ်းစေမူမည်။ ( ( ၎င်း၊ စာ-၂၄၀ ) )

“လက်တော်ခြေတော်တို့ကို တပည့်တော်တို့အားပြလေ၏။”
( (လု ကာ ၂၄း ၄၀ ) )

ရှေးကယ်တင်ခြင်းတပ်ဖြစ်သော Evangeline Booth က ဤသို့ဆိုပါသည်။

ခရစ်တော်ခံရသောဒဏ်ချက်များဖွင့်ထားလျက်ရှိသည်၊
   အပြစ်သားများ သင့်အတွက် ခံရသည်။
ခရစ်တော်ခံရသောဒဏ်ချက်များဖွင့်ထားလျက်ရှိသည်၊
   လွတ်မြောက်ရာဖြစ်ပါသည်။
("ခရစ်တော်ခံရသောဒဏ်ချက်များ"၊ Evangeline Booth, ၁၈၆၅-၁၉၅၀)

ယေရှုထံသို့လာပါ။ ယေရှုကို ကိုးစားပါ။ ယေရှုသည် သင့်အပြစ်ကိုပေးဆပ်ရန် ကား တိုင်ပေါ်တွင် အသေခံသည်။ ယေရှုထံသို့လာပါ။ ယေရှုကို ကိုးစားပါ။ သာ၍ကောင်းမွန်သော သူဖြစ်ရန် ကြိုးစားအားထုတ်ခြင်းကို ရပ်တန်းက ရပ်ပါ။ ထိုအရာက သင့်ကို ကယ်တင်မည်မ ဟုတ်။ ယေရှုကသာလျှင် အပြစ်နှင့်ငရဲမှ ကယ်နှုတ်မည်။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ယောဟန် ၂၀း ၂၄- ၂၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ခရစ်တော်ခံရသောဒဏ်ချက်များ"၊ (Evangeline Booth, ၁၈၆၅-၁၉၅၀) ရေးစပ်သည်။


အခှပှေုကမြွး

ခရစ်တော်ခံရသောဒဏ်ချက်များအကျဉ်းချုပ်

THE WOUNDS OF CHRIST

Dr. R. L. Hymers, Jr.

“လက်တော်ခြေတော်တို့ကိုတပည့်တော်တို့အားပြလေ၏။” ( (လုကာ ၂၄း ၄၀ ) )

( (ယောဟန် ၁၉း ၃၄၊ ၃၅၊ ၄၁၊ ၂၀း ၁၊ ၅၊ ၆-၇၊ ၉၊ ၁၉၊
 လုကာ ၂၄း ၃၇- ၄၀၊ ယောဟန် ၂၀း ၂၇ ) )

၁။ ပထမအချက်။ ယေရှုက သူခံရသောဒဏ်ရာကို ပြသခဲ့သည်။ သို့မှသာ သူသည် လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခံရသော ထိုပုဂ္ဂိုလ်ဖြစ်သည်ကို ကျွန်ုပ်တို့သိရကြမည်။ ၁ယော ၁း ၁ ။

၂။ ဒုတိယအချက်။ ယေရှုက သူခံရသောဒဏ်ချက်များကို တပည့် တော်တို့ အားပြသသည်။ သို့မှသာ သူသည် ကျွန်ုပ်တို့ ကိုယ် စား ဒုက္ခဝေဒနာခံ စားခဲ့ရသည်ကို ကျွန်ုပ်တို့သိနားလည်မည်။ ယောဟန် ၁း ၂၉၊ ၁ပေ ၂း ၂၄၊ ၃း ၁၈၊ ရောမ ၃း ၂၄- ၂၅ ။

၃။ တတိယအချက်။ ယေရှုသည် သူ၏ဒဏ်ရာချက်များကို ပြသ တော်မူသည်။ သို့မှသာ ခေတ်ကာလအဆက်ဆက်တွင် သူ သည် ကယ်တင်ရှင်ဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့သိရှိရပါ မည်။ ဟေဗြဲ ၉း ၁၁- ၁၂၊ ၂၄၊ ၁ယော ၂း ၂၊ ယောဟန် ၁၄း ၆၊ ဟေရှာယ ၅၃း ၅၊ ၁ တိ ၁း ၁၅၊ ရောမ ၅း ၈၊ ဇာခရိ ၁၂း ၁၀ ။