Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ယောန - သေခြင်းမှ အသက်ရှင်ခြင်းသို့

JONAH – FROM DEATH TO LIFE!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဇွန်လ ( ၅ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 5, 2016


ပထမအချက်အနေဖြင့် ပင်လယ်ကြီးဟူသောစကားလုံးအကြောင်းကို ကြည့်ကြပါစို့။ ယောန ၁း ၁၇ကို ကြည့်ကြပါစို့။ “ယောနကိုမျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရားခန့်ထား တော်မူသည်” ဟုဆိုထားပါသည်။ “ပြင်ဆင်ထားခြင်း” အတွက် ဟေဗြဲစကားလုံးမှာ “manah” ဖြစ်သည်။ “တည်ဆောက်ထားခြင်း” “ပြင်ဆင်ထားခြင်း” ဟု ဆိုလိုသတည်း။ အထူးတည် ဆောက်ခြင်းနှင့်ပြင်ဆင်ခြင်းပင်ဖြစ်သတည်း။ ကနဦးတွင်လည်း ထိုသို့ပြင်ဆင်ထားခြင်းမျိုးမ ရှိ၊ နောက်တွင်လည်း ရှိလာမည်မဟုတ်ပါ။ ဘုရားသခင်ကိုယ်တော်တိုင် ပြင်ဆင်ထားခြင်းပင် ဖြစ်ပါသည်။ ငါးကြီးကိုယ်တိုင်ကို ပြင်ဆင်ထားခြင်းပင်ဖြစ်သည်။ ဟေဗြဲစကားလုံးမှာ “dag” ဖြစ်သည်။ ပင်လယ်သတ္တဝါ၊ ဝါးစရာမလိုဘဲ လူတစ်ကောင်လုံးကိုမျိုးချနိူင်စွမ်းရှိသည့် ကြီးမား သောအရာတစ်ခုပင်ဖြစ်ပါသည်။ ထိုအချက်က ကျွန်ုပ်တို့အား အခြေပြုကျမ်းဆီသို့ ခေါ် ဆောင်လာခြင်းပင်ဖြစ်ပါသည်။

“တောင်ခြေရင်းအမြစ်သို့အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အ မြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကိုပျက်စီးရာမှ ကယ်ဆယ်တော်မူ လိမ့်မည်။” ( ယောန ၂း ၆ ) )

ပြုပြင်ပြောင်းလဲရေးသမားကြီး John Calvin က ယောနဝတ္ထုကိုမှတ်ချက်ပေးသောအ ခါ ဤသို့ဆိုသည်။

….ယေရှုခရစ်၌ ယောနတွင်ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ အကြောင်း မှာ ယောနသည် အသက်ပြန်ရှင်လာပြီးနောက်တွင် နိနဝေမြို့ကို ပြောင်းလဲစေသကဲ့သို့ သူသည် တဖန် အသက်ပြန်ရှင်လာသော ပရောဖက်တစ်ပါးဖြစ်ပါသည်။ ဤသည်မှာ ကျမ်းပိုဒ်၏ရိုးစင်းသော အဓိပါယ်ပင်ဖြစ်ပါသည်။ထို့ကြောင့် ယောနသည် ခရစ်တော်ကို ပုံ ဆောင်ထားသည်။ အကြောင်းမှာ သူသည် တပါးအမျိုးသားများ ထံသို့စေလွှတ်ခံရသော်လည်း အသက်ရှင်လျက် တဖန်ပြန်လာပါ သည်…။ (John Calvin, ပရောဖက်ငယ်ဆယ့်နှစ်အုပ်နှင့်ပါတ် သက်ပြီး အနက်ဖွင့်ကျမ်းများ၊ Baker Book House, ၁၉၉၈၊ အ တွဲ ၃၊ စာမျက်နှာ ၂၁ ) )

ယောနသည် “တဖန် အသက်ရှင်လာသော ပရောဖက်ဖြစ်သည်” ဟူသော ကယ်လ်ဗင်း၏ စကားကို မှတ်သားထားပါ။ သေခြင်းမှ ယောန၏ပြန်လည်ထမြောက်ခြင်းသည် သုံးရက် မြောက်သောနေ့၌ ယေရှု၏ထမြောက်ခြင်းအကြောင်းကို ပုံဆောင်ထားခြင်းဖြစ်ပါသည်။

ဒေါက်တာ M. R. DeHaan က “ပရောဖက်ယောနကို ပင်လယ်ထဲသို့ချပစ်ပြီး ငါးကြီး ၏မျိုချခြင်းကိုခံရသောအခါ ၎င်းသည် ခရစ်တော်၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအ ကြောင်းရှင်းလင်းသောသာဓကဖြစ်လာပါသည်” ဟုဆိုပါသည်။ (M. R. DeHaan, M.D., ယောန - အချက်အလက် သို့မဟုတ် ဟန်ဆောင်ဖန်တီးမှုလား။ Zondervan Publishing House, ၁၉၅၇၊ စာ- ၈၀ ) ဒေါက်တာ J. Vernon McGee ကလည်း ၎င်း၏ Thru the Bible Commentary စာအုပ်တွင် ထိုနည်းအတိုင်း ရေးသားထားပါသည်။

ဒေါက်တာ Murphy Lum က တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်တစ်ခုတွင် ဟေဗြဲဘာသာကို သင်ကြားပေးပါသည်။ဒေါက်တာ Lum က ကျွန်ုပ်အား “ယေရှုသည် ယောန အကြောင်းနှင့်ပါတ်သက်ပြီး မဿဲ ၁၂း ၄၀ တွင် အကောင်းဆုံးသောအနက်ဖွင့်ကျမ်းကို ပေး ထားခဲ့သည်” ဟုဆိုပါသည်။ ထိုကျမ်းပိုဒ်တွင် ယေရှုက ဤသို့ဆိုသည်။

“ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသား သည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။” ( မဿဲ ၁၂း ၄၀ ) )

ခရစ်တော်၏ဖော်ပြချက်တွင် သင်ခန်းစာ သုံးခုရှိပါသည်။

၁။ ယောနသည် ခရစ်တော်၏သေခြင်းနှင့်ထမြောက်ခြင်းကိုပုံဆောင်သည်။

“ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသား သည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။” (မဿဲ ၁၂း ၄၀ ) )

၂။ ယောနသည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကို သရုပ်ဖော်သည်။

“ယုံကြည်သောငါတို့၌ပြတော်မူသော အလွန်ကြီးလှစွာသောတန်ခိုး တော်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ သင်တို့သည် သိ စေခြင်းငှါ၊ သင်တို့၏ဥာဏ်မျက်စိကိုလင်းစေပါမည်အကြောင်း၊ ဆု တောင်ပဌနာပြု၏။ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သောမဟာတန်ခိုးအာနု ဘော်အရှိန်ကဲ့သို့ဖြစ်၏။” (ဧဖက် ၁း ၁၉- ၂၀ ) )

ခရစ်တော်၏ထမြောက်ခြင်းကို ပြောင်းလဲသူများတွင် အသုံးချနိူင် ထားပါသည်။

“ဒုစရိုက်အပြစ်၌ကျင်လည်၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။” ( ဧဖက် ၂း ၁ ) )

တဖန် ကျွန်ုပ်တို့အား ဤသို့ဆိုသည်။

“ဒုစရိုက်အပြစ်၌ သေလျက်ရှိသောငါတို့ကို ခရစ်တော်နှင့်အတူအ သက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်း သို့ရောက်ရ၏။ ယေရှုခရစ်တော်အားဖြင့် ငါတို့ကိုထမြောက်စေ၍၊ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။” (ဧဖက် ၂း ၅- ၆ ) )

မပြောင်းလဲသေးသောသူသည် အပြစ်ဒုစရိုက်တွင်သေလျက်ရှိပြီး ခရစ်တော်၌ အသက်ရှင်ရမည်အကြောင်းကို ဤကျမ်းပိုဒ်က ဖော်ပြ ထားပါသည်။ “သေခြင်းမှအသက်ရှင်ခြင်းသို့”ဟူသော ပြောင်းလဲ ခြင်းအတွေ့အကြုံသည် ခရစ်တော်၏သေခြင်းနှင့်ထမြောက်ခြင်း အားဖြင့် ဆက်စပ်လျက်ရှိပါသည်။ ထို့ကြောင့် ၎င်းကို ယောနအ သက်တာတွင်ဖြစ်ပျက်သောအရာအားဖြင့် ပုံဆောင်ထားခြင်းဖြစ်ပါ သည်။ (မဿဲ ၁၂း ၄၀ ) )

၃။ ယောန၏ထမြောက်ခြင်းသည် နှစ်ခြင်းအားဖြင့် ဗတ္တိဇံခံခြင်းကို ပုံ ဆောင်ထားခြင်းလည်းဖြစ်ပါသည်။ ရောမ ၆း ၃- ၄ က ဤသို့ဆိုပါ သည်။

“ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူ ခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထို့ကြောင့်၊ အ သေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခ မည်းတော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူ သည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင် လည်ရကြသတည်း။” ( ရောမ ၆း ၃- ၄ ) )

ယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်၌ နှစ်ခြင်းကို ပြောင်းလဲသောသူ သည် ခံရသည်။ သေခြင်းနှင့်ထမြောက်ခြင်းတွင် ခရစ်တော်နှင့်တ လုံးတဝတည်းဖြစ်သည်။ ဒေါက်တာ MacArthur က “ရေဗတ္တိဇံမှာ ဤအကြောင်းအရာကို အမှန်တကယ်ပုံဆောင်ထားသည်” ဟု မှန် ကန်စွာ ဖော်ပြထားပါသည်။ (၎င်း၊ ရောမ ၆း ၃ မှတ်စု) ထို့ကြောင့် ပြောင်းလဲခြင်းကို ရေနှစ်ခြင်းက သရုပ်ဖော်ထားပြီး ခရစ်တော်၏သေ ခြင်းနှင့်ထမြောက်ခြင်းကို ညွှန်ပြထားသည်။ ထိုအရာကို ယောန အားဖြင့် ပုံဆောင်ထားပါသည်။ (မဿဲ ၁၂း ၄၀ )


ပြန်လည်သုံးသပ်ချက်


၁။ ယောနသည် ခရစ်တော်၏သေခြင်းနှင့်ထမြောက်ခြင်းကိုပုံဆောင်သည်။

၂။ ယောနသည် ဝိညာဉ်ရေးရာသေခြင်းနှင့် ပြောင်းလဲခြင်းဖြင့်ထမြောက်ခြင်းကို ပုံ ဆောင်ထားပါသည်။

၃။ ယောနသည် ယုံကြည်သူတို့၏ ရေနှစ်ခြင်းကို ပုံဆောင်ထားသည်။


ခရစ်တော်သည် အမှန်တကယ်သေခဲ့ပါသလား။ သေခဲ့ပါသည်။ မပြောင်းလဲသေးသောသူ သည် အပြစ်ဒုစရိုက်ထဲတွင် အမှန်တကယ် သေခဲ့ပါသလား။ သေခဲ့ပါသည်။ ပြောင်းလဲသော သူသည် အမှန်တကယ် သေခြင်းမှထမြောက်လာပါသလား။ထမြောက်လာပါသည်။ အတွေ့ အကြုံရှိသောသူသည် ၎င်းတို့၏မျက်နှာနှင့်ဖော်ပြချက်ဖြင့် အပြောင်းအလဲတစ်ခုကို တွေ့မြင် နိူင်ပါသလား။

ယောနသည် ငါးကြီးထဲတွင် အမှန်တကယ် သေခဲ့ပါသလား။ အဖြေက အမျိုးမျိုးရှိ မည်ဟု ထင်မိသည်။ “ယေရှုသည် ယောနအကြောင်းနှင့်ပါတ်သက်၍ မဿဲ ၁၂း ၄၀ တွင် အ ကောင်းဆုံးအနက်ဖွင့်ကျမ်းကိုပေးထားသည်” ဟု ဒေါက်တာ Lum က ဆိုသကဲ့သို့ဖြစ်သည်။

“ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသား သည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။”

ယေရှုသည် အမှန်တကယ် အသေခံပါရဲ့လား။ ခရစ်တော်က ယေနသည် အမှန်တကယ် သေသည်ဟု ယုံကြည်ထားကြောင်း ထိုသို့သောနှိုင်းယှဉ်ချက်များက ပြသသည်။ ထိုအ ကြောင်းက အငြင်းပွါးမှုများကို ဖြစ်စေသည်။ ယောနက ထိုအရာကို အောက်ပါအတိုင်းဆို သောအခါ ရှင်းလင်းစေပါသည်။

“တောင်ခြေရင်းအမြစ်သို့အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အ မြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကိုပျက်စီးရာမှ ကယ်ဆယ်တော်မူ လိမ့်မည်။ (ယောန ၂း ၆ )

ပျက်စီးခြင်းဟူသောစကားလုံးအတွက် ဟေဗြဲစကားလုံးမှာ “shachath” ဖြစ်သည်။ ဆိုလို သည်မှာ “သင်္ဂြီုင်း” ဖြစ်ပြီး ယောန၏သေခြင်းကို ထင်ရှားစေပါသည်။

ယောနပထမနှစ်ခန်းက ပြောင်းလဲခြင်းကို ပုံဆောင်ထားသည်။ ကျွန်ုပ်၏ပြောင်းလဲခြင် အကြောင်းကိုလည်း နည်းလမ်းပေါင်းများစွာဖြင့် ပုံဆောင်ထားပါသည်။ ဘုရားသခင်သည် ယောန၏စိတ်နှလုံးသားထဲတွင် စကားပြောတော်မူပြီး နိနဝေမြို့သို့သွား၍ တရားဟောရန် မိန့် တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်အား စကားပြောတော်မူပြီး ငါသည် သူ၌ သက်သေ ဖြစ်တော်မူမည်အကြောင်း စကားပြောတော်မူခဲ့သည်။ ယောနသည် ဘုရားသခင်၏မျက် မှောက်တော်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ သူသည် သင်္ဘောပေါ်သို့တက်၍ နိနဝေမြို့ နှင့်ဝေးနိူင်သလောက်ဝေးအောင် ထွက်ပြေးတိမ်းရှောင်သည်။ ကျွန်ုပ်သည် Huntington Park တွင် အသင်းတော်ကိုထားရစ်ခဲ့ပြီး လော့ခ်အိန်ဂျယ်လမ်းတွင် မှောင်မိုက်ထဲ၌ ကြောက် ကြောက်ဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။ ယောနကဲ့သို့ ဘုရားသခင်၏မျက်မှောက်တော် မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဘုရားသခင်သည် ယောနစီးသောသင်္ဘောတွင် လေမုန်တိုင်း ကြီးကို စေလွှတ်တော်မူခဲ့သည်။ ငါသည် မျှော်လင့်ချက်မဲ့ဖြစ်နေကြောင်းကို သဘောပေါက် လာသည်။ ယောနသည် ပင်လယ်ထဲသို့ပစ်ချခံရပြီး ဧရာမငါးကြီး၏မျိုချခြင်းကိုခံရသည်။ ငါ သည် တရုတ်အသင်းတော်ထဲသို့သွားပြီး ကောလိပ်ကျောင်းတက်ရန် ကြိုးစားအားထုတ်ခဲ့ သည်။ စိတ်ဖိစီးမှုနှင့်မျှော်လင့်ချက်မဲ့မှုများက မျိုချထားပါသည်။ ငါးမရှိသောကြောင့် ကောလိပ် ကျောင်းသို့မရောက်နိူင်ပါ။ထိုနေရာသို့ရောက်ပြီး ခေါက်တုံ့ခေါက်ပြန်လုပ်နေဖို့ ဘစ်ကားစီးရန် အချိန်နာရီပေါင်းများစွာ ကုန်ဆုံးမည်။ ကောလိပ်မှပြန်ရောက်လာသောအခါ အလုပ်လုပ်ရ မည်။ စာကြည့်ဖို့အချိန်က မရှိ။ အတန်းကျမည်ကို သိနေခဲ့သည်။ မကောင်းသောအမှုအရာ၏ မျိုချခြင်းကို ခံနေရသည်ဟု ခံစားမိသည်။ အလင်းမဲ့သောဘဝပင်ဖြစ်သည်။ မျှော်လင့်ခြင်းမရှိ။ ငြိမ်သက်ခြင်းလည်း မရှိပါ။ ပင်လယ်ငါးကြီး၏ဝမ်းအတွင်း၌ ယောနခံစားခဲ့သကဲ့သို့ ခံစားခဲ့ရပါ သည်။

“ရေတို့သည် အကျွန်ုပ်အသက်ကိုသေစေခြင်းငှါ ဝိုင်းကြသဖြင့်၊ အ ကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင် သည် အကျွန်ုပ်ခေါင်းကိုပေါင်းစည်းလျက်ရှိပါ၏။ တောင်ခြေရင်း အမြစ်သို့အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင် အတွင်း၌ အစဉ်အ မြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကိုပျက်စီးရာမှ ကယ်ဆယ် တော်မူ လိမ့်မည်။” (ယောန ၂း ၅၊ ၆ ) )

ကျွန်ုပ်ခံစားနေရသောနည်းလမ်းပင်ဖြစ်ပါသည်။ ထိုအကြောင်းကို မသိခဲ့ပါ။ ဘုရားသခင်က ဤဘဝအသက်တာ၏ အချည်းနှီးဖြစ်ခြင်းနှင့်မျှော်လင့်မဲ့ခြင်းအကြောင်းကို ပြသခဲ့ပါသည်။ ကျွန်ုပ်ပြုသောအပြစ်သည် မျက်မှောက်တော်တွင် အမြဲရှိလျက်နေသည်။

ကျွန်ုပ်တို့၏လူငယ်တစ်ယောက်ဖြစ်သည့် Sergio Melo ကဲ့သို့ခံစားရပါသည်။ နား လည်လာသောအခါ Sergio က “ဤဝန်ကိုနောက်ထပ်မထမ်းနိူင်တော့ပါ။ ငါအတွက် အလွန် လေးလန်လွန်းလှသည်။ ငါသည် ဒုက္ခထဲသို့ရောက်နေသည်။ ကျွန်ုပ်ကို ရီမောစေနိူင်သောအ ရာ၊ သို့မဟုတ် ဤဒုက္ခထဲက ဆွဲထုတ်နိူင်သောအရာမရှိပါ။ အဘယ့်ကြောင့်သေရမည်နည်း၊ ဤအခြေအနေတွင် ငါမသေနိူင်ဘူးဟု မိမိကိုယ်ကိုပြောနေမိသည်။ ကျွန်ုပ်ကိုဖြတ်သွားသော သူတိုင်း၏မျက်နှာကို ငါစေ့စေ့ကြည့်ရှုသည်။ ထိုအရာသည် ဒေါက်တာ Hymers က ၎င်းဟော ပြောသောတရားဒေသနာတွင် လူတို့ကိုကြည့်ရှုနေသည်ဟုပြောသောအရာနှင့်တူညီလျက်ရှိ သည်” ဟု ဆိုသည်။ ယောနသည် ပင်လယ်ထဲတွင် နက်နက်စွာအပြစ်ကိုသိမြင်သည်နည်းတူ အပြစ်ကိုသိမြင်လာလျက် တစ်ခုသောနံနက်ချိန်တွင် အိမ်ပြန်လမ်းလျှောက်နေသော Sergio ပင်ဖြစ်ပါသည်။

John Cagan တွင်လည်း ထိုသို့သောအတွေ့အကြုံကို ရရှိသည်။ ယောဟန်က “ကျွန်ုပ်မပြောင်းလဲခင် ရက်သတ္တပါတ်များတွင် သေနေသည့်အလားခံစားရသည်။ ငါအိပ်မ ပျော်ခဲ့ရဘူး။ မပြုံးနိူင်ခဲ့ဘူး။ ငြိမ်သက်ခြင်းကို မရနိူင်ဘူး။ ဘုရားသခင်နှင့်ပြောင်းလဲခြင်းအ ကြောင်း စဉ်းစားရသမျှကို ငါငြင်းပယ်သည်။ ထိုအကြောင်းကို ငါမစဉ်းစားပါ။ သို့သော် ငြိမ် သက်ခြင်းကို ရှာမတွေ့။ ဒုက္ခခံစားနေရသည်ကို မရပ်တန့်နိူင်။ မိမိကိုယ်ကို မုန်းတီးလာသည်။ အပြစ်ကိုမုန်းတီးလာသည်။ အဘယ်သို့ခံစားစေသည်ကို နားလည်သည်။ ကျွန်ုပ်အပြစ်သည် အဆုံးမရှိ ဆိုးဆိုးဆိုးလာသည်” ဟုဆိုသည်။

Soriya Yancy က “ဒေါက်တာ Hymers အပြစ်နှင့်ပါတ်သက်သောအရာကို အားပါးတ ရဟောပြောသည်။ ကျွန်ုပ်ပြုသမျှသောမကောင်းမူကို သတိရလာသည်။ ကျွန်ုပ်၏မှားယွင်း သောအတွေးအခေါ်၊ လိမ်လည်မှု၊ စသဖြင့်သောအခြားအပြစ်များစွာကို သတိရလာသည်။ ငါ သည် ရှက်လာသဖြင့် ဘုရားသခင်ကိုပင် ရင်မဆိုင်ရဲတော့ပါ။ ငါအော်ဟစ်လိုနေသည်။ ခရစ် တော်ကို ဘယ်တော့မှ မတွေ့ဘူးဟု ထင်လာသည်။ ငါအော်ဟစ်တမ်းတမ်းလာသည်။ ခရစ် တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရမည်ဟု မထင်ပါ ဟုဆိုပါသည်။

ယောနက “ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါဝိုင်းသဖြင့်၊ အကျွန်ုပ် သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်း စည်းလျက်ရှိပါသည်……ပင်လယ်ရေသည်ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်းကြ ပါ၏” (ယောန ၂း ၅၊ ၃ ) ဟုဆိုသည်။

ခရစ်တော်သည် ကျွန်ုပ်အသက်တာထဲဝင်မလာသည့်တိုင်အောင် ထိုသို့ခံစားလျက်ရှိ ပါသည်။ ခရစ်တော်သည် သူ့မေတ္တာကို ကျွန်ုပ်အပေါ်သို့သွန်းလောင်းထားသည်။ ငါကလည်း “အံ့ဘွယ်ကျေးဇူး၊ ဘယ်မျှချိုသာ၊ ပြစ်သား ငါ့ကို ကယ်ခဲ့” ဟု သီဆိုကျူးဧသည်။ ယောနက “ကယ်တင်ခြင်းသည် ထာဝရဘုရား၏အမှုဖြစ်သည်” ဟု အော်ဟစ်ခဲ့သည်။ (ယောန ၂း ၉ )

“ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏အမိန့်တော်ကိုခံ၍ ယောန ကို ကုန်းပေါ်သို့အန်လေ၏။” (ယောန ၂း ၁၀ ) )

ဘုရားသခင်ကို ချီးမွမ်းပါသည်။ သင်သည် ယေရှုကို ယုံကြည်ကိုးစားသည်နှင့်ချက်ခြင်း “အ ပြစ်၏အန်ထုတ်ခြင်း” ကို ခံရမည်။ သင်သည် မာရ်နတ်၏ဝမ်းထဲက အန်ထုတ်ခြင်းကို ခံရပေ မည်။ သေခြင်းမှ ခရစ်တော်၌ အသက်ရှင်ခြင်းသို့ ပြန်လည်အန်ထုတ်လိမ့်မည်။ ချစ်သောမိတ် ဆွေ၊ သင်သည် ယေရှုထံသို့ပြန်လာလျှင် ယောနပြောသည့် “ကယ်တင်ခြင်းသည် ဘုရားသ ခင်၏အမှုဖြစ်သည်” ဟူသောအချက်သည် မှန်ကန်သည်ကို တွေ့ရမည်။ ခေတ်သစ်ဘာသာ ပြန်ဆိုကျမ်းများက “ကယ်တင်ခြင်းသည် ဘုရားသခင်ထံကလာသည်” ဟု ဘာသာပြန်ဆိုကြ ပါသည်။ ခရစ်တော်ထဲ၌ ဘုရားသခင်ထံက အခမဲ့ရသောဆုလဒ်ပင်ဖြစ်ပါသည်။

သင်သည် ကယ်တင်ခြင်းလိုအပ်ကြောင်းကို သိပါသလား။ လိုအပ်သောအရာကို သိ နားမလည်သည်မှာ ပုံမှန်သာလျှင် ဖြစ်ပါသည်။ လူသားများသည် မိမိတို့၏သဘောသဘာ၀ တွင် ပုံမှန်အခြေအနေ၌ လိုအပ်ချက်ကို လိုသည်ဟုပင် မထင်တတ်ကြပါ။ Sergio ခံစားသကဲ့ သို့ သို့မဟုတ် John Cagan သို့မဟုတ် Soriya သို့မဟုတ် ယောန သို့မဟုတ် လော့ခ်အိန် ဂျယ်လမ်းမထက်တွင်တစ်ယောက်တည်း လျှောက်နေသည့် အသက်နှစ်ဆယ်အရွယ်လူငယ် လေးတစ်ယောက်ကဲ့သို့ ခံစားရရန် အံ့ဩဘွယ်သောအမှုလိုအပ်ပါသည်။ လူတစ်ယောက် သည် မိမိပြုသောအမှုသည် အပြစ်ဖြစ်ကြောင်းကို သိလာစေရန် သန့်ရှင်းသောဝိညာဉ်တော်၏ အံ့ဘွယ်လုပ်ဆောင်ချက်လိုအပ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်က သာလျှင် အကြင်သူတို့အား ၎င်းတို့၏စိတ်နှလုံးသားထဲတွင် “ကျွန်ုပ်ပြုသောအပြစ်ဒုစရိုက် သည် မျက်မှောက်တော်တွင် ထင်ရှားပါသည်” ဟု ဆိုနိူင်စေမည်။

မိမိကိုယ်ကို စစ်ကြောပြီး ပြီလား။ မိမိစိတ်နှလုံးကို အမှန်တကယ် သိမြင်ပြီးပြီလား။ ထိုသို့လုပ်ဆောင်ပြင်ဆင်ထားခြင်းမရှိလျှင် မျှော်လင့်ချက်မရှိပါ။ လူများစွာတို့က ယောနသည် ဘုရားသခင်မျက်မှောက်တော်ထဲက ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့ အဝေးဆုံးသို့ ထွက် ပြေးနေကြပါသည်။ လူတို့သည် မိမိတို့ပြုသောအပြစ်အကြောင်းကို မစဉ်းစားမိစေရန် ၎င်းတို့ အချိန်ဇယားက ပြည့်နှက်နေသည်။ အချို့သောသူတို့သည် ထိုအကြောင်းစဉ်းစားရန်၊ ဘုရား သခင်၏မျက်မှောက်တော်မှထွက်ပြေးရန်အတွက် အဆုံးမရှိသောတီဗွီဂိမ်းများကိုသာကြည့်နေ ကြပါသည်။ အချို့တို့က ထိုသို့မစဉ်းစားမိစေရန် လုပ်ဆောင်နေသောအရာများကိုသာ ပတ်ချာ လည်လုပ်ဆောင်နေပါသည်။ အချို့က အလုပ် သို့မဟုတ် လေ့လာမှတ်သားခြင်း၊ သို့မဟုတ် အစောင့်တစ်ယောက်ကို ရှာဖွေခြင်း၊ သို့မဟုတ် ၎င်းတို့ပြုသောအပြစ်ကိုဆင်ခြင်မမိစေရန် အ ခြားအရာတစ်ခုခုထဲသို့ စိတ်ကို နှစ်ထားကြပါသည်။ ဒေါက်တာ Lloyd-Jones က “သင့်ဘ၀ အသက်တာအတွက် တိုက်ခိုက်မှုရှိသည်၊ သင့်စိတ်ဝိညာဉ်အတါက် တိုက်ခိုက်ရမည်။ သင် သည် မိမိကိုယ်ကိုမတွေ့မြင်စေရန် လောကကြီးသည် အရာအားလုံးမှ သင့်ကို အတားအဆီး ပေးတော်မူမည်” ဟုဆိုပါသည်။ သို့မှသာ အပြစ်အကြောင်းမစဉ်းစားရန် အဆီးအတားပေးနိူင် မည်ဖြစ်သည်။ (“အပြစ်သား၏ဝန်ခံချက်”။)

သင်သည် မိမိပြုသော မကောင်းသည့်အရာများကို ဆင်ခြင်ရမည်။ အပြစ်ဒုစရိုက်ဆို သည်မှာ ပုန်ကန်ခြင်း၊ မိမိလမ်းကိုသွားလိုသောစိတ်ရှိခြင်း၊ မှားယွင်းသည်ဟုသိသောအရာမျာ ကို လုပ်ဆောင်လိုခြင်းတို့ဖြစ်သည်။ မိမိ၏ဩတ္တပစိတ္က မကောင်းမှန်းသိသောအရာကို လုပ် ဆောင်ခြင်းဟုဆိုလိုပေသည်။ ထိုအရာမှာ ပြစ်မှားခြင်းပင်ဖြစ်ပါသည်။ ဩတ္တပစိတ်က “မ ကောင်းဘူး” ဟုဆိုကောင်းဆိုမည်။ သို့သော် သင်က လုပ်ဆောင်ထားသည်။ ၎င်းမှာ ပြစ်မှား ခြင်းပင်ဖြစ်ပါသည်။

ထို့နောက် သင်သည် မိမိပြုသောအပြစ်ကို ဆင်ခြင်သင့်ပါသည်။ ဆိုလိုသည်မှာ မကောင်းသောအတွေးအခေါ်၊ ဆိုးသွင်းသောအရာ၊ သင့်စိတ်နှလုံး၊ အသက်တာထဲတွင်ရှိ သောမကောင်းသောအမှုအရာများကို ပယ်ရှားရပါမည်။

“အပြစ်” ဟူသောစကားလုံးရှိပါသည်။ “ဆုံမှတ်ကိုလွဲချော်ခြင်း” ဟု ဆိုလိုသည်။ ဆုံ မှတ်ကို ပစ်သောသူတစ်ဦးက လွဲချော်ခြင်းကဲ့သို့ဖြစ်သည်။ သင်ရှိသင့်သည့်နေရာတွင် ရှိမနေ ခြင်းပင်ဖြစ်ပါသည်။ သင်အသက်ရှင်ရန် ရည်ရွယ်ထားသကဲ့သို့ အသက်မရှင်ခြင်းပင်ဖြစ်ပါ သည်။ ဆုံမှတ်ကို လွဲချော်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က သင့်အား အသက်ရှင်စေလိုသည် အတိုင်း အသက်မရှင်ခြင်းပင်ဖြစ်ပါသည်။ သင်မပျော်မရွှင်ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပါ။

သင်လုပ်ဆောင်လျှင် အခြားအခွင့်အရေးကို ရနိူင်မည်မဟုတ်။ ဘုရားသခင်က သင့် အား အပြစ်ကို နောက်ထပ်သိစေမည်မဟုတ်။ ဘုရားသခင်က ထိုသို့မဟုတ်လျှင် သင်သည် ဆုံးရှုံးခြင်းသို့ရောက်မည်။ ထာဝရဆုံးရှုံးမည်။ လောကတွင် ဆက်လက်အသက်ရှင်သော်လည် ဆုံးရှုံးမည်။

ဘုရားသခင်၏ဝိညာဉ်တော်က ဤအရာများကို သင်၏စိတ်နှလုံးသားထဲသို့ ဆောင် ယူလာသောအခါ တွန်းထုတ်မထားပါနှင့်။ သင်နားလည်သဘောပေါက်လာပါလိမ့်မည်။ ထိုအ ရာများကို တွန်းထုတ်မထားကြောင်းကို သေချာစေပါ။ ထိုသို့လုပ်ဆောင်လျှင် အခြားအခွင့်အ ရေးကောင်း ရလာနိူင်စရာအကြောင်းမရှိပါ။ ဘုရားသခင်က နောက်ထပ်နားလည်စရာအ ကြောင်းအရာကို ဆောင်ယူလာမည်မဟုတ်။ ဘုရားသခင်က ထိုသို့လုပ်ဆောင်မထားလျှင် လောကကြီးထဲတွင် ဆက်လက်အသက်ရှင်နေသည့်တိုင် ထာ၀/

သန့်ရှင်းသောဝိညာဉ်တော်က သင့်ကိုယ်သင် ကျေနပ်စေခြင်းမရှိစေဖို့ရန်လည်း ကောင်း၊ ပျောက်ဆုံးသည်ဟု လုံးဝခံစားစေရန်လည်းကောင်း၊ မျှော်လင့်ချက်ကုန်ဆုံးသည်ဟု ထင်မှတ်စေရန်လည်းကောင်း ကျွန်ုပ်တို့ဆုတောင်းပါ၏။ သို့မှသာ သင်သည် “အကျွန်ုပ်ပြုမိ သောဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိူင် အောင် လေးကြပါ၏” (ဆာလံ ၃၈း ၄ ) ဟု ဆိုလာနိူင်မည်ဖြစ်သည်။ ယေရှုသည် အကူအညီ ပေးနိူင်သည့်တစ်ဦးတည်းသောသူဖြစ်သည်ကို ခံစားလာပါလိမ့်မည်။ ကားတိုင်တွင် သွန်း လောင်းသောခရစ်တော်၏အသွေးတော်မှတပါး သင့်အပြစ်ကိုဆေးကြောနိူင်သောအရာမရှိ သည်ကို ခံစားလာပေမည်။ မိမိကိုယ်ကိုအထင်ကြီးလေးစားသည်ကို ရပ်တန့်လာပေမည်။ သို့ မှသာမိမိပြုသောအပြစ်ကိုရွံ့မုန်းပြီး ယေရှုထံသို့လှည့်၍ ကိုးစားယုံကြည်လာပေမည်။ သို့ဆိုမှ သာ သင်သည် ယောနနှင့်အတူ “ကယ်တင်ခြင်းသည် ထာဝရဘုရား၏အမှုဖြစ်သည်” (ယော န ၂း ၉ ) ဟု ပြောလာနိူင်မည်။ သို့မှသာ အောက်ပါဓမ္မသီချင်းပြောဆိုသောအရာကို လုပ် ဆောင်လာနိူင်မည်ဖြစ်သည်။

ကိုယ်တော်ထံလာသည်၊
ယခုပင်လာပြီ။
သွန်းတော်မူသောသွေးတော်ဖြင့်၊
ဖြူစင်အောင်ဆေးပါလေ။
(“ကိုယ်တော်ထံလာသည်ကျူး” Lewis Hartsough, ၁၈၂၈- ၁၉၁၉ )

ယေရှု၏အသွေးတော်နှင့်ဆေးကြောခြင်းအကြောင်းကို ကျွန်ုပ်တို့နှင့်တိုင်ပင်ဆွေးနွေး လိုလျှင် ကိုယ်ထိုင်သည့်ထိုင်ခုံကိုချန်ထားခဲ့ပြီး တိုင်းပင်ဆွေးနွေးရာအခန်းဆီသို့ ဒေါက်တာ Cagan နှင့် John Cagan နောက်သို့လိုက်ပါ။ သူတို့က သင့်အား အတူတကွဆွေးနွေးပြီး ဆု တောင်းနိူင်သည့် တိတ်ဆိတ်သောနေရာသို့ ခေါ်ဆောင်သွားကြပါလိမ့်မည်။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ယောန ၂း ၁-၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
     "ကိုယ်တော်ထံလာသည်၊"၊ (Lewis Hartsough, ၁၈၂၈- ၁၉၁၉) ရေးစပ်သည်။