Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နောက်ဆုံးသောကာလ၌ အစာရှောင်ဆုတောင်းခြင်း

FASTING AND PRAYER IN THE LAST DAYS
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဧပြီလ ( ၂၄ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 24, 2016


ကျွန်တော်နှင့်အတူ မဿဲ ၂၄း ၁၂ ကို ဖတ်ကြပါစို့။ ဤကျမ်းပိုဒ်သည် ကျွန်ုပ်အတွက် နှစ်ပေါင်းငါးဆယ်ကျော် နှစ်သိမ့်မှုပေးသောကျမ်းပိုဒ်ဖြစ်ပါသည်။ ကျယ်ကျယ်ဖတ်ရှုကြပါစို့။

“မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။” ((မဿဲ ၂၄း ၁၂ ))

ထိုသို့ထိတ်လန့်ဖွယ်ကောင်းသောကျမ်းပိုဒ်က အကျွန်ုပ်အား အဘယ်သို့နှိမ့်သိမ့်မှုပေးနိူင်သ နည်း။ အကြောင်းမှာ ၎င်းက နောက်ဆုံးသောနေ့ရက်ကာလရှိအသင်းတော်များ၏ အခြေအ နေကို ရှင်းရှင်းလင်းလင်းပြသပါသည်။ ခရစ်ယာန်ကောင်းများအတွက်မူ စိုးရိမ်ပူပန်စရာလုံး၀ မဟုတ်ပါ။ ဤသည်မှာ နောက်ဆုံးသောကာလတွင် အမှန်တကယ်ဖြစ်ပျက်လာမည်အ ကြောင်း ယေရှုခရစ်မိန့်တော်မူခဲ့သောစကားပင်ဖြစ်ပါသည်။ “မတရားဟောအမှု” ဟုဘာသာ ပြန်ဆိုထားသောစကားသည် “တရားဥပဒေနှင့်မညီညွှတ်ခြင်း” ဟု ဆိုလိုသတည်း။ “အာနိုမီ ယား” ဖြစ်ပြီး ဓမ္မသစ်ကျမ်း စည်းမျဉ်းစည်းကမ်းများကို”ချိုးဖောက်မှု” သို့မဟုတ် “အပြစ်ကျူး လွန်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ နောက်ဆုံးသောကာလရှိအသင်းတော်များသည် သမ္မာကျမ်း စာ၏သွန်သင်ချက်များကို လုံးဝလက်မခံဟု ဆိုလိုခြင်းဖြစ်သည်။ ဥပဒေသကိုချိုးဖောက်ခြင်း ၏အကျိုးမှာ “လူများစွာတို့သည် အေးတိအေးစက်ဖြစ်ကြလိမ့်မည်။” ခေတ်သစ်ဘာသာပြန်ဆို ချက်တစ်ခုက “လူမျာစွာတို့၏မေတ္တာသည် အေးတိအေးစက်ဖြစ်လာမည်” (NIV) ဟု အခိုင်အ မာ ပြောဆိုထားပါသည်။ “မေတ္တာ” ဟူသောစကားလုံးသည် အလွန်ပင် အရေးကြီးသည်။ ၎င်း မှာ ဂရိစကားလုံး “အဂ္ဂပေ” မှ ဆင်းသက်လာပါသည်။ ခရစ်ယာန်မေတ္တာအတွက် သုံးနှုန်းထား သောစကားလုံးများပင်ဖြစ်ပါသည်။ Vine က ၎င်းကို “ခရစ်ယာန်ဘာသာ၏ဝိသေသလက္ခ ဏာ” ဟု ပင်ခေါ်ထားသည်။ ဒေါက်တာ Henry M. Morris က ၎င်းကို နောက်ဆုံးသောနေ့၌ လောဒိကိမြို့အသင်းတော်နှင့်ပါတ်သက်ပြီး ဖော်ပြပေးထားပါသည်။ “ယနေ့ခေတ်ကာလတွင် ဧဝံဂေလိအသင်းတော်နှင့်ပုံမှန်အားဖြင့် နှုတ်ကပါတ်တော်ကိုခံယူသောအသင်းတော်များစွာရှိ ပါသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဆင်းရဲနွမ်းပါးမှုဖြစ်သည်” ဟုဆိုလေသည်။ (The Defender’s Study Bible; ဗျာဒိတ် ၃း ၁၇ မှတ်စု ) ဤဧဝံဂေလိနှင့်ဖန်တမင်တဲယ်အသင်း တော်များအကြောင်းကို ဗျာဒိတ် ၃း ၁၇ တွင် ဖော်ပြထားပါသည်။ “ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ် ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို မသိပါတကား၊”

အသင်းတော်တွင်အသုံးချနိူင်ဖို့ အရိုးစင်းဆုံးစစ်ဆေးမှုတစ်ခုမှာ သူတို့အသက်တာ တွင် “အဂ္ဂပေ” မေတ္တာရှိကြပါရဲ့လားဟူသောမေးခွန်းပင်ဖြစ်ပါသည်။ သူတို့သည် ခရစ်တော်၌ ရှိသော ညီအစ်ကိုမောင်နှမများနှင့်မိဿဟာရဖွဲ့သည်ကို နှစ်သက်ကြပါရဲ့လား။ အများစုက တော့ မလိုလားကြပေ။ ကျွန်ုပ်တို့နှစ်ခြင်းအသင်းတော်များ၏အကြီးမားဆုံးကံဆိုးမိုးမှောင်ကျ ခြင်းတစ်ခုမှာ တနင်္ဂနွေညဝတ်ပြုစည်းဝေးခြင်းကို မလုပ်ဆောင်တော့ခြင်းပင်ဖြစ်ပါသည်။ ဒေါက်တာ Cagan က ဒါလားစ်၊ တက်စက်စ်ပြည်နယ်တို့တွင် ထိုသို့လုပ်ဆောင်သောသူများ မတွေ့ရှိနိူင်သဖြင့် အဖြစ်များသောအရာသာဖြစ်ပါသည်။ ဒေါက်တာ W. A. Criswell ၏ အ ကြီးဆုံးသောပထမနှစ်ခြင်းအသင်းတော်သည်လည်း ယခုတွင် တနင်္ဂနွေည အစီအစဉ်မရှိ တော့ပါ။ ဒေါက်တာ Jimmy Draper၏ ဒါလားစ်ပြည်နယ် ဆာပူရပ်စ်ရှိအသင်းတော်သည် လည်း တနင်္ဂနွေညအစီအစဉ် မရှိတော့ပါ။ ဒေါက်တာ J. Frank Norris ၏ ဖရွှင့်ဝေါ့ခ်ရှိ ပထမ နှစ်ခြင်းအသင်းတော်တွင်လည်း တနင်္ဂနွေည ဝတ်ပြုအစီအစဉ်မရှိတော့ပါ။ ဒေါက်တာ John R. Rice ၏ အသင်းတော်ဖြစ်သည့် ဒါ့လားစ်ပြည်နယ်၊ ဆာပူရဇ်ရှိ Galilean Baptist Church တွင်လည်း တနင်္ဂနွေည ဝတ်ပြုမရှိတော့ပါ။ ဖျက်သိမ်းကြပါသည်။ ဒေါက်တာ Cagan က “ကနဦးအသင်းတော်ကလေးတွင်ပင် ဒါလားစ်၊ တက်စက်ရှ်ပြည်နယ်များလိုမျိုးလည်းရှိပါသည် မှာ အံ့ဩစရာပင်ဖြစ်ပါသည်။”

ဖန်တမင်တဲလ်အသင်းတော်အများစုသည်လည်း ဤလမ်းကို လိုက်သွားကြပါသည်။ ဖန်တမင်တယ်နှစ်ခြင်းအသင်းတော်တွင် နာမည်ရသောအသင်းတော်တစ်ခုသည် တနင်္ဂနွေ ညအစီအစဉ်ကို ဖြတ်တောက်ကြသည်ဟု ကြားရသည်။ သူတို့သည် နံနက်ပိုင်းဝတ်ပြုအစီအ စဉ်ပြီးသောအခါ ပေါင်မုန့်ကိုစားကြပြီး ၁း ၃၀ နာရီတွင် သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ် ကို စကြသည်။ တရားဟောဆရာတစ်ဦးက “သမ္မာကျမ်းစာရရှိခြင်းသည်” ဘုရားကျောင်းသွား ရသည့် အကြောင်းရင်းတစ်ခုကဲ့သို့ “သူတို့သည် ကျမ်းစာကို ရနိူင်သလောက်ယူကြသည်” ဟု ဆိုပါသည်။ ရှေးခေတ်က နှစ်ခြင်းအသင်းတော်များသည် တနင်္ဂနွေညတိုင်းတွင် အသင်းသား များက ဧဝံဂေလိတရားကိုနားထောင်မည့်လူများကို ခေါ်လာကြပြီး ဧဝံဂေလိအစီအစဉ်ရှိကြပါ သည်။ ရှေးခေတ်နှစ်ခြင်းအသင်းတော်များသည် တနင်္ဂနွေညတွင် မိဿဟာယဖွဲ့ခြင်းကို အ ကြီးအကျယ်လုပ်ဆောင်ကြသည်။ ကျွန်ုပ်သည် ထိုအရာအားလုံးကို မမှတ်မိနိူင်တော့ပါ။ ယခု တွင်မူ သူတို့၏အကြီးမားဆုံးမျှော်လင့်ချက်မှာ “သမ္မာကျမ်းစာကို ရရှိရန်” ပင်ဖြစ်သည်။ သူတို့ သည် “အိမ်တွင်နေထိုင်ပြီး ဒေါက်တာ J. Vernon McGee ၏တရားဒေသနာကို ရေဒီယိုအား ဖြင့်နားဆင်နေကြလျှင် သမ္မာကျမ်းစာကို ပို၍တောင် “ရရှိ” ကြပေမည်။ သို့သော် မဿဲ ၂၄း ၁၂ က “မတရားသောအမှုသည် များပြားသဖြင့် ကျမ်းစာကို အနည်းငယ်သာရရှိကြသည်” ဟု မဆိုပါ။ လုံးဝမဆိုပါ။ “မတရားသောအမှုသည် များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်း မေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုသာဆိုသည်။ အဂ္ဂပေမေတ္တာဖြင့်လုပ်ဆောင်သောမိဿ ဟာရသည် နှစ်ခြင်းအသင်းတော်အသိုင်းအဝိုင်းတွင်ကွယ်ပျောက်ပြီး တနင်္ဂနွေနေ့မိဿဟာရ သည်လည်း ပျောက်ဆုံးနေသည်။ နှစ်ခြင်းအသင်းတော်များသည် နှစ်အနည်းငယ်အတွင်း၌ပင် နှစ်ခဲ့သောနှစ်ပေါင်း၅ဝက တနင်္ဂနွေနေ့ဝတ်ပြုခြင်းအစီအစဉ်ကို လက်လွှတ်ခဲ့ရသော ယူနိူက် တက်မက်ဒသစ် နှင့်ယူနိူက်တက်ဘရက်ဘက်တီးရီးယာန်းလိုပဲ မြုံပြီး အသက်မရှိသောအ သင်းတော်များဖြစ်လာပေမည်။ ၎င်းသည် ဟန်ကျသောသဘောကိုတွေ့ရသော်လည်း ၎င်းတို့ ကို သတ်ဖြတ်နေသည်။ သူတို့သည် နှစ်ပေါင်းများစွာအတွင်း အသင်းသားပေါင်း သန်းနှင့်ချီ ဆုံးရှုံးခဲ့ကြလေသည်။ နောက်ပိုင်းနှစ်တွေများတွင် တောင်းပိုင်းနှစ်ခြင်းအသင်းတော်က အသင်းသားပေါင်း ၂၅၀၀၀၀ လက်လွှတ်ခဲ့ရသည်မှာ အံ့ဩစရာမဟုတ်ပါ။ သူတို့တွင် မိဿ ဟာရမရှိ၊ မေတ္တာလည်းမရှိ။ သူတို့အသင်းတော်သို့လူများရောက်လာရန် အကြောင်းမရှိပါ။ ဖန်တမင်တဲရ်နှစ်ခြင်းအသင်းတော်များသည်လည်း ပိုကောင်းအောင်လုပ်ဆောင်နိူင်ကြသည်မ ဟုတ်။

အသင်းတော်များတွင် ဤသို့သောအရာများဖြစ်ပေါ်နေသည်နှင့်တပြိုင်နက် အမေရိ ကန်ပြည်ထောင်စုသည်လည်း ကိုယ်ကျင့်တရားပိုင်းနှင့်ဝိညာဉ်ပိုင်းတွင် ကျဆင်းလျက်ရှိနေပါ သည်။ စာတန်နှင့်၎င်း၏အပေါင်းအပါဖြစ်ကြသောနတ်ဆိုးများသည် နိူင်ငံသားများအပေါ်စိုးစံ လျက်ရှိနေပြီး ထိုအချိန်တွင် နှစ်ခြင်းအသင်းတော်များသည် တနင်္ဂနွေည ၎င်းတို့၏အစီအစဉ် ကို ပိတ်သိမ်းကြသည်။ ထို့ကြောင့် လူတို့က တီဗွီအားဖြင့် ဘာမဟုတ်သည်ကိုကြည့်နိူင်သလို စောစောအိပ်ယာဝင်နိူင်ကြသည်။ ဘုရားသခင် ကူမတော်မူပါ။ ဗျာဒိတ်ကျမ်းတွင်ရှိသောအ သင်းတော်ခုနှစ်ပါးသည် မွတ်စလင်တို့၏လုံးဝဖျက်ဆီးခြင်းကိုခံရကြသည်။ မွတ်စလင်တို့သည် ဤနေရာသို့ရောက်လာကြပြီး ကျွန်ုပ်တို့နှစ်ခြင်းအသင်းတော်များကိုလည်း ဖျက်ဆီးမည်ဆို လျှင် ကျွန်ုပ်အံ့ဩနေမည်မဟုတ်ပါ။ သူတို့ကို အဘယ်အရာက ရပ်တန့်မည်နည်း။ တနင်္ဂနွေ ညတွင် ဝတ်ပြုစည်းဝေးသွားဖို့ပျင်းရိသောသူများက ရပ်တန့်နိူင်ကြမည်မဟုတ်ပါ။ သူတို့ကား အဘယ်သို့ျ့ဖစ်ကြမည်နည်း။

စာတန်၏နတ်ဆိုးအစွမ်းသည် အမေရိကန်နှင့်ဥရောပတို့ကို ၎င်းတို့၏လည်အားဖြင့် ညှပ်ထားပါသည်။ ကျွန်ုပ်တို့အသင်းတော်များသေသည်အထိ ပိတ်ဆို့နင်းခြေကျသည်။ ၂တိ ၃း ၁- ၅ က နောက်ဆုံးနေ့ရက်တွင်ရှိကြသောလူတို့အကြောင်းကို ဖော်ပြထားပါသည်။

“နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမ ထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိူင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက် တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယဇ်မူး သောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစား ခြင်းကိုသာ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင် ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်လိမ့်မည်။ ထိုသူတို့ကို ရှောင်ကြလော့။” (( ၂ တိ ၃း ၁- ၅ ))

“ခရစ်ယာန်” ဟု အမည်ရသော ဤဖောက်ပြန်ရေးသမားများသည် အမေရိကန်နှင့်အနောက် တိုင်းတို့၏ကိုယ်ကျင့်တရားကို ဖြိုလှဲရန် အောက်ကတူးနေကြသည်။ သူတို့သည် မိမိတို့ကိုယ် ကိုသာချစ်ကြသည်။ ငွေကိုသာ တပ်မက်ကြသည်။သူတို့သည် ပုန်ကန်သောသူများ၊ ကျေးဇူးမ တင်တတ်သူများ၊ မသန့်ရှင်းသူများသာဖြစ်ကြပါသည်။ သူတို့သည် ဘုရားသခင်ထံကလာ သောတန်ခိုးမရှိဘဲ အပြင်ပန်းဘုရားသခင်ကိုင်းရှိုင်းမှုသာရှိကြသည်။

၂ တိ ၃း ၁၂၊ ၁၃ ကို နားထောင်ကြပါစို့။

“ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရားဝတ်၌မွေ့လျော်၍ နေ ခြင်းငှါအလိုရှိသောသူအပေါင်းတို့သည် ညှင်းဆဲခြင်းကိုခံရကြလိမ့် မည်။ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို ၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား၍ဆိုးညစ်ခြင်း၌တရွေ့ရွေ့တိုးပွါးကြ လိမ့်မည်။” (( ၂ တိ ၃း ၁၂၊ ၁၃ ))

ဤသူတို့မှာ ကျွန်ုပ်တို့အသင်းတော်၌ ခရစ်တော်ထံသို့သိမ်းပိုဒ်ရန် ကြိုးစားအားထုတ်ကြသည့် လူများဖြစ်ကြပါသည်။ အဘယ်သို့လုပ်ဆောင်ကြမည်နည်း။ လုံး၀ဖြစ်နိူင်စရာအကြောင်းမရှိပါ။ သူတို့သည် ဘုရားကျောင်းသို့လာကြရန် စိတ်နှလုံးဖြင့် အလုပ်လုပ်ကြသည်မဟုတ်။ သို့သော် သူတို့၏စိတ်နှလုံးသည် ဗွီဒီယိုဂိမ်းများဖြင့်သာ လုံးပန်းနေကြသည်။ သူတို့လာဖို့ပထမဆုံးအ ကြိမ်တရားဟောသည်အတွက် သူတို့သည် ငါ့ကို မကြည့်ဝံ့ကြပါ။ သူတို့သည် အောက်ကိုသာ ငုံ့၍ကြည့်နေကြသည်။ သူတို့၏လက်ချောင်းများကို ဖမ်းဆွဲကြသည်။ အကြောင်းမှာ သူတို့ သည် ဆော့ကစားဖို့ ဖုန်းမရှိကြပါ။ သူတို့၏စိတ်နှလုံးသည် H. G. Wells တွင်ရှိသော မော် လောက်ကဲ့သို့ နက်မှောင်နေသည်။ သူတို့သည် လွန်ခဲ့သောညက ကြည့်ကြသည့် ဇွမ်ဗိုင်ကဲ့ သို့ သေလျက်နေကြပါသည်။

လုကာ ၄း ၁၈- ၁၉ ကို ကြည့်ကြပါစို့။ ဤသည်မှာ ယေရှုခရစ်က အပြစ်ရှိသောလူ ငယ်များအတွက် လုပ်ဆောင်လိုသောအရာပင်ဖြစ်ပါသည်။ ကျွန်ုပ်ဖတ်ပါမည်။ ယေရှုက ဤသို့မိန့်ဆိုပါသည်။

“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အ ကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုဘိသိတ်ပေးတော်မူပြီ။ ကြေမွသောသူ တို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိ သောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်မျက်စိကန်းသောသူတို့ အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံ ရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ် ကာလကိုကြားပြောစေခြင်းငှါ၎င်း ငါ့ကိုစေလွှတ်တော်မူပြီဟု လာ သတည်း။” ( လုကာ ၄း ၁၈- ၁၉ ))

ယနေ့လူငယ်များအဖို့လုပ်ဆောင်ပေးရန် ယေရှုသည် ဆင်းကြွလာခဲ့ပါသည်။ သို့သော် စာတန် ၏တန်ခိုးသည် အလွန်ပင်ခွန်အားကြီးမားသောကြောင့် ခရစ်တော်၏ကယ်တင်သောကျေးဇူး တော်သည် အများစု၏အသက်တာထဲတွင် အလုပ်မလုပ်နိူင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏မျက်မှောက်တော်တန်ခိုးကို ရရှိရမည်။ သို့မဟုတ် သူတို့ကို အကူအညီပေးနိူင်မည်မဟုတ် ပါ။ ကျွန်ုပ်တို့သည် အသင်းတော်ဆီသို့ ကားတစ်စီးပြီးတစ်စီးဆောင်ယူလာနိူင်ပါသည်။ သို့ သော် အနည်းစုကသာလျှင် ယေရှုခရစ်၏ကယ်တင်နိူင်သောကျေးဇူးတော်ကိုလက်ခံကြပါ သည်။ ဘုရားသခင်က တန်ခိုး စာတန်၏တန်ခိုးထက်ကြီးမားသောတန်ခိုးကို အသင်းတော်ဆီ သို့စေလွှတ်ခြင်းမပြုလျှင် လူနည်းစုသာ ပြောင်းလဲလာကြမည်ဖြစ်သည်။

ယင်းမှာ အစာဆောင်ခြင်းနှင့်ဆုတောင်းခြင်းလာရာဖြစ်သတည်း။ တပည့်တော်များ သည် မာကုအခန်းကြီးကိုးတွင်တွေ့ရသော လူငယ်လေးအား အကူအညီမပေးနိူင်ကြပါ။ သူ သည် ယနေ့ခေတ်တွင် ဧဝံဂေလိတရားကိုကြားရန် ဘုရားကျောင်းသို့ ကျွန်ုပ်တို့ခေါ်ဆောင် လာကြသည့် ကလေးများကဲ့သို့ပင် နတ်ဆိုးစွဲလျက်ရှိကြပါသည်။ ယောက်ျားလေးသည် နတ် ဆိုး၏ထိန်းချုပ်မှုကို တွေ့ရှိရပါသည်။ သမ္မာကျမ်းစာက အသင်းတော်သို့ ကျွန်ုပ်တို့ခေါ်ဆောင် လာသော လူငယ်တိုင်းသည် “အာကာသမိုးကောင်းကင်ကိုအုပ်စိုးသောအရှင်၊ နာခံခြင်းမရှိ သောသူတို့တွင် အလုပ်လုပ်သောဝိညာဉ်တည်းဟူသော စာတန်၏ မျက်စိကန်းစေခြင်းနှင့် ထိန်းချုပ်မှု” (ဧဖက် ၂း ၂ )ကို ခံနေကြရပါသည်။ မာကု ၉ တွင်ရှိသောလူငယ်လေးသည် နတ် ဆိုးစွဲသောသူဖြစ်သည်။ တပည့်တော်များမှာ သူ့ကိုမကူညီနိူင်လောက်အောင် တန်ခိုးမဲ့နေ ကြပါသည်။ မာကု ၉း ၂၈- ၂၉ ကို ကြည့်ကြပါစို့။ ထိုကျမ်းပိုဒ်နှစ်ပိုဒ်ကို အားလုံးမတ်တပ်ရပ်ပြီး ကျယ်လောင်စွာဖတ်ပါ။

“အိမ်သို့ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထို နတ်ကို အဘယ့်ကြောင့် မနှင်ထုတ်နိူင်ပါသနည်းဟု တိတ်ဆိတ် စွာမေးလျှောက်ကြသော်၊ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာ ရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိူင်ဟု မိန့်တော်မူ၏။” ((မာကု ၉း ၂၈၊ ၂၉ ))

အားလုံးထိုင်နိူင်ပါပြီ။ “အစာရှောင်ဆုတောင်းခြင်းမှတပါး ဤနတ်မျိုးသည် မထွက်နိူင်ပါ။”

ကျွန်ုပ်တို့သည် ဆုတောင်းခြင်းတစ်ခုတည်းအားဖြင့် လူငယ်များကယ်တင်ခြင်းမရရှိ နိူင်ကြောင်းကို ကျွန်ုပ်သိထားသည်။ “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းမှတပါး ဤသို့သော နတ်မျိုးသည် မထွက်နိူင်ပါ။” “နှင့်အစာရှောင်ခြင်း” စကားလုံးသည် မူရင်းဂရိစကားလုံးတွင်ပါ ရှိသည်ကို သင်သိနိူင်ပါသည်။ နတ်ဆိုးလွှမ်းမိုးမှုကိုခံရသောဘုန်းကြီးများသည် ထိုစကားလုံး နှစ်လုံးကို ပထုတ်ကြပါသည်။ ခေတ်သစ်ကျမ်းစာဟုခေါ်ဆိုသောစာအုပ်များနှင့်အတူ ခေတ် သစ်အသင်းတော်များသည် ထိုစကားလုံးနှစ်လုံးပထုတ်သောကျမ်းစာကိုသာ ကိုင်ဆောင်ကြပါ သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ မာနတ်သည် နောက်ဆုံးသောကာလရှိအသင်း တော်များတွင် နတ်ဆိုးစွဲရှုတ်ထွေးနေသောလူငယ်များကို ကယ်တင်မည့်ဘုရားသခင်၏တန်ခိုး ကို အသင်းတော်ထဲက ခိုးထုတ်လိုသည့် အကြောင်းတရားကြောင့်ပင်ဖြစ်ပါသည်။

“ဆုတောင်းခြင်း၊ အစာ ရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိူင်ဟု မိန့်တော်မူ၏။” ( မာကု ၉း ၂၉ ))

ထိုင်နိူင်ပါပြီ။

အာမင်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အစာရှောင်ပြီး ဆုတောင်းကြရမည်ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်၏တန်ခိုးတော်ကို ရရှိနိူင်မည့်နည်းလမ်းပင်ဖြစ်ပါသည်။ ပျောက်ဆုံးဝိညာဉ် များ ပြောင်းလဲလာနိူင်မည့်နည်းလမ်းလည်းဖြစ်ပါသည်။ ဘုရားသခင်၏တန်ခိုးနှင့်ကျေးဇူး တော်တံခါးကို ဖွင့်လှစ်နိူင်သည့် နည်းလမ်းလည်းဖြစ်ပါသည်။ စာတန်နှင့်နတ်ဆိုး၏တန်ခိုးကို အောင်နိူင်သော နည်းလမ်းလည်းဖြစ်ပါသည်။

“ဆုတောင်းခြင်း၊ အစာ ရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိူင်ဟု မိန့်တော်မူ၏။”

ဟာလေလုယ။ ကျွန်ုပ်တို့သည် ရန်သူကို အနိူင်ယူဖို့ ဘုရားသခင်သည် ဓါးကိုပေးတော်မူပြီ။ ထိုဓါးမှာ “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်း” ပင်ဖြစ်ပါသည်။ ဟေရှာယ ၅၈း ၆ ကို ဖတ်ရှုကြ ပါစို့။

“ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသောအချည် အနှောင်ကိုချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှင်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။” ( ဟေရှာယ ၅၈း ၆ ))

အားလုံးထိုင်နိူင်ပါပြီ။ ဘုရားသခင်ရွေးချယ်ထားသောအစာရှောင်ခြင်းက ပျောက်ဆုံးသောအ ပြစ်သားများထံသို့ ခရစ်တော်၏တန်ခိုးကို ဆောင်ယူသွားခဲ့သည်ကို ဤကျမ်းပိုဒ်က ပြသထား ပါသည်။ အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းက အားနည်းခြင်းသံကြိုးကိုဖြေပေးပြီး လေးလံ သောဝန်ကိုလည်း လျော့စေသည်။ ဖိနှိပ်ခံရသောသူကို လွတ်ခြင်းအခွင့်ရရှိစေပြီး မာနတ်၏ တန်ဘိုးကိုလည်း ကျိုးပျက်စေပါသည်။ စာတန်၏မျက်စိကန်းစေခြင်းနှင့်နတ်ဆိုးဖိနှိပ်ခံရသော လူများဆီသို့ ခရစ်တော်၏တရားကို ဆောင်ယူသည်မှာ အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းပင် ဖြစ်ပါသည်။ ယေရှုက ဤသို့မိန့်တော်မူပါသည်။

“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အ ကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုဘိသိတ်ပေးတော်မူပြီ။ ကြေမွသောသူ တို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိ သောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်မျက်စိကန်းသောသူတို့ အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံ ရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ် ကာလကိုကြားပြောစေခြင်းငှါ၎င်း ငါ့ကိုစေလွှတ်တော်မူပြီဟု လာ သတည်း။” ( လုကာ ၄း ၁၈- ၁၉ ))

ခရစ်တော်၏တရားကို စာတန်၏ချုပ်နှောင်ခံအပြစ်သားများအားသိစေသည်မှာ အစာရှောင် ခြင်းနှင့်ဆုတောင်းခြင်းပင်ဖြစ်ပါသည်။

Arthur Wallis က “ဘုရားသခင်ရွေးချယ်ထားသော အစာရှောင်ခြင်း၏သဘောသ ဘာဝမှာ လွတ်မြောက်ခြင်းဖြစ်ကြောင်း ဘုရားသခင်သည် ဟေရှာယအားဖြင့် ဖော်ပြခဲ့သည်။ ၎င်းသည် ဝိညာဉ်ရေးရာနယ်ပယ်တွင် လက်တွေ့အသုံးချလျက်ရှိပါသည်။ လူတို့သည် ချုပ် နှောင်ခြင်းကိုခံကြသည်။ ၎င်းသည် သံကြိုးဖြင့်မဟုတ်၊ မမြင်နိူင်သော မာနတ်၏ချုပ်နှောင်မှု ကြိုးအားဖြင့်သာ ဖြစ်ပါသည်။ (အစာရှောင်သောသူများသည်) အသိုင်းအဝန်းအားဖြင့် ဝိညာဉ် ရောရာ ချုပ်နှောင်မှုကို တိုက်ခိုက်သည်။ ခွဲခြားသိမြင်နိူင်သောမျက်စိက လူ့ဘဝလမ်းတွင် တွေ့ရသောလူများစွာသည် မာနတ်၏ချုပ်နှောင်ခြင်းကိုခံကြရသည်ကို သိမြင်ကြပေမည်။ သူတို့နားမလည်သောတွန်းအားဖြင့် ချုပ်နှောင်ခံနေကြသည်ကို သိသည်။ သူတို့မလွတ် မြောက်နိူင်သောအရာက ချုပ်နှောင်ထားကြောင်း သိကြရပါသည်” ဟု ဆိုပါသည်။ (ဘုရားသ ခင်ရွေးချယ်ထားသော အစာရှောင်ဆုတောင်းခြင်း၊ စာ- ၆၃၊ ၆၄ )။ အစာရှောင်ခြင်းနှင့်ဆု တောင်းခြင်းသည် မာနတ်၏လက်ထဲတွင် ချုပ်နှောင်ထားသော ယောက်ျားနှင့်မိန်းမတို့ကို လွှတ်မြောက်စေပါသည်။ အစာရှောင်ခြင်းက တန်ခိုးပါသောလက်နက်ဖြစ်ပါသည်။ စာတန်၏ ချုပ်နှောင်ခံလူများ၏နှလုံးသားကို ပြန်၍တည်စေရန် ဘုရားသခင်ခန့်ထားသောအရာဖြစ်ပါ သည်။

ကျွန်ုပ်တို့သည် အစာရှောင်ဆုတောင်းကြသောအခါ အပြစ်ကို နက်နက်နဲနဲသိနိူင် သောသဘောကို ဘုရားသခင်ထံ ဆုတောင်းသင့်ပါသည်။ လူတို့သည် အပြစ်ကို လုံးဝနားမ လည်ကြပါ။ သဘောအားဖြင့် လူတို့သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်မှတ်နေကြပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်သည် လိုအပ်လျက်ရှိပါသည်။ သန့်ရှင်း သောဝိညာဉ်တော်အလုပ်လုပ်သောအခါ လူတို့သည် အပြစ်ကို မုန်းတီးလာကြသည်။ အပြစ် ပြုနေခြင်းကို စွန့်ပစ်လာကြသည်။ သူတို့၏အပြစ်နှင့်ပြည့်နေသောနှလုံးသားကို ရွံ့မုန်းလာကြ သည်။ ဆုတောင်းသည့်အခါ အပြစ်ကိုနက်ရှိုင်းစွာသိနိူင်သောသဘောကို ပေးရန် ဆုတောင်း ရပါမည်။ “အဘယ်သို့ပြောင်းလဲရမည်ကိုသင်ယူရန်” ကြိုးစားအားထုတ်နေကြသောလူများ သည် ၎င်းတို့အပြစ်နှင့်ပြည့်နေပြီး ပုန်ကန်တတ်သောနှလုံးသားကို သိလာကြပါသည်။ အစာ ရှောင်ခြင်းနှင့်ဆုတောင်းခြင်းကို နားလည်လာစေခြင်းသဘောကိုဆောင်ယူလာဖို့ ဘုရားသ ခင်အသုံးပြုထားပါသည်။ အပြစ်ကိုနားမလည်ဘဲ ခရစ်တော်၏ဧဝံဂေလိတရားသည် အဓိပ္ပါယ် ရှိလာမည်မဟုတ်ပါ။ ၎င်းမှာ “အသင်းတော်ကလေးများကြား” တွင် မှားယွင်းသောအရာဖြစ်ပါ သည်။ အခြားသောညချိန်ခါလည်း ရေတွက်ကြပါသည်။ လူအနည်းစုသာ ခရစ်တော်၏နောက် လိုက်ဖြစ်လာကြပါသည်။ အခြားသူများက မိမိတို့ပြုသောအပြစ်နှင့်လောကီမှောင်မိုက်ကို မသိ နားမလည်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်က သူတို့အား အပြစ်ကိုသိမြင်စေရန် အစာ ရှောင်ဆုတောင်းရပါမည်။ သူတို့နှလုံးသားကျို့ပဲ့ဖို့နှင့် ခရစ်တော်၏နှိမ့်ချသောတပည့်တော် များဖြစ်လာကြဖို့ ပြောင်းလဲပေးရန် ဆုတောင်းရပါမည်။

သန့်ရှင်းသောဝိညာဉ်တော်ကသာ လူများကို နောင်တရစေပါသည်။ အစာရှောင်ခြင်း နှင့်ဆုတောင်းခြင်းသည် မိုက်မဲသောလူများက အပြစ်ကိုရွံမုန်းသောဘုရားသခင်အမြင်တွင် ဆေးကြောခြင်းကိုပြုသော ခရစ်တော်၏အသွေးတော်လိုအပ်ချက်ကို သိမြင်စေပါသည်။ အစာ ရှောင်ခြင်းနှင့်ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကြားထဲက ဆန့်ကျင်သောအပြစ်သားများ၏နှလုံး သားတွင် အလုပ်လုပ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်ဖို့ ဆုတောင်းရန် ဘုရားသခင် ပေးထားသော နည်းလမ်းပင်ဖြစ်ပါသည်။

ဒေါက်တာ John R. Rice က “ကျွန်ုပ်တို့သည် လောကီတရားကျောခိုင်းပြီး ဘုရား သခင်၏မျက်မှောက်တော်သို့တိုးဝင်ချဉ်းကပ်နိူင်သည့် အချိန်ကာလသည် ရှိပါသည်။ ထိုသော သော အချိန်မျိုးမှာ အစာရှောင်ခြင်းနှင့်ဆုတောင်းသည့် အချိန်ကာလဖြစ်ပါသည်” ဟု ဆိုပါ သည်။ ( ဆုတောင်းခြင်း၊ တောင်းလျှောက်ခြင်းနှင့်ရရှိခြင်း။ စာ- ၂၁၆ )

ကယ်တင်ခြင်းကိုခံရသော သင်တို့က အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော် လိုအပ်သည်ကို သတိပြုမိကြမည်ဟု ထင်မိပါသည်။ ဆုတောင်းသည့်အခါ သူ၏မျက်မှောက် တော်သည် လိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့အသက်တာတွင် အဘယ်အရာကိုလုပ်ဆောင်စေ လိုကြောင်းကို ပြသရန် လိုအပ်ပါသည်။ သင်းအုပ်အား အဘယ်အရာဟောပြောရမည်ကို ပြသ ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ခိုင်ခံစေရန် လိုအပ်ပါသည်။ ပျောက် ဆုံးသောဝိညာဉ်များကို သာ၍နီးစေပြီး ပြောင်းလဲပြီးနောက်ပိုင်းတွင် ဤနေရာတွင်ရှိနေကြဖို့ လိုအပ်ပါသည်။ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သောနိူးထမှုသည် ရောက်လာဖို့အတွက် သူသည် လို အပ်ပါသည်။ သူတို့တိုင်က ကျွန်ုပ်တို့ကို ကွေးစေရန်၊ ချိုးဖဲ့ရန်၊ အလိုတော်အတိုင်းပုံသွင်းရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့က ဤသို့ မကြာခဏဆုတောင်းကြပါသည်။

အသက်ရှင်သောဝိညာဉ်ဘုရား၊ ကြွလာရန် ဆုတောင်းပါ၏၊
အသက်ရှင်သောဝိညာဉ်ဘုရား၊ ကြွလာရန် ဆုတောင်းပါ၏။
ကျွန်ုပ်အားပုံသွင်း၊ ပြုပြင်၊ အလိုတော်တိုင်းဖြစ်စေပါ၊
အသက်ရှင်သောသန့်ရှင်းဝိညာဉ်ဘုရား၊ ကြွလာရန် ဆုတောင်းပါ၏။
    (“အသက်ရှင်သောဝိညာဉ်တော်ဘုရား၊” Daniel Iverson, ၁၈၉၉-၁၉၇၇၊
      Dr. Hymers က ပြန်လည်ဖန်တီးသည်။)

ဤသီချင်းလေးသည် အစာရှောင်ပြီးဆုတောင်းသောအခါ စစ်မှန်သောအရာဖြစ်လာ ပါသည်။ ဝိညာဉ်ရေးရာကြီးထွားသောခရစ်ယာန်တစ်ယောက် သင်ဖြစ်လျှင် ကျွန်ု္ပ်တို့ကြား တွင် ဘုရားသခင်၏ဝိညာဉ်တော်ဆင်းသက်ရန် လိုအပ်ကြောင်းကို သိလာမည်။ သို့မှသာ အသင်းတော်အတွင်းက လောကီဆန်သောကလေးများ၊ အသင်းတော်အပြင်ဘက်က က လေးများ၏ခိုင်မာသောစိတ်နှလုံးများသည် ပြောင်းလဲလာကြမည်ဖြစ်သည်။ ထို့ကြောင့် သင် တို့သည် နောက်တစ်ပတ်စနေနေ့ကို အစာရှောင်ရာနေ့ရက်အဖြစ်သတ်မှတ်ရန် ကျွန်ုပ်တောင်း ဆိုပါသည်။ ညနေ ၅း ၀၀ နာရီအထိ ဆုတောင်းပဌနာပြုကြပါမည်။ ဆုတောင်းပြီးသောအခါ ညစာအတူစားသောက်ကြမည်ဖြစ်သည်။ နောက်တစ်ပတ်စနေနေ့တွင် ဧဝံဂေလိလုပ်ငန်း ရှိ တော့မည်မဟုတ်ပါ။ တစ်နေ့တာ အစာရှောင်ဆုတောင်းပြီးနောက် ဆုတောင်းသောအချိန်သာ အသုံးပြုမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကြီးမားသည့်ဧဝံဂေလိလုပ်ငန်းကိုလုပ်ဆောင်ကြသည် သို့သော် ၎င်းထဲက အသီးအပွင့်ကို မရရှိပေ။ Paul G. Cook က ၎င်း၏ ကောင်းကင်မှမီး ဟူ သောစာအုပ်တွင် “သန့်ရှင်းသောဝိညာဉ်တော်မပါရှိလျှင်၊ဧဝံဂေလိလုပ်ငန်းတစ်ခုတည်းက ခိုင် မာသောအကျိုးကို မဖော်ဆောင်နိူင်ပါ” (စာ- ၁၀၈) ဟု ဆိုထားသည်။ သူက ကနဦးမက်ဒ သစ်အသင်းတော်သည် “သူတို့အသင်းတော်များနှင့်ကောင်းကြီးမင်္ဂလာတို့၏တိုးပွါးခြင်းသည် သူတို့ထံသို့ အလည်အပတ်လာသောဘုရားသခင်ကို အမှီပြုထားသည်ကို သိကြသည်ကို သိ ကြသည်” ဟု ဖော်ပြထားသည်။ သူက “ရိုးရိုးရှင်းရှင်းဖြင့် ဤသို့ယုံကြည်သောသူတို့သည် သူ တို့ကြားထဲက ဘုရားသခင်၏အံ့ဘွယ်လုပ်ဆောင်ချက်ကို မျှော်ကြည့်နေကြသည်။ သူတို့က ဘုရားသခင်သာလျှင် အလုပ်မလုပ်လျှင် သူတို့သည် နာမတော်အားဖြင့် အဘယ်အရာကိုမျှ မလုပ်ဆောင်နိူင်ပါ။ သူတို့သည် စိတ်အားထက်သန်လျက် အဘယ်မျှလောက်ဆုတောင်းကြ သည်ကို ထင်ရှားစေပါသည်” ဟု ဆိုလေသည်။ (စာ- ၁၀၅) “သူတို့က ဧဝံဂေလိတိုးပွါးခြင်းနှင့် အသင်းတော်၏ကျန်းမာခြင်းသည် ဘုရားသခင်၏မျက်နှာသာပေးခြင်းနှင့်တန်ခိုးကြောင့်၎င်း၊ ထိုအချက်မှာ သူတို့၏ဆုတောင်းခြင်းအကြောင်းတရားဖြစ်သည်ဟုလည်းကောင်း သူတို့ယုံ ကြည်ကြပါသည်။”(စာ- ၂၈ )

လောကဆန်သောလူငယ်များ၊ အသင်းတော်တွင်း၌ရှိသော ကလေးများနှင့်အသင်း တော်ပြင်ပရှိကလေးများတို့၏နှလုံးသားကိုပြောင်းလဲစေရန် တန်ခိုးဖြင့် အသင်းတော်ထဲသို့ ကြွ ဆင်းလာရန် ဘုရားသခင်ထံသို့ အစာရှောင်ပြီး ဆုတောင်းကြပါစို့။ နောက်တစ်ပါတ် စနေ့ ညနေ ၅း ၃၀၀ တွင် အသင်းတော်ဆုတောင်းခြင်းနောက်ပိုင်းအထိ သင်ကျန်းမာလျှင် ကျေးဇူး ပြုပြီး အစာရှောင်ပါ။ ကျန်းမာရေးမကောင်းလျှင် အသင်တော်တွင် သန့်ရှင်းဝိညာဉ်ဆင်းကြွ လာရန် ဆုသာတောင်းပါ။ သင်သည် အစာရှောင်ရန် ကျန်းမာရေးကောင်းသည် မကောင်း သည်အကြောင်းနှင့်ပါတ်သက်ပြီး မေးခွန်းမေးလိုလျှင် ဒေါက်တာ Chan သို့မဟုတ် ဒေါက်တာ Judith Cagan တို့ကို ဦးစွာမေးမြန်းပါ။ သင်သည် အစာရှောင်ဖို့ ကျန်းမာရေးကောင်းမ ကောင်းကို သူတို့က အဖြေပေးပါလိမ့်မည်။ သင်သည် ကော်ဖီ သို့မဟုတ် လက်ဖက်ရည် သောက်လေ့ရှိလျှင် ခေါင်းကိုက်ခြင်းကို ကာကွယ်ရာ တစ်ခွက် သို့မဟုတ် နှစ်ခွက်လောက် ဆက်သောက်နိူင်ပါသည်။ ကျန်တဲ့အချိန်မှာဆိုလျှင် ရေသာသောက်ပါ။ အထူးသဖြင့် သင်သည် အလုပ်လုပ်နေလျှင် တနေကုန် ရေများများ သောက်ပေးပါ။ တစ်နာရီလျှင် ရေတစ် ခွက်နှုန်းဖြင့် သောက်ပါ။ အတူတကွ မတ်တပ်ရပ်ပြီး ဓမ္မသီချင်းနံပါတ် ၆ ကို သီဆိုကြပါစို့။

နှုတ်ကပါတ်အလင်းတွင်၊ ယေရှုနှင့်လျှောက်သွားစဉ်၊
   ငါတို့လမ်းထွန်းလင်းစေတော်မူသည်။
အလိုတော်ကိုလိုက်လျှင်၊ အတူသွားမည်အစဉ်၊
   ကိုးစားနားထောင်လျက်နေရမည်။
ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
   ယေရှု၌ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။

သို့သော်လည်း ငါတို့၌၊ ရှိသမျှသောအရာ၊
   ကိုယ်တော်လက်သို့အပ်ထားကြရမည်။
ကိုယ်ကိုမအပ်နှံလျှင်၊ ဆုကျေးဇူးတော်အများ၊
   ငါတို့အလျင်းမခံစားနိူင်ကြ။
ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
   ယေရှု၌ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။

ငါတို့သည် ယေရှုနှင့်မိဿဟာရဖွဲ့ရလျှင်၊
   ကိုယ်တော်နှင့်အတူ သွားလာကြမည်။
မိန့်တော်မူသည်အတိုင်း၊ သွားလာဆောင်ရွက်ပါမည်၊
   မကြောက်ဘဲကိုးစားလျက် နားထောင်မည်။
ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
   ယေရှု၌ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။
(“ကိုးစားနားထောင်ကျူး”၊ John H. Sammis, ၁၈၄၆-၁၉၁၉).

ဤတရားဒေသနာကို သင်နှင့်အတူ အိမ်သို့ယူသွားပါ။ လာမယ့်အပတ်တွင် မအိပ်ခင် ညတိုင်း ဖတ်ပါ။ ညမအိပ်မှီဆုတောင်းသောအခါ သီချင်းပိုဒ်ကို သီဆိုပါ။ စနေ့နေ့တွင် ထပ်ခါ ထပ်ခါဖတ်ပါ။ နေ့တွေအတွင်းဆုတောင်းသကဲ့သို့သီချင်းပိုဒ်ကို သီဆိုပါ။ သီချင်းပိုဒ်ကို သီဆို ပါ။ ကျူးဧပါ။

အသက်ရှင်သောဘုရား၏ဝိညာဉ်၊ ကြွလာပါ၊ ဆုတောင်းပါ၏၊
အသက်ရှင်သောဘုရား၏ဝိညာဉ်၊ ကြွလာပါ၊ ဆုတောင်းပါ၏၊
ကျွန်ုပ်အားပြင်ဆင်ချိုးဖဲ့၊ ပြုပြင်တော်မူပါ။
အသက်ရှင်သောဘုရား၏ဝိညာဉ်၊ ကြွလာပါ၊ ဆုတောင်းပါ၏၊

သင်သည် ကယ်တင်ခြင်းမရရှိသေးလျှင် သင်သည် နောင်တရလျက် ယေရှုထံသို့ ပြောင်းလဲလာရန် ဆုတောင်းပါ၏။ သူ့အသွေးတော်သည် သင့်အပြစ်ကိုဆေးကြောနိူင်သည်။ သေခြင်းမှသူ၏ထမြောက်ခြင်းက ထာဝရအသက်ကို သင့်အားပေးမည်။ သူ့ကိုကိုးစားပါ။ အပြစ်တရားနှင့်ကျရောက်လာမည့်တရားစီရင်ခြင်းမှ သင့်အား ကယ်တင်တော်မူလိမ့်မည်။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။
မဿဲ ၁၇း ၁၄- ၂၁
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"အိုငါ့ဝိညာဉ်လာပါ၊ ကောင်းစွာပြင်ဆင်သည်။"၊ ( John Newton ၁၇၂၅-၁၈၀၇) ရေးစပ်သည်။ )