Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဒုက္ခပေါင်းများစွာဖြင့်
နိူင်ငံတော်ထဲသို့ ဝင်စားခြင်း

ENTERING THE KINGDOM
THROUGH MUCH TRIBULATION
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဧပြီလ ( ၂၄ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 24, 2016

“ထိုမြို့၌ ဧဝံဂေလိတရားကိုဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ် စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ ပြန်ကြ၏။ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံး ကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နိူး ဆော်ချီးပင့်၍၊၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသ ခင်၏နိူင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။” ( တမန် ၁၄း ၂၁- ၂၂ ) )


မကြာသေးမှီအချိန်တွင် လူငယ်လေးနှစ်ဦးက လွန်ခဲ့သော ၂၅ နှစ်ကျော်က အကြီး မားဆုံးအသင်းတော်၏ကွဲပြားမှုကိုမပြောသင့်ကြောင်းဆိုကြသည်။ အတိတ်က ကျွန်ုပ်တို့အ သင်းတော်ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်သောအရာများအကြောင်းကိုမပြောဘဲ လှပ သည့်အနာဂတ်အကြောင်းကိုသာ ဟောပြောသင့်ကြောင်း ဆိုကြပါသည်။ ကျွန်ုပ်သည် ဝေဖန် တိုက်ခိုက်မှုကို အမြဲနားစွင့်လေ့ရှိသည်။ အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းများ၏ ဝေဖန်မှုကို နားထောင်သည်။ ဤလူငယ်များမှာ ကျွန်ုပ်၏မိတ်ဆွေများဖြစ်ကြပါသည်။ သို့သော် သူတို့ သည် အမှားအယွင်းပြုကြသည်။ တကယ်ပဲ မှားကြပါတယ်။ ကျွန်ုပ်က အသင်းတော်၏ ကြောက်မက်ဖွယ်ကောင်းသောကွဲပြဲခြင်းအကြောင်းကို ဟောပြောနေတာမဟုတ်ဘူး။ ဘုရား သခင်က ထိုအကြောင်းကို တဖန်ဟောပြောရန် ကျွန်ုပ်အား ပြသသည်။ ထပ်ခါထပ်ခါ ဟော ပြောရန် ပြညွှန်သည်။ ထိုသတင်းစကားက သင်တို့စိတ်နှလုံးကို ဖောက်ထွန်းပြီး သင့်ဘဝကို ပြောင်းလဲစေသည်အထိ ဟောပြောရန် ပြညွှန်သည်။ သို့ဖြစ်၍ ကျွန်ုပ်က ပို၍ပို၍ ပင် ဟော ပြောရမည်။ ပို၍ပို၍ ထပ်ခါထပ်ခါ ဟောပြောရပါမည်။

အကြောင်းအရာက ခပ်ရှင်းရှင်းလေးပါ။ အသင်းတော်တွင် အရင်က လူ ၅၀၀ လောက်ရှိကြသည်။ ကျွန်ုပ်သိပ်မကောင်းကြောင်းပြောသည့် အသင်းတော် “ခေါင်းဆောင်” တစ်ပါးရှိသည်။ ကျွန်ုပ်သည် လူများထံတွင် တောင်းဆိုမှုများစွာကို ပြုလုပ်သည်ဟု စွက်စွဲ ပြောဆိုသည်။

ခရစ်တော်ဟောပြောတဲ့”အကြင်သူသည်မိမိလက်ဝါးကားတိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက် ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ” (လုကာ ၁၄း၂၇) ဟူသည်ကို ဟောပြောသော ကြောင့် သူသည် ကျွန်ုပ်အား လူဆိုးလူမိုက်၊ အာဏာရှင်ဟု ကျွန်ုပ်အား သမုတ်သည်။ ထို့ ကြောင့် လူပေါင်း လေးရာတို့သည် အသင်းတော်ကို စွန့်ခွါသွားကြသည်။ သူတို့က “လွယ်ကူ သောဘဝအသက်တာ” ကို ရရှိလိုကြသည်။ သူတို့သည် အဘယ်သို့ဖြစ်လာကြသနည်း။ ကောင်းပါပြီ။ “ကနဦးခေါင်းဆောင်” သည် သူတို့ထဲက ဆယ့်လေး သို့မဟုတ် ဆယ့်ငါးဦးတို့ ကိုသာ ၎င်း၏တနင်္ဂနွေနေ့နံနက်အချိန်တွင် “လွယ်လွယ်ကူကူ”ထိန်းသိမ်းနိူင်သည်။ အချို့တို့ ကို တောင်ပံလေးခုဖြင့် ပျံ့နှံ့သွားကြသည်။ အဘယ်သူမျှ ခရစ်ယာန်တို့ကို အောင်မြင်သောသူ များမဖြစ်ကြပါ။ သို့မဟုတ် ဘုရားသခင်အတွက် လုပ်ဆောင်သောသူများမဖြစ်ကြပါ။ သူတို့၏ ဝိညာဉ်ရေးရာအသက်တာသည် ခြောက်သွေ့သွားသည်။ သူတို့သည် ဝိညာဉ်ရေးရာရွက်လွှာ များကြွေကျကြသည်။ ခရစ်တော်က “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ ကြည့်သော သူမည်သည်ကား၊ ဘုရားသခင်၏နိူင်ငံတော်နှင့်မထိုက်မတန်”(လုကာ ၉း ၆၂ ) ဟု မိန့်တော် မူ၏။

ဟုတ်ပါသည်။ ကျွန်ုပ်သည် ဤအဆောက်အဦးကိုရွေးယူခဲ့ကြသည့် လူ “ ၃၉ ဦး” ကို တရားဟောပါသည်။ ကျွန်ုပ်သည် အသင်းတော်ကိုစွန့်ခါြပြီး မြေကြီးသို့ရောက်ရှိသွားကြသည့် လူပေါင်းလေးရာကိုလည်း တရားဟောမည်။ အသင်းတော်ကိုဆန့်ကျင်သောသူများနှင့်နောက် သို့လဲကျသောသူများက “သူသည် အသက်ကြီးပြီး ကင်ဆာရောဂါဖြစ်နေသဖြင့် များစွာပြော နိူင်မည်မဟုတ်” ဟုဆိုကြသည်။ ထိုသို့ မရောတွက်ပါနှင့်။ ငါမသေသေးပါဘူး။ အမည်နာမကို ဆန့်ကျင်သောသူများနှင့်အားနည်းသောနယူဧဝံဂေလိဝါဒကို မုန်းမိသည်။ ယနေ့နံနက်တွင် လုပ်ဆောင်သကဲ့သို့ နှစ်ပေါင်းလေးဆယ်ကျော် လုပ်ဆောင်ခဲ့ပါသည်။ မှန်ကန်သောစကား လုံးကိုလည်း မုန်းမိသည်။ အမှန်မုန်းမိသည်။ မုန်းတယ်- တကယ်မုန်းတယ်။ သန့်ရှင်းသော အငြိုးအတေးဖြင့် မုန်းသည်။ အကြောင်းမှာ ယေရှုကိုယ်တိုင်လည်း ၎င်းကို မုန်းတီးသည်။ သမ္မာကျမ်းစာက “မကောင်းသောအမှုကိုမုန်းပြီး ကောင်းသောအရာကိုချစ်ပါ” ဟု ဆိုပါသည်။ (အာမုတ် ၅း ၁၅ )

ခရစ်တော်က လောတိကိအယူရှိသူများ၊ အန်တီန်ိုအယူရှိသူများ၊ ပျင်းရိသောဧဝံဂေ လိဝါဒများအား “ငါ့ခံတွင်းသည် သင်တို့ကို ထွေးလုပြီ” (ဗျာဒိတ် ၃း ၁၆ ) ဟု ဆိုပါသည်။ “ငါ သည် သင်တို့ကို ငါ့ခံတွင်းမှ အံချလုပြီ။” (Ryrie, NASV margin) “ငါအံချလုပြီ။ ငါအံချလိမ့် မည်။ငါအံချမယ်၊ ထွေးလိုက်မယ်၊ ငါ့ခံတွင်းထဲက ထွေးပစ်လိုက်မည်” ဟုဆိုသည်။ ဒေါက်တာ Charles C. Ryrie က ဤကျမ်းပိုဒ်ကို “မပူမအေး၊ သို့မဟုတ် အလယ်အလတ် သို့မဟုတ် ရောပြွန်းသည်သဘော၊ အသင်းတော်သည် သခင်ဘုရား၌ ရည်ရွယ်ချက်ပျောက်ဆုံး၍ အော့နှ လုံးနာဖွယ်ကောင်းသည်” ဟုဆိုပါသည်။ (Ryrie Study Bible, ဗျာဒိတ် ၃း ၁၆ မှတ်စု )

မပူမအေးလူအတွက် ကုဆေးကားအဘယ်နည်း။ နယူဧဝံဂေလိဝါဒပျင်းရိသူများအဖို့ ကုဆေးကားအဘယ်နည်း။ ကျွန်ုပ်တို့အသုံးပြုသော အခြေပြုကျမ်းတွင် ရှိနေပါသည်။

“ပြန်ကြ၏။ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံ ခိုင် ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နိူးဆော်ချီး ပင့်၍၊၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိူင်ငံတော်သို့ ဝင်ရကြမည္ဟု ဟောပြောပြညွှန်ကြ၏။” ( တမန် ၁၄း ၂၁- ၂၂ ) )

တမန်တော်ရှင်ပေါလုနှင့်၎င်း၏အကူဗာနဗသည် လုဒိ၊ အိုင်ဂိုနီယာ၊ အန္တီအုတ်မြို့သို့ ပြန်လာကြသည်။ ထိုနေရာတွင်ရှိကြသောခရစ်ယာန်အသစ်များအား သင်ကြားပေးရန် ပြန် လာကြခြင်းဖြစ်သည်။ ဒေါက်တာ Thomas Hale က ဤသို့မှတ်ချက်ပေးထားသည်။ သူက ဤသို့ဆိုသည်။

     တနေရာတည်းတွင် ဧဝံဂေလိတရားဟောခြင်းသည် မလုံ လောက်ပါ။ ယုံကြည်သူသစ်များကို နှုတ်ကပါတ်တော်သင်ကြား ပေးပြီး ၎င်းတို့၏ယုံကြည်ခြင်းများကို တည်ဆောက်ရန်လည်း အ ရေးကြီးလှပါသည်။ ၎င်းမှာ ရှင်ပေါလုနှင့်ဗာနဗတို့လုပ်ဆောင် သည့် နည်းလမ်းများပင်ဖြစ်သည်။ ပြောင်းလဲလာသူအသစ်များ အား ဘုရားသခင်၏နိူင်ငံတော်ထဲသို့ဝင်ရန်မှာ ခက်ခဲမှုများကို ရင် ဆိုကြုံတွေ့ရကြောင်း သတိပေးထားကြပါသည်။ သူတို့သည် ခရစ်တော်နှင့်အတူ နောက်လိုက်များဖြစ်ကြလျှင် ခရစ်တော်အ တွက် ဒုက္ခခံသောသူများဖြစ်လိုကြရမည်။ (Thomas Hale, M.D., The Applied New Testament Commentary, Chariot Victor Publishing, ၁၉၉၇၊ တမန် ၁၄း ၂၂ မှတ်စု )

အပိုဒ်ငယ် ၂၃ နှင့်ပါတ်သက်ပြီး ၎င်း၏မှတ်ချက်စကားတွင် ဒေါက်တာ Hale က ပေါလုနှင့် ဗာနဗသင်ကြားပေးသောသူများမှာ ခရစ်ယာန်သစ်များဖြစ်ကြသည်ဟု ညွှန်းဆိုထားပါသည်။ သူက အသင်းတော်တွင်ရှိကြသော “အသက်ကြီးသူများ” လည်း “ယုံကြည်သူသစ်များဖြစ် ကြသည်။” ( ၎င်း၊ အပိုဒ် ၂၃ ) ပေါလုနှင့်ဗာနဗတို့သည် “ဘုရားသခင်၏နိူင်ငံတော်ထဲသို့ ဝင် စားဖို့ရန် ဒုက္ခဆင်းရဲအပေါင်းကိုကျော်ဖြတ်ရမည်အကြောင်း” (တမန် ၁၄း ၂၂ ) ခရစ်ယာန် အသစ်များကို သွန်သင်ပေးထားကြပါသည်။ Matthew Henry အဘိဓါန်က “သူတုိ႔သာဖြတ် ကျော်ရမည်မဟုတ်၊ ငါတို့လည်း ဖြတ်ကျော်ရမည်။ ကောင်းကင်သို့သွားမည့်သူများသည် တနေ့မဟုတ် တနေ့တွင် ဒုက္ခဆင်းရဲခြင်းကို တွေ့ဆုံရန် မျှော်လင့်ကြရမည်။ သူတို့အတွက် စိတ်ပျက် ဝမ်းနည်းစရာဖြစ်မည်ဟု တစ်ယောက်သောသူက ပြောပေမည်။ထိုသို့မဟုတ်ပါ။ သူတို့ကို အတည်ပြုပြီး ဘုရားသခင်က သင့်လျော်စေပါလိမ့်မည်။ ခရစ်တော်၌ ဘုရားသခင် ကိုချစ်လျက် အသက်ရှင်သောသူများသည် ညှင်းပန်းနှိပ်စက်ခြင်းကို ကြုံတွေ့ကြရမည်။ ခရစ် တော်၏တပည့်တော်များသည် ၎င်းတို့၏လက်ဝါးကပ်တိုင်ကို ထမ်းရကြမည်။” (Matthew Henry’s Commentary on the Whole Bible, တမန် ၁၄း ၂၂ မှတ်စု )

ယေရှုဘုရား၊ မိမိကပ်တိုင်ထမ်းလျက်၊ ရှိသမျှကိုစွန့်၍ နောက်တော်လိုက်မည်။
   စွန့်ပစ်ခြင်း၊ အထင်မြင်သေးခြင်းများရှိလေည်း ယခုမှစ၍ ကိုယ်တော်နှင့်အတူ
စိတ်အလိုများကိုချိုးဖဲ့လျက်၊ ရှာဖွေ၊ မျှော်လင့်၊ သိရှိထားခဲ့လေသမျှ၊
   ကျွန်ုပ်အခြေအနေအဘယ်သို့ဖြစ်ပါစေ၊ ကိုယ်တော်ကို ကျွန်ုပ်ရရှိပါ၏။
(“ယေရှု၊ ကိုယ့်ကားတိုင်ထားပါပြီ၊” Henry F. Lyte, ၁၇၉၃-၁၈၄၇ )

“ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသ ဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နိူးဆော်ချီးပင့်၍၊၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိူင်ငံ တော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။” ( (တမန် ၁၄း ၂၂ ) )

၁။ ပထမအချက်။ ပြောင်းလဲခြင်းအခက်အခဲ

အခြေပြုကျမ်းက ထိုအကြောင်းအရာကို “ကျွန်ုပ်တို့သည် နိူင်ငံတော်ဝင္စားဖို့ရမ်း ဒုက္ခဆင်းရဲများစွာကို ကြုံတွေ့ရသည်”ဟုဆိုနိူင်ပါသည်။ “ဘေးဒဏ်ကြီး”ဟူသောဂရိစကား လုံးများ “thlipsis” ပင်ဖြစ်ပါသည်။ “ဖိအား၊ ကြေကွဲမှု၊ ဝမ်ထုတ်ဝမ်ပိုး၊ ဒုက္ခ” တို့ိဖြစ်နိူင်သည်။ (Strong) သမ္မကျမ်းစားထဲတွင်ရှိသော မူရင်းပြောင်းလဲခြင်းများအကြောင်းကို ဆင်ခြင်ပါ။ ယာ ကုပ်၏ပြောင်းလဲခြင်းသည် ၎င်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။

“ယာကုပ်သည် တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်း လင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။ ထိုသူသည် မိမိမ နိူင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ချန်ကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။” ( ကမ္ဘာဦး ၃၂း ၂၄၊ ၂၅ ) )

ယာကုပ်နှင့်နပန်းလုံးသော “လူ” သည် ဘုရားသခင်၏သားတော်ဖြစ်ပြီး ယာကုပ်က “ဘုရား သခင်ကို မျက်နှာချင်းဆိုင်တွေ့ရပြီ။ ကျွန်ု္ပ်အသက်တာကို ထိန်းသိမ်းထားသည်။ ပေနွေလအ ရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။” (ကမ္ဘာ ၃၂း ၃၀- ၃၁ ) ယာကုပ်သည် ကျန်သောသူ့ဘဝကို ရင်နှီးထားသည်။ အကြောင်းမှာ ပြောင်း လဲသည့်ညတွင် ပေါင်၌ ဒဏ်ရာရခဲ့သည်။ သူ့နာမည်ကို ယာကုပ်မှ ဣသရေလသို့ပြောင်းလဲ လာပြီး အဓိပ္ပါယ်မှာ “ဘုရားသခင်နှင့်ပြိုင်လေပြီ” ဟု ဆိုလိုသတည်း။ (Ryrie Study Bible) သင်ပြောလဲလာသည်ကို ဆင်ခြင်ပါ။ ဘုရားသခင်နှင့်မပြိုင်ခဲ့ဘူးလား။ သင်သည် ခရစ်တော် ကို ယုံကြည်ကိုးစားခြင်းမတိုင်မှီ ရုန်ကန်ရလိမ့်မည်မဟုတ်။

ထို့နောက် ရှင်ပေါလုရဲ့ပြောင်းလဲခြင်းကိုလည်း ဆင်ခြင်ပါ။ သူသည် ခရစ်တော်နှင့် ထိပ်တိုက်တွေ့သည်။ “အချွန်နှင့်ထိုးဖောက်ဖို့ ခက်ခဲပေလိမ့်မည်။” (တမန် ၉း ၅ ) ဒေါက်တာ Henry M. Morris က သူသည် “ခေါင်းမာသူကဲ့သို့ယုံကြည်ကြောင်း၊ နာကျင်မှုတွင်ရှိသော အချွန်အားဖြင့်ဖြစ်စေသည့်နာကျင်မှုကိုဆန့်ကျင်ထားသည်” ဟုဆိုပါသည်။ (The Defender’s Study Bible) “ကြောက်ရွံ့တုန်လှုပ်လျက်ဆိုသည်မှာ သခင်၊ အကျွန်ုပ်အား အဘယ်အမှုကို ပြုစေလိုသနည်း” ဟု မေးသည်။ (တမန် ၉း ၆ ) ရှင်ပေါလုသည် သုံးရက်လောက် မျက်စိမမြင် ဘဲဖြစ်နေပြီး မပြောင်းလဲမှီ အစာရှောင်ခဲ့သည်။ (တမန် ၉း ၁၇ )

ထို့နောက် ခရစ်ယာန်သမိုင်းတွင် ထင်ရှားကျော်ကြားသူတို့၏ဖြစ်ကြသော ဩဂတ် တင်း၊ လူသာ၊ ဘိုင်ယန်၊ ဝိုက်ဖီးလ်၊ဝယ်စလီ၊ စပါဂျွန်တို့၏ ပြောင်းလဲလာခြင်းကို ဖတ်ရှုပါ။ အားလုံးသည် ကယ်တင်ရှင်ကို ယုံကြည်ကိုးစားခြင်းမတိုင်မှီအချိန်တွင် အခက်အခဲ၊ ဖိအား၊ ဝမ်းနည်းခြင်း၊ အပြစ်နှင့်ကြုံရသည့်ဒုက္ခများကို ရင်ဆိုင်ကြ ရပါသည်။ သင်က ဤဒုက္ခ၊ ဝမ်း နည်းခြင်း၊ အပြစ်ရဲ့ဒုက္ခတစ်စုံတစ်ခုမျှမရှိဘဲ ပြောင်းလဲလာမည်ဟု ထင်ပါသလား။ မှားယွင်း သည့်ဆုံးဖြတ်ချက်လည်း ချမှတ်နိူင်ပါသည်။ သို့သော် အပြစ်ကိုဖော်ပြခြင်းမရှိဘဲ အဘယ်သူ မျှ ပြောင်းလဲလာန်ိူင်ခြင်းမရှိပါ။ အချို့တို့သည် မျက်ရည်ကျလျှင် အားနည်းသည်ဟု မာရ်နတ် ကလူတို့ကို ပြောပြသည်။ ထို့ကြောင့် သူတို့သည် “လူ့အစွမ်းအားဖြင့်” အပြစ်ကိုတွန်းလှန်ကြ ပါသည်။ ၎င်းသည် လူ့ထုံးစံမဟုတ်ပါ။ ဘုရားဝိညာဉ်ကိုတွန်းလှန်ပြီး ခေါင်းမားခြင်းသဘော တရားပင်ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်တွင်အသေခံသောယေရှုကိုတွန်းလှန်ခြင်းသည် ကယ် တင်တော်မူသည်။သူသည် မွတ်စလင်၊ ဘုရားသားသမီးများကို ဖျက်ဆီးသောအခါ၊ မိန်းမများ ကို မုဒိမ်းကျင့်သောအခါ၊ လူငယ်များ၏ခေါင်းကိုဓါးဖြင့်ဖြတ်လိုက်သောအခါ လူမှန်ဖြစ်သည်ဟု ထင်သော သူထက် ပိုကောင်းသောသူမဟုတ်ပါ။ သင့်အပြစ်အတွက် မျက်ရည်ကျဖူးပါသ လား။ “ထိုသို့လုပ်ဆောင်ရန် ဘယ်တော့မှ မတောင်းဆိုပါနှင့်” ဟု သူကပြောပါသည်။ “ကျွန်ုပ် ကို အားနည်းအောင် မလုပ်ပါနှင့်။ ကျွန်ုပ်သည် င်ိုနေသောကလေးမဟုတ်ပါ။” သူက ကြွားလုံး ထုတ်ခဲ့ပါသည်။ သင်သည် တန်ခိုးကြီးသောဘုရားသခင်ရှေ့မှောက်တွင် ခေါင်းငုံ့ရန် ငြင်းဆို ထားသော နတ်ဆိုးထက် သင်သည် ပိုမကောင်းပါဟု ကျွန်ုပ်ဆိုလိုက်သည်။ မိမိအပြစ်အတွက် ငိုကြွေးရန် ရှက်ကြောက်သောသူသည် စိတ်နှလုံးတွင် သတ္တိမရှိသူဖြစ်သည်။ သူသည် “ဟဲ.လူ” မဟုတ်ပါ။ “မာခို-လူသား” လည်းမဟုတ်ပါ။ ဘုရားသခင်ရှေ့မှောက်တွင် မိမိအပြစ် ကို ဝန်ချတောင်းပန်ရန် ကြောက်ရွံ့နေသော နှာမွှန်သည့်သရဲပေါကြောင်သူဖြစ်သည်။

“ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသ ဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နိူးဆော်ချီးပင့်၍၊၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိူင်ငံ တော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။” (တမန် ၁၄း ၂၂ ) )

၂။ ဒုတိယအချက်။ သန့်ရှင်းစင်ကြယ်ခြင်းဒုက္ခ

ခက်ခဲမှုတစ်ခုသာရှိသည်မဟုတ်။ ခက်ခဲမှုသည် ရင့်ကျင့်မှုကို ဖြစ်စေပါသည်။တမန် တော်ရှင်ပေါလုက ဤသို့ဆိုပါသည်။

“ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစု တတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြု စုတတ်၏။ သက်သေထင်ရှားခြင်းသည် မျှော်လင့်ခြင်းကို ပြုစု တတ်၏။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့် ကင်းလွတ်၏။ အဘယ့်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေး တော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။” ( ရောမ ၅း ၃-၅ ) )

ကျွန်ုပ်သည် အသွေးတော်နှင့်ပါတ်သက်လာလျှင် John MacArthur နှင့်သိပ် သဘော မတူတာလေးတွေရှိတယ်။ ထိုအရေးကြီးသည့်အခန်းတွင် သူသည် မှားယွင်းသောအရာကို ပြု မိသည်။သို့သော် ရောမ ၅း ၃-၅ နှင့်ပါတ်သက်ပြီး သူ၏မှတ်ချက်က အရမ်းမှန်ပါတယ်။ သူက “ဘေးဒဏ်ဟူသောစကားလုံးမှာ ဖိအား၊ စပျစ်သီးမှည့်မှ စပစ်သီးများကို ညစ်ထုတ်ခြင်းကဲ့သို့ ပင်ဖြစ်ပါသည်။ ပုံမှန်ညစ်ထုတ်သည့်ပုံစံမဟုတ်။ ခရစ်တော်၏နောက်လိုက်များတွင်ဖြစ်တတ် သောညစ်ထုတ်မှုပုံစံဖြစ်သည်။ ထိုခဲ့ခဲမှုများသည် ဝိညာဉ်ရေးရာကြွယ်ဝမှုကိုဖြစ်စေပါသည်။ သည်းခံခြင်းဟူသောစကားလုံးက ဖိနှိပ်မှုအောက်တွင် နှိမ့်ချလျက် နေတတ်ခြင်းပင်ဖြစ်သည်။ ခရစ်ယာန်များသည် ဘေးဒဏ်ကာလတွင် ပျော်နိူင်ကြသည်။ အကြောင်းမှာ ထိုခက်ခဲမှုထုတ် လုပ်လိုက်သောအရာတွေကြောင့်ဖြစ်သည်။” (The MacArthur Study Bible).

ကျွန်ုပ်တို့သည် ဒုက္ခအားဖြင့်ရင့်ကျင့်လာကြသည်။ ဖိအားနှင့်ခက်ခဲမှု၊ ကြေကွဲမှုများ ဖြင့် ရင့်ကျင့်လာကြသည်။ လူငယ်နှစ်ယောက်ပြောစကားကြားသောအခါ ဤကွဲပြားမှုကို မ ပြောသင့်ပါ။ ကျွန်ုပ်သည် သူတို့စိတ်နှလုံးထဲတွင် အလုပ်လုပ်သော စာတန်၏အသံကို ကြားရ ပါသည်။ သူတို့သည် မှားယွင်းကြောင်း သိထားပါသည်။ အသင်းတော်ကိုကယ်တင်ဖို့ ခက်ခဲ သည့်ကာလတွင် သစ္စာရှိသောသူများ၏အခက်အခဲများအကြောင်းကိုမဟောပြောဖို့ထက် ဟောပြောဖို့ အကြောင်းဖြစ်လာသည်။ သင်သည် မိမိကိုယ်ကို အခက်အခဲများကြုံတွေ့ဖို့ ဝန် လေးနေလျှင် အဘယ်သို့ကြီးထွားလာနိူင်မည်နည်း။ ကျွန်ုပ်တို့အသင်းတော်ကိုကယ်တင် သောသူများအား “၃၉ ဦး” ဟုသမုတ်လိုက်သည်။ ၃၉ဦးခံစားရသည့် ဒုက္ခအကြောင်းမှာ သင် တို့သည် ယနေ့တွင် အိမ်ကောင်းတွင် နေရကြသည်။ ဘုရားရှိခိုးရသည်။ သူတို့သည် သင့်တို့ အတွက် ဒုက္ခခံကြသည်။ ထိုအကြောင်းကို မပြောဖို့ အဘယ်အရာက တားမြစ်နိူင်မည်နည်း။ တားမြစ်နိူင်လား။ ဘုရားသခင်အတွက် ဆက်ကပ်ဖူးတာရှိလား။ ဘုရားသခင်သည် သင့်အ သက်တာတွင် အမှန်တကယ်ဖြစ်သလား။မိမိကိုယ်ကို မကောင်းခံစားတာ အံ့ဩစရာမှ မဟုတ် တာ။ ယုံကြည်ခြင်းပျောက်တာလည်း အဆန်းမှ မဟုတ်တာ။ “၃၉ ဦး” ကဲ့သို့ ခရစ်ယာန် ကောင်းများဖြစ်လာကြရန် သင်တို့သည်လည်း ဒုက္ခကို ကျော်ဖြတ်ဖို့လိုသည်။အဘယ်သို့ သော ဒုက္ခမျိုးဖြစ်ပါသနည်း။ အဘယ်အရာမျှ မရှိပါ။ ထိုအရာအတွက် ခွင့်ပြုထားလျှင် အရာ အားလုံးအတွက် ခွင့်ပြုထားပေမည်။ သင်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ အခက်အခဲများကို ရင်ဆိုင်တွေ့ရန်ငြင်းဆိုလျှင် Mrs. Salazar, Carla Bebout, Dr. Cagan, Ben Griffith, Abel Prudhomme, Mr. Song, Mrs. Hymers ကဲ့သို့ ရင့်ကျင့်ခိုင်မာသော ခရစ် ယာန်တော့ဖြစ်လာမည်မဟုတ်ပါ။ သင်သည် အသက်တာတွင် ယေရှုခရစ်အတွက် ဒုက္ခခံရန် ငြင်းဆိုလျှင် ခရစ်ယာန်ကောင်းဖြစ်လာမည်မဟုတ်ပါ။

သင်တို့တွင် အချို့က အခြားညများတွင် ကျွန်ုပ်အသက်တာအကြောင်း ဒေါက်တာ Cagan ဟောသည်ကို သိပ်မကြိုက်ကြပါ။ မကောင်းဘူးဟု ထင်ကြသည်။ “ထိုအချက်အား ဖြင့်သွားလိုသောအချက်ကား အဘယ်နည်း။ ကောင်းပြီ။ ငါပြောမယ်။ ကျွန်ုပ်သည် ထိုအထဲ သို့ လဲပြိုသွားလျှင် ယနေ့နံနက်တွင် အသင်းတော်အဆောက်အဦးလည်းရှိလာမည်မဟုတ်။ ကျွန်ုပ်သည် ထိုသို့မသွားပါ။ သင်တို့အသင်းတော်ကလေးများသည် ယနေ့ ဤနေရာတွင် ရှိ နေကြမည်မဟုတ်။ ကျွန်ုပ်ဆုံးရှုံးလျှင် သင်တို့လည်း ရှိမည်မဟုတ်။ သင်တို့မိဘများကို ငါက ခရစ်တော်ထံဦးဆောင်ရတာ။ သူတို့မင်္ဂလာဆောင်ကို ငါဦးဆောင်တာ။ အသင်းတော်ကွဲပြား မှုတွင် သင်းအုပ်လုပ်ဆောင်ခဲ့တာ။ သင်တို့အသင်းတော်ကလေးများသည် အသက်ရှင်ကြရ သည်။ ကျွန်ုပ်က နာကျင်ခြင်းနှင့်ဒုက္ခတွင် ဆုံးရှုံးလျှင် ဤသို့ဖြစ်လာမည်မဟုတ်။ ”

လူငယ်တစ်ဦးက ၇၅ နှစ်ပြည့်မွေးနေ့ကဒ်ပို့ပေးခဲ့တယ်။ “၃၉ ဦး” တို့အားလုံးကလည်း မွေးနေ့ကိတ်နှင့်ကဒ်ပို့ပေးကြသည်။ မှတ်စုလေးနှင့်ကျေးဇူးတင်စကားလေးပါးကြသည်။ သို့ သော် အသင်းတော်ကလေးတစ်ဦးက ကဒ်လေးပို့ပေးတယ်။ ကျွန်ုပ်အသင်းတော်တွင် ပြောင်း လဲလာသောသူဖြစ်သည်။ သူက မွေးနေ့ကဒ်လေးကို ကျွန်ုပ်အားပို့ပေးသည်။ သူရေးသား သည့်စာသားက နှလုံးသားကို ထိသည်။

ချစ်လှစွာသော ဒေါက်တာ Hymers,

     ပျော်စရာ ၇၅ နှစ်ပြည့်မွေးနေ့ပါ။ ယေရှုခရစ်အတွက် သစ္စာ ရှိစွာ အမှုထမ်းတဲ့အတွက် ဘုရားသခင်ကောင်းကြီးပေးပါစေ။ သင် ကဲ့သို့သော သင်းအုပ်အတွက် ဘုရားသခင်ကို ကျေးဇူးတင် ပါသည်။ ယေရှုခရစ်အတွက် ဒုက္ခခံပြီး အသက်ရှင်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါသည်။ သင်၏အသက်တာသည် ခရစ် တော်အတွက် အံ့ဩဘွယ်သက်သေပဲဖြစ်သည်။ ခရစ်ယာန်အ သက်တာပုံသက်သေကောင်းဖြစ်လို့ ကျေးဇူးတင်ပါသည်။ ယေရှု ကြောင့်သာလျှင် သင့်အသက်တာသည် အံ့ဩစရာကောင်းသည်။ အကြောင်းမှာ သင့်အသက်တာက များစွာသောသူတို့ကို တို့ထိ သည်။ “သင်၏တည်ကြည်မှု၊ မလှုပ်မရှားမှု၊ သခင်ဘုရား၏အလုပ် တွင် တည်ငြိမ်စွာနေတတ်မှုတို့ပဲဖြစ်ပါသည်။”ဒေါက်တာ Hymers ထိုကျမ်းပိုဒ်အားဖြင့် ကျွန်ုပ်ကို သတိပေးထားပါသည်။ ဤအသင်း တော်သည် အခက်အခဲများကိုကျော်လွှားပြီး အသင်ေးတာ်အ တွက် သင်ထားသောရူပါရုံများကို လုပ်ဆောင်ပါမည်မှာ ကျွန်ုပ်၏ ဆုတောင်းချက်ပင်ဖြစ်သည်။ ဘုရားသခင်က ကောင်းႀံကီးပေး စောင့်ရှောက်ပါစေ။ ယေရှုနာမ၌ ဆုတောင်းပေးပါသည်။ (သူ့နာ မည်ကို ရေးထိုးထားသည်။ ) သူ့နာမည်အောက်တွင် သူက ၁ယော၂း ၁၇ ကျမ်းပိုဒ်ကို ထားလိုက်သည်။

“လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ် ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။”


သင့်ကလေးများကို ကျွန်ုပ်စိတ်မဆိုးပါ။ လုံးဝမဆိုးပါ။ သင်တို့စိတ်ဝိညာဉ်အတွက် ပူပန်မိပါသည်။ သင့်အတွက် တညလုံးဆုတောင်းပေးရုံပါ။ ကျွန်ုပ်သိသောကြောင့် သင်တို့ ကိုယ်စား ကြောက်မိသည်။

“ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသ ဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နိူးဆော်ချီးပင့်၍၊၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိူင်ငံ တော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။” ( တမန် ၁၄း ၂၂ ) )

သင်သည် “၃၉ ဦး” ကို ပြုစုထားခြင်းမရှိသည်ကို ငါသိသည်။ သူတို့ကိုချစ်ပြီး သူတို့ထားသော ပုံသက်သေကို မလိုက်လျှင် သင်သည် ဤအသင်းတော်ပေါ်တွင်ထားသည့် ကျွန်ုပ်ရူပါရုံနှင့် အိပ်မက်ကို ဂရုမစိုက်ရာရောက်မည်။ မိမိလည်ပင်းတွင် ဒုက္ခရောက်သူများက “ငါမလုပ်တော့ ဘူး” ဟုဆိုကြသည်။ ထိုသူသည် ဘုရားသခင်နိူင်ငံတော်ထဲဝင်ဖို့ အန္တရယ်ရှိသူဖြစ်သည်။ သမ္မာကျမ်းစာက “အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူ သည် ကိုးကွယ်ရာမရ၊ ရုတ်တရက်ပျက်စီးလိမ့်မည်။” (သုတ္တံ ၂၉း ၁ ) ယေရှုက ဤသို့ဆို သည်။

“ထို့ကြောင့်၊ သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ ရှေးဦးစွာသောအကျင့်ကို ကျင့်လော့။ သို့မ ဟုတ်လျှင် သင်ရှိရာသို့ငါသည် အလျှင်အမြန်လာမည်။ နောင်တ မရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွေးမည်။” ( ဗျာဒိတ် ၂း ၅ ) )

ကျေးဇူးပြုပြီးမတ်တပ်ရပ်ကာ စာရွက်ပေါ်ရှိ သီချင်းနံပါတ် ၃ ကို သီဆိုကြပါစို့။

အားလုံးယေရှုသာ၊ ယေရှုသာ၊ ကျွန်ုပ်အတွက် ရွေးနှုတ်ခြင်းတန်ခိုးများနှင့်
   ကျွန်ုပ်အတွေး၊ စကားနှင့်လုပ်ဆောင်မှုတိုင်း၊ ကျွန်ုပ်နေ့ရက် အချိန်နာရီတိုင်း၊
ယေရှုအတွက် ယေရှုအတွက်၊ ကျွန်ုပ်နေ့ရက် အချိန်နာရီတိုင်း
   အားလုံးယေရှုအတွက် ယေရှုအတွက်၊ ကျွန်ုပ်နေ့ရက် အချိန်နာရီတိုင်းမှာ

ကောင်းသောအရာ ကျွန်ုပ်လက်လုပ်ဆောင်၊ ကျွန်ုပ်ခြေသည် သူ့ထံပြေးသွား
   ကျွန်ုပ်မျက်စိယေရှုကိုသာ၊ ကျွန်ုပ်နှုတ်ခမ်း ချီးမွမ်းခြင်းကိုပြုသည်၊
အားလုံးယေရှုအတွက် ယေရှုအတွက်၊ ကျွန်ုပ်နှုတ်ခမ်း ချီးမွမ်းခြင်းကိုပြုစေ
   အားလုံးယေရှုအတွက် ယေရှုအတွက်၊ ကျွန်ုပ်နှုတ်ခမ်း ချီးမွမ်းခြင်းကိုပြုစေ။

ကျွန်ုပ်မျက်လုံး ကိုယ်တော်ကို ဗဟိုပြု၊ ဘေးနားမှာ အမြင်ရုံးစဉ်တွင်။
      ကျွန်ုပ်ရူပါရုံကိုသေချာစေ၊ သေခံသောယေရှုကိုမျှော်ကြည့်၊
အားလုံးယေရှုအတွက် ယေရှုအတွက်၊ အသေခံသော ယေရှုကိုမျှော်ကြည့်
အားလုံးယေရှုအတွက် ယေရှုအတွက်၊ အသေခံသော ယေရှုကိုမျှော်ကြည့်။
(“အားလုံးယေရှုအတွက်” Mary D. James, ၁၈၁၀-၁၈၈၃ )

ခရစ်တော်သည် သင့်အပြစ်ကြွေးကိုပေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံတော် မူခဲ့သည်။ သူသည် သင့်အပြစ်အားလုံးကိုဆေးကြောရန် အသွေးတော်ကို သွန်းလောင်းခဲ့ပါ သည်။ သင့်အား ထာဝရအသက်ကိုပေးရန် ရှင်ပြန်ထမြောက်တော်မူခဲ့ပါသည်။ သူသည် ယခု အချိန်၌ ကောင်းကင်ဘုံတွင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်နေတော်မူသည်။ သင်သည် အပြစ်ထဲက ရုန်းထွက်ပြီး ခရစ်တော်ကိုယုံကြည်ကိုးစားလာသောအခါ သူသည် သင့်အား ချက်ချင်းကယ်တင်တော်မူလိမ့်မည်။ ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းသို့ ရောက် တော်မူသည်အကြောင်းကို မေးမြန်စုံစမ်းလိုလျှင် အနောက်ဘက် စုံစမ်းရာနေရာသို့ ဒေါက် တာ Cagan ၏နောက်သို့ ကျေးဇူးပြု၍ လိုက်သွားပါ။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ တမန်တော် ၁၄း ၁၉- ၂၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ခရစ်တော်အတွက် အသက်ရှင်ခြင်း"၊ (Thomas O. Chisholm, ၁၈၆၆-၁၉၆၀) ရေးစပ်သည်။


အခှပှေုကမြွး

ဒုက္ခပေါင်းများစွာဖြင့်
နိူင်ငံတော်ထဲသို့ ဝင်စားခြင်းအကျဉ်းချုပ်

ENTERING THE KINGDOM
THROUGH MUCH TRIBULATION

Dr. R. L. Hymers, Jr.

“ထိုမြို့၌ ဧဝံဂေလိတရားကိုဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ် စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ ပြန်ကြ၏။ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံး ကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နိူး ဆော်ချီးပင့်၍၊၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသ ခင်၏နိူင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။” ( (တမန် ၁၄း ၂၁- ၂၂ ) )

( လုကာ ၁၄း ၂၇၊ ၉း ၆၂၊ အာမုတ် ၅း ၁၅၊ ဗျာဒိတ် ၃း ၁၆ )

၁။ ပထမအချက်၊ ပြောင်းလဲခြင်းအခက်အခဲ ။ ကမ္ဘာဦး ၃၂း ၂၄၊ ၂၅၊ ၃၀၊ ၃၁။ တမန် ၉း၅၊ ၆၊ ၁၇ ။

၂။ ဒုတိယအချက်၊ သန့်ရှင်းစင်ကြယ်ခြင်းအခက်အခဲ။ ရောမ ၅း ၃-၅၊ ၁ယော ၂း ၁၇၊ သုတ္တံ ၂၉း ၁၊ ဗျာဒိတ် ၂း ၅ ။