Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လူတစ်ဦးကိုယ်ကျင့်တရားတွင်ရှိသော၏ခွန်အား -

၇၅ နှစ်ပြည့်မွေးနေ့၌ DR. HYMERS ၏ဂုဏ်အင်္ဂါတစ်ခု
THE STRENGTH OF A MAN’S CHARACTER –
A TRIBUTE TO DR. HYMERS ON HIS 75TH BIRTHDAY
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဧပြီလ ( ၁၀ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. C. L. Cagan ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 10, 2016

“သင်သည် အမှုရောက်သောကာလ၌စိတ်ပျက်လျှင် အားနည်း၏။” ( (သုတ္တံ ၂၄း ၁၀ ))


လူတစ်ယောက်ရဲ့တန်ဖိုးကို အဘယ်သို့တ်ိုင်းတာမည်နည်း။ လောကကြီးကတော့ ငွေ ကြေးချမ်းသာကြွယ်ဝမှုဖြင့် ပြစ်တင်ရှုပ်ချလျက်ရှိသည်။ သို့သော် ယေရှုက “စည်းစိမ်ရှိသော် လည်း စည်းစိမ်၌အသက်မတည်” ( လုကာ ၁၂း ၁၀ ) ဟု မိန့်တော်မူသည်။ စစ်မှန်သော တန် ဖိုးသည် ငွေကြေး၊ ရာထူးငှါနန္တရ၊ သို့မဟုတ် ဂုဏ်ထူးရှိန်ဝါ သို့မဟုတ် ပျော်ရွှင်မှု၊ တို့၌ မတည် ပါ။ သို့ဆိုလျှင် အဘယ်အရာပေါ်တွင် တည်သနည်း။ ကျွန်ုပ်တို့အသုံးပြုသော ကျမ်းပိုဒ်က ဤ သို့ဆိုသည်။

“ သင်သည် အမှုရောက်သောကာလ၌စိတ်ပျက်လျှင် အားနည်း၏။”
( (သုတ္တံ ၂၄း ၁၀ )

“အခက်အခဲ” ဟူသောစကားလုံးမှာ “သင့်အား ဆန့်ကျင်သောအရာများရှိနေသည့်အချိန်” ပင်ဖြစ်ပါသည်။ “အားနည်းခြင်း” ဟူသည်မှာ “အရှုံးပေးခြင်း” ဖြစ်သည်။ Matthew Poole အနက်ဖွင့်ကျမ်းက “ဤသည်မှာ သင်တွေ့မြင်ရသောနိမိတ်ဖြစ်သည်။ သို့သော် ခရစ်ယာန် အနည်းငယ်သာ ခွန်အားရကြသည်။အကြောင်းမှာ အခက်အခဲအားဖြင့် အကောင်းဆုံးသိရှိ ထားရသောအရာဖြစ်ပါသည်” ဟုဆိုသည်။ လူတစ်ဦးခံရသောစုံစမ်းခြင်းမှာ အရာအားလုံးက သူ့အား ဆန့်ကျင်သောအခါ သူလုပ်ဆောင်သောအရာပင်ဖြစ်သည်။ ၁၅၉၉ ခုနှစ်ထုတ် Geneva Study Bible က “လူသည် ဒုက္ခထဲသို့မကျသ၍ သူ့ခွန်အားကို စမ်းသပ်လေ့မရှိ” ဟု ဆိုပါသည်။ ( သုတ္တံ ၂၄း၁၀ မှတ်စု )

ထိုအရာမှာ လူသားအတွက် စစ်မှန်သောစမ်းသပ်မှုပင်ဖြစ်ပါသည်။ အရာအားလုံး တောက်ပရှင်းလင်းသောအချိန်မဟုတ်ပါ။ အားလုံးသည် အမှောင်ကျသောအချိန်ဖြစ်သည်။ ထိုစုံစမ်းခြင်းအားဖြင့် ကျွန်ုပ်တို့၏သင်းအုပ်ဆရာ ဒေါက်တာ Hymers သည် ထူးချွန်ထက် မြက်သောခရစ်ယာန်တစ်ယောက်ဖြစ်လာသည်။ သူ့အသက်တာသည် အခက်အခဲများဖြည့် ပြည့်နေသည်။ အားနည်းသည်ဟုခံစားရသော်လည်း သူသည် အရှုံးပေးလေ့မရှိ။ ဒေါက်တာ Bob Jones, Sr. ( ၁၈၈၃- ၁၉၆၈ ) က “သင်၏ကိုယ်ကျင့်သိက္ခာစမ်းသပ်ခြင်းသည် သင့်အား ရပ်တန့်စေရန်ဖြစ်သည်” ဟုဆိုသည်။ အခြားနည်းလမ်းဖြင့် ဆိုကြပါစို့။ “သင်၏ဂုဏ်သက္ခာကို စစ်ဆေးခြင်းသည် သင့်အား ရပ်တန့်စေသောအရာမဟုတ်ပါ။” “သင့်အား ရပ်တန့်စေသောအ ရာမရှိလျှင် ကြီးမားသည့် ဂုဏ်သိက္ခာကို ရရှိထားပါသည်။” ၎င်းမှာ သင့်၏သင်းအုပ်ဆရာတွင် တွေ့ရှိရသောအရာပင်ဖြစ်သည်။

ယနေ့ညတွင် သူ၏အသက် ၇၅ နှစ်ပြည့်ကို ကျင်းပခဲ့ကြသည်။ သူ့အသက်တာအ များစုသည် ခက်ခဲမှုများဖြင့် ပြည့်စုံနေသည်။ အရာအားလုံးက သူ့အား ဆန့်ကျင်တိုက်ခိုက် နေသည်။ လူတို့က သူ့ကို ဆန့်ကျင်နေကြသည်။ သို့သော် သူသည် အမြဲတမ်းရှေ့ဆက်တိုး နေသည်။ ထိုအရာသည် သူ၏တန်ခိုးတော်အားဖြင့်မဟုတ်။ သူ့အသက်တာအတွက် ကျမ်း ပိုဒ်မှာ ဖိလိပ္ပိ ၄း ၁၃ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှု တို့ကို ငါတတ်စွမ်းန်ိူင်၏” ဟူသော ကျမ်းပိုဒ်ပင်ဖြစ်သည်။ ယနေ့ညတွင် ကျွန်ုပ်တို့၏သင်းအုပ် ကို ဂုဏ်ပြုပါ၏။ခရစ်တော်ကို အထူးကျေးဇူးတင်လှပါသည်။

အခက်အခဲများကို သူတွေ့ကြုံရင်ဆိုင်သည့်အချိန်ကာလက ဒေါက်တာ Hymers ၏ အသက်တာအကြောင်းကို ပြောပြလိုပါသည်။ သူ့အသက်တာသည် ခရစ်တော်အားဖြင့် ခွန်အား၊ သည်းခံခြင်း၊ နှင့်အောင်မြင်ခြင်းဖြင့် ပြည့်သော အသက်တာဖြစ်ပါသည်။ ခက်ခဲမှု၏ နက်ရှိုင်းခြင်းက ခွန်အား၏နက်ရှိုင်းမှုကို ပြသသည်။

ကျွန်ုပ်တို့သင်းအုပ်၏အသက်တာသည် ခက်ခဲမှုများဖြင့် ပြည့်နေရင်တောင်၊ သူသည် ခရစ်ယာန်မိသားစုတစ်ခုထဲ၌ ကြီးပြင်းလာခဲ့သည်မဟုတ်။ တကယ်တော့၊ သူသည် ပြိုကွဲ သည့်မိသားစုတစ်ခုထဲကသာ ကြီးပြင်းလာခဲ့သည်။ သူ့အဖေက သူအသက်နှစ်နှစ်အရွယ်တွင် စွန့်ပစ်ထားခဲ့သည်။ သူ့မိခင်ဖြစ်သူ Cecelia သည် သူ့ကို အလွန်ချစ်သည်ဖြစ်၍ အသက် ဆယ့်နှစ်နှစ်အရွယ်အထိ ပြုစုစောင့်ရှောက်ခဲ့သည်။ ထို့နောက် သူသည် ဟိုပြောင်းလိုက် ဒီ ပြောင်းလိုက်နှင့် ဆွေမျိုးများအိမ်တွင် လှည့်ပတ်နေ နေရသည်။ သူသည် အထက်တန်း ကျောင်းမပြီးဆုံးမှီ မတူညီသောကျောင်း ၂၂ ကျောင်းတွင် တက်ရောက်ပညာသင်ခဲ့သည်။ ကျောင်းတွင် သူသည် “ကျောင်းသားသစ်” - အပြင်နေကျောင်းသား အမြဲဖြစ်နေရသည်။ သူ့ အသက်တာတွင် သူသည် ထောက်ပံ့မှု သို့မဟုတ် ချစ်မေတ္တာ သို့မဟုတ် ဂရုစိုက်မှုမခံရဘဲ “အောင်မြင်သည့် မိဘမဲ့” တစ်ယောက်ဖြစ်သည်။

ဘုရားသခင်သည် သူ့အပေါ် အလွန်ပင် ကောင်းမြတ်လွန်းသည်။ သမ္မာကျမ်းစာက “ဘုရားသခင်သည် အားလုံးအတွက် ကောင်းသည်၊ သနားခြင်းကရုဏာတော်သည် လုပ် ဆောင်သမျှအရာပေါ်တည်နေတော်မူသည်” ( ဆာလံ ၁၄၅း ၉ ) ဟု မိန့်တော်မူသည်။ ဘုရား သခင်သည် မပြောင်းလဲခင်ကတည်းကပင် မိမိသားသမီးများကို စောင့်ထိန်းတော်မူသည်။ ဒေါက်တာ Hymers ၏ စကားနှင့် ဒရမ်မာဆရာဖြစ်သူ Ray Phillips က သူသည် လုပ်ဆောင် ခြင်းနှင့်စကားပြောဆိုခြင်းတွင် ဆုကျေးဇူးရှိသူဖြစ်ကြောင်း မှတ်ချက်ပေးထားသည်။ သူသည် ကျွန်ုပ်တို့သင်းအုပ်ဆရာကို စိတ်ဝင်စားမှုရှိပြီး အမှန်တကယ် စောင့်ရှောက်ခဲ့သည်။ မစ္စတာ Phillips သည် သူ့အပေါ် အလွန်ကြင်နာတတ်ပြီး ကောင်းမြတ်သည်။ နောက်ပိုင်းတွင် ဒေါက် တာ Hymers က စင်မြင့်ထက်တက်ခြင်းသည် မာနတက်စရာဖြစ်သည်ကို တွေ့ရှိခဲ့ပြီး ဧဝံဂေ လိတရားဟောကြားသူဖြစ်လာသည်ကို ကျွန်ုပ်အလွန်ပင် ဝမ်းမြောက်ပီတဖြစ်မိပါသည်။

ဒေါက်တာ Hymers သည် အသင်းတော်တစ်ခုတွင် ကြီးပြင်လာခဲ့သည်မဟုတ်။ သူ သည် သာမန်မိသားစုတစ်ခုတွင်သာ ကြီးပြင်းလာသည်။ သူသည် အသင်းတော်တွင်သာကြီး ပြင်းလာခဲ့မည်ဆိုလျှင် သူသည် ကုန်ကျစရိတ်များပြီး အပေါင်းအသင်းလည်းရှိမည်။ ဘွင်း ဘွင်းပျော်ပျော်သမားဖြစ်လာပေမည်။ သို့သော် လှုပ်ရှားမှုနှင့်ငြင်းပယ်မှုဟူသော သူရရှိခံစား ခဲ့ရသမျှသည် အပျော်သို့ပြောင်းလဲသွားခဲ့သည်။ အတွင်းပိုင်းတွင် ပျောင်းလဲသောသူဖြစ်လာ ပါသည်။ သူသည် မိမိကိုယ်ကိုအလေးအနက်ထားကြည့်ရှုထားပြီး ဘုရားသခင်အကြောင်းကို သာစဉ်းစားသည်။ သင်သည် ဒေါက်တာ Hymers ကို ပျော်ပျော်နေတတ်သူအဖြစ် မထင် သည်လည်းဖြစ်နိူင်သည်။ သူသည် တရားဟော အလွန်ကောင်းသောကြောင့် လူများနှင့် မကြာခဏစကားပြောရသည်။ သို့ရာတွင် အတွင်းနှလုံးသားထဲတွင်မှု ခံစားတတ်သောသူ၊ မိမိ အားနည်းချက်ကို အမြဲသတိပြုသောသူဖြစ်သည်။ သူသည် မိမိကိုယ်ကို မကိုးစားဘဲ ဘုရားသ ခင်ကို အမြဲအားကိုးလေ့ရှိပါသည်။

ထိုကဲ့သို့ အလွန်ခက်ခဲသောဘဝအသက်တာထဲတွင် ဘုရားသခင်သည် “ကျေးဇူး တော်ပြတင်းပေါက်” ဟု ကျွန်ုပ်သမုတ်ခဲ့သော ချစ်ခြင်းမေတ္တာကို စေလွတ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သင်းအုပ်ဆရာကြီး၏ အိမ်နီးချင်းနှစ်ဦးမှာ ဒေါက်တာ နှင့် မစ္စ McGowan တို့ဖြစ်ကြ ပါသည်။ သူတို့သည် သူ့အတွက် ကျေးဇူးတော်ပြတင်းပေါက်များဖြစ်ကြပါသည်။ သူတို့သည် သူ့အပေါ်အလွန်ကောင်းမွန်ကြပါသည်။ သူတို့သည် သူ့အား ညစာ အခါခါ ကျွေးကြပါသည်။ သူတို့၏အသင်းတော်ကိုလည်း ခေါ်သွားကြသည်။ ထိုအသင်းတော်တွင် သူသည် နှစ်ခြင်းတစ် ယောက်ဖြစ်လာခဲ့သည်။ သူသည် အလွန်အထီးကျန်သော လူငယ်လေးတစ်ဦးဖြစ်စဉ် ဘုရား သခင်သည် ကျွန်ုပ်တို့၏သင်းအုပ်ဆရာအပေါ် အလွန်ပင် ကောင်းမြတ်တော်မူခဲ့သည်။

ဒေါက်တာ Hymers သည် ဆယ်ကျော်သက်တစ်ယောက်အနေဖြင့် သူ့ဆွေမျိုးများ နှင့်မတူဘဲ နေထိုင်ရာ ဆုံးဖြတ်ထားသည်။ သူတို့က အရက်သေစာသောက်ကြသည်။ သူတ ပါးကို ကျိန်ဆဲကြသည်။ သူသည် အသင်းတော်ကိုသွားပြီး ခရစ်ယာန်တစ်ယောက်ကဲ့သို့ အ သက်ရှင်ရန် ဆုံးဖြတ်ထားသည်။ သူသည် ထိုစဉ်က မပြောင်းလဲသေးပါ။ ဘုရားသခင်က အာဗြဟံအား “သင်နှင့်သင့်အမျိုးအနွယ်ထဲကထွက်၍ ငါပြသောပြည်သွားသို့သွားလော့” (ကမ္ဘာဦး ၁၂း ၁ )ဟု မိန့်တော်မူစဉ်က အာဗြဟံ၏ အဖြစ်မျိုးနှင့်တူပါသည်။ ထို့နောက်တွင်

“အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အ ကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အ ရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအား ဖြင့် နားထောင်၍ထွက်သွားလေ၏။” ( ဟေဗြဲ ၁၁း ၈ ) )

အာဗြဟံသည် ဘုရားသခင်၏စိတ်နှလုံးထဲတွင်ရှိသောအရာကို ပြည့်ပြည့်၀ဝနားမလည်ပါ။ သူ သည် မပြောင်းလဲသေးသောကြောင့်ဖြစ်သည်။ သို့ရာတွင် “နာခံလျက် ထွက်လာခဲ့သည်။” ထို အချက်မှာ ဒေါက်တာ Hymers နှင့် ထပ်တူပင်ဖြစ်သည်။ သူသည် မပြောင်းလဲသေးသော် လည်း မိမိအသက်တာကို ပြောင်းလဲစေခဲ့သည်။ ဓမ္မပညာရှင်များက ဤအရာကို “ယုံကြည် ခြင်းမတိုင်မှီဖြစ်သောယုံကြည်ခြင်း” ဟု ဆိုကြသည်။ မပြောင်းလဲမှီကတည်းက ဘုရားသခင် ကို တုန့်ပြန်ခြင်းဖြစ်သည်။

ဘုရားကျောင်းသို့သွားခဲ့ရသောကြောင့် ထောက်ခံမှု သို့မဟုတ် ချီးကျူးဂုဏ်ပြုမှုတို့ကို ကျွန်ုပ်တို့သင်းအုပ်က မရရှိခဲ့ပါ။ ဆွေမျိုးများကလည်း သူ့ကို ဟားတိုက်လုပ်ကြသည်။ “ရော ဘတ်၏ဘာသာတရား” ဟုပင် နောက်ပြောင်ကျီစယ်ကြသည်။ သို့သော် ထိုသို့သော ကျီးစယ် နောက်ပြောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏သင်းအုပ်သည် ဘုရားသခင်၏ခေါ်ခြင်းနောက်သို့ လိုက်ခဲ့သည်။ ကျွန်ုပ်တို့အသုံးပြုသော ကျမ်းပိုဒ်က “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” ဟု ဆိုသည်။ သူသည် အားနည်းခြင်းမရှိသောကြောင့် ဘုရားသ ခင်ကို ချီးမွမ်းပါ၏။ သူသည် အားနည်းခြင်းအလျဉ်းမရှိပါ။ အကြောင်းမှာ ဘုရားသခင်သည် သူ့အား ခွန်အားကိုပေးတော်မူသည်။

ယေရှုက “ငါ့ကို အမှီမပြုလျှင် စေလွှတ်တော်မူသော ဘုရားသခင်ထံသို့ အဘယ်သူ မျှ မရောက်နိူင်” ( ယောဟန် ၆း ၄၄ ) ဟု မိန့်တော်မူခဲ့သည်။ ထိုခေါ်တော်မူခြင်းဟူသည်ကား အဘယ်နည်း။ ခရစ်တော်ကိုယုံကြည်ကိုးစားသည်အချိန် သို့မဟုတ် မပြောင်းလဲခင်လေး အချိန်တွင် ဘုရားသခင်သည် ပျောက်ဆုံး သောဝိညာဉ်အပေါ် လှုပ်ရှားခြင်း အဖြစ် ထင်မြင် ယူဆလေ့ရှိကြသည်။ သို့သော် ဘုရားသခင်၏ခေါ်ခြင်းသည် ထိုမတိုင်ခင်အချိန်လည်းဖြစ်နိူင် ပါသည်။ ဘုရားသခင်သည် ဒေါက်တာ Hymers အား နှစ်ခြင်းအသင်းတော်သို့ရောက်လာစေ ရန် McGowans ကို အသုံးပြုသောအခါ ထိုအရာသည် ဘုရားခေါ်ခြင်း၏အစိတ်အပိုင်းပင်ဖြစ် ပါသည်။

အသက် ဆယ့်ခုနှစ်နှစ်အရွယ်တွင် ဒေါက်တာ Hymers သည် ဒေါက်တာ Maples က “အမှုတော်အတွက် ဆက်ကပ်လိုသောလူငယ်တစ်ယောက် ဤနေရာတွင်ရှိသည်” ဟု ပြောလိုက်သည်ကို ကြားခဲ့ရသည်။ ဒေါက်တာ Hymers သည် ၎င်း၏သင်းအုပ်ဆရာထံသို့ သွား၍ သူကဲ့သို့ဖြစ်လိုကြောင်း ဝန်ခံခဲ့သည်။ ထိုအတွေးမျိုးကို သူ့အထဲ၌ အဘယ်သူ ထည့် ပေးထားပါသနည်း။ ဘုရားသခင်သာလျှင် ဖြစ်ပါသည်။ ဒေါက်တာ Hymers သည် မိမိအသက်တာကို အမှုတော်အတွက် ဆက်ကပ်ထားလိုက်သည်။ ထိုသို့လုပ်ဆောင်ရန် အ ဘယ်သူ လှုပ်ဆော်ထားပါသနည်း။ ဘုရားသခင်၏လုပ်ဆောင်မှုသာဖြစ်သည်။ သူသည် ပထ မအကြိမ်တရားဟောချက်များတွင် ကျဆုံးသွားသော်လည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် တရုတ်နိူင်ငံသို့ သာသနာလုပ်ဆောင်ရန် စိတ်ပြင်းပြလာခဲ့သည်။ ထို့ ကြောင့် သူသည် ပထမတရုတ်နှစ်ခြင်းအသင်းတော်သို့ သွားခဲ့သည်။ ထိုအရာသည် ဘုရား ခေါ်ခြင်း၏ တစိတ်တဒေသပင်ဖြစ်ပါသည်။

၁၉၆၁ ခုနှစ် မိုးရာသီတွင် ကျွန်ုပ်တို့၏ သင်းအုပ်ဆရာသည် ကျမ်းစာကျောင်းသို့ တက်ရောက်ခဲ့သည်။ ဒေါက်တာ Charles J. Woodbridge က ဝတ်ပြုကိုးကွယ်ရာတွင် တစ် ပတ်တိတိတရားဟောခဲ့သည်။ ဒေါက်တာ Woodbridge သည် တရုတ်နိူင်ငံတွင် မွေးဖွါးသူ တစ်ယောက်ဖြစ်ပါသည်။ သူသည် လီဗရယ်ဝါဒများဝင်လာသောကြောင့် Fuller Seminary ကို ထားခဲ့သူဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်းတရားနှစ်ခုကြောင့် ဒေါက်တာ Hymers သည် ဤတရားဟောဆရာ၏တွန်းအားပေးမှုကိုခံရပြီး သူ့ကို အာရုံစိုက် နားထောင်ခဲ့ပါသည်။ ထိုအစီအစဉ်ကို အဘယ်သူ စီစဉ်ခဲ့ပါသနည်း။ ဘုရားသခင်သာလျှင်ဖြစ်သည်။ ထိုဘုရား ကျောင်းအစီအစဉ်တွင် ဒေါက်တာ Hymers သည် Charles Wesley ၏ “ကျွန်ုပ်သခင်သည် ကျွန်ုပ်အတွက် အသေခံသည်မှာ အဘယ်သို့ဖြစ်နိူင်သနည်း၊ အံ့ဘွယ်မေတ္တာပေတည်း” ဟူသော ဓမ္မသီချင်းကို သီဆို ကျူးဧခဲ့သည်။ ယေရှုသည် သူ့ကိုချစ်၍ သူ့အတွက် အသေခံ တော်မူကြောင်းကို သိမြင်လာခဲ့သည်။ ဒေါက်တာ Woodbridge သည် တရားဒေသနာကို ဟောကြားနေသဖြင့် ၁၉၆၁ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀း ၃၀ တွင် ဒေါက်တာ Hymers သည် ခရစ်တော်ကိုယုံကြည်ကိုးစားသဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်လေ သည်။

ထို့ကြောင့် သူသည် သူ၏ခရစ်ယာန်အသက်တာကို စတင်ရလေတော့သည်။ ထိုအ ရာမှာ လွယ်ကူသောအရာတော့မဟုတ်ပါ။ သူသည် ကျမ်းစာကျောင်းတက်သည်။ သူ့အ တွက် လွန်စွာမှ ခက်ခဲသောအရာဖြစ်သည်။ သူ့ဆွေမျိုးများသည် ကျမ်းစာကျောင်းသို့ လုံး၀ မလာကြပါ။ သူသည် ခွန်အားပေးမည့်သူလည်းမရှိ ငွေလည်းမရှိဖြစ်သည်။ သူဆက်၍ ကျောင်းမတက်နိူင်ဟု ခံစားမိခဲ့သည်။ သို့သော် သူသည် သာသနာပြုတစ်ယောက်ဖြစ်ဖို့ ကျမ်း စာကျောင်းသို့သွားခဲ့ရသည်။ ထို့ကြောင့် ကျမ်းစာကျောင်းတက်ခဲ့သည်။ ဘုရားသခင်က သူ့ အား အသက်တာအတွက် ကျမ်းပိုဒ်ကိုပေးထားသည်။ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ သော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိူင်၏။” (ဖိလိပ္ပိ ၄း ၁၃ ) သူ သည် ခရစ်တော်ပေးတော်မူသောခွန်အားဖြင့် မလုပ်ဆောင်နိူင်ဟု ထင်ထားသောအရာများကို လုပ်ဆောင်နိူင်ခဲ့သည်။ သူသည် နေ့တွင် အချိန်ပြည့်အလုပ်လုပ်ပြီး ညပိုင်းတွင် ကျမ်းစာ ကျောင်းတတ်ခဲ့သည်။ တစ်နှစ်ပြီးတစ်နှစ် အသင်းတော်တွင် နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ သည်။ သူသည် သွားရမည့်လမ်းကြမ်းတမ်းခဲ့ထန် ရှည်လျားသော်လည်း အားနည်းခြင်းမရှိ။ အခြေခံဘွဲ့နှင့်ဘွဲလွန်ကို ရရှိထားသည်သာမက ဒေါက်တာဘွဲ့ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ သူသည် ခရစ်တော်၌ ခွန်အားအပြည့်ရှိသည်။ “သင်သည် အမှုရောက်သောကာလ၌ စိတ် ပျက်လျှင် အားနည်း၏။” (သုတ္တံ ၂၄း ၁၀ ) သို့သော် ခရစ်တော်အားဖြင့်ရရှိသောခွန်အားသည် အလွန်ပင် ကြီးမြတ်လွန်းလှသည်။

ဒေါက်တာ Hymers က အခြားသူတစ်ယောက်အကြောင်းကိုလည်း ထည့်သွင်းပြော ကြားရန် တောင်းဆိုထားသည်။ ထိုသူသည် လူလတ်ပိုင်းအမျိုးသမီးဖြစ်ပြီး ဒေါက်တာ Hymers အလုပ်လုပ်သည့်နေရာတွင် စာစီစာရိုက်လုပ်သူတစ်ယောက်ဖြစ်သည်။ သူသည် နှစ် ရှည်လများတက်ရသော ညကျောင်းတွင် စိတ်ပျက်လာခဲ့သည်။ ထိုအမျိုးသမီး၏နာမည်မှာ Gwen Devlin ဖြစ်ပြီး ညပိုင်းအလုပ်လုပ်ပြီးနောက်တွင် သူနှင့်အမြဲစကားပြောလေ့ရှိပြီး သူ့ကို ခွန်အားပေးတတ်သည်။ သူက အမြဲပြောတတ်သည်မှာ သူမမရှိလျှင် သူသည် လုံးဝလုပ် ဆောင်နိူင်မည်မဟုတ်။

ဤတရားဒေသနာကို ဟောပြီးနောက် ဒေါက်တာ Hymers က သူ့အားကူညီသော အခြားလူလေးဦးအကြောင်းကို သင့်အား ပြောပြရန် တောင်းဆိုခဲ့သည်။ Murphy နှင့် Lorna Lum တို့မှာ တရုတ်အသင်းတော်တွင် လူငယ်စုံတွဲများဖြစ်ကြသည်။ ဒေါက်တာ Hymers သည် ထိုနေရာသို့ ပထမဆုံးအခေါက်ရောက်သောအခါ သူတို့သည် သူ့အား ကောင်းစွာပြုစု စောင့်ရှောက်ကြပြီး လူလေးတစ်ယောက်ကို ဆက်ဆံကြသည်။ သူတို့အိမ်သို့လည်း ခေါ်သွား ခဲ့ကြသည်။ သူတို့က တနင်္ဂနွေညနေ့ဝတ်ပြုအစီအစဉ်အပြီး တနင်္ဂနွေညတိုင်းလိုလိုပင် အတူ တကွညစာသုံးဆောင်ရန် ခေါ်ကြသည်။ သူ့အတွက် သူငယ်ချင်းကောင်းများပင်ဖြစ်ကြသည်။ ဒေါက်တာ Hymers က နောက်ထပ်အမည်ဖော်ပြစေလိုသည့် ပုဂ္ဂိုလ်တစ်ဦးမှာ မစ္စ Eugene Wilkerson ပင်ဖြစ်သည်။ သူသည် တရုတ်အသင်းတော်တွင် အသားဖြူဖြူ အသက်ကြီးသူ တစ်ဦးဖြစ်သည်။ သူသည် တရုတ်အသင်းတော်တွင် အတွင်းရေးမှူးတစ်ဦးပင်ဖြစ်သည်။ သူ သည် အခြားလုပ်ဆောင်စရာများစွာကိုလည်း လုပ်ဆောင်ပါသည်။ သူသည် ဒေါက်တာ Hymers ၏ ဘဝတစ်သက်စာ မိတ်ဆွေကောင်းတစ်ယောက်လည်းဖြစ်လာပါသည်။ ကျွန်ုပ်တို့ ၏ သင်းအုပ်သည် သူနှင့်အတူ အချိန်ပေါင်းများစွာ အသုံးပြုလျက်ရှိပြီး သူသည် အသင်းတော် သတင်းတိုများကို စာစီစာရိုက်ပြုလုပ်ပြီးနောက် စနေနေ့တိုင်းတွင် ဒေါက်တာ Hymers အား ကားမောင်းပြီး အိမ်ပြန်ပို့ပေးလေ့ရှိသည်။ သူသည် အိမ်တော်သို့ပြန်သောအခါ မိသားစုများက တရုတ်နှစ်ခြင်းအသင်းတော်တွင် အသုဘအစီအစဉ်ကို လုပ်ဆောင်ပေးရန် ဒေါက်တာ Hymers အား တောင်းဆိုခဲ့ကြသည်။ ဒေါက်တာ Hymers ကို ကူညီမစသည့် နောက်ထပ် သူ ငယ်ချင်းမိတ်ဆွေတစ်ဦးမှာ သူ၏အချစ်ဆုံးမိတ်ဆွေတစ်ဦးအဖြစ်သို့ရောက်ရှိလာသည့် တ ရုတ်လူငယ်လေးတစ်ဦးဖြစ်သူ Jackson Lau ပင်ဖြစ်ပါသည်။

တရုတ်အသင်းတော်တွင် ဒေါက်တာ Hymers သည် ၎င်း၏သင်းအုပ်ဆရာ ဒေါက်တာ Timothy Lin ( ၁၉၁၁- ၂၀၀၉ ) လက်အောက်တွင်အလုပ်လုပ်ခဲ့သည်။ ဒေါက် တာ Lin သည် သမ္မာကျမ်းစာကို ထူးထူးချွန်ချွန်နားလည်သည့် ကျမ်းစာပညာရှင်ဖြစ်သည်။ သူက ခရစ်ယာန်ဘာသာသည် အပြင်ပန်းပုံစံကောင်းသက်သက်မဟုတ်အတွင်းပိုင်း စစ်မှန် သောအသက်ရှင်မှုသာဖြစ်သည်ဟု အပြည့်အဝယုံကြည်သော သန့်ရှင်းသူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကိုချစ်သော တန်ခိုးနှင့်ပြည့်စုံသည့် လူတစ်ဦးဖြစ်လာစေရန် သွန်သင်ဖို့ ဘုရား သည် ဒေါက်တာ Hymers အား ဒေါက်တာ Lin ၏ လက်အောက်တွင် အလုပ်လုပ်စေခဲ့သည်။

ထိုနှစ်ကာလများသည် လွန်ကူသော နှစ်ကာလများမဟုတ်ပါ။ ဒေါက်တာ Hymers သည် အသင်းတော်တွင် တစ်ဦးတည်းသော လူဖြူသာဖြစ်သည်။ အလုပ်ကလည်း ပြင်းသည်။ သောကြာည၊ စနေည၊ တနင်္ဂနွေတနေကုန် တွင် တရားဟောရသည်။ သင်ကြားပေးရသည်။ စည်းကမ်းလည်းကြီးသည်။ သို့သော် ၎င်းသည် ကောင်းသောအမှုအရာအတွက်ဖြစ်သည်။ သမ္မာကျမ်းစာက “လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်းကောင်း၏” (ယေရမိမြည် တမ်း ၃း ၂၇ ) ဘုရားသခင်သည် သူ့အား ဘုရားသခင်၏ခွန်အားကြီးသောသူဖြစ်စေရန် ထို အရာများကို အသုံးပြုသည်။ ယင်းမှာ သူ၏စစ်မှန်သော သင်တန်းကျောင်းပင်ဖြစ်ပါသည်။ ဘုရားသခင် ခရစ်ယာန်သာသနာလုပ်ငန်းသည် အဘယ်အရာဖြစ်သည်ကိုပြသရန်အတွက် ဤအချိန်ကာလကို အသုံးပြုခဲ့သည်။ ထိုနေ့ရက်ကာလများသည် ကြမ်းတမ်းခက်ထန်သည်။ လမ်းခရီး၏အခက်ခဲဆုံးသည် ကျွန်ုပ်တို့သင်းအုပ်၏ ကိုယ်ကျင့်တရား၏ခွန်အားကို ပြသသည်။ ဒေါက်တာ Hymers သည် အားနည်းခြင်းမရှိ။ လမ်းခရီးသည် ကြမ်းတမ်း၏။ သို့သော် ခွန် အားသည် သာ၍ ကြီးမြတ်၏။

တရုတ်အသင်းတော်သည် တောင်ပိုင်းနှစ်ခြင်းအသင်းတော်ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာ Hymers သည် တောင်းပိုင်းနှစ်ခြင်းကျောင်းသို့ သွားခဲ့သည်။ ထိုနေရာမှာ နည်းပြ များက သမ္မာကျမ်းစာကို တိုက်ခိုက်ကြသည့် လီဗရယ်သင်တန်းကျောင်းဖြစ်သည်။ ဘုရားသ ခင်က ကျွန်ုပ်တို့၏သင်းအုပ်အား သမ္မာတရားအတွက် ရပ်တည်ရန် သွန်သင်ထားသည်။ သူ တစ်ဦးတည်းဖြစ်နေလျှင်ပင် ထိုသို့ရပ်တည်ရန် သွန်သင်ထားသည်။ သူတစ်အထီးကျန်ပြီး ဝမ်းနည်းလာသောအခါ ဘုရားသခင်က သူ့အား ခွန်အားကိုပေးပြီး နှိမ့်သိမ့်ခြင်းကို ပေးသည်။ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ် စွမ်းနိူင်၏။” ( ဖိလိပ္ပိ ၄း ၁၃ )

ဒေါက်တာ Hymers သည် အမှုတော်ဆောင်တစ်ဦးဖြစ်သည်အတိုင်း သတ္တိရှိသည်၊ သစ္စာလည်းရှိသည်။ ယနေ့ခေတ်တွင် အမှုတော်ဆောင်များစွာတို့သည် လွယ်ကူသောလမ်းကို လိုက်ကြသည်။ သူတို့ပြောသည့်အရာမရှိသလို လုပ်ဆောင်သောအရာလည်း မရှိပါ။ သူတို့ သည် ယေရမိခေတ်က ဂျူးတိုင်းပြည်တွင်ရှိကြသော တရားဟောဆရာများနှင့်တူကြသည်။

“အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီပွါးကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိ သမျှတို့သည် မုသာကိုသုံးကြ၏။ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့ စွာကုကြ၏။” ( ယေရမိ ၆း ၁၃၊ ၁၄ ) )

သို့သော် ဒေါက်တာ Hymers သည် ခက်ခဲကြမ်းတမ်းသည့်အချိန်ကာလတွင်လည်း သမ္မာတ ရားကိုသာပြောသည်။ တောင်ပိုင်းနှစ်ခြင်းကျမ်းစာကျောင်းတွင် လီဗရယ်ဝါဒကို ဆန်ကန်ခဲ့ သည်။ ထိုဝါဒကို ထင်သာမြင်သာရှိအောင် စာအုပ်တစ်အုပ်ကိုရေးသားခဲ့သည်။ ထို့နောက် အသင်းတော်များဆီသို့ ထိုစာကို ပို့လိုက်သည်။ ယနေ့တွင် ထိုကျောင်းများသည် ကွန်ဆာဗေ့ တစ်များဖြစ်ကြသည်။

သူသည် အန်တီနိူမီဝါဒကို ဆန့်ကျင်သည်။ သင်သည် ခရစ်ယာန်ဖြစ်ပြီး အပြစ်ရှိနေ သည့်အသက်တာတွင် အသက်ရှင်နိူင်သည်ဟူသော အယူအဆဖြစ်သည်။နယူအေဝင်ဂျယ်လီ ကယ်တို့သည် တနင်္ဂနွေနေ့တွင် ဘုရားမရှိခိုးကြပေ။ သူတို့က ကခုန်လျက်၊ ဆေးလိပ်သောက် လျက်၊ လက်မထပ်ဘဲ လိင်ဆက်ဆံလိုက် ဖြစ်နေကြသည်။ ဒေါက်တာ Hymers က ထိုသို့အ သက်ရှင်သောသူတို့သည် ခရစ်ယာန်များမဟုတ်ပေဟု ပြောခဲ့သည်။ ယခုလည်း ပြောနေ သည်။

ကျွန်ုပ်တို့သင်းအုပ်သည် သားဖျက်ခြင်းကို ဆန့်ကျင်ထားသူဖြစ်သည်။ ထိုအရာမှာ လွယ်ကူသောအရာတော့မဟုတ်ပါ။ ဒေါက်တာ Hymers သည် ရဲများနှင့်အတူ သားဖျက်ချ သည် ဆေးခန်းရှေ့တွင် ကန့်လန့်ဖြတ်ရပ်နေခဲ့သည်။ သို့သော် ကျွန်ုပ်တို့အသင်းတော်သည် သားဖျက်ချသည့်ဆေးခန်းနှစ်ခုကို ပိတ်ခဲ့သည်။ ခက်ခဲမှုက ကြီးမားသည်။ သို့သော် ဒေါက် တာ Hymers သည် အားနည်းခြင်းမရှိ။ ဘုရားသခင်ကိုချစ်သောသူပါတကား။

ဟောလီဝုဒ်က “ခရစ်တော်၏နောက်ဆုံးသွေးဆောင်ခြင်း” အမည်ရှိ ဘုရားသခင်ကို ပြစ်မှားသောဇာတ်ကားကို ထုတ်ဝေခဲ့သည်။ ထိုရုပ်ရှင်ဇာတ်ကားကို လုံး၀သဘောမတူသည့် အခြားသူများလည်းရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဒေါက်တာ Hymers ကသာလျှင် ပြင်းပြင်းထန်ထန်ဆန့်ကျင္ခဲ့သည်။ သူ့ကို စစ်သားများက ရန်မီးကိုငြိမ်းသတ်ရန် အခြားသူ များ၏ရှေ့တွင် မားမားမတ်မတ်ရပ်တည်သော “ညွှန်ပြသူ” ဟု ခေါ်ကြသည်။ ခက်ခဲမှုသည် အလွန်ပင်ကြီးသည်။ သို့သော် ဒေါက်တာ Hymers သည် အားနည်းသည်မရှိ။ ၁၉၈၈ ခုနှစ် ဩဂုတ်လတွင် ယနေ့ခရစ်ယာန်ဘာသာဟူသော မဂ္ဂဇင်းတွင် ဒေါက်တာ Bob Jones University ၏ တရားသူကြီးဖြစ်သူ ဒေါက်တာ Bob Jones, Jr., က “Hymers ၏ဖော်ပြချက် များသာလျှင် ထိရောက်သည်ဟု ကျွန်ုပ်ထင်မိသည်” ဟု ပြောခဲ့သည်။ ဟောလီဝုတ်က ထိုသို့ သော ရုပ်ရှင်ဇာတ်ကားမျိုးကို နောက်ထပ်လုံး၀ မထုတ်လုပ်တော့ပါ။ သူ့သွားရာလမ်းတွင်ရှိ သော ခက်ခဲမှုနှင့်နာကျင်မှုတို့က ဒေါက်တာ Hymers သည် အဘယ်သို့သောသူဖြစ်သည်ကို လုံး၀ပြသသည်။ သမ္မတ Theodore Roosevelt က ဤသို့ဆိုသည်။

ဤသည်မှာ ရေတွက်သူ၏ချွတ်ယွတ်ချက်မဟုတ်။ သန်မာသော လူသည် ခလုတ်မည်သို့တိုက်သည်ကို ညွှန်ပြသောလူလူ၏ ချွတ် ယွင်းချက်မဟုတ်၊ သို့မဟုတ် ကောင်းမှုကိုပြုသောသူတို့သည် ထို အရာတို့ကို ပိုကောင်းအောင်လုပ်ဆောင်နိူင်ရန် နေရာလည်းမ ဟုတ်ပါ။ ခရစ်တစ်မှာ အေရင်နာတွင် နေထိုင်သောသူ၊ မျက်နှာမှာ ဖုံ၊ ချွေး၊ နှင့်အသွေးဖြင့် ဖုံးလွှမ်းခံရသူ၊ ရုန်းကန်နေခဲ့ရသောသူ၊ ထိုကိစ္စများတွင် မိမိကိုယ်ကို ကုန်ဆုံးစေသောသူ၊ အမြင့်မားဆုံး သောအောင်မြင်မှု၏အဆုံးကို အကောင်းဆုံးသိမြင်သောသူ၊ သူ သည် ဆုံးရှုံးသော်လည်း မပျက်စီးသောသူ၊ သို့ဖြစ်သောကြောင့် သူ၏နေရာသည် အောင်မြင်မှုကိုလည်းကောင်း၊ ဆုံးရှုံးမှုကိုလည်း ကောင်းမသိသော အေးတိအေးစက်နှင့် မှေးမှိန်သောဝိညာဉ်များ နှင့် ဘယ်တော့မှ အတူရှိနေမည်မဟုတ်ပါ။

ဒေါက်တာ Hymers သည် မိမိကယ်တင်ရှင်အတွက် ချွေးနှင့်သွေးများကို ရင်းနှီးကြိုးစားလုပ် ဆောင်သောအေရင်နာရှိ လူတစ်ဦးပင်ဖြစ်သည်။

ဒေါက်တာ Hymers သည် သင်းအုပ်ဆရာအဖြစ် သစ္စာရှိရှိအလုပ်လုပ်ခဲ့သည်။ သူ သည် အသင်းတော်နှစ်ခုကို တည်ထောင်ခဲ့သည်။ တစ်ခုမှာ ကျွန်ုပ်တို့၏အသင်းတော်ဖြစ် သည်။ သို့သော် နှစ်ပေါင်းလေးဆယ်နီးပါး စစ်ပွဲ၊ ခက်ခဲမှုများကိုကျော်ဖြတ်ပြီး ကြမ်းတမ်းသော နေရာပင်ဖြစ်သည်။ တမန်တော်ကြီးရှင်ပေါလုက “အလွန်ကြီးစွာသောတံခါးသည် အဆင်သင့် ၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသောသူအများလည်း ရှိကြ၏” ဟု ဆိုသကဲ့သို့ဖြစ်သည်။ ( ၁ ကော ၁၆း ၉ ) အလွန်ကြမ်းတမ်းသည့် နှစ်ပေါင်းလေးဆယ်ပါတကား။ ဆန့်ကျင်သောသူအ များပါတကား။ တမန်တော်ရှင်ပေါလုက “အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီ။ မြစ်ကိုကူး သောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်းပြုသောဘေး၊ တပါးအမျိုးသားပြုသော ဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ် ယောင်ဆောင်သောသူတို့ပြုသောဘေး၊ ဤဘေးများကိုငါတွေ့ခဲ့ပြီ” ဟု ဆိုသကဲ့သို့ဖြစ်ပါ သည်။ ( ၂ကော ၁၁း ၂၆ ) ဒေါက်တာ Hymers ရှင်ပေါလု သယ်ဆောင်သည့် “အသင်းတော် များအားလုံးကိုစောင့်ရှောက်မှု” ( ၂ကော ၁၁း ၂၈ ) ဝန်ကို သယ်ပိုးနေရသည်။ သို့သော် ဒေါက်တာ Hymers သည် ရှောင်ဖယ်ရှောင်ဖယ်မလုပ်ပေ။ သူသည် မလုံလောက်သောမှု၊ ဖိ အားများကို ခံစားနေရသည်။ သို့သော် အရှုံးမပေးပါ။ သူ၏ဂုဏ်အင်္ဂါနှင့်ဆိုင်သောခွန်အား သည် အလွန်ပင်ကြီးမားလှသည်။

ဟုတ်ကဲ့၊ ကျေးဇူးတော်ပြတင်းပေါက်များ ဖွင့်လျက်ရှိသည်။ ဘုရားသခင်သည် ဒေါက် တာ Hymers အား အံ့ဩစရာကောင်းသည့် အမျိုးသမီးနှင့် သားနှစ်ယောက် မြေးမလေးတစ် ယောက်ကိုပေးထားသည်။ သူတို့အားလုံး ပြောင်းလဲကြသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် သင်းအုပ်အနည်းစုကသာလျှင် ကမ္ဘာလောကကြီးထဲက လူများကို ပြောင်းလဲ အောင်တရားဟောနိူင်ကြသည်။ ထိုသို့လုပ်ဆောင်မည့်အစား အခြားအသင်းတော်ထဲကလေ့ အပြောင်းအရွှေ့ကိုသာလုပ်နိူင်ကြသည်။ ခရစ်ယာန်နောက်ခံမဟုတ်သောသူများကို ခရစ် တော်ထံသို့ပို့ဆောင်ပေးသည်မှာ ဒေါက်တာ Hymers ၏ ဂုဏ်အင်္ဂါများပင်ဖြစ်သည်။

စစ်ပွဲများတိုက်ခိုက်ရသည့်အချိန်နှင့် သစ္စာဖောက်များနှင့်ရင်ဆိုင်ရသောအချိန်လည်း ရှိပါသည်။ နောက်ကို တစ်လှမ်းဆုတ်လျှင် ရှေ့နှစ်လှမ်းတိုးသည်။ ရှေ့နှစ်လှမ်းတိုးလျှင် နောက်သုံးလှမ်းဆုတ်ရသည့်အချိန်လည်း အဖန်ဖန်အခါခါ ရှိသည်။ ဒေါက်တာ Hymers သည် အဝတ်စုတ်ကဲ့သို့ ဆက်ဆံခြင်းခံရသည်။ တစ်ခါတစ်ရံ ထိုသို့ခံစားခဲ့ရသည်။ သို့သော် သူသည် သစ္စာရှိသည်။ အားနည်းခြင်းလုံးဝမရှိပါ။

ခက်ခဲမှုကြီးတစ်ခုရောက်လာသည်။ ကျွန်ုပ်တို့အသင်းတော်၏ “ရှေးကခေါင်းဆောင်” တစ်ယောက်သည် ထွက်သွားပြီး အသင်းတော်ရှိ လူငယ် ၄၀၀ ကျော်ကို ခေါ်ထုတ်သွားသည်။ ကျွန်ုပ်တို့အသင်းတော်အဆောက်အဦးသည်လည်း ဆုံးရှုံးခါနီးဖြစ်သည်။ ဒေဝါလီခံရခါနီးဖြစ် သည်။ နာမည်ကျော်ကြားလှသော တရားဟောဆရာတစ်ပါးက ဆန်ဂျို့အနားရှိအသင်းတော် တစ်ခုတွင် ဒေါက်တာ Hymers ကို နေရာချထားရန် ကမ်းလှမ်းခဲ့သည်။ သူက “နင်ထွက် သွားဖို့ နောက်ဆုံးအခွင့်အရေးပဲ” ဟု ဆိုလိုက်သည်။ သင်းအုပ်များစွာ ထွက်သွားပေလိမ့် မည်။ သို့သော် ဒေါက်တာ Hymers သည် အသင်းသူအသင်းသားများနှင့် ငွေကြေးဘေးတွေ့ နေသော အသင်းတော်ကိုချန်ရစ်ပြီး မသွားပါ။ နေနေခဲ့သည်။ သူနှင့် မိမိတို့အချိန်နှင့်ငွေကြေး ကိုပေးလှူကြသည့် သစ္စာရှိသောသူ “ သုံးဆယ့်ကိုး” ဦးကြောင့် ယနေ့တွင် သင်တို့အတွက် အသင်းတော်တစ်ခုကို ကျွန်ုပ်တို့ပိုင်ဆိုင်ထားကြသည်။

လူကိုစစ်ဆေးသောအရာမှာ ခက်ခဲသောအချိန်ကာလ၌ သူလုပ်ဆောင်သောအရာ ဖြစ်သည်ကို ငါသိသည်။ ခပ်သိမ်းသောအရာသည် ဆိုးသည်ဟု ထင်ရသည့် အချိန်ကာလ နှစ် နှစ်ဆယ္ရှိသည်။ ကျွန်ုပ်တို့သင်းအုပ်ကြုံတွေ့ရသောဒုက္ခက သူ့ကိုယ်ကျင့်တရား၏ခွန်အား ကို ပြလျက်ရှိသည်။ ခက်ခဲမှုသည် ပြင်းထန်လွန်းလှသည်။ ခွန်အားသည် အလွန်ပင်ကြီးပါတ ကား။

ယခု ဤနေရာတွင် ပြိုကွဲမှုများမရှိပါ။ သို့သော် မတူညီသော ခက်ခဲမှုများတော့ရှိပါ သည်။ လွန်ခဲ့သောနှစ်နှစ်က ဒေါက်တာ Hymers က သူ့အတွက် စုံစမ်းစစ်ဆေးမှုများစွာရှိ သေးကြောင်း ပြောပြသည်။ သူသည် အသက် ၇၀ ရှိနေပြီ။ ကျွန်ုပ်သည် ခြောက်ဆယ်ကို ကျော်လွန်လာခဲ့ပြီ။ သို့သော် ကျွန်ုပ်နားမလည်ပါ။ ကျွန်ုပ်က “ဘာတွေလဲ၊ သင်သည် သင်၏ သေတွင်း၌ ခရစဝ်တော်ကို ငြင်းပယ်မှာမဟုတ်ဘူး” ဟုပြောလိုက်သည်။ သို့သော် စုံစမ်းစစ် ဆေးမှုများရှိလျက်နေေသးသည်။ ကျွန်ုပ်တို့၏သင်းအုပ်သည် စုံစမ်းစစ်ဆေးရာကာလကို ခရစ် တော်အားဖြင့် ေ်ကာ်လွန်နိူင်ခဲ့သည်။

အသက် ၇၅ နှစ်အရွယ်တွင် ကင်ဆာနှင့်အားနည်းမှုများက ဆေးခန်းသွားရသည့်အ ထိဖြစ်စေသည်။ အချို့တို့က အနားယူကြသည်။ ကျွန်ုပ်တို့၏သင်းအုပ်မှာ ကျွန်ုပ်တို့အသင်း တော်နှင့်ဘုရားသခင်အတွက် ဆက်လက်အလုပ်လုပ်နေသည်။ သူသည် တရားပလ္လင်ပေါ် တွင် မိမိကိုယ်ကို ဒရွက်တိုက်ဆွဲပြီး တရားဟောသည်ကိုတွေ့မြင်ခဲ့ရသည်။ လမ်းလျှောက်ရ ခက်ခဲသည်ကို တွေ့ရသည်။ ညအိပ်မပျော်သည့်အချိန်တွေရှိခဲ့သည်။ ယခု သူသည် အဘယ် သို့ တရားဟောသနည်း။ သူသည် ခြင်္သေ့တစ်ကောင်လိုပါဘဲ။ သူ၏တရားဟောချက်သည် အ ခြားနေရာတွင် ကြားခဲ့သည့်တရားဒေသနာထက် ပို၍ကောင်းမွန်သည်။ ထို့ကြောက်သာလျှင် သူ၏တရားဟောစာမူကို လူပေါင်း ၁၄၀၀၀၀ တို့က ဖတ်ရှုပြီး လွန်ခဲ့သည့်လက နိူင်ငံပေါင်း ၂၁၇ နိူင်ငံတွင် ဗွီဒီယိုဖြင့် ကြည့်ရှုကြရသည်။ ၎င်းမှာ ကမ္ဘာတစ်ဝှမ်းရှိသင်းအုပ်များက ၎င်းတို့ ၏အသင်းတော်များတွင် သူ၏တရားဒေသနာကို ဟောပြောကြရသည့် အကြောင်းတရားပင် ဖြစ်သည်။ သူသည် သူ့ဘဝစာကျမ်းပိုဒ်ကို သက်သေထူသည်။ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေ တော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိူင်၏။” (ဖိလိပ္ပိ ၄း၁၃ )

သူသည် ကင်ဆာရောဂါပျောက်ကင်းပြီး အမူတော်မြတ်တွင် နှစ်ပေါင်းများစွာ ပါဝင် နိူင်ရန် ဆုတောင်းပဌနာပြုခဲ့သည်။ သို့သော် ဒေါက်တာ Hymers သည် ထာဝရအသက်ရှင် မည်မဟုတ်။ သမ္မာကျမ်းစာက “အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက် နိူင်စေခြင်းငှါ သွန်သင်တော်မူပါ” ( ဆာလံ ၉၀း ၁၂ ) ဟု သွန်သင်ထားပါသည်။ လူများစွာတို့က လူ့ဘဝတိုတောင်းသည်အကြောင်းကို မစဉ်းစားခဲ့ကြ ပေ။ သင်းအုပ်များစွာတို့ကလည်း မဆင်ခြင်မိကြပေ။ သူတို့သေသောအခါဖြစ်ပျက်လာမည့် အရာအတွက် အစီအစဉ်ချမှတ်မထားကြပေ။ ထို့ကြောင့် သူတို့အသင်းတော်များသည် အကွဲ ကွဲအပြဲပြဲဖြစ်ကြသည်။ သို့မဟုတ် တဖြည့်ဖြည်းအားနည်းလာပြီး သေလာကြသည်။ ကျွန်ုပ်တို့ ၏သင်းအုပ်က အသင်းတော်ကို ကောင်းစွာကြည့်ရှုပြုစုသောကြောင့် ဘုရားသခင်ကို ချီးမွမ်းမိ ပါသည်။ အားနည်းခြင်း သို့မဟုတ် အနာဂတ်တွင် သူ၏သေခြင်းအကြောင်းကိုပြော၍ မိမိ ကိုယ်ကိုသနားပြီး လူငယ်များကို အားပေးတိုက်တွန်းခြင်းမျိုးမဟုတ်၊ သတ္တိနှင့်သစ္စာရှိခြင်းအ ကြောင်းကို ပြောလိုခြင်းဖြစ်သည်။ ခရစ်ယာန်လူငယ်များသည် အမှုတော်မြတ်တွင် သူတို့ နိူင် သည်အတိုင်း သွားနိူင်ရန် ခွန်အားပေးတိုက်တွန်းသောအခါ တာဝန်နှင့်ဝတ္တရားအကြောင်း၊ ရို သေသမှုပြုခြင်းနှင့်ချစ်ခြင်းမေတ္တာ၏လှုံ့ဆော်မှုအားဖြင့်သာဖြစ်သည်။

ယနေ့တွင် ကျွန်ုပ်တို့၏သင်းအုပ်သည် အသက်အရွယ်၊ နာမကျန်းမှု နှင့်အသက်ကာ လတိုတောင်းမှုကို ကြုံတွေ့ရသည်။ လူဘဝအသက်တာသည် ခက်ခဲမှုဖြင့် ပြည့်နှက်နေသည်။ ဒေါက်တာ R. L. Hymers, Jr., ၏အသက်တာတွင် ကြီးမားသည့်အရာကို မြင်တွေ့နိူင်ပါ သည်။

ဤအမှုအရာအားလုံးကို အဘယ်သို့လုပ်ဆောင်ခဲ့သနည်း။ အဘယ်သို့ပြုခဲ့သနည်း။ ခရစ်တော်ကြောင့်ဟု ဆိုပေမည်။ ကျွန်ုပ်တို့၏သင်းအုပ်ဆရာက သူသည် “ခွန်အားနှင့်ပြည့်စုံ စေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ပြုနိူင်သည်” ဟု ဆိုပေမည်။ ခွန် အားသည် အဘယ်မှာ ရှိသနည်း။ ခရစ်တော်၊ ခရစ်တော်၊ တဖန် ခရစ်တော်၌ရှိသည်ဟု ဆိုပေ မည်။

တမန်တော်ရှင်ပေါလုက “ငါသည် ခရစ်တော်ကို အတုခိုးသကဲ့သို့ ငါ့ကိုလည်း အတု ခိုးကြလော့” ( ၁ကော ၁၁း ၁ ) ဟု ဆိုထားသည်။ သင်တို့အားလည်း ခရစ်တော် ၏နောက်တော်သို့ သူသည်လိုက်သကဲ့သို့ ကျွန်ုပ်တို့၏သင်းအုပ် နောက်တော်သို့ လိုက်ကြ ပါစို့။ ခရစ်တော်ကို ယုံကြည်ကိုးစားကြပါစို့။ သင်တတ်စွမ်းသလောက် အစေခံကြပါစို့။ သင် တို့အား ခရစ်တော်၊ ခရစ်တော်၊ တဖန် ခရစ်တော်ကို အစေခံကြပါစို့ ဟု ပြောလိုသည်။

ယနေ့ညတွင် ကျွန်ပ်တို့သင်းအုပ်ဆရာ၏ ၇၅ နှစ်ပြည့်မွေးနေ့ကို ကျင်းပခဲ့ကြသည်။ သူ့အား ချစ်ကြောင်းကို ပြသကြသည်။ သင်ပေးနိူင်သည့် အခြားအရာလည်းရှိပါသေးသည်။ သူ့အား ကြီးမားသည့် အသင်းတော်ကို ပေးလိုက်ပါ။ ကျွန်ုပ်တို့အသင်းတော် အဘယ်သို့ဖြစ် နိူင်ခဲ့သည်၊ အဘယ်သို့ဖြစ်နိူင်သည်၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အဘယ်သို့ဖြစ်လိမ့် မည်အကြောင်းကို ဆင်ခြင်မိသည်။ လူငယ်များနှင့်ပြည့်နှက်သောအသင်းတော်ကို ပေးပါ။ ဆုတောင်းပြီး ဧဝံဂေလိလုပ်ဆောင်ပါ။ ဘုရားသခင်အလိုတော်ရှိသည့်အသင်းတော်ဖြစ်သည် တိုင်အောင် လူများကို ချစ်ပါ။ ကြီးမားသည့် အသင်းတော်တစ်ခုကိုပေးပါ။

ယခုတွင်သင်တို့အား မေးလိုပါသည်။ သင်တို့၏သင်းအုပ်ပိုင်ဆိုင်သောခရစ်တော်ကို သင်တို့အသက်တာတွင် ရှိရဲ့လား။ သူပိုင်ဆိုင်သော ကယ်တင်ရှင်ကို အသက်တာတွင် ပိုင် ဆိုင်ကြရဲ့လား။ ယေရှုကို ယုံကြည်ကိုးစားကြပါရဲ့လား။ ခရစ်တော်မရှိလျှင် အပြစ်ကလွဲ၍ အ ဘယ်အရာမျှရှိမည်မဟုတ်ပါ။ သင်သည် ခရစ်တော်ကို ယုံကြည်ကိုးစားလျှင် အသွေးတော် အားဖြင့် ဆေးကြောခြင်းခံရပေမည်။ ယေရှုကို ယုံကြည်ကိုးစားလျှင် ထာဝရအသက်ကို ရရှိ ပိုင်ဆိုင်မည်။ ယေရှုကို အမြန်ဆုံးရရှိပိုင်ဆိုင်ရန် ဆုတောင်းပေးပါ၏။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ဒေါက်တာ Hymers ၏အနှစ်သက်ဆုံး ဆာလံ၊ ဆာလံ ၂၇း၁-၁၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"သခင်ပြန်လာပြီ"၊ (Sarah Doudney ၁၈၄၁-၁၉၂၆) ရေးစပ်သည်။)