Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လက်ဝါးကပ်တိုင်ပေါ်မှ ယေရှု၏စကားခုနှစ်ခွန်း

THE SEVEN LAST WORDS OF JESUS ON THE CROSS
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
မတ်လ ( ၂၀ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 20, 2016

“ကာရနီအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုးတို့ကို လကျ်ားတော်ဘက်၌ တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက် ထားကြ၏။” ( (လုကာ ၂၃း ၃၃ ) )


ယေရှုခရစ်၏ကိုယ်ကာယတွင်ခံရသောဒုက္ခသည် အလွန်ပြင်းထန်လွန်းလှသည်။ ၄င်း သည် နောက်ကျောဘက်တွင် အရေပြားအစိတ်စိတ်အမွှာကွဲလွင့်သည်အထိ ကြာပွတ်နှင့် ရိုက်ပုတ်ခြင်းဖြင် အစပြုပါသည်။ လူများစွာတို့သည် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သေကြ သည်။ ထို့နောက် ဆူးသရဖူကို ဆောင်းစေကြသည်။ ချွန်ထက်သောအပ်များကို နားထင်တွင် ထိုးသွင်းကြသဖြင့် သွေးသည် မျက်နှာပေါ်တွင် စီးကျလာသည်။ မျက်နှာပေါ်တွင်လည်း ရိုက် ကြသည်။ တံထွေးဖြင့် ထွေးကြသည်။ မုတ်ဆိတ်မွှေးကိုလည်း ဆွဲနှုတ်ကြသည်။ သူတို့လက် ဖြင့် ဖြတ်တောက်ကြသည်။ ထို့နောက် သူတို့က ၄င်း၏လက်ဝါးကပ်တိုင်ကို ယေရုရှလင်လမ်း အတိုင်း ကာရနီကုန်းသို့သယ်ဆောင်စေကြသည်။ နောက်ဆုံးတွင် ခြေဖဝါး၊ လက်ဖဝါးတို့ကို သံမှိုနှင့်ရိုက်ထားသည်။ ထို့ကြောင့် သူသည် လက်ဝါးကပ်တိုင်တွင် ရိုက်သတ်ခြင်းကို ခံရ သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သ ကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည်ကိုအများသောသူတို့သည် အံ့သြမိန်းမောကြသည်ဖြစ်။” ( (ဟေရှာယ ၅၂း ၁၄ )

ကျွနု်ပ်တိုု့သည် ရုပ်ရှင်ထဲတွင် ဟိုလီဝုဒ်မင်းသားက ခရစ်တော်သရုပ်ဆောင်သည်ကို ကျွနု်ပ်တို့တွေ့မြင်ရလေ့ရှိသည်။ ဤလှုပ်ရှားမှုကြီးက ထိန့်လပ်ခြင်းနှင့် လက်ဝါးကပ်တိုင်တွင် ရိုက်သတ်ခြင်းကို ထင်ရှားစေသည်မဟုတ်။ ရုပ်ရှင်ထဲတွင် ကျွနု််ပ်တို့တွေ့ရသည်မှာ ယေရှုက လက်ဝါးကပ်တိုင်တွင် အမှန်တကယ်ခံစားခဲ့ရသည်နှင့်နှိုင်းယှဉ်သော် မပြောပလောက်ပေ။ “ခရစ်တော်၏ဝေဒနာ” ကို ကြည့်ရသည်ထိ ခရစ်တော်၌ဖြစ်ပျက်သောအရာကို အမှန်တကယ် တွေ့ရသလား။ အရမ်းပဲ ကြောက်စရာကောင်းလှပါသည်။

အက်ကွဲကြောင်းများသည် ဦးခေါင်းအရေပြားတွင် ပွင့်ထွက်လာသည်။ အသွေးသည် သူ့မျက်နှာနှင့်လည်ပင်းတွင် စီးကျလာသည်။ သူမျက်စိသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာ သည်။ သူ့နှခေါင်းသည်ကျိုးပဲ့သွားပြီး ပါးရိုးသည်လည်း ကွဲအက်လာသည်။ နှုတ်ခမ်းများ သည် သွေးများယိုထွက်လာကာ ကွဲအက်လာသည်။ သူ့ကို ကြည့်ရသည်မှာ စိတ်မချမ်းမသာ ပင်ဖြစ်ရပါသည်။

ထိုအရာမှာ ပရောဖက်ဟေရှာယက အစေခံကျွန်၏ဒုက္ခဝေဒနာအကြောင်းကို ကြိုတင် ပရောဖက်ပြုသည့်အချိန်တွင် ပြောဆိုခဲ့သောအရာအတိအကျပင်ဖြစ်ပါသည်။ “သူသည် လူမ ဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိ သည်ကိုအများသောသူတို့သည် အံ့သြမိန်းမောကြသည်ဖြစ်။” (ဟေရှာယ ၅၂း ၁၄ ) ပျက် ရယ်ပြုခြင်းနှင့် တံထွေးနှင့်ထွေးခြင်းအကြောင်းကို ပရောဖက်က ကြိုတင်ဟောကြားခဲ့သည်။ “ရိုက်သောသူတို့အား ငါ့ကျော့ကို၄င်း၊ နားပန်းဆံကိုနှုတ်သောသူတို့အား ငါ့ပါးကို၄င်း ငါအပ် ၏။အရှက်ကွဲခြင်းနှင့်တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” (ဟေရှာယ ၅ဝး၆ )

ဤသည်က ကျွနု်ပ်တို့အား ကားတိုင်ဆီသို့ခေါ်လာသည်။ ယေရှုသည် ထိုအရပ်တွင် ရိုက်သတ်ခြင်းကိုခံရသည်။ အသွေးကို သောက်ကြရသည်။ လက်ဝါးကပ်တိုင်တွင် ဆွဲထား ခြင်းခံရသည်ဖြစ်၍၊ နောက်ဆုံးစကားခုနှစ်ခွန်းကို ပြောခဲ့သည်။ လက်ဝါးကပ်တိုင်၌ ယေရှု၏ နောက်ဆုံးစကားခုနှစ်ခွန်းအကြောင်းကို စဉ်းစားဆင်ခြင်စေလိုသည်။

၁။ ပထမစကား - အပြစ်ခွင့်လွှတ်ခြင်း

“ကာရနီအမည်ရှိသောအရပ်သို့ရောက်ကြသော်၊ ကိုယ်တော်နှင့်တ ကွထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌တယောက်၊ လက်ဝဲ တော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ယေရှုကလည်း၊ အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြဟုမြွတ်ဆိုတော်မူ၏။” ( (လုကာ ၂၃း ၃၃- ၃၄ ) )

ယေရှုသည် လက်ဝါးကပ်တိုင်သို့သွားရသည့်အကြောင်းရင်းမှာ ကျွနု်ပ်တို့၏အပြစ်ကို ခွင့်လွှတ်ရန်ဖြစ်သည်။ သူသည် ယေရုရှလင်မြို့သို့မဝင်မှီကတည်းက အသေသတ်ခြင်းခံရ မည်ကို သိရှိခဲ့သည်။ ဓမ္မသစ်ကျမ်းက သင့်အပြစ်ကိုပေးဆပ်ရန် သူသည် မိမိကိုယ်ကို ကားစင်တင်ရန် ခွင့်ပြုခဲ့သည်ဟု သွန်သင်ခဲ့သည်။

“ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ် ၍၊ ငါတို့ကို ဘုရားသခင်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့် မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သောသူတို့အတွက်၊ ဒုစ ရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။” ( ၁ပေ ၃း ၁၈ ) )

“ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။” ( ၁ ကော ၁၅း ၃ ) )

ယေရှုက၊ လက်ဝါးကပ်တိုင်ပေါ်မြှောက်ထားခြင်းခံရသောအခါ “အိုအဘ၊ သူတို့ အပြစ်ကို လွှတ်တော်မူပါ” ဟု ဆုတောင်းတော်မူခဲ့သည်။ ဘုရားသခင်က သူ၏ဆုတောင်းသံ ကို နားညောင်းခဲ့သည်။ ယေရှုခရစ်၌ ယုံကြည်ကိုးစားခြင်းရှိသောသူအပေါင်းတို့သည် အပြစ် ခွင့်လွှတ်ခြင်းခံရကြသည်။ လက်ဝါးကပ်တိုင်၌ သူ၏သေခြင်းသည် သင့်အပြစ်ကြွေးကို ဆပ်ရန်ဖြစ်သည်။ သူသွန်းသောအသွေးသည် သင့်အပြစ်ကို ဆေးကြောရန်ဖြစ်သည်။

၂။ ဒုတိယစကား - ကယ်တင်ခြင်း။

ယေရှု၏လက်ဝဲ၊ လက်ယာတစ်ဘက်စီတွင် သူခိုးနှစ်ဦးကို သတ်လိုက်ကြသည်။

“ ဆွဲထားသောလူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၄င်း၊ ငါတို့ကို၄င်း၊ ကယ်တင်လောဟု ကိုယ်တော်ကို ကဲ့ရဲ့၍ဆိုလေ၏။ တယောက်မူကား၊ မိမိအဘော် ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရား သခင်ကိုမကြောက်သလော။ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့် အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်မျှ မပြုဟုဆိုပြီးလျှင်၊ သခင်ကိုယ်တော်သည် နိူင်ငံ တော်တည်လျက်ကြွလာတော်မူသောအခါ အကျွနု်ပ်ကိုအောက် မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း ငါအမှန် ကန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။” ( (လုကာ ၂၃း ၃၉- ၄၃ ) )

ဒုတိယသူခိုး၏ပြောင်းလဲခြင်းသည် အလွန်ပင် ထင်ရှားသိသာလှသည်။ ထိုအရာက အောက်ပါအချက်များကို ပြသသည်။

၁။ ကယ်တင်ခြင်းသည် နှစ်ခြင်းခံခြင်း၊ သို့မဟုတ် အသင်းသားဖြစ် ခြင်းအားဖြင့်မဟုတ်ပါ။ သူခိုးသည် ဤနှစ်ခုတွင် တစ်ခုမှ မဟုတ်ပါ။

၂။ ကယ်တင်ခြင်းသည် ခံစားချက်ကောင်းဖြင့်မဟုတ်ပါ။ လူဆိုးတွင် ဆိုးသည့်ခံစားချက်သာရှိသည်။ သူသည် လက်ဝါးကပ်တိုင်တွင် ဆွဲထားခြင်းခံစားရစဉ် အပြစ်ကို သိမြင်လာခဲ့သည်။

၃။ ကယ်တင်ခြင်းသည် ရှေ့သို့လာခြင်း သို့မဟုတ် လက်မြှောက်ခြင်း အားဖြင့်ဖြစ်မလာပါ။ လက်ဝါးကပ်တိုင်တွင် သူ့လက်နှင့်ခြေများ ကို သံမှိုရိုက်ထားသည်။

၄။ ကယ်တင်ခြင်းသည် “ယေရှုသင့်စိတ်နှလုံးထဲလာရန် ခေါ်ဖိတ်ခြင်း အားဖြင့်” ဖြစ်မလာပါ။ လူတစ်ဦးက ထိုသို့လုပ်ရန် ပြောဆိုလျှင် သူခိုးသည် ထိန့်လန့်နေလိမ့်မည်။

၅။ ကယ်တင်ခြင်းသည် “အပြစ်သားဆုတောင်းချက်” ကို ရွက်ဆိုခြင်း ဖြင့် ကယ်တင်ခြင်းဖြစ်မလာပါ။ သူခိုးက ဤဆုတောင်းချက်ကို မ တောင်းခဲ့ပါ။ယေရှုကို သူ့အား သတိရရန်သာ တောင်းဆိုခဲ့သည်။

၆။ ကယ်တင်ခြင်းသည် သင်အသက်ရှင်သည့်ပုံစံပြောင်းလဲခြင်းအား ဖြင့်လည်း ဖြစ်မလာနိူင်ပါ။ သူခိုးသည် ထိုသို့လုပ်ဆောင်ရန် အချိန်မရှိပါ။


သူခိုးကယ်တင်တော်မူခြင်းသို့ရောက်သည်နည်းတူ သင်သည်လည်း ကယ်တင် တော်မူခြင်းသို့ရောက်မည်။

“ယေရှုခရစ်ကိုယုံကြည်ပါ၊ သို့ပြုလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်လိမ့်မည်။” (တမန် ၁၆း ၃၁ ) )

ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ပါ။ လက်ဝါးကပ်တိုင်တွင် အသေခံသော သူခိုးကဲ့သို့ သူ၏အသွေးတော်နှင့်ဖြောင့်မတ်ခြင်းအာဖြင့် ကယ်တင်တော်မူမည်။

၃။ တတိယစကား - ချစ်မြတ်နိူးခြင်း။

“ယေရှု၏လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။ ထိုအခါ မယ်တော်နှင့်ချစ်တော်မူသော တပည့်တော် သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါဟူ၍၄င်း၊ တပည့်တော်အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၄င်း မိန့်တော် မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။” ( ယောဟန် ၁၉း ၂၅- ၂၇ ) )

ယေရှုက ယောဟန်အား သူ၏မယ်တော်ကို စောင့်ရှောက်ရန်မှာထားသည်။ သင် သည် ကယ်တင်ခြင်းသို့ရောက်ပြီးလျှင် လုပ်ဆောင်ရမည့် ခရစ်ယာန်အသက်တာများစွာရှိ သည်။ သင်သည် ဂရုပြုရမည့်အရာများစွာရှိသည်။ခရစ်တော်သည် ချစ်တော်မူသောမယ်တော် ကို ယောဟန်လက်သို့အပ်လိုက်သည်။ ဒေသန္တာရအသင်းတော်၏အစောင့်အရှောက်ကိုခံရန် အပ်နှံခဲ့သည်။ အသင်းတော်၏စောင့်ရှောက်ခြင်းနှင့်ချစ်မေတ္တာမရှိခဲ့လျှင် ခရစ်ယာန်အသက် တာတွင် လုပ်ဆောင်ရန် အဘယ်သူမျှမရှိနိူင်ပါ။ နေ့စဉ်နှင့်အမျှမေ့လျော့နေကြသည့် အမှန်တ ရားပင်ဖြစ်ပါသည်။

“ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင် ဘုရားသည် သင်းဝင်စေတော်မူ၏။” ( တမန် ၂း ၄၇ ) )

၆။ စတုတ္ထစကား - ညည်းတွားခြင်း။

“မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင်၊ မြေတပြင် လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။သုံးချက်တီးချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ ဟု ကြီးသောအသံနှင့်ကြွေးကြော် တော်မူ၏။ အနက်ကား အကျွနု်ပ်ဘုရား၊ အကျွနု်ပ်ဘုရား၊ အဘယ့် ကြောင့် အကျွနု်ပ်ကို စွန့်ပစ်တော်မူသနည်း ဟုဆိုလို သတည်း။” ( မဿဲ ၂ရး ၄၅- ၄၆ )

ယေရှု၏ဤညည်းတွားခြင်းက သုံးပါးတစ်ဆူဖြစ်ခြင်း၊ ဘုရားဖြစ်ခြင်းကိုပြသည်။ ခမည်းတော်ဘုရားသည် သားတော်ဘုရားက သင့်အပြစ်ကို ကားတိုင်တွင် သယ်ဆောင်သည် ဖြစ်၍ စွန့်ပစ်ခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“ဘုရားသခင် တဆူးတည်းရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့၏ စပ်ကြားမှာ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတပါးရှိ ၏” ( (၁တိ ၂း ၅ ) )

၅။ ပဥ္စမစကား - ဒုက္ခဝေဒနာခံစားခြင်း

“ထို့နောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည် ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုန်းရည်နှင့်ပြည့်သောအိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေ မှိုတထွေးကို ပုံရည်နှင့်ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌ တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။” ( ယောဟန် ၁၉း ၂၈- ၂၉) )

ဤကျမ်းပိုဒ်က ကျွနု်ပ်တို့အပြစ်ကိုပေးဆပ်ရန် ယေရှုဖြတ်ကျော်ခဲ့သည့် ကြီးမားသည့် ဒုက္ခဝေဒနာကို ပြသသည်။

“ထိုသူသည် ငါတို့လွန်ကျူးသောအပြစ်များကြောင့် နာကျင်စွာထိုး ခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။” ( ဟေရှာယ ၅၃း ၅ ) )

၆။ ဆဌမစကား - ရန်ငြိမ်းစေခြင်း။

“ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်။” ( ယောဟန် ၁၉း ၃၀ ) )

ယခုထိ ကျွနု်ပ်ပြောသည့်အရာများစွာကို ကစ်သိုလစ်ဘုန်းကြီးများကို ပေးထားနိူင် သည်။ သို့သော် ဤဆဌမစကားသည် ပရိုတဲ့တင်းပြုပြင်သူများ ဆုတ်ကိုင်ထားသည်။ ခေတ် ကာလအဆက်ဆက် နှစ်ခြင်းယုံကြည်သူများ၏ယုံကြည်ခြင်းကိုလည်း ချိတ်ဆွဲထားသည်။ ယေရှုက “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။

ယေရှုက “အမှုပြီးပြီ” ဟုဆိုသောအခါ မှန်ကန်ပါသလား။ကစ်သိုလစ်အသင်းတော်က “မမှန်” ဟုဆိုကြသည်။ သူသည် လတ်လတ်ဆတ်ဆတ် အသတ်ခံရမည်ဟုဆိုကြသည်။ဝတ် ပြုစည်းဝေးတိုင်းတွင် အသစ်သောအရာကိုပေးရမည်ဟု ဆိုကြသည်။ သို့သော် ကျမ်းစာက ထိုအရာမှားသည်ဟု ဆိုသည်။

“ထိုအလိုတော်နှင့်အညီယေရှုခရစ်၏ကိုယ်တော်က တခါတည်းပူ ဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” ( ဟေဗြဲ ၁ဝး ၁၀ ) )

“အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည်၊ထာဝရစုံလင်ခြင်း အကျိုးကိုရစေခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ ၏။” ( ဟေဗြဲ ၁ဝး ၁၄ ) )

“ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိူင်သောယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော်လျက်ရနေရ၏။ ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှ စ၍၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍။” ( (ဟေဗြဲ ၁ဝး ၁၁- ၁၂ ) )

ယေရှုက သင့်အပြစ်အတွက် ပြည့်ဝသောရန်ငြိမ်းခြင်းကိုပြုသည်။ တစ်ကြိမ်တည်းဖြင့် အားလုံး ကြေသွားခဲ့့သည်။

ယေရှုက အကုန်ဆပ်ပေးပြီ။
   အားလုံးတွင် တင်ကျန်နေသောအကြွေးများ၊
အပြစ်စွန်ခွါအားလုံးပြီးဆုံးသွားခဲ့ပြီ၊
   မိုးပွင့်ကဲ့သို့ ဖြူအောင် ဆေးပေးတော်မူခဲ့ပြီ။
      ( “ယေရှုအလုံးစုံဆပ်ပေးပြီ။” Elvina M. Hall, ၁၈၂၀- ၁၈၈၉ )

၇။ သတ္တမစကား - ဘုရားသခင်အား ဆက်ကပ်ခြင်း။

“ယေရှုသည်လည်း ကြီးသောအသံနှင့်ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ ကျွနု်ပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွနု်ပ် အပ်ပါ၏ ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။” ( လုကာ ၂၃း ၄၆ ) )

ယေရှုက မသေမှီ ၄င်း၏နောက်ဆုံးဖော်ပြချက်တွင် ခမည်းတော်ဘုရားသခင်ထံ၌ ၄င်း၏ဆက်ကပ်အပ်နှံခြင်းကို ပြသသည်။ တရားဟောဆရာကြီး Spurgeon ပြောဆိုသကဲ့သို့ ယေရှု၏ပထမဆုံးစကားဖြစ်သည့် “အကျွနု်ပ်သည်အဘ၏အိမ်၌နေရသည်ကို မသိကြသ လော”(လုကာ ၂း ၄၉ )ဟူသောစကားကို တန်ပြန်သက်ရောက်စေသည်။ အစမှအဆုံးတိုင် အောင် ယေရှုသည် ဘုရားသခင်သည် အလိုတော်နှင့်အညီ အသေသတ်ခြင်းကို ခံရသည်။

လက်ဝါးကပ်တိုင်တွင် ခရစ်တော်အား သံမှိုနှင့်ရိုက်ထားသည့် ကြမ်းတမ်းသောစစ်သူ ကြီးတစ်ယောက်က မတ်တပ်ရပ်ပြီး ယေရှု၏စကားခုနှစ်ခွန်းကို နားထောင်တော်မူသည်။ စစ်သူကြီးက ကားစင်တင်သတ်ခံရသူများစွာကို တွေ့မြင်ဖူးသော်လည်း ယေရှုသေသကဲ့သို့ သေသောသူ တစ်ဦးမျှ မတွေ့ဖူးပေ။ သူ၏အသက်သွေးများစီးကျနေစဉ် အံ့ဘွယ်တရားဒေသ နာကို ဟောပြောခဲ့သည်။

“ထိုအချင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ် ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ ၏။” (လုကာ ၂၃း ၄၇ ) )

အရာရှိတစ်ယောက်က ယေရှုအကြောင်းကို အနည်းငယ်တွေးရင်း၊ ဤသို့ဆိုသည်။

“ဤသူသည် ဘုရားသခင်၏သား အစစ်အမှန်ဖြစ်သည်။” ( မာကု ၁၅း ၃၉ ) )

သူသည် ဘုရားသခင်၏သားဖြစ်သည်။ သူသည် ထမြောက်သည်။ အသက်ရှင်သည်၊ သေခြင်းကို အောင်မြင်သည်။ သူသည် ကောင်းကင်သို့တက်ကြွတော်မူသည်။ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူသည်။ “သခင်ယေရှုခရစ်ကိုယုံကြည်ပါ၊ ကယ်တင်ခြင်း သို့ရောက်လိမ့်မည်။” (တမန် ၁၆း ၃၁ )

ဘုရားသခင်ကိုယုံကြည်လျှင် လုံလောက်ပြီဟု ထင်သည့်ယုံကြည်သူအချို့လည်းရှိ ကြသေးသည်။ သို့သော် သူတို့သည် မှားယွင်းစွာတွေးကြသည်။ ဘုရားသခင်တပါးတည်းကို ယုံကြည်ခြင်းဖြင့် အဘယ်သူမျှ ကယ်တင်ခြင်းသို့မရောက်နိူင်။ ယေရှုကိုယ်တိုင်က “ငါမှတပါး အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ” (ယောဟန် ၁၄း ၆ ) ဟု မိန့်တော်မူခဲ့သည်။ ဒေါက်တာ A. W. Tozer က “ခရစ်တော်သည် ဘုရားသခင်ထံရောက်နိူင်သည့်လမ်းအများ ကြီးထဲက တစ်ခုမဟုတ်ပါဘူး။ လမ်းအများကြီးထဲက အကောင်းဆုံးလည်းမဟုတ်ပါဘူး။ သူ သည် တစ်ခုတည်းသောလမ်းဖြစ်သည်”ဟု ဆိုထားသည်။ (That Incredible Christian, စာ- ၁၃၅ )ယေရှုကို ယုံကြည်လက်ခံခြင်းမရှိလျှင် သင်သည် ပျောက်ဆုံးသောသူဖြစ်သည်။ သင် သည် အဘယ်မျှလောက် “ကောင်းနေသည်” ဖြစ်ပါစေ၊ အသင်းတော်ဘုရားကျောင်းကို အ ကြိမ်မည်မျှသွားသည်လည်း အရေးမကြီးပါ။ သို့မဟုတ် ကျမ်းစာဘယ်လောက်ဖတ်သလဲ ဆို တာလည်း အရေးမကြီးပါ။ သင်သည် ယေရှုကို ကိုးစားခြင်းမရှိလျှင် ပျောက်ဆုံးသောသူသာ ဖြစ်လာမည်။ “သင်၏အပြစ်ကိုဆေးကြောပေးမည့်အသွေးတော်မှတပါး ခမည်းတော်ထံသို့ အဘယ်သူမျှမရောက်ရ။” အာမင်။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ မာကု ၁၅း ၂၄- ၃၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
     "မင်္ဂလာရှိသောကယ်တင်ရှင်"၊ Avis Burgeson Christiansen (၁၈၉၅-၁၉၈၅) ရေးစပ်သည်။


အခှပှေုကမြွး

လက်ဝါးကပ်တိုင်ပေါ်မှ ယေရှု၏
စကားခုနှစ်ခွန်းအကျဉ်းချုပ်

THE SEVEN LAST WORDS
OF JESUS ON THE CROSS

Dr. R. L. Hymers, Jr.

“ကာရနီအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုးတို့ကို လကျ်ားတော်ဘက်၌ တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက် ထားကြ၏။” ( လုကာ ၂၃း ၃၃ ) )

( (ဟေရှာယ ၅၂း ၁၄၊ ၅ဝး ၆ ) )

၁။ ပထမစကား - အပြစ်ခွင့်လွှတ်ခြင်း၊ လုကာ ၂၃း ၃၃- ၃၄၊ ၁ပေ ၃း ၁၈၊ ၁ကော ၁၅း ၃။

၂။ ဒုတိယစကား- ကယ်တင်ခြင်း၊ လုကာ ၂၃း ၃၉- ၄၃၊ တမန် ၁၆း ၃၁။

၃။ တတိယစကား - ချစ်မေတ္တာ၊ ယောဟန် ၁၉း ၂၅- ၂၇၊ တမန် ၂း ၄၇။

၄။ စတုတ္ထစကား - ညည်းတွားခြင်း၊ မဿဲ ၂ရး ၄၅- ၄၆၊ ၁ တိ ၂း ၅။

၅။ ပဥ္စမစကား - ဒုက္ခဝေဒနာခံစားခြင်း၊ ယောဟန် ၁၉း၂၈- ၂၉၊ ဟေရှာ ၅၃း ၅။

၆။ ဆဌမစကား - ရန်ငြိမ်းစေခြင်း၊ ယောဟန် ၁၉း ၃၀၊ ဟေဗြဲ ၁ဝး ၁၀၊ ၁ဝး ၁၄၊ ၁၁- ၁၂။

၇။ သတ္တမစကား- ဘုရားသခင်အားဆက်ကပ်ခြင်း၊ လုကာ ၂၃း ၄၆၊ လုကာ ၂း ၄၉၊ ၂၃း ၄၇၊ မာကု ၁၅း ၃၉၊ တမန် ၁၆း ၃၁၊ ယောဟန် ၁၄း ၆။