Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သက်သာလောနိတ်ခရစ်ယာန်များကို သင်၏
သာဓကဖြစ်စေပါ။

MAKE THE THESSALONIAN CHRISTIANS
YOUR EXAMPLE!
(Burmese)

လေ့ာစ်အိန်ဂျယ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ ခုနှစ်
ဒီဇင်ဘာလ (၂၇) ရက် သခင်ဘုရား၏ ညနေပိုင်း၌ ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, December 27, 2015

“"ပေါလု၊ သိလွှာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့်သခင် ယေရှုခရစ်၌တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရား သခင်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါ စေသော်။"( (၁သက်သာလောနိတ် ၁း ၁ ) )


မစ္စတာ Prudhomme က သက်သာလောနိတ်ပထမစာစောင် အခန်းကြီးတစ်ကို မကြာသေးမှီက ဖတ်ကြားခဲ့ပါသည်။ ဤအကြောင်းအရာက သက်သာလောနိတ်ပြီး၏ ကနဦး အသင်းတော်ပုံရိပ်ကို ကျွနု်ပ်တို့အား ပေးထားခြင်းဖြစ်ပါသည်။ တမန်တော် ရှင်ပေါလုက ဤကျမ်းစာကို အေဒီ ၅၀ ၀န်းကျင်တွင် ရေးသားထားခြင်းဖြစ်ပါသည်။ ဤသည်မှာ ရှင်ပေါလု ရေးသားသည့် ပထမဆုံးပေးစာပင်ဖြစ်ပါသည်။ သူက ခရစ်ယာန်သက်တမ်း တစ်လသာရှိသေး သည် အသင်းသားများအား စာရေးသားပေးပို့ခြင်းဖြစ်ပါသည်။ ရှင်ပေါလုသည် ထိုအရပ်တွင် ရက်သတ္တပတ် သုံးပတ်ခန့်ရှိနေခဲ့ကြောင်းကို တမန်တော် ရ အရ သိရပါသည်။ သူသည် ရှင်ပေါလုနှင့်သိလကို "လောကီနိူင်ငံကိုမှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင် အောင်ရောက်ကြပါ၏" (တမန် ၁၇း ၆ ) ဟုဆန့်ကျင်အော်ဟစ်သော ယုဒမယုံကြည်သူများ၏ လှောင်ပြော သရော်မှု ကြောင့် မြို့ပြင်သို့အလျှင်အမြန် မောင်းနှင်ခြင်းခံရပါသည်။ သူတို့က အသင်းတော်ကိုဦးဆောင်သောယာဿုန်က ယေရှုဟူသောအခြားသောဘုရင်ရှိသည်ဟုဆို ကာ ကဲသာဘုရင်၏ဥပဒေကို ချိုးဖောက်သည်ဟုဆိုကြသည်။ သူတို့သည် ယာဿုန်နှင့်အခြား ခရစ်ယာန်များကိုဖမ်းဆီးပြီး ပြန်လွှတ်လိုက်ကြသည်။ အခန်းကြီး ၃၊ အပိုဒ်ငယ် ၂ တွင် ရှင်ပေါ လုက "သင်တို့ကို တည်ဆောက်ပြီးနှိမ်သိမ့်မည်ရန်" တိမောသေကိုလွှတ်လိုက်မည်အကြောင်း ကတိပြုခဲ့သည်။ (၁သက်သာ ၃း ၂ )

ယခုတွင် ကျွနု်ပ်တို့သည် ၁ သက်သာလောနိတ် အခန်းကြီးတစ်ကို လေ့လာကြသည်။ ကျွနု်ပ်တို့က ရှင်ပေါလုကိုသာ ရက်သတ္တပါတ်သုံးပါတ်ပိုင်ဆိုင်ထားပြီး အသင်းတော်သက်တမ်း မှာလည်း တစ်နှစ်သောရှိသေးသော်လည်း ခိုင်မာပြီးသေးငယ်သောအသင်းတော်တစ်ခုအ ကြောင်းကို မှတ်သားဖွယ်ရာ တွေ့ရှိရပါသည်။ ဤသည်မှာ ကျွနု်ပ်တို့နောက်လိုက်သင့်သည့် အံ့သြဘွယ်အသင်းတော်၊ စံနမူယူ ထိုက်သောအသင်းတော် ဖြစ်ပါသည်။ ကျွနု်ပ်တို့အသင်း တော်လိုက်နာသင့်သည့်အချက်ရှိချက်ကို ဤအခန်းတွင် တွေ့ရှိရပါသည်။

၁။ ပထမအချက်၊ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၌တည်နေကြသည်။

"ပေါလု၊ သိလွှာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့်သခင် ယေရှုခရစ်၌တည်ရှိသော သက်သာလောနိတ်မြို့သား အသင်း တော်ကို ကြားလိုက်ပါ၏။သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူ သောဘုရား သခင်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း သည် သင်တို့၌ရှိပါ စေသော်။" (၁သက်သာလောနိတ် ၁း ၁ ) )

သိလွှာနုဟူသည်မှာ သိလ၏အခြားနာမည်ပင်ဖြစ်ပါသည်။ သူတို့သည် ရုပ်တုကိုးကွယ်သောသူ များဖြစ်ခဲ့ကြသော်လည်း ယခုတွင်မူ "ခမည်းတော်ဘုရား" နှင့် "သခင်ယေရှုခရစ်၌" တည်နေ ကြပါသည်။ ထိုအရာမှာ ရှင်ပေါလုက ဤအသင်းတော်နှင့်ပါတ်သက်ပြီးပြောဆိုသောအရာဖြစ် ပါသည်။ ထိုအရာမှာ အသင်းတော်နှင့် သင်"ပေါင်းဖက်သည့်" အခြားနည်းလမ်းဖြစ်ပါသည်။ သင်၏နာမည်ကို အသင်းတော်စာရင်းတွင် ရေးသားထားခြင်းအားဖြင့်မဟုတ်ပါ။ "ခမည်းတော် ဘုရား" နှင့် "သခင်ယေရှုခရစ်၌" တည်နေခြင်းအားဖြင့်ဖြစ်ပါသည်။ ထိုအချက်သည် သင့်အား သင်းတော်သားစစ်စစ်ဖြစ်လာစေသောအရာပင်ဖြစ်သည်။ ယေရှုက "ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်၌ အကျွနု်ပ်ရှိတော် မူ၍ အကျွနု်ပ်သည်လည်း ကိုယ်တော်၌ရှိတော်မူသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့သည် တလုံတဝတည်းဖြစ်စေခြင်းငှါဆုတောင်းပါ၏" (ယောဟန် ၁၇း ၂၁ ) ဟုဆိုသောအခါ ယေရှု သည် ထိုအကြောင်းအရာအတွက် ဆုတောင်းတော်မူခဲ့သည်။ သင်သည် ခရစ်တော်နှင့်ဆက် စပ်မှုရှိရသလို၊ ခရစ်တော်နှင့်လည်း ဆက်စပ်မှုရှိရပါမည်။ ထို့အပြင် ဘုရားသခင်နှင့်လည်း ဆက်စပ်မှုရှိရပါမည်။ အခြားနည်းလမ်းမရှိပေ။ သင်သည် သင်သည် ခရစ်တော် "အထဲ၌" သို့ မဟုတ် ခရစ်တော်၏ "အပြင်ဘက်၌" တစ်ခုခုတွင် ရှိနေပေမည်။ ထို့ကြောင့် ခရစ်တော်ထံသို့ တို့ဝင်ချဉ်းကပ်ရန်၊ ခရစ်တော်ကိုကိုးစားရန်၊ ခရစ်တော်အပေါ်မှီခိုအားထားရန် ကျွနူ်ပ်တို့ပြော ဆိုရပေမည်။ ထိုသို့လုပ်ဆောင်သောအချိန်တွင် သင်သည် ကျွနု်ပ်တို့အသင်းတော်ဝင်ဖြစ်လာ ပေမည်။ ကျွနု်ပ်တို့အသင်းတော်နှင့်ဆက်စပ်နိူင်သည့် အခြားနည်းလမ်းမရှိပါ။ ယေရှုက "သင် သည် ကယ်တင်ခြင်းသို့ရောက်ရမည်" (ယောဟန် ၃း ရ ) ဟုဆိုပါသည်။ အသင်းတော်သို့ "ရောက်ရှိလာခြင်း" သည် "ခရစ်တော်၌တည်နေခြင်း" နှင့်မတူညီပါ။ (၁သက် ၁း ၁ )

စစ်မှန်သောအသင်းတော်ကို "သခင်ယေရှုခရစ်၌တည်နေသော" သူများနှင့်ဖွဲ့စည်း ထားသောအရာဖြစ်ပါသည်။ လူတိုင်းသည် အသင်းတော်၏အစိတ်အပိုင်းများမဟုတ်ဘဲ၊ အ သင်းတော်ကိုအလည်အပတ်သွားခြင်းသာဖြစ်သည်။ နောဧ၏သင်္ဘောကဲ့သို့ပင်ဖြစ်ပါသည်။ နောဧသည် သဘောင်္ကိုတည်ဆောက်သောအခါ ဆယ်စုနှစ်များစွာကြာအောင်တည်ဆောက်ခဲ့ ပါသည်။ လူများစွာတို့သည် ဤသင်္ဘောကြီးကို လာရောက်ကြည့်ရှုကြပါသည်။ ထိုသဘောင်္ ပတ်ဝန်းကျင်ကိုလည်း လှည့်ပါတ်သွားကြသည်။ အချို့တို့သည်ကား အထဲသို့ပင်ဝင်ရောက်ခဲ့ ကြပြီးနောက် ထွက်ခွါသွားကြသည်။ သို့သော် ရေလွှမ်းမိုးခြင်းရောက်လာသောအခါ သူတို့ သည် သဘောင်္"အထဲတွင်" ရှိမနေခဲ့ကြပါ။ သူတို့သည် ရေထဲတွင်သာ နစ်မြှုပ်ခဲ့ကြသည်။ ယေရှုက "လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်" (မ ဿဲ ၂၄း ၃၇ ) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏တရားစီရင်ခြင်းသည် ဤလောကအပေါ် သို့ ကျရောက်လာသောအခါ သင်သည် သက်သာလောနိတ်အသင်းတော်တွင်ရှိကြကုန်သော လူများကဲ့သို့ "သခင်ယေရှုခရစ်တော်၌တည်နေခြင်း" မရှိလျှင် မျှော်လင့်ချက်မဲ့လျက် အသက် တာကုန်ဆုံးသွားရပေလိမ့်မည်။

၂။ ဒုတိယအချက်၊ သူတို့သည် သခင်ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်းကို ပိုင်ဆိုင်ကြပါသည်။

အပိုဒ်ငယ် ၃ ကို ကြည့်ကြပါစို့။

"ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့်ကြိုး စားအားထုတ်ခြင်း၊ ငါတို့ သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ် နှင့်တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ်အောက်မေ့ လျက်…။" ( ၁ သက် ၁း ၃ ) )

တမန်တော်ရှင်ပေါလုက သက်သာလောနိတ်အသင်းတော်တွင်ရှိသောခရစ်ယာန်များသည် ခရစ်ယာန်မေတ္တာတရားမရှိပါဘဲ အဘယ်အမှုကိုမျှမပြုကြသည်ကို သတိရအောက်မေ့လျက်ရှိ သည်။ သူတို့လုပ်ဆောင်သောလုပ်ဆောင်မှုသည် ခရစ်တော်၌တည်သော ၄င်းတို့၏ယုံကြည် ခြင်းမှလာသော ထုတ်ကုန်တစ်ခုဖြစ်သည်။ သူတို့လုပ်ဆောင်သမျှသောအလုပ်သည် "မေတ္တာ အလုပ်" ပင်ဖြစ်သည်။ သူတို့၏အသက်တာတွင် "သခင်ခရစ်တော်၌ရှိသောမျှော်လင့်ခြင်း၏လှုံ ဆော်မှုဖြင့်ရရှိသည့်" သည်းခံခြင်းကိုလည်း အသက်တာတွင် ပိုင်ဆိုင်ကြသည်။ ၁ကော ၁၃ တွင် တမန်တော်ကြီးရှင်ပေါလုက "ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း" ဟုဆိုလေ သည်။ ( ၁ ကော ၁၃း ၁၃ )

လူတို့သည် အသင်းတော်သို့ ခရစ်တော်၌တည်နေသောယုံကြည်ခြင်း၊ ချစ်ခြင်း၊ နှင့် မျှော်လင့်ခြင်းမပါဘဲ ရောက်ရှိလာနိူင်ကြသည်ကို ကျွနု်ပ်တို့တွေ့မြင်ခဲ့ရလေသည်။ သို့သော် သူတို့သည် အသင်းတော်တွင် နှစ်ရှည်လများ နေထိုင်နိူင်ခြင်းမရှိကြပါ။ သူတို့သည် အသင်း တော်၌ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများ ရရှိရေးကိုရှေးရှုလျက်သာ ရောက်လာကြ သည်။ သူတို့သည် အသင်းတော်၌ရှိသောအခြားလူများနှင့် ရယ်မောပျော်ရွှင်ဖွယ်နှင့်မိဿဟာ ရဖွဲ့ခြင်းကိုသာ နှစ်လိုတပ်မက်ကြသည်။ သို့သော် နောက်ပိုင်း "စစ်ကြောစုံစမ်းခြင်းနှင့် ကြုံ တွေ့ကြရသောအခါ ထွက်ခွါသွားလေ့ရှိကြသည်။" ( လုကာ ၈း ၁၃ ) နှစ်သစ်အချိန်ခါသမယ ၏ပထမအပိုင်းအတွင်း ထိုသို့သောအခြေအနေများ ဖြစ်ပေါ်လေ့ရှိပါသည်။ သူတို့သည် အသင်း တော်၏ခရစ္စမတ်နှင့်နှစ်သစ်ကူးပါတီပွဲများတွင် ရယ်မောပျော်ရွှင်ဖွယ်ရာများကို အများကြီးခံစား ခဲ့ကြသည်။ ထို့နောက်တွင် ဇန်နာဝါရီလအချိန်ခါ ရောက်လိုလာသည်။ ရယ်မောပျော်ရွှင်ဖွယ် ရာများ၏အချို့အရာများသည် ပျောက်ကွယ်သွားခဲ့သည်။ ယခုတွင် သူတို့သည် ခရစ္စမတ်အ ချိန်ခါတွင်ရရှိသော ပျော်ရွှင်ဖွယ်ရာများကဲ့သို့သောပျော်ရွှင်မှုကို ရရှိသည်ဟု မခံစားကြတော့ ပေ။ ထို့ကြောင့် "သူတို့သည် ထွက်ခွါသွားကြသည်။" သူတို့သည် အသင်းတော်သို့ ပျော်ပွဲရွှင် ပွဲနှင့်ဂိမ်းဆော့ကစားဖို့အတွက်သာ ရောက်ရှိလာကြသည်ကို ဤအချက်က အထင်အရှား ဖော် ပြထားပါသည်။ သူတို့သည် ခရစ်တော်နှင့်ထိတွေ့ခြင်းလုံးဝမရှိကြပါ။ သူတို့သည် "ခရစ်တော် ၌ တည်နေခြင်းလည်း မရှိကြပါ။" ထို့ကြောင့် သူတို့သည် ပြောင်းလဲခြင်းမရှိဘဲ ပြန်လည်လဲကျ ခဲ့ကြသည်။ သူတို့သည် သက်သာလောနိတ်အသင်းတော်တွင်ရှိကြသောလူများကဲ့သို့ ဖြစ်မ လာခဲ့ကြပေ။ ကျွနု်ပ်တို့အသက်တာတွင် ထိုကဲ့သို့ဖြစ်လာမည်မဟုတ် ဟု ကျွနု်ပ်မျှော်လင့်မိပါ သည်။

၃။ တတိယအချက်၊ သူတို့ကို ဘုရားသခင်ရွေးကောက်ထားပါသည်။

အပိုဒ်ငယ်လေးကို ကြည့်ကြပါစို့။

"ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်…။" ( ( ၁ သက်သာ ၁း ၄ ) )

ရှင်ပေါလုက သူတို့ကို "ညီအစ်ကိုများ" ဟု ခေါ်ဝေါ်သမုတ်သည်။ အကြောင်းမှာ သူတို့သည် ကယ်တင်ခြင်းသို့ရောက်ရန် ဘုရားသခင်ရွေးကောက်ထံသောသူများဖြစ်ကြသည်။ ရှင်ပေါလု က သူတို့သည် ရွေးကောက်ခံရသောသူများဖြစ်ကြောင်းကို ၂ သက် ၂း ၁၃ တွင် လည်း ပြော ဆိုထားပါသည်။ "ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေးဦးစွာကပင် သင် တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊" ( ၂သက် ၂း ၁၃) တွင် ဖော်ပြထားပါသည်။ ဘုရားသ ခင်သည် အချို့သောသူများအား ကယ်တင်တော်မူခြင်းသို့ရောက်စိမ့်သောငှါ အစအဦးကပင် ရွေးကောက်တော်မူခဲ့သည်။ ကျွနု်ပ်တို့သည် သူ့ကို ရွေးကောက်ထားသည်မဟုတ်။ ကျွနု်ပ်တို့ ကိုသာရွေးကောက်ထားခြင်းဖြစ်ပါသည်။ ဧဖက်သြဝါဒစာစောင်တွင် တမန်တော်ရှင်ပေါလုက "ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ"( ဧဖက် ၁း ၄) ဟု ဆိုထားသည်။ ယေရှုကိုယ်တိုင်က "သင်တို့သည် ငါ့ကို ရွေးကောက်ကြသည်မဟုတ်၊ ငါ သည် သင်တို့ကို ရွေးကောက်သဖြင့်…" ဟု မိန့်တော်မူခဲ့သည်။ ( ယောဟန် ၁၅း ၁၆ )

ဤသည်မှာ ကျွနု်ပ်တို့၏လူ့ဉာဏ်ပညာက နားလည်သဘောပေါက်နိူင်စရာအကြောင်း မရှိသည့် နက်နဲသောအရာဖြစ်ပါသတည်း။ သို့ရာတွင် အလွန်တရာမှန်ကန်သောအရာပင်ဖြစ် ပါသည်။ လွန်ခဲ့သော ၅၇ နှစ်က ကျွနု်ပ်သည် တရားဟောဖို့ ဘုရားသခင်က ခေါ်တော်မူခဲ့ သည်။ ထိုအသင်းတော်တွင် ကောင်းသောခရစ်ယာန်အိမ်ထောင်မိသားစုထဲက လာသော လူ ငယ်များစွာရှိကြသည်။ သို့သော် သူတို့သည် ခရစ်ယာန်အိမ်ထောင်မိသားစုကောင်းထဲက လာ ကြသော်လည်း သူတို့သည် မပြောင်းလဲကြပါ။ နောက်ဆုံးတွင် သူတို့သည် အသင်းတော်ထဲက ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ကြသည်။ သူတို့ရရှိသောအကျိုးကျေးဇူးအားလုံးမှာ သူတို့ သည် ကယ်တင်တော်မူခြင်းအလို့ငှါ ဘုရားသခင်က လုံးဝရွေးချယ်ထားသည်မဟုတ်။ သို့သော် မိသားစုကွဲကွာသည့်အိမ်ထောင်တစ်ခုကနေလာသော ဆင်းရဲသည့် ယောကျာ်လေး ကျွနု််ပ် သည် ကား ကယ်တင်ခြငး်အလို့ငှါ ဘုရားသခင်ရွေးကောက်တော်မူသည်။ ကျွနု်ပ်သည် အသင်းတော်ထဲက ပျောက်ကွယ်မသွားသည်သာမက၊ ကျွနု်ပ်သည် နှစ်ပေါင်း ၅၇ နှစ်ကျော်မျှ ဧဝံဂေလိတရားအကြောင်းကို ဟောပြောနေခဲ့သည်။ ထိုအကြောင်းကို အဘယ်သို့ရှင်းပြရမည် နည်း။ ကျွနု်ပ်မရှင်းပြတတ်ပါ။ "သင်တို့သည် ငါ့ကို ရွေးကောက်ကြသည်မဟုတ်၊ ငါသည် သင် တို့ကိုရွေးကောက်သည်" ဟူသောခရစ်တော်၏စကားကိုသာ ကိုးကားအသုံးပြုပြောဆိုနိူင်ပါ သည်။ သူသည် ကျွနု်ပ်ကို ရွေးကောက်ထားသည်ဖြစ်၍၊ ပြန်လည်လဲကျဆုံးရှုံးခြင်းမရှိဘဲ အခက်အခဲ၊ ဒုက္ခပြဿနာများစွာကို အောင်မြင်စွာ ကျော်ဖြတ်နိူင်ခဲ့ပါသည်။ သက်သာလော နိတ်အသင်းတော်ရှိခရစ်ယာန်များသည် ထိုနည်းအတိုင်းပင်ဖြစ်ကြသည်။ "ဘုရားသခင်ချစ် တော်မူသောညီအစ်ကိုတို့၊ သင်တို့ခံရသောရွေးကောက်တော်မူခြင်းကို သိလျက်….။"

နောက်ထပ်တစ်ခုပြောပါရစေ။ သင်သည် ရွေးကောက်ခံရသောသူမဟုတ်လျှင် သင် ကယ်တင်ခြင်းသို့ရောက်ရန် ကျွနု်ပ်တို့လုပ်ဆောင်ပေးနိူင်သည့်အရာမရှိတော့ပါ။ ဆက်၍ သင် ကယ်တင်ခြင်းသို့ရောက်ရန် သင်ကိုယ်တိုင် လုပ်ဆောင်နိူင်သောအရာလည်း မရှိပါ။ ၄င်းမှာ လူအချို့တို့သည် ဧဝံဂေလိတရားဟောကြားသည်ကို နှစ်ပေါင်းများစွာကြားခဲ့ကြသော်လည်း ကယ်တင်ခြင်းသို့မရောက်သည့် အကြောင်းတရားပင်ဖြစ်သည်။ သူတို့သည် နားထောင်ဖို့ နား မရှိပါ၊ သို့မဟုတ် ယေရှုကို ကိုးစားမည့် နှလုံးသားများလည်း မရှိကြပါ။ သူတို့သည် "ကယ်တင် ခြင်းကို လုံးဝမရရှိကြပါ။" Philip Chan က သူ၏စိတ်နှလုံးသည် ကယ်တင်ခြင်းရရှိမည့်နည်း လမး်ကိုရှာဖွေလျက် စက်ဝိုင်းပတ်လည်တွင် လှည့်ပါတ်နေသည်ဟု ဆိုသည်။ ထို့နောက် တနင်္ဂ နွေနေ့နံနက်တစ်ခုတွင် ဘုရားသခင်သည် သူ၏နှလုံးသားကို ဖွင့်ပေးတော်မူသဖြင့် သူသည် ယေရှုကို ယုံကြည်ကိုးစားလာခဲ့သည်။ သို့သော် ရွေးကောက်ခြင်းမခံရသောသူတို့သည် ထိုသို့ သောအချိန်ကာလသို့ မရောက်ရှိနိူင်ကြပါ။ သူတို့၏စိတ်နှလုံးသည် နောက်ဆုံးသေပြီး ငရဲသို့ ရောက်သည့်တိုင်အောင် နည်းလမ်းကိုရှာဖွေရင်း စက်ဝိုင်းထဲတွင်သာ လှည့်ပတ်လျက်နေနေ ကြသည်။ ရွေးကောက်ခြင်းဟူသည်မှာ သင်၏ရွေးချယ်ပိုင်ခွင့်မဟုတ်ပါ။ ရွေးကောက်ခြင်းသည် အပိုဒ်ငယ် ၄ တွင် တွေ့ရှိရသကဲ့သို့ "ဘုရားသခင်၏ရွေးချယ်ပိုင်ခွင့်" ပင် ဖြစ်ပါသည်။

၄။ စတုတ္ထအချက်၊ သူတို့သည် ဧဝံဂေလိတရားကို သင်ယူခြင်းအားဖြင့် လည်းကောင်း တန်ခိုးအားဖြင့်လည်းကောင်း ရရှိကြသည်။

အပိုဒ်ငယ် ၅ ကို ကြည့်ကြပါစို့။

"ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အ ဘယ်သို့သောသူဖြစ်သည်ကို သင်တို့သိကြသည်နှင့်အညီ၊ ငါတို့ ဟောပြောသောဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက် သက်ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်၄င်း၊ သန့်ရှင်းသောဝိညာဉ် တော်နှင့်၄င်း၊ ၀ိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၄င်း၊ ပြည့်စုံသော တရားဖြစ်၏။" ( ၁ သက် ၁း ၅ ) )

ရှင်ပေါလုက ဤနေရာတွင် "ကျွနု်ပ်တို့၏ဧဝံဂေလိတရား" ခေါ်ဝေါ်သုံးနှုန်းထားပါ သည်။ အကြောင်းမှာ သူ၊ သိလနှင့် ၄င်းတို့၏အပေါင်းအပါများက ဟောပြောထားကြသည်။ အခြားနေရာများတွင်မူ "ဘုရားသခင်၏ဧဝံဂေလိတရား" ဟု ခေါ်ဝေါ်ထားပါသည်။ ( ရောမ ၁း ၁) နှင့် "ခရစ်တော်၏ဧဝံဂေလိတရား" ဟုလည်း ခေါ်ပါသည်။ ( ၁ သက် ၃း ၂ )

ဧဝံဂေလိတရားသည် သက်သာလောနိတ်မြို့သားများထံသို့ တန်ခိုးဖြင့် ရောက်ရှိလာ ပါသည်။ ၁ ကော တွင် ရှင်ပေါလုက ဤသို့ဆိုပါသည်။

"ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သော ဖြားယောင်း သောစကားနှင့်တကွရှိသည်မဟုတ်။ ၀ိညာဉ်တော်၏နိမိတ်လက္ခ ဏာ တန်ခိုးတော်နှင့်တကွရှိ၏။" ( ( ၁ ကော ၂း ၄ ) )

ဒေါက်တာ Martyn Lloyd-Jones က "တမန်တော်သည် လူတို့ခံရသောဉာဏ်ပညာ သို့မဟုတ် နည်းလမ်း သို့မဟုတ် တီထွင်ဖန်တီးမှုများဖြင့် မှီခိုအားထားသည်မဟုတ်။ ၀ိညာဉ်တော်၏နိမိတ် လက္ခဏာ တန်ခိုးနှင့်တကွရှိပါ၏" ဟုဆိုသည်။ ( ခရစ်တော်၌ရှိသော စစ်၍မကုန်နိူင်သော ကြွယ်ဝခြင်း၊ စာ- ၅၆ )

သက်သာလောနိတ်အသင်းတော်တွင်ရှိသော လူတို့သည် ၄င်းတို့၏သမ္မာကျမး်စာကို ဖွင့်လျက် မှတ်စုရေးလာကြသည်မဟုတ်။ ၄င်းသည် ဧဝံဂေလိဟောပြောသည့် နည်းလမ်းမ ဟုတ်ပါ။ ဧဝံဂေလိဟောပြောခြင်းကို အဆီးအတား လုပ်ဆောင်သောအရာဖြစ်သည်။ ထိုအရာ မှာ လွန်ဆန်သောပရိုဂျက်တာဖြစ်ပါသည်။ ခေတ်သစ်ဘာသာပြန်ဆိုချက်များဖြစ်ကြပါသည်။ ကျွနု်ပ်သည် ထိုအရာများကိုတွေ့လျှင် ၄င်းတို့၏ခဲ့တံများကို လွှတ်ပစ်သည်။ ပရိုဂျက်တာများ ကို ပိတ်လိုက်သည်။ ပြီးတော့ ခေတ်ဟောင်း King James ကျမ်းစာကို ဟောပြောလိုက်သည်။ ကျွနု်ပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အပေါ် အမှီပြုရန် လိုအပ်ပါသည်။ သက်သာလော နိတ်အသင်းတော်တွင်ရှိကြသော ဤလူများကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တရား ဟောကြသည်။ ထို့နောက် သူတို့သည် ပြောင်းလဲလာကြသည်။ အဘယ်သို့ပြောင်းလဲလာမည် ကို သင်တို့အား သွန်သင်ပေး၍မရပါ။ သို့သောကြောင့် ကျွနု်ပ်တို့သည် ဘုရားသခင်၏မျက် မှောက်တော်၊ သန့်ရှင်းသောဝိညာဉ်တော်၏မျက်မှောက်တော်အတွက် အစဉ်အဆက် ဆု တောင်းပဌနာပြုကြရသည့် အကြောင်းရင်းဖြစ်ပါသည်။ သူကသာလျှင် သမ္မာတရားကို သင့် အားဖွင့်ပြပြီး ခရစ်တော်ထံသို့ ဆွဲခေါ်နိူင်ပါသည်။ ဤသူတို့သည် ယနေ့ကျွနု်ပ်တို့တရားပလ္လင် အများစုတွင်လုပ်ဆောင်နေကြသည့် ခြောက်ကပ်ကပ်သမ္မာကျမ်းစာ သင်ကြားပေးခြင်းအား ဖြင်မဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်ကို အမှီပြုဟောပြောခြင်းအားဖြင့် သာပြောင်းလဲကြ ပါသည်။ နှုတ်ကပါတ်တော်ဟောပြောခြင်းခေါင်းပါးသည့်အချိန်လည်း ရှိသည်။ အကြောင်းမှာ ကျွနု်ပ်တို့သည် သူတို့ကဲ့သို့ပင် တရားဒေသနာဟောပြောသည့်အချိန်တွင် ဘုရားသခင်၏ဝိ ညာဉ်တော်တန်ခိုးမရှိကြပါ။

၅။ ပဥ္စမအချက်၊ သူတို့သည် ညှင်းပန်းနှိပ်စက်ခြင်းကိုခံခြင်းအားဖြင့် ပေါလုနှင့် သိလတို့၏ခြေတော်ရာသို့ လိုက်ခဲ့ကြသည်။

အပိုဒ်ငယ် ၆ ကို ကြည့်ကြပါစို့။

"သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကိုခံရသော်လည်း၊ သန့်ရှင်း သောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်က ပါတ်တရားတော်ကိုခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့ သို့သောသူဖြစ်ကြ၏။" (( ၁ သက် ၁း ၆ ) )

သူတို့သည် "ဒုက္ခများစွာကြုံတွေ့ကြရသော်လည်း"ရှင်ပေါလုနှင့် သိလ တို့၏နောက်လိုက်၊ ခရစ်တော်၏နောက်လိုက်များဖြစ်လာကြ ပါသည်။ သူတို့သည် ခံရသော ဒုက္ခဝေဒနာများတွင် သန့်ရှင်သောဝိညာဉ်တော်ပေးသော ၀မ်းမြောက်ခြင်းကို ပိုင်ဆိုင်ခဲ့ကြပါသည်။ တမန်တော် ပေတရုက ဤသို့ဆိုပါသည်။

"ချစ်သူတို့၊ သင်တို့ကိုစုံစမ်းစရာဘို့ ယခုခံရသောမီးစစ်ခြင်းအရာကို ကား၊ သင်တို့၌ အံ့သြဘွယ်သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့သြခြင်းမရှိကြနှင့်။သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက် ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်း မြောက်ရွှင်လန်းမည်အကြောင်း ယခုပင် ၀မ်းမြောက်ကြလော့။" ( ( ၁ပေ ၄း ၁၂- ၁၃ ) )

ဒေါက်တာ Thomas Hale က "ဓမ္မကျမ်းအရ၊ ခရစ်တော်၏နာမတော်အတွက် ညှင်းပန်းနှိပ် စက်ခြင်းကို သည်းခံခြင်းသည် ပျော်ရွှင်ဖွယ်အဖြစ်အပျက်ပင်ဖြစ်ပါသည် ( တမန် ၅း ၄၁၊ ၁ပေ ၄း ၁၃ ) ဟုဆိုပါသည်။ ညှင်းပန်းနှိပ်စက်ခြင်းကို ၀မ်းမြောက်ခြင်းနှင့် သည်းခံသောအသင်း တော်သည် ခိုင်မာသောအသင်းတော် [ဖြစ်လာသည်။] ၄င်း၏သက်သေသည် တန်ခိုးတော်ပင် ဖြစ်ပါသည်" ဟု လည်းဆိုပါသည်။ (Thomas Hale, M.D., အသုံးချ ဓမ္မသစ်အနက်ဖွင့်ကျမ်း၊ Kingsway Publications, ၁၉၉၇၊ ၁ သက် ၁း ၆ အနက်ဖွင့်ခြင်း၊ )

ကျွနု်ပ်တို့၏အသင်းတော်သည် အခက်အခဲများကိုကျော်ဖြတ်လျက် ခိုင်မာသောအ သင်းတော်ဖြစ်လာပါသည်။ ၄င်းမှာ ကျွနု်ပ်တို့အသက်တာတွင် "သန့်ရှင်းသောဝိညာဉ်တော်၌ ၀မ်းမြောက်ခြင်း" ရှိရသည့်အကြောင်းတရားဖြစ်ပါသည်။ ကျွနု်ပ်တို့ထံသို့ တရားလာဟောသော တရားဟောဆရာများသည် ကျွနု်ပ်တို့၏ဝမ်းမြောက်ခြင်းကိုကြည့်ပြီး အံ့သြနေကြပါသည်။ ကျွနု်ပ်တို့သည် သက်သာလောနိတ်အသင်းတော်ဖြတ်သန်းခဲ့သကဲ့သို့ ဒုက္ခဝေဒနာကို ဖြတ် သန်းခဲ့ကြခြင်းအားဖြင့် ထိုနည်းလမ်းကို ရရှိခဲ့ကြပါသည်။

စုံစမ်းစစ်ဆေးခြင်းကို ကျော်ဖြတ်ခြင်းသည် ခိုင်မာရင့်ကျင့်သောခရစ်ယာန်တစ် ယောက်ဖြစ်လာရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။ သမ္မာကျမ်းစာလေ့လာခြင်းတစ် ခုတည်းက ခိုင်မာရင့်ကျင့်သောခရစ်ယာန်တစ်ယောက်ဖြစ်မလာစေပါ။ စုံစမ်းစစ်ဆေးခြင်းအား ဖြင့် ဒုက္ခခံရခြင်းသည် ကျွနု်ပ်တို့အား ရင့်ကျင့်စေသောအရာဖြစ်ပါသည်။ အခြားသောနည်း လမ်းမရှိပါ။ တမန်တော်ရှင်ပေါလုက အန္တီအုတ်အသင်းတော်တွင်ရှိကြသောခရစ်ယာန်သစ်များ အား "ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိူင်ငံတော်သို့ဝင်ရကြမည်" ဟုဆိုသည်။ ( တမန် ၁၄း ၂၂ ) ခက်ခဲမှုများ၊ ဖိနှိပ်မှုများ၊ နှင့် ညှင်းပန်းနှိပ်စက်မှုများသည် ခိုင် မာရင့်ကျင့်သောခရစ်ယာန်များကို ထုတ်လုပ်သည်သာမက၊ မြက်ပင်များနှင့်ဂျုံပင်များကိုလည်း သီးခြားစီဖြစ်စေပါသည်။ အကြောင်းမူကား၊ သေငယ်သောဖိနှိပ်မှုပင်ရောက်ရှိစေကာမူ မပြောင်းလဲသောသူများသည် အသင်းတော်ကို ထားရစ်ခဲ့ပြီး ကျွနု်ပ်တို့က မကြာခဏတွေ့မြင် ခဲ့ကြရသကဲ့သို့ လောကအရာထဲသို့ ပြန်လည်ရောက်ရှိသွားကြပါသည်။ ဒုက္ခဝေဒနာနှင့်ညှင်း ဆဲခြင်းကိုခံရသောသူတို့သည် မစ္စ Salazar, မစ္စတာ Prudhomme, မစ္စ Bebout, ဒေါက်တာ Cagan, မစ္စတာ Griffith, ကျွနု်ပ်၏ဇနီးသည် , ဒေါက်တာ Chan နှင့် အသင်းတော်၌ရှိကြသော အခြားသူများကဲ့သို့ လေးစားဂုဏ်ယူထိုက်သော ခရစ်ယာန်ကြီးမားဖြစ်လာကြပါသည်။ ကျွနု်ပ် တို့အသင်းတော်တွင် ကယ်တင်ခြင်းသို့ရောက်ကြသည့် "၃၉" ဦးသောသူတို့သည် ကြုံတွေ့ရ သောဒုက္ခများကို သည်းခံတော်မူခဲ့ကြသည်။ သင်သည် ထိုသို့သောသူဖြစ်လိုလျှင် ခက်ခဲမှုများ ကို ကျော်ဖြတ်နိူင်ရန် လိုအပ်ပါသည်။ ကျော်ဖြတ်ရပါမည်။ ဘုရားသခင်သည် ခိုင်မာရင့်ကျင့် သောခရစ်ယာန်များဖြစ်လာစေရန် ခက်ခဲမှုများကို အသုံးပြုထားပါသည်။ ဓမ္မသီချင်းဟောင်းက ထိုအကြောင်းအရာကို ပြောဆိုထားသည်။

ခက်ခဲကြမ်းတမ်းမှုများ၊ ဘဝရှေ့ခရီးတွင် ရှိနေစဉ်ခါ၊
ကျွနု်ပ်၏ကျေးဇူးတော်သည် လုံလောက်လျက် ထောက်ပံ့နေ။
မီးသည် သင့်အား ထိခိုက်နာကျင်စေခြင်းမရှိမည်အကြောင်း စီရင်ထား၊
အဖျင်းများသာလောင်ကျွမ်း၊ သင့်ရွှေများ အစစ်ခံလျက်ရှိ၏။
(“ခိုင်မာသောအုတ်မြစ်" George Keith, ၁၆၃၈-၁၇၁၆ ၊ "K" in Rippon's
   Selection of Hymns, 1787 ဖြစ်ပါသည်။ )

ထိုအရာသည် ကျွနု်ပ်အသက်တာတွင် မှန်ကန်သည်ဟု သိရပါသည်။ သင်းအုပ်ဆရာ ဖြစ်လာရန် ကျွနု်ပ်ဖြတ်သန်းခဲ့ရသော စုံစမ်းစစ်ဆေး ခြင်းနှင့်သွေးဆောင်ခြင်းသည် ကျွနု်ပ်အ တွက် စစ်မှန်သော သင်တန်းကျောင်းပင်ဖြစ်ပါသည်။ သင်းအုပ်ဆရာဖြစ်လာရန် ကျွနု််ပ်သင်ယူ ခဲ့သောအရာမှာ စုံစမ်းစစ်ဆေးခြင်းအားဖြင့်သာဖြစ်ပါသည်။ ကျွနု်ပ်တို့၏အံ့ဘွယ်သောအသင်း တော်တွင်ရှိသော ခရစ်ယာန်များအားလုံးကို ပုံဖော်နေသည့် ကားတိုင်တော်သင်တန်းကျောင်း အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

၆။ ဆဌမအချက်၊ သူတို့သည် အခြားခရစ်ယာန်တို့၏စံနမူနာဖြစ်လာကြသည်။

အပိုဒ်ငယ် ရ ကိုကြည့်ပါ။

"သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အခါယပြည်၌ယုံကြည်သောသူအ ပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူဖြစ်ကြ၏။" ( (၁သက် ၁း ရ ) )

ဒေါက်တာ Thomas Hale က ဤသို့ဆိုသည်။

ဤသက်သာလောနိတ်ခရစ်ယာန်များသည် ညှင်းပန်းနှိပ်စက်ခြင်း များကို ၀မ်းမြောက်ခြင်းနှင့်သည်းခံကြပြီး ခရစ်တော်ကို သစ္စာရှိစွာ အတုခိုးကြသောကြောင့် ဂရိပြည်၏မြောက်ပိုင်းနယ်မြေတွင် ရှိ သောမာကေဒေါနိပြည်တွင်နေထိုင်ကြသော အခြားခရစ်ယာန်များ ၏ပုံသက်သေဖြစ်လာကြပါသည်။ ဤသက်သာလောနိတ်ခရစ် ယာန်များသည် ကျွနု်ပ်တို့အတွက်လည်း ပုံသက်သေများဖြစ်ကြရ ပါစေသား။ ကျွနု်ပ်တို့သည်လည်း အခြားသူများအတွက် ပုံသက် သေကောင်းများဖြစ်လာကြပါမည်။ (၄င်း၊ ၁ သက် ၁း ရ မှတ်စု)

၇။ သတ္တမအချက်၊ သူတို့သည် ၀ိညာဉ်ရိတ်သိမ်းသူများဖြစ်ကြပါသည်။

အပိုဒ်ငယ် ၈ ကို ကြည့်ကြပါစို့။

"အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏နှုတ်က ပါတ်တရားတော်အသံသည်၊ မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍၊ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။" ( (၁ သက် ၁း ၈ ) )

သူတို့သည် ၄င်းတို့ပတ်ဝန်ကျင်အားလုံးတွင် ဧဝံဂေလိတရားကို "ဟောပြောခဲ့ကြသည်။" သူတို့ သည် ၀ိညာဉ်များကို ရိတ်သိမ်းခဲ့ကြပြီး အသင်းတော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့ သည် ဧဝံဂေလိစိတ်ထားရှိသောဝိညာဉ်ရိတ်သိမ်းသူများဖြစ်ကြသည်။ စကားမစပ်၊ သူတို့သည် ထိုသို့လုပ်ဆောင်ရန်အတွက် နှစ်ပေါင်းများစွာ ကျမ်းစာလေ့လာခြင်းကို ပြုရန် မလိုအပ်ပါ။ ဒေါက်တာ Hale က "ရှင်ပေါလုက ဤစာစောင်ကိုရေးသားသည့်အချိန်တွင် ဤအသင်းတော် သည် တစ်နှစ်လောက်သာရှိသေးကြောင်းကို သတိရပါ။ ဤအသင်းတော်သည် ညှင်းပန်းနှိပ် စက်ခြင်းကို ခံနေရသောအသင်းတော်ဖြစ်သည်။သို့သော် ၄င်းတို့၏ယုံကြည်ခြင်းကို လူတိုင်း အားသိရှိစေသည့် အသင်းတော်ဖြစ်လာသည်" ဟု ဆိုသည်။ ( ၄င်း၊ ၁ သက် ၁း ၈ မှတ်စု )

ရင့်ကျင့်ခိုင်မာသောခရစ်ယာန်တစ်ယောက်အဖြစ် လျှင်မြန်စွာရောက်ရှိလာနိူင်ဖို့ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ၀ိညာဉ်ရိတ်သိမ်းသောသူ ချစ်ချင်းဖြစ်လာရန်ပင် ဖြစ်ပါ သည်။ ဧဝံဂေလိလုပ်ငန်းဖြင့် နာမည်များကို ဘုရားသခင်ထံဆောင်ယူလာသောသူသည် လျှင်မြန်စွာပဲ ခိုင်မာရင့်ကျင့်သောသူဖြစ်စေပါသည်။ သို့သော် အသင်းတော်သို့ လာရုံသက် သက်သာလာသောသူသည် ရင့်ကျင့်သောခရစ်ယာန် မည်သည့်အချိန်တွင်မျှ ဖြစ်လာမည် မဟုတ်ပါ။ သင်တို့တွင် အချို့တို့သည် ထိုအချက်ကို စဉ်းစားဆင်ခြင်ကြရန် လိုအပ်ပါသည်။ ထိုအရာသည် သင်တို့၏ပြဿနာဖြစ်နေပါသလား။ ၀ိညာဉ်ရိတ်သိမ်းသောသူတစ်ယောက် မဖြစ်ဘဲ ခိုင်မာရင့်ကျင့်သောခရစ်ယာန်တစ်ယောက်ဖြစ်လာသည်ဟု ကျွနု်ပ်မကြားစဖူးပါ။ ပျောက်ဆုံးသောသူများကို ကူညီမစသောသူသည် အသင်းတော်သို့ရောက်ရှိလာပြီး ကယ် တင်တော်မူခြင်းသို့ရောက်ကြပါသည်။ သင်သည် ဧဝံဂေလိလုပ်ငန်းတွင် စိတ်ဝင်တစားမရှိ လျှင် သင်သည် ရင့်ကျင့်ခိုင်မာသောခရစ်ယာန်တစ်ယောက် ဖြစ်လာမည်မဟုတ်ဟု ကျွနု်ပ် ယုံကြည်မိပါသည်။ ထိုအချက်မှာ အမှုတော်လုပ်ငန်းတွင် နှစ်ပေါင်း ၅၇ နှစ်ကျော် ပါ၀င်လုပ် ဆောင်လာပြီးနောက် ကျွနု်ပ်၏အမြင်သာဖြစ်ပါသည်။

၈။ အဌမအချက်၊ သူတို့သည် ခရစ်တော်၌စစ်မှန်သောပြောင်းလဲခြင်းကို ကြုံ တွေ့ခဲ့ကြသောကြောင့် ဤအရာအားလုံးကိုလုပ်ဆောင်နိူင်ခဲ့ကြသည်။

အပိုဒ်ငယ် ၉ နှင့် ၁၀ ကို ကြည့်ကြပါစို့။

" ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ဝင်ကြသည်အကြောင်းအ ရာကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။အသက်နှင့်ပြည့်စုံ လျက်မှန်တော်မူသော ဘုရားသခင်၏အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှါ၄င်း၊ ရောက်လတံ့သောဘေးဒဏ်မှ ငါတို့ကိုကယ် နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရားသခင် ထမြောက်စေတော်မူသောသားတော်သည်၊ ကောင်းကင်ဘုံမှ ကြွ လာတော်မူမည်အရာကို ငံ့လင့်ခြင်းငှါ၄င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည်အ ကြောင်းအရာကိုလည်း ကြားပြောကြ၏။" ( ၁ သက် ၁း ၉-၁၀ ) )

သူတို့သည် ရုပ်တုကိုးကွယ်ခြင်းမှ ဘုရားသခင်ထံ ပြန်လှည့်လာပြီး အသက်ရှင်ပြီးစစ်မှန်သော ဘုရားသခင်ကို အစေခံကြသည်။ သင်သည် ပြောင်းလဲသောသူဖြစ်လာနိူင်ဖို့ သင့်ပြစ်မှားသော ဒုစရိုက်ထဲက ရုန်းထွက်ရမည်ဖြစ်ပါသည်။ သို့သော် ထိုအချက်သည် ပြီးပြည့်စုံသောအချက်မ ဟုတ်ပါ။ သင်သည် ပြစ်မှားသောအပြစ်ဒုစရိုက်ထဲက ရုန်းထွက်ပြီး ခရစ်တော်ထံသို့လာရပါ မည်။ ယေရှုက "ငါမှတပါး အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ" ဟု ဆိုထားပါသည်။ (ယောဟန် ၁၄း ၆) တကိုယ်ကောင်းဆန်ခြင်း၊ အပြစ်နှင့်ပြည့်စုံသောဘဝအသက်တာထဲကရုန်း ထွက်ပြီး ခရစ်တော်ထံသို့ပြန်လည်တိုးဝင်ရန် ငြင်းပယ်ခြင်းသည် သင့်ဘဝအသက်တာတစ်ခု လုံးတွင် ဤဘုရားကျောင်းသို့ ပုံမှန်တက်ရောက်လျှင်ပင် ကယ်တင်တော်မူခြင်းသို့ရောက်မည် မဟုတ်ပါ။ သင်သည် အသွေးတော်အားဖြင့် သင်၏အပြစ်အလုံးစုံကို ဆေးကြောခြင်းခံရန် ယေရှုထံသို့ပြန်လှည့်လာပြီး ကိုးစားယုံကြည်ရပါမည်။ သင်၏မျှော်လင့်ချက်သည်လျှင် ခရစ် တော်တပါးတည်း၌သာရှိရပါမည်။ မျှော်လင့်ခြင်း၊ ၀မ်းမြောက်ခြင်းနှင့်အတူ ခရစ်တော်၏ပြန် လာခြင်းကို စောင့်မျှော်နေရပါမည်။

သင်သည် ဤတရားဒေသနာစာအုပ်ကို အိမ်သို့ယူဆောင်သွားပြီး တကြိမ်မဟုတ်ဘဲ အကြိမ်ပေါင်းများစွာဖတ်ရှုလေ့လာရန် ကျွနု်ပ်ဆုတောင်းပါသည်။ သင်တို့သည် သက်သာလော နိတ်အသင်းတော်တွင် ရှိကြကုန်သောခရစ်ယာန်များကဲ့သို့ဖြစ်လာရန်လည်း ဆုတောင်းပဌနာ ပြုပါ၏။ အာမင်။ ဒေါက်တာ Chan, ကျေးဇူးပြုပြီး ကျွနု်ပ်တို့ကို ဆုတောင်းဦးဆောင်ပေးပါအုံး။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ၁ သက် ၁း ၁- ၁၀
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ခရစ်တော်အတွက်အသက်ရှင်ခြင်း"၊ (Thomas O. Chisholm ၁၈၆၆-၁၉၆၀) ရေးစပ်သည်။


အခှပှေုကမြွး

သက်သာလောနိတ်ခရစ်ယာန်များကို သင်၏
သာဓကဖြစ်စေပါအကျဉ်းချုပ်

MAKE THE THESSALONIAN CHRISTIANS
YOUR EXAMPLE!

Dr. R. L. Hymers, Jr.

“"ပေါလု၊ သိလွှာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့်သခင် ယေရှုခရစ်၌တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရား သခင်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါ စေသော်။" (၁သက်သာလောနိတ် ၁း ၁ ) )

(တမန် ၁၇း ၆၊ ၁ သက် ၃း ၂)

၁။ ပထမအချက်၊ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၌တည်နေကြသည်။
၁ သက်သာ ၁း ၁၊ ယောဟန် ၁၇း ၂၁၊ ၃း ရ၊ မဿဲ ၂၄း ၃၇။

၂။ ဒုတိယအချက်၊ သူတို့သည် သခင်ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်း၊
မျှော်လင့်ခြင်းကို ပိုင်ဆိုင်ကြပါသည်။ ၁သက် ၁း ၃၊ ၁ကော ၁၃း ၁၃၊
လု ၈း ၁၃။

၃။ တတိယအချက်၊ သူတို့ကို ဘုရားသခင်ရွေးကောက်ထားပါသည်။
၂ သက် ၂း ၁၃၊ ဧဖက် ၁း ၄၊ ယောဟန် ၁၅း ၁၆။

၄ စတုတ္ထအချက်၊ သူတို့သည် ဧဝံဂေလိတရားကို သင်ယူခြင်း အားဖြင့် လည်း ကောင်း တန်ခိုးအားဖြင့်လည်းကောင်း ရရှိကြသည်။
၁သက် ၁း ၅၊ ရောမ ၁း၁၊ ၁ သက် ၃း ၂၊ ၁ကော ၂း ၄

၅။ ပဥ္စမအချက်၊ သူတို့သည် ညှင်းပန်းနှိပ်စက်ခြင်းကိုခံခြင်းအားဖြင့် ပေါလုနှင့် သိလတို့၏ခြေတော်ရာသို့ လိုက်ခဲ့ကြသည်။
၁သက် ၁း ၆၊ ၁ပေ ၄း ၁၂- ၁၃၊ တမန် ၁၄း ၂၂။

၆။ ဆဌမအချက်၊ သူတို့သည် အခြားခရစ်ယာန်တို့၏စံနမူနာဖြစ်လာကြသည်။
၁ သက် ၁း ရ ။

၇။ သတ္တမအချက်၊ သူတို့သည် ၀ိညာဉ်ရိတ်သိမ်းသူများဖြစ်ကြပါသည်။
၁ သက် ၁း ၈ ။

၈။ အဌမအချက်၊ သူတို့သည် ခရစ်တော်၌စစ်မှန်သောပြောင်းလဲခြင်းကို ကြုံ တွေ့ခဲ့ကြသောကြောင့် ဤအရာအားလုံးကိုလုပ်ဆောင်နိူင်
ခဲ့ကြသည်။ ၁ သက် ၁း ၉- ၁၀၊ ယောဟန် ၁၄း ၆ ။