Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကပ်ကာလနှင့်ဆိုင်သောနိမိတ်များ

SIGNS OF THE TIMES
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, December 27, 2015

"လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏မျက်နှာ ကို ပိုင်းခြား၍သိနိူင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ သိနိူင်ကြ၏။" ( မဿဲ ၁၆း ၃ ) )


ဖာရိရှဲနှင့်ဇက္ဒုကဲများသည် ခရစ်တော်၏အချိန်ကာလတွင် အဓိကကျသည့် ဘာသာ ရေးအဖွဲ့အစည်းကြီးနှစ်ခုဖြစ်ပါသည်။ သူတို့သည် ကောင်းကင်က အဓိကနိမိတ်လက္ခဏာကို တောင်းဆိုခဲ့ကြသူများဖြစ်ကြသည်။ သို့သော် ခရစ်တော်သည် ပေးသနားတော်မူသောမေရှိယ ဖြစ်တော်မူသည့်အခြားနိမိတ်လက္ခဏာကို အခြားတစ်ခုနောက်ရရှိခဲ့ကြပြီးဖြစ်သည်။ သူသည် လူပေါင်းငါးထောင်ကို ငါးနှစ်ကောင်နှင့်မုန့်ငါးလုံးကိုပွါးများစေ၍ ကျွေးမွေးခဲ့သည်။ (မဿဲ ၁၄း ၂၂- ၃၃) သူသည် ဂါလိလဲပင်လယ်ပြင်တွင် ရေထဲလျှောက်ခဲ့သည်။ (မဿဲ ၁၂း ၂၂- ၂၃) သူ့ အားတို့သောသူတို့အား အနာရောဂါကို ငြိမ်းစေခဲ့သည်။ ( မဿဲ ၁၄း ၃၆) သူသည် ခါနန်အမျိုး သမီး၏သမီးကိုလည်း အနာငြိမ်းစေခဲ့သည်။ (မဿဲ ၁၅း ၂၁- ၂၈) မျက်စိမမြင်သူများ၊ နားမ ကြားသူများ၊ ခြေမစွမ်းသူများစွာကို အနာပျောက်ကင်းစေခဲ့သည်။ (မဿဲ ၁၅း ၂၉- ၃၁) သူ သည် မုန့်ခုနှစ်လုံးနှင့် "ငါးအနည်းငယ်" ကို ပွါးများစေခြင်းဖြင့် ဒုတိယနိမိတ်လက္ခကို ပြသခဲ့ သည်။ (မဿဲ ၁၅း ၃၂- ၃၉ )

ယေရှုသည် ၄င်းတို့မျှော်လင့်တောင့်တနေသောမေရှိယဖြစ်တော်မူသည်ကို ပြသ လျက် နိမိတ်လက္ခဏာတစ်ခုပြီးတစ်ခုပေးတော်မူခဲ့သည်။ သို့သော် သူတို့သည် အခြားနိမိတ် ကို တောင်းလျက်နေကြသေးသည်။ အင်္ဂလိပ်အနက်ဖွင့်ကျမ်းရေးဆရာကြီး မဿဲဟင်နရီက သူတို့သည် ခရစ်တော်ကိုယုံကြည်လိုသောကြောင့် "ကောင်းကင်ကနိမိတ်ကို" တောင်းကြ သည်မဟုတ်။ "အာကာသကောင်းကင်ကိုအစိုးရသောမင်းတည်းဟူသော" စာတန်ကို ၄င်းအား အမှတ်ပေးနိူင်ရန် အလိုရှိကြသည်။ ခရစ်တော်သည် ဘုရားသခင်အတွက်မဟုတ်၊ စာတန် အတွက်အလုပ်လုပ်နေသည်ဟု သက်သေပြလိုကြသောကြောင့်ဖြစ်သည် ဟုဆိုသည်။ (Matthew Henry's Commentary on the Whole Bible, Hendrickson Publishers, ၁၉၉၁၊ အတွဲ ၅၊ စာမျက်နှာ - ၁၈၂ )

ခရစ်တော်က ဤသို့ဆိုသည်။

"ဆိုးညစ်၍မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတပါး၊ အ ဘယ်နိမိတ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီး လျှင်၊ သူတို့ရှိရာမှ ထွက်၍ကြွတော်မူ၏" ( (မဿဲ ၁၆း ၄) )

ပရောဖက်ယောနပေးသောနိမိတ်မှ သေခြင်းမှခရစ်တော်၏ထမြောက်ခြင်းအကြောင်းဖြစ် သည်။

“ "ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ လူသား သည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။" ( (မဿဲ ၁၂း ၄၀ ) )

ယောနသည် ပင်လယ်ထဲမှ သုံးရက်ကြာသောအခါ ပြန်လည်ထမြောက်ခဲ့သကဲ့သို့ ခရစ်တာ် သည်လည်း ကိုယ်ခန္ဓာအားဖြင့် သင်္ချိူင်းမှ သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူ မည်။ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, ၁၉၈၃၊ အတွဲ ၄၊ စာ- ၆၉၊ မဿဲ ၁၂း ၄၀ မှတ်စု) ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင် ပေးတော်မူသောနိမိတ်ပင်ဖြစ်သည်။

ယခုတွင် ကျွနု်ပ်တို့သည် အသုံးပြုထားသောကျမ်းပိုဒ်ဆီသို့ပြန်လည်ရောက်လာသည်။

" လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏မျက်နှာ ကို ပိုင်းခြား၍သိနိူင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား ၍ သိနိူင်ကြ၏။" ( (မဿဲ ၁၆း ၃ ) )

သူတို့သည် ကောင်းကင်ကိုကြည့်ခြင်းဖြင့် မနက်ဖြန် ရာသီဥတုအခြေအနေမည်သို့ဖြစ်မည်ကို ခန်းမှန်းပြောဆိုနိူင်ကြသည်။ သို့သော် သူတို့သည် သူတို့အလယ်၌ ခရစ်တော်ပြတော်မူသော နိမိတ်လက္ခဏာများကိုနားမလည်နိူင်အောင်ဘဲ ၀ိညာဉ်ရေးရာတွင် အမှောင်ဖုံးနေကြသည်။

ဤသည်မှာ ယနေ့အချိန်ကာလတွင် ဖြစ်ပျက်နေသောအရာများဖြစ်ပါသည်။ ယနေ့ တွင် ကျွနု်ပ်တို့သည် နောက်ဆုံးအချိန်ကာလသို့ရောက်ရှိလာကြပြီးဟူသောအရာကို သိနိူင်ရန် ညွှန်ပြနေသော နိမိတ်များစွာရှိပါသည်။ ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းနှင့်လောက၏ အဆုံးပိုင်းသည် လျှင်မြန်စွာချဉ်းကပ်လာနေသည်။ အဆုံးပိုင်း ရောက်လိုနေလေပြီ။ ယနေ့တွင် တရားဒေသနာများသည် အလွန်ပင် နည်းပါးလာနေပြီ။ ၄င်းသည် နှစ်ပေါင်းများစွာတွင် အထူး ဦးစားပေးသင်ခန်းစာများဖြစ်ခဲ့သည်။ ဘီလီဂရေဟမ်သည် ၄င်း၏ခရူးဆစ်တိုင်းတွင် နိမိတ် လက္ခဏာအကြောင်းတရားဒေသနာကို အမြဲဟောသည်။

သို့သော် ယနေ့တွင် ထိုသို့ဟောသောတရားဟောဆရာနည်းပါးလှသည်။ ကျွနု်ပ်သည် သူတို့အား ယေရှုမေးသကဲ့သို့ မေးသည်။

" ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍သိနိူင်ကြ၏။"( (မဿဲ ၁၆း ၃ ) )

သင်တို့သည် ဤနိမိတ်များကို အဘယ့်ကြောင့် မမြင်နိူင်ကြသနည်း။ ကမ္ဘာကြီး၏အဆုံးသည် အလွန်ပင်နီးလာနေကြောင်းကို မမြင်တွေ့နိူင်အောင် သင်တို့ကို ကွယ်ထားသည့်အရာကား အ ဘယ်အရာဖြစ်သနည်း။ နိမိတ်လက္ခဏာတိုင်းသည် ထိုအချိန်ကာလနီးသထက်နီးသည်ကိုပြ သည်။ နောက်ဆုံးသောအချိန်သည် လူသားအားလုံးအတွက် နီးကပ်လျက်ရှိပါသည်။

“' ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍သိနိူင်ကြ၏။"( (မဿဲ ၁၆း ၃ ) )

၁။ ပထမနိမိတ်မှာ နောက်ဆုံးသောကာလနီးလာခြင်းက ဘုရားမဲ့များများလာခြင်း၊ နှင့် အနောက်နိုင်ငံနှင့်အခြားနိူင်ငံများတွင် ခရစ်တော်ထံက လွတ်မြောက် တိမ်းရှောင် ခြင်းပင်ဖြစ်သည်။

ယနေ့အမေရိကန်ပြည်ထောင်စုသည် "အနှစ်ချုပ်။ ပိုမိုများပြားသောအမေရိကန်လူမျိုး များသည် ဘာသာတရားမှအဝေးသို့ထွက်၍ပြေးသွားပြီ" ခေါင်းစဉ်ဖြင့် အဖုံးပုံဝတ္ထုတစ်ခုရှိခဲ့ သည်။ (ယနေ့အမေရိကန်ပြည်ထောင်စု။ မတ်လ ရ၊ ၂၀၀၂၊စာမျက်နှာ- ၁က၊ ၁ဃ၊ ရဃ) အမေ ရိကန်ပြည်ထောင်စုတွင် လူတို့သည် ဗြိသျှနှင့်ဥရောပနှင့်အခြားနေရာများကဲ့သို့ပင် ခရစ်ယာန် ဘာသာအပေါ်အလေးထားမှုကို လျှော့လျှော့ရဲရဲဖြစ်လာကြသည်။ "ဘုရားမဲ့ဝါဒီတွင်နေထိုင် ကြသည်" ဟုဆိုသော ပြည်နယ်ခုနှစ်ခုရှိ ရာခိုင်နှုန်းကို ဖော်ပြပေးထားပါသည်။

၀ါရှိန်တန်           ၂၅%
ဗာမွတ်               ၂၂%
ကော်ရိုလာဒို         ၂၁%
အော်ရီဂွမ်            ၂၁%
နေဗာဒါ              ၂၀%
၀ွမ်မိန်              ၂၀%
ကယ်လီဖိုးနီးယား   ၁၉%

ဤအချက်က အမှန်တကယ်ပြသသောအရာမှာ သူတို့သည် သမ္မာကျမ်းစာထဲက ဟေဗြဲ ၁၀း ၂၅ တွင် အသင်းတော်တွင် ၀တ်ပြုကြသည်ထက် မိမိကိုယ်ကို၀တ်ပြုခြင်းကို နှစ် သက်ကြသည်။ သူတို့က "ဖန်ဆင်းသောသူထက် ဖန်ဆင်းထားသောအရာ" ကို ကိုးကွယ်အ စေခံလိုကြသည်။ (ရောမ ၁း ၂၅ ) "ပညာရှိယောင်ဆောင်လျက် လူမိုက်အရာ၌ တည်ကြ သည်။" ( ရောမ ၁း ၂၂ )

ခရစ်တော်က စစ်မှန်သောခရစ်ယာန်မေတ္တာသည် နောက်ဆုံးသောကာလနီးလာသော ကြောင့် အနောက်တိုင်းတွင် ပျောက်ကွယ်လာလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။

" မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ " ( (မဿဲ ၂၄း ၁၂ ) )

ခေတ်ဟောင်းလူများမှာ အသက် ၅၁ နှင့် ရ၁ ကြားရှိလူများဖြစ်သည။်ဤသူတို့သည် ငယ်ရွယ်သောသူများကို လိမ်လည်ကြသည်။ သူတို့က သင့်အား သင်အပြင်သွားပြီး သဘာဝ နှင့်ဆက်သွယ်နိူင်သည်။ ဘုရားကျောင်းသို့သွားစရာမလိုဘူး ဟုဆိုကြသည်။ မူးယဇ်ဆေးဝါး သုံးစွဲနေသောသူများက သင့်ကို လှည့်ဖြားနေသည်။ ဒါလှည့်ဖြားမှုဘဲ။ "သင့်မိခင်အတွက် ဘု ရားကျောင်းမပိုင်ဆိုင်လျှင်၊ သင့်အဖေအတွက် ဘုရားသခင်လည်း မရှိနိူင်ပါဘူး။" သူတို့အား ဆိုင်ပရင်းက သုံးရာစုတွင်ပြောသည်ဟု ပြောလိုက်ပါ။(အေဒီ ၂၀၀- ၂၅၈ ) ဆိုင်ပရင်းပြော သည်ကို ကျွနု်ပ်သဘောတူသည်။ ပြုပြင်ရေးသမားကြီး ဂျွန်ကယ်လ်ဗင်းကလည်း ထိုနည်းအ တိုင်းပြောပါသည်။ သင်သည် ဒေသန္တာရအသင်းတော်ကို မိခင်အနေဖြင့် ပိုင်ဆိုင်ထားခြင်းမရှိ လျှင် အဖေအနေဖြင့် ဘုရားသခင်ကို ပိုင်ဆိုင်နိူင်မည်မဟုတ်ဟု ဆိုခဲ့သည်။

ဆိုင်ပရင်းသည် နောက်ပိုင်းအသက်တာတွင် ပြောင်းလဲလာသည်။ သူသည် အာဖရိ ကတိုက်ရှိ ကစ်တာအက်စ်တွင် သင်းအုပ်အဖြစ်ရွေးချယ်ထားခြင်းခံရသည်။ သူသည် ရောမ ဘီရှောခ်ကို သင်းအုပ်အားလုံးသည် အခွင့်အာဏာတူညီသည်ဟု ဆိုကာဆန့်ကျင်ခဲ့သည်။ ရောမပုတ်ရဟန်းမင်းစတီဗင်က အသင်းတော်စည်းမျဉ်းနှင့်ပါတ်သက်ပြီး ခိုင်မာသောအမြင် ကြောင့် ဆိုင်ပရင်းအား အသင်းတော်မှနှင်ထုတ်ခဲ့သည်။ လူများစွာတို့သည် ရောမတို့၏ညှင်း ပန်းမှုအောက်တွင် အသင်းတော်များကို စွန့်ခွါခဲ့ကြသည်။ ဆိုင်ပရင်းက သူတို့သည် ပြင်းထန် သောနောင်တတရားကိုဖြတ်ကျော်သွားခြင်းမရှိဘဲ အသင်းတော်အား စွန့်သွားသူများကို ပြန် မလက်ခံသင့်ဟု ပြောသည်။ ပုတ်ရဟန်းစတီဗင်က ငြင်းပန်းနှိပ်စက်ခြင်းကြောင့် အသင်းတော် ကိုစွန့်ခွါသွားသူများကို လွယ်ကူသောပြန်လည်လက်ခံခြင်းအတွက် တောင်းဆိုထားသည်။ ဆိုင်ပရင်းက သူတို့ကို လုံးက ပြန်လည်လက်မခံသင့်ပါဟုဆိုသည်။ ရောမပုရဟန်းမင်းသည် ဆိုင်ပရင်းကို အသင်းတော်မှနှင်ထုတ်သောအခါ သူသည် ဘုရားမဲ့များ၏သတ်ဖြတ်မှုဖြင့် မာတု ရဖြစ်လျက် အသင်းတော်မှနှင်ထုတ်သည်ကို နှမြောသည်။ သူ့အား ခိုင်မာသည့်အသင်းတော် စည်းမျဉ်းလက်စွဲကိုင်ထားခြင်းကြောင့် သတိရနေမိသည်။ ဆိုင်ပရင်းသည် အသင်းတော်ကို ဒေသန္တာရအသင်းတော်အဖြစ် ထင်ရှားစေပြီး သူက "မျက်မြင်ရသောအသင်းတော်" ဟု ခေါ် ဆိုပါသည်။ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် မြင်နိူင်သည့်ဒေသန္တာရအသင်းတော်ကိုစွန့်ခွါသွား သော သူများသည် အသင်းတော်တွင် ပြန်လည်လက်ခံခြင်းမပြုမှီ စစ်ကြောခြင်းနှင့် နောင်တ တရားရရှိဖို့လိုအပ်သည်ဟု ခံစားမိသည်။ အဓိပ္ပါယ်မှာ ဆိုင်ပရင်းသည် ဤအချက်တွင် ကနဦး ပရိုတဲ့စ်တင်းတစ်ယောက်ကဲ့သို့ဖြစ်သည်။ ပုတ်ရဟန်းစတီဗင်သည် သူ၏ပြောဆိုချက်ကို နား ထောင်ခဲ့လျှင် ယနေ့ခေတ်ကစ်သိုလစ်အသင်းတော်သည် အလွန်ပင်သေးငယ်လိမ့်မည်။ သို့ သော် ဤသည်ထက် ပိုမိုခိုင်မာလိမ့်မည်။

အသင်းတော်စည်းမျဉ်းစည်းကမ်းနှင့်ပါတ်သက်၍ တင်းကျပ်သောနှစ်ခြင်းသင်းအုပ်ဆ ရာမျိုးဆက်များလိုအပ်နေသည်ဟု ကျွနု်ပ်ခံစားမိသည်။ ဆိုင်ပရင်းနှင့်ကယ်လ်ဗင်း၏စကားကို ကျွနု်ပ်ပြောရလျှင် "မိခင်အနေဖြင့် အသင်းတော်ကိုပိုင်ဆိုင်မထားလျှင်၊ ဖခင်အနေဖြင့် ဘုရား သခင်ကို ပိုင်ဆိုင်ရမည်မဟုတ်။" (J. D. Douglas, Who's Who in Christian History, Tyndale House, ၁၉၉၂၊ စာမျက်နှာ - ၁၈၆- ၁၈၇ ) ဆိုင်ပရင်းကို သဘောတူထောက်ခံသူရှိ ကြသလား။ သူသည် ယုံကြည်ခြင်းကြောင့် အသေခံခဲ့ရသည်။ သင်သည် သင့်၏ဒေသန္တာရအ သင်းတော်အတွက် သစ္စာရှိစာအသက်ရှင်ကြရန် သဘောတူညီသည်။ သူကို ထောက်ခံသည်။ ပြုပြင်ရေးသမားကြီး ဂျွန်ကယ်လ်ဗင်းကို ထောက်ခံသည်။ သင်၏အသင်းတော်ကိုစွန့်ပစ်ထားရ မည်ဟု သင့်အားတိုက်တွန်းသောသူများသည် လိမ်လည်သောသူများဖြစ်ကြသည်။ သင်သည် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းတက်စရာမလိုဘဲ ခရစ်ယာန်ဖြစ်ခွင့်ရှိသည်ဟု ပြောသောသူ များသည် မုသားပြောသူများဖြစ်ကြသည်။ အသင်းတော်တွင် ဆက်ကပ်အပ်နှံခြင်းမရှိသော "ခရစ်ယာန်ဘာသာ" သည် နောက်ဆုံးသောကာလ၏နိမိတ်ပင်ဖြစ်ပါသည်။ စာတန်ထံကလာ သော မုသာပင်ဖြစ်သတည်း။

“' ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍သိနိူင်ကြ၏။"( (မဿဲ ၁၆း ၃ ) )

၂။ နောက်ဆုံးကာလ၏ဒုတိယနိမိတ်မှာ မူးယစ်ဆေးဝါးအားဖြင့်စိတ်နှလုံးရှုတ်ထွေး မှု၊ အဆုံးမဲ့ရုပ်မြင်သံကြား၊ ဗွီဒီယိုဂိမ်းများ၊ "နက်လှိုင်းစီးနေခြင်း" နှင့် ကာမ ရာဂစိတ်ဖြစ်လာစေရန် ရေးသားမှုများပင်ဖြစ်သည်။

သမ္မာကျမ်းစာက နောက်ဆုံးသောကာလတွင် လူတို့သည် တိရိစ္ဆာန်ထက်ပင် နိမ့်ကျ သောသူများဖြစ်လာကြမည်ဟု ဆိုသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“"နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်ကြလော့။ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချော စားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိူင်သောသူ၊ ပြင်းထန် သောသူ၊ သူတော်ကောင်းကို မုန်းသောသူ….ဖြစ်ကြလိမ့်မည်။" ( (၂ တိ ၃း ၁၊ ၃) )

"ပါရီလော့ဒ်" ဟု ဘာသာပြန်ဆိုထားသော ဂရိစကားလုံးကို ဓမ္မသစ်၏အခြားနေရာ တစ်ခုတွင် ဂဒါရ်တွင် နတ်ဆိုးစွဲသူအကြောင်းနှင့်ပါတ်သက်ပြီး တွေ့ရသည်။ သူကို "လောင် ကြွင်းစေသည်" ဟုဆိုပါသည်။ (မဿဲ ၈း ၂၈ ) "လောင်ကြွင်းစေသည်" ဟူသောဂရိစကားလုံး မှာ ၂ တိမောသေ ၃း ၁ တွင် "ပါရီလော့ဒ်" နှင့်အတူတူပင် အသုံးပြုထားသည်။ "ချာလ်ပို့" ဟူ သောစကားလုံးက "အန္တာရယ်ရှိသည်" ဟု အဓိပ္ပါယ်ရှိသည်။ (Strong's) လူများစွာသောသူတို့ သည် ပိုမို၍ "အန္တာရယ်ပေးနိူင်သူများ၊ ဆိုးသွင်းသူများ" ဖြစ်လာကြပါသည်။ သတင်းစာထဲတွင် လည်း နေ့တိုင်းလိုလိုပင်တွေ့ရှိရပါသည်။

ထက်စဲစ်ပြည်နယ်၊ ဖရောက်ဝွတ်တွင် ထိုမိန်းမ၏တင်ပြသောသတင်းကို သတိရပါသ လား။ သူသည် သူနာပြုလက်ထောက်ဖြစ်သည်။ သူမသည် "စိတ်ကြွဆေးတစ်မျိုး"ကို သုံးမိ သည်။ သူမသည် လူတစ်ယောက်ကိုကားဖြင့်တိုက်ပြီး ခေါင်းတွင် ဒဏ်ရာများဖြင့် ပြန်သွား သည်။ သူမ၏ကားဂိုဒေါင်သို့မောင်းသွားပြီး တံခါးပိတ်လိုက်သည်။ လူကြီးသည် သူမ၏လေကါ တွင် သုံးရက်ခန့်နေရသည်။ နောက်ဆုံး သွေးမရှိတော့ဘဲ သေဆုံးသွားသည်။ သူမသည် နေ့ တိုင်းသွား၍ အသက်ချုပ်ပြီးလားမချုပ်သေးဘူးလားကြည့်မိသည်။ နောက်ဆုံး သူသည် သုံး ရက်နောက်ပိုင်းသေပြီးသောအခါ သူမ၏ကားဖြင့် သယ်ပြီး ပန်းခြံတွင် လွှင့်ပစ်လိုက်သည်။ တက်စက်စ်တရားလိုရှေ့နေက "ရက်စက်မှုသည် ပြောဖို့တောင်မရတော့ပြီ။ စိတ်နှလုံးမရှိသူ၊ လူသားမဆန်သူမဟုတ်ပေဘူးလား။ ကျွနု်ပ်တို့သည် လူသားမဆန်မှုကို ပြန်လည်သတ်မှတ် နိူင်ပါသည်" ဟု ပြောလိုက်သည်။ (Los Angeles Daily News, မတ်လ ၈၊ ၂၀၀၂၊ စာ- ၁ ) သူမ သည် သူနာပြု၏လက်ထောက်ဖြစ်သည်ကို သတိရသင့်သည်။ ဤမိန်းမက မိမိကိုယ်ကို ခရစ် ယာန်ဖြစ်သည်ဟု မှတ်ယူသည်ကိုလည်း သတိပြုသင့်သည်။ ယခုတွင် မိမိကိုယ်ကိုခရစ်ယာန် ဟုသတ်မှတ်ပြီး သွေးအေးအေးဖြင့် လူသတ်သမားတွေလည်းရှိကြပါသည်။မယုံဘူးလား။ စစ် မှန်သောခရစ်ယာန်များသည် ထိုသို့မပြုလုပ်ကြပါ။

သင်သည် နတ်ဆိုးလွှမ်းမိုးထားခြင်းမရှိဘဲ "စိတ်ကြွဆေး" သို့မဟုတ် ဘိန်းကို တစ် ကြိမ်တစ်ခါရှူရှိုက်နိူင်သည်။ နတ်ဆိုးစွဲသူများသည် ပိုမိုပြင်းထန်ကြသည်။ သူတို့သည် အန္တာရယ် ပင်ပေးနိူင်ကြသေးသည်။ ယနေ့ခေတ်တွင် လမ်းများသည် နတ်ဆိုးစွဲလူများနှင့်ပြည့် နေသည်။ သူတို့သည် ရုပ်မြင်သံကြား၊ နှင့်ရုပ်ရှင်ထဲတွင်လည်း ရှိကြသည်။ ရုပ်ရှင်သည်လည်း လူသတ်မှု၊ သွေး၊ များဖြင့်ပြည့်နှက်နေသည်။ နှစ်တိုင်း ဆိုးသွင်းလာကြသည်။ အမေရိကန်ပြည် ထောင်စုသည်လည်း ခရစ်ယာန်များအား ခြင်္သေ့တွင်းထဲပစ်ချသော ရှေ့ရောမနိူင်ငံကဲ့သို့ သွေး ဆာနေသောနိူင်ငံဖြစ်လာသည်။ ယနေ့ခေတ်မျိုးဆက်များသည် နတ်စိုး၏လွှမ်းမိုးမှုကို ခံကြရ သည်။ နတ်ဆိုးစွဲသော ဤလူများစွာသည် သူတို့လုပ်နိူင်သမျှကို အကုန်လုပ်ပြီး သင်တို့၏အ သင်းတော်များကို စွန့်ခွါပေမည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က ကျွနု်ပ်တို့၏အသင်းတော်ကို စွန့်ခွါခဲ့သောလူများတို့သည် အင်တနက်ဖြင့် ကျွနု်ပ်တို့ကို တိုက်ခိုက်ပြီး နတ်ဆိုးစွဲသူများကဲ့သို့ ပြုမူကြပါသည်။ အချို့တို့သည် စာတန်၏တိုက်ရိုက်အုပ်စိုးမှုကို ခံကြရသည်ဟု ပင် ထင်မိ သည်။ သူတို့၏တိုက်ခိုက်မှုကို ရပ်တန့်အောင် သူတို့ကို လူမှန်နေရာမှန် လုပ်ပေးရမည်။ သူတို့ သည် ဘုရားကိုလည်း မကြောက်ကြပါ။ သို့သော် FBI က သူတို့ကို ရပ်တန့်စေသည်။ ဘုရား သခင်ဘုန်းကြီးပါစေ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

" သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ရောက်ကြ လော့ဟူ၍ အထူးထူးအပြားပြားသောစကားနှင့်သက်သေခံ၍ တိုက်တွန်းသွေးဆောင်လော့။" ( (တမန် ၂း ၄၀) )

ယနေ့လူတို့၏စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုနှင့်မာရ်နတ်၏ပြင်းပြစေခြင်းများက ကပ်ကာလသည် နောက်ဆုံးအချိန်သို့ရောက်နေပြီ ဖြစ်ကြောင်း နိတ်မိတ်ပင်ဖြစ်သည်။

“ ပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍သိနိူင်ကြ၏။"( (မဿဲ ၁၆း ၃ ) )

၃။ နောက်ဆုံးကာလနှင့်ဆိုင်သော တတိယမြောက်နိမိတ်မှာ ကမ္ဘာတစ်ဝှမ်းတွင် အကြမ်းဖက်သမားများ ပြန့်ပွါးနေခြင်းပင်ဖြစ်သည်။

Time မဂ္ဂဇင်းက ဤသို့ဆိုသည်။

၁၀ ကီလီတွန် (နျူးကလီးယား) လက်နက်သည် နယူယောက်ခ် တွင် ပေါက်ကွဲသလား။ မပေါက်ကွဲပါ။ သို့သော် ပေါက်ကွဲနိူင်ပါ သည်။

၂၀၁၁ စက်တင်ဘာနေက်ပိုင်း ခြောက်လကျော်ပြီးနောက် အမေ ရိကန်သည် အခြားတိုက်ခိုက်သူူများကြားတွင် အမြဲတမ်းပြိုကွဲ လျက်ရှိနေပါသည်။ ကျွနု်ပ်တို့၏သူလျှိုများက ပိုက်ကို တင်းကြပ် စေရန် ကြိုးစားအားထုတ်သည်။ Time မဂ္ဂဇင်းက နောက်ထပ် တိုက်ခိုက်မှုကို ရပ်တန့်နိူင်မလားဟု မေးသည်။ ( (မတ် ၁၁၊ ၂၀၀၂၊ စာ- ၂၄-၂၅ ) )

Time က မိမိကိုယ်ကို ကာကွယ်နိူင်သည်ဟု တိတိကျကျမပြောပါ။ ဆောင်းပါးက "ယခုတွင် မှားယွင်းသောအခြေအနေတွင် ရောက်ရှိနေသည်။ မေးစရာမေးခွန်းကြီးမှာ ထိုအရာကို အချိန် နှင့်တပြေးညီလုပ်ဆောင်နိူင်မလုပ်ဆောင်နိူင်ပင်ဖြစ်သည်" ဟူ၍ပင်ဖြစ်သည်။ (၄ငး၊ စာ- ၃၇) Time မဂ္ဂဇင်းက ဆက်လက်၍ ဤသို့ဆိုသည်။

ကျွမ်းကျင်သူများက ကြောက်မက်ဖွယ်ရာများသည် အမေရိကန် ကို ဒုက္ခပေးရန် တာစူကြိုးစားနေကြသည်။ သို့သော် ၄င်းသည် မိမိကိုယ်ကိုကာကွယ်ရန် မလုပ်ဆောင်နိူင်သေးပါ ဟုဆိုကြသည်။

အကြမ်းဖက်သမားများသည် ယူနီယံဒြပ်ထုထုတ်ကိုလုပ်ဆောင် နေကြပြီး ကျယ်ပြန့်သောနေရာကို ရောင်ခြည်ဖြာထွက်စေပြီး ကြောက်စိတ်ဝင်စေမည်။ ( (၄င်း၊ စာ- ၂၆- ၂၇ ) )

မွတ်စလင်အစွန်းရောက်များသည် နယူးယောက်ခ် သို့မဟုတ် လော့ခ်အိန်ဂျယ်တွင် နျူးကလီးယားပုံးခွဲကြမည်လော။ Time မဂ္ဂဇင်းက ဖြစ်နိူင်သည်ဟု ဆိုသည်။ ဗြိတိသျှအေဂျင် စီက "နျူးကလီးယားလက်နက်ဗုံးများဖြင့် ကမ္ဘာကြီးအားတိုက်ခိုက်မည့်အချက်အလက်များကို" တိုက်ခိုက်ရေးသတင်းတွင် တင်ပြထားပါသည်။ (မတ်လ ၆၊ ၂၀၀၂၊ www.reuters.com) Stanford University မှ Dr. Lyudmila Zaitseva က "တိုက်ခိုက်နေသည်မှာ အမှန် ပင်ဖြစ်သည်" ဟုဆိုသည်။ နိူင်ငံတကာသုတေသီများက သူတို့ပြောဆိုသောစကားက ကမ္ဘာကြီး အား နောက်ဆုံးတွင် ပြာဖြစ်စေရန်ရည်ရွယ်ထားချက်များကို ပြည့်စုံလာစေကြ ကြောင်းဆိုကြပါသည်။ သားအိမ်သတင်းအစီအစဉ်က "အချက်အလက်များသည် ကျောချမ်း ဖွယ်ရာဖြစ်သည်" ဟုဆိုသည်။ ( ၄င်း ) ယခုတွင် အီရန်သည် အမေရိကန်နှင့် ဣသရေလကို တိုက်ခိုက်ရန် နျူးကလီးယားကို ပြင်ဆင်နေသည်။ အဘယ်သူက တားဆီးမည်နည်း။ Obama လည်းမဟုတ်။ Hillary Clinton လည်းမဟုတ်ပါ။ သူတို့သည် အီရန်အား နျူးကလီးယားထုတ် လုပ်ခွင့်ကို ခွင့်ပြုနေကြသည်။ ဘုရားသခင်ကူမတော်မူပါ။ ထိုသို့သောခေါင်းဆောင်မှု အောက်တွင် ကျွနု်ပ်တို့သည် လက်ရှိအချိန်၌ အ သက်ရှင်နေကြပါသည်။

လောကကြီးသည် နျူးကလီးယားမီးမုန်တိုင်းဖြင့် ပျက်စီးခံလာမည်လော။ သမ္မာကျမ်း စာက ဤသို့ဆိုသည်။

"စတုတ္ထကောင်းကင်တမန်သည်၊ မိမိဖလားကို နေပေါ်သို့သွန်း လောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသောအခွင့်ကိုရ၏။ ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏နာမ တော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကိုချီးမွမ်းခြင်းအလို့ငှါ နောင် . . . " ( ဗျာ ၁၆း ၈- ၉ ) )

ဘုရားသခင်သည် ထိုသို့သောအရာကိုလုပ်ဆောင်ဖို့ အီရန်ကို အဘယ့်ကြောင့် အခွင့် ပေးတော်မူခဲ့သနည်း။ လော့ခ်အိန်ဂျယ်သည် ပြင်းထန်သောနျူးကလီးယားဖြင့် ဖျက်ဆီးခံရ လျှင် သင့်အသက်တာတွင် မည်သို့ဖြစ်လာမည်နည်း။ လောကကြီးသည် မီးလောင်ကျွမ်းလျှင် သင်သည် အဘယ်အရာကို လုပ်ဆောင်မည်နည်း။ နျူးကလီးယားဖြင့် အတိုက်အခိုက်ခံလာရ လျှင် သင်သည် မည်သည့်အရပ်တွင် ပုန်းအောင်းနေမည်နည်း။

ဘီလီဂရေဟမ်က ငယ်ရွယ်သေးသည့်အချိန်တွင် မီးဖြင့်တရားစီရင်ခြင်းကျရောက်လာ မည့်အကြောင်းနှင့်စပ်လျဉ်းပြီး ဖော်ပြချက်တစ်ခုကို လုပ်ဆောင်ခဲ့သည်။

လောကအပေါ်ကျရောက်မည့်စီရင်ခြင်းနှင့်ပါတ်သက်ပြီး ပရော ဖက်ဟောပြောသည်အချိန်မှာ သို့မဟုတ် ခေတ်ကာလအဆုံးပိုင်း တွင်ဖြစ်လာမည့်အခြေအနေနှင့်စပ်လျဉ်းပြီး ပေတရုက ဖော်ပြ သောအချိန်တွင် ပစ္စည်းတစ်ခုခုလောင်ကျွမ်းခြင်းနှင့်တော့ တူ သည့်အရာကို ရည်ညွှန်းပြောဆိုမည်မဟုတ်။အက်တမ်၏ပေါက် ကွဲမှုဖြင့် အနုမြူနျူးကလီးယားပဲဖြစ်နိူင်ပါသည်။ ဤသည်မှာ လောကကြီးအပေါ်တွင် အမှန်တကယ်ကျရောက်လာမည့် မီးတ ရားစီရင်ခြင်းပင်ဖြစ်နိူင်သည်။ (Billy Graham, World Aflame, Doubleday, ၁၉၆၅၊ စာ- ၂၄၆- ၂၄၇ )

မီးအားဖြင့် ဘုရားသခင်၏တရားစီရင်ခြင်းသည် လော့စ်အိန်ဂျယ်တွင် ကျရောက်လာသောအ ခါ လွတ်မြောက်ရန် မည်သို့လုပ်ဆောင်မည်နည်း။ မွတ်စလင်တို့က နယူကလီးယားလက်နက် အားဖြင့် မြို့ကိုဖျက်ဆီးပြီး ငရဲပေါက်ကြီးဖြစ်အောင်လုပ်လျှင် မည်သည့်အရပ်တွင် ပုန်းနေမည် နည်း။

မပြောင်းလဲသောသူကို နောက်ဆုံးသောနေ့ရက်၌ ဘုရားသခင်စေလွှတ်မည့်မီးအ တွက်ပြင်ဆင်ထားခြင်းပင်ဖြစ်ပါသည်။ ပြင်ဆင်ခြင်းခံရ တစ်ခုတည်းသောနည်းလမ်းမှာ သမ္မာ ကျမး်စာကိုယုံကြည်လက်ခံသောအသင်းတော်အစီအစဉ်သို့ အမြဲတမ်းတက်ရောက်ဖို့ပင်ဖြစ်ပါ သည်။ သင်၏ဘဝအသက်တာသည် ၄င်းအပေါ်တွင် မှီခိုအားထားနေသော်လည်း တရားဒေသ နာကို နားထောင်ပါ။ထို့နောက် အမှန်တကယ် ကယ်တင်ခြင်းရကြောင်းကို သေချာစေပါ။

ထို့ကြောင့် သင်သည် အပြစ်ရှိသောသူတည်းဟူသောလူသားနှင့်ဘုရားသခင်ကြားရှိ အာမခံဖြစ်သောယေရှုခရစ်ထံသို့ လာရန် လိုအပ်ပါသည်။ ခရစ်တော်သည် သင်၏အပြစ်ကြွေး ကိုဆပ်ရန် လက်ဝါးကပ်တိုင်၌ သေခြင်းဆိုးဖြင့် အသေခံတော်မူခဲ့သည်။ သင်၏အပြစ်တွေကို ဆေးကြောသန့်စင်နိူင်ဖို့ ထိုကားတိုင်တွင် အသွေးကို သွန်းလောင်းခဲ့သည်။ ထို့နောက် သေခြင်းမှ ရုပ်ခန္ဓာဖြင့်ထမြောက်တော်မူပြီး ဘုရားသခင်၏လက်ယာဘက်တွင် ထိုင်နေတော်မူ ရာ ကောင်းကင်သို့ ပြန်လည်တက်ကြွတော်မူခဲ့သည်။ သင်သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရှိနိူင်ရန် ခရစ်တော်ထံသို့လာရမည်။ သင်သည် ပြောင်းလဲခြင်းသို့ရောက်နိူင်ဖို့ ယေရှုခရစ်ကို ကိုးစားရမည်။ ထို့နောက် ဓမ္မသစ်နှစ်ခြင်းအသင်းတော်ထဲသို့ မိဿဟာရပြုလုပ် လျက် နှစ်ခြင်းခံခြင်းဖြင့် ၄င်း၏အသင်းဝင်ဖြစ်လာမည်။ သင်သည် ပြောင်းလဲသည့်အချိန်တွင် သာ ဆိုးသွင်းသောမြို့လောင်ကျွမ်းသည့်အချိန်၌ လုံခြုံမှုကို ရမည်ဖြစ်သည်။ ခရစ်တော်ကို ကိုး စားပါ။ ယခုကိုးစားပါ။ အချိန်ရှိနေစဉ် ကိုးစားယုံကြည်ပါ။ အာမင်။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ မဿဲ ၁၆း ၁- ၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ဤသို့သောအချိန်ကာလတွင်"၊ (Ruth Caye Jones ၁၉၀၂-၁၉၇၂) ရေးစပ်သည်။


အခှပှေုကမြွး

ကပ်ကာလနှင့်ဆိုင်သောနိမိတ်များအကျဉ်းချုပ်

SIGNS OF THE TIMES

Dr. R. L. Hymers, Jr.

" လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏မျက်နှာ ကို ပိုင်းခြား၍သိနိူင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ သိနိူင်ကြ၏။" (မဿဲ ၁၆း ၃ ) )

၁။ ပထမနိမိတ်မှာ နောက်ဆုံးသောကာလနီးလာခြင်းက ဘုရားမဲ့များများ လာ ခြင်း၊နှင့်အနောက်နိုင်ငံနှင့်အခြားနိူင်ငံများတွင် ခရစ်တော်ထံက လွတ် မြောက် တိမ်းရှောင်ခြင်းပင်ဖြစ်သည်။ ဟေဗြဲ ၁၀း ၂၅၊ ရောမ ၁း ၂၅၊ ၂၂၊ မဿဲ ၂၄း ၁၂။

၂။ နောက်ဆုံးကာလ၏ဒုတိယနိမိတ်မှာ မူးယစ်ဆေးဝါး အားဖြင့်စိတ်နှလုံး ရှုတ် ထွေးမှု၊ အဆုံးမဲ့ရုပ်မြင်သံကြား၊ ဗွီဒီယိုဂိမ်းများ၊ "နက်လှိုင်းစီးနေခြင်း" နှင့် ကာမ ရာဂစိတ်ဖြစ်လာစေရန် ရေးသားမှုများပင်ဖြစ်သည်။ ၂ တိ ၃း ၁၊ ၃။ မဿဲ ၈း
၂၈၊ တမန် ၂း ၄၀ ။

၃။ နောက်ဆုံးကာလနှင့်ဆိုင်သော တတိယမြောက်နိမိတ်မှာ ကမ္ဘာတစ်ဝှမ်း တွင် အကြမ်းဖက်သမားများ ပြန့်ပွါးနေခြင်းပင်ဖြစ်သည်။ ဗျာ ၁၆း ၈- ၉