Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ယောသပ်နှင့်ယေရှု

(ကမ္ဘာဦးကျမ်းနှင့်ပါတ်သက်ပြီး တရားဒေသနာ- 86
JOSEPH AND JESUS
(SERMON #86 ON THE BOOK OF GENESIS)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဒီဇင်ဘာလ ( ၆ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, December 6, 2015

"သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှင်းဆဲခြင်းကိုအနှစ်လေးရာပတ်လုံးခံရ ကြလိမ့်မည်။ သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ထိုနောက် မှသူတို့သည်ထွက်၍ ဤအရပ်၌ငါ့အားဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူ၏။ ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိ ညာဉ်တရားကို အာဗြဟံအားပေးတော်မူ၏။ ထိုသို့ ဣဇာတ်ကိုဘွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာတ်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏အဘတကျိပ်နှစ်ပါးတည်း။ အမျိုး၏အဘတို့သည်လည်းငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတု္တပြည် သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင်မတော်မူလျက်၊ အ လုံးစုံသောဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကိုအစိုးရသောဖာ ရောဘုရင်ထံ၌မျက်နှာပွင့်လန်းခြင်းနှင့်ပညာအတတ်ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိူင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ် ကို ခန့်လေ၏။ ခါနန်ပြည်နှင့်အဲဂုတ္တုပြည်တရှောက်က်လုံး၌ အစာခေါင်းပါး ခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘများစားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်ရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊ ငါတို့အဘများ ကို ပဌမအကြိမ်တွင် စေလွှတ်လေ၏။ ဒုတိယအကြိမ်တွင် ယောသပ် သည် မိမိညီအစ်ကိုတို့အား မိမိအကြောင်းကိုဘော်ပြ၍၊ ဖာရောဘုရင် သည် ယောသပ်၏အမျိုးကိုသိလေ၏။ထိုအခါ ယောသပ်သည်စေလွှတ်၍ မိမိအဘယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနှစ်ကျိပ်ငါးယောက် သော မိမိအမျိုးသားချင်းအပေါင်းတို့ကို ခေါ်ပင့်လေ၏။" ((တမန် ရး ၆- ၁၄) )


သမ္မာကျမ်းစာထဲတွင် ယောသပ်သည် အရေးပါသောသူဖြစ်သည်ဟု လူနှစ်ယောက်က ဆိုပါ သည်။ ဓမ္မသစ်ကျမ်းတွင်တွေ့ရသောယောသပ်သည် ဘုရားသခင်၏တပါးတည်းသောသား တော် ယေရှု၏ဖခင်ပင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းရှိယောသပ်မှာ ယာကုပ်၏သားဖြစ်သည်။ ယနေ့ညနေ ကျွနု်ပ်ပြောဆိုလိုသည်မှာ ဓမ္မဟောင်းကျမ်းထဲက ယောသပ်အကြောင်းဖြစ်သည်။ ယောသပ်သည် ကမ္ဘာဦးကျမ်းတွင်ဖော်ပြထားသည့် သန့်ရှင်းသူခုနှစ်ဦးတွင် နောက်ဆုံးဖော်ပြ ခံရသူဖြစ်သည်။ ထိုခုနှစ်ဦးမှာ အာဒံ၊ အာဗေလ၊ နောဧ၊ အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်၊ နှင့် ယောသပ်တို့ဖြစ်သည်။ ကမ္ဘာဦးကျမ်းတွင် အခြားသူများထက် အခန်းပေါင်းများစွာတွင် ယော သပ်အကြောင်းပြောဆိုထားသည်။ Arthur W. Pink က ဤသို့ဆိုသည်။

လက်နှင့်သိုးကိုထိန်းကျောင်းရသည့်ဘဝမှ အဲဂုတ္တုပြည်၌ကျွန်ဘဝ အဖြစ် ဟေဗြဲလူမျိုးများရှိနေပြီး မှတ်သားဖွယ်ရာ[ကြီးထွားလာမှု] ကို ရှင်းလင်းပြသသောအရာမှာ ယောသပ်၏ဘဝအသက်တာပင် ဖြစ်ပါသည်။ ယောသပ်၏ဘဝကို ထိုသို့သောပြည့်စုံခြင်းများဖြင့် ဖော်ပြထားရခြင်းအကြောင်းမှာ သူ၏အသက်တာတွင် ရှိသမျှ သောအမှုအရာတိုင်းသည် ခရစ်တော်နှင့်ဆက်စပ်နေသော အရာ ကိုပုံဆောင်ထားပြီး ယောသပ်၏နောက်ခံသမိုင်းနှင့် ခရစ်တော်၏ အကြောင်းအရာတို့ကြောင့်ဖြစ်သည်မှာ သံသယဖြစ်စရာပင် မလို ပါ။ သို့မှသာ ကျွနု်ပ်တို့သည် တူညီသောအချက်တစ်ရာကို မှန် ကန်စွာရှာဖွေနိူင်မည်ဖြစ်သည်။ (Arthur W. Pink, Gleanings in Genesis, Moody Press, ၁၉၈၁၊ စာ- ၃၄၂၊ ၃၄၃)

ယောသပ်သည် ကြွလာမည့်ခရစ်တော်ကို ရှင်းရှင်းလင်းလင်းပုံဆောင်ထားသောသူ ဖြစ်ပါသည်။ လူအချို့က ဓမ္မသစ်ကျမ်းတွင် ယောသပ်ကိုဆန့်ကျင်ပုံဆောင်သောအရာမရှိဟု ဆိုကြပါသည်။ ကမ္ဘာဦး ၃၇း ၂ နှင့်စပ်လျဉ်းပြီး Scofield ကျမ်းစာမှတ်စုက "ယောသပ်သည် ခရစ်တော်ကိုပုံဆောင်ထားသည်ဟု မည်သည့်နေရာတွင်မျှဖော်ပြမထား" ဟုဆိုထားသည်။ ထိုအရာမှာ မှားယွင်းပါသည်။ ဓမ္မသစ်ကျမ်းရှိခရစ်ဝင်ကျမ်းလေးခုက ယောသပ်၏အသက်တာ သည် နည်းလမ်းပေါင်းများစွာဖြင့် ပုံဆောင်ထားချက်တစ်ခုဖြစ်သည်၊ သခင်ယေရှုခရစ်သည် ဆန့်ကျင်ပုံဆောင်ချက်ဖြစ်သည်၊ ပုံဆောင်ချက်၏ပြည့်စုံခြင်းဖြစ်သည်ကို ပြသသည်။ Scofield မှတ်စုက ဆက်လက်ဖော်ပြထားသည်မှာ "မတော်တဆဖြစ်ဖို့ရန် တူညီချက်များစွာရှိသည်" ဟု ဆိုသည်။ Arthur W. Pink က ယောသပ်နှင့်ဘုရားသခင်၏သားတော်ယေရှုတို့ကိုနှိုင်းယှဉ် လျက် "တူညီချက်တစ်ရာကျော်" ကို ပေးထားခဲ့သည်။ ကျွနု်ပ်သည် ထိုအချက်ပေါင်း ၁၀၀ ကို တရားဒေသနာတွင် ပေးထားနိူင်မည်မဟုတ်ပါ။ သို့သော် အရေးကြီးသည့်အချက်များကိုပေး ထားမည်ဖြစ်သည်။

၁။ ပထမအချက်၊ ယောသပ်၏မွေးဖွါးခြင်းနှင့်ယေရှု၏မွေးဖွါးခြင်းနှစ်ခုလုံးသည် အံ့သြ ဖွယ်ရာဖြစ်သည်။

ယောသပ်၏မိခင်မှာ ယာကုပ်၏ဇနီးမယား ရာခေလဖြစ်သည်။ သူမသည် ကလေးမရ နိူင်သောသူဖြစ်သည်။ သူမသည် ခင်ပွန်းသည်အား "ကလေးကို ငါ့အားပေးပါ၊ သို့မဟုတ် ငါသေမည်" ဟု အော်ဟစ်တောင်းဆိုခဲ့သည်။ (ကမ္ဘာ ၃၀း ၁ ) ယောသပ်သည် သူမကိုဆုံးမပြီး "ကျွနု်ပ်သည် ဘုရားကိုယ်စားဖြစ်သလော" ဟု မေးသည်။ ကျွနု်ပ်သည် ကလေးမွေးခြင်းမှထိန်း သိမ်းထားသည့် ဘုရားသခင်၏နေရာတွင်ရှိနေသလော။ သို့သော် ကာလအတန်ကြာလသော အခါ ကျွနု်ပ်တို့ဖတ်ရှုရသည်မှာ "ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၍ သူမကို နားညောင်းတော်မူသည်ဖြစ်၍ သူမ၏ဝမ်းကိုဖွင့်တော်မူ၏။ ထို့ကြောင့် သူသည် ပဋိသန္ဓေစွဲယူ ၍ သားယောကျ်ားကိုဖွါးမြင်သည်။ သူ၏နာမည်ကို ယောသပ်၏မှည့်သတည်း။" (ကမ္ဘာဦး ၃၀း ၂၂- ၂၄ ) ဒေါက်တာ J. Vernon McGee က "ယောသပ်၏မွေးဖွါးခြင်းသည် အံ့သြဖွယ်ဖြစ်ပြီး ၄င်းမှာ ဆုတောင်းခြင်းအဖြေသဘောဖြင့် ဘုရားသခင်၏ကြားဝင်ဖြန်ဖြေပေးခြင်းဖြစ်သည်။ သခင်ယောရှုသည် အပျိုကညာဝမ်းမှမွေးဖွါးလာသည်။ သူ၏မွေးဖွါးခြင်းသည် အံ့သြဖွယ်ရာ ဖြစ်သည်" ဟု ဆိုသည်။ (Thru the Bible, Thomas Nelson Publishers, ၁၉၈၁၊ အတွဲ-၁၊ စာ- ၁၅၀။) ကောင်းကင်တမန်က အပျိုကညာမာရိအား ဤသို့ဆိုသည်။

" ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား ၏တန်ခိုးအနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအ ကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသ ခင် ၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။" (လူကာ ၁း ၃၅ ) )

၂။ ဒုတိယအချက်၊ ယောသပ်နှင့်ယေရှုတို့သည် ၄င်းတို့ဖခင်၏နှစ်သက်မြတ်နိူးမှုကို ကန့်ကွက်ကြသည်။

ကမ္ဘာဦး ၃၇း ၃ က "ဣသရေလ(ယာကုပ်) သည် ယောသပ်ကို သူ၏သားအားလုံး ထက်ချစ်တော်မူတော်မူသည်။ အကြောင်းမှာ သူသည် အသက်ကြီးခါမှရသောသားဖြစ်သည်။" ယေရှုသည်နှစ်ခြင်းခံတော်မူသောအချိန်တွင် ရေထဲကထွက်လာသောအခါ ကောင်းကင်ဘုံမှ ဘုရားသခင်၏အသံမှာ "ငါနှစ်သက်မြတ်နိူးရာ ငါ၏ချစ်သားပေသည်" ဟူ၍ဖြစ်သည်။ (မဿဲ ၃း ၁၇)

၃။ တတိယအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် ၄င်းတို့၏အမှုတော်လုပ်ငန်း ကို အသက်သုံးဆယ်တွင်အစပြုကြသည်။

ကမ္ဘာဦး ၄၁း ၄၆ က "ယောသပ်သည် အဲဂုတ္တုဘုရင်ဖာရောရှေ့မှောက်သို့ရောက် သောအခါ အသက်သုံးဆယ်ရှိလေပြီ" ဟုဆိုသည်။ ထိုအရာမှာ ယောသပ်က သူ၏အဓိကလုပ် ငန်းတာဝန်ကို လုပ်ဆောင်သောအချိန်ဖြစ်သည်။ဓမ္မသစ်ကျမ်းက "ယေရှုသည် လောကကြီး တွင် အဓိကလုပ်ငန်းတာဝန်ကိုလုပ်ဆောင်သည့်အချိန်တွင် အသက်သုံး ဆယ်ဝန်းကျင်ရှိ သည်"ဟုဆိုသည်။ (လုကာ ၃း ၂၃ )

၄။ စတုတ္ထအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် ၄င်းတို့ညီအစ်ကိုများ၏မုန်း တီးခြင်းကိုခံကြသည်။

ကမ္ဘာဦး ၃၇း ၈ တွင် ဤသို့ဆိုသည်။

"အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြုရလိမ့်မည်လော၊ ငါ တို့ကိုအစိုးရလိမ့်မည်လောဟုပြန်ဆို၍၊ သူ၏အိပ်မက်နှင့်သူ၏စ အကြောင်းကြောင့် သာ၍မုန်းကြ၏။" ( (ကမ္ဘာဦး ၃၇း ၈ ) )

ယောသပ်၏အစ်ကိုတို့က သူတို့အဖေယောသပ်ကိုပိုချစ်သည်ကိုသိကြသောကြောင့် မုန်းကြပါ သည်။ "အဘသည်မိမိသားအပေါင်းတို့တွင် ယောသပ်ကို သာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့ သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍၊ မေတ္တာစကားကို သူ့အားမပြောနိူင်ကြ။"(ကမ္ဘာ ၃၇း ၄) သူတို့သည် ယောသပ်ကိုမုန်းတီးကြသောကြောင့် "သင်သည် ငါတို့ကို မင်းပြုရလိမ့်မည်လော" ဟုဆိုကြသည်။ (ကမ္ဘာဦး ၃၇း ၈ ) ဓမ္မသစ်ကျမ်းတွင် ယေရှုက သူ၏လူမျိုးများက ၄င်းအား မုန်းတီးကြကာ "ထိုသူ၏အအုပ်အချုပ်ကိုမလုပ်ပါဟု တမန်ကိုသူ့နောက်သို့စေလွှတ်ကြ၏"ဟု ဆိုကြသည်။ (လုကာ ၁၉း ၁၄ ) ထို့အပြင်ယောရှုက "အကြောင်းမရှိဘဲလျက် ငါ့ကိုမုန်းကြ သည်" ဟုဆိုသည်။ (ယောဟန် ၁၅း ၂၅ ) ဒေါက်တာ J. Vernon McGee က "ယောသပ် သည် သူ၏အစ်ကိုများကိုချဉ်းကပ်သဖြင့် သူတို့သည် သူ့ကိုမကောင်းကြံစည်ကြသည်။ သူသည် အဆင့်အတန်းကိုထင်ရှားစေသည့် အရောင်စုံဖြင့်ကုတ်အကျင်္ီကို၀တ်ဆင်ထားသည်။ ယောသပ်သည် အသက်အရွယ်အားဖြင့် အစ်ကိုများထက်ငယ်ရွယ်သော်လည်း သူ့အစ်ကို များအထက်တွင်ရှိသည်။ ထို့ကြောင့် သူ့ကိုမနာလိုမုန်းတီးကြသည်။ သူ့ကိုသတ်ရန်ကြံစည် ကြသည်" ဟုဆိုသည်။ (McGee, ၄င်း၊ ကမ္ဘာဦး ၃၇း ၁၈- ၂၀ မှတ်စု )

၅။ ပဥ္စမအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် ၄င်းတို့ညီအစ်ကိုများ၏ပူးပေါင်း ကြံစည်မှုကိုခံရကြသည်။

ကမ္ဘာဦး ၃၇း ၁၈ က ဤသို့ဆိုသည်။

"အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊အစ်ကိုတို့သည်မြင်လျှင်သတ် ခြင်းငှါတိုင်ပင်ကြလျက်"။

ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြပါစို့။

"ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသောယဇ်ပုု ရောဟိတ်မင်း၏အိမ်၌စည်းဝေးကြပြီးလျှင် ၊ ယေရှုကို ပရိယာယ် အားဖြင့်ဖမ်းဆီး၍ သတ်အံ့သောငှါတိုင်ပင်ကြ၏။" ((မဿဲ ၂၆း ၃၊ ၄) )

၆။ ဆဌမအချက်၊ ယောသပ်နှင့်ယေရှုသည် ငွေအသပြာဖြင့်ရောင်းစားခြင်းခံရသည်။

ယောသပ်၏အစ်ကိုများသည် သူ့အား ကျင်းထဲသို့ချပစ်ကြသည်။ အဲဂုတ္တုကုန်သည်များကို တွေ့လျှင် "ငွေအသပြာ နှစ်ဆယ်ဖြင့် ဣရှမေလများထံရောင်းစားခဲ့ကြသည်။" (ကမ္ဘာ ၃၇း ၂၈)

ယုဒသည် ယေရှုကိုသစ္စာဖောက်သောအခါ သူသည် ယဇ်ပုရောဟိတ်အကြီးအကဲတို့ ထံသွား၍"အကျွနု်ပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါ မည်နည်းဟုလျှောက်သော် သူတို့က ငွေအကျပ်သုံးဆယ်ပေးမည်" ဟု ၀န်ခံကြ၏။ (မဿဲ ၂၆း ၁၅ )

၇။ သတ္တမအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးလုံးတွင် အသွေးတန်ဖိုးရှိကြသည်။

ယောသပ်၏အစ်ကိုများသည် သူ့အား အာရပ်ကုန်သည်များထံရောင်းလိုက်ပြီးနောက် "ယောသပ်၏အင်္ကျီကိုယူကာ ဆိတ်သူငယ်ကိုသတ်ပြီး အင်္ကျီကို အသွေးထဲနှစ်ကြသည်။" (ကမ္ဘာဦး ၃၇း ၃၁ ) သူတို့သည် သခင်ယေရှု၏ဝတ်လုံတော်ကိုယူ၍ သူသည် လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံတော်မူသည်ဖြစ်၍ အလောင်းအစားပြုကြသည်။

"စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးမှ၊ အ ၀တ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီယူကြလေ ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်။" ( (ယောဟန် ၁၉း ၂၃) )

၈။ အဌမအချက်၊ ယောသပ်နှင့်ယေရှုသည် ၄င်းတို့၏ညီအစ်ကိုများနှင့်အတန်ကြာ ကွဲကွာခဲ့သည်။

ဒေါက်တာ McGee က ဤသို့ဆိုသည်။

"ယောသပ်ကိုအဲဂုတ္တုပြည်သို့ရောင်းစားပြီးနောက် သူသည် နှစ် ပေါင်းများစွာ အသိမဲ့ဖြစ်သွားသည်။ ခရစ်တော်သည် ကောင်း ကင်ဘုံသို့တက်ကြွတော်မူခဲ့သည်။ သူ၏တပည့်တော်များကို ပြန် လာသည်တိုင်အောင် တွေ့မြင်ရမည်မဟုတ်၊" ဒုတိယအကြိမ်ကြွ လာခြင်းကိုရည်ညွှန်းပြောဆိုသည်။

၉။ နဝမအချက်၊ ယောသပ်နှင့်ယေရှုသည် အမှောင်ထဲသို့ရောက်ခဲ့ကြသည်။

ယောသပ်သည် အဲဂုတ္တုပြည်သို့ ကျွန်အဖြစ်ရောင်းစားခြင်းသည် မှောင်မိုက်နှင့်သေ ခြင်းကိုပုံဆောင်သည်။ ယေရှု၏အလောင်းသည် သင်္ချိုင်းအမှောင်ခန်းတွင် ဆီလိမ်းကာချထား ပါသည်။

ဒေါက်တာ M. R. DeHaan က "ယောသပ်သည် အဝတ်အစားများကိုချွတ်လျက် သေ ရန် တွင်းထဲချထားခြင်းခံရသည်၊ သို့သော သူသည် သေခြင်းထဲက အသက်ပြန်လည်ရှင်လာ သည်။" ထိုနည်းတူ ယေရှုသည် အစ္စတာတနင်္ဂနွေနံနက်တွင် သေခြင်းမှ ပြန်လည်ထမြောက် တော်မူခဲ့သည် ဟုဆိုသည်။ (M. R. DeHaan, M.D., ခရစ်ယာန်ကမ္ဘာဦးကိုပုံဆောင်ခြင်း၊ Zondervan Publishing House, ၁၉၆၆၊ စာ- ၁၇၁ ) ဆာလံဆရာဒါ၀ိဒ်က "အကြောင်းမူကား၊ ကိုယ်တော်သည် အကျွနု်ပ်၏ဝိညာဉ်ကို မရဏာနိူင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့် ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကိုပြညွှန် တော်မူလိမ့်မည်" ( ဆာလံ ၁၆း ၁၀ ) ဟုဆိုသည်။ တမန်တော်ပေတရုကလည်း တမန်တော် ၂း ၃၁ တွင် ခရစ်တော်နှင့်ပါတ်သက်ပြီး ဤသို့ဆိုသည်။ ထို့ကြောင့် ယောသပ်နှင့်ယေရှုသည် အမှောင်ထဲသို့သွားလျက် သေခြင်းမှပြန်လည်ထမြောက်လာကြသည်။

၁၀။ ဒသမအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် လောကကိုကယ်တင်သော သူများဖြစ်လာခဲ့ကြသည်။

ယောသပ်သည် အာရပ်ကုန်သည်များထံ ငွေနှစ်ဆယ်ဖြင့်ရောင်းစားခြင်းကိုခံရပြီး အဲဂုတ္တုပြည်သို့ပို့ဆောင်ခြင်းကိုခံရသည်။ အီဂျစ်ပြည်တွင် သူ့ကိုပုံဆောင်ထားပြီး ယေရှုသည် အလွန်ကြွယ်ဝချမ်းသာတော်မူသည်။ ဒေါက်တာ DeHaan က ဤသို့ဆိုသည်။

"ယောသပ်ကို အဲဂုတ္တုပြည်သို့စေလွှတ်ခြင်းခံရသည်။ (လောကကိုပုံ ဆောင်ထား သည်) ထို့အပြင် အစေခံဖြစ်လာခဲ့သည်(ယေရှုပြုသကဲ့သို့ပင်ဖြစ်သည်။) သူသည် ပေါတိဖာ မိန်းမ၏မတရားစွက်စွဲခြင်းကိုခံရပြီးအကျဉ်းချထားခြင်းကိုခံရသည်။ သူသည် ခုခံကာကွယ်ရန် လည်းမကြိုးစားခဲ့ပါ။ သူသည် {ယေရှုပြုတော်မူသည်အတိုင်း} ထောင်ထဲတွင် အပြစ်သားအ ဖြစ်ရေတွက်ဝင်ခြင်းကိုခံရသည်။ သူသည် ထောင်ထဲတွင်ရှိနေစဉ်အခါ ဘုရင့်ဖလားတော်ဝင် ကို ကယ်တင်သောသူဖြစ်လာခဲ့သည်။ သို့သော် စားတော်ဝန်ကိုတရားစီရင်ခြင်းမှာ (ယေရှုနှင့် အတူစီရင်ခြင်းခံကြသောအပြစ်သားများကိုပုံဆောင်သည်။) စားတော်ဝင်သည် လွတ်မြောက် ခြင်းကိုခံရသည်။ နောက်ပိုင်းတွင် သူသည် ယောသပ်၏နာမည်ကို အိပ်မက်ကိုကြောက်ရွ့ံနေ သောရှင်ဘုရင်ထား ပြောကြားခဲ့သည်။ ယောသပ်သည် အခေါ်ခံရပြီး ဖာရောဘုရင်၏အိပ်မက် ကိုအနက်ဖတ်ပေးခဲ့သည်။ [အဲဂုတ္တုပြည်တလျှောက်လုံးတွင် ၀ပြောသောနှစ်ခုနှစ်နှစ်ရှိလိမ့် မည်။ ထို့နောက်မှ အစာခေါင်းပါးသောနှစ် ခုနှစ်နှစ်ပေါ်လာ၍၊ အဲဂုတ္တုပြည်၌ အလုံးစုံသောဝ ပြောခြင်းသည် တိမ်မြှုပ်လျက်အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံးပျက်စီးလိမ့်မည်။ကမ္ဘာဦး ၄၁း ၂၉- ၃၀] ယောသပ်သည် ချီးမြောက်ခြင်းကိုခံတော်မူသည်။" (DeHaan, ၄င်း၊ စာ- ၁၇၁)

ဖာရောဘုရင်သည် ယောသပ်ကိုသဘောကျပြီး သူ့ကို "ဘုရားသခင်၏သန့်ရှင်းသော ၀ိညာဉ်ကျိန်းဝပ်သောသူ" ဟု ခေါ်လေသည်။ ( ကမ္ဘာဦး ၄၁း ၃၈) ထို့နောက် ဖာရောဘုရင် သည် ယောသပ်အား ၄င်း၏ဝန်ကြီးရာထူးကိုပေးတော်မူပြီး ဖာရောဘုရင်နောက် ရာထူးအကြီး ဆုံးဖြစ်လာလေသည်။ ယောသပ်သည် အဲဂုတ္တိလူများကိုစုလျက် ၀ပြောသောနှစ်ခုနှစ်နှစ်အ တွင်းအစာကို စုသိမ်းကြသည်။ ထို့နောက် အစာခေါင်းပါးခြင်းခုနှစ်နှစ်သည် အစပြုသည်။

"နောက်တဖန်အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့သည် မွတ်သိပ် သောအခါ စားစရာကိုရပါမည်အကြောင်း ဖာရောမင်းထံ၌ကြွေး ကြော်ကြ၏။ ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီ ရင်သည်အတိုင်းပြုကြဟုအဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့အား မိန့်တော်မူ၏။ မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသောအခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ်အတိုင်း အစာခေါင်း ပါးသတည်း။ ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာခေါင်းပါး သောကြောင့်၊ အသီးအသီးသော ပြည်သားတို့သည် စပါးကို၀ယ် ခြင်းငှါ အဲဂုတ္တုပြည်ယောသပ်ထံသို့ လာရောက်ကြ၏။" (ကမ္ဘာဦး ၄၁း ၅၅- ၅၇ ) )

ထို့နောက် ယောသပ်သည် လောကကို ကယ်တင်သောသူဖြစ်လာခဲ့သည်။ ဒေါက်တာ McGee က "ယောသပ်သည် မုန့်ကိုပိုင်ဆိုင်သောသဖြစ်သည်အချက်ကို စိတ်ဝင်စားစေလိုသည်၊ ထိုအ ရာနှင့်တူညီသောအချက်ရှိသေးသည်။ ယေရှုက 'ငါသည် အသက်မုန့်ဖြစ်သည်။ ငါ့ထံသို့လာ သောသူသည် နောက်တဖန် အဆာအမွတ်မခံရ'"(ယောဟန် ၆း ၃၅) ဟု ဆိုသည်။ McGee, ၄င်း၊ စာ- ၁၆၈၊ ကမ္ဘာဦး ၄၁း ၅၄- ၅၅ မှတ်စု။

"ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာခေါင်းပါးသောကြောင့် အသီးအသီးသောပြည်သားတို့သည် စပါးကို၀ယ်ခြင်းငှါ အဲဂုတ္တု ပြည်ယောသပ်ထံသို့ လာရောက်ကြ၏။" ( (ကမ္ဘာဦး ၄၁း ၅၇ ) )

လောကတွင်ရှိကြသောလူတို့သည် အစားအစာကိုရရှိစေခြင်းငှါ ယောသပ်ထံသို့လာကြသည်။ ထို့နည်းတူ ယေရှုက သူသည် အသက်မုန့်ဖြစ်တော်မူကြောင်း၊ သူ့ထံသို့လာသောသူသည် နောက်တဖန် အစာငတ်မွတ်ခြင်းမရှိတော့မည်အကြောင်း" ဆိုသည်။ တကမ္ဘာလုံးတွင်ရှိကြ သောလူတို့သည် အစားအစာကိုရရှိဖို့ရန် ယောသပ်ထံသို့လာကြသောကြောင့် သင်သည် လည်း ကယ်တင်တော်မူခြင်းသိုိ့ ရောက်ဖို့ရန် ကြလာတော်မူကြောင်းကို သင်တို့သိရှိရပါမည်။ ယောသပ်သည် သူ့ထံသို့လာသော ကမ္ဘာ့အရပ်ရပ်ရှိလူများကို ကယ်တင်တော်မူခဲ့သည်။ ယေရှုသည် ယုံကြည်ခြင်းဖြင့် သူ့ထံသို့ရောက်ရှိလာသောသူများအား ကယ်တင်တော်မူခဲ့ပါ သည်။

အဲဂုတ္တုပြည်တွင် အစာရေစာရှိသည်ကို ယောသပ်၏အစ်ကိုများက ကြားသိကြသည်။ ထို့ကြောင့် သူတို့လိုအပ်သောအရာကို၀ယ်ယူဖို့ ယောသပ်ထံသို့သွားကြသည်။ ယောသပ် သည် ၄င်း၏အစ်ကိုများကိုမှတ်မိသော်လည်း အစ်ကိုများက ယောသပ်ကို မမှတ်မိကြ။ ယောသပ်သည် အဲဂုတ္တုပြည်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ သူ့ကို အဲဂုတ္တုပြည်သားဟု သာထင်မှတ်ကြပါသည်။ သူ့ကို မမှတ်မိနိူင်ကြ။ သူတို့သည် ဒုတိယအကြိမ်ရောက်လာကြ သောအခါ ယောသပ်သည် သူတို့ထံသို့ မိမိကိုယ်ကို အမှန်အတိုင်းပြောပြရန် အသင့်ရှိနေ သည်။

ယခုတွင် သင်တို့၏ကျမ်းစာအုပ်ထဲက ကမ္ဘာဦး ၄၅း ၁ ကို ကြည့်စေလိုသည်။ ယောသပ်သည် တွင်းထဲသို့ပစ်ချခြင်း၊ အဲဂုတ္တုပြည်သို့ကျွန်အဖြစ်ရောင်းချခြင်းဖြင့် သူ့ကို သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခဲ့ကြသောအစ်ကိုများနှင့် ထိတ်တိုက်တွေ့ကြသည်။ ယခုတွင် သူသည် ၄င်းတို့ရှေ့မှောက်တွင် အဲဂုတ္တုပြည်၏ဝန်ကြီးချုပ်အဖြစ် ရပ်နေသည်။ သူသည် အ ဘယ်သူဖြစ်သည်ကို သူတို့မသိသော်လည်း သူကမူ သူတို့ကို သိသည်။ ကျွနု်ပ်က ကမ္ဘာဦး ၄၅ ၏ပထမငါးပိုဒ်ကို ဖတ်မည်။ ဤသည်မှာ ကျမ်းစာထဲတွင် ကျွနု်ပ်၏စိတ်နှလုံးကို အလှုပ်နှိုးဆုံး ဖြစ်သည်။ ကျွနု်ပ်နှင့်အတူ ကြည့်ရှုပါ။

"ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူအပေါင်းတို့ရှေ့တွင်၊ဣ န္ဒြေကို မချုပ်တည်းနိူင်သောကြောင့်၊ လူအပေါင်းတို့ ငါ့ထံမှထွက် သွားကြဟု ဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြားသောသူတယောက်မျှမရှိရ။ သူသည်လည်း ကျယ်သောအ သံနှင့်ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင်ကြား ကြ၏။ အစ်ကိုတို့အားလည်း၊ ကျွနု်ပ်သည်ယောသပ်ဖြစ်၏။ ကျွနု်ပ် အဘသည် အသက်ရှင်သေးသလောဟုဆို၏။ အစ်ကိုတို့သည် စကားတုံ့ပြန်၍မပြောနိူင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏။ယောသပ်ကလည်း၊ ကျွနု်ပ်အနီးအပါးသို့လာကြပါလော ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ချဉ်းလာကြ ၏။ သူကလည်း ကျွနု်ပ်သည် အဲဂုတ္တုပြည်သို့ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။ သို့ရာတွင် သင်တို့သည် ကျွနု်ပ်ကို ဤအရပ် သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။အကြောင်းမူ ကား၊ ဘုရားသခင်သည် လူတို့အသက်ကိုစောင့်မခြေင်းငှါ သင်တို့ ရှေ့မှာ ကျွနု်ပ်ကိုစေလွှတ်တော်မူပြီ။"( (ကမ္ဘာဦး ၄၅း ၁- ၅ ) )

ကျေးဇူးပြုပြီး ဒေါက်တာ McGee ၏ မှတ်ချက်စကားကို နားထောင်ကြပါစို့။

[ယောသပ်]သည် ကျိုးပဲ့ကြေမွပြီး စတင်ငိုကြွေးပါသည်။ အဘယ့် ကြောင့်ငိုကြွေးသည်ကို ယောသပ်မှတပါး အဘယ်သူမျှမသိ။ ဤ အချိန်တွင် အစ်ကိုများပင်လျှင် မသိကြပါ။ ယေရှုသည် မိမိညီအစ် ကိုများဖြစ်ကြသော ယုဒလူတို့အား မိမိကိုယ်ကိုသိစေမည့်အချိန် ကာလသည် ရောက်လာလျက်ရှိသည်။ သူသည် ပထမအကြိမ် လာသောအခါ "မိမိလူတို့ထံသို့လာသော်လည်း၊ သူတို့သည် သူ့ ကိုလက်မခံကြ။" (ယောဟန် ၁း၁၁) တကယ်တော့ သူသည် လက်ဝါးကပ်တိုင်တွင် အသေခံရန် မိမိကိုယ်ကိုပေးဆပ်ခဲ့သည်။ သို့သော် သူသည် ဒုတိယအကြိမ်ကြွလာသောအခါ မိမိလူတို့အား မိမိအကြောင်းကိုသိစေမည်။ "သူတပါးကလည်း သင့်လက်၌ပေါ် သောဒဏ်ရာကား အဘယ်သို့နည်းဟုမေးလျှင်၊ ဤဒဏ်ရာကား၊ အကျွနု်ပ်၏အဆွေခင်ပွန်းအိမ်၌ခံရသောဒဏ်ရာဖြစ်ပါသည်ဟုပြန် ပြောလိမ့်မည်။" (ဇာခရိ ၁၃း ၆ ) ခရစ်တော်သည် မိမိကိုယ်ကို ညီ အစ်ကိုများထံထင်ရှားတော်မူမည်။ ထို့အပြင် "ထိုကာလ၌ ဒါ၀ိဒ် မင်းမျိုးနှင့်ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေး ကိုဆေးကြောစရာဘို့စမ်းရေတွင်းသည်ပွင့်လျက်ရှိလျက်မည်။" (ဇာခရိ ၁၃း ၁ ) ဤသည်မှာ သခင်ယေရှုနှင့်၄င်း၏ညီအစ်ကိုကြား မိသားစုကိစ္စတစ်ခုဖြစ်သည်။ ယောသပ်က မိမိအစ်ကိုများထံ မိမိ ကိုယ်ကိုပြသသည့် ဤဖြစ်ရပ်သည် ကျွနု်ပ်တို့အား ခရစ်တော်၏ မိမိကိုယ်ကိုထင်ရှားစေမည့် အံ့သြဘွယ်နေ့ရက်ကို ပေးထားပါ လျက်ရှိပါသည်။ (McGee, ၄င်း၊ စာ- ၁၇၉၊ ကမ္ဘာဦး ၄၅း ၁၊ ၂ မှတ်စု )

ကျွနု်ပ်သည် အနာဂတ္တိကျမ်းစကားနှင့်ပါတ်သက်ပြီး နှစ်ပေါင်းငါးဆယ်ကျော်ကြာမျှ လေ့လာမှတ်သားခဲ့ပါသည်။ သမ္မာကျမ်းစာက အံ့သြဘွယ်ရာနေ့ရက်တွင် ကမ္ဘာတစဝှမ်းရှိ ယုဒ လူတို့၏ကယ်တင်ခြင်းအကြောင်းကို ရှင်းရှင်းလင်းလင်းသွန်သင်ထားပါသည်။ ရောမ ၁၁း ၂၅၊ ၂၆ ကို ကြည့်ကြပါစို့။

"ညီအစ်ကိုတို့၊ သင်တို့သည် ၀ါကြွားသောစိတ်မရှိစေမည်အ ကြောင်း၊ တပါးအမျိုးသားအပေါင်းတို့သည် မဝင်မှီတိုင်အောင်၊ ဣ သရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်း ဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။ ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်းတို့သည် ကယ် တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ် လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့။" ( ရောမ ၁၁း ၂၅၊ ၂၆ ) )

ကျွနု်ပ်တို့နားမလည်နိူင်သောအရာသည် နက်နဲသောအရာများပင်ဖြစ်ကြသတည်း။ ဣသရေ လလူမျိုးများကြားတွင် အမှောင်ဖုံးလွှမ်းမှုများဖြစ်ပေါ်လာနိူင်သည်။ တပါးအမျိုးသား (ယုဒမ ဟုတ်သူများ) ရောက်လာသောအချိန် ပြည့်စုံသည့်တိုင်အောင် ထိုသို့ဖြစ်လာပါမည်။ ထို့နောက် ဣသရေလလူမျိုးများသည် ကယ်တင်တော်မူခြင်းသို့ရောက်ကြမည်။ ကျမ်းစာချက်ဟူမူကား၊ ကယ် လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့။" (ရောမ ၁၁း ၂၅- ၂၆ )

"ဣသရေလလူမျိုးများသည် ကယ်တင်တော်မူခြင်းသို့ရောက်ကြမည်။"(ရောမ ၁၁း ၂၆) မကြာသေးခင်က ဤစကားလုံးများကို စာကြည့်တိုက်သင်တန်းတက်ရောက်သည့်နှစ်ခြင်း သင်းအုပ်တစ်ဦးအား ဖတ်ပြခဲ့သည်။ သူက "ထိုအကြောင်းဆိုလိုတာမဟုတ်ဘူး" ဟုဆိုသည်။ ကျွနု်ပ်က "ဘာဆိုလိုတယ်ဆိုတာ ငါပြောပြတာမဟုတ်ဘူး။ ငါဖတ်ပြရုံသက်သက်သာဖြစ်ပါ သည်" ဟုပြောလိုက်သည်။"ထိုနည်းတူ ဣသရေလလူမျိုးများသည်လည်း ကယ်တင်တော်မူ ခြင်းသို့ရောက်ကြမည်။" စကားလုံးများသည် ရေးသားသည်အဓိပ္ပါယ်ကို ဖော်ဆောင်နိူင်ကြပါ စေ။ ယောသပ်ကဲ့သို့ပင် သခင်ယေရှုသည် ချစ်ခြင်းကြောင့်ကျသောမျက်ရည်နှင့်ဝမ်းနည်းခြင်း တို့ဖြင့် မိမိက နှစ်နှစ်ကာကာချစ်သောယုဒလူမျိုးများကို ပွေ့ဖက်ရန် ပြန်လာမည်။ " ဣသရေ လလူမျိုးများသည် ကယ်တင်တော်မူခြင်းသို့ရောက်ကြမည်။" ဤသည်မှာ ဘုရားသခင်၏နှုတ် ကပါတ်တော်ဖြစ်သည်။ရပ်တည်ကြပါစို့။

ထို့ပြင် ယေရှုသည် ပျောက်ဆုံးသောတပါးအမျိုးသားများကို ချစ်သည်။ ယောသပ် သည် ကမ္ဘာတစ်ဝှမ်းရှိလူများအား အသက်ကိုပေးသောအစားအစာကိုပေးတော်မူသည်။ "အ ရပ်ရပ်တို့ရှိလူတို့သည် ယောသပ်ထံသို့လာ၍ အသီးအနှံကို၀ယ်ယူကြသည်။" (ကမ္ဘာ ၄၁း ၅၇) ယေရှုသည် ကျွနု်ပ်တို့၏ ယောသပ်ပင်ဖြစ်သည်။ ကျွနု်ပ်တို့ထံသို့လာာသည်။ သူ၏သန့်ရှင်း သောအသွေးတော်မြတ်ဖြင့် သူ၏အပြစ်အလုံးစုံကို ဆေးကြောတော်မူသည်။ သူသည် သေ ခြင်းမှထမြောက်ခြင်းအားဖြင့် ထာဝရအသက်ကိုပေးတော်မူမည်။ ခရစ်တော်ထံသို့လာရန် သင့် အား အကျွနု်ပ်တောင်းဆိုပါ၏။ ယေရှုကို ကိုးစားပါ။ သူ့ကိုသား ကိုးစားပါ။ သင့်အပြစ်ထဲက သင့်ကို ကယ်တင်တော်မူမည်။ အာမင်။ ဒေါက်တာ Chan ကျေးဇူးပြုပြီး ဆုတောင်းဦးဆောင် ပေးပါ။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ဆုတောင်းခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"မိတ်ဆွေယေရှုကျူး"၊ (Joseph Scriven ၁၈၁၉-၁၈၈၆) ရေးစပ်သည်။


အခှပှေုကမြွး

ယောသပ်နှင့်ယေရှုအကျဉ်းချုပ်

(ကမ္ဘာဦးကျမ်းနှင့်ပါတ်သက်ပြီး တရားဒေသနာ- 86
JOSEPH AND JESUS
(SERMON #86 ON THE BOOK OF GENESIS)

Dr. R. L. Hymers, Jr.

"သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှင်းဆဲခြင်းကိုအနှစ်လေးရာပတ်လုံးခံရ ကြလိမ့်မည်။ သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ထိုနောက် မှသူတို့သည်ထွက်၍ ဤအရပ်၌ငါ့အားဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူ၏။ ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိ ညာဉ်တရားကို အာဗြဟံအားပေးတော်မူ၏။ ထိုသို့ ဣဇာတ်ကိုဘွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာတ်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏အဘတကျိပ်နှစ်ပါးတည်း။ အမျိုး၏အဘတို့သည်လည်းငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတု္တပြည် သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင်မတော်မူလျက်၊ အ လုံးစုံသောဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကိုအစိုးရသောဖာ ရောဘုရင်ထံ၌မျက်နှာပွင့်လန်းခြင်းနှင့်ပညာအတတ်ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိူင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ် ကို ခန့်လေ၏။ ခါနန်ပြည်နှင့်အဲဂုတ္တုပြည်တရှောက်က်လုံး၌ အစာခေါင်းပါး ခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘများစားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်ရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊ ငါတို့အဘများ ကို ပဌမအကြိမ်တွင် စေလွှတ်လေ၏။ ဒုတိယအကြိမ်တွင် ယောသပ် သည် မိမိညီအစ်ကိုတို့အား မိမိအကြောင်းကိုဘော်ပြ၍၊ ဖာရောဘုရင် သည် ယောသပ်၏အမျိုးကိုသိလေ၏။ထိုအခါ ယောသပ်သည်စေလွှတ်၍ မိမိအဘယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနှစ်ကျိပ်ငါးယောက် သော မိမိအမျိုးသားချင်းအပေါင်းတို့ကို ခေါ်ပင့်လေ၏။" ( တမန် ရး ၆- ၁၄) )

၁။ ပထမအချက်၊ ယောသပ်၏မွေးဖွါးခြင်းနှင့်ယေရှု၏မွေးဖွါးခြင်းနှစ်ခုလုံးသည် အံ့သြ ဖွယ်ရာဖြစ်သည်။ ကမ္ဘာဦး ၃၀း ၁၊ ၂၂- ၂၄၊ လုကာ ၁း ၃၅ ။

၂။ ဒုတိယအချက်၊ ယောသပ်နှင့်ယေရှုတို့သည် ၄င်းတို့ဖခင်၏နှစ်သက်မြတ်နိူးမှုကို ကန့်ကွက်ကြသည်။ ကမ္ဘာဦး ၃၇း ၃၊ မဿဲ ၃း ၁၇

၃။ တတိယအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် ၄င်းတို့၏အမှုတော်လုပ်ငန်း ကို အသက်သုံးဆယ်တွင်အစပြုကြသည်။ ကမ္ဘာဦး ၄၁း ၄၆၊ လုကာ ၃း ၂၃။

၄။ စတုတ္ထအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် ၄င်းတို့ညီအစ်ကိုများ၏မုန်း တီးခြင်းကိုခံကြသည်။ ကမ္ဘာဦး ၃၇း ၈၊ ၄၊ လုကာ ၁၉း ၁၄၊ ယောဟန် ၁၅း ၂၅

၅။ ပဥ္စမအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် ၄င်းတို့ညီအစ်ကိုများ၏ပူးပေါင်း ကြံစည်မှုကိုခံရကြသည်။ ကမ္ဘာဦး ၃၇း ၁၈၊ မဿဲ ၂၆း ၃၊ ၄

၆။ ဆဌမအချက်၊ ယောသပ်နှင့်ယေရှုသည် ငွေအသပြာဖြင့်ရောင်းစားခြင်းခံရသည်။
ကမ္ဘာဦး ၃၇း ၂၈၊ မဿဲ ၂၆း ၁၅။

၇။ သတ္တမအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးလုံးတွင် အသွေးတန်ဖိုးရှိကြသည်။
ကမ္ဘာဦး ၃၇း ၃၁၊ ယောဟန် ၁၉း ၂၃

၈။ အဌမအချက်၊ ယောသပ်နှင့်ယေရှုသည်၄င်းတို့၏ညီအစ်ကိုများနှင့်အ တန်ကြာ ကွဲကွာခဲ့သည်။

၉။ နဝမအချက်၊ ယောသပ်နှင့်ယေရှုသည် အမှောင်ထဲသို့ရောက်ခဲ့ကြသည်။
ဆာလံ ၁၆း ၁၀၊ တမန် ၂း ၃၁

၁၀။ ဒသမအချက်၊ ယောသပ်နှင့်ယေရှုနှစ်ဦးစလုံးသည် လောကကိုကယ်တင်သောသူများ ဖြစ်လာခဲ့ကြသည်။ ကမ္ဘာဦး ၄၁း ၂၉၊ ၃၀၊ ၃၈၊ ၅၅-၅၇၊ ယောဟန် ၅း ၃၅၊ ကမ္ဘာဦး ၄၅း ၁- ၅၊ ယောဟန် ၁း ၁၁၊ ဇာခရိ ၁၃း ၆၊ ၁၊ ရောမ ၁၁း ၂၅၊ ၂၆၊ ကမ္ဘာဦး ၄၁း ၅၇။