Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




မျိုးစေ့ကြဲသူပုံဥပမာ

THE PARABLE OF THE SOWER
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
နိူဝင်ဘာလ( ၈ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles Lord’s Day Evening, November 8, 2015


ကျွန်ုပ်သည် ဤတရားဒေသနာကို ကျွန်ုပ်ဟောလေ့ဟောထရှိသောနည်းလမ်းများနှင့် မတူတဲ့ ကွဲပြားခြားနားသည့်နည်းလမ်းအားဖြင့် ဟောမည်ဖြစ်သည်။ မာကု အခန်းကြီး ၄ ကို ကြည့်ကြပါစို့။ ကျွန်ုပ်က မျိုးစေ့ကြဲသူ၏ ပုံဥပမာကို ရှင်းလင်းစွာ ရှင်းပြလိုပါသည်။ ထိုအချက် သည် မဿဲ၊ မာကု နှင့်လုကာတို့တွင် တွေ့ရှိရသော အကြောင်းအရာပင်ဖြစ်ပါသည်။ သို့သော် ယနေ့ညနေတွင် မာကုထဲတွင် ဖော်ပြထားသောအကြောင်းအရာကို လေ့လာကြမည်ဖြစ်သည်။ ဥပမာဟူသည်မှာ ယေရှုက သာဓကတစ်ခုအဖြစ်အသုံးပြုပြီး ဝိညာဉ်ရေးရာအကြောင်းအရာ ကို ရှင်းလင်းစေသောအရာပင်ဖြစ်သည်။

ဤပုံဥပမာ၏အဓိက သမ္မာတရားကား အဘယ်နည်း။ ဧဝံဂေလိတရားကိုကြားနာ သောလူအများတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ျခင်းဖြစ်သည်။ အဘယ်သို့ကယ်တင် တော်မူခြင်းသို့ရောက်မည်အကြောင်း ကြားနာသောလူအများတို့သည် ကယ်တင်တော်မူခြင်း သို့ရောက်မည်မဟုတ်။ သူတို့သည် ငရဲသို့သွားကြရမည်ဖြစ်သည္။ လူအုပ်ကြီးသည် ငရဲသို့ သွားကြရမည်ဖြစ်သည်။ လူစုအနည်းငယ်သာ ကယ်တင်တော်မူခြင်းသို့ရောက်ကြသည်။ ထိုအ ချက်က ယနေ့ခေတ်ကာလရှိလူများကို အံ့ဩမင်သက်စေသည်။ သူတို့က "တစ်စုံတစ်ယောက် ကို ငရဲသို့ပို့ဆောင်သောဘုရားသခင်ကို ငါအယုံအကြည်မရှိဘူး" ဟုဆိုကြသည်။ သင်ကလည် "သမ္မာကျမ်းစာထဲရှိဘုရားသခင်သည် လူတို့အား ငရဲသို့စေလွှတ္သည်" ဟုဆိုသည်။ သူတို့က "ထိုဘုရားကို ကျွန်ုပ်အယုံအကြည်မရှိပါ။ ကျွန်ုပ်၏ဘုရားသခင်သည် ထိုသို့လုပ်ဆောင်မည်မ ဟုတ်ပါ" ဟု ဆိုကြသည်။ သူတို့ဆိုလိုသည်မှာ သူတို့စိတ်နှလုံးဖြင့်စိတ်ကူးယဉ်ပြီးဖန်တီးလိုက် သောဘုရားသည် ထိုသို့သောအမှုကို မည်သည့်အချိန်တွင်မျှ လုပ်ဆောင်နိူင်မည်မဟုတ်။သို့ သော် ကျွန်ုပ်တို့ပြောဆိုနေသည်မှာ သင့်စိတ်နှလုံးတွင် ဖန်တီးကိုးကွယ်ထားသောဘုရားအ ကြောင်းမဟုတ်ပါ။ "သင်က ဘုရားသခင်ကို နားလည်သဘောပေါက်သည်အတိုင်း" လူတို့ပြော ဆိုနေကြသည့် "အဆင့်ခုနှစ်ဆင့်ဖြစ်သည်။" သို့သော် ကျွန်ုပ်သည် မှားယွင်းသောဘုရားတစ်စုံ တစ်ရာအကြောင်းကို ပြောဆိုနေခြင်းမဟုတ်ပါ။ မိမိစိတ်ထဲက "ဖန်တီးထား"သောဘုရားသည် မှားယွင်းသောဘုရားပင်ဖြစ်သည်။ "သင်နားလည်သဘောပေါက်သည့်အတိုင်းဖြစ်သည့် ဘုရား သခင်သည်" မှားယွင်းသောဘုရားသခင်ဖြစ်သည်။ ယခု ကျွန်ုပ်ပြောဆိုနေသောဘုရားသခင် မှာ သင်နားမလည်သောဘုရားသခင်အကြောင်းကိုပြောနေခြင်းဖြစ်သည်။ သူသည် မိမိအ ကြောင်းကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသောဘုရားသခင်ပင်ဖြစ်ပါသည်။ သူသည် သမ္မာ ကျမ်းစာထဲက ဘုရားသခင်ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားမရှိပေ။ ငါသည် သင်ယုံကြည် သော မှားယွင်းသည့်ဘုရားအကြောင်း ပြောဆိုနေသည်မဟုတ်။ ကျွန်ုပ်ပြောဆိုသောဘုရားမှာ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့် စစ်မှန်သောဘုရားသခင်အကြောင်းပင်ဖြစ်ပါသည်။ သင်၏မှားယွင်းသောဘုရားသည် လူတို့အား ငရဲသို့ပို့ဆောင်ခြင်းမရှိပါ။ သို့သော် စစ်မှန်သော ဘုရားသည် ငရဲသို့အမှန်တကယ်ပို့ဆောင်သည်။ မဿဲ ၇း ၁၃ တွင် သခင်ယေရှုက များစွာ သောသူတို့သည် ငရဲတွင် "ပျက်စီးခြင်းသို့ရောက်ကြမည်" ဟုဆိုသည်။ နောက်ထပ်ကျမ်းပိုဒ် တွင် သခင်ယေရှုက ကယ်တင်တော်မူခြင်းသို့ရောက်သောသူတို့သည် "အလွန်နည်းကြသည်" အမှန်တကယ် နည်းလွန်းကြသည်အကြောင်း မိန့်တော်မူခဲ့သည်။ ထိုအချက်သည် ဤပုံဥပမာ ၏ အဓိကသော့ချက်ပင်ဖြစ်ပါသည်။

ဤသည်မှာ ယေရှုခရစ်မိန့်တော်မူသည့် ရိုးစင်းသောပုံဝတ္ထုများပင်ဖြစ်ပါသည်။ သူက မျိုးစေ့ကြဲသူသည် မျိုးစေ့ကိုကြဲရန် ထွက်သွားသည်ဟု ဆိုသည်။ သူသည် မျိုးစေ့ကို ကြဲဖြန့် သည့်အခါ အချို့တို့မှာ လမ်းဘေးတွင် ကျသဖြင့် ငှက်တို့သည် အလျှင်အမြန်လာ၍ ကောက် ယူစားကြသည်။ အချို့တို့မှာ မြေဆီလွှာသိပ်မရှိလှသည့် ကျောက်ပေါများသည့်နေရာတွင်ကျ သဖြင့် လျှင်မြန်စွာကြီးထွားလာသော်လည်း နေရောင်အလင်းရောင်ကျလာသောအခါ အပင် တို့သည် ခြောက်သွေ့ပြီး သေကြေပျက်စီးသည်။ အကြောင်းမှာ သူတို့သည် ခိုင်မာသောအမြစ် ကို မတွယ်နိုင်ကြပါ။ အချို့တို့မှာ ဆူးပင်ပေါများသည့်ဆူးတောကြားထဲတွင် ကျသည်။ ပေါင်း ပင်များသည်ကြီးထွားလာသဖြင့် အပင်ကို မကြီးထွားနိူင်အောင် ချုပ်တည်းကြပါသည်။ ထို့ ကြောင့် သူတို့သည် အသီးကို မသီးနိူင်ကြ။ နောက်ဆုံးတွင် အချို့တို့သည် ကောင်းသောမြေ တွင် ကျသဖြင့် ကောင်းသောအသီးအနှံများကို သီးလာလေသည်။ ဤအကြောင်းအရာမှာ ပုံဥပမာပင်ဖြစ်သည်။ ရိုးစင်းသောပုံဝတ္ထုငယ်လေးဖြစ်သည်။ သို့သော် ထိုအကြောင်းအရာက အလွန်အရေးပါသော သမ္မာတရားကို ပြသသည်။ ဧဝံဂေလိတရားကိုကြားနာသော အနည်း ငယ်သောသူများသာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြသည်။

ဥပမာထဲတွင် တွေ့ရှိရသည့် မြေအမျိုးအစားလေးမျိုးက ဧဝံဂေလိတရားကိုကြားနာ သည့် လူအမျိုးအစားလေးမျိုးကို ကိုယ်စားပြုထားပါသည်။ မျိုးစေ့ဟူသည်မှာ ဘုရားသခင်၏ နှုတ်ကပါတ်တော်၊ သမ္မာကျမ်းစာ၊ ခရစ်တော်ယေရှုအားဖြင့် ကယ်တင်ခြင်းသတင်းစကားပင် ဖြစ်သည်။ ဤအသင်းတော်သို့ရောက်လာသောလူတိုင်းသည် ဧဝံဂေလိတရားကိုကြားကြ သည်။ ထိုအကြောင်းအရာနှင့်ပါတ်သက်ပြီး သူတို့လုပ်ဆောင်သောအရာများကို ပုံဥပမာထဲ တွင်တွေ့ရသော မြေဆီလေးမျိုးကို ကိုယ်စားပြုထားသည်။

၁။ ပထမအချက်၊ ဧဝံဂေလိတရားကိုကြားပြီး ချက်ချင်းမေ့လျော့သူများသည် ပျောက်ဆုံးသူများဖြစ်ကြသည်။

မာကု ၄း ၁၅ ကို ကြည့်ကြပါစို့။

"တရားစကားကိုတော၌ကြဲခြင်းအကြောင်းအရာကား၊တရားစကား ကိုကြားသည်ရှိသော်၊ စာတန်သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲ သော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။" ( (မာကု ၄း ၁၅ ) )

ဤသူတို့မှာ ကျွန်ုပ်တို့အသင်းတော်သို့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အလည်အပတ်လာသော သူများဖြစ်ကြသည်။ သူတို့က ဘုရားသခင်၏နှုတ်ကပါတ်တော်၊ ကယ်တင်ခြင်းသတင်းစကား ကို ကြားကြသည်။ သို့သော် "ကောင်းကင်၌ပျံဝဲနေသောငှက်တို့သည် လာ၍ စားသောက်ကြပါ သည်။" (မာကု ၄း ၄ ) မျိုးစေ့ကိုစားသောငှက်တို့သည် စာတန်နှင့် သူ၏နတ်ဆိုးများကို ပုံဆောင်ထားပါသည်။ "စာတန်သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသောတရားစကားကို နှုတ်ယူ တတ်သည်။" (မာကု ၄း ၁၅ )

ကျွန်ုပ်တို့သည် သူတို့အား ခရစ်တော်သည် သူတို့အပြစ်အတွက်ပေးဆပ်ရန် လက်ဝါး ကပ်တိုင်တွင် အသေခံတော်မူခဲ့ကြောင်းကို ပြောပြသည်။ နတ်ဆိုးများက သူတို့အား "နင်တို့မှာ အပြစ်မရှိပါဘူး၊ သင်တို့က လူကောင်းတွေပါ" ဟု ပြောလိုက်သည်။ ထို့ကြောင့် မာရ်နတ်သည် သူတို့စိတ်နှလုံးသားထဲက မျိုးစေ့ကို ပြန်လည်နှုတ်ယူခဲ့ပါသည်။ ကျွန်ုပ်တို့က "ခရစ်တော်သည် သင့်အား ထာဝရအသက်ကိုပေးရန် သေခြင်းမှထမြောက်တော်မူသည်" ဟုပြောကြသည်။ မာရ် နတ်က "ထိုအရာကို မယုံပါနှင့်။ ဒါက လှည့်ကွက်ပါ၊ ပုံပြင်ပါ" ဟုဆိုသည်။ ထို့ကြောင့် မာရ်နတ်သည် ကျွန်ုပ်တို့စိတ်နှလုံးသားထဲတွင်အလုပ်လုပ်ပြီး နှုတ်ကပါတ်တော်ကို နှုတ်ယူ သည်။ ယေရှုက ထိုအကြောင်းကိုရည်မှတ်၍ မာရ်နတ်သည် "လိမ်လည်သောသူ" (ယောဟန် ၈း ၄၄ ) ဟု မိန့်တော်မူသည်။ သင်သည် ဧဝံဂေလိတရားကိုကြား၍ ယုံကြည်သဖြင့် ကယ်တင် တော်မူခြင်းသို့ရောက်မည်အကြောင်း မဖြစ်စေရန် လိမ်လည်လှည့်ဖြားခဲ့သည်။ သူသည် သင့် အား အစေခံကျွန်ကဲ့သို့ ထိန်းသိမ်းထားပါသည်။

ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့တိုင်း ဧဝံဂေလိတရားကို ပျောက်ဆုံးသောသူများအသက် တာထဲသို့ ဆောင်ယူကြသည်။ အများစုက လုံးဝမလာကြတော့ပါ။ သူတို့အား ကယ်တင်ခြင်း သတင်းစကားကို ပေးကြသည်။ သူတို့အား နေ့လည်စာ (သို့မဟုတ် ညစာ ) ကျွေးပြီး မွေးနေ့ ပါတီပွဲများပြုလုပ်ပေးကြသည်။ အသင်းတော်သို့လာကြရန် လွယ်ကူသောနည်းလမ်းကို ဖန်တီး ကြပါသည်။ အများစုက ကျွန်ုပ်ဟောပြောခဲ့သည့်အကြောင်းအရာများကိုပင် သတိမရကြပါ။ အ ဘယ့်ကြောင့်နည်း။ အကြောင်းမှာ "စာတန်သည် ချက်ချင်းလာပြီး သူတို့နှလုံးသားထဲတွင် စိုက်ပျိုးထားသောမျိုးစေ့ကို နှုတ်ယူသွားသည်။" အဘယ့်ကြောင့်နည်း။ အချို့တို့သည် တရား ဒေသနာထိရောက်မှုမရှိဘဲလာကြသည်။ အဘယ့်ကြောင့်နည်း။ အချိန်တိုင်း မာရ်နတ်၏စကား ကိုသာနားထောင်ကြပါသည်။ သူသည် သူတို့နှလုံးသားထဲက နှုတ်ကပါတ်တော်ကို နှုတ်ယူ ထားသည်။ သူတို့အား အိမ်တွင် ဖတ်ရှုလို့ရအောင် နှုတ်ကပါတ်တော်မူရင်းစာသားများကို ပေးထားလိုက်ကြသည်။ သူတို့သည် ထိုအရာကိုဖတ်ပြီး အလေးအနက်စဉ်းစားကြပါသလား။ မစဉ်းစားကြပါ။ အများစုကတော့ အိမ်ပြန်ရောက်သည့်အချိန်တွင် အမှိုက်ပုံးထဲထည့်ကြမည် မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ အဘယ့်ကြောင့် လုပ်ဆောင်ကြရပါသနည်း။ အကြောင်းမှာ ယေရှုက "သခင်က၊ မြို့ပြင်၊ လမ်း မ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့" ဟု မိန့်တော် မူခဲ့သည်။ ဘုရားသခင်က ဤသို့မိန့်တော်မူခဲ့သည်။

"သူတို့သည် အလွန်ပုန်ကန်တတ်သောသဘောရှိသည်ဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ငါ့စကားကို သူတို့ အား ဟောပြောရမည်။"

( (ယေဇကျေလ ၂း

၇ ).)

ကျွန်ုပ်တို့သည် "နောက်ဆုံးသောကာလ" ထဲသို့ နက်နက်နဲနဲဝင်ရောက်နေကြပြီဖြစ်၍ လူတို့သည်လည်း ဘုရားသခင်ကို တိုး၍ဆန့်ကျင်လာကြသည်။ ထို့ကြောင့် မာရ်နတ်နှင့်၎င်း၏ အပေါင်းအပါများသည် လူတို့၏စိတ်နှလုံးသားထဲတွင် စိုက်ပျိုးထားသောဘုရားသခင်၏နှုတ်က ပါတ်တော်ကိုနှုတ်ယူရန် ပိုပိုလုပ်ဆောင်လာကြသည်။ သင်သည် လွန်ခဲ့သောနှစ်ပေါင်းလေး ဆယ်ကျော်က သင်သည် "သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ် ည ၇ း ၀၀ နာရီတွင်ရှိသည်" ဟု ဆိုသောအရာကို လုပ်ဆောင်နိူင်သည်။ လူငယ်များလာကြလိမ့်မည်။ သူတို့အများစုသည် နိမိတ်လက္ခဏာကို ဖတ်ရုံသက်သက်ဖတ်ကြပေလိမ့်မည်။ ကျွန်ုပ်သိပါသည်။ ကျွန်ုပ်သည် အသင်းတော်တစ်ခုကို ဆန်ဖရင့်ဆစ္စကိုတွင် ပျော်ရွှင်စွာအစပြုခဲ့ပါသည်။ သူတို့သည် အမှန်တ ကယ်ပင် အပြစ်သားများဖြစ်ကြပါသည်။

သူတို့သည် ဆိုးသွင်းကြသလောက် ယနေ့လူငယ်များထက် သာ၍ ကောင်းကြပါ သည်။ ယနေ့ခေတ်လူငယ်များသည် ထိုသို့သောခိုင်မာသည့်စိတ်နှလုံးများရှိကြသဖြင့် သင် သည် တူအားဖြင့်တွင် ထုဆစ်မနိူင်ဖြစ်ရပါသည်။ သို့သော် ကျွန်ုပ်တို့က "သူတို့သည် နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ" ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်။ အ ကြောင်းမှာ ထိုသို့လုပ်ဆောင်ရန် ဘုရားသခင်မိန့်တော်မူသည်။ တစ်ခါတစ်လေ ကျွန်ုပ်တို့သည် ရွေးချယ်ခံရသူများကြားတွင်ရှိသော သူ၊ ဧဝံဂေလိတရားကိုကြား၍ ယုံကြည်လက်ခံသောသူ တစ်စုံတစ်ယောက်ကို ရှာတွေ့သည်။ သို့သော် ဤခေတ်ကာလသည် အဆုံးပိုင်းသို့နီးကပ်လာ ပြီဖြစ်၍ ဤမျက်မှောက်ခေတ်ကမ္ဘာသည် အဆုံးသို့ရောက်လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ် တို့၏လူတို့အား "ခိုင်မာသောလှည့်စားမှုများကိုစေလွှတ်ခြင်း အားဖြင့်လည်းကောင်း၊ သူတို့ သည် လိမ်လည်မှုကို ယုံကြည်ခဲ့ကြသောကြောင့်လည်းကောင်း စီရင်တော်မူသည်ကို အနည်း ဆုံး ကျွန်ုပ်တို့နေထိုင်ရာ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပျက်နေသည်ဟု ထင်မိသည်။ (၂သက် ၂း ၁၁ ) သို့သော် ဘုရားသခင်သည် တားဆီးမရနိုင်သောကျေးဇူးတော်အားဖြင့် ရွေး နှုတ်ခံလူများအား ဆိုးသွင်းပြီး မာရ်နတ်အုပ်စိုးသောနေ့ရက်ကာလတွင်ဖြစ်စေကာမူ အထံ တော်သို့ဆွဲခေါ်တော်မူသည်။ ကျွန်ုပ်တို့သည် လူများစွာကိုတော့ မမျှော်လင့်ပါ။ ဘုရားသခင်က ရွေးနှုတ်ကယ်တင်ရန် ရွေးချယ်ထားသောလူနည်းစုကို ဟိုဟိုဒီဒီလိုက်ရှာနေကြရသည်။ အကြောင်းမှာ ယေရှုက "သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်၊ ငါသည် သင်တို့ကို ရွေးကောက်တော်မူသည်" (ယောဟန် ၁၅း ၁၆ ) ဟု မိန့်တော်မူသည်။ ရွေးနှုတ်ခြင်းကျေးဇူး တော်အားဖြင့် အကြင်သူတို့ကို ဘုရားသခင် ခေါ်ဆောင်လာပေလိမ့်မည်။ ဟာလေလုယ။ သို့ သော် ဘုရားသခင်ရွေးချယ်ခွဲခန့်မှတ်သားထားခြင်းမခံရသောသူများကို "စာတန်က ချုပ်ကိုင် ထားပြီး ကြားနာသမျှသောနှုတ်ကပါတ်တော်များကို သူတို့နှလုံးသားထဲမှ နှုတ်ယူတော်မူ သည်။" (မာကု ၄း ၁၅ ) သင်ကော အဘယ်သို့နည်း။ သင်သည် ဘုရားသခင်ရွေးချယ်ခွဲခန့်သူ တစ်ယောက်ဖြစ်သလော။ သို့မဟုတ် စာတန်က သင့်နှလုံးသားထဲရှိနှုတ်ကပါတ်တော်ကို နှုတ် ယူခွင့်ပြုသဖြင့် သွား၍ မိမိအပြစ်အတွက် သေလျက်ရှိနေသလား။ အကြောင်းမူကား၊ ယေရှုက "ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်သောသူနည်း၏" ဟု မိန့်တော်မူသည်။ (မဿဲ ၂၂း ၁၄ )

၂။ ဒုတိယအချက်၊ ဧဝံဂေလိတရားကိုကြား၍ ဝမ်းမြောက်စွာလက်ခံသော်လည်း သွေးဆောင်ဖြားယောင်းခြင်းကြုံသောအခါ ပျောက်ဆုံးသူများဖြစ်ကြသည်။

မာကု ၄း ၁၆၊ ၁၇ ကို ကြည့်ပါစို့။

"ကျောက်ပေါသောအရပ်၌ကြဲခြင်းအကြောင်းအရာကား၊ တရားစ ကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့်ချက်ခြင်းခံယူသော်လည် စိတ်နှလုံး၌အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့်ညင်းဆဲခြင်းကိုခံရသောအခါ ချက်ချင်းဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။" ( (မာကု ၄း ၁၆- ၁၇ ) )

ကျောက်ပေါသောအရပ်တွင်ရှိကြသောလူတို့သည် ပထမလူတို့နှင့်ဆန့်ကျင်ဘက်ပင်ဖြစ်ကြ သည်။ သူတို့သည် ဧဝံဂေလိတရားကို ဝမ်းမြောက်စွာလက်ခံရရှိကြပါသည်။ သူတို့သည် ဘုရားကျောင်းသို့ မေတ္တာတပွေ့တပိုက်ဖြင့် ရောက်လာကြသည်။ သူတို့သည် ဓမ္မသီချင်းများ ကို သီဆိုကျူးဧကြသည်။ သူတို့သည် ဧဝံဂေလိတရားဟောပြောကြသည်။ အလွန်တရာမြင့် မြတ်သောအရာပင်ဖြစ်သည်။ ထိုအရာကို သူတို့က ချစ်တော်မူသည်။ သူတို့သည် တရားဒေသ နာစာရွကို အိမ်သို့ယူဆောင်ကြပြီး ဂရုတစိုက် ဖတ်ရှုကြသည်။

သို့သော် တစ်စုံတစ်ခုက လွဲမှားနေသည်။ သူတို့တွင် "အမြစ်မရှိကြပါ။" သူတို့သည် ခရစ်တော်၌ အမြစ်မတွယ်ကြပါ။ (ကောလောသဲ ၂း ၇ ) ဒေါက်တာ J. Vernon McGee က "သူတို့သည် အမှန်တကယ်ပင် စိတ်ဝင်စားကြသော်လည်း၊ သူတို့သည် ခရစ်တော်နှင့်မိဿ ဟာရဖွဲ့ခြင်းမရှိကြပေ။ ၎င်းမှာ စိတ်လှုပ်ရှားမှုသက်သက်သာဖြစ်ပါသည်။ " ဟုဆိုသည်။ (Thru the Bible, မဿဲ ၁၃း ၂၀၊ ၂၁ မှတ်စု )

အတန်ကြာသောအခါ ဘုရားကျောင်းတွင်ရှိနေခြင်းက သူတို့ကို ဒုက္ခပေးသလိုမျိုးခံ စားကြရပါသည်။ အချို့တို့သည် လာကြသော်လည်း လာကြသကဲ့သို့မခံစားကြပါ။ ဒုက္ခဝေဒနာ ပေါင်းစုံကို ကြုံတွေ့ရကြသောအခါ "ဘုရားသခင်ကို ချက်ချင်းပင်ပြစ်မှားကြသည်။" သူတို့ သည် အမှန်တကယ် "လဲကျသွားကြသကဲ့သို့ဖြစ်သည်။" (NIV) ထိုအချက်သည် ခရစ္စမတ်နှင့် နှစ်သစ်ကူး"ကျောင်းပိတ်ရက်များ" အခါသမယတွင် ဖြစ်ပျက်လျက်ရှိသည်။ ကျွန်ုပ်တို့သည် သူတို့အား ခရစ္စမတ်အစီအစဉ်သို့လည်းကောင်း၊ ခရစ္စမတ်အကြိုအစီအစဉ်တွင်လည်းကောင်း၊ နှစ်သစ်ကူးအကြိုညတွင်လည်းကောင်း လာစေချင်သည်ကို သိကြပါသည်။ သူတို့ကလည်း လာဖို့အစီအစဉ်ရေးဆွဲကြပါသည်။ သို့သော် တစ်ခုခုထွက်ပေါ်လာသည်။ သူတို့ကို မယုံကြည် သူများနှင့်အတူ ခေါ်ဖိတ်ကြသည်။ သို့မဟုတ် တစ်စုံတစ်ခုဖြစ်ပျက်နေသည်။ သူတို့သည် လောကကို ပေးထားသည်။ သူတို့သည် "ဒုက္ခဝေဒနာရှိရာအရပ်" တွင် ပထမဆုံးအကြိမ်သွား ကြသည်။ သူတို့သည် "ကျောင်းပိတ်ရက်များဖြင့်" စစ်ဆေးခြင်းခံနေရချိန်္္္္တွင် "လဲကျသွား မည်လား။" သင်သည် လောကနှင့်ဆိုင်သော ပါတီပွဲများတွင် မယုံကြည်သူများနှင့်အတူတကွ သွားကြပါမည်လော။ သင်သည် ပျောက်ဆုံးသောသူငယ်ချင်းများနှင့် တစ်နေရာရာကို သွားကြ ပါမည်လော။ နှစ်တိုင်းနှစ်တိုင်း ခရစ်တော်၌အမြစ်မစွဲဘဲ ကျောင်းပိတ်ရက်များတွင် လဲကျသွား သည့် လူနည်းစုကို တွေ့ရှိရလေသည်။

ဒေါက်တာ David F. Wells သည် အလွန်ထင်ပေါ်ကျော်ကြားသော ပြုပြင်ဓမ္မပညာ ရှင်ဖြစ်ပါသည်။ သူက " ဤလူများသည် သတင်းစကားကို အမှန်တကယ်ယုံကြည်မည်ဆိုလျှင် တောင်းဆိုထားသည့် မိမိကိုယ်ကို အခပေးရခြင်းကို စိတ်ဝင်စားမှုမရှိသူများဖြစ်ကြသည်။ [ပြောင်းလဲသူများ]ဟုဆိုကြသည့် ဤသူတို့သည် သူတို့၏ဘဝအသက်တာကို ဤသို့ပြန်လှည့် လာရန် ငြင်းဆိုခဲ့ကြသည်။ ထိုသို့သောအခြေအနေကို အမေရိကန်ပြည်ထောင်စုတွင်လည်း များစွာ တွေ့ရှိရပါသည်။ " (David F. Wells, Ph.D., ပရိုတဲ့တင်းများ၏သတ္တိ၊ Eerdmans Publishing Company, ၂၀၀၈၊ စာ- ၈၉ )

ဒေါက်တာ J. Vernon McGee က ဤသူတို့အား "အာကာ-ဆဲလ်ဇာ ခရစ်ယာန်များ ဖြစ်ကြသည်။ သူတို့အထဲတွင် တက်ကြွမှုများစွာရှိသည်။ သူတို့သည် ခရစ်တော်နှင့်မိဿဟာရ မရှိကြပါ။ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်၊ သူတို့သည် ကျောက်ပေါ်တွင်ကျသော မျိုးစေ့ နှင့်တူကြသည်" ဟုဆိုသည်။ ( ၎င်း )

၃။ တတိယအချက်၊ ဧဝံဂေလိတရားကို ကြားနာသော်လည်း ဤကမ္ဘာ၏အ ထိအတွေ့များ၊ ကြွယ်ဝချမ်းသာခြင်း၏လှည့်စားမှုနှင့်အခြားသောတပ် မက်မှုများဖြင့်ရစ်ပတ်ခံရသူများသည် ပျောက်ဆုံးသူများဖြစ်ကြသည်။

မာကု ၄း ၁၈- ၁၉ ကို ကြည့်ကြပါစို့။

"ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား ၍၊ လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်း သောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုး ညင်းဆဲတတ်သောကြောင့် အသီးမသီးနိူင်ဟုဆိုလိုသတည်း။" ( (မာကု ၄း ၁၈- ၁၉) )

ဒေါက်တာ McGee က "နတ်ဆိုးတုိ႔သည် ရိုးရာဓလေ့ကိုထိန်းချုပ်ကိုင်တွယ်သဖြင့် ဇာတိသ ဘောသည် ကျောက်ပေါသည့်ရိုးရာကို စောင့်ရှောက်သည်။ သို့သော် လောကအရာတပ်မက်မှု များသည် ဤအတန်းအစားများ၏ ဘုရားနှုတ်ကပါတ်တော်ကြားနာခြင်းကို နှုတ်ယူသည်။ လောကတပ်မက်ခြင်း၏ဂရုစိုက်မှုသည် နှလုံးသားအထိစီးဆင်းသွားသည်။ လူများစုတို့သည် ဘုရားသခင်၏နှုတ်ကပါတ်တော်မှ ခွဲထွက်ပြီး လောကတပ်မက်စရာအလိုသို့လိုက်ကြပါ၏။" (၎င်း )

ကျွန်ုပ်တို့သည် အချိန်တိုင်း ဤသို့သောအရာများဖြစ်ပေါ်နေပါသည်။ အချို့လူငယ် များသည် ဘုရားကျောင်းသို့လာပြီး ပြောင်းလဲဟန်ဆောင်ကြသည်။ ထို့နောက် ခဏကြာသော် ဘွဲ့ရပြီး ငွေရအောင်ကြိုးစားအားထုတ်ကြသည်။ သူတို့သည် ကလေးတစ်ယောက်မွေးလာကြ သည်။ အခြားအရာများကို စ၍ တပ်မက်စွဲလန်းလာကြသည်။ ဤအကြောင်းကို တင်ပြရန် NIV ကို ကိုးကားပါမည်။ ထိုအရာက "နှုတ်ကပါတ်တော်ကိုနားထောင်ပါ၊ ဤဘဝအသက်တာ၏စိုး ရိမ်မှုများ၊ လောကီစည်းစိမ်၏လှည့်ဖြားမှုများ၊ အခြာအရာများသည် လာသဖြင့် နှုတ်ကပါတ် တော်ကို လွှမ်းမိုးနေပေလိမ့်မည်။"

လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်က လူများစွာတို့သည် အသင်းတော်ကို စွန့်ခွါခဲ့ကြ သည်။ Olivas အမည်ရသောသူသည် ကျွန်ုပ်တို့ကိုထားခဲ့ပြီး သီးခြားအသင်းတော်ကို အစပြုခဲ့ သည်။ သူက ကျွန်ုပ်တို့လူများအား ကျွန်တော်က အလွန်စည်းကမ်းကြီးတာဟု ဆိုသည်။ သူတို့ သည် တနင်္ဂနွေနေ့ညနေပိုင်း အစီအစဉ်တွင်လည်း ဘယ်သူမှမစွားကြပါ။ သူတို့က နေ့လည်စာ စားဖို့ မနက်ပိုင်း အစီအစဉ်ကို လိုလားကြသည်။ သူတို့က မယုံကြည်သူများအား အသင်းတော် သို့ ခေါ်လာဖို့ မလိုလားကြပါ။ သူတို့လုပ်ချင်သည်က သူတို့ကိုယ်တိုင်သာဖြစ်သည်။ အဆင်ပြေသည့်အချိန်မှာသာဖြစ်သည်။ အလွန်ကြီးမြတ်ပါပေသည်။ သူတို့သည် တရားဟော ဆရာဟောင်းကြီး၏ စည်းကမ်းထဲမှ လွတ်မြောက်ကြသည်။ သို့သော် မကြာခင်မှာပင် အများစု က ထိုအသင်းတော်ကို စွန့်ခွါကြပါသည်။ သူတို့၏အသင်းဝင်တစ်ယောက်က မစ္စတာ Prudhomme အား " ဤအသင်းတော်က လမ်းမှတ်တိုင်တစ်ခုသာဖြစ်သည်၊ လောကကိုပြန် သွားသည့်မှတ်တိုင်သာဖြစ်သည်" ဟု ပြောခဲ့သည်။ တဖန် ထိုသို့ဖြစ်လာမည်လော။ ဖြစ်နိူင်ပါ သည်။ ဤလောက၏ဂရုစိုက်မှု၊ စည်းစိမ်၏လှည့်ဖြားမှုနှင့်အခြားသောအရာများအပေါ်တပ်မက် မှုက သင့်ဘဝအသက်တာတွင်ရှိသော တရားစကားကို လွှမ်းမိုးလျှင် ဖြစ်နိူင်ပါသည်။ ကျောက် ပေါသည့်မြေတွင်တည်ထားသောအသင်းတော်တွင် ဖြစ်လိမ္႔မည် အမှန်ပင်။ ဟုတ်ပါတယ်၊ အမှန်တကယ်ဖြစ်နိူင်ပါတယ်။

ယခုတွင် ဒေါက်တာ J. Vernon McGee ၏စကားကို နားထောင်ကြပါစို့။

ဤမြေဆီသုံးမျိုးက ယုံကြည်သူ သုံးမျိုးကို ပုံဆောင်ထားခြင်းလုံး၀ မဟုတ်ပါ။ သူတို့သည် ယုံကြည်သူများ လုံးဝမဟုတ်ကြပါ။ သူတို့ သည် တရားစကားကိုကြားခဲ့ကြပြီး လက်ခံဖို့သာ ဝန်ခံကြသည်။ တနည်းအားဖြင့် သူတို့သည် ကယ်တင်ခြင်းသို့မရောက်ကြပါ။ လေးပုံတစ်ပုံသာ ကယ်တင်ခြင်းသို့ရောက်ကြသည်။ ရှင်းရှင်းပြော ရရင် ကျွန်ုပ်၏သာသနာလုပ်ငန်းတွင် ထိုအရာထက်နည်းသည့် ရာခိုင်နှုန်းကိုပင် ကျွန်ုပ်တွေ့မြင်ခဲ့ရပါသည်။ (McGee, ၎င်း၊ စာ- ၇၃- ၇၅ )

သူတို့သည် သွား၍ ကယ်တင်တော်မူခြင်းသို့ရောက်ကြကြောင်း ပြောကြသည်။ သို့သော် သူတို့ သည် ကယ်တင်ခြင်းရသည့်သူများမဟုတ်ကြပါ။ ဒေါက်တာ McGee ၏ စကားကို အပြည့်အဝ ထောက်ခံသည်။ သူက ဤသူတို့နှင့်ပါတ်သက်ပြီး ပျောက်ဆုံးသော ဧဝံဂေလိအသင်းသား များဖြစ်ကြသော "သူတို့ကို ကယ်လီဖိုးနီးယားတောင်ပိုင်းအမျိုးအဖြစ် ခွဲခြားသိမြင်သည်" ဟုဆိုသည်။ (၎င်း၊ စာ- ၇၃ ) ဒေါက်တာ David F. Wells က "သူတို့သည် ခရစ်ယာန်များအ တွက် စံပြများဖြစ်ကြသည်။ ထို့ကြောင့် ဧဝံဂေလိအသင်းတော်များစွာသည် ဆယ်ယောက်တွင် သမ္မာကျမ်းစာစကားအရ ခရစ်တာ်၏တပည့်တော်များဖြစ်လာရန် ဆိုလိုသည့် ဝိုးတိုးဝါးတားဖြစ် လွန်းသည့် အယူအဆရှိသည့် တစ်ယောက်ထက် နည်းသောသူများကို ဝါဒဖြန့်ဝေကြသည်။" (Wells, ၎င်း၊ စာ- ၉၁ ) ထိုအကြောင်းအတွက် အာမင်လို့ပြောချင်ပါတယ်၊ အစ်ကိုရယ်။

၄။ စတုတ္ထအချက်၊ ဧဝံဂေလိတရားကိုကြား၍ လက်ခံသဖြင့် အသီးကိုသီးသောသူ များသည် ကယ်တင်တော်မူခြင်းသို့ရောက်သောသူများဖြစ်ကြသည်။

အပိုဒ် ၂၀ ကို ကြည့်ရှုကြပါစို့။

"ကောင်းသောမြေ၌ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတ ရာပွါးများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။" ( (မာကု ၄း ၂၀ ) )

ဤသူတို့ကား အဘယ်သူတို့နည်း။ နာမည်အချို့ကိုပေးရန်မှာ အလွန်ပင် ရိုးစင်းလွန်းလှပါ သည်။ သင်လိုက်ရမည့် လူများပင် ဖြစ်ကြသတည်း။ သင်၏ဘဝတွင် အတုခိုးရမည့်သူများပင် ဖြစ်ကြပါသတည်း။ သူတို့သည် ဒေါက်တာ နှင့် မစ္စ Cagan ၊ ဒေါက်တာနှင့် မစ္စ Chan ၊ မစ္စတာ နှင့် မစ္စ Griffith ၊ မစ္စတာနှင့် မစ္စ Song ၊ မစ္စတာ နှင့် မစ္စ Mencia ၊ မစ္စ Salazar ( အထူးသ ဖြင့် သူမကိုဆိုလိုသည်။ )၊ မစ္စတာနှင့် မစ္စ Sanders ၊ မစ္စတာနှင့် မစ္စ Olivacce ၊ မစ္စတာနှင့် မစ္စ Prudhomme ၊ မစ္စတာနှင့် မစ္စ Lee ၊ မစ္စ Hymers ၊ မစ္စတာ Zabalaga , Sergio Melo, Emi Zabalaga, Lara Escobar, John Samuel Cagan ကဲ့သို့သော လူများပင်ဖြစ်ကြသတည်း။ အ နည်းငယ်ကိုသာ နာမည်နှင့်ပြောနိူင်သည်။ သူတို့၏စံနမူနာကိုယူ၍ လမ်းမှားသို့မသွားပါနှင့်။ အာမင်၊ ဟာလေလုယာ၊ ယေရှုနာမကို ချီးမွမ်းပါသည်။

ဤသည်မှာ ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းဖြင့် အစပြုပါသည်။ ခရစ်တော်ကို ယုံ ကြည်ကိုးစားခြင်းဖြင့် ကြီးထွားလာသည်။ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းဖြင့် တပည့်တော် များဆီသို့ စီးဆင်းလာသည်။ သီချင်းဟောင်းလေးတစ်ပုဒ်ကဲ့သို့ပင်ဖြစ်သည်။ "သူ့ကိုယုံကြည်၊ အဘယ်အမှုကြုံတွေ့ပါစေ၊ ယေရှုကိုယုံကြည်၊ အရာအားလုံးအတွက်။" ပထမအဖွဲ့သုံးဖွဲ့သည် ယေရှုကို ယုံကြည်ကိုးစားဖူးခြင်းမရှိကြပါ။ သူတို့သည် မိမိကိုယ်ကိုသာ ယုံကြည်ကိုးစားကြ သည်။ ထို့ကြောင့်သာလျှင် မိမိကိုယ်ကို "သွားခွင့်ပြု" သဖြင့် ဘုရားကျောင်းကို စွန့်ခွါကြသည်။ ယေရှုခရစ်တော်ကို အားမကိုးကြပါ။ သူတို့၏အတွေးအခေါ်နှင့် ခံစားချက်ကိုသား ဦးစားပေး ယုံကြည်ကိုးစားကြပါသည်။ မိမကိုယ်ကို အားကိုးခြင်းကို ရပ်တန်းကရပ်ပ၊ ခရစ်တော်ကို စတင် ယုံကြည်ကိုးစားပါ။ ယခုယုံကြည်ပါ။ မြင့်မြတ်သောအသွေးတော်အားဖြင့် သင်၏အပြစ်ကို ဆေးကြောတော်မူမည်။ သူ့ကို ယခုယုံကြည်ကိုးစားပါ။ ထာဝရအသက်ကို ချက်ချင်းရရှိပေ လိမ့်မည်။ အာမင်၊ ဟာလေလုယ၊ ယေရှုနာမတော်ကို ချီးမွမ်းပါသည်။ ဒေါက်တာ Chan ဆုတောင်းခြင်းဖြင့် ဦးဆောင်ပေးပါ။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ လုကာ ၈း ၁၁- ၁၅
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith "က ဂုဏ်တော်ချီးမွမ်းသည်။
"လောကကိုအောင်နိူင်ခဲ့ရင်"၊ (Anna Olander ၁၈၆၁-၁၉၃၉) ရေးစပ်သည်။


အခှပှေုကမြွး

မျိုးစေ့ကြဲသူပုံဥပမာ အကျဉ်းချုပ်

THE PARABLE OF THE SOWER

Dr. R. L. Hymers, Jr.

၁။ ပထမအချက်၊ ဧဝံဂေလိတရားကိုကြားပြီး ချက်ချင်းမေ့လျော့သူများသည် ပျောက်ဆုံး သူများဖြစ်ကြသည်။ မာကု ၄း ၁၅၊ ၄၊ ယောဟန် ၈း ၄၄၊ လုကာ ၁၄း ၂၃၊ ယေဇကျေလ ၂း ၇၊ ၂ သက်သာ ၂း ၁၁၊ ယောဟန် ၁၅း ၁၆၊ မဿဲ ၂၂း ၁၄။

၂။ ဒုတိယအချက်၊ ဧဝံဂေလိတရားကိုကြား၍ ဝမ်းမြောက်စွာလက်ခံသော်လည်း သွေး ဆောင်ဖြားယောင်းခြင်းကြုံသောအခါ ပျောက်ဆုံးသူများဖြစ်ကြသည်။ မာကု ၄း ၁၆၊ ၁၇၊ ကောလောသဲ ၂း ၁၇။

၃။ တတိယအချက်၊ ဧဝံဂေလိတရားကို ကြားနာသော်လည်း ဤကမ္ဘာ၏အထိအတွေ့ များ၊ ကြွယ်ဝချမ်းသာခြင်း၏လှည့်စားမှုနှင့်အခြားသောတပ်မက်မှုများဖြင့်ရစ်ပတ်ခံရ သူများသည် ပျောက်ဆုံးသူများဖြစ်ကြသည်။ မာကု ၄း ၁၈၊ ၁၉။

၄။ စတုတ္ထအချက်၊ ဧဝံဂေလိတရားကိုကြား၍ လက်ခံသဖြင့် အသီးကိုသီးသောသူများ သည် ကယ်တင်တော်မူခြင်းသို့ရောက်သောသူများဖြစ်ကြသည်။ မာကု ၄း ၂၀။