Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဟေရှာယ၏ပြောင်းလဲခြင်းနှင့်အမှုတော်အတွက်ခေါ်ခြင်း

THE CONVERSION AND CALL OF ISAIAH
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
နို၀င်ဘာလ ( ၁ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 1, 2015

"သြဇိမင်းကြီးအနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ ၏။"((ဟေရှာယ ၆း ၁))


ဟေရှာယအနာဂတ္တိကျမ်းသည် ဤအချက်ဖြင့် အမှန်တကယ်အစပြုထားပါသည်။ ကျမ်းစာအနက်ဖွင့်သူများစွာက ဤသည်မှာ ပရောက်ဖက်တစ်ယောက်အဖြစ် ဟေရှာယကို ဘုရားသခင်ခေါ်တော်မူခြင်းဖြစ်သည်ဟု ဆိုကြသည်။ အမှန်တကယ်လည်းဖြစ်ပါသည်။ သို့ သော် ထိုအကြောင်းအရာထက်များစွာသောအမှုအရာရှိပါသည်။ ဤသည်မှာ ဟေရှာယ၏ ပြောင်းလဲခြင်းနှင့်ပရောဖက်ပြုရန် ခေါ်တော်မူခြင်းဖြစ်သည်ဟု ကျွနု်ပ်ထင်မိပါသည်။ ထိုသို့ သောအဖြစ်မျိုးသည် ရှေးခေတ်တရားဟောဆရာများတွင် မကြာခဏဖြစ်လေ့ဖြစ်ထရှိသောအ ရာပင်ဖြစ်ပါသည်။ သူတို့သည် ပြောင်းလဲခြင်းကို ရင်ဆိုင်တွေ့ကြုံကြသောအခါ၊ ဘုရားသခင် က သူတို့အား အခြားသူများထံ တရားဟောစေလိုသည်ကို သတိပြုရပေမည်။ သို့သော် အရေး ပါသောအချက်တစ်ချက်မှာ ဤကျမ်းပိုဒ်က ယေရှာယမည်သို့ပြောင်းလဲလာသည်ကို ဖော်ပြနေ သည်ကိုထင်ရှားစေပါသည်။ ထို့အပြင် သင်သည် ပြောင်းလဲတော့မည်ဆိုလျှင် ဟေရှာယကြုံ တွေ့ခဲ့သကဲ့သို့ ကြုံတွေ့ရနိူင်ပါသည်။

၁။ ပထမအချက်။ ဘုရားသခင်ကို သိနားလည်ရမည်။

သင်သည် နှစ်ပေါင်းများစွာပင် ဘုရားကျောင်းသို့လာနိူင်ပါသည်။ ဘုရားသခင်၏ ကြောက်မက်ဖွယ်ကောင်းခြင်းကို မခံစားမသိမြင်သည်လည်းဖြစ်နိူင်ပါသည်။ သင်သည် သမ္မာ ကျမ်းစာကိုလေ့လာပြီး ဘုရားသခင်၏ကြောက်မက်ဖွယ်ကောင်းမြတ်ခြင်းကိုမြည်းစမ်းတော်မ မူဘဲ စကားလုံးဖြင့် နှစ်ပေါင်းများစွာ ဆုတောင်းရသည်လည်းဖြစ်နိူင်ပါသည်။ ထိုသို့သော အ တွေးအခေါ်က ကျွနု်ပ်၏နှလုံးသားကို နှစ်ပေါင်းများစွာကြာတိုးနှက်ရိုက်ခိုက်ခဲ့သည်။

တရုတ်နှစ်ခြင်းအသင်းတော်သို့မရောက်မှီ ကော်စီယန်းနှစ်ခြင်းအသင်းတော်တွင် အ သင်းသားအဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ကျွနု်ပ်သည် ဆယ်ကျော်သက်အရွက်သာရှိ သော်ညှားလည်း လူငယ်အများစုလိုလိုက ဘုရားသခင်နှင့်ဆက်ဆံရေးမကောင်းသည်ကို သိ မြင်ရပါသည်။ တနင်္ဂနွေနေ့တွင်လုပ်ဆောင်သည့်အရာမှာ မေးခွန်းမေးပြီး အဖြေပေးရုံသာဖြစ် သည်။ သူတို့သည် တရားဒေသနာအတွင်းတွင် မှတ်စုစာအုပ်များကို တွန့်လိမ်ပြီး တစ်ဦးပြီး တစ်ဦးကမ်းပေးကြပါသည်။ သူတို့သည် အသက်ကို မရကြပေ။ နားလည်မှုမရှိကြပေ။ အဘယ် အရာကိုမျှ အလေးထားခြင်းမရှိပေ။ သူတို့တွင် အဘယ်သူမျှ တိတ်ဆိတ်သောနေရာသို့သွားပြီး ဆုတောင်းကြမည်ဟု မထင်မိပါ။ သူတို့သည် ဘုရားသခင်၏အသက်မှ ကင်းကွာခဲ့ကြသည်။ (ဧဖက် ၄း ၁၈ )

သူတို့တွင် မှားယွင်းသောအရာကား အဘယ်နည်း။ သူတို့သည် ဘုရားမဲ့နေထိုင် အ သက်ရှင်ကြသည်။ သူတို့သည် ဘုရားသခင်အကြောင်းကို တခါတလေေတာင် မစဉ်းစားကြပါ။ ထိုသို့ဖြစ်မည်ဟု ကျွနု်ပ်ယုံကြည်သည်။ သို့သော် ဘုရားသခင်နှင့်ဆိုင်သော သူတို့၏အယူအ ဆသည် လွှဲမှားသောအယူအဆ၊ သို့မဟုတ် အတွင်းပိုင်း စိတ်ခံစားချက်သာဖြစ်ပေမည်။

ကျွနု်ပ်တို့အသင်းတော်တွင်လည်း ဘုရားသခင်ကိုမသိသောလူများစွာရှိကြပါသည်။ ဖြစ်ရိုးဖြစ်စဉ်တော့မဟုတ်သည်ကို သင်သိပါတယ်။ ထိုအရာမှာ နောက်ဆုံးသောကာလ ဤ ခေတ်သစ်ထုံးတမ်းစဉ်လာ၏အဆုံးပိုင်းတွင်ရှိကြကုန်သောလူအားလုံးနီးပါး ဖြစ်လေ့ဖြစ်ထရှိ သောအခြေအနေပင်ဖြစ်ပါသည်။ သင်က "ဘုရားသခင်သည် ကျွနု်ပ်တွင်အမှန်တကယ်ထင် ပေါ်သည်ဟု ဆိုလျှင်၊ ဘုရားသခင်သည် ကျွနု်ပ်အသက်တာတွင် အရေးအပါဆုံးသောသူဖြစ်ပါ သည်"ဟု သင်ဆိုခဲ့လျှင် သင့်ကျောင်းရှိ သူငယ်ချင်းများက မည်သို့ထင်မှတ်ကြပါမည်နည်း။ သင့်အလုပ်တွင်ရှိသောလူများက မည်သို့ထင်ကြမည်နည်း။ သင့်ကို အမြင်ကြည်လင်နိူင်ပါ့မ လား။ သင်သည် အလွန်ထူးဆန်းနေသောသူဟု မထင်ကြဘူးလား။ ယခုတွင် ကျွနု်ပ်တို့သည် စစ်မှန်သောအရာဘက်ဆီသို့ ထိုးဆင်းလာကြသည်။ သူတို့သည် ဘုရားသခင်ကို မသိရှိကြ။ သင့်ကိုလည်းမသိကြပါ။ ကျောင်း သို့မဟုတ် အလုပ်တွင် နေ့တိုင်း သင်ပြောဆိုနေသောသူများ ထက် ဤနေရာတွင်ရှိသောသူများစွာက ဘုရားသခင်၏ကြောက်မက်ဖွယ်ကောင်းခြင်းကို မသိ မမှတ်ကြပေ။

ဘုရားသခင်သည် သင်၏အထဲတွင် မရှိပါ။ ၄င်းမှာ အရေးကြီးသောအချက်ပင်ဖြစ်ပါ သည်။ သင်သည် ၀ိညာဉ်ရေးရာတွင်ကြီးထွားသည်ဟု အတန်းဖော်အားဆိုခဲ့လျှင် သူတို့အ တွက် ၀န်ထုတ်ဝန်ပိုးဖြစ်ပေလိမ့်မည်။ တနင်္ဂနွေနေ့အသင်းတော်ဘုရားကျောင်းတွင် ဘုရားသ ခင်အကြောင်း ကြားဖူးသလားဟုမေးလျှင် သူတို့အတွက် ၀န်ထုတ်ဝန်ပိုးကြီးဖြစ်ပေမည်။ သို့ သော် သူတို့အား မျက်စိဖြင့်ကြည့်ရှုမြင်ပြီး"လောကကိုဖန်ဆင်းသောဘုရားသခင်သည် သင့်ဘ ၀အသက်တာတွင် အရေးကြီးဆုံးနှင့်အစစ်မှန်ဆုံးဖြစ်ပါသည်" ဟုဆိုလျှင် သူတို့သည် သင့်ကို စိုက်ကြည့်ပြီး ရူးများရူးနေသလားဟု ထင်ကြပေမည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

"နားလည်သောသူမရှိ။ ဘုရားသခင်ကိုရှာသောသူမရှိ။" ( (ရောမ ၃း ၁၁ ) )

တဖန်၊ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

"လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိ ကြ။" ( (၁ကော ၁း ၂၁ ) )

နယူးဧဝံဂျယ်လီကယ်များသည် ပျောက်ဆုံးသောကမ္ဘာကြီးထက် ပိုကောင်းကြသည် ဟု မဆိုနိူင်ပါ။ သူတို့သည် ကျမ်းစာကျောင်းတွင် ကျမ်းစာလေ့လာရန်သွားကြသော်လည်း ဘု ရားသခင်အကြောင်း အလေးအနက်ထားပြောကြသည်ကို ကြားသိကြမည်မဟုတ်ပါ။ မိန်းက လေးများသည် ဟိုဟိုဒီဒီပြောဖို့အတွက် အဝေးသို့ထွက်သွားကြသည်။ ယောကျာ်းလေးများတ ချို့တလေရှိလျှင် မိန်းကလေးများကု "စစ်ဆေးဖို့သာ"ရှိကြသည်။ သူတို့သ် ဘုရားအကြောင်း ကို မစဉ်းစားကြပါ။ အနည်းဆုံး ကျမ်းစာထဲက ဘုရားသခင်အကြောင်းတောင်မစဉ်းစားကြပါ။ သင်သည် မွတ်စလင်ဖြစ်သည်၊ သို့မဟုတ် ကစ်သိုလစ်ဖြစ်သည်၊ သို့မဟုတ် ယုဒလူမျိုးဖြစ် သည်၊ သို့မဟုတ် နှစ်ခြင်းဖြစ်သည်ဟု ဆိုလျှင် ထိုအရာက သူတို့ကို ၀န်ထုတ်ဝန်ပိုးဖြစ်စေမည် မဟုတ်။ သင်က "ငါ့အထဲတွင် ဘုရားသခင်ရှိသည်၊ သင်တို့အထဲတွင်လည်းရှိသည်" ဟုဆို လိုက်လျှင် ထိုအရာက သူတို့ကို ဒုက္ခပေးလိမ့်မည်။ ယင်းမှာ ခေတ်သစ်တို့၏ အတွေးအခေါ်ပင် ဖြစ်ပါသည်။ သို့သော် သင်က "ဘုရားသခင်သည် အထက်တွင်ရှိပြီး ကျွနု်ပ်တို့ကို ငုံ့ကြည့်နေ သည၊် ကျွနု်ပ်တို့အပြစ်ဒုစရိုက်ကိုမြင်သည်ဖြစ်၍ တရားစီရင်တော်မူမည်" ဟုဆိုလျှင် မည်သို့ ဖြစ်မည်နည်း။ သင်သည် ရူးသွားပြီဟု သူတို့ထင်ပေလိမ့်မည်။

ဤခြေလှမ်းကို ဆက်လက်သွားကြပါစို့။ သင့်အကြောင်းကိုပြောကြပါစို့။ သင်သည် ဤနေရာတွင်ရှိနေပြီး မပြောင်းလဲသေးပါ။ ဘုရားသခင် သင်ကအကြောင်း မည်သို့စဉ်းစား သနည်း။ သူ့အကြောင်းကို တခါတလေ စဉ်းစားမိသည်မဟုတ်ပေဘူးလား။ သင်သည် မပြောင်းလဲသေးလျှင် သူ့အကြောင်းကို မှားယွင်းစွာ စဉ်းစားပေမည်။

ဟေရှာယတွင် ဤသို့သောအရာကြုံတွေ့နေသောလူငယ်တစ်ဦးဖြစ်ပါသည်။ သူသည် သမ္မာကျမ်းစာကို ဖတ်ရှုသည်။ သူသည် ဘုရားကျောင်းသို့လည်း သွားသည်။ သို့သော် ဘုရား သခင်ကို သူမသိ။ သူသည် ဘုရားသခင်အကြောင်းကုိသိခဲ့သော်လည်း ဘုရားသခင်ကို ကိုယ် တိုင်ကိုယ်ကျ မတွေ့သေးပေ။ သူသည် ယောဘကဲ့သို့ဖြစ်ပါသည်။ ယောဘက ဘုရားသခင် အား ဤသို့ဆိုသည်။

"သတင်းတော်ကို အကျွနု်ပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကိုမျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွနု်ပ်သည် ကိုယ်ကိုရွှံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။" ( (ယောဘ ၄၂း ၅၊ ၆ ) )

ယောဘကို ဘုရားသခင်နားညောင်းခဲ့သည်။ သို့သော် ဘုရားသခင်သည်"ယောဘအား မိုဃ်း သက်မုန်တိုင်းထဲက" မိန်းတော်မူခဲ့သည်။ (ယောဘ ၃၈း ၁၊ ၄၀း ၆ ) "ဘုရားသခင်သည် ယောဘစကားကိုလှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည်။" (NIV)

ဤအကြောင်းအရာကို လူ့ဘာသာစကားအားဖြင့် မည်သို့ရှင်းပြရမည်ကို ကျွနု်ပ်နားမ လည်ပါ။ ဇာတ်လမ်းမှန်ကို ရှင်းလင်းပြောကြားလျှင် အလွန်ကောင်းမည်ဟု ယူဆရသည်။ ဒေါက်တာ Cagan သည် ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ကို လုံးဝအယုံအ ကြည်မရှိ။ တစ်ခုသောညတွင် ဒေါက်တာ Cagan သည် အလွန်ပင်ကြောက်ရွံ့တုန်လှုပ်သည်။ သူသည် နံနက်ပိုင်းတွင် UCLA ၌ အရေးကြီးသည့် စစ်ဆေးမှုတစ်ခုနှင့်ရင်ဆိုင်နေရသည်။ သို့ သော် သူသည် ရုပ်ဝတ္ထုများကို လုံးဝနားမလည်ဖြစ်နေသည်။ နောက်တစ်နေ့တွင် ကျဆုံးမည် ကို သူသိသည်။ ဒေါက်တာ Cagan သည် အသက်တာတစ်လျှောက် ပထမဆုံးအနေဖြင့် ရုတ်တရက် ဆုတောင်းခဲ့သည်။ သူက "ဘုရားသခင် ခွင့်လွှတ်တော်မူပါ" ဟုဆိုခဲ့သည်။ ထို့ နောက် သူသည် အိပ်ပျော်သွားခဲ့သည်။ သူသည် စစ်ဆေးမှုကိုကျဆုံးမည်ကိုသိလျက် နိူးလာခဲ့ သည်။ သူသည် ကျောင်းခန်းထဲသို့ရောက်သောအခါ မေးခွန်းများကိုကြည့်ရှုပြီး အလွန်တကူ ဖြေဆိုနိူင်သဖြင့် အခန်းထဲတွင် အမှတ်ကောင်းကောင်း ရခဲ့သည်။ ထို့နောက်တွင် ဘုရားသခင် သည် စစ်မှန်သောဘုရားဖြစ်တော်မူကြောင်းကို သိခဲ့သည်။ စစ်မှန်သောဘုရားတစ်ဆူ အမှန် တကယ်ရှိတော်မူသည်။

ကျွနု်ပ်ဆယ့်ငါးနှစ်အရွယ်တွင် အဖွားသေဆုံးသဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာတစ်ခုနှင့် ကြုံတွေ့ခဲ့သည်။ ထိုမတိုင်မှီ စာပနအခန်းအနားတွင် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ဖြစ် ပျက်ခဲ့သည်။ ကျွနု်ပ်သည် Glendale ရှိ၊ Forest Lawn တောင်သို့ အဝေးဆုံးထွက်ပြေးခဲ့သည်။ ကျွနု်ပ်သည်မြေပြင်ပေါ်သို့လာကျသောအခါ ချွေးများတသီးသီးစီးကျလာသည်။ ထို့နောက် ဘုရားသခင်သည် ကျွနု်ပ်အပေါ်ဆင်းသက်ပြီး ဘုရားသခင်ရှိတော်မူကြောင်းကို ကျွနု်ပ်သိ သည်။ ကျွနု်ပ်သည် ဘုရားသခင်ဆင်းသက်လာသည့် ညတစ်ညက ယောသပ်ကို သတိရမိ သည်။

"ယာကုပ်သည် အိပ်ပျော်ရာမှနိုးလျှင်၊ အကယ်စင်စစ် ထာဝရဘု ရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ဤအရပ်ကား၊ အဘယ်လောက်ကြောက်မက်ဖွယ်ဖြစ်သည်တ ကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ဆို၏။" ( (ကမ္ဘာဦး ၂၈း ၁၆၊ ၁၇ ) )

ဒေါက်တာ Cagan ဖြစ်စေ သို့မဟုတ် ကျွနု်ပ်ဖြစ်စေ ထိုအတွေ့အကြုံများအားဖြင့် မပြောင်းလဲ ကြပါ။ သို့သော် ယောဘနှင့်အတူ "သိတင်းတော်ကို အကျွနု်ပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏" ဟု ဆိုနိူင်ပါသည်။ (ယောဘ ၄၂း ၅ ) သူသည် ဘုရားကို တကယ်မြင်တွေ့သည်ဟု မဆိုလိုပါ။ သူသည် ဘုရားသခင်အကြောင်းကို ကြားဖူးသော်လည်း ယခုတွင် ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်တော်မူကြောင်းကို လည်းကောင်း၊ သူသည် အပြစ်သားဖြစ်တော်မူကြောင်းကိုလည်းကောင်း အမှန်တကယ်သိမြင် လာသည်ဟု ဆိုလိုပေသည်။ ဆက်လက်၍ သူက "ထို့ကြောင့် အကျွနု်ပ်သည် ကိုယ်ကို ရွံ့ရှာ ပါ၏" ဟုဆိုသည်။ (၄င်း ) ဟေရှာယတွေ့ကြုံခဲ့သောအရာသည် ယာကုပ်၊ နှင့်ယောဘတို့တွေ့ ကြုံခဲ့သော သဘောတရားနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ ကျွနု်ပ်အသက် ဆယ့်ငါးနှစ်အရွယ် အဖွါး ၏စါပနအခမ်းအနာတွင် ဒေါက်တာ Cagan နှင့် ကျွနု်ပ်ကိုယ်တိုင် တွေ့ကြုံခဲ့သောအရာနှင့် လည်း တူပါသည်။ ဟေရှာယက ဤသို့ဆိုသည်။

"သြဇိမင်းကြီးအနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အ လွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။" ( (ဟေရှာယ ၆း ၁ ) )

ဒေါက်တာ J. Vernon McGee က ဤသို့ဆိုသည်။

သြဇိမင်းကြီးအနိစ္စရောက်သည့်နှစ်တွင် ဟေရှာယက "ရှင်ဘုရင် ကောင်း သြဇိသည် အနိစ္စရောက်ပြီ၊ အခြေအနေက ဆိုးသွားနိူင် သည်။ ဂျူးလူမျိုးများသည် ကျွန်အဖြစ်သိမ်းသွင်းခြင်းခံကြရမည်။ တိုးပွါးခြင်းသည်လည်း ရပ်တန့်လိမ့်မည်။ ဖိနှိပ်ခြင်းသည် လာလိမ့် မည်။ အစာခေါင်းပါးခြင်းသည်လည်း လာလိမ့်မည်" ဟု စဉ်းစား နေပေမည်။ ထိုသို့သောစိတ်ဖြင့် ဟေရှာယသည် လူတိုင်း လုပ် သင့်သောအလုပ်ကိုလုပ်သည်။ သူသည် ဗိမာန်တော်သို့သွား သည်။ ဘုရားသခင်၏ဗိမာန်တော်၌ ဟေရှာယက စစ်မှန်သောဘု ရင်သည် အနိစ္စရောက်တော်မမူကြောင်းကို စူးစမ်းရှာဖွေသည်။ "ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်နေ တော်မူသည်ကို ငါမြင်၏။ အဝတ်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။" ဘုရားသခင်သည် အမြင့်ဆုံးသော ပလ္လင်ပေါ်တွင် ထိုင်နေတော်မူ၏။ သူသည် အပြစ်နှင့်ရောနှောတော်မမူ။ ( J. Vernon McGee, Th.D., Thru the Bible, အတွဲ- ၃၊ Thomas Nelson Publishers, ၁၉၈၂၊ ဟေရှာယ ၆း ၁ မှတ်စု )

ယခုတွင် ဟေရှာယ ၆း ၃ ကို ဖတ်ရှုပါ။ ကောင်းကင်တမန်တို့ရှိကြသည်။

"”သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍မြွတ်ဆိုကြ၏။"( (ဟေရှာယ ၆း ၃ ) )

သူတို့က "သန့်ရှင်း၊ သန့်ရှင်း၊ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏" ဟု အော်ဟစ်ကြသည်။ ဒေါက်တာ W. A. Criswell, ဒါလ်လစ်ခ်ပြည်နယ်တွင် နှစ်ပေါင်းခြောက်ဆယ်ကြာ သင်းအုပ် လုပ်ဆောင်ခဲ့သူက သုံးပါးတစ်ဆူဖြစ်တော်မူသော "ဘုရားသခင်၏သုံးပါးဖြစ်တော်မူကြောင်း ကို ရည်ညွှန်းထားလိမ့်မည်" ဟု ထင်မိသည် ဟုဆိုသည်။ (W. A. Criswell. Ph.D., ဟေရှာယ၊ ရှင်းပြချက်တစ်ခု၊ Zondervan Publishing House, ၁၉၇၇၊ စာ- ၅၃ )

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း
   ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။
နံနက်အာရုဏ်လင်းချိန်
    ကျွနု်ပ်တို့၏ချီးမွမ်းခြင်းသည် ထလိမ့်မည်။
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း
   သနားခြင်းနှင့်ပြည့်စုံသော ဘုရားသခင်
သုံးပါးပေါင်းတစ်ဆူ ဘုရားသခင်
   မင်္ဂလာရှိတော်မူစေသတည်း။

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း
   အမှောင်သည် ဖုံးလွှမ်းရာအရပ်၊
အပြစ်ပြည့်နေသောလူတို့၏မျက်လုံး
    ကိုယ်တော်၏ဘုန်းတော်ကို မမြင်နိူင်ပါ။
ကိုယ်တော်သာလျှင် သန့်ရှင်းတော်မူ၏။
   ကိုယ်တော်မှတပါးမရှိပါ။
တန်ခိုးနှင့်ပြည့်တော်မူ၏
   မေတ္တာနှင့်သန့်ရှင်းခြင်းတရားတွင်ရှိ။
("သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊" Reginald Heber ၁၇၈၃-၁၈၂၆ ရေးစပ်သည်။ )

သင်သည် သမ္မာကျမ်းစာထဲက သုံးပါးတစ်ခုဘုရားသခင်သည် သိရှိနားလည်ထား ခြင်းမရှိလျှင်၊ သူ၏သန့်ရှင်းခြင်း၊ တရားမျှတခြင်း၊ သနားခြင်းကရုဏာကို သိနားလည်ခြင်းမရှိ လျှင် စစ်မှန်သောခရစ်ယာန်တစ်ယောက်ဖြစ်နိူင်ဖို့ မည်သို့မျှော်လင့်နိူင်မည်နည်း။

၂။ အပြစ်ကိုသိနားလည်ရမည်။

ဟေရှာယ ၆း ၅ ကို ကြည့်ကြပါစို့။

"ငါကလည်း၊ ငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူ ကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ် ခမ်းရှိသောသူတို့တွင် နေလျက်နှင့်၊ ကောင်းကင်ဘုံခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့်မြင် လေပြီတကားဟု ဆို၏။"( (ဟေရှာယ ၆း ၅ ) )

သုံးပါးတစ်ဆူဘုရားသခင်ကို သိနားလည်ခြင်းက ပရောဖက်အား မိမိအပြစ်ဖြစ်သည့် "မသန့်ရှင်းသောနှုတ်ရှိသောလူတစ်ယောက်" အဖြစ် မိမိကိုယ်ကို မြင်စေသည်။ ဘုရားသခင် သည် "လောကကိုစီရင်သောတရားသူကြီး" ဖြစ်ကြောင့် သင့်ထံသို့ မိမိကိုယ်ကို ထင်ရှားစေ ခြင်းမရှိလျှင် သင်သည် ထိုသို့သောသိမြင်ခြင်းရှိလာမည်မဟုတ်ပါ။ ဒေါက်တာ David Wells သည် ပြုပြင်ဓမ္မပညာရှင်တစ်ယောက်ဖြစ်သည်။ သူက ဤသို့ဆိုသည်။

ပရောဖက်သည် ဘုရားသခင်၏ဂုဏ်အင်္ဂါက လူတို့ကို ထားသော နေရာတွင် ကြောက်မက်ဖွယ် အန္တရယ်ရှိသည်ဟု ခံစားလာသည်။ သူ၏အလင်းတော်ထဲတွင် အဘယ်သူမျှ မရပ်တည်နိူင်ပါ။လူတိုင်း သည် ပျက်စီးခြင်းကို ခံရမည်။ အကြောင်းမှာ ထိုအရာသည် မှား ယွင်းသောအရာများအားလုံးဖြစ်သည့် တကိုယ်ကောင်းဆန်ခြင်း၊ မယုံကြည်ခြင်း၊ ကျေးဇူးမသိခြင်း၊ နာမခံခြင်းစသည်တို့ကို စူးစမ်း ရှာဖွေဖြေရှင်းလျက်ရှိသည်။ ဟေရှာယက သူ၏ရူပါရုံတွင် မြင်ခဲ့ သည်အတိုင်း ဘုရားသခင်သည် အလင်းတော်ထဲတွင် အဘယ် သူဖြစ်တော်မူကြောင်းကို ကြော်ငြာသည်။ "ငါကလည်း၊ ငါ၌ အမင်္ဂလာရှိ၏။ ငါ အကျိုးနည်းရှိပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသောလူ မျိုးတွင် နေလျက်နှင့်၊ ကောင်းကင်ဘုံခြေအရှင်ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟု ဆို၏။"(ဟေရှာယ ၆း ၅ ) ဤသည်မှာ ဘုရားသခင်၏အမှန်တ ကယ် လုံးဝဖြူစင်ခြင်းကို သက်သေထူသည့် ကျမ်းပိုဒ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ (David F. Wells, Ph.D., ကန့် ကွက်သူဖြစ်ရန် ခွန်အား၊ Eerdmans Publishing Company, ၂၀၀၈၊ စာ- ၁၂၅ )

ဒေါက်တာ W. A. Criswell က ဤသို့ဆိုသည်။

ဘုရားသခင်ကို တွေ့မြင်ရန် ၀ိညာဉ်မျက်စိဖွင့်ရမည်။ ဘုရားသခင် ကိုကြားနိူင်ရန် ၀ိညာဉ်နားကို စွင့်ရမည်။ မျက်စိမမြင်သောသူများ သည် တည်ရှိခြင်းမရှိ။ နားကန်းသောသူများသည် စကားကိုမ ပြောနိူင်။ မြင်စရာမျက်စိ၊ ကြားစရာနား၊ ခံစားစရာနှလုံးသားရှိ သောသူများထံတွင် ဘုရားသခင်သည် ဘုန်းတော်ဖြင့် ထင်ရှား တော်မူသည်။ ဟေရှာယ၏ရူပါရုံထဲတွင် သူကိုယ်တိုင်သည် အပြစ်နှင့်ပြည့်နေပြီး မထိုက်တန်သူဟု မြင်ရသည်။ ဘုရားသခင် ၏မျက်မှောက်တော်သို့ရောက်သမျှသောသူသည် မိမိကိုယ်ကို မထိုက်တန်သောရေထုက လွှမ်းမိုးပြီး မသန့်ရှင်းမှုများက လှည်း သွားသည်ဟု ခံစားသိမြင်ပေမည်။ (Criswell, ၄င်း၊ စာ- ၅၄ )

သင်သည် တစ်နေ့တွင် မျက်နှာချင်းဆိုင်တွေ့ရပါမည်။ သင်သည် အသက်ချုပ်သော အခါ ဒီဘဝတွင် ပြောင်းလဲခြင်းမရှိလျှင် တရားစီရင်ခြင်းနှင့်ကြုံရပါလိမ့်မည်။ သင်တွေ့ဆုံမယ့် ဘုရားသခင်သည် သင့်စိတ်ကူးထဲရှိတဲ့ ဘုရားမဟုတ်ပါ။ လောကတွင်ရှိသော အခြားဘုရား များနှင့်လည်း မတူပါ။ သမ္မာကျမ်းစာထဲတွင်ရှိသော ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်တွေ့ရပါ လိမ့်မည်။ သင်ပြုမိသောအပြစ်ဒုစရိုက်အပြစ်အတွက်ကြောင့် တရားစီရင်ခြင်းခံရလိမ့်မည်။ အထူးသဖြင့် သင့်စိတ်နှလုံးဖြင့် ပြုသောအပြစ်အတွက် တရားစီရင်ခြင်းကိုခံရမည်။ သင့်၏အ ပြစ်ကိုခွင့်လွှတ်နိူင်မည့်နည်းလမ်းတစ်ခုသာရှိသည်။ ၄င်းမှာ သင်၏ကိုယ်စား လက်ဝါးကပ်တိုင် တွင် ခရစ်တော်အသေခံခြင်းပင်ဖြစ်သည်။ သင်၏အပြစ်ကိုဆေးကြောမည့်နည်းလမ်း တစ် လမ်းသာရှိသည်။ ယင်းမှာ လက်ဝါးကပ်တိုင်တွင်သွန်းသော ခရစ်တော်၏အသွေးတော်အား ဖြင့် ဖြစ်သည်။ ဒေါက်တာ Martyn Lloyd-Jones က "ဧဝံဂေလိတရားဟူသည်မှာ အသွေး တော်၏ဧဝံဂေလိတရား၊ အသွေးတော်သည် အခြေခံအုတ်မြစ်၊ ထိုအရာမရှိလျှင် အဘယ်အရာ မျှမရှိ" ဟု ဆိုသည်။ (ပြန်လည်သင့်မြတ်ခြင်းအတွက် ဘုရားသခင်၏နည်းလမ်း၊ ဧဖက် ၂၊ The Banner of Truth Trust, ၁၉၈၁၊ စာ- ၂၄၀ )

အပိုဒ်ငယ် ၈ ကို ကြည့်ကြပါစို့။

“"တဖန် ထာဝရဘုရားက၊ ငါသည် အဘယ်သူကို စေလွှတ်ရမည် နည်း။ ငါတို့အဘိုအဘယ်သွားမည်နည်းဟု မေးတော်မူသံကို ငါ ကြားလျှင်၊ ငါက၊ အကျွနု်ပ်ရှိပါ၏။ အကျွနု်ပ်ကိုစေလွှတ်တော်မူပါ ဟု လျှောက်လေ၏။"( (ဟေရှာယ ၆း ၈ ) )

ယခုတွင် ဟေရှာယသည် တရားဟောရန် ခေါ်ခြင်းကိုခံရသည်။ "အကျွနု်ပ်ရှိပါ၏။ စေလွှတ် တော်မူပါ။" ထို့အပြင် သူကိုယ်တိုင်တွေ့ကြုံခဲ့သောအရာကို အခြားသူများထံသွား၍ ဟောပြော ရန်ဖြစ်သည်။

သင်သည် ခရစ်တော်ကိုယုံကြည်ကိုးစားမှသာလျှင် ကယ်တင်တော်မူခြင်းသို့ရောက်ပြီး သန့်ရှင်းသောအသွေးတော်အားဖြင့် ဆေးကြောခြင်းကို ခံတော်မူမည်။ သားတော်၏အသွေး တော်ဖြင့် ဆေးကြောခြင်းကိုခံမှသာလျှင် ဘုရားသခင်နှင့်ရင်ဆိုင်တွေ့နိူင်မည်ဖြစ်သည်။ ကောင်းကင်ဘုံတွင် "ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့်၊ အသွေး တော်နှင့် ဘုရားသခင်အဘို့ ရွေးတော်မူ၏" (ဗျာဒိတ် ၅း ၉) ဟု သီချင်းသစ်ကို သီဆိုကြပါမည်။ ယနေ့နံနက် တွင် ခရစ်တော်ကို ယုံကြည်ကိုးစားကြသဖြင့် ဘုရားသခင်၏မျက်မှောက်တော်၌ အသွေး တော်အားဖြင့် ဆေးကြောခြင်းကို ခံရ တောင်းပန်လို၏။ အာမင်။ ဒေါက်တာ Chan ကျေးဇူးပြု၍ ဆုတောင်းဦးဆောင်ပါအုံး။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ဟေရှာယ ၆း ၁- ၈
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"အာဗြဟံ၏ဘုရားကိုချီးမွမ်းစို့"၊ (Daniel ben Judah ၁၄ ရာစုတွင် ) ရေးစပ်သည်။


အခှပှေုကမြွး

ဟေရှာယ၏ပြောင်းလဲခြင်းနှင့်အမှုတော်အတွက်ခေါ်ခြင်းအကျဉ်း

THE CONVERSION AND CALL OF ISAIAH

Dr. R. L. Hymers, Jr.

"သြဇိမင်းကြီးအနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ ၏။"( (ဟေရှာယ ၆း ၁ )

၁။ ပထမအချက်၊ ဘုရားသခင်ကို သိရှိနားလည်ရမည်၊ ဧဖက် ၄း ၁၈၊ ရောမ ၃း ၁၁၊ ၁ကော ၁း ၂၁၊ ယောဘ ၄၂း ၅၊ ၆၊ ၃၈း ၁၊ ၄၀း ၆၊ ကမ္ဘာဦး ၂၈း ၁၆၊ ၁၇၊ ဟေရှာယ ၆း ၃။

၂။ ဒုတိယအချက်၊ အပြစ်ကိုသိမြင်ရမည်။ ဟေရှာယ ၆း ၅၊ ၈၊ ဗျာဒိတ် ၅း ၉။