Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆေးကြောသန့်စင်စေသောအသွေးတော်

THE CLEANSING BLOOD
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
အောက်တိုဘာလ ( ၄ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 4, 2015

“"ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။"( ( ၁ယော ၁း ၇ ) )


ယောဟန်သည် တပည့်တော်အဖြစ် ယေရှုက ခေါ်တော်မူသောအချိန်တွင် ဆယ် ကျော်သက်အရွယ်သာရှိသေးသည်။ သူနှင့်ယေရှု၏ရင်းနှီးကျွမ်းဝင်မှုကို ဂေသရှေမန်ဥယျာဉ် တွင် အထင်အရှားတွေ့ရသည်။ ယေရှုသည် မှောင်မိုက်ထဲသို့ နက်နက်နဲနဲဝင်ရောက်တော်မူ သည့်အချိန်တွင် တပည့်တော်များသည် ဥယျာဉ်အစွန်အဖျားတွင် ထားရစ်ခဲ့သည်။ သူသည် ယောဟန်နှင့်အခြားနှစ်ယောက်ကိုသာ သူနှင့်အတူ ခေါ်ဆောင်သည်။ "ထိုအခါ ငါသည် သေ လောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌စောင့်နေကြပါဟု တပည့်တော် တို့အား မိန့်တော်မူ၏။" (မာကု ၁၄း ၃၃၊ ၃၄ )

ယေရှုကိုဖမ်းရန် စစ်သားများလာသောအခါ၊ အခြားတပည့်တော်တို့သည် ယေရှုကို စွန့်ထားပြီး ထွက်ပြေးသွားခဲ့ကြသည်။ သို့သော် ယောဟန်သည် အသေသတ်ခြင်းခံရာအရပ်သို့ မိမိလက်ဝါးကပ်တိုင်ကို ယေရှုက ကိုယ်တိုင်ထမ်း၍သွားသဖြင့် ယေရှုနောက်ကိုလိုက်လျက် နောက်နေ့နံနက်တွင် ကာရနီးကုန်းပေါ်သို့ မလှမ်းချင်လှမ်းချင်နှင့်လိုက်ခဲ့သည်။ အခြားသူများ သည် ကြောက်လျက် ပုန်းရှောင်ကြသောအခါ ဤလူငယ်လေးသည် မိမိသားလက်ဝါးကပ် တိုင်၌အသေခံရသည်ကိုကြည့်ရှုနေသည့် ခရစ်တော်၏မယ်တော်ကို စောင့်ရှောက်ကာကွယ် သောသူဖြစ်သည်။ ထို့ကြောင့် ထိုနေ့ရက်က ယေရှုအသေခံတော်မူသည်ကို မျက်စိဖြင့်မြင် သောသူမှာ ဤလူငယ်တစ်ဦးတည်းပင်ဖြစ်သည်။ ကျန်သောတပည့်တော်များမှာ သော့ခတ် လျက်ပုန်းရှောင်နေကြသည်။

ယေရှုသည် လက်ဝါးကပ်တိုင်တော်မှ ယောဟန်နှင့်၎င်း၏မယ်တော်ကို ကြည့်ရှုတော် မူသည်။ ယောဟန်အား မယ်တော်ကိုစောင့်ရှောက်ဟန် မှာထားတော်မူသည်။ သူက ယေရှု၏ "ရေငတ်သည်" ဟူသောအသံကို ကြားရသည်။ ယေရှုက လက်ဝါးကပ်တိုင်တွင်အသေခံသည့် အချိန်က "အမှုပြီးပြီ" ဟုပြောဆိုသောအသံကိုလည်း ကြားရသည်။ သို့သော် ယောဟန်သည် လက်ဝါးကပ်တိုင်တွင် အသေခံသောကယ်တင်ရှင်၏ထံတော်ပါးမှ အဝေးသို့မသွားနိူင်ခဲ့ပါ။ ယောဟန်သည် စစ်သားတစ်ဦးက ယေရှု၏နံဘေးလှံနှင့်ထိုးစိုက်သည်ကို တွေ့မြင်ခဲ့သည်။ "ထို့နောက် သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။" (ယောဟန် ၁၉း ၄၃ } နောက်ဆုံးတွင် ဤအချက်ကို သူက ဂရုတစိုက်ရေးသားခဲ့သည်။ "ထိုအကြောင်းကိုမြင်သေသူသည် သက် သေခံ၏။သင်တို့ယုံကြည်မည်အကြောင်း သူပြောသောစကားမှန်သည်ကို သူသိ၏။"(ယော ၁၉း ၃၅ )

ကျွန်ုပ်အမေဆုံးသွားသည့်အခါ ကျွန်ုပ်သည် Ileana နှင့်ကားအထဲရှိယောက်ျားလေး များကိုခေါ်ပြီး ဆေးရုံသို့အမြန်သွားကြသည်။ ကျွန်ုပ်သည် အခန်းထဲသို့ခြေနှစ်လှမ်းကျော်၍ လှမ်းလာသည်။ ခဏကြာသော် သူမ၏ကျိုးပဲ့သောခန္ဓာကိုယ်ကို ပလပ်စတိပ်အိမ်ထဲတွေ့ခဲ့ရ သည်။ အမေသည် အဝတ်မပါဘဲတစ်ဦးတစ်ယောက်က တွေ့သည်ကို အလွန်ပင်ရှက်ကြောက် တတ်သည်။ သူမ၏ခြေထောက်ကိုတွေ့လိုက်ရသောအခါ ကောင်းလေးများကို အခန်းထဲသို့ ပြန်တွန်းပို့သည်။ သို့သော် ထိုခဏတာတွေ့လိုက်ရသည့်သူမ၏ခြေသည် ကျွန်ုပ်ဦးနှောက်ထဲ တွင် အမြဲတင်ကျန်ရစ်လေသည်။ ၎င်းသည် လွန်ခဲ့သော ဆယ့်ရှစ်နှစ်ကဖြစ်သည်။ ၎င်းသည် မနေ့က အဖြစ်အပျက်ကဲ့သို့ပင် စိတ်ထဲတွင် အမြဲစွဲထင်မြင်ယောင်နေမိသည်။

ယောဟန်သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ သူသည် ယေရှု၏နံဘေးလှံနှင့် အထိုးခံရသည်ကိုတွေ့ခဲ့သည်။ ထိုဒဏ်ချက်ထဲမှ အသွေးများသွန်ချစီးဆင်းလာသည်ကိုလည်း တွေ့မြင်ခဲ့သည်။ သူသည် လုံး၀မေ့ပျောက်မရခဲ့ပေ။ နှစ်ပေါင်းခြောက်ဆယ်ကြာမြင့်လာသော အခါ နောက်ဆုံးကျန်ကျွမ်းသောတပည့်တော်ဖြစ်သည့် အသက်ကြီးသူ ရှင်ယောဟန်သည် ထို နေ့ရက်ကတွေ့ခဲ့သော ယေရှုခရစ်၏အသွေးတော်အကြောင်းကို စဉ်းစားလျက်နေသေးသည်။ သူသည် အသက်ကြီးသူတစ်ယောက်၏တုန်လှုပ်ခြောက်ခြားသောလက်တစ်စုံဖြင့် စာရွက်ပေါ် တွင် ရေးသားထားသည်မှာ "ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့၏ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏" ဟူ၍ဖြစ်သည်။ (၁ယောဟန် ၁း ၇ ) ယေရှုခရစ်၏အ သွေးတော်သည် ယောဟန်အဖို့ အဘယ့်ကြောင့် အရေးကြီးလှပါသနည်း။

၁။ ပထမအချက်၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်ဖြစ်သည်။

သင်သိရှိထားသောလူတစ်စုံတစ်ဦး၏အသွေးမဟုတ်ပါ။ Texas ပြည်နယ်၊ Dallas ရှိ ပထမနှစ်ခြင်းအသင်းတော်တွင် နှစ်ပေါင်းခြောက်ဆယ်ကျော် သင်းအုပ်လုပ်ဆောင်ခဲ့သော ဒေါကတာ W. A. Criswell က ဤသို့ဆိုသည်။

သူသည် လူ့ဇာတိခံယူလာသောဘုရားသခင်ဖြစ်တော်မူသည်။ ဧဖက်အသက်ကြီးသူများအား တမန်တော် ၂၀း ၂၈ တွင် ပြောဆို သောစကားထက် ပေါလုထံက သိသာထင်ရှားသောအခြားစကား လုံးမရှိတော့ပါ။ "သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူသော အသင်းတော် ကို လုပ်ကျွေးစေခြင်းငှါ၊ ……သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။" ဖော်ပြချက်သည် ဝရုန်းသုန်းကားဖြစ်လျက်၊ ဗြောင်တင်းတင်း၊ ရိုင်းပျလျက် ဖော်ပြထားသည်။ John MacArthur ကဲ့သို့သောသူ၏အဆိုအရမူ လက်ဝါးကပ်တိုင်တွင် သွန်းသောအသွေးတော်မှာ ဘုရားသခင်၏အသွေးတော်ဖြစ် သည်။ အပြစ်ကြေဖို့ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ယဇ်ပူဇော်ဖို့ရန် ဦးဆောင်ခံရသည်မှာ ဘုရားသခင်ဖြစ်သည် မှာ အမှန်တကယ်ပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏အသွေး တော်သည် ကျွန်ုပ်တို့အား သေသောကောင်းမုကုသိုလ်မှ အသက် ရှင်သောဘုရားသခင်ကို အစေခံရန် ဆွဲဆောင်တော်မူသည်။ ထာ ဝရဝိညာဉ်ကို ဘုရားသခင်အားပေးတော်မူသောခရစ်တော်၏အ သွေးတော်အားဖြင့် ကျွန်ုပ်အား ဆေးကြောသန့်စင်စေတော်မူ သည်။ (W. A. Criswell, Ph.D., "ယေရှု၏အသွေးတော်"၊ ကရုဏာပိုကဲသောခရစ်တော်၊ Crescendo Book Publications, ၁၉၇၆၊ စာ- ၇၂ )

MacArthur က တမန်တော် ၂၀း ၂၈ နှင့်စပ်လျဉ်းပြီး "ရှင်ပေါလုသည် ခမည်းတော်နှင့် သခင် ယေရှုခရစ်၏ပေါင်းစည်းခြင်းကို အခိုင်အမာယုံကြည်ထားသည့် ထို့ကြောင့် သူက ခရစ်တော်၏ သေခြင်းကို အသွေးအသားမရှိသည့် ဘုရားသခင်၏အသွေးတော်သွန်းလောင်းခြင်းအဖြစ် ပြောဆိုနိူင်သည်ဟု ဆိုသည်။" (The MacArthur Study Bible; တမန်တော် ၂၀း ၂၈ မှတ်စု) ထို့ကြောင့် ဒေါက်တာ MacArthur က ရှင်ပေါလုသည် အမှားတစ်ခုကိုကျူးလွန်သည်ဟူ၍ လည်းကောင်း၊ ဘုရားသခင်၌ "အသွေးမရှိ"ဟူ၍လည်းကောင်း ဆိုခဲ့သည်။ အရမ်းအန္တာရယ် ရှိသည့်ဖော်ပြချက်ပင်ဖြစ်သည်။ အကြောင်းမှာ သုံးပါးတစ်ဆူကို အောက်ခြေမှလှိုက်စားသည့် သဘောကိုတွေ့ရပါသည်။ ကျွန်ုပ်တို့သည် MacArthur ၏ဖော်ပြချက်ကို ငြင်းဆိုထားပါသည်။ ကျွန်ုပ်တို့သည် "လက်ဝါးကပ်တိုင်တွင်သွန်းလောင်းသောအသွေးတော်မှာ ဘုရားသခင်၏အ သွေးတော်ဖြစ်သည်" ဟုဆိုကြသော ရှင်ပေါလုနှင့်ဒေါက်တာ Criswell တို့ဘက်က ရပ်တည် လာပါသည်။ ( ၎င်း )

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့၏အပြစ်ရှိသမျှကိုဆေးကြောသည်မှာ ယေရှုခရစ်၏ အသွေး တော်ဖြစ်သည်။

တမန်တော်ယောဟန်က ဤသို့ဆိုသည်။

"ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အ ပြစ်ရှိသမျှကို ဆေးကြောတော်မူသည်။" ( (၁ယော ၁း ၇ ) )

ဒေါက်တာ McGee က "ဆေးကြောသည်ဟူသောစကားလုံးသည် ပစ္စုပ္ပန်ကာလဖြစ်သဖြင့် ခရစ်တော်၏အသွေးတော်သည် ကျွန်ုပ်တို့၏အပြစ်ရှိသမျှကို ဆက်လက်ဆေးကြောတော်မူ သည်။" (Thru the Bible; ၁ယော ၁း ၇ )ဆိုလိုသည်မှာ ခရစ်တော်၏အသွေးတော်သည် ယ နေ့ကာလတွင်ပင် ရှိနေသေးသည်ဟု ဆိုလိုသည်။ ပစ္စုပ္ပန်ကာလ "ဆေးကြောသည်" ဟူသော စကားလုံးက ယခုမျက်မှောက်ကာလတွင်ပင် ခရစ်တော်၏အသွေးတော်သည် ကျွန်ုပ်တို့၏ အပြစ်များကို ဆေးကြောလျက်ရှိသည်ဟုဆိုလိုသည်။ MacArthur သည် ထိုအကြောင်းကို ယုံ ကြည်လက်ခံခြင်းမရှိပါ။ သူက "ခရစ်တော်ကိုယ်တိုင်၏အသွေးတော်က ငါတို့ကို အပြစ်ထဲက ဆေးကြောတော်မမူပေ" ဟုဆိုသည်။ ( ဟေဗြဲဩဝါဒစာနှင့်ပါတ်သက်ပြီး MacArthur ၏ဓမ္မ သစ်အနက်ဖွင့်ကျမ်း၊ စာ- ၂၃၇) ၎င်းသည် လိမ်လည်လှည့်ဖြားမှုဖြစ်သည်။

"ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အ ပြစ်ရှိသမျှကို ဆေးကြောတော်မူသည်။" ((၁ယော ၁း ၇ ) )

ဒေါက်တာ Martyn Lloyd-Jones က ဤသို့ဆိုသည်။

ကျွန်ုပ်တို့၏ဧဝံဂေလိတရားသည် အသွေးတော်နှင့်ဆိုင်သောတ ရားဖြစ်ပြီး အသွေးတော်ဟူသည်မှာ အခြေခံအုတ်မြစ်ဖြစ်သဖြင့် ထိုအသွေးတော်မရှိလျှင် အဘယ်အရာမျှဖြစ်လာစရာမရှိပါ။ ( ပြန် လည်သင့်မြတ်ခြင်းနည်းလမ်း၊ ဧဖက် ၂၊ Banner of Truth Trust, စာ- ၂၄၀ )

တဖန် ဒေါက်တာ Lloyd-Jones က ဤသို့ဆိုသည်။

လူတစ်ဦးသည် ဧဝံဂေလိတရားကို ဟောကြားရမည်၊ မဟောရ မည်ဟူသောအကြောင်းနှင့်ဆက်စပ်စစ်ဆေးမှုသည် 'အသွေး တော်' အပေါ်တင်ထားသည့် အလေးအနက်ထားမှုကို သတိပြုရ ပါမည်။ လက်ဝါးကပ်တိုင်နှင့်အသေခံခြင်းအကြောင်းကို ပြောရုံ သက်သက်ဖြင့် မလုံလောက်ပါ။ စစ်ဆေးမှုမှာ 'အသွေးတော်' ဖြစ် သည်ဟုဆိုသည်။ (၎င်း၊ စာ- ၃၃၁ )

ဒေါက်တာ C. L. Cagan သည် ကျွန်ုပ်တို့အသင်းတော်၏ပူးတွဲသင်းအုပ်ဆရာဖြစ် သည်။ ဒေါက်တာ Cagan မပြောင်းလဲမှီတွင် John MacArthur ၏အသင်းတော်တွင် ဘုရား ကျောင်းတက်တာ တစ်နှစ်ခန့်ရှိသည်။ ဒေါက်တာ Cagan က "ကျွန်ုပ်သည် မပြောင်းလဲခင်က သူ၏တရားဒေသနာအောက်တွင် ထိုင်နေရသည်။ သူသည် ကျွန်ုပ်၏သင်းအုပ်ဖြစ်သည်။ ကျွန်ုပ်ကို ကျမ်းစာ သွန်သင်ပေးသည်။ သူသည် ယနေ့အချိန်တွင် သေးစိတ်ဖြစ်သော ဤအ ချက်နှင့်ပါတ်သက်ပြီး ဆွေးနွေးသွန်သင်သည်ကို သတိရမိသေးသည်။သို့သော် သူ၏တရားဒေ သနာဖြင့် ကျွန်ုပ်မပြောင်းလဲခဲ့ပါ။ ဒေါက်တာ MacArthur ၏ ဆုံးဖြတ်ချက်ဆိုင်ရာ သခင်ဖြစ် ခြင်းသည် ကယ်တင်ခြင်းသည် အလုပ်အားဖြင့်ဖြစ်သည်ဟူသော ဝါဒသည် သူ့အားဖြင့် ကျွန်ုပ် ထံရောက်လာသည်။ကျွန်ုပ်သည် များစွာသောဝိညာဉ်သည် ပြောင်းလဲလာစေရန် ဘုရားသခင် အသုံးပြုတော်မူမည့်တရားဒေသနာကိုဟောကြားလိုလျှင် ကျွန်ုပ်တို့သည် ဧဝံဂေလိဆိုင်ရာ တရားဒေသနာတွင် အသွေးတော်အကြောင်းကို ကောင်းစွာသဘောပေါက်ရန်လိုအပ်သည်ဟု ယုံကြည်မိသည်။" ( သေအံ့ဆဲဆဲလူမျိုးအား တရားဒေသနာဟောကြားခြင်း၊ လော့ဒ်အိန်ဂျယ်ရှိ တဲတော်နှစ်ခြင်းအသင်းတော်၊ ၁၉၉၉၊ စာစာ- ၁၈၃၊ ၁၈၄ )

"လူတစ်ဦးသည် ဧဝံဂေလိတရားကို ဟောကြားရမည်၊ မဟောရမည်ဟူသော အ ကြောင်းနှင့်ဆက်စပ်စစ်ဆေးမှုသည် 'အသွေးတော်' အပေါ်တင်ထားသည့် အလေးအနက် ထားမှုကို သတိပြုရပါမည်။ လက်ဝါးကပ်တိုင်နှင့်အသေခံခြင်းအကြောင်းကို ပြောရုံ သက်သက် ဖြင့် မလုံလောက်ပါ။ စစ်ဆေးမှုမှာ 'အသွေးတော်' ဖြစ်သည်" ဟူသော ဒေါက်တာ Lloyd-Jones ၏ပြောဆိုမှုကို အပြည့်အဝထောက်ခံသဘောတူသည်။ အာမင်၊ ဒေါက်တာ Lloyd-Jones က ထိုသို့ပြောသောကြောင့် ဝမ်းသာမိသည်။ ကျွန်ုပ်သည် ဧဝံဂေလိတရားကို နှစ်ပေါင်း ၅၈ နှစ် နီးပါး ဟောကြားခဲ့ပြီးဖြစ်သည်။ ပျောက်ဆုံးသောအပြစ်သားများက ယေရှုသည် ၎င်းတို့ ၏အပြစ်ရှိသမျှကို အသွေးတော်အားဖြင့် ဆေးကြောတော်မူနိူင်ကြောင်းကို အတွေ့အကြုံအား ဖြင့် သိနိူင်သည်။ သူတို့သည် စည်းမျဉ်းစည်းကမ်း၊ ငရဲနှင့်သက်ဆိုင်သောတရားဒေသနာ၊ သို့မ ဟုတ် ပရောဖက်ပြုခြင်းနှင့်သက်ဆိုင်သောတရားဒေသနာတို့အားဖြင့် ကယ်တင်ခြင်းသို့ မ ရောက်နိူင်ပါ။ ဤသည်တို့မှ အစတွင် ကောင်းဟန်ရှိသော်လည်း၊ စီးပွါးရေးလုပ်ငန်းဆီသို့ဆွဲချ လျှင် ပြောင်းလဲခြင်းဆိုင်ရာအလုပ်သာဖြစ်လာသည်။ ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏အသွေး တော်နှင့်ဆိုင်သောတရားဒေသနာကိုဟောပြောရပါမည်။

အသွေးတော်နှင့်ဆိုင်သောတရားဒေသနာများသည် ပျောက်ဆုံးသောသူများအတွက် သက်သက်သာမဟုတ်။ တခါတရံ၊ "အိုဘုရားသခင်၊ သားတော်၏အသွေးတော်မပါဘဲ တစ်နေ့ လုံးမည်သို့အသက်ရှင်နိူင်မည်နည်း" ဟု တွေးမိသည်။ ခရစ်တော်၏အသွေးတော်ကဲ့သို့ ဝမ်း နည်းကြေကွဲသည့်အချိန်တွင် နှလုံးရွှင်ပြစေသောအရာမရှိပေ။ ကျွန်ုပ်၏နှလုံးကြေကွဲ၊ ဒုက္ခ တောထဲရောက်နေခိုက်မှာ ကျွန်ုပ်စားစရာ၊ သောက်စရာပင်ဖြစ်သတည်း။

ဆေးကြောသောအသွေးတော်ကြောင့် ကျွန်ုပ်ချီးမွမ်းမည်၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
ကျွန်ုပ်နှလုံးသားကို ပြန်လည်သင့်မြတ်စေခဲ့၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်ယေရှု၊
   အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်အရှင်။

ထိုသီချင်းဟောင်းကို နှစ်ပေါင်းများစွာကြာမြင့်သည်ထိ ကျွန်ုပ်မသီဆိုပါ။ သို့သော် ညမှာ ကျွန်ုပ် ထံသို့ရောက်လာသည်။ ကျွန်ုပ်သည် ၎င်းကို ကျွန်ုပ်နှလုံးဝမ်းမြောက်ခြင်းနှင့်ပြည့်သည်တိုင် အောင်သီဆိုသတည်း။ ကျွန်ုပ်နှင့်အတူ သီဆိုပါ။ သင်တို့၏သီချင်းစာရွက်တွင် နံပါတ် ၇ ဖြစ် သည်။

ဆေးကြောသောအသွေးတော်ကြောင့် ကျွန်ုပ်ချီးမွမ်းမည်၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
ကျွန်ုပ်နှလုံးသားကို ပြန်လည်သင့်မြတ်စေခဲ့၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်ယေရှု၊
    အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်အရှင်။
(“အံ့ဘွယ်ကယ်တင်ရှင်”၊ Elisha A. Hoffman, ၁၈၃၉-၁၉၂၉).

ကျွန်ုပ်သီချင်းစာအုပ်တွင် ထိုသီချင်းကိုရှာဖွေသော်လည်း မတွေ့ရပါ။ ကျွန်ုပ်သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ က နှစ်ခြင်းဓမ္မတေးသီချင်းစာအုပ်ဖြစ်သည့် ပထမတရုတ်နှစ်ခြင်းအသင်းတော် တွင် ကျွန်ုပ်တို့အသုံးပြုခဲ့သော သီချင်းစာအုပ်ကိုတူးဖော်ရှာဖွေခဲ့သည်။ ကျွန်ုပ်တွေ့သည်။ ဤ သည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကြာညောင်းပြီး ပြန်လည်တွေ့ရှိရသည့် သူငယ်ချင်း ဟောင်းအလားဖြစ်ပါသည်။ ကျွန်ုပ်သီဆိုကျူးဧသောအခါ မျက်ရည်ကျလာမိသည်။ ဖြေးဖြေး ချင်း သီဆိုကြည့်ပါ။

ဆေးကြောသောအသွေးတော်ကြောင့် ကျွန်ုပ်ချီးမွမ်းမည်၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
ကျွန်ုပ်နှလုံးသားကို ပြန်လည်သင့်မြတ်စေခဲ့၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်ယေရှု၊
   အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်အရှင်။

ကျွန်ူပ်ကို "ကျွမ်းကျင်မှု" ဟုခေါ်သောအရာက မိန့်ဆိုသည်။ ကျွန်ုပ်သည် ကျမ်းစာပိုဒ် များတစ်လျှောက် "ရှင်းပြ" တရားဒေသနာကိုဟောပြောရမည်။ သို့သော် "ကျွမ်းကျင်သူကို" မ ကြားခဲ့ရပါ။ ကျွန်ုပ်က ထိုသို့သောအရိုးခြင်ဆီများကို တစ်ပိုဒ်၏ အရိုးအပြင်ဘက်တွင် ပိုင်ဆိုင် ထားသော်လည်း သို့မဟုတ် ကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်ကြသော သန့်ရှင်းသူများနှင့် ဝှိုက်ဖီး၊ ဝယ်စလီနှင့်ဂျွန်ဆင်နက်၊ ဒံယေလရိုလင်း၊ နှင့်ဟောဝဲလ်ဟာရိ(စ်) ကဲ့သို့သော သူတို့နောက် လိုက် ဧဝံဂေလိဆရာများအဖြစ် ကျမ်းပိုဒ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်သည် သူ့ကိုကောင်းကြီးပေးတော်မူသည်။ ဘုရားသခင်က ယောသပ်ပါကာ၊ စပါးဂျွန်တည်းဟူသော တရားဟောဆရာမင်းသားတို့ဖြစ်သည်။ ကျွန်ုပ်သည် တစ်ပိုဒ် သို့မဟုတ် နှစ်ပုဒ်ထံမှ သူတို့ကို တရားဟောရမည်။ ကျွန်ုပ်သည် ဟောပြောသည့်တရားဒေသနာကို ဒီနေရာမှဟိုနေရာရောက် သည်ကိုမကြိုက်ပေ။ ကျွန်ုပ်သည် အမဲသားကိုကြိုက်သည်။ အရိုးထဲက ခြင်ဆီကိုလည်း ကြိုက် သည်။ ၎င်းသည် ကျွန်ုပ်နှင့်သင်၏စိတ်ဝိညာဉ်များကို အားတိုးစေသည်။ အရိုးထဲက ခြင်ဆီဖြစ် သည်။

"ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အ ပြစ်ရှိသမျှကို ဆေးကြောတော်မူသည်။" ( (၁ယော ၁း ၇ ) )

နတ်ဆိုးသည် ကျွန်ုပ်ထံသို့လာပြီး "သင်မလုပ်ဆောင်လျှင် သင်သည် တရားဟောဆ ရာကြီးမဟုတ်ဟု ထင်ကြပေမည်" ဟု တိုးတိုးလေးလာပြောသည်။ ကျွန်ုပ်က အဖြေပြန်၍ပေး လိုက်သည်။ "ကျွန်ုပ်က တရားဟောဆရာကြီးဖြစ်၏ မဖြစ်၏ကို သူတို့စဉ်းစာလျှင် အဘယ်အ ရာကို ဂရုစိုက်ရမည်နည်း။ ထိုအရာအတွက် ဘာမျှ စိတ်ပူစရာမရှိ" ဟု ပြန်ပြောသည်။ ကျွန်ုပ် ၏ရည်ရွယ်ချက်နှင့်ဆန္ဒ၊ ဘုန်းအသရေနှင့်အားရကျေနပ်မှုသည် သက်စမ်းရေသို့ ပျောက်သော အပြစ်သားတစ်ရောက်ကို တွေ့မြင်ရန်ဖြစ်သည်။ ခရစ်တော်၏အသွေးတော်မြတ်ဖြင့် အပြစ်ရှိ သမျှကို ဆေးကြောရန်လည်းဖြစ်သည်။

ကျွန်ုပ်သည် ကယ်တင်ခြင်းမရသည့်နှစ်ခြင်းတရားဟောဆရာနှစ်ပါးကို သိသည်။ သူ တို့၏အသက်တာက သူတို့သည် မပြောင်းလဲကြောင်း၊ ကယ်တင်ခြင်းမရရှိကြောင်းကိုပြသ သည်။ ပထမတစ်ယောက်က ကျွန်ပ်၏တရားဒေသနာများစွာကို ဖတ်ရှုခဲ့သည်။ ကျွန်ုပ်သည် ဒုတိယသင်းအုပ်ကို တရုတ်သင်းအုပ်ဆရာ၏ကိုယ်ခန္ဓာကိုသိမြင်ခြင်းတွင် တွေ့ခဲ့သည်။ သူ သည် နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်သည်။ သူ၏ကိုယ်ခန္ဓာကိုကြည့်ရှုပြီးနောက်၊ အခန်းထဲက ထွက်လာသည်။ပျောက်ဆုံးသော တရားဟောဆရာနှင့်ထိတ်တိုက်တွေ့ရန် လာခဲ့သည်။ သူ့ ကို သိသည်မှာကြာခဲ့ပြီ။ ဆင်းရဲသားသည် ၎င်း၏ထိန်းချုပ်မရနိူင်သောအခြေအနေကြောင့် အရာအားလုံးဆုံးရှုံးသည်။ သူ့ကိုနှုတ်ဆက်သည်။ ကျန်းမာရေးအကြောင်းမေးသည်။ သူက "အင်တာနက်ပေါ်က ကျွန်ုပ်၏တရားဒေသနာကိုဖတ်လိုကြောင်းပြောသည်။" သူက ပြုံးလျက် "နောက်နေတာလား၊ သင်ရဲ့ ဝပ်ဆိုက်တွင် အပတ်တိုင်း ဖတ်ရသည်" ဟုဆိုသည်။ ကျွန်ုပ်နှလုံး ရွှင်လန်းသည်။ ဆင်းရဲသောသူသည် ရာစုနှစ်ဝတ်လောက်ကြာ သူငယ်ချင်းဖြစ်ခဲ့သည်။ ကျွန်ုပ် မကျဆုံးခဲ့ပါ။ ကျွန်ုပ်မကျဆုံးရမည်။ "တရားဟောဆရာကြီး"ဖြစ်ခြင်းအကြောင်းကို လည်း မစဉ်းစားရပါ။ ကျွန်ူပ်မကျဆုံးရပါ။ မကျဆုံးရဘူး။ ဆက်လက်ပြီး ပျောက်ဆုံးသူများကို ပြောပြ ရမည်။

"ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အ ပြစ်ရှိသမျှကို ဆေးကြောတော်မူသည်။" ((၁ယော ၁း ၇ ) )

ဆေးကြောသောအသွေးတော်ကြောင့် ကျွန်ုပ်ချီးမွမ်းမည်၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
ကျွန်ုပ်နှလုံးသားကို ပြန်လည်သင့်မြတ်စေခဲ့၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်ယေရှု၊
   အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်အရှင်။

ပျောက်ဆုံးသောသူက မည်သို့ခံစားရသည်ကို ကျွန်ုပ်သိသည်။ ပျောက်ဆုံးသောတ ရားဟောဆရာက မည်သို့ခံစားရသည်ကိုလည်း ငါသိသည်။ အကြောင်းမှာ ကျွန်ုပ်သည် ကျွန်ုပ် အသက်နှစ်ဆယ် ကယ်တင်ခြင်းရသည့်တိုင်အောင် အသက် ၁၇ နှစ် တွင် "တရားဟောရန် လက်မြှောက်သည့်အချိန်မှစ၍" သုံးနှစ်ခန့် ပျောက်ဆုံးခဲ့သည်။ စိတ်ပျက်စရာခံစားချက်နှင့်ပြည့် လျှံ့နေပါသည်။ ပျောက်ဆုံးနေရသည်မှာ လောကငရဲနှင့်တူပါသည်။ ဘုရားသခင်နှင့်မိဿဟာ ရကိုလည်း လှောင်ပိတ်ထားပါသည်။ ဘယ်တော့မှမသေချာမရေရာ၊ ကြောက်ရွံ့သည့်ကံကြမ္မာ ပင်ဖြစ်သည်။ ချစ်သောမိတ်ဆွ၊ ဖုန်းဆက်ပေးပါ။ သင်၏ဝိညာဉ်ကို ကျွန်ုပ်မစွန့်ပစ်ပါ။ ကျွန်ုပ် သည် လမ်းကြောင်းသုံးခမှပြန်လှည့်မည်။ ကျွန်ုပ်ကိုခေါ်ပါ။ အခြားသော ပြန်လည်သင့်မြတ် သောလမ်းကိုပြသရန် အကောင်းဆုံးကြိုးစားပေးမည်။ အပြစ်ကိုဆေးကြောပြီး အသစ်သော အသက်တာလမ်းကိုပြညွှန်မည်။ ဘုရားသခင်၏သားတော်ယေရှုခရစ်က အသွေးတော်ဖြင့် အ ပြစ်ဆေးကြောတော်မူသည်လမ်းကိုပြမူမည်။ ကျွန်ုပ်သည် ထိုသို့သောလမ်းကို သုံးနှစ်ခန်း သတိရလွမ်းမိသည်။ ထိုထက်သာ၍ကြာရှည်စွာ သင်လွမ်းရနိူင်သည်။ အဘယ့်ကြောင့် ကြာ ကြာစောင့်နေရသနည်း။ ခရစ်တော်၏အသွေးတော်မပိုင်ဆိုင်သည်ကို သင်သိသည်။ ယခုတွင် လာ၍ အသွေးတော်နှင့်ဆေးကြောပါ။ နူနာစွဲသောနေမန်အား ပရောဖက်က "ယောဒန်မြစ်ထဲ တွင် ခုနှစ်ကြိမ်နစ်ပါ၊ သန့်ရှင်းခြင်းသို့ရောက်လိမ့်မည်" ဟုဆိုသည်။ (၄ရာ ၅း ၁၀၊ ၁၄ ) ယနေ့ ညတွင် ခရစ်တော်၏အသွေးတော်ထဲသို့ တစ်ခါတည္းနစ်တော်မူပါ၊ ထာဝရသန့်ရှင်းခြင်းသို့ ရောက်လိမ့်မည်။

"ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အ ပြစ်ရှိသမျှကို ဆေးကြောတော်မူသည်။" (၁ယော ၁း ၇ ) )

ဆေးကြောသောအသွေးတော်ကြောင့် ကျွန်ုပ်ချီးမွမ်းမည်၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
ကျွန်ုပ်နှလုံးသားကို ပြန်လည်သင့်မြတ်စေခဲ့၊
   အံ့ဘွယ်ကယ်တင်သောအရှင်ဖြစ်သည်။
အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်ယေရှု၊
   အံ့ဘွယ်ကယ်တင်သောအရှင်ယေရှု၊ ကျွန်ုပ်အရှင်။

John Sung အမည်ရှိတရုတ်လူငယ်လေးသည် အလွန်ထူးချွန်ပြောင်မြောက်သောသူ တစ်ယောက်ဖြစ်ပြီး သင်ယူလေ့လာမှုပြုရန် အမေရိကန်သို့ရောက်လာခဲ့သည်။ သူသည် ရှုံးနိမ့် နေသည်ဟု ခံစားခဲ့ရသည်။ သူ့အဖေဖြစ်စေလိုသောအရာတွင် ရှုံးနိမ့်သည်။ သူသည် သင် တန်းကျောင်းတွင်တွေ့ရသောကောင်မလေးနှင့်ချစ်ကြိုးတွယ်ငင်လာသည်။ ငြိမ်သက်ခြင်း လည်းမရှိတော့ပေ။ သူသည် အပြစ်ကြောင့် သောကဝေဒနာခံစားနေရသည်။ သူသည် ဝိညာဉ် ပိုင်းဆိုင်ရာရုန်ကန်နေရသည်။ ထို့နောက် ဖေဖော်ဝါရီလရဲ့ ညနေတစ်ခုမှာ သူ့မျက်မှောက် တွင် အထင်သားဖြစ်နေသောအပြစ်ကိုတွေ့မြင်ခဲ့သည်။ ပထမတွင် သူ့ကိုအကူအညီပေးမည့် သူမရှိသောကြောင့် ငရဲသွားရမည်။ သူ၏ပြုသမျှအပြစ်ကိုမေ့ပစ်ဖို့ကြိုးစားခဲ့သော်လည်း မ အောင်မြင်ပါ။ နှလုံးကြေကွဲသည်။ သူသည် ကျမ်းစာအုပ်ကိုလှန်သည်။ လုကာ အခန်း ၂၃ ရှိ ခရစ်တော်၏လက်ဝါးကပ်တိုင်၌ အသေခံခြင်းကို တွေ့ရှိရသည်။ လက်ဝါးကပ်တိုင်တွင် အသေ ခံသောယေရှုခရစ်၏အသေခံရာနေရာသည် သူ၏အသွေးတော်မြတ်ဖြင့် သင်၏အပြစ်ရှိသမျှကို ဆေးကြောသန့်စင်စေရန် လက်ဝါးကပ်တိုင်ခြေရင်းတွင်ရှိပြီး ဝေဒနာခံစားနေသည်။ သူသည် ညသန်းခေါင်တိုင်အောင် ဆက်လက်ငိုကြွေးလျက် ဆုတောင်းကြပါသည်။ သူနှလုံးသားက "ငါ့သား၊ သင်၏အပြစ်ကိုခွင့်လွှတ်ပြီ" ဟု စွဲလန်းလေမိသည်။ အပြစ်ရှိသမျှသည် တစ်ချိန် တည်းပင် ကျွန်ုပ်တို့ထံမှဆင်းသက်လာသည်။ အရေးကြီးသည့်ယုံကြည်ခြင်းခံစားချက်သည် လာကူညီပြီး "သူ၏ခြေထောက်၊" လျှေက်သည်။ "ဟာလေလုယ။" သူသည် ရွေးနှုတ်ကယ် တင်ခြင်းအတွက် သူ၏အခန်းထဲတွင် အော်ဟစ်လျက်ချီးမွမ်းသီချင်းဆိုသည့်အခါ အပြေးအ လွှားလုပ်သည်။ (John Sung ၏ ကိုယ်ရေးအကျဉ်း။ Leslie T. Lyall, China Inland Mission Overseas သာသနာပြုမိဿဟာရ၊ ၁၉၆၅၊ စာ- ၃၃-၃၄ ) သူသည် တရုတ်ပြည်တို့က သိရှိ ထားခဲ့ကြရသည့် အကြီးမားဆုံးတရားဟောဆရာဖြစ်သည်။

"ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အ ပြစ်ရှိသမျှကို ဆေးကြောတော်မူသည်။" ( (၁ယော ၁း ၇ ) )

ယေရှုခရစ်အထံတော်သို့လာရန် ယနေ့ည တောင်းလျှောက်ပါ၏။ သင်၏သံသယစိတ် နှင့်ကြောက်ရွံ့ခြင်းများကို ဖယ်ရှားလိုက်ပါ။ ကယ်တင်ရှင်ထံသို့ အရောက်လာပါ။ မြင့်မြတ် သောအသွေးတော်ဖြင့် ဆေးကြောခြင်းကိုခံပါ။ အာမင်။ ဒေါက် Chan ကျေးဇူးပြု၍ဆုတောင်း ပေးပါ။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒသေနာစာမူမြားကိုဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ လုကာ ၂၃း ၃၉- ၄၇
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"အံ့ဘွယ်ကယ်တင်ရှင်"၊ (Elisha A. Hoffman ၁၈၃၉-၁၉၂၉ ) ရေးစပ်သည်။


အခှပှေုကမြွး

ဆေးကြောသန့်စင်စေသောအသွေးတော်

THE CLEANSING BLOOD

Dr. R. L. Hymers, Jr.

"ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။" (( ၁ယော ၁း ၇ ) )

(မာကု ၁၄း ၃၃၊ ၃၄၊ ယောဟန် ၁၉း ၃၄၊ ၃၅ )

၁။ ပထမအချက်၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော် ဖြစ်၏။ တမန်တော် ၂၀း ၂၈။

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့၏အပြစ်ရှိသမျှကိုဆေးကြောသည်မှာ ယေရှုခရစ်၏အသွေးတော်ဖြစ်သည်။ ၁ ယော ၁း ၇။