Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကယ်တင်ရှင်ရဲ့မျက်ရည်စက်များ

THE TEARS OF THE SAVIOUR
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
အောက်တိုဘာလ ( ၄ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 4, 2015

"မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင် သောသူ၊ နာကြည်းခြင်းဝေဒနာနှင့်ကျွမ်းလောင်သောသူဖြစ်၏။ သူတ ပါးမျက်နှာလွှဲခြင်းကိုခံရသောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။" (ဟေရှာယ ၅၃း ၃ )


မကြာသေးခင်က သူ၏ဘုရားကျောင်းအပြင်ဘက်တွင်ရှိကြသည့် အပြစ်သားများအား အပြစ်တင်ရှုတ်ချသော တရားဟောဆရာတစ်ပါးကို ဗွီဒီယိုဖြင့် တွေ့ခဲ့ရသည်။ သူက "သင်တို့ သည် ငါရဲကျကြလိမ့်မယ၊်" "ငရဲမီးရဲ့ထာဝရလောင်ကျွမ်းခြင်းကို ခံရကြမယ်" ဟု အော်ဟစ် ကြိမ်းမောင်းနေသည်။ ကျွန်ုပ်သည် ဗွီဒီယိုကိုပိတ်လိုက်ပြီး အတွင်းစိတ်နှလုံးတွင် နာကျင်စွာခံ စားလိုက်ရသည်။ ထိုတရားဟောဆရာ၏နှုတ်ကထွက်လာသောစကားတွင် ကြင်နာသည့်စ ကားလုံး တစ်လုံးတစ်လေတောင်ပါမလာ၊ သူတွေ့ရှိခဲ့သည့် ပျောက်ဆုံးသောသူများအတွက် ဝမ်းနည်းကြေကွဲသည့် စကားသံတစ်သံတောင်ထွက်မလာ၊ ပျောက်ဆုံးနေသောကမ္ဘာကြီးအ တွက် ယေရှု၏မေတ္တာစကားတစ်ခွန်းတောင် ဖော်ပြထားခြင်းမရှိပါ။

ယေရှုက ပျောက်ဆုံးသောလူများအားတရားဟောကြားသည့်နေရာတွင် ဥပမာအနေ ဖြင့် ဆွဲထုတ်အသုံးပြုရန် အဘယ်အရာကိုမျှ မစဉ်းစားမိပါ။ သူသည် ပြင်းထန်သည့်စကားလုံး များကိုပြောဆိုသည်။ သူတို့သည် ငရဲသို့အမှန်တကယ်သွားကြမည်အကြောင်းကိုပြောသည်။ သို့သော် ထိုစကားလုံးများကို ဖာရိရှဲနှင့်ဇဒ္ဒုကဲများတည်းဟူသော ၎င်း၏အချိန်ကာလကရှိခဲ့ကြ သည့် မှားယွင်းသောဘာသာရေးခေါင်းဆောင်များအတွက် သီးသန့်သိမ်းဆည်းထားခဲ့သည်။ မော်မွမ်း၊ ကစ်သိုလစ်၊ မွတ်စလင်၊ ဖောက်ပြန်သူများ၊ နှင့် ၎င်းတို့ကျောင်းဝန်းအတွင်းရှိကော လိပ်ကျောင်းသားများကိုပင်အပြစ်ဖို့ပြီး တရားဟောသည့် တရားဟောဆရာများကိုလည်း ကြား ဖူးပါသည်။ သို့သော် အသက်ကြီးလာလေလေ၊ သူတို့၏တရားဟောချက်သည် ခရစ်တော်၏ သာဓကနှင့်ကိုက်ညီမှုမရှိသည်ကို သိလာလေလေဖြစ်သည်။ အသက်ကြီးလာလေလေ၊ ယေရှု သည် ကျွန်ုပ်တို့အချိန်ကာလရှိဘာသာရေခေါင်းဆောင်များကိုပုတ်ချပြောဆိုမည့်စကားလုံးများ ချန်လှပ်ထားမည်ဟု ပို၍တွေးလာလေလေဖြစ်သည်။ ဖာရိရှဲများကဲ့သို့ပင် ဧဝံဂေလိတရားထက် ဘာသာတရားအကြောင်းကိုသာစိတ်ဝင်တစားဟောကြားသည့်သူများ၊ Fuller ကျမ်းစာ ကျောင်းကဲ့သို့ သင်တန်းကျောင်းများတွင် သမ္မာကျမ်းစာကို ဝေဖန်တိုက်ခိုက်သူများ၊ ငွေကြေး အတွက် တရားဟောသူများ၊ မိမိအကူအညီအဖို့စိတ်ပညာဆိုင်ရာတရားဟောသူများ၊ "နာမည် နှင့်ဂုဏ်တက်ရန်" တရားဟောသူများ၊ ကြီးပွားချမ်းသာခြင်းအကြောင်းကိုသာဟောပြောသူ များ၊ ကယ်တင်ခြင်းကို "အပြစ်သားဆုတောင်းခြင်း" ဖြင့်ရယူမည်ဟူသောအတွေးအခေါ်မျိုးကို ထည့်သွင်းဟောကြားသူများသည့် ဖာရိရှဲများနှင့်အတူတူပင်ဖြစ်ကြသည်။ ယနေ့ခေတ် ကျွန်ုပ် တို့၏အချိန်ကာလတွင် ယေရှုရှိနေတော်မူခဲ့လျှင် သူက "သင်သည် ငရဲသွားရမည်" ဟု ဟော ကြားမည်ဟုထင်ပါသည်။ ထိုသို့သောတရားဒေသနာမျိုးကို ကျွန်ုပ်တို့၏အချိန်ကာလတွင် မှားယွင်းသောဆရာများအား သွန်သင်ရန် သိမ်းဆည်းထားရမည်။ တနင်္ဂနွေဝတ်ပြုအစီအစဉ် ကို အဆုံးသတ်ပြီး တနင်္ဂနွေညပိုင်းအစီအစဉ်အတွက် ၎င်းတို့၏သားသမီးများအား နေရာမပေး ခဲ့သောလူများ၊ သမ္မာကျမ်းစာကို ဖုံကဲ့သို့ခြောက်သွေးလျက် တစ်ပိုဒ်ပြီးတစ်ပိုဒ်ဖတ်သူများ၊ တနင်္ဂနွေနေနံနက်တွင်သာလာပြီး သာသာတရားကိုင်းရှိုင်းသော်လည်းပျောက်ဆုံးသောသူများ၊ ရော့ခ်တေးဂီတကိုအသင်းတော်သို့ဆောင်ယူလာသူများ၊ ဧဝံဂေလိတရားဒေသနာကို ပိတ်ပင် သူများ၊ ယေရှု၏အသွေးတော်သည်ပျက်စီးသဖြင့် ပျောက်ဆုံးသောယောက်ျားမိန်းမတို့အား ၎င်းတို့ပြုသောဒုစရိုက်အပြစ်မှဆေးကြောရန် မဖြစ်နိူင်တော့ကြောင်းဆိုသူများပင်ဖြစ်ပါသည်။ ယေရှုက ၎င်းတို့၏ဗိမာန်တော်ရှိ ငွေရောင်းဝယ်ရာစားပွဲကို မှောက်လှန်ပြီး ဤသို့ဆိုလိမ့်မည် ဟု ထင်မိသည်။

"လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိူင်ငံတော်၏တံခါးကို လူ တို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသောသူတို့ကို လည်း ဆီးတားကြ၏။" ((မဿဲ ၂၃း ၁၃ ) )

"လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကိုအပြင်၌ဆေးကြော ကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့် လျက်ရှိ၏။"((မဿဲ ၂၃း ၂၅ ))

"လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့်ပြည့်လျက်ရှိ၏။" ((မဿဲ ၂၃း ၂၇ ))

“"မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှအဘယ်သို့ လွတ်နိူင်ကြ မည်နည်း။" ((မဿဲ ၂၃း ၃၃ ) )

ဟုတ်ပါတယ်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ခေတ်ကာလတွင်ရှိကြသည့် မှားယွင်းသောတရား ဟောဆရာများနှင့် မှားယွင်းသောဓမ္မဆ ရာများအား ထိုသို့ဟောပြောလိမ့်မည်ဟု ထင်မိသည်။

သူသည် ရောက်ရှိလာကြသောအပြစ်သားများအဖို့ တရားမဟောခဲ့ပါ။ သူအနေဖြင့်ဆို ရလျှင် သူသည် "ဝမ်းနည်းငိုကြွေးတတ်သူ၊ ပူဆွေးသောကရောက်တတ်သူ" ဖြစ်နိူင်ပါသည်။ သူသည် သူသည် ယောက်ျားငါးယောက်နှင့်လက်ထပ်ပြီးသောမိန်းမတစ်ယောက်ကို ရေတွင်း နားတွင် တွေ့သဖြင် ညင်သာစွာစကားပြောသည်။ သူမနှင့်တွေ့သည့်အချိန်တွင် သူမသည် ပြည့်တန်ဆာလအလုပ်ကို လုပ်နေသည်။ သူသည် အနာရောဂါစွဲကပ်သောသူများ၊ သေခါနီးလူ များကို ညင်သာစွာဖြင့်စကားပြောသည်။ "အဝတ်တော်၏ပန်းပွါးကိုထိသမျှသောသူတို့သည် ကျန်းမာခြင်းသို့ရောက်ကြသည်။" (မဿဲ ၁၄း ၃၆ )သူသည် ပြည့်တန်ဆာအလုပ်ကိုလုပ် ဆောင်နေသောအမျိုးသမီးကိုလည်း "သင်၏အမှုကိုမစီရင်။သွားလော့။ နောက်တဖန် ဒုစရိုက် ကိုမပြုနှင့်" ဟုမိန့်တော်မူသည်။ ( ယောဟန် ၈း ၁၁ ) လက်ဝါးကပ်တိုင်တွင် အသေခံသည့် အချိန်က သူ့ဘေးဘက်တွင်ရှိသောသူခိုအား "ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်" ဟုဆိုသည်။ (လုကာ ၂၃း ၄၃ ) လက်ခြေသေသောသူအား "ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ်ကိုလွတ်စေပြီ" ဟု မိန့်မူသည်။ (မဿဲ ၉း ၂ ) မိမိခြေထုတ်ကိုနမ်းရှုတ်လျက်နေ သည့် အပြစ်ပြုသောမိန်းမအား "သင်သည် အပြစ်နှင့်လွတ်လေပြီ" ဟု မိန့်မူသည်။ (လုကာ ၇း ၄၈ )

ယေရှုသည် အစဉ်အမြဲ ရယ်မောပါသလား။ သူရယ်မောနိူင်ပါသည်။ သို့သော် သမ္မာ ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခြင်းမရှိပါ။ သမ္မာကျမ်းစာ စာမျက်နှာများတွင် ကျွန်ုပ်တို့ အားမိန့်တော်မူသည်မှာ "မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူ" ဟု ဆိုထား သည်။ ( ဟေရှာ ၅၃း ၃ ) ဆက်လက်၍ သမ္မာကျမ်းစာ စာမျက်နှာက သူသည် မျက်ရည်ကျ တော်မူသည်ဟု သုံးကြိမ်တိုင်ဖော်ပြထားသည်။ ကျွန်ုပ်တို့၏အခြေပြုကျမ်းထဲတွင် ၎င်းသည် အရေးကြီးသည့်အချက်၊ သူ၏ပုဂ္ဂိုလ်ဖြစ်ခြင်း၏တစ်စိတ်တစ်ဒေသဖြစ်သည်ကို တွေ့ရပါသည်။ ဝေဒနာခံစားခြင်းမရှိသည့်ဗုဒ္ဓငိုကြွေးမြည်တမ်းသည်ကို စိတ်ကူးယဉ်ခန့်မှန်းစရာမလွယ်ပါ။ မ လှုပ်မရှားနိူင်သော ရောမဘုရားအကြောင်းကို ထိုသို့စဉ်းစားရန် မဖြစ်နိူင်ပါ။ အစ္စလမ်တို့၏ဘု ရားအာလသည်လည်း မျက်ရည်များစီးကျသည်ကို စဉ်းစားရန် မဖြစ်နိူင်ပါ။ ယေရှု၏မျက်ရည် စက်များသည် လူသားတို့ခံစားနေရသောဒုက္ခအပေါင်းအတွက် သူ၏စိတ်နှလုံးကြွေကွဲမတတ် ဖြစ်ရသည်ကို ပြသပါသည်။

ကျွန်ုပ်သည် Winston Churchill အပေါ် လေးစားအားကျမိသည်ကို သင်တို့အများသိ ကြပေသည်။ သို့သော် သူသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် အင်္ဂလိပ်သားတစ်ယောက် အနေဖြင့် သူ့အားသိခဲ့သည်ကို သင်တို့သိမည်မဟုတ်ပါ။

St. Paul's Cathedral
ဗုံးခွဲဖျက်ဆီးခံနေရစဉ် လန်ဒန်မြို့ရှိ St. Paul's Cathedral

သင်သည် ယူဆက်ကာဆ်ရိုက်ထားသည့် ဓါတ်ပုံမှ သူ၏တင်းကျပ်သောမျက်နှာအနေအထား ကိုသာ သိနိူင်ပါသည်။ သို့သော် လပေါင်းများစွာကြာမြင့်လာပြီး လန်ဒန်ကို ဟစ်တလာဆင် ထားသောဗုံးများက ဖျက်ဆီးပြီးလောင်ကျွမ်းစေသည့်အချိန်တွင် အင်္ဂလိပ်လူမျိုးများက သူ့ကို ခက်ခဲသည့်နည်းလမ်းတစ်ခုတွင် တွေ့မြင်ခဲ့ကြသည်။ တစ်ညသာဗုံးခွဲဖျက်ဆီးပြီးနောက် သူတို့ က ပါးပြင်တွင်မျက်ရည်များစီးကျလျက် သူတို့၏ပျက်စီးနေသောအိမ်များကိုဖြတ်လျှောက်နေ သည်ကို တွေ့မြင်ခဲ့ကြလိမ့်မည်။

Sir Winston Churchill
လန်ဒန်မြို့ကိုဗုံးခွဲတိုက်ခိုက်နေစဉ်အတွင်း Churchill

သူသည် ညမတိုင်မှီက အရွယ်ရောက်လူငယ်များနှင့်ကလေးသူငယ်ပေါင်း လေးဆယ် မျှသေဆုံးရာ ပြင်ဘက် ပျက်စီးရာအရိပ်တစ်ခုကို ရပ်တန့်သည်။ Churchill သည် မျက်စိများမှ မျက်ရည်ကို သုတ်ထားသည်ဖြစ်၍ လူအုပ်သည် သူ့ထံသို့စုဝေးလာကြသည်။ လူအုပ်ကြီးက "နင်လာမယ်လို့ငါတို့မျှော်လင့်ခဲ့တယ်" ဟုဆိုကြသည်။ အသက်ကြီးသောမိန်းမကြီးက "သင်က သူအမှန်တကယ်စောင့်ရှောက်သည်၊ သူငိုနေသည်" ဟုဆိုသည်။ လူစုထဲက အခြားအော်သံ လည်းကြားရသည်မှာ "ဒါကိုယူရအောင်၊ ကျွန်ုပ်တို့ယူဖို့ ဟစ်တလာကိုပြောပါ" ဟု၍ဖြစ်သည်။ ဟစ်တလာသည် ၎င်းတို့၏အိမ်များ၊ ၎င်းတို့၏မြို့များကို ဗုံးဖြင့်ဖျက်ဆီးနိူင်သော်လည်း ၎င်းတို့ ၏စိတ်ဝိညာဉ်ကို သူမသတ်နိူင်ပါ။ လူတို့အဖို့ကျသည့် Churchill ၏မျက်ရည်များသည် နာဇီ စစ်ဝါဒ၏တန်ခိုးကိုအောင်မြင်ရန် တစ်စုံတစ်ခုထက် များစွာကိုလုပ်ဆောင်နိူင်ကြောင်းဆိုသည်။ သူသည် ပျက်စီးသောလမ်းများတွင်လူတို့ရပ်ပြီး စာဝါရီငှက်များအတွက် မျိုးစေ့ဝယ်ရန်စောင့် ဆိုင်းနေကြသည်ကိုတွေ့သောအခါ မျက်ရည်ကျတော်မူခဲ့သည်။ သူသည် အုတ်ကျိုးအုတ်ပဲ့ အတွင်းရှိ သေသည့်ကိုယ်ခန္ဓာများနှင့်သေခါနီးကလေးများကိုကြည့်ရင်း မျက်ရည်ကျတော်မူခဲ့ သည်။ သူသည် မျက်ရည်ကျရန် မကြောက်ရွံ့ပေ။ သူ၏နိူင်ငံသားများ၏ဒုက္ခအတွက် မျက်ရည် ကျတော်မူခဲ့သည်။

Churchill သည် ခံယူချက်တွင် ခရစ်ယာန်တစ်ယောက်မဟုတ်ပါ။ သို့သော် သူသည် သူ၏မက်သဒစ်ကလေးထိန်း မစ္စအဲဝရက်ထံမှ ခရစ်ယာန်တစ်ယောက်ကဲ့သို့ခံစားချက်ရှိလာရန် သင်ယူလေ့လာခဲ့သည်။ သူမ၏ပုံကို သေသည့်တိုင်အောင် သူမ၏အိပ်ယာဘေးတွင် ချိတ်ဆွဲ ထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့အချိန်ကာလတွင် ကျွန်ုပ်ထင်မြင်စိတ်ကူးသိမြင်သည့် အခြား ခေါင်းဆောင်များထက်ပိုများသည့် ခရစ်ယာန်တစ်ယောက်၏စိတ်ခံစားချက်မျိုးကိုပိုင်ဆိုင်ထား ပါသည်။ Ayatollah Ali Khamenei သို့မဟုတ် Vladimir Putin သို့မဟုတ် ဘရက်အိုဘားမား တို့သည် ၎င်းတို့လူများ၏ဒုက္ခဝေဒနာကြောင့် သနားကြင်နာလျက်ငိုကြွေးမည်မှာ မဖြစ်နိူင်ပေ။ သနားခြင်းကရုဏာသည် ခရစ်ယာန်တစ်ယောက်၏ပုံရိပ်၊ ပထမရာစုတွင် ရောမကမ္ဘာကြီးအား ခရစ်တော်သွန်သင်ပေးထားသည့်အချက်၊ " မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံး သောသူဖြစ်၏။" (ဟေရှာယ ၅၃း ၃ )

"ဒုက္ခဝေဒနာကျောခင်းခံသူ၊" အဘယ်သူနည်း၊
   ကြွလာတော်မူသောဘုရားသခင်၏သားတော်ပေတည်း။
ပျက်စီးသောအပြစ်သားများ ပြန်လည်ပြုပြင်ရန်၊
   ဟာလေလုယ၊ ကယ်တင်သောအရှင်၊
("ဟာလေလုယ၊ ကယ်တင်သောအရှင်၊" Philip P. Bliss, ၁၈၃၈-၁၈၇၆ ရေးစပ် သည်။ )

ယေရှုသည် မျက်ရည်ကျတော်မူသည်အကြောင်း ကျမ်းပိုဒ်သုံးချက်က သွန်သင်ထား သည်။

၁။ ပထမအချက်၊ ယေရှုသည် မြို့အဖို့မျက်ရည်ကျတော်မူသည်။

ယေရှုသည် နံနက်ခင်းတစ်ခုတွင် မြည်းကိုစီးလျက် ယေရုရှလင်မြို့သို့ရောက်လာ သည်။ လူများစွာတို့သည် သူ့နောက်တော်သို့လိုက်ပြီး "ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ် စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း" ဟု အော်ဟစ်ကြသည်။ (မဿဲ ၂၁း ၉ ) ၎င်းကို သံလွင်ခက်တနင်္ဂနွေနေ့တွင် ယေရှု၏ "အောင် မြင်သောဝင်ရောက်ခြင်း" ဟုပင် ခေါ်လေ့ရှိကြသည်။

The Triumphal Entry
"သံလွင်ခက်တနင်္ဂနွေနေ့"တွင် ယေရှု၏အောင်မြင်သောဝင်ရောက်မှု

သို့သော် မည်ကဲ့သို့ ထိုနေ့ကိုအဆုံးသတ်ဖို့ ကျွန်ုပ်တို့ကို သွန်သင်ရန် ခဲယဉ်းလှပါသည်။

"ယေရုရှလင်မြို့အနီးသို့ရောက်၍ကြည့်မြင်လျက် ငိုကြွေးတော်မူ ၏။" (လုကာ ၁၉း ၄၁ )

ကျွန်ုပ်ကြားခဲ့သမျှသောတရားဟောဆရာများထဲတွင် Dr. W. A. Criswell သည် အ ကောင်းဆုံးသောသူထဲကဖြစ်သည်။ သူသည် Texas ပြည်နယ်၊ Dallas ရှိ ပထမနှစ်ခြင်းအ သင်းတော်တွင် နှစ်ပေါင်းခြောက်ဆယ်နီးနီး သင်းအုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏တရား ဒေသနာတစ်ပိုဒ်တွင် Dr. Criswell က မြို့ကြီးရှိမကြာသေးခင်က သင်းအုပ်အား ဤသို့ပြောဆို ပါသည်။

     "တရားဟောဖို့အချိန်ကျလာသောအခါ သူမရှိပေ။ သင်း ထောက်ကြီးက တရားဟောမည့်သူကို ရှာဖွေဖို့ပြောတယ်။ သူ့ကို တွေ့သည့်အချိန်တွင် တရားဟောဆရာသည် ၎င်း၏ရုံးခန်းတွင်ရှိ ပြီး ပြတင်းပေါက်နားရပ်ကာ၊ ကိုးရိုးကားရားလွန်းသည့်မြို့၏ ဆင်း ရဲသားရပ်ကွက်ကြီးကို ငေးကြည့်နေသည်။ ထိုဆင်းရဲမွဲတေသည့် အဆောက်အဦးများကို ငေးကြည့်ရင်း သင်းအုပ်ဆရာသည် မျက် ရည်ကျလာသည်။ သင်းထောက်က သူ့အား 'ဆရာ၊ လူတွေ့က စောင့်နေသည့်အပြင် တရားဟောဖို့လည်း အချိန်ရောက်လာပြီ'ဟု ဆိုသည်။ သင်းအုပ်ဆရာက 'ကျွန်ုပ်သည် ထိုဆင်းရဲချို့တဲ့သော လူများကြောင့် စိတ်မသာညည်းတွားလျက်၊ စိတ်ပျက်ဝမ်းနည်း နေပါတယ်၊' ဟု တုန့်ပြန်လိုက်သည်။ သူသည် မြို့ကိုညွှန်ပြလျက် ကြည့်ပါဟုဆိုသည်။ သင်းထောက်ကလည်း၊ 'ဟုတ်ကဲ့၊ ဆရာ၊ မကြာခင် ကျင့်သားရနေပါလိမ့်မယ်။တရားဟောဖို့အချိန် ရောက် လာပါပြီ' ဟု ဆိုသည်။"

ထို့နောက် Dr. Criswell က ဤသို့ဆိုသည်။

"၎င်းသည် ကျွန်ုပ်အတွင်းထဲ၌၊ အသင်းတော်၌၊ အသင်းတော် အားလုံးတွင်၌ ဖြစ်မည်ကိုစိုးရိမ်မိသည်။ ကျွန်ုပ်တို့ကျင့်သားရပါ သည်။ လူတို့က ပျောက်ဆုံးနေကြသည်။ ဘာမှ မဖြစ်ပါ။ သူတို့ သည် မျှော်လင့်ချက်မရှိကြ။ ဘာမှ မဖြစ်ပါ။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ကျင့်သားရနေပြီးကျော် သွားရလေသည်။ ၎င်း၌ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ကွဲပြားခြားနားသည်။ "ယေရုရှလင် မြို့အနီးသို့ရောက်၍ကြည့်မြင်လျက် ငိုကြွေးတော်မူ၏။"

(W. A. Criswell, Ph.D., အကြင်နာပိုကဲသောခရစ်တော်၊ Crescendo Book Publications, ၁၉၇၆၊ စာ-၅၈ ).

ယေရှုသည် ထိုနေ့၌သံလွင်တောင်ပေါ်တွင် ရပ်တန့်ပြီး ယေရုရှင်မြို့ကိုကြည့်ရှုသော အခါ နောက်နှစ်ပေါင်းလေးဆယ်တွင် ထိုမြို့ပျက်စီးမည်အကြောင်းကို အဘယ်သူစဉ်းစားမိမည် နည်း။ နောက်မျိုးဆက်တစ်ခုကြာသောအခါ ဗိုလ်ချုပ်ဒိုက်တက မြို့ဂိတ်များနှင့်မြို့ရိုးများကို ဖျက်ဆီးပြီး ဘုရားသခင်၏ဗိမာန်တော်ကို မီးရှို့ဖျက်ဆီးမည်အကြောင်းကို အဘယ်သူစဉ်းစားမိ နိူင်မည်နည်း။ သန့်ရှင်းသောဗိမာန်တော်ကိုဝန်းရံထားသည့်ကျောက်များမှတပါး အဘယ်အရာ မျှ မကျန်ကြွင်းပါ။ "သင်၏နေရပ်သည် ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်" ဟုအော်ဟစ်သည်။ ယေရှုသည် မြို့ထဲရှိပျောက်ဆုံးသောသူများအဖို့ ငိုကြွေးမျက်ရည်ကျခဲ့သည်။

လူတစ်ဦးက "သင်းအုပ်ရယ်၊ ကျွန်ုပ်တို့ဘာတတ်နိူင်သလဲ"ဟုပြောလိုက်သည်။ ကျွန်ုပ် တို့သည် လူအားလုံးကို မကယ်တင်နိူင်ခဲ့ပါ။ လူအများစုကိုပင် မကယ်တင်နိူင်ပါ။ သို့သော် အချို့ကိုတော့ကယ်တင်နိူင်သည်။ သင်တို့သည် ဧဝံဂေလိလုပ်ငန်းအတွက် ဗုဒ္ဓဟူးညနှင့်ကြာ သပတေးညတွင် လာကြပါ။ စနေညလည်း လာနိူင်ပါသည်။ တနင်္ဂနွေညနေလည်း ထိုသုိ႔လုပ် ဆောင်နိူင်သည်။အချို့သောနေ့များတွင် ကျွန်ုပ်တို့ မြို့၏လမ်းများသည် အကျိုးအပဲ့နှင့် မီးခိုး များ၊ အသွေးများနှင့်သေခြင်းဖြင့် ပြည့်လျှံနေနိူင်သည်။ အချို့သောနေ့တွင် လူတစ်ဦးကိုကယ် တင်ရန် နောက်ကျလွန်းတာလည်းဖြစ်နိူင်သည်။ ယခအချိန်တွင် လက်ဝါးကပ်တိုင်၏စစ်သူ ရဲနှင့်သိုးသူငယ်၏နောက်လိုက်ကဲ့သို့ရှေ့သို့ချီတက်ကြပါ။ ယခုသည် ဆင်းရဲသားများ၊ ပျောက် ဆုံးသောအပြစ်သားများခရစ်တော်ကိုတွေ့ရှိရန်၊ အပြစ်ခွင့်လွှတ်ခြင်းကိုရရှိရန်၊ မျှော်လင့်ချက် ကိုတွေ့ရှိရန် အကူအညီပေးမည့်အချိန်နာရီရောက်လို့လာပါပြီ။ "ယေရုရှလင်မြို့အနီးသို့ ရောက်၍ကြည့်မြင်လျက် ငိုကြွေးတော်မူ၏။"

၂။ ဒုတိယအချက်၊ ယေရှုသည် သနားမေတ္တာဖြင့် မျက်ရည်ကျသည်။

ယေရှုက တပည့်တော်တို့အား "ကျွန်ုပ်တို့၏မိတ်ဆွေလာဇရု….သေသည်" ဟု မိန့် တော်မူခဲ့သည်။ ( ယောဟန် ၁၁း ၁၁၊ ၁၄) သူက "ကျွန်ုပ်သည် သွား၍ နှိုးရမည်" ဟုဆိုသဖြင့် အဓိပ္ပါယ်မှာ သေခြင်းမှရှင်ပြန်ထမြောက်စေရန်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လာဇရု၏နေ ထိုင်ရာ ဗေသနိရွာသို့သွားခဲ့ကြသည်။ ဘုရားမသိသောသူများက "သုဿန်" ဟုခေါ်ကြသော် လည်း ခရစ်ယာန်များက "သင်္ချိုင်း" ဟု အမည်ပေးကြသည်။ ၎င်းသည် ဂရိစကားလုံးဖြစ်ပြီး ယေရှုက နှိုးဖို့မလာခင် ကျွန်ုပ်တို့၏လူသေများကိုထားရာ အိပ်ပျော်ရာအရပ်ဟု ဆိုလိုသည်။ ယင်းမှာ ယေရှုက လာဇရုအတွက် လုပ်ဆောင်ရမည့်အရာဖြစ်သည်။ သို့သော် သူသည် လူအ များယုံကြည်လာစေရန် ၎င်း၏ဘုရားဖြစ်ခြင်းနှင့်တန်ခိုးတော်ကိုပြသသည့်နိမိတ်လက္ခဏာကို လုပ်ဆောင်ရန် လေးရက်ကြာမျှ စောင့်ဆိုင်းခဲ့သည်။

ယခုတွင် ယေရှုသည် သင်္ချိုင်းဆီသို့ ချဉ်းကပ်သွားသည်။ လာဇရု၏ညီမ မာရိသည် သူနီးကပ်လာသည်နှင့်အမျှ သူ့ကို တွေ့ရန် သွားခဲ့သည်။

"မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည် မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန် ခြင်းရှိ၍။" (ယောဟန် ၁၁း ၃၃ )

မူရင်းဂရိစကားလုံးတွင် ယေရှုသည် လုံးဝကျိုးပဲ့ကြေမွသည်။ မုန်တိုင်းထဲတွင်ရှိသည့် ပင်လယ် က အရာအားလုံးကို ချိုးဖဲ့၊ ဖျက်ဆီး၊ ဖျြိဖျက်သကဲ့သို့ဖြစ်ပါသည်။ သင်၏အရင်းနှီးဆုံးမိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးများ သေဆုံးသည့်အချိန်က ထိုကဲ့သို့ခံစားခဲ့ဖူးပါသလား။ ကျွန်ုပ်က ခံ စားခဲ့ဖူးပါသည်။ ကျွန်ုပ်သည် ကျိုးပဲ့၊ ကြေမွ၊ ပျက်စီးခဲ့ရပါသည်။ ကျွန်ုပ်သည် အရမ်းပဲ စိတ်ဒုက္ခရောက်ခဲ့ပါသည်။ ရေနွေးဆူသကဲ့သို့ တကိုယ်လုံး လှိုင်းလုံးများလူးလိမ့်ခံစားနေရပါ သည်။ ကျွန်ုပ်သည် ထိုသို့သောနာကျင်မှု၊ ခက်ခဲကြမ်းတမ်းလေးလံမှုများကို ကျွန်ုပ်ဘဝထဲတွင် အနည်းငယ်သာခံစားခဲ့ရဖူးပါသည်။ သို့သော် ထိုအရာများက ယေရှုအဘယ်မျှလောက်ခံစား နေရမည်ကိုနားလည်သဘောပေါက်နိူင်ဖို့ လုံလောက်သည့်အတွေ့အကြုံပင်ဖြစ်ပါသည်။ ကျွန်ုပ်၏ချစ်လှစွာသောအဘွယး၊ အမေ ဆုံးပါးသွားသည့်အချိန်တွင် ထိုကဲ့သို့ပင် ခံစားရပါ သည်။ ကျွန်ုပ်ဘဝသည် လီဗရယ်အသိုင်းအဝိုင်းဖြစ်သည့် တောင်ပိုင်းနှစ်ခြင်းသမ္မာကျမ်းစာ ကျောင်းတွင် လှောင်ပိတ်ခံနေရသည့်အချိန်တွင်လည်း ထိုသို့ခံစားခဲ့ရသည်။ ကျွန်ုပ်အမေဖြစ် သူ Cecelia ဆုံးပါးသွားသည့်အချိန်တွင်လည်း ထိုအတိုင်းခံစားနေရသည်။ ဒါမှားယွင်းသည့် အရာမဟုတ်ပါ။ ယေရှုက သူ၏ဝမ်းနည်းကြေကွဲခြင်းအားဖြင့် ကျွန်ုပ်တို့အား အထင်အရှားပြသ ခဲ့ပါသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံဝမ်းနည်းကြေကွဲနေရသည်မှာ အပြစ်ဟုလည်း မဆိုလို နိူင်ပါ။ သူသည် မာရိ၊ မာသတို့၏ဝမ်းနည်းကြေကွဲခြင်း၊ လာဇရုသေသည့်အတွက်ကြောင့် ငို ကြွေးနေကြသည့်မိတ်ဆွေများအားဖြင့် ခိုင်မာသောသနားခြင်းမေတ္တာ၏လှုံ့ဆော်မှကို ခံရပါ သည်။

ယေရှုက အတန်ကြာလျှင် လာဇရုကို သေခြင်းမှထမြောက်စေမည်ကို သိတော်မူခဲ့ သည်။ သို့သော် သူသည် သေခြင်းဟူသောအကြောင်းတရားက သူ့နှလုံးကိုချိုးဖဲ့ပြီး စိတ်ထိ ခိုက်နေသည်။ ဝမ်းနည်းငိုကြွေးခြင်းကိုလည်း ကျွန်ုပ်တို့ထံ ဆောင်ယူလာခဲ့သည်။ ထို့နောက် နောက်နှစ်ပိုဒ်ရောက်လာပြီး ယောဟန် အခန်းကြီး ၁၁ တွင် သမ္မာကျမ်းစာထဲ၌ အတိုတောင်း ဆုံးကျမ်းပိုဒ်ကိုပေးထားသည်။ သူ၏ဝမ်းနည်းငိုကြွေးခြင်းကြောင့် ယေရှုက "အဘယ်မှာထား ကြသနည်း" ဟု မေးတော်မူသည်။ "သူတို့ကလည်း၊ သခင်ကြွ၍ကြည့်တော်မူပါ" ဟုလျှောက် ကြ၏။ အတိုတောင်းဆုံးကျမ်းပိုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

"ယေရှုသည် မျက်ရည်ကျတော်မူ၏။" (ယောဟန် ၁၁း၃၅ )

သူသည် မာရိနှင့်မာသတို့၏ဝမ်းနည်းခြင်းကို မျှဝေခံစားပါသည်။ အကြောင်းမှာ သူသည် ၎င်းတို့၏မောင် လာဇရုကိုလည်း ချစ်နှစ်သက်သည်။ ယေရှုသည် ကျွန်ုပ်တို့၏ဝမ်းနည်းခြင်း၊ ဒုက္ခကိုလည်း မျှဝေခံစားပါသည်။ ကျွန်ုပ်သည် လူငယ်မျိုးဆက်များကို သနားမိသည်။ သူတို့ သည် အသင်းတော်များတွင် သူတို့စိတ်ဝိညာဉ်ကို တို့ထိနှစ်သိမ့်သည့်ဓမ္မသီချင်းဟောင်းများကို မဆိုကြတော့။ ယနေ့ခေတ်ကလေးသူငယ်များသည် သူတို့ကို မသိနားမလည်ကြ။ ထို့ကြောင့် ဒုက္ခရောက်သည့်အချိန်တွင်ပင် ပြန်မလှည့်နိူင်ကြ။ သို့သော် ဓမ္မသီချင်းဟောင်းများသည် မှောင်မိုက်ထဲက သူတို့၏စိတ်ဝိညာဉ်ကိုဆောင်ယူသည့် သူများဖြစ်ကြသည်။

ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများ၊
   ခံရန်မိတ်ဆွေယေရှုရှိ။
ဆုတောင်းခြင်းဖြင့် ထံတော်ချဉ်းကပ်၊
    ခွင့်သည် အံ့ဘွယ်ဖြစ်ပေ၏။
ငြိမ်သက်ခြင်းကိုကြိမ်ဖန်စွန့်ပစ်၊
    မခံသင့်ဝန်ထမ်းခဲ့ပြီ။
ကိုယ်တော်ထံတွင်ဆုတောင်းခြင်းဖြင့်၊
    မယူဆောင်ခြင်းကြောင့်ဖြစ်သည်။
("မိတ်ဆွေယေရှုကျူး" Joseph Scriven ၁၈၁၉-၁၈၈၆ ရေးစပ်သည်။ )

"ယေရှုသည် မျက်ရည်ကျတော်မူ၏။" (ယောဟန် ၁၁း ၃၅ )

ယေရှုခရစ်၏မြတ်လှသောမျက်ရည်စက်များ။ ယေရှုခရစ်၏သနားခြင်းကရုဏာတော်၊ ယေရှု ခရစ်၏သနားတော်မူခြင်းကျေးဇူးတော်ကြောင့် ကျေးဇူးတင်ပါတယ် ဘုရားသခင်ရယ်။

ဒေါက်တာ Henry M. McGowan က သူ့မိသားစုနှင့်အတူ ကျွန်ုပ်ငယ်စဉ်ဘဝတွင် နှစ်ခြင်းအသင်းတော်တစ်ခုဆီသို့ ခေါ်ဆောင်ခဲ့သည်။ သူက ကျွန်ုပ်အား သူ့အားနှင့်တူ ကြောင်းပြောဆိုဖူးသည်။ ကျွန်ုပ်မိသားစုနှင့်အတူ ကျွန်ုပ်သည် Texas ပြည်နယ်၊ ဗာနွင်သို့ သူအားတွေ့ဖို့ အကြိမ်ပေါင်းများစွာသွားခဲ့ကြသည်။ တစ်ခေါက်တွင်မူ များစွာသောအရာကို အဓိပ္ပါယ်ဖော်ဆောင်ထားသည့် ကျမ်းပိုဒ်ကဗျာလေးကိုပေးလိုက်သည်။ ၎င်းကို အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးတစ်ယောက်ဖြစ်သည့် Mary Stevenson က ရေးသားထားသည်။

တစ်ညတွင်အိပ်မက်မက်ခဲ့တယ်၊
    သခင်နှင့်အတူ ကမ်းခြေတွင်အတူလျှောက်ခဲ့တယ်။
ကျွန်ုပ်ဘဝအမှောင်ညများလင်းလက်လာခဲ့သည်။
   ခံစားချက်တစ်ခုစီတွင် ခြေတော်ရာနှစ်ခုစီကို သတိပြုမိ။
တစ်ဦးဦးက ကျွန်ုပ်ကိုပိုင်ဆိုင်နေတယ်၊ ထိုသူမှာ ကျွန်ုပ်သခင်ပါ။

ကျွန်ုပ်ဘ၀၏နောက်ဆုံးအခင်းဖြစ်ရာတွင် ကျွန်ုပ်ရှေ့က လင်းလက်ခဲ့။
    သဲပြင်ရှိခြေတော်ရာကို သမင်လည်ပြန်လှည့်ကြည့်မိ။
ကျွန်ု္ပ်ဘဝလမ်းများစွာကို အချိန်များစွာသတိပြုထားမိသည်။
    အထူးသဖြင့် အနိမ့်ကျဆုံးနှင့်ဝမ်းနည်းဖွယ်ရာအချိန်ကာလများတွင်။
ခြေရာတစ်ခုသာတွေ့ခဲ့မိ။

ကျွန်ုပ်စိတ်နှလုံးပူပင်၊ ကိုယ်တော်အားမေးမြန်လျှောက်ထားခဲ့သည်မှာ
    "သခင်၊ ကျွန်ုပ်အားစောင့်ထိန်းလမ်းပြပါမည်ဆို၊
ကျွန်ုပ်နှင့်အတူလမ်းတစ်လျှောက်လိုက်ပါမည်ဆို၊
    ကျွန်ုပ်ဘဝဒုက္ခလှိုင်းများကျရောက် ဝမ်းနည်းဒုက္ခကျရောက်ချိန်ခါ၊
ခြေတော်ရာတစ်ခုသာတွေ့ခဲ့ရသည်၊
    အဘယ့်ကြောင့်နည်း၊ နားမလည်ခဲ့၊ အလိုအပ်ဆုံးအချိန်တွင်၊ ကိုယ်တော်ကျွန်ုပ် အား စွန့်ခွါသွားပြီလား။"

တိုးတိုးလေးပြောလိုက်သည်၊ "အမြတ်နိူးဆုံးသားငယ်၊ ကျွန်ုပ်ချစ်သောကြောင့် မစွန့်ပါ၊
သင်၏ဒုက္ခနှင့်သွေးဆောင်ခြင်းများကြားတွင်ပင်၊
ခြေတော်ရာတစ်ခုတည်းသာမြင်သော်လည်း၊
    ငါလမ်းပြနေဆဲ၊ ကြည့်ရှုနေဆဲ။"
("သောင်ပြင်ကခြေတော်ရာ" Mary Stevenson ၁၉၂၂- ၁၉၉၉၊ ၁၉၃၆ တွင်ရေး သားသည်။ )

ယေရှုသည် ပျောက်ဆုံးသဖြင့် မျှော်လင့်ချက်မရှိသည့် မြို့အဖို့ ငိုကြွေးသည်၊ ယေရှုသည် ဒုက္ခအချိန်ကာလကိုဖြတ်ကျော်ချိန်တွင် ကျွန်ုပ်တို့နှင့်အတူ သနားလျက် ငိုကြွေးသည်။

၃။ တတိယအချက်၊ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကိုငြိမ်းစေသဖြင့် ကျွန်ုပ်တို့အဖို့ ငိုကြွေးမြည်တမ်းသည်။

ဟေဗြဲ ၅း ၇ က ဤသို့ဆိုသည်။

"ထိုခရစ်တော်သည် လူ့ဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိူင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု ၌ ချမ်းသာရသည်ဖြစ်၍၊" ( ဟေဗြဲ ၅း ၇ )

လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းမခံရမှီ ဂေသရှေမာန်ဥယျာဉ်တွင် ငိုကြွေးမြည်တမ်းနေ သောသူမှာ ခရစ်တော်ပင်ဖြစ်သည်။ ဒေါက်တာ Criswell က ဤသို့ဆိုသည်။

ဂေသရှေမာန်ဥယျာဉ်တွင် ငိုကြွေးမြည်တမ်းခြင်းဟူသောအရာ၏ အဓိပ္ပါယ်ကိုဖော်ပြပါ။ သူသည် စိတ်နှလုံးကြေကွဲပက်လက်ဖြစ် သောကြောင့် ဆုတောင်းသည့်အချိန်တွင် ၎င်း၏ "ချွေးထွက်တော် မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ကဲ့သို့ဖြစ်သတည်း။" (လုကာ ၂၂း ၄၄ ) …ပရောဖက်ဟေရှာယက "ဘုရားသခင်သည် သူ၏စိတ်ဝိညာဉ်ကို အပြစ်အတွက် ယဇ်ဖြစ်စေတော်မူသည်၊" ဟု ဆိုသည်။ ဟေရှာယက "ဘုရားသခင်သည် သူ့စိတ်ဝိညာဉ်ခံရ သောဒုက္ခဝေဒနာကို သိတော်မူသဖြင့် နှိမ့်သိမ့်လိမ့်မည်" ဟုဆို သည်။ သို့သော် ကျွန်ုပ်တို့ဝင်ရောက်ရာနက်နဲသောအရာတွင် ဘု ရားသခင်သည် သူ့အား ကျွန်ုပ်တို့ကိုယ်စား အပြစ်ရှိစေတော်မူ သည်။ ထို့အပြင် လောကကြီး၏အပြစ်ဒုစရိုက် ဝန်ထုတ်ဝန်ပိုးများ ကို ထမ်းရွက်လျက် သူသည် မျက်ရည်စက်များဖြင့် "အကျွန်ုပ်ဘု ရား၊ ဤခွက်သည် လွန်နိူင်လျှင်လွန်ပါစေသော်" ဟု အော်ဟစ် တောင်းလျှောက်ခဲ့သည်။ ( ၎င်း၊ စာ- ၆၀ )

ယေရှုခရစ်သည် မျက်ရည်များဖြင့် ငိုကြွေးမြည်တမ်းနေသည်။ အကြောင်းမှာ ဘုရား သခင်သည် ဂေသရှေမန်ဥယျာဉ်၌ သူ့အသက်ကို ကယ်မတော်မူရန်ဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် သူ၏ကိုယ်ခန္ဓာ၌ ကျွန်ုပ်တို့အပြစ်များကိုတင်ဆောင်ကာ လက်ဝါးကပ်တိုင် သို့သွားနိူင်သည်။ ထို့ပြင် လက်ဝါးကပ်တိုင်တွင် "အမှုပြီးပြီ" (ယော ၁၉း ၃၀) ဟု အော်ဟစ်ကာ အသက်ချုပ်လေသည်။ သန်မာသောအော်ဟစ်သံနှင့်မျက်ရည်များဖြင့် သူသည် ကျွန်ုပ်တို့၏အ ပြစ်အလုံးစုံကို အကြေအလည်ပေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ထားခြင်းကို ခံ ရပါသည်။

ကာရနီကုန်းထက်က၊ ကြောက်မက်ဖွယ်ငိုကြွေးသံများ၊
   ကျွန်ုပ်၏ကယ်တင်ရှင်လျှောက်လှမ်းကာသွား။
အပြစ်သားများကိုယ်စား အသက်တော်စွန့်ရှာပြီ၊
   ထာဝရဆုံးရှုံးခြင်းမှ ကျွန်ုပ်တို့အား ရွေးအံ့သောငှါသာ။
မင်္ဂလာရှိသောကယ်တင်ရှင်၊ မြင့်မြတ်သောကယ်တင်ရှင်၊
   ကာရနီကုန်းပေါ်သစ်တိုင်ထက်မှာ ကျွန်ုပ်မြင်တွေ့ခဲ့ရသည်။
အပြစ်သားများအပြစ်လွတ်စေရန်၊ ဒဏ်ရာဒဏ်ချက်နှင့်သွေးများယိုစီး၊
မျက်စိကန်းသူ၊ မကျန်းမာသူ၊ သေလျက်ရှိသော ကျွန်ုပ်အတွက်ပင်။
("မင်္ဂလာရှိသောကယ်တင်ရှင်၊" Avis Burgeson Christiansen ၊ ၁၈၉၅- ၁၉၈၅ )

မျက်ရည်များစွာစီးကျလျက် သင့်ကို အပြစ်နှင့်တရားစီရင်ခြင်းမှရွေးနှုတ်ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ အသွေးတော်သွန်းလောင်းသောယေရှုခရစ်ကို ယုံကြည်ကိုးစားရန် ကျွန်ုပ် တောင်းဆိုပါ၏။ သူသည် ယခုတွင် ကောင်းကင်ဘုံရှိ ခမည်းတော်၏လက်ယာဘက်တွင် ထိုင် နေတော်မူသည်။ ရိုးရိုးသားသားချဉ်းကပ်ပြီး ယုံကြည်ကိုးစားပါ။ သူ၏မြတ်လှသောအသွေး တော်က သင့်အား အပြစ်အလုံးစုံမှဆေးကြောတော်မူပြီး ထာဝရအသက်ကိုပေးတော်မူမည်။ အာမင်။ ဒေါက်တာ Chan ကျေးဇူးပြုပြီး ဆုတောင်းဦးဆောင်ပေးပါ။

ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ လုကာ ၂၂း ၃၉- ၄၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"မင်္ဂလာရှိသောရွေးနှုတ်ရှင်"၊ (Avis Burgeson Christiansen ၁၈၉၅-၁၉၈၅) ရေးစပ်သည်။


အခှပှေုကမြွး

ကယ်တင်ရှင်ရဲ့မျက်ရည်စက်များအကျဉ်း

THE TEARS OF THE SAVIOUR

Dr. R. L. Hymers, Jr.

"မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင် သောသူ၊ နာကြည်းခြင်းဝေဒနာနှင့်ကျွမ်းလောင်သောသူဖြစ်၏။ သူတ ပါးမျက်နှာလွှဲခြင်းကိုခံရသောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။" ( (ဟေရှာယ ၅၃း ၃ )

( (မဿဲ ၂၃း ၁၃၊ ၂၅၊ ၂၇၊ ၃၃၊ ၁၄း ၃၆၊ ယောဟန် ၈း ၁၁၊
လုကာ ၂၃း ၄၂၊ မဿဲ ၉း ၂၊ လုကာ ၇း ၄၈ ) )

၁။ ပထမအချက်၊ ယေရှုသည် မြို့အဖို့မျက်ရည်ကျတော်မူသည်။ မဿဲ ၂၁း ၉၊ လုကာ ၁၉း ၄၁။

၂။ ဒုတိယအချက်၊ ယေရှုသည် သနားမေတ္တာဖြင့် မျက်ရည်ကျသည်။ ယောဟန် ၁၁း ၁၁၊ ၁၄၊ ၃၃၊ ၃၅။

၃။ တတိယအချက်၊ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကိုငြိမ်းစေသဖြင့် ကျွန်ုပ်တို့အဖို့ ငိုကြွေးမြည်တမ်းသည်။ ဟေဗြဲ ၅း ၇၊ လုကာ ၂၂း ၄၄၊ ယောဟန် ၁၉း ၃၀။