Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နိူးထမှုအယူဝါဒများ

( နိူးထမှုနှင့်ဆိုင်သည့်တရားဒေသနာ ၂၀ )
THE GREAT DOCTRINES OF REVIVAL
(SERMON NUMBER 20 ON REVIVAL)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
စက်တင်ဘာလ ( ၆ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, September 6, 2015

"ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ပေးလိုက်ခြင်းငှါ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရား ဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှါ၊ နှိုးဆော်သွေး ဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏။ အဘယ့်ကြောင့်နည်းဟူမူ ကား၊ ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်း အလို့ငှါ မှောက်လှန်လျက်၊ တပါးတည်းအစိုးရတော်မူသောအရှင်၊ ငါ တို့သခင် ယေရှုခရစ်ကိုငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့်အမှတ်တမဲ့ ဝင်ကြပြီ။" (ယုဒ ၃၊ ၄ )


တမန်တော်ရှင်ယုဒသည် သခင်ယေရှုခရစ်၏ဝမ်းကွဲအစ်ကိုဖြစ်သည်။ သူသည် ကယ် တင်ခြင်းအကြောင်းကိုယေဘုယျသဘောဖြင့်ရေးသားရန် အကြံရှိသည်။ သို့သော် သူစတင် ရေးသားသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် ကွဲပြားခြားနားသောအကြောင်းအရာဆီသို့ ဦးဆောင်ခဲ့သည်။ သူက တစ်စုံတစ်ယောက်သည် ၎င်းတို့အသင်းတော်ထဲသို့ မှားယွင်းသော သွန်သင်ချက်များကိုဆောင်ယူလာကြောင်းကြားသိခဲ့သည်။ ထို့ကြောင့် သူသည် ရေးသား သည့်အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး "ယုံကြည်ခြင်းတရား၌တည်နေမည်အကြောင်း" အလေးအနက်ထားသွန်သင်ထားပါသည်။ သမ္မာကျမ်းစာ၏မှန်ကန်သောသွန်သင်ချက်များကို လည်း အကာအကွယ်ပြုရန် ပြောဆိုခဲ့သည်။ သူတို့သည် ခရစ်ယာန်ဘာသာနှင့်ဆိုင်သောအ ယူဝါဒများကို ခိုင်ခိုင်မာမာခုချေဖြေရှင်းနိူင်ရန် ပြင်ဆင်ကြမည်အကြောင်း ဆိုသည်။ တစ်ခါ တည်း သူတို့အားပေးတော်မူသောယုံကြည်ခြင်းတရားကို လစ်လျူရှုထားခြင်း၊ သို့မဟုတ် ထပ် လောင်းပေါင်းထည့်ခြင်း သို့မဟုတ် နှုတ်ယူခြင်းမရှိဘဲ ယုံကြည်ခြင်းကို အကာအကွယ်ပေးရန် ဖြစ်သည်။

ထိုစကားလုံးများအလေးထားတန်ဖိုးရှိလာသည့်အချိန်တွင် ခေတ်ကာလမရှိတော့ပေ။ ကျွန်ုပ်တို့သည် အမေရိကန်နှင့်ဥရောပတို့တွင် အသင်းတော်များသေခါနီးအချိန်ကာလတွင် အ သက်ရှင်နေကြပါသည်။ ၈၈ % သောလူငယ်များသည် အသက် ၃၀ မတိုင်မှီ ဘုရားကျောင်း များကို စွန့်ခွါခဲ့ကြသည်။ လူငယ်များမည်သို့ပြောင်းလဲလာမည်ကို သင်းအုပ်များလည်း အကြံမ ရှိကြတော့ပေ။ ဒေါက်တာ Carl F. H. Henry က ဤအကြောင်းအရာကို ပထမဆုံးဖတ်ရှုရ သည့်အချိန်တွင် တစ်စုံတစ်ခုက အသက်ရှုကြပ်စေသည်ဟုဆိုသည်။

ကျွန်ုပ်တို့၏မျိုးဆက်သည် ဘုရားသခင်၏သမ္မာတရား၊ ဘုရားသ ခင်၏ဖော်ပြမှုစစ်မှန်ခြင်း၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သော အမှုအရာ၊ ရွေးနှုတ်ခြင်းတန်ခိုး၊ နှုတ်ကပါတ်တော်၏အခွင့်အဏာ တို့တွင် ပျောက်ဆုံးလျက်ရှိပါသည်။ အကြောင်းမူကား၊ ဤပျောက် ဆုံးခြင်းတွင် ကျွန်ုပ်တို့သည် ရုပ်တုကိုးကွယ်ခြင်းအမှုတွင် အလှူ အဒါန်းပြုနေကြပါသည်။ လူရိုင်းများသည် အကျင့်ပျက်ပြားသော နိူင်ငံသားများတွင် ဝင်ရောက်မွှေနှောက်နေကြပြီး မစွမ်းဆောင်နိူင် သည့်အသင်းတော်တစ်ခု၏အရိပ်တွင် တွယ်ကပ်နေကြသည်။ (Carl F. H. Henry, Th.D., Ph.D., "လူရိုင်းများသည် လာလျက် ရှိကြသည်၊" တိုးတက်လာခြင်း၏ညနေဆည်းဆာ၊ နိရိုရုပ်တုကိုး ကွယ်ခြင်းဆီသို့၊ ကားတိုင်လမ်းစာစောင်၊ ၁၉၈၈၊ စာ- ၁၅၊ ၁၇ )

ကျွန်ုပ်သည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်က လူငယ်များမျှော်လင့်ချက်ကိုရှာတွေ့ နိူင်မည့် အသင်းတော်ကို ဖန်တီးရန် လုပ်ဆောင်နိူင်သမျှကိုလုပ်ဆောင်ကြိုးစားအားထုတ်ခဲ့ သည်။ ယနေ့ ကျွန်ုပ်တို့၏အသင်းတော်များသည် သေအံ့ဆဲဆဲဖြစ်နေပြီး ယနေ့လူငယ်များကို အကူအညီမပေးနိူင်တော့ပေ။ ထိုအချက်မမှန်သည်ကို သင်သိတယ်မဟုတ်လား။ ဒေါက်တာ Martyn Lloyd-Jones က "လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ က အသင်းတော်တွင်ဖြစ်ပေါ်လျက်ရှိ သည့်ကြောက်မက်ဖွယ်ရာမှားယွင်းမှုများအကြောင်း" ကို ပြောဆိုခဲ့သည်။ (Martyn Lloyd-Jones, M.D., နိူးထမှု၊ ကားတိုင်လမ်းစာအုပ်များ၊ ၁၉၈၇၊ စာ- ၅၅ )

"အထီးကျန်ရသည်အကြောင်းရင်းကို သင့်အားပြောဆိုခဲ့ပြီးပြီ။ အသင်းတော်တည်းဟူ သောအိမ်သို့ပြန်လာပါ။ အဘယ့်ကြောင့် ပျောက်ဆုံးသနည်း။ ဘုရားသခင်၏သားတော်တည်း ဟူသောယေရှုခရစ်ထံတော် အိမ်သို့ပြန်လာပါ။" ဘုရားသခင်သည် ဤအသင်းတော်ကို မီးလျှံ ထဲသို့ချမထားမှီတိုင်အောင် သင်တို့တွင် အများတို့သည် မကြားမသိကြ။ ဟုတ်ပါတယ်။ သန့် ရှင်းသောဝိညာဉ်တော်မီးလျှံ နိူးထမှုပင်ဖြစ်ပါသည်။ ၎င်းမှာ ကျွန်ုပ်တို့လိုလားသောအရာပင်ဖြစ် သည်။ ကျွန်ုပ်တို့တွင် ဖြစ်ပေါ်ရန် အမှန်တကယ်လိုအပ်သောအရာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဤအသင်းတော်၌ ဘုရားသခင်အတွက် ဝိညာဉ်တော်မီးလျှံကို သွန်း လောင်းတော်မူပါ။ ထိုသို့ဖြစ်လာခြင်းအလို့ငှါ အခြေခံကို ချထားရပါမည်။ ထိုသို့ဖြစ်အံ့သောငှါ "သန့်ရှင်းသူတို့အား တစ်ကြိမ်တည်းပေးတော်မူသောယုံကြည်ခြင်း၌ တည်နေရမည်။" ( ယုဒ ၃) ထိုယုံကြည်ခြင်းသည် နိူးထမှုကို ကျွန်ုပ်တို့တွေ့မြင်နိူင်သည့် အခြေခံပင်ဖြစ်ပါသည်။

ဒေါက်တာ Lloyd-Jones က နိူးထမှုနှင့်ဆိုင်သည့် ခေတ်သစ်စာအုပ်ကိုရေးသားခဲ့ သည်။။ သူက ဤသို့ရေးသားခဲ့သည်။

အသင်းတော်များသမိုင်းတွင် အဘယ်နိူးထမှုမျှ သမ္မာတရားလစ် လျူရှုထားသည်ကို မသိရှိခဲ့ရပါ။ ဤအရာကို အရေးကြီးသောအ ချက်တစ်ခုအဖြစ် ကျွန်ုပ်မှတ်ယူထားပါသည်။ ခရစ်ယာန်ယုံကြည် ခြင်းနှင့်ဆိုင်သောကာဒီနယ်နှင့်အခြေခံကျသောအကြောင်းအရာ အကြောင်းငြင်းဆိုသည့်အရာဟုခေါ်ဆိုသည့်အရာကို အသင်း တော်နိူးထမှုတွင် လုံးဝမကြားခဲ့ပါ။ ဥပမာအားဖြင့် သင်သည် ယူနီ ထေးလီယာန်းတို့ကြားတွင် နိူးထမှုကို မကြားမိပါ။ ဘယ်တော့မှ ကြားမည်မဟုတ်၊ အကြောင်းမှာ တစ်ကြိမ်တစ်ခါမျှဖြစ်ပေါ်ခဲ့ဖူးခြင် မရှိပါ။ ၎င်းမှာ သမိုးကြောင်း၏အချက်အလက်ပင်ဖြစ်ပါသည်။ (Lloyd-Jones, ၎င်း၊ စာ- ၃၅ )

ဒေါက်တာ Lloyd-Jones က "တစ်ခုတည်းသောအချက်မပါဘဲ နိူးထမှုကိုအမှန်တ ကယ်ဦးဆောင်သည့် ဤကာဒီနယ်လ်ယူဆချက်များကိုပြန်လည်စူးစမ်းခြင်းပင်ဖြစ်သည်။ ထို့ ကြောင့် နိူးထမှုအတွက် အမှန်တကယ်လိုအပ်သောသမ္မာတရားရှိကြောင်းကို ကျွန်ုပ်တိုက်တွန်း ပါသည်။ ဤသမ္မာတရားကိုငြင်းဆန်သောအခါ သို့မဟုတ် လစ်လျူရှုသောအခါ နိူးထမှုနှင့်ဆိုင် သောကောင်းကြီးမင်္ဂလာကိုခံစားရဖို့ အကြောင်းမရှိပါ" ဟုဆိုသည်။ ( ၎င်း၊ စာ- ၃၅၊ ၃၆၊ ၃၇ ) ဒေါက်တာ Lloyd-Jones က ထိုအယူဝါဒများကို စာရင်းပြုစုထားပါသည်။

၁။ ပထမအချက်၊ နိူးထမှုကိုရရှိလိုလျှင် အသက်ရှင်သောဘုရားသခင်၏အကြွင်းမဲ့ စိုး စံခြင်းကို ဖက်တွယ်ရမည်။

သူသည် ခရစ်ယာန်သမိုင်းတစ်လျှောက်တွင် အလုပ်လုပ်သောဘုရားသခင်ဖြစ်သည်။ လူတို့တွင် မည်သို့သောမှားယွင်းသည့်အယူအဆများရှိနေပါစေ၊ တမန်တော်ရှင်ပေါလုက "ဘု ရားသခင်၏တိုက်မြစ်သည် ခိုင်ခံ့၍တည်၏" ဟုဆိုသည်။ ( ၂တိ ၂း ၁၉ )ဘုရားသခင်၏ခိုင်ခံ့ သောအုတ်မြစ်သည် လောကကြီးတွင် အဘယ်သို့သောအရာဖြစ်နေပါစေ၊ သမ္မာကျမ်းစာနှင့် ခရစ်ယာန်ဘာသာအကြောင်းနှင့်ပါတ်သက်ပြီး လူတို့က မည်သို့ပင်ပြောနေကြပါစေ တည် လျက်ရှိပါသည်။ "ဘုရားသခင်၏အုတ်မြစ်သည် ခိုင်ခံ့၍တည်၏။"

ကျွန်ုပ်သည် မယုံကြည်သူများကြားတွင် ကြီးပြင်းလာခဲ့သည်။ တစ်ချို့မှာ ဘုရားမဲ့များ ဖြစ်ကြသည်။ အချို့က ဘုရားသခင်ကို လက်ခံခြင်းမရှိသူများဖြစ်ကြသည်။ အချို့တို့မှာ "ခေတ် သစ်" အတွေးအခေါ်ကို ယုံကြည်လက်ခံသောသူများဖြစ်ကြသည်။ အချို့မှာ သေပြီးသောသူ များနှင့်ပင်စကားပြောနိူင်သည်ဟုယူဆကြသည့် ဝိညာဉ်လောကခံယူချက်ရှိသူများဖြစ်ကြ သည်။

ကျွန်ုပ်ဆွေမျိုးများတွင် အဘယ်သူမျှ ခရစ်ယာန်မရှိကြပါ။ သို့သော် ကျွန်ုပ်သည် ဘုရားသခင်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲက ဘုရားသခင်သည် စစ်မှန် သောဘုရားသခင်ဖြစ်တော်မူကြောင်းကို ကျွန်ုပ်သိသည်။ သူ့ကိုသိရှိခဲ့သလို ယခုလည်းသိပါ သည်။ သူသည် အရာခပ်သိမ်းကိုစိုးစံသောဘုရား၊ အသက်ရှင်ပြီး မှန်သောဘုရားဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သူ့ထံသို့ဆုတောင်းနိူင်သည်နည်းတူ သူသည်လည်း အံ့ဘွယ်အမှုကိုပြုနိူင် သည်။ အသက်ရှင်သောဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းမရှိသည့်အရပ်တွင် နိူးထမှုလုံးဝမ ရှိနိူင်ပါ။ သူသည် အသက်ရှင်သောဘုရားမဟုတ်ခဲ့လျှင် အဘယ်သို့ဆုတောင်းနိူင်မည်နည်း။ သူသည် ဤလောကသို့ကြွမလာနိူင်လျှင် အဘယ်သို့ဆုတောင်းပြီး အရာအားလုံးပြောင်းလဲ နိူင်မည်နည်း။

၂။ ဒုတိယအချက်၊ နိူးထမှုကိုရရှိလိုလျှင် သမ္မာကျမ်းစာအတွက် ရပ်တည်ရမည်။

သမ္မာကျမ်းစာဟူသည်မှာ အသက်ရှင်သောဘုရားသခင်၏ဗျာဒိတ်တော်ပင်ဖြစ်သည်။ ဘုရားသခင်သည် သမ္မာကျမ်းစာအားဖြင့် လူသားများအား မိမိကိုယ်ကိုပြသခဲ့သည်။ ဘာသာ တရား၊ မှားယွင်းသောအရာများနှင့် အတွေးအခေါ်ပညာရပ်များစွာရှိသည်။ အဘယ်အရာမှား ယွင်းပြီး အဘယ်အရာမှန်ကန်သည်ကို မည်သို့သိရှိနိူင်မည်နည်း။ လူတိုင်းတွင် အယူအဆ ကိုယ်စီရှိကြပါသည်။ သူတို့အယူအဆအားဖြင့် ဘုရားကို တီထွင်ကြပါသည်။ သို့သော် သူတို့ သည် ထိုသို့လုပ်ဆောင်ရန် အခွင့်အာဏာမရှိကြပေ။ ကျွန်ုပ်သည် ငယ်ရွယ်စဉ်အခါက သူတို့စ ကားကို နားထောင်ပြီး တစ်ဦးကိုတစ်ဦးဆန့်ကျင်တိုက်ခိုက်ကြသည်ကို သတိပြုမိပါသည်။ သူတို့သည် ထူးခြားပြောင်မြောက်သူများကဲ့သို့ပြောဆိုကြသော်လည်း အရူးကဲ့သို့လုပ်ဆောင်ပြု မူကြပါသည်။ ကျွန်ုပ်အလွန်ငယ်ရွယ်နေသေးသည့်အချိန်တွင် "ဤသူတို့က ဘုရားသခင်ကို အမှန်တကယ်မသိကြ။ သူတို့သည် ၎င်းတို့၏ငြင်းဆန်ခြင်းကိုသာဝေမျှရုံသက်သက်ဖြစ်သည်" ဟုစဉ်းစားခဲ့သည်ကို သတိရပါသည်။ ကျွန်ုပ်သည် မပြောင်းလဲခင်ကတည်းက လူ၏အယူအဆ ကိုမဟုတ်ဘဲ ကျမ်းစာစကားများကိုသာယုံကြည်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ လူငယ်တစ်ဦး အနေဖြင့် ဆာလံ ၁၁၉း ၁၃၀ ကိုလည်း အလွတ်ကျက်မှတ်ခဲ့သည်။

"နှုတ်ကပါတ်တော်ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာ သောသူတို့ကို လိမ္မာစေတတ်ပါ၏။" (ဆာလံ ၁၁၉း ၁၃၀ )

"မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှ ပျားရည်ထက်သာ၍ချိုကြပါ၏။ ကိုယ်တော်၏ဥပဒေ သများအားဖြင့်၊ အကျွန်ုပ်သည် ဥာဏ်တိုးပွါး၍၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းကြပါ၏။" (ဆာလံ ၁၁၉း ၁၀၃၊ ၁၀၄ )

"ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအား ဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုသောအလို့ငှါ ပြင်ဆင်သောသူဖြစ်မည်အ ကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြု ပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏။" ( ၂တိ ၃း ၁၆၊ ၁၇ )

သင်သည် နိူးထမှုသမိုင်းကြောင်းကိုဖတ်ရှုလေ့လာလျှင် လူတို့ယုံကြည်သည့်နည်း လမ်းကို သင်တို့တွေ့ရှိလာပေလိမ့်မည်။ သမ္မာကျမ်းစာကို ယုံကြည်လက်ခံရန် ငြင်းဆိုသောသူ များကြားတွင် နိူးထမှုလုံးဝမရှိဟူသောအချက်ကို သိရပေမည်။ သမ္မာကျမ်းစာအစား လူတို့၏ အယူအဆကိုထည့်သွင်းထားသည့်နေရာတွင် နိူးထမှုလုံးဝမရှိသည်ကို သတိပြုပါ။ အဘယ့် ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာသည် အသက်ရှင်သောဘုရားသခင်၏နှုတ်တော် ထွက်စကားတော်ဖြစ်ပါသည်။ သမ္မာကျမ်းစာကို တစ်စိတ်တဒေသသာယုံကြည်လက်ခံသော လူတို့ကို ကျွန်ုပ်သိပါသည်။ သို့သော် သူတို့သည် ခရစ်ယာန်ကောင်းများမဟုတ်ကြပါ။ သူတို့၏ ဆုတောင်းခြင်းအဖြေအဖြစ် နိမိတ်လက္ခဏာများကို တွေ့ရှိထားခြင်းလည်း မရှိကြပါ။ သမ္မာ ကျမ်းစာကိုမယုံကြည်ခြင်းသည် ယနေ့ခေတ်တွင် နိူးထမှုလုံးဝမတွေ့မမြင်ရခြင်း၏အကြောင်း ၏အကြီးမားဆုံးသောအကြောင်းတရားဖြစ်ပါသည်။

၃။ တတိယအချက်၊ နိူးထမှုကိုရရှိလိုလျှင်၊ လူသည် အပြစ်ထဲ၌ကျဆုံးပြီး ထိုအပြစ် ကြောင့် ပျက်စီးရသည်ကို လက်ခံရမည်။

လူတို့လက်ခံရန် ငြင်းဆိုသည့်တတိယအယူဝါဒမှာ လူသည် အပြစ်တရား၌မွေးဖွါးလာ သည်ကိုလည်းကောင်း၊ လူသည် သဘာဝအားဖြင့် အပြစ်သားဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏အမျက်တော်အောက်တွင် အသက်ရှင်နေရသည်ကိုလက်ကောင်း လက်မခံခြင်း ဖြစ်သည်။ ခရစ်ယာန်သမိုင်းကြောင်းကိုလေ့လာဖတ်ရှုပါ။ ခေတ်ကာလတိုင်းတွင် သေခြင်းတ ရား၌ရှိသောသူများသည် လူသား၏အပြစ်၌ရှိနေခြင်းကို လက်မခံကြပေ။ အပြစ်ထဲ၌လူ၏လုံး ဝပျက်စီးသွားခြင်းသည် နိူးထမှုတွင် အမြဲတမ်းရောက်ရှိလာသော အယူဝါဒပင်ဖြစ်ပါသည်။ ဘု ရားသခင်သည် နိူးထမှုကိုစေလွှတ်သောအခါ အပြစ်ကိုသိမြင်သဖြင့် ယောက်ျားနှင့်မိန်းမများငို ကြွေးအော်ဟစ်နေသည်ကို တွေ့ရပေမည်။ တမန်တော်ရှင်ပေါလုက ဤသို့ဆိုသောအခါခံစား ရသောအရာကို သူတို့အမှန်တကယ်တွေ့ကြုံကြပေမည်။

"ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း (ကျွန်ုပ်အသွေးအသား တွင်) ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာမတွေ့နိူင်…..ငါ့ကို အဘယ်သူကယ်လွှတ်မည်နည်း။" ( ရောမ ၇း ၁၈၊ ၂၄ )

အပြစ်နှင့်ပြည့်နှက်နေသည်ကို လူတစ်ဦးကမြင်တွေ့လာပြီးသောအခါ မိမိကိုယ်ကို မနှစ်မြို့ သောသူဖြစ်လာမည်။ မိမိကိုယ်ကိုစက်ဆုတ်ရွံရှာခြင်းသည် ကျွန်ုပ်တို့အသင်းတော်များတွင် အမှန်တကယ်လိုအပ်နေသောအရာပင်ဖြစ်သည်။ ယနေ့ကာလတွင် လူတစ်ယောက်သည် မိမိ အပြစ်ကိုအမှန်တကယ်တွေ့မြင်ရန်မှာ လိုအပ်သောအရာပင်ဖြစ်သည်။ ယုံကြည်ခြင်းတရား၌ ကျွန်ုပ်တို့၏ဘိုးဘေးများသည် မိမိအပြစ်ကိုတွေ့မြင်ကြသောကြောင့် မအိပ်နိူင်ဘဲ ဘုရားသခင် ၏သနားခြင်းကရုဏာတော်ကို အော်ဟစ်တောင်းလျှောက်ကြပါသည်။ ကျွန်ုပ်တို့နှစ်ခြင်းအ သင်းတော်၏ဖခင်ကြီး John Bunyan သည် ယေရှုက သူ့အားကယ်တင်တော်မမူမှီတွင် ဆယ့် ရှစ်လတာမျှ ထိုအတိုင်းပင်ဖြစ်သည်။ သို့သော် ထိုသို့သောအခြေအနေအနည်းငယ်ကိုမျှ တွေ့ ဆုံခံစားသောသူများမရှိဘဲ နိူးထမှုမရရှိနိူင်ပါ။ ဒေါက်တာ Lloyd-Jones က "သင့်နှလုံးသားရဲ့ ကပ်ဆိုးနှင့်အာဒံမှအစပြုသောမှားယွင်းမှုကို သတိမမူလျှင်၊ သင်၏မျှော်လင့်ချက်မဲ့ခြင်းနှင့် စိတ်ပျက်စရာများကို အပြစ်ကိုရွံ့မုန်းသောဤသန့်ရှင်းသော၊ ဖြောင့်မတ်သောဘုရားသင်ရှေ့၌ တွေ့မြင်ခြင်းမရှိလျှင် နိူးထမှုအကြောင်းပြောစရာအခွင့်မရှိ၊ သို့မဟတ်ု ဆုတောင်းရန် အခွင့်မ ရှိ။ နိူးထမှုက ထင်ရှားစေသမျှသောအရာသည် ဘုရားသခင်၏အချုပ်အချာအာဏာတည်ခြင်း၊ နှင့် အပြစ်ထဲတွင်နစ်မွန်းနေသော လူသားတို့၏အပြစ်၊ မျှော်လင့်ချက်မဲ့ခြင်း၊ အကူအညီမဲ့ခြင်း ပေတည်း။ " (၎င်း၊ စာ- ၄၂ )

၄။ စတုတ္ထအချက်၊ နိူးထမှုကိုရရှိလိုလျှင် လက်ဝါးကပ်တိုင်၌ခရစ်တော်၏ရန်ငြိမ်းစေ သောယဇ်ပူဇော်ခြင်း၊ အသွေးတော်ကို အလေးထားရမည်။

ယနေ့ခေတ်တွင် နှစ်ခြင်းနှင့်ဧဝံဂေလိအသင်းတော်များထက် ရောမကစ်သိုလစ်အ သင်းတော်တွင် ခရစ်တော်၏စစ်မှန်ခြင်းအကြောင်းကို ပို၍ပြောဆိုကြသည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။ လူထု၏အယူအဆများသည် မှားယွင်းနေကြောင်းကို ကျွန်ုပ်သိသည်။ သို့သော် ကျွန်ုပ်သည်လည်း မှားယွင်းနေကြောင်းသိသည်။ ခရစ်တော်၏လက်ဝါးကပ်တိုင်၌ရန်ငြိမ်းခြင်း အကြောင်းကို မပြောပြကြသည်မှာလည်း မှားယွင်းသောအရာဖြစ်ကြောင်းကို သိပါသည်။ ဧဝံ ဂေလိအသင်းတော်များစွာတို့က ခရစ်တော်နှင့်လက်ဝါးကပ်တိုင်ပေါ်က ၎င်း၏ရန်ငြိမ်းခြင်းမရှိ ပါဘဲ သူတို့သည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ရရှိကြသည်ဟု ထင်ကြ ပါသည်။

Harry Emerson Fosdick ကဲ့သို့ဆိုးသွင်းသောတရားဟောဆရာနှင့် James Pike ကဲ့ သို့သော နတ်ဆိုးစွဲသည့် လီဗရယ်ဘီရှောခ် တို့သည် လူ့ဇာတိခံယူခြင်းမွေးဖွါးခြင်း၊ အသွေး တော်၏ရန်ငြိမ်းခြင်း၊ နှင့်ခရစ်တော်၏ရုပ်ခန္ဓာအားဖြင့်ထမြောက်ခြင်းတို့ကို တိုက်ခိုက်လျက်အ သုံးပြုလေ့ရှိသည်။ သို့သော် သူတို့သည် ယနေ့ကာလတွင် အလွန်ပါးနပ်ကြသည်။ သူတို့သည် ခရစ်တော်နှင့်ခရစ်တော်၏လုပ်ဆောင်ချက်တို့ကို ၎င်းတို့၏တရားဒေသနာတွင် ချန်ထားကြပါ သည်။ သူတို့သည် ခရစ်တော်ကိုယ်တိုင်နှင့်ပါတ်သက်ပြီး တရားဟောခြင်းကို ရပ်တန့်ကြပါ သည်။ Rick Warren ဘုရားကျောင်းရှိ ၎င်း၌အသက်တာတစ်ခုလုံးရင်းနှီးမြှုပ်နှံထားသည်ဟု ဆိုထားသော မိန်းကလေးကောလိပ်တစ်ခုဖြစ်ရသည်အကြောင်း သေချာသိသည့်အရာသည် စလုံးတစ်လုံးမျှမပြောနိူင်ပါ။ ထိုအကြောင်းကိုစဉ်းစားကြည့်ပါ။ သူမအား သက်သေခံချက်ကို မေးမြန်းသောအခါ ယေရှုအကြောင်းကို စလုံးတစ်လုံးတောင်မှမပြောနိူင်သည်ကို စဉ်းစားကြည့် ပါ။ သူတစ်ဦးတည်းမဟုတ်ပါ။ နှစ်ခြင်းနှင့်ဧဝံဂေလိအသင်းတော်များအား သက်သေခံချက်မေး မြန်းသောအခါ လူအယောက်နှစ်ဆယ်တွင် တစ်ယောက်မျှ ယေရှုကို မချီးမွမ်းကြပါ။ သူတို့အ ကြောင်းကိုသာပြောကြသည်။ သူတို့ထင်မြင်ချက်၊ သူတို့ခံစားချက်ကိုသာပြောကြပါသည်။ သို့ သော် အနည်းငယ်မျှသာ ယေရှုအကြောင်း တစ်လုံး သို့မဟုတ် နှစ်လုံးထက်မက ပြောနိူင်ကြ သည်။ သူတို့သည် တရားဒေသနာ၌ ခရစ်တော်အကြောင်းကို များစွာမကြားကြပါ။ ထို့ကြောင့် ၎င်းတို့၏သက်သေခံချက်တွင် ခရစ်တော်အကြောင်းကို အဘယ့်ကြောင့် များစွာမျှော်လင့်နိူင် မည်နည်း။ ဒေါက်တာ Michael Horton က ကယ်လီဖိုးနီးယားပြည်နယ်ရှိ Westminster Seminary တွင် စနစ်ကျသောဓမ္မပညာအကြောင်းကိုသင်ကြားပေးသည်။ ဒေါက်တာ Horton ၏လက်ကိုင်စာအုပ်သည် ခရစ်တော်မရှိသောခရစ်ယာန်ဘာသာ၊ အမေရိကန်အသင်းတော်၏ သမာရိုးကျဧဝံဂေလိတရား ဖြစ်သည်။ (Baker Books, ၂၀၁၂ ထုတ်ဝေချက်)

ဤကြောက်မက်ဖွယ်ရာဦးတည်ချက်သည် ၎င်းတို့၏အသင်းတော္မှ ခရစ်တော်ကို ပိတ်ပင်ထားလိုက်သည်။ ၎င်းမှာ ကျွန်ုပ်တို့၏ကိုယ့်အားကိုကိုး နှစ်ခြင်းအသင်းတော်များတွင် လည်းဖြစ်ပျက်သောအရာဖြစ်သည်။ အကြောင်းတရားတစ်ခုမှာ ကျွန်ုပ်တို့၏နှစ်ခြင်းအသင်း တော်များသည် တနင်္ဂနွေညတွင် ဘုရားကျောင်းပိတ်ကြသည်။ ထို့ကြောင့် သင်းအုပ်သည် တစ်ပတ်လျှင် မိနစ်သုံးဆယ်သာ မိမိလူတို့ကို တရားဟောရသည်။ ဤသို့ဖြင့် "ခရစ်ယာန်အ သက်တာ" မည်သို့အသက်ရှင်မည်ကို "ရှင်းပြချက်"ဟူသောတရားဒေသနာဖြင့် ကျမ်းပိုဒ်တစ် ပိုဒ်ချင်းစီကို ကယ်တင်ခြင်းမရရှိသောအသင်းသားများအား သူအချိန်တိုင်းတွင် သင်ကြားပေး နေရပါသည်။ အဆုံးတွင် သူသည် ကယ်တင်ခြင်းရရှိလိုသောသူတို့အား လက်ဆွဲနှုတ်ဆက် ခြင်းအကြောင်းကိုပြဖို့ တောင်းဆိုခဲ့သည်။ ခရစ်တော်၏ဧဝံဂေလိတရား၊ ၎င်း၏ရန်ငြိမ်းခြင်း အလုပ်၊ နှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောရန် မလိုတော့ပေ။ လူတို့က ယခုတွင် ၎င်းကို အလိုမရှိကြတော့ပေ။ သူတို့လုပ်ဆောင်ရမည်မှာ ၎င်းတို့၏ကဒ်ကိုဖြည့်ပြီး လက်မြှောက်ကာ သူတို့နားမလည်သောစကားလုံးအနည်းငယ်ကို ဗလုံးဗထွေးပြောရန်ဖြစ် သည်။ (အပြစ်သား များ၏ဆုတောင်းခြင်း) ထို့နောက် သူတို့သည် နှစ်ခြင်းခံကြသည်။ ထို့ ကြောင့် ကျွန်ုပ်တို့ကလေးများထောင်ကျော်သည် ခရစ်တော်၏ဧ)ံဂေလိတရားကို မကြားဘဲ နှစ်ခြင်းခံပြီးပျောက်ဆုံးသူများဖြစ်ကြသည်။ သူတို့၌ နှစ်ပေါင်း ၁၅၀ လောက်နိူးထမှုမရှိသည်အ ကြောင်းကိုလည်း အံ့ဩမိသည်။ ကျွန်ုပ်တို့အသင်တော်များ၏ "ခရစ်တော်မရှိသောခရစ်ယာန် ဘာသာ" တွင် မည်သို့နိူးထမှုဖြစ်လာနိူင်မည်နည်း။ ၎င်းမှာ တနင်္ဂနွေညနေအစီအစဉ်မရှိသည့် ဘုရားကျောင်းသို့မသွားရန် လူတို့အား YouTube နှင့် website တွင် အပတ်တိုင်း ပြောလေ့ရှိ သောအကြောင်းတရားဖြစ်ပါသည်။ လောတက ၎င်း၏ဇနီးသည်အားပြောသကဲ့သို့ "ထွက်သွား ပြီး နောက်ပြန်မလှည့်ပါနှင့်။"

လူငယ်တို့၊ ခရစ်တော်ထံသို့ပြန်လာဖို့အခွင့်ရှိပါသည်။ လက်ဝါးကပ်တိုင်တွင် သွန်း လောင်းသောအသွေးတော်အားဖြင့် အပြစ်များကို ဆေးကြောခွင့်ရှိပါ၏။ အပြစ်နှင့်ဘုရားသခင် ၏အမျက်တော်မှ ကယ်တင်တော်မူ၏။ ဒေါက်တာ Lloyd-Jones က "နိူးထမှုသည် ဘုရားသ ခင်၏သားတော် ယေရှုခရစ်၏ဘုန်းထင်ရှားခြင်းဖြစ်သည်" ဟုဆိုပါသည်။ ( ၎င်း၊ စာ- ၄၇ )

ဆက်လက်၍ ဒေါက်တာ Lloyd-Jones က "နိူးထမှုတိုင်းတွင် ချွမ်းချက်မရှိဘဲ ခရစ် တော်၏အသွေးတော်ကိုအံ့ဘွယ်အလေးအနက်ထားဘော်ပြထားကြသည်ကိုတွေ့ရလိမ့်မည်" ဟုဆိုသည်။ (၎င်း၊ စာ- ၄၈ ) ကျွန်ုပ်၏အပေါင်းအပါ ဒေါက်တာ Cagan သည် ဒေါက်တာ John MacArthur ၏အ သင်းတော်တွင် တစ်နှစ်ကျော်က တနင်္ဂနွေနေ့တိုင်းတက်ရောက်ခဲ့ သည်။ ကျွန်ုပ်သည်လည်း ဒေါက်တာ MacArthur ၏ တိတ်ခွေကိုနားထောင်ခဲ့ဖူးသည်။ Dr. MacArthur သည် ခရစ် တော်၏အသွေးတော်ကိုအဆင့်နိမ့်ကျစေပြီး "အသွေးတော်"ကိုလည်း "သေခြင်း" ဟုပြောင်းလဲကာ သူ၏သွန်သင်ခြင်းတစ်ခုလုံးတွင် အသုံးပြုထားသည်ကို ကျွန်ုပ် တို့နှစ်ဦးစလုံးက သိကြပါ သည်။ အဘယ့်ကြောင့် ထိုသို့ပြုပါသနည်း။ အဖြေက ရှင်းရှင်းလေး ပါ။ သူသည် ခေတ်ဟောင်း နိူးထမှုကိုဂရုမစိုက်သည့် ခေတ်သစ်တရားဟောဆရာတစ်ဦးပင် ဖြစ်ပါသည်။ သို့သော် Dr. Lloyd-Jones သည် ဤသို့ပြောဆိုသည်တွင် အလွန်ပင် ထိမိမှန် ကန်လှပါသည်။ "ခရစ်ယာန် ဧဝံဂေလိတရား၏အာရုံကြော၊ ဗဟိုအချက်အချာနှင့် အနှစ်သာရ မှာ ယုံကြည်သောအားဖြင့် အသွေးတော်ဖြင့်ရန်ငြိမ်းခြင်းကိုပြုရန် ဘုရားသခင်စေလွှတ်သော သူပင်ဖြစ်သတည်း။ (ရောမ ၃း ၂၅ ) သူ၏အသွေးတော်နှင့်အပြစ်လွှတ်ခြင်းအားဖြင့် ရွေးနှုတ် ခြင်းကျေးဇူးကို သူ့အထဲ၌ ကျွန်ုပ်တို့ရရှိခံစားကြပါသည်။ (ဧဖက် ၁း ၇)" ( ၎င်း၊ စာ- ၄၈ ) တဖန် ဒေါက်တာ Lloyd-Jones က "ယောက်ျားနှင့်မိန်းမတို့သည် လက်ဝါးကပ်တိုင်တွင် သွန်းသောအသွေးတော်၊ ထိုအရာအားဖြင့် ကျွန်ုပ်တို့ဝါကြွားစရာဖြစ်သောအရာများကိုသွန်း လောင်းခြင်းကိုငြင်းပယ်သောအခါ နိူးထမှုတွေ့မြင်ဖို့မျှော်လင့်စရာမရှိပါ။" ( ၎င်း၊ စာ- ၄၉ ) နိူး ထမှုတွင် တရားဟောသည့်အချိန်နှင့်တေးသီချင်းများတွင် ယေရှုခရစ်၏အသွေးတော်ကို အ လေးအနက်ထားပြောဆိုမှုတွေရှိပါသည်။ နိူးထမှုရှိသည့်အချိန်တွင် ရေးသားသီကုံးထားသည့် တေးသီချင်းများထဲကအချို့ကို နားထောင်ကြပါစို့။

ကျွန်ုပ်သခင် အသွေးသွန်းလောင်းပါသလာ၊
   အရာခပ်သိမ်းစိုးစံအရှင် အသေခံ၏လော။
ခေါင်းတော်မှာဆူးရစ်သရဖူဆောင်ထား
   ကျွန်ုပ်ကဲ့သို့ သူများအတွက် သာ။
(“ကျွန်ုပ်သခငှ်အသွေးသွန်းလောင်း၏လော၊" Dr. Isaac Watts ၁၉၇၄-၁၉၄၈)

အသွေးနှင့်ပြည့်သောတွင်းရှိသည်၊
   ဧမာနွေလအသွေး
ထိုသွေးတော်နှင့်နစ်မြှုပ်သူသည်။
   အပြစ်နှင့်ကင်းရှင်းသည်။။
"စမ်းရေတွင်း"၊ William Cowper ၁၇၃၁-၁၈၁၁၁ )

ကျွန်ုပ်၏အပြစ်အတွက် ခရစ်တော်ထာဝရအသက်ရှင်၊
   သူ၏ရွေးနှုတ်ခြင်းမေတ္တာ၊ သန့်ရှင်းသောအသွေးတော်မြတ်။
ကျွန်ုပ်တို့အတွက် ရန်ငြိမ်းခြင်းကိုပြုသည်၊ ယခုမျက်မှောက်တော်တွင် အသက်ရှင်ပြီ။
   ယခုမျက်မှောက်တော်ပလ္လင်တွင် အသက်ရှင်ပြီ။
("ထလော့၊ ကျွန်ုပ်ဝိညာဉ်"၊ Charles Wesley ၁၇၀၇- ၁၇၈၈ )

လက်ဝါးကပ်တိုင်နှင့်ခရစ်တော်၏အသွေးတော်သည် ဒေါက်တာ Lloyd-Jones ပြောခဲ့သကဲ့သို့ နိူးထမှုအချိန်ကာလတွင် ကြီးမားသည့် အသားပေးမှုထဲသို့ရောက်ရှိလာသည်။

၅။ ပဥ္စမအချက်၊ နိူးထမှုကိုရရှိလိုလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏အပြစ်ကိုမြင်စေ ခြင်းနှင့်ပြောင်းလဲစေခြင်းလုပ်ငန်းကို အလေးထားရမည်။

သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်သည် အခြားသောအယူဝါဒများကို ခွန် အားဖြစ်စေပြီး အသုံးချစေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က အဘယ်အရာကိုလုပ်ဆောင် ပါသနည်း။ သူသည် အလင်းပေးခြင်းအားဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့အသက်တာတွင် အ စစ်အမှန်ဖြစ်လာစေသည်။ သမ္မာကျမ်းစာထဲက သမ္မာတရားကို မျက်ဝါးထင်ထင်တွေ့ရပြီး လက်ခံရန် ကျွန်ုပ်တို့၏ဝိညာဉ်မျက်စိများကိုဖွင့်ပေးပါသည်။ ကျွန်ုပ်တို့၏အပြစ်ကိုမြင်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အား ဆေးကြောဖို့ခရစ်တော်သွန်းသောအသွေးတော်၏လိုအပ်ချက်ကို နားလည်သဘောပေါက်လာသည်။ "သူသည်ရောက်လာသောအခါ၊ လောက၏အပြစ်ကိုထင် ရှားစေလိမ့်မည်။"(ယောဟန် ၁၆း ၈ ) သူသည် သင့်အား ယေရှုထံသို့ပို့ဆောင်ပြီး အသွေး တော်အားဖြင့်ဆေးကြောခြင်းခံရသောအခါ ယေရှုကိုယုံကြည်ကိုးစားစေပါသည်။ ယေရှုက "သူ သည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်" ဟုဆိုသည်။ (ယော ၁၆း ၁၄ )

ချစ်သောမိတ်ဆွေများ၊ ကျွန်ုပ်တို့အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်း လောင်းတော်မူမည်အကြောင်းဆုတောင်းကြပါ၏။ အကြောင်းမှာ အပြစ်ကိုသိမြင်လျက်၊ အ သွေးတော်ဖြင့်ဆေးကြောရန် ခရစ်တော်ထံသို့လာရန် ပျောက်ဆုံးသောသူများ ကျွန်ုပ်တို့အ လယ်တွင် ရှိနေဖို့မှာ ကျွန်ုပ်တို့၏တောင့်တသောဆန္ဒအမှန်ပင်ဖြစ်ပါသည်။ သို့သော် အပြစ်၏ ကျေးကျွန်များဖြစ်ကြသဖြင့် အကျဉ်းချထားရာအရပ်ကရုန်းထွက်ပြီး ခရစ်တော်ထံသို့ရောက်မ လာနိူင်ကြပါ။ အပြစ်၌ သူတို့အားချုပ်ထားရာနေရာမှ လွတ်မြောက်စေနိူင်သောသူမှာ သန့်ရှင်း သောဝိညာဉ်တော်သာဖြစ်ပါသည်။ မိမိတို့ပြုသောအပြစ်ကိုသိမြင်ဖို့ရန်မှာ သန့်ရှင်းသောဝိ ညာဉ်တော်၏တန်ခိုးတော်အားဖြင့်သာဖြစ်ပါသည်။ အသွေးတော်နှင့်လက်ဝါးကပ်တိုင်တော် အားဖြင့် သူတို့အား ကယ်တင်ခြင်းအဖို့အလို့ငှါ ယေရှုထံသို့ပို့ဆောင်ပေးနိူင်သူမှာ သန့်ရှင်း သောဝိညာဉ်တော်တပါးတည်းသာဖြစ်သည်။

စစ်မှန်သောခရစ်ယာန်တစ်ယောက်ဖြစ်လာခြင်းအကြောင်းနှင့်ပါတ်သက်ပြီး ပိုမို၍ သင် ယူလေ့လာနိူင်ရန် ဘုရားကျောင်းသို့ပြန်လာပါ။ အမှန်တကယ်ခေါ်ဖိတ်ပါ၏။ အားလုံးမတ်တပ် ရပ်ပြီး သီချင်နံပါတ် ၃ "အသွေးတော်၌တန်ခိုးရှိ" ကိုသီဆိုကျူးဧကြပါစို့။

သင်သည်အပြစ်မှကင်းလွတ်ချင်သလား၊
   အသွေးတော်တော်၌တန်ခိုးရှိ၊ တန်ခိုးရှိ။
မကောင်းသောအမှုမှလွတ်မြောက်အောင်မြင်လိုသလား၊
   အသွေးတော်၌တန်ခိုးတော်ရှိ။
အသွေးတော်၊ တော်၊ တော်၊ ကြီးမြတ်သွေးရဲ့တန်ခိုး။
   သိုးသူငယ်အသွေးတော်၌
အသွေးတော်၊ တော်၊ တော်၊ ကြီးမြတ်သွေးရဲ့တန်ခိုး။
   သိုးသူငယ်အသွေးတော်၌။

အပြစ်နှင့်ဝါကြွားခြင်းတရားမှဆေးကြောခြင်းခံလိုသလား၊
   အသွေးတော်တော်၌တန်ခိုးရှိ၊ တန်ခိုးရှိ။
ကာရနီအသွေးတော်၌ဆေးကြောခြင်းခံလိုသလား။
   အသွေးတော်တော်၌တန်ခိုးရှိ၊ တန်ခိုးရှိ။
အသွေးတော်၊ တော်၊ တော်၊ ကြီးမြတ်သွေးရဲ့တန်ခိုး။
   သိုးသူငယ်အသွေးတော်၌
အသွေးတော်၊ တော်၊ တော်၊ ကြီးမြတ်သွေးရဲ့တန်ခိုး။
   သိုးသူငယ်အသွေးတော်၌။
("အသွေးတော်၌တန်ခိုးရှိ" Lewis E. Jones ၁၈၆၅-၁၉၃၆ ရေးစပ်သည်။ )

ဒေါက်တာ Chan ကျေးဇူးပြု၍ ဆုတောင်းဦးဆောင်ပါ။

ဤတရားေဒသနာသည္ဤတရားဒေသနာသည် သင့်ကို တို့ထိလျှင် Dr. Hymers ကို အီးမေးလ်ပို့ပြီးပြောပြပါ-- rlhymersjr@sbcglobal.net (ကိုနှိပ်ပါ။) သင်သည် မည်သည့်နိူင်ငံမှစာရေးသားပေးပို့သည်ကို ကျေးဇူးပြုပြီး ပြော ပြပါ။ Dr. Hymers ကို သင်၏ဘာသာစကားဖြင့် လည်း စာရေး သားပေးပို့နိူင် ပါသည်။ သို့သော် အင်္ဂလိပ်လိုရေးနိူင်လျှင် အင်္ဂလိပ်လို ရေးပါ။

(တရားဒသေနာနိဂုံး)


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီဆုတောင်းခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ပြန်၍နိူးထစေပါ၊ ဘုရား"၊ (Albert Midlane ၁၈၂၅-၁၉၀၉) ရေးစပ်သည်။)


အခှပှေုကမြွး

နိူးထမှုအယူဝါဒများအကျဉ်း

(နိူးထမှုတရားဒေသနာအမှတ် ၂၀ )
THE GREAT DOCTRINES OF REVIVAL
(SERMON NUMBER 20 ON REVIVAL)

Dr. R. L. Hymers, Jr.

"ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ပေးလိုက်ခြင်းငှါ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရား ဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှါ၊ နှိုးဆော်သွေး ဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏။ အဘယ့်ကြောင့်နည်းဟူမူ ကား၊ ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်း အလို့ငှါ မှောက်လှန်လျက်၊ တပါးတည်းအစိုးရတော်မူသောအရှင်၊ ငါ တို့သခင် ယေရှုခရစ်ကိုငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့်အမှတ်တမဲ့ ဝင်ကြပြီ။" (ယုဒ ၃၊ ၄ )

၁။ ပထမအချက်၊ နိူးထမှုကိုရရှိလိုလျှင် အသက်ရှင်သောဘုရားသခင်၏ အကြွင်းမဲ့ စိုး စံခြင်းကို ဖက်တွယ်ရမည်။ ၂ တိမော ၂း ၁၉။

၂။ ဒုတိယအချက်၊ နိူးထမှုကိုရရှိလိုလျှင် သမ္မာကျမ်းစာအတွက် ရပ်တည်ရမည်။ ဆာလံ ၁၁၉း ၁၃၀၊ ၁၀၃၊ ၁၀၄၊ ၂ တိ ၃း ၁၆၊ ၁၇။

၃။ တတိယအချက်၊ နိူးထမှုကိုရရှိလိုလျှင်၊ လူသည် အပြစ်ထဲ၌ကျဆုံးပြီး ထိုအပြစ် ကြောင့် ပျက်စီးရသည်ကို လက်ခံရမည်။ ရောမ ၇း ၁၈၊ ၂၄။

၄။ စတုတ္ထအချက်၊ နိူးထမှုကိုရရှိလိုလျှင် လက်ဝါးကပ်တိုင်၌ ခရစ်တော်၏ ရန်ငြိမ်းစေ သောယဇ်ပူဇော်ခြင်း၊ အသွေးတော်ကို အလေးထားရ မည်။ ရောမ ၃း ၂၅၊ ဧဖက် ၁း ၇။

၅။ ပဥ္စမအချက်၊ နိူးထမှုကိုရရှိလိုလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်ကိုမြင်စေ ခြင်းနှင့်ပြောင်းလဲစေခြင်းလုပ်ငန်းကို အလေးထားရ မည်။ ယောဟန် ၁၆း ၈၊ ၁၄။