Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အပြစ်သားများအဖို့ မုန့်ကိုတောင်းခြင်း

ASKING BREAD FOR SINNERS
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဩဂုတ်လ ( ၂ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 2, 2015

"သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအ ရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင် တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော် ကိုသာ၍ ပေးတော်မူမည်မဟုတ်လောဟု မိန့်တော်မူ၏။” ((လုကာ ၁၁း ၁၃ ))


ဥပမာဆိုသည်မှာ ဝိညာဉ်ပိုင်းဆိုင်ရာအမှန်တရားတစ်ခုကို ပုံဆောင်ထားသည့် ပုံပြင် တစ်ခုဖြစ်ပါသည်။ ဤဥပမာသည် ရိုးစင်းသော ပုံပြင်ဖြစ်ပါသည်။ တပည့်တော်တပါးက "အဘယ်သို့ဆုတောင်းရမည်ကို သွန်သင်တော်မူပါ" (လုကာ ၁၁း ၁ ) ဟုဆိုထားသည်။ ယေရှုက ပဌနာတော်အကြောင်း ( ကျွန်ုပ်တို့၏အဖ) ကို သူတို့အား ပေးထားသည်။ ကျွန်ုပ်၏ ဘဝအသက်တာတစ်လျှောက်လုံးတွင် တစ်နေ့လျှင် အနည်းဆုံ့းတစ်ခါနှုန်းဖြင့် တောင်းသည့် ဆုတောင်းချက်လည်းဖြစ်သည်။ သို့သော် ယေရှုက ဤရိုးစင်းသောဥပမာဖြစ်သည့် ပုံပြင်လေး ကို တပည့်တော်တို့အား ပေးတော်မူခဲ့သည်။

ခရစ်တော်က ညသန်းခေါင်တွင် အိမ်၌မိတ်ဆွေရောက်ရှိသော်လည်း ပေးစရာမုန့်မရှိ သောလူတစ်ယောက်အကြောင်းကို မိန့်ဆိုသည်။ ထိုသို့မရှိသောကြောင့် မိမိအိမ်နီးချင်းထံသို့ သွား၍ မုန့်သုံးချပ်ကို သွား၍ တောင်းခဲ့သည်။ သူက အိမ်နီးချင်းအား ကျွန်ုပ်၏မိတ်ဆွေတစ် ယောက်သည် ခရီးဝေးကလာသည်ဟု ဆိုသည်။ "သူ့ကိုပေးရန် မုန့်မရှိ။" အိမ်နီးချင်းက ထွက် သွားပါဟုဆိုသည်။ သူနှင့်သူ့ကလေးများသည်လည်း အိပ်မောကျကုန်ပြီဟုဆိုသည်။ သို့ရာ တွင် ထိုသူသည် ဆက်ပြီး တံခါးကို ခေါက်သည်။ နောက်ဆုံးတွင် အိမ်နီးချင်းသည် တံခါးကို ဖွင့်၍ လိုအပ်သောမုန့်ကို ပေးတော်မူခဲ့သည်။

ထို့နောက် ယေရှုက ဤပုံဥပမာ၏သော့ချက်၊ လူတို့က ပုံဝတ္ထု၏ "အကျင့်" ဟုခေါ်ဆို သောအရာ၊ ထိုသို့ပြောဆိုရခြင်း၏အကြောင်းရင်ကို ပေးတော်မူသည်။

"တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက် လျှင်ဖွင့်မည် ဟုဆိုသည်။" (လုကာ ၁၁း ၉ )

မူရင်း ဂရိဘာသာစကားတွင် ဆက်လက်တောင်းခံခြင်း၊ ဆက်လက်ရှာဖွေခြင်း၊ ဆက်လက်၍ တံခါးကိုခေါက်ခြင်းဟု ပါရှိသည်။ ဒေါက်တာ ဂျွန်အာရိုက်စ်က ကျမ်းပိုဒ်ကို "ဆက်လက် တောင်းလျှောက်လျှင်၊ ပေးတော်မူမည်၊ ဆက်လက်၍ တံခါးကိုခေါက်လျှင် တံခါးကိုဖွင့်တော်မူ မည်" ဟု အနက်ကိုဖွင့်ဆိုနိူင်သည်ဆို၏။ ( ဆုတောင်းခြင်း တောင်းလျှောက်ခြင်းနှင့်လက်ခံရ ယူခြင်း၊ Sword of the Lord Publishers, ၁၉၇၀၊ စာ- ၉၄ )

ထို့နောက် ပုံဥပမာ၏ဒုတိယသော့ချက်ရှိသည်။ လူတစ်ယောက်သည် တံခါးကို ခေါက် သည်တွင် "မုန့်" ကိုတောင်းနေခြင်းဖြစ်သည်။ ဤ"မုန့်" ကားအဘယ်နည်း။ အပိုဒ်ငယ် ဆယ့်သုံးက အဖြေကိုပေးတော်မူသည်။ "ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင် တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကိုသာ၍ ပေးတော်မူ မည်မဟုတ်လောဟု မိန့်တော်မူ၏။ " အခြားနည်းလမ်းအားဖြင့်လည်း အသုံးချနိူင်ပါသည်။ သို့ သော် အဓိကအချက်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်က အပြစ်သားများအား သန့်ရှင်းသော ဝိညာဉ်တော်ကိုပေးရန်၊ သူတို့ကို အလင်းပေးရန်၊ သူတို့အပြစ်များကိုသိမြင်စေရန်၊ ခရစ်တော် ထံပါးသို့ သာ၍နီးကပ်စေရန် တောင်းလျှောက်ရမည်၊ ရှာရမည်၊ တံခါးကိုဖွင့်ရမည်။ ထို့ကြောင့် ပုံဥပမာထဲက "မုန့်" ဟူသည်မှာ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ အပိုဒ်ငယ်ခြောက်တွင် လူတစ်ယောက်က "အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှ လာ၍ အကျွန်ုပ်ထံသို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါ"ဟု ဆိုလျက် မုန့်ကိုတောင်းတော်မူသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်မရှိပါဘဲ ကျွန်ုပ်တို့၏အစီအစဉ်သို့ရောက်ရှိလာသောပျောက်ဆုံးသည့်အပြစ်သားများအားပေးရန် အဘယ်အရာမျှရှိမည်မဟုတ်။

တရားဒေသနာကို ဂရုတစိုက်ပြင်ဆင်ထားသည့်အချိန်ကာလများကို ကျွန်ုပ်အမှတ်ရ နေမိသည်။ သို့ရာတွင် တရားပလ္လင်ပေါ်သို့ရောက်သောအခါ လေမှုတ်နေသကဲ့သို့သာဖြစ်နေ သည်။ တရားဒေသနာတွင် ကောင်းသောအချက်တွေ့ရှိသော်လည်း အပြစ်သားများကို မကူညီ နိူင်ခဲ့ပါ။ တန်ခိုးလည်းမရှိပါ။ အဘယ်သူမျှ တို့ထိခြင်းမရှိ။ နောက်ဆုံးသောကာလတွင်ရှိကြ သည့်တရားဟောဆရာအချို့တို့သည် ကျွန်ုပ်ပြောသည့်အရာကို နာလည်နိူင်ကြမည်မဟုတ်။ သူတို့တရားဟောသည်တွင် ကွဲပြားခြားနားသောအချက်ကို မခံစားခဲ့ဖူးကြ။ ဝမ်းနည်းဖွယ်ရာ ပင်ဖြစ်သည်။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော်အလုပ်မလုပ်ဟုသာဆိုရမည်။ သူတို့ တရားဟောသည့်အခါ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သည်၊ မဆင်းသက်သည်ကိုပင် မပြောနိူင်ကြပေ။

တချိန်တုန်းက နယူးအိုလင်ရှိ ဘော်ဘွန်စထရိတ်က နာမည်ရတရားဟောဆရာ၏တ ရားဒေသနာကိုနားထောင်ရန် ပျောက်ဆုံးသောအဖေကို ခေါ်ခဲ့သည်။ လူတို့က ဤလူသည် ကျွန်ုပ်အဖေကိုရရှိနိူင်မည်ဟုဆိုကြသည်။ အကြောင်းမှာ သူသည် ဟာသကိုနှော၍ပြောတတ် သဖြင့် လူလတ်ပိုင်းများကနားထောင်လိုကြပြီး ဧဝံဂေလိတရားကိုလည်း တုန့်ပြန်နိူင်ကြသည် ဟု ဆိုသည်။ ကျွန်ုပ်အဖေနှင့်အတူ ဘုရားကျောင်းသွားသည်မှာ ထိုတစ်ကြိမ်သာဖြစ်သည်။ ဘော်ဘွန်စထရိတ်က တရားဟောဆရာသည် မတ်တပ်ရပ်ပြီး ဟာသဖြင့်စတင်ပြောဆိုသည်။ သူသည် အရမ်းတော်သည်မှာ မှန်ပါသည်။ အကြံဥာဏ်ကောင်းတွေလည်းရှိပါသည်။ သူစကား အဆုံးတွင် ကယ်တင်ခြင်းနှင့်ဆိုင်သောစကား တစ်ခွန်း သို့မဟုတ် နှစ်ခွန်းကိုပြောသည်။ ပြီး တော့ ခေါ်ဖိတ်ခြင်းအစီအစဉ်ကိုလုပ်ဆောင်ပြီး ရှေ့သို့လာပြီး ကယ်တင်ခြင်းရရှိကြရန် ခေါ်ဖိတ်သည်။ ကျွန်ုပ်အဖေမှာ လှုပ်တောင်မလှုပ်ရှားပေ။ ခဏကြာပြီး ကားထဲရောက်သောအ ခါ သူအဘယ်အရာစဉ်းစားနေသည်ကို မေးလိုက်သည်။ အဖေက "သူသည် ပေါ့ခ်ဟုတ် လောက်မကောင်းဘူး" ( အကြောင်းမှာ သင်သည် အရမ်းငယ်သေးတယ်၊ ပေါ့ခ်ဟုတ်သည် ဟာသရွှင်သောသူတစ်ယောက်ဖြစ်သည် )ဟု ဆိုလိုက်သည်။ အဖေက "သူသည် ပေါ့ခ်ဟုတ် လောက်မကောင်းပါ" ဟုသာဆိုသည်။

ပရိသတ်အားလုံးသည် ဘော်ဘွန်းစထရိတ်တရားဟောဆရာ၏တရားဟောချက် ကြောင့် တစ်လမ်းလုံးရည်မောကြရသည်။ သူသည် အောင်မြင်မှုကြီးကိုရရှိမည်ဟု ထင်မိမှာ အ မှန်ပင်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်မရှိပါ။ လုံးဝမပါဝင်ပါ။ ယခင်က သိခဲ့သကဲ့သို့ ယခု လည်းသိပါတယ်။ အသနားခံခေါ်ထားသည်ဖြစ်၍ အဖေလည်း လိုက်လာသည်။ အဖေလာ သော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှာ ဆင်းသက်လာခြင်းမရွိ။ ကျွန်ုပ်ဖခင်မှာ ပျောက်ဆုံး သောသူဖြစ်သည်။ သို့သော် ဒွန်နီးအနီးရှိထိုအသင်းတော်တွင် ကျွန်ုပ်၏အဖေအတွက် "မုန့်" မရှိပါ။

"အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါဟု ဆိုသော်။" ( လုကာ ၁၁း ၆ )

ကျွန်ုပ်သည် ဤနေရာတွင်တရားဟောရန် မတ်တပ်ရပ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ပါဝင်ခြင်းမရှိလျှင် အဘယ်သူကိုမျှ မကူညီနိူင်၊ အဘယ်သူမျှ ကယ်တင်တော်မူ ခြင်းသို့မရောက်၊ အဘယ်သူမျှ ခရစ်တော်၏တပည့်တော်ဖြစ်မလာနိူင်ပေ။ သို့သောကြောင့် တရားဒေသနာများကိုရေးသားသည်တွင် စာကြောင်းတိုင်း၊ စာပိုဒ်တိုင်းအတွက် ဆုတောင်းနေ ရသည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းအစီအစဉ်သုံးခုစလုံးတွင် တရားဒေသနာအတွက်ဆု တောင်းရန် ကျွန်ုပ်ပြောရသည်မှာ ထို့အကြောင်းကြောင့်သာလျှင်ဖြစ်သည်။ ဆုတောင်းသူနှစ်ဦး သည် တရားဟောနေစဉ်အတွင်း အခြားအခန်း၌ အတူတကွဆုတောင်းကြရန် ပြောဆိုရသည် အကြောင်းလည်း ဖြစ်သည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့သည် တရားပလ္လင်မှပေးစရာအဘယ်အ ရာမျှရှိမည်မဟုတ်--"သူကိုကျွေးစရာမရှိသောကြောင့်"။ ၎င်းမှာ ယနေ့နောက်ဆုံးသောကာလ အသင်းတော်များတွင် တွေ့ရှိရသည့်အဓိကပြဿနာပင်ဖြစ်သည်။ ကျွန်ုပ်တို့အသင်းတော် သည်လည်း ထိုသို့ဖြစ်မလာစေရန် အားထုတ်ဆုတောင်းကြပါ။

ဘုရားသခင်က အပြစ်သားများအတွက် "မုန့်" ကို စေလွှတ်ရန် မည်သို့ဆုတောင်းသင့် သနည်း။ သန့်ရှင်သောဝိညာဉ်အဖို့ မည်သို့ဆုတောင်းသင့်သနည်း။ အပိုဒ်ငယ် ၉ ကိုကြည့်ကြ ပါစို့။

"တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက် လျှင်ဖွင့်မည် ဟုဆိုသည်။"

(လုကာ ၁၁း ၉ ))

ဆက်လက်၍ တောင်းလျှောက်ပါ။ ဆက်လက်၍ ရှာဖွေပါ၊ ဆက်လက်၍ တံခါးကိုခေါက်ပါ။ အရှုံးမပေးပါနှင့်။ တိတ်တိတ်မနေပါနှင့်။ သင့်စိတ်နှလုံးတွင် မီးကိုချထားဖို့ရာ ဘုရားသခင်ကို ဆုတောင်းပါ။ ငတ်မွတ်နေသောအပြစ်သားများအတွက် သန့်ရှင်းသောဝိညာဉ်တော် တည်း ဟူသောမုန့်အတွက် ဆုတေင်းပါ။

ကျွန်ုပ်တို့သည်လည်း မိဿဟာရအစီအစဉ်ကို အပြစ်သားများအား မုန့်ကိုပေးနိူင်ရန် ဘုရားသခင်အသုံးပြုဖို့ဆုတောင်းရမည်။ ကျွန်ုပ်တို့၌ Mrs. Cook, Mrs. Lee, Robert Lewis, Mr. Dixon နှင့်အခြားသူများပြင်ဆင်သောအံ့ဘွယ်အစာအဟာရကို သုံးဆောင်ကြရမည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းမရှိလျှင် အစီအစဉ်အပြီး ကျွန်ုပ်တို့သုံး ဆောင်သောအစာအဟာရသည် လာသောသူတို့ကို ကူညီနိူင်မည္မဟုတ်။ ဘုရားရှိခိုးပြီး အစာ အဟာရသုံးဆောင်သောအသင်းတော်တစ်ခုကို ကျွန်ုပ်သိသည်။ သင်းအုပ်၏မိန်းမက ထိုအ ကြောင်းကို စိတ်လှုပ်တရှားဖြင့် ကျွန်ုပ်ကိုပြောခဲ့သည်။ လူများစွာတို့သည် ထိုစားသောက်ပွဲတ လျှောက်လာကြသည်ဟုဆိုသည်။ ထို့နောက် ကျွန်ုပ်က "စားသောက်ကြသေးသလား" ဟုမေး လိုက်သည်။ သူမက "မစားကြတော့ပါ။ လူတို့ကို ဆက်မကူညီနိူင်တော့ပေ။ ဒါ့ကြောင့် ရပ်လိုက်တာလေ" ဟု ကျွန်ုပ်ကိုပြောပြသည်။ ကျွန်ုပ်က ဘာမျှမပြောသော်လည်း အကြောင်း ကိုသိသည်။ စားသောက်ခြင်းက လူတို့ကို မကူညီနိူင်သောကြောင့်ဖြစ်သည်။ စစ်မှန်သော အကြောင်းတရားမှာ စားသောက်ပွဲအတွက် ဆုတောင်းခြင်းကို ရပ်တန့်ကြသောကြောင့်ဖြစ် သည်။ သန့်ရှင်းသောဝိညာဉ်တော်မရှိလျှင် ပျောက်ဆုံးသောလူများသည် အဘယ့်ကြောင့် လာချင်ကြမည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်မရှိလျှင် စားသောက်ပွဲတစ်ခုသာလျှင်ဖြစ် သည်။ အဘယ်ကြောင့် စိတ်ရှုပ်ထွေးစရာဖြစ်သနည်း။ အဘယ့်ကြောင်း အဘယ်အရာကိုမျှ မသိသောအရာဖြစ်လာရသနည်း။ အဘယ့်ကြောင့် အိမ်တွင် မစားကြပါသနည်း။

"အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါဟု ဆိုသော်။" ( လုကာ ၁၁း ၆ )

တရားဟောဆရာတစ်ဦးက ကျွန်ုပ်တို့၏စားသောက်ပွဲသည် ကြီးကျယ်ခန်းနားသည်ဟု ဆိုသည်။ ထိုအရာကို ပြောင်းလဲစေနိူင်သည်ဟုဆိုသည်။ အကြောင်းမှာ ကျွန်ုပ်တို့ကဲ့သို့ ကြီး မားသည့်အစားအသောက်ကို မချက်နိူင်ကြဘူး။ ထို့ကြောင့် သူက "နည်းနည်းလေး" ပြောင်းလဲ စေပါသည်။ ထမင်းကျွေးမည့်အစား သူ၌ချိုမြိန်စာအဖြစ်အသင်းတော်တွင်အစေခံသည့် မိန့်က လေးများရှိလိမ့်မည်။ Alfred Hitchcock သည် ၎င်း၏ "အကြမ်းပတမ်းလုပ်တတ်သောအရူး" ဟူသောရုပ်ရှင်ကားကို မထုတ်လွှတ်ခင် သူသည် ဟောလီဝုဒ်က အထင်ကရပုဂ္ဂိုလ်များကို စတူဒီယိုသို့ ခေါ်ဖိတ်သည်။ သူက "လက်ချောင်းဟင်း" ၊ "လက်ချောင်းအစစ်နှင့်ပြုလုပ်ထား သည်" ကို ကျွေးမွေးသည်။ သူက သူတို့အား အမျိုးသမီးတစ်ယောက်သည် သူမ၏လက် ချောင်းများကို ကြမ်းပြင်ပေါ်တွင် လွှင့်ချလိုက်သည် ဟုပြောပြသည်။

စားမြိန်ဆေးဟူသည်မှာ ကြိုဆိုရေးတွင် အဆင်ပြေသော်လည်း ဝတ်ပြုအစီအစဉ်တွင် အကြာကြီးထိုင်လာခဲ့ကြသည့် ဆာလောင်သည့်လူငယ်များကို မကူညီကြပေ။ သင်းအုပ်သည် လည်း ၎င်း၏လူတို့နှင့်အရေးတကြီးဆုတောင်းနေပြီဆိုလျှင် ဤအမှားကိုတွေ့မြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူမရှိလျှင် ကျွန်ုပ်တို့ကျွေးမွေးသောအစာ သည်ကောင်းကြီးမင်္ဂလာမဖြစ်သည်ကို သင်တွေ့မြင်ပေမည်။ ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်မရှိလျှင် သူတို့မျက်မှောက်တွင် ကျွန်ုပ်တို့ချထားရမည့်အရာရှိမည်မဟုတ်။

"အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါဟု ဆိုသော်။" ( လုကာ ၁၁း ၆ )

အရှေ့အရပ်က တရားဟောဆရာတစ်ဦးက ကျွန်ုပ်၏အသင်းတော်တွင် နံနက်ဝတ်ပြု ပြီး ထမင်းကျွေးသည်ဟု ဆိုသည်။ ထို့နောက် လူအားလုံးသည် ပရိသတ်စည်းဝေးရာတွင် တိုတိုတုတ်တုတ်ကျမ်းစာလေ့လာထားမှုတွင် ပြန်သွားကြသည်။ ထို့ကြောင့် သူက တနင်္ဂနွေ ညနေဝတ်ပြုမလိုတော့ဘူးဟု ဆိုသည်။ နေ့လည်ထမင်းစားပြီးနောက် သမ္မာကျမ်းစာလေ့လာ သည်မှာ ညနေဝတ်ပြုစည်းဝေးလုပ်ခြင်းကဲ့သို့ကောင်းမွန်သည်ဟု ဆိုထားပါသည်။ "သူတို့ သည် ကျမ်းစာများစွာကို ရရှိသကဲ့သို့ဖြစ်သည်" ဟု သူက အသံအောအောဖြင့်ပြောသည်။

"ဆင်းရဲ့ချို့တဲ့သောလူတစ်ဦးသည် အောင်မြင်သောသင်းအုပ်ဆရာမဖြစ်နိူင်သည်မှာ အံ့ဩစရာမရှိ" ဟု ကျွန်ုပ်ထင်ခဲ့သည်။ ညနေပိုင်းဝတ်ပြုအစီအစဉ်၏ရည်ရွယ်ချက်မှာ ပုန်ကန် ထကြွသော "အသင်းတော်ကလေးများ" ၏ဦးနှောက်ထဲတွင် ကျမ်းပိုဒ်များပြွတ်သိပ်အောင် ထည့်သွင်းထားရန်မဟုတ်ပါ။ ထိုသို့ပင်ထင်လေသလား။ ညနေပိုင်းဝတ်ပြုအစီအစဉ်ကိုစွန့် လွှတ်ခြင်းသည် ဧဝံဂေလိအစီအစဉ်တွင် ပျောက်ဆုံးသောသူများကို ခရစ်တော်ထံသို့ပြန်လည် ပို့ဆောင်မည့်အခွင့်ထူးများကို လက်လွှတ်ဆုံးရှုံးခြင်းဖြစ်သည်။ ဘုရားသခင် ကူမတော်မူပါ။ သင်းအုပ်နှင့်၎င်း၏အသင်းသူ/သားများသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး အလေးအ နက်ထားဆုတောင်းခဲ့ကြလျှင် သူတို့လုပ်ဆောင်နေသောမိုက်မဲသည့်အမှုကို ဘုရားသခင်က ညွှန်ပြနေပေမည်ဟု ကျွန်ုပ်ထင်မိသည်။ ပျောက်ဆုံးသောသူများသည် လာပြီး ကယ်တင်တော် မူခြင်းသို့မရောက်နိူင်။ အကြောင်းမှာ သင်းအုပ်ကိုဦးဆောင်လမ်းပြမည့် သန့်ရှင်းသောဝိညာဉ် တော်မရှိပါ။ ယနေ့ဆိုးသွင်းသည့်ကာလတွင် ဘုရားသခင် ကူမတော်မူပါ။

"အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါဟု ဆိုသော်။" ( လုကာ ၁၁း ၆ )

နောက်ဆုံးသောကာလတွင်ရှိကြသော တရားဟောဆရာများနှင့်အသင်းသူ/သား များသည် အမှောင်ထဲတွင် ခလုတ်တိုက်လဲကြဟန်တူသည်။ အသင်းတော်၌ ကျွန်ုပ်တို့လုပ် ဆောင်သမျှကို ဆုတောင်းခြင်းတွင် အလျှံပယ်ဖြစ်စေသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့အား "သင်သည် အသက်ရှင်ဟန်ရှိသော်လည်း၊ သေလျက်နေသည်ကို ငါသိ၏" (ဗျာ ၃း ၁ ) ဟုဆို လိမ့်မည်။ " သင်သည် အသက်ရှင်ဟန်ရှိသော်လည်း၊ အမှန်တကယ်ပင်သေလျက်နေသည်။" ဤဆိုးသွင်းသောနေ့ရက်ကာလ၊ နောက်ဆုံးသောနေရက်ကာလတွင် မည်သို့သောအသင်း တော်၌ဖြစ်စေ ထိုသို့ဖြစ်နိူင်သည်။ ကျွန်ုပ်တို့လုပ်ဆောင်သမျှသောလုပ်ဆောင်ချက်တို့တွင် သန့်ရှင်းသောဝိညာဉ်တော်၏ဆင်းသက်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် သာဒိမြို့၌ရှိသောအသင်း တော်ကဲ့သို့ပင် မကြာမှီ သေနေသောသူဖြစ်နိူင်ပါသည်။

"အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါဟု ဆိုသော်။" ( လုကာ ၁၁း ၆ )

ယနေ့ခေတ်ကျွန်ုပ်တို့၏အသင်းတော်အများစုတွင် ထိုသို့ဖြစ်ပျက်နေသည်မှာ ကြောက် စရာပင်ကောင်းပါသည်။ ကျွန်ုပ်တို့လူတို့သည် အပန်းဖြေသွားသည့်အချိန်တွင် သူတို့သည် ၎င်း တို့တက်ရောက်ခဲ့သောအသင်းတော်များကြောင်း စိတ်ပျက်ခဲ့ရကြောင်း လာရောက်ပြောကြားခဲ့ ကြသည်။ "သီဆိုချီးမွင်းခြင်းသည်လည်း သေလျက်ရှိသည်။" "တရားဟောသူများလည်း ခြောက်ကပ်ကပ်ဖြစ်နေကြသည်။" "လူတို့လည်း ရင်းရင်းနှီးနှီးမရှိနိူင်ကြပါ။" "သူတို့သည် တနင်္ဂ နွေနေ့ညနေဝတ်ပြုလည်း မပြုကြပါ။" "ဆုတောင်းခြင်းအစီအစဉ်သို့သွားသော်လည်း စစ်မှန်တဲ့ ဆုတောင်းခြင်းမရှိ၊ ကျမ်းစာလေ့လာရုံသက်သက်သာဖြစ်သည်။" ကျွန်ုပ်တို့၏လူများက ထိုအ ရာကိုစဉ်းစားနေလျှင် ပျောက်ဆုံးသူများလည်း ထိုသို့လုပ်ဆောင်ကြပေမည်။ နောက်ဆုံးသော ကာလရှိအသင်းတော်များသည် အရမ်းခွန်အားနည်းကြသည်မှာ အံ့ဩစရာမရှိပါ။

"အကျွန်ုပ်အဆွေခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေး နှင့်ပါဟု ဆိုသော်။" ( လုကာ ၁၁း ၆ )

ယခု ကျွန်ု္ပ်တို့သည် ဝါကြွားကြသည်မဟုတ်။ ကျွန်ုပ်တို့သည် သာ၍ကောင်းမြတ် သောသူများမဟုတ်ကြသည်ကို သတိရပါ။ ကျွန်ုပ်တို့သည် မိမိတို့၏အားနည်းချက်များကို ဝန်ခံ ရပါမည်၊ သို့မဟုတ် ဘုရားသခင်၏ခွန်အားကို ရရှိနိူင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အစာရှောင်ပြီးဆုတောင်းရန် သိရှိကြသည်။ အကြောင်းမှာ အစာရှောင်ခြင်းသည် စာတန်နှင့် နတ်ဆိုးများအပေါ်အောင်နိူင်ဖို့အားကြီးသောတန်ခိုးအတွက် လိုအပ်သောအရာတစ်ခုဖြစ် သည်။ (မာကု ၉း ၂၉ ) ကျွန်ုပ်တို့သည် အစာရှောင်ပြီးဆုတောင်းကြသဖြင့် ကောင်းကြီးမင်္ဂလာ အချို့ကို ရရှိသိမ်းပိုက်ကြသည်။ သို့သော် အသင်းတော်၌ ညနေ ၅း ၃၀ တွင် စားသောက်မည့် စားသောက်ပွဲတိုင်အောင် နောက်တစ်ပတ်စနေနေ့တွင် ဆက်လက်အစာရှောင်ကြမည်ဖြစ် သည်။

ယနေ့ညနေတွင် ကျွန်ုပ်တို့လုပ်ဆောင်သမျှအမှုအရာတိုင်းတွင် သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်ရန်အတွက် ဆုတောင်းရာ ခေါ်ဖိတ်ထားပါသည်။ ဘုရားသခင်၏သန့်ရှင်း သော ဆင်းသက်ကိန်းဝပ်ခြင်းရှိတော်မမူလျှင် ပျောက်ဆုံးသူများ၏မျက်မှောက်တွင် "အဘယ် အရာကိုမျှ ကျွန်ုပ်တို့ချမထားနိူင်ပါ။" ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်သမျှသောအမှုအရာတိုင်း တွင် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ပါဝင်ရန်အတွက် အသေးစိတ်ဆုတောင်းဆက်ကပ် ရပါမည်။ သန့်ရှင်းသောဝိညာဉ်တော်မှာ ကျွန်ုပ်တို့တွင်ရှိရမည့် "မုန့်" ဖြစ်သည်။ သို့မဟုတ် အပြစ်သားများသည် ဆာငတ်လျက် အသင်းတော်ကိုကျောခိုင်းပြီး အဝေးသို့သွားကြမည်ဖြစ် သည်။ ကယ်တင်တော်မူခြင်းသို့ ရောက်ကြမည်မဟုတ်။

ယေရှုခရစ်သည် ဘုရားသခင်၏အမျက်တော်မှအပြစ်သားများကိုကယ်တင်ရန် လက် ဝါးကပ်တိုင်တွင် အသေခံခဲ့သည်။ အပြစ်သားများအား အသစ်သောမွေးဖွါးခြင်းကိုပေးရန် သေ ခြင်းမှထမြောက်တော်မူသည်။ သူတို့အထဲ၌ထာဝရအသက်ကိုလည်း ပေးတော်မူသည်။ သို့သော် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ချက်မပါဘဲ ထိုအရာများသည် အမှန်တကယ်ဖြစ်လာစရာအကြောင်းမရှိပေ။ ထို့ကြောင့် အပတ်တိုင်း ကျွန်ုပ်တို့ဆုတောင်း သည့်အချိန်တိုင်းတွင် အပြစ်သားများအတွက် မုန့်ကို ဘုရားသခင်အား ဆုတောင်းကြသည်။ ကျွန်ုပ်တို့၏ဝတ်ပြုအစီအစဉ်တွင် မှောင်မိုက်နေသောစိတ်နှလုံးများကိုအလင်းပေးဖို့၊ သူတို့ လုပ်ဆောင်ထားသည်အရာများအတွက် အပြစ်ရှိသည်ဟု ခံယူနားလည်လာဖို့၊နှင့် ယေရှုခရစ် ကိုလိုအပ်မှုများအတွက် သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွှတ်ရန် ဆုတောင်းကြပါ။ ယခုတွင် လုကာ ၁၁း ၁၃ ကို ဖတ်ကြပါစို့။ ၎င်းသည် Scofield Study Bible တွင် စာမျက်နှာ ၁၀၉၀ တွင်ရှိသည်။ ကျွန်ုပ်ဖတ်ရှုမည်ဖြစ်၍ အားလုံးမတ်တပ်ရပ်ပေးကြပါ။

"သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်း သောအ ရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင် တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော် ကိုသာ၍ ပေးတော်မူမည်မဟုတ် လောဟု မိန့်တော်မူ၏။" (လုကာ ၁၁း ၁၃ )

ဒီတစ်ပတ်၊ အထူးသဖြင့် စနေနေ့တွင်ဆုတောင်းရမည့်အချက်များကို တွေ့ရပါသည်။


၁။   သင်၏အစာရှောင်ဆုတောင်းခြင်းကို တိတ်တဆိတ်လုပ် ဆောင်ပါ။ (အဖြစ်နိူင်ဆုံး ) သင်သည် အစာရှောင် ဆုတောင်နေသည်ကို လှည့် ပတ်ပြောဆိုရန် မလိုအပ်ပါ။

၂။   သမ္မာကျမ်းစာဖတ်ဖို့အချိန်ယူပါ။ တမန်ဝတ္ထုအချို့အပိုင်းကို ဖတ်ပါ။ (အစက ဖတ်ပါ။)

၃။   စနေနေ့ အစာရှောင်နေစဉ်အတွင်း ဟေရှာယ ၅၈း ၆ ကို အလွတ် ကျက်ပါ။

၄။   ကျွန်ုပ်တို့နှင့်အတူနေထိုင်ဖို့ လူ ၁၀ ယောက် သို့မဟုတ် ထိုထက်များ သည့်အရေအတွက်ကို ပေးရန် ဘုရားသခင်ကို ဆုတောင်းပါ။

၅။   မပြောင်းလဲသေးသည့် ကျွန်ုပ်တို့၏လူငယ်များ၏ ပြောင်း လဲခြင်းအတွက် ဆုတောင်းပါ။ ဟေရှာယ ၅၈း ၆ တွင် မိန့်တော်မူသည်အတိုင်း သူတို့အတွက် လုပ်ဆောင်ရန် ဘုရားသခင်အား ဆုတောင်းပါ။

၆။   ယနေ့ပထမဆုံး လေ့လာသူအဖြစ်ရောက်လာသူများ ( တနင်္ဂနွေ) နောက်တကြိမ်ရောက်လာနိူင်ရန် ဆုတောင်းပါ။ ဖြစ်နိူင်ရင် နာမည် ခေါ်၍ ဆုတောင်းပေးပါ။

၇။   နောက်တပတ် တနင်္ဂနွေ မနက်နှင့်ညနေပိုင်းတွင် ဟော ကြားရမည့် အရာကို ဘုရားသခင်ပြသရန် ဆုတောင်းပါ။

၈။   ရေများစွာ သောက်သုံးပါ။ တစ်နာရီလျှင် တစ်ခွက်စီ သောက်ပါ။ နေ့တိုင်းလက်ဖက်ရည် သောက်လေ့ရှိလျှင် အစပိုင်းတွင် မတ်ခွက်ကြီးဖြင့် ကော်ဖီသောက်သုံးနိူင်ပါ သည်။ နူးညံ့သောအရည်၊ ပါဝါအရည် စသည်တို့ကို မ သောက် သုံးပါနှင့်။ .

၉။   သင့်ကျန်းမာရေးနှင့်ပတ်သက်ပြီး သံသယဖြစ်လျှင် အစာမ ရှောင်မှီ ဆရာဝန်နှင့်ပြပါ။ (ကျွန်ုပ်တို့အသင်းတော် တွင်ရှိကြ သည့် Dr. Kreighton Chan သို့မဟုတ် Dr. Judith Cagan ကို ပြသနိူင်သည်) အရေးကြီးသည့်အခြေအနေဖြစ်သည့် ဆီးချိုရောဂါ သို့မဟုတ် သွေး တိုးရှိလျှင် အစာမရှောင်ပါနှင့်။ ဤအချက်တွေကို ဆုတောင်းရန်သာ စနေနေ့ကို အသုံး ပြုပါ။

၁၀။ အစာရှောင်ဆုတောင်းခြင်းကို သောကြာနေ့ ညနေစာ စားပြီးသည့် အချိန်တွင် အစပြုပါ။ စနေနေ့ ညနေ ၅း ၃၀ နာရီအချိန်တွင် အသင်း တော်၌ အစာစားသည်တိုင်အောင် သောကြာနေ့ ညစာစားသည့်အချိန်မှစ၍ အဘယ်အရာ ကိုမျှ မစားပါနှင့်။

၁၁။ ဆုတောင်းရန် အရေးအကြီးဆုံးသောအရာမှာ ကျွန်ုပ်တို့ အသင်း တော်ရှိလူငယ်များပျောက်လဲလာရန် ဖြစ်သည်ကို သတိရပါ။ ထိုအ ပြင် ယနေ့အချိန်တွင် အသင်းတော်၌ ရောက်ရှိလာသောလူငယ်များ ကျွန်ုပ်တို့နှင့်အတူ ရေရှည်နေ ထိုင်သောသူများဖြစ်ရန် ဆုတောင်းပါ။

ဤတရားဒေသနာသည် သင့်ကို တို့ထိလျှင် Dr. Hymers ကို
အီးမေးလ်ပို့ပြီးပြောပြပါ-- rlhymersjr@sbcglobal.net
(ကိုနှိပ်ပါ။) သင်သည် မည်သည့်နိုင်ငံမှစာရေးသားပေးပို့သည်ကို
ကျေးဇူးပြုပြီး ပြော ပြပါ။ Dr. Hymers ကို
သင်၏ဘာသာစကားဖြင့် လည်း စာရေး သားပေးပို့နိုင် ပါသည်။
သို့သော် အင်္ဂလိပ်လိုရေးနိုင်လျှင် အင်္ဂလိပ်လို ရေးပါ။

(တရားဒသနောနိဂုံး)


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ လုကာ ၁၁း ၅- ၁၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"သင့်အဖို့ ဆုတောင်းနေသည်။"၊ (S. O'Malley Clough, ၁၈၃၇-၁၉၁၀) ရေးစပ်သည်။