Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




မကောင်းသည့်အချိန်ကာလတစ်ခုတွင် အသက်ရှင်ခြင်း

LIVING IN A TIME OF APOSTASY
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဧပြီလ ( ၂၆ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 26, 2015

""ရှေးလောကဓါတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသောနောဧနှင့် လူခုနှစ်ယောက်တို့ကိုစောင့်မ၍၊ ဘုရားကို မကိုး ကွယ်သောလောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ သော ဒုံမြို့နှင့်ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေ ကိုထားတော်မူ၏။ ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသောအကျင့် အားဖြင့် နှောက်ယှက်ခြင်းကို ခံရသောသူ၊ ဖြောင့်မတ်သောလောတကို ကယ်နှုတ်တော်မူ၏။ (ထိုဖြောင့်မတ်သောသူတို့သည် မတရားသောသူ တို့တွင် နေစဉ်အခါ၊ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံး ကို ပြင်းစွာညင်းဆဲရ၏။)" ( ၂ပေ ၂း ၅-၈ )


တမန်တော်ရှင်ပေတရုသည် ဤအခန်းတွင် ပရောဖက်တစ်ဦးကဲ့သို့ စကားပြောပါသည်။ အပိုဒ် ငယ် ၁-၃ တွင် မှားယွင်းသောအယူဝါဒရှိသူများပေါ်လာပြီး မှားယွင်းသောအရာများကို ဆောင် ယူလာကြမည်အကြောင်း ပြောသည်။ သူတို့သည် သခင်ယေရှုကို ငြင်းပယ်ကြမည်ဖြစ်ကြောင် ဆိုထားပါသည်။ လူများစွာတို့သည် ၎င်းတို့၏နောက်သို့လိုက်ရမည့်အကြောင်းကိုလည်း ဆို ထားပါသည်။ ထိုအရာ၏အကျိုးဆက်အဖြစ် သမ္မာကျမ်းစာဆိုင်ရာ ခရစ်ယာန်ဘာသာအ ကြောင်းကိုလည်း မကောင်းသောအရာအဖြစ်ပြောဆိုကြပေလိမ့်မည်။ ထိုမှားယွင်းသောသူများ သည် ဘုရားသခင်အတွက် အလုပ်လုပ်ကြသည်မဟုတ်၊ ငွေကြေးအတွက်သာ အလုပ်ကို လုပ် ဆောင်ကြကြောင်း ပြောဆိုထားပါသည်။ ထိုအရာနှင့်ပါတ်သက်ပြီး ကျွန်ုပ်တို့ခေတ်ကာလတွင် မည်သို့ဖြစ်သနည်း။ ကျွန်ုပ်တို့သည် မှားယွင်းသောအချိန်ကာလ၊ မှားယွင်းသောသွန်သင်ချက် များပလူပျံနေသည့်အချိန်၊ ဖက်စပ်ကိုးကွယ်ယုံကြည်မှုများရှိနေသည့်အချိန်ပင်ဖြစ်ပါသည်။

ကျွန်ုပ်သည် Carl F. H. Henry (၁၉၁၃-၂၀၀၃) ကို အလွန်ကြိုက်နှစ်သက်သည်မဟုတ် ဟု ဝန်ခံရပါမည်။ သူသည် နယူးဧဝံဂေလိဓမ္မပညာရှင်တစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့်ပြောရ လျှင် သူသည် အဘယ်မျှလောက်ကောင်းမွန်သည့် "ပညာရှင်တစ်ဦး"ဖြစ်သည်ကို ပြသလို သည်ဟု ထင်ရသည်။ ကျွန်ုပ်အမြင်အရ သူသည် သမ္မာတရားကို ကောင်းစွာ ကြော်ငြာနိူင်ခြင်း မရှိပါ။ သို့သော် သူရေးသားသောအရာထက် သာ၍ဆိုးသွင်းသည့် မှားယွင်းမှုသည် ယနေ့ ခေတ်တွင် ဖတ်ရှုရခြင်းမရှိသေးပါ။ သူက ဤသို့ဆိုထားပါသည်။

ကျွန်ုပ်တို့ခေတ်ကလူများသည် ဘုရားသခင်၏သမ္မာတရားကို ဆုံးရှုံးကြသည်။ အကြောင်းမူကား၊ ဤပျောက်ဆုံးမှုအတွက် ပဟီရအယူဝါဒလျှင်မြန်စွာ ပြန့်နှံ့မှုကို ဖြစ်စေပါသည်။ ရိုင်းစိုင်းကြမ်းကြုတ်သောသူများသည် တဖန်မွှေနှောက်ကြပေသည်။ သင်သည် ၎င်းတို့သည် ကျွန်ုပ်တို့၏အချိန်ကာလတွင် အရှေ့အလယ်ပိုင်း၊ အဖရိက တောင်ပိုင်း၊ ဥရောပတစ်လျှောက်တွင် မွတ်စလင်များသည် အရှိန်အဟုန်ဖြင့် မကျေ နပ်သည့်သဘောဖြင့် တိုက်ခိုက်နေကြသည်ကို တွေ့ရပါသည်။ အိမ်ဖြူတော်မှခေါင်း ဆောင်များသည်လည်း စိတ်ရှုတ်ထွေးနေကြပြီး အားနည်းလျက် ဘုရားမဲတရားမဲ ဖြစ်ကြပါသည်။… ရိုင်းစိုင်းကြမ်းကြုတ်သူများသည် အကျင့်စာရိတ္တပျက်ပြားသော တိုင်းသူပြည် သားများကို မွှေနှောက်ပြီး အဘယ်အရာကိုမျှ စွမ်းဆောင်နိူင်ခြင်းမရှိသည့်အသင်း တော်တစ်ခု၏အရိပ်တွင် ကုတ်ချောင်းကုတ်ချောင်းသွားလာလျက်ရှိပါသည်။ (Carl F. H. Henry, Ph.D., Twilight of a Great Civilization: The Drift Toward Neo-Paganism, Crossway Books, ၁၉၈၈၊ နံရံကပ်များအပေါ် ကျွန်ုပ်၏ သုံးသပ် ချက်များ )

လူထုပရိသတ်မေးမြန်းကောက်ခံရာတွင် နာမည်တစ်လုံးနှင့်နေသူ George Barna က ကျွန်ုပ် အား ကျွန်ုပ်တို့အသင်းတော်များ၏အနာဂတ်သည် မရေမရာဖြစ်သည် ဟု ဆိုပါသည်။ သူက ကျွန်ုပ်တို့အသင်းတော်ရှိ ၈၀ % သောလူငယ်များသည် အသက်သုံးဆယ်မပြည့်မှီ အသင်း တော်ကို စွန့်ခွါကြပြီး "လုံး၀ပြန်မလာကြတော့ပေ"။ ထို့အပြင် ကျွန်ုပ်တို့၏အသင်းတော်များ သည် လောကရှိပျောက်ဆုံးသောသူများကို မည်သို့ပြန်လည်ပြောင်းလဲကယ်တင်ရမည်ဟူ သောအကြံဥာဏ်လည်း မရှီသကဲ့သို့ဖြစ်သည်။ သူတို့လုပ်ဆောင်နိူင်သောအရာတစ်ခုမှာ သူတို့သည် အသင်းတော်၌ရှိသောလူတစ်ဦးကို သွေးဆောင်ပြီး ၎င်း၏အသင်းတော်ကို စွန့်ခွါ ကာ သူတို့နှင့်ပေါင်းသင်းရန်ပင်ဖြစ်ပါသည်။ တရားဟောဆရာသည်လည်း ၎င်း၏လည်စည်း ကို ဖြုတ်ပြီး တနင်္ဂနွေနေ့အစီအစဉ်တွင် ရောခ်တေးဂီတကို သီဆိုတီးမှုတ်ကာ "အေးစက်" ပြီး "ခေတ်တွင်ပေါ်ပြူလာ" ဖြစ်ရန် အချည်းနှီး ကြိုးစားအားထုတ်ပါသည်။ ယခုတွင် ထိုအရာသည် အဘယ်အမှုကိုမျှ ပြုနိူင်ခြင်းမရှိသည်ကို သူတို့သိသင့်နေပြီ။ ပျောက်ဆုံးသောကမ္ဘာကြီးသည် ၎င်းတို့ကို ကြည့်ပြီး ပြုံးရယ်နေသည်။ ဒါဝမ်းနည်းစရာပါ။ ကျွန်ုပ်တို့အသင်းတော်များအတွက် မည်သို့ငိုကြွေးမြည်တမ်းသည်ကို ဘုရားသခင်သိတော်မူသည်။

ဤသို့သောတရားဟောဆရာအများစုသည် Fuller Seminary ကဲ့သို့သော လီဗရယ်ကျောင်း များက ဖျက်ဆီးကြပါသည်။ ကွန်ဆာဗေးတစ်အသိုင်းအဝိုင်းတွင်လည်း ၎င်းတို့အား ဂရိစကား လုံးတွင် မည်သို့ခွဲခြမ်းရမည်ကိုသွန်သင်ထားသောကျောင်းများက ၎င်းတို့ကို တန်ခိုးအာဏာ ကင်းမဲ့စေပြီး တရားဟောကြားရန်အစွမ်းကိုမူ မပေးကြပါပေ။ Dr. Michael Horton က ဤကံ ဆိုးမိုးမှောင်ကျခြင်းအကြောင်းကို ရေးသားခဲ့သည်။ ၎င်း၏စာအုပ်ကို Christless Christianity: The Alternative Gospel of the American Church ဟုခေါ်သည်။ (Baker Books, 2008) Moody ပုံနှိပ်တိုက်ကလည်း ၁၉၉၆ တွင် The Coming Evangelical Crisis ဟူသော စာအုပ် တစ်အုပ်ကို ထုတ်ဝေခဲ့ကြသည်။ ထိုစာအုပ်လေးကို လွန်ခဲ့သည့် ၁၉ နှစ်က ရေးသားထားခြင်း ဖြစ်ပါသည်။ ယခုတွင် အကြပ်အတည်းများသည် ဖြစ်ပေါ်လျက်လာသည်။ ကျွန်ုပ်တို့၏အသင်း တော်များသည် ညစ်ပတ်ရှုပ်ပွနေသည်ကို လူတိုင်းက သိကြပါသည်။ ကျွန်ုပ်တို့အသင်းတော် များ၏ ညနေပိုင်းအစီစဉ်အားလုံးလိုလိုသည် မလုပ်ဆောင်ကြပေ။ ထိုအရာမှာ သေခြင်း၏ အရိပ်နိမိတ်ပင်ဖြစ်ပါသည်။ ဆုတောင်းခြင်းအစီအစဉ်ကို အသင်းတော်အများစုက မလုပ် ဆောင်ဖြစ်သည်မှာလည်း ကြာမြင့်ပြီဖြစ်သည်။ ထိုအရာသည်လည်း သေခြင်း၏အရိပ်နိမိတ် ပင်ဖြစ်ပါသည်။ ယနေ့တွင် မည်သည့်အသင်းတော်မဆို ပျောက်ဆုံးဝိညာဉ်ကို ဖမ်းဆီးနိူင်မည့် အစီအစဉ်များမရှိပေ။ ထိုအရာသည်လည်း သေခြင်း၏အရိပ်နိမိတ်ပင်ဖြစ်ပါသည်။ "တရား ဟောခြင်း" ဟူသောအရာမှာ မွေ့လျော်ခြင်းမရှိဘဲ ခြောက်သွေ့သည့် ကျမ်းပိုဒ်တစ်ခုပြီးတစ်ခု လေ့လာခြင်းပင်ဖြစ်သည်။ ၎င်းသည်လည်း သေခြင်း၏အရိပ်နိမိတ်ပင်ဖြစ်ပါသည်။ ကျွန်ုပ်ကို တောင်မလုပ်ခိုင်းဘူးဟု အဘယ်သူမျှစောဒက မတက်သလို ကျွန်ုပ်လုပ်ဆောင်မည်ဟု ပြော ဆိုသူလည်းမရှိပါ။ ထိုအရာကို ကျယ်ကျယ်လောင်လောင်နှင့်ရှင်းရှင်းလင်းလင်ပြောဖို့လိုအပ် လှပါသည်။ ကျွန်ုပ်တို့သည် မှားယွင်းသောအယူဝါဒရှိသည့်အချိန်တွင် အသက်ရှင်နေကြခြင်း ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ၂ပေ ၂း ၁-၃ တွင် ဖော်ပြထားသကဲ့သို့သောအချိန်ကာလတွင် အသက်ရှင်လျက်ရှိကြပါသည်။

သင်က "ထိုသို့သောစကားကို အဘယ့်ကြောင့်ပြောဆိုသနည်း၊ သင့်၏လူငယ်တွေ့အတွက် ရှုတ်ထွေးစရာဖြစ်နိူင်သည်" ဟု မေးကောင်းမေးနိူင်ပါသည်။ တဖန်မှားပြန်ပြီ။ လူတို့အား သမ္မာ တရားကိုပြောဆိုရန်မှာ ရှုပ်ထွေးခြင်းမရှိနိူင်ပါ။ တကယ်တော့ ဤအကြောင်းအရာကို ကျွန်ုပ်မ ပြောလျှင် သူတို့သည် အမှန်တကယ်ရှုပ်ထွေးကြပါလိမ့်မည်။ သူတို့သည် အသစ်သောဧဝံဂေ လိနှင့် ကျမ်းစာလေ့လာသည့်အဖွဲ့တွေအားဖြင့် ရှုပ်ထွေးကြပေလိမ့်မည်။ သူတို့သည် မယုံ ကြည်မှု၊ မှားယွင်းသောအယူဝါဒများ၏ရှိနေသည့်အချိန်ကာလတွင် အသက်ရှင်ကြကြောင်းကို မသိကြလျှင် ရှုပ်ထွေးကြပေလိမ့်မည်။ အသင်းတော်များသည် အမှားယွင်းဆုံးအယူဝါဒများကို ပြုပြင်ပြောင်းလဲခြင်းကတည်းက ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ က အနက်နဲဆုံးသော မှားယွင်းသောအယူဝါဒသာဖြစ်ပါသည်။ ထိုအရာမှာ မှန်ကန်သောအရာဖြစ် ပါသည်။ ကျွန်ုပ်တို့သည် ၂ပေ ၂း ၁-၃ တွင် ဖော်ပြထားသည့်အချိန်ကာလတွင် အသက်ရှင်နေ ကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အဖြေကားအဘယ်နည်း။ ကျေးဇူးပြုပြီး ၂ပေ ၂း ၅-၈ ကို မတ်တပ်ရပ်ပြီး ဖတ်ပြပါ။ ထိုအရာသည် Scofield Study Bible တွင် စာမျက်နှာ ၁၃၁၈ ၌ တွေ့ရှိရပါသည်။

"ရှေးလောကဓါတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက်တို့ကိုစောင့်မ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက် ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့ အား ပုံသက်သေကိုထားတော်မူ၏။ ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောက်ယှက်ခြင်းကိုခံရသောသူ၊ ဖြောင့်မတ်သောလောတကို ကယ် နှုတ်တော်မူ၏။ (ထိုဖြောင့်မတ်သောသူတို့သည် မတရားသောသူ တို့တွင် နေစဉ်အခါ၊ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိ သဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံး ကို ပြင်းစွာညင်းဆဲရ၏။)" ( ၂ပေ ၂း ၅-၈ )

အားလုံးထိုင်နိူင်ပါပြီ။

ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်ရှိစကားလုံးများကို ဆိုးသွင်းသည့်အချိန်ကာလ၊ အပြစ်နှင့်ရှုပ်ထွေးခြင်းများကြားတွင် မည်သို့အသက်ရှင်ရမည်ကို ပြသရန် ဘုရားသခင်ပေး တော်မူခြင်းဖြစ်ပါသည်။ ထိုအရာမှာ ကျွန်ုပ်တို့ကျမ်းပိုဒ်၏အဓိက အကြောင်းအရာပင်ဖြစ်ပါ သည်။ တမန်တော်ရှင်ပေတရုက နောဧနှင့်လောတတို့ပုံဥပမာကို ကျွန်ုပ်တို့အားပေးထားခြင်း ဖြစ်ပါသည်။ ဤသူတို့အကြောင်း ကျွန်ုပ်တို့အားပြောဆိုခြင်းအားဖြင့် ခရစ်ယာန်တစ်ယောက် အနေဖြင့် ဝိညာဉ်ရေးရာရှုပ်ထွေးမှုကြားတွင် မည်သို့အသက်ရှင်ရမည်ကို ပြသခြင်းပင်ဖြစ်ပါ သည်။ နောဧနှင့်လောတအသက်တာမှ ကျွန်ုပ်တို့သင်ယူရမည့် သင်ခန်းစာများစွာရှိပါသည်။

ခရစ်ယာန်တစ်ဦးသည် လောကဝိညာဉ်၏အမြဲတမ်းစစ်ဆေးခြင်းကိုခံနေရပြီး အထူး သဖြင့် ဤသို့သော မကောင်းသည့် အချိန်ကာလတွင် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူနည်းစုများ သာဖြစ်သည်ဟူသောအချက်အားဖြင့်လည်း စစ်ဆေးခြင်းကို ခံနေကြပါသည်။ ထိုအရာမှာ ခက်ခဲသော စုံစမ်းခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ၁၈ ရာစုလောက်တွင် အသက်ရှင်နေကြ မည်ဆိုလျှင် ကျွန်ုပ်တို့၏ကြီးမားသည့် နိူးထမှုကြီး၏ အစိတ်အပိုင်းတစ်ခုတွင် ပါဝင်နေမည်သာ ဖြစ်ပါသည်။ ထိုနိူးထမှုတွင် ဗြိတိသျှကျွန်းစုနှင့် တောင်ပိုင်းအမေရိတို့ပါဝင်ပါသည်။ စစ်မှန် သောတရားဟောချက်၊ စစ်မှန်သောပြောင်းလဲခြင်းနှင့်စစ်မှန်သောဆုတောင်းခြင်းတွင် ယုံ ကြည်ပြီး ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် နေထိုင်သည့် လူများစွာရှိနေပေလိမ့်မည်။ ထိုအရာသည် ၁၉ ရာစုတွင်လည်း မှန်ကန်သောအရာတစ်ခုဖြစ်နေပေမည်။ နှစ်ဆယ်ရာစု၏ နှစ် ၇၀ သို့မ ဟုတ် ၈၀ တွင် ပို၍ နည်းပါးသောအရေအတွက်သာရှိလာပါသည်။

အချိန်ကာလသည် မည်မျှပင်တိုတောင်သည်မှာ အံ့ဩဘွယ်ရာပင်ဖြစ်ပါသည်။ သင် သည် ကျွန်ုပ်အသက် ၃၅ နှစ်လောက်ရှိလျှင် အလွန်ပင် တိုတောင်းဟန်ရှိပါသည်။ လွန်ခဲ့သော ၃၅နှစ်တွင် အခြေအနေမှာ ကွဲပြားခြားနားလွန်းပါသည်။ သမ္မတ ရွေးချယ်မှုမှာ ရိုနယ်ရီဇန် ဖြစ်သည်။ Billy Graham သည် ၎င်း၏အစောဆုံးနှစ် ၆၀ တွင် ရှိနေပြီး ခရူးဆိတ်ကို ဆက် လက်လုပ်ဆောင်နေဆဲပါ။ Jerry Falwell သည်လည်း တနင်္ဂနွေနေ့ညနေတိုင်း တီဗွီတွင် ဒေါ်လာသန်းပေါင်းများစွာပေး၍ သားဖျက်ချခြင်းရပ်တန့်စေရန် "ကိုယ်ကျင့်တရားအကြောင်း" ဟောကြားနေပါသည်။ ၁၉၈၀ ဆောင်းဦးပိုင်းတွင် Dr. John R. Rice သည် တရားဟောနေ သေးပါသည်။ ဒေါက်တာ Martyn Lloyd-Jones သည်လည်း အသက်ရှင်လျက်ရှိနေသေးပါ သည်။ ဒေါက်တာ Francis Schaeffer သည်လည်း အသက်ရှင်သေးသည်။ မည်သို့ပင်ဆိုစေ ပြည့်စုံသည့် အချိန်ကာလတော့မဟုတ်သေးပါ။ ၂၀၁၅ နှင့်နှိုင်းမည်ဆိုလျှင် ခရစ်ယာန်များအ တွက် ပို၍ ကောင်းမွန်သောအခြေအနေတွင် ရှိနေပါသည်။ ကျွန်ုပ်တို့သည် သာမန်အခြေအနေ အမုန်းခံဘဝသာဖြစ်ပါသည်။ ကျွန်ုပ်ဆိုလိုသည်မှာ လူတို့သည် ကျွန်ုပ်တို့ကို မုန်းလျက်နေပါ သည်။ သူတို့သည် ကျွန်ုပ်တို့ကိုကြောက်ရွံ့ကြပြီး မုန်းတီးနေကြပါသည်။ နှစ်ခြင်းအသင်းတော် တိုင်း၊ ဧဝံဂေလိအသင်းတော်တိုင်း၊ ပင်တေကုတ္တိအသင်းတော်တိုင်း၊ ရိုမင်ကစ်သိုလစ်အသင်း တော်တိုင်း စသည့် ခရစ်ယာန်ဘာသာနှင့်ပေါင်းဖက်သူတိုင်း ထိုအတိုင်းပင် ခံစားနေကြပါ သည်။ အပြင်ကမ္ဘာလောကသားများသည် ကျွန်ုပ်တို့ကို မုန်းတီးကြပါသည်။ ထိုအကြောင်းအ ရာက ကျွန်ုပ်တို့အား သစ္စာရှိစေရန် ခက်ခဲစေပါသည်။ အခြားရာစုနှစ်များ၊ နှင့်အချိန်ကာလများ ထက်ပို၍ပင် ခက်ခဲလွန်းလှပါသည်။

နောဧသည် ထိုသို့သောစစ်ဆေးမှု၊ တစ်ဦးတည်း ရပ်တည်နေရသည့် စစ်ဆေးမှုကို ခံခဲ့ရပါသည်။ ကျွန်ုပ်တို့အသုံးပြုသောကျမ်းချက်က "နောနှင့်အပါအဝင် လူရှစ်ဦးကို ကယ်တင် တော်မူကြောင်း" ဆိုထားပါသည်။ (၂ပေ ၂း ၅) နောဧသည် ရေလွှမ်းမိုးခြင်းမတိုင်မှီတွင် ကိုယ် ကျင့်တရားများဆိုးသွင်းပျက်ပြားသည့် ကြောက်မက်ဖွယ်ရာကောင်းသော အချိန်ကာလတွင် အသက်ရှင်နေပါသည်။ ၎င်းသည် ဆိုးသွင်းပြီး ကြီးမားသည့် စာတန်၏လုပ်ဆောင်မှုကြွယ်၀ သောအချိန်ကာလတွင် အသက်ရှင်နေပါသည်။ လူသားတို့သည် "ဆက်လက်ပြီး ဆိုးသွင်းနေ မြဲဖြစ်ပါသည်" မှာ မကောင်းသောအရာပင်ဖြစ်သည်။ ( ကမ္ဘာဦး ၆း ၅ ) ဘုရားသခင်က ဤသို့ ဆိုပါသည်။

"ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။" (ကမ္ဘာဦး ၆း ၃ )

ထိုခေတ်ထိုကာလတွင် လောကကြီး၏အခြေအနေမှာ အဘယ်သူမျှကယ်တင်ခြင်းမရလောက် သည့်အခြေအနေသမျှ ဆိုးသွင်းလှပါသည်။ ဘုရားသခင်က "နောဧတို့လူရှစ်ဦးတို့ကို ကယ် တင်သည်" ကို သတိရပါ။ ဆိုလိုသည်မှာ နောဧနှင့်ဇနီး၊ ၎င်း၏သားသုံးဦးနှင့်ဇနီးတို့သာ ကယ် တင်ခြင်းရရှိသည်ဟု ဆိုလိုသတည်း။ တစ်ကမ္ဘာလုံးတွင် လူရှစ်ဦးသာ ကယ်တင်တော်မူခြင်း သို့ရောက်ကြပါသည်။ နောဧနှင့်၎င်း၏ဇနီးသည်တို့သည် ရေလွှမ်းမိုးခြင်းဘေးကိုဖြစ်စေသည့် ထိုသို့သောမကောင်းမှုများဝန်းရံနေသည့်အခြေအနေတွင် မည်သို့အသက်ရှိကြသည်မှာ အ ရေးကြီးလှပါသည်။

ထို့အပြင် လောတလည်း ရှိသေးသည်။ ကမ္ဘာဦးကျမ်းတွင် လောတအကြောင်း သင် ဖတ်ရှုရသကဲ့သို့ ပေတရုသည် ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်တွင် "လောတ'' ဟုခေါ်သည် မှာ သင်အံ့ဩပေမည်။ ( ၂ပေ ၂း ၇) သို့သော် ပေတရုသည် လောတ၏ သောဒုံမြို့သို့ပြောင်း ရွေးသည့် အပြစ်အကြောင်းကို ပြောဆိုနေခြင်းမဟုတ်ပါ။ တမန်တော်ပြောဆိုနေသည်မှာ လောတမည်သို့ခံစားရသည်နှင့် သောဒုံမြို့သို့ရောက်သည့်နောက်ပိုင်း သူလုပ်ဆောင်ခဲ့သော အရာကိုသာပြောဆိုပါသည်။ အသုံးပြုသော ကျမ်းပိုဒ်က သူသည် " မတရားသောသူတို့၏ ညစ်ညူးသောအကျင့်အားဖြင့် နှောက်ရှက်ခြင်း" ဟုဆိုထားသည်။ ( ၂း ၇ခ ) သင်သည် ကမ္ဘာဦး ၁၉ ကို ကြည့်ရှုဖတ်ရွက်လိုလျှင် မြို့သည် ဆိုးသွင်းပြီး ရှက်ဖွယ်ကောင်းသဖြင့် အဘယ်သို့သောအရာဖြစ်သည်ကို သိရှိရပေမည်။ ထိုဆိုးသွင်းသော မြို့တွင် နောဧနှင့် ၎င်း၏ မိသားစုတို့ အသက်ရှင်နေထိုင်ကြပါသည်။

သူတို့သည် နောဧနှင့် ၎င်း၏မိသားစုကဲ့သို့ ရှက်ကြောက်ဖွယ် အခြေအနေတွင် ရှိနေ ကြပါသည်။ ကမ္ဘာဦး ၁၈ တွင် ဘုရားသခင်သည် ဖြောင့်မတ်သောသူ ၁၀ ဦးရှိလျှင် ဖျက်ဆီး တော်မမူမည်အကြောင်း ကျွန်ုပ်တို့ဖတ်ရှုရပါသည်။ ဖြောင့်မတ်သောသူ ၁၀ ဦးမရှိဘဲ လောတနှင့် သူ့ကလေးများသာ ရှိကြပါသည်။ သူတို့သာလျှင် ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်ရန် ကြိုးစားအားထုတ်နေကြသူများဖြစ်ပါသည်။ ထိုမြို့တွင်ရှိသောသူတိုင်းသည် ဘုရားတရားမဲ့လျက် အပြစ်ကိုသာ စွဲမက်သောသူများဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် ခရစ်ယာန်အနည်းစုတို့အပေါ်ကျရောက်သည့်စစ်ဆေးခြင်းတွင် ပါဝင် ရန်မှာ အလွန်ပင်ခက်ခဲသောအရာတစ်ခုဖြစ်သည်ကို နောဧနှင့်လောတတို့အသက်တာမှ ရရှိ ပါသည်။ ခရစ်ယာန်တစ်ယောက်အနေဖြင့် မိသားစုတစ်ခုတွင် အသက်ရှင်ရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။ ခရစ်ယာန်တစ်ယောက်အနေဖြင့် အသက်ရှင်လျှင် ဆွေမျိုးများက ပျက် ရယ်ပြုမည်၊ ရယ်စရာလုပ်ကြမည်ကို သတိရမိသေးသည်။ သင်သည် ကျောင်း၊ ရုံး၊ သို့မဟုတ် ကောလိပ်၊ သို့မဟုတ် အိမ်တွင် တစ်ဦး တည်း ခရစ်ယာန်ဖြစ်နေလျှင့် သင့်ကို လှောင်ပြောင်သရောနေကြပေလိမ့်မည်။ သင်သည် ကောင်းမွန်သော ခရစ်ယာန်တစ်ဦးဖြစ်ခဲ့ လျှင် အရူးဟုပင် ထင်ကြပေလိမ့်မည်။ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်လေလေ၊ လောက ကြီးက ဆန့်ကျင်လေလေဖြစ်သည်။ ထိုအရာမှာ ခက်ခဲသော စစ်ဆေးမှုပင်ဖြစ်ပါသည်။ လူငယ်အများစုမှာ ကျဆုံးကြပါသည်။ သူတို့သည် ကျောင်းသို့မဟုတ် အလုပ်တွင် ၎င်းတို့၏ "သူငယ်ချင်းများ" အရယူရမည်ဟု ခံစားကြသည်။ ပျောက်ဆုံးသောလောကကို "ရယူရန်"လုပ် ဆောင်သောသူလုပ်ဆောင်ရမည့်အရာနှစ်ခုရှိသည်။

၁။ သူတို့သည် ကယ်တင်တော်မူခြင်းသို့လုံးဝမရောက်လျှင် ပျော်ရွှင်ခြင်းကို ဆုံး ရှုံးကြပေမည်။ သင်သည် လောက၏သူငယ်ချင်းမဖြစ်နိူင်ပါ။ ခရစ်တော်၏ ဝမ်းမြောက်ခြင်းကို ရရှိနိူင်မည်။ ထို့အပြင် ခရစ်တော်နိူင်ငံတော်တည်ထောင် ဖို့ကြွလာသောအခါ ဆုလဒ်ကို ဆုံးရှုံးပေမည်။

၂။ ပျောက်ဆုံးနေသောလောကတွင် အရင်းနှီးဆုံးသူငယ်ချင်းများရှိလျှင် ကယ် တင်ခြင်းရရှိသောသူများမဟုတ်နိူင်ပေ။ ကျမ်းစာက "လောကကို ချစ်သော သူသည် ဘုရားသခင်၏ရန်သူဖြစ်သည်" ဟုဆိုထားသည်။ ( ယာကုပ် ၄း ၄)


ဒေါက်တာ John R. Rice က " ဘုရားသခင်အတွက် သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးဖူးပါ သလား။ သင်၏ခရစ်ယာန်ဖြစ်ခြင်းက သင့်အား တန်ဖိုးမမြင့်စေဘူးဆိုလျှင် သင့် သူငယ်ချင်း တစ်ယောက်အား ဘုရားသခင်ကို အရမ်းချစ်ပါသည်ဟု အမှန်တကယ်ပြောနိူင်ပါသလား။ စစ်မှန်ပြီး ကောင်းမွန်သော ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းက သင့်သူငယ်ချင်းအား တန်ဖိုးရှိ စေမည်ဖြစ်သည်" ဟုဆိုသည်။ (John R. Rice, D. D., What It Costs to Be a Good Christian, Sword of the Lord Publishers, ၁၉၅၂၊ စာ- ၂၈ ) သမ္မာကျမ်းစာက ဤသို့ဆို သည်။

"မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂ လာရှိ၏။" ( ဆာလံ ၁း ၁)

သင်သည် ခရစ်ယာန်ဘာသာ၏သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ခရစ်ယာန်ကြီး များဟူသည်မှာ လောကလူတို့နှင့်ကင်းကင်းကွာကွာနေကြသည့် ယောက်ျား၊ မိန်းမများဖြစ် ကြောင်းကို သင်မြင်ရလိမ့်မည်။ Tertullian ကို ဥပမာအဖြစ်ထားလိုက်ပါ။ သူသည် အေဒီ ၁၆၀ နှင့် ၂၀၀ ဝန်းကျင်တွင် အသက်ရှင်ခဲ့သောသူဖြစ်သည်။ သူက ရောမနတ်ကိုးကွယ်သူ များက ခရစ်ယာန်များကို နှိပ်စက်သတ်ဖြတ်ကြသည်။ ခရစ်ယာန်များ ခေါင်းဖြတ်ခံရသည်ကို သူမြင်တွေ့ခဲ့ရသည်။ ခြင်္သေ့တွင်းထဲသို့ပစ်ချလျက် အစိတ်စိတ်အမွှာမွှာကွဲနေသည်ကိုလည်း မြင်ခဲ့သည်။ ၎င်းတို့၏သတတ္တိက သူ့ကို ဖိအားပေးခဲ့သည်။ သူက " လူတို့အား ထိုသို့လုပ် ဆောင်စေရန် ခရစ်ယာန်များအထဲတွင် တစုံတရာရှိရမည်။ သူတို့သည် အရာခပ်သိမ်း၊ လက် မြှောက်အရှုံးပေးရန်၊ ဘဝကိုတောင် အရှုံးပေးနိူင်ရန် ပြင်ဆင်မှုများကိုပြုခဲ့ကြသည်" ဟုဆိုပါ သည်။ တစ်ဦးအပေါ်တစ်ထားတဲ ၎င်းတို့၏မေတ္တာတရားကြောင့်လည်း ဖိအားခံနေရသည်။ သူ သည် အသက် ၃၅ နှစ်အရွယ်တွင် ခရစ်တော်ထံပါးသို့ ရုတ်တရက်ပင်ပြောင်းလဲလာခဲ့သည်။ သူသည် ခရစ်ယာန်များအပေါ်ပြစ်တင်ရှုပ်ချမှုများကို အကာအကွယ်ပေးရန် တည်ဆောက် ထားပါသည်။ သူသည် ကနဦးအသင်းတော်တွင်ဖြစ်ပေါ်နေသော မှားယွင်းသောအရာများစွာ အကြောင်းကို စာအုပ်များတွင် ရေးသားပါသည်။ နောက်ဆုံးတွင် ကက်သိုလစ်ကို စွန့်ခွါခဲ့ သည်။ အကြောင်းများ ထိုအသင်းတော်သည် လောကဆန်လျက်သာရှိသည်။ ပထမတွင် ခေတ်သစ်ပင်တေကုတ္တေ့အသင်းတော်နှင့်တူသည့် မော်ဒန်ဝါဒရှိသူများထံသို့ရောက်သည်။ နောက်ဆုံးတွင် သူတို့ကိုလည်း စွန့်ခွါပြီး မိမိကိုယ်တိုင်တည်ထောင်သော အသင်းတော်၏ သင်းအုပ်ဆရာဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် သူသည် ပထမဆုံး ပရိုတဲ့တင်းဖြစ်လာခဲ့ပါသည်။ Tertullian ၏တရားဒေသနာကို ဖတ်ကြားပြီး ပြောင်းလဲလာသည့် ကိုးရီးယားလူငယ်တစ်ဦး အကြောင်းကို ကျွန်ုပ်သိရှိခဲ့ရသည်။ Tertullian ကဲ့သို့သော လူငယ်များ၊ သူသည် နောဧနှင့် လောတကဲ့သို့ဖြစ်သည်။

Peter Waldo အကြောင်းကိုလည်း စဉ်းစားမိသည်။ သူသည် ပြင်သစ်ပြည်တွင် အေဒီ ၁၁၄၀ နှင် ၁၂၀၅တွင် အသက်ရှင်ခဲ့သည်။ သူသည် ချမ်းသာသော ကုန်သည်ဖြစ်သည်။ တစ်ခုသောညနေတွင် ၎င်း၏မိတ်ဆွေတစ်ဦးသည် ညစာ စားပွဲမှ လိမ့်ကျခဲ့သည်။ ထိုအရာက ပေတရုကို လှုပ်ခန့်ခဲ့သည်။ သူသည် စစ်မှန်သော ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် တရားဒေသနာကို စတင်ဟောကြားပြီး နောက်လိုက်များစွာလည်း ရှိသည်။ သူသည် ကျမ်းစာလေ့လာခြင်းနှင့် ဝိညာဉ်ဖမ်းခြင်းကို အလေးထားပါသည်။ သူ့နောက်လိုက်သူများကို လူများက ဝယ်လဒင်နောက်လိုက်များဟု ခေါ်ကြသည်။ သူ့ကို ကစ်သလစ်အသင်းတော်ကို ပထုတ်သည်။ သူသည် သေသည့်တိုင်အောင်ပင် နိမိတ်လက္ခဏာဖြင့် ဧဝံဂေလိတရားကို ဆက်လက် ဟောကြားခဲ့သည်။ နောက်နှစ်ပေါင်း ၃၀၀ လောက် Waldo ၏နောက်လိုက်များ သည် ပရိုတဲ့တင်းကို ဂျီနီဗာ၊ ဆွတ်စလန်တို့တွင် ဆက်နိူင်ခဲ့ကြသည်။ Peter Waldo ကဲ့သို့သောလူငယ်များခဗျာၤ။ သူသည် နောဧနှင့် လောတကဲ့သို့သောသူများ ဖြစ်ကြသည်။

ထိုနောက် Miss Lottie Moon အကြောင်းကိုလည်း စဉ်းစားကြပါစို့။ သူမသည် ၁၈၄ဝမှ ၁၉၂၀ အထိ အသက်ရှင်ခဲ့သောသူဖြစ်သည်။ သူသည် ၁၈၇၃ တွင် နှစ်ခြင်းသာသနာ ပြုအဖြစ် တရုတ်ပြည်သို့သွားခဲ့သည်။ ထိုအချိန်ကာလတွင် တရုတ်ပြည်သည် အလွန်ပင် အန္တရယ်ရှိသောအချိန်ကာလဖြစ်သည်။ သူသည် ဓမ္မဟောင်းကတိကဖြစ်သူ Crawford Toy နှင့်ချစ်ကြိုက်ခဲ့သည်။ သူတို့သည် လက်ထပ်ရန် စေ့စပ်ခဲ့ကြသည်။ သို့သော် Lottie Moon က ကျမ်းစာကို သိပ်အယုံအကြည်မရှိသောကြောင့် စူးစမ်းခဲ့သည်။ သူမသည် အသည်းကွဲခဲ့သည်။ သူမသည် စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းခဲ့သည်။ အကြောင်းမှာ သူမသည် လီဗရယ် မယုံကြည်သူဖြစ်သည်။ Lottie Moon သည် တရုတ်ပြည်တွင် နေထိုင်ခဲ့သည်။ လုံးဝလက်ထပ် ခြင်းမပြုပါ။ ၁၉၁၂ ခုနှစ်တွင် သူမသည် ၎င်း၏အစားအစာများကို အခြားသာသနာပြုများနှင့် တရုတ်လူမျိုးတို့ကိုပေးခြင်းမှ နာမကျန်းဖြစ်လာသည်။ သူမသည် ပေါင် ၅၀ ဖြင့် အမေရိကသို့ ပြန်ပို့ရာ လမ်းတွင် သေခဲ့သည်။ ယနေ့တွင် သူ့အား တောင်ပိုင်းနှစ်ခြင်းအသင်းတော်ကစေ လွှတ်သည့် သာသနာပြုဆရာကြီးဟူ၍ ဂုဏ်ယူနေကြသည်။ သူတို့သည် သူမအကြောင်းကို ခရစ္စမတ်အချိန်ကာလတွင် အမြဲပြောလေ့ရှိကြသည်။ ၎င်းမှာ နိူင်ငံရပ်ခြားသာသာအတွက် "Lottie Moon အလှူ" ကောက်ခံကြသည့် အချိန်တွင် ဖြစ်သည်။ သူတို့က ၎င်းနှင့်လက်ထပ် မည့်အမျိုးသားကို အဆက်ဖြတ်လိုက်သည် ဟူ၍ မဖော်ပြခဲ့ကြပါ။ အကြောင်းမှာ သူသည် မယုံ ကြည်သောသူဖြစ်သောကြောင့်ပင်တည်း။ သို့သော် ဘုရားသခင် သတိရတော်မူသည်။ လူငယ်တို့ Lottie Moon ကဲ့သို့ဖြစ်ကြပါစို့။ သူမသည် နောဧနှင့် လောတကဲ့သို့ပင်ဖြစ်သည်။

"ရှေးလောကဓါတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသော နောဧနှင့် လူခုနှစ်ယောက်တို့ကိုစောင့်မ၍၊ ဘုရားကို မကိုးကွယ်သောလောကီသား အပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက် ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့ အား ပုံသက်သေကိုထားတော်မူ၏။ ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောက်ယှက်ခြင်းကိုခံရသောသူ၊ ဖြောင့်မတ်သောလောတကို ကယ် နှုတ်တော်မူ၏။" ( ၂ပေတရု ၂း ၅- ၇ )

၂၀ ရာစုက ဗြိတိသျှတရာဟောဆရာကြီး ဒေါက်တာ Martyn Lloyd-Jones က ၂ပေတရုနှင့်ပတ်သက်ပြီး တရားဒေသနာတစ်ခုပေးခဲ့သည်။ သူ၏တရားဒေသနာကို ဤသို့နိဂုံးချုပ်ခဲ့ပါ သည်။

ကျွန်ုပ်သည် မေးခွန်းနှင့်အဆုံးသတ်လိုပါသည်။ သင်သည် နောဧ နှင့်လောတကဲ့ သို့ဖြစ်ပါသလား။ ယနေ့လောကကြီးသည် ၎င်းတို့နေ့ရက်က လောကကြီးကို အံ့ဩတွေဝေနေသည်။ ကျွန်ုပ်သည် ခရစ်ယာန်ဖြစ်ပါသည်ဟု လူများကို ပြော ဆိုနိူင်ပါမည်လော။ ကျွန်ုပ်တို့ခြားနားမှုရှိမည်လော၊ ကျွန်ုပ်တို့ရပ်တည်နိူင်မည် လော။ မိမိကိုယ်ကို ဖျက်ဆီးနေကြသည့် ဝိညာဉ်များအတွက် ဝမ်းနည်းငိုကြွေး နေကြမည်လော။ ထိုအရာအတွက်ဆုတောင်းကြမည်လော။ စစ်မှနသောအရာ နိူးထမှုအတွက် လုပ်ဆောင်ကြမည်လော။ ထိုအရာမှာ နောဧနှင့်လောတတို့၏ ခေတ်သစ်ခရစ်ယာန်တို့အား စိန်ခေါ်မှုတစ်ခုပင်ဖြစ်ပါသည်။ (Martyn Lloyd-Jones, M.D., "နောဧနှင့်လောတတို့၏ပုံဥပမာ"၊ ၂ပေတရုနှင့်ပါတ်သက်ပြီး ရှင်းပြတရားဟောချက်၊ The Banner of Truth Trust, ၁၉၈၃၊ စာ-၁၅၄ )

သင်တို့ကိုင်ဆောင်သော သီချင်းစာရွက်ရှိ နံပါတ် ၆ ကို အားလုံးမတ်တပ်ရပ်ပြီး သီဆိုကြပါစို့။

ကျွန်ုပ်ဘ၀၊ ကျွန်ုပ်အချစ် ကိုယ်တော်အားပေးပါ၏၊ ကိုယ်စားခံ ဘုရားသိုးသူငယ်
   ကျွန်ုပ်သစ္စာရှိခဲ့ဖူးလား၊ ကျွန်ုပ်၏ကယ်တင်ရှင်၊ ကျွန်ုပ်ဘုရား
ကိုယ်စားခံသူအတွက် ကျွန်ုပ်အသက်ရှင်မည်၊ ကျွန်ုပ်အသက်တာ ကျေနပ်ဖွယ်ရာပင်
ကိုယ်စားခံသူအတွက် အသက်ရှင်မည်၊ ကျွန်ုပ်ကယ်တင်ရှင် ကျွန်ုပ်ဘုရား။

ယခုယုံကြည် ကိုယ်တော်လက်ခံမူပါ၊ ကျွန်ုပ်အသက်ရှင်ရန် ကိုယ်တော်သေခံကြောင်း
   ယခု ကိုယ်တော်ကို ကျွန်ုပ်ယုံကြည်ပါ၏၊ ကျွန်ပ်ကယ်တင်ရှင် ကျွန်ုပ်ဘုရား
ကိုယ်စားခံသူအတွက် ကျွန်ုပ်အသက်ရှင်မည်၊ ကျွန်ုပ်အသက်တာ ကျေနပ်ဖွယ်ရာပင်
   ကိုယ်စားခံသူအတွက် အသက်ရှင်မည်၊ ကျွန်ုပ်ကယ်တင်ရှင် ကျွန်ုပ်ဘုရား။

ကျွန်ုပ်၏အသက်ဝိညာဉ်နှင့် အကျွန်ုပ်လွတ်မြောက်ရန် ကားတိုင်တွင် အသေခံသောသူ၊
   ကျွန်ုပ်အသက်ကိုယ်တော်၌အမြတ်တနိူးထား၊ ကျွန်ုပ်ကယ်တင်ရှင် ကျွန်ုပ်ဘုရား
ကိုယ်စားခံသူအတွက် ကျွန်ုပ်အသက်ရှင်မည်၊ ကျွန်ုပ်အသက်တာ ကျေနပ်ဖွယ်ရာပင်
   ကိုယ်စားခံသူအတွက် အသက်ရှင်မည်၊ ကျွန်ုပ်ကယ်တင်ရှင် ကျွန်ုပ်ဘုရား။
("သူ့အတွက် 'ကျွန်ုပ်'အသက်ရှင်မည်" Ralph E. Hudson ၁၈၄၃-၁၉၀၁ ရေးစပ်ပြီး သင်းအုပ်က ပြန်လည်ပြင်သည်။)

ကောင်းကင်ဘုံရှင်ဘုရားသခင်၊ ယနေ့ညနေတွင် ဤနေရာတွင်ရှိသောလူတစ်ဦးသည် ယေရှု ကို အမှန်တကယ်ကိုးစားယုံကြည်လာမည့်အကြောင်း ဆုတောင်းပါ၏။ သားတော်ဘုရား၊ လက်ဝါးကပ် တိုင်တွင် သွန်းလောင်းသောအသွေးတော်များအားဖြင့် အပြစ်ရှိသမျှကို ဆေး ကြောပေးတော်မူပါ။ နာမတော်၌ ဆုတောင်းပါသည်။ အာမင်..။

(တရားဒေသနာနိဂုံး)
သင်သည Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်ရှိ
ကိုနှိပ်ပြီး www.realconversion.com သို့မဟုတ www.rlhsermons.com တွင်
အပတ်စဉ်တိုင်း ဖတ်ရှုနိူင်ပါသည်။

Dr. Hymers ကkd rlhymersjr@sbcglobal.net ဖြင့်လည်း အီးမေးလ်ပေးပို့ နိူင်ပါသည်။
သို့မဟုတf P.O. Box 15308, Los Angeles, CA 90015 ဖြင့်လည်း
စာရေးသားပေးပို့နိူင်ပါသည်။ သို့မဟုတf (818)352-0452 ဖြင့်ဖုန်းဆက်နိူင်သည်။

ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Dr. Kreighton L. Chan ၊ ၂ပေ ၂း ၄-၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ယခုကဲ့သို့သောအချိန်ကာလ”၊ (Ruth Caye Jones, ၁၉၀၂-၁၉၇၂ ရေးစပ်သည်။ )