Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အသက်ကိုပေးသော ကယ်တင်ရှင်

THE LIFE-GIVING SAVIOUR!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဧပြီလ ( ၁၉ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 19, 2015

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။"
(ယောဟန် ၅း ၄၀ )


"အသက်" ဟူသောစကားလုံးသည် ဂရိစကားလုံး "ZOE" မှ ဘာသာပြန်ဆိုခြင်းဖြစ် သည်။ ထိုအရာမှာ ခရစ်တော်ဘုရားနှင့်သားတော်တို့၏ အသက်ပင်ဖြစ်ပါသည်။ ခရစ်တော်က ဤသို့ဆိုသည်။

"ခမည်းတော်သည် ကိုယ်၌ အသက် ("ZOE") ရှိတော်မူသည်နည်းတူ၊ သား တော်သည်မိမိ၌အသက် ("ZOE") ရှိရသောအခွင့်ကို ပေးတော်မူ၏။" (ယောဟန် ၅း ၂၆)

ယေရှုခရစ်သည် ဤလောကသို့ကြွလာတော်မူပြီး ကျွနု်ပ်တို့အသက်ရှင်နိူင်ရန် ဤအသက်ကို ပေးတော်မူသည်။ ယေရှုက "သင်တို့သည်အသက် ("ZOE") ကိုရစေခြင်းငှါ ငါလာသတည်း" (ယောဟန် ၁ဝး ၁၀ ) ဟု မိန့်တော်မူခဲ့သည်။

ကျွနု်ပ်တို့သည် အသက်ကိုရစေခြင်းငှါ ခရစ်တော်သည် ကားတိုင်ပေါ် အသေခံတော်မူ ခဲ့သည်။ ကျွနု်ပ်တို့သည် အသက်ကိုရစေခြင်းငှါ ခရစ်တော်သည် မြတ်သောအသွေးကို သွန်း လောင်းတော်မူခဲ့သည်။ ပြောင်းလဲသောသူများသည် ဤ"အသက်"ကို ရသည်။ ခရစ်တော်က "သားတော်ကိုယုံကြည်သောသူသည် အသက် [ZOEN AIONION] ကိုရ၏ ( ယောဟန် ၃း ၃၆) ဟုဆိုသည်။ Dr. A. T. Robertson က ယေရှုခရစ်ကိုယုံကြည်သောသူသည် ထိုအသက်ကို "ချက်ချင်း" ရရှိသည်ဟုဆိုသည်။ (Word Pictures, ယောဟန် ၃း၃၆ မှတ်စု)

Henry Scougal (၁၆၅၀-၁၆၇၈) သည် သေသည့်အချိန်တွင် အသက် ၂၈ နှစ်သာရှိ သေးသည်။ ထို့ကြောင့် သူသည် လူသာတို့စိတ်ဝိညာဉ်တွင်ရှိသည် ဘုရားသခင်၏အသက် ဟူ သောစာအုပ်ငယ်လေးကို ရေးသားသည့်အချိန်တွင် အသက် ၂၆ သို့မဟုတ် ၂၇ နှစ်ထက်ကြီး မည်မထင်ပါ။ (Martino Publishing, ၂၀၁၀ ပုံနှိပ်)

လူသာတို့စိတ်ဝိညာဉ်တွင်ရှိသည် ဘုရားသခင်၏အသက် ဟူသောစာအုပ်ငယ်လေး ကို ချားလ်ဝယ်စလီက ဂျော့စ်ဝှိုက်ဖီးလ်ကိုပေးလိုက်သည်။ ဝှိုက်ဖီးလ်သည် ထိုစာအုပ်ငယ် လေးကိုဖတ်ရှုခြင်းအားဖြင့် ပြောင်းလဲလာပြီး ဧဝံဂေလိတရားကိုဟောကြားသည့် တရားဟော ဆရာကြီး ဖြစ်လာခဲ့သည်။ ၀ိှုက်ဖီးလ်သည် ထိုစာအုပ်လေးကိုဖတ်ရှုသည်ဖြစ်၍ ၄င်းပြောဆို သည်မှာ "ကျွနု်ပ်၏စိတ်ဝိညာဉ်ထဲသို့ ထိုးသွင်းဝင်ရောက်လာသည့် ဘုရားသခင်၏အသက် အလင်းတန်းပါပဲလား" ဟူ၍ဖြစ်သည်။ ဝှိုက်ဖီးလ်က "ယေရှုခရစ်သည် မိမိထံသို့ ပေါ်ထွန်းလာ ပြီး အသစ်သောမွေးဖွါးခြင်းကိုပေးတော်မူသည်" ဟူ၍ဖြစ်သည်။ စာအုပ်သည် ပထမနှင့် ဒုတိ ယအကြိမ်နိူးထမှုတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဂျွန်ဝယ်စလီသည် ထိုစာ အုပ်ကို ဆယ့်လေးကြိမ် တိုင်တိုင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကိုပင် The First Baptist Church of Philadelphia သင်းအုပ်ဆရာဖြစ်သူ William Staughton က အမေရိကန်တွင် လည်း ပုံနှိပ်ထားသည်။ Benjamin Franklin ကလည်း တစ်ခါ ပုံနှိပ်ဖူးသည်။

လူသားတို့စိတ်ဝိညာဉ်တွင်ရှိသည့်ဘုရားသခင်၏အသက် စာအုပ်ငယ်လေးတွင် Henry Scougal က ကျွနု်ပ်တို့သည် စစ်မှန်သောခရစ်ယာန်ဘာသာဝင်ဖြစ်ခြင်းအတွက် လိုအပ်သည့် ဘာသာရေး၏အပြင်ပိုင်းပုံစံများကို အမှားအယွင်းလုပ်ဆောင်ရန် မသင့်လျော်ကြောင်း ဆိုထား သည်။ Henry Scougal က စစ်မှန်သော ခရစ်ယာန်ဘာသာဝင်ဖြစ်ခြင်းသည် "ဘုရားသခင်နှင့် စိတ်ဝိညာဉ်၏ပေါင်းဖော်ခြင်း၊ ဘုရားသခင်၏သဘောသဘာဝတွင် အမှန်တကယ် မိတ်ဖွဲ့ခြင်း" ပင်ဖြစ်သည်။ ( ၄င်း၊ စာ-၃၀ ) တနည်းအားဖြင့် လူသားတို့စိတ်ဝိညာဉ်တွင်ရှိသည့် ဘုရား သခင်၏အသက် ဖြစ်သည်။ ကျွနု်ပ်တို့သည် ယေရှုခရစ်ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်သော အချိန်တွင် ဘုရားသခင်၏အသက်သည်သာလျှင် ကျွနု်ပ်တို့၏စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်နိူင် သည်။ သို့သော် ခရစ်တော်က ဤသို့မိန့်တော်မူခဲ့သည်။

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယောဟန် ၅း ၄၀ )

သို့မဟုတ် ခေတ်သစ်ဘာသာပြန်ဆိုခြင်းကမူ ဤသို့ဆိုသည်။

သင်တို့သည် အသက်ကိုရအောင် ငါထံသို့လာရန် ငြင်းပယ်ကြသည်။ (NIV)

ခရစ်တော်က ဤစကားကို ယုံကြည်သောသူတို့အား မိန့်တော်မူခဲ့သည်။ သမ္မာကျမ်း စာကို ယုံကြည်သောသူတို့အား မိန့်တော်မူသည့် စကားဖြစ်သည်။ တပတ်လျှင် အနည်းဆုံး နှစ်ရက် အစာရှောင်သောသူတို့အား မိန့်တော်မူသောစကားဖြစ်သည်။ ဘုရားလူဖြစ်ဖို့ရန် ကြိုး စားအားထုတ်နေသောသူများအား မိန့်တော်မူသည်။ ယနေ့နံနက်တွင်လည်း ပြောင်းလဲခြင်းမရှိ သေးသည့်သင့်အား ဤအကြောင်းအရာကို မိန့်တော်မူပါသည်။

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယောဟန် ၅း ၄၀ )

စစ်မှန်သောခရစ်ယာန်ဖြစ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သင်၏စိတ်ဝိညာဉ်တွင် ဘုရား သခင်၏အသက်ပိုင်ဆိုင်ထားရန်ဖြစ်သည်။ သင်၏စိတ်ဝိညာဉ်တွင် ထိုအသက်ကို ပိုင်ဆိုင်ရရှိ ရန် တစ်ခုတည်းသောနည်းလမ်းမှာ ယေရှုထံပါးသို့ ချဉ်းကပ်ရန်ဖြစ်သည်။ သို့သော် ကယ်တင် သောအရှင်က "သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ" ဟုမိန့် တော်မူပါသည်။ ကျွနု်ပ်သည် ဤကျမ်းပိုဒ်ကို နည်းလမ်းပေါင်းများစွာဖြင့် အသုံးပြုနိူင်ပါသည်။

၁။ ပထမအချက် ၊ ခရစ်တော်ထံသို့ အဘယ့်ကြောင့် မချဉ်းကပ်သနည်း။

"ဆုံးဖြတ်ချက်ဝါဒီ" သမားများက ခရစ်တော်ထံပါးသို့ လူတိုင်းသည် အချိန်တိုင်းချဉ်း ကပ်နိူင်သည် ဟု ထင်ကြပါသည်။ သူတို့လုပ်ဆောင်သည့်အရာအားလုံးသည် လက်မြှောက် ရန်ဖြစ်သည်၊ သို့မဟုတ် တရားဒေသနာအဆုံးတွင် "ရှေ့သို့လာရန်" ဖြစ်သည်။ သူတို့လုပ် ဆောင်ရသည့်အရာများမှာ "အပြစ်သား၏ဆုတောင်းချက်" ကို ရွက်ဆိုရန်ဖြစ်သည်။ ဤသည် မှာ လူသားတို့၏လုပ်ဆောင်ချက်ဖြစ်၍ လူတိုင်း လုပ်ဆောင်နိူင်ပါသည်။ သို့ရာတွင် အဘယ် "ဆုံးဖြတ်ချက်ဝါဒီသမား" သည် သင်၏စိတ်ဝိညာဉ်ကို မကယ်တင်နိူင်ပါ။ Dr. Isaac Watts က ဤသို့ဆိုသည်။

အပြင်ပန်းလုပ်ဆောင်မှုသည် သင့်ကိုမစင်ကြယ်စေနိူင်၊
အနာရောဂါသည် အတွင်း၌ နေရာယူလျက်ရှိသည်။

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" မပြောင်းလဲ သေးသော သင်တို့သည် ယခုတွင် အသက်ကို ပိုင်ဆိုင်ထားခြင်းမရှိကြောင်းကို ဆိုလိုပါသည်။ သမ္မာကျမ်းစာက သင်တို့သည် "ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏" ဟုဆို ထားပါသည်။ ( ဧဖက် ၂း ၃) ကျမ်းစာက ဆိုပြန်သည်မှာ "သင်တို့သည် ဒုစရိုက်အပြစ်၌ သေ လျက်ရှိသည်" ဟုဆိုပါသည်။( ဧဖက် ၂း ၅ ) သင်တို့သည် "အပြစ်ရှိကြသည်" ဟုလည်း ဆိုပြန်ပါသည်။ ( ရောမ ၃း ၉ )

"အပြစ်ရှိသောသူဖြစ်ကြသည်။" ကြောက်မက်ဖွယ်ကောင်းသောဖော်ပြချက်ဖြစ်သော် လည်း မှန်ကန်သောအရာတစ်ခုပင်ဖြစ်သည်။ Dr. Lloyd-Jones က "လူတိုင်းသည် ပကတိအ တိုင်းအပြစ်တရားအောက်တွင်မွေးဖွါးလာကြသည်၊ အပြစ်၏တန်ခိုးအောက်တွင်ရှိကြသည်။ အ အပြစ်၏ညစ်ညမ်းမှုအောက်တွင်ရှိကြသည်၊ အပြစ်သားအဖြစ်ဖြင့် မွေးလာကြသည်၊ လူတိုင်း သည်အပြစ်ရှိကြသည်" ဟုဆိုပါသည်။ "အောက်တွင်" ဟူသောစကားလုံးသည် အခွင့်အာဏာ တစ်ခု၏အောက်တွင် ဖိနှိပ်ခံနေရသည်ဟူသော အဓိပ္ပါယ်ရှိပါသည်။ ဆိုလိုသည်မှာ ကျွနု်ပ်တို့ သည် အာဒံ၏မျိူးဆက်ဖြစ်ကြသောကြောင့် အပြစ်တရားအောက်တွင်မွေးဖွါးလာကြပါသည်။ [အာဒံ၏အပြစ်သည်] လောကတွင်ဖြစ်ပါွးသောအရာထဲတွင် ဆိုးရွားအကျဉ်းတန်ဆုံးနှင့် အမွှေ နှောက်ဆုံးသောအရာဖြစ်ပါသည်။" (ရောမ အခန်း ၂း ၁-၃း ၂၀ ၊ The Banner of Truth Trust ၊ ၁၉၈၉၊ စာ-၁၉၀-၁၉၁)

ဆက်လက်၍ပြောသည်မှာ "သင့်အကြောင်းနှင့်ပါတ်သက်ပြီး ဤဖော်ပြချက်ကို သင့် အနေဖြင့် ယုံကြည်လက်ခံခြင်းမရှိလျှင်….ထိုအကြောင်းအရာနှင့်ပါတ်သက်ပြီး စောဒက တက် စရာမလိုတော့ပါ။သင်သည် ခရစ်ယာန်မဖြစ်သေးသည်သာမက၊ သင်၏အပြစ်ကိုလည်း သိမြင် နိူင်ခြင်းမရှိသေးပေ။ သင်သည် ယုံကြည်ဖြစ်သည်ဟု မိမိကိုယ်ကို ထင်မှတ်ထားသော်လည်း ခရစ်တော်ကိုယုံကြည်သောသူ မဖြစ်သေးပါ။ ဤအကြောင်းအရာတစ်စုံတစ်ခု၏လက်အောက် တွင် သင်သည် တနည်းနည်းဖြင့်ရှိနေလျှင် သင်သည် မိမိကိုယ်ကို ခရစ်ယာန်ယုံကြည်ချက်၏ အပြင်ဘက်တွင် အလိုအလျောက် ပစ်ထားခြင်းပင်ဖြစ်သည်။ အပြစ်ထဲတွင်ရှိသည့် လူသားနှင့် ပါတ်သက်ပြီး ဤဖော်ပြချက်သည် ရိုးစင်းသောသမ္မာတရား၊ ကြောက်မက်ဖွယ်ကောင်းသော သမ္မာတရားပင်ဖြစ်ပါသည်။" ( ၄င်း၊ စာ-၂၁၄)

Arthur W. Pink က "မစွမ်းဆောင်နိူင်ခြင်းနှင့်အလွန်ပင်ကင်းဝေးလွန်းလှသည်၊ အပြစ်ရှိခြင်း သည် ရောဂါတစ်ခုပင်ဖြစ်ပါသည်" ဟုဆိုသည်။ (Man's Total Depravity, Moody Press, ၁၉၈၁) အပြစ်ရောဂါတွင် ခရစ်တော်ထံသို့ချဉ်းကပ်လိုခြင်းမရှိသည့် စွဲကိုင်မှုရှိပါသည်။ သူ့ကို အလိုမရှိသည်ဖြစ်၍ သူ့ထံသို့မချဉ်းကပ်နိူင်ပါ။ သင်သည် ခရစ်တော်နှင့်အတူ အဘယ်အမှုကို မျှ လုပ်ဆောင်လိုခြင်းမရှိသော ကျေးကျွန်ပင်ဖြစ်သည်။

သင်က "ငါဘုရားကျောင်းလာပါတယ်၊ ဒါရတယ်မဟုတ်လား" ဟုပြောနိူင်ပါသည်။ လုံးဝမရပါ။ ထိုအရာက သင်သည် တကိုယ်ကောင်းဆန်သည့်အပြုအမူတစုံတရာက ထွက်ပေါ် လာခြင်းဖြစ်ကြောင်းကို ပြသပါသည်။ မျက်နှာမူကြည့်ကြပါစို့။ သင်သည် ခရစ်တော်ကို အလိုရှိ သောကြောင့် ဤနေရာသို့ အရောက်မလာပါ။ သင်သည် လူငယ်အုပ်စုကြားတွင် အပျော်သ ဘောဖြင့်နေချင်သောကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ သင်သည် လူတို့ကို နှစ်သက်သဘောကျသော်လည်း ခရစ်တော်ကို အလိုမရှိပါ။ ယခုတွင် မိမိကိုယ်ကို ရိုးသားမှုရှိ ရန် ကျွနု်ပ်တောင်းပန်လို၏။ ၄င်းသည် မှန်သောအရာမဟုတ်ပေဘူးလား။ လူတစ်ဦးက" မှန် ကန်သောအရာဖြစ်သည်" ဟု ဆိုပေမည်။ ထို့ကြောင့် "ကျွနု်ပ်နောက်ထပ်မလာနိူင်တော့ပါ။ ကျွနု်ပ်သည် ရိုးရိုးသားသားနေမည်ဖြစ်သောကြောင့် နောက်ထပ်မလာနိူင်တော့ပါ။" ထိုအရာ က သင်သည် ခရစ်တော်ကို အလိုမရှိသည်ကို ပို၍ ထင်ရှားစေပါသည်။ သင်သည် အပြစ်၏ ချုပ်နှောင်ခြင်းကိုခံရသည်၊ ထိုအပြစ်သည်လည်း သင့်အား စိုးမိုးလွန်းသည်ကို ထိုအရာက သက်သေထူနေပါသည်။ သင့်ကို အပြစ်က စိုးမိုးသည်။ တမန်တော်ရှင်ပေါလုပြောသကဲ့သို့ "လူသည် အပြစ်သားဖြစ်သည်။" ခရစ်တော်ထံသို့မလာသည်မှာ အံ့သြစရာမဟုတ်ပါ။ ခရစ် တော်က "သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ" ဟုမိန့်တော်မူ သည်မှာလည်း အံ့သြစရာမဟုတ်ပါ။ သင်သည် ခရစ်တော်ကို အလိုမရှိ၊ အသက်ကိုလည်း အလိုမရှိပေ။ အပြစ်တရားကိုသာ စွဲလန်းနှစ်သက်သည်။ ယေရှုက "လူတို့သည် မကောင်း သောအကျင့်ကို ကျင့်သောကြောင့် အလင်းထက်မှောင်မိုက်ကို သာ၍ နှစ်သက်ကြ၏" (ယော ၃း ၁၉ ) ဟု မိန့်တော်မူခဲ့သည်။ မိမိကိုယ်ကို အပ်နှံထားခြင်းမရှိလျှင် သင့်အတွက်မျှော်လင့်စ ရာမရှိတော့ပါ။ သင်သည် သတိပြုလာရပေမည်။ သင်သည် မိမိကိုယ်ကို " ကျွနု်ပ်သည် အလင်းထက် မှောင်မိုက်ကို ပို၍ သဘောကျနှစ်သက်ပါသည်။ ကျွနု်ပ်ရှိနေသည့်လမ်းကို နှစ်သက်သည်၊ ကယ်တင်ခြင်းလည်း မရရှိလိုပါ၊ ကျွနု်ပ်သည် အပြောင်းအလဲလုပ်ဆောင်နိူင် လျှင်ပင် မလုပ်ဆောင်လိုပါ။ ကျွနု်ပ်ရှိနေသည့်လမ်း၊ အသက်ရှင်မှုကို နှစ်သက်သည်မှာ မှန်ကန်ပါသည်" ဟု မိမိကိုယ်ကိုပြောရမည်။ သင်သည်ခရစ်တော်ထံသို့ မလာသည်မှာ အံ့သြ စရာမရှိပါ။ ခရစ်တော်က ဤသို့ဆိုသည်မှာလည်း အံ့သြစရာမဟုတ်ပါ။

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယောဟန် ၅း ၄၀ )

၂။ ဒုတိယအချက်၊ ခရစ်တော်ထံမလာသူများအသက်တာတွင် အဘယ်သို့ဖြစ်သနည်း။

ကျွနု်ပ်အသက်တာတွင်ဖြစ်ပျက်သောအရာကို ကောင်းစွာမှတ်မိပါသည်။ ကျွနု်ပ်အ ကြောင်းကို ကျွနု်ပ်ရေးနေသည်။ ထို့ကြောင့် ထိုအရာမှာ မကြာသေးခင်က ကျွနု်ပ်အတွေးထဲ တွင်ပေါ်လာသောအရာပင်ဖြစ်ပါသည်။

အစပိုင်းတွင် ဘုရားကျောင်းသို့လာခြင်းသည် ကျွနု်ပ်အလိုအပ်ဆုံးသောအရာဖြစ် သည် ဟုထင်မိခဲ့သည်။ ကျွနု်ပ်အိမ်နားတွင်ရှိသောသူက ၄င်း၏ကလေးများနှင့်အတူ ကျွနု်ပ် အား ကယ်လီဖိုးနီးယားပြည်နယ်ရှိ The First Baptist Church of Huntington Park သို့ ခေါ် ဆောင်သွားခဲ့သည်။ ကျွနု်ပ်သည် ထိုရင်််််းရင်းနှီးနှီးရှိသောသူငယ်ခြင်းများနှင့် နေလိုသည်ဖြစ်၍ ဘုရားကျောင်းသို့ ဆက်လက်ပြီးလာခဲ့သည်။ အခြားအကြောင်းပြချက်မရှိပါ။ ကျွနု်ပ်သိပ်ကို သဘောကြသည်။ ဒါပါပဲ။

ဘုရားကျောင်းသို့လာဖို့အတွက် ထိုအရာသည် အကြောင်းတရားဟုမဟုတ်ကို ကျွန်ုပ် အံ့သြမိပါသည်။ အတွေ့အကြုံတွင် ပျော်ရပါးရသည်ထက် မပိုပါ။ ကြာရှည်ခိုင်မြဲသော အရာ တော့ဖြစ်ပါသည်။ သို့သော် အနှေးနှင့်အမြန်တွင် လုံလောက်မှုရှိလာမည်မဟုတ်ပါ။ ခရစ်တော် ထံသို့ရောက်ရှိလာခြင်းမရှိလျှင် ခဏကြာသောအခါ ဘုရားကျောင်းသို့လာခြင်းအားဖြင့်တွေ့ ကြုံရသည့် အပြင်ပိုင်းပျော်ရွှင်မှုက သင့်ကိုကျေနပ်စေလိမ့်မည်မဟုတ်။ ဘုရားကျောင်းသို့ လာရုံသက်သက်သာလာခြင်းဖြင့် သင့်အားကျေနပ်အားရစေခြင်းမရှိစေသောအရာဖြစ်ပေါ်လာ ပေမည်။

အသင်းတော်ထဲတွင် မကောင်းသောအရာဖြစ်ပေါ်လာနိူင်ပါသည်။ မည်သည့်အသင်းတော်မျှ ပြည့်စုံသည်ဟု မရှိသော်လည်း သင့်အား အနှောက်အယှက်ပေးသောအရာတစ်စုံးတစ်ရာကို မြင်ရ သို့မဟုတ် ကြားရဖြစ်လာပေမည်။ ကျွနု်ပ်က "သင့်အားနှောက်ယှက်သောအရာကို သင် မြင်ရ သို့မဟုတ် ကြားရ နိူင်သည်" ဟု စတင်ပြောဆိုပေမည်။ ထိုသို့ဖြစ်ပျက်ရန်ကန့်သတ်၍ ထားသည်။ အမြဲတစေဖြစ်ပျက်သည်။ အသင်းတော်တွင် မြင်တွေ့ခဲ့သည့်အဖြစ်အပျက်အား ဖြင့် အလွန်သောကရောက်သောသူ အဘယ်သူမျှ ဤပလက်ဖောင်းပေါ်တွင် ကျွနု်ပ်နှင့်အတူ ရှိမနေပါ။ သို့သော် ဤနေရာတွင် ဆက်၍ ဖြစ်ပေါ်လျက်ရှိသည်။ သို့ရာတွင် ထိုသို့မြင်တွေ့ သောသူများသည် တစ်စုံတစ်ခုကို ခံစားကြပြီး ဘုရားကျောင်းသို့လာခြင်းကို ရပ်တန့်ကြပါ သည်။ သူတို့အကြောင်းနှင့်ပါတ်သက်ပြီး မျိုးစေ့ကြဲသူ ပုံဥပမာတွင် ဖော်ပြထားသည်မှာ ဤသို့ ပင်ဖြစ်သည်။

"အပြစ်မစွဲ၊ ခဏသာ ယုံကြည်သဖြင့် စုံစမ်းနှောက်ယှက်ခြင်းကိုခံရသောအခါ ဖောက်ပြန်သော သူကို ဆိုလိုသတည်း။"( လုကာ ၈း ၁၃)

Dr. R. C. H. Lenski က "အချို့သောနည်းလမ်းဖြင့်ရောက်လာသည့်သွေးဆောင်ခြင်းသည် ယုံကြည်သူတိုင်းတွင် ချုပ်နှောင်ထားသည်" ဟုဆိုသည်။ ( လုကာ ၈း ၁၃ မှတ်စု) ခရစ်တော်၌ အမြစ်တွယ်သောသူတို့သည် လဲကျဆုံးရှုံးသွားခြင်းမရှိပါ။ ခရစ်တော်၌အမြစ်တွင်ခြင်းမရှိသော သူတို့သည် အခက်အခဲများနှင့်ကြုံတွေ့လာကြသောအခါ ဆုံးရှုံးသွားသည်။ သူတို့သည် အ ဘယ့်ကြောင့် ဘုရားကျောင်းမှ ထွက်ခွါသွားကြပါသနည်း။ အကြောင်းမှာ သူတို့၏စိတ်ဝိညာဉ် တွင် ခရစ်တော်၏ "အသက်"မရှိသောကြောင့်ဖြစ်သည်။

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယောဟန် ၅း ၄၀ )

ခဏကြာပြီးနောက် အသင်းတော်ကို သူတို့ချန်ထားခဲ့သည့်အချက်အားဖြင့် သက်သေပြသည်။

အသင်းတော်တစ်ခုပြီးတစ်ခုပြောင်းရွှေ့သွားလာသောလူများကို ကျွနု်ပ်သိပါသည်။ သို့ သော် သူတို့သည် စိတ်ကျေနပ်ခြင်းမရှိကြပါ။ အမှားအယွင်းအချို့ကို တွေ့မြဲတွေ့ကြပါသည်။ သို့သော် အဓိကအမှားသည် ၄င်းတို့ကိုယ်တိုင်အထဲတွင်ဖြစ်ကြောင်းကို သတိမပြုမိကြပေ။ ၄င်းတို့အား ခရစ်တော်က ဤသို့မိန့်ဆိုသည်။

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယောဟန် ၅း ၄၀ )

၃။ တတိယအချက် ၊ ခရစ်တော်ထံသို့တိုးဝင်ချဉ်းကပ်ကြသူများ

ခရစ်တော်ထံပါးသို့ တိုးဝင်ချဉ်းကပ်လာသောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော် ကဆွဲခေါ်ထားသောသူများသာဖြစ်ကြပါသည်။ ကျွနု်ပ်တော်သည် ဆယ်ကျော်သက်တစ်ဦးအ နေဖြင့် The First Baptist Church of Huntington Park တွင် "ကွဲပြားခွဲထွက်သည့်" ကြောက်ဖွယ်ကောင်းသည့် အသင်းတော်ကို ဖြတ်၍သွားခဲ့ဖူးပါသည်။ ၄င်း၏တိုတိုတုတ်တုတ် ရှိလှသည့်တရားဒေသနာထဲတွင်ပါရှိသည့် အရာကို ကျွနု်ပ်မဖော်ပြနိူင်ပါ။ ကြောက်မက်ဖွယ်ရာ အလွန်ကောင်းသည်ဟု ပြောဆိုခြင်းသည် ၄င်းအတွက် လုံလောက်လှပါသည်။ လူတို့သည် တစ်ဦးနှင့်တစ်ဦးအလုအယက်ဖြစ်ကြပြီး တနင်္ဂနွေနံနက်ပိုင်းအစီအစဉ်တွင် တိရိစ္ဆာန်ကဲ့သို့ တိုက်ခိုက်ရန်ဖြစ်နေကြသည်။ ဓမ္မသီချင်းစာအုပ်ဖြင့် တစ်ဦးကိုတစ်ဦး ပစ်ပေါက်ကြပါသည်။ သူတို့သည် အသင်းတော်ဝတ်ပြုအစီအစဉ်တွင် လုံးဝဖော်ပြရန် မသင့်လျော်သောအရာများကို ပြောဆိုလုပ်ဆောင်ကြပါသည်။ ကျွနု်ပ်သည် မပြောင်းလဲသေးသောဆယ်ကျော်သက်လူငယ် တစ်ဦးအနေဖြင့် ထိုအရာများကို တွေ့မြင်ခဲ့ပါသည်။ သို့ရာတွင် နှစ်ပေါင်း ငါးဆယ်ကျော်ကျော် လွန်ခဲ့ပြီး ကျွနု်ပ်တရားဟောနေပါပြီ။ အခြားဆယ်ကျော်သက်လူငယ်များ ထွက်ပြေးပျောက် ကွယ်သွားကြမည်ဟု ကျွနု်ပ်ယူဆပါသည်။ ဤနေရာတွင် အဘယ့်ကြောင့် ကျွနု်ပ်ရှိနေရပါသ နည်း။ ကျွနု်ပ်သည် ခရစ်ယာန်မိသားစုမှ မွေးဖွါးလာခြင်းလည်းမဟုတ်ပါ။ ကျွနု်ပ်သည် ဤနေ ရာတွင် အဘယ့်ကြောင့် ရှိနေရသနည်း။ ဧဖက် ၁း ၄ကိုကိုးကား၍ ကျွနု်ပ်ပြောဆိုနိူင်သော နည်းလမ်းတစ်ခုမှာ "ကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်" ဟူ၍ ဖြစ်သည်။ ကျွနု်ပ်သည် ကယ်တင်တော်မူခြင်းသို့ရောက်ရန် ကျွနု်ပ်သည် ကောင်းမွန်သောသူမ ဟုတ်ပါ။ ကျွနု်ပ်ကိုရွေးချယ်ထားသူမှာ ဘုရားသခင်သာလျှင်ဖြစ်သည်။ ထိုအမှုအရာအားလုံး သည် ကျေးဇူးတော်အားဖြင့်ဖြစ်သည်။

အံ့ဘွယ်ကျေးဇူး၊ ကြီးမားလှသည်
   ငါ့ကိုကယ်တင်တော်မူပေသည်။
ကျွနူ်ပ်ဆုံးရှုံး အခုအသက်ရှင်ပြီ
   မျက်စိကန်းခဲ့၊ ယခုမြင်ပြီ။

အန္တရယ်များစွာ၊ ကျောကွင့်များဖြင့်
   ကျွနု်ပ်ထံပါးသို့လာ၏။
ထိုကျေးဇူးသည် လုံခြုံစွာဆောင်ယူပို့ဆောင်
   ကျေးဇူးငါ့ကို အိမ်သို့ပို့ဆောင်
("အံ့ဘွယ်ကျေးဇူး" John Newton ၁၇၂၅-၁၈၀၇ ရေးစပ်သည်။ )

ကျွနု်ပ်သည် ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းမပြုမှီ စတင်ချစ်မြတ်နိူင်ခဲ့ပါသည်။ အချို့သောသူများသည် ဘုရားကျောင်းပတ်လည်တွင် မိုက်မိုက်မဲမဲပြုမူကြသည်။ သို့ရာတွင် ကျွနု်ပ်သည် အိုးမဲ့အိမ်မဲ့၊ အဖေမဲ့ယောကျ်ားလေးဖြစ်သည်။ အစပိုင်းတွင် မိမိကိုယ်ကိုကောင်း အောင်လုပ်ဆောင်ခြင်းဖြင့် ကယ်တင်နိူင်မည်ဟု ထင်မိသည်။ သို့သော် ကျွနု်ပ်သည် မကောင်း နိူင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွနု်ပ်သည် ခရစ်တော်ကိုယ်တိုင်ထံပါးသို့ ခဏလေးအတွင်း ရောက် ရှိလာခဲ့ပါသည်။ သူသည် ကျွနု်ပ်ကိုကယ်တင်တော်မူပြီး ကျွနု်ပ်၌ရှိသမျှသောအပြစ်များကို ၄င်း၏အဖိုးထိုက်လှသောအသွေး တော်အားဖြင့် ဆေးကြောပေးတော်မူခဲ့သည်။

ကျွနု်ပ်မိတ်ဆွေတွေ့ပြီး၊ ထိုသို့သောမိတ်ဆွေတစ်ဦး
   သူကျွနု်ပ်ကို ချစ်ကြောင်းသိသည်။
မေတ္တာအားဖြင့် ကျွနု်ပ်အားဆွဲခေါ်ထားခဲ့သည်၊
   သူ့ထံပါး ကျွနု်ပ်အား ပုံအပ်ရှိနေစေ။
ကျွနု်ပ်နှလုံးသားများကို တင်းကြပ်စွာတုတ်နှောင်ထား၊
   အဘယ်အရာကိုမျှကျိုးပဲ့စေခြင်းမရှိသောကြိုးများဖြင့်။
ကျွနု်ပ်ကို သူပိုင်ဆိုင်၊ သူသည် ကျွနု်ပ်၏အပိုင်ဖြစ်သည်၊
   ထာဝရတိုင်အောင်၊ ထာဝရတိုင်အောင်။

ကျွနု်ပ်မိတ်ဆွေတွေ့ပြီး၊ ထိုသို့သောမိတ်ဆွေတစ်ဦး၊
   ကျွနု်ပ်ကိုကယ်ရန် အသွေးသွန်းအသေခံခဲ့။
အသက်ဆုကျေးဇူးတော်ကိုပေးထားသည်သာမက၊
   မိမိကိုယ်ကိုလည်းပေးတော်မူသည်။
မိမိကြိုးစာလုပ်ဆောင်သောအရာလုံးဝမရှိ၊
   ပေးသူထံပါးမှသာရရှိထားသည်။
ကျွနု်ပ်ရှိသမျှ နှလုံးသား၊ ခွန်အား၊ အသက်များစွာ၊
   သူပိုင်ဆိုင်ထား ထာဝရကာလတိုင်။
("မိတ်ဆွေကျွနု်ပ်တွေ့ပြီ"၊ James G. Small ၁၈၁၇-၁၈၈၈ ရေးစပ်သည်။ )

ကိုယ်တော်ဦးစွာချစ်သောကြောင့် ကျွနု်ပ်ချစ်ရသည်၊
   လက်ဝါးကပ်တိုင်တွင် ကျွနု်ပ်အပြစ်အတွက်ရွေးဝယ်ခဲ့။
ဦးခေါင်းတော်တွင် ဆူးသရဖူဆောင်းထားခြင်းကြောင့် ချစ်သည်၊
   ယခုမှစ ယေရှု ကျွနု်ပ်ချစ်သည် ထာဝရအမြဲပင်။

အသက်ရှင်လျက်ရှိစေ၊ သေလျက်ရှိစေ ကျွနု်ပ်ချစ်ပါသည်၊
   ကျွနု်ပ်အသက်ရှိသမျှကာလပတ်လုံး အစဉ်ချီးမွမ်းမည်။
သေခြင်းနှင်းစက် ကျွနု်ပ်အပေါ်ကရောက်စေကာမူ၊
   ယခုမှစ ကိုယ်တော်ကိုအစဉ်အမြဲချစ်ပါမည်။
(" ကျွနု်ပ်ယေရှု၊ ချစ်ပါသည်"၊ William R. Featherstone ၁၈၄၂-၁၈၇၈ ရေးစပ်သည်။)

ကျွနု်ပ်ချစ်ရသော လူငယ်မောင်မယ်များ၊ ကယ်တင်ရှင်ယေရှုကို အမှန်တကယ်ချစ်ကြ ရန် ကျွနု်ပ်တောင်းလျှောက်လိုပါသည်။ သင်၏အပြစ်များကိုဆေးကြောပြီး သင့်အား ကောင်း ကင်နှင့်ထိုက်တန်သောသူဖြစ်စေရန် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သည်။ ခရစ် တော်ထံပါးသို့လာ၍၊ သူ့ကိုချစ်ပါ၊ ယုံကြည်ကိုးစားပါ။ ခရစ်တော်ထံပါးသို့လာပါ။ သင့်အား ထာဝရအသက်နှင့် ထာဝရပျော်ရွှင်ခြင်းကို ပေးတော်မူမည်။ သူသည် အသက်ရှင်သည်၊ သူသည် အသက်ရှင်သည်၊ သူသည် တတိယကောင်းကင်တွင်ရှိပြီး ခမည်းတော်၏လက်ယာ တော်ဘက်တွင် ထိုင်နေတော်မူသည်။ သူသည် အသက်ရှင်သည်၊ သူ့ထံပါးသို့လာပါ။ ယုံကြည်ကိုးစားပါ။ သင့်ကိုချစ်ပါသည်။

သူသည် သင့်အား ကြာမြင့်စွာချစ်ခဲ့၊ ကောင်မွန်စွာချစ်တော်မူခဲ့၊
   ကျွနု်ပ်တို့နှုတ်မြွတ်ဆိုနိူင်သည်ထက် သာ၍ ချစ်သည်။
သူသည် သင့်အား ကြာမြင့်စွာချစ်ခဲ့၊ ကောင်မွန်စွာချစ်တော်မူခဲ့၊
   သင့်ဝိညာဉ်ငရဲမှ ကယ်ချွတ်ရန် အသေခံတော်မူခဲ့။
( "သင့်ကို ချစ်လျက်နေသေးသည်" Dr. John R. Rice ၁၈၉၅-၁၉၈၀ ရေးစပ်သည်။)

ခမည်းတော်ဘုရား၊ ယနေ့နံနက်တွင် ဤနေရာတွင် ရှိသောသူတစ်စုံတစ်ဦးသည် သားတော်ယေရှုထံသို့လာပြီး ထာဝရကယ်တင်တော်မူခြင်းသို့ရောက်ရန်ဆုတောင်းပါသည်။ အာမင်။

(တရားဒေသနာနိဂုံး)
သင်သည Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်ရှိ
ကိုနှိပ်ပြီး www.realconversion.com သို့မဟုတ www.rlhsermons.com တွင်
အပတ်စဉ်တိုင်း ဖတ်ရှုနိူင်ပါသည်။

Dr. Hymers ကkd rlhymersjr@sbcglobal.net ဖြင့်လည်း အီးမေးလ်ပေးပို့ နိူင်ပါသည်။
သို့မဟုတf P.O. Box 15308, Los Angeles, CA 90015 ဖြင့်လည်း
စာရေးသားပေးပို့နိူင်ပါသည်။ သို့မဟုတf (818)352-0452 ဖြင့်ဖုန်းဆက်နိူင်သည်။

ဤတရားဒေသနာစာမူများကို မူပိုင်ခွင့်မထားပါ။ ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ယောဟန် ၅း ၃၃-၄၀
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ကိုယ်တော်ကိုသာ၍ချစ်သည်”၊
Elizabeth P. Prentiss, ၁၈၁၈-၁၈၇၈ ရေးစပ်သည်။ )


အခြေပြုကျမ်း

အသက်ကိုပေးသောကယ်တင်ရှင် အကျဉ်းချုပ်

THE LIFE-GIVING SAVIOUR!

Dr. R. L. Hymers, Jr.

"သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။"(ယောဟန် ၅း ၄၀ )

(ယောဟန် ၅း ၂၆၊ ၁ဝး ၁၀၊ ၃း ၃၆)

၁။ ပထမအချက် ၊ ခရစ်တော်ထံသို့ အဘယ့်ကြောင့် မချဉ်းကပ်သနည်း။
ဧဖက် ၂း ၃၊ ၅။ ရောမ ၃း ၉။ ယောဟန် ၃း ၁၉ ။

၂။ ဒုတိယအချက်၊ ခရစ်တော်ထံမလာသူများအသက်တာတွင် အဘယ်သို့ဖြစ် သနည်း။ လုကာ ၈း ၁၃။

၃။ တတိယအချက် ၊ ခရစ်တော်ထံသို့တိုးဝင်ချဉ်းကပ်ကြသူများ။ ဧဖက် ၁း ၄။