Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ယေရှုခရစ်ကိုယ်တိုင်

JESUS CHRIST HIMSELF
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဧပြီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 12, 2015


ဤသည်မှာ ကျွန်ုပ်၏ဇနီးသည် Ileana နှင့် ကျွန်ုပ်အတွက် နေ့ထူးနေ့မြတ်ကြီး ပင်ဖြစ် ပါသည်။ ကျွန်ုပ်တို့နှစ်ဦးစလုံး၏မွေးနေ့ကို ယနေ့တွင် ကျင်းပခွင့်ရခဲ့ကြပါသည်။ ယနေ့ ဧပြီ လ ၁၂ ရက်နေ့သည် ကျွန်ုပ်၏ ခုနှစ်ဆယ့်လေးနှစ်ပြည့်မွေးနေ့လည်းဖြစ်ပါသည်။ ဘုရားအမှု တော်အတွက် ခေါ်ခြင်းခံရသည့် ၁၉၅၈ မှ ငါးဆယ့်ခုနှစ်နှစ်မြောက်သောနေ့လည်းဖြစ်ပါ သည်။ အရာအားလုံးထက် ကျွန်ုပ်တို့အသင်းတော်၏ နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။ လွန်ခဲ့ သည့်နှစ်ပေါင်းလေးဆယ်တွင် လော့စ်အိန်ဂျယ်အနောက်ဘက်ရှိ ယူစီအယ်လ်အေ တက္က သိုလ်ကြီးရှိ Westwood နှင့် Wilshire Boulevard ထောင့်ရှိ ကျွန်ုပ်၏အခန်းလေးတွင် လူငယ် ခြောက်ယောက် သို့မဟုတ် ခုနှစ်ယောက်ဖြင့် ဤအသင်းတော်ကို အစပြုခဲ့ပါသည်။ ယနေ့ တွင် Mr. John Cook နှင့် ကျွန်ုပ်သာ ဤနေရာတွင် ရှိကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်းလေး ဆယ်က John နှင့် ကျွန်ုပ်သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဤနေရာတွင် ရှိနေကြ သည်။ ခရစ်တော်၏နာမတော် ချီးမွမ်းပါ၏။

ဤအသင်းတော်သည် နှစ်ပေါင်းလေးဆယ်သော ဒုက္ခကို ကြုံတွေ့ကျော်လွှားခဲ့ပါ သည်။ ဂျူးလူမျိုးများသည် သဲကန္တာရတွင် နှစ်ပေါင်းလေးဆယ် အခက်ခဲပေါင်းများစွာ ကြုံတွေ့ ရင်ဆိုင်ခဲ့သကဲ့သို့ ဤအသင်းတော်သည်လည်း များစွာသောခက်ခဲမှု၊ များစွာသောဒုက္ခ၊ များစွာသော တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပါတ်သက်ပြီး များစွာ သောအရာကို ယနေ့ညပြောဆိုရပါမည်။ သို့ရာတွင် ယနေ့တွင် ကျွန်ုပ်တို့သည် လော့စ်အိန် ဂျယ်မြို့လယ်ရှိ ကြီးမားသည့် ဧဝံဂေလိတရားကို ဟောကြားသည့် အသင်းတော်တွင် ရှိနေကြ သည်။ ဘုရားသခင်သည် အခက်ခဲပေါင်းစုံကို ကျော်ဖြတ်စဉ်အခါ ကျွန်ုပ်တို့နှင့်အတူရှိတော်မူပြီ အသင်းတော်၌ နှစ်လေးဆယ်ပြည့်ပွဲတော်ကိုကျင်းပနိူင်ဖို့ အောင်မြင်မှုကိုလည်းပေးတော်မူခဲ့ပါ သည်။ ယေရှုခရစ်၏နာမတော်ကို ချီးမွမ်းပါ၏။

မနေ့ည ကျွန်ုပ်တို့၏ဆုတောင်းခြင်းအစီအစဉ်တွင် သင်းအုပ် Roger Hoffman ကတရားဟောခဲ့ပါသည်။ ယနေ့ညနေ ကျွန်ုပ်တို့၏အစီအစဉ်တွင်လည်း ၎င်းကိုယ်တိုင်ပဲ တရား ဟောမည်ဖြစ်သည်။ သူက "Dr. Hymers, တနင်္ဂနွေနေ့ နံနက်ပိုင် နင်တရားဟော သည်ကို ငါနားထောင်ချင်သည်" ဟုဆိုခဲ့သည်။ ထို့နောက် ကျွန်ုပ်သည် အဘယ်အရာကို ဟောရမည်ကို ဆုတောင်းနေစဉ် ၂၀၁၀ ဩဂုတ်လက အခြားနှစ်ခြင်းအသင်းတော်တွင် ကျွန်ုပ် ဟောခဲ့သော တရားဒေသနာကို ပြန်ဟောရန် နှိုးဆော်ခံရသည်။ ဧဖက်အခန်းကြီး ၂ ကို ကျွန်ုပ်တို့ကြည့်ရှုကြပါစို့။ ၎င်းသည် Scofield Study Bible တွင် စာမျက်နှာ ၁၂၅၁ တွင် ရှိပါ သည်။ ဧဖက် ၂း ၁၉၊ ၂၀ ကို ကျွန်ုပ်ဖတ်ရွက်မည်ဖြစ်သောကြောင့် အားလုံးမတ်တပ်ရပ်ကြပါ စို့။

"ထို့ကြောင့်၊ သင်တို့သည် တကျွန်းတနိူင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏အမျိုးသားချင်းဖြစ်ကြ၏။ ဘုရားသခင်၏အိမ်တော်သားလည်း ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။" (ဧဖက် ၂း ၁၉၊ ၂၀)

သင်တို့အားလုံး ထိုင်နိူင်ပါပြီ။

ဤကျမ်းပိုဒ်တွင် တမန်တော်ရှင်ပေါလုက အသင်းတော်သည် ဘုရားသခင်၏အိမ် တော်ဖြစ် သည်ဟု ဆိုထားသည်။ အသင်းတော်ကို တမန်တော်များ၊ ပရောဖက်များ တည်းဟူ သော တိုက်မြစ်အပေါ်တွင် အခြေခံ၍တည်ဆောက်ထားသော်လည်း ယေရှုခရစ်တော်သည် "တိုက်ထောင့်အမြစ်ကျောက်" ဖြစ်သည်ဟုဆိုသည်။ ဤကြောင်းအရာ၏အဓိပ္ပါယ်ကို Dr. J. Vernon McGee က "ထိုခရစ်တော်သည် အသင်းတော်ကို တည်ဆောက်ထားသည့် ကျောက် ဖြစ်သည်" ဟုဆိုပါသည်။ (Thru the Bible, အတွဲ ၅၊ Thomas Nelson, စာ-၂၄၁၊ ဧဖက် ၂း ၂၀ မှတ်စု) Dr. A. T. Robertson က "akrogoniais" ..အခြေခံအုတ်မြစ်ကျောက်" ဟုခေါ်ပါ သည်။ (Word Pictures, Broadman, ၁၉၃၁၊ ဧဖက် ၂း ၂၀ မှတ်စု) ယေရှုခရစ်ကိုယ်တိုင် သည် ကျွန်ုပ်တို့လုပ်ဆောင်သမျှအရာအားလုံး နှင့် အသက်တာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ "ယေရှုခရစ်ကိုယ်တိုင်" သည် အသင်းတော်၏ အုတ်မြစ်ဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုစကားလုံးများကို ယနေ့နံနက်တရားဒေသနာ၏အဓိကသော့ချက်အဖြစ် ဧဖက် ၂း ၂၀ အဆုံးမှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

"ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။" (ဧဖက် ၂း ၂၀)

ယေရှုခရစ်သည် ယနေ့ကျွန်ုပ်တို့တရားဒေသနာ၏ အဓိကအကြောင်းအရာဖြစ်ပါ သည်။ ခရစ်ယာန်တို့၏ယုံကြည်ခြင်းမှာ ယေရှုခရစ်ကိုယ်တိုင်မှတပါး အံ့ဩစရာမရှိပါ။ ယေရှု ခရစ်မှတပါး အဘယ်သူနှင့်မျှ တူညီခြင်းမရှိနိူင်ပါ။ သူသည် လူ့သမိုင်းတွင် ထူးခြားစစ်မှန်သော သူဖြစ်သတည်း။ သူသည် ဘုရား-လူဖြစ်သည်။ ယေရှုခရစ်သည် ကောင်းကင်မှဆင်းသက်လာ ပြီး လူသားတို့နှင့်အတူ အသက်ရှင်လာခဲ့သည်။ ယေရှုခရစ်ကိုယ်တိုင် ဒုက္ခခံ၊ အသွေးသွန်းကာ ကျွန်ုပ်တို့အပြစ်အတွက် အသေခံတော်မူခဲ့သည်။ ယေရှုခရစ်ကိုယ်တိုင် ကျွန်ုပ်တို့၏ဖြောင့်မတ် ခြင်းအတွက် ကိုယ်ခန္ဓာအားဖြင့် ထမြောက်ခဲ့သည်။ ယေရှုခရစ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့ ကိုယ်စားဆုတောင်းပေးရန် ဘုရားသခင်၏လက်ယာတော်ဘက်သို့ ပြန်လည် တက်ကြွတော်မူ ခဲ့သည်။ ယေရှုကိုယ်တိုင်သည် ဤလောကတွင် ၎င်း၏နိူင်ငံတော်ကို နှစ်တစ်ထောင်တည် ထောင်ရန် တဖန် ကြွလာတော်မူမည်။ ထိုသူမှာ ယေရှုခရစ်ကိုယ်တိုင်ပင်ဖြစ်သတည်း။ သီချင်း ပိုဒ်တစ်ခုကို မတ်တပ်ရပ် သီဆိုကြပါစို့။

ကျွန်ုပ်တွေ့မြင်ပါရစေ၊ ယေရှုကိုသာ
   အဘယ်သူမျှ သူ့ကိုမကယ်တင်၊ ယေရှုသာလျှင်
ကျွန်ုပ်၏ချီးမွမ်းသံ ထာဝရတည်နေစေ
   ယေရှု၊ ယေရှုသာလျှင်!
("ကျွန်ုပ်မြင်တွေ့ပါရစေ၊ ယေရှုသာလျှင်" Dr. Oswald J. Smith ၁၈၈၉-၁၉၈၆ ရေးစပ်သည်။)

သင်တို့အားလုံးထိုင်နိူင်ပါသည်။

ယေရှုခရစ်ကိုယ်တိုင်၏အကြောင်းအရာမှာ အလွန်ပင်ကြီးမား၊ နက်ရှိင်းပြီး အရေးကြီး လှပါသည်။ သို့ဖြစ်၍ တရားဒေသနာတစ်ခုတည်းဖြင့် ဖော်ပြရန် မစွမ်းနိူင်ပါ။ ယနေ့ နံနက်တွင် လည်း ယေရှုခရစ်ကိုယ်တိုင်နှင့်ပါတ်သက်ပြီး အချက်အလက် အနည်းငယ်ကိုယ်သာ ထိတွေ့ နိူင်ပါသည်။

၁။ ပထမအချက် ၊ ယေရှုခရစ်ကို လူသားများက ပြစ်တင်ရှုပ်ချပြီး ငြင်းပယ်ကြသည်။

ဧဝံဂေလိနှင့်ဆိုင်သည့် ပရောဖက်တစ်ပါးဖြစ်သည့် ဟေရှာယ က ဤသို့ရှင်းလင်းစွာ မိန့်ဆိုခဲ့သည်။

"မထီမဲမြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့်ကျွမ်းဝင်သောသူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကိုခံရ သောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။"| (ဟေရှာယ ၅၃း ၃)

Dr. Torrey က "ခရစ်တော်ကိုယုံကြည်ရန်ပျက်ကွက်ခြင်းသည် ကံဆိုးခြင်းဖြစ်သည်။ ထိုအရာ သည် အပြစ်၊ စိတ်ပျက်ဖွယ်ကောင်းသောအပြစ်ဖြစ်သည်" ဟုဆိုထားသည်။ (R. A. Torrey, D.D., How to Work for Christ, Fleming H. Revell Company, n. d., စာ- ၄၃၁) ပရောဖက်ဟေရှာယက ခရစ်တော်ကို မထီမဲ့မြင်ပြုခြင်းနှင့် ငြင်းပယ်ခြင်းအပြစ်တည်းဟူသော ပျောက်ဆုံးသောသူများအား ခရစ်တော်၏မျက်မှောက်တော်မှ ပုန်းကွယ်စေသည့် အတွင်းပိုင်း ဆိုးသွင်းသည့် အပြစ်ကိုဖော်ပြထားပါသည်။ လူသား၏လုံးဝပျက်စီးခြင်းနှင့်ဆိုင်သော အကြီး မားဆုံးသက်သေတစ်ခုမှာ ခရစ်တော်အကြောင်းကို တစိုးတစင်းမျှ မစဉ်းစားကြခြင်းပင်ဖြစ် သည်။ ပျောက်ဆုံးသောလူသားသည် ထာဝရငရဲတွင် ပြစ်ဒဏ်ကျခံသင့်သည်ဟူသော ကြီးမား သည့် သက်သေမှာ သူတို့သည် ဘုရားသခင်၏မျက်မှောက်တော်မှ မျက်နှာကို လွှဲမြဲလွှဲနေကြ ပါသည်။

မပြောင်းလဲသေးသောအခြေအနေတွင် လူသားသည် ခရစ်တော်ကို ပြစ်တင်ရှုပ်ချ သည်။ လုံးဝပျက်စီးသော ၎င်းတို့၏အခြေအနေတွင် ယေရှုကို အထင်ကြီးလေးစားခြင်းမရှိကြ ပေ။ သင်၏ဩတပ္ပစိတ်ကိုဖောက်ထွက်ခြင်းမရှိလျှင်၊ သင်၏အပြစ်ကိုသိမြင်စေခြင်းမရှိလျှင်၊ ဘုရားမျက်မှောက်တော်တွင် သင့်နှလုံးသားသေဆုံးနေသည်ဟု ထင်မှတ်ခြင်းမရှိလျှင် သင် သည် ယေရှုခရစ်ကို ဆက်လက်ပြစ်တင်ရှုပ်ချနေမည်သာဖြစ်သည်။

ကျွန်ုပ်တို့အသင်းတော်တွင် ထိုသို့သောအရာကို တရားဒေသနာအပြီး သိလိုသောအ ရာကို စုံစမ်းမေးမြန်းနိူင်သည့်အခန်းတွင် ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရသည်။ များစွာသောလူ တို့က များစွာသောအရာအကြောင်းပြောဆိုကြသည်ကို တွေ့ရသည်။ သူတို့သည် ကျမ်းစာအ ကြောင်းကို ပြောကြသည်။ ဤအရာ သို့မဟုတ် ထိုအရာ " သတိပြုမိခြင်း" အကြောင်းပြောဆို ကြသည်။ သူတို့ခံစားသောအရာနှင့်လုပ်ဆောင်ခဲ့သောအရာအကြောင်းကို ပြောပြကြသည်။ သူတို့က "ကျွန်ုပ်ယေရှုထံသို့လာပြီ" ဟု ပြောဆိုလျက် အဆုံးသတ်လေ့ရှိကြပါသည်။ ဒါပါပဲ။ ယေရှုအကြောင်း ဘာတစ်ခုမျှ မပြောနိူင်ကြပေ။ ယေရှုကိုယ်တိုင်အကြောင်းပြောစရာ သူတို့ တွင်မရှိပါ။ သူတို့မည်သို့ပြောင်းလဲနိူင်ကြမည်နည်း။

Spurgeon က "ဧဝံဂေလိတရားထဲမှခရစ်တော်ကိုပထုတ်ရန် လူတို့အတွင်းတွင် ရုန်းကန်မှုများစွာရှိသည်" ဟုဆိုသည်။ (C. H. Spurgeon, Around the Wicket Gate, Pilgrim Publications, ၁၉၉၂၊ စာ-၂၄)

ကယ်တင်ခြင်းအစီအစဉ်ကို နားလည်သဘောပေါက်ခြင်းသည် သင့်ကို ကယ်တင်မည် မဟုတ်ပါ။ ကျမ်းစာအကြောင်းပိုမိုသိရှိရန် သင်ယူခြင်းသည်လည်း သင့်ကို ကယ်တင်မည်မ ဟုတ်။ တရားဒေသနာများစွာကြားနာခြင်းသည်လည်း သင့်ကို မကယ်တင်နိူင်ပါ။ သင့်အပြစ် အတွက်ဝမ်းနည်းကြေကွဲခြင်းသည်လည်း သင့်ကို မကယ်တင်နိူင်ပါ။ သင့်ကျသောမျက်ရည်က သင့်ကို မကယ်တင်နိူင်ပါ။ ခရစ်တော်ကိုမထီမဲ့မြင်ပြုပြီးငြင်းပယ်ခြင်းကို ရပ်တန့်ခြင်းမရှိလျှင်၊ ဘုရားသခင်မျက်မှောက်တော်မှ မျက်နှာတော်ပုန်းကွယ်ထားခြင်းကို ပယ်ရှားခြင်းမရှိလျှင်၊ ခရစ်တော်ထံပါးသို့တိုးဝင်ချဉ်းကပ်ခြင်းမရှိလျှင် သင့်ကို ကူညီနိူင်သည့်အရာလုံးဝမရှိပေ။ သီချင်းကိုထပ်၍ သီဆိုပါ။

ကျွန်ုပ်တွေ့မြင်ပါရစေ၊ ယေရှုကိုသာ
   အဘယ်သူမျှ သူ့ကိုမကယ်တင်၊ ယေရှုသာလျှင်
ကျွန်ုပ်၏ချီးမွမ်းသံ ထာဝရတည်နေစေ
   ယေရှု၊ ယေရှုသာလျှင်!

သင်တို့အားလုံးထိုင်နိူင်ပါပြီ။

၂။ ဒုတိယအချက်၊ ယေရှုခရစ်ကိုယ်တိုင်သည် ကျမ်းစာတစ်ခုလုံး၏အနှစ်ချုပ်ဖြစ်သည်။

ယေရှုခရစ်ကိုယ်တော်တိုင်သည် သင့်တွေးတောကြံစည်သောအရာ၏အချုပ်ဖြစ်ရမည် ဟု သင့်အားပြောဆိုရခြင်းသည် ကျွန်ုပ်တို့အတွက် မလျော်ကန်သောအရာဟုတ်ပါသလား။ ထိုသို့မဟုတ်ပါ။ လျော်ကန်သောအရာသာဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း။ စဉ်းစားကြည့်ပါ။ ယေရှုခရစ်ကိုယ်တိုင်သည် ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာတစ်ခုလုံး၏ကြီးမား သည့်အနှစ်ချုပ်ပင်ဖြစ်ပါသည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ဧမောက်သို့သွားရာလမ်းတွင် တပည့်တော်နှစ်ယောက်နှင့်တွေ့ဆုံးခဲ့သည်။ သူတို့အားပြောဆို ခဲ့သောအရာသည် ယနေ့တွင်လည်း အသုံးဝင်လျက်ရှိသည်။

"ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိူင်အောင် ဥာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤသို့ပင်အသေခံ၍၊ မိမိဘုန်း စည်းစိမ်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။ ထိုအခါ မောရှေ၏ကျမ် မှစ၍ ပရောဖက်တို့၏ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ရေးထားသမျှ သော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။" (လုကာ ၂၄း ၂၅-၂၇)

မောရှေ၏ကျမ်းငါးစောင်မှစ၍ ကျန်သောကျမ်းစာအားလုံးတွင် ခရစ်တော်သည် သူတို့ အား ခရစ်တော်သည် "သူကိုယ်တိုင်အကြောင်းနှင့်ပါတ်သက်ပြီး သမ္မာကျမ်းတွင်ရှိသောအရာ များကို" သူတို့အား ရှင်းပြတော်မူသည်။ ပို၍ ရှင်းလင်းသောအရာကားအဘယ်နည်း။ ကျမ်းစာ တစ်ခုလုံး၏အဓိကအကြောင်းအရာမှာ ယေရှုခရစ်တော်ကိုယ်တိုင်ပင်ဖြစ်ပါသည်။ ယေရှုခရစ် တော်သည် သမ္မာကျမ်းစာ၏အဓိကအကြောင်းအရာဖြစ်သောကြောင့် ယေရှုကို သင့်အတွေး အခေါ်နှင့်အသက်တာတွင် အဓိကဖြစ်စေရန်မှာ သင့်အတွက် မဆီလျော်နိူင်ဘူးလား။ ယနေ့ နံနက်တွင် ယေရှုခရစ်အကြောင်းကို နက်နက်နဲနဲစဉ်းစားရန် သင့်အားပြောပြလိုပါ၏။ သီချင်း ကိုသီဆိုပါ။

ကျွန်ုပ်တွေ့မြင်ပါရစေ၊ ယေရှုကိုသာ
   အဘယ်သူမျှ သူ့ကိုမကယ်တင်၊ ယေရှုသာလျှင်
ကျွန်ုပ်၏ချီးမွမ်းသံ ထာဝရတည်နေစေ
   ယေရှု၊ ယေရှုသာလျှင်!

စစ်မှန်သောပြောင်းလဲခြင်းအားဖြင့် ယေရှုခရစ်ကိုယ်တိုင်ကို သိခြင်းသည် သင့်အ သက်တာတွင်ဖြစ်ခဲ့ဖူးသမျှတွင် အရေးအကြီးဆုံးသောအရာတစ်ခုဖြစ်ကြောင်း ကျွန်ုပ်ယုံကြည် ပါ၏။ သင်သည် ယေရှုခရစ်ကိုယ်တော်တိုင်းကို အမှန်တကယ်အားကိုယုံကြည်သည်ဖြစ်လျှင် အကြံဥာဏ်ပေးမှုတွေ သိပ်လိုအပ်တော့မည်မဟုတ်ပါ။ ယေရှုခရစ်ကိုသိရှိခြင်းဥာဏ်ပညာ သည် ခရစ်ယာန် အကြံဥာဏ်ပေးခြင်း၏ ၉၀% ကိုလုပ်ဆောင်ထားသည်ဟု ကျွန်ုပ် ယုံကြည် မိပါသည်။ လူတစ်ဦးသည် စစ်မှန်သောပြောင်းလဲခြင်းအားဖြင့် ခရစ်တော်ကို သိကျွမ်းလျှင် သူသည် ဤသို့တွေ့ကြုံရပေလိမ့်မည်။

"ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ပညာမှ စ၍ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။"((၁ကော ၁း ၃၀))

ကျွန်ုပ်တို့သည် အသင်းတော်များတွင် "မိမိအယူအဆဆုံးဖြတ်ချက်ဝါဒ"ကို စွန့်လွှတ်လျှင်၊ လူတို့သည် ခရစ်တော်၌ အမှန်တကယ်ပြောင်းလဲလာကြသည်ကို သေချာစေလျှင်၊ ထိုအရာက ယနေ့အသင်းတော်တွင်လုပ်ဆောင်သမျှသောအရာတည်းဟူသော အကြံဥာဏ်တော်၏ ၉၀% နှုန်းကို ပြီးမြောက်စေတော်မူလိမ့်မည်။ ယေရှုခရစ်တော်ကိုယ်တိုင်သည် အကြံဥာဏ်ပေးသော သူဖြစ်ပါစေသော်။ သီချင်းကို သီဆိုပါ။

ကျွန်ုပ်တွေ့မြင်ပါရစေ၊ ယေရှုကိုသာ
   အဘယ်သူမျှ သူ့ကိုမကယ်တင်၊ ယေရှုသာလျှင်
ကျွန်ုပ်၏ချီးမွမ်းသံ ထာဝရတည်နေစေ
   ယေရှု၊ ယေရှုသာလျှင်!

၃။ တတိယအချက် ၊ ယေရှုခရစ်သည် ဧဝံဂေလိတရား၏ အဆီအနှစ်၊ အဓိကသော့ ချက်၊ အနှစ်ချုပ်ဖြစ်သည်။

ပရောဖက်ဟေရှာယက ယေရှုခရစ်သည် ဧဝံဂေလိတရား၏အနှစ်ချုပ်ဖြစ်ကြောင်းဆို သည်။

"ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီးလိုက် သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့ အပေါ်၌ တင်တော်မူ၏။" (ဟေရှာယ ၅၃း ၆)

"ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။" သင်၏ ကိုယ်စားခရစ်တော်၏အသေခံခြင်း၊ အဖိုးအခပေးလျက် သင်၏နေရာတွင် ဘုရားသခင်၏ အမျက်တော်ကိုခံခြင်းသည် ဧဝံဂေလိတရား၏အနှစ်သာရ၊ အနှစ်ချုပ်ပင်ဖြစ်သည်။ သင်၏အ ပြစ်ကို မှောင်မိုက်ဖုံးလွှမ်းရာ ဂေသရှေမာန်ဥယျာဉ်တွင် မိမိအပေါ်တင်ဆောင်ရယူသည်မှာ ယေရှုခရစ်ကိုယ်တော်တိုင်ဖြစ်သည်။ ဂေသရှေမာန်ဥယျာဉ်တွင် ဤသို့ပြောဆိုသောသူမှာ လည်းယေရှုခရစ်တော်ပင်ဖြစ်ပါသည်။

"သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။" (မာကု ၁၄း ၃၄)

ယေရှုခရစ်ကိုယ်တိုင်က ဤသို့ဆိုသည်။

"ပြင်းစွာသောဝေဒနာကိုခံလျက်….ချွေးထွက်တော်မူ…..မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။" (လုကာ ၂၂း ၄၄)

ဂေသရှေမာန်ဥယျာဉ်တွင် အဖမ်းခံရသူမှာ ယေရှုခရစ်ကိုယ်တော်သာဖြစ်သည်။ ဆာဟင်ဒ လင်းရှေ့တွင် ဒရွက်တိုက်ဆွဲ၊ မျက်နှာတွင်ရိုက်ပုတ်ကာ၊ မထီမဲ့မြင်ပြုပြီး အရှက်တကွဲအကျိုး နည်းခံရသူမှာ ယေရှုခရစ်သာဖြစ်သည်။ ယေရှုခရစ်၏မျက်နှာကို တံထွေး ထွေးကြပါသည်။ ယေရှုခရစ်၏ဆံသာများကိုလည်း ဆွဲနှုတ်ကြပါသည်။ ပိလတ်မင်းရှေ့တော်သို့သွင်းပြီး ကျော ကိုရောမများအသုံးပြုသော ကျာပွတ်နှင့်ရိုက်ကာ ဆူးသရဖူဆောင်းစေလျက် မျက်နှာတွင် ထင်မှတ်ထားသည်ထက်ရိုက်နှိပ်ပြီး နှဖူးတွင် သွေးများတစိမ့်စိမ့်ယိုစီးခံရသူမှာ ယေရှုခရစ် ကိုယ်တော်တိုင်ပင်ဖြစ်ပါသည်။

“သူသည် လူမဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်း အသရေပျက်ခြင်းရှိသည်ကို၊ အများသောသူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ်၍၊ " ((ဟေရှာယ ၅၂း ၁၄))

"သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိ၏။"((ဟေရှာယ ၅၃း ၅))

ပိလတ်မင်း၏ရုံးတော်မှ အပြစ်ကြွေးပေးဆပ်ရန် လက်ဝါးကပ်တိုင်တော်သို့ခေါ်ဆောင် ခံရသူမှာ ယေရှုခရစ်တော်ပင်ဖြစ်သည်။ ကျိန်ခြင်းခံရသစ်တိုင်တွင် သံမှုံဖြင့် အရိုက်ခံရသူမှာ ယေရှုခရစ်ကိုယ်တော်သာလျှင်ဖြစ်သည်။ ခြေလက်သံမှုရိုက်သံနှင့်နာကျင်မှုခံစားရသည်သာမ က ဘုရားသခင်က "ကျွန်ုပ်တို့အပြစ်အားလုံးကို သူ့အပေါ်တင်သောအချိန်တွင်" (ဟေရှာ ၅၃း ၆) သာ၍ ကြီး စွာသောဝေဒနာကိုခံစားရသည်မှာ ယေရှုခရစ်ကိုယ်တော်တိုင်ပင်ဖြစ်ပါသည်။ ယေရှုခရစ်သည် "ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ" (၁ပေ ၂း ၂၄) Dr. Watts က ဤသို့ဆိုထားသည်။

ဝမ်းနည်းခြင်းနှင့်ချစ်မေတ္တာစီးဆင်းလာသည်။
ထိုသို့သော မေတ္တာနှင့်ဝမ်းနည်းခြင်းတွေ့ခဲ့ဖူးလော၊
ဆူးခက်သရဖူက ကြွယ်၀ခြင်းသရဖူဖြစ်စေပြီလား။
(အံ့ဘွယ်ကားတိုင် ချုံငုံသောအခါ" Isaac Watts, D. D., ၁၆၇၄-၁၇၄၈ ရေးစပ်သည်။)

မတ်တပ်ရပ်ပြီး ကျွန်ုပ်တို့ဆိုနေကျ သီချင်းကို သီဆိုကြပါစို့။

ကျွန်ုပ်တွေ့မြင်ပါရစေ၊ ယေရှုကိုသာ
   အဘယ်သူမျှ သူ့ကိုမကယ်တင်၊ ယေရှုသာလျှင်
ကျွန်ုပ်၏ချီးမွမ်းသံ ထာဝရတည်နေစေ
   ယေရှု၊ ယေရှုသာလျှင်!

အားလုံးထိုင်နိူင်ပါပြီ။

၄။ စတုတ္ထအချက် ၊ ယေရှုခရစ်သည် ထာဝရပျော်ရွှင်ခြင်း၏တစ်ခုတည်းသောအရင်း အမြစ်ဖြစ်သည်။

သူတို့သည် ယေရှု၏အလောင်းကို လက်ဝါးကပ်တိုင်တော်မှ ဆောင်ယူကာ ဆီလိမ်း ထားသည့်သင်္ချိုင်းတွင် သင်္ဂျိုလ်ကြသည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ခန္ဓာကိုယ်ဖြင့် ပြန်လည်ထမြောက်ခဲ့သည်။ ထို့နောက် တပည့်တော်များထံသို့လာပြီ "သင်တို့တွင် ငြိမ်သက်ခြင်းရှိပါစေ" ဟုဆိုခဲ့သည်။ (ယောဟန် ၂၀း ၁၉)

"ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ၏။ တပည့်တော်တို့ သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။" (ယောဟန် ၂၀း ၂၀)

"တပည့်တော်များသည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။"(ယောဟန် ၂၀း ၂၀) ယေရှုခရစ်ကိုယ်တော်တိုင်က သူတို့အား "သခင်ကိုတွေ့ကြသောအခါ" ဝမ်းမြောက်ခြင်းကို ပေးတော်မူခဲ့သည်။ နက်နဲသောငြိမ်သက်ခြင်းနှင့် သခင်ဘုရား၏ဝမ်းမြောက်ခြင်းကို ယေရှု

ခရစ်ကိုမသိသ၍ သင်တို့လုံးဝသိမည်မဟုတ်။

ဪ ဒီနေ့ သင့်အား ကျွန်ုပ်ပြောပြလိုသည်။ ကျွန်ုပ်ယေရှုခရစ်ကို ယုံကြည်ကိုးစား သည့် တခဏတာအချိန်ကို သတိရအောက်မေ့နိူင်သည်။ တကယ်သန့်ရှင်းမွန်မြတ်သော အတွေ့အကြုံပါတကား။ သူထံသို့အပြေးအလွှားလာခဲ့သည်။ သို့မဟုတ် ထိုထက် သူသည် ကျွန်ုပ်ထံသို့ အပြေးလာသယောင်ရှိပါသည်။ သူ၏အဖိုးထိုက်သောအသွေးတော်အားဖြင့် ကျွန်ုပ်၏အပြစ်ရှိသမျှကို ဆေးကြောသန့်စင်တော်မူခဲ့သည်။ ဘုရားသခင်၏သားတော်အားဖြင့် ကျွန်ုပ်ကို အသက်ရှင်စေတော်မူသည်။ သီချင်းပိုဒ်ကို ထပ်၍ သီဆိုကြပါစို့။

ကျွန်ုပ်တွေ့မြင်ပါရစေ၊ ယေရှုကိုသာ
   အဘယ်သူမျှ သူ့ကိုမကယ်တင်၊ ယေရှုသာလျှင်
ကျွန်ုပ်၏ချီးမွမ်းသံ ထာဝရတည်နေစေ
   ယေရှု၊ ယေရှုသာလျှင်!

သင်တို့အားလုံး ထိုင်နိူင်ပါပြီ။

ယေရှုခရစ်ကိုယ်တိုင်ထံသို့လာပါ။ ကယ်တင်ရှင်ကို သင်၏အသက်တာထဲမှ ထုတ်မ ပစ်ပါနှင့်။ သင်၏သက်သေခံချက်ထဲမှ သူ့ကို ထုတ်မပစ်ပါနှင့်။ Spurgeon ပြောသည့် "ဧဝံဂေ လိတရားထဲမှခရစ်တော်ကိုပထုတ်ရန် လူတို့အတွင်းတွင် ရုန်းကန်မှုများစွာရှိသည်" ဟူသောအ ရာကို ပြန်ပြင်၍ မရနိူင်အောင် မလွန်ဆန်ပါနှင့်။ ထိုသို့မဟုတ်ပါ။ ယေရှုခရစ်ကိုယ်တော်တိုင်ထံ သို့ ယခုလာပါ။ ကျွန်ုပ်သီဆိုသည့် သီချင်းစာသားကို သေချာစွာ နားထောင်ပါ။

သနားခံချက်မပါဘဲ ကျွန်ုပ်ရှိသည်အတိုင်း
   ကိုယ်တော့်အသွေးတော် ကျွန်ုပ်အတွက် သွန်းလောင်းထား
ကိုယ်တော်ကျွန်ုပ်ထံပါးကျိုးနွံစွာကျွန်ုပ်လာသည်၊
   ဘုရားသိုးသငယ်၊ ကျွန်ုပ်လာသည်၊ ကျွန်ုပ်လာသည်။
("ကျွန်ုပ်ရှိသည်အတိုင်း" Charlotte Elliott ၁၇၈၉-၁၈၇၁ ရေးစပ်သည်။)

ယေရှုသည် သင်အပြစ်၏အခအတွက် လက်ဝါးကပ်တိုင်တွင်ပေးဆပ်ရန် အသေခံ တော်မူခဲ့သည်။ ယေရှုသည် သင်၏အပြစ်အလုံးစုံကိုဆေးကြောရန် သူ၏သန့်ရှင်းသော အသွေးတော်ကို သွန်းလောင်းခဲ့သည်။ ယေရှုထံသို့လာပါ။ သူ့ကို ကိုးစားပါ။ အပြစ်ထဲမှ သင့်ကိုကယ်ချွတ်လိမ့်မည်။ အာမင်….။

(တရားဒေသနာနိဂုံး)
သင်သည Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်ရှိ
ကိုနှိပ်ပြီး www.realconversion.com သို့မဟုတ www.rlhsermons.com တွင်
အပတ်စဉ်တိုင်း ဖတ်ရှုနိူင်ပါသည်။

Dr. Hymers ကkd rlhymersjr@sbcglobal.net ဖြင့်လည်း အီးမေးလ်ပေးပို့ နိူင်ပါသည်။
သို့မဟုတf P.O. Box 15308, Los Angeles, CA 90015 ဖြင့်လည်း
စာရေးသားပေးပို့နိူင်ပါသည်။ သို့မဟုတf (818)352-0452 ဖြင့်ဖုန်းဆက်နိူင်သည်။

ဤတရားဒေသနာစာမူများကို မူပိုင်ခွင့်မထားပါ။ Dr. Hymers ၏ခွင့်ပြုချက်
မရဘဲအသုံးပြုနိုင်သည်။ သို့ရာတွငf Dr. Hymers ၏ဗွီဒီယိုတရားခွေအားလုံးမှာမူ
မူပိုင်ခွင့်ပြုလုပ်ထားသည်ဖြစ်၍ ခွင့်ပြုချက်ရမှသာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ဟေရှာယ ၅၃း ၁-၆
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “နံနက်လင်းရောင်ခြည်ရောက်သောအခါ”၊
 Edward Caswall, ၁၈၁၄-၁၈၇၈ ဂျာမန်ဘာသာမှပြန်ဆိုသည်။)


အခြေပြုကျမ်း

ယေရှုခရစ်ကိုယ်တိုင်အကျဉ်းချုပ်

JESUS CHRIST HIMSELF

Dr. R. L. Hymers, Jr.

ယေရှုခရစ်ဖြစ်သတည်း။" (ဧဖက် ၂း ၂၀))

၁။ ပထမအချက် ၊ ယေရှုခရစ်ကို လူသားများက ပြစ်တင်ရှုပ်ချပြီး ငြင်းပယ်ကြသည်။
ဟေရှာယ ၅၃း ၃။

၂။ ဒုတိယအချက်၊ ယေရှုခရစ်ကိုယ်တိုင်သည် ကျမ်းစာတစ်ခုလုံး၏အနှစ်ချုပ်ဖြစ်သည်။ လုကာ ၂၄း ၂၅-၂၇၊ ၁ကော ၁း ၃၀။

၄။ စတုတ္ထအချက် ၊ ယေရှုခရစ်သည် ထာဝရပျော်ရွှင်ခြင်း၏တစ်ခုတည်းသောအရင်း အမြစ်ဖြစ်သည်။ ယောဟန် ၂၀း ၁၉၊ ၂၀။