Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ရှင်ပေတရု မိမိအပြစ်ကို သိမြင်လားခြင်း

PETER UNDER CONVICTION
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
မတ်လ ( ၂၈ ) ရက်နေ့ စနေနေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, March 28, 2015

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)


ယေရှုအသေခံတော်မမူမှီ ညတွင် ယေရှုသည် "အထက်ခန်းတစ်ခု"သို့ တပည့်တော် များကို ခေါ်ဆောင်သွားခဲ့သည်။ ( လုကာ ၂၂း ၁၂ ) ထိုအရပ်တွင် နောက်ဆုံးညစာကို အတူ တကွသုံးဆောင်ကြပါသည်။ ထိုသို့သုံးဆောင်မှု၏အဆုံးပိုင်းတွင် ယေရှုသည် မုန့်နှင့်ခွက်ကို ယူ၍၊ ပွဲတော်မင်္ဂလာကို အစပြုခဲ့ပါသည်။ ယေရှုက "သင်တို့အထဲက တစ်ဦးသည် ငါ့ကို သစ္စာ ဖောက်လိမ့်မည်" ဟုမိန့်တော်မူခဲ့သည်။ ( မဿဲ ၂၆း ၂၁ ) ထို့နောက်သည် ယုဒသည် "ရုတ် တရက်ထွက်သွားခဲ့သည်၊ ၎င်းမှာ ညအချိန်ပင်ဖြစ်သည်။"( ယောဟန် ၁၃း ၃၀ ) သိပ်မကြာဘဲ တပည့်တော်များသည် "အကြီးဆုံးသောသူအဘယ်သူဖြစ်သည့်အကြောင်း" ငြင်းခုံကြပြန် သည်။ ( လုကာ ၉း ၄၆ ) Dr. McGee က "ထိုအရာကို စိတ်ထဲထင်မြင်နိူင်ပါသလား။ ယခုတွင် သူတို့သည် လက်ဝါးကပ်တိုင်၏ လက်ယာဘက်အရိပ်တွင် ရာထူးနေရာအတွက် အံ့သွားခဲ့ ကြိတ်ဖြစ်နေကြပါသည်" ဟုဆိုထားသည်။ (Dr. J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, ၁၉၈၃၊ အတွဲ ၄၊ စာ- ၃၄၅၊ လုကာ ၂၂း ၂၄ မှတ်စု )

ယေရှုက ၎င်းသည် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းကို ခံရမည့်အကြောင်း ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ငါးကြိမ်တိုင်တိုင်မိန့်တော်မူခဲ့သော်လည်း သူတို့သည် နားလည် သ ဘောပေါက်နိူင်ခြင်းမရှိကြသေးပေ။ ( ၁၆း ၂၁၊ ၁၇း ၁၂၊ ၁၇း ၂၂-၂၃၊ ၂၀း ၁၈-၁၉၊ ၂၀း ၂၈ ) တပည့်တော်များသည် အက်စတာညနေပိုင်း၌ ရှင်ပြန်ထမြောက်သော ယေရှုကိုတွေ့ဆုံကြ သည့်အချိန်အထိ အသစ်တဖန်မွေးဖွါးခြင်း( အသစ်ပြုပြင်ခြင်း) ကို မခံကြရကြောင်း Dr. McGee ၏ပြောစကားကို ထောက်ခံပါသည်။ ( ယောဟန် ၂၀း ၂၁ မှတ်စု ) ( ကျွန်ုပ်၏တရား ဒေသနာကို ဖတ်ရှုရန် ဤနေရာတွင် နှိပ်ပါ။ -"တပည့်တော်များ၏ကြောက်ရွံ့ခြင်း""ဤအရာကို သူတို့၌ ဝှက်ထားသည်" ၊ နှင့် " ပေတရု၏ပြောင်းလဲခြင်း" )

ပေတရုသည် အထူးသဖြင့် ဧဝံဂေလိတရားဖြင့် ဆန့်ကျင်ထားပါသည်။ သူသည် ယေရှုခရစ်နှင့်ပါတ်သက်ပြီး ဝိညာဉ်တော်အလင်းပေးခြင်းကို ခံရသည်။ ( မဿဲ ၁၆း ၁၅-၁၇ ) သို့သော် "အသေသတ်ခြင်းကို ခံရပြီး သုံရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်မည့်အ ကြောင်း" ယေရှု၏မိန့်မူချက်ကိုတော့ ပြစ်တင်ရှုတ်ချထားသည်။ ထို့ကြောင့် ပေတရုက ဧဝံဂေလိတရားကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပယ်ချထားသည်။ ရှင်မဿဲက ကျွန်ုပ်တို့အား ဤသို့ဆိုထားသည်။

"ထိုမှတပါးကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်တော် မူလိမ့်မည်ဟူသောအကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြ တော်မူ၏။ ထိုအခါပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရဟု အပြစ်တင်သောစကားကိုလျှောက်သော်၊ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလမ်းသည်ဟု မိန့်တော်မူ၏။ " (မဿဲ ၁၆း ၂၁-၂၃ )

Dr. J. Vernon McGee က ထိုကျမ်းပိုဒ်နှင့်ပါတ်သက်၍ ဤမှတ်ချက်များကို ပေးထားခဲ့သည်။

ပထမဆုံးအကြိမ်တွင် ယေရှုသည် ၎င်း၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင် အကြောင်းကို ကြော်ငြာခဲ့သည်။ သူလက်ဝါးကပ်တိုင်တွင် အသေခံတော်မ မူမှီ ခြောက်လလောက်ကပင်ဖြစ်သည်။ ထိုသို့အရေးကြီးသည် ကြော်ငြာ ချက်ကိုပြုရန် အဘယ်ကြောင့် အချိန်အကြာကြီး ယူရပါသနည်း။ တပည့် တော်များသည် ယခုအချိန်၌ပင်လျှင် ၎င်းတို့ပြုသောအရာ၏တန်ပြန်သက် ရောက်မှုမှ စီရင်ရန် ပြင်ဆင်ပေးထားခြင်းမဟုတ်။ သူက ယေရုရှလင်မြို့သို့ သွား၍ အသေခံရမည်အကြောင်း ငါးကြိမ်တိုင်တိုင် ထပ်ထပ်ပြောဆိုခဲ့ သည်။ ( မဿဲ ၁၆း ၂၁၊ ၁၇း ၁၂၊ ၁၇း ၂၂-၂၃၊ ၂၀း ၁၈-၂၉၊ ၂၀း ၂၈ ) ဤညွှန်ကြားချက်များရှိသော်လည်း တပည့်တော်များသည် ၎င်း၏ရှင်ပြန်ထ မြောက်ခြင်းနောက်ပိုင်းအထိ ထိုသိသာထင်ရှားမှုကို ဆုတ်ကိုင်မှုမရှိကြပေ။ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, ၁၉၈၃၊ အတွဲ ၄၊ စာ- ၉၃၊ မဿဲ ၁၆း ၂၁ မှတ်စု )

Dr. McGee က "ပေတရုသည် သင်က မေရှိယဖြစ်သည်။ ဘုရားသခင်၏သားတော်ဖြစ်သည်၊ ထိုသို့မဟုတ်ရ။ လက်ဝါးကပ်တိုင်းတွင် အသေခံနိူင်မည်မဟုတ်။ ဓ လက်ဝါးကပ်တိုင်သည် သင်မြင်နိူင်သကဲ့သို့ အတွေးထဲတွင် လုံးဝမဟုတ်ပါ" ဟုဆိုသည်။ ( ၎င်း၊ မဿဲ ၁၆း ၂၂ မှတ်စု) ပေတရုက မေရှိယအား နိူင်ငံတော်ကို ချက်ချင်းတည်ထောင်ရန် မျှော်လင့်ထားသည်။ သူက မေရှိယအား ဓမ္မဟောင်းပရောဖက်ပြုချက်များတွင် ကြိုတင်ပြောဆိုသကဲ့သို့ ဒုက္ခခံပြီး လက်များကပ်တိုင်တွင် ဦးစွာအသေမခံစေလိုပါ။ (ဟေရှာယ ၅၃၊ ဆာလံ ၂၂၊ ဇာခရိ ၁၂း ၁၀၊ ၁၃း ၆ ) ပေတရုက ဧဝံဂေလိတရားကိုလုံး၀ငြင်းဆိုခြင်းမှာ ခရစ်တော်သည် သေခြင်းမှရှင်ပြန် ထမြောက်ခြင်းနောက်ပိုင်းအထိ အသစ်တဖန်ပြောင်းလဲခြင်း (အသစ်ပြုပြင်ခြင်း)မရှိသူဖြစ် ကြောင်း Dr. McGee စကားကို အတည်ပြုလက်ခံသည်။ ဧဝံဂေလိတရားကို ငြင်းပယ်သူသည် ပြောင်းလဲသောသူမဖြစ်နိူင်ပါ။

ယခုတွင် ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုဒ်ကို ချဉ်းကပ်တော့မည်ဖြစ်၍၊ ကျွန်ုပ်တို့က တပည့်တော်များ အဘယ်သူသည် "အကြီးဆုံးဟုသတ်မှတ်ရမည့်အကြောင်း" ငြင်းခုံမှုများရှိနေကြကြောင်းကို တွေ့မြင်ရပေမည်။ ထို့နောက် ရှိမုန်ပေတရုအား ယေရှုမိန့် တော်မူသောစကားကိုတွေ့ရပေသည်။

"တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန် သည် သင့်ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊ သင်၏ယုံကြည် သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့် တော်မူလျှင်၊ ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင် ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက် လေသော်၊ သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန် မှီသင်သည် ငါ့ကို မသိဟုသုံးကြိမ်မြောက်အောင်ငြင်းပယ်လိမ့်မည်ဟု မိန့် တော်မူ၏။" (လုကာ ၂၂း ၃၁- ၃၄ )

ယေရှုက "သင်သည် ပြောင်းလဲလာသောအခါ ညီအစ်ကိုများကို တည်ကြည်စေမည်" ဟုဆို ထားပါသည်။ သို့ရာတွင် ပေတရုက ပြောင်းလဲရန် မလိုဟု ထင်မိသည်။ ပေတရုက ပေတရု၏ ပြောင်းလဲခြင်းအကြောင်းကို ပြောကြားခြင်းမဟုတ်ဟူသော ထင်မြင်ယူဆချက်သည် မှားယွင်းမှု တစ်ခုဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သူသည် ခရစ်တော်ရှင်ပြန်ထမြောက်ပြီးညနေပိုင်း တွင် ၎င်းကိုယ်တိုင်နှင့်တပည့်တော်များထံထင်ရှားပြီး ဝိညာဉ်တော်မှုတ်သွင်းပေးသည်တိုင် မပြောင်းလဲသေးပေ။ (ယောဟန် ၂၀း ၂၂ ) ထိုအဖြစ်အပျက်နှင့်ပါတ်သက်၍ Dr. McGee က ထိုအချိန်သည် "တပည့်တော်များအသစ်ပြုပြင်ခြင်းခံရသည့်အချိန်"ဖြစ်သည် ဟုဆိုထားပါ သည်။ (Thru the Bible, အတွဲ ၄၊ ယောဟန် ၂၀း ၂၂ မှတ်စု ) ကျွန်ုပ်တို့သည် ဤအဖြစ်အ ပျက်ကို "မျက်လုံးသစ်များ" ဖြင့် ရှုမြင်ကြသည် ဟုထင်မိသည်။

ပေတရုက "ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်းလိုက်ခြင်း ငှါ အသင့်ရှိသည်" ဟုဆိုသည့်အချိန်တွင် စိတ်ချမှုအပြည့်ရှိခဲ့သည်။ သို့ရာတွင် ယေရှုက မ ပြောင်းလဲသေးသော ၎င်း၏အခြေအနေတွင် ထိုသို့မလုပ်ဆောင်နိူင်မည်အကြောင်းကို သိတော် မူခဲ့သည်။ ယေရှုက ပေတရုအား "ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းပယ်လိမ့်မည်" ဟု ဆိုပါသည်။ သင်ခန်းစာမှာ သင်သည် အသစ်ပြုပြင်ခြင်း နှင့်ပြောင်းလဲခြင်းမခံသည့်တိုင်အောင် စာတန်ကို ကြံကြံခံနိူင်မည်မဟုတ် ဟူ၍ဖြစ်သည်။

ထို့နောက် ယေရှုသည် တပည့်တော်များကို အထက်ခန်းမဆောင်ယူကာ "ချွေးစက် များသွေးစက်များကဲ့သို့ စီးကျသည့်အထိ ဒုက္ခဝေဒနာခံစားရသည့်တိုင်အောင်ဆုတောင်းရာ ဂေသရှေမန်ဥယျာဉ်" သို့ခေါ်ဆောင်သွားခဲ့သည်။ ( လုကာ ၂၂း ၄၄ ) ယေရှုတည်း တစ်ကိုယ် တည်းဆုတောင်းပြီး ပြန်လာသောအခါ တပည့်တော်များအိပ်ပျော်နေကြသည်ကိုတွေ့ခဲ့ရသည်။ ယေရှုသည် တပည့်တော်များကို စကားပြောနေစဉ်တွင် ယုဒ၏ဦးဆောင်မှုဖြင့် ဗိမာန်တော်အ ရာရှိများသည် ဥယျာဉ်ထဲသို့ရောက်လာကြပြီး ယေရှုကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ သူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းအိမ်သို့ ခေါ်ဆောင်သွားကြသည်။ "ပေတရုသည် အဝေးမှလိုက်လေသည်။"( လုကာ ၂၂း ၅၄ ) ယဇ်ပုရောဟိတ်မင်း၏အိမ်ပြင်ဘက်တွင် မီးဖိုကြ ပါသည်။ ပေတရုသည် မီးလှုံသောသူတို့အလယ်တွင် ထိုင်၍နေသည်။ ထိုအချိန် မိန်းကလေး တစ်ဦးသည် သူ့အား "ဤသူသည်လည်း ယေရှုနှင့်အတူရှိတော်မူခဲ့သည်" ဟုဆိုသည်။ ( လု ကာ ၂၂း ၅၆ ) ပေတရုက " အချင်းမိန်းမ၊ သူ့ကိုငါမသိ" ဟု ဆိုလျက် ယေရှုကို ငြင်းပယ်ခဲ့ သည်။ (လုကာ ၂၂း ၅၇ ) ခဏကြာသော် အခြားသူတစ်ယောက်သည် ပေတရုကိုမြင်၍ "သင်သည်လည်း သူတို့ အပေါင်းအပါဖြစ်သည်" သင်သည်လည်း တပည့်တော်တပါးဖြစ်သည် ဟုဆိုလျှင် "ပေတရုက၊ ကျွန်ုပ်မသိပါ" ဟုဆိုလေသည်။ ( လုကာ ၂၂း ၅၈ ) နာရီအနည်းငယ် ကြာသော် အခြားအမျိုးသားတစ်ဦးက "ဤသူသည်လည်း သူတို့အပေါင်းအပါ၊ ဂါလိလဲနယ်သား ဖြစ်သည်" ဟုဆိုသည်။ ( လုကာ ၂၂း ၅၉ ) ထိုအခါ ပေတရုက " သင်ပြောဆိုသောအရာကို ကျွန်ုပ်မသိပါ" ဟုဆိုပါသည်။ (လုကာ ၂၂း ၆၀ ) "ထိုနောက် ပေတရုသည် ထိုသူကိုမသိဟု ပြောဆိုလျက် စတင်ပြီး ကျိန်ဆိုလေတော့သည်။" ( မဿဲ ၂၆း ၇၄ )

"ထိုစကားကိုပြောသောခဏခြင်းတွင် ကြက်တွန်လေ၏။ ထိုအခါ သခင် ဘုရားသည်လှည့်၍ ပေတရုကိုကြည့်တော်မူ၏။ က်ြမတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊ ပြင်သို့ထွက်၍ပြင်းစွာငိုကြွေးလေ ၏။" ( လုကာ ၂၂း ၆၀-၆၂ )

ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုဒ်တွင် "ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေး လေ၏" ဟုဆိုပါသည်။ ဤကျမ်းပိုဒ်ထဲမှ သင်ခန်းစာနှစ်ခုကို ရရှိနိူင်ပါသည်။ ပထမအချက်မှာ အပြစ်ကိုသိမြင်နိူင်သည့် အကြောင်းတရားနှင့် ဒုတိယအချက်မှာ ထိုအရာအတွက် ကုထုံးပင် ဖြစ်ပါသည်။

၁။ ပထမအချက် ၊ ပေတရု၏အပြစ်သိမြင်ခြင်းအကြောင်းတရား

ဤနေရာတွင် ပေတရုမိမိအပြစ်ကိုသိမြင်လာသည့်အကြောင်း ကျွန်ုပ်တို့တွေ့မြင်ရ သည်။ Dr. A. T. Robertson က " သူမျက်ရည်ကျလာသည်။ "ခါးသီးခြင်း" ဟူသည်မှာ ဘာ သာစကားပေါင်းစုံနှင့် နှလုံးသားတိုင်းတွင် မျက်ရည်စက်များအတွက် အများသုံးဖော်ပြချက်ပင် ဖြစ်ပါသည်။ (A. T. Robertson, Litt.D., Word Pictures in the New Testament, Broadman Press, ၁၉၃၀၊ အတွဲ ၂၊ စာ-၂၇၆၊ လုကာ ၂၂း ၆၂ မှတ်စု )

Dr. R. C. H. Lenski က "မဿဲ နှင့် လုကာ က (ပေတရု၏နောင်တဖော်ပြရာတွင် ) စကားလုံးနှစ်လုံးကို အသုံးပြုထားပါသည်။ ၎င်းတို့မှာ [eklause pikros] ဖြစ်ပြီး ကြိယာပုံစံတွင် ကျယ်လောင်သည်၊ ကြားနိူင်သော ငိုကြွေးခြင်း ဟူသော လက္ခဏာပင်ဖြစ်သည်။ "သူသည် ခါးသီးစွာဖြင့် ရှိုက်ကြီးတငင်ငင်နှင့်ငိုကြွေးသည်ဟု ဆိုလိုသည်။ " ကြိယာဝိသေသနက ကိုယ် ကာယငိုကြွေးခြင်းကို မဆိုလိုဘဲ ၎င်း၏နောက်ကွယ်တွင်ရှိသည့် စိတ်နှလုံးခါးသက်မှုကို ဆိုလို ပေသည်။ စိတ်နှလုံးပူပန်ခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့သည် အပြစ်ပြုသဖြင့် ထိုအပြစ်အတွက် အကျိုးဆက်ဖြစ်သော အမှန်တကယ် ပူပင်သောကရောက်ခြင်းကို သတိပြုသိမှတ်ခြင်းလည်း ပါဝင်ပေသည်။ (R. C. H. Lenski, Ph.D., The Interpretation of St. Luke's Gospel, Augsburg Publishing House, ၁၉၆၁၊ စာ- ၁၀၉၁၊ လုကာ ၂၂း ၆၂ မှတ်စု )

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)

ထိုအရာမှာ ဘုရားသခင်ထံမှလာသော ဝမ်းနည်းငိုကြွေးခြင်းဖြစ်သည်။

"ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်း နှင့်ယှဉ်သောနောင်တစိတ်ကို ပြုပြင်တတ်သည်။" ( ၂ကော ၇း ၁၀ )

ဘုရားသခင်၏ဝိညာဉ်က ပေတရုကိုပေးသော အပြစ်ကိုသိမြင်ခြင်းပင်ဖြစ်သည်။

"ဥပဇ္ဖျာယ်ဆရာသည်ရောက်လာလျှင် လောကသားတို့၏အပြစ်ကို ထင်ရှား စွာပြတော်မူမည်။" ( ယောဟန် ၁၆း ၈ )

အပြစ်ကိုသိမြင်လာခြင်းနှင့်ပါတ်သက်ပြီး ယေဘုယျအားဖြင့်ပြောဆိုသောအခါ Iain H. Murray က ဤသို့ဆိုထားသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ရောက်လာလျှင် အပြစ်ကိုထင်ရှားစွာ ပြတော်မူမည်။ လူသည် မိမိအပြစ်ကိုသိမြင်ရန်မှာ မရှိမဖြစ်လိုအပ်သောအ ရာပင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ကိုဖော်ပြရန်၎င်း၊ လူတို့သည် အပြစ်ရှိသောကြောင့် ပျောက်ဆုံးသည်၊ ပျက်စီးသည်၊ မဖွယ်မ ရာဖြစ်သည်ကိုခံစားစေရန် စသဖြင့်သော ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ပါ သည်။ အပြစ်ကိုပေါ်လာစေပြီး ထိုအပြစ်၏ကြောက်မက်ဖွယ်အကျိုးတရား ကိုလည်း ထင်ရှားစေရန် လာခြင်းဖြစ်ပါသည်။ အဘယ်သူမျှ ကုမရနိူင် အောင်ထိခိုက်နာကျင်စေရန်၊ အဘယ်လောကတန်ခိုးအစွမ်းမျှ ပြန်လည်ရှင် သန်စေခြင်းမရှိစေရန် အတွက် သတ်ဖြတ်ရန် လာခြင်းဖြစ်သည်။ ကျွန်ုပ်တို့ တွေ့ကြုံခံစားရမည့် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ရှိသည်။ သို့မဟုတ်လျှင် သူ၏ပြန်လည်သင့်မြတ်စေသောတန်ခိုးကို နားလည်သ ဘောပေါက်မည်မဟုတ်ပေ။ ထိုအရာသည် မရှိမဖြစ်လိုအပ်သောအရာဖြစ် သည်။ ယနေ့ခေတ်တွင် ဖြိုဖျက်မရနိူင်အောင် တည်ဆောက်ထားသည့်အ ရာများစွာရှိသည်။ အချည်းနှီးသောအရာများကို ပြည့်၀စေသည်၊ ဘယ်တော့ မှ နှိမ့်ချခြင်းမရှိသူများကို ချီးမြောက်သည်။ ငါသည် သင့်ကို သတိပေးထား သည်ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပြစ်ကို ထင်ရှားစေ မည်။ သို့မဟုတ်လျှင် ကယ်တင်ခြင်းသို့ရောက်ရန် မဖြစ်နိူင်ပါ။ ဤအပြစ်ကို သိမြင်စေခြင်းလုပ်ဆောင်ချက်သည် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ် သည်။ အကြောင်းမှာ ထိုအရာမရှိလျှင် ဘုရားသခင်၏ကျေးဇူးတော် ဧဝံဂေ လိတရားကို လက်ခံနိူင်ရန် ဦးဆောင်မှုမရှိပေ။ ပြောင်းလဲခြင်းနှင့်ဆိုင်သော သမ္မာတရားကို ပြန်လည်တည့်မတ်ခြင်းအတွက် ယနေ့အချိန်တွင် အရေးတ ကြီးလိုအပ်သောအရာဖြစ်ပါသည်။ ဤအကြောင်းအရာနှင့်ပါတ်သက်ပြီး အ ငြင်းပွါးမှုတစ်ခုသည် ထောင်ပေါင်းများစွာနည်းပါးသောအရာများကို လွင့်ပါ စေရန် မှုတ်သွင်းသည့် ကျန်းမာသည့်လေပင်ဖြစ်ပါသည်။ ဘုရားသခင်အား အသစ်သောကြောက်ရွံ့ခြင်းသည် လောကနှင့်ဆိုင်သော အတွေးအခေါ် များစွာကို အဆုံးသတ်ထားပါသည်။ (Iain H. Murray, The Old Evangelicalism, The Banner of Truth Trust, ၂၀၀၅၊ စာ- ၆၆း ၆၇ )

"သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်" ဟူသော ကျွန်ုပ်၏တရားဒေသနာကို ဖတ်ရှု ရန် ဤနေရာတွင် နှိပ်ပါ။

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)

ဤသည်မှာ ပေတရုက အပြစ်ကိုသိမြင်စေသည့် ဝံဂေလိတရားဟောင်းအောက်သို့ ရောက်ရှိနေသည့်အချိန်ဖြစ်ခဲ့သည်ဟု ကိုယ့်အနေဖြင့် ယုံကြည်မိသည်။ ဟုတ်ပါသည်။ ထိုအ ရင်တွင် ပေတရုသည် ယေရှုအားပြောဆိုခဲ့သည်မှာ " သခင်၊ ငါ့ထံက ထွက်သွားပါ။ အကျွန်ုပ် သည် အပြစ်နှင့်ပြည့်သောသူဖြစ်ပါသည်" ဟု ဆိုခဲ့ပါသည်။ ( လုကာ ၅း ၈ ) သို့ရာတွင် သင်သည်အပြစ်သားဖြစ်သည် ဟူသည်မှာ စဉ်းစားစရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏မျက် မှောက်တော်တွင် သင်အပြစ်၏ကြောက်မက်ဖွယ်ရာလေးလံမှုကို ခံစားရန် ကွဲပြားခြားနားသော အရာတစ်ခုပင်ဖြစ်ပါသည်။ ပေတရုသည် ဤအချိန်အခါအထိ လုံးလုံးလျားလျားအပြစ်ကိုသိ မြင်ခြင်းမရှိနိူင်သေးဟု ကျွန်ုပ်ထင်မြင်မိသည်။

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)

ပြောင်းလဲသည့်အချိန်တွင် လူတိုင်းသည် ကိုယ်ကာယအားဖြင့် မျက်ရည်ကျရသည် မဟုတ်ပါ။ သို့သော် မာတင်လူသာ၊ ဘိုင်ယမ်၊ နှင့် ဝှိုက်ဖီးလ်၊ ဝယ်စလီ၊ နှင့် ထောင်ပေါင်းများ စွာသောသူတို့သည် နိူးထမှုရှိသည့်အချိန်တွင် ပြင်းစွာငိုကြွေးခဲ့ကြပါသည်။ ထို့အပြင် ယနေ့ ဧဝံဂေလိလုပ်ငန်းတွင် လွဲချော်နေသည့် ကြီးမားသည့်အရာတစ်ခုမှာ မျက်ရည်တစ်စုံတစ်ရာမရှိ ခြင်း၊"ကယ်တင်ခြင်းနှင့်ယှဉ်သောနောင်တစိတ်ကိုပြုပြင်သည့် ဘုရားသခင်၏အလိုတော်နှင့်ညီ သောဝမ်းနည်းခြင်းမျက်ရည်" ပင်ဖြစ်သည်။ ( ၂ကော ၇း ၁၀ )

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)

လူငယ်လေးတစ်ဦးက "မိမိကိုယ်ကို ကြည့်မိသည့်အချိန်တိုင်း၊ အပြစ်သားတစ်ဦးအ ဖြစ် မိမိကိုယ်ကို မြင်မိသည်" ဟုဆိုသည်။ အား၊ ထိုသို့ "မြင်းခြင်း" သည် အရာတစ်ခုပင်ဖြစ် သည်။ သို့ရာတွင် သင်၏အပြစ်သားဖြစ်ခြင်းကို ခံစားပါသလား။ ၎င်းသည် သင့်အတွက် လေး လံပြီး သင့်ကို Iain Murray ပြောဆိုသကဲ့သို့ "ညှိုးနွမ်းပင်ပန်းစေ" ပါသလား။ အပြစ်ကိုသိမြင် ခြင်းဝန်ထုပ်ဝန်ပိုးကြောင့် ပင်ပန်းနွမ်းနယ်နေပြီလား။ သင့်အပြစ်အကြောင်းကို စဉ်းစားမိလေ တိုင်း အနည်းဆုံး သင့်စိတ်နှလုံးထဲတွင် ဝမ်းနည်းကြေကွဲရပေမည်။

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)

ပေတရု၏အပြစ်ကိုသိမြင်ခြင်းအကြောင်းတရားမှာ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဖြစ် သည်။

၂။ ဒုတိယအချက် ၊ ပေတရု၏အပြစ်ကိုသိမြင်ခြင်းအား ကုသခြင်း

ကျွန်ုပ်၏အချိန်သည် ကုန်ဆုံးသွားပြီ။ ဤအချက်ကိုသာ အကျဉ်းချုံးဖော်ပြနိူင်ပါသည်။ ပေတရုသည် သုံးရက်သာအချိန်ကာလအတွက် အပြစ်ကိုသိမြင်ခြင်းအခြေအနေတွင် တည်ရှိ နေပါသည်။ သူသည် သောကြာနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့တစ်နေကုန်နီးပါး ( ရိုမင်ကစ်သို လစ်တို့၏ရေတွက်ပုံအရ )တွင် စိတ်ဝိညာဉ်ပူပန်ခြင်းသို့ရောက်ပါသည်။ အက်စတာ တနင်္ဂနွေ နေ့နံနက်ပိုင်းတွင်

"ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကိုမြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ ဩ၍ မိမိအိမ်သို့ပြန်သွား၏။" ( လုကာ ၂၄း ၁၂ )

ပေတရုသည် အံ့ဩလျက်ရှိနေသေးသည်။ သူသည် ဧဝံဂေလိတရားကို ပြည့်ပြည့်၀ဝနားမ လည် သို့မဟုတ် မယုံကြည်သေးပေ။

ဤအရာမှာ ရှင်ပြန်ထမြောက်သောခရစ်တော်သည် တပည့်တော်ဆယ့်နှစ်ပါးထံပေါ် လာပြီး "သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံကြပါ" ဟုဆိုသောအချိန်တွင်ဖြစ်မည်ဟု ယုံကြည်မိသည်။ ( ယောဟန် ၂၀း ၂၂ ) ပေတရုသည် နောက်ဆုံးတွင် ဒုတိယအကြိမ်မွေးဖွါး ခြင်းကို ခံခဲ့ရပါသည်။ Dr. McGee က ယောဟန် ၂၀း ၂၂ နှင့်ပါတ်သက်ပြီး ဤမှတ်ချက်ကို ပေးထားပါသည်။

ရှိမုန်ပေတရုသည် ယေရှုကို ခရစ်တော်ဖြစ်သည်ဟုဆိုသောအချိန်တွင် ခွဲခြားသိမြင်ခြင်းအချို့ကို ပြသကြောင်း မှန်ကန်လှပါသည်။ သို့ရာတွင် ခဏကြာသောအချိန်တွင် လက်ဝါးကပ်တိုင်သို့သွားပြီး အသေမခံရန်ပြောဆို ခဲ့ပါသည်။ ကျွန်ုပ်တို့၏သခင်ဘုရားသည် သူတို့အပေါ်တွင် မှုတ်သွင်းပြီး "သန့်ရှင်းသောဝိညာဉ်တော်ကိုလက်ခံကြပါ" ဟုဆိုသော ခဏတွင် ဤသူ တို့သည် အသစ်တဖန်ပြောင်းလဲခြင်းကို ရရှိကြသည်ဟု ကျွန်ုပ်ယုံကြည်မိပါ သည်။ ထိုအရာမတိုင်မှီ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင် မရှိကြသေးပေ။ (J. Vernon McGee, Th.D., ၎င်း၊ စာ- ၄၉၈၊ ယောဟန် ၂၀း ၂၂ မှတ်စု )

ကျွန်ုပ်သည် Dr. McGee ကဲ့သို့ပင် ပေတရုသည် ၎င်းကိုယ်တိုင်နှင့်အခြားသူများထံ ခရစ်တော် ပေါ်လာခဲ့သည့်အချိန် အက်စတာ တနင်္ဂနွေနေ့ ညနေပိုင်းတွင် အသစ်တဖန်မွေးဖွါးခြင်းကိုခံရ သည်ဟု ယုံကြည်မိသည်။ ယေရှုကိုယ်တိုင်သည် ပေတရု၏အပြစ်ကိုသိမြင်ခြင်းကို ကုသခဲ့ သည်မှာ မှန်ကန်ပါသည်။

အပြစ်၏လေးလံမှုကို သင်ခံစားပါသလား။ အပြစ်ကိုသိမြင်ခြင်းဝန်သည် သင့်အတွက် လေးလံနေပါသလား။ ခရစ်တော်၏အဖိုးထိုက်သောအသွေးတော်အားဖြင့် သင့်အပြစ်ကိုသန့် ရှင်းစင်ကြယ်စေလိုပါသလား။

Dr. John R. Rice ၏ ဓမ္မသီချင်းဒုတိယအပိုဒ်မှာ "ယေရှု၊ ယေရှုသာ"ဖြစ်ပြီး Peter ကလည်း ရေးစပ်ထားနိူင်ပါသည်။

ကျွန်ုပ်၏ဝင့်ကြွားစရာကောင်းမုက ကျွန်ုပ်ကိုပြိုလဲစေပြီ။ ကျွန်ုပ်အပြစ်ကိုမဆေး ကြောနိူင်ပါ။
   ဘုရားဝိညာဉ်တော်လွှမ်းမိုးလို့ထား၊ အပြစ်ရှိသမျှ ယေရှုအပေါ်တင်ထား
အပြစ်အလုံးစုံခွင့်လွှတ်ပြီ၊ အပြစ်၏ချုပ်နှောင်မှုလည်း လွှတ်မြောက်ပြီ
   ကျွန်ုပ်နှလုံးသားအလုံးစုံကိုပေးအပ်၊ ယေရှုအား၊ယေရှုကိုသာ
("ယေရှု၊ ယေရှုသာ" Dr. John R. Rice ၁၈၉၅-၁၉၈၀ ရေးစပ်သည်။

သင်သည် ဝမ်းနည်းကြေကွဲပြီး အပြစ်နှင့်ပြည့်နှက်နေသောနှလုံးသား၊ သဘော သဘာ၀ ကိုသိမြင်လျှင်၊ ၎င်းအတွက် တစ်ခုတည်းသောကုထုံးမှာ ယေရှုပင်ဖြစ်သည်။ Dr. Rice ပြောဆိုသကဲ့သို့ "သင်၏အပြစ်အလုံးစုံကို ယေရှုအပေါ်တင်ထားပါ။" အာမင်…..။

(တရားဒေသနာနိဂုံး)
သင်သည Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်ရှိ
ကိုနှိပ်ပြီး www.realconversion.com သို့မဟုတ www.rlhsermons.com တွင်
အပတ်စဉ်တိုင်း ဖတ်ရှုနိူင်ပါသည်။

Dr. Hymers ကkd rlhymersjr@sbcglobal.net ဖြင့်လည်း အီးမေးလ်ပေးပို့ နိူင်ပါသည်။
သို့မဟုတf P.O. Box 15308, Los Angeles, CA 90015 ဖြင့်လည်း
စာရေးသားပေးပို့နိူင်ပါသည်။ သို့မဟုတf (818)352-0452 ဖြင့်ဖုန်းဆက်နိူင်သည်။

ဤတရားဒေသနာစာမူများကို မူပိုင်ခွင့်မထားပါ။ Dr. Hymers ၏ခွင့်ပြုချက်
မရဘဲအသုံးပြုနိုင်သည်။ သို့ရာတွငf Dr. Hymers ၏ဗွီဒီယိုတရားခွေအားလုံးမှာမူ
မူပိုင်ခွင့်ပြုလုပ်ထားသည်ဖြစ်၍ ခွင့်ပြုချက်ရမှသာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ယေရှု၊ ယေရှုသာလျှင်”၊
Dr. John R. Rice, ၁၈၉၅-၁၉၈၀ ရေးစပ်သည်။ )


အခြေပြုကျမ်း

ရှင်ပေတရု မိမိအပြစ်ကို သိမြင်လာခြင်းအကျဉ်းချုပ်

PETER UNDER CONVICTION

Dr. R. L. Hymers, Jr.

"ပေတရုသည် ပြင်သို့ထွက်၍၊ ပြင်းစွာငိုကြွေးလေ၏။" (လုကာ ၂၂း ၆၂)

( လုကာ ၂၂း ၁၂၊ မဿဲ ၂၆း ၂၁၊ ယောဟန် ၁၃း ၃၀၊ လုကာ ၉း ၄၆၊
မဿဲ ၁၆း ၂၁၊ ၁၇း၁၂၊ ၁၇း ၂၂-၂၃၊ ၂၀း ၁၈-၁၉၊ ၂၀း၂၈၊ ၁၆း ၂၁-၂၃၊
လုကာ ၂၂း ၃၁-၃၄၊ ၄၄၊ ၅၄၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊
မဿဲ ၂၆း ၇၄၊ လုကာ ၂၂း ၆၀-၆၂ )

၁။ ပထမအချက် ၊ ပေတရု၏အပြစ်သိမြင်ခြင်းအကြောင်းတရား၊ ၂ကော ၇း ၁၀
ယောဟန် ၁၆း ၈၊ လုကာ ၅း ၈။

၂။ ဒုတိယအချက် ၊ ပေတရု၏အပြစ်ကိုသိမြင်ခြင်းအား ကုသခြင်း၊ လုကာ ၂၄း ၁၂
ယောဟန် ၂၀း ၂၂