Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အသစ်တဖန်မွေးဖွါးခြင်း - ခရစ်ယာန်မေတ္တာနှင့်ဆက်နွယ်ခြင်း

REGENERATION - THE LINK TO CHRISTIAN LOVE
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
မတ်လ ( ၁၅ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။

''ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ပွါးစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သား ကိုလည်း ချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ် တော်တို့ကိုစောင့်ကြလျှင် ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိ ကြ၏။ " (၁ယော ၅း ၁ )


ကျွန်ုပ်သည် အသင်းတော်တွင် ကြီးထွားလာသည်မဟုတ်။ ကျွန်ုပ်အသက်ဆယ့်သုံး နှစ်အရွယ်တွင် နှစ်ခြင်းဘုရားကျောင်းတွင် စတက်ခဲ့သည်။ ချက်ချင်းဆိုသလို ကျွန်တော်သင် ယူခဲ့သည့် အရာတစ်ခုမှာ အသင်းတော်တွင်ရှိကြသော လူငယ်များသည် တစ်ယောက်ကိုတစ် ယောက်မချစ်ကြပါ။ ကျွန်ုပ်ကိုလည်းမချစ်ကြပါ။ လူကြီးတွေ သို့မဟုတ် သင်းအုပ်ကိုလည်းမ ချစ်ကြပါ။ သူတို့သည် အခြားသူများကိုပြက်ရယ်ပြုဝေဖန်ခြင်းနှင့် ညစ်ညမ်းသောစကားကိုသာ ပြောကြပါသည်။ သင်းအုပ်ဆရာက ဆရားဟောနေစဉ်တွင် တီးတိုးစကားပြောနေကြပါသည်။ အသင်းတော်တွင်ရှိကြသော လူကြီးများကလည်း တစ်ဦးကို တစ်ဦးမချစ်ကြသည်ကို တွေ့ရှိရ ပါသည်။ တစ်ဦးကို တစ်ဦး မချစ်ခြိုက်ဟန်ရှိကြသည်။ အများစုမှာ တစ်ဦးကိုတစ်ဦးရှုပ်ချကြ သည်။ သူတို့ကို ဖိအားပေးသည့်သဘောဖြင့်သာ အတူတကွလုပ်ဆောင်စေသည်။ တစ်ပတ် တွင် အနည်းဆုံး နာရီနှစ်ချက်လောက် အတူတူရှိနေသည့်အလေ့အကျင့်ကို လုပ်ကြပါသည်။ ထိုအရာမှာ အသင်းတော်သို့ သူတို့လာရောက်သည့် ပုံစံပင်ဖြစ်ပါသည်။ သို့သော် တစ်ဦးကို တစ်ဦး ချစ်ခြင်းမေတ္တာမရှိကြပေ။ မူလသင်းအုပ်ဆရာသည် အခြားနေရာကို သွားသည့်အချိန် တွင် အသင်းတော်ဘုရားကျောင်းတက်သည့် အချိန်ဇယားကို စိတ်ပျက်စေကြသည်။ အချိန်အ နည်းငယ်အတွင်းမှာ လူစုသုံးစုကွဲပြီး ရန်ဖြစ်ကြပါတော့သည်။ အသင်းတော်မှလူများစွာ လွင့် စင်သွားကြသည်။ ကျန်သည့်တစ်ယောက်သည်လည်း တောရိုင်းတိရိစ္စာကဲ့သို့ တိုက်ခ်ိုကနေပါ သည်။ တနင်္ဂနွေနေ့နံနက်တွင် သီချင်းစာအုပ်များဖြင့် အခြားသူများကို ပစ်ပေါက်နေသည်။ ထို ဝတ်ပြုအစီအစဉ်တွင် ဘာသာစကားလေးခုဖြင့် တစ်ဦးကိုတစ်ဦး ဆဲဆိုနေကြပါသည်။

နောက်ဆုံးတွင် နောင်ပိုင်နှစ်ခြင်းအဖွဲ့သည် အသင်းတော်တစ်ခုကို အစပြုကြပါသည်။ သူတို့နှင့်အတူ ကျွန်ုပ်လိုက်သွားသည်။ အခြားအသင်းတော်စတင်ပြီး မကြာခင်မှာပင် ထိုနည်း အတိုင်ဖြစ်ကြပြန်ပါသည်။ လူငယ်အများစု ထွက်သွားခဲ့ကြသည်။ နောက်ဆုံးတွင် ကျွန်ုပ်လည် ထွက်ပြီး တရုပ်နှစ်ခြင်းအသင်းတော်သို့သွားခဲ့သည်။ ထိုအသင်းတော်တွင် အသင်းသားအဖြစ် နှစ်ပေါင်းနှစ်ဆယ်ခန့်ကြခဲ့သည်။ တရုပ်လူတို့သည် မရက်စက်ကြဘဲ ဘုရားသခင်က နိူးထမှု ကိုစေလွှတ်သည်အထိ သူတို့သည် တစ်ဦးကိုတစ်ဦး အနည်းငယ်စီတော့ချစ်ကြပါသည်။

သို့ရာတွင် နိူးထမှုဖြစ်သည်နှင့်ချက်ချင်း ကျွန်ုပ်တော် ကျမ်းစာကျောင်းသို့ရောက်သွား သည်။ ကျမ်းစာကျောင်းနားလေးတွင် အသင်းတော်အစပြုခဲ့သည်။ ခဏကြာတော့ကောင်းသ ယောင်ရှိခဲ့သည်။ တွေ့ခဲ့သည့်အတိုင်းပင်ဖြစ်လာသည်။ အငြင်းပါြးမှုတော်ဖြစ်လာပြီး လူများ နှုတ်ထွက်သွားကြသည်။ ကျွန်ုပ်လည်းလော့ဒ်အိန်ဂျယ်သို့ရောက်လာခဲ့သည်။

ကျွန်ုပ်သည် ယနေ့ကျွန်ုပ်တို့ရှိနေသည့် အသင်းတော်ကို နှစ်ပေါင်း ၄၀ကျော်က အစပြုခဲ့ပါသည်။ ဤအသင်းတော်ကလည်း တိုက်ခိုက်မှုများ၊ အငြင်းပွါးမှုများ၊ ကိုတွေ့ဆုံခဲ့ပါ သည်။ ယနေ့ ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်းဖြစ်လာနိုင်ဖို့ရန် နှစ်ဆယ့်ငါးနှစ်တာကာလကို ရင်းနှီးခဲ့သည်။

ထိုအရာမှာ ကျွန်ုပ်၏အသွေးအကြုံတစ်ခုသာဖြစ်သည်။ ထိုအရာကို ရူးသွက်ခြင်းဟု ကျွန်ုပ်ဆိုလျှင် အံ့ဩတွေဝေပေမည်။ မိမိကိုယ်ကိုလည်း အံ့ဩခဲ့ရသည်။ ကျွန်ုပ်ပြောနိူင်သော အရာမှာ သမ္မာကျမ်းစာရှိသည်။ သမ္မာကျမ်းစာသည် ဘုရားနှုတ်ကပါတ်တော်ဖြစ်သည်။ ယုံ ကြည်ရုံသက်သက်မဟုတ်။ ကျွန်ုပ်၏စိတ်နှလုံးထဲတွင်သိသည်။ "ဖြောင့်မတ်ခြင်းအားဖြင့်မ ဟုတ်၊ သနားခြင်းကရုဏာအားဖြင့်သာ ထိုအရာတို့ကို သိခဲ့သည်။ ( တိတု ၃း ၅ )

ကျွန်ုပ်အတွေ့အကြုံက ပုံမှန်မဟုတ်။ ဧဝံဂေလိလူငယ်အားလုံးမဟုတ်သည့်တိုင် အောင် တူညီသောအရာကို တွေ့ကြုံးခဲ့ကြသည်။ ကျွန်ုပ်သည်လည်း ထိုအထဲသို့ဝင်ပြီး နက် နက်စွာသောယုံကြည်ခြင်းအားဖြင့် ပြန်ထွက်လာသောကြောင့် ကျွန်ုပ်တွေ့ကြုံခဲ့သောအရာမှာ ပုံမှန်မဟုတ်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်ယုံကြည်သည်ထက်ပင်ပိုစေသည်။

ကျွန်ုပ်ဆက်၍မသွားခင် ဧဝံဂေလိနိူင်ငံများကျဆုံးခြင်း၊ အသင်းတော်ထဲတွင်ကြုံတွေ့ ရသော အကျပ်အတည်း စာအုပ်ကိုရေးသားသည့် Christine Wicker ရေးသားချက်ကို ကိုး ကားအသုံးပြုလိုပါသည်။ (HarperOne, 2008) သူမက ဤသို့ဆိုသည်။

အမေရိကတွင်ရှိသော ဧဝံအသင်းတော်များသည် ပျက်စီးခဲ့သည်။ ယနေ့ ရှိနေကြသော်ဧဝံအသင်းတော်များမှာ တပ်ဦးမဟုတ်ပါ။ အကြွင်းအကျန် များသာဖြစ်ကြပါသည်။ ကြိုက်သည့်နည်းလမ်းဖြင့်ကြည့်နူင်သည်။ပြောင်း လဲခြင်း၊ နှစ်ခြင်း၊ အသင်းသားဖြစ်ခြင်း၊ ပေးကမ်းခြင်း များလျော့ပါးလာ သည်။ ( ၎င်း၊ နိဒါန်း။ စာ-ix )

သူမသည် လုံး၀ဖြစ်နိူင်စရာမကောင်းသည့် ဖော်ပြချက်များကိုတောက်ခံဖော်ပြခဲ့ပါသည်။ ၎င်း ကိုဖတ်ရှုပြီး ကျွန်ုပ်ယုံကြည်ခြင်းနှင့်ကိုက်ညီသောအရာကိုသဘောတူထောက်ခံသည်။ ကျွန်ုပ် တို့၏အသင်းတော်သည် အမှန်တကယ်ပင် ဒုက္ခရောက်နေသည်။

ထိုအရာမှ အသစ်အဆန်းများမဟုတ်ကြတောပေ။ ကျွန်ုပ်တို့အသင်းတော်များတွင် တွေ့ကြုံနေသောပြဿနာများနှင့်ပါတ်သက်ပြီး Dr. A. W. Tozer က တချိန်ပြီးတစ်ချိန်ဟူ သောစာအုပ်ကို လွန်ခဲ့သ့် နှစ်ပေါင်း ၆၀ ကရေးသားခဲ့သည်။ ဥပမာအားဖြင့် Tozer ဆိုသည်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဧဝံဂေလိခရစ်ယာန်နယ်ပယ်အားလုံးသည် ကျန်းမာခြင်းမရှိသောခရစ်ယာန် ဘာသာအဖြစ်သို့ရောက်သွားသည်။ ကျွန်ုပ်သည်လည်း ခေတ်သစ်အယူဝါ ဒ (လီဗရယ်အယူဝါဒ) အကြောင်းမတွေးမိပါ။ ကျွန်ုပ်က ကျမ်းစာယုံကြည်ပြီး အများလက်ခံသည်ကိုနာမည်ကို သယ်ဆောင်သည့်လူအုပ်စုကို ပို၍ရည် ရွယ်သည်။ ကျွန်ုပ်တို့မှာမူ ဓမ္မသစ်အသင်းတော်နှင့်အနည်းငယ်တူညီသော ပြောင်းလဲလာသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သာ၍ကောင်းသော ခရစ် ယာန်များကို မွေးထုတ်ပေးရမည်။ (Of God and Men, Christian Publications, ၁၀၆၀၊ စာ-၁၂-၁၃ )

Dr. Tozer က သူ့ဘဝအချိန်တွင် ပရောဖက်တပါးဟုအခေါ်ခံရသည်။ ထိုသို့ရှုပ်ထွေးပြီး မှားယွင်းသော အရာများအလယ်တွင် မေတ္တာနှင့်ပြည့်၀သော အသင်းတော်ကိုမည်သို့တည် ဆောက်မည်နည်း။ ကျမ်းစာအစပြုသည့်နေရာတွင် ပြောင်းလဲခြင်းဖြင့် အစပြုရပါမည်။ သင် သည်မပြောင်းလဲသောသူများနှင့်ဖွဲ့စည်းပြီး မေတ္တာနှင့်ပြည့်၀သောအသင်းတော်ကို မတည် ဆောက်နိူင်ပါ။ စစ်မှန်သောပြောင်းလဲမှုသည်သာ ကောင်းသောအဖြစ်အပျက်ဖြစ်သည်။ ဗြိတိန် တရားဟောဆရာကြီး Dr. Martyn Lloyd-Jones က ဤသို့ဆိုထားသည်။

ခရစ်ယာန်ဖြစ်လာခြင်းမှာ အကျပ်အတည်း၊ အကျပ်အတည်းဆိုင်ရာအ ဖြစ်အပျက်ဖြစ်သည်။ အသစ်သောမွေးဖွါးသူများသည် ထိုသို့သောအရာ ကိုကြုံတွေ့ကြရကြောင်းကို ဓမ္မသစ်ကျမ်းက ဖော်ပြထားပါသည်။ ထို ထက်များစွာသော ဒုက္ခကိုလည်း ကြုံတွေ့နိူင်ကြပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်က အံ့ဩဘွယ်ရာလုပ်ဆောင်ထားသည်ဟု ကျွန်ုပ်တို့ ထင်မြင်ယူဆနိူင်ပါသည်။ သားတော်ယေရှုခရစ်အားဖြင့် သေသောသူတို့ ကိုအသက်ရှင်စေသည်ဟုပင် နှိုင်းယှဉ်ပြောဆိုနိူင်ပါသည်။ (Martyn Lloyd-Jones, M.D., ဧဝံဂေလိတရားဒေသနာ ၊ The Banner of Truth Trust, ၁၉၉၀၊ စာ-၁၆၆)

ထိုအကြောင်းအရာက ကျွန်ုပ်တို့အသုံးပြုသော ကျမ်းပိုဒ်ဆီသို့ပြန်လည်ခေါ်ဆောင်ပေသည်။

''ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ပွါးစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သား ကိုလည်း ချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ် တော်တို့ကိုစောင့်ကြလျှင် ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိ ကြ၏။ " (၁ယော ၅း ၁ )

၁။ ပထမအချက်၊ ကျမ်းပိုဒ်ထဲတွင် "ယုံကြည်ခြင်း" သည် အဘယ်အရာကို ဆိုလိုသနည်။

''ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊" ( ၁ယော ၅း ၁ )

"ယုံကြည်ခြင်း" ဂရိစကားလုံးမှာ "pisteuon". Dr. A. T. Robertson က ဤသည်မှာ အသိဥာဏ်ဖွင့်ဖျြိးခြင်းမဟုတ်၊ ယေရှုခရစ်တော်၌ လုံးဝလက်မြှောက်အရှုံးပေးခြင်းဖြစ်သည် ဟု ဆိုထားသည်။ (A. T. Robertson, Litt.D., Word Pictures in the New Testament, အတွဲ VI, Broadman Press, ၁၉၅၃၊ စာ-၂၃၇၊ ၁ယော ၅း ၁ မှတ်စု)

Strong ကလည်း "pisteuon" သည် "လူတစ်ဦးအပေါ်ယုံကြည်ကိုးစားခြင်းကိုဆိုလို သည်" ဟုဆိုထားသည်။ Spurgeon က "ဂရိစကားကို သင်ကြိုက်သလိုကြည့်ရှုနိူင်သည်။ pisteuon သည် ယုံကြည်ယုံသက်သက်ကိုဆိုလိုခြင်းမဟုတ်၊ အားကိုးခြင်းကိုဆိုလိုကြောင်း တွေ့ရပေမည်။ ယုံကြည်ခြင်း၏အဓိပ္ပါယ်မှာ ယေရှုခရစ်အပေါ်စိတ်ချမှု၊ မှီခိုအားထားမှုကို ဆိုလိုပါသည်။ ယုံကြည်မှုမျှသာရှိသောယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းကို မဖြစ်စေ နိူင်ပါ။" ("Faith and Regeneration," Metropolitan Tabernacle Pulpit, အမှတ် ၉၇၉၊ စာ-၁၃၈၊ ၁ယော ၅း ၁ မှတ်စု)

နတ်ဆိုးများသည်လည်း ယေရှုကို "သိရုံသမယ်" ယုံကြည်ကြသည်။ လုကာ ၄း ၄၁ ကဲ့သို့သောကျမ်းပိုဒ်ကို မတွေ့မှီ ဓမ္မသစ်ကျမ်းကို ဖတ်ရန်မလိုအပ်ပေ။

"နတ်ဆိုးတို့သည်လည်း၊ ကိုယ်တော်သည် ခ၇စ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျက်လူများမှထွက် သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြ သောကြောင့်၊ စကားတခွန်းကိုမျှမပြောစေခြင်းငှါ မြစ်တားတော်မူ၏။"

ဤနတ်ဆိုးများက ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို နားလည်သဘောပေါက်ကြ ပါသည်။ သို့သော် သူ့ကို ကိုးစားခြင်းတော့မရှိပေ။ ယောဟန်က ယေရှုသည် မေရှိယတည်း ဟူသော ခရစ်တော်ဖြစ်သည်ဟူသောအချက်တွင် ယုံကြည်ယုံမျှသာအချက်ကိုပြောနေသည်မ ဟုတ်။ ယုံကြည်ကိုးစားခြင်းအကြောင်းသာပြောဆိုနေပါသည်။

Spurgeon က ကြေးမြွေရုပ်အကြောင်းကိုလည်း ဆက်လက်ပြောဆိုသွားသည်။ မြွေ များသည် ဂျူးများကို ကိုက်သတ်ကြသည်။ ဘုရားသခင်သည် မောရှေအား ကြေးမြွေရုပ်ကို လုပ်ပြီး တိုင်ပေါ်တွင် တင်ထားရန် မိန့်ဆိုခဲ့သည်။ အကိုက်ခံရပြီး သေခါနီးလူတိုင်း ထိုမြွေရုပ် ကိုကြည့်ရှုရန် အခွင့်ပေးထားပါသည်။ ထိုကြေးမြွေရုပ်ကိုကြည့်သူတိုင်း အသက်ချမ်းသာရပါ မည်။ ယောဟန် ၃း ၁၄၊ ၁၅ တွင် ယေရှုက ကျွန်ုပ်တို့မည်သို့ကယ်တင်တော်မူခြင်းသို့ရောက် သည်အကြောင်းကို ရှင်းပြရန် သာဓကအသုံးပြုခဲ့သည်။ Spurgeon က "ယေရှုကို ယုံကြည် ခြင်းဟူသည်မှာ သူကိုမျက်စိနှင့်ကြည့်ပြီး ယုံကြည်ခြင်းဖြစ်သည်" ဟုဆိုပါသည်။ ( ၎င်း၊ စာ-၁၄၀) သင်၏ယုံကြည်ခြင်းသည် မည်မျှပင်သေးငယ်ပါစေ၊ ထိုယုံကြည်ခြင်းက သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြောင်းကို ပြောပြသည်။

" ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊" ( ၁ယော ၅း ၁ )

၂။ ဒုတိယအချက်၊ ယေရှုကို ယုံကြည်သောသူတို့သည် ဘုရားသခင်ဖြစ်ပွါးစေ တော်မူသည်။

ယခုတွင် ယေရှုကိုမယုံကြည်သောသူတို့က သူတို့သည် ဘုရားသခင်ဖြစ်ပါြးစေတော်မူ သည်ဟုဆိုကြသည်။ သူတို့သည် တစ်စုံတစ်ခုကိုသာယုံကြည်ကိုးစားကြသည်။ Dr. Cagan သည် Ileana နှင့် ကျွန်ုပ်တို့နှင့်အတူ San Diego အနီးရှိ အသုဘအစီအစဉ်တစ်ခုသို့သွားခဲ့ကြ သည်။ အပြန်တွင် ကယ်လီဖိုးနီးယားရှိ တောင်ပိုင်းနှစ်ခြင်းအသင်းတော်ကြီးတစ်ခုတွင် ရပ်နား ကြသည်။ စနေနေ့ညနေအစီအစဉ်ပြီးခါနီးနေသာဖြစ်သည်။ ကျွန်ုပ်တို့ထွက်လာသည့်အချိန် တွင် အစောင့်ဖြစ်သော မိန်းကလေးကိုတွေ့ခဲ့သည်။ သူမသည် ခရစ်ယာန်ဟုတ်မဟုတ် ကျွန်ုပ်မေးလိုက်သည့်အချိန်တွင် သူမက "ကျွန်မခရစ်ယာန်ဟုတ်ပါတယ်" ဟုဆိုသည်။ ခရစ်ယာန်မည်သို့ဖြစ်လာသည်ကို ကျွန်ုပ်မေးကြည့်သည်။ သူမက "ကြှနျုပ်ျ်ဘဝတဈလြှောကျ လုံးတွင် ဤနေရာ၌သာ အသင်းဝင်ဖြစ်တာ" ဟုဆိုပြန်သည်။ ကျွန်ုပ်က " ကျွန်ုပ်မေးခွန်းကို နင်နားလည်ပုံမပေါက်ဘူးနော်၊ ခရစ်ယာန် မည်ကဲ့သို့ဖြစ်လာသနည်းဟု ကျွန်ုပ်ဆိုသည်" ဟု ပြောလိုက်သည်။ သူမက "ကျွန်မနှစ်ခြင်းခံပြီးပြီ"ဟုဆိုသည်။ ဆက်လက်၍ "ခရစ်ယာနမည်သုိ႔ ဖြစ်လာသနည်း" ဟုထပ်မေးသည်။ သူမက " ဘုရားကျောင်းသို့နေ့တိုင်းလာသည်" ဟု ပြန်ဖြေသည်။ ကျွန်ုပ်ဝမ်းနည်းစွာဘဲ အဝေးသို့လျှောက်သွားသည်။ ထိုဆင်းရဲချို့တဲ့သော မိန်းကလေးသည် ခရစ်တော်အကြောင်းကိုပင် ကောင်းမွန်စွာ ပြောဆိုနိူင်ခြင်းမရှိပေ။ တောင် ပိုင်းနှစ်ခြင်းအသင်းတော်ကြီး၏ သင်းအုပ်ဆရာသည် တကမ္ဘာလုံးက သိရှိကြသည်။ ထိုမိန်းက လေးက သူဟောပြောသည်ကို ဘဝတစ်လျှောက်လုံးကြားရသည်။ သို့ရာတွင် သူသည် ယေရှု အား "အဘယ်သိုဖြစ်နိူင်မည်နည်း" ဟုဆိုသော နိကော ဒင်ကဲ့သို့ပင် အသစ်တဖန် မွေးခြင်း အကြောင်းကို လစ်လျူရှုထားသည်။ ( ယောဟန် ၃း ၉ )

ဘုရားသခင် ကူမတော်မူပါ။ Christine Wicker က "အမေရိကန်ပြည်တွင်ရှိသော ဧဝံဂေလိခရစ်ယာန်ဘာသာ သေလုမျှောပါးဖြစ်နေသည်" ဟုဆိုသည်မှာ အံ့ဩစရာမဟုတ်ပေ။ Dr. Tozer က "ဧဝံဂေလိကမ္ဘာကြီးသည် ကျန်းမာခြင်းချို့တဲ့နေသော ခရစ်ယာန်ဘာသာဖြစ် လာသည်" ဟုဆိုသည်မှာ အံ့ဩစရာမဟုတ်ပေ။ ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းမရှိလျှင် ဘဝတစ်လျှောက်လုံးတွင် တောင်းပိုင်းနှစ်ခြင်းအသင်းတော်ကြီးတွင် အသင်းတော်ဖြစ်လျက် ပျောက်ဆုံးနေသော မိန်းကလေးကလိုပင်ဖြစ်သည်။ အသင်းဝင်ဖြစ်ခြင်းကို ကိုးစားခြင်းမပြုပါ နှင့်။ နှစ်ခြင်းခံသည်ကို မကိုးစားပါနှင့်။ သင်ကိုယ်တိုင်၏ကောင်းမှုကုသိုလ်ကိုလည်းမကိုးစားပါ နှင့်။ သင်လုပ်သမျှအပေါ်တွင် စိတ်ခံစားချက်ဖြင့် ကိုးစားမနေပါနှင့်။ ယေရှုကို ယုံကြည်ကိုးစား ပါ။ လက်ဝါးကပ်တိုင်တွင် သွန်းလောင်းထားသော အသွေးတော်အားဖြင့် အပြစ်ဆေးကြောခြင် ကိုခံပါ။ Spurgeon ပြောသကဲ့သို့ "ခရစ်တော်၌ပြားပြားဝပ်ပါ"။ ခရစ်တော်ကို မျှော်ကြည့်ပါ။ ကိုးစားပါ။ ခရစ်တော်ထံပါးသို့မျှော်ကြည့်ပါ။ ခက်ခဲသောအရာမဟုတ်ပါ။ ဂျူးလူမျိုးများက ကြေးမြေရုပ်ကိုကြည့်ပြီး အသက်ချမ်းသာရကြသကဲ့သို့ ခရစ်တော်ကို မျှော်ကြည့်ပါ။

မျှော်ကြည့်အသက်ရှင်ပါ ကျွန်ုပ်မိတ်ဆွေ
   ယေရှုကိုယခုမျှော်ကြည့် အသက်ချမ်းသာရ၏။
နှုတ်ကပါတ်တော်မြတ်ဆိုထား၊ ဟာလေလုယာ
   မျှော်ကြည့်အသက်ချမ်းသာရမည်သာအမှန်
("မျှော်ကြည့်အသက်ရှင်ပါ။" William A. Ogden ၁၈၄၁-၁၈၇၉ ရေးစပ်သည်။)

၃။ တတိယအချက်၊ အသစ်တဖန်မွေးဖွါးခြင်းမှထွက်လာသောအရာကား အဘယ်နည်း။

''ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ပွါးစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သား ကိုလည်း ချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ် တော်တို့ကိုစောင့်ကြလျှင် ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိ ကြ၏။ " (၁ယော ၅း ၁ )

ကျမ်းပိုဒ်၏ဒုတိယပိုင်းကို သတိပြုပါ။ "ချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ် ၍၊ ပညတ်တော်တို့ကိုစောင့်ကြလျှင် ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိ ကြ၏။ " (၁ယော ၅း ၁ ) အသင်းတော်တွင်ရှိသော ညီအစ်ကိုမောင်နှမချင်တို့ကိုချစ်ခြင်းသည် အသစ် တဖန်မွေးဖွါးခြင်း၏ရလဒ်ဖြစ်သည်။ စစ်မှန်သောပြောင်းလဲခြင်းဟူသည်မှာ အမှန်တကယ် ပြောင်းလဲလာသောသူများကို ချစ်ခြင်းပင်ဖြစ်ပါသည်။ Dr. J. Vernon McGee က "သခင်ယေ ရှုကို ယုံကြည်ကိုးစားသည့်အချိန်တွင် ကယ်တင်တော်မူခြင်းသို့ရောက်သည်၊ ထိုအရာ၏သက် သေမှာ ဘုရားသခင်ကိုချစ်ခြင်းဖြစ်သည်။ ဘုရားသခင်ကိုချစ်သည်ဖြစ်၍ ဘုရားသခင်က ဖြစ်ပွါးစေသည်။ သူ၏သားသမီးများကိုလည်းချစ်သည်။ အကြောင်းမှာ သူတို့သည် သင်၏ညီ အစ်ကိုမောင်နှမများဖြစ်ကြသည်" ဟုဆိုပါသည်။ (Thru the Bible, Thomas Nelson, ၁၉၈၃၊ ၁ယော ၅း ၁ မှတ်စု)

အသင်းတော်အများစုတွင် မတရားရန်လိုမှုတွေရှိသည့်အသင်းတော်များစွာရှိသည်ဟု ကျွန်ုပ်ထင်မိသည်။ အထူးသဖြင့် လူငယ်လူရွယ်တွေဖြစ်သည်။ ကျွန်ုပ်၏နှစ်ပေါင်းများစွာသော သင်းအုပ်ဆရာမှာ Dr. Timothy Lin ဖြစ်သည်။ သူက အသင်းတော်တွင်တွေ့ကြုံခဲ့သည့် ပြဿနာပေါင်းများစွာ အကြောင်းကို ရေးခဲ့သည်။

အသင်းတော်တွင်လူများစွာက ခရဏ်ယာန်ဟု သတ်မှတ်ခံယူကြသော် လည်း ထားဝရအသက်ကိုမူမရကြပေ။ သူတို့သည် အခွင့်အရေးရရှိရန် တိုက်ပွဲဝင်နေကြပါသည်။ ထိုသို့သောသူများသည် အသင်းတော်လုပ် ငန်းတွင် ကောင်းစွာလုပ်ဆောင်မှုကို လစ်လျူရှုကြသည်။ ခရစ်တော်၏ ကိုယ်ခနွာကိုငြင်းပယ်ရန် ခွင့်ပြုထားသကဲ့သို့ဖြစ်သည်။ ထိုအရာမှာ ယနေ့အသင်းတော်များ ဒုက္ခခံနေရသည့် အကြောင်းတရားဖြစ်ပါ သည်။ (Timothy Lin, Ph.D., The Secret of Church Growth, FCBC, ၁၉၉၂၊ စာ- ၃၈-၄၀)

Dr. Lloyd-Jones ကလည်း ဤပြဿနာကိုတွေ့မြင်ခဲ့ပါသည်။

လူတို့သည် ခရစ်ယာန်ဖြစ်စေရန်အတွက် ဘုရားကျောင်းသို့ပုံမှန်သွား တက်နေခြင်းသည် မှားယွင်းသောယူဆချက်တစ်ခုဖြစ်ပါသည်။ ထိုအရာ မှာ ယနေ့အသင်းတော်၏ ဆိုးရွားသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ (Martyn Lloyd-Jones, M.D., Preaching and Preachers, Zondervan Publishing House, ၁၉၈၁၊ စာ- ၁၄၉ )

ပျောက်ဆုံးသောသူများသည် မေးခွန်းမေးမြန်စရာတောင်မရှိဘဲ၊ နှစ်ခြင်းအသင်းတော် နှင့် ဧဝံဂေလိအသင်းတော်အားလုံးတွင် အသင်းဝင်ဖြစ်နိူင်ကြပါသည်။ သူတို့ကို ချက်ချင်း လက်ခံနိူင်သည်။ အချို့မှာ စစ်မှန်သော ခရစ်ယာန်ပင် မဖြစ်စဖူးကြပါ။ Dr. Lin ရေးသားသကဲ့ သို့ "ခရစ်ယာန်ဟု ခံယူကြသော်လည်း ထာဝရအသက်မရကြပေ"။ သူတို့အထဲတွင် ဘုရားသ ခင်၏အသက်မရရှိကြပေ။ လူတို့သည် ပြောင်းလဲလာကြသည့်အချိန်တွင် ဘုရားသခင်၏ အသက်သည် သူတို့အထဲသို့ရောက်ရှိလာသည်။ ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်ပြောသကဲ့ သို့ "ဘုရားသခင်ဖြစ်ပွါးစေသောသူများဖြစ်ကြသည်။" တရားဟောဆရာကြီး George Whitefield ( ၁၇၁၄-၁၇၇၀ ) သည် Henry Scougal က "လူ့ဝိညာဉ်အတွင်းတွင်ရှိသော ဘုရားသခင်၏အသက်" ဟူသောစာအုပ်ကို ဖတ်ပြီး နောက်တွင်သာ ကယ်တင်ခြင်းသို့ရောက် ရှိသည်။ ဘုရားသခင်၏အသက်သည် ယေရှုကိုယုံကြည်ကိုးစားသည်နှင့် လူကိုပြုပြင်ပြောင်း လဲစေသည်။ သူတို့သည် တစ်စုံတစ်ခုကို "မခံစား"ကြပါ။ သို့သော် ရင်ကျင့်သောခရစ်ယာန်များ က ပြောင်းလဲလာသူအသစ်အကြောင်းနှင့်ပါတ်သက်သည့်ခြားနားမှုတစ်စုံတစ်ခုရှိသည်ကို သ ပြုမိကြပေသည်။ အဓိကခြားနားချက်တစ်ခုမှာ ဘုရားသခင်ဖြစ်ပွါးစေသည့် အသင်းတော်ရှိလူ များကို ချစ်ကြသည်။ သူတို့က ၎င်းတို့၏အသက်တာထဲတွင် ဘုရားသခင်၏အသက်ရှိတော်မူ ကြောင်းကို သိမှတ်ကြသည်။ သူတို့အတွက် ခရစ်ယာန်ချစ်ခြင်းမေတ္တာရှိကြပါသည်။ ပျောက် သောကမ္ဘာကြီးကို ချစ်ကြသည်၊ သို့မဟုတ် အသင်းတော်ရှိအသင်းဝင်များကိုလည်းချစ်ကြ သည်။ Dr. Lloyd-Jones က "ကျွန်ုပ်တို့သည် တစ်ဦးကို တစ်ဦးမချစ်မီ ကျွန်ုပ်တို့အထဲတွင် ဘုရားသခင်၏သဘောသဘာဝရှိရန်လိုအပ်ပါသည်" ဟုဆိုသည်။ (The Love of God, Crossway, ၁၉၉၄၊ စာ-၄၅)တမန်တော်ရှင်ယောဟန်သည် ဤစာစောင်တွင် ကနဦးပြောသကဲ့ သို့ဖြစ်သည်။

"ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အ ကြေးနှင့်ကင်းစင်၍အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက် မည်အကြောင်းကြိုးစားအားထုတ်ကြလော့။" ( ၁ယော ၃း ၁၄ )

ထိုသူသည် ဝိညာဉ်ရေးရာတွင် သေသောသူဖြစ်သည်။ သင်တို့သည် ယနေ့နံနက်တွင် သေခြင် မှအသက်ရှင်ခြင်းသို့ကူမြောက်ပါမည်အကြောင်းဆုတောင်းပါ၏။ ယေရှုကို ယုံကြည်ပါ။ ယေရှု ကိုကိုးစားပါ။ သူ၏အသွေးတော်သည် သင့်အပြစ်ကိုဆေးကြောပေးမည်။ သူ၏ရှင်ပြန်ထ မြောက်ခြင်းက အသက်ကိုပေးမူမည်။ ယေရှုထံသို့ပြန်လာပြီး ယုံကြည်ကိုးစားသည်နှင့် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်မည်။ သင်သည်လည်း ခရစ်တော်ကို ယုံကြည်လက် ခံသောသူတို့နှင့်အတူ ဝိညာဉ်ပိုင်းဆိုင်ရာတွင် သန့်ရှင်းသောမေတ္တာဖြင့် တလုံးတဝတည်းဖြစ် ကြလိမ့်မည်။

"ကျွန်ုပ်တို့မေတ္တာအားဖြင့် ခရစ်ယာန်များဖြစ်ကြောင်း သိကြပေမည်။
   ဟုတ်ပါ၏၊ ကျွန်ုပ်တို့၏မေတ္တာကြောင့် ခ၇စ်ယာန်ဖြစ်ကြောင်းသိကြမည်။"
      (Peter R. Scholtes, ၁၉၃၈-၂၀၀၉ ရေးစပ်သည့် Chorus ဖြစ်သည်။)

ထိုသို့သင်တွေ့ကြုံရန် ဆုတောင်းပါ၏။ ယေရှုကိုကိုးစားပါ။ လက်ဝါးကပ်တိုင်တွင်သွန် သောအသွေးတော်အားဖြင့် သင့်ကိုဆေးကြောတော်မူမည်။ အပြစ်တရားမှ သင့်ကို ကယ်တင် ပြီး ထာဝရအသက်ကို ပေးတော်မူမည်။ ထိုအရာမှာ ဘုရားသခင်၏အသက်ဖြစ်သည်။ သင် သည် အထက်မှ ဘုရားသခင်ဖြစ်ပါြးစေတော်မူခြင်းဖြစ်သည်။

"Oliver Twist" အကြောင်းကို ပြောပြီး တရားဒေသနာကို အဆုံးသတ်လိုပါသည်။ Oliver သည် အသက် ၉ နှစ် ၁၀ နှစ်ခန့်ရှိသည့် အမွှေးထူသည့် လူငယ်လေးဖြစ်သည်။ ၎င်း၏ မိခင်သည် ၎င်းအားမွေးဖွါးသည့်အချိန်တွင် ဆုံးပါးသွားခဲ့သည်။ သူသည် ဆွေးမရှိမျိုးမရှိဖြစ် သည်။ သူသည် မိဘမဲ့ဖြစ်သည်။ လောကတွင် တစ်ကောင်ကျွတ်ဖြစ်သည်။ သူသည် ၁၉ရာစု တွင် အင်္ဂလန်ပြည်ရှိ မိဘမဲ့ကျောင်းတွင် နေထိုင်ခဲ့သည်။ သူသည် မဝတဝသာ စားသောက်ရ သည်။ ညနေစာအတွက်ဆို အရည်ကျဲသည့် မြင်းစားဂျုံသာစားရသည်။ Oliver ၏စားပွဲတွင်ရှိ ကြသောသူအချို့က ထပ်သွားတောင်းပါ၏ပြောကြသည်။ နောက်ဆုံးတွင် ကလေးသည် ၎င်း ၏ဟင်းခွက်ကိုယူ၍ တာဝန်ရှိသည့် ခပ်၀ဝလူကြီးတစ်ဦးထံသို့လာသည်။ လူ၀ကြီးသည် သူ့ကို အထင်သေးသည့် သဘောဖြင့်ကြည့်ပြီး ပြောလိုက်သည်မှာ "ဘာလိုချင်သလဲ" ဟုမေးသည်။ ကြောက်ရွံ့သည့်လေသံဖြင့် Oliver က " ဆရာ၊ ငါထပ်လိုချင်တယ်" ဟုဆိုသည်။ လူ၀ကြီးက ဘာပြောတယ်ဟုဆိုလိုက်သည်။ လူငယ်လေးက ဆက်လက်ပြီး "ဆရာ၊ ငါထပ်လိုချင်တယ်" ဟုပြောလိုက်သည်။ သင်ထပ်လိုချင်လား၊ ထပ်လိုချင်လား၊ ဟုဆိုပြီး Oliver ကို အခန်းငယ်ထဲ တွင် အကျဉ်းထားသည်။ သူကိုအပြစ်ပေးကြသည်။ နှစ်ရက်ကြာသောအခါ သူကို ၎င်း၏ အောက်တွင် အလုပ်လုပ်ရန် စေလွှတ်လိုက်သည်။

သင်သည် Dickens ၏စာအုပ်ကို အမှန်တကယ်ဖတ်ခဲ့ဖူးလျှင်၊ သို့မဟုတ် ၁၉၄၈ ရုပ်ရှင်ကိုကြည့်ခဲ့ဖူးလျှင် ထိုအဓိပ္ပါယ်ကိုလုံး၀မေ့လျော့မည်မဟုတ်။ လူ၀ကြီးသည်လည်း လူ ငယ်လေးအား နောက်ထပ် အရည်ကျဲသည့်ဂျုံးကိုပေးလိမ့်မည်။

သင်သည် ခရစ်တော်ကို ထိုသို့ထင်မိမည်ကို အမှန်တကယ်စိုးရိမ်မိပါသည်။ သူသည် ခက်ခဲသည်ဟု ထင်မိပါသလား။ သင်အားကယ်တင်ခြင်းမပေးနိူင်ဟု ထင်မိပါသလား။ နင်မှား နေပြီ။ ခ၇စ်တော်သည် သင့်အားချစ်တော္မူသည်။ သင်လိုသည်ထိုပို၍ပေးလိုပါသည်။ ယေရှု က "ငါထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်" ဟုဆိုပါသည်။ ( မဿဲ ၁၁း ၂၈) ယေရှု က "ငါသည် သင့်အား ထာဝရအသက်ကုိပေးတော်မူသည်" ဟုဆိုသည်။( ယောဟန် ၁၀း ၂၈) ယေရှုက "အသက်ရေထွက်ရာစမ်းရေတွင်းသို့လာ၍သောက်ကြလော့" ဟုဆိုသည်။ ( ဗျာ ၂၁း ၆)

ယေရှုသည် သင့်အား ထာဝရအသက်ကိုပေးမည်။ သင့်အား အသက်နှင့်ငြိမ်သက်ခြင်း ကိုပေးမည်။ အပြစ်မှ ကယ်တင်ခြင်းကိုပေးမည္။ ထာဝရအသက်ကိုလည်းပေးမည်။ သင်လုပ် ဆောင်ရမည့်အရာမှာ ယေရှုကိုကိုးစားပါ။ သူ့ကိုမျှော်ကြည့်ပြီး ကယ်တင်တော်မူခြင်းသို့ ရောက်လိမ့်မည်။

မျှော်ကြည့်အသက်ရှင်ပါ ကျွန်ုပ်မိတ်ဆွေ
   ယေရှုကိုယခုမျှော်ကြည့် အသက်ချမ်းသာရ၏။
နှုတ်ကပါတ်တော်မြတ်ဆိုထား၊ ဟာလေလုယာ
   မျှော်ကြည့်အသက်ချမ်းသာရမည်သာအမှန်

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ၁တိ ၁း ၁၂-၁၆
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။
      “Blest Be the Tie” ၊ John Fawcett, ၁၇၄၀-၁၈၁၇ ရေးစပ်သည်။ )
      "ကျွန်ုပ်တို့မေတ္တာဖြင့် ခရစ်ယာန်ဖြစ်ကြောင်းသိကြမည်" (Peter R. Scholtes ၁၉၃၈-၂၀၀၉)


အခွပွေုကမျြး

အသစ်တဖန်မွေးဖွါးခြင်း - ခရစ်ယာန်မေတ္တာနှင့်ဆက်နွယ်ခြင်းအကျဉ်း

REGENERATION – THE LINK TO CHRISTIAN LOVE

Dr. R. L. Hymers, Jr.

''ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ပွါးစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သား ကိုလည်း ချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ် တော်တို့ကိုစောင့်ကြလျှင် ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိ ကြ၏။ " (၁ယော ၅း ၁ )

( တိတု ၃း ၅ )

၁။ ပထမအချက်၊ ကျမ်းပိုဒ်ထဲတွင် "ယုံကြည်ခြင်း" သည် အဘယ်အရာကို ဆိုလိုသနည်။ ၁ယော ၅း ၁က၊ လုကာ ၄း ၄၁။

၂။ ဒုတိယအချက်၊ ယေရှုကိုယုံကြည်သောသူတို့သည် ဘုရားသခင်ဖြစ်ပွါးစေတော် မူသည်။ ယောဟန် ၃း ၉

၃။ တတိယအချက်၊ အသစ်တဖန်မွေးဖွါးခြင်းမှထွက်လာသောအရာကား အဘယ် နည်း။ ၁ယော ၅း ၁ခ၊ ၃း ၁၄၊ မဿဲ ၁၁း ၂၈၊ ယော ၁၀း ၂၈၊ ဗျာ ၂၁း ၆